အမုန္းမွသည္...ခ်စ္ျခင္းဆီသို႔...

Bởi MoeKyalPhyu14

148K 4.4K 271

မိဘတွေမတရားခံရမှုအတွက် ကလဲ့စားချေမယ့်ကောင်လေးတစ်ယောက် အမုန်းတရားတွေကနေလွတ်မြောက်နိုင်ပြီး ချစ်ခြင်းကိုရှာဖွေတ... Xem Thêm

🍂ဖတ္ေပးေစခ်င္🍂
💠Intro💠
🍁 Part 1🍁
🍁 Part 2🍁
🍁 Part 3🍁
🍁Part 4🍁
🍁 Part 5🍁
🍁Part 6🍁
🍁Part 7🍁
🍁Part 8🍁
🍁Part 9🍁
🍁Part 10🍁
🍁Part 11🍁
🍁Part 12🍁
🍁 Part 13🍁
🍁Part 14🍁
🍁Part 15🍁
🍁Part 16🍁
🍁Part 17🍁
🍁Part 18🍁
🍁Part 19🍁
🍁Part 20🍁
🍁Part 21🍁
🍁Part 22🍁
🍁Part 23🍁
🍁Part 24🍁
🍁Part 25🍁
🍁Part 26🍁
🍁Part 27🍁
🍁 Part 28🍁
🍁Part 29🍁
🍁Part 30🍁
🍁Part 31🍁
🍁Part 32🍁
🍁Part 33🍁
🍁Part 33.2🍁
🍁Part 33.3🍁
🍁Part 34🍁
🍁Part 35🍁
🍁Part 36🍁
🍁Part 37🍁
🍁Part 38🍁
🍁Part 39🍁
🍁Part 40🍁
🍁Part 41🍁
🍁Part 42🍁
🍁Part 43🍁
🍁Part 44🍁
🍁Part 45🍁
🍁Part 46🍁
🍁Part 47🍁
🍁Part 48🍁
🍁Part 49🍁
🍁Part 50🍁
🍁Part 51🍁
🍁Part 52🍁
🍁Part 53🍁
🍁Part 54🍁
🍁Part 55🍁
🍁Part 57🍁
🍁Part 58🍁
🍁Part 60🍁
🍁Part 59🍁
🍁Part 61🍁
🍁Part 62🍁
🍁Part 63🍁
🍁Part 64🍁
🍁Part 65🍁
🍁Part 66🍁
🍁Part 67🍁
🍁Part 68🍁
🍁Part 69🍁
🍁Part 70{Final}🍁

🍁Part 56🍁

788 25 2
Bởi MoeKyalPhyu14

[Unicode]

ညနေခင်း လေတစ်ဖြူးဖြူးတိုက်ခက်နေသော ကမ်းနားလမ်းတွင် ကောင်လေး၃ယောက် ရေပြင်ကျယ်ကို မျက်နှာမူလျက် ငြိမ်သက်နေကြသည်။ သူမတူအောင် ချောမောလွန်းသော ရုပ်ရည်များကြောင့် ဖြတ်သွားဖြတ်လာ ပျိုမဒီလေးများ၏ အကြည့်များကလည်း ထိုကောင်လေး၃ယောက်ထံ ရောက်ရှိလာကြသည်။ သို့ပေမယ့် ထိုကောင်လေးများမှာတော့ ဘာကိုမှ ဂရုမပြုပဲ ရေပြင်ကျယ်ကိုသာ အတွေးကိုယ်စီနဲ့ ငေးမောနေကြသည်သာ။

မျိုးမာန်၊ ဟိန်း နဲ့ မဟာတို့ ကြားလေထုက အနည်းငယ်ခက်ထန်နေကာ စိတ်ဆိုးခြင်းဒေါသတို့က လွှမ်းမိုးလို့နေသည်။ မျိုးမာန်၏ ဒေါသကို အတင်းကာရောထိန်းချုပ်နေရသော ဟန်ပန်၊ မဟာ၏ အပြစ်ရှိစိတ်တို့ကို ခံစားနေရသော မျက်နှာအမူအရာ၊ ထိုနှစ်ယောက်နဲ့မတူညီစွာ ဖြစ်ပျက်နေသော အခြေအနေအား မည်သို့ခေါင်းစဉ်တပ်ရမှန်းမသိသည့်ပုံစံနှင့် တွေဝေနေသော ဟိန်း။ ခံစားချက်ကိုယ်စီ အတွေးကိုယ်စီနဲ့ စကားသံတို့က တိတ်ဆိတ်နေပြီး လေထုကလည်း ရေခဲတစ်မျှ အေးစက်နေသည်။ ထိုအခြေအနေကို ပထမဆုံး ဖြိုခွင်းလိုက်သူက မျိုးမာန်ပင်။

မျိုးမာန်က မဟာ့အား ဒေါသပါသော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်ပြီး

"မဟာ မင်းအရင်က ငါ့ကိုပြောခဲ့တာ မှတ်မိလား...အလင်္ကာကို မျက်ရည်ကျအောင် လုပ်ရင် မင်းငါ့ကို သတ်မယ်ဆိုပြီးတော့လေ"

စကားသံက ထိုမျှနဲ့သာ ရပ်တန့်သွားသည်။ မဟာကတော့ မျိုးမာန်အား မော့မကြည့်ပဲ ခေါင်းငုံ့၍သာ ရပ်နေသည်။ အခုချိန်တွင် မျိုးမာန်အား ခွန်းတုန့်ပြန်ဖို့်ရန် သူ့တွင်စကားလုံးတို့ရှိမနေပေ။ အကယ်၍ သူ့တွင် ပြောစရာစကားများ ရှိနေလျှင်တောင် ပြန်ပြောဖို့ရန် အင်အားမရှိ။ ဘယ်တော့မှပြန်ပြင်လို့ မရတော့သည့်အပြစ်ကို လုပ်ထားသူဟာ သူပဲမို့ မျိုးမာန် ဘာပြောပြော သူခံရမည်သာ ဖြစ်သည်။ ထိုထက်ပိုပြီး မျိုးမာန်က သူ့အားထိုးနှက်လာခဲ့လျှင်တောင် သူငြိမ်ခံနေရမည်သာဖြစ်သည်။

မျိုးမာန် သူ့ရှေ့တွင် ခေါင်းငိုက်စိုက်ချထားသူကိုကြည့်ပြီး ဒေါသဖြစ်မိသည့်ထက် အလိုမကျသည့်စိတ်တို့က ပို၍များသည်။ သူသိခဲ့သည့် မဟာက အခုလိုမျိုး တစ်ခြားတစ်ယောက်ရှေ့ ခေါင်းငုံ့နေရမည့်သူမဟုတ်ပေ။ မျိုးမာန် လက်သီးတို့ကို တင်းတင်းဆုပ်လိုက်ပြီး

"ငါလည်း မင်းကို ပြောခဲ့ပါတယ်...ရွှေစင်ကို မျက်ရည်မကျစေဖို့"

ထိုစကားအဆုံး မဟာက ခေါင်းမော့လာကာ တုန်ရီနေသော မျက်ဝန်းများဖြင့် သူ့အားကြည့်လာသည်။

"ငါ တောင်း တောင်းပန်ပါတယ်"

ခွပ်!

"မျိုးမာန်!!"

မျိုးမာန်က မဟာ့အား လှမ်းထိုးလိုက်သောကြောင့် ဟိန်းက မျိုးမာန်အား ၀င်ဆွဲရသည်။ မဟာမှာတော့ အထိုးခံရသောကြောင့် နောက်ကို ယိုင်သွားသော်လည်း အချိန်မီပြန်ထိန်းနိုင်ခဲ့သည်။

"ဟက်! တောင်းပန်ပါတယ် ဟုတ်လား...မင်းတောင်းပန်လိုက်ရုံနဲ့ အရာရာက အဆင်ပြေသွားမယ်လို့ ထင်နေတာလား...မင်းမို့လို့ လုပ်ရက်တယ်...ရွှေစင့်အပေါ်...ဒီသနားစရာကောင်းတဲ့ ကလေးအပေါ် မင်းမို့လို့ကွာ...အလင်္ကာ ငိုရင်တောင် သူမှီခိုဖို့ ငါရှိသေးတယ်...ဒါပေမယ့် ရွှေစင်မှာ မင်းပဲရှိတာကွ...မင်းပဲရှိတာ... မဟာ မင်းကွာ...တောက်! "

မျိုးမာန် ထပ်ထိုးလိုက်ချင်သော်လည်း ဟိန်းက သူ့အားဆွဲထားသည်ကြောင့် သူလုပ်၍မရပေ။ မဟာမှာတော့ ခေါင်းငုံ့ကာပင် မျက်ရည်ကျနေသည်။ ဟိန်းမှာလည်း ယခုဖြစ်ပျက်နေသော အခြေအနေအတွက် စိတ်မသက်မသာဖြစ်လှသည်။ အရာအားလုံးကို အမှန်အတိုင်း ထုတ်ပြောလိုက်ချင်သည့်စိတ်များ ဖြစ်ပေါ်လာရသော်လည်း အိနြေ္ဒ၏ မျက်နှာလေးကို မြင်ယောင်နေသည်ကြောင့် သူမပြောရက်ပေ။

မျိုးမာန်က မဟာ့ကိုကြည့်ကာ ထပ်၍ စကားစသည်။

"မဟာ မင်းအခုလုပ်လိုက်တာက နှစ်ရှည်လများ တည်ဆောက်ခဲ့တဲ့ ငါတို့အသိုက်အမြုံကို ဖျက်ဆီးပစ်လိုက်တာပဲကွ...အခုမင်းကြောင့် ရှေ့ဆက်ပြီး အိနြေ္ဒနဲ့ ရွှေစင် ဘယ်လိုမျက်နှာချင်းဆိုင် စကားပြောကြတော့မလဲ...အခုဏက ရွှေစင်ရဲ့ မျက်လုံးအကြည့်တွေကို မင်းမြင်လား...မြင်လား ဟေ့ကောင်...ငါမေးတာ ဖြေစမ်းပါ...ဘာလို့ပါးစပ်ပိတ်ပြီး ခေါင်းငုံ့နေတာလဲ...ရွှေစင်ရဲ့ မျက်ရည်တွေကို မင်းမြင်ရဲ့လား...အနာဂတ်ပျောက်သွားသလိုဖြစ်သွားတဲ့ သူ့အကြည့်တွေကို မင်းမြင်ရဲ့လား ဟမ်!!"

