Unicode
နဥ်နဥ်က ဆွဲဆောင်မှုအရှိဆုံးနဲ့အဖော်ရွေဆုံးလို့ သူမယုံကြည်ထားတဲ့ အပြုံးတစ်ပွင့်ကို တပ်ဆင်လိုက်ပြီး "အဖွား၊ မဂ်လာပါ၊ ကုမျန်လိုမျိုး ကျွန်မလည်း ခေါက်ဆွဲ၊ ဆီ၊ ဆား၊ ငံပြာရည်၊ ရှာလကာရည်၊ အိုးနဲ့ ဒယ်အိုးတွေရဖို့အတွက် သကြားလုံးတစ်လုံးသုံးလို့ရမလား"
နဥ်နဥ် ပြောတဲ့စကားက ကုမျန်ပြောတာတွေနဲ့ များစွာကွာခြားသွားတာမဟုတ်ပေ။
ဒါပေမယ့် အဘွားအိုက နဥ်နဥ်ကိုကြည့်ပြီး သူမလက်ကို ဘာသိဘာသာ ဝှေ့ယမ်းကာ တိုက်ရိုက်ငြင်းဆိုလိုက်တယ်။
"မရဘူး၊ နင် တခြားနေရာကို သွားလို့ရတယ်"
နဥ်နဥ်အံ့သြသွားတယ်။
ကုမျန်မေးတော့ သဘောတူပေမဲ့ သူမအလှည့်ရောက်တော့ အဘွားအိုက ဘာကြောင့်ငြင်းရတာလဲ။
သူတို့က အရမ်းကိုဘက်လိုက်ပြီး ဆက်ဆံနေတာမဟုတ်ဘူးလား ။
သူမက အနည်းငယ် စိတ်မကြည်မသာဖြစ်သွားပြီး ဆက်ပြီး စည်းရုံးချင်ပေမယ့်လည်း အဘွားအိုက သူတို့ကို အပြင်မောင်းထုတ်တော့တယ်။“ငါတို့ အခု ညစာစားနေတာ၊ ဒီမှာမနေ, နေကြနဲ့တော့”
နဉ်နဉ်က ပြီးခဲ့တဲ့အချိန်တွေတုန်းကလည်း နှစ်ကြိမ်တိုင်တိုင် ငြင်းဆိုခံရဖူးပြီဖြစ်လို့ ဒေါသအမြောက်အမြား စုဆောင်းမိနေပြီဖြစ်တယ်။ အကယ်၍ သူမသာ show ရိုက်ကူးနေရဆဲမဟုတ်ခဲ့ရင် ဒေါသကို ဖောက်ခွဲမိလိမ့်မယ် ။
အခုတော့ အဘွားအိုဆီက မျက်နှာချင်းဆိုင် ထပ်ပြီးငြင်းဆိုခံလိုက်ရတော့ သူမထပ်ပြီးသည်းမခံနိုင်တော့ဘူး။"ဟေး၊ မဟုတ်သေးဘူး၊ ကျွန်မကို အကြောင်းပြချက်ပေးလေ သူမက လုပ်လို့ရပေမယ့် ကျွန်မက ဘာဖြစ်လို့ လုပ်လို့မရတာလဲ
အဘွားအိုက နောက်ကျိနေတဲ့မျက်၀န်းတစ်စုံနဲ့ နဥ်နဥ်ကို စိုက်ကြည့်လိုက်ပြီး အေးစက်စက်လေသံနဲ့ "သူမရဲ့ ရောင်ဝါက သန့်ရှင်းနေပြီး သူမရဲ့စိတ်ထားက ဖြူစင်ပြီး ကြင်နာတတ်တာကြောင့်ပဲ! ပြီးတော့ နင်၊ နင့်ရဲ့ ရောင်ဝါကတော့ ညစ်ပတ်နေတယ်၊ နင့်စိတ်ထားကလည်း ရုပ်ဆိုးတယ် နင်က မနှစ်မြို့ဖွယ်ကောင်းတယ်!" အဘွားအိုက သူမကို ရုပ်ဆိုးတယ်လို့ တံဆိပ်ကပ်ခဲ့တယ်။
