အသက်ရှင်နိုင်ဖို့အရေး အနမ်းတွ...

By Melinoe_Megami

283K 50.9K 3.6K

I rely on kisses to clear survival games. 90 Chapters + 9 Extras This is not my own. Totally Credited to orig... More

Description
1
2
3 - Midnight Mansion (1)
4 - Midnight Mansion (2)
5 - Midnight Mansion (3)
6 - Midnight Mansion (4)
7 - Midnight Mansion (5)
8 - Midnight Mansion (6)
9 - Midnight mansion (7)
10 - Midnight Mansion (8)
11 - Midnight Mansion (9)
12 - Midnight Mansion (10)
13 - Midnight Mansion (End)
14
15
16
17 - Abandoned hospital (1)
18 - Abandoned Hospital (2)
19 - Abandoned Hospital (3)
20 - Abandoned Hospital (4)
21.1 -Abandoned Hospital (5)
21.2 - Abandoned Hospital (5)
22 - Abandoned Hospital (6)
23 - Abandoned Hospital (7)
24 - Abandoned Hospital (8)
25 - Abandoned Hospital (9)
26 - Abandoned Hospital (10)
27 - Abandoned Hodpital (11)
28 - Abandoned Hospital (12)
29 - Abandoned Hospital (13)
30 - Abandoned Hospital (14)
31.05 - Special Episode
31 - Abandoned Hospital (15)
32 - Abandoned Hospital (End)
33
34
35
36 - Horror Variety (1)
37 - Horror Variety (2)
38 - Horror Variety (3)
39 - Horror Variety (4)
40 - Horror Variety (5)
41 - Horror Variety (6)
42 - Horror Variety (7)
43 - Horror Variety (8)
44 - Horror Variety (9)
45 - Horror Variety (End)
46
47 - Ghost School (1)
48 - Ghost School (2)
49 - Ghost School (3)
50 - Ghost School (4)
51 - Ghost School (5)
52 - Ghost School (6)
53 - Ghost School (7)
54 - Ghost School (8)
55 - Ghost School (9)
56 - Ghost School (10)
57 - Ghost School (11)
58 - Ghost School (12)
59 - Ghost School (13)
60 - Ghost School (14)
61 - Ghost School (15)
62 - Ghost School (16)
63 - Ghost School (17)
64 - Ghost School (End)
65 - Ghost's Bride (1)
66 - Ghost's Bride (2)
67 - Ghost's Bride (3)
68 -Ghost's Bride (4)
69 -Ghost's Bride (5)
70 - Ghost's Bride (6)
71 - Ghost's Bride (7)
72 - Ghost's Bride (8)
73 - Ghost's Bride (9)
74 - Ghost's Bride (10)
75 - Ghost's Bride (11)
76 - Ghost's Bride (12)
Arts
78
79
80
81
82 - Out of Control Photobook (1)
83 - Out of Control Photobook (2)
84 - Out of Control Photobook (3)
85 - Out of Control Photobook (4)
86 - Out of Control Photobook (5)
87 - Out of Control Photobook (6)
88 - Out of Control Photobook (End)
89 - Finale (1)
90 - Finale
91 - Extra : Bloody Fairy Tale (1)
92 - Extra : Bloody Fairy Tale (2)
93 - Extra : Bloody Fairy Tale (3)
94 - Extra : Bloody Fairy Tale (4)
95 - Extra : Bloody Fairy Tale (5)
96 - Extra : Bloody Fairy Tale (End)
97 - Extra
98 - Extra
99 - Extra End

77 - Ghost's Bride (End)

2K 478 67
By Melinoe_Megami

Unicode

အခန်း - (၇၇) : တစ္ဆေသတို့သမီး (End)

မှန်အတွင်းပိုင်းကမ္ဘာသည် ပြင်ပလောကနှင့် ချွတ်စွပ်တူ၏။ တစ်ခုတည်းသော ကွာခြားချက်ကား ဘယ်ညာပြောင်းပြန် ဖြစ်နေခြင်းသာ။ ပရိဘောဂပစ္စည်းအတော်များများ နေရာပြောင်းသွားပြီး အလင်းရောင်ဖျော့ဖျော့ ရှိနေသည်။ ထို့ကြောင့် ချန်ကျစ်ချူးသည် မှန်အပြင်ဘက်တွင် ဓာတ်မီးကျကျန်ခဲ့သော်လည်း ဝေဝေဝါးဝါး မြင်နေရသေး၍ နံရံကို ဝင်မတိုက်မိပေ။

ထို့အပြင် သတို့သားက သူ၏လက်ကိုဆုပ်ကိုင်ကာ အချိုးအကွေ့များသည့် လမ်းတစ်လျှောက် ဦးဆောင်ခေါ်သွားသဖြင့် လမ်းပျောက်မှာကိုလည်း မပူရပေ။ ဝက်ဝံရုပ်လေးနှင့် ငွေဒင်္ဂါးက သူတို့နှစ်ဦး၏အရှေ့မှ လမ်းပြပေးနေသည်။ နှစ်ကောင်သား အချင်းချင်း ပြိုင်ဆိုင်ရင်း အရှိန်မြန်လာသဖြင့် သတို့သားက ဆူငေါက်လိုက်မှသာ စိတ်မပါလက်မပါဖြင့် အရှိန်ပြန်လျော့သွားကြသည်။

သတို့သား၏ အေးစက်စက်လက်ချောင်းများက ချန်ကျစ်ချူး၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသည်။ ချန်ကျစ်ချူးက သတို့သား၏ ဆွဲခေါ်ရာနောက် လိုက်ပါသွားရင်း အတွေးလွန်နေလေသည်။ သူ၏စိတ်ထဲ ရှုပ်ထွေးနေပြီး ‘Winter Branch’ ပြောခဲ့သည့် စကားကိုသာ ထပ်တလဲလဲ ပြန်တွေးနေမိသည်။

ဟိုကောင်ပဲဖြစ်ဖြစ်၊ တခြား‘ပိုင်ရိ’တွေပဲဖြစ်ဖြစ်……

တကယ်တော့ ချန်ကျစ်ချူးသည် ပိုင်ရိက လျှို့ဝှက်ချက်များပြီး သူ့ကို တစ်ခုခုဖုံးကွယ်ထားနိုင်ကြောင်း တွေးမိပြီးသားပင်။ ဥပမာအားဖြင့် Death Mode ရွေးချယ်ခဲ့ရသည့် ဆုံးဖြတ်ချက်နောက်ကွယ်မှ အကြောင်းအရင်း၊ ကမ္ဘာအစစ်တွင် အန္တရာယ်တစ်ခုခု တွေ့ကြုံခဲ့ရသလား.. စသည်ဖြင့်။

သို့သော် ယခုတော့ သူသိလိုက်ချေပြီ။ လွန်ခဲ့သောခြောက်နှစ်ခန့်က ပိုင်ရိသည် မစ္စတာမု၏လက်ချက်ဖြင့် ခေါင်းဖြတ်ခံလိုက်ရပြီး ခန္ဓာကိုယ်အစစ်မရှိဘဲ ဂိမ်းကမ္ဘာထဲတွင် ပိတ်မိနေတာ ဖြစ်နိုင်သည်။ သူက ဝိညာဉ်သပ်သပ်၊ သို့တည်းမဟုတ် နည်းလမ်းတစ်ခုခုဖြင့် ခန္ဓာအသစ်ရထားတာ ဖြစ်ရမည်။

သူတို့နှစ်ဦး ဂိမ်းထဲရောက်လာသည့်အချိန်က အတူတူလောက်ပင်။ ပိုင်ရိ၏ပုံစံကလည်း သူ့လို အတွေ့အကြုံမရှိသည့် Player အသစ်လေး ဖြစ်ပုံပေါ်သည်။

ဒါဆိုရင် ဒီခြောက်နှစ်တာကာလအတွင်းမှာ ပိုင်ရိရဲ့ဝိညာဉ်က ဘယ်ရောက်နေတာလဲ..? သိပ်မကြာခင်ကမှ ပြန်နိုးလာတာလား..? ကမ္ဘာအစစ်မှာ ဖြစ်ပျက်ခဲ့တာတွေကို မှတ်မိနေလောက်လား..? ပြီးတော့…. တခြား‘ပိုင်ရိ’တွေဆိုတဲ့ စကားက ဘာကိုဆိုလိုနေတာလဲ..?

တွေးလေ၊ နားမလည်နိုင်လေ၊ ချန်ကျစ်ချူးမှာ စိတ်ဓာတ်ကျလာရလေပင်။ ကိစ္စများက သူထင်သလောက် မရိုးရှင်းကြောင်း အလိုလိုခံစားသိနေသည်။ ပိုင်ရိက သူ့ကို ကိစ္စတော်တော်များများ ဖုံးကွယ်ထားသော်လည်း ပိုင်ရိအား အပြစ်တင်ရန် ရည်ရွယ်ချက်မရှိ။ အတတ်နိုင်ဆုံး ကူညီပေးချင်မိသည်။ တစ်နေ့ ကမ္ဘာအစစ်သို့ ဘေးအန္တရာယ်ကင်းကင်း ပြန်ရောက်နိုင်ရန်သာ မျှော်လင့်သည်။

အဘယ်ကြောင့်ဆိုသော် ပိုင်ရိက သူချစ်မြတ်နိုးရသူ ဖြစ်နေသောကြောင့်ပင်။

ပိုင်ရိကို သေစေခဲ့သော အဓိကတရားခံဖြစ်သည့် ဤနေရာ၏ပိုင်ရှင် မစ္စတာမုကိုတော့…

ချန်ကျစ်ချူး၏ရင်ထဲဝယ် ဒေါသအလိပ်လိပ် တက်လာပြီး လက်သီးတင်းတင်းဆုပ်လိုက်သည်။ အတွေးနွံနစ်နေရာမှ ပြန်သတိဝင်လာပြီး အမှောင်ထုလွှမ်းနေသည့် ဥမင်လိုဏ်ခေါင်းဆီသို့ မျှော်ကြည့်လိုက်၏။

အစောပိုင်းတွင် ဝက်ဝံရုပ်လေးက ဆီချေးနံ့လိုလို သွေးနံ့လိုလိုရကြောင်း ပြောခဲ့သည်။ ယခုတော့ ချန်ကျစ်ချူးပင် အနံ့ရလာချေပြီ။ အနံ့က တစ်စထက်တစ်စ ပိုမိုပြင်းထန်လာပြီး အော်ဂလီဆန်ဖွယ်အတိ။ သို့သော် ယင်းအခြေအနေကပင် ဦးခေါင်းမြှုပ်ထားသည့် နေရာနှင့် နီးစပ်လာပြီဖြစ်ကြောင်း ဖော်ပြနေသည်။

ဒီအနံ့.... မစ္စတာမုက လူဘယ်နှစ်ယောက်တောင် သတ်ခဲ့တာလဲ..? အလောင်းဘယ်နှစ်ခုတောင် ရှိနေလို့ ဒီလောက်အနံ့ပြင်းရတာလဲ..?

ချန်ကျစ်ချူးက ပါးစပ်နှင့်နှာခေါင်းကို ဖုံးထားလိုက်သည်။ သူ၏ရင်ထဲ ဒေါသထွက်နေသလို ကြောက်ရွံ့ထိတ်လန့်နေတာကိုလည်း ထိန်းချုပ်မရပေ။ ဥမင်အဆုံးတွင် မည်သည့်မြင်ကွင်းမျိုး ရှိနေမည်နည်း၊ အလောင်းပုံကြီးများ ရှိနေလေမလား၊ သူ ဆက်မတွေးရဲတော့ပေ။

[ ဒီနေရာမှာ မစ္စတာမုရဲ့စွမ်းအားနဲ့ အငွေ့အသက်က တော်တော်လေး အားဖျော့နေတယ်.. ]

ငွေဒင်္ဂါးက အရှေ့မှသွားနေရင်း ချန်ကျစ်ချူးကို တည်ငြိမ်စွာ ပြောပြနေသည်။

[ ကြည့်ရတာတော့ သူ ဒီကိုပြန်မလာတာ အတော်ကြာပြီထင်တယ်.. ငါ့အထင် အနည်းဆုံး ၁ နှစ်ပဲ.. ]

[ သူထောင်ထားတဲ့ ထောင်ချောက်တွေက သူ့ရဲ့ စွမ်းအားအထောက်အပံ့မရှိလို့ အသက်မဝင်တော့တာ.. မဟုတ်ရင် ငါ့ကြောင့် ကံကောင်းနေရင်တောင် ဒီထဲကို အလွယ်တကူ ဝင်လာနိုင်မှာမဟုတ်ဘူး.. ]

[ သူ တစ်ခုခုဖြစ်နေတာ.. ဒါမှမဟုတ် သေသွားတာ ဖြစ်နိုင်တယ်.. ဘာမှမဖြစ်ပဲနဲ့တော့ ဒီနေရာကို အချိန်အကြာကြီး ပြန်မလာဘဲမနေဘူး.. ]

[ ဒီနေရာက သူ့အတွက် အရာအားလုံးပဲ.. သူ့အသက်နဲ့တန်းတူ အရေးကြီးတယ်.. တစ်နေရာရာမှာ ပိတ်မိနေတာမျိုး၊ သေသွားတာမျိုးကလွဲရင် သူ စုဆောင်းထားတဲ့ ကံကောင်းမှုတွေအားလုံးကို စွန့်ပစ်လိုက်စရာ အကြောင်းမရှိဘူး.. ]

အဲ့ခွေးသူတောင်းစား တကယ်သေသွားရင် ကောင်းတာပေါ့.. တကယ်ကြီး အသေဆိုးနဲ့သေပါစေ.. ခန္ဓာကိုယ်မပြည့်မစုံနဲ့ အပိုင်းပိုင်းဖြတ်တောက်ခံရပြီး ပုံပျက်ပန်းပျက် သေပါစေ….

ချန်ကျစ်ချူးက ခပ်ကြမ်းကြမ်း ကျိန်ဆဲပစ်လိုက်သည်။ သူသိထားသမျှ ဆဲနည်းပေါင်းစုံသုံးပြီး မစ္စတာမုကို ဆဲရေးနေတော့သည်။ ဤသို့ဖြင့် ဥမင်လိုဏ်ခေါင်းအဆုံးသို့ ရောက်လာချေပြီ။

[ ငါတို့ရောက်ပြီ.. ]

ငွေဒင်္ဂါးက သူ့ကို သတိပေးသည်။ ဝက်ဝံလေးကလည်း ထောက်ခံဟန်ဖြင့် ခပ်တိုးတိုး အသံပြုလာသည်။

ချန်ကျစ်ချူးလည်း ခေါင်းမော့ပြီး သူ၏အရှေ့မှမြင်ကွင်းကို အကဲခတ်လိုက်၏။ သူ၏ရှေ့တည့်တည့်တွင် လက်ရာမြောက်စွာ ထွင်းထုထားသော အနက်ရောင်တံခါးမကြီးတစ်ချပ် ရှိနေပြီး အသေပိတ်ထားသည်။ သို့တိုင် တံခါးအနောက်ဘက်မှ စိမ့်ထွက်နေသည့် အနံ့ဆိုးကြီးကို ဖုံးဖိမရအောင်ပင်။

ချန်ကျစ်ချူးလည်း ဝက်ဝံရုပ်လေး၏ တံတွေးကို လျစ်လျူရှုကာ ငွေဒင်္ဂါးကို ကောက်လိုက်ရသည်။ ပြီးနောက် ကံကောင်းစေရန်အတွက် နောက်တစ်ကြိမ် ထပ်မြှောက်လိုက်သည်။

သတို့သားက ချန်ကျစ်ချူးကို ခြေတစ်လှမ်းဆုတ်စေပြီး အနက်ရောင်တံခါးကို တွန်းဖွင့်လိုက်သည်။ အလွန်လေးလံသည့် ကျောက်တံခါးကြီးက တအိအိဖြင့် ပွင့်လာသည်။

“ဟူး…”

ချန်ကျစ်ချူး၏ အမြင်အာရုံထဲ ထင်ဟပ်လာသည့်မြင်ကွင်းကား ထူးဆန်းသလို ကျောချမ်းဖွယ်အတိ။ အံ့ဩလွန်း၍ မျက်လုံးပင် ပြူးသွားရသည်။