မျိူးမာန် ဟိန်းထံမှ ရုန်းထွက်လိုက်ပြီး မဟာ၏ အင်္ကျီကော်လံစအား ဆွဲကာမေးသည်။

"အဲ့ဒီအကြည့်တွေ...သူ့မျှော်လင့်ချက်တွေ ရိုက်ချိူးခံလိုက်ရတဲ့ အကြည့်တွေ...မင်းနဲ့ဆိုပြီး မက်ခဲ့တဲ့ သူ့အိပ်မက်တွေ ဖျက်ဆီးခံလိုက်ရတဲ့ အကြည့်တွေကွ...အဲ့ဒါ မင်းသိလား...မင်းသိရဲ့လား... "

မျိုးမာန် မဟာ့အင်္ကျီစအား ဆွဲယမ်းနေရင်း အော်ဟစ်ကာ ပြောနေသည်။ လမ်းသွားလမ်းလာများပင် သူတို့အား အထူးအဆန်းသဖွယ် ကွက်ကြည့်ကွက်ကြည့် လုပ်သွားကြသည်။

မဟာနဲ့ အိနြေ္ဒတို့နှစ်ယောက် မျိုးမာန်တို့ဆီလာကာ မင်္ဂလာကိစ္စအား လာပြောခဲ့စဉ် ဖြစ်သွားသော ရွှေစင့်မျက်နှာလေးအား အခုထိ မျက်လုံးထဲတွင် မြင်ယောင်နေသည်။ မျှော်လင့်ချက်ကင်းမဲ့မှု၊ မယုံကြည်နိုင်မှုနဲ့ ၀မ်းနည်းမှုပေါင်းစုံနေသော ထိုမျက်ဝန်းလေးက မဟာအား ရင်ထဲအသည်းထဲက နာကျင်စေသည်။ ထိုမျက်ဝန်းလေးမှ တစ်ဆင့် ကျဆင်းလာသော မျက်ရည်များကိုလည်း ညင်သာစွာ သုတ်ပေးချင်မိသည်။ သို့ရာတွင် သူလုပ်ခဲ့သည်က ရွှေစင့်အား မျက်နှာလွှဲခဲ့ခြင်းပင်။

မျိုးမာန် သူလုပ်သမျှကို ငြိမ်ခံနေသော မဟာ့အား ဒေါသတို့နဲ့အတူ ထပ်ထိုးရန် လက်ရွယ်လိုက်စဉ် အနောက်ဘက်မှ သူ့လက်အား လှမ်းဆွဲလာသော လက်ကလေးတစ်ဖက်။ မျိုးမာန် လှည့်ကြည့်မိတော့ သူ့လက်အား လှမ်းတားသူမှာ ရွှေစင်ပင်ဖြစ်သည်။ ရွှေစင်က မျက်ရည်ပြည့်နေသော မျက်နှာလေးနဲ့ သူ့အားမလုပ်ရန် ခေါင်းခါပြလာသည်။ ရွှေစင်နောက်တွင် ရှိသော အလင်္ကာကို ကြည့်မိတော့လည်း ငိုထား၍ထင်သည် မျက်ဝန်းပြာလေးများက နီရဲနေသည်။ မျိုးမာန်လည်း မဟာ့အင်္ကျီကော်လံအား လွှတ်ပေးလိုက်ပြီး ရွှေစင်ကို ရင်ခွင်ထဲ ပွေ့ဖက်ထားလိုက်တော့သည်။

"ဘာမှမဖြစ်ဘူး...မငိုနဲ့ ရွှေစင်...နင့်မှာ ငါရှိတယ်"

မျိုးမာန်စကားအဆုံး ရွှေစင် မျိုးမာန်ရင်ခွင်ထဲတွင် ငိုချမိတော့သည်။ မဟာက အိနြေ္ဒတွင် သူ့ရင်သွေးလေးရှိနေပြီဖြစ်၍ အိနြေ္ဒအားလက်ထပ်ဖို့အတွက် သူမတို့အား အသိပေးလာခဲ့ချိန်တွင် ရွှေစင် ကမ္ဘာတစ်ခြမ်း ပြိုခဲ့ပါသည်။ အစကတည်းက မဟာ့အား ဆွဲထားဖို့ မတွေးခဲ့သော်လည်း မဟာ သူမအား ရွေးချယ်နိုင်သည်ဟူသော မျှော်လင့်ချက်ကလေးဖြင့် စိတ်ထဲကနေ အမြဲတစ်စေဆုတောင်းနေမိခဲ့သည်။ ဒီနေ့တွင် သူဆုတောင်းလေးက မပြည့်နိုင်တော့မှန်း မဟာ့ကမ်းပေးလာသော မင်္ဂလာဖိတ်စာလေးက သက်သေခံနေခဲ့သည်။ ကောက်ရိုးတစ်မျှင်မျှသာ ရှိခဲ့သော သူ့မျှော်လင့်ချင်လေးကလည်း ရေစုန်မျောသွားခဲ့သည်။ ပတ်ဝန်းကျင်၏ရှုံ့ချမည့်ကိစ္စများမှ အိနြေ္ဒ့အားကယ်တင်ပေးခဲ့သူက သူမကိုတော့ ထိုပတ်ဝန်းကျင်၏တံတွေးခွက်ထဲ ပတ်လက်မျောစေချင်ဟန် တူပါသည်။ ရွှေစင် တွေးရင်း မျက်ရည်တို့က တာကျိုးသလို စီးဆင်းလာတော့သည်။

သူ့ရင်ခွင်ထဲတွင် တသိမ့်သိမ့်တုန်အောင် ရှိုက်ငိုနေသော ရွှေစင်ကို တင်းကျပ်စွာဖက်ထားလိုက်ရင်း မျိုးမာန်က မဟာ့အား မျက်ထောင့်နီများဖြင့် ကြည့်ကာ

"မင်းသွားတော့! "

"ရွှေစင် ငါ... "

မဟာက ငိုနေသော ရွှေစင့်အား စကားပြောရန် အနားသို့ကပ်လာစဉ် ရုတ်တရက် သူ့လက်တစ်ဖက်ကို အနောက်မှ လှမ်းဆွဲခြင်း ခံလိုက်ရသည်။သူလှည့်ကြည့်လိုက်မိတော့ အိနြေ္ဒက မျက်ရည်ပြညည့်သော မျက်ဝန်းများဖြင့် သူ့အား ခေါင်းခါပြလာသည်။ မဟာက အိနြေ္ဒကိုကြည့်ပြီး

"အိနြေ္ဒ ငါ့ကိုလွှတ်...ငါ ရွှေစင်ကို ပြောစရာရှိသေးတယ်...ငါ မှားခဲ့တယ်ဆိုပေမယ့် သူထင်နေသလို ငါ..."

မဟာ့စကားမဆုံးသေးခင် အလင်္ကာက ရွှေစင့်ရှေ့မှာ ပိတ်ရပ်လိုက်ကာ မဟာ့မျက်နှာအား အားဖြင့် လွှဲရိုက်လိုက်တော့သည်။

ဖြန်း!

ရုတ်တရက် အရိုက်ခံလိုက်ရသည်ကြောင့် မဟာ ကြောင်အစွာ အလင်္ကာ့အား ငေးကြည့်နေမိသည်။

"အလင်္ကာ နင်ဘယ်လိုလုပ်လိုက်တာလဲ"

အိနြေ္ဒ အရိုက်ခံလိုက်ရသော မဟာ့ကြောင့် အလင်္ကာကို အော်လိုက်သည်။

"မမြင်ဘူးလား ပါးရိုက်လိုက်တာလေ"

အလင်္ကာကလည်း ထိုနှစ်ယောက်အား အထင်သေးသလိုပုံစံဖြင့် ခပ်ထေ့ထေ့ကြည့်ကာ ပြောသည်။ တကယ်လည်း သူ့စိတ်ထဲတွင် အရင်ကလိုမျိုး အိနြေ္ဒနဲ့မဟာ့အား အထင်ကြီးလေးစားစိတ်တို့ ရှိမနေတော့ပေ။

အိနြေ္ဒက မဟာ၏ အရိုက်ခံလိုက်ရသော ပါးအားဖွဖွလေး ကိုင်လိုက်ပြီး အလင်္ကာဘက်လှည့်ကာ

"နင်တို့တော်တော် ယုတ်မာတာပဲ"

"ဟက်! အဲ့စကားကို နင်ကပြောရဲတယ်ပေါ့...အဲ့စကားကို နင့်လိုလူမျိုးက ပြောရဲသေးတယ်ပေါ့ ဟုတ်လား...အဟားးး တော်တော်ရယ်ရတာပဲ...ကိုယ့်သူငယ်ချင်းရဲ့ ချစ်ရသူမှန်း သိသိကြီးနဲ့ကို မဟာနဲ့ ဗိုက်ကြီးအောင်လုပ်လိုက်တဲ့နင်က သူတော်ကောင်းလေးပေါ့ ဟုတ်လား... "

ထိုစကားကြောင့် အိနြေ္ဒမျက်နှာပျက်လို့သွားသည်။ ထိုစဉ် မဟာက အိနြေ္ဒအား သူ့နောက်ပို့လိုက်ပြီး အလင်္ကာကိုကြည့်ကာ

"ဒီကိစ္စမှာ အိနြေ္ဒ အပြစ်မရှိပါဘူး...အကုန်လုံးက ငါ့အပြစ်တွေပဲ...အဲ့နေ့က ငါအရမ်းမူးသွားလို့... "

"မဟာ!"

"နင်ဝင်မပြောနဲ့ အိနြေ္ဒ...ဒါတွေအကုန်လုံးက ငါလုပ်ခဲ့တာ...ငါရဲ့အပြစ်တွေပဲ...ငါတစ်ယောက်တည်းရဲ့ အပြစ်တွေမလို့...ငါ့ကိုပဲ ပြောပါ...အိနြေ္ဒနဲ့ ဘာမှမဆိုင်ပါဘူး"

မဟာ့စကားကြောင့် အလင်္ကာ လက်သီးတို့ကို တင်းတင်းဆုပ်လိုက်ပြီး မဟာ့ရင်ဘက်အား ထုရိုက်ကာ

"ဟုတ်တယ်...အကုန် နင့်အပြစ်တွေပဲ...နင့်ကြောင့်သာ ဒီလိုတွေဖြစ်လာရတာ..."

မဟာကလည်း အလင်္ကာထုရိုက်သမျှကို ငြိမ်ခံလို့နေသည်။ သူတစ်ယောက်တည်းကြောင့် သူ့သူငယ်ချင်းတွေက ဒီလိုတွေခံစားနေရသည်။ သူ သေသွားဖို့တောင် သင့်သည်။

"အင်း ဟုတ်တယ်...ငါ့ကြောင့် ဖြစ်ရတာပါ"

"အလင်္ကာ တော်ပါတော့..."

