Unicode
လူအချို့က အစောင့်အကြပ်မေ့လျော့စေတဲ့ ရောင်ဝါတွေနဲ့ မွေးဖွားလာကြတယ်။
ကုမျန်က ထိုသို့သောလူအမျိုးအစားမှာ ပါ၀င်ဖို့ဖြစ်လာခဲ့တယ်။
သူမရဲ့ရောင်ဝါက သန့်ရှင်းကြည်လင်ပြီး ရန်လိုခြင်းမရှိပေ။ အဖွားအိုရဲ့အမြင်အရ ကုမျန်က လော့ချယ်လိုမျိုး အေးစက်စက်ဖြစ်ပြီး လက်လှမ်းမမှီနိုင်သလိုမျိုးနဲ့ ၀င့်ကြွားမှုလည်းမရှိသလို လီရှောင်းဟယ်လိုမျိုး စွဲမက်ဖွယ်ကောင်းပြီး ရိုင်းစိုင်းမှုလည်းမရှိပေ။ ကုမျန်၊ သူမက လူတွေကို စိတ်သက်တောင့်သက်သာဖြစ်စေတယ်။
အဘွားအိုက စားသောက်ဖို့ တူသုံးချောင်းထပ်ထည့်ရမှာကြောင့် တခဏမျှ တုံ့ဆိုင်းသွားတယ်။ သူမ လက်ခံခါနီးမှာ ကင်မရာမင်းက ကမန်းကတန်း ရှေ့တိုးလာပြီး"ဟေး ဟေး၊ မင်းတို့ အဲလိုလုပ်လို့မရဘူး"
လီရှောင်းဟယ်က သူမတို့စားရတော့မယ့် အစားအသောက်ကို မစားရတော့မှာစိုးလို့ ကင်မရာမင်းရှေ့မှာ ရပ်ပြီး နိုးနိုးကြားကြားနဲ့ မေးလိုက်တယ်။ "ဘာလို့လုပ်လို့မရတာလဲ" အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက်မှာ သူမက မောပန်းနွမ်းနယ်နေပြီဖြစ်ပြီး ပူပူနွေးနွေးအစားအစာလေးမစားရသေးခင် ထိုင်ချပြီး ကောင်းကောင်းအနားယူချင်နေတယ်။
ဆောင်းရာသီမှာ ပူပူနွေးနွေးအစားအစာလေးတွေ စားရတာက အရမ်းဇိမ်ရှိတယ်လေ။
ကင်မရာမင်းက ရှင်းပြဖို့ အချိန်မရသေးခင် လင်ချန်အန်းက ပြုံးပြီး ရှင်းပြတယ်။ "မစ်ရှင် ပြီးအောင်လုပ်ရမယ်လေ အဖွဲ့ရဲ့ လိုအပ်တာတွေနဲ့ ဖလှယ်ဖို့အတွက် သကြားလုံးသုံးရမယ်လို့ ပရိုဂရမ်အဖွဲ့က ပြောထားတယ် ငါတို့လည်း ဒီလိုပဲလုပ်မှာ မင်းတို့က မင်းတို့ရဲ့ သကြားလုံးကို အခု ဘာနဲ့မှ မဖလှယ်ရသေးဘူး.."