ဤနေရာက မြေအောက်ခန်းတစ်ခုဆိုတာ ပြောနေရန်ပင်မလိုချေ။ သို့သော် သူ၏အရှေ့တွင် မည်းမှောင်အုံ့မှိုင်းနေသော မိုးကောင်းကင်တစ်ခု ရှိနေသည်။ ထိုအောက်တွင်မူ အဆုံးမဲ့ကမ္ဘာမြေလွှာ ရှိနေပြီး အလွန်ဝေးကွာသည့် တစ်နေရာ၌ မိုးကောင်းကင်နှင့် ပေါင်းစည်းကာ မိုးကုတ်စက်ဝိုင်း ဖြစ်တည်နေသည်။

မြေကြီးက မည်းမှောင်နေပြီး ထူးထူးဆန်းဆန်းပုံစံမျိုးဖြင့် ကောက်ကွေးလိမ်နေသည့် သစ်ပင်အများအပြား ပေါက်နေသည်။ သစ်ပင်များက ရှုပ်ယှက်ခတ်နေပြီး သစ်ကိုင်းများတွင် အရွက်တစ်ရွက်မျှမရှိ။ သစ်ပင်အခေါက်က မည်းတူးနေကာ ပင်စည်တွင် ရှုံ့မဲ့နေသည့် မျက်နှာပုံစံတစ်ခု ရှိနေသည်။ မသိလျှင် လူသေအလောင်းနှင့် ပေါင်းစည်းထားသကဲ့သို့၊ အမည်းရောင်မျက်နှာကြီးက အလွန်အမင်း ကြောက်စရာကောင်းလှသည်။

ကျီးကန်းတစ်ဖွဲ့ ပျံတက်သွားသည်။ သစ်ကိုင်းများအပေါ်တွင် နားနေပြီး နားဝင်ဆိုးစွာ အော်နေကြသည်။

လေထဲတွင် မွန်းကျပ်ဖွယ်အနံ့ဆိုးများဖြင့် ပြည့်နှက်နေသည်။ မြေပြင်ပေါ်တွင် အလောင်းများ မရေမတွက်နိုင်အောင် ပြန့်ကျဲနေသည်။ တချို့က အရိုးကျနေပြီဖြစ်သော်လည်း တချို့ကတော့ သေသွားတာ သိပ်မကြာသေးပုံပင်။ အနီရောင်အသွေးအသား၊ အရည်များ စီးကျနေပြီး လောက်တဖွားဖွားဖြင့်၊ အသားထဲမှ ဖောက်ထွက်နေကြသည်။

မြေမမြှုပ်ထားသည့် အလောင်းပုံကြီးအပြင် ကျောက်တုံးအုတ်ဂူများလည်း အများအပြား ရှိနေသည်။ အုတ်ဂူတစ်ခုချင်းစီက တောင်ကုန်းငယ်လေးများသဖွယ် မို့မောက်နေပြီး အရှေ့တွင် သစ်သားတိုင်တစ်ခုစီ စိုက်ထူထားသည်။ တချို့က မြေပြင်နှင့် တစ်သားတည်းဖြစ်နေ၍ အုတ်ဂူဟုခေါ်ရန်ပင် ခက်လှသည်။

ခပ်လှမ်းလှမ်းတွင် ရုပ်ပျက်ဆင်းပျက် ပုံရိပ်တချို့သည် မိုးကုတ်စက်ဝိုင်းဆီသို့ ဖြည်းညင်းစွာ ရွေ့လျားနေပြီး မိုးကောင်းကင်မှ စုပ်ယူခံလိုက်ရသကဲ့သို့ ပျောက်ကွယ်သွားကြသည်။

မျက်စိရှေ့မှ စိတ်မချမ်းမြေ့ဖွယ် မြင်ကွင်းကိုကြည့်ပြီး ချန်ကျစ်ချူးမှာ အံ့ဩထိတ်လန့်လွန်း၍ အတော်ကြာသည်အထိ သတိပြန်မကပ်နိုင်ခဲ့ပေ။ ရုတ်တရက် ကျောချမ်းလာသည်။ ဤနေရာတွင် လူဘယ်လောက်များများ သေဆုံးခဲ့ရမလဲ၊ သူတို့အားလုံး မစ္စတာမု၏လက်ချက်ဖြင့် သေဆုံးခဲ့ရခြင်းလား၊ သူ မတွေးရဲတော့ပေ။

[ ဒီနေရာက သုဿာန်တစ်ခုပဲ.. ]

System က ချန်ကျစ်ချူးကို သတိပေးသည်။ [ သတို့သားရဲ့ခေါင်းကို ရှာတွေ့တာနဲ့ ဒီနေရာမှာတင် နမ်းလို့ရပြီ.. ]

အပုပ်နံ့က ပြင်းလွန်းသဖြင့် ချန်ကျစ်ချူးမှာ အန်ချင်လာသည်။ အသက်တစ်ခါရှူတိုင်း ဝဋ်ဒုက္ခခံစားနေရသလိုပင်။ နောက်ဆုံး System Market မှ ဆေးဝယ်လိုက်မှသာ အတန်ငယ် အဆင်ပြေသွားသည်။

System ၏သတိပေးစကားက သူ့ကို အတော်လေး ထိတ်လန့်သွားစေ၏။ ငွေဒင်္ဂါးသာမရှိလျှင် သတို့သား၏ဦးခေါင်းကို တစ်ယောက်တည်း လိုက်ရှာရလိမ့်မည်။ ဤနေရာတစ်ခုလုံးဆိုလျှင် အချိန်မည်မျှကြာသွားမလဲ မသိနိုင်ပေ။

ထို့အပြင် ပိုင်ရိ၏ ခန္ဓာကိုယ်နှင့် ဦးခေါင်းကိုလည်း လိုက်ရှာရဦးမည်။

ချန်ကျစ်ချူးက မျက်လုံးမှိတ်ပြီး စိတ်ငြိမ်အောင် ကြိုးစားလိုက်သည်။ သတို့သား၏ဦးခေါင်းက ဤသင်္ချိုင်းတစ်နေရာတွင် ရှိနေသည့်အတွက် ကျေးဇူးတင်ရမည်။ Instance ကို အဆုံးသတ်ရန်အတွက် သတို့သားကို တစ်ခါတည်းနမ်းပြီး ‘မင်္ဂလာအနမ်း’ Mission ကို လုပ်ဆောင်နိုင်လိမ့်မည်။ ကျိန်စာသင့်လက်စွပ်နှင့် ‘Winter Branch’ ကိုလည်း တစ်ခါတည်း ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မည်။

( TN : မေ့နေကြမှာစိုးလို့၊ သတို့သားကို သင်္ချိုင်းမြေပေါ်မှာပဲ နမ်းရမှာပါ။ )

ပြီးလျှင် ပိုင်ရိ၏အလောင်းကို လိုက်ရှာပြီး အသက်ပြန်သွင်းရန်အတွက် နည်းလမ်းတစ်ခုခု ရှာဖွေရလိမ့်မည်။

“ချလွင်..”

ချန်ကျစ်ချူး၏ လက်ထဲမှ သွေးနီရောင်ဒင်္ဂါးလေးသည် နောက်တစ်ကြိမ် အသံမြည်လာခဲ့သည်။ ချန်ကျစ်ချူးက အသံတိတ် ဆုတောင်းလိုက်သည်။

*ကျေးဇူးပြုပြီး သတို့သားနဲ့ ပိုင်ရိရဲ့အလောင်းကို အောင်အောင်မြင်မြင် ရှာဖွေနိုင်ပါစေ..*

သူ၏လက်ထဲသို့ ငွေဒင်္ဂါး ပြန်ကျလာချိန်တွင် ဂျိုကာမျက်နှာ ပေါ်လာ၏။ တစ်ချိန်တည်းမှာပင် သတို့သားက တစ်ခုခုကို ပြန်မှတ်မိသွားဟန်ဖြင့် အရပ်မျက်နှာတစ်ခုသို့ ဦးတည်နေသည်။

သတို့သား၏ ခြေလှမ်းက အတော်ကျယ်သည်။ တစ်လမ်းလုံး ချန်ကျစ်ချူးကို ဆွဲခေါ်သွားသဖြင့် ချန်ကျစ်ချူးမှာ မနည်း ပြေးလိုက်နေရသည်။ အဖြူရောင်သတို့သမီးဝတ်စုံက လေထဲတွင် တလွင့်လွင့်ဖြင့်၊ ဘေးပတ်ဝန်းကျင်မှ သွေးပျက်ချောက်ချားဖွယ် မြင်ကွင်းနှင့် တခြားစီဖြစ်နေပြီး မှိုင်းညို့နေသည့် မိုးကောင်းကင်အောက် တစ်ခုတည်းသော အရောင်လွင်လွင်လေး ဖြစ်နေတော့သည်။

ကျောက်တုံးပုံအုတ်ဂူများစွာကို တစ်ခုပြီးတစ်ခု ဖြတ်ကျော်လာပြီး သစ်ကိုင်းပေါ်နားနေသည့် ကျီးကန်းများက သူတို့နှစ်ဦးကို စူးစိုက်ကြည့်နေသည်။ ကျီးကန်းများစွာ၏ အနက်ရောင်မျက်လုံးထဲတွင် သူတို့နှစ်ဦး၏ပုံရိပ်က ထင်ဟပ်နေသည်။

“……… တွေ့ပြီ..”

သတို့သား၏ခြေလှမ်းက ရုတ်တရက် ရပ်သွားပြီး ကျောက်တုံးအုတ်ဂူတစ်ခုရှေ့တွင် မတ်တပ်ရပ်လိုက်သည်။

“ဒီနေရာမှာ…”

“ကိုယ် ခံစားလို့ရတယ်.. ကိုယ့်ရဲ့ခေါင်းကို ဒီနေရာမှာ မြှုပ်ထားတယ်..”

သတို့သားရဲ့ဦးခေါင်းက ဒီနေရာမှာလား..?

ချန်ကျစ်ချူးမှာ အသက်ရှူရပ်သွားသည်။ သတို့သား၏စကားကို ကြားသည်နှင့် သူ၏လက်ထဲမှ ရုန်းထွက်ပြီး ရှေ့တစ်လှမ်းတိုးကာ ကျောက်တုံးအုတ်ဂူကို အကဲခတ်လိုက်သည်။

ထိုအခိုက် အုတ်ဂူပေါ်တွင် သွေးနီရောင်ဖြင့် ရေးထားသော စာလုံးများကို သတိပြုမိလိုက်သည်။

ဤနေရာတွင် မြှုပ်ထားသည့် လူ၏နာမည်ကို ရေးထိုးထားခြင်းပင်။

“………..”

ချန်ကျစ်ချူး၏ မျက်ဆံက ချက်ချင်း ကျုံ့ဝင်သွား၏။ သူ၏ပုံစံက အံ့ဩပြီး မယုံကြည်နိုင်ဖြစ်နေဟန်။

သတို့သားက ဒူးတစ်ဖက်ထောက်ကာ ထိုင်လိုက်သည်။ လက်ချောင်းသွယ်သွယ်တို့ဖြင့် သွေးနီရောင်စာလုံးများကို ထိတွေ့ရင်း ခပ်တိုးတိုးလေး ရေရွတ်သည်။

“………….. ပိုင်ရိ..”

ဘာတွေဖြစ်ကုန်တာလဲ..?

သတို့သားနဲ့ ပိုင်ရိရဲ့ခေါင်းကို အတူတူမြှုပ်ထားတာလား..?

ဒါမှမဟုတ်…

ချန်ကျစ်ချူးမှာ အံ့ဩတုန်လှုပ်လွန်း၍ မူးဝေလာရသည်အထိ။ ခန္ဓာကိုယ်က ယိမ်းယိုင်နေပြီး မြေပြင်ပေါ် လဲကျလုမတတ် ဖြစ်သွားရသည်။ သူ၏ရင်ထဲတွင် အင်အားပြင်းမုန်တိုင်းတစ်ခု ဝင်မွှေသွားသည့်နှယ်။

သတို့သားပြောခဲ့ဖူးသည့် စကားတချို့ကို ရုတ်တရက် ပြန်အမှတ်ရလာသည်။

သတို့သားက သူ၏ မှတ်ဉာဏ်ထဲတွင် ‘နှင်းဆီစံအိမ်’နှင့် ပိုင်မိသားစုမှ ကလေးများကို မြင်ခဲ့ရကြောင်း၊ ငယ်ရွယ်သေးသည့် ပိုင်ရှီရှင်းကိုလည်း မြင်ခဲ့ရကြောင်း ပြောဖူးသည်။

သို့သော် ပိုင်ရိ၏ ဓာတ်ပုံကိုပြပြီး ထိုကလေးအုပ်စုထဲတွင် ပိုင်ရိပါမပါ မေးကြည့်သောအခါ သတို့သားက မပါကြောင်းပြောပြီး ပိုင်ရိ၏မျက်နှာနှင့် အတော်လေး ရင်းနှီးနေကြောင်းသာ ပြန်ပြောခဲ့သည်။

ထိုစဉ်က ချန်ကျစ်ချူးသည် သတို့သား၏စကားကို သိပ်ပြီးအရေးမစိုက်ခဲ့ပေ။ သို့သော် ယခုတော့ အနက်ရောင်မြေကြီးထဲ လက်ထည့်ကာ ဖြူဖျော့ဖျော့ဦးခေါင်းတစ်ခုကို ဖြည်းဖြည်းချင်း ဆွဲထုတ်နေသည့် သတို့သားကိုကြည့်ရင်း သူ၏စိတ်ထဲ ကြောက်မက်ဖွယ်အတွေးတစ်ခု ဖြတ်ပြေးသွားသည်။ မထိန်းနိုင်အောင် အံကြိတ်လိုက်မိသည်။

တကယ်လို့ သတို့သားက ပိုင်ရိဖြစ်နေရင် ‘နှင်းဆီစံအိမ်’ကိုသိပြီး ပိုင်ရိနဲ့လည်း ရင်းနှီးနေတာ မထူးဆန်းတော့ဘူး။ ပိုင်ရိကို ပိုင်မိသားစုရဲ့ မျိုးဆက်သစ်ကလေးတွေကြားမှာ မမြင်ဖူးဘူးဆိုတဲ့ စကားကလည်း အဓိပ္ပါယ်ရှိသွားပြီ..!

ဘာလို့လဲဆိုတော့ ပိုင်ရိကိုယ်တိုင် မြင်နေရတာမလို့ပဲ…

သတို့သားက ဦးခေါင်းကို ဆွဲထုတ်ပြီး ဖုန်မှုန့်များကို ဖယ်ရှားလိုက်သောအခါ မျက်နှာသွင်ပြင်က ဖြည်းဖြည်းချင်း ပေါ်လာသည်။

လူငယ်လေး၏ မျက်ဝန်းများက တင်းတင်းစေ့ထားသည်။ ချောမောသည့် အသွင်အပြင်၊ ပျော့ပျောင်းနက်မှောင်သည့် ဆံပင်များ၊ နှုတ်ခမ်းပါးပါးနှင့် နှာခေါင်းသွယ်သွယ်၊ ထို့အပြင် မျက်ဝန်းထောင့်တွင် ဆွဲညှို့နိုင်လွန်းသော မျက်ရည်ခံမှဲ့လေးတစ်လုံး ရှိနေသည်။

ထိုမျက်နှာလေးသည် ချန်ကျစ်ချူးနှင့် အလွန်ရင်းနှီးနေသော၊ ချစ်မြတ်နိုးရသော အကြင်သူ၏ မျက်နှာပင် ဖြစ်သည်။

သတို့သားက ဖုန်မှုန့်များကို ဖယ်ရှားပြီးနောက် လည်ပင်းနှင့်ညှိကာ ပြန်ဆက်လိုက်သည်။

လည်ပင်းပြတ်နှင့် ဦးခေါင်းက အံဝင်ခွင်ကျ ပြန်ဆက်သွားသည်။ ပြီးနောက် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာပြီး ပြန်ဆက်သွားသည့်နေရာ၌ ဒဏ်ရာသေးသေးလေးပင် မကျန်ရစ်ခဲ့ချေ။

ပိုင်ရိ၏မျက်နှာတပ်ထားသော သတို့သားက ချန်ကျစ်ချူးကို ကြင်နာစွာ ပြုံးပြလာ၏။ တောင့်တင်းနေသည့် မျက်နှာအစိတ်အပိုင်းများက ပျော့ပျောင်းပြီး အသက်ဝင်လာသည်။ ထို့နောက်တွင်မူ လည်ပင်းက လှုပ်ရှားလာပြီး ယခင်ထူးထူးဆန်းဆန်းအသံမှ ချန်ကျစ်ချူး ကြားဖူးနေကျဖြစ်သော အသံအဖြစ် ပြောင်းလဲသွားသည်။

“ကျစ်ချူး..”