မဟာ့အား စိတ်ရှိတိုင်း ထုရိုက်နေသော အလင်္ကာ့အား ရွှေစင်က လှမ်းတားလာသည်။ အလင်္ကာ ရွှေစင်ဘက်ကို တစ်ချက်ကြည့်ပြီး မဟာနဲ့ အိနြေ္ဒကို ပြန်ကြည့်ကာ

"ငါ့ဘ၀မှာ နောင်တအရဆုံးက နင်တို့နှစ်ယောက်နဲ့ သူငယ်ချင်းဖြစ်ခဲ့တာကိုပဲ"

အလင်္ကာပြောသွားသော စကားနှင့် သူ့အားကျောခိုင်းကာ မျိုးမာန်ဆွဲရာနောက် ပါသွားသော ရွှေစင်တို့ကိုကြည့်ရင်း မဟာ နေရာတွင်ပင် ဒူးထောက်ကျသွားတော့သည်။ တန်ပါသည်လေ။ သူလုပ်ခဲ့တဲ့အပြစ်တွေအတွက် ဒီထက်တောင်ပိုပြီး ခံစားသင့်သည်မဟုတ်လား။  သို့ပေမယ့်  သူ့သူငယ်ချင်းတွေက သူ့အား နောက်ဆုံးအချိန်ထိ သက်ညှာသွားခဲ့သေးသည်။

ဟိန်း မြေပြင်ပေါ် ဒူးထောက်နေသော မဟာ့အားကြည့်ရင်း စိတ်မသက်မသာဖြစ်ရသည်။ ထို့နောက် အိနြေ္ဒကိုကြည့်မိတော့ သူ့အားစိုက်ကြည့်နေသည်နှင့်ဆုံသည်။ အိနြေ္ဒက ခပ်ဖွဖွအပြုံးလေးတစ်ပွင့်ပေးလာပြီး ခေါင်းညိတ်ပြလာသည်။ ဟိန်းနဲ့ အိနြေ္ဒ စက္ကန့်အနည်းငယ်ကြာ မျက်ဝန်းချင်း စကားပြောပြီးနောက် ဟိန်း တိတ်ဆိတ်စွာပင် ထိုနေရာမှ ထွက်ခွာလာတော့သည်။

ကျန်ခဲ့သူ နှစ်ယောက်အနက် တစ်ယောက်မှာတော့ ရင်ကွဲနာကျနေသော်လည်း ကျန်တစ်ယောက်မှာတော့ မျက်နှာထက် အပြုံးယောင်ယောင်လေးက ပွင့်လန်းနေခဲ့လေသည်။

**********
မောင်ခွန်းမြတ်မဟာ + မရွှေအိနြေ္ဒ
           တို့၏
           မင်္ဂလာဧည့်ခံပွဲ

မဟာနဲ့ အိနြေ္ဒ မင်္ဂလာပွဲအတွင်း  ကြွရောက်လာသည့် ဧည့်သည်များအား လိုက်လံဧည့်ခံနေသည်။ မိသားစု နှစ်ခုလုံးက အသိုင်းအ၀ိုင်းကြီးများ ဖြစ်ကြသည့်အပြင် သူ့နေရာသူ အောင်မြင်ကျော်ကြားသည့် မိသားစုများဖြစ်သည်ကြောင့် ကြွရောက်လာသည့်ဧည့်သည်များမှ တော်တော်နဲ့မစဲ။ မဟာတစ်ယောက် လိုက်ဧည့်ခံနေရင်း ခန်းမ၀င်ပေါက်အားလည်း မကြာခဏ အကြည့်ရောက်မိသည်။ မလာမည်ဆိုသည်မှာ သေချာသော်လည်း အနည်းငယ်သော် မျှော်လင့်ချက်လေးဖြင့် သူ့သူငယ်ချင်းများ ရောက်လာမလားဟူ၍ မျှော်လင့်နေသည်။

တစ်ဖက်တွင်လည်း မျိုးမာန်နဲ့ အလင်္ကာတို့နှစ်ယောက် ကိုယ်ရောစိတ်ပါ ပင်ပန်းနေကာ ရွှေစင့်အတွက် စိတ်ပူနေမိသည်။ ရွှေစင်တစ်ယောက် ညနေကတည်းက အိမ်မှထွက်သွားပြီး အခုချိန်ထိ အိမ်ပြန် မလာသေးသောကြောင့်ပင်။ ထိုအချိန် ဟိန်းက အိမ်ထဲသို့ အမောတကော ၀င်လာကာ မျိုးမာန်ကို ကြည့်ပြီး

"ဘယ်လိုဖြစ်တာလဲ...သူဘယ်သွားမယ်လို့ ပြောသွားသေးလဲ"

"ညနေက ဈေးဘက် ခဏသွားမယ်ဆိုပြီး ထွက်သွားကတည်းက အခုထိ ပြန်မလာသေးတာ...ငါရင်ပူနေပြီ...မတော် ရွှေစင် တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ..."

အလင်္ကာက ရှိုက်သံရောသော အသံနှင့်ပြောလာသည်။ ဟ်ိန်းလည်း အလင်္ကာ့စကားကြောင့် ပူပန်မှုတို့က ပို၍တိုးလာသည်။ မျိုးမာန်က သူ့အားဖုန်းဆက်လာပြီး 'ရွှေစင် မင်းနဲ့အတူရှိနေတာလား'ဟု မေးလာကတည်းက တစ်ခုခုဖြစ်နေပြီမှန်း သူသိလိုက်သည်။ ထို့ကြောင့် မျိုးမာန်တို့ဆီ အလောတကြီး ပြေးလာခြင်းဖြစ်သည်။

"ဖုန်းဆက်ကြည့်တာကော မရဘူးလား"

ဟိန်းထပ်ပြောတော့ မျိုးမာန်က ခေါင်းခါပြကာ

"ဖုန်း အိမ်မှာထားခဲ့တာ"

"ဒါဆို ဒီလို ထိုင်နေလို့ ဘယ်ဖြစ်မလဲ...လိုက်ရှာကြည့်ရမှာပေါ့"

"ငါနဲ့ အလင်္ကာ ဒီနားတစ်ဝိုက် ရှာကြည့်ပြီးပြီ ဘယ်မှာမှမတွေ့ဘူး"

မျိုးမာန် စကားအဆုံး အလင်္ကာကလည်း ငိုချလာသလို ဟိန်းလည်း စိတ်ပူပန်မှုတို့က ပိုတိုး၍ ဖြစ်ပေါ်လာရသည်။ ထိုနေ့ညတွင်ပင် ရဲစခန်းတွင် လူပျောက်တိုင်လိုက်သလို ဟိန်းကလည်း သူ့ဖခင်၏အရှိန်နဲ့ လူတစ်ချို့ကိုဖြန့်ကာ ရွှေစင်အား ရှာဖွေခဲ့သည်။

ရှာဖွေမှုသည် တစ်ပတ်လောက်ကြာသွားသည်အထိတိုင်အောင် ရွှေစင်၏ အရိပ်ကလေးသော်မျှ မတွေ့ရသေး။ အလင်္ကာမှာလည်း နေ့စဉ်နဲ့အမျှ မျက်ရည်ကျကာ ရွှေစင်ဘေးကင်းဖို့ နာရီမပျက်ဆုတောင်းနေရသည်။

မဟာနဲ့ အိနြေ္ဒတို့မှာတော့ မင်္ဂလာပွဲပြီးပြီးချင်း ပျားရည်ဆမ်းခရီး ထွက်သွားကြသည်ကြောင့် ရွှေစင်ပျောက်သွားသည်ကို မသိကြပေ။ အလင်္ကာတို့ကလည်း အသိမပေးခြင်းကြောင့်လည်းဖြစ်သည်။ သို့နှင့် ရက်၊ လ၊ နှစ်တွေပြောင်းလာသော်လည်း ရွှေစင်အကြောင်း ဘာမှသတင်းမှမကြားခဲ့ရပေ။ ရွှေစင်တစ်ယောက် အလင်္ကာတို့ဘ၀ထဲမှ  မြူမှုန်ပမာ ပျောက်ချင်းမလှပျောက်သွားခဲ့လေသည်။

နှစ်နှစ်ကြာပြီးနောက်။

ခြံထဲတွင် နှင်းဆီပန်းလေးများနှင့် ကစားနေသော ၅နှစ်အရွယ် ကလေးအားကြည့်ကာ မဟာနှုတ်ခမ်းထက် အပြုံးတို့ ဖြစ်တည်သွားရသည်။ မိခင်နည်းတူ အလင်းလေးကလည်း နှင်းဆီပန်း သိပ်ကြိုက်ပုံရပါသည်။ မဟာ ကလေးအနားတွင် အခြားသူ ရှိလိုရှိငြား လိုက်ကြည့်မိသည်။ ဘယ်သူ့ကိုမှ မတွေ့သည်ကြောင့် သူလည်း ခြံအနားကပ်ကာ ထိုကလေးအား လှမ်းခေါ်လိုက်သည်။

"သားလေး အလင်းဆည်းဆာ"

သူ့ခေါ်သံကြောင့် ကလေးငယ်က သူ့အားမော့ကြည့်လာသည်။ ခဏအကြာ ကလေးမျက်နှာလေးက ပြုံးသွားပြီး သူ့ဆီလျှောက်လာကာ

"ဦးဦး"

ကလေး၏ ခေါ်သံလေးကြောင့် မဟာပျော်သွားမိသည်မှာ အမှန်ပင်ဖြစ်သည်။ ကလေးနဲ့မတွေ့ရတာ နှစ်နှစ်မျှပင် ရှိသွားသော်လည်း အလင်းလေးက သူ့အားမှတ်မိနေသေးသည်။ မဟာလည်း သူ့အနားလျှောက်လာသော ကလေးအား ကောက်ချီလိုက်ပြီး ပါးဖောင်းဖောင်းလေးနှစ်ဖက်ကို တစ်လှည့်စီနမ်းလိုက်တော့ ကလေးက သဘောကျစွာ တစ်ခစ်ခစ်ရယ်ပါသည်။

"ဦးဦး မဟာ"

"ဗျာ... နေကောင်းလား ဦးဦးရဲ့ အလင်းလေး"

"ဟုတ်...ဦးဦးရော နေကောင်းလား"

"ဦးလည်း နေကောင်းပါတယ်ဗျာ...ဒါနဲ့ သားက တစ်ယောက်တည်း ဆော့နေတာလား"

"ဟုတ် ဖေဖေက အလုပ်သွားတယ်...မေမေက အနောက်မှာ ထမင်းချက်နေတာ"

"သားရဲ့ တီသွန်းကရော"

သူမေးလိုက်တော့ ကလေးမျက်နှာလေးက မဲ့ကျသွားသည်။ ထို့နောက် ငိုသံလေးဖြင့် ပြောလာသော ကလေး။

"သား တီသွန်းကို စိတ်ဆိုးတယ်"

"ဘာလို့လဲ သားရဲ့"

