မှိုင်းဟန်မြခေတ် {Hiatus}

Autorstwa _JANE_PESNO_

24.1K 804 63

"အေး..ငါက ရိုင်းတယ်! အဲ့တော့..သောက်ဘောပဲ! ီး!!" မှိုင်းဟ... Więcej

အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၄
အပိုင်း - ၅
အပိုင်း - ၆
အပိုင်း - ၇
အပိုင်း - ၈
အပိုင်း - ၉
အပိုင်း - ၁၀
အပိုင်း - ၁၁
အပိုင်း - ၁၂
အပိုင်း - ၁၃
အပိုင်း - ၁၄
အပိုင်း - ၁၅
အပိုင်း - ၁၆
အပိုင်း - ၁၇
အပိုင်း - ၁၈
အပိုင်း - ၁၉
အပိုင်း - ၂၀
အပိုင်း - ၂၁
အပိုင်း - ၂၂
အပိုင်း - ၂၃
အပိုင်း - ၂၄
အပိုင်း - ၂၅
အပိုင်း - ၂၆
အပိုင်း - ၂၇
အပိုင်း - ၂၈
အပိုင်း - ၂၉
အပိုင်း - ၃၀
အပိုင်း - ၃၁
အပိုင်း - ၃၂
အပိုင်း - ၃၃
အပိုင်း - ၃၅

အပိုင်း - ၃၄

241 15 2
Autorstwa _JANE_PESNO_

#Unicode

နေ့လယ်စာစားရတော့မည့်အချိန် ရောက်ပြီဖြစ်တာ‌ကြောင့် မနက်ကတည်းက ကမ်းခြေတွင် သွားဆော့နေသည့် အဆော့မက်လေးကို ခေါ်ရန်အတွက် အတ္တဝါဒီ စံအိမ်ထဲမှ ထွက်လာလိုက်သည်။မနက်စာကိုလည်း အတင်းချော့မော့ကျွေး၍သာ နည်းနည်းပါးပါးစားသွားကာ တစ်မနက်ခင်းလုံး ပြေးလိုက်လွှားလိုက်လုပ်နေသဖြင့် ယခုလောက်ဆိုလျှင် ဗိုက်အတော်ဆာနေလောက်ပြီပင်။

ဤသည်ကိုပင် အစားထက် ကစားကိုမက်သော ထိုကလေးလေးက စံအိမ်ထဲကို ပြန်မလာဘဲ ကမ်းခြေရှိ သဲသောင်ပြင်ပေါ်တွင် ပတ်ပြေးကာ ဆော့နေလေသည်။

အလိုလိုက်သော အပြုံး၊ နူးညံ့ညင်သာသော မျက်နှာထား၊ ချစ်မြတ်နိုးခြင်းများပြည့်လျှံသော မျက်ဝန်းများနှင့် တည်ရှိနေသော အတ္တဝါဒီသည် လက်ကိုပိုက်လျက် စံအိမ်၏ တံခါးဘောင်ပေါ်သို့ တစောင်းမှီလိုက်၏။တစ်ဆက်တည်းမှာပင် တောက်ပသော နေရောင်ခြည်ထဲတွင် ပြေးလွှားဆော့ကစားနေသော အပြုံးချိုချိုလေးနှင့် လူငယ်လေး၏ အပြုအမူတစ်ခုချင်းစီတိုင်းကို သိမ်မွေ့သော အမူအရာဖြင့် လိုက်ကြည့်နေလေသည်။

နေစူးသဖြင့် မျက်နှာလေး အလိုမကျဖြစ်သွားသည်ကအစ၊ မျက်လုံးများ မှေးမှိတ်သွားသည်အထိ ပြုံးရယ်ကာ ပြေးနေသည်ကအလယ်၊ သဲပြင်ပေါ်တွင် ငုတ်တုတ်ထိုင်ပြီး မပီမပြင် ရဲတိုက်လေးများကို တည်ကြည်သော မျက်နှာထားလေးဖြင့် တည်ဆောက်နေသည်ကအဆုံး၊ စသည့် အမျိုးမျိုးသော ပြောင်းလဲမှုများကို အတ္တဝါဒီသည် စိတ်ရှည်မှုများဖြင့် စောင့်ကြည့်နေ၏။

ပြေးလွှားနေသော ကောင်ငယ်လေးသည် အဖြူရောင်လျှာထိုးဦးထုပ်၊အဖြူရောင် အင်္ကျီလက်တိုနှင့် အပြာရင့်ရောင် ဘောင်းဘီတိုတို့ကို လူငယ်အငွေ့အသက်များ လွှမ်းခြုံလျက် ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားသည်။အရှိန်ဖြင့် ဘယ်လောက်ပြေး‌နေပါစေ၊ ခေါင်းပေါ်ရှိ ဦးထုပ်လေးကိုတော့ ပြုတ်ကျသွားမည်စိုးသည့်အလား လက်လေးဖြင့် တစ်ချက်တစ်ချက် ပြန်ထိန်းနေသော ကောင်ငယ်လေးကြောင့် အတ္တဝါဒီ၏အပြုံးတို့က ပိုမိုကြီးမားလာရ၏။

အနှီဦးထုပ်မှာ အတ္တဝါဒီ သေချာဆောင်းပေးလိုက်သော ဦးထုပ်ဖြစ်ပြီး အဲသည်လောက်အထိ ဦးထုပ်ကို ပြုတ်မကျစေရန် ကြိုးစားနေရခြင်း အကြောင်းပြချက်မှာ ဦးထုပ်မဆောင်းလျှင် ချက်ချင်းအထဲကို ပြန်ဝင်လာရမည်ဟူသည့် မနက်တုန်းက သူပြောခဲ့သော တစ်ချက်လွှတ်စကားကြောင့်ဖြစ်သည်။

နေပူမှာစိုးတာကြောင့် အရိပ်အောက်တွင် ဆော့ရန်ပြောသော်လည်း ခေါင်းမာလှသော ကလေးငယ်သည် နေပူကြီးထဲ၌သာ ထိုင်၍ဆော့နေလေသည်။သူ မလုပ်ချင်သည့်အရာကို လုပ်ခိုင်းသည့်အချိန်နှင့် သူ ဖြစ်ချင်သည်ကို ဖြစ်ခွင့်မရသည့် အချိန်ဆိုလျှင် ဘယ်လောက်ချော့ချော့ စိတ်ကောက်မပြေတတ်သော ကလေးငယ်၏အကျင့်ကိုသိတာကြောင့် အတ္တဝါဒီ အတင်းအကျပ်မလုပ်ဘဲ လက်လျှော့ထားရခြင်းပင်။

ယခုမှ သတိပြန်လည်ခါစဖြစ်တာကြောင့် သတိထား၍ စောင့်ရှောက်ချင်သော်လည်း ငယ်ရွယ်တက်ကြွမှုများ ပြည့်ဝနေသော ထိုကလေးငယ်ကို တားဆီးခြင်းအလို့ငှာ သူ၏နှလုံးသားက အဲသည်လောက် မမာကျော၊မရက်စက်နိုင်‌ပါချေ။ထို့ကြောင့် စိတ်တိုင်းကျ ကစားစေကာ အစောင့်များကို ခပ်ဝေးဝေးကနေ စောင့်ကြပ်ခိုင်းထားပြီး သူကတော့ ကလေးငယ် စားရန်အတွက် ကိုယ်တိုင်ပြင်ဆင်နေခဲ့သည်။

ခဏအကြာမှ လက်ကောက်ဝတ်ထက်ရှိ နာရီကို ငုံ့ကြည့်လိုက်ကာ အစားစားချိန် လွန်သွားမည်စိုးတာကြောင့် နံရံတွင် မှီထားသည့်ထီးကို ဖွင့်ဆောင်းလိုက်ပြီး ကလေးငယ်ရှိရာသို့ အတ္တဝါဒီ သွားလိုက်သည်။သူလာသည်ကိုပင် သတိမထားမိဘဲ ရဲတိုက်ငယ်လေးများကိုသာ ရေပုံးလေးဖြင့် အစွမ်းကုန်ပြုလုပ်နေသော အနှီကလေးငယ်သည် အတ္တဝါဒီ၏မျက်လုံးထဲတွင်တော့ ချစ်စဖွယ်အတိပင်။

ထီး၏အရိပ်ကို ကလေးငယ်အပေါ် အုပ်မိုးစေလိုက်တော့ ရေပုံးထဲ သဲများပြန်ဖြည့်နေသည့် ကလေးငယ်က 'ကစားနေတာကို ဘယ်သူလာနှောင့်ယှက်တာလဲ'ဟူသည့် ရုပ်မျိုးဖြင့် မျက်မှောင်ကိုကျုံ့ကာ မော့ကြည့်လာ၏။

ယခုအချိန်၌သာ ရယ်လိုက်မိလျှင် စိတ်ကောက်သွားမည်မှာ အသေအချာဖြစ်တာကြောင့် ရယ်သံမထွက်သွားစေရန် ထိန်းချုပ်လိုက်ပြီး အပြုံးကိုသာ ရသလောက် အတ္တဝါဒီ ဆက်လက်ထိန်းသိမ်းလိုက်သည်။ မှိုင်းဟန်မြခေတ်ကတော့ ကစားနေသည်ကို နှောင့်ယှက်ခံလိုက်ရတာကြောင့် 'မကျေနပ်ဘူး'ဟူသည့် မျက်နှာထားကို သူ၏မျက်နှာထက်၌ ပေါ်ပေါ်ထင်ထင် ချိတ်ဆွဲထားပါ၏။

ထိုင်နေသည့် ကလေးငယ်နှင့် တစ်တန်းတည်းဖြစ်စေရန် အတူလိုက်ထိုင်လိုက်တော့ မကျေနပ်သည်ကို အတိအလင်း ဖော်ပြချင်သည့်အလား ကလေးငယ်က နှာခေါင်းရှုံ့လျက် တစ်ဖက်ကို ခေါင်းလှည့်သွားသည်။စိတ်ကောက်သွားပြီမှန်း သေချာသွားသဖြင့် အတ္တဝါဒီသည် မနိုင်ဘူးဟူသည့်သဘောဖြင့် သဘောတကျ ပြုံးရယ်ရင်း ခေါင်းအသာယမ်းလိုက်မိလေသည်။

ထို့နောက် စိတ်ကောက်ခြင်း အခြင်းအရာကို ပျောက်ကွယ်စေရန်အတွက် ကြိုတင်ပြင်ဆင်လာသည့် တိုက်ကွက်ကို အတ္တဝါဒီ ထုတ်သုံးရတော့၏။

"မနက်တုန်းက အရုပ်ကုမ္ပဏီတစ်ခုက..ဖုန်းဆက်တယ်.."

အရုပ်ဆိုသည့်အသံကြားသည်နှင့် သဲများဆက်ထည့်နေသော မှိုင်းဟန်မြခေတ်၏လက်လေးများက မသိမသာလေး အရှိန်နှေးသွား၏။ဤသည်ကို အတ္တဝါဒီက သတိထားမိလိုက်တာကြောင့် မိမိ၏အကြံအစည် အောင်မြင်မည်မှန်း သေချာသွားကာ ကျန်သည့်စကားများကို ဆက်လက်ပြောဆိုလိုက်သည်။

"အသစ်ထွက်တဲ့ပြိုင်ကားလေးက..ဒီဇိုင်းအဆန်းလေးမလို့ အရေအတွက်ကန့်သတ်ပြီး..ထုတ်မှာတဲ့..၊ ပြီးတော့ အရေအတွက်ကလဲ တစ်ခုတည်းတဲ့.."