“ဘုတ်..!!”

ချန်ကျစ်ချူးခမျာ အူကြောင်ကြောင်လေးဖြင့်၊ သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ မြေပြင်ပေါ် လဲကျသွားသည်။

[ သတို့သား၏ဦးခေါင်းကို ပြန်ရှာတွေ့ပါပြီ.. ]

[ မင်္ဂလာအနမ်းကို လုပ်ဆောင်လို့ရပါပြီ.. ]

[ အောင်မြင်သွားသည့် အပိုဆောင်းတာဝန် : Item တစ်ခု ရှာဖွေရန် ]

[ ဆုလာဘ် : ? ]

[ Instance တစ်ခုလုံးကို ရှင်းလင်းပြီးလျှင် ဆုလက်ဆောင်ကို ရယူနိုင်ပါသည်။ ]

ဖြစ်ရပ်တစ်ခုလုံးကို ဘေးမှရပ်ကြည့်နေသော ဝက်ဝံရုပ်လေးက ကြောက်လွန်း၍ အသံတိုးတိုးလေး အော်လေသည်။ သူ့ခမျာ အမြီးပင် တုန်ယင်လာသည်အထိ ကြောက်နေတော့သည်။

ဘာလို့ သတို့သားက ဒယ်ဒီ့ရဲ့မျက်နှာနဲ့ တစ်ထေရာတည်း တူနေရတာလဲ..? ခုနက မာမီနဲ့နမ်းနေတဲ့ သရဲရောပဲ.. ဘာလို့ သူတို့အားလုံး တစ်ရုပ်တည်းဖြစ်နေရတာလဲ..? ပြီးတော့ သူတို့ရဲ့အနံ့ကလည်း ဒယ်ဒီနဲ့ တူနေသေးတယ်…

ဒယ်ဒီနဲ့ အရမ်းရင်းနှီးလို့များလား..?

၎င်း၏ ဦးခေါင်းသေးသေးလေးက ခက်ခက်ခဲခဲမေးခွန်းများကို အဖြေမထုတ်နိုင်ပေ။ ဖန်ပုတီးစေ့မျက်လုံးများက အူတူတူဖြစ်နေတော့သည်။

“ကျစ်ချူး.. မကြောက်ပါနဲ့..”

ရုပ်ချောသည့်လူရွယ်က ချန်ကျစ်ချူးထံ လက်လှမ်းလာသည်။ အနက်ရောင်အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားသည့် သူ၏ပုံစံက အလွန်အထက်တန်းဆန်ပြီး ကြည့်ကောင်းနေတော့သည်။ သူ ပြုံးနေချိန်တွင် သူ၏ဆွဲဆောင်မှုကို မည်သူမျှ ခုခံနိုင်မည်မဟုတ်ပေ။

“ပိုင်ရိ..” သူက ပြောသည်။ “ကိုယ့်ရဲ့နာမည်က ပိုင်ရိပါ..”

“နောက်ဆုံးတော့ အရာအားလုံးကို မှတ်မိသွားပြီ..”

သူက ချန်ကျစ်ချူး၏ တုန်ယင်နေသော လက်ကို ဆုပ်ကိုင်လိုက်သည်။ ပြီးနောက် လက်ချောင်းသွယ်သွယ်တို့ဖြင့် လက်စွပ်ကို ပွတ်သပ်ရင်း ဖြည်းညင်းစွာ ဆက်ပြောသည်။

“ကိုယ် မင်းကို တိတ်တခိုး မြတ်နိုးခဲ့ရတာပါ.. ဟိုးအရင်ကတည်းက ဒီလက်စွပ်ကို မင်းအတွက် အထူးတလည် ပြင်ဆင်ထားတာ.. ဒီလက်စွပ်ပေါ်မှာ မင်းရဲ့နာမည်ကို ထွင်းထားတယ်..”

“ပြီးတော့ တစ်ချိန်လုံး ဝတ်ထားပြီး တစ်နေ့ မင်းကို ကိုယ်တိုင်ကိုယ်ကျ ပေးနိုင်ဖို့ မျှော်လင့်ခဲ့တာ.. သတ္တိမွေးပြီး မင်းနဲ့ ပြန်တွေ့နိုင်မယ့် တစ်နေ့ပေါ့..”

“ဒါပေမဲ့ အဲ့နေ့မရောက်ခင် အသတ်ခံလိုက်ရတယ်.. မြေကြီးအောက်မှာ အချိန်အကြာကြီး အိပ်နေခဲ့ရတယ်..”

“မင်း ကိုယ့်ရဲ့လက်စွပ်ကို မကောက်ရခင် အချိန်အထိပဲ.. ကိုယ်ပြန်နိုးလာပြီး မင်းကို ပြန်ရှာခွင့်ရခဲ့တယ်..”

သူက ချန်ကျစ်ချူး၏လက်ကို ဆုပ်ကိုင်ပြီး လက်စွပ်ဝတ်ထားသည့် လက်ဆစ်လေးကို ညင်သာစွာ နမ်းလိုက်သည်။ ပြီးနောက် မြတ်နိုးတန်ဖိုးထားရသော မျက်ဝန်းများဖြင့် မော့ကြည့်လာသည်။ သူ၏ မျက်ဝန်းအိမ်ထဲတွင် ချန်ကျစ်ချူး၏ ပုံရိပ်လေးသာ ထင်ဟပ်နေတော့သည်။

ထိုအချိန် ဘယ်ကထွက်လာမှန်းမသိသည့် ဂန္တဝင်တေးသံတစ်ခု ပျံ့လွင့်လာ၏။ သီချင်းသံက ငြိမ့်ညောင်းပြီး ကြည်နူးဖွယ်အတိ။ ဘေးပတ်ဝန်းကျင်နှင့် လုံးလုံးလျားလျား ဆန့်ကျင်နေတော့သည်။ ရုတ်တရက်.. အုတ်ဂူထဲမှ အရိုးစုလက်တစ်ဖက် ပေါ်ထွက်လာသည်။ အရိုးခြောက်တစ်ခုက ဖြည်းညင်းစွာ ကုတ်တက်လာပြီး မြေပြင်ပေါ်ရှိ ပုပ်ပွနေသည့် အသားများလည်း စတင်လှုပ်ရှားလာကာ လူသားအသွင် ဖြစ်ပေါ်လာသည်။

သူတို့က တဖြည်းဖြည်း ဝိုင်းအုံလာပြီး ကျိုးပဲ့နေသည့် လက်များဖြင့် လက်ခုပ်တီးနေကြသည်။ သူတို့၏ပုံစံက အခမ်းအနား ကျင်းပနေသယောင်။

အလောင်းကောင်များက သစ်ပင်ပေါ်ကုပ်တက်ပြီး သစ်ကိုင်းတစ်ကိုင်းကို ချိုးကာ ကျီးကန်းများကို မြေပြင်ပေါ်သို့ ရိုက်ချသည်။ ပြီးနောက် ဝိုင်းအုံပြီး အမွေးနှုတ်သည်။ ငှက်မွေးများကို စုစည်းကာ ပန်းစည်းတစ်ခုကဲ့သို့ ချည်နှောင်လိုက်သည်။ ထို့နောက်တွင်မူ တစ်ယောက်ပြီးတစ်ယောက် လက်ဆင့်ကမ်းပြီး သတို့သားထံသို့ ကမ်းပေးလာကြသည်။

“ကိုယ်တို့က ကံကြမ္မာက သတ်မှတ်ထားတဲ့ ချစ်သူတွေပဲ..”

လူရွယ်က ချန်ကျစ်ချူးကို လက်ဖြန့်စေပြီး အနှီထူးဆန်းသည့် ပန်းစည်းကို လက်ထဲထည့်ပေးသည်။ သူ၏မျက်ဝန်းထဲတွင် အပြုံးရိပ်တို့ ထင်ဟပ်နေပြီး..

“လက်ထပ်ခွင့်တောင်းဖို့ မစောင့်နိုင်တော့ဘူး..”

“ကျစ်ချူး.. ကိုယ့်ကို လက်ထပ်နိုင်မလား..?”

သစ်ကိုင်းခြောက်ကြောင့် လက်ရှသွားသဖြင့် ချန်ကျစ်ချူးမှာ ထိတ်လန့်သွားပြီး တုန်လှုပ်ချောက်ချားနေသည့် အခြေအနေမှ သတိပြန်ဝင်လာသည်။ သို့သော် သူ၏အရှေ့မှ အမျိုးသားကို မြင်သောအခါ အလွန်အမင်း စိတ်ရှုပ်ထွေးသွားသည်။ ‘Winter Branch’ ပြောခဲ့သည့် စကားကိုလည်း ပြန်တွေးမိသွားသည်။

တခြား‘ပိုင်ရိ’တွေ…

‘Winter Branch’ ပြောချင်တာ ဒီအဓိပ္ပါယ်လား..? ပိုင်ရိရဲ့ ခန္ဓာကိုယ်က အသက်ပြန်ရှင်လာပြီး တခြား‘ပိုင်ရိ’ ဖြစ်သွားတာလား..?

‘Winter Branch’ ကရော ဘာကြီးလဲ..? ပိုင်ရိရဲ့ တခြားဖြစ်တည်မှုတစ်မျိုးလား..? ပြီးတော့ သူတို့နှစ်ယောက်ထဲ မဟုတ်လောက်ဘူး.. တခြား ‘ပိုင်ရိ’တွေလည်း အများကြီး ရှိဦးမယ်ထင်တယ်…

“ဘုတ်..!”

မြေပြင်ပေါ်လဲကျနေသည့် ချန်ကျစ်ချူးကို သတို့သားက ထွေးပွေ့လိုက်သည်။ ချန်ကျစ်ချူး၏ လက်ထဲမှ ‘ပန်းစည်း’ကိုလည်း ခပ်ဝေးဝေးသို့ လွှင့်ပစ်လိုက်သဖြင့် ငှက်မွေးနှင့် သစ်ကိုင်းခြောက်များ တစ်စစီ ပြန့်ကျဲသွားသည်။

ချန်ကျစ်ချူးကို ထွေးပွေ့ထားသော လူရွယ်၏ မျက်ဝန်းအိမ်ထဲတွင် မြတ်နိုးတန်ဖိုးထားမှုအပြည့်။ သူ၏အကြည့်က နူးညံ့ပြီး ချိုမြိန်သည်။ သို့သော် လက်သည်းများကတော့ ရှည်လျားထက်ရှကာ အသားနုနုထဲသို့ လွယ်လင့်တကူ စိုက်ဝင်ပြီး သွေးများ ပန်းထွက်လာအောင် လုပ်ပစ်နိုင်၏။

“နောက်တစ်ဆင့်က နည်းနည်းလေး နာလိမ့်မယ်.. ကျစ်ချူး.. မကြောက်နဲ့နော်.. ခဏလေးပဲကြာမှာ.. မင်းရဲ့ဝိညာဉ်ကို ထုတ်ယူချင်လို့ပါ..”

“ကိုယ်က လုံးဝဥဿုံ ပြန်ရှင်လာတာမဟုတ်ဘူး.. ဒီနေရာကနေ ထွက်သွားတာနဲ့ ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း ပုပ်လာလိမ့်မယ်.. အဲတာကြောင့် မင်းလည်း ထွက်သွားလို့မရဘူး..”

“မင်း သရဲဖြစ်လာရင် ကိုယ်တို့နှစ်ယောက် အတူတူနေနိုင်ပြီ.. မင်းက ကိုယ့်ရဲ့ဇနီးလေး ဖြစ်လာလိမ့်မယ်..’

အနှီရက်စက်လွန်းသော စကားလုံးများကို အချစ်စကားများကဲ့သို့ တီတီတာတာ ပြောလာသောအခါ ချန်ကျစ်ချူးခမျာ တစ်ခဏလောက် နှလုံးခုန်ရပ်သွားသည်။ သတို့သား၏ ထက်ရှသော လက်သည်းများက သူ၏ လည်ပင်းအရေပြားကို ထွင်းဖောက်လာချေပြီ။ သတို့သား၏ အပြုအမူအရ သူ၏လည်ပင်းကို တိခနဲ ဖြတ်ပစ်ချင်နေဟန်။

မင်္ဂလာအနမ်း… မြန်မြန်လုပ်မှရမယ်..!

ချန်ကျစ်ချူးတစ်ယောက် ခပ်မြန်မြန် သတိပြန်ကပ်သွား၏။ အတွေ့အကြုံများလာပြီဖြစ်၍ သတို့သားက သူ့ကိုသတ်ရန် ကြိုးပမ်းလာချိန်တွင် ကြောက်မနေတော့ပေ။ သတို့သား၏ လက်ရှိခန္ဓာကိုယ်က ပိုင်ရိ၏ခန္ဓာကိုယ်အစစ် ဖြစ်နိုင်သည်ဟူသော အတွေးလောက် ကြောက်စရာမကောင်းတော့ပေ။

သူက လက်ဆန့်ကာ သတို့သား၏ လည်ပင်းကို သိုင်းဖက်လိုက်သည်။ ပြီးနောက် သူ့ဘက်က လက်ဦးမှုယူ၍ မျက်နှာချင်းနီးအောင် ဆွဲယူလိုက်သည်။ သူ၏ နှုတ်ခမ်းများက တစ်ဖက်လူ၏ နှုတ်ခမ်းနှစ်လွှာကို ထိကပ်တော့မည့်အချိန် အတန်ငယ် တုံ့ဆိုင်းသွားသည်။

သတို့သားကို Photobook ထဲမှာ ချိပ်ပိတ်လိုက်ရင် ပိုင်ရိအတွက် ခန္ဓာကိုယ်မရှိတော့ဘူး။ ဒါဆို ပိုင်ရိကို အသက်ပြန်ရှင်အောင် လုပ်လို့မရဘဲနေမှာပေါ့..?

သတို့သားက ချန်ကျစ်ချူး တိုးကပ်လာတာကို မြင်သောအခါ တစ်ခဏမျှ အံ့အားသင့်သွားသည်။ သူ၏လက်ချောင်းများပင် တုန်ယင်လာသဖြင့် လက်သည်းက အသားထဲသို့ ပို၍နစ်ဝင်သွားပြီး ဒဏ်ရာမှ သွေးစီးကြောင်းတစ်ခု စီးကျလာသည်။

ဝက်ဝံရုပ်လေးက တစ်ခဏ ကြောင်အမ်းနေပြီးနောက် အော်ဟစ်လိုက်ရင်း သတို့သား၏လက်ကို ပြေးကိုက်သည်။ ကိုက်ရင်းတန်းလန်းဖြင့် သတို့သား၏ လက်ထဲမှ ချန်ကျစ်ချူး မြန်မြန်လွတ်အောင် အော်နေသေးသည်။

သူနမ်းလိုက်ရင် ပိုင်ရိက ဒီဂိမ်းထဲမှာပဲ ထာဝရပိတ်မိသွားနိုင်တယ်..!

