အမုန္းမွသည္...ခ်စ္ျခင္းဆီသို႔...

By MoeKyalPhyu14

154K 4.6K 281

မိဘတွေမတရားခံရမှုအတွက် ကလဲ့စားချေမယ့်ကောင်လေးတစ်ယောက် အမုန်းတရားတွေကနေလွတ်မြောက်နိုင်ပြီး ချစ်ခြင်းကိုရှာဖွေတ... More

🍂ဖတ္ေပးေစခ်င္🍂
💠Intro💠
🍁 Part 1🍁
🍁 Part 2🍁
🍁 Part 3🍁
🍁Part 4🍁
🍁 Part 5🍁
🍁Part 6🍁
🍁Part 7🍁
🍁Part 8🍁
🍁Part 9🍁
🍁Part 10🍁
🍁Part 11🍁
🍁Part 12🍁
🍁 Part 13🍁
🍁Part 14🍁
🍁Part 15🍁
🍁Part 16🍁
🍁Part 17🍁
🍁Part 18🍁
🍁Part 19🍁
🍁Part 20🍁
🍁Part 21🍁
🍁Part 22🍁
🍁Part 23🍁
🍁Part 24🍁
🍁Part 25🍁
🍁Part 26🍁
🍁Part 27🍁
🍁 Part 28🍁
🍁Part 29🍁
🍁Part 30🍁
🍁Part 31🍁
🍁Part 32🍁
🍁Part 33🍁
🍁Part 33.2🍁
🍁Part 33.3🍁
🍁Part 34🍁
🍁Part 35🍁
🍁Part 36🍁
🍁Part 37🍁
🍁Part 38🍁
🍁Part 39🍁
🍁Part 40🍁
🍁Part 41🍁
🍁Part 42🍁
🍁Part 43🍁
🍁Part 44🍁
🍁Part 45🍁
🍁Part 46🍁
🍁Part 47🍁
🍁Part 48🍁
🍁Part 49🍁
🍁Part 50🍁
🍁Part 51🍁
🍁Part 52🍁
🍁Part 54🍁
🍁Part 55🍁
🍁Part 56🍁
🍁Part 57🍁
🍁Part 58🍁
🍁Part 60🍁
🍁Part 59🍁
🍁Part 61🍁
🍁Part 62🍁
🍁Part 63🍁
🍁Part 64🍁
🍁Part 65🍁
🍁Part 66🍁
🍁Part 67🍁
🍁Part 68🍁
🍁Part 69🍁
🍁Part 70{Final}🍁

🍁Part 53🍁

834 27 7
By MoeKyalPhyu14

[Unicode]

တစ်နှစ်ခန့်ကြာသော်။

"အလင်္ကာရေ နင့်ကိုငါ ငြိမ်ငြိမ်လေး ထိုင်နေလို့ ပြောနေတယ်လေ"

"ဒီဟာလေးလောက်နဲ့တော့ ငါဘာမှမဖြစ်ပါဘူး"

"မရဘူး... နင်ဘာမှမလုပ်နဲ့...ဒီတိုင်း ငြိမ်ငြိမ်လေးနေ...အဲ့ဒါမှ ငါ့တူလေး သက်သောင့်သက်သာရှိမှာ"

အလင်္ကာ ရွှေစင့်အား ပိုရန်ကော ဆိုသည့်သဘောဖြင့် မျက်စောင်းထိုးကာ ကြည့်လိုက်သည်။ အလင်္ကာတစ်ယောက် ကိုယ်ဝန် ၈လကျော် ၉လထဲဝင်နေပြီဖြစ်တာကြောင့် ရွှေစင်က အစစအရာရာ လိုက်ဂရုစိုက်ပေးနေရခြင်းဖြစ်သည်။ မွေးကာနီး ဖွားကာနီးမို့ မျက်စိဒေါက်ထောက်လိုက်ကြည့်နေရသေးသည်။ အခုလည်း အေးဆေးထိုင်နေခိုင်းတာကို မထိုင်နေပဲ မီးဖိုခန်းထဲဝင်လာကာ ကူလုပ်ပေးဖို့ ပြင်နေသော အလင်္ကာကြောင့် ရွှေစင်တားနေရခြင်းဖြစ်သည်။

"နင်ငါ့ကို ကူညီချင်ရင် ငြိမ်ငြိမ်လေးသာ ထိုင်နေ...အဲ့တာ ငါ့ကိုကူတာပဲ"

ဟင်းချက်နေရင်း ရွှေစင်က လှမ်းပြောသည်။ အလင်္ကာ စားပွဲဝိုင်းက ခုံတစ်ခုံတွင် ထိုင်နေရင်း သူမ၏ ဆူထွက်နေသော ဗိုက်ကလေးအား ပွတ်ကာ

"ရွှေစင် ကလေးက ငါနဲ့တူမယ်ထင်လား... အစ်ကိုနဲ့တူမယ် ထင်လား"

အလင်္ကာ့အမေးစကားကြောင့် ရွှေစင်လည်း လုပ်လက်စများကို ရပ်ပြီး အလင်္ကာ့အနားလျှောက်လာသည်။ ထို့နောက် အလင်္ကာ၏ ဗိုက်ကလေးအား ပြုံးကာကြည့်နေရင်း

"သားလေးဆိုတော့ မျိုးမာန်နဲ့ တူမယ်ထင်တယ်...ဒါမှမဟုတ် နင်နဲ့တူပြီ မိန်းမချောလေး ထွက်လာရင်လည်း ကောင်းတာပဲ...ကလေးက နင်နဲ့သာ တူရင် တော်တော်လေးလှမှာ...အင်း မျိုးမာန်နဲ့တူရင်လည်း ချောမှာဆိုပေမယ့် ငါကတော့ နင်နဲ့ပဲ တူစေချင်တယ်...ဒါမှ လှတပတလေး ထွက်လာမှာ...ငါ့တူလေးက တစ်လောကလုံး ငေးကြည့်ရတဲ့ အလှကလေးဖြစ်လာမှာ"

"နင်ပဲ အပြောကောင်း"

အလင်္ကာ မျက်စောင်းကလေးရွယ်ရင်း ပြောလိုက်သည်။ ရွှေစင်ကလည်း သဘောကျစွာရယ်ရင်း အလင်္ကာ့ ဗိုက်ကလေးအား ပွတ်သပ်နေသည်။ အက်ထရာဆောင်း ရိုက်ပြီးပြီဖြစ်၍ ကလေးက ယောက်ကျားလေးဖြစ်သည်ကို အားလုံးသိရှိထားပြီဖြစ်သည်။

"ဘယ်သူနဲ့ပဲ တူတူ...ကလေးကို နင့်လို မျက်ဝန်းပြာလေးတော့ ပါစေချင်တယ်"

