အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ...

Od FlowerRainButterfly

1.5M 191K 3.7K

အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။ Více

အပိုင်း (၁) ချိုမြိန်သောမျှစ်လေးများ
စွမ်းရည်ပြည့်ဝသောမုဆိုးကြီးနှင့် ရစ်ငှက်လေးများ
မုဆိုးကြီးနဲ့တောဝက်ကြီးနှစ်ကောင်
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-2
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-2
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-4
မုဆိုးကြီး၏ ပြည့်တန်ဆာအိမ်အားဖောက်ထွင်းမှု
အပိုင်း (၁၁) မုဆိုးကြီး၏ စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၂) တစ်ချိန်က အမှိုက်ကောင်ကပြောင်းလဲသွားပြီတဲ့
မုဆိုးကြီးပြောတဲ့ ကျိုးရှီနဲ့စုရှီတို့အကြောင်း
မုဆိုးကြီးအိမ်ကစားသောက်ပွဲ
မုဆိုးကြီးအိမ်ကစားသောက်ပွဲ-2
ရှောင်မိန်ပါဝင်သော ဆိပ်ကမ်းမြို့ကမိသားစုခရီးစဥ်
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁) မုဆိုးကြီး၏ နေအိမ်ဖောက်ထွင်းခံရမှု
လဲ့ရှီနှင့်ရှောင်အိမ်၏အရှက်မဲ့မှု
ရုံးတော်၏စီရင်ချက်
ရုံးတော်၏စီရင်ချက် -2
ရုံးတော်၏စီရင်ချက် -3
အပိုင်း (၂၆)
အပိုင်း (၂၇)
ရှောင်ဟန်ကဆံထိုးလေးကိုဖွတ်ထားတယ်
မုဆိုးကြီး၏ငွေသုံးကြမ်းမှုပေါက်ကြားခြင်း
မုဆိုးကြီး၏နွေးထွေးသောမိသားစု
အပိုင်း (၃၁)
အပိုင်း (၃၂)
မုဆိုးကြီးအိမ်သို့ရောက်ရှိလာတဲ့ မဖိတ်ခေါ်ထားသောဧည့်သည်များ
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇) ချောင်ရန်၏အလည်ပတ်ရောက်ရှိလာမှု
အပိုင်း (၃၈) စံပါယ်ပင်လေးသုံးပင်
💖Chibi💖
မုဆိုးကြီးအိမ်သို့ အသားဝယ်ချင်သူများရောက်ရှိလာခြင်း
အပိုင်း (၄၀)
နန်ချောင်းရွာက ရွာသားတစ်ဦးသေဆုံးခြင်း
အပိုင်း (၄၃)
အပိုင်း (၄၂)
အပိုင်း (၄၄)
အပိုင်း (၄၅)
အပိုင်း (၄၆)
အပိုင်း (၄၇)
အပိုင်း (၄၈)
အပိုင်း (၄၉)
မုဆိုးကြီးက ဇနီးလေးရဲ့စကားကိုနားမထောင်ဘဲ တောင်ပေါ်ကိုတတ်သွားပြီ
❌❌
မုဆိုးကြီး၏ဝက်ဝံအမဲလိုက်ခရီးစဥ်
မုဆိုးကြီးပြန်လာပြီ
အပိုင်း (၅၃)
ဝက်ဝံကြီးများကိုရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်
ဟင်းလင်းပြင်လေလံပွဲ
အပိုင်း (၅၆)
စံပါယ်ပင်လေးက မျိုးစိတ်သစ်ပါတဲ့
မိသားစုအတွက် လက်ဆောင်တွေ ဝယ် ဝယ် ဝယ်
အပိုင်း (၅၉)
ဟွမ်ဟွာ၏ဖိတ်ခေါ်မှု
မုဆိုးကြီးနှင့် ဟွမ်ဟွာ၏ ထိပ်တိုက်တွေ့ဆုံမှု
အပိုင်း (၆၂)
အပိုင်း (၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
မုဆိုးကြီးပြန်လာပြီ
ဇနီးလေး ငွေလက်မှတ်တွေကိုမင်းသိမ်းထားလိုက်
ပိုင်မိန်ရဲ့စံပါယ်ပင်လေးမရှိတော့ဘူး
(69)
ပိုင်လီ
မုဆိုးကြီးပြောတဲ့ ကျိုးရှီရဲ့ယုတ်မာမှုအကြောင်း
အပိုင်း (၇၁)
ကျိုးရှီ၏အလိမ်ညာပြဇာတ်
ထူးခြားဆန်းပြားသောချီးကားများ
အပိုင်း (၇၃)
အပိုင်း (၇၄)
အပိုင်း (၇၅)
အပိုင်း (၇၆)
အပိုင်း (၇၇)
အပိုင်း (၇၈)
အပိုင်း (၇၉)
အပိုင်း (၈၀)
အပိုင်း (၈၁)
အပိုင်း (၈၂)
အပိုင်း (၈၃)
အပိုင်း (၈၄)
အပိုင်း (၈၅)
အပိုင်း (၈၆)
အပိုင်း (၈၇)
အပိုင်း (၈၈)
အပိုင်း (၈၉)
ဇနီးလေး... ကလေးယူချင်နေတာလား?
မြေဝယ်ယူမှု
အပိုင်း (၉၂)
အပိုင်း (၉၃)
အပိုင်း (၉၄)
အပိုင်း (၉၅)
စပျစ်သီးခူးဖို့သွားခြင်း
စပျစ်သီးလေးများ
main story complete
(98)
(99)
အပိုင်း (၁၀၀)
(101)
(102)
၁၁၃
အပိုင်း (၁၀၄)
အပိုင်း (၁၀၅)
အပိုင်း (၁၀၆)
အပိုင်း (၁၀၇)
စပျစ်သီးဝိုင်ပြုလုပ်ခြင်း
အပိုင်း (၁၀၉)
အပိုင်း (၁၁၀)
အပိုင်း (၁၁၁)
အပိုင်း (၁၁၂)
အပိုင်း (၁၁၃)
တည်သီးလေးများကိုခူးဆွတ်ခြင်း
ဇနီးလေး၏ယုံကြည်မှု
ချောင်မိသားစုသို့ အလည်တစ်ခေါက်
စပျစ်ဝိုင်လက်ဆောင်
အပိုင်း (118)
စံပါယ်ပင်လေးအကြောင်းအားနှုတ်ပိတ်ခြင်း
ဇနီးလေးစိတ်ဆိုးသွားခြင်း
paid gp
ဇနီးလေးစိတ်ဆိုးသွားခြင်း-2
ဇနီးလေးအားချော့မြူခြင်း
လူဆိုးလေးရှောင်ဝူ
ယွီလျန်ဟွားမှာငွေတချို့ဖြုန်းခြင်း
အပိုင်း (၁၂၅)
ဇနီးလေးရွေးပေးတဲ့လက်ဆောင်
အပိုင်း (၁၂၇)
အပိုင်း (၁၂၈)
အပိုင်း (၁၂၉)
လှည်းအပြည့် စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၃၁)
ကျွန်စျေးသို့အလည်တစ်ခေါက်
အပိုင်း (၁၃၃)
အစေခံများ
ဇနီးလေး ကိုယ်မင်းကို ဂရုစိုက်ပေးမယ်
အိမ်အသစ်ဆောက်လုပ်ခြင်း
အပိုင်း (၁၃၇)
ကျိုးရှီကိုနှင်ထုတ်ခြင်း
မီးပုံးပွဲတော်
အပိုင်း (၁၄၁)
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်-2
အသေးလေးတွေရဲ့ ဗိုက်လုံးလေးတွေက မတူညီဘူး
ရှောင်အိမ်ရဲ့ အကြံသစ်
ပိုင်အမေ၏ အရိပ်အမွတ်
နှစ်ကိုယ်ကြားစကားဝိုင်း
ရှောင်အိမ်၏တောင်းပန်လာမှု
အပိုင်း (၁၄၉)
အပိုင်း (၁၅၀)
မုဆိုးကြီး၏ ကတုံးလေးကိုစမ်းသပ်မှု