နဉ်နဉ်နဲ့အခြားသူတွေက လော့ချယ်တို့အဖွဲ့ အောင်မြင်နိုင်မလားလို့ ထင်ကြေးပေးနေကြပြီး သူတို့က အနီးအနားမှာ ရှိနေကြတာဖြစ်ကာ အဝေးကနေ စောင့်ကြည့်နေခဲ့ကြတယ်။
မဟုတ်ဘူး၊ တစ်ခုခုဖြစ်သွားတာနဲ့တပြိုင်နက် သူတို့အဖွဲ့သားသုံးယောက်က စည်းလုံးသွားကြတယ်။
လီရှောင်းဟယ်က နူးညံ့သိမ်မွေ့တဲ့မျက်နှာလေး ရှိပေမယ့်လည်း သူမရဲ့ဒေါသကတော့ အရမ်းကိုတည့်တိုးဆန်တယ်။ သူမက ရှေ့ကိုတက်ပြီး "ငါတို့က သကြားလုံး သုံးစရာတောင် မလိုဘူးလေ ဒါက ငါတို့ အရမ်းတော်တယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား"
ကင်မရာမင်းအစ်ကိုကြီးက ခေါင်းကုတ်ပြီး "ဒါပေမယ့် မစ်ရှင်စည်းမျဉ်းတွေကိုတော့ လိုက်နာရမယ်လေ"
လင်ချန်အန်းက ကူညီလိုက်တယ်။ "ဟုတ်တယ်၊ မင်းတို့ မစ်ရှင်စည်းမျဉ်းတွေကို လိုက်နာရမယ်၊ လော့လောင်ရှီး မင်းရောဘယ်လိုထင်လဲ"
သူတို့သုံးယောက်ထဲမှာ ခေါင်းဆောင်ဖြစ်တဲ့ လော့ချယ်က အေးစက်စက်စိတ်နေစိတ်ထားရှိပြီး စကားအနည်းဆုံးပင်။ ကုမျန်မှာလည်း ဗုဒ္ဓဘာသာဆန်တဲ့စိတ်ထားရှိတယ်။ များစွာသော ကိစ္စတွေမှာ သူမက လျစ်လျူရှုထားတတ်တဲ့ ကိုယ်ရည်ကိုယ်သွေးရှိတယ်။ လင်ချန်အန်းရဲ့စကားထွက်လာတာနဲ့ လီရှောင်းဟယ်က အစားအစာဆုံးရှုံးရမှာစိုးတဲ့အတွက် သူမက ပြန်ပြောလိုက်တယ်။"သူက ဘာပြောရမှာလဲ? ငါတို့ရဲ့အရည်အချင်းကို အားကိုးပြီး အလယ်က လုပ်ငန်းစဉ်ကို ကျော်လိုက်တာလေ ဒီလိုနည်းလမ်းနဲ့ အားထုတ်ကြိုးပမ်းရမှာတွေကို ဘယ်လောက်များများ လျှော့ချနိုင်ခဲ့လဲ နင်တို့လည်း ငါတို့လိုလုပ်သင့်တယ်နော်!"
လင်ချန်အန်းက ပြုံးပြီး တိတ်ဆိတ်နေတဲ့ လော့ချယ်ကို လှည့်ကြည့်လိုက်ကာ "မင်းတို့အဖွဲ့က ဒီစားသောက်ရတဲ့အခွင့်အရေးကို ကုမျန်ကြောင့် ရခဲ့တာလေ အဖွဲ့ခေါင်းဆောင်အနေနဲ့ လော့လောင်ရှီးက သူ့ရာထူးကိုဖော်ပြဖို့ နှေးကွေးနေတယ်နော် စောင့်ဆိုင်းရမှာစိုးလို့လား ဒါမှမဟုတ် သကြားလုံးကို တစ်ခုခုနဲ့ဖလှယ်ဖို့ မဖြစ်နိုင်လို့များလား"
သူစကားပြောတဲ့အချိန်မှာ ပြုံးနေပေမယ့်လည်း သူ့စကားတွေထဲမှာတော့ ရန်စတဲ့အရိပ်အယောင်တွေ ရှိနေတယ်။