"အင်း ငါရောပဲ"

"သူလေး မျက်လွှာတစ်ချက်ဝင့်လိုက်တိုင်း မိန်းကလေးတွေက တဖြုတ်ဖြုတ်ကြွေကျသွားမှာ...ဟော မျက်ဝန်းပြာလေးနဲ့ စိုက်ကြည့်ခံလိုက်ရရင်ဖြင့် မိန်းကလေးတွေ လိပ်ပြာလွင့်သွားတော့မှာပဲ"

ရွှေစင်ပြောလာသော စကားများကြောင့် အလင်္ကာ သဘောတကျရယ်မိသွားရသည်။ တကယ်ပဲ မျက်ဝန်းပြာလေးက ပါလားမပါလားတောင် မသေချာသေးတာကို သူကအနာဂတ်ကို ကြိုတွေးနေပြီ ကြီးကြီးမားမားတွေပြောနေသည်လေ။

"ဟဲ့ ကြိုပြောထားမယ်နော်...နင့်သားက ငါမွေးမယ့် ကလေးအတွက်ပဲနော်"

ရွှေစင် အလင်္ကာကိုကြည့်ကာ အလိုမကျသလိုပြောလာသည်။ အလင်္ကာက ပြုံးပြီး

"နင်မွေးမှာ ယောက်ကျားလေးဆိုရင်ရော"

"အို အဲ့တာတွေ မသိဘူး"

"ဘာမသိတာလဲ ရွှေစင်"

ထွက်ပေါ်လာသော အသံကြောင့် နှစ်ယောက်သားကြည့်လိုက်မိတော့ လက်ထဲမှ အထုပ်ပေါင်းများစွာနှင့် သူတို့ဆီလျှောက်လာကာ မေးလာသော မဟာ။ နောက်တွင်လည်း အိနြေ္ဒနဲ့ ဟိန်းတို့က လိုက်ပါလာသည်။ မဟာက အထုပ်များကို စားပွဲပေါ်တင်ကာ အလင်္ကာဘက်လှည့်လိုက်ပြီး

"ငါတို့ရဲ့ မဗိုက်လေး နေရတာ အဆင်ပြေလား"

"ခါးညောင်းတာကလွဲရင် ကျန်တာ အဆင်ပြေပါတယ်"

"သားသားရော ကန်သေးလား"

ပြောရင်း မဟာ့လက်က အလင်္ကာ့ဗိုက်ပူပူလေးပေါ်ရောက်ရှိလို့သွားသည်။

"အို ကန်တာမှ ပြောမနေပါနဲ့တော့...ငါ့ကို ဘောလုံးများထင်နေလားမသိဘူး နင့်တူက တစ်ချိန်လုံးကို ကန်နေတာ"

ပြောရင်းဆိုရင်း မဟာ့လက်တင်ထားသော နေရာမှ ခံစားလိုက်ရသည့် တုန်ခါသွားသည့်အထိအတွေ့ကြောင့် အကုန်ရယ်မိသွားကြသည်။

"တွေ့လား...ပြောတုန်း ရှိသေး ကန်နေပြန်ပြီ"

"ဟုတ်ပါ့ အားနဲ့ကိုကန်တာ...ငါပြောရဲတယ် ဒီကောင် ဘောလုံးသမား ဖြစ်မှာ"

ပြံးစိစိနဲ့ပြောလာသော မဟာ့ကြောင့် ထပ်မံရယ်မောကြရပြန်သည်။ အိနြေ္ဒက အလင်္ကာ့အနား လျှောက်လာရင်း

"အလင်္ကာ ဒီမှာ ကိုယ်ဝန်ဆောင် မိခင်အတွက် အားဆေးတွေ...ဟိုနေ့က ၀ယ်လာပေးထားတဲ့ ဟာတွေ ကုန်သွားပြီမလား...ဒါကတော့ အသစ်...ကလေး ဥာဏ်ရည်ဖွံ့ဖြိုးမှု အားကောင်းအောင်လို့ မမွေးခင်အချိန်ထိ တစ်နေ့တစ်လုံး ပုံမှန်သောက်...ဒါကတော့ နင်ခါးနာတာ ဒူးနာတာတွေအတွက် လိမ်းဖို့"

ပါးစပ်ကလည်းပြောရင်း အိနြေ္ဒက ဆေးဘူးများကို ကမ်းပေးလာသည်။ အလင်္ကာ အိနြေ္ဒပေးလာတာတွေကိုကြည့်ပြီး

"ဟုတ်ကဲ့ပါ ဒေါက်တာ"

"မနောက်နဲ့ ငါတူလေး ကျန်းမာဖို့က နင့်တာဝန်ပဲနော်"

အိနြေ္ဒက ဗိုက်ကလေးကို လက်ညိုးထိုးပြရင်း ပြောသည်။

ဟိန်း ပြုံး၍စကားပြောနေသော နှစ်ယောက်အားကြည့်ကာ သူပါ ပြုံးနေမိသည်။ အမြဲတမ်း အခုလိုမျိုးလေးပဲ ရှိသွားပါစေဟု ဆုတောင်းနေမ်ိသည်။ သို့သော် သူဆုတောင်းမပြည့်နိုင်မှန်းလည်း သူမြင်နေရသော မြင်ကွင်းက သက်သေထူနေသည်။ ဟင်းချက်နေသောရွှေစင့်အနား အတင်းလိုက်ကပ်ကာ နှောင့်ယှက်နေသောမဟာ။ နှစ်ယောက်သား ပူးကပ်ကာ တတွတ်တွတ်ဖြစ်နေသော ရွှေစင်နဲ့ မဟာတို့၏ပုံစံကိုကြည့်နေသော အိနြေ္ဒ၏ မျက်ဝန်းထဲမှ နာကျင်မှုများနှင့် ၀မ်းနည်းရိပ်များ။ ဟိန်းတစ်ယောက် ဖြည်းညှင်းစွာ သက်ပြင်းချမိသည်။

"အချစ် ဘာဟင်းချက်နေတာလဲ"

ဟင်းချက်နေသော ရွှေစင့်ခါးအား လှမ်းဖက်လိုက်ရင်း မဟာ မေးလိုက်သည်။ ရွှေစင်က ခါးပေါ်မှ မဟာ့လက်တွေကို ဖယ်ချကာ မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး

"နင့်လက်ကို ငြိမ်ငြိမ်ထားစမ်း"

"အင်းပါ အခု ဘာချက်မှာလဲပြော"

"ငါးကိုကြော်ပြီး ချက်မယ်...ကန်စွန်းရွက်ကြော်မယ်"

"ကိုယ်ဘာလုပ်ပေးရမလဲ"