အပိုင်း (၁၃၉)

5.5K 793 12
Od FlowerRainButterfly

အပိုင်း (၁၃၉) ကျိုးရှီကိုနှင်ထုတ်ခြင်း-2

ပိုင်ကျန်းကလည်း ဒါကိုကြားတော့ အနည်းငယ်အံသြသွားခဲ့၏။ သူအမေကိုကြည့်ရတာ လိမ်ပြောနေပုံမရတော့ တကယ်ပဲ သူ့ကို ဒုတိယအကြိမ်လက်ထပ်ပေးဖို့ လူရွေးပြီးသွားတာ ဖြစ်နိုင်လောက်သည်။ ဒါပေမယ့် အမေက သူတို့ကို ဘာမှမပြောခဲ့ဘူးလေ။

မော့ဟွာက သူမသားကြီးက သူမကို တစ်ခုခုပြောချင်နေမှန်းမြင်တော့ သူမက ဦးအောင်တားလိုက်၍...

"မင်းလည်း ဘာမှပြောနေစရာမလိုဘူး အမေက မင်း ဒီမိန်းမကိုရွေးခဲ့လို့ တစ်ခါ မင်းရဲ့ရွေးချယ်မှုအတိုင်းလုပ်ပေးခဲ့ပြီးပြီ ဒါပေမယ့် မင်းက ရိုးသားလွန်းတော့ လှည့်စားခံလိုက်ရတယ်လေ အဲတာကြောင့် ဒီတစ်ခါကိုတော့ အမေကပဲရွေးပေးမယ် အခုအမေတို့မိသားစုက ပြောင်းလဲနေပြီ အမေတို့မိသားစုထဲကို ဝင်ချင်နေတဲ့ မိန်းမကောင်းလေးတွေမှ အများကြီးပဲဆိုတာကို သိရဲ့လား"

ဒါကိုကြားတော့ ပိုင်ကျန်းက သက်ပြင်းချလိုက်မိ၏။ သူက သူအမေက သူ့ကိုဒီတိုင်းမနေခိုင်းဘဲ ဇနီးထပ်ရွေးပေးလောက်မယ်ဆိုတာ သိထားပေမယ့် ကျိုးရှီထွက်မသွားခင်ထဲက လူရွေးပြီးလိမ်မယ်လို့တော့ တကယ်ကို မထင်ထားတာဖြစ်သည်။ ဒါက အရမ်း မမြန်လွန်းဘူးလား။

ကျိုးရှီကတော့ ပိုင်အမေစကားကို ကြားပြီးနောက်သူမက ပိုင်ကျန်းခြေထောက်ကို ပိုပြီးအားနဲ့တောင် ဖက်ထားလိုက်သေးပေသည်။ သူမစိတ်ထဲမှာလည်း ပိုင်အမေကို ကျိန်ဆဲနေခဲ့ပါတယ်။

ဒီအဘွားကြီးပြောသလိုပဲ ပိုင်အိမ်က အရင်ကနဲ့မတူတော့လို့ဘဲ သူမက ဒီလောက်ထိ ကပ်တွယ်ဖို့ကြိုးစားနေရတာပေါ့။ အခု ပိုင်အိမ်က ပိုင်လီကိုဖယ်လိုက်ရင်တောင် လယ်သူဌေးမိသားစု ဖြစ်နေပြီးပြီ။ သူတို့ရဲ့ ရာချီနေတဲ့လယ်ကွက်တွေကိုပဲ ကြည့်လိုက်လေ။ ဒီလောက်ကြွယ်ဝနေတဲ့ မိသားစုကို မဆုပ်ထားရင် သူမက အရူးပဲမဟုတ်ဘူးလား။  ပိုင်အဖေပြီးရင် အကြီးဆုံးသားဖြစ်တဲ့ ပိုင်ကျန်းကပဲ မိသားစုရဲ့ဦးစီးဖြစ်လာမှာဆိုတော့ သူမကသာ ပိုင်အိမ်ထဲကထွက်မသွားရဘူးဆိုရင် သားယောင်္ကျားလေးလည်း မွေးပေးထားတာဆိုတော့ ဒီအိမ်ရဲ့ချွေးမကြီးနေရာ ပြန်ရောက်လာရမှာပဲလေ။

အဓိကက ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ပိုင်အိမ်ကထွက်မသွားရဖို့ပဲ။ ဒါကြောင့်ကျိုးရှီက ပိုင်ကျန်းရဲ့ခြေထောက်ကို တင်းတင်းဖက်ထားပြီး ငိုရင်းနဲ့...

"အမေ..အမေ ကျွန်မကိုမုန်းတာ သိပါတယ် ဒါပေမယ့် အမေ့မြေးလေးအတွက် စဥ်းစားပါဦး သူက အမေအရင်းမဟုတ်ဘဲ မိထွေးလက်ထဲမှာ ဘယ်လိုလုပ် ကောင်းကောင်းနေနိုင်မှာလဲ အမေက ကျွန်မကိုမုန်းရင်တောင် အမေ့ရဲ့မြေးကိုတော့ မုန်းလို့မရဘူးလေ! သူက ပိုင်အိမ်ရဲ့အသွေးသားပဲကို အမေ သူ့အတွက်မတွေးပေးနိုင်တာ သူ့ကိုရော မုန်းနေလို့ပဲ မဟုတ်ဘူးလား!"

ကျိုးရှီ၏ပါးစပ်က အလွန်အဆိပ်ပြင်းသည်ပင်။ သူမက သူမကိုအိမ်အပြင်ထုတ်တာက ကလေးကိုမချစ်လို့ပဲလို့တောင် ပြောရဲသေးတယ်။

ကျိုးရှီက တဆက်ထဲ ပြောနေတော့၏။

"အမေ ကျွန်မကို အခွင့်ရေးပေးပါဦး တစ်ခါပဲ အခွင့်ရေးထပ်ပေးပါ! တကယ်ကို ကောင်းကောင်းနေပါ့မယ်! ကျွန်မသားလေးနဲ့ မခွဲပါရစေနဲ့နော် ယောင်္ကျား.. ယောင်္ကျား အမေ့ကိုကူပြောပေးပါနော်! ရှင် နောက် မိန်းမထပ်ယူရင် သူမက ကျွန်မတို့သားလေးကို နှိပ်စက်လိမ့်မယ်! ဘယ်သူမှ မိခင်အရင်းလို ကောင်းနိုင်မှာမဟုတ်ဘူး ကျွန်မသားလေးနဲ့နေပါရစေ ကျွန်မ ကလေးနဲ့ပဲနေပါရစေနော် ကျေးဇူးပြုပြီး ကျွန်မကို မစွန့်ပြစ်လိုက်ပါနဲ့နော်"

ပိုင်ကျန်းသည် ကျိုးရှီ၏ လက်ရှိပုံကိုကြည့်ပြီး တကယ်ကို စိတ်မကောင်းဖြစ်နေမိသည်။ သူမက လွန်ခဲ့တဲ့သုံးရက်ကမှ ကလေးမွေးထားတာကြောင့် အားနည်းဖျော့တော့နေပြီး ပုံမှန်ပြန်မဖြစ်သေးပါဘူး။ အခုလည်း သူမက အရမ်းငိုနေတာကြောင့် တစ်ခုခုဖြစ်သွားတော့မယ့်ပုံတောင် ပေါက်နေခဲ့တယ်လေ။