ချန်ကျစ်ချူး၏ ခန္ဓာကိုယ်က တုန်ယင်နေသည်။ သွေးစွန်းနေသည့် သူ၏မျက်နှာလေးက မချိမဆန့် နာကျင်နေဟန်ဖြင့်။ သတို့သား၏ လက်ကို ဆုပ်ကိုင်ထားမိသည်။ သူ၏စိတ်ထဲတွင် ကြောက်နေပါသော်လည်း ပိုင်ရိအကြောင်း တွေးမိသည်နှင့် သတို့သားကို မနမ်းနိုင်ခဲ့ပေ။

မျက်စိတစ်မှိတ်စာအတွင်း အရာအားလုံး ဖြစ်ပျက်ခဲ့လေသည်။ ငွေဒင်္ဂါးလေးက သူ့ဘာသာ ဂျိုကာဘက်ကျအောင်လုပ်ပြီး ချန်ကျစ်ချူး ကံကောင်းလာအောင် ကူညီပေးသည်။

[ အရူး.. ဘာလို့ ချီတုံချတုံဖြစ်နေတာလဲ..? ပိုင်ရိအတွက်နဲ့ မင်းကိုယ်မင်း အသေခံတော့မလို့လား..? မင်း အဲ့လိုလုပ်တာကို ပိုင်ရိလည်း လက်ခံနိုင်မှာမဟုတ်ဘူး..! ]

[ မင်းသေရင် အရာအားလုံး အဆုံးသတ်သွားလိမ့်မယ်..! ဒီပြဿနာကိုဖြေရှင်းဖို့ တခြားနည်းလမ်း ရှိဦးမှာပါ.. သတို့သားကိုသာ မြန်မြန်နမ်းလိုက်တော့..! ]

System က အသံကျယ်ကျယ်ဖြင့် အော်ငေါက်လိုက်မှသာ ချန်ကျစ်ချူး သတိပြန်ကပ်သွားသည်။ ထိုအခါမှ သူ ဘယ်လောက်တုံးအမှန်း သဘောပေါက်သွားသည်။

ဒီနေရာမှာ သူသေသွားရင်တောင် ပိုင်ရိအတွက် အကျိုးမရှိဘူး။ ဂိမ်းထဲကနေလွတ်ပြီး ခန္ဓာကိုယ် ပြန်ရမှာမဟုတ်ဘူး။ ပြီးတော့ သူသေသွားရင် ပိုင်ရိကို ကူညီပေးနိုင်တဲ့လူ မရှိတော့ဘူး။ အဲတာကြောင့် သူသေလို့မဖြစ်ဘူး။ System ရဲ့စကားကို နားထောင်ပြီး တခြားနည်းလမ်းနဲ့ ပိုင်ရိကို ကယ်တင်ရမယ်..!

ချန်ကျစ်ချူး၏ စိတ်ထဲတွင် ထိုအတွေးက လျှပ်စီးလက်သလို ဖြတ်ပြေးသွားသည်။ လည်ပင်းမှ သွေးထွက်နေတာကို ဂရုမစိုက်တော့ဘဲ သတို့သား၏ မျက်နှာချောချောလေးကို ဆုပ်ကိုင်လျက် သွေးပေနေသော နှုတ်ခမ်းများဖြင့် တစ်ဖက်လူ၏ နှုတ်ခမ်းပေါ် ဖိကပ်လိုက်သည်။

ချန်ကျစ်ချူးဘက်က စတင်လှုပ်ရှားလာသောအခါ လွန်ခဲ့သော စက္ကန့်ပိုင်းလေးတင် ချန်ကျစ်ချူးကို သတ်ချင်နေသည့် သတို့သားလည်း လုံးဝမငြင်းဆန်နိုင်ခဲ့ပေ။ သူ၏မျက်ဝန်းထဲတွင် ပျော်ရွှင်မှုတို့ လှိုက်တက်လာပြီး သတို့သမီးလေး၏ အနမ်းကို တက်တက်ကြွကြွဖြင့် ပြန်လည်တုံ့ပြန်ခဲ့သည်။

ယောက်ျားနှစ်ယောက်၏ ထိကပ်နေသော နှုတ်ခမ်းများကြားမှ စိုစွတ်စွတ်အသံများ ထွက်ပေါ်လာသည်။ သတို့သားသည် သူ့လက်မောင်းပေါ်မှ ဝက်ဝံရုပ်လေးကို ခါထုတ်လိုက်ပြီး ချန်ကျစ်ချူးအား ရင်ခွင်ထဲထွေးပွေ့ကာ လွတ်မြောက်ခွင့် မပေးတော့ချေ။

ချန်ကျစ်ချူး၏ နှုတ်ခမ်းနှင့်လျှာက စုပ်ယူခံနေရသဖြင့် အတန်ငယ် ထုံထိုင်းလာသည်။ သူ၏ အသက်ရှူသံလည်း မတည်မငြိမ် ဖြစ်လာခဲ့သည်။ သို့သော် သတို့သား၏ ရင်ခွင်ထဲမှ ရုန်းထွက်ရန် စိတ်ကူးမရှိပေ။ ထိုအစား ရင်ခုန်သံမြန်လာပြီး ခန္ဓာကိုယ်က ပျော့ခွေသွားသည်။ မည်သို့ဆိုစေ သူ့ကို နမ်းနေသူက တခြားသော‘ပိုင်ရိ’ မဟုတ်ပါလား။

သူတို့နှစ်ဦးလုံး အနမ်းထဲတွင် ပျော်ဝင်နေခဲ့လေ၏။ သတို့သား၏ ခန္ဓာကိုယ်က အလင်းမှုန်လေးများအဖြစ် စတင်ပြိုကွဲလာသည်ကို မည်သူမျှ သတိမထားမိလိုက်ပေ။

ပစ်ထုတ်ခံလိုက်ရသော ဝက်ဝံရုပ်လေးသာ သတို့သားထံမှ အလင်းမှုန်လေးများကို မြင်နေရသည်။ သူ့ခမျာ ပို၍ပင် အူကြောင်ကြောင် ဖြစ်သွားရှာသည်။

သူ နားမလည်တော့ဘူး..! ခုနလေးတင် ချန်ကျစ်ချူးကို သတ်ချင်နေတဲ့ သတို့သားက ဘာလို့ ရုတ်တရက်ကြီး နမ်းနေပြန်တာလဲ..?

ချန်ကျစ်ချူးလည်း မူးဝေလာသည်အထိ အနမ်းခံလိုက်ရရှာသည်။ ထို့နောက်တွင်မူ သူ၏ခန္ဓာကိုယ်ပေါ်မှ အလေးချိန်တစ်ခုကို ခံစားလိုက်ရသည်။ တစ်ဖက်လူ၏ ခန္ဓာကိုယ်က သူ့အပေါ် ရုတ်တရက် ပြိုကျလာသည်။ အသက်လက္ခဏာမရှိတော့ဘဲ လှုပ်ရှားမှုမဲ့ကာ ငြိမ်သက်နေလေသည်။

သူတို့၏ ဘေးပတ်ပတ်လည်မှ အရိုးခြောက်နှင့် အလောင်းကောင်များက ရုတ်ချည်းဆိုသလို လှုပ်လှုပ်ရှားရှား ဖြစ်လာပြီး ဖောက်မထွက်နိုင်အောင် ဝိုင်းအုံလာသည်။ ပြီးနောက် အန္တရာယ်ပေးရန် လက်ဆန့်လာကြသည်။

ဝက်ဝံရုပ်လေးက ထိုအခြင်းအရာကို မြင်သောအခါ မြေပြင်ပေါ်မှ ကုန်းရုန်းထပြီး ဟိန်းဟောက်လိုက်၏။ သူတို့ထဲမှ တစ်ကောင်ကို ဝါးစားပစ်လိုက်သည်။ ထိုအခါမှ တခြားအရိုးခြောက်နှင့် အလောင်းကောင်များလည်း ကြောက်လန့်တကြား ထွက်ပြေးတော့သည်။ သို့သော် ခပ်ဝေးဝေးသို့ မပြေးနိုင်ခင်မှာပင် မြေပြင်ပေါ်သို့ ပုံကျပြီး တစ်စစီဖြစ်သွားလေသည်။

[ သတို့သားကို Photobook ထဲတွင် အောင်အောင်မြင်မြင် ချိပ်ပိတ်ပြီးပါပြီ။ ]

[ Boss ရဲ့ဓာတ်ပုံကို စုဆောင်းပြီးပါပြီ။ ‘တစ္ဆေသတို့သမီး’ Instance ကို ရှင်းလင်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ ]

[ Clearance Rewards : Exp Points x 20000, Survival Points x 20000 ]

[ Level 55 ရောက်သွားတဲ့အတွက် ဂုဏ်ယူပါတယ်။ ]

[ အဓိကတာဝန် ပြီးမြောက်သွားပါပြီ။ ရှင်းဟွာလမ်းထဲမှ ပြန်ထွက်ခြင်းဖြင့် ဤ Instance မှ ပြန်ထွက်နိုင်ပါပြီ။ ]

သတို့သားကို ချိပ်ပိတ်ပြီးပြီလား..?

ဒါဆို သူ့လက်ပေါ်က ခန္ဓာကိုယ်က……

ရင်ခွင်ထဲမှ ခန္ဓာကိုယ်လေးကို ပွေ့ဖက်ထားရင်း ချန်ကျစ်ချူးမှာ မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် အူကြောင်ကြောင် ဖြစ်နေတော့သည်။ အတော်ကြာ ကြောင်အမ်းနေပြီးနောက် သူ၏ရင်ထဲမှ အပျော်လုံးများ ကြွတက်လာ၏။ သူ၏ မျက်ဝန်းများ နီရဲလာပြီး ငိုချမိလုမတတ် ဖြစ်သွားသည်။

System ပြောတဲ့ ‘တခြားနည်းလမ်း’က ဒါကိုပြောချင်တာလား..? Photobook က သတို့သားရဲ့ ဖြစ်တည်မှုကိုပဲ ယူဆောင်သွားပြီး ပိုင်ရိရဲ့ ခန္ဓာကိုယ်ကို ချန်ထားပေးခဲ့တယ်။ နောက်ဆုံးတော့ ပိုင်ရိရဲ့ ခန္ဓာကိုယ်ကို ပြန်ရခဲ့ပြီ..!

[ ဟီးဟီး.. ပျော်သွားလား..? ကျေးဇူးတင်နေပြီမလား..? ဘာလို့ ငါ့ကို မြန်မြန်လေး ကျေးဇူးမတင်သေးတာလဲ..? ] System က အလွန်ဂုဏ်ဆာနေဟန်ဖြင့် ပြောလာသည်။

“ကျေးဇူး. ကျေးဇူးတင်ပါတယ်.. အများကြီး မင်းကို ကျေးဇူးတင်ပါတယ်..”

ချန်ကျစ်ချူးက ပိုင်ရိ၏ ခန္ဓာကိုယ်ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်သည်။ System ကို စိတ်ထဲမှ စကားပြောနိုင်ကြောင်းပင် မေ့လျော့သွားပြီး အသံကျယ်ကျယ်ဖြင့် အော်ပြောနေမိ၏။ သူ၏အသံထဲတွင် ရှိုက်သံယဲ့ယဲ့ ပါဝင်နေပြီး ဗလုံးဗထွေးဖြင့် ကျေးဇူးတင်ကြောင်း တတွတ်တွတ် ပြောနေတော့သည်။

[ … အဟွတ်.. ]

တကယ်ကြီး ကျေးဇူးတင်စကား ပြောလာလိမ့်မည်ဟု မထင်ထားသဖြင့် System ပင် နေရခက်သွားသည်။ သူက ချောင်းဟန့်ပြီး အသံအနေအထားကို ပြန်ထိန်းလိုက်သည်။ ပြီးနောက် ချန်ကျစ်ချူးကို နှစ်သိမ့်ပေးသည်။

[ အခု အပိုဆောင်းတာဝန်ရဲ့ ဆုလာဘ်ကို ဖွင့်ကြည့်လို့ရပြီ..  အဲ့ဆုကို မင်းကြိုက်မှာ သေချာတယ်.. ]

[ ဆုကို ဖွင့်ကြည့်ချင်ပါသလား..? ]

“………..”

ချန်ကျစ်ချူးတစ်ယောက် စိတ်လှုပ်ရှားလာသည်။ သူ၏ မျက်ဝန်းများက နီရဲနေပြီး တစ်ကိုယ်လုံး တုန်ယင်လာရသည်အထိ။ မသိစိတ်အရ ထိုဆုလာဘ်သည် ပိုင်ရိနှင့် ပတ်သက်နေလိမ့်မည်ဟု ထင်နေမိသည်။

“….. ဖွင့်မယ်..”

[ ဆုလာဘ်ကို ထုတ်ယူပြီးပါပြီ။ ]

ချန်ကျစ်ချူးခမျာ သူကိုယ်တိုင်ပင်မသိလိုက်ဘဲ အသက်ရှူအောင့်ထားမိသည်။ အချိန်ရပ်တန့်သွားသလိုပင်။

တစ်ခဏလေးသာ ကြာခဲ့သော်လည်း အချိန်အများကြီး ကုန်ဆုံးသွားသယောင်…

သူ၏ရင်ခွင်ထဲမှ ခန္ဓာကိုယ်လေး ရုတ်တရက် လှုပ်ရှားလာတာကို ခံစားမိလိုက်သည်။ သူ၏ရင်ထဲ ဒိန်းခနဲဖြစ်သွားပြီး အောက်ငုံ့ကြည့်လိုက်သောအခါ ဖြည်းဖြည်းချင်း ပွင့်ဟလာသော မျက်ဝန်းနက်နက်များကို မြင်လိုက်ရလေသည်။

“….. ကျစ်.. ချူး..?”

သူ၏ရင်ခွင်ထဲ လဲလျောင်းနေသော အမျိုးသားသည် ရှားရှားပါးပါး နားမလည်နိုင်ဖြစ်နေသည့် အမူအရာမျိုး ဖော်ပြလာ၏။ အကြင်သူ၏ နှုတ်ခမ်းများက အသာလှုပ်ရှားလာပြီး သူ၏နာမည်ကို ခပ်တိုးတိုးလေး ခေါ်ဆိုလာသည်။

***

ပိုင်ရိ၏ ဒိုင်ယာရီမှတ်တမ်း (Part 77)

( အခုလေးတင်မှ အသက်ပြန်ရှင်လာတာ။ ဘာတွေဖြစ်ပျက်သွားမှန်း မသိဘူး။ အူကြောင်ကြောင် ဖြစ်နေတုန်းပဲ။ ဒိုင်ယာရီမရှိဘူး။ )

…………………………………..

TN : ဒီရက်ပိုင်း အလုပ်ရှုပ်နေတာနဲ့ မှတ်ချက်လေးတွေတောင် သိပ်မရေးမိဘူး။ ဘာလိုလိုနဲ့ ဒီ nv လေးလည်း ၇၇ ပိုင်းရောက်လာပြီ။ ၂၂ ပိုင်းပဲ ကျန်တော့တယ်။ ဟီးဟီး

…………………………………..

Zawgyi

အခန္း - (၇၇) : တေစၦသတို႔သမီး (End)

မွန္အတြင္းပိုင္းကမာၻသည္ ျပင္ပေလာကႏွင့္ ခြၽတ္စြပ္တူ၏။ တစ္ခုတည္းေသာ ကြာျခားခ်က္ကား ဘယ္ညာေျပာင္းျပန္ ျဖစ္ေနျခင္းသာ။ ပရိေဘာဂပစၥည္းအေတာ္မ်ားမ်ား ေနရာေျပာင္းသြားၿပီး အလင္းေရာင္ေဖ်ာ့ေဖ်ာ့ ရွိေနသည္။ ထို႔ေၾကာင့္ ခ်န္က်စ္ခ်ဴးသည္ မွန္အျပင္ဘက္တြင္ ဓာတ္မီးက်က်န္ခဲ့ေသာ္လည္း ေဝေဝဝါးဝါး ျမင္ေနရေသး၍ နံရံကို ဝင္မတိုက္မိေပ။

ထို႔အျပင္ သတို႔သားက သူ၏လက္ကိုဆုပ္ကိုင္ကာ အခ်ိဳးအေကြ႕မ်ားသည့္ လမ္းတစ္ေလွ်ာက္ ဦးေဆာင္ေခၚသြားသျဖင့္ လမ္းေပ်ာက္မွာကိုလည္း မပူရေပ။ ဝက္ဝံ႐ုပ္ေလးႏွင့္ ေငြဒဂၤါးက သူတို႔ႏွစ္ဦး၏အေရွ႕မွ လမ္းျပေပးေနသည္။ ႏွစ္ေကာင္သား အခ်င္းခ်င္း ၿပိဳင္ဆိုင္ရင္း အရွိန္ျမန္လာသျဖင့္ သတို႔သားက ဆူေငါက္လိုက္မွသာ စိတ္မပါလက္မပါျဖင့္ အရွိန္ျပန္ေလ်ာ့သြားၾကသည္။

သတို႔သား၏ ေအးစက္စက္လက္ေခ်ာင္းမ်ားက ခ်န္က်စ္ခ်ဴး၏ လက္ေကာက္ဝတ္ကို ဆုပ္ကိုင္ထားသည္။ ခ်န္က်စ္ခ်ဴးက သတို႔သား၏ ဆြဲေခၚရာေနာက္ လိုက္ပါသြားရင္း အေတြးလြန္ေနေလသည္။ သူ၏စိတ္ထဲ ရႈပ္ေထြးေနၿပီး ‘Winter Branch’ ေျပာခဲ့သည့္ စကားကိုသာ ထပ္တလဲလဲ ျပန္ေတြးေနမိသည္။