အဖွဲ့နှစ်ဖွဲ့ရဲ့ ကင်မရာမင်းတွေက လော့ချယ်နဲ့ လင်ချန်အန်းကို အမိအရရိုက်ကူးဖို့ အလုပ်များနေကြတယ်။
အငြင်းပွားဖွယ်အကြောင်းအရာတွေက showအပေါ် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုရှိတယ်လေ။
ထို့နောက်မှသာ လော့ချယ်က သူ့နှုတ်ခမ်းကို ညင်သာစွာကွေးလိုက်ပြီး သူ့ရဲ့ ဖြူဖွေးပြီး အပြစ်ကင်းတဲ့မျက်နှာပေါ် အပြုံးတစ်ပွင့် ပေါ်လာတယ်။
သူက ပေါ့ပေါ့ပါးပါးနဲ့"ဒါက ကုမျန်ဖြစ်ဖြစ် ငါဖြစ်ဖြစ် ကိစ္စမရှိဘူး၊ အတူတူပဲ"
ထိုစကားက အခြားသူတွေရဲ့နားထဲရောက်သွားတော့ ကုမျန်နဲ့ လော့ချယ်တို့က တစ်ဖွဲ့တည်းဖြစ်ကြပြီး အဖွဲ့ဝင်ဖြစ်စေ ခေါင်းဆောင်ဖြစ်စေ သူတို့က တကယ်တော့ အတူတူပါပဲလို့ အလိုအလျောက်နားလည်သွားစေခဲ့တယ်။
ဒါပေမယ့် လော့ချယ်ရဲ့တကယ့်အဓိပ္ပါယ်က သူတို့ထင်သလို မဟုတ်ဘူး။ ကုမျန်က သူ့ကောင်မလေးဖြစ်ပြီး သူတို့နှစ်ယောက်က တစ်ယောက်ထဲလို့ သူဆိုလိုတာ။ ဒါကြောင့် သူမပဲဖြစ်ဖြစ် သူပဲဖြစ်ဖြစ်၊ တကယ်တော့ အတူတူပဲ။
လော့ကျစ်ယွီသာ ဒီမှာရှိပြီး လော့ချယ်ရဲ့စကားကိုကြားရင် သေချာသလောက်ကတော့ ခုန်ထပြီး သူ့ကို နောက်တစ်ကြိမ် လက်ညိုးထပ်ထိုးတော့မှာ။
လော့ချယ်က လူတိုင်းရှေ့မှာ နောက်ထပ်လှိုင်းတစ်ခုကို ထပ်လုပ်လိုက်တာပဲ။
လင်ချန်အန်းက သရော်ပြီး အမှုမထားသလို ပြောလာတယ်။ "သူမက အတူတူပဲလား မတူဘူးလားဆိုတာက ကိစ္စမရှိဘူး၊ မင်းက ပရိုဂရမ်အဖွဲ့ရဲ့စည်းမျဉ်းတွေကို လိုက်နာရမှာပဲ မဟုတ်ဘူးလား?"
အားကောင်းတဲ့ယမ်းမှုန့်နံ့တွေက လေထုထဲပေါ်ပေါက်လာတယ်။ (m.တင်းမာနေတဲ့အခြေအနေ)
ကုမျန်က သူတို့ ပြင်းပြင်းထန်ထန် ငြင်းခုံနေကြတာကိုမြင်တော့ ခေါင်းကိုက်သွားတယ်။ ဒါကြောင့် သူမက လော့ချယ်ရဲ့လက်ထဲက သကြားလုံးကိုယူလိုက်ပြီး အဘွားအိုကို ပေးလိုက်ကာ သူမကို နွေးထွေးစွာမေးလိုက်တယ်။"အဘွား၊ ဒီသကြားလုံးကို သုံးကြရအောင် ဒါနဲ့ဖလှယ်ဖို့အတွက် ဆန်၊ ဟင်းသီးဟင်းရွက်၊ ဆီ၊ ဆား၊ ငံပြာရည်၊ ရှာလကာရည်၊ အိုးနဲ့ ဒယ်အိုးတွေ ကျွန်မတို့ရနိုင်မလားဟင်?"
