Transmigration : TFLOA "Fool"...

By Comet222

669K 117K 2K

It's just an offline translation. I only translate for fun. Please support original author and english transl... More

Description
Chapter(1):ကူးေျပာင္းျခင္း ကူးပြောင်းခြင်း
Chapter(2):အႏိ္ုင္က်င့္ခံရျခင္း အနိုင်ကျင့်ခံရခြင်း
Chapter(3):အားေပးႏွစ္သိမ့္ျခင္း အားပေးနှစ်သိမ့်ခြင်း
Chapter(4):အေတြးမ်ား အတွေးများ
Chapter(5):စိတ္ဒုကၡေရာက္ျခင္း စိတ်ဒုက္ခရောက်ခြင်း
Chapter(6):ဆံုးျဖတ္ခ်က္မ်ား ဆုံးဖြတ်ချက်များ
Chapter(7):အျပင္ထြက္ျခင္း အပြင်ထွက်ခြင်း
Chapter(8):အဆူခံရျခင္း အဆူခံရခြင်း
Chapter(9):အ႐ိုက္ခံရျခင္း အရိုက်ခံရခြင်း
Chapter(10):မိသားစုမွခြဲထြက္ျခင္း မိသားစုမှခွဲထွက်ခြင်း
Chapter(11):မိသားစုပိုင္ဆိုင္မႈ မိသားစုပိုင်ဆိုင်မှု
Chapter(12):႐ွဳမိသားစုမွထြက္ခြာျခင္း ရှုမိသားစုမှထွက်ခွာခြင်း
Chapter(13):အခ်ိန္ကိုက္ကူညီမႈ အချိန်ကိုက်ကူညီမှု
Chapter(14):သူငယ္ခ်င္းမ်ား သူငယ်ချင်းများ
Chapter(15):သမားေတာ္လ်ိဳ သမားတော်လျို
Chapter(16):တန္ျပန္အစီအစဥ္ အတြက္ေဆြးေႏြးျခင္း
Chapter(17):ဒါက မနက္ခင္းအသစ္ပဲ့။
Chapter(18):စဥ္းစားဆင္ျခင္ျခင္း စဉ်းစားဆင်ခြင်ခြင်း
Chapter(19):အကူအညီ အေထာက္အပ့ံ
Chapter(20):ဝက္စာျမက္ ဝက်စာမြက်
Chapter(21):စားလို႔ေကာင္းတဲ့ တစ္စံုတစ္ခု
Chapter(22):ဘဝ ဘဝ
Chapter(23):အာလူးမ်ား အာလူးများ
Chapter(24):ေန႔လည္စာျပင္ဆင္ျခင္း
Chapter(25):ေနာက္ဆံုးမွာေတာ့ အိမ္အသစ္ရလာၿပီ။
Chapter(26):င႐ုတ္သီး ငရုတ်သီး
Chapter(27):ေတာင္ တောင်
Chapter(28):ေစ်းသို႔သြားျခင္း ဈေးသို့သွားခြင်း
Chapter(29):အလုပ္မ်ားျခင္း အလုပ်များခြင်း
Chapter(30):ႀကိတ္ဆံုေက်ာက္-1 ကြိတ်ဆုံကျောက် -1
Chapter(30):ႀကိတ္ဆံုေက်ာက္-2 ကြိတ်ဆုံကျောက်-2
Chapter(31):ေအာင္ျမင္မႈ-1 အောင်မြင်မှု-1
Chapter(32):ေအာင္ျမင္မႈ-2 အောင်မြင်မှု-2
Chapter(33):ျပႆနာ ပြဿနာ
Chapter(34):ျငင္းဆိုျခင္း ငြင်းဆိုခြင်း
Chapter(35):မိသားစုဝင္မ်ား မိသားစုဝင်များ
Chapter(36):ေရာင္းထြက္သြားၿပီ။
Chapter(37):ရင္ထဲထိသြားျခင္း-1
Chapter(37):ရင္ထဲထိသြားျခင္း-2
Chapter(38):ေျမကြက္ဝယ္ျခင္း-1
Chapter(38):ေျမကြက္ဝယ္ျခင္း-2
Chapter(39):ျပႆနာ႐ွာၾကသူမ်ား ပြဿနာရှာကြသူများ
Chapter(40):ေဒါသ ဒေါသ
Chapter(41):ေဆြမ်ိဳးမ်ား ဆွေမျိုးများ
Chapter(42):မိသားစု အစီအစဥ္ မိသားစု အစီအစဉ်
Chapter(43):အၾကံညဏ္ အကြံညဏ်
Chapter(44):မနာလိုျဖစ္ျခင္း မနာလိုဖြစ်ခြင်း
Chapter(45):ေျမကြက္႐ိုင္းေတြကို ႐ွင္းလင္းျခင္း-1
Chapter(45):ေျမကြက္႐ိုင္းေတြကို ႐ွင္းလင္းျခင္း-2
Chapter(46):မ်က္ႏွာေျပာင္တိုက္ ေသာ မိသားစုမ်ား
Chapter(47):ေတြ႔ဆံုျခင္း တွေ့ဆုံခြင်း
Chapter(48):ေျပာင္းဖူး ပြောင်းဖူး
Chapter(49):ျပႆနာ႐ွာၾကတဲ့ သူေတြ ထပ္လာၾကျပန္ၿပီ။
Chapter(50):သူတို႔၏မိသားစု ဆက္ဆံေရးကို ျဖတ္ေတာက္ျခင္း
Chapter(51):ေခြးမ်ား ဝယ္ယူျခင္း-1
Chapter(51):ေခြးမ်ား ဝယ္ယူျခင္း-2
Chapter(52):အမည္ေပးျခင္း-1 အမည်ပေးခြင်း-1
Chapter(52):အမည္ေပးျခင္း-2 အမည်ပေးခြင်း-2
Chapter(53):ေၾကာက္စိတ္မႊန္ျခင္း
Chapter(54):ေန႔စဥ္ဘဝ နေ့စဉ်ဘဝ
Chapter(55):အနီေရာင္ေတာင္မ်ား
Chapter(56):ေတာင္ေပၚတြင္ ေနရေသာဘဝ
