အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ...

By FlowerRainButterfly

1.5M 191K 3.7K

အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။ More

အပိုင်း (၁) ချိုမြိန်သောမျှစ်လေးများ
စွမ်းရည်ပြည့်ဝသောမုဆိုးကြီးနှင့် ရစ်ငှက်လေးများ
မုဆိုးကြီးနဲ့တောဝက်ကြီးနှစ်ကောင်
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-2
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-2
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-4
မုဆိုးကြီး၏ ပြည့်တန်ဆာအိမ်အားဖောက်ထွင်းမှု
အပိုင်း (၁၁) မုဆိုးကြီး၏ စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၂) တစ်ချိန်က အမှိုက်ကောင်ကပြောင်းလဲသွားပြီတဲ့
မုဆိုးကြီးပြောတဲ့ ကျိုးရှီနဲ့စုရှီတို့အကြောင်း
မုဆိုးကြီးအိမ်ကစားသောက်ပွဲ
မုဆိုးကြီးအိမ်ကစားသောက်ပွဲ-2
ရှောင်မိန်ပါဝင်သော ဆိပ်ကမ်းမြို့ကမိသားစုခရီးစဥ်
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁) မုဆိုးကြီး၏ နေအိမ်ဖောက်ထွင်းခံရမှု
လဲ့ရှီနှင့်ရှောင်အိမ်၏အရှက်မဲ့မှု
ရုံးတော်၏စီရင်ချက်
ရုံးတော်၏စီရင်ချက် -2
ရုံးတော်၏စီရင်ချက် -3
အပိုင်း (၂၆)
အပိုင်း (၂၇)
ရှောင်ဟန်ကဆံထိုးလေးကိုဖွတ်ထားတယ်
မုဆိုးကြီး၏ငွေသုံးကြမ်းမှုပေါက်ကြားခြင်း
မုဆိုးကြီး၏နွေးထွေးသောမိသားစု
အပိုင်း (၃၁)
အပိုင်း (၃၂)
မုဆိုးကြီးအိမ်သို့ရောက်ရှိလာတဲ့ မဖိတ်ခေါ်ထားသောဧည့်သည်များ
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇) ချောင်ရန်၏အလည်ပတ်ရောက်ရှိလာမှု
အပိုင်း (၃၈) စံပါယ်ပင်လေးသုံးပင်
💖Chibi💖
မုဆိုးကြီးအိမ်သို့ အသားဝယ်ချင်သူများရောက်ရှိလာခြင်း
အပိုင်း (၄၀)
နန်ချောင်းရွာက ရွာသားတစ်ဦးသေဆုံးခြင်း
အပိုင်း (၄၃)
အပိုင်း (၄၂)
အပိုင်း (၄၄)
အပိုင်း (၄၅)
အပိုင်း (၄၆)
အပိုင်း (၄၇)
အပိုင်း (၄၈)
အပိုင်း (၄၉)
မုဆိုးကြီးက ဇနီးလေးရဲ့စကားကိုနားမထောင်ဘဲ တောင်ပေါ်ကိုတတ်သွားပြီ
❌❌
မုဆိုးကြီး၏ဝက်ဝံအမဲလိုက်ခရီးစဥ်
မုဆိုးကြီးပြန်လာပြီ
အပိုင်း (၅၃)
ဝက်ဝံကြီးများကိုရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်
ဟင်းလင်းပြင်လေလံပွဲ
အပိုင်း (၅၆)
စံပါယ်ပင်လေးက မျိုးစိတ်သစ်ပါတဲ့
မိသားစုအတွက် လက်ဆောင်တွေ ဝယ် ဝယ် ဝယ်
အပိုင်း (၅၉)
ဟွမ်ဟွာ၏ဖိတ်ခေါ်မှု
မုဆိုးကြီးနှင့် ဟွမ်ဟွာ၏ ထိပ်တိုက်တွေ့ဆုံမှု
အပိုင်း (၆၂)
အပိုင်း (၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
မုဆိုးကြီးပြန်လာပြီ
ဇနီးလေး ငွေလက်မှတ်တွေကိုမင်းသိမ်းထားလိုက်
ပိုင်မိန်ရဲ့စံပါယ်ပင်လေးမရှိတော့ဘူး
(69)
ပိုင်လီ
မုဆိုးကြီးပြောတဲ့ ကျိုးရှီရဲ့ယုတ်မာမှုအကြောင်း
အပိုင်း (၇၁)
ကျိုးရှီ၏အလိမ်ညာပြဇာတ်
ထူးခြားဆန်းပြားသောချီးကားများ
အပိုင်း (၇၃)
အပိုင်း (၇၄)
အပိုင်း (၇၅)
အပိုင်း (၇၆)
အပိုင်း (၇၇)
အပိုင်း (၇၈)
အပိုင်း (၇၉)
အပိုင်း (၈၀)
အပိုင်း (၈၁)
အပိုင်း (၈၂)
အပိုင်း (၈၃)
အပိုင်း (၈၄)
အပိုင်း (၈၅)
အပိုင်း (၈၆)
အပိုင်း (၈၇)
အပိုင်း (၈၈)
အပိုင်း (၈၉)
ဇနီးလေး... ကလေးယူချင်နေတာလား?
မြေဝယ်ယူမှု
အပိုင်း (၉၂)
အပိုင်း (၉၃)
အပိုင်း (၉၄)
အပိုင်း (၉၅)
စပျစ်သီးခူးဖို့သွားခြင်း
စပျစ်သီးလေးများ
main story complete
(98)
(99)
အပိုင်း (၁၀၀)
(101)
(102)
၁၁၃
အပိုင်း (၁၀၄)
အပိုင်း (၁၀၅)
အပိုင်း (၁၀၆)
အပိုင်း (၁၀၇)
စပျစ်သီးဝိုင်ပြုလုပ်ခြင်း
အပိုင်း (၁၀၉)
အပိုင်း (၁၁၀)
အပိုင်း (၁၁၁)
အပိုင်း (၁၁၂)
အပိုင်း (၁၁၃)
တည်သီးလေးများကိုခူးဆွတ်ခြင်း
ဇနီးလေး၏ယုံကြည်မှု
ချောင်မိသားစုသို့ အလည်တစ်ခေါက်
စပျစ်ဝိုင်လက်ဆောင်
အပိုင်း (118)
စံပါယ်ပင်လေးအကြောင်းအားနှုတ်ပိတ်ခြင်း
ဇနီးလေးစိတ်ဆိုးသွားခြင်း
paid gp
ဇနီးလေးစိတ်ဆိုးသွားခြင်း-2
ဇနီးလေးအားချော့မြူခြင်း
လူဆိုးလေးရှောင်ဝူ
ယွီလျန်ဟွားမှာငွေတချို့ဖြုန်းခြင်း
အပိုင်း (၁၂၅)
ဇနီးလေးရွေးပေးတဲ့လက်ဆောင်
အပိုင်း (၁၂၇)
အပိုင်း (၁၂၈)
အပိုင်း (၁၂၉)
လှည်းအပြည့် စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၃၁)
ကျွန်စျေးသို့အလည်တစ်ခေါက်
အပိုင်း (၁၃၃)
အစေခံများ
ဇနီးလေး ကိုယ်မင်းကို ဂရုစိုက်ပေးမယ်
အိမ်အသစ်ဆောက်လုပ်ခြင်း
အပိုင်း (၁၃၇)
အပိုင်း (၁၃၉)
မီးပုံးပွဲတော်
အပိုင်း (၁၄၁)
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်-2
အသေးလေးတွေရဲ့ ဗိုက်လုံးလေးတွေက မတူညီဘူး
ရှောင်အိမ်ရဲ့ အကြံသစ်
ပိုင်အမေ၏ အရိပ်အမွတ်
နှစ်ကိုယ်ကြားစကားဝိုင်း
ရှောင်အိမ်၏တောင်းပန်လာမှု
အပိုင်း (၁၄၉)
အပိုင်း (၁၅၀)
မုဆိုးကြီး၏ ကတုံးလေးကိုစမ်းသပ်မှု