ဒါကြောင့်ပင် ပိုင်ကျန်းသည် ပိုင်အမေကို ကျိုးရှီကိုပြန်လက်ခံတာမျိုး မဟုတ်ပေမယ့် ကလေးလသားလောက်ထိ သူမကိုဆက်ထားဖို့ ဖြောင်းဖျပေးချင်ခဲ့သည်။ ဒါပေမယ့် သူမပြောရသေးခင်မှာပဲ ပိုင်အမေက ဒေါသတကြီးနဲ့ ပြောလာခဲ့ပါတယ်။

"မပြောနဲ့! မင်းဘာပြောမလဲဆိုတာ ငါသိတယ်! ငါလည်းသိပါတယ် ဒီမိန်းမက နှစ်တွေအကြာကြီး အတူတူနေလာတာဆိုတော့ သူမကို ဖယ်ထုတ်ရတာက ကိုယ်ပိုင်အသားကိုလှီးထုတ်ရသလို ဖြစ်နေမယ်ဆိုတာကို! ဒါပေမယ့် သူမက ပုပ်နေတဲ့ အသားဆိုတာကို မင်းမမေ့လိုက်နဲ့! ငါတို့က ပုပ်နေတဲ့အသားကို မဖယ်ထုတ်လိုက်ဘူးဆိုရင် အကုန်လုံးပုပ်သွားလိမ့်မယ်လေ! အဲဒီတော့ မင်းက အဲဒီပုပ်နေတဲ့အသားကို မဖယ်ထုတ်နိုင်ဘူးဆိုရင် မင်းရဲ့အမေဖြစ်တဲ့ ငါကပဲ ဖယ်ထုတ်ပေးမယ် "

ထို့နောက် ပိုင်အမေက ချက်ခြင်းပြောလာခဲ့၏။

"ပိုင်စန်းနဲ့ ဖုပင်း ဒီမိန်းမကို အခုချက်ခြင်း ကျိုးအိမ်ကို ပြန်လိုက်ပို့လိုက်ကျ! ငါတို့ရဲ့ပထမသားနဲ့ သူမကတရားဝင် ကွာရှင်းပြီးပြီဆိုတော့ ဒီနေ့ အိမ်က ထွက်သွားပြီးတာနဲ့ ငါတို့ပိုင်အိမ်နဲ့သူမက ဘာမှမသက်ဆိုင်တော့ဘူးပဲ!!"

ပိုင်စန်းသည် အနည်းငယ် တုံးအသော်လည်း သူကအိမ်ရှိ အစစ်မှန်အာဏာရှိသူကို သိသဖြင့် ပိုင်အမေပြောတာနှင့် သူ့အစ်ကိုအကြီးဆုံးကို ကပ်တွယ်နေတဲ့ ထိုမိန်းမကို ဖယ်ထုတ်ရန် ချဥ်းကပ်သွားခဲ့လေသည်။

သို့သော် ကျိုးရှီက မပူးပေါင်းခဲ့ဘဲ သူမက ပိုင်စန်းကိုမြေပြင်က ကျောက်ခဲတစ်လုံးနဲ့ ပစ်ပေါက်ခဲ့ပါတယ်။

"မလာနဲ့!! ငါဘယ်မှမသွားဘူး!!! ငါဘယ်မှသွားမှာမဟုတ်ဘူး!! ဒါငါ့အိမ်! ငါ့သားက ဒီမှာနေရင် ငါလည်း ဒီမှာပဲနေမယ်!! ငါဘယ်မှသွားမှာမဟုတ်ဘူး!!!"

ပိုင်စန်းသည် ကံကောင်းစွာဖြင့် ကျောက်ခဲက နဖူးကိူမမှန်ခဲ့သော်လည်း သူက ထိုရူးသွပ်နေသည့်အမျိုးသမီးနားသို့ ထပ်မကပ်ရဲရှာတော့ပေ။ ဘာလို့လဲဆိုတော့ ကျိုးရှီနားမှာ ကျောက်ခဲတွေရှိနေသေးလို့ပါပဲ။

ထိုသို့ ကသိကအောက် ဖြစ်နေချိန်မှာပဲ ဖုပင်းသည် ထော့နဲ့ထော့နဲ့နှင့်ဝင်လာခဲ့ပြီး ကျိုးရှီကို ဆွဲထုတ်သွားခဲ့လေသည်။ သူက အညှာတာလုံးဝမရှိဘဲ ဂုတ်ပိုးကအင်္ကျီကော်လံစကိုကိုင်ပြီး ဆွဲခေါ်သွားခဲ့တာပါ။

ကျိုးရှီက ရုတ်တရက် အနောက်ကနေ ဆွဲခံလိုက်ဏတာမလို့ လန့်သွားပြီး ရုန်းကန်သော်လည်း သူမ၏ရုန်းကန်မှုသည်အရာမထင်ဘဲ လှည်းပေါ်သို့ပစ်တင်ခံလိုက်ရလေသည်။

ပိုင်ကျန်း ကလေးမွေးထားတာ မကြာသေးတဲ့အမျိုးသမီးတစ်ယောက်ကို ဒီလိုဆက်ဆံတာက မဖြစ်သင့်ဘူးလို့ပြောပြီး တားချင်ပေမယ့် ပိုင်အမေက သူ့ကိုဆွဲထားပြီး ပြောလာခဲ့ပါတယ်။

"​သူမ​က ဒီလိုဆွဲထုတ်သွားမှပဲ ရမှ​ာလေ! ခုနက သူမ တတိယကို ကျောက်ခဲနဲ့ ဘယ်လိုပစ်လိုက်သလဲဆိုတာကို မင်းမမြင်လိုက်ဘူးလား! မင်း အဲဒီထဲက သူမက ငါတို့မိသားစုဝင်တွေကို ထိခိုက်အောင်လုပ်ဖို့ ဝန်မလေးဘူးဆိုတာကို သိသင့်နေပြီ!!"

ဒါကိုကြားတော့ ပိုင်ကျန်းက ခဏလောက် ငြိမ်သက်သွားခဲ့ပေမယ့် ဖုပင်းကတော့ အတော်လေး လျှင်မြန်ပေသည်။ သူက ကြောင်ပြီးရပ်နေတဲ့ ပိုင်စန်းကိုရော လှည်းပေါ်ကောက်တင်သွားပြီး လှည်းကို ဒုန်းစိုင်းမောင်းထွက်သွားခဲ့ပါတယ်။

သူ ပိုင်စန်းကို မတင်လို့မရဘူးလေ။ သူမှ ကျိုးမိသားစုအိမ်ကို မသိတာ။ ပိုင်စန်းကိုသာ မခေါ်သွားရင် ဒီမိန်းမကို ရွာအပြင်က မြစ်ထဲမှာ ပစ်ခဲ့မိလိမ့်မယ်။

ကျိုးရှီကတော့ လှည်းပေါ်သို့ ပစ်တင်ခံရအပြီးတွင် အမြန်ပြန်ဆင်းရန် ကုန်းရုန်း ထလိုက်သော်လည်း လှည်းက အရမ်းမြန်နေသည့်အတွက် ခုန်မချရဲဘဲ အော်ဟစ်ကျိန်ဆဲရင်းသာ ပါသွားခဲ့ရလေသည်။