Chapter(57):ကိရိယာတန္ဆာပလာ ကိရိယာတန်ဆာပလာ
Chapter(58):အိမ္သို႔ ျပန္လာျခင္း-2
Chapter(58):အိမ္သို႔ ျပန္လာျခင္း-1
Chapter(59):ခ်မ္းသာဖို႔အတြက္ အစီအစဥ္သစ္တစ္ခု-1
Chapter(59):ခ်မ္းသာဖို႔အတြက္ အစီအစဥ္သစ္တစ္ခု-2
Chapter(60):အလုပ္သမား ငွါးရမ္းျခင္း
Chapter(61):လက္ေဆာင္မ်ား
Chapter(62):အံ့အားသင့္မႈတစ္ခု-1
Chapter(62):အံ့အားသင့္မႈတစ္ခု-2
Chapter(63):ေမြးေန႔ မွေးနေ့
Chapter(64):ေမွ်ာ္လင့္မထားေသာ ေတြ႔ဆံုၾကံဳႀကိဳက္မႈ
Chapter(65):အသားနဲ႔ပတ္သက္ၿပီး ႐ုန္းကန္လႈပ္႐ွားရျခင္း
Chapter(66):မနာလိုျဖစ္ျခင္း မနာလိုဖြစ်ခြင်း
Chapter(67):သူ႔စိတ္ထဲမွာ တစ္စံုတစ္ခု႐ွိေနတယ္။
Chapter(68):သစ္အယ္သီးမ်ား သစ်အယ်သီးများ
Chapter(69):သစ္အယ္သီးမ်ား ဝယ္ယူျခင္း
Chapter(70):သစ္အယ္သီးအတြက္ ခ်က္နည္းျပဳတ္နည္းမ်ား
Chapter(71):အျပံဳး-1
Chapter(71):အျပံဳး-2
Chapter(72):အၾကံျပဳခ်က္-1
Chapter(72):အၾကံျပဳခ်က္-2
Chapter(73):ဆန္ျပဳတ္ပြဲေတာ္-1 ဆန်ပြုတ်ပွဲတော်-1
Chapter(73):ဆန္ျပဳတ္ပြဲေတာ္-2 ဆန်ပြုတ်ပွဲတော်-2
Chapter(74):လူနာ ဒီဇင္ဘာလ ၃၀ ရက္ေန႔-1
Chapter(74):လူနာ ဒီဇင္ဘာလ ၃၀ ရက္ေန႔-2
Chapter(75):အုတ္ဂူမ်ားဆီ အလည္သြားၾကျခင္း-1
Chapter(75):အုတ္ဂူမ်ားဆီ အလည္သြားၾကျခင္း-2
Chapter(76):ဦးေလးအႀကီးဆံုး-1 ဦးလေးအကြီးဆုံး-1
Chapter(76):ဦးေလးအႀကီးဆံုး-2 ဦးလေးအကြီးဆုံး-2
Chapter(77):ႏွစ္သစ္ကူး ႏႈတ္ခြန္းဆက္သမႈမ်ား-1
Chapter(77):ႏွစ္သစ္ကူး ႏႈတ္ခြန္းဆက္သမႈမ်ား-2
Chapter(78):ဒဏ္ရာ ရျခင္း-1 ဒဏ်ရာ ရခြင်း-1
Chapter(78):ဒဏ္ရာ ရျခင္း-2 ဒဏ်ရာ ရခြင်း-2
Chapter(79):အျငင္းအခံု-1 အငြင်းအခုံ-1
Chapter(79):အျငင္းအခံု-2 အငြင်းအခုံ-2
Chapter(80):သူ႔ခင္ပြန္းသည္ရဲ႕ မိဘအိမ္-1 သူ့ခင်ပွန်းသည်ရဲ့ မိဘအိမ်-1
Chapter(80):သူ႔ခင္ပြန္းသည္ရဲ႕ မိဘအိမ္-2 သူ့ခင်ပွန်းသည်ရဲ့ မိဘအိမ်-2
Chapter(81):စေတာ္ဘယ္ရီသီး-1 စတော်ဘယ်ရီသီး-1
Chapter(81):စေတာ္ဘယ္ရီသီး-2 စတော်ဘယ်ရီသီး-2
Chapter(82):မီးပံုးပြဲေတာ္-1 မီးပုံးပွဲတော်-1
Chapter(82):မီးပံုးပြဲေတာ္-2 မီးပုံးပွဲတော်-2
Chapter(83):တ်န္းတ်န္းနဲ႔ ေကာ္ေကာ္-1 တျန်းတျန်းနဲ့ ကော်ကော်-1
Chapter(83):တ်န္းတ်န္းနဲ႔ ေကာ္ေကာ္-2 တျန်းတျန်းနဲ့ ကော်ကော်-2
Chapter(84):ေငြေခ်းျခင္း-1 ငွေချေးခြင်း-1
Chapter(84):ေငြေခ်းျခင္း-2 ငွေချေးခြင်း-2
Chapter(85):သူတို႔ေလးေတြရဲ႕ ျမင့္မားတဲ့ညဏ္ရည္-1
Chapter(85):သူတို႔ေလးေတြရဲ႕ ျမင့္မားတဲ့ညဏ္ရည္-2
Chapter(86):အိမ္အသစ္တစ္လံုးကို ေဆာက္ျခင္း-1
Chapter(86):အိမ္အသစ္တစ္လံုးကို ေဆာက္ျခင္း-2
Chapter(87):ေဆြးေႏြး ဆံုးျဖတ္ျခင္း-1
Chapter(87):ေဆြးေႏြး ဆံုးျဖတ္ျခင္း-2
Chapter(88):ေဆာက္လုပ္ေရး အသင္း-1
Chapter(88):ေဆာက္လုပ္ေရး အသင္း-2
Chapter(89):ရလဒ္ေကာင္းမ်ား-1
Chapter(89):ရလဒ္ေကာင္းမ်ား-2
Chapter(90):အိမ္သို႔ ေျပာင္းေရႊ႕ ေနထိုင္ျခင္း-1
Chapter(90):အိမ္သို႔ ေျပာင္းေရႊ႕ ေနထိုင္ျခင္း-2
Chapter(91):ေတာ္ဝင္စာေမးပြဲက ေႏြဦးရာသီတြင္ က်င္းပတယ္။-1
Chapter(91):ေတာ္ဝင္စာေမးပြဲက ေႏြဦးရာသီတြင္ က်င္းပတယ္။-2
Chapter(92):မိတ္ေဆြဖြဲ႔ျခင္း-1 မိတ်ဆွေဖွဲ့ခြင်း-1
Chapter(93):ပူးပေါင်း ဆောင်ရွက်ခြင်း-1 ပူးေပါင္း ေဆာင္႐ြက္ျခင္း-1
Chapter(93):ပူးပေါင်း ဆောင်ရွက်ခြင်း-2 ပူးေပါင္း ေဆာင္႐ြက္ျခင္း-2

