ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်...

By KimHsuYoon99

116K 14.1K 109

Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xig... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 24
Chapter 23
Chapter 25
Chapter 26
Chapter 27
Good news😍
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 64
Chapter 63
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108
Chapter 109

Chapter 93

600 96 2
By KimHsuYoon99

Unicode

ပရိုဂရမ်အဖွဲ့က ပါ၀င်ရိုက်ကူးနေတဲ့ ဧည့်သည်တော်တွေအတွက် ရွက်ဖျင်တဲအလုံအလောက်ကို ကြိုတင်ပြင်ဆင်ထားတယ်။ ညဘက်မှာ အခြားသူတွေနဲ့အတူ တဲတစ်လုံးထဲမှာ အတူနေထိုင်လို့ရတယ် ဒါမှမဟုတ်ရင်လည်း တဲတစ်လုံးထဲမှာ တစ်ယောက်တည်းလည်း နေလို့ရတယ်။

လော့ချယ်က ကုမျန်ကို တဲကူဆောက်ပေးပြီး အထဲမှာ ကူရှင်ထူထူလေး ခင်းထားတယ်။

အတွင်းမှာ မွေ့ယာအပိုတစ်ခု ပါရှိပြီး ထူထဲတဲ့စောင်ကို ထည့်လိုက်ပြီးနောက်၊ တဲတစ်ခုလုံးက ရုတ်တရက် အရမ်းကျဉ်းမြောင်းသွားပုံရတယ်။

လီရှောင်းဟယ်က အရင်က အလားတူ အစီအစဉ်တွေမှာ ပါဝင်ခဲ့ဖူးဆယ်။ သူမက တဲသေးသေးလေးတစ်လုံးကို သူမကိုယ်တိုင် ဆောက်လိုက်တယ်။

လော့ချယ်က တဲပေါ်လက်တင်ထားပြီး ဘေးနားမှာရှိတဲ့ကုမျန်ကို နက်နက်ရှိုင်းရှိုင်းကြည့်လိုက်ပြီး "ဒီနေ့ အရမ်းပင်ပန်းထားတယ် မနက်ဖြန်မှာ နောက်ထပ် စိန်ခေါ်မှုတစ်ခု ရှိသေးတာမို့ ဒီည စောစောအိပ်နော်"

ကုမျန်က "ကောင်းပါပြီ" လို့ပြောလိုက်တယ်။သူမက အဘွားအိုရဲ့အိမ်ကို သွားတိုက်ဖို့နဲ့ မျက်နှာသစ်ဖို့ သွားလိုက်ပြီး ရေနွေးဇလုံတစ်လုံးဖြည့်ကာ တဲထဲမှာ ပုန်းနေလိုက်တော့တယ်။

စောနေသေးတာကြောင့် ဖြစ်နိုင်တယ်၊ ကျန်တဲ့အုပ်စုနှစ်စုက နိုးနေတုန်းပဲ။ တဲထဲကို ဆူညံသံတွေ မကြာခဏ ၀င်လာတတ်တယ်။

ကုမျန်က ပင်ပန်းနွမ်းနယ်‌နေတာတောင် အချိန်အတော်ကြာ လူးလှိမ့်နေပြီးနောက် အိပ်မပျော်ခဲ့ပေ။

ခဏအကြာမှာ ကုမျန်က ရိုးရိုးလေးပဲ ထထိုင်လိုက်တယ်။

ဖုန်းကို ကြည့်လိုက်တော့ ညဆယ်နာရီထိုးနေပြီဆိုတာ သိလိုက်ရတယ်။

ထိုအချိန်က အပြင်မှလူတစ်စုအတွက်တော့ ညပွဲလမ်းသဘင် စတင်ရုံရှိ‌သေးတာပင်။

သူတို့ ဘယ်အချိန်မှအိပ်ကြမယ်ဆိုတာ သူမ မသိဘူး။

ကုမျန်က ခဏထိုင်နေပြီးနောက် အပေါ်အင်္ကျီကိုဝတ်ကာ တဲထဲမှ ထွက်လာလိုက်တယ်။

နွေးထွေးတဲ့တဲလေးထဲကနေ ထွက်လာတာနဲ့တပြိုင်နက် သူမ အဝတ်အများကြီး ၀တ်ထားတာတောင် ခိုက်ခိုက်တုန်သွားခဲ့တယ်။