ဟိုေကာင္ပဲျဖစ္ျဖစ္၊ တျခား‘ပိုင္ရိ’ေတြပဲျဖစ္ျဖစ္……

တကယ္ေတာ့ ခ်န္က်စ္ခ်ဴးသည္ ပိုင္ရိက လွ်ိဳ႕ဝွက္ခ်က္မ်ားၿပီး သူ႔ကို တစ္ခုခုဖုံးကြယ္ထားႏိုင္ေၾကာင္း ေတြးမိၿပီးသားပင္။ ဥပမာအားျဖင့္ Death Mode ေ႐ြးခ်ယ္ခဲ့ရသည့္ ဆုံးျဖတ္ခ်က္ေနာက္ကြယ္မွ အေၾကာင္းအရင္း၊ ကမာၻအစစ္တြင္ အႏၲရာယ္တစ္ခုခု ေတြ႕ႀကဳံခဲ့ရသလား.. စသည္ျဖင့္။

သို႔ေသာ္ ယခုေတာ့ သူသိလိုက္ေခ်ၿပီ။ လြန္ခဲ့ေသာေျခာက္ႏွစ္ခန႔္က ပိုင္ရိသည္ မစၥတာမု၏လက္ခ်က္ျဖင့္ ေခါင္းျဖတ္ခံလိုက္ရၿပီး ခႏၶာကိုယ္အစစ္မရွိဘဲ ဂိမ္းကမာၻထဲတြင္ ပိတ္မိေနတာ ျဖစ္ႏိုင္သည္။ သူက ဝိညာဥ္သပ္သပ္၊ သို႔တည္းမဟုတ္ နည္းလမ္းတစ္ခုခုျဖင့္ ခႏၶာအသစ္ရထားတာ ျဖစ္ရမည္။

သူတို႔ႏွစ္ဦး ဂိမ္းထဲေရာက္လာသည့္အခ်ိန္က အတူတူေလာက္ပင္။ ပိုင္ရိ၏ပုံစံကလည္း သူ႔လို အေတြ႕အႀကဳံမရွိသည့္ Player အသစ္ေလး ျဖစ္ပုံေပၚသည္။

ဒါဆိုရင္ ဒီေျခာက္ႏွစ္တာကာလအတြင္းမွာ ပိုင္ရိရဲ႕ဝိညာဥ္က ဘယ္ေရာက္ေနတာလဲ..? သိပ္မၾကာခင္ကမွ ျပန္ႏိုးလာတာလား..? ကမာၻအစစ္မွာ ျဖစ္ပ်က္ခဲ့တာေတြကို မွတ္မိေနေလာက္လား..? ၿပီးေတာ့…. တျခား‘ပိုင္ရိ’ေတြဆိုတဲ့ စကားက ဘာကိုဆိုလိုေနတာလဲ..?

ေတြးေလ၊ နားမလည္ႏိုင္ေလ၊ ခ်န္က်စ္ခ်ဴးမွာ စိတ္ဓာတ္က်လာရေလပင္။ ကိစၥမ်ားက သူထင္သေလာက္ မ႐ိုးရွင္းေၾကာင္း အလိုလိုခံစားသိေနသည္။ ပိုင္ရိက သူ႔ကို ကိစၥေတာ္ေတာ္မ်ားမ်ား ဖုံးကြယ္ထားေသာ္လည္း ပိုင္ရိအား အျပစ္တင္ရန္ ရည္႐ြယ္ခ်က္မရွိ။ အတတ္ႏိုင္ဆုံး ကူညီေပးခ်င္မိသည္။ တစ္ေန႔ ကမာၻအစစ္သို႔ ေဘးအႏၲရာယ္ကင္းကင္း ျပန္ေရာက္ႏိုင္ရန္သာ ေမွ်ာ္လင့္သည္။

အဘယ္ေၾကာင့္ဆိုေသာ္ ပိုင္ရိက သူခ်စ္ျမတ္ႏိုးရသူ ျဖစ္ေနေသာေၾကာင့္ပင္။

ပိုင္ရိကို ေသေစခဲ့ေသာ အဓိကတရားခံျဖစ္သည့္ ဤေနရာ၏ပိုင္ရွင္ မစၥတာမုကိုေတာ့…

ခ်န္က်စ္ခ်ဴး၏ရင္ထဲဝယ္ ေဒါသအလိပ္လိပ္ တက္လာၿပီး လက္သီးတင္းတင္းဆုပ္လိုက္သည္။ အေတြးႏြံနစ္ေနရာမွ ျပန္သတိဝင္လာၿပီး အေမွာင္ထုလႊမ္းေနသည့္ ဥမင္လိုဏ္ေခါင္းဆီသို႔ ေမွ်ာ္ၾကည့္လိုက္၏။

အေစာပိုင္းတြင္ ဝက္ဝံ႐ုပ္ေလးက ဆီေခ်းနံ႔လိုလို ေသြးနံ႔လိုလိုရေၾကာင္း ေျပာခဲ့သည္။ ယခုေတာ့ ခ်န္က်စ္ခ်ဴးပင္ အနံ႔ရလာေခ်ၿပီ။ အနံ႔က တစ္စထက္တစ္စ ပိုမိုျပင္းထန္လာၿပီး ေအာ္ဂလီဆန္ဖြယ္အတိ။ သို႔ေသာ္ ယင္းအေျခအေနကပင္ ဦးေခါင္းျမႇဳပ္ထားသည့္ ေနရာႏွင့္ နီးစပ္လာၿပီျဖစ္ေၾကာင္း ေဖာ္ျပေနသည္။

ဒီအနံ႔.... မစၥတာမုက လူဘယ္ႏွစ္ေယာက္ေတာင္ သတ္ခဲ့တာလဲ..? အေလာင္းဘယ္ႏွစ္ခုေတာင္ ရွိေနလို႔ ဒီေလာက္အနံ႔ျပင္းရတာလဲ..?

ခ်န္က်စ္ခ်ဴးက ပါးစပ္ႏွင့္ႏွာေခါင္းကို ဖုံးထားလိုက္သည္။ သူ၏ရင္ထဲ ေဒါသထြက္ေနသလို ေၾကာက္႐ြံ႕ထိတ္လန႔္ေနတာကိုလည္း ထိန္းခ်ဳပ္မရေပ။ ဥမင္အဆုံးတြင္ မည္သည့္ျမင္ကြင္းမ်ိဳး ရွိေနမည္နည္း၊ အေလာင္းပုံႀကီးမ်ား ရွိေနေလမလား၊ သူ ဆက္မေတြးရဲေတာ့ေပ။

[ ဒီေနရာမွာ မစၥတာမုရဲ႕စြမ္းအားနဲ႔ အေငြ႕အသက္က ေတာ္ေတာ္ေလး အားေဖ်ာ့ေနတယ္.. ]

ေငြဒဂၤါးက အေရွ႕မွသြားေနရင္း ခ်န္က်စ္ခ်ဴးကို တည္ၿငိမ္စြာ ေျပာျပေနသည္။

[ ၾကည့္ရတာေတာ့ သူ ဒီကိုျပန္မလာတာ အေတာ္ၾကာၿပီထင္တယ္.. ငါ့အထင္ အနည္းဆုံး ၁ ႏွစ္ပဲ.. ]

[ သူေထာင္ထားတဲ့ ေထာင္ေခ်ာက္ေတြက သူ႔ရဲ႕ စြမ္းအားအေထာက္အပံ့မရွိလို႔ အသက္မဝင္ေတာ့တာ.. မဟုတ္ရင္ ငါ့ေၾကာင့္ ကံေကာင္းေနရင္ေတာင္ ဒီထဲကို အလြယ္တကူ ဝင္လာႏိုင္မွာမဟုတ္ဘူး.. ]

[ သူ တစ္ခုခုျဖစ္ေနတာ.. ဒါမွမဟုတ္ ေသသြားတာ ျဖစ္ႏိုင္တယ္.. ဘာမွမျဖစ္ပဲနဲ႔ေတာ့ ဒီေနရာကို အခ်ိန္အၾကာႀကီး ျပန္မလာဘဲမေနဘူး.. ]

[ ဒီေနရာက သူ႔အတြက္ အရာအားလုံးပဲ.. သူ႔အသက္နဲ႔တန္းတူ အေရးႀကီးတယ္.. တစ္ေနရာရာမွာ ပိတ္မိေနတာမ်ိဳး၊ ေသသြားတာမ်ိဳးကလြဲရင္ သူ စုေဆာင္းထားတဲ့ ကံေကာင္းမႈေတြအားလုံးကို စြန႔္ပစ္လိုက္စရာ အေၾကာင္းမရွိဘူး.. ]

အဲ့ေခြးသူေတာင္းစား တကယ္ေသသြားရင္ ေကာင္းတာေပါ့.. တကယ္ႀကီး အေသဆိုးနဲ႔ေသပါေစ.. ခႏၶာကိုယ္မျပည့္မစုံနဲ႔ အပိုင္းပိုင္းျဖတ္ေတာက္ခံရၿပီး ပုံပ်က္ပန္းပ်က္ ေသပါေစ….

ခ်န္က်စ္ခ်ဴးက ခပ္ၾကမ္းၾကမ္း က်ိန္ဆဲပစ္လိုက္သည္။ သူသိထားသမွ် ဆဲနည္းေပါင္းစုံသုံးၿပီး မစၥတာမုကို ဆဲေရးေနေတာ့သည္။ ဤသို႔ျဖင့္ ဥမင္လိုဏ္ေခါင္းအဆုံးသို႔ ေရာက္လာေခ်ၿပီ။

[ ငါတို႔ေရာက္ၿပီ.. ]

ေငြဒဂၤါးက သူ႔ကို သတိေပးသည္။ ဝက္ဝံေလးကလည္း ေထာက္ခံဟန္ျဖင့္ ခပ္တိုးတိုး အသံျပဳလာသည္။

ခ်န္က်စ္ခ်ဴးလည္း ေခါင္းေမာ့ၿပီး သူ၏အေရွ႕မွျမင္ကြင္းကို အကဲခတ္လိုက္၏။ သူ၏ေရွ႕တည့္တည့္တြင္ လက္ရာေျမာက္စြာ ထြင္းထုထားေသာ အနက္ေရာင္တံခါးမႀကီးတစ္ခ်ပ္ ရွိေနၿပီး အေသပိတ္ထားသည္။ သို႔တိုင္ တံခါးအေနာက္ဘက္မွ စိမ့္ထြက္ေနသည့္ အနံ႔ဆိုးႀကီးကို ဖုံးဖိမရေအာင္ပင္။

ခ်န္က်စ္ခ်ဴးလည္း ဝက္ဝံ႐ုပ္ေလး၏ တံေတြးကို လ်စ္လ်ဴရႈကာ ေငြဒဂၤါးကို ေကာက္လိုက္ရသည္။ ၿပီးေနာက္ ကံေကာင္းေစရန္အတြက္ ေနာက္တစ္ႀကိမ္ ထပ္ေျမႇာက္လိုက္သည္။

သတို႔သားက ခ်န္က်စ္ခ်ဴးကို ေျခတစ္လွမ္းဆုတ္ေစၿပီး အနက္ေရာင္တံခါးကို တြန္းဖြင့္လိုက္သည္။ အလြန္ေလးလံသည့္ ေက်ာက္တံခါးႀကီးက တအိအိျဖင့္ ပြင့္လာသည္။

“ဟူး…”

ခ်န္က်စ္ခ်ဴး၏ အျမင္အာ႐ုံထဲ ထင္ဟပ္လာသည့္ျမင္ကြင္းကား ထူးဆန္းသလို ေက်ာခ်မ္းဖြယ္အတိ။ အံ့ဩလြန္း၍ မ်က္လုံးပင္ ျပဴးသြားရသည္။

ဤေနရာက ေျမေအာက္ခန္းတစ္ခုဆိုတာ ေျပာေနရန္ပင္မလိုေခ်။ သို႔ေသာ္ သူ၏အေရွ႕တြင္ မည္းေမွာင္အုံ႔မႈိင္းေနေသာ မိုးေကာင္းကင္တစ္ခု ရွိေနသည္။ ထိုေအာက္တြင္မူ အဆုံးမဲ့ကမာၻေျမလႊာ ရွိေနၿပီး အလြန္ေဝးကြာသည့္ တစ္ေနရာ၌ မိုးေကာင္းကင္ႏွင့္ ေပါင္းစည္းကာ မိုးကုတ္စက္ဝိုင္း ျဖစ္တည္ေနသည္။

ေျမႀကီးက မည္းေမွာင္ေနၿပီး ထူးထူးဆန္းဆန္းပုံစံမ်ိဳးျဖင့္ ေကာက္ေကြးလိမ္ေနသည့္ သစ္ပင္အမ်ားအျပား ေပါက္ေနသည္။ သစ္ပင္မ်ားက ရႈပ္ယွက္ခတ္ေနၿပီး သစ္ကိုင္းမ်ားတြင္ အ႐ြက္တစ္႐ြက္မွ်မရွိ။ သစ္ပင္အေခါက္က မည္းတူးေနကာ ပင္စည္တြင္ ရႈံ႕မဲ့ေနသည့္ မ်က္ႏွာပုံစံတစ္ခု ရွိေနသည္။ မသိလွ်င္ လူေသအေလာင္းႏွင့္ ေပါင္းစည္းထားသကဲ့သို႔၊ အမည္းေရာင္မ်က္ႏွာႀကီးက အလြန္အမင္း ေၾကာက္စရာေကာင္းလွသည္။

က်ီးကန္းတစ္ဖြဲ႕ ပ်ံတက္သြားသည္။ သစ္ကိုင္းမ်ားအေပၚတြင္ နားေနၿပီး နားဝင္ဆိုးစြာ ေအာ္ေနၾကသည္။

ေလထဲတြင္ မြန္းက်ပ္ဖြယ္အနံ႔ဆိုးမ်ားျဖင့္ ျပည့္ႏွက္ေနသည္။ ေျမျပင္ေပၚတြင္ အေလာင္းမ်ား မေရမတြက္ႏိုင္ေအာင္ ျပန႔္က်ဲေနသည္။ တခ်ိဳ႕က အ႐ိုးက်ေနၿပီျဖစ္ေသာ္လည္း တခ်ိဳ႕ကေတာ့ ေသသြားတာ သိပ္မၾကာေသးပုံပင္။ အနီေရာင္အေသြးအသား၊ အရည္မ်ား စီးက်ေနၿပီး ေလာက္တဖြားဖြားျဖင့္၊ အသားထဲမွ ေဖာက္ထြက္ေနၾကသည္။

ေျမမျမႇဳပ္ထားသည့္ အေလာင္းပုံႀကီးအျပင္ ေက်ာက္တုံးအုတ္ဂူမ်ားလည္း အမ်ားအျပား ရွိေနသည္။ အုတ္ဂူတစ္ခုခ်င္းစီက ေတာင္ကုန္းငယ္ေလးမ်ားသဖြယ္ မို႔ေမာက္ေနၿပီး အေရွ႕တြင္ သစ္သားတိုင္တစ္ခုစီ စိုက္ထူထားသည္။ တခ်ိဳ႕က ေျမျပင္ႏွင့္ တစ္သားတည္းျဖစ္ေန၍ အုတ္ဂူဟုေခၚရန္ပင္ ခက္လွသည္။

ခပ္လွမ္းလွမ္းတြင္ ႐ုပ္ပ်က္ဆင္းပ်က္ ပုံရိပ္တခ်ိဳ႕သည္ မိုးကုတ္စက္ဝိုင္းဆီသို႔ ျဖည္းညင္းစြာ ေ႐ြ႕လ်ားေနၿပီး မိုးေကာင္းကင္မွ စုပ္ယူခံလိုက္ရသကဲ့သို႔ ေပ်ာက္ကြယ္သြားၾကသည္။

မ်က္စိေရွ႕မွ စိတ္မခ်မ္းေျမ့ဖြယ္ ျမင္ကြင္းကိုၾကည့္ၿပီး ခ်န္က်စ္ခ်ဴးမွာ အံ့ဩထိတ္လန႔္လြန္း၍ အေတာ္ၾကာသည္အထိ သတိျပန္မကပ္ႏိုင္ခဲ့ေပ။ ႐ုတ္တရက္ ေက်ာခ်မ္းလာသည္။ ဤေနရာတြင္ လူဘယ္ေလာက္မ်ားမ်ား ေသဆုံးခဲ့ရမလဲ၊ သူတို႔အားလုံး မစၥတာမု၏လက္ခ်က္ျဖင့္ ေသဆုံးခဲ့ရျခင္းလား၊ သူ မေတြးရဲေတာ့ေပ။