Chapter(92):မိတ္ေဆြဖြဲ႔ျခင္း-2 မိတ်ဆွေဖွဲ့ခြင်း-2

755 144 7
By Comet222

Zawgyi



Chapter(92):မိတ္ေဆြဖြဲ႕ျခင္း-2

စားေသာက္ဆိုင္ထဲတြင္ စားပြဲအပိုတစ္လုံး မရွိေလာက္ေအာင္ကို လူေတြနဲ႕ ျပည့္လွ်ံက်ေနတယ္။ ဆိုင္ရွင္က ရႈရန္ကို ဒီစာသင္သားေတြနဲ႕ ထိေတြ႕ေျပာဆိုဆက္ဆံေစဖို႔ ရည္႐ြယ္ထားတာေၾကာင့္ သီးသန႔္အခန္းတစ္ခန္းကို သူမေတာင္းခဲ့ေခ်။

ရႈရန္ကလည္း တျခားသူေတြနဲ႕အတူတူ စားေသာက္ဖို႔က ကိစၥႀကီးႀကီးမားမား မဟုတ္ပါဘူးလို႔ ခံစားမိတဲ့အတြက္ လူႏွစ္ေယာက္တည္းရွိေနတဲ့ စားပြဲကို သူရွာလိုက္ၿပီးေတာ့ အဲ့ေနရာဆီကို ေလွ်ာက္သြားလိုက္တယ္။ သူစားပြဲကို ေခါက္လိုက္တယ္။ လူႏွစ္ေယာက္က သူ႕ဆီ ေမာ့ၾကည့္လာတာကို သူျမင္လိုက္ရတဲ့အခါ သူဂါဝရျပဳလိုက္ၿပီးေတာ့ ေျပာလိုက္တယ္။ "ကြၽန္ေတာ္ ဒီေနရာမွာ ေန႕လယ္စာအတူတူ သုံးေဆာင္လို႔ရမလား? လူႀကီးမင္းတို႔ ကြၽန္ေတာ္နဲ႕ ကြၽန္ေတာ့္ဦးေလးတို႔ ႏွစ္ေယာက္တည္းပါပဲ။"

လူႏွစ္ေယာက္သားကလည္း စာသင္သားပုံစံ အဝတ္အစားေတြကို ဝတ္ဆင္ထားၾကတယ္။ နံေဘးနားမွာရပ္ေနတဲ့ ဆိုင္ရွင္နဲ႕ ဆင္တူညီတဲ့ဝတ္စုံကို ဝတ္ဆင္ထားတဲ့ ရႈရန္ကို ၾကည့္လိုက္ၾကၿပီး ခြင့္ျပဳတဲ့အေနနဲ႕ ေခါင္းၿငိမ့္ျပလိုက္ၾကတယ္။ "ေက်းဇူးျပဳၿပီး ဒီမွာ ထိုင္ပါ။ လူႀကီးမင္းတို႔!"

ရႈရန္က သူတို႔ေတြကို ေက်းဇူးတင္လိုက္ၿပီး ဆိုင္ရွင္နဲ႕အတူ ထိုင္ခ်လိဳက္တယ္။ စားပြဲထိုးက သူတို႔ႏွစ္ေယာက္ ထိုင္ခ်လိဳက္တာကို ျမင္သြားတဲ့အခါ သူတို႔ေတြ ဘာသုံးေဆာင္ၾကမလဲ ဆိုတာကို ေမးျမန္းဖို႔အတြက္ သူကြၽမ္းက်င္စြာ အေရွ႕ကို ေလွ်ာက္လာခဲ့တယ္။

ရႈရန္က ဒီစားေသာက္ဆိုင္ဆီကို တစ္ခါမွ မေရာက္ဖူးသလို သူမွာဖို႔ လိုအပ္တဲ့ ဟင္းလ်ာလည္း မရွိတာမို႔ ရႈရန္က ေ႐ြးခ်ယ္မႈနဲ႕ပတ္သက္ၿပီး တုံ႕ဆိုင္းေနမိတယ္။ သူ႕ဆန႔္က်င္ဘက္မွာ တိတ္တဆိတ္ ထိုင္စားေနၾကတဲ့ လူႏွစ္ေယာက္ကို ၾကည့္လိုက္ရင္း ရႈရန္က တိုးတိုးေလး ေျပာလိုက္တယ္။ "လူႀကီးမင္းတို႔ ကြၽန္ေတာ့္ကို အႀကံေပးလိုတဲ့ အရသာေကာင္းတဲ့ ဟင္းပြဲေတြမ်ား ရွိသလား? ဒီေနရာကို လာတာက ကြၽန္ေတာ့္အတြက္ ပထမဆုံးအႀကိမ္ ျဖစ္ေနေတာ့ ဒီအေၾကာင္းနဲ႕ ပတ္သက္ၿပီး ကြၽန္ေတာ္သိပ္မသိဘူး ျဖစ္ေနလို႔ေလ။"

သူတို႔ႏွစ္ေယာက္က အစပထမတုန္းကေတာ့ ရႈရန္ကို လ်စ္လ်ဴရႈထားခ်င္ၾကတာ ျဖစ္ေပမဲ့ အခု သူတို႔ေတြကို သူေမးလာၿပီ ဆိုေတာ့ ျပန္ေျဖေပးမွရေတာ့မယ္ေလ။ သူတို႔ေတြးမိတဲ့ ေကာင္းမယ္ထင္တဲ့ ဟင္းပြဲအခ်ိဳ႕ကို သူတို႔ေတြ ေျပာျပလိုက္တယ္။ ရႈရန္က ေခါင္းၿငိမ့္ျပရင္း ေက်းဇူးတင္လိုက္တယ္။ ထို႔ေနာက္ သူဟင္းပြဲေတြကို စားပြဲထိုးေလးကို ​ေျပာျပလိုက္ေတာ့ စားပြဲထိုး​ေလးက ဟင္းပြဲေတြကို မွတ္သားထားၿပီးေနာက္ အလ်င္အျမန္ ေျပးထြက္သြားခဲ့တယ္။