ထိုအခါ ကိုယ်တိုင်က စိတ်ကောက်နေသည်ကို မေ့ပျောက်သွားပါသော မှိုင်းဟန်မြခေတ်က သဲအပြည့်ပါသည့်ရေပုံးကို ချက်ချင်းပစ်ချကာ ပျော်ရွှင်မှုများပြည့်နေသော၊ တလက်လက် တောက်ပနေသည့် အနီရောင်မျက်လုံးလေးများဖြင့် အတ္တဝါဒီကို လှည့်ကြည့်လာလေသည်။ထို့နောက် စိတ်လှုပ်ရှားစွာဖြင့် ရုတ်တရက် ထရပ်လိုက်တာကြောင့် ထီးနှင့်ခေါင်း မဆောင့်မိစေရန် အတ္တဝါဒီကပါ အမြန်လိုက်ထရလိုက်လေသည်။

"အဲ့ပြိုင်ကား ဘယ်မှာလဲ?.."

'ဝယ်ပေးပါ'ဟူသည့် ချွဲနွဲ့မှုပါဝင်သော စကားများအစား တည်နေရာကိုသာ ချက်ချင်းမေးချလာသော မှိုင်းဟန်မြခေတ်သည် လိုတိုင်းရသည့် အလိုလိုက်ခံထားရသော သခင်ငယ်လေးတစ်ယောက်မှန်း သိသာလှပေသည်။တစ်ဖက်လူမှာ သူ မတောင်းဆိုလျှင်ပင် ဝယ်ပေးထားမည်မှန်း တိတိကျကျ သိထားသည့် မှိုင်းဟန်မြခေတ်၏ပုံရိပ်က မောက်မာသည့်အသွင်အပြင်လေး လွှမ်းခြုံထား၏။

အတ္တဝါဒီမှာ ယုံကြည်မှုတို့ ပြင်းထန်နေသော မှိုင်းဟန်မြခေတ်ကိုကြည့်ရင်း သဘောကျစွာ နှုတ်ခမ်းထောင့်စွန်းတို့က ကော့တက်သွားရလေသည်။ဤကလေးလေးကို သည်လောက်အထိ အလိုလိုက်ခဲ့သည်က ကောင်းသည့်အရာလား၊ ဆိုးသည့်အရာလားပင် သူ မခွဲခြားနိုင်တော့ပေ။သို့သော် ကလေးငယ် ပျော်နေလျှင် အရာအားလုံး အဆင်ပြေပါသည်။ထို့ကြောင့် ကလေးငယ်သာ ပျော်မည်ဆိုပါက မည်သည့်အရာမဆို လုပ်ပေးရန် သူ၏နှလုံးသား၊ခန္ဓာကိုယ်နှင့်စိတ်အာရုံတို့က အမြဲအဆင်သင့်ဖြစ်နေပြီးသားပင်။

"ပြိုင်ကားက လမ်းမှာရောက်နေပြီ..၊ အဲ့တာကြောင့် ပြိုင်ကားလေးရောက်တာနဲ့ ချက်ချင်းဆော့လို့ရအောင်..စံအိမ်ထဲမှာ ခြေလက်သန့်စင်ပြီး..နေ့လယ်စာစားရင်း စောင့်ကြမယ်လေ..၊ ကိုကို့ကလေးလေးက လိမ္မာပါတယ်..အတူတူ စံအိမ်ထဲဝင်ရအောင်နော်.."ဟု အတ္တဝါဒီက လက်ကမ်းပေးရင်းပြောတော့ မှိုင်းဟန်မြခေတ်က သံယောဇဉ်မပြတ်သည့်နှယ် ခြေထောက်အောက်ရှိ ရဲတိုက်လေးများကို ငုံ့ကြည့်ရှာသည်။

နေမှာ တဖြည်းဖြည်းနှင့် ပိုပူလာတာကြောင့် ကြာကြာရပ်နေလျှင် အပူလျှပ်မည်စိုးသဖြင့် စံအိမ်ထဲ မှိုင်းဟန်မြခေတ် မြန်မြန်ဝင်စေရန် အတ္တဝါဒီ ခြိမ်းခြောက်စကားလေး အနည်းငယ် ပြောလိုက်သည်။ထို့အပြင် လေးနက်ကြောင်း သိသာစေရန် သူတစ်ယောက်တည်းသာ ခေါ်ဝေါ်သည့် နာမ်စားလေးကိုပါ ထည့်သွင်းပြောလိုက်သေး၏။

"Egan..၊ အခုလိုက်မလာရင်..ပြိုင်ကားကို မပို့နဲ့တော့ဆိုပြီး..ကိုကို ဖုန်းဆက်လိုက်တော့မယ်"

အောက်ကိုငုံ့ကြည့်နေသော မှိုင်းဟန်မြခေတ်သည် အတ္တဝါဒီ၏ ထိုစကားကိုကြားတော့ ပျာယာခတ်သွားရမည့်အစား အနိုင်ရသူလို မဲ့ပြုံးလေးပြုံး၏။ထို့နောက် စိန်ခေါ်သလို အကြည့်ဖြင့် အတ္တဝါဒီကိုကြည့်ရင်း ဂုဏ်မောက်စွာ ပြောလာသည့်စကားမှာ ဤသို့ဖြစ်သည်။

"ကိုကိုမလုပ်ရဲတာ..သားသိပါတယ်"

ထိုအခါ အတ္တဝါဒီသည် ခပ်ဝေးဝေးရှိ အစောင့်များပင် ကြားရသည်အထိ သဘောကျစွာ အော်ရယ်လာတော့သည်။အစောင့်များမှာလည်း သခင်ကြီး၏ရယ်သံကို ပထမဆုံးကြားဖူးလိုက်တာကြောင့် မနေနိုင်စွာ တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်မိကြ၏။ထို့အပြင် ထူးဆန်းသည့်အရာတစ်ခုကို ပထမဆုံးကြုံတွေ့ဖူးလျှင် ကြောက်ရွံ့တတ်ကြသော လူသားများပီသစွာ အထိတ်တလန့် တံတွေးမျိုချလိုက်ပြီး သေနတ်များကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်ကြလေသည်။

မှိုင်းဟန်မြခေတ်၏ ဂုဏ်မောက်မှုများနှင့် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမှုများမှာ သူ၏အလိုလိုက်မှုများမှ ဆင်းသက်လာသည်ကို ကောင်းကောင်းကြီး သိထားသူပီပီ အတ္တဝါဒီသည် ထိုစကားလေးများကို သဘောတွေ့မဆုံးဖြစ်နေရလေသည်။ ကလေးငယ်၏စကားများကို ဘယ်သောအခါမှ ပြန်လည်ချေပမည်မဟုတ်သော သူက ယခုတစ်ကြိမ်တွင်လည်း ခြွင်းချက်မရှိ အလားတူပင်ဖြစ်သည်။

ကြိုက်သလောက် ဂုဏ်မောက်၍ရသည်။
အဆုံးအစမရှိ မောက်မာ၍ရသည်။
ထိန်းချုပ်မှု အလျှင်းမရှိ၊ ခက်ထန်၍ရသည်။
သူမတူစွာ အရှိန်အဝါ ကြီးမား၍ အမိန့်အာဏာပြင်းထန်၍ရသည်။

အကြောင်းမှာ ထိုသို့မဖြစ်လျှင်တောင် သူကိုယ်တိုင်က ကလေးငယ်ကို ထိုလမ်းကြောင်းပေါ်သို့ တွန်းပို့ပေးမည်ဖြစ်သောကြောင့်ပင်။
________________________________________

တည်နေရာကား Janeအိမ်တော်တွင်ဖြစ်၏။ ယခုအချိန်၌ အိမ်တော်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေလျက်ရှိကာ ခါတိုင်းစောင့်ကြပ်နေကြသည့် အစောင့်များပင် တစ်ယောက်မှမရှိဘဲ ကင်းရှင်းနေလေသည်။

ထိုအိမ်တော်အတွင်းထဲ၌ အိပ်ယာနိုးလာခါစမှန်း သိသာလှစွာ၊ ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားသေးသည့် လူငယ်လေးတစ်ယောက်သည် မျက်နှာထက်၌လည်း ပူပန်မှုတချို့ကပ်ငြိရင်း သူ၏ကိုယ်ပိုင်အခန်းထဲမှ အလျင်လိုစွာ ထွက်လာ၏။

ခြေလှမ်းကျဲများဖြင့် လှေကားပေါ်မှ ခပ်သွက်သွက် ဆင်းလာပြီးနောက် ‌လှေကား၏အောက်ခြေတွင် ကွဲထွက်သွားသည့် လမ်းနှစ်သွယ်ထဲမှ ညာဘက်လျှောက်လမ်းထဲသို့ လူငယ်လေးက ဦးတည်ကာ သွားသည်။၎င်းလျှောက်လမ်း၏ အဆုံးသတ်မတိုင်ခင်တွင် တည်ရှိနေသော ‌အခန်းတစ်ခု၏အရှေ့သို့ ရောက်လာသောအခါ လူငယ်လေးသည် ရောက်ရှိမှုကို သတင်းပို့သည့်အနေဖြင့် တံခါးကို ၃ချက်ခေါက်လိုက်သည်။ထိုအခါ အထဲမှ 'ဝင်ခဲ့'ဟူသည့်အသံ ထွက်ပေါ်လာ၏။

တွန့်ဆုတ်မနေဘဲ ချက်ချင်း အခန်းထဲကို ဝင်ချလိုက်တော့ အခန်းတွင်းအခြေအနေသည် ထင်ထားခဲ့သည့်အတိုင်း မရွှင်မလန်းဖြင့် အုံ့မှိုင်းလျက်ရှိသည်။ ပါးသည် ဧည့်သည်များထိုင်ရန် ပြင်ဆင်ပေးထားသည့် ဆိုဖာနှစ်ခုထဲမှ ဘယ်ဘက်ခြမ်းတွင် ထိုင်နေပြီး ၎င်းဆိုဖာနှစ်ခု၏ကြားတွင်ရှိသော အသင့်အတင့် အရွယ်အစားရှိသည့် စားပွဲပေါ်တွင်တော့ များပြားလှသော စာရွက်များက ဟိုတစ်စဒီတစ်စ ပျံ့နှံ့နေ၏။ Daddyကတော့ ထိုနေရာနှင့် မနီးမဝေးတွင်ရှိသည့် အလုပ်စားပွဲ၏ထိုင်ခုံတွင် ထိုင်နေကာ ထိုစားပွဲပေါ်၌လည်း စာရွက်များက အလားတူ ပျံ့ကြဲနေကြသည်။

ရွှေအိုရောင်မျက်ခုံးတို့ကို ဘဝင်မကျစွာ တွန့်ချိုးလိုက်ပြီး အခန်းအလယ်ရှိ စားပွဲအနားကို တိုးသွားလိုက်သည့်အခါ တစ်ယောက်တစ်နေရာစီတွင် ရှိနေကြသော၊ လက်ထဲတွင် ကိုင်ဆောင်ထားသည့် စာရွက်စာတမ်းများကို အာရုံစိုက်နေကြသည့် သူ၏ဖခင်နှစ်ယောက်က အသာအယာ ပြိုင်တူမော့ကြည့်လာကြသည်။