သူမက သူမတို့သားအမိကို အတင်းခွဲတဲ့အတွက်  သူမသားက ပိုင်မိသားစုဝင်တွေကို မုန်းတီးလိမ့်မယ်လို့ တစ်လမ်းလုံး အော်ဟစ်သွားခဲ့ပါတယ်။

လှည်းက အတော်အဝေးကို ရောက်သွားတဲ့အချိန်မှာ ပိုင်အိမ်က အတော်လေး တိတ်ဆိတ်သွားခဲ့ပေသည်။

ခဏကြာအောင် ရပ်နေပြီးနောက်မှာ ပိုင်ကျန်းကသက်ပြင်းချလိုက်ပြီး သူ့သားကိုကြည့်ဖို့ ထွက်သွားခဲ့၏။

မော့ဟွာက သူမသားကြီးကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိပေမယ့် သူမက ထိုစိတ်ကို မြန်​မြန်ပဲ ဖယ်ထုတ်ပြစ်လိုက်လေသည်။ အခု ကျိုးရှီထွက်သွားပြီဆိုတော့ သူမက သူမသားကြီးအတွက် မင်္ဂလာပွဲကို မြန်မြန်ပြင်ဆင်သင့်ပြီလေ။ ထို့ကြောင့် မော့ဟွာသည် ဤကိစ္စအတွက် အစီစဥ်ဆွဲရန် သူမ၏ ညီမကောင်းတုရှီထံသို့ အမြန်ပြေးသွားခဲ့လေသည်။

နောက်တော့ ကျိုးရှီကို ဆွဲထုတ်သွားခဲ့တဲ့ အဲဒီနေရာမှာ စုရှီတစ်ယောက်ထဲသာ ကျန်နေခဲ့ပါတယ်။ စုရှီကဒီမြင်ကွင်းကို စဆုံးကြည့်ပြီး သူက ပိုင်အိမ်မှာ လိမ်လိမ်မာမာပဲနေဖို့ ပိုပြီးစိတ်ခိုင်မာသွားခဲ့တယ်။ သူကကျိုးရှီလိုမျိုး ဆွဲထုတ်တာကို မခံချင်ဘူးလေ။

အခန်းထဲရှိ ပိုင်လီနှင့်ရှောင်ဟန်သည် ဝရုန်းသုန်းကားအသံများကြောင့် ပြန်ထွက်လာကျပြီး သူတို့ထွက်လာချိန်၌ ထိုနေမှာ ဘယ်သူမှမရှိတော့ဘဲ စုရှီပြောပြမှုအရ ကျိုးရှီကို နှင်ထုတ်လိုက်ပြီဆိုတာကို သိလိုက်ရတော့ သူတို့က အချင်းချင်းကြည့်လိုက်မိကျသော်လည်း ဘာမှတော့ မပြောခဲ့ကျပေ။

အဲဒီနောက် နေ့လည်ခင်းမှာ အိမ်မှာဖြစ်ပျက်နေတာတွေကို မတွေ့စေချင်လို့ အပြင်ကို ကစားဖို့လွှတ်လိုက်တဲ့ အသေးလေးတွေနဲ့ ပိုင်မိန်က ပြန်ရောက်လာခဲ့ကျပြီး သူတို့က လူကြီးတွေ၏ အုံမှိုင်းနေသည့် စိတ်အ​​ခြေနေတွေနှင့်မတူစွာ နေ့လည်စာကို တက်ကြွပျော်ရွှင်စွာနှင့် စားခဲ့ကျလေသည်။

သူတို့ကြောင့်ပဲ လေထုက ဖြေးဖြေးချင်းစီ ပြေလျော့လာခဲ့ပါတယ်။

နောက်နေ့မှာတော့ ပိုင်အိမ်ကလေထုက ပိုမိုကောင်းမွန်လာခဲ့ပြီး ကလေးတွေကလည်း မျှော်နေတဲ့ မီးပုံးပွဲတော်နေ့ ရောက်လာပြီဖြစ်လို့ ခုန်ပေါက်မြူးတူးနေခဲ့ကျလေသည်။

ပိုင်လီက လိုက်ပို့ဖို့ လှည်းပြင်နေခဲ့ပြီး ပိုင်စန်းက ဒါကို ကူညီနေခဲ့ကာ ပိုင်အဖေကတော့ အဲဒီနားမှာ ပိုင်လီကို မီးပုံးပွဲတော်မှာ ကလေးတွေကို အထူးဂရုစိုက်ဖို့ မှာကြားနေခဲ့၏။

အိမ်ထဲက စားပွဲဝိုင်းမှာလည်း ပိုင်အမေက ပိုင်မိန်ကိုတစ်ယောက်ထဲ လျောက်မပြေးဖို့ မှာနေခဲ့ပြီး ရှောင်ဟန်ကိုမူ အသေးလေးတွေကို ဂရုစိုက်ဖို့ အထူးမှာကြားနေခဲ့ပေသည်။ သူမက အိမ်က ရက်သားပဲရှိသေးတဲ့ ကလေးလေးကို ဂရုစိုက်ဖို့သာမလိုရင် ဒီလိုစည်ကားတဲ့ပွဲတော်မှာ လျောက်လည်မယ့် ကလေးတွေကို စိတ်မချလို့ တကယ်လိုက်သွားချင်ခဲ့ပါတယ်။

စုရှီကလည်း သူ့ရဲ့မွေးတော့မယ့် ဗိုက်လေးပွတ်ပြီးငြိမ်သက်နေခဲ့ပါတယ်။ သူလည်း ဒီလိုစည်ကားတဲ့ ပွဲတော်မျိုးကို ဆင်နွှဲဖူးချင်ပေမယ့် လိုက်လို့မရတာက တကယ်စိတ်မကောင်းစရာပဲလေ။

ထိုအချိန်တွင် ရှောင်ဖူသည် ပိုင်ကျန်းဝင်လညတာတွေ့၍ အပြေးလေးသွားမေးခဲ့ပေသည်။

"ပထမဦးဦး သားတို့ မီးပုံးပွဲတော်ကို သွားလည်ကျမလို့"

ပိုင်ကျန်းက ဒီကောသေးသေးလေးတွေကို ငယ်ငယ်ထဲက ချစ်တာဖြစ်သည်။ သူက ရှောင်ဖူရဲ့ခေါင်းလေးကို ပွတ်ပေးလိုက်ပြီး...

"ဟုတ်လား ကောင်းကောင်းပျော်ခဲ့နော် သားအဖေနဲ့ဖေဖေစကားလည်း နားထောင် လူတွေကြားထဲ မပြေးရဘူး ဟုတ်ပြီလား"

ရှောင်ဖူက ဒီစကားများအတွက် ခေါင်းငြိမ့်လိုက်သော်လည်း သူလေးက ဆက်မေးလာခဲ့သည်ပင်။

"အဲဒါ.. တိတိလေးကရော မလိုက်ဘူးလားဟင် သားသူ့ကို ခေါ်သွားလို့မရဘူးလား"

ရှောင်ဖူ ရည်ညွှန်းသည့် တိတိလေးသည် ပိုင်ကျန်း၏ ရက်သားအရွယ်ပဲ ရှိသေးသော မွေးကင်းစ ကလေးလေးကို ရည်ညွှန်းတာဖြစ်သည်။ ရှောင်ဖူနဲ့ရှောင်ဝူက ထိုတိတိသေးသေးလေးကို အရမ်းသဘောကျကျပါတယ်။

ပိုင်ကျန်းက သူ့တူလေးရဲ့မေးခွန်းကြောင့် ပြုံးလိုက်ပြီး ကောငယ်လေးကိုချီလိုက်၍ ပါးလေးကိုညှစ်ကာမေးလိုက်လေသည်။