အဖွားအိုက သူမတို့ကို ထမင်းကျွေးဖို့ သဘောတူထားပြီးပေမယ့် အခု ကုမျန်က တောင်းဆိုချက်ကို ပြောင်းလဲလိုက်တော့ သူမက စဉ်းစားလိုက်ပြီး ထင်မြင်ချက် သိပ်ရှိမနေဘူး။ "အဆင်ပြေပေမယ့် အိမ်မှာ စားစရာ သိပ်မရှိတော့ဘူး"
သူတို့ရဲ့ရွာငယ်လေးက မှီခိုမှုကင်းလွတ်တဲ့ လူနေမှုပုံစံကို ခံယူထားပြီး သူတို့ကိုယ်ပိုင် ဟင်းသီးဟင်းရွက်တွေကို စိုက်ပျိုးကြတာဖြစ်တယ်။ အိမ်တိုင်းက နံနက်တိုင်းမှာ ရင့်မှည့်လာတဲ့ ဟင်းသီးဟင်းရွက်တွေကို ခူးဆွတ်ဖို့အပြင်ထွက်ကြလိမ့်မယ်။ အလေအလွင့်ဖြစ်မှာစိုးတဲ့အတွက် နေ့တိုင်း သူတို့စားချင်တဲ့ ပမာဏကိုပဲ ခူးဆွတ်ကြပြီး ပိုခူးဆွတ်ထားလေ့မရှိကြဘူး။
ရွာကလူတွေက ဒေသခံမဟုတ်တဲ့သူတွေကို နည်းနည်းလေးမှ မသနားကြပေမယ့် သူတို့က အိမ်နီးချင်းတွေကိုတော့ အရမ်းရက်ရောကြတယ်။ တစ်ယောက်ယောက်က ဟင်းသီးဟင်းရွက်တွေ ပိုရှိရင် အိမ်နီးနားချင်းတွေဆီ ပို့ပေးတယ်။ ဒါကြောင့် ရွာသူရွာသားတွေက ဆင်းရဲတွင်းနက်နေပေမယ့်လည်း သူတို့က စားသောက်ဖို့အတွက်တော့ စိတ်ပူစရာမလိုပေ။
ကုမျန်က "ရပါတယ် အဖွား၊ အဖွားရဲ့အိမ်မှာ ခေါက်ဆွဲရှိလား"
"အများကြီးရှိတယ်၊ ငါနဲ့လိုက်ခဲ့"
"ကောင်းပါပြီ"
Zawgyi
လူအခ်ိဳ႕က အေစာင့္အၾကပ္ေမ့ေလ်ာ့ေစတဲ့ ေရာင္ဝါေတြနဲ႕ ေမြးဖြားလာၾကတယ္။
ကုမ်န္က ထိုသို႔ေသာလူအမ်ိဳးအစားမွာ ပါ၀င္ဖို႔ျဖစ္လာခဲ့တယ္။
သူမရဲ႕ေရာင္ဝါက သန႔္ရွင္းၾကည္လင္ၿပီး ရန္လိုျခင္းမရွိေပ။ အဖြားအိုရဲ႕အျမင္အရ ကုမ်န္က ေလာ့ခ်ယ္လိုမ်ိဳး ေအးစက္စက္ျဖစ္ၿပီး လက္လွမ္းမမွီနိုင္မ်ိဳးနဲ႕ ၀င့္ႂကြားမႈလည္းမရွိသလို လီေရွာင္းဟယ္လိုမ်ိဳး စြဲမက္ဖြယ္ေကာင္းၿပီး ရိုင္းစိုင္းမႈလည္းမရွိေပ။ ကုမ်န္၊ သူမက လူေတြကို စိတ္သက္ေတာင့္သက္သာျဖစ္ေစတယ္။
အဘြားအိုက စားေသာက္ဖို႔ တူသုံးေခ်ာင္းထပ္ထည့္ရမွာေၾကာင့္ တခဏမွ် တုံ႕ဆိုင္းသြားတယ္။ သူမ လက္ခံခါနီးမွာ ကင္မရာမင္းက ကမန္းကတန္း ေရွ႕တိုးလာၿပီး"ေဟး ေဟး၊ မင္းတို႔ အဲလိုလုပ္လို႔မရဘူး"
လီေရွာင္းဟယ္က သူမတို႔စားရေတာ့မယ့္ အစားအေသာက္ကို မစားရေတာ့မွာစိုးလို႔ ကင္မရာမင္းေရွ႕မွာ ရပ္ၿပီး နိုးနိုးၾကားၾကားနဲ႕ ေမးလိုက္တယ္။ "ဘာလို႔လုပ္လို႔မရတာလဲ" အခ်ိန္အေတာ္ၾကာ လမ္းေလွ်ာက္ၿပီးေနာက္မွာ သူမက ေမာပန္းႏြမ္းနယ္ေနၿပီျဖစ္ၿပီး ပူပူႏြေးႏြေးအစားအစာေလးမစားရေသးခင္ ထိုင္ခ်ၿပီး ေကာင္းေကာင္းအနားယူခ်င္ေနတယ္။
ေဆာင္းရာသီမွာ ပူပူႏြေးႏြေးအစားအစာေလးေတြ စားရတာက အရမ္းဇိမ္ရွိတယ္ေလ။
ကင္မရာမင္းက ရွင္းျပဖို႔ အခ်ိန္မရေသးခင္ လင္ခ်န္အန္းက ၿပဳံးၿပီး ရွင္းျပတယ္။ "မစ္ရွင္ ၿပီးေအာင္လုပ္ရမယ္ေလ အဖြဲ႕ရဲ႕ လိုအပ္တာေတြနဲ႕ ဖလွယ္ဖို႔အတြက္ သၾကားလုံးသုံးရမယ္လို႔ ပရိုဂရမ္အဖြဲ႕က ေျပာထားတယ္ ငါတို႔လည္း ဒီလိုပဲလုပ္မွာ မင္းတို႔က မင္းတို႔ရဲ႕ သၾကားလုံးကို အခု ဘာနဲ႕မွ မဖလွယ္ရေသးဘူး.."