ကျိုးရှီကိုနှင်ထုတ်ခြင်း

5.4K 811 23
By FlowerRainButterfly

အပိုင်း (၁၃၈) ကျိုးရှီကိုနှင်ထုတ်ခြင်း

ပိုင်လီက ပိုင်အမေ အနည်းငယ် ဒေါသထွက်သွားတာသိပေမယ့် အရမ်းဆိုးမှာမဟုတ်မှန်းသိနေလို့ ချော့မော့ဖို့ နောက်ကလိုက်မသွားခဲ့ပေ။ တကယ်တော့ ပိုင်အမေကလည်ယ ပိုင်မိန်ကို အရမ်းအလိုက်တာက သိပ်မကောင်းဘူးလို့ မြင်နေပေမယ့် သူ့မသားတွေ၊သမီးတွေက ချစ်ချစ်ခင်ခင်နေနေတာကိုတော့ ကျေနပ်နေခဲ့ပါတယ်။ သူမက အမြဲတမ်း ပိုင်လီက ပိုင်မိန်ကို အလိုလိုက်နိုင်ဖို့ တကယ်မျှော်လင့်မိတယ်။

ပိုင်အိမ်ရှိလူများသည် အစကတော့ ကျိုးရှီက မီးပုံးပွဲတော်ပြီးမှပဲ မွေးလောက်သည်ဟု ထင်ထားခဲ့ကျတာဖြစ်ပေမယ့် မထင်မှတ်ဘဲ နောက်တစ်နေ့တွင်ကျိုးရှီက ယောင်္ကျားလေးတစ်ဦးကို အခက်ခဲကင်းစွာ မွေးဖွားခဲ့လေသည်။ မွေးဖွားမှုက ထင်တာထက်ချောမွေ့ခဲ့ပါတယ်။

ဒါကြောင့်ပဲ ပိုင်မိသားစုတစ်ခုလုံးက ပျော်ရွှင်ခဲ့ကျပြီး သူတို့အရမ်းပျော်ရတဲ့ အကြောင်းရင်းတစ်ချက်မှာ သူတို့မိသားစုက အကြီးဆုံးသားရဲ့ပထမကလေးက သားယောင်္ကျားလေးဖြစ်နေခဲ့လို့ပါပင်။ ပိုင်မိသားစုရဲ့ ​မြေးတွေအကြောင်းပြောရရင် ပိုင်လီကအိမ်ခွဲထွက်ပြီးသားဆိုတော့ သားယောင်္ကျားလေးတွေ မွေးခဲ့ရင်တောင်မှ ပိုင်အိမ်ရဲ့အမွေဆက်ခံမှုက ဆက်နွယ်လို့မရတော့ဘဲ ပိုင်လီက ကောလေးတွေချည်းမွေးထားတဲ့အခါ ပိုင်မိသားစုက မြေးယောင်္ကျားလေးတစ်ယောက်ကို အမှန်ပင်တောင်းတနေခဲ့ကျတာဖြစ်သည်။

အခုတော့ သူတို့ဆုတောင်းတွေ ပြည့်သွားခဲ့ကျပါပြီ။

ဒီအတွက်တော့ မပျော်ရွှင်သည့် တစ်စုံတစ်ဦးလည်း ရှိနေခဲ့ပြီး ထိုလူကတော့ နောက်လလောက်မှာ ကလေးမွေးဖွားမယ့်စုရှီပါပင်။ သူက ပိုင်ကျန်းရဲ့ကလေးက သား​ယောင်္ကျားလေးဖြစ်နေလို့ အနည်းငယ် စိတ်ပျက်သွားခဲ့ရ၏။ အဲလိုဆိုရင် သူက သားယောင်္ကျားလေးမွေးရင်တောင် ပိုင်အိမ်ရဲ့ ဦးစီးနေရာကို မှန်းလို့မရတော့ဘူးလေ။ သူ့ခင်ပွန်းဖြစ်တဲ့ ပိုင်စန်းကလည်း တတိသားဖြစ်နေလို့ ဦးစီးနေရာမရနိုင်ဘဲ သူ့ကလေးကပါ အခုဆို မိသားစုဦးစီနေရာက ကန်ထုတ်ခံလိုက်ပြီဆိုတော့ သူဘယ်ပျော်ရွှင်နိုင်ပါ့မလဲ။ သို့သော် သူသည် ဒါကိုထုတ်မပြောဝံ့ချေ။ မဟုတ်ဘူး ထုတ်ပြောဖို့နေနေသာသာ သူက ဒီစိတ်ပျက်မှုကို မျက်နှာမှာတောင် မဖော်ပြရဲခဲ့ဘူး။ မဟုတ်ရင် သူလည်း ကျိုးရှီလို ပိုင်အိမ်ကနေ ကန်ထုတ်ခံရနိုင်တယ်လေ။

ကျိုးရှီအကြောင်းပြောရလျှင် အဆိပ်သောက်ဖို့ကြိုးစားပြီးနောက် ထိုအမျိုးသမီးက အလွန်ကောင်းကောင်းမွန်မွန်နေထိုင်ခဲ့သည်။ ကျိုးရှီက ကျိုးရှီလိ​မြထင်ရလောက်အောင်ကိုသယမကအေးအေးဆေးဆေးနေခဲ့တာပါ။

သူမက ပိုင်အိမ်က ကျွေးသမျှကိုစားပြီး ကိုယ်ဝန်အတွက် တိုက်တဲ့ အားဆေးမှန်သမျှကိုလည်း ငြင်းဆန်ခြင်းမရှိခဲ့သလို သူမစားချင်တာရှိရင်လည်း တောင်းဆိုခဲ့သေးပေသည်။ ဒါပေါ့ ပိုင်မိသားစုက အခုအဆင်ပြေနေပြီဖြစ်တဲ့အတွက် သူမတောင်းဆိုမှုတွေက မလွန်ကဲသရွေ့ ဖြည့်ဆည်းပေးခဲ့ကျပါတယ်။

ကျိုးရှီရဲ့ကျိုးမိသားစုကလည်း တစ်ခါတလေ ကျိုးရှီကိုလာကြည့်ခဲ့ကျပြီး ပိုင်အိမ်ကလူတွေကလည်း သူတို့တွေ မဟုတ်တာမကြံစည်သ၍တော့ ဒါကိုမတားစည်းခဲ့ကျပါဘူး။ နောက်တော့ ကြာလာတာနဲ့အမျှ ကျိုးရှီက ပိုပြီးပုံမှန်ဖြစ်လာပြီး သူမက ပိုင်ကျန်းနဲ့လည်း ပုံမှန်လို ပြောဆိုဆက်ဆံလာခဲ့ကာ ပိုင်မိသားစုဝင်များနှင့်လည်း ဘာမှမဖြစ်ထားသည့်အတိုင် စကားများဝက်ရောလာတက်ပေသည်။

ပိုင်လီက ဒီအမျိုးသမီး ဘာတွေတွေးနေလဲဆိုတာကို အနည်းငယ်ရိပ်မိသလို ရှိပါတယ်။ သူမက အခုကောင်းကောင်းမွန်မွန်နေပြနေပြီး သူမအရင်လို မဆိုးတော့ဘဲ ပြောင်းလဲသွားပြီဆိုတာမျိုးကို ပိုင်အိမ်ကလူတွေမြင်အောင် လုပ်ပြနေခဲ့တာဖြစ်ပြီး ဒါမှသာ ကလေးမွေးပြီးခဲ့ရင် ဒါတွေကိုအကြောင်းပြပြီး မျက်ရည်ချူနိုင်မှာဖြစ်လို့ပါပဲ။