"ရှောင်ဖူလေး တိတိလေးကို သဘောကျတာလား သားတို့နဲ့အတူ လိုက်ခဲ့စေချင်တာလား"

ရှောင်ဖူသည် ပိုင်ကျန်းနှင့် မစိမ်းပေ။ ဒီအကြီးဆုံးဦးလေးက မျက်နှာတည်တည်နေတတ်ပေမယ့် သူတို့ကိုစကားကြမ်းကြမ်းတောင် တစ်ခါမှမပြောဖူးပါဘူး။ ဒါကြောင့် ရှောင်ဖူက ပိုင်ကျန်း၏ပုခုံးပေါ် မှီလိုက်၍ သူလေးက ပြန်ဖြေလာလေသည်။

"အွန်း..သားက တိတိလေးကို သဘောကျတယ် တိတိလေးကို သားတို့နဲ့ လိုက်ခဲ့စေချင်တယ် သားက တိတိလေးနဲ့လည်း ကစားချင်တယ်"

ဒီအဖြေကြောင့် ပိုင်ကျန်းကပြုံးလိုက်၍...

"ငါတို့ရှောင်ဖူလေးက တကယ့်ကို အစ်ကိုကြီးတစ်ယောက်ပါလား ကောင်းပြီ သားရဲ့တိတိလေးက အခုတော့ ငယ်သေးတယ် နောက် နည်းနည်းလောက်ကြာမှ သားတို့နဲ့ လိုက်ကစားလိမ့်မယ် အခုတော့ သူကအရမ်းငယ်သေးလို့ သားတို့နဲ့လည်း လိုက်လို့မရသေးဘူး"

ရှောင်ဖူက ဒီစကားကြောင့် စိတ်မကောင်းဖြစ်သွားသော်လည်း သူလေးက အမြန်ပင် တတ်ကြွစွာနှင့်ပြောလာခဲ့လေသည်။

"ဒါဆို သားက နောက်တစ်ခါမှ တိတိလေးကို ခေါ်သွားတော့မယ်"

........................

(AN/ နောက်တစ်ပိုင်းရဲ့ခေါင်းစဥ်ခွဲလေးက အားလုံးသိထားတဲ့အတိုင်းပဲ "မီးပုံးပွဲတော်" ပါတဲ့ရှင်။

ဒါနဲ့ဖတ်ရတာအဆင်ရောပြေကျရဲ့လား။)

###

အပိုင္း (၁၃၉) က်ိဳးရွီကိုႏွင္ထုတ္ျခင္း-2

ပိုင္က်န္းကလည္း ဒါကိုၾကားေတာ့ အနည္းငယ္အံၾသသြားခဲ့၏။ သူအေမကိုၾကည့္ရတာ လိမ္ေျပာေနပုံမရေတာ့ တကယ္ပဲ သူ႕ကို ဒုတိယအႀကိမ္လက္ထပ္ေပးဖို႔ လူေ႐ြးၿပီးသြားတာ ျဖစ္နိုင္ေလာက္သည္။ ဒါေပမယ့္ အေမက သူတို႔ကို ဘာမွမေျပာခဲ့ဘူးေလ။

ေမာ့ဟြာက သူမသားႀကီးက သူမကို တစ္ခုခုေျပာခ်င္ေနမွန္းျမင္ေတာ့ သူမက ဦးေအာင္တားလိုက္၍...

"မင္းလည္း ဘာမွေျပာေနစရာမလိုဘူး အေမက မင္း ဒီမိန္းမကိုေ႐ြးခဲ့လို႔ တစ္ခါ မင္းရဲ႕ေ႐ြးခ်ယ္မႈအတိုင္းလုပ္ေပးခဲ့ၿပီးၿပီ ဒါေပမယ့္ မင္းက ရိုးသားလြန္းေတာ့ လွည့္စားခံလိုက္ရတယ္ေလ အဲတာေၾကာင့္ ဒီတစ္ခါကိုေတာ့ အေမကပဲေ႐ြးေပးမယ္ အခုအေမတို႔မိသားစုက ေျပာင္းလဲေနၿပီ အေမတို႔မိသားစုထဲကို ဝင္ခ်င္ေနတဲ့ မိန္းမေကာင္းေလးေတြမွ အမ်ားႀကီးပဲဆိုတာကို သိရဲ႕လား"

ဒါကိုၾကားေတာ့ ပိုင္က်န္းက သက္ျပင္းခ်လိဳက္မိ၏။ သူက သူအေမက သူ႕ကိုဒီတိုင္းမေနခိုင္းဘဲ ဇနီးထပ္ေ႐ြးေပးေလာက္မယ္ဆိုတာ သိထားေပမယ့္ က်ိဳးရွီထြက္မသြားခင္ထဲက လူေ႐ြးၿပီးလိမ္မယ္လို႔ေတာ့ တကယ္ကို မထင္ထားတာျဖစ္သည္။ ဒါက အရမ္း မျမန္လြန္းဘူးလား။

က်ိဳးရွီကေတာ့ ပိုင္အေမစကားကို ၾကားၿပီးေနာက္သူမက ပိုင္က်န္းေျခေထာက္ကို ပိုၿပီးအားနဲ႕ေတာင္ ဖက္ထားလိုက္ေသးေပသည္။ သူမစိတ္ထဲမွာလည္း ပိုင္အေမကို က်ိန္ဆဲေနခဲ့ပါတယ္။

ဒီအဘြားႀကီးေျပာသလိုပဲ ပိုင္အိမ္က အရင္ကနဲ႕မတူေတာ့လို႔ဘဲ သူမက ဒီေလာက္ထိ ကပ္တြယ္ဖို႔ႀကိဳးစားေနရတာေပါ့။ အခု ပိုင္အိမ္က ပိုင္လီကိုဖယ္လိုက္ရင္ေတာင္ လယ္သူေဌးမိသားစု ျဖစ္ေနၿပီးၿပီ။ သူတို႔ရဲ႕ ရာခ်ီေနတဲ့လယ္ကြက္ေတြကိုပဲ ၾကည့္လိုက္ေလ။ ဒီေလာက္ႂကြယ္ဝေနတဲ့ မိသားစုကို မဆုပ္ထားရင္ သူမက အ႐ူးပဲမဟုတ္ဘူးလား။  ပိုင္အေဖၿပီးရင္ အႀကီးဆုံးသားျဖစ္တဲ့ ပိုင္က်န္းကပဲ မိသားစုရဲ႕ဦးစီးျဖစ္လာမွာဆိုေတာ့ သူမကသာ ပိုင္အိမ္ထဲကထြက္မသြားရဘူးဆိုရင္ သားေယာကၤ်ားေလးလည္း ေမြးေပးထားတာဆိုေတာ့ ဒီအိမ္ရဲ႕ေခြၽးမႀကီးေနရာ ျပန္ေရာက္လာရမွာပဲေလ။

အဓိကက ဘယ္လိုနည္းနဲ႕ပဲျဖစ္ျဖစ္ ပိုင္အိမ္ကထြက္မသြားရဖို႔ပဲ။ ဒါေၾကာင့္က်ိဳးရွီက ပိုင္က်န္းရဲ႕ေျခေထာက္ကို တင္းတင္းဖက္ထားၿပီး ငိုရင္းနဲ႕...