နဥ်နဥ် ဒေါသတွေ ပေါက်ကွဲလုမတတ်ဖြစ်သွားတယ်။ ဒီအရွယ်ပဲရောက်နေပြီ ၊ လူစကားမပြောတတ်ရင် ဘာမှမပြောနဲ့လေ ၊ ဒီစကားတွေက ဘယ်လိုတောင် ညစ်ပတ်နေရတာလဲ?။
အဘွားအိုက နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ပြီဖြစ်တယ်။ သူမက မရေမတွက်နိုင်တဲ့ လူတွေကို မတွေ့ဖူးပေမယ့်လည်း လူတွေကို မှတ်မိနိုင်စွမ်းရှိပါသေးတယ်။
သူမက နဉ်နဉ်ရဲ့အထင်အမြင်သေးမှုနဲ့ စိတ်အနှောက်အယှက်ဖြစ်မှုကို အကြည့်တစ်ချက်နဲ့တင် မြင်ခဲ့တာပင်။
အဘွားအိုက အေးစက်စွာ ပြုံးပြီး "နင်က ဒီနေရာက လူအိုမကြီးနဲ့ ဒေါသကိုဖောက်ခွဲဖို့ အချိန်ရှိနေတာပဲ ဘာလို့ အပြင်ထွက်ပြီး စားဖို့အတွက် တစ်ခုခုရဖို့ မကြိုးစားရတာလဲ"
လင်ချန်အန်းက သည်းမခံနိုင်တော့ဘူး။ သူက ရှေ့ကိုတက်လာပြီး နဥ်နဥ်အတွက် ပြောပေးလိုက်တယ်။ “အဘွားကြီး၊ မိန်းကလေးတစ်ယောက်ကို ဒီလိုစကားမျိုးတွေပြောတာ ခင်ဗျားအတွက်မကောင်းဘူးနော်"
အဘွားအိုက လင်ချန်အန်းကို သူမရဲ့မျက်၀န်းတွေနဲ့ အပေါ်အောက် စကင်န်ဖတ်လိုက်ပြီးနောက် ဖြည်းညှင်းစွာပြောလိုက်တယ်။ "ရှေးခေတ်တုန်းကဆို ငှက်တွေက တူရာတူရာစုတယ်လို့ ပြောကြတယ် ဒီစကားက ယုတ္တိမတန်တာမဟုတ်ဘူးပဲ၊ မင်းလည်း လူကောင်းမဟုတ်ဘူး"
စကားပြောပြီးနောက် အဘွားအိုက တံခါးကို ဘန်းခနဲပိတ်လိုက်ပြီး လင်ချန်အန်းနဲ့ နဉ်နဉ်ကို အပြင်မှာ တိုက်ရိုက်ချန်ထားလိုက်တော့တယ်။
ကင်မရာမင်းက သူ့လျှာကိုကိုက်လိုက်တယ်။ ကျေးလက်က အဘွားအိုတွေက အရမ်းရက်စက်တာပဲ၊ ရင်ဆိုင်ရတာအရမ်းခက်ခဲတယ်။
ဒီအဘွားကြီးက ကုမျန်တစ်ယောက်တည်းအပေါ်သာ ကြင်နာတတ်ပြီး လော့ချယ်တောင်မှ ကုမျန်ကို အားကိုးရလိမ့်မယ်လို့ ယူဆရတယ်။
နဥ်နဥ်က ခေါင်းကိုက်သွားပြီး သူမရှေ့က ပိတ်သွားတဲ့တံခါးကို ကြည့်လိုက်တယ်။ သူမက ဘေးမှာရှိတဲ့ကင်မရာမင်းကို အနည်းငယ်အရုပ်ဆိုးနေတဲ့ အမူအရာနဲ့ "ဒီအပိုင်းကို ပြင်လို့ရလား?"