ပိုင်လီ၏ ထိုထင်မြင်ချက်သည် အလွန်ကိုမှန်ကန်ခဲ့၏။ ကလေးမွေးပြီး သုံးရက်မြောက်နေ့တွင် ပိုင်အိမ်ကလူတွေက ကျိုးရှီကို တစ်ဖက်ရွာက သူမအိမ်ကို ပြန်လိုက်ပို့ဖို့ လုပ်ခဲ့ကျပေမယ့် ကျိုးရှီကတော့ ပိုင်ကျန်းရဲ့ခြေထောက်ကိုဖက်ပြီး ငိုယိုတောင်းပန်လာခဲ့လေသည်။

သူမက သူမကလေးနဲ့မခွဲနိုင်သေးကြောင်း၊ ကလေးကလည်း အရမ်းငယ်သေးပြီး မိခင်ဖြစ်တဲ့သူမကိုလိုအပ်ကြောင်းနဲ့ သူမပြဿနာမရှာဘဲ ကောင်းကောင်းနေမှာဖြစ်လို့ သူမကိုအချိန်အနည်းငယ်ပေးပါရန် ပြောလာခဲ့တာပင်ဖြစ်၏။

ဒီအချိန်မှာ ပိုင်အိမ်က လူတွေအကုန်လုံးကတိတ်ဆိတ်သွားကျပြီး ကျိုးရှီလုပ်နေတဲ့ပုံကြောင့် သူတို့ကပဲ သားနဲ့အမေကို အတင်းခွဲနေတဲ့သူတွေလို ခံစားလာရ၍ စိတ်မသက်မသာ ဖြစ်လာကျရပေသည်။

ဒီထဲမှာ အတိတ်ဆိတ်ဆုံးလူကတော့ ပိုင်ကျန်းပါပဲ။ သူက တိတ်ဆိတ်နေတာမှ ကျောက်ရုပ်လိုပဲ။

တကယ်တော့ ပိုင်လီက ပိုင်ကျန်းကို ကိုယ်ချင်းစာနိုင်ပေသည်။ ဘယ်ယောင်္ကျားမဆို ကိုယ့်ကလေးရဲ့အမေကို ကလေးနဲ့အတူရှိစေချင်မှာပဲလေ။ ကလေးကခုမှရက်သားပဲရှိသေးပြီး ဒီအရွယ်လေးကို အမေနဲ့ခွဲလိုက်ရမှာက အနည်းငယ် ရက်စက်ရာတော့ကျနေ၏။

ပိုင်လီက ဒီမြင်ကွင်းကို သိပ်မဝေးတဲ့နေရာကနေ ကြည့်နေခဲ့တာဖြစ်ပြီး နောက်တော့ သူက တွေဝေနေတဲ့ အစ်ကိုအဆုံးကိုသနားလာ၍ သူ့အခန်းဆီသာ ပြန်လာခဲ့တော့သည်။ အဲဒီနေရာမှာ သူရှိနေခြင်းက ပိုင်ကျန်းကို ဖိအားပေးနေသလို ဖြစ်နေမှာ စိုးရိမ်နေလို့ပါပဲ။

ဘာကြောင့်လဲဆိုတော့ ကျိူးရှီရဲ့ စရိတ္တပျက်ပြားမှု့က သူ့တာဝန်မဟုတ်ပေမယ့် ကျိုးရှီးခိုးသွားပြီး ပြဿနာရှာခဲ့တဲ့ ပန်းပင်ကတော့ သူကြောင့် ပိုင်အိမ်ထဲရောက်သွားတာဖြစ်လို့ ဒါက သူနဲ့ လုံးဝမပတ်သက်ဘူးလို့တော့ ငြင်းလို့မရတာ အမှန်ပင်။ ကျိူးရှီပြောခဲ့သလို သူသာ အဲပန်းပင်ကို ယူမလာရင် ဒီပြဿနာက ဖြစ်လာမှာမဟုတ်ဘူးလေ။

ဒါကြောင့် သူအဲဒီနေရာမှာ ဆက်နေခြင်းသည် ပိုင်ကျန်းကို ကျိုးရှီကိုနှင်ထုတ်လိုက်ဖို့ တွန်းအားပေးသလို့ ဖြစ်နေပေလိမ့်မည်။ ဒီတော့ ပိုင်လီကပဲ ရှောင်နေပေးလိုက်တာ ကောင်းပါတယ်။

အကယ်၍ သူ့အစ်ကိုအကြီးဆုံးက ကလေးမျက်နှာနဲ့ ကျိုးရှီကို ဆက်ထားချင်နေရင်လည်း သူတားမှာမဟုတ်လို့ပဲ။ သူက ဒီအမျိုးသမီးရဲ့ အကျင့်နဲ့စိတ်ဓာတ်ကို ပိုင်မိသားစုမြင်အောင် မီးထိုးပြခဲ့ပြီးပြီဖြစ်ပေမယ့် ပိုင်မိသားစုကသာ ခွင့်လွှတ်နိုင်တယ်ဆိုရင်လည်းသဘောပါပဲ။ သူကတော့ သူမိသားစုကို စိတ်မချမ်းသာအောင် ဖိအားပေးမှာမဟုတ်ဘဲ ဒါက သူ့မိသားစုလိုချင်တာဆိုရင် လက်ခံလိုက်ရုံပဲလေ။ သူ့အနေနဲ့ ပိုကောင်းဖို့ နည်းလမ်းရှာပေးရုံပဲ ရှိတော့မှာပေါ့။

ရှောင်ဟန်က တိတ်တဆိတ်ထွက်ခွာသွားတဲ့ သူ့ခင်ပွန်းကို လှမ်းကြည့်လိုက်ပြီး ခုထိ ပိုင်ကျန်းရဲ့ခြေထောက်ကို လွှတ်မပေးသေးဘဲ ဘယ်လိုကောင်းကောင်းမွန်မွန်နေမည်ဖြစ်ကြောင်း ကတိအထပ်ထပ်ပေးနေသည့် ကျိုးရှီကို တစ်ချက်လှမ်းကြည့်လိုက်၏။ နောက်တော့ သူလည်း သူ့ခင်ပွန်းကိုနောက်ကို လိုက်သွားလိုက်တော့သည်။

သူတို့က အခု ပိုင်အိမ်မှာနေကျတာပါ။ သူတို့အခု နေနေတဲ့အခန်းက အရင်က ပိုင်အိမ်မှာ ပိုင်လီနေခဲ့သည့်အခန်းဖြစ်ပြီး ရှောင်ဟန်က အခန်းထဲဝင်လာတော့ သူ့ခင်ပွန်းက အေးအေးဆေးဆေးပင် လက်ဖက်ရည်ငှဲ့နေတာကို မြင်လိုက်ရ၍ ရှောင်ဟန်ကလည်း စားပွဲမှာ ဝင်ထိုင်ရင်းမေးလိုက်သည်။

"ခင်ဗျား... အဆင်ပြေရဲ့လား"

ရှောင်ဟန်က မေးပြီးမှ သူဘာလို့ ဒီလိုမေးမိမှန်းကိုတောင် မသိတော့ပေ။ သူ ရုတ်တရက်ထင်မိတာ သူ့ခင်ပွန်းက နည်းနည်း စိတ်မကောင်းဖြစ်နေတားလို့လားလေ။

ပိုင်လီက ဒါကိုကြားတော့ သူ့ဇနီးလေးကိုကြည့်လိုက်၍...

"ဟမ်..ကိုယ်လား ကိုယ်က ဘာအဆင်မပြေစရာရှိလို့လဲ"

သူက ကျိုးရှီသာ ပိုင်အိမ်မှာဆက်နေရင် နောက်ပိုင်းပိုင်အိမ်က ပြန်မငြိမ်းချမ်းလာမှာကို တွေးပြီးသက်ပြင်းချမိရုံပါ။

ရှောင်ဟန်က ဤသို့ပြန်မေးလာမှုအပေါ် ပြန်မဖြေတတ်တော့ပေ။ ဒါကြောင့် သူက ဒီလိုသာပြန်ပြောလိုက်နိုင်ပါတော့တယ်။

"အဆင်ပြေရင်လည်း.. ကောင်းပါတယ်"

တကယ်တော့ ပိုင်လီက သူ့ဇနီးလေးမေးချင်တာကို သိသိပင်။ သူက တမင် မသိချင်ယောင် ဆောင်လိုက်တာပါ။

ဒါကြောင့် သူက ရယ်လိုက်၍...