"အေမ..အေမ ကြၽန္မကိုမုန္းတာ သိပါတယ္ ဒါေပမယ့္ အေမ့ေျမးေလးအတြက္ စဥ္းစားပါဦး သူက အေမအရင္းမဟုတ္ဘဲ မိေထြးလက္ထဲမွာ ဘယ္လိုလုပ္ ေကာင္းေကာင္းေနနိုင္မွာလဲ အေမက ကြၽန္မကိုမုန္းရင္ေတာင္ အေမ့ရဲ႕ေျမးကိုေတာ့ မုန္းလို႔မရဘူးေလ! သူက ပိုင္အိမ္ရဲ႕အေသြးသားပဲကို အေမ သူ႕အတြက္မေတြးေပးနိုင္တာ သူ႕ကိုေရာ မုန္းေနလို႔ပဲ မဟုတ္ဘူးလား!"

က်ိဳးရွီ၏ပါးစပ္က အလြန္အဆိပ္ျပင္းသည္ပင္။ သူမက သူမကိုအိမ္အျပင္ထုတ္တာက ကေလးကိုမခ်စ္လို႔ပဲလို႔ေတာင္ ေျပာရဲေသးတယ္။

က်ိဳးရွီက တဆက္ထဲ ေျပာေနေတာ့၏။

"အေမ ကြၽန္မကို အခြင့္ေရးေပးပါဦး တစ္ခါပဲ အခြင့္ေရးထပ္ေပးပါ! တကယ္ကို ေကာင္းေကာင္းေနပါ့မယ္! ကြၽန္မသားေလးနဲ႕ မခြဲပါရေစနဲ႕ေနာ္ ေယာကၤ်ား.. ေယာကၤ်ား အေမ့ကိုကူေျပာေပးပါေနာ္! ရွင္ ေနာက္ မိန္းမထပ္ယူရင္ သူမက ကြၽန္မတို႔သားေလးကို ႏွိပ္စက္လိမ့္မယ္! ဘယ္သူမွ မိခင္အရင္းလို ေကာင္းနိုင္မွာမဟုတ္ဘူး ကြၽန္မသားေလးနဲ႕ေနပါရေစ ကြၽန္မ ကေလးနဲ႕ပဲေနပါရေစေနာ္ ေက်းဇူးျပဳၿပီး ကြၽန္မကို မစြန့္ျပစ္လိုက္ပါနဲ႕ေနာ္"

ပိုင္က်န္းသည္ က်ိဳးရွီ၏ လက္ရွိပုံကိုၾကည့္ၿပီး တကယ္ကို စိတ္မေကာင္းျဖစ္ေနမိသည္။ သူမက လြန္ခဲ့တဲ့သုံးရက္ကမွ ကေလးေမြးထားတာေၾကာင့္ အားနည္းေဖ်ာ့ေတာ့ေနၿပီး ပုံမွန္ျပန္မျဖစ္ေသးပါဘူး။ အခုလည္း သူမက အရမ္းငိုေနတာေၾကာင့္ တစ္ခုခုျဖစ္သြားေတာ့မယ့္ပုံေတာင္ ေပါက္ေနခဲ့တယ္ေလ။

ဒါေၾကာင့္ပင္ ပိုင္က်န္းသည္ ပိုင္အေမကို က်ိဳးရွီကိုျပန္လက္ခံတာမ်ိဳး မဟုတ္ေပမယ့္ ကေလးလသားေလာက္ထိ သူမကိုဆက္ထားဖို႔ ေျဖာင္းဖ်ေပးခ်င္ခဲ့သည္။ ဒါေပမယ့္ သူမေျပာရေသးခင္မွာပဲ ပိုင္အေမက ေဒါသတႀကီးနဲ႕ ေျပာလာခဲ့ပါတယ္။

"မေျပာနဲ႕! မင္းဘာေျပာမလဲဆိုတာ ငါသိတယ္! ငါလည္းသိပါတယ္ ဒီမိန္းမက ႏွစ္ေတြအၾကာႀကီး အတူတူေနလာတာဆိုေတာ့ သူမကို ဖယ္ထုတ္ရတာက ကိုယ္ပိုင္အသားကိုလွီးထုတ္ရသလို ျဖစ္ေနမယ္ဆိုတာကို! ဒါေပမယ့္ သူမက ပုပ္ေနတဲ့ အသားဆိုတာကို မင္းမေမ့လိုက္နဲ႕! ငါတို႔က ပုပ္ေနတဲ့အသားကို မဖယ္ထုတ္လိုက္ဘူးဆိုရင္ အကုန္လုံးပုပ္သြားလိမ့္မယ္ေလ! အဲဒီေတာ့ မင္းက အဲဒီပုပ္ေနတဲ့အသားကို မဖယ္ထုတ္နိုင္ဘူးဆိုရင္ မင္းရဲ႕အေမျဖစ္တဲ့ ငါကပဲ ဖယ္ထုတ္ေပးမယ္ "

ထို႔ေနာက္ ပိုင္အေမက ခ်က္ျခင္းေျပာလာခဲ့၏။

"ပိုင္စန္းနဲ႕ ဖုပင္း ဒီမိန္းမကို အခုခ်က္ျခင္း က်ိဳးအိမ္ကို ျပန္လိုက္ပို႔လိုက္က်! ငါတို႔ရဲ႕ပထမသားနဲ႕ သူမကတရားဝင္ ကြာရွင္းၿပီးၿပီဆိုေတာ့ ဒီေန႕ အိမ္က ထြက္သြားၿပီးတာနဲ႕ ငါတို႔ပိုင္အိမ္နဲ႕သူမက ဘာမွမသက္ဆိုင္ေတာ့ဘူးပဲ!!"

ပိုင္စန္းသည္ အနည္းငယ္ တုံးအေသာ္လည္း သူကအိမ္ရွိ အစစ္မွန္အာဏာရွိသူကို သိသျဖင့္ ပိုင္အေမေျပာတာႏွင့္ သူ႕အစ္ကိုအႀကီးဆုံးကို ကပ္တြယ္ေနတဲ့ ထိုမိန္းမကို ဖယ္ထုတ္ရန္ ခ်ဥ္းကပ္သြားခဲ့ေလသည္။

သို႔ေသာ္ က်ိဳးရွီက မပူးေပါင္းခဲ့ဘဲ သူမက ပိုင္စန္းကိုေျမျပင္က ေက်ာက္ခဲတစ္လုံးနဲ႕ ပစ္ေပါက္ခဲ့ပါတယ္။

"မလာနဲ႕!! ငါဘယ္မွမသြားဘူး!!! ငါဘယ္မွသြားမွာမဟုတ္ဘူး!! ဒါငါ့အိမ္! ငါ့သားက ဒီမွာေနရင္ ငါလည္း ဒီမွာပဲေနမယ္!! ငါဘယ္မွသြားမွာမဟုတ္ဘူး!!!"