နဥ္နဥ္နဲ႕အျခားသူေတြက ေလာ့ခ်ယ္တို႔အဖြဲ႕ ေအာင္ျမင္နိုင္မလားလို႔ ထင္ေၾကးေပးေနၾကၿပီး သူတို႔က အနီးအနားမွာ ရွိေနၾကတာျဖစ္ကာ အေဝးကေန ေစာင့္ၾကည့္ေနခဲ့ၾကတယ္။
မဟုတ္ဘူး၊ တစ္ခုခုျဖစ္သြားတာနဲ႕တၿပိဳင္နက္ သူတို႔အဖြဲ႕သားသုံးေယာက္က စည္းလုံးသြားၾကတယ္။
လီေရွာင္းဟယ္က ႏူးညံ့သိမ္ေမြ႕တဲ့မ်က္ႏွာေလး ရွိေပမယ့္လည္း သူမရဲ႕ေဒါသကေတာ့ အရမ္းကိုတည့္တိုးဆန္တယ္။ သူမက ေရွ႕ကိုတက္ၿပီး "ငါတို႔က သၾကားလုံး သုံးစရာေတာင္ မလိုဘူးေလ ဒါက ငါတို႔ အရမ္းေတာ္တယ္လို႔ ဆိုလိုတာ မဟုတ္ဘူးလား"
ကင္မရာမင္းအစ္ကိုႀကီးက ေခါင္းကုတ္ၿပီး "ဒါေပမယ့္ မစ္ရွင္စည္းမ်ဥ္းေတြကိုေတာ့ လိုက္နာရမယ္ေလ"
လင္ခ်န္အန္းက ကူညီလိုက္တယ္။ "ဟုတ္တယ္၊ မင္းတို႔ မစ္ရွင္စည္းမ်ဥ္းေတြကို လိုက္နာရမယ္၊ ေလာ့ေလာင္ရွီး မင္းေရာဘယ္လိုထင္လဲ"
သူတို႔သုံးေယာက္ထဲမွာ ေခါင္းေဆာင္ျဖစ္တဲ့ ေလာ့ခ်ယ္က ေအးစက္စက္စိတ္ေနစိတ္ထားရွိၿပီး စကားအနည္းဆုံးပင္။ ကုမ်န္မွာလည္း ဗုဒၶဘာသာဆန္တဲ့စိတ္ထားရွိတယ္။ မ်ားစြာေသာ ကိစၥေတြမွာ သူမက လ်စ္လ်ဴရႈထားတတ္တဲ့ ကိုယ္ရည္ကိုယ္ေသြးရွိတယ္။ လင္ခ်န္အန္းရဲ႕စကားထြက္လာတာနဲ႕ လီေရွာင္းဟယ္က အစားအစာဆုံးရႈံးရမွာစိုးတဲ့အတြက္ သူမက ျပန္ေျပာလိုက္တယ္။"သူက ဘာေျပာရမွာလဲ? ငါတို႔ရဲ႕အရည္အခ်င္းကို အားကိုးၿပီး အလယ္က လုပ္ငန္းစဥ္ကို ေက်ာ္လိုက္တာေလ ဒီလိုနည္းလမ္းနဲ႕ အားထုတ္ႀကိဳးပမ္းရမွာေတြကို ဘယ္ေလာက္မ်ားမ်ား ေလွ်ာ့ခ်နိဳင္ခဲ့လဲ နင္တို႔လည္း ငါတို႔လိုလုပ္သင့္တယ္ေနာ္!"