လက်ရှိအပူချိန်က နိုဝင်ဘာလနဲ့ နှိုင်းယှဉ်၍မရပေ။ နှင်းမကျပေမယ့်လည်း၊ ရွှမ်ချွင်းရဲ့အပူချိန်က ညဘက်တွေမှာဆို အရမ်းနိမ့်တယ်။

ကုမျန်က သူမရဲ့ခြေထောက်ကို နည်းနည်းဆောင့်လိုက်ပြီး လော့ချယ်နေတဲ့ သူမဘေးရှိတဲကို မသိစိတ်မှ လှမ်းကြည့်လိုက်တယ်။

သူမတို့ရဲ့တဲနှစ်လုံးက အတူတူဆောက်ထားတာပင်။

အခုချိန်လောက်ဆို သူ အိပ်ပျော်နေပြီလားဆိုတာ သူမ မသိဘူး။

ကုမျန်က ခဏလောက် စဉ်းစားပြီး လော့ချယ်ရဲ့ တဲဆီကိုလျှောက်သွားကာ အပြင်ကနေ တိုးတိုးလေး ခေါ်လိုက်တယ်။

ဒါပေမယ့် တဲထဲကဘယ်သူမှ မတုံ့ပြန်ဘူး။

ကုမျန်က လော့ချယ်အိပ်ပျော်နေပြီလို့ ထင်သွားတာကြောင့် သူမစိတ်ထဲမထားလိုက်တော့ပေ။

ရွှမ်ချွင်းမှာ ညအပူချိန်က နည်းနည်းနိမ့်ပေမယ့် လေကတော့ တကယ်ကောင်းတယ်။

ကုမျန်က တဲပတ်ပတ်လည်ကို လမ်းလျှောက်ကြည့်ဖို့လုပ်‌နေတယ်။ ခြေလှမ်းအနည်းငယ်ပဲ လှမ်းရသေးတယ်၊ မလှမ်းမကမ်းမှာ စကားပြောနေတဲ့ အသံခပ်တိုးတိုးကို သူမကြားလိုက်ရတယ်။

ဒီအသံက တိုးနေပေမယ့် လော့ချယ်ရဲ့ အသံလိုပဲ။

ကုမျန်က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး ခဏကြာမျှ တုံ့ဆိုင်းနေပြီးနောက် ထိုနေရာကို လျှောက်သွားလိုက်တယ်

အခြားတစ်ဖက်မှာတော့ လော့ချယ်ရဲ့အသံက အေးစက်နေပြီး "လင်ချန်အန်း၊ မင်း လုံးဝ မပြောင်းလဲသေးဘူးပဲ"

"အိုး၊ ငါက မပြောင်းလဲသေးဘူးလား မင်းကတော့ အများကြီးပြောင်းလဲသွားပြီလို့ ငါထင်တယ်၊ လော့ချယ် မင်း အခု မိန်းမတွေကို အားကိုးနေရတာလား"

လော့ချယ်က ခပ်တိုးတိုးရယ်မောလိုက်တယ်။ ဒီရယ်မောခြင်းက နှစ်လိုစရာကောင်းတဲ့ ရယ်မောခြင်းမဟုတ်ဘဲ အနည်းငယ်ရွဲ့စောင်းချင်တဲ့ ရယ်မောခြင်းပင်။ "ငါက မင်းလို့ထင်နေတာလား"

လင်ချန်အန်းက ဒေါသတကြီးနဲ့ "လော့ချယ် ဒါက ဘာကိုဆိုလိုတာလဲ"

လော့ချယ်က "ငါဘာကိုဆိုလိုတာလဲဆိုတာ၊ မင်းစိတ်ထဲမှာ သိတာပဲမဟုတ်ဘူးလား"

"ငါ မင်းနဲ့စကားမပြောချင်ဘူး ဘာပဲဖြစ်ဖြစ် စောင့်ကြည့်ရအောင်! လော့ချယ် မင်းဘယ်လောက်ကြာကြာ နာမည်ကြီးနေဦးမလဲဆိုတာ ငါမြင်ချင်ပါသေးတယ်"