ပြောရင်းဆိုရင်း ငါးကြော်နေသော ဇွန်းအားကိုင်ထားသည့် သူ့လက်ကို အုပ်မိုးထပ်ကိုင်လာသော မဟာ။ ရွှေစင် မဟာ့လက်အား ရိုက်ပုတ်လိုက်ပြီး

"ဝေးဝေးသွားနေစမ်းပါ...ငါ့ဟာငါ အေးဆေး လုပ်ပါရစေ"

"မရဘူး အချစ်နားပဲ ကပ်နေချင်တာ"

ဆိုကာ ရွှေစင်၏ လက်မောင်းတစ်ဖက်ကို လှမ်းချိတ်လိုက်သော မဟာ။ ရုတ်တရက်မို့် ငါးကြော်နေသည့် ဇွန်းက လွတ်ကျသွားကာ ကြမ်းပြင်ပေါ် ပြုတ်ကျသွားတော့သည်။ ရွှေစင်တစ်ယောက် ဒေါသကြောင့် မျက်နှာများပင် နီရဲလာတော့သည်။ မဟာကတော့ ရွှေစင့်အား သွားအဖြီးသားဖြင့် ရယ်ပြနေသည်။ ထိုမြင်ကွင်းကို အလင်္ကာက ပြုံး၍ ကြည့်နေသော်လည်း မပြုံးနိုင်သူ နှစ်ယောက်လည်း ရှိနေသေးသည်။

ဂွက်!

"အ!!! "

မဟာ ပူထူသွားသော ခေါင်းအားပွတ်ကာ ရွှေစင်အား မျက်နှာငယ်လေးနဲ့ ကြည့်နေသည်။ ရွှေစင် မဟာ့၏ ခေါင်းအား အနားတွင်ရှိသော ရေခွက်နှင့် ထုလိုက်သောကြောင့်ဖြစ်သည်။

"ဘာလာကြည့်နေတာလဲ... ဝေးဝေးနေပါလို့ ပြောတယ်မဟုတ်လား"

"အချစ်က ကိုယ့်ကိုဆို အရမ်းရက်စက်တာပဲ"

"အာ သွားပြီ သွားပြီ"

နောက်ထပ် ထပ်ထုရန် လက်ရွယ်လိုက်သောကြောင့် မဟာတစ်ယောက် အလင်္ကာအနောက် ပြေးပုန်းရသည်။

"ကလေးလည်း မဟုတ်ပဲ တစ်အားဆော့တာပဲ"

ရွှေစင် အလင်္ကာ့အနောက်တွင်ရှိနေသော မဟာ့အား ပေစောင်းစောင်းကြည့်ကာ ပြောသည်။

"ဒါနဲ့ နင်တို့ ထမင်းစားပြီးမှ ပြန်ကြနော်...ခဏနေရင် အစ်ကိုပြန်လာတော့မယ်"

"မပူနဲ့ အ၀စားမှာမို့လို့ ဘာမှစားမလာဘူး"

"ဘာလဲ ငါ့လက်ရာလေးတွေကို လွမ်းနေတာပေါ့"

ရွှေစင်က ၀င်ပြောတော့ အိနြေ္ဒလည်း ခေါင်းညိတ်ပြလိုက်ကာ

"ဒါပေါ့ ဒါပေါ့...လွမ်းလွန်းလို့ နေ့ရောညပါ ငါ့အိမ်ခေါ်ထားပြီး ချက်ကျွေးခိုင်းချင်တော့တယ်"

"ဟာ...မရပါဘူးနော်...အိမ်ခေါ်ထားချင်းခေါ်ထား ငါပဲခေါ်ထားမှာပေါ့"

မဟာက ဆူပုတ်ပုတ်နဲ့ ၀င်ပြောလာသည်။ ထိုသည်ကို အိနြေ္ဒက တစ်ချက်ရယ်လိုက်ရင်း

"လာပြီးတော့ ဥစ္စာခြောက်နေတယ်...အေးပါဟယ် မခေါ်ထားတော့ဘူး သိလား...တကယ်တည်း ပိုကိုပိုတယ်"

အိနြေ္ဒ၏ အပြောကြောင့် အားလုံးရယ်မောလိုက်ကြတော့သည်။ ထိုစဉ်

"လူစုံတပ်စုံပါလားဟ"

လူမမြင်ရသေး မျိုးမာန်၏ အသံကအရင် ရောက်လာသည်။ အလင်္ကာ သူ့ဆီလျှောက်လာနေသော မျိုးမာန်အားကြည့်ကာ

"အစ်ကို"

"အင်း အလင်္ကာ နေသာရဲ့လား"

"ဟုတ် အစ်ကို"

အလင်္ကာ ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ မျိုးမာန် အလင်္ကာ၏ နဖူးပေါ်ကျနေသော ဆံစများကို သပ်တင်ပေးလိုက်ရင်း မျက်နှာလှလှလေးအား မရိုးနိုင်စွာ ငေးမောနေမိသည်။ အချိန်တွေကြာလာသည့်တိုင်အောင် အလင်္ကာက သူ့မျက်လုံးထဲ ပိုပို၍ လှလာသည်။ ဘယ်အချိန်ကြည့်ကြည့် ဘယ်လောက်ပဲကြည့်ကြည့် ဘယ်တော့မှမရိုးသွားနိုင်ပဲ သူ့ရင်ကို အစဉ်အမြဲ အေးချမ်းစေသည်။ အခုနောက်ပိုင်းဆိုရင် အလင်္ကာက ပိုလို့တောင် ချစ်ဖို့်ကောင်းနေသည်။ ဗိုက်ပူပူလေးပေါ်ထပ် ၀တ်ထားသော ဗိုက်ဖုံးအင်္ကျီလေးနှင့် အမြင်လေးက တစ်မျိုးလေးဆန်းကာ မျိုးမာန်မှာ အလင်္ကာကိုကြည့်ရင်း ချစ်မ၀ဖြစ်ရသည်။

"အဟမ်း အဟမ်း ငါတို့ရှိသေးတယ်နော်"

မဟာက ချောင်းဟန့်ကာ ပြုံစိစိဖြင့်ပြောလာသည်ကြောင့် မျိုးမာန်လည်း အလင်္ကာကိုကြည့်နေသည့် အကြည့်အများကို အရှိန်သတ်ရသည်။ ထို့နောက် မျိုးမာန် အလင်္ကာ၏ နဖူးလေးကို နမ်းလိုက်ပြီး မဟာကိုကြည့်လိုက်ကာ