[ ဒီေနရာက သုႆာန္တစ္ခုပဲ.. ]

System က ခ်န္က်စ္ခ်ဴးကို သတိေပးသည္။ [ သတို႔သားရဲ႕ေခါင္းကို ရွာေတြ႕တာနဲ႔ ဒီေနရာမွာတင္ နမ္းလို႔ရၿပီ.. ]

အပုပ္နံ႔က ျပင္းလြန္းသျဖင့္ ခ်န္က်စ္ခ်ဴးမွာ အန္ခ်င္လာသည္။ အသက္တစ္ခါရႉတိုင္း ဝဋ္ဒုကၡခံစားေနရသလိုပင္။ ေနာက္ဆုံး System Market မွ ေဆးဝယ္လိုက္မွသာ အတန္ငယ္ အဆင္ေျပသြားသည္။

System ၏သတိေပးစကားက သူ႔ကို အေတာ္ေလး ထိတ္လန႔္သြားေစ၏။ ေငြဒဂၤါးသာမရွိလွ်င္ သတို႔သား၏ဦးေခါင္းကို တစ္ေယာက္တည္း လိုက္ရွာရလိမ့္မည္။ ဤေနရာတစ္ခုလုံးဆိုလွ်င္ အခ်ိန္မည္မွ်ၾကာသြားမလဲ မသိႏိုင္ေပ။

ထို႔အျပင္ ပိုင္ရိ၏ ခႏၶာကိုယ္ႏွင့္ ဦးေခါင္းကိုလည္း လိုက္ရွာရဦးမည္။

ခ်န္က်စ္ခ်ဴးက မ်က္လုံးမွိတ္ၿပီး စိတ္ၿငိမ္ေအာင္ ႀကိဳးစားလိုက္သည္။ သတို႔သား၏ဦးေခါင္းက ဤသခ်ႋဳင္းတစ္ေနရာတြင္ ရွိေနသည့္အတြက္ ေက်းဇူးတင္ရမည္။ Instance ကို အဆုံးသတ္ရန္အတြက္ သတို႔သားကို တစ္ခါတည္းနမ္းၿပီး ‘မဂၤလာအနမ္း’ Mission ကို လုပ္ေဆာင္ႏိုင္လိမ့္မည္။ က်ိန္စာသင့္လက္စြပ္ႏွင့္ ‘Winter Branch’ ကိုလည္း တစ္ခါတည္း ေျဖရွင္းၿပီးသား ျဖစ္သြားလိမ့္မည္။

( TN : ေမ့ေနၾကမွာစိုးလို႔၊ သတို႔သားကို သခ်ႋဳင္းေျမေပၚမွာပဲ နမ္းရမွာပါ။ )

ၿပီးလွ်င္ ပိုင္ရိ၏အေလာင္းကို လိုက္ရွာၿပီး အသက္ျပန္သြင္းရန္အတြက္ နည္းလမ္းတစ္ခုခု ရွာေဖြရလိမ့္မည္။

“ခ်လြင္..”

ခ်န္က်စ္ခ်ဴး၏ လက္ထဲမွ ေသြးနီေရာင္ဒဂၤါးေလးသည္ ေနာက္တစ္ႀကိမ္ အသံျမည္လာခဲ့သည္။ ခ်န္က်စ္ခ်ဴးက အသံတိတ္ ဆုေတာင္းလိုက္သည္။

*ေက်းဇူးျပဳၿပီး သတို႔သားနဲ႔ ပိုင္ရိရဲ႕အေလာင္းကို ေအာင္ေအာင္ျမင္ျမင္ ရွာေဖြႏိုင္ပါေစ..*

သူ၏လက္ထဲသို႔ ေငြဒဂၤါး ျပန္က်လာခ်ိန္တြင္ ဂ်ိဳကာမ်က္ႏွာ ေပၚလာ၏။ တစ္ခ်ိန္တည္းမွာပင္ သတို႔သားက တစ္ခုခုကို ျပန္မွတ္မိသြားဟန္ျဖင့္ အရပ္မ်က္ႏွာတစ္ခုသို႔ ဦးတည္ေနသည္။

သတို႔သား၏ ေျခလွမ္းက အေတာ္က်ယ္သည္။ တစ္လမ္းလုံး ခ်န္က်စ္ခ်ဴးကို ဆြဲေခၚသြားသျဖင့္ ခ်န္က်စ္ခ်ဴးမွာ မနည္း ေျပးလိုက္ေနရသည္။ အျဖဴေရာင္သတို႔သမီးဝတ္စုံက ေလထဲတြင္ တလြင့္လြင့္ျဖင့္၊ ေဘးပတ္ဝန္းက်င္မွ ေသြးပ်က္ေခ်ာက္ခ်ားဖြယ္ ျမင္ကြင္းႏွင့္ တျခားစီျဖစ္ေနၿပီး မႈိင္းညိဳ႕ေနသည့္ မိုးေကာင္းကင္ေအာက္ တစ္ခုတည္းေသာ အေရာင္လြင္လြင္ေလး ျဖစ္ေနေတာ့သည္။

ေက်ာက္တုံးပုံအုတ္ဂူမ်ားစြာကို တစ္ခုၿပီးတစ္ခု ျဖတ္ေက်ာ္လာၿပီး သစ္ကိုင္းေပၚနားေနသည့္ က်ီးကန္းမ်ားက သူတို႔ႏွစ္ဦးကို စူးစိုက္ၾကည့္ေနသည္။ က်ီးကန္းမ်ားစြာ၏ အနက္ေရာင္မ်က္လုံးထဲတြင္ သူတို႔ႏွစ္ဦး၏ပုံရိပ္က ထင္ဟပ္ေနသည္။

“……… ေတြ႕ၿပီ..”

သတို႔သား၏ေျခလွမ္းက ႐ုတ္တရက္ ရပ္သြားၿပီး ေက်ာက္တုံးအုတ္ဂူတစ္ခုေရွ႕တြင္ မတ္တပ္ရပ္လိုက္သည္။

“ဒီေနရာမွာ…”

“ကိုယ္ ခံစားလို႔ရတယ္.. ကိုယ့္ရဲ႕ေခါင္းကို ဒီေနရာမွာ ျမႇဳပ္ထားတယ္..”

သတို႔သားရဲ႕ဦးေခါင္းက ဒီေနရာမွာလား..?

ခ်န္က်စ္ခ်ဴးမွာ အသက္ရႉရပ္သြားသည္။ သတို႔သား၏ စကားကို ၾကားသည္ႏွင့္ သူ၏လက္ထဲမွ ႐ုန္းထြက္ၿပီး ေရွ႕တစ္လွမ္းတိုးကာ ေက်ာက္တုံးအုတ္ဂူကို အကဲခတ္လိုက္သည္။

ထိုအခိုက္ အုတ္ဂူေပၚတြင္ ေသြးနီေရာင္ျဖင့္ ေရးထားေသာ စာလုံးမ်ားကို သတိျပဳမိလိုက္သည္။

ဤေနရာတြင္ ျမႇဳပ္ထားသည့္ လူ၏နာမည္ကို ေရးထိုးထားျခင္းပင္။

“………..”

ခ်န္က်စ္ခ်ဴး၏ မ်က္ဆံက ခ်က္ခ်င္း က်ဳံ႕ဝင္သြား၏။ သူ၏ပုံစံက အံ့ဩၿပီး မယုံၾကည္ႏိုင္ျဖစ္ေနဟန္။

သတို႔သားက ဒူးတစ္ဖက္ေထာက္ကာ ထိုင္လိုက္သည္။ လက္ေခ်ာင္းသြယ္သြယ္တို႔ျဖင့္ ေသြးနီေရာင္စာလုံးမ်ားကို ထိေတြ႕ရင္း ခပ္တိုးတိုးေလး ေရ႐ြတ္သည္။

“………….. ပိုင္ရိ..”

ဘာေတြျဖစ္ကုန္တာလဲ..?

သတို႔သားနဲ႔ ပိုင္ရိရဲ႕ေခါင္းကို အတူတူျမႇဳပ္ထားတာလား..?

ဒါမွမဟုတ္…

ခ်န္က်စ္ခ်ဴးမွာ အံ့ဩတုန္လႈပ္လြန္း၍ မူးေဝလာရသည္အထိ။ ခႏၶာကိုယ္က ယိမ္းယိုင္ေနၿပီး ေျမျပင္ေပၚ လဲက်လုမတတ္ ျဖစ္သြားရသည္။ သူ၏ရင္ထဲတြင္ အင္အားျပင္းမုန္တိုင္းတစ္ခု ဝင္ေမႊသြားသည့္ႏွယ္။

သတို႔သားေျပာခဲ့ဖူးသည့္ စကားတခ်ိဳ႕ကို ႐ုတ္တရက္ ျပန္အမွတ္ရလာသည္။

သတို႔သားက သူ၏ မွတ္ဉာဏ္ထဲတြင္ ‘ႏွင္းဆီစံအိမ္’ႏွင့္ ပိုင္မိသားစုမွ ကေလးမ်ားကို ျမင္ခဲ့ရေၾကာင္း၊ ငယ္႐ြယ္ေသးသည့္ ပိုင္ရွီရွင္းကိုလည္း ျမင္ခဲ့ရေၾကာင္း ေျပာဖူးသည္။

သို႔ေသာ္ ပိုင္ရိ၏ ဓာတ္ပုံကိုျပၿပီး ထိုကေလးအုပ္စုထဲတြင္ ပိုင္ရိပါမပါ ေမးၾကည့္ေသာအခါ သတို႔သားက မပါေၾကာင္းေျပာၿပီး ပိုင္ရိ၏မ်က္ႏွာႏွင့္ အေတာ္ေလး ရင္းႏွီးေနေၾကာင္းသာ ျပန္ေျပာခဲ့သည္။

ထိုစဥ္က ခ်န္က်စ္ခ်ဴးသည္ သတို႔သား၏စကားကို သိပ္ၿပီးအေရးမစိုက္ခဲ့ေပ။ သို႔ေသာ္ ယခုေတာ့ အနက္ေရာင္ေျမႀကီးထဲ လက္ထည့္ကာ ျဖဴေဖ်ာ့ေဖ်ာ့ဦးေခါင္းတစ္ခုကို ျဖည္းျဖည္းခ်င္း ဆြဲထုတ္ေနသည့္ သတို႔သားကိုၾကည့္ရင္း သူ၏စိတ္ထဲ ေၾကာက္မက္ဖြယ္အေတြးတစ္ခု ျဖတ္ေျပးသြားသည္။ မထိန္းႏိုင္ေအာင္ အံႀကိတ္လိုက္မိသည္။

တကယ္လို႔ သတို႔သားက ပိုင္ရိျဖစ္ေနရင္ ‘ႏွင္းဆီစံအိမ္’ကိုသိၿပီး ပိုင္ရိနဲ႔လည္း ရင္းႏွီးေနတာ မထူးဆန္းေတာ့ဘူး။ ပိုင္ရိကို ပိုင္မိသားစုရဲ႕ မ်ိဳးဆက္သစ္ကေလးေတြၾကားမွာ မျမင္ဖူးဘူးဆိုတဲ့ စကားကလည္း အဓိပၸါယ္ရွိသြားၿပီ..!

ဘာလို႔လဲဆိုေတာ့ ပိုင္ရိကိုယ္တိုင္ ျမင္ေနရတာမလို႔ပဲ…

သတို႔သားက ဦးေခါင္းကို ဆြဲထုတ္ၿပီး ဖုန္မႈန႔္မ်ားကို ဖယ္ရွားလိုက္ေသာအခါ မ်က္ႏွာသြင္ျပင္က ျဖည္းျဖည္းခ်င္း ေပၚလာသည္။

လူငယ္ေလး၏ မ်က္ဝန္းမ်ားက တင္းတင္းေစ့ထားသည္။ ေခ်ာေမာသည့္ အသြင္အျပင္၊ ေပ်ာ့ေပ်ာင္းနက္ေမွာင္သည့္ ဆံပင္မ်ား၊ ႏႈတ္ခမ္းပါးပါးႏွင့္ ႏွာေခါင္းသြယ္သြယ္၊ ထို႔အျပင္ မ်က္ဝန္းေထာင့္တြင္ ဆြဲညႇိဳ႕ႏိုင္လြန္းေသာ မ်က္ရည္ခံမွဲ႔ေလးတစ္လုံး ရွိေနသည္။

ထိုမ်က္ႏွာေလးသည္ ခ်န္က်စ္ခ်ဴးႏွင့္ အလြန္ရင္းႏွီးေနေသာ၊ ခ်စ္ျမတ္ႏိုးရေသာ အၾကင္သူ၏ မ်က္ႏွာပင္ ျဖစ္သည္။

သတို႔သားက ဖုန္မႈန႔္မ်ားကို ဖယ္ရွားၿပီးေနာက္ လည္ပင္းႏွင့္ညႇိကာ ျပန္ဆက္လိုက္သည္။

လည္ပင္းျပတ္ႏွင့္ ဦးေခါင္းက အံဝင္ခြင္က် ျပန္ဆက္သြားသည္။ ၿပီးေနာက္ တျဖည္းျဖည္း ျပန္လည္ေကာင္းမြန္လာၿပီး ျပန္ဆက္သြားသည့္ေနရာ၌ ဒဏ္ရာေသးေသးေလးပင္ မက်န္ရစ္ခဲ့ေခ်။

ပိုင္ရိ၏မ်က္ႏွာတပ္ထားေသာ သတို႔သားက ခ်န္က်စ္ခ်ဴးကို ၾကင္နာစြာ ၿပဳံးျပလာ၏။ ေတာင့္တင္းေနသည့္ မ်က္ႏွာအစိတ္အပိုင္းမ်ားက ေပ်ာ့ေပ်ာင္းၿပီး အသက္ဝင္လာသည္။ ထို႔ေနာက္တြင္မူ လည္ပင္းက လႈပ္ရွားလာၿပီး ယခင္ထူးထူးဆန္းဆန္းအသံမွ ခ်န္က်စ္ခ်ဴး ၾကားဖူးေနက်ျဖစ္ေသာ အသံအျဖစ္ ေျပာင္းလဲသြားသည္။

“က်စ္ခ်ဴး..”

“ဘုတ္..!!”

ခ်န္က်စ္ခ်ဴးခမ်ာ အူေၾကာင္ေၾကာင္ေလးျဖင့္၊ သူ႔ကိုယ္သူ မထိန္းႏိုင္ေတာ့ဘဲ ေျမျပင္ေပၚ လဲက်သြားသည္။

[ သတို႔သား၏ဦးေခါင္းကို ျပန္ရွာေတြ႕ပါၿပီ.. ]

[ မဂၤလာအနမ္းကို လုပ္ေဆာင္လို႔ရပါၿပီ.. ]

[ ေအာင္ျမင္သြားသည့္ အပိုေဆာင္းတာဝန္ : Item တစ္ခု ရွာေဖြရန္ ]

[ ဆုလာဘ္ : ? ]

[ Instance တစ္ခုလုံးကို ရွင္းလင္းၿပီးလွ်င္ ဆုလက္ေဆာင္ကို ရယူႏိုင္ပါသည္။ ]

ျဖစ္ရပ္တစ္ခုလုံးကို ေဘးမွရပ္ၾကည့္ေနေသာ ဝက္ဝံ႐ုပ္ေလးက ေၾကာက္လြန္း၍ အသံတိုးတိုးေလး ေအာ္ေလသည္။ သူ႔ခမ်ာ အၿမီးပင္ တုန္ယင္လာသည္အထိ ေၾကာက္ေနေတာ့သည္။

ဘာလို႔ သတို႔သားက ဒယ္ဒီ့ရဲ႕မ်က္ႏွာနဲ႔ တစ္ေထရာတည္း တူေနရတာလဲ..? ခုနက မာမီနဲ႔နမ္းေနတဲ့ သရဲေရာပဲ.. ဘာလို႔ သူတို႔အားလုံး တစ္႐ုပ္တည္းျဖစ္ေနရတာလဲ..? ၿပီးေတာ့ သူတို႔ရဲ႕အနံ႔ကလည္း ဒယ္ဒီနဲ႔ တူေနေသးတယ္…

ဒယ္ဒီနဲ႔ အရမ္းရင္းႏွီးလို႔မ်ားလား..?