ကုမျန်က နှုတ်ခမ်းကိုစေ့ပြီး ထိုဘက်ကို ခြေလှမ်းအနည်းငယ် လှမ်းလိုက်တယ်။

ဒါပေမယ့် လင်ချန်အန်းက သူမ လျှောက်လာတဲ့ဘက်ကနေ ထွက်ခွာသွားတာမဟုတ်ပေ။ ဟိုဘက်ခြမ်းကနေ ထွက်ခွာသွားတာ သေချာသလောက်ပင်။

လုံးဝတိတ်ဆိတ်သွားတဲ့အချိန်မှ ကုမျန်က လမ်းကြားလေးထဲကို မရဲတရဲ လျှောက်သွားလိုက်တယ်။

သူမ ဖြတ်သွားတော့ လော့ချယ်ရှိနေဆဲပင်။

သူက လက်ကို ဘောင်းဘီအိတ်ထဲထည့်ထားပြီး နံရံကိုမှီရပ်နေကာ ခေါင်းက အနည်းငယ်ငိုက်စိုက်ကျနေတာကြောင့် ခေါင်းပေါ်ရှိ လမ်းမီးမှိန်မှိန်က သူ့ကို အနည်းငယ်ပိုအေးစက်စေပြီး အထီးကျန်နေပုံပေါက်စေတယ်။

တစ်ယောက်ယောက် လာနေတဲ့အသံကိုကြားတော့ လော့ချယ်က ခေါင်းမော့လိုက်တယ်။ ထိုလူက ကုမျန်ဆိုတာကိုသိပြီးနောက် အံ့သြမှုက သူ့မျက်၀န်းထဲ ဖြတ်ပြေးသွားတယ်။ "မင်းဘာလို့ ဒီကို ရောက်နေတာလဲ"

ကုမျန်က "ကျွန်မ အိပ်မပျော်လို့ လမ်းလျှောက်ထွက်နေတာ"

လော့ချယ်က နှစ်စက္ကန့်လောက် တိတ်ဆိတ်နေပြီး "အခုလေးတင် မင်း အကုန်လုံးကြားသွားတာလား"

လိမ်တာက ကုမျန်ရဲ့ပုံစံမဟုတ်ဘူး။ သူမက အသံတီးတိုးပြုလိုက်ပြီး ရိုးရိုးသားသားပြောလိုက်တယ်။ "ကျွန်မ နည်းနည်းလေးပဲ ကြားတာပါ"

လော့ချယ်က ဖြည်းဖြည်းချင်းမတ်တပ်ပြန်ရပ်လိုက်ပြီး သူမကို ငုံ့ကြည့်လာတယ်။ "မင်း ကိုယ့်ကို မေးချင်တာ ရှိလား"

ကုမျန်က ခေါင်းညိတ်လိုက်တယ်။ "ကျွန်မမေးသမျှ ရှင် ပြောပြပေးမှာလား"

လော့ချယ်က ရယ်မောလာတယ်။ "ဟုတ်တယ်၊ ကိုယ် မင်းကို ဘာမှ ဖုံးကွယ်ထားမှာမဟုတ်ဘူး"




Zawgyi

ပရိုဂရမ္အဖြဲ႕က ပါ၀င္ရိုက္ကူးေနတဲ့ ဧည့္သည္ေတာ္ေတြအတြက္ ႐ြက္ဖ်င္တဲအလုံအေလာက္ကို ႀကိဳတင္ျပင္ဆင္ထားတယ္။ ညဘက္မွာ အျခားသူေတြနဲ႕အတူ တဲတစ္လုံးထဲမွာ အတူေနထိုင္လို႔ရတယ္ ဒါမွမဟုတ္ရင္လည္း တဲတစ္လုံးထဲမွာ တစ္ေယာက္တည္းလည္း ေနလို႔ရတယ္။

ေလာ့ခ်ယ္က ကုမ်န္ကို တဲကူေဆာက္ေပးၿပီး အထဲမွာ ကူရွင္ထူထူေလး ခင္းထားတယ္။

အတြင္းမွာ ေမြ႕ယာအပိုတစ္ခု ပါရွိၿပီး ထူထဲတဲ့ေစာင္ကို ထည့္လိုက္ၿပီးေနာက္၊ တဲတစ္ခုလုံးက ႐ုတ္တရက္ အရမ္းက်ဥ္းေျမာင္းသြားပုံရတယ္။