"မနာလိုတာလား...သ၀န်တိုတာလား...ဘာလဲ မင်းရော ငါဂရုစိုက်တာခံချင်လို့လား...ဒါဆို ငါ့မိန်းမလုပ်လေ...အချိန်တိုင်း ဂရုစိုက်ပေးမယ်"

"အိုက်စ် ဘာတွေလာပြောနေတာလဲ မကြားဝံ့မနာသာတွေ...မင်းမိန်းမလုပ်ရမယ့်အစား ရွှေစင်လေးရဲ့...အဲ့တာ မုန့်လက်ကောက်မလား ငါကြိုက်တယ်"

ရွှေစင်၏ မျက်စောင်းလေးက ဒိုင်းခနဲကျရောက်လာသည်ကြောင့် မျိုးမာန် လက်ထဲတွင်ပါလာသော မုန့်အားအကြောင်းပြကာ မဟာ့ စကားလွဲလိုက်ရသည်။

"မင်းကြိုက်လည်း မင်းအတွက်မဟုတ်ဘူး...ငါ့အသည်းလေးအတွက်"

"အင်းပါ အင်းပါ"

မဟာဖြစ်သွားသော အင်တင်တင်အမူအရာကြောင့် အကုန်လုံးပွဲကျသွားတော့သည်။ သို့နှင့် နေ့လည်စာကို တစ်ပျော်တစ်ပါးကြီး စားသောက်ခဲ့ကြပြီးနောက် ကိုယ်စီကိုယ်စီအိမ်သို့ အိမ်သို့ပြန်သွားကြတော့သည်။ မျိုးမာန်လည်း သူ၏ အချိန်ပိုင်း အလုပ်ရှိရာသို့ ပြန်သွားသောကြောင့် အိမ်လေးထဲ အလင်္ကာနဲ့ ရွှေစင်တို့သာ ကျန်ရစ်ခဲ့တော့သည်။

**********

"မျိုးမာန် အရမ်းကြီးလည်းစိတ်မပူပါနဲ့...အဆင်ပြေသွားမှာပါ...အလင်္ကာက သန်မာန်ပါတယ်"

ခြေမကိုင်မိ လက်မကိုင်အမှုအရာဖြစ်နေသော မျိုးမာန်အား မဟာ နှစ်သိမ့်ပေးနေရသော်လည်း သူကိုယ်တိုင်ကလည်း ရင်ထဲမှ ပူပန်နေသည်။ မွေးဖွားမည့်ရက်ကို ရောက်ဖို့ တစ်ပတ်လောက်လိုသေးသော်လည်း ညကြီးအချိန်မတော် ဗိုက်ထနာလာသော အလင်္ကာကြောင့် သူတို့အားလုံး ဆေးရုံသို့ ရောက်ရှိနေကြခြင်းဖြစ်သည်။ မွေးခန်းထဲသို့ ၀င်သွားတာ တစ်နာရီနီးပါး ရှိနေသော်လည်း အခုထိဘာသံမှမကြားရသေးတာကြောင့် စိုးရိမ်နေရခြင်း ဖြစ်သည်။

"မွေးမိခင် အလင်္ကာရဲ့ လူနာရှင် ဘယ်သူလဲမသိဘူးရှင့်"

မွေးခန်းထဲမှ ထွက်လာကာ မေးလာသော သူနာပြု၏ အသံ။ မျိုးမာန် ချက်ချင်း သူနာပြု အနားသွားလိုက်ကာ အလောတကြီး ပြောလိုက်သည်။

"ကျွန်တော် ကျွန်တော်ပါ...ဘာ ဘာဖြစ်လို့လဲ ဆရာမ"

"လူနာ မွေးရခက်နေပါတယ်...ကလေးက အရမ်းထွားတော့ မွေးဖို့မလွယ်ဘူး ဖြစ်နေတယ်...ခွဲမွေးမှရမယ်...ဒီမှာ လက်မှတ်လေးထိုးပေးပါ"

"ဗျာ!"

သူနာပြုပြောလာသော စကားကြောင့် မျိုးမာန် စိုးရိမ်စိတ်နဲ့အတူ မျက်လုံးတို့ပြာသွားတော့သည်။

"မျိုးမာန် အရင်ဆုံး လက်မှတ်ထိုးပေးလိုက်"

နောက်မှထွက်ပေါ်လာသော ဟိန်း၏ အသံကြောင့် မျိုးမာန် အသိစိတ်တို့ကို ပြန်ခေါ်ကာ သူနာပြု ပြသောနေရာတွင် တုန်တုန်ယင်ယင်နဲ့ လက်မှတ်ထိုးပေးလိုက်သည်။ မျိုးမာန် ဟိန်းနဲ့မဟာ့အားကြည့်ကာ

"အလင်္ကာ အဆင်ပြေမှာပါနော်"

"သူကျော်ဖြတ်နိုင်မှာပါ...မင်းစိတ်အေးအေးထား"

ထိုသို့ပြောလိုက်ရသော်လည်း စိတ်မအေးနိုင်သူက ဟိန်းနဲ့မဟာတို့ ကိုယ်တိုင်ပင်။ ကျန်သည့် မိန်းကလေးနှစ်ယောက်အားကြည့်မိတော့လည်း ခုံတန်းလေးတွင် ငြိမ်သက်စွာထိုင်နေသည်မှာ ကျောက်ရုပ်အလား။ အလင်္ကာအတွက် သူတို့လည်း စိုးရိမ်နေကြခြင်းဖြစ်သည်။

အလင်္ကာအား ခွဲခန်းထဲသို့ပြောင်းပြီး တစ်နာရီအကြာတွင် ခွဲခန်းထဲမှ အနှီးထုပ်လေးအား ပိုက်ကာ သူတို့ဆီလာနေသော သူနာပြုဆရာမလေး။ မျိုးမာန် ကလေးကိုမကြည့်အား အလင်္ကာအခြေအနေကို မေးရသည်။

"ဆရာမ...အလင်္ကာရော အဆင်ပြေရဲ့လား"

ထိုအခါသူနာပြုလေးကပြုံးကာ ခေါင်းညိတ်လာသည်။

"ကလေးရော မိခင်ပါ ကျန်းမာပါတယ်ရှင့်"

ထိုအခါမှ မျိုးမာန်စိတ်ကို ဒုံးဒုံးချကာ ကလေးအား ကြည့်မိသည်။ မျက်ဝန်းထက်မှလည်း ၀မ်းသာမျက်ရည်တို့ စီးကျလာသည်။ မျက်လုံးမဖွင့်သေး၍ မျက်လုံးအရောင်က ဘာမှန်းမသိရသော်လည်း ဆံပင်များကမူ သူ့အမေအတိုင်း နက်မှောင်ကာ ထူထဲနေသည်။ မျက်နှာသေးသေးလေးက မိခင်နည်းတူ ၀ိုင်းစက်လို့နေသေးသည်။ သူနာပြုလက်ထဲမှ နီတာရဲကလေးလေးက အလွန်ကိုပင် ချစ်စဖွယ်ကောင်းနေသည်။

ကျေးဇူးတင်ပါတယ် အလင်္ကာ...ကိုယ့်ကို မင်းရဲ့ကိုယ်ပွားလေးအဖြစ် ချစ်စရာကောင်းတဲ့ သာလေး မွေးပေးလို့ ကျေးဇူးပါပဲ အချစ်ရယ်.....