ညဉ့်ယံသွင်ကိုမြင်လျှင် ချိုသာနူးညံ့စွာ ပျော်ပျော်ရွှင်ရွှင် ပြုံးပြတတ်သော Pesnoသည်ပင် ယခုအခါ ပြုံးရုံဆိုသလိုလေး ပြုံးပြတာကြောင့် ယခုရင်ဆိုင်နေရသော အခြေအနေမှာ ဘယ်လောက်ပြင်းထန်နေကြောင်း သိရှိနိုင်ပြီဖြစ်လေသည်။

ညဉ့်မဲ့လရောင်ကတော့ ညဉ့်ယံသွင်၏ဝတ်စားဆင်ယင်ပုံကို တစ်ချက်ကြည့်ပြီး မျက်မှောင်ကို အနည်းငယ်ကျုံ့၍ တပ်ဆင်ထားသည့် ရွှေကိုင်းမျက်မှန်ကို တစ်ချက်ပင့်၏။ထို့နောက် ဂရုမစိုက်သည့်အလား မျက်နှာပြန်ငုံ့သွားကာ စာရွက်စာတမ်းများဆီသို့ အကြည့်ပြန်ရောက်သွားသည်။

လေးနက်နေသော လေထုကြောင့် ကိစ္စမှာ သူထင်ထားသည်ထက် ပို၍ကြီးမားနေပြီမှန်း အလိုအလျောက် သဘောပေါက်လိုက်ကာ ညဉ့်ယံသွင်သည် Pesno၏ဘေးနားတွင် ဝင်ထိုင်ပြီး စားပွဲပေါ်တွင် ရှိနေသေးသော စာရွက်များကို ယူဖတ်လိုက်သည်။

တဖြည်းဖြည်း အောက်သို့ရောက်လာလေလေ ညဉ့်ယံသွင်၏မျက်ခုံးတို့က ပိုမိုတွန့်ချိုးလာလေလေဖြစ်ကာ စာရွက်များကို တစ်ရွက်ပြီးတစ်ရွက် လှန်၍ဖတ်လိုက်ပြီးနောက် ညဉ့်ယံသွင်၏မျက်ဝန်းစိမ်းတို့က စိတ်ရှုပ်ထွေးမှုနှင့်ဒေါသတို့ ပြည့်နှက်သွား၏။ဘေးဘက်ကို ကြည့်တော့လည်း နက်နဲသည့် မျက်နှာအမူအရာတို့ဖြင့် စာရွက်များကို ဆက်လက်စစ်ဆေးနေကြသည့် ဖခင်နှစ်ယောက်ကို မြင်လိုက်ရကာ ညဉ့်ယံသွင်သည် ကိုင်ထားသည့်စာရွက်များကို စားပွဲခုံပေါ် ပြန်တင်လိုက်သည်။

"ဘယ်တစ်ခုကို အရင်ရှင်းမယ်စိတ်ကူးထားလဲ?..ပါး"

တည်ကြည်လေးနက်၍ တစ်ချိန်တည်းမှာပင် တင်းမာနေသည့် မျက်နှာထားကို ဖော်ဆောင်ထားသည့် Pesnoက ညဉ့်ယံသွင်၏စကားကို ပြန်လည်မဖြေကြားဘဲ အကြည့်တစ်ချက်သာပို့သည်။

"မင်းသာ..အခြေအနေကို သေချာလေ့လာနိုင်ရင် ဒီစကား..မင်းပါးစပ်က ထွက်လာမှာမဟုတ်ဘူး.."

မေးခွန်းမေးလိုက်သူ၏ ဖြေဆိုစေချင်သူအစား အခန်းထဲရှိ တတိယလူက အေးစက်သော လေသံနှင့် ဝင်ပြောလာလေတော့ ညဉ့်ယံသွင်၏မျက်နှာက အနည်းငယ် ပျက်ယွင်းသွား၏။ Daddyနှင့်ပါးတို့ထက်စာလျှင် မိမိမှာ အတွေ့အကြုံ မရင့်သန်သေးသည်ကို ကောင်းကောင်းနားလည်ထားသော်လည်း အညှာအတာကင်းမဲ့လှသော Daddy၏အထေ့အငေါ့စကားများကိုကြားရတိုင်း အလိုမကျဖြစ်သွားမိသည်ကတော့ အမှန်ပင်။မည်သည့်သားသမီးမဆို မိဘ၏အလေးထားမှု၊ချစ်မြတ်နိုးမှုနှင့် ဂုဏ်ယူမှုတို့ကို ခံယူချင်ကြသည်က လွဲမှားခြင်းမရှိသော သဘောတရားပင်ဖြစ်သည်။

ခဏတာ နှုတ်ဆိတ်နေမိသော်ငြား မိမိ၏ ပေါ့ဆမိသော အမှားကို Daddyက ထောက်ပြနေခြင်းဖြစ်သည်ကို မလွဲမသွေ သိရှိတာကြောင့် ခေါင်းကို အနည်းငယ်ညွှတ်၍ ညဉ့်ယံသွင် ပြန်ဖြေလိုက်သည်။

"နက်နက်နဲနဲ..မတွေးခေါ်မိတဲ့ ကျွန်တော့်ရဲ့အပြစ်ပါ၊ တောင်းပန်ပါတယ်..Daddy"

ညဉ့်ယံသွင်၏စကားကို ကြား‌သည့်အခါ ညဉ့်မဲ့လရောင်က ခပ်ပေါ့ပေါ့ ခေါင်းတစ်ချက် ညိတ်ပြလာသည်။သို့သော် အကြည့်တစ်ချက်မျှပင် စွန့်ကြဲမလာဘဲ မျက်လုံးတို့၏ဦးတည်ရာမှာ စားပွဲပေါ်ရှိ စာရွက်များ အပေါ်၌သာဖြစ်သည်။

Pesnoကလည်း သားအဖနှစ်ယောက်ကြားရှိ တင်းမာမှုကို အရင်လို ဝင်ပြန်ဖြေပေးချင်ခဲ့သည်။သို့ရာတွင် မနက်လင်းကတည်းက ကိစ္စ‌ပေါင်းများစွာဖြင့် အနားမပေးရသေးသည့် သူ၏ဦးနှောက်က တခြားကိစ္စများကို ထပ်ထည့်ရန်အတွက် မလုပ်ဆောင်နိုင်ဖြစ်နေရလေသည်။

ထို့ကြောင့် မျက်ရိုးကိုသာ လက်ဖြင့်နှိပ်နယ်မိရင်း ဆိုဖာနောက်မှီပေါ်သို့ ခပ်ဖြည်းဖြည်း မှီချလိုက်ပြီး မျက်စိကိုမှိတ်ကာ ဦးနှောက်ကို ခဏအနားပေးလိုက်သည်။ထိုအချိန်၌ တံခါးခေါက်သံ ထွက်ပေါ်လာကာ ညဉ့်မဲ့လရောင်က ဝင်ခဲ့ရန် အသံပြုလိုက်တော့ မောပန်းလာခြင်း၏အကျိုးဆက်ဖြစ်သော အသက်ရှူသံ ခပ်ပြင်းပြင်းက လူ့ထက်အရင် အခန်းအတွင်းထဲသို့ ရောက်လာလေသည်။

အထဲကိုဝင်ရန် တံခါးလက်ကိုင်ဘုကို လှည့်လိုက်သည့်အခိုက်၊ သူ၏ဘယ်ဘက်ရှိ လျှောက်လမ်းပေါ်တွင် ခပ်မြန်မြန် လှမ်းလာမှန်း ဖော်ဆောင်နေသည့် ခြေလှမ်းသံကို နွေဦးဂျွန် ကြားလိုက်ရသည်။ ဘာရယ်မဟုတ် ခေါင်းကိုလှည့်ကြည့်လိုက်တော့ ရင်းနှီးနေသည့်မျက်နှာကြောင့် နွေဦးဂျွန်၏မျက်နှာက ရုတ်ခြည်းမည်းမှောင်သွား၏။တစ်ဖက်လူမှာလည်း နွေဦးဂျွန်ကိုမြင်သည်နှင့် ခြေလှမ်းတို့ တုံ့ခနဲ ရပ်တန့်သွားကာ လူနှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်နေလျက်ရှိသည်။

"ဝင်မလာဘဲ..ဘာလုပ်နေတာလဲ"

အခန်းအတွင်းမှ ထွက်ပေါ်လာသော မာဆတ်၍ ခပ်ပြတ်ပြတ်ဖြစ်သည့် စကားသံက နှစ်ယောက်ကြားရှိ တင်းမာနေသောလေထုကို ချိုးဖျက်လိုက်ကာ နွေဦးဂျွန်သည် ကြည့်ရှုရန်ပင် မတန်သည့်နှယ် အရှေ့တည့်တည့်ကို အကြည့်လွှဲပစ်လိုက်၏။ပြီးခါမှ ခေါင်းပြန်လှည့်၍ တစ်ဖက်လူကို မကြည်ကြည့်တစ်ချက် ပို့လိုက်ကာ အေးစက်သော မျက်နှာထားဖြင့် တံခါးကို ဆွဲဖွင့်၍ ဝင်သွားတော့သည်။

နွေဦးဂျွန်၏အပြုအမူများကို မနှစ်သက်သော်လည်း ‌ရရှိရမည့်ပစ္စည်းက ရှိနေသေးလေတော့ တံလျှပ်မိုးတစ်ယောက် အသက်ကိုသာ ခပ်ပြင်းပြင်း ရှူသွင်းရင်း စိတ်ထိန်းလိုက်ရသည်။ထို့နောက် အင်္ကျီအဝတ်အစားကို သပ်ရပ်အောင်ပြန်ပြင်လိုက်ပြီး သူပါ အခန်းထဲသို့ လိုက်ဝင်သွားလိုက်၏။

အထဲကို ဝင်လျှင်ဝင်ချင်း၊ အရွယ်အစား ကြီးမားလှသော တောင်တစ်လုံးက မိမိ၏ခန္ဓာကိုယ်တစ်ခုလုံးကို အားဖြင့်ဆောင့်ဖိချလိုက်သည့်အလား တံလျှပ်မိုး အပြင်းအထန် ခံစားလိုက်ရ၏။ထို့အပြင် တံလျှပ်မိုး၏ ခြေထောက်နှစ်ဖက်လုံးသည်လည်း ချက်ချင်းညွတ်ကျသွားပြီး ကြမ်းပြင်ပေါ်၌ ဒူးတစ်ဖက်ထောက်လျက်သား ဖြစ်သွားလေသည်။ဘာဖြစ်နေသည်မှန်း မသိရသေးသော်ငြား အထင်သေးစရာမဟုတ်သည့် အာဏာတို့ပြည့်ဝနေသော ဖိအားများက သူ၏ခေါင်းပေါ်သို့ ကျရောက်နေကြောင်းကို တံလျှပ်မိုး ရှင်းရှင်းလင်းလင်း ခံစားမိနေ၏။

ခေါင်းကိုမော့၍ ကိစ္စတို့၏အခြေအနေကို ရှင်းလင်းလိုက်ချင်ပါသော်လည်း လက်လေးတစ်ချောင်းပင် မလှုပ်နိုင်သော အခြေအနေက သူ့ကို လှောင်ပြောင်နေလျက်ရှိသည်။

"ခေါင်းမော့"