အခုခ်ိန္မွာ သူတို႔ေတြက တစ္စားပြဲတည္း အတူတူထိုင္ေနၾကဆဲ ျဖစ္တာေၾကာင့္ ဆက္လက္ တိတ္တဆိတ္ ေနေနဖို႔က သူ႕အတြက္ မသင့္ေတာ္ေပ။ ရႈရန္က သူတို႔ေတြဘယ္ေနရာကေန လာခဲ့ၾကတာလဲ။ သူတို႔ေတြ စာေမးပြဲေျဖဆိုဖို႔ ဒီေနရာဆီ ေရာက္ေနၾကတာလား။ သူတို႔ေတြ ဒီေနရာဆီ ေရာက္ေနၾကတာ ဘယ္ေလာက္ၾကာေနၿပီလဲ ဆိုတာ အပါအဝင္ သူတို႔ေတြကို စကားစတင္ေျပာလိုက္တယ္။ ဘာပဲျဖစ္ျဖစ္ ရႈရန္က သူစဥ္းစားနိုင္သမွ် အရာအားလုံးကို ေမးျမန္းခဲ့လိုက္တယ္။

သူတို႔ႏွစ္ေယာက္ထဲက တစ္ေယာက္က အဆင္ေျပပါတယ္။ က်န္တစ္ေယာက္ကေတာ့ အေတာ္ေလးကို စကားေျပာဆိုတတ္တယ္။ ရႈရန္သူတို႔ေတြနဲ႕ စကားေျပာတဲ့အခါ စကားေျပာေကာင္းတဲ့ တစ္ေယာက္နဲ႕ပဲ တစ္ကိုယ္ေတာ္ စကားေျပာခန္းအရွည္ႀကီးကို ေျပာျဖစ္ခဲ့ၾကတယ္။

သိပ္မၾကာခင္မွာပဲ ဆက္ၿပီးေျပာဖို႔ရာ သူ႕အတြက္ ေျပာစရာစကား နည္းပါးသြားၿပီ ျဖစ္တယ္။ စကားေျပာေကာင္းတဲ့ တစ္ေယာက္ကို လင္းဟြာ လို႔ေခၚၿပီးေတာ့ က်န္တစ္ေယာက္ကိုေတာ့ ေက်ာက္ခ်န္ လို႔ေခၚတယ္။ သူတို႔ႏွစ္ေယာက္စလုံးက ဟယ္ေ႐ႊၿမိဳ႕ခံေတြ ျဖစ္ၾကၿပီးေတာ့ ဒီစားေသာက္ဆိုင္မွာမၾကာခဏ ထမင္းလာစားတတ္ၾကသူေတြ ျဖစ္တယ္။

အေျပာအဆို အေနအထိုင္ မတတ္ၾကေသာေၾကာင့္ ႏွစ္ေယာက္သား ေက်ာင္းေတာ္သို႔ အတင္းေစလႊတ္ျခင္း ခံခဲ့ၾကရတယ္။ သူတို႔ရဲ႕စာေမးပြဲက ၾကန႔္ၾကာေနတာ ႏွစ္အနည္းငယ္ ရွိေနၿပီမလို႔ ဒီႏွစ္ကို သူတို႔ေတြ ထပ္ႏွောင့္ႏွေးလို႔ မရၾကေတာ့ေပ။ အဲ့ဒါေၾကာင့္ သူတို႔ေတြ စီရင္စုစာေမးပြဲအတြက္ ျပင္ဆင္ေနၾကရတာ ျဖစ္တယ္။

သူတို႔ႏွစ္ေယာက္က လက္လည္း ထပ္ထားၾကၿပီးသား ဆိုေပမဲ့ သူတို႔ေတြမွာ အခုထိကေလးတစ္ေယာက္မွ မရွိၾကေသးေပ။

ရႈရန္က သူတို႔ေတြကို ခဏၾကည့္လိုက္မိတယ္။ ဒါေပမဲ့ သူတို႔ေတြက အေျပာအဆို အေနအထိုင္ မတတ္ၾကသူေတြလို႔ သူမထင္မိပါဘူး။

လင္းဟြာက ရွင္းျပလိုက္တယ္။ "ငါတို႔ေတြက အေျပာအဆို အေနအထိုင္မတတ္ဘူးလို႔ ငါ့အေဖက ငါတို႔အစား ေျပာခဲ့တာေလ။ ငါတို႔ေတြက ဘယ္ေနရာမွာမွ သုံးစားမရတာနဲ႕ ေက်ာင္းသြားဖို႔ မုန္းေနတာက လြဲရင္ ငါတို႔နဲ႕ပတ္သက္ၿပီး ဆိုး႐ြားေနတာ ဘာတစ္ခုမွ မရွိပါဘူး။"

ရႈရန္ သေဘာေပါက္သြားတယ္။ ေက်ာင္းမွာ စာညံ့ဖ်င္းတဲ့ ေက်ာင္းသားေတြကို လူႀကီးေတြအကုန္လုံးက ဒီလိုမ်ိဳး ေတြးေနၾကတာျဖစ္နိုင္တယ္။ သူက လင္းဟြာကို ေျပာလိုက္တယ္။ "ဒီလိုမ်ိဳး အထင္လြဲခံေနရတာက မင္းတို႔အတြက္ အမွန္တကယ္ မလြယ္ကူေလာက္ဘူး။"

ေက်ာက္ခ်န္ကလည္း ႀကဳံေတာင့္ႀကဳံခဲ ေခါင္းၿငိမ့္ျပလာခဲ့တယ္။

သိပ္မၾကာခင္မွာပဲ ရႈရန္မွာထားတဲ့ ဟင္းပြဲေတြကို လာခ်ခင္းေတာ့တယ္။ သူတို႔ေတြက ကိစၥအားလုံးကို သူ႕ကိုေျပာျပထားခဲ့တာေၾကာင့္ သူတို႔ေတြနဲ႕ ထမင္းလက္ဆုံစားဖို႔ဆိုတာက ကိစၥႀကီးႀကီးမားမား မဟုတ္ေတာ့ေပ။ သူတို႔ႏွစ္ေယာက္စလုံးကလည္း ရႈရန္ကို အျပင္လူတစ္ေယာက္လို မမွတ္ယူထားခဲ့တာေၾကာင့္ အခုေလးတင္ လာခ်ထားခဲ့တဲ့ ဟင္းပြဲေတြကို သူတို႔ေတြ စတင္စားေသာက္လိုက္ၾကေတာ့တယ္။