မဟာတို့မှာလည်း အလင်္ကာအဆင်ပြေကြောင်း ကြားရသည်ကြောင့်  ရင်ထဲမှ တစ်ဆို့နေသော အလုံးကြီးများက ကျသွားကြတော့သည်။ သူနာပြုလက်ထဲမှ ချစ်စဖွယ်ကလေးအားကြည့်ကာ ချီချင်ကြသော်လည်း မည်သို့ ချီရမှန်းမသိ၍ ဒီတိုင်းသာ ကြည့်နေရတော့သည်။ ခဏအကြာ ခွဲခန်းထဲမှ အလင်္ကာ့အား ထုတ်လာကာ အခန်းပြောင်းရသည်။ မျိုးမာန် နှစ်ခြိုက်စွာ အိပ်ပျော်နေသော အလင်္ကာအားကြည့်ရင်း နဖူးလေးကို ငုံ့နမ်းလိုက်သည်။

"ပင်ပန်းသွားရပြီး ကိုယ့်အမျိုးသမီးလေး"

အိပ်ပျော်နေသော အလင်္ကာ့မျက်နှာလေးကို မျိုးမာန် တစိမ့်စိမ့်ကြည့်နေမိသည်။ ကျန်လေးယောက်မှာတော့ ကလေးအနားတွင်သာ ဝိုင်းနေကြသည်။

"ကလေးက မျိုးမာန်နဲ့တူတာကွ"

ခပ်ကြိတ်ကြိတ်ထွက်ပေါ်လာသော ဟိန်းရဲ့အသံ။

"မဟုတ်ဘူး အလင်္ကာနဲ့တူတာ"

ပြန်ငြင်းလာသော ရွှေစင်။ ထိုသည်ကိုလက်မခံ ဟိန်းကလည်း တစ်ဖန်ပြန်၍ ငြင်းချက်ထုတ်လာသည်။

"ရွှေစင် နင်သေချာကြည့် မျိုးမာန်မှ မျိုးမာန်"

"မဟုတ်ဘူး နင်မျက်လုံးပြူးပြီးကြည့်...အလင်္ကာပါဆို...မျက်နှာဝိုင်းဝိုင်းလေးရယ်...ဆံပင်ထူထူလေးရယ်...ဒါတွေက အလင်္ကာ့ဆီက လာတာ...ဟုတ်တယ်မလား မဟာ"

တစ်ယောက်တည်း ပြန်ပြောရုံမက မဟာ့ကိုပါ စစ်ကူခေါ်လာသော ရွှေစင်။ မဟာလည်း ခေါင်းညိတ်ပြကာ

"ဟုတ်တယ် အလင်္ကာနဲ့တူတာ"

မဟာ့အား ဟိန်းမနိုင်ဘူးဟူသော သဘောဖြင့် ခေါင်းသာခါလိုက်တော့သည်။ ထိုစဉ် မဟာက ကလေး၏ မျက်လုံးကိုထိရန်လှမ်းသောလက်ကို အိန္ဒြေ ဖက်ကနဲ့ လှမ်းရိုက်လိုက်သည်။

"ကလေးအသား နုနုလေးကို နင့်လက်ကြမ်းကြီးနဲ့ သွားမထိနဲ့"

"ကလေး မျက်လုံးအရောင် သိချင်လို့ပါဆို"

"မျက်လုံးပွင့်မှကြည့်"

မဟာကတော့ ဆူပုတ်ပုတ်နှင့် ငြိမ်ခံနေလိုက်ရသည်။ ရွှေစင်က တစ်စုံတစ်ခုကို စဉ်းစားမိသွားဟန်ဖြင့်

"ကလေးနာမည်ကို ဘာပေးရမလဲ"

"အလင်းဆည်းဆာ"

ကုတင်ပေါ်တွင် လှဲနေသော အလင်္ကာက ဝင်ပြောလာသည်။ သူတို့လေးယောက်လည်း အလင်္ကာအနားရောက်သွားကြပြန်သည်။

မျိုးမာန်က အလင်္ကာအားကြည့်ကာ

"နေရတာ အဆင်ပြေလား...နာနေလား အလင်္ကာ"

"အလင်္ကာ အဆင်ပြေပါတယ် အစ်ကို"

ထို့နောက် မဟာတို့ဘက်လှည့်ပြီး

"ကလေးနာမည်က အလင်းဆည်းဆာ"

"နာမည်လေးက လှလိုက်တာ စဉ်းစားတတ်ပါ့နော်"

အလင်္ကာပြုံး၍ ကလေးထားရာနေရာဆီ လှမ်းကြည့်နေသည်။

"ကြည့်ချင်လို့လား"

ရွှေစင်က အလင်္ကာ အကြည့်လားရာဆီ လိုက်ကြည့်၍ မေးသည်။ အလင်္ကာလည်း ခေါင်းညိတ်ပြလိုက်သည်။ အိန္ဒြေက ကလေးဆီသွားကာ ကလေးကို အသာမချီလာပြီး အလင်္ကာဘေးနားချပေးလိုက်သည်။

"အဲ...အဲ"

"ကြည့်စမ်း ကြည့်စမ်း အမေကိုသိတာ"

ကလေးဆီက အသံထွက်လာသည်ကြောင့် ရွှေစင်က ချစ်စနိုးဖြင့် ကလေးအားကြည့်ကာ ပြောသည်။ ထိုအချိန် ကလေး၏ မျက်ဝန်းလေးများ ပွင့်ဟလာပြီး မျက်သားဖြူများ ဝန်းရံထားသော မိုးပြာရောင် မျက်ဆံလေးက ထင်ရှားစွာပေါ်လာတော့သည်။

"အားး မျက်ဝန်းပြာလေး"

ရုတ်တရက်ထအော်သော ရွှေစင်ကြောင့် မဟာ ရွှေစင့်ပါးစပ်ကို လှမ်းပိတ်ကာ

"တိုးတိုး အချစ်ရဲ့ ကလေးလန့်သွားအုံးမယ်"

ဟိန်းနဲ့ အိန္ဒြေမှာတော့ ကလေးလေးကိုကြည့်ကာ အသဲယား၍ မဆုံးတော့။ မျိူးမာန်မှာလည်း သူ၏ အသည်းတခြမ်းလေးများအားကြည့်၍ မျက်နှာတွင်အပြုံးတို့ ပွင့်လန်းနေတော့သည်။ ထိုနေ့မှစ၍ အလင်းဆည်းဆာလေးသည် ဖေဖေမေမေ ဦးဦးတီတီတို့၏ အချစ်တော်လေး ဖြစ်လာတော့လေသည်။

*********************************
#4.4.204
#🍁Moe Kyal Phyu🍁

**********

ကိုယ်သာ အိန္ဒြေ့နေရာမှာဆို ရူးသွားမလားပဲ...ကိုယ်ချစ်ရတဲ့သူက တစ်ခြားတစ်ယောက် ပျော်နေတာကို သူ့လိုမျိုး ပြုံးပြီးကြည့်နေနိုင်မယ် မထင်ဘူး.....