"ကိုယ်က ဒီတိုင်း နည်းနည်းစိုးရိမ်ရုံပါ ကျိုးရှီရဲ့စိတ်က သိပ်မကောင်းဘူးလေ ဒါကြောင့် သူမသာ ပိုင်အိမ်မှာ ဆက်နေရင် ကိုယ့်ရဲ့တူလေး..သူ တလွဲတွေသင်ယူမိလိမ့်မယ်ထင်တယ်"

ကျိုးရှီသည် ဤသို့ဖြစ်ပြီးထဲက ပိုင်လီအား အတွင်းစိတ်ထဲကနေ ခါးခါးသီးသီး မုန်းနေလောက်ပြီဖြစ်၍ သူမသာ ပိုင်အိမ်၌ဆက်နေခွင့်ရသွားလျှင် ကလေးနဲ့ ပိုင်လီကြား သွေးခွဲမှုများ မလွဲမသွေရှိလာမှာဖြစ်သည်။ ပိုင်လီက ကျိုးရှီ သူ့ကို ဘယ်လိုစိတ်ထားထား ဂရုမစိုက်ပေမယ့် သူ့တူလေးကသာ သူ့ကိုမုန်းနေမယ်ဆိုရင် သူနည်းနည်းတော့ ဝမ်းနည်းမိလိမ့်မယ်ထင်တယ်။ ပြီးတော့ ဘာမှမသိနားမလည်တဲ့ ကလေးတစ်ယောက်ကို ရန်ငြိုးတွေသင်ပေးပြီး ဒါကြောင့် ဖြစ်လာမယ့် မိသားစုစိတ်ဝမ်းကွဲမှုတွေက သူ့ကို စိတ်မသက်မသာဖြစ်စေလိမ့်မယ်။

ရှောင်ဟန်က သူ့ခင်ပွန်းပြောချင်တာကို နားလည်သလိုခံစားရပေသည်။ ဒါကြောင့် သူက သူ့ခင်ပွန်းကို စကားတချို့ပြောချင်နေပေမယ့် ခက်တာက သူက စကားကောင်းကောင်း မပြောတတ်တာပါပဲ။

ဒီတော့ ရှောင်ဟန်က သူစိတ်အဆင်မပြေချိန်တိုင်း သူ့ခင်ပွန်းက သူ့လက်ကိုကိုင်ကာ နှစ်သိမ့်ပေးတတ်တာကို သတိရသွား၍ သူကလည်း သူ့ခင်ပွန်းလက်ကို လှမ်းကိုင်လိုက်ပေသည်။

ဒီရုတ်တရက်ဆန်တဲ့ ထိတွေ့မှုကြောင့် ပိုင်လီက နည်းနည်းအံသြသွားခဲ့ရပါတယ်။ ဒီတလျောက်လုံးမှာ သူကသာ သူ့ဇနီးလေးကို ရုတ်တရက်သွားသွားကိုင်နေတဲ့သူဖြစ်ပြီး သူက တစ်ခါမှ အကိုင်မခံရဖူးဘူးလေ။

သူက တအံတသြနဲ့ သူ့ဇနီးလေးကို ကြည့်လိုက်တော့ သူ့ဇနီးလေးက သူ့ကိုနှစ်သိမ့်ပေးနေတာမှန်းနားလည်သွား၍ သူကပြုံးပြလိုက်၏။

သူ့စိတ်ထဲမှာတော့ သူက တွေးနေခဲ့ပါတယ်။

ဆိုတော့ ဒီကောင်လေးက သူ့ကို မကြောက်တတ်တော့တဲ့အပြင် သူ့ကိုပါ ရုတ်တရက်လာထိရဲပြီး နှစ်သိမ့်ပေးဖို့ကြိုးစားရဲနေပြီပေါ့လေ။

ပိုင်လီက ထိုအတွေးဖြင့် သူ့ရှေ့က ကောင်လေးကအလွန်ချစ်စရာကောင်းသည်ဟု ခံစားခဲ့ရပေသည်။ နောက်ထပ် သူရုတ်တရက် တွေးမိသွားတာက အကယ်၍ သူ့ရှေ့က ဒီကောင်လေးကသာ ကျိုးရှီလိုမျိုး ခွင့်မလွှတ်နိုင်စရာ တစ်ခုခုကို လုပ်ခဲ့မယ်ဆိုရင် သူစွန့်ပစ်နိုင်ပါ့မလား ဆိုတာကိုပဲ။ သူရော သူ့ရဲ့အကြီးဆုံးအစ်ကို လိုတွေဝေနေမလား။

ခဏလောက် တွေးကြည့်ပြီးနောက် ပိုင်လီက သူ့စိတ်ထဲက အတွေးတွေကို ချက်ခြင်း မောင်းထုတ်လိုက်လေသည်။

မဟုတ်ဘူး! သူက တွေဝေနေမှာတင်မဟုတ်ဘူး။ စွန့်ပစ်လိုက်ဖို့ တောင်စဥ်းစားနိုင်မှာတောင် မဟုတ်ဘူး!!။ ရှောင်ဟန်က သူ့ဇနီးလေးဖြစ်ပြီး သူ့အိမ်က အသေးလေးတွေရဲ့ဖေဖေပဲလေ။ သူဘယ်လိုလုပ် စွန့်ပစ်နိုင်မှာလဲ!။

ဒါကို သဘောပေါက်သွားတော့ ပိုင်လီက အတော်လေး စိတ်သက်သာရာရသွားပြီး ပိုင်ကျန်းသာ ကျိုးရှီကို ပြန်လက်ခံလျှင်လည်း သူက အပေါ်ယံတင်မဟုတ်ဘဲ အလုံးစုံနားလည်ပေးလိုက်နိုင်သွားပြီဟု ခံစားခဲ့ရ၏။  ဟုတ်ပါတယ်လေ လူတိုင်းက သူတို့ရဲ့ဇနီးတွေကို စွန့်ပစ်ဖို့ခက်ခဲမှာပဲ။

ဤသို့ ပိုင်လီက ပိုင်ကျန်းသာ ကျိုးရှီကို ပြန်လက်ခံလျှင်လည်း သူအနေနဲ့မကန့်ကွက်ဘဲ နားလည်ပေးလိုက်ဖို့ ကြိုးစားနေချိန်တွင် သူတို့က တစ်စုံတစ်ခုကို မေ့နေခဲ့ကျသည်။

အဲဒါကတော့ ပိုင်အမေပါပဲ။

မော့ဟွာက ကျိုးရှီ သူမသားအကြီးဆုံးကို ဝေခွဲမရဖြစ်အောင် လုပ်နေတာကိုကြည့်ပြီး အလွန်ရွံ့မုန်းလာခဲ့လေသည်။

နဂိုထဲက ယောက္ခမတွေက ချွေးမတွေအပေါ် အဆိုးမြင်ပြီးသားဖြစ်ပြီး သူမသားနဲ့ လက်ထပ်ထားတုန်းမှာ မော့ဟွာက ဒီအမျိုးသမီးကို သူမမိသားစုဝင်တွေလိုပဲ ဆက်ဆံခဲ့ပေမယ့် အကျဥ်းတန်တဲ့ လုပ်ရပ်ကိုလုပ်ခဲ့ပြီး သူမသားနဲ့ တရားကွာရှင်းပြီးချိန်မှာတော့ သူမအတွက် ဒီအမျိုးသမီးက တစိမ်းတစ်ယောက်ထက်ပင် ပို၍ မုန်းဖို့ကောင်းနေခဲ့ပြီဖြစ်သည်။