ကျောရိုးတစ်လျှောက် စိမ့်အေးသွားနိုင်သည့် အသံကြောင့် တံလျှပ်မိုး၏ခန္ဓာကိုယ်မှာ ထိန်းချုပ်မရဘဲ တစ်ချက်တုန်ယင်သွားကာ ဒူးထောက်ထားသည့်ခြေထောက်ပေါ်တွင် တင်ထားသည့် မိမိ၏လက်ကို လက်သီးဆုပ်အဖြစ် ပြောင်းလဲ၍ အားယူလိုက်မိသည်။ထို့နောက် ထိတ်လန့်ဖွယ်ရာ ၎င်းအရှိန်အဝါ၏အောက်၌ မိမိ၏ခေါင်းကို မနည်းမော့လိုက်ရလေသည်။

ထိုအခါ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အသက်ရှူဖို့ကိုပင် တံလျှပ်မိုး မေ့လျော့သွားရသည်။ယခုရောက်နေသော အခန်းသည် မီးအလင်းရောင်တို့ ထိန်လင်းနေသည်မှန်ပါရက်နှင့် သူ၏အမြင်အာရုံသည် အမှောင်ထုထဲ၌ ကျရောက်နေသည်နှင့် မခြားနားလှချေ။

မကြာခင် သေဆုံးရတော့မည့် သားကောင်၏ လှုပ်ရှားမှုကို ပိန်းပိတ်မှောင် အမှောင်ထုထဲ၌ မှောင်ရိပ်ခို၍ စိုက်ကြည့်နေကြသည့်အလား ခြိမ်းခြောက်မှုတို့ဖြင့် တောက်ပနေသော မျက်လုံးလေးစုံကို မြင်လိုက်ရသည့်အခိုက်၊ မတတ်သာဘဲ တံလျှပ်မိုး လက်တို့တုန်ယင်လာမိသည်။ထောင်ထားသေးသည့် ဒူးတစ်ဖက်သည်ပင် အလိုအလျောက် ဒူးထောက်သည့်အနေအထားသို့ ရောက်သွားခဲ့ပြီဖြစ်၏။

ထိုအခိုက်အတန့်၌ တံလျှပ်မိုး နားလည်သွားခဲ့သည်။သူသည် ယခုအချိန်၌ ပုံမှန်အခန်းတစ်ခန်းထဲတွင် ရောက်နေခဲ့ခြင်းမဟုတ်ပေ။သူသည် သားကောင်ကို အချိန်မရွေး ကိုက်ဖြတ်စားသောက်ပစ်နိုင်သည့် သားရဲကောင်တို့၏ သားရဲတွင်းထဲ၌ ကျရောက်နေခဲ့ခြင်းဖြစ်၏။

ဤသည်က Omegaverse၏ဦးထိပ်ခေါင်။
Alphaများထက်ပင် အင်အားကြီးမားလှသော Dominant Alphaများ၏တည်ရှိမှုပင်။

ထိုအကြည့်များ၏အောက်၌ မိမိကိုယ်မိမိ ကြည့်ရှုရန်ပင် မထိုက်တန်သော သတ္တဝါတစ်ခုအလား တံလျှပ်မိုး ထင်မြင်လာမိသည်။ Pheromoneများ၏ကျေးကျွန်မဟုတ်သည့် သာမန်Betaဖြစ်သော သူသည်ပင် အနှီသားရဲများ၏ဖိအားအောက်မှ မလွတ်မြောက်နိုင်ခဲ့ပေ။

ကြောက်ရွံ့ထိတ်လန့်ခြင်း၊စိုးထိတ်တုန်ယင်ခြင်း၊သိမ်ငယ်ချောက်ချားခြင်း၊ စသည့် အနှုတ်သဘောဆောင်သော ခံစားချက်များက လှိုင်းလုံးများသဖွယ် တရိရိ သူ့ကို ဝါးမျိုလာခဲ့သည်။ အကြောက်တရား၏အကျိုးဆက်အရ အသက်ရှူရန် မေ့လျော့နေခဲ့မိသည့်အတွက် မသိလိုက်ခင်မှာပင် အသက်ရှူရကျပ်လာခဲ့၏။ထို့ကြောင့် အလျင်အမြန် လေတို့ကို ရှူသွင်းရန်လုပ်လိုက်သည့်အခိုက်၊ ဘယ်လိုမှ အသက်ရှူမရကြောင်း သိရှိသွားရသည်။

အဖိုးအခပေးရခြင်းမရှိ‌ဘဲ တည်ရှိနေသော လေများသည် ဘယ်လိုပင်ကြိုးစားနေပါစေ သူ၏အဆုတ်အတွင်းသို့ မဝင်ရောက်လာနိုင်ကာ အသက်ရှူကျပ်မှုကြောင့် တံလျှပ်မိုး၏မျက်နှာသည် နီညိုရောင်သမ်းသည်အထိ နီရဲတက်လာခဲ့သလို နှုတ်ခမ်းတို့သည်လည်း ပြာနှမ်းလာခဲ့၏။အပြုအမူများကို ထိန်းသိမ်း၍ တင်းခံနေသော်ငြား အသက်သေဆုံးခြင်းဟူသည့် ဘဝ၏အဆုံးသတ်က မိမိနှင့် လက်တစ်ကမ်းအလို အနေအထား၌ ရောက်လာလေတော့ တံလျှပ်မိုး ထိန်းချုပ်မှုတို့ လွတ်ထွက်သွားတော့သည်။

လုပ်မိလုပ်ရာ လုပ်လိုက်မိသည့် အပြုအမူများမှာ ဆို့နင့်မှုတို့ သက်သာလို့သက်သာငြား လက်ဖြင့် ရင်ဘတ်ကို ထုရိုက်၍ လည်ပင်းသားများကို လက်သည်းများဖြင့် ကုတ်ခြစ်ခြင်းပင်ဖြစ်၏။လည်ပင်း၏ ပြင်ပနာကျင်မှုထက် ရင်ဘတ်နှင့်လည်ပင်းအတွင်းထဲရှိ တစ်ဆို့မှုက ပိုမိုဆိုးရွားကာ ကုတ်ခြစ်ရာများမှ သွေးတို့စီးကျလာသည့်တိုင်၊ တံလျှပ်မိုး၏လက်များက မရပ်တန့်သွားခဲ့ပေ။

ထိုအချိန်ခဏလေးအတွင်း၌ ခုနလေးကမှ သူ၏အဆုတ်ထဲသို့ဝင်ရန် တွန်းကန်နေကြသော လေများက ရုတ်ခြည်းဆိုသလို အလုအယက် တိုးဝင်လာကြကာ လဲကျသွားတော့မည့် မိမိ၏ခန္ဓာကိုယ်ကို လက်နှစ်ဖက်ဖြင့် အမြန် အထောက်အပံ့ ပေးလိုက်ရသည်။သို့သော် အားနည်းနေသည့် ခန္ဓာကိုယ်က အရှေ့ကို ပို၍ငိုက်စိုက်ကျသွားကာ လက်ဖဝါးနှင့် ထောက်ကန်ထားရာမှ လက်ဖျံဖြင့်ပါ ထောက်ကန်လိုက်ရ၏။

ချွေးအေးတို့ ရွှဲရွှဲစို၍ အပင်တစ်ပင်မှ ကြွေကျတော့မည့် သစ်ရွက်တစ်ရွက်ပမာ တုန်ရီနေသော ခန္ဓာကိုယ်နှင့် တံလျှပ်မိုး၏ပုံရိပ်သည် အရှင်သခင်များ၏ရှေ့မှောက်၌ ငြိမ်ဝပ်ခစားနေရသည့် ကျေးကျွန်တစ်ယောက်နှင့် အသွင်တူလှသည်။

ထိုသားရဲများသည် ဖြစ်ရပ်၏အစအဆုံး၌ စကားတစ်ခွန်းမှ မပြောခဲ့သော်လည်း ရပ်တည်ရာ ဘက်နှစ်ဘက်၏ အဆင့်အတန်းကို အရှိန်အဝါဆိုသည့်အရာနှင့် ခွဲခြားပြသွားခဲ့သည်။ထိုင်နေရာမှ တစ်ချက်ကလေးမျှ မရွေ့လျားခဲ့သော်လည်း ဖိအားဆိုသည့် စိတ္တဇနာမ်တစ်ခုတည်းနှင့် လူတစ်ယောက်ကို သေခြင်းတရားနှင့် ပေါင်းဖက်လုနီးနီး စေခိုင်းစေနိုင်ခဲ့သည်။

ဤသည်ကား အစာစက်ကွင်း၏ထိပ်ဆုံးတွင်ရှိ‌သော စားသုံးသူအမည်ရသည့် Dominant Alphaများ၏ ကြောက်ခမန်းလိလိ အင်အားအရာတည်း။

JANE  JANE
________________________________________

#Zawgyi

ေန႕လယ္စာစားရေတာ့မည့္အခ်ိန္ ေရာက္ၿပီျဖစ္တာ‌ေၾကာင့္ မနက္ကတည္းက ကမ္းေျခတြင္ သြားေဆာ့ေနသည့္ အေဆာ့မက္ေလးကို ေခၚရန္အတြက္ အတၱဝါဒီ စံအိမ္ထဲမွ ထြက္လာလိုက္သည္။မနက္စာကိုလည္း အတင္းေခ်ာ့ေမာ့ေကြၽး၍သာ နည္းနည္းပါးပါးစားသြားကာ တစ္မနက္ခင္းလုံး ေျပးလိုက္လႊားလိုက္လုပ္ေနသျဖင့္ ယခုေလာက္ဆိုလွ်င္ ဗိုက္အေတာ္ဆာေနေလာက္ၿပီပင္။

ဤသည္ကိုပင္ အစားထက္ ကစားကိုမက္ေသာ ထိုကေလးေလးက စံအိမ္ထဲကို ျပန္မလာဘဲ ကမ္းေျခရွိ သဲေသာင္ျပင္ေပၚတြင္ ပတ္ေျပးကာ ေဆာ့ေနေလသည္။

အလိုလိုက္ေသာ အၿပဳံး၊ ႏူးညံ့ညင္သာေသာ မ်က္ႏွာထား၊ ခ်စ္ျမတ္နိုးျခင္းမ်ားျပည့္လွ်ံေသာ မ်က္ဝန္းမ်ားႏွင့္ တည္ရွိေနေသာ အတၱဝါဒီသည္ လက္ကိုပိုက္လ်က္ စံအိမ္၏ တံခါးေဘာင္ေပၚသို႔ တေစာင္းမွီလိုက္၏။တစ္ဆက္တည္းမွာပင္ ေတာက္ပေသာ ေနေရာင္ျခည္ထဲတြင္ ေျပးလႊားေဆာ့ကစားေနေသာ အၿပဳံးခ်ိဳခ်ိဳေလးႏွင့္ လူငယ္ေလး၏ အျပဳအမူတစ္ခုခ်င္းစီတိုင္းကို သိမ္ေမြ႕ေသာ အမူအရာျဖင့္ လိုက္ၾကည့္ေနေလသည္။