လင္ခ်န္အန္းက ၿပဳံးၿပီး တိတ္ဆိတ္ေနတဲ့ ေလာ့ခ်ယ္ကို လွည့္ၾကည့္လိုက္ကာ "မင္းတို႔အဖြဲ႕က ဒီစားေသာက္ရတဲ့အခြင့္အေရးကို ကုမ်န္ေၾကာင့္ ရခဲ့တာေလ အဖြဲ႕ေခါင္းေဆာင္အေနနဲ႕ ေလာ့ေလာင္ရွီးက သူ႕ရာထူးကိုေဖာ္ျပဖို႔ ႏွေးေကြးေနတယ္ေနာ္ ေစာင့္ဆိုင္းရမွာစိုးလို႔လား ဒါမွမဟုတ္ သၾကားလုံးကို တစ္ခုခုနဲ႕ဖလွယ္ဖို႔ မျဖစ္နိုင္လို႔မ်ားလား"
သူစကားေျပာတဲ့အခ်ိန္မွာ ၿပဳံးေနေပမယ့္လည္း သူ႕စကားေတြထဲမွာေတာ့ ရန္စတဲ့အရိပ္အေယာင္ေတြ ရွိေနတယ္။
အဖြဲ႕ႏွစ္ဖြဲ႕ရဲ႕ ကင္မရာမင္းေတြက ေလာ့ခ်ယ္နဲ႕ လင္ခ်န္အန္းကို အမိအရရိုက္ကူးဖို႔ အလုပ္မ်ားေနၾကတယ္။
အျငင္းပြားဖြယ္အေၾကာင္းအရာေတြက showအေပၚ ေကာင္းမြန္တဲ့ အက်ိဳးသက္ေရာက္မႈရွိတယ္ေလ။
ထို႔ေနာက္မွသာ ေလာ့ခ်ယ္က သူ႕ႏႈတ္ခမ္းကို ညင္သာစြာေကြးလိုက္ၿပီး သူ႕ရဲ႕ ျဖဴေဖြးၿပီး အျပစ္ကင္းတဲ့မ်က္ႏွာေပၚ အၿပဳံးတစ္ပြင့္ ေပၚလာတယ္။
သူက ေပါ့ေပါ့ပါးပါးနဲ႕"ဒါက ကုမ်န္ျဖစ္ျဖစ္ ငါျဖစ္ျဖစ္ ကိစၥမရွိဘူး၊ အတူတူပဲ"
ထိုစကားက အျခားသူေတြရဲ႕နားထဲေရာက္သြားေတာ့ ကုမ်န္နဲ႕ ေလာ့ခ်ယ္တို႔က တစ္ဖြဲ႕တည္းျဖစ္ၾကၿပီး အဖြဲ႕ဝင္ျဖစ္ေစ ေခါင္းေဆာင္ျဖစ္ေစ သူတို႔က တကယ္ေတာ့ အတူတူပါပဲလို႔ အလိုအေလ်ာက္နားလည္သြားေစခဲ့တယ္။
ဒါေပမယ့္ ေလာ့ခ်ယ္ရဲ႕တကယ့္အဓိပၸါယ္က သူတို႔ထင္သလို မဟုတ္ဘူး။ ကုမ်န္က သူ႕ေကာင္မေလးျဖစ္ၿပီး သူတို႔ႏွစ္ေယာက္က တစ္ေယာက္ထဲလို႔ သူဆိုလိုတာ။ ဒါေၾကာင့္ သူမပဲျဖစ္ျဖစ္ သူပဲျဖစ္ျဖစ္၊ တကယ္ေတာ့ အတူတူပဲ။
ေလာ့က်စ္ယြီသာ ဒီမွာရွိၿပီး ေလာ့ခ်ယ္ရဲ႕စကားကိုၾကားရင္ ေသခ်ာသေလာက္ကေတာ့ ခုန္ထၿပီး သူ႕ကို ေနာက္တစ္ႀကိမ္ လက္ညိုးထပ္ထိုးေတာ့မွာ။
ေလာ့ခ်ယ္က လူတိုင္းေရွ႕မွာ ေနာက္ထပ္လွိုင္းတစ္ခုကို ထပ္လုပ္လိုက္တာပဲ။
လင္ခ်န္အန္းက သေရာ္ၿပီး အမႈမထားသလို ေျပာလာတယ္။ "သူမက အတူတူပဲလား မတူဘူးလားဆိုတာက ကိစၥမရွိဘူး၊ မင္းက ပရိုဂရမ္အဖြဲ႕ရဲ႕စည္းမ်ဥ္းေတြကို လိုက္နာရမွာပဲ မဟုတ္ဘူးလား?"