သူတို႔ေတြ စားေသာက္ေနရင္း စကားလက္ဆုံ ေျပာျဖစ္ခဲ့ၾကတယ္။ ဒီၿမိဳ႕ခံႏွစ္ေယာက္နဲ႕အတူ ရႈရန္က ဟယ္ေ႐ႊၿမိဳ႕နဲ႕ အလ်င္အျမန္ ရင္းႏွီးကြၽမ္းဝင္လာခဲ့တယ္။ ေန႕လယ္စာ စားၿပီးေနာက္ သူတို႔သုံးေယာက္ၾကားမွာ လိုက္ေလ်ာညီေထြျဖစ္လာတဲ့ ခံစားခ်က္မ်ိဳး ေပၚေပါက္လာခဲ့တယ္။

ရႈရန္က သူ႕အေရွ႕မွ လူႏွစ္ေယာက္ကို ၾကည့္လိုက္ရင္း သူ႕စိတ္ထဲမွာ အႀကံတစ္ခုက ႐ုတ္ခ်ည္း ထြက္ေပၚလာခဲ့တယ္။ သူတို႔ေတြက ေလ့လာျခင္းအတြက္ အမွန္တကယ္ စြမ္းေဆာင္ရည္ မရွိေပမဲ့လည္း သူတို႔အိမ္မွာေတာ့ က်ယ္ျပန႔္တဲ့ အဆက္အသြယ္ေတြ ရွိရမယ္ေလ။ သူတို႔ေတြနဲ႕ စီးပြားေရးလုပ္ဖို႔က ခက္ခဲေလာက္မွာ မဟုတ္ဘူး။ ၿပီးေတာ့ ရႈရန္ကလည္း အခုေလာေလာဆယ္မွာ ေငြျပတ္လပ္ေနတယ္ေလ။

ရႈရန္က သူ႕ေမးေစ့ကို သူပြတ္သပ္ရင္း သူဒီကိစၥကို အေသအခ်ာ စဥ္းစားဖို႔ လိုေနၿပီလို႔ ေတြးလိုက္မိတယ္။

ေန႕လယ္စာစားၿပီးေနာက္ ရႈရန္က သူတို႔အား ခြင့္ပန္ကာ သူစာေတြကို ျပန္လည္သုံးသပ္ဖို႔အတြက္ ျပန္သြားခ်င္ေနၿပီလို႔ ေျပာလိုက္တယ္။ ရႈရန္ရဲ႕ ျပန္လည္သုံးသပ္ဖို႔ ျပန္သြားခ်င္ၿပီဆိုတဲ့ စကားကို ႏွစ္ေယာက္သားၾကားလိုက္တာနဲ႕ တစ္ၿပိဳင္နက္ သူ႕ကို ျမန္ျမန္ထြက္ခြာဖို႔ သူတို႔ေတြ ခ်က္ခ်င္း ေျပာလိုက္ၾကတယ္။ သူ႕ကို ေငြရွင္းဖို႔ကိုေတာင္ သူတို႔ေတြ ခြင့္မျပဳၾကေတာ့ေပ။

ရႈရန္က ၿပဳံးလိုက္ရင္း ဆိုင္ရွင္နဲ႕အတူ ထြက္လာခဲ့ေတာ့တယ္။

သူတို႔ေတြ ထြက္ခြာလာၿပီးတဲ့ေနာက္မွာ ဆိုင္ရွင္က ရႈရန္ကို ေမးလိုက္တယ္။ "ရႈရန္ မင္းေလွ်ာက္ပတ္ၾကည့္အုံးမွာလား?"

ရႈရန္က ေခါင္းခါလိုက္တယ္။ "မၾကည့္ေတာ့ဘူး။ တည္းဆိုေဆာင္ဆီ အရင္ျပန္ၾကရေအာင္။ ကြၽန္ေတာ္ အမွန္တကယ္ကို ျပန္လည္ သုံးသပ္ခ်င္ေနတာ။"

ရႈရန္က သူဘာကိုပဲ ေတြးေနပါေစ သူစိတ္ပ်ံ့လြင့္ေတာ့မယ္ ဆိုတာကို သိေနတဲ့အတြက္ေၾကာင့္ စာေတြကို အမွန္တကယ္ ျပန္လည္သုံးသပ္ခ်င္ေနတာ ျဖစ္တယ္။ အဲ့ဒါေၾကာင့္ သူဒီအေၾကာင္းနဲ႕ ပတ္သက္ၿပီး စိုးရိမ္မေနဖို႔ ဆုံးျဖတ္ခ်က္ခ်ထားတာ ျဖစ္တယ္။ စာေမးပြဲၿပီးသြားတဲ့ အခ်ိန္က်မွ ဒီအေၾကာင္းကိုစဥ္းစားလို႔လည္း မေနာက္က်ေသးပါဘူး။ ဘာပဲျဖစ္ျဖစ္ စာေမးပြဲေျဖဖို႔က ရက္အနည္းငယ္ပဲ က်န္ေတာ့တာေလ။

ရႈရန္က သူျပန္ေရာက္လာၿပီး ကတည္းကေန လုံးဝ အခန္းအျပင္ဘက္ကို မထြက္လာခဲ့ေတာ့ေပ။ သူဗိုက္ဆာလာတဲ့ အခါက်ရင္ သူ႕အခန္းထဲကို စားစရာေတြ လာခ်ေပးဖို႔ စားပြဲထိုးကို ေျပာလိုက္မွာ ျဖစ္ၿပီးေတာ့ က်န္တဲ့အခ်ိန္ေတြကို စာအုပ္ဖတ္ရႈရင္း အခန္းထဲမွာပဲ အခ်ိန္ကုန္ဆုံးေနခဲ့ေတာ့တယ္။

အဲ့အစား ဆိုင္ရွင္ကေတာ့ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေနထိုင္ေနခဲ့တယ္။ သူတစ္ေယာက္တည္း ၿမိဳ႕အႏွံ႕ ေလွ်ာက္လည္ၾကည့္ေနခဲ့ရင္း လမ္းေတြအားလုံးနဲ႕လည္း သူရင္းႏွီးလာခဲ့ၿပီ ျဖစ္တယ္။