ပိုင္စန္းသည္ ကံေကာင္းစြာျဖင့္ ေက်ာက္ခဲက နဖူးကိူမမွန္ခဲ့ေသာ္လည္း သူက ထို႐ူးသြပ္ေနသည့္အမ်ိဳးသမီးနားသို႔ ထပ္မကပ္ရဲရွာေတာ့ေပ။ ဘာလို႔လဲဆိုေတာ့ က်ိဳးရွီနားမွာ ေက်ာက္ခဲေတြရွိေနေသးလို႔ပါပဲ။

ထိုသို႔ ကသိကေအာက္ ျဖစ္ေနခ်ိန္မွာပဲ ဖုပင္းသည္ ေထာ့နဲ႕ေထာ့နဲ႕ႏွင့္ဝင္လာခဲ့ၿပီး က်ိဳးရွီကို ဆြဲထုတ္သြားခဲ့ေလသည္။ သူက အညွာတာလုံးဝမရွိဘဲ ဂုတ္ပိုးကအကၤ်ီေကာ္လံစကိုကိုင္ၿပီး ဆြဲေခၚသြားခဲ့တာပါ။

က်ိဳးရွီက ႐ုတ္တရက္ အေနာက္ကေန ဆြဲခံလိုက္ဏတာမလို႔ လန့္သြားၿပီး ႐ုန္းကန္ေသာ္လည္း သူမ၏႐ုန္းကန္မႈသည္အရာမထင္ဘဲ လွည္းေပၚသို႔ပစ္တင္ခံလိုက္ရေလသည္။

ပိုင္က်န္း ကေလးေမြးထားတာ မၾကာေသးတဲ့အမ်ိဳးသမီးတစ္ေယာက္ကို ဒီလိုဆက္ဆံတာက မျဖစ္သင့္ဘူးလို႔ေျပာၿပီး တားခ်င္ေပမယ့္ ပိုင္အေမက သူ႕ကိုဆြဲထားၿပီး ေျပာလာခဲ့ပါတယ္။

"သူမက ဒီလိုဆြဲထုတ္သြားမွပဲ ရမွာေလ! ခုနက သူမ တတိယကို ေက်ာက္ခဲနဲ႕ ဘယ္လိုပစ္လိုက္သလဲဆိုတာကို မင္းမျမင္လိုက္ဘူးလား! မင္း အဲဒီထဲက သူမက ငါတို႔မိသားစုဝင္ေတြကို ထိခိုက္ေအာင္လုပ္ဖို႔ ဝန္မေလးဘူးဆိုတာကို သိသင့္ေနၿပီ!!"

ဒါကိုၾကားေတာ့ ပိုင္က်န္းက ခဏေလာက္ ၿငိမ္သက္သြားခဲ့ေပမယ့္ ဖုပင္းကေတာ့ အေတာ္ေလး လွ်င္ျမန္ေပသည္။ သူက ေၾကာင္ၿပီးရပ္ေနတဲ့ ပိုင္စန္းကိုေရာ လွည္းေပၚေကာက္တင္သြားၿပီး လွည္းကို ဒုန္းစိုင္းေမာင္းထြက္သြားခဲ့ပါတယ္။

သူ ပိုင္စန္းကို မတင္လို႔မရဘူးေလ။ သူမွ က်ိဳးမိသားစုအိမ္ကို မသိတာ။ ပိုင္စန္းကိုသာ မေခၚသြားရင္ ဒီမိန္းမကို ႐ြာအျပင္က ျမစ္ထဲမွာ ပစ္ခဲ့မိလိမ့္မယ္။

က်ိဳးရွီကေတာ့ လွည္းေပၚသို႔ ပစ္တင္ခံရအၿပီးတြင္ အျမန္ျပန္ဆင္းရန္ ကုန္း႐ုန္း ထလိုက္ေသာ္လည္း လွည္းက အရမ္းျမန္ေနသည့္အတြက္ ခုန္မခ်ရဲဘဲ ေအာ္ဟစ္က်ိန္ဆဲရင္းသာ ပါသြားခဲ့ရေလသည္။

သူမက သူမတို႔သားအမိကို အတင္းခြဲတဲ့အတြက္  သူမသားက ပိုင္မိသားစုဝင္ေတြကို မုန္းတီးလိမ့္မယ္လို႔ တစ္လမ္းလုံး ေအာ္ဟစ္သြားခဲ့ပါတယ္။

လွည္းက အေတာ္အေဝးကို ေရာက္သြားတဲ့အခ်ိန္မွာ ပိုင္အိမ္က အေတာ္ေလး တိတ္ဆိတ္သြားခဲ့ေပသည္။

ခဏၾကာေအာင္ ရပ္ေနၿပီးေနာက္မွာ ပိုင္က်န္းကသက္ျပင္းခ်လိဳက္ၿပီး သူ႕သားကိုၾကည့္ဖို႔ ထြက္သြားခဲ့၏။

ေမာ့ဟြာက သူမသားႀကီးကိုၾကည့္ၿပီး စိတ္မေကာင္းျဖစ္မိေပမယ့္ သူမက ထိုစိတ္ကို ျမန္ျမန္ပဲ ဖယ္ထုတ္ျပစ္လိုက္ေလသည္။ အခု က်ိဳးရွီထြက္သြားၿပီဆိုေတာ့ သူမက သူမသားႀကီးအတြက္ မဂၤလာပြဲကို ျမန္ျမန္ျပင္ဆင္သင့္ၿပီေလ။ ထို႔ေၾကာင့္ ေမာ့ဟြာသည္ ဤကိစၥအတြက္ အစီစဥ္ဆြဲရန္ သူမ၏ ညီမေကာင္းတုရွီထံသို႔ အျမန္ေျပးသြားခဲ့ေလသည္။

ေနာက္ေတာ့ က်ိဳးရွီကို ဆြဲထုတ္သြားခဲ့တဲ့ အဲဒီေနရာမွာ စုရွီတစ္ေယာက္ထဲသာ က်န္ေနခဲ့ပါတယ္။ စုရွီကဒီျမင္ကြင္းကို စဆုံးၾကည့္ၿပီး သူက ပိုင္အိမ္မွာ လိမ္လိမ္မာမာပဲေနဖို႔ ပိုၿပီးစိတ္ခိုင္မာသြားခဲ့တယ္။ သူကက်ိဳးရွီလိုမ်ိဳး ဆြဲထုတ္တာကို မခံခ်င္ဘူးေလ။

အခန္းထဲရွိ ပိုင္လီႏွင့္ေရွာင္ဟန္သည္ ဝ႐ုန္းသုန္းကားအသံမ်ားေၾကာင့္ ျပန္ထြက္လာက်ၿပီး သူတို႔ထြက္လာခ်ိန္၌ ထိုေနမွာ ဘယ္သူမွမရွိေတာ့ဘဲ စုရွီေျပာျပမႈအရ က်ိဳးရွီကို ႏွင္ထုတ္လိုက္ၿပီဆိုတာကို သိလိုက္ရေတာ့ သူတို႔က အခ်င္းခ်င္းၾကည့္လိုက္မိက်ေသာ္လည္း ဘာမွေတာ့ မေျပာခဲ့က်ေပ။

အဲဒီေနာက္ ေန႕လည္ခင္းမွာ အိမ္မွာျဖစ္ပ်က္ေနတာေတြကို မေတြ႕ေစခ်င္လို႔ အျပင္ကို ကစားဖို႔လႊတ္လိုက္တဲ့ အေသးေလးေတြနဲ႕ ပိုင္မိန္က ျပန္ေရာက္လာခဲ့က်ၿပီး သူတို႔က လူႀကီးေတြ၏ အုံမွိုင္းေနသည့္ စိတ္အေျခေနေတြႏွင့္မတူစြာ ေန႕လည္စာကို တက္ႂကြေပ်ာ္႐ႊင္စြာႏွင့္ စားခဲ့က်ေလသည္။

သူတို႔ေၾကာင့္ပဲ ေလထုက ေျဖးေျဖးခ်င္းစီ ေျပေလ်ာ့လာခဲ့ပါတယ္။

ေနာက္ေန႕မွာေတာ့ ပိုင္အိမ္ကေလထုက ပိုမိုေကာင္းမြန္လာခဲ့ၿပီး ကေလးေတြကလည္း ေမွ်ာ္ေနတဲ့ မီးပုံးပြဲေတာ္ေန႕ ေရာက္လာၿပီျဖစ္လို႔ ခုန္ေပါက္ျမဴးတူးေနခဲ့က်ေလသည္။