အားေကာင္းတဲ့ယမ္းမႈန႔္နံ႕ေတြက ေလထုထဲေပၚေပါက္လာတယ္။ (m.တင္းမာေနတဲ့အေျခအေန)
ကုမ်န္က သူတို႔ ျပင္းျပင္းထန္ထန္ ျငင္းခုံေနၾကတာကိုျမင္ေတာ့ ေခါင္းကိုက္သြားတယ္။ ဒါေၾကာင့္ သူမက ေလာ့ခ်ယ္ရဲ႕လက္ထဲက သၾကားလုံးကိုယူလိုက္ၿပီး အဘြားအိုကို ေပးလိုက္ကာ သူမကို ႏြေးေထြးစြာေမးလိုက္တယ္။"အဘြား၊ ဒီသၾကားလုံးကို သုံးၾကရေအာင္ ဒါနဲ႕ဖလွယ္ဖို႔အတြက္ ဆန္၊ ဟင္းသီးဟင္း႐ြက္၊ ဆီ၊ ဆား၊ ငံျပာရည္၊ ရွာလကာရည္၊ အိုးနဲ႕ ဒယ္အိုးေတြ ကြၽန္မတို႔ရနိုင္မလားဟင္?"
အဖြားအိုက သူမတို႔ကို ထမင္းေကြၽးဖို႔ သေဘာတူထားၿပီးေပမယ့္ အခု ကုမ်န္က ေတာင္းဆိုခ်က္ကို ေျပာင္းလဲလိုက္ေတာ့ သူမက စဥ္းစားလိုက္ၿပီး ထင္ျမင္ခ်က္ သိပ္ရွိမေနဘူး။ "အဆင္ေျပေပမယ့္ အိမ္မွာ စားစရာ သိပ္မရွိေတာ့ဘူး"
သူတို႔ရဲ႕႐ြာငယ္ေလးက မွီခိုမႈကင္းလြတ္တဲ့ လူေနမႈပုံစံကို ခံယူထားၿပီး သူတို႔ကိုယ္ပိုင္ ဟင္းသီးဟင္း႐ြက္ေတြကို စိုက္ပ်ိဳးၾကတာျဖစ္တယ္။ အိမ္တိုင္းက နံနက္တိုင္းမွာ ရင့္မွည့္လာတဲ့ ဟင္းသီးဟင္း႐ြက္ေတြကို ခူးဆြတ္ဖို႔အျပင္ထြက္ၾကလိမ့္မယ္။ အေလအလြင့္ျဖစ္မွာစိုးတဲ့အတြက္ ေန႕တိုင္း သူတို႔စားခ်င္တဲ့ ပမာဏကိုပဲ ခူးဆြတ္ၾကၿပီး ပိုခူးဆြတ္ထားေလ့မရွိၾကဘူး။
႐ြာကလူေတြက ေဒသခံမဟုတ္တဲ့သူေတြကို နည္းနည္းေလးမွ မသနားၾကေပမယ့္ သူတို႔က အိမ္နီးခ်င္းေတြကိုေတာ့ အရမ္းရက္ေရာၾကတယ္။ တစ္ေယာက္ေယာက္က ဟင္းသီးဟင္း႐ြက္ေတြ ပိုရွိရင္ အိမ္နီးနားခ်င္းေတြဆီ ပို႔ေပးတယ္။ ဒါေၾကာင့္ ႐ြာသူ႐ြာသားေတြက ဆင္းရဲတြင္းနက္ေနေပမယ့္လည္း သူတို႔က စားေသာက္ဖို႔အတြက္ေတာ့ စိတ္ပူစရာမလိုေပ။
ကုမ်န္က "ရပါတယ္ အဖြား၊ အဖြားရဲ႕အိမ္မွာ ေခါက္ဆြဲရွိလား"
"အမ်ားႀကီးရွိတယ္၊ ငါနဲ႕လိုက္ခဲ့"
"ေကာင္းပါၿပီ"