[Zawgyi]

တစ္ႏွစ္ခန္႔ၾကာေသာ္။

"အလကၤာေရ နင့္ကိုငါ ၿငိမ္ၿငိမ္ေလး ထိုင္ေနလို႔ ေျပာေနတယ္ေလ"

"ဒီဟာေလးေလာက္နဲ႔ေတာ့ ငါဘာမွမျဖစ္ပါဘူး"

"မရဘူး... နင္ဘာမွမလုပ္နဲ႔...ဒီတိုင္း ၿငိမ္ၿငိမ္ေလးေန...အဲ့ဒါမွ ငါ့တူေလး သက္ေသာင့္သက္သာရိွမွာ"

အလကၤာ ေရႊစင့္အား ပိုရန္ေကာ ဆိုသည့္သေဘာျဖင့္ မ်က္ေစာင္းထိုးကာ ၾကည့္လိုက္သည္။ အလကၤာတစ္ေယာက္ ကိုယ္၀န္ ၈လေက်ာ္ ၉လထဲ၀င္ေနၿပီျဖစ္တာေၾကာင့္ ေရႊစင္က အစစအရာရာ လိုက္ဂ႐ုစိုက္ေပးေနရျခင္းျဖစ္သည္။ ေမြးကာနီး ဖြားကာနီးမို႔ မ်က္စိေဒါက္ေထာက္လိုက္ၾကည့္ေနရေသးသည္။ အခုလည္း ေအးေဆးထိုင္ေနခိုင္းတာကို မထိုင္ေနပဲ မီးဖိုခန္းထဲ၀င္လာကာ ကူလုပ္ေပးဖို႔ ျပင္ေနေသာ အလကၤာေၾကာင့္ ေရႊစင္တားေနရျခင္းျဖစ္သည္။

"နင္ငါ့ကို ကူညီခ်င္ရင္ ၿငိမ္ၿငိမ္ေလးသာ ထိုင္ေန...အဲ့တာ ငါ့ကိုကူတာပဲ"

ဟင္းခ်က္ေနရင္း ေရႊစင္က လွမ္းေျပာသည္။ အလကၤာ စားပြဲ၀ိုင္းက ခံုတစ္ခံုတြင္ ထိုင္ေနရင္း သူမ၏ ဆူထြက္ေနေသာ ဗိုက္ကေလးအား ပြတ္ကာ

"ေရႊစင္ ကေလးက ငါနဲ႔တူမယ္ထင္လား... အစ္ကိုနဲ႔တူမယ္ ထင္လား"

အလကၤာ့အေမးစကားေၾကာင့္ ေရႊစင္လည္း လုပ္လက္စမ်ားကို ရပ္ၿပီး အလကၤာ့အနားေလွ်ာက္လာသည္။ ထို႔ေနာက္ အလကၤာ၏ ဗိုက္ကေလးအား ၿပံဳးကာၾကည့္ေနရင္း

"သားေလးဆိုေတာ့ မ်ဳိးမာန္နဲ႔ တူမယ္ထင္တယ္...ဒါမွမဟုတ္ နင္နဲ႔တူၿပီ မိန္းမေခ်ာေလး ထြက္လာရင္လည္း ေကာင္းတာပဲ...ကေလးက နင္နဲ႔သာ တူရင္ ေတာ္ေတာ္ေလးလွမွာ...အင္း မ်ဳိးမာန္နဲ႔တူရင္လည္း ေခ်ာမွာဆိုေပမယ့္ ငါကေတာ့ နင္နဲ႔ပဲ တူေစခ်င္တယ္...ဒါမွ လွတပတေလး ထြက္လာမွာ...ငါ့တူေလးက တစ္ေလာကလံုး ေငးၾကည့္ရတဲ့ အလွကေလးျဖစ္လာမွာ"

"နင္ပဲ အေျပာေကာင္း"

အလကၤာ မ်က္ေစာင္းကေလးရြယ္ရင္း ေျပာလိုက္သည္။ ေရႊစင္ကလည္း သေဘာက်စြာရယ္ရင္း အလကၤာ့ ဗိုက္ကေလးအား ပြတ္သပ္ေနသည္။ အက္ထရာေဆာင္း ႐ိုက္ၿပီးၿပီျဖစ္၍ ကေလးက ေယာက္က်ားေလးျဖစ္သည္ကို အားလံုးသိရိွထားၿပီျဖစ္သည္။

"ဘယ္သူနဲ႔ပဲ တူတူ...ကေလးကို နင့္လို မ်က္၀န္းျပာေလးေတာ့ ပါေစခ်င္တယ္"

"အင္း ငါေရာပဲ"

"သူေလး မ်က္လႊာတစ္ခ်က္၀င့္လိုက္တိုင္း မိန္းကေလးေတြက တျဖဳတ္ျဖဳတ္ေႂကြက်သြားမွာ...ေဟာ မ်က္၀န္းျပာေလးနဲ႔ စိုက္ၾကည့္ခံလိုက္ရရင္ျဖင့္ မိန္းကေလးေတြ လိပ္ျပာလြင့္သြားေတာ့မွာပဲ"

ေရႊစင္ေျပာလာေသာ စကားမ်ားေၾကာင့္ အလကၤာ သေဘာတက်ရယ္မိသြားရသည္။ တကယ္ပဲ မ်က္၀န္းျပာေလးက ပါလားမပါလားေတာင္ မေသခ်ာေသးတာကို သူကအနာဂတ္ကို ႀကိဳေတြးေနၿပီ ႀကီးႀကီးမားမားေတြေျပာေနသည္ေလ။

"ဟဲ့ ႀကိဳေျပာထားမယ္ေနာ္...နင့္သားက ငါေမြးမယ့္ ကေလးအတြက္ပဲေနာ္"