မဟာ အိန္ဒြေနဲ့ ပျားရည်ဆမ်းခရီးမှပြန်လာပြီး ရက်အနည်းငယ်သာ မြန်မာပြည်တွင် နေ၍ USရှိ ကုမ္ပဏီခွဲသို့ ပြောင်းသွားခဲ့သည်မှာ နှစ်နှစ်နီးပါးပင်။ ရွှေစင့်အနားတွင်ရှိနေလျှင် ရွှေစင့်အားပို၍ ခံစားရစေမည်စိုးတာကြောင့် ထို့သို့ပြောင်းသွားခဲ့ရခြင်း။ ထိုအချိန်များတွင်လည်း အလုပ်ထဲတွင်သာ စိတ်ကိုနှစ်ထားခဲ့ပြီး မြန်မာပြည်ရှိ မိဘများကိုတောင် တစ်လနေလို့ တစ်ခါမဆက်သွယ်ခဲ့ပေ။ အိန္ဒြေကိုတော့ကိုယ်ဝန်နဲ့ပတ်သက်ပြီး အမြဲလှမ်းမေးခဲ့ပါသည်။ မချစ်သော်လည်း အိန္ဒြေ့အပေါ် သူငယ်ချင်းသံယောဇဉ်ကြောင့် မဟာ ဂရုစိုက်ဖြစ်ပါသည်။ ကြားထဲတွင်လည်း အိန္ဒြေကလေးမွေး၍ တစ်ခေါက်သာ ပြန်လာခဲ့ပြီးနောက် ပြန်သွားလိုက်ပြီး ယနေ့မှ ပြန်ရောက်လာခြင်း ဖြစ်သည်။ မြန်မာပြည်သို့ ရောက်ရောက်ခြင်း အလင်္ကာတို့ဆီ ရောက်လာခဲ့ခြင်းပင် ဖြစ်သည်။

မဟာ ဒီတစ်ခါပြန်လာခြင်းက အပြီးပြန်လာသည်တော့မဟုတ်ပေ။ သူ့ရဲ့သားလေးအားသူနဲ့အတူ USသို့ခေါ်သွားရန်အတွက် ရောက်လာခဲ့ခြင်းဖြစ်သည်။ မိခင်၏ အိန္ဒြေက ကလေးအား ဂရုမစိုက်ဘူးဟူသော စကားကြောင့် မဟာ လာခေါ်ရခြင်း ဖြစ်သည်။ ထိုအတွက်လည်း မဟာ အိန္ဒြေ့အပေါ်နားလည်ပါသည်။ သူ့သားက အိန္ဒြေမလိုချင်ပဲ သူ့ပရောဂကြောင့်သာ ရခဲ့သော ကလေးဖြစ်သည်။ ထို့ကြောင့် ကလေးကို ဂရုမစိုက်ခြင်းအပေါ် အိန္ဒြေ့အား မဟာအပြစ်မမြင်ရက်။ လွတ်လွတ်လပ်လပ်နေရမည့်အချိန်တွင် သူ့ကလေးကိုလွယ်ပြီး ကောင်းကောင်းမွန်မွန် မွေးပေးခဲ့တာနဲ့တင် ကျေးဇူးတင်ရမည်ဖြစ်သည်။

"တီသွန်းက အဝေးကြီးကို ထွက်သွားတာ"

ကလေး၏ စကားကြားမှ မဟာအတွေးထဲမျောနေရာမှ သတိပြန်လည်လာသည်။ ထို့နောက် ကလေး၏ စကားကြောင့်  မျက်ခုံးတန်းတို့စုကြုတ်သွားသည်။

"တီသွန်းက အဝေးကြီးကို ထွက်သွားတာ ဟုတ်လား"

"ဟုတ်"

မဟာ ကလေးအား မေးနေစဉ် အိမ်ထဲမှထွက်လာသော အလင်္ကာ။ အလင်းအားချီထားသော သူ့ကိုတွေ့သည်နှင့် မျက်နှာက တည်တင်းသွားတော့သည်။ သူ့အားမုန်းတီးစွာ ကြည့်နေသော သူ့သူငယ်ချင်းမလေးသည် အရင်အတိုင်း လှပနေဆဲပင် ဖြစ်သည်။

"အလင်္ကာ"

"သား အလင်း ဒီကိုလာ"

"လာဘူး"

ဆိုကာ ကလေးက မဟာ့၏ လည်ပင်းကို သိုင်းဖက်လိုက်တော့သည်။

"အလင်းဆည်းဆာ!...မင်းကို ငါလာလို့ပြောနေတယ်လေ"

အလင်္ကာ၏ ဒေါသသံကြောင့် မဟာ့ကိုယ်ပေါ်မှ အလင်း၏ ကိုယ်လေးတုန်တက်သွားတော့သည်။ ထို့နောက် မဟာ့အား ပို၍ တင်းတင်းကြပ်ကြပ် ဖက်တွယ်လာပြီး

"ဟင့်အင်း လာဘူး...အလင်းက ဦးဦးမဟာနဲ့နေမှာ...အီးဟီးးး"

အလင်္ကာလည်း ပြောမရမှန်းသိတာကြောင့် မဟာ့အနားလျှောက်လာကာ မဟာ့ကိုယ်ပေါ်မှ ကလေးအားအတင်းဆွဲယူတော့သည်။မဟာလည်း ကလေးနာသွားမည်စိုးသည်ကြောင့် အသာတကြည် လက်လွှဲပေးလိုက်သည်။ သူ့အမေလက်ထဲပါသွားသော ကလေးက မဟာ့ကိုကြည့်ကာ အော်ငိုပါတော့သည်။

"ဦးဦးမဟာ အီးဟီးးးး...အလင်းကိုခေါ်...မေမေ လွှတ်ပေး...အလင်း ဦးဦးဆီ သွားမှာ...အီးဟီးးး"

"တိတ်စမ်း အလင်းဆည်းဆာ!...ငါ မင်းကို ရိုက်ရမလားပြော"

ထိုစကားကြောင့် မဟာ မနေသာတော့ပဲ

"သား အလင်းလေး...တိတ်တော့နော်...ဦးဦး နောက်နေ့မှ ထပ်လာခဲ့မယ်နော်...လိမ်မာတယ်မလား...ဦးဦးသားလေးက... "

မဟာ ချော့ပြောလိုက်မှ အလင်းလေးက မျက်ရည်များကြားမှ ခေါင်းညိတ်ပြလာသည်။  အလင်္ကာလည်း မဟာ့ရှေ့တွင် ထပ်မနေချင်တော့သည်ကြောင့် ကလေးကိုခေါ်ပြီး အိမ်ထဲဝင်ဖို့အလုပ် မဟာက အလင်္ကာလက်တစ်ဖက်ကိုလှမ်းဆွဲလိုက်သည်။

"လွှတ် ငါ့လက်ကို"

"ခဏနေပါအုံး အလင်္ကာရယ်...အလင်းလေးပြောတာ ရွှေစင် အဝေးကြီးကို ထွက်သွားတာဆို...သူဘယ်သွားတာလဲ"

"နင်က ဘာလုပ်ဖို့လဲ...အခုမှလာပြီး နင်က ဘာလုပ်မလို့လဲ"

"ငါ..."

"ထွက်သွား... ငါနင့်ကို ထပ်မမြင်ချင်ဘူး"

ပြောရင်း အလင်္ကာ တံခါးကို ဆော့င်ပိတ်လိုက်သည်။ တံခါးဝမှာတော့ မဟာတစ်ယောက် ငူငူကြီး ရပ်နေခဲ့သည်။ သူ့သူငယ်ချင်းများက ယနေ့ထိတိုင် သူ့အားခွင့်မလွှတ်နိုင်ကြသေးပေ။

မဟာအိမ်သို့ပြန်ရောက်တော့ အိမ်အလည်တွင် ကစားစရာများကြား ငြိမ်သက်စွာဆော့နေသော ကလေးငယ်လေး။ သူ ကလေးအားပွေ့ချီလိူက်ပြီး

"သားလေးက တစ်ယောက်တည်း ဆော့နေတာပေါ့ ဟုတ်လား"

ကလေးက သွားမပေါက်သေးသော သွားဖုံးများပေါ်အောင် သူ့အားရယ်ပြလာသည်။ သားလေး၏အပြုံးလေးကြောင့် မဟာ၏ ညီးညူနေသောစိတ်တို့က တိတ်တွေလိုလွင့်ပါးသွားတော့သည်။ မဟာလည်း ကလေးပါးလေးနှစ်ဖက်အား တဝကြီး နမ်းလိုက်တော့သည်။ ယခူအချိန်တွင်တော့ သူ့သားလေး ခွန်းဆက်ရောင်နီသည်သာ သူ့ရဲ့တစ်ခုတည်းသော အေးချမ်းရာလေးပင်။

*********************************
#11.4.2024
#🍁Moe Kyal Phyu🍁

**********

ဒီနေ့ နှစ်ပိုင်းတင်ပေးရမှာဆိုပေမယ့် ကိုယ်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စလေးကြောင့် စာရေးဖို့ အချိန်မပေးနိုင်ဘူး ဖြစ်သွားတယ်...ဒါကြောင့် ညိုးငယ်သောစိတ်ထားလေးဖြင့် ဒီနေ့ update က ဒီတစ်ပိုင်းပါပဲဆိုတာ အသိပေးပါရစေရှင်🥺...နောက်တစ်ပိုင်းဆို flashback လေး end ပါပြီ...မာန်နဲ့ခွန်းဆက်တို့ဆီ ပြန်သွားကြရတော့မှာပါနော်...စကားလည်း အများကြီးပြောမိသွားပြီဆိုတော့ ဒီလောက်ပါပဲရှင့်...ကောင်းသောညလေးဖြစ်ကြပြီး အိပ်မက်ကလေးတွေလှကြပါစေရှင်❤

[Zawgyi]

ညေနခင္း ေလတစ္ျဖဴးျဖဴးတိုက္ခက္ေနေသာ ကမ္းနားလမ္းတြင္ ေကာင္ေလး၃ေယာက္ ေရျပင္က်ယ္ကို မ်က္ႏွာမူလ်က္ ၿငိမ္သက္ေနၾကသည္။ သူမတူေအာင္ ေခ်ာေမာလြန္းေသာ ႐ုပ္ရည္မ်ားေၾကာင့္ ျဖတ္သြားျဖတ္လာ ပ်ဳိမဒီေလးမ်ား၏ အၾကည့္မ်ားကလည္း ထိုေကာင္ေလး၃ေယာက္ထံ ေရာက္ရိွလာၾကသည္။ သို႔ေပမယ့္ ထိုေကာင္ေလးမ်ားမွာေတာ့ ဘာကိုမွ ဂ႐ုမျပဳပဲ ေရျပင္က်ယ္ကိုသာ အေတြးကိုယ္စီနဲ႔ ေငးေမာေနၾကသည္သာ။