သူမမြေးကို မြင်လိုက်ရချိန်မှာ သူမက ပိုပြီးတောင် ဒီအမျိုးသမီးကို လက်မခံနိုင်ပါသေးတယ်။ သူမရဲ့ဒုတိယသား ပြောခဲ့သလိုပဲ သူမမြေးကို ဒီမိန်းမနဲ့သာ ကြီးပျင်းစေလိုက်ရင် ဒီမိန်းမက သူမမြေးကို ဖျက်စီးလိမ့်မယ်။

ပြီးတော့ သူမက သူမသားကြီးအတွက် ကောင်းမွန်တဲ့ မိန်းကလေးတစ်ယောက်ကို ရှာခဲ့ပြီးပြီလေ။ ဘာကြောင့် ဒီမိန်းမကို ပြန်လက်ခံရမှာတဲ့လဲ။

ဒါကြောင့်ပင် မော့ဟွာက အလွန်သနားစရာကောင်းအောင်လုပ်နေသည့် ကျိုးရှီကို လက်ညိုးထိုးလျက်ပြောလိုက်ပေသည်။

"တော်လောက်ပြီ! နင်က အခု ငါတို့အိမ်ကလူ မဟုတ်တော့တဲ့အတွက် ငါ့မြေးကို စိုးရိမ်နေဖို့မလိုဘူး! ငါတို့က သူလေးအတွက် နို့ထိန်းတစ်ယောက်ရှာထားပြီးပြီ နောက်ပြီး သူက အမေမရှိဘဲ ကြီးပျင်းလာမှာဆိုတဲ့စကားကလည်း မမှန်ဘူး! ငါက သူလေးအတွက် သင့်တော်တဲ့ အမေတစ်ယောက်ကို ရှာထားပြီးပြီလေ! "

ဒါကိုကြားတော့ ပိုင်မိသားစုဝင်တွေတင်မက ငိုနေသည့် ကျိုးရှီပင် ငိုရင်းကရပ်တန့်သွားပေသည်။

ဒီအဖွားကြီးက ဘာပြောလိုက်တာလဲ။ သူမက ပိုင်အိမ်ကတောင် မထွက်ရသေးဘူးလေ။ ဘာလို့ သူမနေရာအတွက် အစားထိုးဖို့ရှာပြီးသွားရတာလဲ!။

...........................

(AN/ ပိုင်လီတို့ကို ဇာတ်သိမ်းထိ 5000နဲ့ gpဝင်လို့ရပါသေးတယ်။💖)

###

အပိုင္း (၁၃၈) က်ိဳးရွီကိုႏွင္ထုတ္ျခင္း

ပိုင္လီက ပိုင္အေမ အနည္းငယ္ ေဒါသထြက္သြားတာသိေပမယ့္ အရမ္းဆိုးမွာမဟုတ္မွန္းသိေနလို႔ ေခ်ာ့ေမာ့ဖို႔ ေနာက္ကလိုက္မသြားခဲ့ေပ။ တကယ္ေတာ့ ပိုင္အေမကလည္ယ ပိုင္မိန္ကို အရမ္းအလိုက္တာက သိပ္မေကာင္းဘူးလို႔ ျမင္ေနေပမယ့္ သူ႕မသားေတြ၊သမီးေတြက ခ်စ္ခ်စ္ခင္ခင္ေနေနတာကိုေတာ့ ေက်နပ္ေနခဲ့ပါတယ္။ သူမက အၿမဲတမ္း ပိုင္လီက ပိုင္မိန္ကို အလိုလိုက္နိုင္ဖို႔ တကယ္ေမွ်ာ္လင့္မိတယ္။

ပိုင္အိမ္ရွိလူမ်ားသည္ အစကေတာ့ က်ိဳးရွီက မီးပုံးပြဲေတာ္ၿပီးမွပဲ ေမြးေလာက္သည္ဟု ထင္ထားခဲ့က်တာျဖစ္ေပမယ့္ မထင္မွတ္ဘဲ ေနာက္တစ္ေန႕တြင္က်ိဳးရွီက ေယာကၤ်ားေလးတစ္ဦးကို အခက္ခဲကင္းစြာ ေမြးဖြားခဲ့ေလသည္။ ေမြးဖြားမႈက ထင္တာထက္ေခ်ာေမြ႕ခဲ့ပါတယ္။

ဒါေၾကာင့္ပဲ ပိုင္မိသားစုတစ္ခုလုံးက ေပ်ာ္႐ႊင္ခဲ့က်ၿပီး သူတို႔အရမ္းေပ်ာ္ရတဲ့ အေၾကာင္းရင္းတစ္ခ်က္မွာ သူတို႔မိသားစုက အႀကီးဆုံးသားရဲ႕ပထမကေလးက သားေယာကၤ်ားေလးျဖစ္ေနခဲ့လို႔ပါပင္။ ပိုင္မိသားစုရဲ႕ ေျမးေတြအေၾကာင္းေျပာရရင္ ပိုင္လီကအိမ္ခြဲထြက္ၿပီးသားဆိုေတာ့ သားေယာကၤ်ားေလးေတြ ေမြးခဲ့ရင္ေတာင္မွ ပိုင္အိမ္ရဲ႕အေမြဆက္ခံမႈက ဆက္ႏြယ္လို႔မရေတာ့ဘဲ ပိုင္လီက ေကာေလးေတြခ်ည္းေမြးထားတဲ့အခါ ပိုင္မိသားစုက ေျမးေယာကၤ်ားေလးတစ္ေယာက္ကို အမွန္ပင္ေတာင္းတေနခဲ့က်တာျဖစ္သည္။

အခုေတာ့ သူတို႔ဆုေတာင္းေတြ ျပည့္သြားခဲ့က်ပါၿပီ။

ဒီအတြက္ေတာ့ မေပ်ာ္႐ႊင္သည့္ တစ္စုံတစ္ဦးလည္း ရွိေနခဲ့ၿပီး ထိုလူကေတာ့ ေနာက္လေလာက္မွာ ကေလးေမြးဖြားမယ့္စုရွီပါပင္။ သူက ပိုင္က်န္းရဲ႕ကေလးက သားေယာကၤ်ားေလးျဖစ္ေနလို႔ အနည္းငယ္ စိတ္ပ်က္သြားခဲ့ရ၏။ အဲလိုဆိုရင္ သူက သားေယာကၤ်ားေလးေမြးရင္ေတာင္ ပိုင္အိမ္ရဲ႕ ဦးစီးေနရာကို မွန္းလို႔မရေတာ့ဘူးေလ။ သူ႕ခင္ပြန္းျဖစ္တဲ့ ပိုင္စန္းကလည္း တတိသားျဖစ္ေနလို႔ ဦးစီးေနရာမရနိုင္ဘဲ သူ႕ကေလးကပါ အခုဆို မိသားစုဦးစီေနရာက ကန္ထုတ္ခံလိုက္ၿပီဆိုေတာ့ သူဘယ္ေပ်ာ္႐ႊင္နိုင္ပါ့မလဲ။ သို႔ေသာ္ သူသည္ ဒါကိုထုတ္မေျပာဝံ့ေခ်။ မဟုတ္ဘူး ထုတ္ေျပာဖို႔ေနေနသာသာ သူက ဒီစိတ္ပ်က္မႈကို မ်က္ႏွာမွာေတာင္ မေဖာ္ျပရဲခဲ့ဘူး။ မဟုတ္ရင္ သူလည္း က်ိဳးရွီလို ပိုင္အိမ္ကေန ကန္ထုတ္ခံရနိုင္တယ္ေလ။

က်ိဳးရွီအေၾကာင္းေျပာရလွ်င္ အဆိပ္ေသာက္ဖို႔ႀကိဳးစားၿပီးေနာက္ ထိုအမ်ိဳးသမီးက အလြန္ေကာင္းေကာင္းမြန္မြန္ေနထိုင္ခဲ့သည္။ က်ိဳးရွီက က်ိဳးရွီလိျမထင္ရေလာက္ေအာင္ကိုသယမကေအးေအးေဆးေဆးေနခဲ့တာပါ။