ေနစူးသျဖင့္ မ်က္ႏွာေလး အလိုမက်ျဖစ္သြားသည္ကအစ၊ မ်က္လုံးမ်ား ေမွးမွိတ္သြားသည္အထိ ၿပဳံးရယ္ကာ ေျပးေနသည္ကအလယ္၊ သဲျပင္ေပၚတြင္ ငုတ္တုတ္ထိုင္ၿပီး မပီမျပင္ ရဲတိုက္ေလးမ်ားကို တည္ၾကည္ေသာ မ်က္ႏွာထားေလးျဖင့္ တည္ေဆာက္ေနသည္ကအဆုံး၊ စသည့္ အမ်ိဳးမ်ိဳးေသာ ေျပာင္းလဲမႈမ်ားကို အတၱဝါဒီသည္ စိတ္ရွည္မႈမ်ားျဖင့္ ေစာင့္ၾကည့္ေန၏။

ေျပးလႊားေနေသာ ေကာင္ငယ္ေလးသည္ အျဖဴေရာင္လွ်ာထိုးဦးထုပ္၊အျဖဴေရာင္ အကၤ်ီလက္တိုႏွင့္ အျပာရင့္ေရာင္ ေဘာင္းဘီတိုတို႔ကို လူငယ္အေငြ႕အသက္မ်ား လႊမ္းၿခဳံလ်က္ ေပါ့ေပါ့ပါးပါး ဝတ္ဆင္ထားသည္။အရွိန္ျဖင့္ ဘယ္ေလာက္ေျပး‌ေနပါေစ၊ ေခါင္းေပၚရွိ ဦးထုပ္ေလးကိုေတာ့ ျပဳတ္က်သြားမည္စိုးသည့္အလား လက္ေလးျဖင့္ တစ္ခ်က္တစ္ခ်က္ ျပန္ထိန္းေနေသာ ေကာင္ငယ္ေလးေၾကာင့္ အတၱဝါဒီ၏အၿပဳံးတို႔က ပိုမိုႀကီးမားလာရ၏။

အႏွီဦးထုပ္မွာ အတၱဝါဒီ ေသခ်ာေဆာင္းေပးလိုက္ေသာ ဦးထုပ္ျဖစ္ၿပီး အဲသည္ေလာက္အထိ ဦးထုပ္ကို ျပဳတ္မက်ေစရန္ ႀကိဳးစားေနရျခင္း အေၾကာင္းျပခ်က္မွာ ဦးထုပ္မေဆာင္းလွ်င္ ခ်က္ခ်င္းအထဲကို ျပန္ဝင္လာရမည္ဟူသည့္ မနက္တုန္းက သူေျပာခဲ့ေသာ တစ္ခ်က္လႊတ္စကားေၾကာင့္ျဖစ္သည္။

ေနပူမွာစိုးတာေၾကာင့္ အရိပ္ေအာက္တြင္ ေဆာ့ရန္ေျပာေသာ္လည္း ေခါင္းမာလွေသာ ကေလးငယ္သည္ ေနပူႀကီးထဲ၌သာ ထိုင္၍ေဆာ့ေနေလသည္။သူ မလုပ္ခ်င္သည့္အရာကို လုပ္ခိုင္းသည့္အခ်ိန္ႏွင့္ သူ ျဖစ္ခ်င္သည္ကို ျဖစ္ခြင့္မရသည့္ အခ်ိန္ဆိုလွ်င္ ဘယ္ေလာက္ေခ်ာ့ေခ်ာ့ စိတ္ေကာက္မေျပတတ္ေသာ ကေလးငယ္၏အက်င့္ကိုသိတာေၾကာင့္ အတၱဝါဒီ အတင္းအက်ပ္မလုပ္ဘဲ လက္ေလွ်ာ့ထားရျခင္းပင္။

ယခုမွ သတိျပန္လည္ခါစျဖစ္တာေၾကာင့္ သတိထား၍ ေစာင့္ေရွာက္ခ်င္ေသာ္လည္း ငယ္႐ြယ္တက္ႂကြမႈမ်ား ျပည့္ဝေနေသာ ထိုကေလးငယ္ကို တားဆီးျခင္းအလို႔ငွာ သူ၏ႏွလုံးသားက အဲသည္ေလာက္ မမာေက်ာ၊မရက္စက္နိုင္‌ပါေခ်။ထို႔ေၾကာင့္ စိတ္တိုင္းက် ကစားေစကာ အေစာင့္မ်ားကို ခပ္ေဝးေဝးကေန ေစာင့္ၾကပ္ခိုင္းထားၿပီး သူကေတာ့ ကေလးငယ္ စားရန္အတြက္ ကိုယ္တိုင္ျပင္ဆင္ေနခဲ့သည္။

ခဏအၾကာမွ လက္ေကာက္ဝတ္ထက္ရွိ နာရီကို ငုံ႕ၾကည့္လိုက္ကာ အစားစားခ်ိန္ လြန္သြားမည္စိုးတာေၾကာင့္ နံရံတြင္ မွီထားသည့္ထီးကို ဖြင့္ေဆာင္းလိုက္ၿပီး ကေလးငယ္ရွိရာသို႔ အတၱဝါဒီ သြားလိုက္သည္။သူလာသည္ကိုပင္ သတိမထားမိဘဲ ရဲတိုက္ငယ္ေလးမ်ားကိုသာ ေရပုံးေလးျဖင့္ အစြမ္းကုန္ျပဳလုပ္ေနေသာ အႏွီကေလးငယ္သည္ အတၱဝါဒီ၏မ်က္လုံးထဲတြင္ေတာ့ ခ်စ္စဖြယ္အတိပင္။

ထီး၏အရိပ္ကို ကေလးငယ္အေပၚ အုပ္မိုးေစလိုက္ေတာ့ ေရပုံးထဲ သဲမ်ားျပန္ျဖည့္ေနသည့္ ကေလးငယ္က 'ကစားေနတာကို ဘယ္သူလာေႏွာင့္ယွက္တာလဲ'ဟူသည့္ ႐ုပ္မ်ိဳးျဖင့္ မ်က္ေမွာင္ကိုက်ဳံ႕ကာ ေမာ့ၾကည့္လာ၏။

ယခုအခ်ိန္၌သာ ရယ္လိုက္မိလွ်င္ စိတ္ေကာက္သြားမည္မွာ အေသအခ်ာျဖစ္တာေၾကာင့္ ရယ္သံမထြက္သြားေစရန္ ထိန္းခ်ဳပ္လိုက္ၿပီး အၿပဳံးကိုသာ ရသေလာက္ အတၱဝါဒီ ဆက္လက္ထိန္းသိမ္းလိုက္သည္။ မွိုင္းဟန္ျမေခတ္ကေတာ့ ကစားေနသည္ကို ေႏွာင့္ယွက္ခံလိုက္ရတာေၾကာင့္ 'မေက်နပ္ဘူး'ဟူသည့္ မ်က္ႏွာထားကို သူ၏မ်က္ႏွာထက္၌ ေပၚေပၚထင္ထင္ ခ်ိတ္ဆြဲထားပါ၏။

ထိုင္ေနသည့္ ကေလးငယ္ႏွင့္ တစ္တန္းတည္းျဖစ္ေစရန္ အတူလိုက္ထိုင္လိုက္ေတာ့ မေက်နပ္သည္ကို အတိအလင္း ေဖာ္ျပခ်င္သည့္အလား ကေလးငယ္က ႏွာေခါင္းရႈံ႕လ်က္ တစ္ဖက္ကို ေခါင္းလွည့္သြားသည္။စိတ္ေကာက္သြားၿပီမွန္း ေသခ်ာသြားသျဖင့္ အတၱဝါဒီသည္ မနိုင္ဘူးဟူသည့္သေဘာျဖင့္ သေဘာတက် ၿပဳံးရယ္ရင္း ေခါင္းအသာယမ္းလိုက္မိေလသည္။

ထို႔ေနာက္ စိတ္ေကာက္ျခင္း အျခင္းအရာကို ေပ်ာက္ကြယ္ေစရန္အတြက္ ႀကိဳတင္ျပင္ဆင္လာသည့္ တိုက္ကြက္ကို အတၱဝါဒီ ထုတ္သုံးရေတာ့၏။

"မနက္တုန္းက အ႐ုပ္ကုမၸဏီတစ္ခုက..ဖုန္းဆက္တယ္.."

အ႐ုပ္ဆိုသည့္အသံၾကားသည္ႏွင့္ သဲမ်ားဆက္ထည့္ေနေသာ မွိုင္းဟန္ျမေခတ္၏လက္ေလးမ်ားက မသိမသာေလး အရွိန္ေႏွးသြား၏။ဤသည္ကို အတၱဝါဒီက သတိထားမိလိုက္တာေၾကာင့္ မိမိ၏အႀကံအစည္ ေအာင္ျမင္မည္မွန္း ေသခ်ာသြားကာ က်န္သည့္စကားမ်ားကို ဆက္လက္ေျပာဆိုလိုက္သည္။

"အသစ္ထြက္တဲ့ၿပိဳင္ကားေလးက..ဒီဇိုင္းအဆန္းေလးမလို႔ အေရအတြက္ကန႔္သတ္ၿပီး..ထုတ္မွာတဲ့..၊ ၿပီးေတာ့ အေရအတြက္ကလဲ တစ္ခုတည္းတဲ့.."

ထိုအခါ ကိုယ္တိုင္က စိတ္ေကာက္ေနသည္ကို ေမ့ေပ်ာက္သြားပါေသာ မွိုင္းဟန္ျမေခတ္က သဲအျပည့္ပါသည့္ေရပုံးကို ခ်က္ခ်င္းပစ္ခ်ကာ ေပ်ာ္႐ႊင္မႈမ်ားျပည့္ေနေသာ၊ တလက္လက္ ေတာက္ပေနသည့္ အနီေရာင္မ်က္လုံးေလးမ်ားျဖင့္ အတၱဝါဒီကို လွည့္ၾကည့္လာေလသည္။ထို႔ေနာက္ စိတ္လႈပ္ရွားစြာျဖင့္ ႐ုတ္တရက္ ထရပ္လိုက္တာေၾကာင့္ ထီးႏွင့္ေခါင္း မေဆာင့္မိေစရန္ အတၱဝါဒီကပါ အျမန္လိုက္ထရလိုက္ေလသည္။

"အဲ့ၿပိဳင္ကား ဘယ္မွာလဲ?.."