မ်ဳိးမာန္၊ ဟိန္း နဲ႔ မဟာတို႔ ၾကားေလထုက အနည္းငယ္ခက္ထန္ေနကာ စိတ္ဆိုးျခင္းေဒါသတို႔က လႊမ္းမိုးလို႔ေနသည္။ မ်ဳိးမာန္၏ ေဒါသကို အတင္းကာေရာထိန္းခ်ဳပ္ေနရေသာ ဟန္ပန္၊ မဟာ၏ အျပစ္ရိွစိတ္တို႔ကို ခံစားေနရေသာ မ်က္ႏွာအမူအရာ၊ ထိုႏွစ္ေယာက္နဲ႔မတူညီစြာ ျဖစ္ပ်က္ေနေသာ အေျခအေနအား မည္သို႔ေခါင္းစဥ္တပ္ရမွန္းမသိသည့္ပံုစံႏွင့္ ေတြေ၀ေနေသာ ဟိန္း။ ခံစားခ်က္ကိုယ္စီ အေတြးကိုယ္စီနဲ႔ စကားသံတို႔က တိတ္ဆိတ္ေနၿပီး ေလထုကလည္း ေရခဲတစ္မွ် ေအးစက္ေနသည္။ ထိုအေျခအေနကို ပထမဆံုး ၿဖိဳခြင္းလိုက္သူက မ်ဳိးမာန္ပင္။

မ်ဳိးမာန္က မဟာ့အား ေဒါသပါေသာ မ်က္၀န္းမ်ားျဖင့္ စိုက္ၾကည့္လိုက္ၿပီး

"မဟာ မင္းအရင္က ငါ့ကိုေျပာခဲ့တာ မွတ္မိလား...အလကၤာကို မ်က္ရည္က်ေအာင္ လုပ္ရင္ မင္းငါ့ကို သတ္မယ္ဆိုၿပီးေတာ့ေလ"

စကားသံက ထိုမွ်နဲ႔သာ ရပ္တန္႔သြားသည္။ မဟာကေတာ့ မ်ဳိးမာန္အား ေမာ့မၾကည့္ပဲ ေခါင္းငံု႔၍သာ ရပ္ေနသည္။ အခုခ်ိန္တြင္ မ်ဳိးမာန္အား ခြန္းတုန္႔ျပန္ဖို္႔ရန္ သူ႕တြင္စကားလံုးတို႔ရိွမေနေပ။ အကယ္၍ သူ႕တြင္ ေျပာစရာစကားမ်ား ရိွေနလွ်င္ေတာင္ ျပန္ေျပာဖို႔ရန္ အင္အားမရိွ။ ဘယ္ေတာ့မွျပန္ျပင္လို႔ မရေတာ့သည့္အျပစ္ကို လုပ္ထားသူဟာ သူပဲမို႔ မ်ဳိးမာန္ ဘာေျပာေျပာ သူခံရမည္သာ ျဖစ္သည္။ ထိုထက္ပိုၿပီး မ်ဳိးမာန္က သူ႕အားထိုးႏွက္လာခဲ့လွ်င္ေတာင္ သူၿငိမ္ခံေနရမည္သာျဖစ္သည္။

မ်ဳိးမာန္ သူ႕ေရွ႕တြင္ ေခါင္းငိုက္စိုက္ခ်ထားသူကိုၾကည့္ၿပီး ေဒါသျဖစ္မိသည့္ထက္ အလိုမက်သည့္စိတ္တို႔က ပို၍မ်ားသည္။ သူသိခဲ့သည့္ မဟာက အခုလိုမ်ဳိး တစ္ျခားတစ္ေယာက္ေရွ႕ ေခါင္းငံု႔ေနရမည့္သူမဟုတ္ေပ။ မ်ဳိးမာန္ လက္သီးတို႔ကို တင္းတင္းဆုပ္လိုက္ၿပီး

"ငါလည္း မင္းကို ေျပာခဲ့ပါတယ္...ေရႊစင္ကို မ်က္ရည္မက်ေစဖို႔"

ထိုစကားအဆုံး မဟာက ေခါင္းေမာ့လာကာ တုန္ရီေနေသာ မ်က္၀န္းမ်ားျဖင့္ သူ႕အားၾကည့္လာသည္။

"ငါ ေတာင္း ေတာင္းပန္ပါတယ္"

ခြပ္!

"မ်ဳိးမာန္!!"

မ်ဳိးမာန္က မဟာ့အား လွမ္းထိုးလိုက္ေသာေၾကာင့္ ဟိန္းက မ်ဳိးမာန္အား ၀င္ဆြဲရသည္။ မဟာမွာေတာ့ အထိုးခံရေသာေၾကာင့္ ေနာက္ကို ယိုင္သြားေသာ္လည္း အခ်ိန္မီျပန္ထိန္းႏိုင္ခဲ့သည္။

"ဟက္! ေတာင္းပန္ပါတယ္ ဟုတ္လား...မင္းေတာင္းပန္လိုက္႐ံုနဲ႔ အရာရာက အဆင္ေျပသြားမယ္လို႔ ထင္ေနတာလား...မင္းမို႔လို႔ လုပ္ရက္တယ္...ေရႊစင့္အေပၚ...ဒီသနားစရာေကာင္းတဲ့ ကေလးအေပၚ မင္းမို႔လို႔ကြာ...အလကၤာ ငိုရင္ေတာင္ သူမီွခိုဖို႔ ငါရိွေသးတယ္...ဒါေပမယ့္ ေရႊစင္မွာ မင္းပဲရိွတာကြ...မင္းပဲရိွတာ... မဟာ မင္းကြာ...ေတာက္! "

မ်ဳိးမာန္ ထပ္ထိုးလိုက္ခ်င္ေသာ္လည္း ဟိန္းက သူ႕အားဆြဲထားသည္ေၾကာင့္ သူလုပ္၍မရေပ။ မဟာမွာေတာ့ ေခါင္းငံု႔ကာပင္ မ်က္ရည္က်ေနသည္။ ဟိန္းမွာလည္း ယခုျဖစ္ပ်က္ေနေသာ အေျခအေနအတြက္ စိတ္မသက္မသာျဖစ္လွသည္။ အရာအားလံုးကို အမွန္အတိုင္း ထုတ္ေျပာလိုက္ခ်င္သည့္စိတ္မ်ား ျဖစ္ေပၚလာရေသာ္လည္း အိေႁႏၵ၏ မ်က္ႏွာေလးကို ျမင္ေယာင္ေနသည္ေၾကာင့္ သူမေျပာရက္ေပ။

မ်ဳိးမာန္က မဟာ့ကိုၾကည့္ကာ ထပ္၍ စကားစသည္။

"မဟာ မင္းအခုလုပ္လိုက္တာက ႏွစ္ရွည္လမ်ား တည္ေဆာက္ခဲ့တဲ့ ငါတို႔အသိုက္အၿမံဳကို ဖ်က္ဆီးပစ္လိုက္တာပဲကြ...အခုမင္းေၾကာင့္ ေရွ႕ဆက္ၿပီး အိေႁႏၵနဲ႔ ေရႊစင္ ဘယ္လိုမ်က္ႏွာခ်င္းဆိုင္ စကားေျပာၾကေတာ့မလဲ...အခုဏက ေရႊစင္ရဲ႕ မ်က္လံုးအၾကည့္ေတြကို မင္းျမင္လား...ျမင္လား ေဟ့ေကာင္...ငါေမးတာ ေျဖစမ္းပါ...ဘာလို႔ပါးစပ္ပိတ္ၿပီး ေခါင္းငံု႔ေနတာလဲ...ေရႊစင္ရဲ့ မ်က္ရည္ေတြကို မင္းျမင္ရဲ႕လား...အနာဂတ္ေပ်ာက္သြားသလိုျဖစ္သြားတဲ့ သူ႕အၾကည့္ေတြကို မင္းျမင္ရဲ႕လား ဟမ္!!"

မ်ဴိးမာန္ ဟိန္းထံမွ ႐ုန္းထြက္လိုက္ၿပီး မဟာ၏ အက်ႌေကာ္လံစအား ဆြဲကာေမးသည္။

"အဲ့ဒီအၾကည့္ေတြ...သူ႕ေမွ်ာ္လင့္ခ်က္ေတြ ႐ိုက္ခ်ဴိးခံလိုက္ရတဲ့ အၾကည့္ေတြ...မင္းနဲ႔ဆိုၿပီး မက္ခဲ့တဲ့ သူ႕အိပ္မက္ေတြ ဖ်က္ဆီးခံလိုက္ရတဲ့ အၾကည့္ေတြကြ...အဲ့ဒါ မင္းသိလား...မင္းသိရဲ႕လား... "

မ်ဳိးမာန္ မဟာ့အက်ႌစအား ဆြဲယမ္းေနရင္း ေအာ္ဟစ္ကာ ေျပာေနသည္။ လမ္းသြားလမ္းလာမ်ားပင္ သူတို႔အား အထူးအဆန္းသဖြယ္ ကြက္ၾကည့္ကြက္ၾကည့္ လုပ္သြားၾကသည္။

မဟာနဲ႔ အိေႁႏၵတို႔ႏွစ္ေယာက္ မ်ဳိးမာန္တို႔ဆီလာကာ မဂၤလာကိစၥအား လာေျပာခဲ့စဥ္ ျဖစ္သြားေသာ ေရႊစင့္မ်က္ႏွာေလးအား အခုထိ မ်က္လံုးထဲတြင္ ျမင္ေယာင္ေနသည္။ ေမွ်ာ္လင့္ခ်က္ကင္းမဲ့မႈ၊ မယံုၾကည္ႏိုင္မႈနဲ႔ ၀မ္းနည္းမႈေပါင္းစံုေနေသာ ထိုမ်က္၀န္းေလးက မဟာအား ရင္ထဲအသည္းထဲက နာက်င္ေစသည္။ ထိုမ်က္၀န္းေလးမွ တစ္ဆင့္ က်ဆင္းလာေသာ မ်က္ရည္မ်ားကိုလည္း ညင္သာစြာ သုတ္ေပးခ်င္မိသည္။ သို႔ရာတြင္ သူလုပ္ခဲ့သည္က ေရႊစင့္အား မ်က္ႏွာလႊဲခဲ့ျခင္းပင္။

မ်ဳိးမာန္ သူလုပ္သမွ်ကို ၿငိမ္ခံေနေသာ မဟာ့အား ေဒါသတို႔နဲ႔အတူ ထပ္ထိုးရန္ လက္ရြယ္လိုက္စဥ္ အေနာက္ဘက္မွ သူ႕လက္အား လွမ္းဆြဲလာေသာ လက္ကေလးတစ္ဖက္။ မ်ဳိးမာန္ လွည့္ၾကည့္မိေတာ့ သူ႕လက္အား လွမ္းတားသူမွာ ေရႊစင္ပင္ျဖစ္သည္။ ေရႊစင္က မ်က္ရည္ျပည့္ေနေသာ မ်က္ႏွာေလးနဲ႔ သူ႕အားမလုပ္ရန္ ေခါင္းခါျပလာသည္။ ေရႊစင္ေနာက္တြင္ ရိွေသာ အလကၤာကို ၾကည့္မိေတာ့လည္း ငိုထား၍ထင္သည္ မ်က္၀န္းျပာေလးမ်ားက နီရဲေနသည္။ မ်ဳိးမာန္လည္း မဟာ့အက်ႌေကာ္လံအား လႊတ္ေပးလိုက္ၿပီး ေရႊစင္ကို ရင္ခြင္ထဲ ေပြ႕ဖက္ထားလိုက္ေတာ့သည္။