သူမက ပိုင္အိမ္က ေကြၽးသမွ်ကိုစားၿပီး ကိုယ္ဝန္အတြက္ တိုက္တဲ့ အားေဆးမွန္သမွ်ကိုလည္း ျငင္းဆန္ျခင္းမရွိခဲ့သလို သူမစားခ်င္တာရွိရင္လည္း ေတာင္းဆိုခဲ့ေသးေပသည္။ ဒါေပါ့ ပိုင္မိသားစုက အခုအဆင္ေျပေနၿပီျဖစ္တဲ့အတြက္ သူမေတာင္းဆိုမႈေတြက မလြန္ကဲသေ႐ြ႕ ျဖည့္ဆည္းေပးခဲ့က်ပါတယ္။

က်ိဳးရွီရဲ႕က်ိဳးမိသားစုကလည္း တစ္ခါတေလ က်ိဳးရွီကိုလာၾကည့္ခဲ့က်ၿပီး ပိုင္အိမ္ကလူေတြကလည္း သူတို႔ေတြ မဟုတ္တာမႀကံစည္သ၍ေတာ့ ဒါကိုမတားစည္းခဲ့က်ပါဘူး။ ေနာက္ေတာ့ ၾကာလာတာနဲ႕အမွ် က်ိဳးရွီက ပိုၿပီးပုံမွန္ျဖစ္လာၿပီး သူမက ပိုင္က်န္းနဲ႕လည္း ပုံမွန္လို ေျပာဆိုဆက္ဆံလာခဲ့ကာ ပိုင္မိသားစုဝင္မ်ားႏွင့္လည္း ဘာမွမျဖစ္ထားသည့္အတိုင္ စကားမ်ားဝက္ေရာလာတက္ေပသည္။

ပိုင္လီက ဒီအမ်ိဳးသမီး ဘာေတြေတြးေနလဲဆိုတာကို အနည္းငယ္ရိပ္မိသလို ရွိပါတယ္။ သူမက အခုေကာင္းေကာင္းမြန္မြန္ေနျပေနၿပီး သူမအရင္လို မဆိုးေတာ့ဘဲ ေျပာင္းလဲသြားၿပီဆိုတာမ်ိဳးကို ပိုင္အိမ္ကလူေတြျမင္ေအာင္ လုပ္ျပေနခဲ့တာျဖစ္ၿပီး ဒါမွသာ ကေလးေမြးၿပီးခဲ့ရင္ ဒါေတြကိုအေၾကာင္းျပၿပီး မ်က္ရည္ခ်ဴနိုင္မွာျဖစ္လို႔ပါပဲ။

ပိုင္လီ၏ ထိုထင္ျမင္ခ်က္သည္ အလြန္ကိုမွန္ကန္ခဲ့၏။ ကေလးေမြးၿပီး သုံးရက္ေျမာက္ေန႕တြင္ ပိုင္အိမ္ကလူေတြက က်ိဳးရွီကို တစ္ဖက္႐ြာက သူမအိမ္ကို ျပန္လိုက္ပို႔ဖို႔ လုပ္ခဲ့က်ေပမယ့္ က်ိဳးရွီကေတာ့ ပိုင္က်န္းရဲ႕ေျခေထာက္ကိုဖက္ၿပီး ငိုယိုေတာင္းပန္လာခဲ့ေလသည္။

သူမက သူမကေလးနဲ႕မခြဲနိုင္ေသးေၾကာင္း၊ ကေလးကလည္း အရမ္းငယ္ေသးၿပီး မိခင္ျဖစ္တဲ့သူမကိုလိုအပ္ေၾကာင္းနဲ႕ သူမျပႆနာမရွာဘဲ ေကာင္းေကာင္းေနမွာျဖစ္လို႔ သူမကိုအခ်ိန္အနည္းငယ္ေပးပါရန္ ေျပာလာခဲ့တာပင္ျဖစ္၏။

ဒီအခ်ိန္မွာ ပိုင္အိမ္က လူေတြအကုန္လုံးကတိတ္ဆိတ္သြားက်ၿပီး က်ိဳးရွီလုပ္ေနတဲ့ပုံေၾကာင့္ သူတို႔ကပဲ သားနဲ႕အေမကို အတင္းခြဲေနတဲ့သူေတြလို ခံစားလာရ၍ စိတ္မသက္မသာ ျဖစ္လာက်ရေပသည္။

ဒီထဲမွာ အတိတ္ဆိတ္ဆုံးလူကေတာ့ ပိုင္က်န္းပါပဲ။ သူက တိတ္ဆိတ္ေနတာမွ ေက်ာက္႐ုပ္လိုပဲ။

တကယ္ေတာ့ ပိုင္လီက ပိုင္က်န္းကို ကိုယ္ခ်င္းစာနိုင္ေပသည္။ ဘယ္ေယာကၤ်ားမဆို ကိုယ့္ကေလးရဲ႕အေမကို ကေလးနဲ႕အတူရွိေစခ်င္မွာပဲေလ။ ကေလးကခုမွရက္သားပဲရွိေသးၿပီး ဒီအ႐ြယ္ေလးကို အေမနဲ႕ခြဲလိုက္ရမွာက အနည္းငယ္ ရက္စက္ရာေတာ့က်ေန၏။

ပိုင္လီက ဒီျမင္ကြင္းကို သိပ္မေဝးတဲ့ေနရာကေန ၾကည့္ေနခဲ့တာျဖစ္ၿပီး ေနာက္ေတာ့ သူက ေတြေဝေနတဲ့ အစ္ကိုအဆုံးကိုသနားလာ၍ သူ႕အခန္းဆီသာ ျပန္လာခဲ့ေတာ့သည္။ အဲဒီေနရာမွာ သူရွိေနျခင္းက ပိုင္က်န္းကို ဖိအားေပးေနသလို ျဖစ္ေနမွာ စိုးရိမ္ေနလို႔ပါပဲ။

ဘာေၾကာင့္လဲဆိုေတာ့ က်ိဴးရွီရဲ႕ စရိတၱပ်က္ျပားမႈ႕က သူ႕တာဝန္မဟုတ္ေပမယ့္ က်ိဳးရွီးခိုးသြားၿပီး ျပႆနာရွာခဲ့တဲ့ ပန္းပင္ကေတာ့ သူေၾကာင့္ ပိုင္အိမ္ထဲေရာက္သြားတာျဖစ္လို႔ ဒါက သူနဲ႕ လုံးဝမပတ္သက္ဘူးလို႔ေတာ့ ျငင္းလို႔မရတာ အမွန္ပင္။ က်ိဴးရွီေျပာခဲ့သလို သူသာ အဲပန္းပင္ကို ယူမလာရင္ ဒီျပႆနာက ျဖစ္လာမွာမဟုတ္ဘူးေလ။

ဒါေၾကာင့္ သူအဲဒီေနရာမွာ ဆက္ေနျခင္းသည္ ပိုင္က်န္းကို က်ိဳးရွီကိုႏွင္ထုတ္လိုက္ဖို႔ တြန္းအားေပးသလို႔ ျဖစ္ေနေပလိမ့္မည္။ ဒီေတာ့ ပိုင္လီကပဲ ေရွာင္ေနေပးလိုက္တာ ေကာင္းပါတယ္။