အခ်ိန္က တေ႐ြ႕ေ႐ြ႕ ကုန္ဆုံးလာခဲ့ၿပီးေနာက္ ယခုရက္ကေတာ့ တ႐ုတ္လူနာျပကၡဒိန္ရဲ႕ ေဖေဖာ္ဝါရီလ ၉ ရက္ေန႕ ျဖစ္တယ္။ စာေမးပြဲအတြက္ စာေတြကို ရိုက္သြင္းထည့္ကာ ေလ့လာေနတဲ့ရႈရန္ကလည္း သူ႕စိတ္ထဲမွာ တစ္ခုခုကို ေလ့လာသင္ယူခဲ့ၿပီးၿပီ ျဖစ္တယ္။ ေမာ္ဒန္ေခတ္မွာ သင္ယူထားခဲ့ဖူးတဲ့ အသိပညာ ဗဟုသုတေတြနဲ႕ဆိုရင္ စာေမးပြဲေအာင္ျမင္ဖို႔က ျပႆနာမရွိေလာက္ဘူးလို႔ သူအၾကမ္းဖ်င္း ခန႔္မွန္းမိတယ္။

ရႈရန္က မနက္ေစာေစာ အိပ္ရာထလိုက္ၿပီးေတာ့ စာေမးပြဲေဟာခန္းရွိရာဆီ ဆိုင္ရွင္ရဲ႕ဦးေဆာင္လမ္းျပမႈျဖင့္ အလ်င္အျမန္သြားလိုက္တယ္။








Unicode

Chapter(92):မိတ်ဆွေဖွဲ့ခြင်း-2

စားသောက်ဆိုင်ထဲတွင် စားပွဲအပိုတစ်လုံး မရှိလောက်အောင်ကို လူတွေနဲ့ ပြည့်လျှံကျနေတယ်။ ဆိုင်ရှင်က ရှုရန်ကို ဒီစာသင်သားတွေနဲ့ ထိတွေ့ပြောဆိုဆက်ဆံစေဖို့ ရည်ရွယ်ထားတာကြောင့် သီးသန့်အခန်းတစ်ခန်းကို သူမတောင်းခဲ့ချေ။

ရှုရန်ကလည်း တခြားသူတွေနဲ့အတူတူ စားသောက်ဖို့က ကိစ္စကြီးကြီးမားမား မဟုတ်ပါဘူးလို့ ခံစားမိတဲ့အတွက် လူနှစ်ယောက်တည်းရှိနေတဲ့ စားပွဲကို သူရှာလိုက်ပြီးတော့ အဲ့နေရာဆီကို လျှောက်သွားလိုက်တယ်။ သူစားပွဲကို ခေါက်လိုက်တယ်။ လူနှစ်ယောက်က သူ့ဆီ မော့ကြည့်လာတာကို သူမြင်လိုက်ရတဲ့အခါ သူဂါဝရပြုလိုက်ပြီးတော့ ပြောလိုက်တယ်။ "ကျွန်တော် ဒီနေရာမှာ နေ့လယ်စာအတူတူ သုံးဆောင်လို့ရမလား? လူကြီးမင်းတို့ ကျွန်တော်နဲ့ ကျွန်တော့်ဦးလေးတို့ နှစ်ယောက်တည်းပါပဲ။"

လူနှစ်ယောက်သားကလည်း စာသင်သားပုံစံ အဝတ်အစားတွေကို ဝတ်ဆင်ထားကြတယ်။ နံဘေးနားမှာရပ်နေတဲ့ ဆိုင်ရှင်နဲ့ ဆင်တူညီတဲ့ဝတ်စုံကို ဝတ်ဆင်ထားတဲ့ ရှုရန်ကို ကြည့်လိုက်ကြပြီး ခွင့်ပြုတဲ့အနေနဲ့ ခေါင်းငြိမ့်ပြလိုက်ကြတယ်။ "ကျေးဇူးပြုပြီး ဒီမှာ ထိုင်ပါ။ လူကြီးမင်းတို့!"

ရှုရန်က သူတို့တွေကို ကျေးဇူးတင်လိုက်ပြီး ဆိုင်ရှင်နဲ့အတူ ထိုင်ချလိုက်တယ်။ စားပွဲထိုးက သူတို့နှစ်ယောက် ထိုင်ချလိုက်တာကို မြင်သွားတဲ့အခါ သူတို့တွေ ဘာသုံးဆောင်ကြမလဲ ဆိုတာကို မေးမြန်းဖို့အတွက် သူကျွမ်းကျင်စွာ အရှေ့ကို လျှောက်လာခဲ့တယ်။

ရှုရန်က ဒီစားသောက်ဆိုင်ဆီကို တစ်ခါမှ မရောက်ဖူးသလို သူမှာဖို့ လိုအပ်တဲ့ ဟင်းလျာလည်း မရှိတာမို့ ရှုရန်က ရွေးချယ်မှုနဲ့ပတ်သက်ပြီး တုံ့ဆိုင်းနေမိတယ်။ သူ့ဆန့်ကျင်ဘက်မှာ တိတ်တဆိတ် ထိုင်စားနေကြတဲ့ လူနှစ်ယောက်ကို ကြည့်လိုက်ရင်း ရှုရန်က တိုးတိုးလေး ပြောလိုက်တယ်။ "လူကြီးမင်းတို့ ကျွန်တော့်ကို အကြံပေးလိုတဲ့ အရသာကောင်းတဲ့ ဟင်းပွဲတွေများ ရှိသလား? ဒီနေရာကို လာတာက ကျွန်တော့်အတွက် ပထမဆုံးအကြိမ် ဖြစ်နေတော့ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကျွန်တော်သိပ်မသိဘူး ဖြစ်နေလို့လေ။"

သူတို့နှစ်ယောက်က အစပထမတုန်းကတော့ ရှုရန်ကို လျစ်လျူရှုထားချင်ကြတာ ဖြစ်ပေမဲ့ အခု သူတို့တွေကို သူမေးလာပြီ ဆိုတော့ ပြန်ဖြေပေးမှရတော့မယ်လေ။ သူတို့တွေးမိတဲ့ ကောင်းမယ်ထင်တဲ့ ဟင်းပွဲအချို့ကို သူတို့တွေ ပြောပြလိုက်တယ်။ ရှုရန်က ခေါင်းငြိမ့်ပြရင်း ကျေးဇူးတင်လိုက်တယ်။ ထို့နောက် သူဟင်းပွဲတွေကို စားပွဲထိုးလေးကို ​ပြောပြလိုက်တော့ စားပွဲထိုး​လေးက ဟင်းပွဲတွေကို မှတ်သားထားပြီးနောက် အလျင်အမြန် ပြေးထွက်သွားခဲ့တယ်။