"ဘာမွမျဖစ္ဘူး...မငိုနဲ႔ ေရႊစင္...နင့္မွာ ငါရိွတယ္"

မ်ဳိးမာန္စကားအဆံုး ေရႊစင္ မ်ဳိးမာန္ရင္ခြင္ထဲတြင္ ငိုခ်မိေတာ့သည္။ မဟာက အိေႁႏၵတြင္ သူ႕ရင္ေသြးေလးရိွေနၿပီျဖစ္၍ အိေႁႏၵအားလက္ထပ္ဖို႔အတြက္ သူမတို႔အား အသိေပးလာခဲ့ခ်ိန္တြင္ ေရႊစင္ ကမာၻတစ္ျခမ္း ၿပိဳခဲ့ပါသည္။ အစကတည္းက မဟာ့အား ဆြဲထားဖို႔ မေတြးခဲ့ေသာ္လည္း မဟာ သူမအား ေရြးခ်ယ္ႏိုင္သည္ဟူေသာ ေမွ်ာ္လင့္ခ်က္ကေလးျဖင့္ စိတ္ထဲကေန အၿမဲတစ္ေစဆုေတာင္းေနမိခဲ့သည္။ ဒီေန႔တြင္ သူဆုေတာင္းေလးက မျပည့္ႏိုင္ေတာ့မွန္း မဟာ့ကမ္းေပးလာေသာ မဂၤလာဖိတ္စာေလးက သက္ေသခံေနခဲ့သည္။ ေကာက္႐ိုးတစ္မွ်င္မွ်သာ ရိွခဲ့ေသာ သူ႕ေမွ်ာ္လင့္ခ်င္ေလးကလည္း ေရစုန္ေမ်ာသြားခဲ့သည္။ ပတ္၀န္းက်င္၏႐ံႈ႕ခ်မည့္ကိစၥမ်ားမွ အိေႁႏၵ႕အားကယ္တင္ေပးခဲ့သူက သူမကိုေတာ့ ထိုပတ္၀န္းက်င္၏တံေတြးခြက္ထဲ ပတ္လက္ေမ်ာေစခ်င္ဟန္ တူပါသည္။ ေရႊစင္ ေတြးရင္း မ်က္ရည္တို႔က တာက်ဳိးသလို စီးဆင္းလာေတာ့သည္။

သူ႕ရင္ခြင္ထဲတြင္ တသိမ့္သိမ့္တုန္ေအာင္ ႐ိႈက္ငိုေနေသာ ေရႊစင္ကို တင္းက်ပ္စြာဖက္ထားလိုက္ရင္း မ်ဳိးမာန္က မဟာ့အား မ်က္ေထာင့္နီမ်ားျဖင့္ ၾကည့္ကာ

"မင္းသြားေတာ့! "

"ေရႊစင္ ငါ... "

မဟာက ငိုေနေသာ ေရႊစင့္အား စကားေျပာရန္ အနားသို႔ကပ္လာစဥ္ ႐ုတ္တရက္ သူ႕လက္တစ္ဖက္ကို အေနာက္မွ လွမ္းဆြဲျခင္း ခံလိုက္ရသည္။သူလွည့္ၾကည့္လိုက္မိေတာ့ အိေႁႏၵက မ်က္ရည္ျပညည့္ေသာ မ်က္၀န္းမ်ားျဖင့္ သူ႕အား ေခါင္းခါျပလာသည္။ မဟာက အိေႁႏၵကိုၾကည့္ၿပီး

"အိေႁႏၵ ငါ့ကိုလႊတ္...ငါ ေရႊစင္ကို ေျပာစရာရိွေသးတယ္...ငါ မွားခဲ့တယ္ဆိုေပမယ့္ သူထင္ေနသလို ငါ..."

မဟာ့စကားမဆံုးေသးခင္ အလကၤာက ေရႊစင့္ေရွ႕မွာ ပိတ္ရပ္လိုက္ကာ မဟာ့မ်က္ႏွာအား အားျဖင့္ လႊဲ႐ိုက္လိုက္ေတာ့သည္။

ျဖန္း!

႐ုတ္တရက္ အ႐ိုက္ခံလိုက္ရသည္ေၾကာင့္ မဟာ ေၾကာင္အစြာ အလကၤာ့အား ေငးၾကည့္ေနမိသည္။

"အလကၤာ နင္ဘယ္လိုလုပ္လိုက္တာလဲ"

အိေႁႏၵ အ႐ိုက္ခံလိုက္ရေသာ မဟာ့ေၾကာင့္ အလကၤာကို ေအာ္လိုက္သည္။

"မျမင္ဘူးလား ပါး႐ိုက္လိုက္တာေလ"

အလကၤာကလည္း ထိုႏွစ္ေယာက္အား အထင္ေသးသလိုပံုစံျဖင့္ ခပ္ေထ့ေထ့ၾကည့္ကာ ေျပာသည္။ တကယ္လည္း သူ႕စိတ္ထဲတြင္ အရင္ကလိုမ်ဳိး အိေႁႏၵနဲ႔မဟာ့အား အထင္ႀကီးေလးစားစိတ္တို႔ ရိွမေနေတာ့ေပ။

အိေႁႏၵက မဟာ၏ အ႐ိုက္ခံလိုက္ရေသာ ပါးအားဖြဖြေလး ကိုင္လိုက္ၿပီး အလကၤာဘက္လွည့္ကာ

"နင္တို႔ေတာ္ေတာ္ ယုတ္မာတာပဲ"

"ဟက္! အဲ့စကားကို နင္ကေျပာရဲတယ္ေပါ့...အဲ့စကားကို နင့္လိုလူမ်ဳိးက ေျပာရဲေသးတယ္ေပါ့ ဟုတ္လား...အဟားးး ေတာ္ေတာ္ရယ္ရတာပဲ...ကိုယ့္သူငယ္ခ်င္းရဲ႕ ခ်စ္ရသူမွန္း သိသိႀကီးနဲ႔ကို မဟာနဲ႔ ဗိုက္ႀကီးေအာင္လုပ္လိုက္တဲ့နင္က သူေတာ္ေကာင္းေလးေပါ့ ဟုတ္လား... "

ထိုစကားေၾကာင့္ အိေႁႏၵမ်က္ႏွာပ်က္လို႔သြားသည္။ ထိုစဥ္ မဟာက အိေႁႏၵအား သူ႕ေနာက္ပို႔လိုက္ၿပီး အလကၤာကိုၾကည့္ကာ

"ဒီကိစၥမွာ အိေႁႏၵ အျပစ္မရိွပါဘူး...အကုန္လံုးက ငါ့အျပစ္ေတြပဲ...အဲ့ေန႔က ငါအရမ္းမူးသြားလို႔... "

"မဟာ!"

"နင္၀င္မေျပာနဲ႔ အိေႁႏၵ...ဒါေတြအကုန္လံုးက ငါလုပ္ခဲ့တာ...ငါရဲ႕အျပစ္ေတြပဲ...ငါတစ္ေယာက္တည္းရဲ႕ အျပစ္ေတြမလို႔...ငါ့ကိုပဲ ေျပာပါ...အိေႁႏၵနဲ႔ ဘာမွမဆိုင္ပါဘူး"

မဟာ့စကားေၾကာင့္ အလကၤာ လက္သီးတို႔ကို တင္းတင္းဆုပ္လိုက္ၿပီး မဟာ့ရင္ဘက္အား ထု႐ိုက္ကာ

"ဟုတ္တယ္...အကုန္ နင့္အျပစ္ေတြပဲ...နင့္ေၾကာင့္သာ ဒီလိုေတြျဖစ္လာရတာ..."

မဟာကလည္း အလကၤာထု႐ိုက္သမွ်ကို ၿငိမ္ခံလို႔ေနသည္။ သူတစ္ေယာက္တည္းေၾကာင့္ သူ႕သူငယ္ခ်င္းေတြက ဒီလိုေတြခံစားေနရသည္။ သူ ေသသြားဖို႔ေတာင္ သင့္သည္။

"အင္း ဟုတ္တယ္...ငါ့ေၾကာင့္ ျဖစ္ရတာပါ"

"အလကၤာ ေတာ္ပါေတာ့..."

မဟာ့အား စိတ္ရိွတိုင္း ထု႐ိုက္ေနေသာ အလကၤာ့အား ေရႊစင္က လွမ္းတားလာသည္။ အလကၤာ ေရႊစင္ဘက္ကို တစ္ခ်က္ၾကည့္ၿပီး မဟာနဲ႔ အိေႁႏၵကို ျပန္ၾကည့္ကာ

"ငါ့ဘ၀မွာ ေနာင္တအရဆံုးက နင္တို႔ႏွစ္ေယာက္နဲ႔ သူငယ္ခ်င္းျဖစ္ခဲ့တာကိုပဲ"

အလကၤာေျပာသြားေသာ စကားႏွင့္ သူ႕အားေက်ာခိုင္းကာ မ်ဳိးမာန္ဆြဲရာေနာက္ ပါသြားေသာ ေရႊစင္တို႔ကိုၾကည့္ရင္း မဟာ ေနရာတြင္ပင္ ဒူးေထာက္က်သြားေတာ့သည္။ တန္ပါသည္ေလ။ သူလုပ္ခဲ့တဲ့အျပစ္ေတြအတြက္ ဒီထက္ေတာင္ပိုၿပီး ခံစားသင့္သည္မဟုတ္လား။  သို႔ေပမယ့္  သူ႕သူငယ္ခ်င္းေတြက သူ႕အား ေနာက္ဆံုးအခ်ိန္ထိ သက္ညႇာသြားခဲ့ေသးသည္။

ဟိန္း ေျမျပင္ေပၚ ဒူးေထာက္ေနေသာ မဟာ့အားၾကည့္ရင္း စိတ္မသက္မသာျဖစ္ရသည္။ ထို႔ေနာက္ အိေႁႏၵကိုၾကည့္မိေတာ့ သူ႕အားစိုက္ၾကည့္ေနသည္ႏွင့္ဆံုသည္။ အိေႁႏၵက ခပ္ဖြဖြအၿပံဳးေလးတစ္ပြင့္ေပးလာၿပီး ေခါင္းညိတ္ျပလာသည္။ ဟိန္းနဲ႔ အိေႁႏၵ စကၠန္႔အနည္းငယ္ၾကာ မ်က္၀န္းခ်င္း စကားေျပာၿပီးေနာက္ ဟိန္း တိတ္ဆိတ္စြာပင္ ထိုေနရာမွ ထြက္ခြာလာေတာ့သည္။