အကယ္၍ သူ႕အစ္ကိုအႀကီးဆုံးက ကေလးမ်က္ႏွာနဲ႕ က်ိဳးရွီကို ဆက္ထားခ်င္ေနရင္လည္း သူတားမွာမဟုတ္လို႔ပဲ။ သူက ဒီအမ်ိဳးသမီးရဲ႕ အက်င့္နဲ႕စိတ္ဓာတ္ကို ပိုင္မိသားစုျမင္ေအာင္ မီးထိုးျပခဲ့ၿပီးၿပီျဖစ္ေပမယ့္ ပိုင္မိသားစုကသာ ခြင့္လႊတ္နိုင္တယ္ဆိုရင္လည္းသေဘာပါပဲ။ သူကေတာ့ သူမိသားစုကို စိတ္မခ်မ္းသာေအာင္ ဖိအားေပးမွာမဟုတ္ဘဲ ဒါက သူ႕မိသားစုလိုခ်င္တာဆိုရင္ လက္ခံလိုက္႐ုံပဲေလ။ သူ႕အေနနဲ႕ ပိုေကာင္းဖို႔ နည္းလမ္းရွာေပး႐ုံပဲ ရွိေတာ့မွာေပါ့။

ေရွာင္ဟန္က တိတ္တဆိတ္ထြက္ခြာသြားတဲ့ သူ႕ခင္ပြန္းကို လွမ္းၾကည့္လိုက္ၿပီး ခုထိ ပိုင္က်န္းရဲ႕ေျခေထာက္ကို လႊတ္မေပးေသးဘဲ ဘယ္လိုေကာင္းေကာင္းမြန္မြန္ေနမည္ျဖစ္ေၾကာင္း ကတိအထပ္ထပ္ေပးေနသည့္ က်ိဳးရွီကို တစ္ခ်က္လွမ္းၾကည့္လိုက္၏။ ေနာက္ေတာ့ သူလည္း သူ႕ခင္ပြန္းကိုေနာက္ကို လိုက္သြားလိုက္ေတာ့သည္။

သူတို႔က အခု ပိုင္အိမ္မွာေနက်တာပါ။ သူတို႔အခု ေနေနတဲ့အခန္းက အရင္က ပိုင္အိမ္မွာ ပိုင္လီေနခဲ့သည့္အခန္းျဖစ္ၿပီး ေရွာင္ဟန္က အခန္းထဲဝင္လာေတာ့ သူ႕ခင္ပြန္းက ေအးေအးေဆးေဆးပင္ လက္ဖက္ရည္ငွဲ႕ေနတာကို ျမင္လိုက္ရ၍ ေရွာင္ဟန္ကလည္း စားပြဲမွာ ဝင္ထိုင္ရင္းေမးလိုက္သည္။

"ခင္ဗ်ား... အဆင္ေျပရဲ႕လား"

ေရွာင္ဟန္က ေမးၿပီးမွ သူဘာလို႔ ဒီလိုေမးမိမွန္းကိုေတာင္ မသိေတာ့ေပ။ သူ ႐ုတ္တရက္ထင္မိတာ သူ႕ခင္ပြန္းက နည္းနည္း စိတ္မေကာင္းျဖစ္ေနတားလို႔လားေလ။

ပိုင္လီက ဒါကိုၾကားေတာ့ သူ႕ဇနီးေလးကိုၾကည့္လိုက္၍...

"ဟမ္..ကိုယ္လား ကိုယ္က ဘာအဆင္မေျပစရာရွိလို႔လဲ"

သူက က်ိဳးရွီသာ ပိုင္အိမ္မွာဆက္ေနရင္ ေနာက္ပိုင္းပိုင္အိမ္က ျပန္မၿငိမ္းခ်မ္းလာမွာကို ေတြးၿပီးသက္ျပင္းခ်မိ႐ုံပါ။

ေရွာင္ဟန္က ဤသို႔ျပန္ေမးလာမႈအေပၚ ျပန္မေျဖတတ္ေတာ့ေပ။ ဒါေၾကာင့္ သူက ဒီလိုသာျပန္ေျပာလိုက္နိုင္ပါေတာ့တယ္။

"အဆင္ေျပရင္လည္း.. ေကာင္းပါတယ္"

တကယ္ေတာ့ ပိုင္လီက သူ႕ဇနီးေလးေမးခ်င္တာကို သိသိပင္။ သူက တမင္ မသိခ်င္ေယာင္ ေဆာင္လိုက္တာပါ။

ဒါေၾကာင့္ သူက ရယ္လိုက္၍...

"ကိုယ္က ဒီတိုင္း နည္းနည္းစိုးရိမ္႐ုံပါ က်ိဳးရွီရဲ႕စိတ္က သိပ္မေကာင္းဘူးေလ ဒါေၾကာင့္ သူမသာ ပိုင္အိမ္မွာ ဆက္ေနရင္ ကိုယ့္ရဲ႕တူေလး..သူ တလြဲေတြသင္ယူမိလိမ့္မယ္ထင္တယ္"

က်ိဳးရွီသည္ ဤသို႔ျဖစ္ၿပီးထဲက ပိုင္လီအား အတြင္းစိတ္ထဲကေန ခါးခါးသီးသီး မုန္းေနေလာက္ၿပီျဖစ္၍ သူမသာ ပိုင္အိမ္၌ဆက္ေနခြင့္ရသြားလွ်င္ ကေလးနဲ႕ ပိုင္လီၾကား ေသြးခြဲမႈမ်ား မလြဲမေသြရွိလာမွာျဖစ္သည္။ ပိုင္လီက က်ိဳးရွီ သူ႕ကို ဘယ္လိုစိတ္ထားထား ဂ႐ုမစိုက္ေပမယ့္ သူ႕တူေလးကသာ သူ႕ကိုမုန္းေနမယ္ဆိုရင္ သူနည္းနည္းေတာ့ ဝမ္းနည္းမိလိမ့္မယ္ထင္တယ္။ ၿပီးေတာ့ ဘာမွမသိနားမလည္တဲ့ ကေလးတစ္ေယာက္ကို ရန္ၿငိဳးေတြသင္ေပးၿပီး ဒါေၾကာင့္ ျဖစ္လာမယ့္ မိသားစုစိတ္ဝမ္းကြဲမႈေတြက သူ႕ကို စိတ္မသက္မသာျဖစ္ေစလိမ့္မယ္။

ေရွာင္ဟန္က သူ႕ခင္ပြန္းေျပာခ်င္တာကို နားလည္သလိုခံစားရေပသည္။ ဒါေၾကာင့္ သူက သူ႕ခင္ပြန္းကို စကားတခ်ိဳ႕ေျပာခ်င္ေနေပမယ့္ ခက္တာက သူက စကားေကာင္းေကာင္း မေျပာတတ္တာပါပဲ။

ဒီေတာ့ ေရွာင္ဟန္က သူစိတ္အဆင္မေျပခ်ိန္တိုင္း သူ႕ခင္ပြန္းက သူ႕လက္ကိုကိုင္ကာ ႏွစ္သိမ့္ေပးတတ္တာကို သတိရသြား၍ သူကလည္း သူ႕ခင္ပြန္းလက္ကို လွမ္းကိုင္လိုက္ေပသည္။

ဒီ႐ုတ္တရက္ဆန္တဲ့ ထိေတြ႕မႈေၾကာင့္ ပိုင္လီက နည္းနည္းအံၾသသြားခဲ့ရပါတယ္။ ဒီတေလ်ာက္လုံးမွာ သူကသာ သူ႕ဇနီးေလးကို ႐ုတ္တရက္သြားသြားကိုင္ေနတဲ့သူျဖစ္ၿပီး သူက တစ္ခါမွ အကိုင္မခံရဖူးဘူးေလ။

သူက တအံတၾသနဲ႕ သူ႕ဇနီးေလးကို ၾကည့္လိုက္ေတာ့ သူ႕ဇနီးေလးက သူ႕ကိုႏွစ္သိမ့္ေပးေနတာမွန္းနားလည္သြား၍ သူကၿပဳံးျပလိုက္၏။

သူ႕စိတ္ထဲမွာေတာ့ သူက ေတြးေနခဲ့ပါတယ္။

ဆိုေတာ့ ဒီေကာင္ေလးက သူ႕ကို မေၾကာက္တတ္ေတာ့တဲ့အျပင္ သူ႕ကိုပါ ႐ုတ္တရက္လာထိရဲၿပီး ႏွစ္သိမ့္ေပးဖို႔ႀကိဳးစားရဲေနၿပီေပါ့ေလ။