လီေရွာင္းဟယ္က အရင္က အလားတူ အစီအစဥ္ေတြမွာ ပါဝင္ခဲ့ဖူးဆယ္။ သူမက တဲေသးေသးေလးတစ္လုံးကို သူမကိုယ္တိုင္ ေဆာက္လိုက္တယ္။

ေလာ့ခ်ယ္က တဲေပၚလက္တင္ထားၿပီး ေဘးနားမွာရွိတဲ့ကုမ်န္ကို နက္နက္ရွိုင္းရွိုင္းၾကည့္လိုက္ၿပီး "ဒီေန႕ အရမ္းပင္ပန္းထားတယ္ မနက္ျဖန္မွာ ေနာက္ထပ္ စိန္ေခၚမႈတစ္ခု ရွိေသးတာမို႔ ဒီည ေစာေစာအိပ္ေနာ္"

ကုမ်န္က "ေကာင္းပါၿပီ" လို႔ေျပာလိုက္တယ္။သူမက အဘြားအိုရဲ႕အိမ္ကို သြားတိုက္ဖို႔နဲ႕ မ်က္ႏွာသစ္ဖို႔ သြားလိုက္ၿပီး ေရႏြေးဇလုံတစ္လုံးျဖည့္ကာ တဲထဲမွာ ပုန္းေနလိုက္ေတာ့တယ္။

ေစာေနေသးတာေၾကာင့္ ျဖစ္နိုင္တယ္၊ က်န္တဲ့အုပ္စုႏွစ္စုက နိုးေနတုန္းပဲ။ တဲထဲကို ဆူညံသံေတြ မၾကာခဏ ၀င္လာတတ္တယ္။

ကုမ်န္က ပင္ပန္းႏြမ္းနယ္‌ေနတာေတာင္ အခ်ိန္အေတာ္ၾကာ လူးလွိမ့္ေနၿပီးေနာက္ အိပ္မေပ်ာ္ခဲ့ေပ။

ခဏအၾကာမွာ ကုမ်န္က ရိုးရိုးေလးပဲ ထထိုင္လိုက္တယ္။

ဖုန္းကို ၾကည့္လိုက္ေတာ့ ညဆယ္နာရီထိုးေနၿပီဆိုတာ သိလိုက္ရတယ္။

ထိုအခ်ိန္က အျပင္မွလူတစ္စုအတြက္ေတာ့ ညပြဲလမ္းသဘင္ စတင္႐ုံရွိ‌ေသးတာပင္။

သူတို႔ ဘယ္အခ်ိန္မွအိပ္ၾကမယ္ဆိုတာ သူမ မသိဘူး။

ကုမ်န္က ခဏထိုင္ေနၿပီးေနာက္ အေပၚအကၤ်ီကိုဝတ္ကာ တဲထဲမွ ထြက္လာလိုက္တယ္။

ႏြေးေထြးတဲ့တဲေလးထဲကေန ထြက္လာတာနဲ႕တၿပိဳင္နက္ သူမ အဝတ္အမ်ားႀကီး ၀တ္ထားတာေတာင္ ခိုက္ခိုက္တုန္သြားခဲ့တယ္။

လက္ရွိအပူခ်ိန္က နိုဝင္ဘာလနဲ႕ ႏွိုင္းယွဥ္၍မရေပ။ ႏွင္းမက်ေပမယ့္လည္း၊ ႐ႊမ္ခြၽင္းရဲ႕အပူခ်ိန္က ညဘက္ေတြမွာဆို အရမ္းနိမ့္တယ္။

ကုမ်န္က သူမရဲ႕ေျခေထာက္ကို နည္းနည္းေဆာင့္လိုက္ၿပီး ေလာ့ခ်ယ္ေနတဲ့ သူမေဘးရွိတဲကို မသိစိတ္မွ လွမ္းၾကည့္လိုက္တယ္။