'ဝယ္ေပးပါ'ဟူသည့္ ခြၽဲႏြဲ႕မႈပါဝင္ေသာ စကားမ်ားအစား တည္ေနရာကိုသာ ခ်က္ခ်င္းေမးခ်လာေသာ မွိုင္းဟန္ျမေခတ္သည္ လိုတိုင္းရသည့္ အလိုလိုက္ခံထားရေသာ သခင္ငယ္ေလးတစ္ေယာက္မွန္း သိသာလွေပသည္။တစ္ဖက္လူမွာ သူ မေတာင္းဆိုလွ်င္ပင္ ဝယ္ေပးထားမည္မွန္း တိတိက်က် သိထားသည့္ မွိုင္းဟန္ျမေခတ္၏ပုံရိပ္က ေမာက္မာသည့္အသြင္အျပင္ေလး လႊမ္းၿခဳံထား၏။

အတၱဝါဒီမွာ ယုံၾကည္မႈတို႔ ျပင္းထန္ေနေသာ မွိုင္းဟန္ျမေခတ္ကိုၾကည့္ရင္း သေဘာက်စြာ ႏႈတ္ခမ္းေထာင့္စြန္းတို႔က ေကာ့တက္သြားရေလသည္။ဤကေလးေလးကို သည္ေလာက္အထိ အလိုလိုက္ခဲ့သည္က ေကာင္းသည့္အရာလား၊ ဆိုးသည့္အရာလားပင္ သူ မခြဲျခားနိုင္ေတာ့ေပ။သို႔ေသာ္ ကေလးငယ္ ေပ်ာ္ေနလွ်င္ အရာအားလုံး အဆင္ေျပပါသည္။ထို႔ေၾကာင့္ ကေလးငယ္သာ ေပ်ာ္မည္ဆိုပါက မည္သည့္အရာမဆို လုပ္ေပးရန္ သူ၏ႏွလုံးသား၊ခႏၶာကိုယ္ႏွင့္စိတ္အာ႐ုံတို႔က အၿမဲအဆင္သင့္ျဖစ္ေနၿပီးသားပင္။

"ၿပိဳင္ကားက လမ္းမွာေရာက္ေနၿပီ..၊ အဲ့တာေၾကာင့္ ၿပိဳင္ကားေလးေရာက္တာနဲ႕ ခ်က္ခ်င္းေဆာ့လို႔ရေအာင္..စံအိမ္ထဲမွာ ေျခလက္သန႔္စင္ၿပီး..ေန႕လယ္စာစားရင္း ေစာင့္ၾကမယ္ေလ..၊ ကိုကို႔ကေလးေလးက လိမၼာပါတယ္..အတူတူ စံအိမ္ထဲဝင္ရေအာင္ေနာ္.."ဟု အတၱဝါဒီက လက္ကမ္းေပးရင္းေျပာေတာ့ မွိုင္းဟန္ျမေခတ္က သံေယာဇဥ္မျပတ္သည့္ႏွယ္ ေျခေထာက္ေအာက္ရွိ ရဲတိုက္ေလးမ်ားကို ငုံ႕ၾကည့္ရွာသည္။

ေနမွာ တျဖည္းျဖည္းႏွင့္ ပိုပူလာတာေၾကာင့္ ၾကာၾကာရပ္ေနလွ်င္ အပူလွ်ပ္မည္စိုးသျဖင့္ စံအိမ္ထဲ မွိုင္းဟန္ျမေခတ္ ျမန္ျမန္ဝင္ေစရန္ အတၱဝါဒီ ၿခိမ္းေျခာက္စကားေလး အနည္းငယ္ ေျပာလိုက္သည္။ထို႔အျပင္ ေလးနက္ေၾကာင္း သိသာေစရန္ သူတစ္ေယာက္တည္းသာ ေခၚေဝၚသည့္ နာမ္စားေလးကိုပါ ထည့္သြင္းေျပာလိုက္ေသး၏။

"Egan..၊ အခုလိုက္မလာရင္..ၿပိဳင္ကားကို မပို႔နဲ႕ေတာ့ဆိုၿပီး..ကိုကို ဖုန္းဆက္လိုက္ေတာ့မယ္"

ေအာက္ကိုငုံ႕ၾကည့္ေနေသာ မွိုင္းဟန္ျမေခတ္သည္ အတၱဝါဒီ၏ ထိုစကားကိုၾကားေတာ့ ပ်ာယာခတ္သြားရမည့္အစား အနိုင္ရသူလို မဲ့ၿပဳံးေလးၿပဳံး၏။ထို႔ေနာက္ စိန္ေခၚသလို အၾကည့္ျဖင့္ အတၱဝါဒီကိုၾကည့္ရင္း ဂုဏ္ေမာက္စြာ ေျပာလာသည့္စကားမွာ ဤသို႔ျဖစ္သည္။

"ကိုကိုမလုပ္ရဲတာ..သားသိပါတယ္"

ထိုအခါ အတၱဝါဒီသည္ ခပ္ေဝးေဝးရွိ အေစာင့္မ်ားပင္ ၾကားရသည္အထိ သေဘာက်စြာ ေအာ္ရယ္လာေတာ့သည္။အေစာင့္မ်ားမွာလည္း သခင္ႀကီး၏ရယ္သံကို ပထမဆုံးၾကားဖူးလိုက္တာေၾကာင့္ မေနနိုင္စြာ တစ္ေယာက္ႏွင့္တစ္ေယာက္ ၾကည့္လိုက္မိၾက၏။ထို႔အျပင္ ထူးဆန္းသည့္အရာတစ္ခုကို ပထမဆုံးႀကဳံေတြ႕ဖူးလွ်င္ ေၾကာက္႐ြံ႕တတ္ၾကေသာ လူသားမ်ားပီသစြာ အထိတ္တလန႔္ တံေတြးမ်ိဳခ်လိဳက္ၿပီး ေသနတ္မ်ားကို ပိုမိုတင္းက်ပ္စြာ ဆုပ္ကိုင္လိုက္ၾကေလသည္။

မွိုင္းဟန္ျမေခတ္၏ ဂုဏ္ေမာက္မႈမ်ားႏွင့္ ကိုယ့္ကိုယ္ကိုယ္ အထင္ႀကီးမႈမ်ားမွာ သူ၏အလိုလိုက္မႈမ်ားမွ ဆင္းသက္လာသည္ကို ေကာင္းေကာင္းႀကီး သိထားသူပီပီ အတၱဝါဒီသည္ ထိုစကားေလးမ်ားကို သေဘာေတြ႕မဆုံးျဖစ္ေနရေလသည္။ ကေလးငယ္၏စကားမ်ားကို ဘယ္ေသာအခါမွ ျပန္လည္ေခ်ပမည္မဟုတ္ေသာ သူက ယခုတစ္ႀကိမ္တြင္လည္း ႁခြင္းခ်က္မရွိ အလားတူပင္ျဖစ္သည္။

ႀကိဳက္သေလာက္ ဂုဏ္ေမာက္၍ရသည္။
အဆုံးအစမရွိ ေမာက္မာ၍ရသည္။
ထိန္းခ်ဳပ္မႈ အလွ်င္းမရွိ၊ ခက္ထန္၍ရသည္။
သူမတူစြာ အရွိန္အဝါ ႀကီးမား၍ အမိန႔္အာဏာျပင္းထန္၍ရသည္။

အေၾကာင္းမွာ ထိုသို႔မျဖစ္လွ်င္ေတာင္ သူကိုယ္တိုင္က ကေလးငယ္ကို ထိုလမ္းေၾကာင္းေပၚသို႔ တြန္းပို႔ေပးမည္ျဖစ္ေသာေၾကာင့္ပင္။
________________________________________

တည္ေနရာကား Janeအိမ္ေတာ္တြင္ျဖစ္၏။ ယခုအခ်ိန္၌ အိမ္ေတာ္တစ္ခုလုံး တိတ္ဆိတ္ၿငိမ္သက္ေနလ်က္ရွိကာ ခါတိုင္းေစာင့္ၾကပ္ေနၾကသည့္ အေစာင့္မ်ားပင္ တစ္ေယာက္မွမရွိဘဲ ကင္းရွင္းေနေလသည္။

ထိုအိမ္ေတာ္အတြင္းထဲ၌ အိပ္ယာနိုးလာခါစမွန္း သိသာလွစြာ၊ ညအိပ္ဝတ္စုံကို ဝတ္ဆင္ထားေသးသည့္ လူငယ္ေလးတစ္ေယာက္သည္ မ်က္ႏွာထက္၌လည္း ပူပန္မႈတခ်ိဳ႕ကပ္ၿငိရင္း သူ၏ကိုယ္ပိုင္အခန္းထဲမွ အလ်င္လိုစြာ ထြက္လာ၏။

ေျခလွမ္းက်ဲမ်ားျဖင့္ ေလွကားေပၚမွ ခပ္သြက္သြက္ ဆင္းလာၿပီးေနာက္ ‌ေလွကား၏ေအာက္ေျခတြင္ ကြဲထြက္သြားသည့္ လမ္းႏွစ္သြယ္ထဲမွ ညာဘက္ေလွ်ာက္လမ္းထဲသို႔ လူငယ္ေလးက ဦးတည္ကာ သြားသည္။၎ေလွ်ာက္လမ္း၏ အဆုံးသတ္မတိုင္ခင္တြင္ တည္ရွိေနေသာ ‌အခန္းတစ္ခု၏အေရွ႕သို႔ ေရာက္လာေသာအခါ လူငယ္ေလးသည္ ေရာက္ရွိမႈကို သတင္းပို႔သည့္အေနျဖင့္ တံခါးကို ၃ခ်က္ေခါက္လိုက္သည္။ထိုအခါ အထဲမွ 'ဝင္ခဲ့'ဟူသည့္အသံ ထြက္ေပၚလာ၏။

တြန႔္ဆုတ္မေနဘဲ ခ်က္ခ်င္း အခန္းထဲကို ဝင္ခ်လိဳက္ေတာ့ အခန္းတြင္းအေျခအေနသည္ ထင္ထားခဲ့သည့္အတိုင္း မ႐ႊင္မလန္းျဖင့္ အုံ႕မွိုင္းလ်က္ရွိသည္။ ပါးသည္ ဧည့္သည္မ်ားထိုင္ရန္ ျပင္ဆင္ေပးထားသည့္ ဆိုဖာႏွစ္ခုထဲမွ ဘယ္ဘက္ျခမ္းတြင္ ထိုင္ေနၿပီး ၎ဆိုဖာႏွစ္ခု၏ၾကားတြင္ရွိေသာ အသင့္အတင့္ အ႐ြယ္အစားရွိသည့္ စားပြဲေပၚတြင္ေတာ့ မ်ားျပားလွေသာ စာ႐ြက္မ်ားက ဟိုတစ္စဒီတစ္စ ပ်ံ့ႏွံ႕ေန၏။ Daddyကေတာ့ ထိုေနရာႏွင့္ မနီးမေဝးတြင္ရွိသည့္ အလုပ္စားပြဲ၏ထိုင္ခုံတြင္ ထိုင္ေနကာ ထိုစားပြဲေပၚ၌လည္း စာ႐ြက္မ်ားက အလားတူ ပ်ံ့ႀကဲေနၾကသည္။

ေ႐ႊအိုေရာင္မ်က္ခုံးတို႔ကို ဘဝင္မက်စြာ တြန႔္ခ်ိဳးလိုက္ၿပီး အခန္းအလယ္ရွိ စားပြဲအနားကို တိုးသြားလိုက္သည့္အခါ တစ္ေယာက္တစ္ေနရာစီတြင္ ရွိေနၾကေသာ၊ လက္ထဲတြင္ ကိုင္ေဆာင္ထားသည့္ စာ႐ြက္စာတမ္းမ်ားကို အာ႐ုံစိုက္ေနၾကသည့္ သူ၏ဖခင္ႏွစ္ေယာက္က အသာအယာ ၿပိဳင္တူေမာ့ၾကည့္လာၾကသည္။

ညဉ့္ယံသြင္ကိုျမင္လွ်င္ ခ်ိဳသာႏူးညံ့စြာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ၿပဳံးျပတတ္ေသာ Pesnoသည္ပင္ ယခုအခါ ၿပဳံး႐ုံဆိုသလိုေလး ၿပဳံးျပတာေၾကာင့္ ယခုရင္ဆိုင္ေနရေသာ အေျခအေနမွာ ဘယ္ေလာက္ျပင္းထန္ေနေၾကာင္း သိရွိနိုင္ၿပီျဖစ္ေလသည္။