ဒီလို ဒရာမာဆန်တဲ့အပိုင်းကို သူ ဘယ်လိုဖြတ်ပစ်ရမှာလဲ။ အဘွားအိုက နဉ်နဉ်နဲ့ လင်ချန်အန်းကို ရက်ရက်စက်စက်ကြိမ်းမောင်းခဲ့တယ်။ ဒါက ထုတ်လွှင့်ပြသဖို့ ကောင်းမွန်တဲ့ sceneတစ်ခုပဲ။
ဒါပေမယ့် ပင်ကိုအားဖြင့်တော့ သူ့ရှေ့မှာရှိနေတဲ့ နဉ်နဉ်ကို အဲ့ဒီလိုပြောလိုက်လို့မရဘူးပေါ့။ ကင်မရာမင်းက ပြုံးပြီး မရေမရာ ပြောလိုက်တယ်။“ရနိုင်ပါတယ်”
လင်ချန်အန်းက နဥ်နဥ်အတွက် ကူပြောပေးချင်ခဲ့ပေမယ့် နောက်ဆုံးမှာ ပွက်လောရိုက်သွားမယ်လို့ သူမထင်မိခဲ့ဘူး။
ဘာ? သူက လူကောင်းတစ်ယောက် မဟုတ်ဘူးပေါ့လေ?
ဒီအဘွားကြီးမှာ မျက်လုံးနဲ့ပတ်သက်တဲ့ ပြဿနာများ ရှိနေတာလား။
ဒီအပိုင်းကို ထုတ်လွှင့်ခဲ့မယ်ဆိုရင် ပရိသတ်တော်တော်များများက ဒါကိုမြင်သွားကြမှာပဲ။
ကံကောင်းထောက်မစွာနဲ့ နဥ်နဥ်က မေးကြည့်လိုက်ပြီးနောက် ကင်မရာမင်းက သူ ဒါကို ဖြတ်ထုတ်ပေးလို့ရတယ်လို့ ပြောတယ်။
မဟုတ်ရင် showလာရိုက်ကူးမိတာ သူနောင်တရမိလိမ့်မယ်။
သူ့အတွက် ဒီကို ရောက်လာဖို့က မလွယ်ကူခဲ့ဘူး၊ အကယ်၍ သူသာ ခြေလှမ်းတစ်ချက်မှားခဲ့ရင် သူ ဒုက္ခရောက်သွားနိုင်တယ်။
-------
ထိုနေ့ရဲ့စိန်ခေါ်မှုကို လော့ချယ်တို့အဖွဲ့တဖွဲ့တည်းကသာ ပြီးမြောက်ခဲ့တယ်။
လင်ချန်အန်းတို့အဖွဲ့ရော လျူလင်းတို့အဖွဲ့ရော တာ၀န်မပြီးမြောက်ခဲ့ပေ။
နောက်ဆုံးမှာ ပရိုဂရမ်အဖွဲ့က ငွေပေးပြီး ဒေသခံရွာသားတွေဆီကနေ အစားအစာတွေကို တိုက်ရိုက်ဝယ်ယူခဲ့တယ်။ ပြသနာတချို့ပြီးသွားပြီးနောက် နောက်ဆုံးမှာ သူတို့က ပူပူနွေးနွေးညစာ စားခဲ့ကြတယ်။
စားပြီးချိန်မှာတော့ ကုမျန်နဲ့ တခြားသူတွေက ဖြည်းဖြည်းချင်း အစာချေဖို့ လမ်းလျှောက်လာခဲ့ကြတယ်။
Reality show "Impossible Challenge"က နှစ်ရက်နဲ့တစ်ညအိပ်ခရီးဖြစ်တာကြောင့် သူတို့က ရွှမ်ချွင်းရွာမှာ နေရဦးမှာပင်။
Zawgyi