က်န္ခဲ့သူ ႏွစ္ေယာက္အနက္ တစ္ေယာက္မွာေတာ့ ရင္ကြဲနာက်ေနေသာ္လည္း က်န္တစ္ေယာက္မွာေတာ့ မ်က္ႏွာထက္ အၿပံဳးေယာင္ေယာင္ေလးက ပြင့္လန္းေနခဲ့ေလသည္။

**********
ေမာင္ခြန္းျမတ္မဟာ + မေရႊအိေႁႏၵ
           တို႔၏
           မဂၤလာဧည့္ခံပြဲ

မဟာနဲ႔ အိေႁႏၵ မဂၤလာပြဲအတြင္း  ႂကြေရာက္လာသည့္ ဧည့္သည္မ်ားအား လိုက္လံဧည့္ခံေနသည္။ မိသားစု ႏွစ္ခုလံုးက အသိုင္းအ၀ိုင္းႀကီးမ်ား ျဖစ္ၾကသည့္အျပင္ သူ႕ေနရာသူ ေအာင္ျမင္ေက်ာ္ၾကားသည့္ မိသားစုမ်ားျဖစ္သည္ေၾကာင့္ ႂကြေရာက္လာသည့္ဧည့္သည္မ်ားမွ ေတာ္ေတာ္နဲ႔မစဲ။ မဟာတစ္ေယာက္ လိုက္ဧည့္ခံေနရင္း ခန္းမ၀င္ေပါက္အားလည္း မၾကာခဏ အၾကည့္ေရာက္မိသည္။ မလာမည္ဆိုသည္မွာ ေသခ်ာေသာ္လည္း အနည္းငယ္ေသာ္ ေမွ်ာ္လင့္ခ်က္ေလးျဖင့္ သူ႕သူငယ္ခ်င္းမ်ား ေရာက္လာမလားဟူ၍ ေမွ်ာ္လင့္ေနသည္။

တစ္ဖက္တြင္လည္း မ်ဳိးမာန္နဲ႔ အလကၤာတို႔ႏွစ္ေယာက္ ကိုယ္ေရာစိတ္ပါ ပင္ပန္းေနကာ ေရႊစင့္အတြက္ စိတ္ပူေနမိသည္။ ေရႊစင္တစ္ေယာက္ ညေနကတည္းက အိမ္မွထြက္သြားၿပီး အခုခ်ိန္ထိ အိမ္ျပန္ မလာေသးေသာေၾကာင့္ပင္။ ထိုအခ်ိန္ ဟိန္းက အိမ္ထဲသို႔ အေမာတေကာ ၀င္လာကာ မ်ဳိးမာန္ကို ၾကည့္ၿပီး

"ဘယ္လိုျဖစ္တာလဲ...သူဘယ္သြားမယ္လို႔ ေျပာသြားေသးလဲ"

"ညေနက ေဈးဘက္ ခဏသြားမယ္ဆိုၿပီး ထြက္သြားကတည္းက အခုထိ ျပန္မလာေသးတာ...ငါရင္ပူေနၿပီ...မေတာ္ ေရႊစင္ တစ္ခုခုျဖစ္ရင္ ဘယ္လိုလုပ္မလဲ..."

အလကၤာက ႐ိႈက္သံေရာေသာ အသံႏွင့္ေျပာလာသည္။ ဟိ္န္းလည္း အလကၤာ့စကားေၾကာင့္ ပူပန္မႈတို႔က ပို၍တိုးလာသည္။ မ်ဳိးမာန္က သူ႕အားဖုန္းဆက္လာၿပီး 'ေရႊစင္ မင္းနဲ႔အတူရိွေနတာလား'ဟု ေမးလာကတည္းက တစ္ခုခုျဖစ္ေနၿပီမွန္း သူသိလိုက္သည္။ ထို႔ေၾကာင့္ မ်ဳိးမာန္တို႔ဆီ အေလာတႀကီး ေျပးလာျခင္းျဖစ္သည္။

"ဖုန္းဆက္ၾကည့္တာေကာ မရဘူးလား"

ဟိန္းထပ္ေျပာေတာ့ မ်ဳိးမာန္က ေခါင္းခါျပကာ

"ဖုန္း အိမ္မွာထားခဲ့တာ"

"ဒါဆို ဒီလို ထိုင္ေနလို့ ဘယ္ျဖစ္မလဲ...လိုက္ရွာၾကည့္ရမွာေပါ့"

"ငါနဲ႔ အလကၤာ ဒီနားတစ္၀ိုက္ ရွာၾကည့္ၿပီးၿပီ ဘယ္မွာမွမေတြ႕ဘူး"

မ်ဳိးမာန္ စကားအဆုံး အလကၤာကလည္း ငိုခ်လာသလို ဟိန္းလည္း စိတ္ပူပန္မႈတို႔က ပိုတိုး၍ ျဖစ္ေပၚလာရသည္။ ထိုေန႔ညတြင္ပင္ ရဲစခန္းတြင္ လူေပ်ာက္တိုင္လိုက္သလို ဟိန္းကလည္း သူ႕ဖခင္၏အရိွန္နဲ႔ လူတစ္ခ်ဳိ႕ကိုျဖန္႔ကာ ေရႊစင္အား ရွာေဖြခဲ့သည္။

ရွာေဖြမႈသည္ တစ္ပတ္ေလာက္ၾကာသြားသည္အထိတိုင္ေအာင္ ေရႊစင္၏ အရိပ္ကေလးေသာ္မွ် မေတြ႕ရေသး။ အလကၤာမွာလည္း ေန႔စဥ္နဲ႔အမွ် မ်က္ရည္က်ကာ ေရႊစင္ေဘးကင္းဖို႔ နာရီမပ်က္ဆုေတာင္းေနရသည္။

မဟာနဲ႔ အိေႁႏၵတို႔မွာေတာ့ မဂၤလာပြဲၿပီးၿပီးခ်င္း ပ်ားရည္ဆမ္းခရီး ထြက္သြားၾကသည္ေၾကာင့္ ေရႊစင္ေပ်ာက္သြားသည္ကို မသိၾကေပ။ အလကၤာတို႔ကလည္း အသိမေပးျခင္းေၾကာင့္လည္းျဖစ္သည္။ သို႔ႏွင့္ ရက္၊ လ၊ ႏွစ္ေတြေျပာင္းလာေသာ္လည္း ေရႊစင္အေၾကာင္း ဘာမွသတင္းမွမၾကားခဲ့ရေပ။ ေရႊစင္တစ္ေယာက္ အလကၤာတို႔ဘ၀ထဲမွ  ျမဴမႈန္ပမာ ေပ်ာက္ခ်င္းမလွေပ်ာက္သြားခဲ့ေလသည္။

ႏွစ္ႏွစ္ၾကာၿပီးေနာက္။

ၿခံထဲတြင္ ႏွင္းဆီပန္းေလးမ်ားႏွင့္ ကစားေနေသာ ၅ႏွစ္အရြယ္ ကေလးအားၾကည့္ကာ မဟာႏႈတ္ခမ္းထက္ အၿပံဳးတို႔ ျဖစ္တည္သြားရသည္။ မိခင္နည္းတူ အလင္းေလးကလည္း ႏွင္းဆီပန္း သိပ္ႀကိဳက္ပံုရပါသည္။ မဟာ ကေလးအနားတြင္ အျခားသူ ရိွလိုရိွျငား လိုက္ၾကည့္မိသည္။ ဘယ္သူ႕ကိုမွ မေတြ႕သည္ေၾကာင့္ သူလည္း ၿခံအနားကပ္ကာ ထိုကေလးအား လွမ္းေခၚလိုက္သည္။

"သားေလး အလင္းဆည္းဆာ"

သူ႕ေခၚသံေၾကာင့္ ကေလးငယ္က သူ႕အားေမာ့ၾကည့္လာသည္။ ခဏအၾကာ ကေလးမ်က္ႏွာေလးက ၿပံဳးသြားၿပီး သူ႕ဆီေလွ်ာက္လာကာ

"ဦးဦး"

ကေလး၏ ေခၚသံေလးေၾကာင့္ မဟာေပ်ာ္သြားမိသည္မွာ အမွန္ပင္ျဖစ္သည္။ ကေလးနဲ႔မေတြ႕ရတာ ႏွစ္ႏွစ္မွ်ပင္ ရိွသြားေသာ္လည္း အလင္းေလးက သူ႕အားမွတ္မိေနေသးသည္။ မဟာလည္း သူ႕အနားေလွ်ာက္လာေသာ ကေလးအား ေကာက္ခ်ီလိုက္ၿပီး ပါးေဖာင္းေဖာင္းေလးႏွစ္ဖက္ကို တစ္လွည့္စီနမ္းလိုက္ေတာ့ ကေလးက သေဘာက်စြာ တစ္ခစ္ခစ္ရယ္ပါသည္။

"ဦးဦး မဟာ"

"ဗ်ာ... ေနေကာင္းလား ဦးဦးရဲ႕ အလင္းေလး"

"ဟုတ္...ဦးဦးေရာ ေနေကာင္းလား"

"ဦးလည္း ေနေကာင္းပါတယ္ဗ်ာ...ဒါနဲ႔ သားက တစ္ေယာက္တည္း ေဆာ့ေနတာလား"

"ဟုတ္ ေဖေဖက အလုပ္သြားတယ္...ေမေမက အေနာက္မွာ ထမင္းခ်က္ေနတာ"

"သားရဲ႕ တီသြန္းကေရာ"

သူေမးလိုက္ေတာ့ ကေလးမ်က္ႏွာေလးက မဲ့က်သြားသည္။ ထို႔ေနာက္ ငိုသံေလးျဖင့္ ေျပာလာေသာ ကေလး။

"သား တီသြန္းကို စိတ္ဆိုးတယ္"

"ဘာလို႔လဲ သားရဲ႕"