အခုချိန်မှာ သူတို့တွေက တစ်စားပွဲတည်း အတူတူထိုင်နေကြဆဲ ဖြစ်တာကြောင့် ဆက်လက် တိတ်တဆိတ် နေနေဖို့က သူ့အတွက် မသင့်တော်ပေ။ ရှုရန်က သူတို့တွေဘယ်နေရာကနေ လာခဲ့ကြတာလဲ။ သူတို့တွေ စာမေးပွဲဖြေဆိုဖို့ ဒီနေရာဆီ ရောက်နေကြတာလား။ သူတို့တွေ ဒီနေရာဆီ ရောက်နေကြတာ ဘယ်လောက်ကြာနေပြီလဲ ဆိုတာ အပါအဝင် သူတို့တွေကို စကားစတင်ပြောလိုက်တယ်။ ဘာပဲဖြစ်ဖြစ် ရှုရန်က သူစဉ်းစားနိုင်သမျှ အရာအားလုံးကို မေးမြန်းခဲ့လိုက်တယ်။

သူတို့နှစ်ယောက်ထဲက တစ်ယောက်က အဆင်ပြေပါတယ်။ ကျန်တစ်ယောက်ကတော့ အတော်လေးကို စကားပြောဆိုတတ်တယ်။ ရှုရန်သူတို့တွေနဲ့ စကားပြောတဲ့အခါ စကားပြောကောင်းတဲ့ တစ်ယောက်နဲ့ပဲ တစ်ကိုယ်တော် စကားပြောခန်းအရှည်ကြီးကို ပြောဖြစ်ခဲ့ကြတယ်။

သိပ်မကြာခင်မှာပဲ ဆက်ပြီးပြောဖို့ရာ သူ့အတွက် ပြောစရာစကား နည်းပါးသွားပြီ ဖြစ်တယ်။ စကားပြောကောင်းတဲ့ တစ်ယောက်ကို လင်းဟွာ လို့ခေါ်ပြီးတော့ ကျန်တစ်ယောက်ကိုတော့ ကျောက်ချန် လို့ခေါ်တယ်။ သူတို့နှစ်ယောက်စလုံးက ဟယ်ရွှေမြို့ခံတွေ ဖြစ်ကြပြီးတော့ ဒီစားသောက်ဆိုင်မှာမကြာခဏ ထမင်းလာစားတတ်ကြသူတွေ ဖြစ်တယ်။

အပြောအဆို အနေအထိုင် မတတ်ကြသောကြောင့် နှစ်ယောက်သား ကျောင်းတော်သို့ အတင်းစေလွှတ်ခြင်း ခံခဲ့ကြရတယ်။ သူတို့ရဲ့စာမေးပွဲက ကြန့်ကြာနေတာ နှစ်အနည်းငယ် ရှိနေပြီမလို့ ဒီနှစ်ကို သူတို့တွေ ထပ်နှောင့်နှေးလို့ မရကြတော့ပေ။ အဲ့ဒါကြောင့် သူတို့တွေ စီရင်စုစာမေးပွဲအတွက် ပြင်ဆင်နေကြရတာ ဖြစ်တယ်။

သူတို့နှစ်ယောက်က လက်လည်း ထပ်ထားကြပြီးသား ဆိုပေမဲ့ သူတို့တွေမှာ အခုထိကလေးတစ်ယောက်မှ မရှိကြသေးပေ။

ရှုရန်က သူတို့တွေကို ခဏကြည့်လိုက်မိတယ်။ ဒါပေမဲ့ သူတို့တွေက အပြောအဆို အနေအထိုင် မတတ်ကြသူတွေလို့ သူမထင်မိပါဘူး။

လင်းဟွာက ရှင်းပြလိုက်တယ်။ "ငါတို့တွေက အပြောအဆို အနေအထိုင်မတတ်ဘူးလို့ ငါ့အဖေက ငါတို့အစား ပြောခဲ့တာလေ။ ငါတို့တွေက ဘယ်နေရာမှာမှ သုံးစားမရတာနဲ့ ကျောင်းသွားဖို့ မုန်းနေတာက လွဲရင် ငါတို့နဲ့ပတ်သက်ပြီး ဆိုးရွားနေတာ ဘာတစ်ခုမှ မရှိပါဘူး။"

ရှုရန် သဘောပေါက်သွားတယ်။ ကျောင်းမှာ စာညံ့ဖျင်းတဲ့ ကျောင်းသားတွေကို လူကြီးတွေအကုန်လုံးက ဒီလိုမျိုး တွေးနေကြတာဖြစ်နိုင်တယ်။ သူက လင်းဟွာကို ပြောလိုက်တယ်။ "ဒီလိုမျိုး အထင်လွဲခံနေရတာက မင်းတို့အတွက် အမှန်တကယ် မလွယ်ကူလောက်ဘူး။"

ကျောက်ချန်ကလည်း ကြုံတောင့်ကြုံခဲ ခေါင်းငြိမ့်ပြလာခဲ့တယ်။

သိပ်မကြာခင်မှာပဲ ရှုရန်မှာထားတဲ့ ဟင်းပွဲတွေကို လာချခင်းတော့တယ်။ သူတို့တွေက ကိစ္စအားလုံးကို သူ့ကိုပြောပြထားခဲ့တာကြောင့် သူတို့တွေနဲ့ ထမင်းလက်ဆုံစားဖို့ဆိုတာက ကိစ္စကြီးကြီးမားမား မဟုတ်တော့ပေ။ သူတို့နှစ်ယောက်စလုံးကလည်း ရှုရန်ကို အပြင်လူတစ်ယောက်လို မမှတ်ယူထားခဲ့တာကြောင့် အခုလေးတင် လာချထားခဲ့တဲ့ ဟင်းပွဲတွေကို သူတို့တွေ စတင်စားသောက်လိုက်ကြတော့တယ်။

သူတို့တွေ စားသောက်နေရင်း စကားလက်ဆုံ ပြောဖြစ်ခဲ့ကြတယ်။ ဒီမြို့ခံနှစ်ယောက်နဲ့အတူ ရှုရန်က ဟယ်ရွှေမြို့နဲ့ အလျင်အမြန် ရင်းနှီးကျွမ်းဝင်လာခဲ့တယ်။ နေ့လယ်စာ စားပြီးနောက် သူတို့သုံးယောက်ကြားမှာ လိုက်လျောညီထွေဖြစ်လာတဲ့ ခံစားချက်မျိုး ပေါ်ပေါက်လာခဲ့တယ်။