နဥ္နဥ္က ဆြဲေဆာင္မႈအရွိဆုံးနဲ႕အေဖာ္ေ႐ြဆုံးလို႔ သူမယုံၾကည္ထားတဲ့ အၿပဳံးတစ္ပြင့္ကို တပ္ဆင္လိုက္ၿပီး "အဖြား၊ မဂ္လာပါ၊ ကုမ်န္လိုမ်ိဳး ကြၽန္မလည္း ေခါက္ဆြဲ၊ ဆီ၊ ဆား၊ ငံျပာရည္၊ ရွာလကာရည္၊ အိုးနဲ႕ ဒယ္အိုးေတြရဖို႔အတြက္ သၾကားလုံးတစ္လုံးသုံးလို႔ရမလား"
နဥ္နဥ္ ေျပာတဲ့စကားက ကုမ်န္ေျပာတာေတြနဲ႕ မ်ားစြာကြာျခားသြားတာမဟုတ္ေပ။
ဒါေပမယ့္ အဘြားအိုက နဥ္နဥ္ကိုၾကည့္ၿပီး သူမလက္ကို ဘာသိဘာသာ ေဝွ႕ယမ္းကာ တိုက္ရိုက္ျငင္းဆိုလိုက္တယ္။
"မရဘူး၊ နင္ တျခားေနရာကို သြားလို႔ရတယ္"
နဥ္နဥ္အံ့ၾသသြားတယ္။
ကုမ်န္ေမးေတာ့ သေဘာတူေပမဲ့ သူမအလွည့္ေရာက္ေတာ့ အဘြားအိုက ဘာေၾကာင့္ျငင္းရတာလဲ။
သူတို႔က အရမ္းကိုဘက္လိုက္ၿပီး ဆက္ဆံေနတာမဟုတ္ဘူးလား ။
သူမက အနည္းငယ္ စိတ္မၾကည္မသာျဖစ္သြားၿပီး ဆက္ၿပီး စည္း႐ုံးခ်င္ေပမယ့္လည္း အဘြားအိုက သူတို႔ကို အျပင္ေမာင္းထုတ္ေတာ့တယ္။“ငါတို႔ အခု ညစာစားေနတာ၊ ဒီမွာမေန, ေနၾကနဲ႕ေတာ့”
နဥ္နဥ္က ၿပီးခဲ့တဲ့အခ်ိန္ေတြတုန္းကလည္း ႏွစ္ႀကိမ္တိုင္တိုင္ ျငင္းဆိုခံရဖူးၿပီျဖစ္လို႔ ေဒါသအေျမာက္အျမား စုေဆာင္းမိေနၿပီျဖစ္တယ္။ အကယ္၍ သူမသာ show ရိုက္ကူးေနရဆဲမဟုတ္ခဲ့ရင္ ေဒါသကို ေဖာက္ခြဲမိလိမ့္မယ္ ။
အခုေတာ့ အဘြားအိုဆီက မ်က္ႏွာခ်င္းဆိုင္ ထပ္ၿပီးျငင္းဆိုခံလိုက္ရေတာ့ သူမထပ္ၿပီးသည္းမခံနိုင္ေတာ့ဘူး။"ေဟး၊ မဟုတ္ေသးဘူး၊ ကြၽန္မကို အေၾကာင္းျပခ်က္ေပးေလ သူမက လုပ္လို႔ရေပမယ့္ ကြၽန္မက ဘာျဖစ္လို႔ လုပ္လို႔မရတာလဲ
အဘြားအိုက ေနာက္က်ိေနတဲ့မ်က္၀န္းတစ္စုံနဲ႕ နဥ္နဥ္ကို စိုက္ၾကည့္လိုက္ၿပီး ေအးစက္စက္ေလသံနဲ႕ "သူမရဲ႕ ေရာင္ဝါက သန႔္ရွင္းေနၿပီး သူမရဲ႕စိတ္ထားက ျဖဴစင္ၿပီး ၾကင္နာတတ္တာေၾကာင့္ပဲ! ၿပီးေတာ့ နင္၊ နင့္ရဲ႕ ေရာင္ဝါကေတာ့ ညစ္ပတ္ေနတယ္၊ နင့္စိတ္ထားကလည္း ႐ုပ္ဆိုးတယ္ နင္က မႏွစ္ၿမိဳ႕ဖြယ္ေကာင္းတယ္!" အဘြားအိုက သူမကို ႐ုပ္ဆိုးတယ္လို႔ တံဆိပ္ကပ္ခဲ့တယ္။