မဟာ အိေႁႏၵနဲ႔ ပ်ားရည္ဆမ္းခရီးမွျပန္လာၿပီး ရက္အနည္းငယ္သာ ျမန္မာျပည္တြင္ ေန၍ USရိွ ကုမၸဏီခြဲသို႔ ေျပာင္းသြားခဲ့သည္မွာ ႏွစ္ႏွစ္နီးပါးပင္။ ေရႊစင့္အနားတြင္ရိွေနလွ်င္ ေရႊစင့္အားပို၍ ခံစားရေစမည္စိုးတာေၾကာင့္ ထို႔သို႔ေျပာင္းသြားခဲ့ရျခင္း။ ထိုအခ်ိန္မ်ားတြင္လည္း အလုပ္ထဲတြင္သာ စိတ္ကိုႏွစ္ထားခဲ့ၿပီး ျမန္မာျပည္ရိွ မိဘမ်ားကိုေတာင္ တစ္လေနလို့ တစ္ခါမဆက္သြယ္ခဲ့ေပ။ အိေႁႏၵကိုေတာ့ကိုယ္၀န္နဲ႔ပတ္သက္ၿပီး အၿမဲလွမ္းေမးခဲ့ပါသည္။ မခ်စ္ေသာ္လည္း အိေႁႏၵ႕အေပၚ သူငယ္ခ်င္းသံေယာဇဥ္ေၾကာင့္ မဟာ ဂ႐ုစိုက္ျဖစ္ပါသည္။ ၾကားထဲတြင္လည္း အိေႁႏၵကေလးေမြး၍ တစ္ေခါက္သာ ျပန္လာခဲ့ၿပီးေနာက္ ျပန္သြားလိုက္ၿပီး ယေန႔မွ ျပန္ေရာက္လာျခင္း ျဖစ္သည္။ ျမန္မာျပည္သို႔ ေရာက္ေရာက္ျခင္း အလကၤာတို႔ဆီ ေရာက္လာခဲ့ျခင္းပင္ ျဖစ္သည္။

မဟာ ဒီတစ္ခါျပန္လာျခင္းက အၿပီးျပန္လာသည္ေတာ့မဟုတ္ေပ။ သူ႕ရဲ႕သားေလးအားသူနဲ႔အတူ USသို႔ေခၚသြားရန္အတြက္ ေရာက္လာခဲ့ျခင္းျဖစ္သည္။ မိခင္၏ အိေႁႏၵက ကေလးအား ဂ႐ုမစိုက္ဘူးဟူေသာ စကားေၾကာင့္ မဟာ လာေခၚရျခင္း ျဖစ္သည္။ ထိုအတြက္လည္း မဟာ အိေႁႏၵ႕အေပၚနားလည္ပါသည္။ သူ႕သားက အိေႁႏၵမလိုခ်င္ပဲ သူ႕ပေရာဂေၾကာင့္သာ ရခဲ့ေသာ ကေလးျဖစ္သည္။ ထို႔ေၾကာင့္ ကေလးကို ဂ႐ုမစိုက္ျခင္းအေပၚ အိေႁႏၵ႕အား မဟာအျပစ္မျမင္ရက္။ လြတ္လြတ္လပ္လပ္ေနရမည့္အခ်ိန္တြင္ သူ႕ကေလးကိုလြယ္ၿပီး ေကာင္းေကာင္းမြန္မြန္ ေမြးေပးခဲ့တာနဲ႔တင္ ေက်းဇူးတင္ရမည္ျဖစ္သည္။

"တီသြန္းက အေ၀းႀကီးကို ထြက္သြားတာ"

ကေလး၏ စကားၾကားမွ မဟာအေတြးထဲေမ်ာေနရာမွ သတိျပန္လည္လာသည္။ ထို႔ေနာက္ ကေလး၏ စကားေၾကာင့္  မ်က္ခံုးတန္းတို႔စုၾကဳတ္သြားသည္။

"တီသြန္းက အေ၀းႀကီးကို ထြက္သြားတာ ဟုတ္လား"

"ဟုတ္"

မဟာ ကေလးအား ေမးေနစဥ္ အိမ္ထဲမွထြက္လာေသာ အလကၤာ။ အလင္းအားခ်ီထားေသာ သူ႕ကိုေတြ႕သည္ႏွင့္ မ်က္ႏွာက တည္တင္းသြားေတာ့သည္။ သူ႕အားမုန္းတီးစြာ ၾကည့္ေနေသာ သူ႕သူငယ္ခ်င္းမေလးသည္ အရင္အတိုင္း လွပေနဆဲပင္ ျဖစ္သည္။

"အလကၤာ"

"သား အလင္း ဒီကိုလာ"

"လာဘူး"

ဆိုကာ ကေလးက မဟာ့၏ လည္ပင္းကို သိုင္းဖက္လိုက္ေတာ့သည္။

"အလင္းဆည္းဆာ!...မင္းကို ငါလာလို႔ေျပာေနတယ္ေလ"

အလကၤာ၏ ေဒါသသံေၾကာင့္ မဟာ့ကိုယ္ေပၚမွ အလင္း၏ ကိုယ္ေလးတုန္တက္သြားေတာ့သည္။ ထို႔ေနာက္ မဟာ့အား ပို၍ တင္းတင္းၾကပ္ၾကပ္ ဖက္တြယ္လာၿပီး

"ဟင့္အင္း လာဘူး...အလင္းက ဦးဦးမဟာနဲ႔ေနမွာ...အီးဟီးးး"

အလကၤာလည္း ေျပာမရမွန္းသိတာေၾကာင့္ မဟာ့အနားေလွ်ာက္လာကာ မဟာ့ကိုယ္ေပၚမွ ကေလးအားအတင္းဆြဲယူေတာ့သည္။မဟာလည္း ကေလးနာသြားမည္စိုးသည္ေၾကာင့္ အသာတၾကည္ လက္လႊဲေပးလိုက္သည္။ သူ႕အေမလက္ထဲပါသြားေသာ ကေလးက မဟာ့ကိုၾကည့္ကာ ေအာ္ငိုပါေတာ့သည္။

"ဦးဦးမဟာ အီးဟီးးးး...အလင္းကိုေခၚ...ေမေမ လႊတ္ေပး...အလင္း ဦးဦးဆီ သြားမွာ...အီးဟီးးး"

"တိတ္စမ္း အလင္းဆည္းဆာ!...ငါ မင္းကို ႐ိုက္ရမလားေျပာ"

ထိုစကားေၾကာင့္ မဟာ မေနသာေတာ့ပဲ

"သား အလင္းေလး...တိတ္ေတာ့ေနာ္...ဦးဦး ေနာက္ေန႔မွ ထပ္လာခဲ့မယ္ေနာ္...လိမ္မာတယ္မလား...ဦးဦးသားေလးက... "

မဟာ ေခ်ာ့ေျပာလိုက္မွ အလင္းေလးက မ်က္ရည္မ်ားၾကားမွ ေခါင္းညိတ္ျပလာသည္။  အလကၤာလည္း မဟာ့ေရွ႕တြင္ ထပ္မေနခ်င္ေတာ့သည္ေၾကာင့္ ကေလးကိုေခၚၿပီး အိမ္ထဲ၀င္ဖို႔အလုပ္ မဟာက အလကၤာလက္တစ္ဖက္ကိုလွမ္းဆြဲလိုက္သည္။

"လႊတ္ ငါ့လက္ကို"

"ခဏေနပါအံုး အလကၤာရယ္...အလင္းေလးေျပာတာ ေရႊစင္ အေ၀းႀကီးကို ထြက္သြားတာဆို...သူဘယ္သြားတာလဲ"

"နင္က ဘာလုပ္ဖို႔လဲ...အခုမွလာၿပီး နင္က ဘာလုပ္မလို႔လဲ"

"ငါ..."

"ထြက္သြား... ငါနင့္ကို ထပ္မျမင္ခ်င္ဘူး"

ေျပာရင္း အလကၤာ တံခါးကို ေဆာ့င္ပိတ္လိုက္သည္။ တံခါး၀မွာေတာ့ မဟာတစ္ေယာက္ ငူငူႀကီး ရပ္ေနခဲ့သည္။ သူ႕သူငယ္ခ်င္းမ်ားက ယေန႔ထိတိုင္ သူ႕အားခြင့္မလႊတ္ႏို္င္ၾကေသးေပ။

မဟာအိမ္သို႔ျပန္ေရာက္ေတာ့ အိမ္အလည္တြင္ ကစားစရာမ်ားၾကား ၿငိမ္သက္စြာေဆာ့ေနေသာ ကေလးငယ္ေလး။ သူ ကေလးအားေပြ႕ခ်ီလိူက္ၿပီး

"သားေလးက တစ္ေယာက္တည္း ေဆာ့ေနတာေပါ့ ဟုတ္လား"

ကေလးက သြားမေပါက္ေသးေသာ သြားဖံုးမ်ားေပၚေအာင္ သူ႕အားရယ္ျပလာသည္။ သားေလး၏အၿပံဳးေလးေၾကာင့္ မဟာ၏ ညီးညဴေနေသာစိတ္တို႔က တိတ္ေတြလိုလြင့္ပါးသြားေတာ့သည္။ မဟာလည္း ကေလးပါးေလးႏွစ္ဖက္အား တ၀ႀကီး နမ္းလိုက္ေတာ့သည္။ ယခူအခ်ိန္တြင္ေတာ့ သူ႕သားေလး ခြန္းဆက္ေရာင္နီသည္သာ သူ႕ရဲ႕တစ္ခုတည္းေသာ ေအးခ်မ္းရာေလးပင္။

*********************************
#11.4.2024
#🍁Moe Kyal Phyu🍁

**********

ဒီေန႔ ႏွစ္ပိုင္းတင္ေပးရမွာဆိုေပမယ့္ ကိုယ္ရဲ႕ ကိုယ္ေရးကိုယ္တာ ကိစၥေလးေၾကာင့္ စာေရးဖို႔ အခ်ိန္မေပးႏိုင္ဘူး ျဖစ္သြားတယ္...ဒါေၾကာင့္ ညိဳးငယ္ေသာစိတ္ထားေလးျဖင့္ ဒီေန႔ update က ဒီတစ္ပိုင္းပါပဲဆိုတာ အသိေပးပါရေစရွင္🥺...ေနာက္တစ္ပိုင္းဆို flashback ေလး end ပါၿပီ...မာန္နဲ႔ခြန္းဆက္တို႔ဆီ ျပန္သြားၾကရေတာ့မွာပါေနာ္...စကားလည္း အမ်ားႀကီးေျပာမိသြားၿပီဆိုေတာ့ ဒီေလာက္ပါပဲရွင့္...ေကာင္းေသာညေလးျဖစ္ၾကၿပီး အိပ္မက္ကေလးေတြလွၾကပါေစရွင္❤

Đọc tiếp

Bạn Cũng Sẽ Thích

3.4M 143K 60
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
5.2K 111 3
ခေါင်းမာလွန်းလှသူအင်ဂျင်နီယာမလေးနှင့် စီးပွားရေးလောကတွင် သူဋ္ဌေးမလေးအတွင်းရေးမှူး မမ နှင့်တွေ့သောအခါ........ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးပါ၊၊ (Mya...
2.5K 127 8
ကြိုးစားပြီး ရေးကြည့်ချင်တဲ့ BL Fiction တစ်ခုပါ လက်ျာဘုန်းပြည့် သစ္စာပြည့်လျှံ 8.2.2024 Mirella_vc
2.9K 152 5
အစ်ကို ဆိုတဲ့နာမ်စားလေးက သိပ်နွေးထွေးသလို သိပ်လည်း နာကျဉ်ဖို့ကောင်းတာ။ Short Story လေးပါ။