ညဉ့္မဲ့လေရာင္ကေတာ့ ညဉ့္ယံသြင္၏ဝတ္စားဆင္ယင္ပုံကို တစ္ခ်က္ၾကည့္ၿပီး မ်က္ေမွာင္ကို အနည္းငယ္က်ဳံ႕၍ တပ္ဆင္ထားသည့္ ေ႐ႊကိုင္းမ်က္မွန္ကို တစ္ခ်က္ပင့္၏။ထို႔ေနာက္ ဂ႐ုမစိုက္သည့္အလား မ်က္ႏွာျပန္ငုံ႕သြားကာ စာ႐ြက္စာတမ္းမ်ားဆီသို႔ အၾကည့္ျပန္ေရာက္သြားသည္။

ေလးနက္ေနေသာ ေလထုေၾကာင့္ ကိစၥမွာ သူထင္ထားသည္ထက္ ပို၍ႀကီးမားေနၿပီမွန္း အလိုအေလ်ာက္ သေဘာေပါက္လိုက္ကာ ညဉ့္ယံသြင္သည္ Pesno၏ေဘးနားတြင္ ဝင္ထိုင္ၿပီး စားပြဲေပၚတြင္ ရွိေနေသးေသာ စာ႐ြက္မ်ားကို ယူဖတ္လိုက္သည္။

တျဖည္းျဖည္း ေအာက္သို႔ေရာက္လာေလေလ ညဉ့္ယံသြင္၏မ်က္ခုံးတို႔က ပိုမိုတြန႔္ခ်ိဳးလာေလေလျဖစ္ကာ စာ႐ြက္မ်ားကို တစ္႐ြက္ၿပီးတစ္႐ြက္ လွန္၍ဖတ္လိုက္ၿပီးေနာက္ ညဉ့္ယံသြင္၏မ်က္ဝန္းစိမ္းတို႔က စိတ္ရႈပ္ေထြးမႈႏွင့္ေဒါသတို႔ ျပည့္ႏွက္သြား၏။ေဘးဘက္ကို ၾကည့္ေတာ့လည္း နက္နဲသည့္ မ်က္ႏွာအမူအရာတို႔ျဖင့္ စာ႐ြက္မ်ားကို ဆက္လက္စစ္ေဆးေနၾကသည့္ ဖခင္ႏွစ္ေယာက္ကို ျမင္လိုက္ရကာ ညဉ့္ယံသြင္သည္ ကိုင္ထားသည့္စာ႐ြက္မ်ားကို စားပြဲခုံေပၚ ျပန္တင္လိုက္သည္။

"ဘယ္တစ္ခုကို အရင္ရွင္းမယ္စိတ္ကူးထားလဲ?..ပါး"

တည္ၾကည္ေလးနက္၍ တစ္ခ်ိန္တည္းမွာပင္ တင္းမာေနသည့္ မ်က္ႏွာထားကို ေဖာ္ေဆာင္ထားသည့္ Pesnoက ညဉ့္ယံသြင္၏စကားကို ျပန္လည္မေျဖၾကားဘဲ အၾကည့္တစ္ခ်က္သာပို႔သည္။

"မင္းသာ..အေျခအေနကို ေသခ်ာေလ့လာနိုင္ရင္ ဒီစကား..မင္းပါးစပ္က ထြက္လာမွာမဟုတ္ဘူး.."

ေမးခြန္းေမးလိုက္သူ၏ ေျဖဆိုေစခ်င္သူအစား အခန္းထဲရွိ တတိယလူက ေအးစက္ေသာ ေလသံႏွင့္ ဝင္ေျပာလာေလေတာ့ ညဉ့္ယံသြင္၏မ်က္ႏွာက အနည္းငယ္ ပ်က္ယြင္းသြား၏။ Daddyႏွင့္ပါးတို႔ထက္စာလွ်င္ မိမိမွာ အေတြ႕အႀကဳံ မရင့္သန္ေသးသည္ကို ေကာင္းေကာင္းနားလည္ထားေသာ္လည္း အညွာအတာကင္းမဲ့လွေသာ Daddy၏အေထ့အေငါ့စကားမ်ားကိုၾကားရတိုင္း အလိုမက်ျဖစ္သြားမိသည္ကေတာ့ အမွန္ပင္။မည္သည့္သားသမီးမဆို မိဘ၏အေလးထားမႈ၊ခ်စ္ျမတ္နိုးမႈႏွင့္ ဂုဏ္ယူမႈတို႔ကို ခံယူခ်င္ၾကသည္က လြဲမွားျခင္းမရွိေသာ သေဘာတရားပင္ျဖစ္သည္။

ခဏတာ ႏႈတ္ဆိတ္ေနမိေသာ္ျငား မိမိ၏ ေပါ့ဆမိေသာ အမွားကို Daddyက ေထာက္ျပေနျခင္းျဖစ္သည္ကို မလြဲမေသြ သိရွိတာေၾကာင့္ ေခါင္းကို အနည္းငယ္ၫႊတ္၍ ညဉ့္ယံသြင္ ျပန္ေျဖလိုက္သည္။

"နက္နက္နဲနဲ..မေတြးေခၚမိတဲ့ ကြၽန္ေတာ့္ရဲ႕အျပစ္ပါ၊ ေတာင္းပန္ပါတယ္..Daddy"

ညဉ့္ယံသြင္၏စကားကို ၾကား‌သည့္အခါ ညဉ့္မဲ့လေရာင္က ခပ္ေပါ့ေပါ့ ေခါင္းတစ္ခ်က္ ညိတ္ျပလာသည္။သို႔ေသာ္ အၾကည့္တစ္ခ်က္မွ်ပင္ စြန႔္ႀကဲမလာဘဲ မ်က္လုံးတို႔၏ဦးတည္ရာမွာ စားပြဲေပၚရွိ စာ႐ြက္မ်ား အေပၚ၌သာျဖစ္သည္။

Pesnoကလည္း သားအဖႏွစ္ေယာက္ၾကားရွိ တင္းမာမႈကို အရင္လို ဝင္ျပန္ေျဖေပးခ်င္ခဲ့သည္။သို႔ရာတြင္ မနက္လင္းကတည္းက ကိစၥ‌ေပါင္းမ်ားစြာျဖင့္ အနားမေပးရေသးသည့္ သူ၏ဦးေႏွာက္က တျခားကိစၥမ်ားကို ထပ္ထည့္ရန္အတြက္ မလုပ္ေဆာင္နိုင္ျဖစ္ေနရေလသည္။

ထို႔ေၾကာင့္ မ်က္ရိုးကိုသာ လက္ျဖင့္ႏွိပ္နယ္မိရင္း ဆိုဖာေနာက္မွီေပၚသို႔ ခပ္ျဖည္းျဖည္း မွီခ်လိဳက္ၿပီး မ်က္စိကိုမွိတ္ကာ ဦးေႏွာက္ကို ခဏအနားေပးလိုက္သည္။ထိုအခ်ိန္၌ တံခါးေခါက္သံ ထြက္ေပၚလာကာ ညဉ့္မဲ့လေရာင္က ဝင္ခဲ့ရန္ အသံျပဳလိုက္ေတာ့ ေမာပန္းလာျခင္း၏အက်ိဳးဆက္ျဖစ္ေသာ အသက္ရႉသံ ခပ္ျပင္းျပင္းက လူ႕ထက္အရင္ အခန္းအတြင္းထဲသို႔ ေရာက္လာေလသည္။

အထဲကိုဝင္ရန္ တံခါးလက္ကိုင္ဘုကို လွည့္လိုက္သည့္အခိုက္၊ သူ၏ဘယ္ဘက္ရွိ ေလွ်ာက္လမ္းေပၚတြင္ ခပ္ျမန္ျမန္ လွမ္းလာမွန္း ေဖာ္ေဆာင္ေနသည့္ ေျခလွမ္းသံကို ေႏြဦးဂြၽန္ ၾကားလိုက္ရသည္။ ဘာရယ္မဟုတ္ ေခါင္းကိုလွည့္ၾကည့္လိုက္ေတာ့ ရင္းႏွီးေနသည့္မ်က္ႏွာေၾကာင့္ ေႏြဦးဂြၽန္၏မ်က္ႏွာက ႐ုတ္ျခည္းမည္းေမွာင္သြား၏။တစ္ဖက္လူမွာလည္း ေႏြဦးဂြၽန္ကိုျမင္သည္ႏွင့္ ေျခလွမ္းတို႔ တုံ႕ခနဲ ရပ္တန႔္သြားကာ လူႏွစ္ေယာက္သည္ တစ္ေယာက္ႏွင့္တစ္ေယာက္ စိုက္ၾကည့္ေနလ်က္ရွိသည္။

"ဝင္မလာဘဲ..ဘာလုပ္ေနတာလဲ"

အခန္းအတြင္းမွ ထြက္ေပၚလာေသာ မာဆတ္၍ ခပ္ျပတ္ျပတ္ျဖစ္သည့္ စကားသံက ႏွစ္ေယာက္ၾကားရွိ တင္းမာေနေသာေလထုကို ခ်ိဳးဖ်က္လိုက္ကာ ေႏြဦးဂြၽန္သည္ ၾကည့္ရႈရန္ပင္ မတန္သည့္ႏွယ္ အေရွ႕တည့္တည့္ကို အၾကည့္လႊဲပစ္လိုက္၏။ၿပီးခါမွ ေခါင္းျပန္လွည့္၍ တစ္ဖက္လူကို မၾကည္ၾကည့္တစ္ခ်က္ ပို႔လိုက္ကာ ေအးစက္ေသာ မ်က္ႏွာထားျဖင့္ တံခါးကို ဆြဲဖြင့္၍ ဝင္သြားေတာ့သည္။

ေႏြဦးဂြၽန္၏အျပဳအမူမ်ားကို မႏွစ္သက္ေသာ္လည္း ‌ရရွိရမည့္ပစၥည္းက ရွိေနေသးေလေတာ့ တံလွ်ပ္မိုးတစ္ေယာက္ အသက္ကိုသာ ခပ္ျပင္းျပင္း ရႉသြင္းရင္း စိတ္ထိန္းလိုက္ရသည္။ထို႔ေနာက္ အကၤ်ီအဝတ္အစားကို သပ္ရပ္ေအာင္ျပန္ျပင္လိုက္ၿပီး သူပါ အခန္းထဲသို႔ လိုက္ဝင္သြားလိုက္၏။

အထဲကို ဝင္လွ်င္ဝင္ခ်င္း၊ အ႐ြယ္အစား ႀကီးမားလွေသာ ေတာင္တစ္လုံးက မိမိ၏ခႏၶာကိုယ္တစ္ခုလုံးကို အားျဖင့္ေဆာင့္ဖိခ်လိဳက္သည့္အလား တံလွ်ပ္မိုး အျပင္းအထန္ ခံစားလိုက္ရ၏။ထို႔အျပင္ တံလွ်ပ္မိုး၏ ေျခေထာက္ႏွစ္ဖက္လုံးသည္လည္း ခ်က္ခ်င္းၫြတ္က်သြားၿပီး ၾကမ္းျပင္ေပၚ၌ ဒူးတစ္ဖက္ေထာက္လ်က္သား ျဖစ္သြားေလသည္။ဘာျဖစ္ေနသည္မွန္း မသိရေသးေသာ္ျငား အထင္ေသးစရာမဟုတ္သည့္ အာဏာတို႔ျပည့္ဝေနေသာ ဖိအားမ်ားက သူ၏ေခါင္းေပၚသို႔ က်ေရာက္ေနေၾကာင္းကို တံလွ်ပ္မိုး ရွင္းရွင္းလင္းလင္း ခံစားမိေန၏။