နဥ္နဥ္ ေဒါသေတြ ေပါက္ကြဲလုမတတ္ျဖစ္သြားတယ္။ ဒီအ႐ြယ္ပဲေရာက္ေနၿပီ ၊ လူစကားမေျပာတတ္ရင္ ဘာမွမေျပာနဲ႕ေလ ၊ ဒီစကားေတြက ဘယ္လိုေတာင္ ညစ္ပတ္ေနရတာလဲ?။
အဘြားအိုက ႏွစ္ေပါင္းမ်ားစြာ ေနထိုင္လာခဲ့ၿပီျဖစ္တယ္။ သူမက မေရမတြက္နိုင္တဲ့ လူေတြကို မေတြ႕ဖူးေပမယ့္လည္း လူေတြကို မွတ္မိနိုင္စြမ္းရွိပါေသးတယ္။
သူမက နဥ္နဥ္ရဲ႕အထင္အျမင္ေသးမႈနဲ႕ စိတ္အႏွောက္အယွက္ျဖစ္မႈကို အၾကည့္တစ္ခ်က္နဲ႕တင္ ျမင္ခဲ့တာပင္။
အဘြားအိုက ေအးစက္စြာ ၿပဳံးၿပီး "နင္က ဒီေနရာက လူအိုမႀကီးနဲ႕ ေဒါသကိုေဖာက္ခြဲဖို႔ အခ်ိန္ရွိေနတာပဲ ဘာလို႔ အျပင္ထြက္ၿပီး စားဖို႔အတြက္ တစ္ခုခုရဖို႔ မႀကိဳးစားရတာလဲ"
လင္ခ်န္အန္းက သည္းမခံနိုင္ေတာ့ဘူး။ သူက ေရွ႕ကိုတက္လာၿပီး နဥ္နဥ္အတြက္ ေျပာေပးလိုက္တယ္။ “အဘြားႀကီး၊ မိန္းကေလးတစ္ေယာက္ကို ဒီလိုစကားမ်ိဳးေတြေျပာတာ ခင္ဗ်ားအတြက္မေကာင္းဘူးေနာ္"
အဘြားအိုက လင္ခ်န္အန္းကို သူမရဲ႕မ်က္၀န္းေတြနဲ႕ အေပၚေအာက္ စကင္န္ဖတ္လိုက္ၿပီးေနာက္ ျဖည္းညွင္းစြာေျပာလိုက္တယ္။ "ေရွးေခတ္တုန္းကဆို ငွက္ေတြက တူရာတူရာစုတယ္လို႔ ေျပာၾကတယ္ ဒီစကားက ယုတၱိမတန္တာမဟုတ္ဘူးပဲ၊ မင္းလည္း လူေကာင္းမဟုတ္ဘူး"
စကားေျပာၿပီးေနာက္ အဘြားအိုက တံခါးကို ဘန္းခနဲပိတ္လိုက္ၿပီး လင္ခ်န္အန္းနဲ႕ နဥ္နဥ္ကို အျပင္မွာ တိုက္ရိုက္ခ်န္ထားလိုက္ေတာ့တယ္။
ကင္မရာမင္းက သူ႕လွ်ာကိုကိုက္လိုက္တယ္။ ေက်းလက္က အဘြားအိုေတြက အရမ္းရက္စက္တာပဲ၊ ရင္ဆိုင္ရတာအရမ္းခက္ခဲတယ္။
ဒီအဘြားႀကီးက ကုမ်န္တစ္ေယာက္တည္းအေပၚသာ ၾကင္နာတတ္ၿပီး ေလာ့ခ်ယ္ေတာင္မွ ကုမ်န္ကို အားကိုးရလိမ့္မယ္လို႔ ယူဆရတယ္။
နဥ္နဥ္က ေခါင္းကိုက္သြားၿပီး သူမေရွ႕က ပိတ္သြားတဲ့တံခါးကို ၾကည့္လိုက္တယ္။ သူမက ေဘးမွာရွိတဲ့ကင္မရာမင္းကို အနည္းငယ္အ႐ုပ္ဆိုးေနတဲ့ အမူအရာနဲ႕ "ဒီအပိုင္းကို ျပင္လို႔ရလား?"