၎၏ ဦးေခါင္းေသးေသးေလးက ခက္ခက္ခဲခဲေမးခြန္းမ်ားကို အေျဖမထုတ္ႏိုင္ေပ။ ဖန္ပုတီးေစ့မ်က္လုံးမ်ားက အူတူတူျဖစ္ေနေတာ့သည္။

“က်စ္ခ်ဴး.. မေၾကာက္ပါနဲ႔..”

႐ုပ္ေခ်ာသည့္လူ႐ြယ္က ခ်န္က်စ္ခ်ဴးထံ လက္လွမ္းလာသည္။ အနက္ေရာင္အေနာက္တိုင္းဝတ္စုံကို ဝတ္ဆင္ထားသည့္ သူ၏ပုံစံက အလြန္အထက္တန္းဆန္ၿပီး ၾကည့္ေကာင္းေနေတာ့သည္။ သူ ၿပဳံးေနခ်ိန္တြင္ သူ၏ဆြဲေဆာင္မႈကို မည္သူမွ် ခုခံႏိုင္မည္မဟုတ္ေပ။

“ပိုင္ရိ..” သူက ေျပာသည္။ “ကိုယ့္ရဲ႕နာမည္က ပိုင္ရိပါ..”

“ေနာက္ဆုံးေတာ့ အရာအားလုံးကို မွတ္မိသြားၿပီ..”

သူက ခ်န္က်စ္ခ်ဴး၏ တုန္ယင္ေနေသာ လက္ကို ဆုပ္ကိုင္လိုက္သည္။ ၿပီးေနာက္ လက္ေခ်ာင္းသြယ္သြယ္တို႔ျဖင့္ လက္စြပ္ကို ပြတ္သပ္ရင္း ျဖည္းညင္းစြာ ဆက္ေျပာသည္။

“ကိုယ္ မင္းကို တိတ္တခိုး ျမတ္ႏိုးခဲ့ရတာပါ.. ဟိုးအရင္ကတည္းက ဒီလက္စြပ္ကို မင္းအတြက္ အထူးတလည္ ျပင္ဆင္ထားတာ.. ဒီလက္စြပ္ေပၚမွာ မင္းရဲ႕နာမည္ကို ထြင္းထားတယ္..”

“ၿပီးေတာ့ တစ္ခ်ိန္လုံး ဝတ္ထားၿပီး တစ္ေန႔ မင္းကို ကိုယ္တိုင္ကိုယ္က် ေပးႏိုင္ဖို႔ ေမွ်ာ္လင့္ခဲ့တာ.. သတၱိေမြးၿပီး မင္းနဲ႔ ျပန္ေတြ႕ႏိုင္မယ့္ တစ္ေန႔ေပါ့..”

“ဒါေပမဲ့ အဲ့ေန႔မေရာက္ခင္ အသတ္ခံလိုက္ရတယ္.. ေျမႀကီးေအာက္မွာ အခ်ိန္အၾကာႀကီး အိပ္ေနခဲ့ရတယ္..”

“မင္း ကိုယ့္ရဲ႕လက္စြပ္ကို မေကာက္ရခင္ အခ်ိန္အထိပဲ.. ကိုယ္ျပန္ႏိုးလာၿပီး မင္းကို ျပန္ရွာခြင့္ရခဲ့တယ္..”

သူက ခ်န္က်စ္ခ်ဴး၏လက္ကို ဆုပ္ကိုင္ၿပီး လက္စြပ္ဝတ္ထားသည့္ လက္ဆစ္ေလးကို ညင္သာစြာ နမ္းလိုက္သည္။ ၿပီးေနာက္ ျမတ္ႏိုးတန္ဖိုးထားရေသာ မ်က္ဝန္းမ်ားျဖင့္ ေမာ့ၾကည့္လာသည္။ သူ၏ မ်က္ဝန္းအိမ္ထဲတြင္ ခ်န္က်စ္ခ်ဴး၏ ပုံရိပ္ေလးသာ ထင္ဟပ္ေနေတာ့သည္။

ထိုအခ်ိန္ ဘယ္ကထြက္လာမွန္းမသိသည့္ ဂႏၲဝင္ေတးသံတစ္ခု ပ်ံ႕လြင့္လာ၏။ သီခ်င္းသံက ၿငိမ့္ေညာင္းၿပီး ၾကည္ႏူးဖြယ္အတိ။ ေဘးပတ္ဝန္းက်င္ႏွင့္ လုံးလုံးလ်ားလ်ား ဆန႔္က်င္ေနေတာ့သည္။ ႐ုတ္တရက္.. အုတ္ဂူထဲမွ အ႐ိုးစုလက္တစ္ဖက္ ေပၚထြက္လာသည္။ အ႐ိုးေျခာက္တစ္ခုက ျဖည္းညင္းစြာ ကုတ္တက္လာၿပီး ေျမျပင္ေပၚရွိ ပုပ္ပြေနသည့္ အသားမ်ားလည္း စတင္လႈပ္ရွားလာကာ လူသားအသြင္ ျဖစ္ေပၚလာသည္။

သူတို႔က တျဖည္းျဖည္း ဝိုင္းအုံလာၿပီး က်ိဳးပဲ့ေနသည့္ လက္မ်ားျဖင့္ လက္ခုပ္တီးေနၾကသည္။ သူတို႔၏ပုံစံက အခမ္းအနား က်င္းပေနသေယာင္။

အေလာင္းေကာင္မ်ားက သစ္ပင္ေပၚကုပ္တက္ၿပီး သစ္ကိုင္းတစ္ကိုင္းကို ခ်ိဳးကာ က်ီးကန္းမ်ားကို ေျမျပင္ေပၚသို႔ ႐ိုက္ခ်သည္။ ၿပီးေနာက္ ဝိုင္းအုံၿပီး အေမြးႏႈတ္သည္။ ငွက္ေမြးမ်ားကို စုစည္းကာ ပန္းစည္းတစ္ခုကဲ့သို႔ ခ်ည္ေႏွာင္လိုက္သည္။ ထို႔ေနာက္တြင္မူ တစ္ေယာက္ၿပီးတစ္ေယာက္ လက္ဆင့္ကမ္းၿပီး သတို႔သားထံသို႔ ကမ္းေပးလာၾကသည္။

“ကိုယ္တို႔က ကံၾကမၼာက သတ္မွတ္ထားတဲ့ ခ်စ္သူေတြပဲ..”

လူ႐ြယ္က ခ်န္က်စ္ခ်ဴးကို လက္ျဖန႔္ေစၿပီး အႏွီထူးဆန္းသည့္ ပန္းစည္းကို လက္ထဲထည့္ေပးသည္။ သူ၏မ်က္ဝန္းထဲတြင္ အၿပဳံးရိပ္တို႔ ထင္ဟပ္ေနၿပီး..

“လက္ထပ္ခြင့္ေတာင္းဖို႔ မေစာင့္ႏိုင္ေတာ့ဘူး..”

“က်စ္ခ်ဴး.. ကိုယ့္ကို လက္ထပ္ႏိုင္မလား..?”

သစ္ကိုင္းေျခာက္ေၾကာင့္ လက္ရွသြားသျဖင့္ ခ်န္က်စ္ခ်ဴးမွာ ထိတ္လန႔္သြားၿပီး တုန္လႈပ္ေခ်ာက္ခ်ားေနသည့္ အေျခအေနမွ သတိျပန္ဝင္လာသည္။ သို႔ေသာ္ သူ၏အေရွ႕မွ အမ်ိဳးသားကို ျမင္ေသာအခါ အလြန္အမင္း စိတ္ရႈပ္ေထြးသြားသည္။ ‘Winter Branch’ ေျပာခဲ့သည့္ စကားကိုလည္း ျပန္ေတြးမိသြားသည္။

တျခား‘ပိုင္ရိ’ေတြ…

‘Winter Branch’ ေျပာခ်င္တာ ဒီအဓိပၸါယ္လား..? ပိုင္ရိရဲ႕ ခႏၶာကိုယ္က အသက္ျပန္ရွင္လာၿပီး တျခား‘ပိုင္ရိ’ ျဖစ္သြားတာလား..?

‘Winter Branch’ ကေရာ ဘာႀကီးလဲ..? ပိုင္ရိရဲ႕ တျခားျဖစ္တည္မႈတစ္မ်ိဳးလား..? ၿပီးေတာ့ သူတို႔ႏွစ္ေယာက္ထဲ မဟုတ္ေလာက္ဘူး.. တျခား ‘ပိုင္ရိ’ေတြလည္း အမ်ားႀကီး ရွိဦးမယ္ထင္တယ္…

“ဘုတ္..!”

ေျမျပင္ေပၚလဲက်ေနသည့္ ခ်န္က်စ္ခ်ဴးကို သတို႔သားက ေထြးေပြ႕လိုက္သည္။ ခ်န္က်စ္ခ်ဴး၏ လက္ထဲမွ ‘ပန္းစည္း’ကိုလည္း ခပ္ေဝးေဝးသို႔ လႊင့္ပစ္လိုက္သျဖင့္ ငွက္ေမြးႏွင့္ သစ္ကိုင္းေျခာက္မ်ား တစ္စစီ ျပန႔္က်ဲသြားသည္။

ခ်န္က်စ္ခ်ဴးကို ေထြးေပြ႕ထားေသာ လူ႐ြယ္၏ မ်က္ဝန္းအိမ္ထဲတြင္ ျမတ္ႏိုးတန္ဖိုးထားမႈအျပည့္။ သူ၏အၾကည့္က ႏူးညံ့ၿပီး ခ်ိဳၿမိန္သည္။ သို႔ေသာ္ လက္သည္းမ်ားကေတာ့ ရွည္လ်ားထက္ရွကာ အသားႏုႏုထဲသို႔ လြယ္လင့္တကူ စိုက္ဝင္ၿပီး ေသြးမ်ား ပန္းထြက္လာေအာင္ လုပ္ပစ္ႏိုင္၏။

“ေနာက္တစ္ဆင့္က နည္းနည္းေလး နာလိမ့္မယ္.. က်စ္ခ်ဴး.. မေၾကာက္နဲ႔ေနာ္.. ခဏေလးပဲၾကာမွာ.. မင္းရဲ႕ဝိညာဥ္ကို ထုတ္ယူခ်င္လို႔ပါ..”

“ကိုယ္က လုံးဝဥႆုံ ျပန္ရွင္လာတာမဟုတ္ဘူး.. ဒီေနရာကေန ထြက္သြားတာနဲ႔ ခႏၶာကိုယ္က ျဖည္းျဖည္းခ်င္း ပုပ္လာလိမ့္မယ္.. အဲတာေၾကာင့္ မင္းလည္း ထြက္သြားလို႔မရဘူး..”

“မင္း သရဲျဖစ္လာရင္ ကိုယ္တို႔ႏွစ္ေယာက္ အတူတူေနႏိုင္ၿပီ.. မင္းက ကိုယ့္ရဲ႕ဇနီးေလး ျဖစ္လာလိမ့္မယ္..’

အႏွီရက္စက္လြန္းေသာ စကားလုံးမ်ားကို အခ်စ္စကားမ်ားကဲ့သို႔ တီတီတာတာ ေျပာလာေသာအခါ ခ်န္က်စ္ခ်ဴးခမ်ာ တစ္ခဏေလာက္ ႏွလုံးခုန္ရပ္သြားသည္။ သတို႔သား၏ ထက္ရွေသာ လက္သည္းမ်ားက သူ၏ လည္ပင္းအေရျပားကို ထြင္းေဖာက္လာေခ်ၿပီ။ သတို႔သား၏ အျပဳအမူအရ သူ၏လည္ပင္းကို တိခနဲ ျဖတ္ပစ္ခ်င္ေနဟန္။

မဂၤလာအနမ္း… ျမန္ျမန္လုပ္မွရမယ္..!

ခ်န္က်စ္ခ်ဴးတစ္ေယာက္ ခပ္ျမန္ျမန္ သတိျပန္ကပ္သြား၏။ အေတြ႕အႀကဳံမ်ားလာၿပီျဖစ္၍ သတို႔သားက သူ႔ကိုသတ္ရန္ ႀကိဳးပမ္းလာခ်ိန္တြင္ ေၾကာက္မေနေတာ့ေပ။ သတို႔သား၏ လက္ရွိခႏၶာကိုယ္က ပိုင္ရိ၏ခႏၶာကိုယ္အစစ္ ျဖစ္ႏိုင္သည္ဟူေသာ အေတြးေလာက္ ေၾကာက္စရာမေကာင္းေတာ့ေပ။

သူက လက္ဆန႔္ကာ သတို႔သား၏ လည္ပင္းကို သိုင္းဖက္လိုက္သည္။ ၿပီးေနာက္ သူ႔ဘက္က လက္ဦးမႈယူ၍ မ်က္ႏွာခ်င္းနီးေအာင္ ဆြဲယူလိုက္သည္။ သူ၏ ႏႈတ္ခမ္းမ်ားက တစ္ဖက္လူ၏ ႏႈတ္ခမ္းႏွစ္လႊာကို ထိကပ္ေတာ့မည့္အခ်ိန္ အတန္ငယ္ တုံ႔ဆိုင္းသြားသည္။

သတို႔သားကို Photobook ထဲမွာ ခ်ိပ္ပိတ္လိုက္ရင္ ပိုင္ရိအတြက္ ခႏၶာကိုယ္မရွိေတာ့ဘူး။ ဒါဆို ပိုင္ရိကို အသက္ျပန္ရွင္ေအာင္ လုပ္လို႔မရဘဲေနမွာေပါ့..?

သတို႔သားက ခ်န္က်စ္ခ်ဴး တိုးကပ္လာတာကို ျမင္ေသာအခါ တစ္ခဏမွ် အံ့အားသင့္သြားသည္။ သူ၏လက္ေခ်ာင္းမ်ားပင္ တုန္ယင္လာသျဖင့္ လက္သည္းက အသားထဲသို႔ ပို၍နစ္ဝင္သြားၿပီး ဒဏ္ရာမွ ေသြးစီးေၾကာင္းတစ္ခု စီးက်လာသည္။

ဝက္ဝံ႐ုပ္ေလးက တစ္ခဏ ေၾကာင္အမ္းေနၿပီးေနာက္ ေအာ္ဟစ္လိုက္ရင္း သတို႔သား၏လက္ကို ေျပးကိုက္သည္။ ကိုက္ရင္းတန္းလန္းျဖင့္ သတို႔သား၏ လက္ထဲမွ ခ်န္က်စ္ခ်ဴး ျမန္ျမန္လြတ္ေအာင္ ေအာ္ေနေသးသည္။

သူနမ္းလိုက္ရင္ ပိုင္ရိက ဒီဂိမ္းထဲမွာပဲ ထာဝရပိတ္မိသြားႏိုင္တယ္..!

ခ်န္က်စ္ခ်ဴး၏ ခႏၶာကိုယ္က တုန္ယင္ေနသည္။ ေသြးစြန္းေနသည့္ သူ၏မ်က္ႏွာေလးက မခ်ိမဆန႔္ နာက်င္ေနဟန္ျဖင့္။ သတို႔သား၏ လက္ကို ဆုပ္ကိုင္ထားမိသည္။ သူ၏စိတ္ထဲတြင္ ေၾကာက္ေနပါေသာ္လည္း ပိုင္ရိအေၾကာင္း ေတြးမိသည္ႏွင့္ သတို႔သားကို မနမ္းႏိုင္ခဲ့ေပ။

မ်က္စိတစ္မွိတ္စာအတြင္း အရာအားလုံး ျဖစ္ပ်က္ခဲ့ေလသည္။ ေငြဒဂၤါးေလးက သူ႔ဘာသာ ဂ်ိဳကာဘက္က်ေအာင္လုပ္ၿပီး ခ်န္က်စ္ခ်ဴး ကံေကာင္းလာေအာင္ ကူညီေပးသည္။

[ အ႐ူး.. ဘာလို႔ ခ်ီတုံခ်တုံျဖစ္ေနတာလဲ..? ပိုင္ရိအတြက္နဲ႔ မင္းကိုယ္မင္း အေသခံေတာ့မလို႔လား..? မင္း အဲ့လိုလုပ္တာကို ပိုင္ရိလည္း လက္ခံႏိုင္မွာမဟုတ္ဘူး..! ]

[ မင္းေသရင္ အရာအားလုံး အဆုံးသတ္သြားလိမ့္မယ္..! ဒီျပႆနာကိုေျဖရွင္းဖို႔ တျခားနည္းလမ္း ရွိဦးမွာပါ.. သတို႔သားကိုသာ ျမန္ျမန္နမ္းလိုက္ေတာ့..! ]

System က အသံက်ယ္က်ယ္ျဖင့္ ေအာ္ေငါက္လိုက္မွသာ ခ်န္က်စ္ခ်ဴး သတိျပန္ကပ္သြားသည္။ ထိုအခါမွ သူ ဘယ္ေလာက္တုံးအမွန္း သေဘာေပါက္သြားသည္။

ဒီေနရာမွာ သူေသသြားရင္ေတာင္ ပိုင္ရိအတြက္ အက်ိဳးမရွိဘူး။ ဂိမ္းထဲကေနလြတ္ၿပီး ခႏၶာကိုယ္ ျပန္ရမွာမဟုတ္ဘူး။ ၿပီးေတာ့ သူေသသြားရင္ ပိုင္ရိကို ကူညီေပးႏိုင္တဲ့လူ မရွိေတာ့ဘူး။ အဲတာေၾကာင့္ သူေသလို႔မျဖစ္ဘူး။ System ရဲ႕စကားကို နားေထာင္ၿပီး တျခားနည္းလမ္းနဲ႔ ပိုင္ရိကို ကယ္တင္ရမယ္..!