ပိုင္လီက လိုက္ပို႔ဖို႔ လွည္းျပင္ေနခဲ့ၿပီး ပိုင္စန္းက ဒါကို ကူညီေနခဲ့ကာ ပိုင္အေဖကေတာ့ အဲဒီနားမွာ ပိုင္လီကို မီးပုံးပြဲေတာ္မွာ ကေလးေတြကို အထူးဂ႐ုစိုက္ဖို႔ မွာၾကားေနခဲ့၏။

အိမ္ထဲက စားပြဲဝိုင္းမွာလည္း ပိုင္အေမက ပိုင္မိန္ကိုတစ္ေယာက္ထဲ ေလ်ာက္မေျပးဖို႔ မွာေနခဲ့ၿပီး ေရွာင္ဟန္ကိုမူ အေသးေလးေတြကို ဂ႐ုစိုက္ဖို႔ အထူးမွာၾကားေနခဲ့ေပသည္။ သူမက အိမ္က ရက္သားပဲရွိေသးတဲ့ ကေလးေလးကို ဂ႐ုစိုက္ဖို႔သာမလိုရင္ ဒီလိုစည္ကားတဲ့ပြဲေတာ္မွာ ေလ်ာက္လည္မယ့္ ကေလးေတြကို စိတ္မခ်လိဳ႕ တကယ္လိုက္သြားခ်င္ခဲ့ပါတယ္။

စုရွီကလည္း သူ႕ရဲ႕ေမြးေတာ့မယ့္ ဗိုက္ေလးပြတ္ၿပီးၿငိမ္သက္ေနခဲ့ပါတယ္။ သူလည္း ဒီလိုစည္ကားတဲ့ ပြဲေတာ္မ်ိဳးကို ဆင္ႏႊဲဖူးခ်င္ေပမယ့္ လိုက္လို႔မရတာက တကယ္စိတ္မေကာင္းစရာပဲေလ။

ထိုအခ်ိန္တြင္ ေရွာင္ဖူသည္ ပိုင္က်န္းဝင္လညတာေတြ႕၍ အေျပးေလးသြားေမးခဲ့ေပသည္။

"ပထမဦးဦး သားတို႔ မီးပုံးပြဲေတာ္ကို သြားလည္က်မလို႔"

ပိုင္က်န္းက ဒီေကာေသးေသးေလးေတြကို ငယ္ငယ္ထဲက ခ်စ္တာျဖစ္သည္။ သူက ေရွာင္ဖူရဲ႕ေခါင္းေလးကို ပြတ္ေပးလိုက္ၿပီး...

"ဟုတ္လား ေကာင္းေကာင္းေပ်ာ္ခဲ့ေနာ္ သားအေဖနဲ႕ေဖေဖစကားလည္း နားေထာင္ လူေတြၾကားထဲ မေျပးရဘူး ဟုတ္ၿပီလား"

ေရွာင္ဖူက ဒီစကားမ်ားအတြက္ ေခါင္းၿငိမ့္လိုက္ေသာ္လည္း သူေလးက ဆက္ေမးလာခဲ့သည္ပင္။

"အဲဒါ.. တိတိေလးကေရာ မလိုက္ဘူးလားဟင္ သားသူ႕ကို ေခၚသြားလို႔မရဘူးလား"

ေရွာင္ဖူ ရည္ၫႊန္းသည့္ တိတိေလးသည္ ပိုင္က်န္း၏ ရက္သားအ႐ြယ္ပဲ ရွိေသးေသာ ေမြးကင္းစ ကေလးေလးကို ရည္ၫႊန္းတာျဖစ္သည္။ ေရွာင္ဖူနဲ႕ေရွာင္ဝူက ထိုတိတိေသးေသးေလးကို အရမ္းသေဘာက်က်ပါတယ္။

ပိုင္က်န္းက သူ႕တူေလးရဲ႕ေမးခြန္းေၾကာင့္ ၿပဳံးလိုက္ၿပီး ေကာငယ္ေလးကိုခ်ီလိုက္၍ ပါးေလးကိုညွစ္ကာေမးလိုက္ေလသည္။

"ေရွာင္ဖူေလး တိတိေလးကို သေဘာက်တာလား သားတို႔နဲ႕အတူ လိုက္ခဲ့ေစခ်င္တာလား"

ေရွာင္ဖူသည္ ပိုင္က်န္းႏွင့္ မစိမ္းေပ။ ဒီအႀကီးဆုံးဦးေလးက မ်က္ႏွာတည္တည္ေနတတ္ေပမယ့္ သူတို႔ကိုစကားၾကမ္းၾကမ္းေတာင္ တစ္ခါမွမေျပာဖူးပါဘူး။ ဒါေၾကာင့္ ေရွာင္ဖူက ပိုင္က်န္း၏ပုခုံးေပၚ မွီလိုက္၍ သူေလးက ျပန္ေျဖလာေလသည္။

"အြန္း..သားက တိတိေလးကို သေဘာက်တယ္ တိတိေလးကို သားတို႔နဲ႕ လိုက္ခဲ့ေစခ်င္တယ္ သားက တိတိေလးနဲ႕လည္း ကစားခ်င္တယ္"

ဒီအေျဖေၾကာင့္ ပိုင္က်န္းကၿပဳံးလိုက္၍...

"ငါတို႔ေရွာင္ဖူေလးက တကယ့္ကို အစ္ကိုႀကီးတစ္ေယာက္ပါလား ေကာင္းၿပီ သားရဲ႕တိတိေလးက အခုေတာ့ ငယ္ေသးတယ္ ေနာက္ နည္းနည္းေလာက္ၾကာမွ သားတို႔နဲ႕ လိုက္ကစားလိမ့္မယ္ အခုေတာ့ သူကအရမ္းငယ္ေသးလို႔ သားတို႔နဲ႕လည္း လိုက္လို႔မရေသးဘူး"

ေရွာင္ဖူက ဒီစကားေၾကာင့္ စိတ္မေကာင္းျဖစ္သြားေသာ္လည္း သူေလးက အျမန္ပင္ တတ္ႂကြစြာႏွင့္ေျပာလာခဲ့ေလသည္။

"ဒါဆို သားက ေနာက္တစ္ခါမွ တိတိေလးကို ေခၚသြားေတာ့မယ္"

........................

(AN/ ေနာက္တစ္ပိုင္းရဲ႕ေခါင္းစဥ္ခြဲေလးက အားလုံးသိထားတဲ့အတိုင္းပဲ "မီးပုံးပြဲေတာ္" ပါတဲ့ရွင္။

ဒါနဲ႕ဖတ္ရတာအဆင္ေရာေျပက်ရဲ႕လား။)

###

Pokračovat ve čtení

Mohlo by se ti líbit

6.3K 460 20
Cake နဲ့ Seeiwရဲ့ storyလေးကို ဘာသာပြန်ချင်လို့ပါ။ လိုအပ်ချက်တွေရှိရင်တော့နားလည်ပေးနော်။
29.6K 5K 51
ဘာသာပြန်သူ - စွဲညို့အသင်း
41.9K 2.7K 42
လောကမှာအလိုအပ်ဆုံးက အချစ်တဲ့လား ရယ်ချင်လိုက်တာ.... အချစ်ကဘာမှလုပ်လို့မှမရတာ.... ဘာလို့လိုအပ်မှာလဲ (Zaw+Uni) ေလာကမွာအလိုအပ္ဆုံးက အခ်စ္တဲ့လား ရယ္ခ်င္လ...
234K 25.8K 87
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...