ဒီလို ဒရာမာဆန္တဲ့အပိုင္းကို သူ ဘယ္လိုျဖတ္ပစ္ရမွာလဲ။ အဘြားအိုက နဥ္နဥ္နဲ႕ လင္ခ်န္အန္းကို ရက္ရက္စက္စက္ႀကိမ္းေမာင္းခဲ့တယ္။ ဒါက ထုတ္လႊင့္ျပသဖို႔ ေကာင္းမြန္တဲ့ sceneတစ္ခုပဲ။
ဒါေပမယ့္ ပင္ကိုအားျဖင့္ေတာ့ သူ႕ေရွ႕မွာရွိေနတဲ့ နဥ္နဥ္ကို အဲ့ဒီလိုေျပာလိုက္လို႔မရဘူးေပါ့။ ကင္မရာမင္းက ၿပဳံးၿပီး မေရမရာ ေျပာလိုက္တယ္။“ရနိုင္ပါတယ္”
လင္ခ်န္အန္းက နဥ္နဥ္အတြက္ ကူေျပာေပးခ်င္ခဲ့ေပမယ့္ ေနာက္ဆုံးမွာ ပြက္ေလာရိုက္သြားမယ္လို႔ သူမထင္မိခဲ့ဘူး။
ဘာ? သူက လူေကာင္းတစ္ေယာက္ မဟုတ္ဘူးေပါ့ေလ?
ဒီအဘြားႀကီးမွာ မ်က္လုံးနဲ႕ပတ္သက္တဲ့ ျပႆနာမ်ား ရွိေနတာလား။
ဒီအပိုင္းကို ထုတ္လႊင့္ခဲ့မယ္ဆိုရင္ ပရိသတ္ေတာ္ေတာ္မ်ားမ်ားက ဒါကိုျမင္သြားၾကမွာပဲ။
ကံေကာင္းေထာက္မစြာနဲ႕ နဥ္နဥ္က ေမးၾကည့္လိုက္ၿပီးေနာက္ ကင္မရာမင္းက သူ ဒါကို ျဖတ္ထုတ္ေပးလို႔ရတယ္လို႔ ေျပာတယ္။
မဟုတ္ရင္ showလာရိုက္ကူးမိတာ သူေနာင္တရမိလိမ့္မယ္။
သူ႕အတြက္ ဒီကို ေရာက္လာဖို႔က မလြယ္ကူခဲ့ဘူး၊ အကယ္၍ သူသာ ေျခလွမ္းတစ္ခ်က္မွားခဲ့ရင္ သူ ဒုကၡေရာက္သြားနိုင္တယ္။
-------
ထိုေန႕ရဲ႕စိန္ေခၚမႈကို ေလာ့ခ်ယ္တို႔အဖြဲ႕တဖြဲ႕တည္းကသာ ၿပီးေျမာက္ခဲ့တယ္။
လင္ခ်န္အန္းတို႔အဖြဲ႕ေရာ လ်ဴလင္းတို႔အဖြဲ႕ေရာ တာ၀န္မၿပီးေျမာက္ခဲ့ေပ။
ေနာက္ဆုံးမွာ ပရိုဂရမ္အဖြဲ႕က ေငြေပးၿပီး ေဒသခံ႐ြာသားေတြဆီကေန အစားအစာေတြကို တိုက္ရိုက္ဝယ္ယူခဲ့တယ္။ ျပသနာတခ်ိဳ႕ၿပီးသြားၿပီးေနာက္ ေနာက္ဆုံးမွာ သူတို႔က ပူပူႏြေးႏြေးညစာ စားခဲ့ၾကတယ္။
စားၿပီးခ်ိန္မွာေတာ့ ကုမ်န္နဲ႕ တျခားသူေတြက ျဖည္းျဖည္းခ်င္း အစာေခ်ဖိဳ႕ လမ္းေလွ်ာက္လာခဲ့ၾကတယ္။
Reality show "Impossible Challenge"က ႏွစ္ရက္နဲ႕တစ္ညအိပ္ခရီးျဖစ္တာေၾကာင့္ သူတို႔က ႐ႊမ္ခြၽင္း႐ြာမွာ ေနရဦးမွာပင္။