ရှုရန်က သူ့အရှေ့မှ လူနှစ်ယောက်ကို ကြည့်လိုက်ရင်း သူ့စိတ်ထဲမှာ အကြံတစ်ခုက ရုတ်ချည်း ထွက်ပေါ်လာခဲ့တယ်။ သူတို့တွေက လေ့လာခြင်းအတွက် အမှန်တကယ် စွမ်းဆောင်ရည် မရှိပေမဲ့လည်း သူတို့အိမ်မှာတော့ ကျယ်ပြန့်တဲ့ အဆက်အသွယ်တွေ ရှိရမယ်လေ။ သူတို့တွေနဲ့ စီးပွားရေးလုပ်ဖို့က ခက်ခဲလောက်မှာ မဟုတ်ဘူး။ ပြီးတော့ ရှုရန်ကလည်း အခုလောလောဆယ်မှာ ငွေပြတ်လပ်နေတယ်လေ။

ရှုရန်က သူ့မေးစေ့ကို သူပွတ်သပ်ရင်း သူဒီကိစ္စကို အသေအချာ စဉ်းစားဖို့ လိုနေပြီလို့ တွေးလိုက်မိတယ်။

နေ့လယ်စာစားပြီးနောက် ရှုရန်က သူတို့အား ခွင့်ပန်ကာ သူစာတွေကို ပြန်လည်သုံးသပ်ဖို့အတွက် ပြန်သွားချင်နေပြီလို့ ပြောလိုက်တယ်။ ရှုရန်ရဲ့ ပြန်လည်သုံးသပ်ဖို့ ပြန်သွားချင်ပြီဆိုတဲ့ စကားကို နှစ်ယောက်သားကြားလိုက်တာနဲ့ တစ်ပြိုင်နက် သူ့ကို မြန်မြန်ထွက်ခွာဖို့ သူတို့တွေ ချက်ချင်း ပြောလိုက်ကြတယ်။ သူ့ကို ငွေရှင်းဖို့ကိုတောင် သူတို့တွေ ခွင့်မပြုကြတော့ပေ။

ရှုရန်က ပြုံးလိုက်ရင်း ဆိုင်ရှင်နဲ့အတူ ထွက်လာခဲ့တော့တယ်။

သူတို့တွေ ထွက်ခွာလာပြီးတဲ့နောက်မှာ ဆိုင်ရှင်က ရှုရန်ကို မေးလိုက်တယ်။ "ရှုရန် မင်းလျှောက်ပတ်ကြည့်အုံးမှာလား?"

ရှုရန်က ခေါင်းခါလိုက်တယ်။ "မကြည့်တော့ဘူး။ တည်းဆိုဆောင်ဆီ အရင်ပြန်ကြရအောင်။ ကျွန်တော် အမှန်တကယ်ကို ပြန်လည် သုံးသပ်ချင်နေတာ။"

ရှုရန်က သူဘာကိုပဲ တွေးနေပါစေ သူစိတ်ပျံ့လွင့်တော့မယ် ဆိုတာကို သိနေတဲ့အတွက်ကြောင့် စာတွေကို အမှန်တကယ် ပြန်လည်သုံးသပ်ချင်နေတာ ဖြစ်တယ်။ အဲ့ဒါကြောင့် သူဒီအကြောင်းနဲ့ ပတ်သက်ပြီး စိုးရိမ်မနေဖို့ ဆုံးဖြတ်ချက်ချထားတာ ဖြစ်တယ်။ စာမေးပွဲပြီးသွားတဲ့ အချိန်ကျမှ ဒီအကြောင်းကိုစဉ်းစားလို့လည်း မနောက်ကျသေးပါဘူး။ ဘာပဲဖြစ်ဖြစ် စာမေးပွဲဖြေဖို့က ရက်အနည်းငယ်ပဲ ကျန်တော့တာလေ။

ရှုရန်က သူပြန်ရောက်လာပြီး ကတည်းကနေ လုံးဝ အခန်းအပြင်ဘက်ကို မထွက်လာခဲ့တော့ပေ။ သူဗိုက်ဆာလာတဲ့ အခါကျရင် သူ့အခန်းထဲကို စားစရာတွေ လာချပေးဖို့ စားပွဲထိုးကို ပြောလိုက်မှာ ဖြစ်ပြီးတော့ ကျန်တဲ့အချိန်တွေကို စာအုပ်ဖတ်ရှုရင်း အခန်းထဲမှာပဲ အချိန်ကုန်ဆုံးနေခဲ့တော့တယ်။

အဲ့အစား ဆိုင်ရှင်ကတော့ ပျော်ပျော်ရွှင်ရွှင် နေထိုင်နေခဲ့တယ်။ သူတစ်ယောက်တည်း မြို့အနှံ့ လျှောက်လည်ကြည့်နေခဲ့ရင်း လမ်းတွေအားလုံးနဲ့လည်း သူရင်းနှီးလာခဲ့ပြီ ဖြစ်တယ်။

အချိန်က တရွေ့ရွေ့ ကုန်ဆုံးလာခဲ့ပြီးနောက် ယခုရက်ကတော့ တရုတ်လူနာပြက္ခဒိန်ရဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ ဖြစ်တယ်။ စာမေးပွဲအတွက် စာတွေကို ရိုက်သွင်းထည့်ကာ လေ့လာနေတဲ့ရှုရန်ကလည်း သူ့စိတ်ထဲမှာ တစ်ခုခုကို လေ့လာသင်ယူခဲ့ပြီးပြီ ဖြစ်တယ်။ မော်ဒန်ခေတ်မှာ သင်ယူထားခဲ့ဖူးတဲ့ အသိပညာ ဗဟုသုတတွေနဲ့ဆိုရင် စာမေးပွဲအောင်မြင်ဖို့က ပြဿနာမရှိလောက်ဘူးလို့ သူအကြမ်းဖျင်း ခန့်မှန်းမိတယ်။

ရှုရန်က မနက်စောစော အိပ်ရာထလိုက်ပြီးတော့ စာမေးပွဲဟောခန်းရှိရာဆီ ဆိုင်ရှင်ရဲ့ဦးဆောင်လမ်းပြမှုဖြင့် အလျင်အမြန်သွားလိုက်တယ်။









Continue Reading

You'll Also Like

1.4M 59.2K 70
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
95.9K 9K 200
Original Work : Mu Gua Huang Main Writer : Ji Jing Jun + Shou Screenwriter : Wucaishi Comic Club Editor : MuMu
230K 22.7K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...