သူမတို႔ရဲ႕တဲႏွစ္လုံးက အတူတူေဆာက္ထားတာပင္။

အခုခ်ိန္ေလာက္ဆို သူ အိပ္ေပ်ာ္ေနၿပီလားဆိုတာ သူမ မသိဘူး။

ကုမ်န္က ခဏေလာက္ စဥ္းစားၿပီး ေလာ့ခ်ယ္ရဲ႕ တဲဆီကိုေလွ်ာက္သြားကာ အျပင္ကေန တိုးတိုးေလး ေခၚလိုက္တယ္။

ဒါေပမယ့္ တဲထဲကဘယ္သူမွ မတုံ႕ျပန္ဘူး။

ကုမ်န္က ေလာ့ခ်ယ္အိပ္ေပ်ာ္ေနၿပီလို႔ ထင္သြားတာေၾကာင့္ သူမစိတ္ထဲမထားလိုက္ေတာ့ေပ။

႐ႊမ္ခြၽင္းမွာ ညအပူခ်ိန္က နည္းနည္းနိမ့္ေပမယ့္ ေလကေတာ့ တကယ္ေကာင္းတယ္။

ကုမ်န္က တဲပတ္ပတ္လည္ကို လမ္းေလွ်ာက္ၾကည့္ဖို႔လုပ္‌ေနတယ္။ ေျခလွမ္းအနည္းငယ္ပဲ လွမ္းရေသးတယ္၊ မလွမ္းမကမ္းမွာ စကားေျပာေနတဲ့ အသံခပ္တိုးတိုးကို သူမၾကားလိုက္ရတယ္။

ဒီအသံက တိုးေနေပမယ့္ ေလာ့ခ်ယ္ရဲ႕ အသံလိုပဲ။

ကုမ်န္က ႏႈတ္ခမ္းကို တင္းတင္းေစ့လိုက္ၿပီး ခဏၾကာမွ် တုံ႕ဆိုင္းေနၿပီးေနာက္ ထိုေနရာကို ေလွ်ာက္သြားလိုက္တယ္

အျခားတစ္ဖက္မွာေတာ့ ေလာ့ခ်ယ္ရဲ႕အသံက ေအးစက္ေနၿပီး "လင္ခ်န္အန္း၊ မင္း လုံးဝ မေျပာင္းလဲေသးဘူးပဲ"

"အိုး၊ ငါက မေျပာင္းလဲေသးဘူးလား မင္းကေတာ့ အမ်ားႀကီးေျပာင္းလဲသြားၿပီလို႔ ငါထင္တယ္၊ ေလာ့ခ်ယ္ မင္း အခု မိန္းမေတြကို အားကိုးေနရတာလား"

ေလာ့ခ်ယ္က ခပ္တိုးတိုးရယ္ေမာလိုက္တယ္။ ဒီရယ္ေမာျခင္းက ႏွစ္လိုစရာေကာင္းတဲ့ ရယ္ေမာျခင္းမဟုတ္ဘဲ အနည္းငယ္႐ြဲ႕ေစာင္းခ်င္တဲ့ ရယ္ေမာျခင္းပင္။ "ငါက မင္းလို႔ထင္ေနတာလား"

လင္ခ်န္အန္းက ေဒါသတႀကီးနဲ႕ "ေလာ့ခ်ယ္ ဒါက ဘာကိုဆိုလိုတာလဲ"

ေလာ့ခ်ယ္က "ငါဘာကိုဆိုလိုတာလဲဆိုတာ၊ မင္းစိတ္ထဲမွာ သိတာပဲမဟုတ္ဘူးလား"

"ငါ မင္းနဲ႕စကားမေျပာခ်င္ဘူး ဘာပဲျဖစ္ျဖစ္ ေစာင့္ၾကည့္ရေအာင္! ေလာ့ခ်ယ္ မင္းဘယ္ေလာက္ၾကာၾကာ နာမည္ႀကီးေနဦးမလဲဆိုတာ ငါျမင္ခ်င္ပါေသးတယ္"

ကုမ်န္က ႏႈတ္ခမ္းကိုေစ့ၿပီး ထိုဘက္ကို ေျခလွမ္းအနည္းငယ္ လွမ္းလိုက္တယ္။

ဒါေပမယ့္ လင္ခ်န္အန္းက သူမ ေလွ်ာက္လာတဲ့ဘက္ကေန ထြက္ခြာသြားတာမဟုတ္ေပ။ ဟိုဘက္ျခမ္းကေန ထြက္ခြာသြားတာ ေသခ်ာသေလာက္ပင္။