ေခါင္းကိုေမာ့၍ ကိစၥတို႔၏အေျခအေနကို ရွင္းလင္းလိုက္ခ်င္ပါေသာ္လည္း လက္ေလးတစ္ေခ်ာင္းပင္ မလႈပ္နိုင္ေသာ အေျခအေနက သူ႕ကို ေလွာင္ေျပာင္ေနလ်က္ရွိသည္။

"ေခါင္းေမာ့"

ေက်ာရိုးတစ္ေလွ်ာက္ စိမ့္ေအးသြားနိုင္သည့္ အသံေၾကာင့္ တံလွ်ပ္မိုး၏ခႏၶာကိုယ္မွာ ထိန္းခ်ဳပ္မရဘဲ တစ္ခ်က္တုန္ယင္သြားကာ ဒူးေထာက္ထားသည့္ေျခေထာက္ေပၚတြင္ တင္ထားသည့္ မိမိ၏လက္ကို လက္သီးဆုပ္အျဖစ္ ေျပာင္းလဲ၍ အားယူလိုက္မိသည္။ထို႔ေနာက္ ထိတ္လန႔္ဖြယ္ရာ ၎အရွိန္အဝါ၏ေအာက္၌ မိမိ၏ေခါင္းကို မနည္းေမာ့လိုက္ရေလသည္။

ထိုအခါ ျမင္လိုက္ရသည့္ ျမင္ကြင္းေၾကာင့္ အသက္ရႉဖို႔ကိုပင္ တံလွ်ပ္မိုး ေမ့ေလ်ာ့သြားရသည္။ယခုေရာက္ေနေသာ အခန္းသည္ မီးအလင္းေရာင္တို႔ ထိန္လင္းေနသည္မွန္ပါရက္ႏွင့္ သူ၏အျမင္အာ႐ုံသည္ အေမွာင္ထုထဲ၌ က်ေရာက္ေနသည္ႏွင့္ မျခားနားလွေခ်။

မၾကာခင္ ေသဆုံးရေတာ့မည့္ သားေကာင္၏ လႈပ္ရွားမႈကို ပိန္းပိတ္ေမွာင္ အေမွာင္ထုထဲ၌ ေမွာင္ရိပ္ခို၍ စိုက္ၾကည့္ေနၾကသည့္အလား ၿခိမ္းေျခာက္မႈတို႔ျဖင့္ ေတာက္ပေနေသာ မ်က္လုံးေလးစုံကို ျမင္လိုက္ရသည့္အခိုက္၊ မတတ္သာဘဲ တံလွ်ပ္မိုး လက္တို႔တုန္ယင္လာမိသည္။ေထာင္ထားေသးသည့္ ဒူးတစ္ဖက္သည္ပင္ အလိုအေလ်ာက္ ဒူးေထာက္သည့္အေနအထားသို႔ ေရာက္သြားခဲ့ၿပီျဖစ္၏။

ထိုအခိုက္အတန႔္၌ တံလွ်ပ္မိုး နားလည္သြားခဲ့သည္။သူသည္ ယခုအခ်ိန္၌ ပုံမွန္အခန္းတစ္ခန္းထဲတြင္ ေရာက္ေနခဲ့ျခင္းမဟုတ္ေပ။သူသည္ သားေကာင္ကို အခ်ိန္မေ႐ြး ကိုက္ျဖတ္စားေသာက္ပစ္နိုင္သည့္ သားရဲေကာင္တို႔၏ သားရဲတြင္းထဲ၌ က်ေရာက္ေနခဲ့ျခင္းျဖစ္၏။

ဤသည္က Omegaverse၏ဦးထိပ္ေခါင္။
Alphaမ်ားထက္ပင္ အင္အားႀကီးမားလွေသာ Dominant Alphaမ်ား၏တည္ရွိမႈပင္။

ထိုအၾကည့္မ်ား၏ေအာက္၌ မိမိကိုယ္မိမိ ၾကည့္ရႈရန္ပင္ မထိုက္တန္ေသာ သတၱဝါတစ္ခုအလား တံလွ်ပ္မိုး ထင္ျမင္လာမိသည္။ Pheromoneမ်ား၏ေက်းကြၽန္မဟုတ္သည့္ သာမန္Betaျဖစ္ေသာ သူသည္ပင္ အႏွီသားရဲမ်ား၏ဖိအားေအာက္မွ မလြတ္ေျမာက္နိုင္ခဲ့ေပ။

ေၾကာက္႐ြံ႕ထိတ္လန႔္ျခင္း၊စိုးထိတ္တုန္ယင္ျခင္း၊သိမ္ငယ္ေခ်ာက္ခ်ားျခင္း၊ စသည့္ အႏႈတ္သေဘာေဆာင္ေသာ ခံစားခ်က္မ်ားက လွိုင္းလုံးမ်ားသဖြယ္ တရိရိ သူ႕ကို ဝါးမ်ိဳလာခဲ့သည္။ အေၾကာက္တရား၏အက်ိဳးဆက္အရ အသက္ရႉရန္ ေမ့ေလ်ာ့ေနခဲ့မိသည့္အတြက္ မသိလိုက္ခင္မွာပင္ အသက္ရႉရက်ပ္လာခဲ့၏။ထို႔ေၾကာင့္ အလ်င္အျမန္ ေလတို႔ကို ရႉသြင္းရန္လုပ္လိုက္သည့္အခိုက္၊ ဘယ္လိုမွ အသက္ရႉမရေၾကာင္း သိရွိသြားရသည္။

အဖိုးအခေပးရျခင္းမရွိ‌ဘဲ တည္ရွိေနေသာ ေလမ်ားသည္ ဘယ္လိုပင္ႀကိဳးစားေနပါေစ သူ၏အဆုတ္အတြင္းသို႔ မဝင္ေရာက္လာနိုင္ကာ အသက္ရႉက်ပ္မႈေၾကာင့္ တံလွ်ပ္မိုး၏မ်က္ႏွာသည္ နီညိုေရာင္သမ္းသည္အထိ နီရဲတက္လာခဲ့သလို ႏႈတ္ခမ္းတို႔သည္လည္း ျပာႏွမ္းလာခဲ့၏။အျပဳအမူမ်ားကို ထိန္းသိမ္း၍ တင္းခံေနေသာ္ျငား အသက္ေသဆုံးျခင္းဟူသည့္ ဘဝ၏အဆုံးသတ္က မိမိႏွင့္ လက္တစ္ကမ္းအလို အေနအထား၌ ေရာက္လာေလေတာ့ တံလွ်ပ္မိုး ထိန္းခ်ဳပ္မႈတို႔ လြတ္ထြက္သြားေတာ့သည္။

လုပ္မိလုပ္ရာ လုပ္လိုက္မိသည့္ အျပဳအမူမ်ားမွာ ဆို႔နင့္မႈတို႔ သက္သာလို႔သက္သာျငား လက္ျဖင့္ ရင္ဘတ္ကို ထုရိုက္၍ လည္ပင္းသားမ်ားကို လက္သည္းမ်ားျဖင့္ ကုတ္ျခစ္ျခင္းပင္ျဖစ္၏။လည္ပင္း၏ ျပင္ပနာက်င္မႈထက္ ရင္ဘတ္ႏွင့္လည္ပင္းအတြင္းထဲရွိ တစ္ဆို႔မႈက ပိုမိုဆိုး႐ြားကာ ကုတ္ျခစ္ရာမ်ားမွ ေသြးတို႔စီးက်လာသည့္တိုင္၊ တံလွ်ပ္မိုး၏လက္မ်ားက မရပ္တန႔္သြားခဲ့ေပ။

ထိုအခ်ိန္ခဏေလးအတြင္း၌ ခုနေလးကမွ သူ၏အဆုတ္ထဲသို႔ဝင္ရန္ တြန္းကန္ေနၾကေသာ ေလမ်ားက ႐ုတ္ျခည္းဆိုသလို အလုအယက္ တိုးဝင္လာၾကကာ လဲက်သြားေတာ့မည့္ မိမိ၏ခႏၶာကိုယ္ကို လက္ႏွစ္ဖက္ျဖင့္ အျမန္ အေထာက္အပံ့ ေပးလိုက္ရသည္။သို႔ေသာ္ အားနည္းေနသည့္ ခႏၶာကိုယ္က အေရွ႕ကို ပို၍ငိုက္စိုက္က်သြားကာ လက္ဖဝါးႏွင့္ ေထာက္ကန္ထားရာမွ လက္ဖ်ံျဖင့္ပါ ေထာက္ကန္လိုက္ရ၏။

ေခြၽးေအးတို႔ ႐ႊဲ႐ႊဲစို၍ အပင္တစ္ပင္မွ ေႂကြက်ေတာ့မည့္ သစ္႐ြက္တစ္႐ြက္ပမာ တုန္ရီေနေသာ ခႏၶာကိုယ္ႏွင့္ တံလွ်ပ္မိုး၏ပုံရိပ္သည္ အရွင္သခင္မ်ား၏ေရွ႕ေမွာက္၌ ၿငိမ္ဝပ္ခစားေနရသည့္ ေက်းကြၽန္တစ္ေယာက္ႏွင့္ အသြင္တူလွသည္။

ထိုသားရဲမ်ားသည္ ျဖစ္ရပ္၏အစအဆုံး၌ စကားတစ္ခြန္းမွ မေျပာခဲ့ေသာ္လည္း ရပ္တည္ရာ ဘက္ႏွစ္ဘက္၏ အဆင့္အတန္းကို အရွိန္အဝါဆိုသည့္အရာႏွင့္ ခြဲျခားျပသြားခဲ့သည္။ထိုင္ေနရာမွ တစ္ခ်က္ကေလးမွ် မေ႐ြ႕လ်ားခဲ့ေသာ္လည္း ဖိအားဆိုသည့္ စိတၱဇနာမ္တစ္ခုတည္းႏွင့္ လူတစ္ေယာက္ကို ေသျခင္းတရားႏွင့္ ေပါင္းဖက္လုနီးနီး ေစခိုင္းေစနိုင္ခဲ့သည္။

ဤသည္ကား အစာစက္ကြင္း၏ထိပ္ဆုံးတြင္ရွိ‌ေသာ စားသုံးသူအမည္ရသည့္ Dominant Alphaမ်ား၏ ေၾကာက္ခမန္းလိလိ အင္အားအရာတည္း။

JANE  JANE

Czytaj Dalej

To Też Polubisz

2.6K 287 14
හීන රාශියක් අරන්ම යන්න ආවේ මං ආදරෙන් එහා පෙනිච්ච චණ්ඩ මාරයක් ආකහේට පෙම් බදින්න හේතු කෝටියක් තාරකා වලින් එහාට පෙවුන සිත්තමක් වේදනා කෙසෙ කියන්න දන්නේ න...
1.2M 58.7K 83
"The only person that can change Mr. Oberois is their wives Mrs. Oberois". Oberois are very rich and famous, their business is well known, The Oberoi...
58.8K 1.1K 95
Continuation of Modesto story who happens to intercourse with friends,mature,classmates,strangers and even family...
245K 12.4K 92
Being flat broke is hard. To overcome these hardships sometimes take extreme measures, such as choosing to become a manager for the worst team in Blu...