ေရႊစင္ အလကၤာကိုၾကည့္ကာ အလိုမက်သလိုေျပာလာသည္။ အလကၤာက ၿပံဳးၿပီး

"နင္ေမြးမွာ ေယာက္က်ားေလးဆိုရင္ေရာ"

"အို အဲ့တာေတြ မသိဘူး"

"ဘာမသိတာလဲ ေရႊစင္"

ထြက္ေပၚလာေသာ အသံေၾကာင့္ ႏွစ္ေယာက္သားၾကည့္လိုက္မိေတာ့ လက္ထဲမွ အထုပ္ေပါင္းမ်ားစြာႏွင့္ သူတို႔ဆီေလွ်ာက္လာကာ ေမးလာေသာ မဟာ။ ေနာက္တြင္လည္း အိေႁႏၵနဲ႔ ဟိန္းတို႔က လိုက္ပါလာသည္။ မဟာက အထုပ္မ်ားကို စားပြဲေပၚတင္ကာ အလကၤာဘက္လွည့္လိုက္ၿပီး

"ငါတို႔ရဲ႕ မဗိုက္ေလး ေနရတာ အဆင္ေျပလား"

"ခါးေညာင္းတာကလြဲရင္ က်န္တာ အဆင္ေျပပါတယ္"

"သားသားေရာ ကန္ေသးလား"

ေျပာရင္း မဟာ့လက္က အလကၤာ့ဗိုက္ပူပူေလးေပၚေရာက္ရိွလို႔သြားသည္။

"အို ကန္တာမွ ေျပာမေနပါနဲ႔ေတာ့...ငါ့ကို ေဘာလံုးမ်ားထင္ေနလားမသိဘူး နင့္တူက တစ္ခ်ိန္လံုးကို ကန္ေနတာ"

ေျပာရင္းဆိုရင္း မဟာ့လက္တင္ထားေသာ ေနရာမွ ခံစားလိုက္ရသည့္ တုန္ခါသြားသည့္အထိအေတြ႕ေၾကာင့္ အကုန္ရယ္မိသြားၾကသည္။

"ေတြ႕လား...ေျပာတုန္း ရိွေသး ကန္ေနျပန္ၿပီ"

"ဟုတ္ပါ့ အားနဲ႔ကိုကန္တာ...ငါေျပာရဲတယ္ ဒီေကာင္ ေဘာလံုးသမား ျဖစ္မွာ"

ၿပံးစိစိနဲ႔ေျပာလာေသာ မဟာ့ေၾကာင့္ ထပ္မံရယ္ေမာၾကရျပန္သည္။ အိေႁႏၵက အလကၤာ့အနား ေလွ်ာက္လာရင္း

"အလကၤာ ဒီမွာ ကိုယ္၀န္ေဆာင္ မိခင္အတြက္ အားေဆးေတြ...ဟိုေန႔က ၀ယ္လာေပးထားတဲ့ ဟာေတြ ကုန္သြားၿပီမလား...ဒါကေတာ့ အသစ္...ကေလး ဥာဏ္ရည္ဖြံ႕ၿဖိဳးမႈ အားေကာင္းေအာင္လို့ မေမြးခင္အခ်ိန္ထိ တစ္ေန႔တစ္လံုး ပံုမွန္ေသာက္...ဒါကေတာ့ နင္ခါးနာတာ ဒူးနာတာေတြအတြက္ လိမ္းဖို႔"

ပါးစပ္ကလည္းေျပာရင္း အိေႁႏၵက ေဆးဘူးမ်ားကို ကမ္းေပးလာသည္။ အလကၤာ အိေႁႏၵေပးလာတာေတြကိုၾကည့္ၿပီး

"ဟုတ္ကဲ့ပါ ေဒါက္တာ"

"မေနာက္နဲ႔ ငါတူေလး က်န္းမာဖို႔က နင့္တာ၀န္ပဲေနာ္"

အိေႁႏၵက ဗိုက္ကေလးကို လက္ညိဳးထိုးျပရင္း ေျပာသည္။

ဟိန္း ၿပံဳး၍စကားေျပာေနေသာ ႏွစ္ေယာက္အားၾကည့္ကာ သူပါ ၿပံဳးေနမိသည္။ အၿမဲတမ္း အခုလိုမ်ဳိးေလးပဲ ရိွသြားပါေစဟု ဆုေတာင္းေနမိ္သည္။ သို႔ေသာ္ သူဆုေတာင္းမျပည့္ႏိုင္မွန္းလည္း သူျမင္ေနရေသာ ျမင္ကြင္းက သက္ေသထူေနသည္။ ဟင္းခ်က္ေနေသာေရႊစင့္အနား အတင္းလိုက္ကပ္ကာ ေႏွာင့္ယွက္ေနေသာမဟာ။ ႏွစ္ေယာက္သား ပူးကပ္ကာ တတြတ္တြတ္ျဖစ္ေနေသာ ေရႊစင္နဲ႔ မဟာတို႔၏ပံုစံကိုၾကည့္ေနေသာ အိေႁႏၵ၏ မ်က္၀န္းထဲမွ နာက်င္မႈမ်ားႏွင့္ ၀မ္းနည္းရိပ္မ်ား။ ဟိန္းတစ္ေယာက္ ျဖည္းညႇင္းစြာ သက္ျပင္းခ်မိသည္။

"အခ်စ္ ဘာဟင္းခ်က္ေနတာလဲ"

ဟင္းခ်က္ေနေသာ ေရႊစင့္ခါးအား လွမ္းဖက္လိုက္ရင္း မဟာ ေမးလိုက္သည္။ ေရႊစင္က ခါးေပၚမွ မဟာ့လက္ေတြကို ဖယ္ခ်ကာ မ်က္ေစာင္းတစ္ခ်က္ထိုးလိုက္ၿပီး

"နင့္လက္ကို ၿငိမ္ၿငိမ္ထားစမ္း"

"အင္းပါ အခု ဘာခ်က္မွာလဲေျပာ"

"ငါးကိုေၾကာ္ၿပီး ခ်က္မယ္...ကန္စြန္းရြက္ေၾကာ္မယ္"

"ကိုယ္ဘာလုပ္ေပးရမလဲ"

ေျပာရင္းဆိုရင္း ငါးေၾကာ္ေနေသာ ဇြန္းအားကိုင္ထားသည့္ သူ႕လက္ကို အုပ္မိုးထပ္ကိုင္လာေသာ မဟာ။ ေရႊစင္ မဟာ့လက္အား ႐ိုက္ပုတ္လိုက္ၿပီး

"ေ၀းေ၀းသြားေနစမ္းပါ...ငါ့ဟာငါ ေအးေဆး လုပ္ပါရေစ"