လုံးဝတိတ္ဆိတ္သြားတဲ့အခ်ိန္မွ ကုမ်န္က လမ္းၾကားေလးထဲကို မရဲတရဲ ေလွ်ာက္သြားလိုက္တယ္။

သူမ ျဖတ္သြားေတာ့ ေလာ့ခ်ယ္ရွိေနဆဲပင္။

သူက လက္ကို ေဘာင္းဘီအိတ္ထဲထည့္ထားၿပီး နံရံကိုမွီရပ္ေနကာ ေခါင္းက အနည္းငယ္ငိုက္စိုက္က်ေနတာေၾကာင့္ ေခါင္းေပၚရွိ လမ္းမီးမွိန္မွိန္က သူ႕ကို အနည္းငယ္ပိုေအးစက္ေစၿပီး အထီးက်န္ေနပုံေပါက္ေစတယ္။

တစ္ေယာက္ေယာက္ လာေနတဲ့အသံကိုၾကားေတာ့ ေလာ့ခ်ယ္က ေခါင္းေမာ့လိုက္တယ္။ ထိုလူက ကုမ်န္ဆိုတာကိုသိၿပီးေနာက္ အံ့ၾသမႈက သူ႕မ်က္၀န္းထဲ ျဖတ္ေျပးသြားတယ္။ "မင္းဘာလို႔ ဒီကို ေရာက္ေနတာလဲ"

ကုမ်န္က "ကြၽန္မ အိပ္မေပ်ာ္လို႔ လမ္းေလွ်ာက္ထြက္ေနတာ"

ေလာ့ခ်ယ္က ႏွစ္စကၠန႔္ေလာက္ တိတ္ဆိတ္ေနၿပီး "အခုေလးတင္ မင္း အကုန္လုံးၾကားသြားတာလား"

လိမ္တာက ကုမ်န္ရဲ႕ပုံစံမဟုတ္ဘူး။ သူမက အသံတီးတိုးျပဳလိုက္ၿပီး ရိုးရိုးသားသားေျပာလိုက္တယ္။ "ကြၽန္မ နည္းနည္းေလးပဲ ၾကားတာပါ"

ေလာ့ခ်ယ္က ျဖည္းျဖည္းခ်င္းမတ္တပ္ျပန္ရပ္လိုက္ၿပီး သူမကို ငုံ႕ၾကည့္လာတယ္။ "မင္း ကိုယ့္ကို ေမးခ်င္တာ ရွိလား"

ကုမ်န္က ေခါင္းညိတ္လိုက္တယ္။ "ကြၽန္မေမးသမွ် ရွင္ ေျပာျပေပးမွာလား"

ေလာ့ခ်ယ္က ရယ္ေမာလာတယ္။ "ဟုတ္တယ္၊ ကိုယ္ မင္းကို ဘာမွ ဖုံးကြယ္ထားမွာမဟုတ္ဘူး"

Continue Reading

You'll Also Like

381K 62.7K 105
ဝတၳဳေပါင္း ဇာတ္​လမ္​းေပါင္​း ေျမာက္​မ် ားစြာကေန ျဖစ္​ေပၚလာတဲ့ ေလာကေတြ ကမၻာေတြဆီကို သြားလို႔ရတယ္​လို႔ စိတ္​ကူးၾကည္​့ပါလား။ သင္​သာဆိုရင္​ ဘယ္​ဇာတ္​ရုပ...
247K 32K 81
' အေးစက်တဲ့ မြွေဘုရင်ကြီးကို လက်ထပ်ဖို့ ဖိအားပေးခံ ရတယ် ' ( Forced to marry the cold snake king) 被迫男扮女裝嫁給冰冷蛇王 Original Author - 茶茶花開 Chapter -53 comp...
16.3K 1.9K 32
Totally Credited to original author
414K 79.5K 130
🍁 සුදුපාට පාසල් ඇඳුමේ තරුණ සුවඳ එක්ක කාකි ඇඳුමේ සුවඳ මුහු කරන් තේ දල්ලක කහට සුවඳ එක්ක එක යායට පෙනෙන රබර් යායවල්, ඇළ දොල වල සීතල දරාගෙන හිතුවක්කාර ය...