ခ်န္က်စ္ခ်ဴး၏ စိတ္ထဲတြင္ ထိုအေတြးက လွ်ပ္စီးလက္သလို ျဖတ္ေျပးသြားသည္။ လည္ပင္းမွ ေသြးထြက္ေနတာကို ဂ႐ုမစိုက္ေတာ့ဘဲ သတို႔သား၏ မ်က္ႏွာေခ်ာေခ်ာေလးကို ဆုပ္ကိုင္လ်က္ ေသြးေပေနေသာ ႏႈတ္ခမ္းမ်ားျဖင့္ တစ္ဖက္လူ၏ ႏႈတ္ခမ္းေပၚ ဖိကပ္လိုက္သည္။

ခ်န္က်စ္ခ်ဴးဘက္က စတင္လႈပ္ရွားလာေသာအခါ လြန္ခဲ့ေသာ စကၠန႔္ပိုင္းေလးတင္ ခ်န္က်စ္ခ်ဴးကို သတ္ခ်င္ေနသည့္ သတို႔သားလည္း လုံးဝမျငင္းဆန္ႏိုင္ခဲ့ေပ။ သူ၏မ်က္ဝန္းထဲတြင္ ေပ်ာ္႐ႊင္မႈတို႔ လႈိက္တက္လာၿပီး သတို႔သမီးေလး၏ အနမ္းကို တက္တက္ႂကြႂကြျဖင့္ ျပန္လည္တုံ႔ျပန္ခဲ့သည္။

ေယာက္်ားႏွစ္ေယာက္၏ ထိကပ္ေနေသာ ႏႈတ္ခမ္းမ်ားၾကားမွ စိုစြတ္စြတ္အသံမ်ား ထြက္ေပၚလာသည္။ သတို႔သားသည္ သူ႔လက္ေမာင္းေပၚမွ ဝက္ဝံ႐ုပ္ေလးကို ခါထုတ္လိုက္ၿပီး ခ်န္က်စ္ခ်ဴးအား ရင္ခြင္ထဲေထြးေပြ႕ကာ လြတ္ေျမာက္ခြင့္ မေပးေတာ့ေခ်။

ခ်န္က်စ္ခ်ဴး၏ ႏႈတ္ခမ္းႏွင့္လွ်ာက စုပ္ယူခံေနရသျဖင့္ အတန္ငယ္ ထုံထိုင္းလာသည္။ သူ၏ အသက္ရႉသံလည္း မတည္မၿငိမ္ ျဖစ္လာခဲ့သည္။ သို႔ေသာ္ သတို႔သား၏ ရင္ခြင္ထဲမွ ႐ုန္းထြက္ရန္ စိတ္ကူးမရွိေပ။ ထိုအစား ရင္ခုန္သံျမန္လာၿပီး ခႏၶာကိုယ္က ေပ်ာ့ေခြသြားသည္။ မည္သို႔ဆိုေစ သူ႔ကို နမ္းေနသူက တျခားေသာ‘ပိုင္ရိ’ မဟုတ္ပါလား။

သူတို႔ႏွစ္ဦးလုံး အနမ္းထဲတြင္ ေပ်ာ္ဝင္ေနခဲ့ေလ၏။ သတို႔သား၏ ခႏၶာကိုယ္က အလင္းမႈန္ေလးမ်ားအျဖစ္ စတင္ၿပိဳကြဲလာသည္ကို မည္သူမွ် သတိမထားမိလိုက္ေပ။

ပစ္ထုတ္ခံလိုက္ရေသာ ဝက္ဝံ႐ုပ္ေလးသာ သတို႔သားထံမွ အလင္းမႈန္ေလးမ်ားကို ျမင္ေနရသည္။ သူ႔ခမ်ာ ပို၍ပင္ အူေၾကာင္ေၾကာင္ ျဖစ္သြားရွာသည္။

သူ နားမလည္ေတာ့ဘူး..! ခုနေလးတင္ ခ်န္က်စ္ခ်ဴးကို သတ္ခ်င္ေနတဲ့ သတို႔သားက ဘာလို႔ ႐ုတ္တရက္ႀကီး နမ္းေနျပန္တာလဲ..?

ခ်န္က်စ္ခ်ဴးလည္း မူးေဝလာသည္အထိ အနမ္းခံလိုက္ရရွာသည္။ ထို႔ေနာက္တြင္မူ သူ၏ခႏၶာကိုယ္ေပၚမွ အေလးခ်ိန္တစ္ခုကို ခံစားလိုက္ရသည္။ တစ္ဖက္လူ၏ ခႏၶာကိုယ္က သူ႔အေပၚ ႐ုတ္တရက္ ၿပိဳက်လာသည္။ အသက္လကၡဏာမရွိေတာ့ဘဲ လႈပ္ရွားမႈမဲ့ကာ ၿငိမ္သက္ေနေလသည္။

သူတို႔၏ ေဘးပတ္ပတ္လည္မွ အ႐ိုးေျခာက္ႏွင့္ အေလာင္းေကာင္မ်ားက ႐ုတ္ခ်ည္းဆိုသလို လႈပ္လႈပ္ရွားရွား ျဖစ္လာၿပီး ေဖာက္မထြက္ႏိုင္ေအာင္ ဝိုင္းအုံလာသည္။ ၿပီးေနာက္ အႏၲရာယ္ေပးရန္ လက္ဆန႔္လာၾကသည္။

ဝက္ဝံ႐ုပ္ေလးက ထိုအျခင္းအရာကို ျမင္ေသာအခါ ေျမျပင္ေပၚမွ ကုန္း႐ုန္းထၿပီး ဟိန္းေဟာက္လိုက္၏။ သူတို႔ထဲမွ တစ္ေကာင္ကို ဝါးစားပစ္လိုက္သည္။ ထိုအခါမွ တျခားအ႐ိုးေျခာက္ႏွင့္ အေလာင္းေကာင္မ်ားလည္း ေၾကာက္လန႔္တၾကား ထြက္ေျပးေတာ့သည္။ သို႔ေသာ္ ခပ္ေဝးေဝးသို႔ မေျပးႏိုင္ခင္မွာပင္ ေျမျပင္ေပၚသို႔ ပုံက်ၿပီး တစ္စစီျဖစ္သြားေလသည္။

[ သတို႔သားကို Photobook ထဲတြင္ ေအာင္ေအာင္ျမင္ျမင္ ခ်ိပ္ပိတ္ၿပီးပါၿပီ။ ]

[ Boss ရဲ႕ဓာတ္ပုံကို စုေဆာင္းၿပီးပါၿပီ။ ‘တေစၦသတို႔သမီး’ Instance ကို ရွင္းလင္းႏိုင္ခဲ့တဲ့အတြက္ ဂုဏ္ယူပါတယ္။ ]

[ Clearance Rewards : Exp Points x 20000, Survival Points x 20000 ]

[ Level 55 ေရာက္သြားတဲ့အတြက္ ဂုဏ္ယူပါတယ္။ ]

[ အဓိကတာဝန္ ၿပီးေျမာက္သြားပါၿပီ။ ရွင္းဟြာလမ္းထဲမွ ျပန္ထြက္ျခင္းျဖင့္ ဤ Instance မွ ျပန္ထြက္ႏိုင္ပါၿပီ။ ]

သတို႔သားကို ခ်ိပ္ပိတ္ၿပီးၿပီလား..?

ဒါဆို သူ႔လက္ေပၚက ခႏၶာကိုယ္က……

ရင္ခြင္ထဲမွ ခႏၶာကိုယ္ေလးကို ေပြ႕ဖက္ထားရင္း ခ်န္က်စ္ခ်ဴးမွာ မ်က္ေတာင္ေလးပုတ္ခတ္ပုတ္ခတ္ျဖင့္ အူေၾကာင္ေၾကာင္ ျဖစ္ေနေတာ့သည္။ အေတာ္ၾကာ ေၾကာင္အမ္းေနၿပီးေနာက္ သူ၏ရင္ထဲမွ အေပ်ာ္လုံးမ်ား ႂကြတက္လာ၏။ သူ၏ မ်က္ဝန္းမ်ား နီရဲလာၿပီး ငိုခ်မိလုမတတ္ ျဖစ္သြားသည္။

System ေျပာတဲ့ ‘တျခားနည္းလမ္း’က ဒါကိုေျပာခ်င္တာလား..? Photobook က သတို႔သားရဲ႕ ျဖစ္တည္မႈကိုပဲ ယူေဆာင္သြားၿပီး ပိုင္ရိရဲ႕ ခႏၶာကိုယ္ကို ခ်န္ထားေပးခဲ့တယ္။ ေနာက္ဆုံးေတာ့ ပိုင္ရိရဲ႕ ခႏၶာကိုယ္ကို ျပန္ရခဲ့ၿပီ..!

[ ဟီးဟီး.. ေပ်ာ္သြားလား..? ေက်းဇူးတင္ေနၿပီမလား..? ဘာလို႔ ငါ့ကို ျမန္ျမန္ေလး ေက်းဇူးမတင္ေသးတာလဲ..? ] System က အလြန္ဂုဏ္ဆာေနဟန္ျဖင့္ ေျပာလာသည္။

“ေက်းဇူး. ေက်းဇူးတင္ပါတယ္.. အမ်ားႀကီး မင္းကို ေက်းဇူးတင္ပါတယ္..”

ခ်န္က်စ္ခ်ဴးက ပိုင္ရိ၏ ခႏၶာကိုယ္ကို တင္းတင္းက်ပ္က်ပ္ ေပြ႕ဖက္လိုက္သည္။ System ကို စိတ္ထဲမွ စကားေျပာႏိုင္ေၾကာင္းပင္ ေမ့ေလ်ာ့သြားၿပီး အသံက်ယ္က်ယ္ျဖင့္ ေအာ္ေျပာေနမိ၏။ သူ၏အသံထဲတြင္ ရႈိက္သံယဲ့ယဲ့ ပါဝင္ေနၿပီး ဗလုံးဗေထြးျဖင့္ ေက်းဇူးတင္ေၾကာင္း တတြတ္တြတ္ ေျပာေနေတာ့သည္။

[ … အဟြတ္.. ]

တကယ္ႀကီး ေက်းဇူးတင္စကား ေျပာလာလိမ့္မည္ဟု မထင္ထားသျဖင့္ System ပင္ ေနရခက္သြားသည္။ သူက ေခ်ာင္းဟန႔္ၿပီး အသံအေနအထားကို ျပန္ထိန္းလိုက္သည္။ ၿပီးေနာက္ ခ်န္က်စ္ခ်ဴးကို ႏွစ္သိမ့္ေပးသည္။

[ အခု အပိုေဆာင္းတာဝန္ရဲ႕ ဆုလာဘ္ကို ဖြင့္ၾကည့္လို႔ရၿပီ..  အဲ့ဆုကို မင္းႀကိဳက္မွာ ေသခ်ာတယ္.. ]

[ ဆုကို ဖြင့္ၾကည့္ခ်င္ပါသလား..? ]

“………..”

ခ်န္က်စ္ခ်ဴးတစ္ေယာက္ စိတ္လႈပ္ရွားလာသည္။ သူ၏ မ်က္ဝန္းမ်ားက နီရဲေနၿပီး တစ္ကိုယ္လုံး တုန္ယင္လာရသည္အထိ။ မသိစိတ္အရ ထိုဆုလာဘ္သည္ ပိုင္ရိႏွင့္ ပတ္သက္ေနလိမ့္မည္ဟု ထင္ေနမိသည္။

“….. ဖြင့္မယ္..”

[ ဆုလာဘ္ကို ထုတ္ယူၿပီးပါၿပီ။ ]

ခ်န္က်စ္ခ်ဴးခမ်ာ သူကိုယ္တိုင္ပင္မသိလိုက္ဘဲ အသက္ရႉေအာင့္ထားမိသည္။ အခ်ိန္ရပ္တန႔္သြားသလိုပင္။

တစ္ခဏေလးသာ ၾကာခဲ့ေသာ္လည္း အခ်ိန္အမ်ားႀကီး ကုန္ဆုံးသြားသေယာင္…

သူ၏ရင္ခြင္ထဲမွ ခႏၶာကိုယ္ေလး ႐ုတ္တရက္ လႈပ္ရွားလာတာကို ခံစားမိလိုက္သည္။ သူ၏ရင္ထဲ ဒိန္းခနဲျဖစ္သြားၿပီး ေအာက္ငုံ႔ၾကည့္လိုက္ေသာအခါ ျဖည္းျဖည္းခ်င္း ပြင့္ဟလာေသာ မ်က္ဝန္းနက္နက္မ်ားကို ျမင္လိုက္ရေလသည္။

“….. က်စ္.. ခ်ဴး..?”

သူ၏ရင္ခြင္ထဲ လဲေလ်ာင္းေနေသာ အမ်ိဳးသားသည္ ရွားရွားပါးပါး နားမလည္ႏိုင္ျဖစ္ေနသည့္ အမူအရာမ်ိဳး ေဖာ္ျပလာ၏။ အၾကင္သူ၏ ႏႈတ္ခမ္းမ်ားက အသာလႈပ္ရွားလာၿပီး သူ၏နာမည္ကို ခပ္တိုးတိုးေလး ေခၚဆိုလာသည္။

***

ပိုင္ရိ၏ ဒိုင္ယာရီမွတ္တမ္း (Part 77)

( အခုေလးတင္မွ အသက္ျပန္ရွင္လာတာ။ ဘာေတြျဖစ္ပ်က္သြားမွန္း မသိဘူး။ အူေၾကာင္ေၾကာင္ ျဖစ္ေနတုန္းပဲ။ ဒိုင္ယာရီမရွိဘူး။ )

…………………………………..

TN : ဒီရက္ပိုင္း အလုပ္ရႈပ္ေနတာနဲ႔ မွတ္ခ်က္ေလးေတြေတာင္ သိပ္မေရးမိဘူး။ ဘာလိုလိုနဲ႔ ဒီ nv ေလးလည္း ၇၇ ပိုင္းေရာက္လာၿပီ။ ၂၂ ပိုင္းပဲ က်န္ေတာ့တယ္။ ဟီးဟီး

…………………………………..

Continue Reading

You'll Also Like

395K 54.2K 55
Original Title;重生后我只想咸鱼 English Title;After Rebirth , I Just Want To Be A Salted Fish Original Author;雕雕子(Diao Diao Zi) This is Pure Fan Translation...
116K 18.2K 102
ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ အပိုင်း ၁၁၁ မှ အဆုံးထိ တင်သွားပါမည်။
41.6K 3.8K 25
Author : 神田洛 12 Chapters (completed) Original Publisher jjwxc English translation Novel updates Associated Names SCGL 配角生存指南 This is a fan translat...
2.3M 169K 172
PSYCHO လူသတ္သမားတစ္ေယာက္နဲ႔စာခ်ဳပ္ခ်ဳပ္မိျခင္း PSYCHO လူသတ်သမားတစ်ယောက်နဲ့စာချုပ်ချုပ်မိခြင်း Beautiful love story 🖤 #BL #Yaoi Manga translation by...