ပိုင္လီက ထိုအေတြးျဖင့္ သူ႕ေရွ႕က ေကာင္ေလးကအလြန္ခ်စ္စရာေကာင္းသည္ဟု ခံစားခဲ့ရေပသည္။ ေနာက္ထပ္ သူ႐ုတ္တရက္ ေတြးမိသြားတာက အကယ္၍ သူ႕ေရွ႕က ဒီေကာင္ေလးကသာ က်ိဳးရွီလိုမ်ိဳး ခြင့္မလႊတ္နိုင္စရာ တစ္ခုခုကို လုပ္ခဲ့မယ္ဆိုရင္ သူစြန့္ပစ္နိုင္ပါ့မလား ဆိုတာကိုပဲ။ သူေရာ သူ႕ရဲ႕အႀကီးဆုံးအစ္ကို လိုေတြေဝေနမလား။

ခဏေလာက္ ေတြးၾကည့္ၿပီးေနာက္ ပိုင္လီက သူ႕စိတ္ထဲက အေတြးေတြကို ခ်က္ျခင္း ေမာင္းထုတ္လိုက္ေလသည္။

မဟုတ္ဘူး! သူက ေတြေဝေနမွာတင္မဟုတ္ဘူး။ စြန့္ပစ္လိုက္ဖို႔ ေတာင္စဥ္းစားနိုင္မွာေတာင္ မဟုတ္ဘူး!!။ ေရွာင္ဟန္က သူ႕ဇနီးေလးျဖစ္ၿပီး သူ႕အိမ္က အေသးေလးေတြရဲ႕ေဖေဖပဲေလ။ သူဘယ္လိုလုပ္ စြန့္ပစ္နိုင္မွာလဲ!။

ဒါကို သေဘာေပါက္သြားေတာ့ ပိုင္လီက အေတာ္ေလး စိတ္သက္သာရာရသြားၿပီး ပိုင္က်န္းသာ က်ိဳးရွီကို ျပန္လက္ခံလွ်င္လည္း သူက အေပၚယံတင္မဟုတ္ဘဲ အလုံးစုံနားလည္ေပးလိုက္နိုင္သြားၿပီဟု ခံစားခဲ့ရ၏။  ဟုတ္ပါတယ္ေလ လူတိုင္းက သူတို႔ရဲ႕ဇနီးေတြကို စြန့္ပစ္ဖို႔ခက္ခဲမွာပဲ။

ဤသို႔ ပိုင္လီက ပိုင္က်န္းသာ က်ိဳးရွီကို ျပန္လက္ခံလွ်င္လည္း သူအေနနဲ႕မကန့္ကြက္ဘဲ နားလည္ေပးလိုက္ဖို႔ ႀကိဳးစားေနခ်ိန္တြင္ သူတို႔က တစ္စုံတစ္ခုကို ေမ့ေနခဲ့က်သည္။

အဲဒါကေတာ့ ပိုင္အေမပါပဲ။

ေမာ့ဟြာက က်ိဳးရွီ သူမသားအႀကီးဆုံးကို ေဝခြဲမရျဖစ္ေအာင္ လုပ္ေနတာကိုၾကည့္ၿပီး အလြန္႐ြံ႕မုန္းလာခဲ့ေလသည္။

နဂိုထဲက ေယာကၡမေတြက ေခြၽးမေတြအေပၚ အဆိုးျမင္ၿပီးသားျဖစ္ၿပီး သူမသားနဲ႕ လက္ထပ္ထားတုန္းမွာ ေမာ့ဟြာက ဒီအမ်ိဳးသမီးကို သူမမိသားစုဝင္ေတြလိုပဲ ဆက္ဆံခဲ့ေပမယ့္ အက်ဥ္းတန္တဲ့ လုပ္ရပ္ကိုလုပ္ခဲ့ၿပီး သူမသားနဲ႕ တရားကြာရွင္းၿပီးခ်ိန္မွာေတာ့ သူမအတြက္ ဒီအမ်ိဳးသမီးက တစိမ္းတစ္ေယာက္ထက္ပင္ ပို၍ မုန္းဖို႔ေကာင္းေနခဲ့ၿပီျဖစ္သည္။

သူမေျမးကို ျမင္လိုက္ရခ်ိန္မွာ သူမက ပိုၿပီးေတာင္ ဒီအမ်ိဳးသမီးကို လက္မခံနိုင္ပါေသးတယ္။ သူမရဲ႕ဒုတိယသား ေျပာခဲ့သလိုပဲ သူမေျမးကို ဒီမိန္းမနဲ႕သာ ႀကီးပ်င္းေစလိုက္ရင္ ဒီမိန္းမက သူမေျမးကို ဖ်က္စီးလိမ့္မယ္။

ၿပီးေတာ့ သူမက သူမသားႀကီးအတြက္ ေကာင္းမြန္တဲ့ မိန္းကေလးတစ္ေယာက္ကို ရွာခဲ့ၿပီးၿပီေလ။ ဘာေၾကာင့္ ဒီမိန္းမကို ျပန္လက္ခံရမွာတဲ့လဲ။

ဒါေၾကာင့္ပင္ ေမာ့ဟြာက အလြန္သနားစရာေကာင္းေအာင္လုပ္ေနသည့္ က်ိဳးရွီကို လက္ညိုးထိုးလ်က္ေျပာလိုက္ေပသည္။

"ေတာ္ေလာက္ၿပီ! နင္က အခု ငါတို႔အိမ္ကလူ မဟုတ္ေတာ့တဲ့အတြက္ ငါ့ေျမးကို စိုးရိမ္ေနဖို႔မလိုဘူး! ငါတို႔က သူေလးအတြက္ နို႔ထိန္းတစ္ေယာက္ရွာထားၿပီးၿပီ ေနာက္ၿပီး သူက အေမမရွိဘဲ ႀကီးပ်င္းလာမွာဆိုတဲ့စကားကလည္း မမွန္ဘူး! ငါက သူေလးအတြက္ သင့္ေတာ္တဲ့ အေမတစ္ေယာက္ကို ရွာထားၿပီးၿပီေလ! "

ဒါကိုၾကားေတာ့ ပိုင္မိသားစုဝင္ေတြတင္မက ငိုေနသည့္ က်ိဳးရွီပင္ ငိုရင္းကရပ္တန့္သြားေပသည္။

ဒီအဖြားႀကီးက ဘာေျပာလိုက္တာလဲ။ သူမက ပိုင္အိမ္ကေတာင္ မထြက္ရေသးဘူးေလ။ ဘာလို႔ သူမေနရာအတြက္ အစားထိုးဖို႔ရွာၿပီးသြားရတာလဲ!။

...........................

(AN/ ပိုင္လီတို႔ကို ဇာတ္သိမ္းထိ 5000နဲ႕ gpဝင္လို႔ရပါေသးတယ္။)

Continue Reading

You'll Also Like

1.5M 191K 157
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
28.1K 1.6K 51
နတ်မိစ္ဆာဘုရင်လေးနဲ့ လူသားအိမ်ရှေ့စံလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ။ ဘာသာပြန်လုံးဝမဟုတ်ပါ❌❌
279K 19.8K 27
အန်တီနဲ့သမီးဇာတ်လမ်းလေးပါရှင်။ Start Date^^ 26:2:2022 End Date^^
3.8K 571 10
ဝင်ဖတ်လို့လည်းရတယ် လစ်လျူရှုလို့လည်းရတယ်...တစ်ခါတလေ စိတ်ကျဥ်းကျပ်သည့်အခါမှာ... ငါ စာတိုတွေ ရေးတတ်လာတယ်... စိတ်ခံစားချက်တွေ တိုက်မိသွားရင် ငါ့စာတိုတွေ...