"မရဘူး အခ်စ္နားပဲ ကပ္ေနခ်င္တာ"

ဆိုကာ ေရႊစင္၏ လက္ေမာင္းတစ္ဖက္ကို လွမ္းခ်ိတ္လိုက္ေသာ မဟာ။ ႐ုတ္တရက္မို္႔ ငါးေၾကာ္ေနသည့္ ဇြန္းက လြတ္က်သြားကာ ၾကမ္းျပင္ေပၚ ျပဳတ္က်သြားေတာ့သည္။ ေရႊစင္တစ္ေယာက္ ေဒါသေၾကာင့္ မ်က္ႏွာမ်ားပင္ နီရဲလာေတာ့သည္။ မဟာကေတာ့ ေရႊစင့္အား သြားအၿဖီးသားျဖင့္ ရယ္ျပေနသည္။ ထိုျမင္ကြင္းကို အလကၤာက ၿပံဳး၍ ၾကည့္ေနေသာ္လည္း မၿပံဳးႏိုင္သူ ႏွစ္ေယာက္လည္း ရိွေနေသးသည္။

ဂြက္!

"အ!!! "

မဟာ ပူထူသြားေသာ ေခါင္းအားပြတ္ကာ ေရႊစင္အား မ်က္ႏွာငယ္ေလးနဲ႔ ၾကည့္ေနသည္။ ေရႊစင္ မဟာ့၏ ေခါင္းအား အနားတြင္ရိွေသာ ေရခြက္ႏွင့္ ထုလိုက္ေသာေၾကာင့္ျဖစ္သည္။

"ဘာလာၾကည့္ေနတာလဲ... ေ၀းေ၀းေနပါလို႔ ေျပာတယ္မဟုတ္လား"

"အခ်စ္က ကိုယ့္ကိုဆို အရမ္းရက္စက္တာပဲ"

"အာ သြားၿပီ သြားၿပီ"

ေနာက္ထပ္ ထပ္ထုရန္ လက္ရြယ္လိုက္ေသာေၾကာင့္ မဟာတစ္ေယာက္ အလကၤာအေနာက္ ေျပးပုန္းရသည္။

"ကေလးလည္း မဟုတ္ပဲ တစ္အားေဆာ့တာပဲ"

ေရႊစင္ အလကၤာ့အေနာက္တြင္ရိွေနေသာ မဟာ့အား ေပေစာင္းေစာင္းၾကည့္ကာ ေျပာသည္။

"ဒါနဲ႔ နင္တို႔ ထမင္းစားၿပီးမွ ျပန္ၾကေနာ္...ခဏေနရင္ အစ္ကိုျပန္လာေတာ့မယ္"

"မပူနဲ႔ အ၀စားမွာမို႔လို႔ ဘာမွစားမလာဘူး"

"ဘာလဲ ငါ့လက္ရာေလးေတြကို လြမ္းေနတာေပါ့"

ေရႊစင္က ၀င္ေျပာေတာ့ အိေႁႏၵလည္း ေခါင္းညိတ္ျပလိုက္ကာ

"ဒါေပါ့ ဒါေပါ့...လြမ္းလြန္းလို႔ ေန႔ေရာညပါ ငါ့အိမ္ေခၚထားၿပီး ခ်က္ေကြၽးခိုင္းခ်င္ေတာ့တယ္"

"ဟာ...မရပါဘူးေနာ္...အိမ္ေခၚထားခ်င္းေခၚထား ငါပဲေခၚထားမွာေပါ့"

မဟာက ဆူပုတ္ပုတ္နဲ့ ၀င္ေျပာလာသည္။ ထိုသည္ကို အိေႁႏၵက တစ္ခ်က္ရယ္လိုက္ရင္း

"လာၿပီးေတာ့ ဥစၥာေျခာက္ေနတယ္...ေအးပါဟယ္ မေခၚထားေတာ့ဘူး သိလား...တကယ္တည္း ပိုကိုပိုတယ္"

အိေႁႏၵ၏ အေျပာေၾကာင့္ အားလံုးရယ္ေမာလိုက္ၾကေတာ့သည္။ ထိုစဥ္

"လူစံုတပ္စံုပါလားဟ"

လူမျမင္ရေသး မ်ဳိးမာန္၏ အသံကအရင္ ေရာက္လာသည္။ အလကၤာ သူ႕ဆီေလွ်ာက္လာေနေသာ မ်ဳိးမာန္အားၾကည့္ကာ

"အစ္ကို"

"အင္း အလကၤာ ေနသာရဲ႕လား"

"ဟုတ္ အစ္ကို"

အလကၤာ ၿပံဳးကာ ေခါင္းညိတ္ျပလိုက္သည္။ မ်ဳိးမာန္ အလကၤာ၏ နဖူးေပၚက်ေနေသာ ဆံစမ်ားကို သပ္တင္ေပးလိုက္ရင္း မ်က္ႏွာလွလွေလးအား မ႐ိုးႏိုင္စြာ ေငးေမာေနမိသည္။ အခ်ိန္ေတြၾကာလာသည့္တိုင္ေအာင္ အလကၤာက သူ႕မ်က္လံုးထဲ ပိုပို၍ လွလာသည္။ ဘယ္အခ်ိန္ၾကည့္ၾကည့္ ဘယ္ေလာက္ပဲၾကည့္ၾကည့္ ဘယ္ေတာ့မွမ႐ိုးသြားႏိုင္ပဲ သူ႕ရင္ကို အစဥ္အၿမဲ ေအးခ်မ္းေစသည္။ အခုေနာက္ပိုင္းဆိုရင္ အလကၤာက ပိုလို႔ေတာင္ ခ်စ္ဖို္႔ေကာင္းေနသည္။ ဗိုက္ပူပူေလးေပၚထပ္ ၀တ္ထားေသာ ဗိုက္ဖံုးအက်ႌေလးႏွင့္ အျမင္ေလးက တစ္မ်ဳိးေလးဆန္းကာ မ်ဳိးမာန္မွာ အလကၤာကိုၾကည့္ရင္း ခ်စ္မ၀ျဖစ္ရသည္။

"အဟမ္း အဟမ္း ငါတို႔ရိွေသးတယ္ေနာ္"

မဟာက ေခ်ာင္းဟန္႔ကာ ၿပံဳစိစိျဖင့္ေျပာလာသည္ေၾကာင့္ မ်ဳိးမာန္လည္း အလကၤာကိုၾကည့္ေနသည့္ အၾကည့္အမ်ားကို အရိွန္သတ္ရသည္။ ထို႔ေနာက္ မ်ဳိးမာန္ အလကၤာ၏ နဖူးေလးကို နမ္းလိုက္ၿပီး မဟာကိုၾကည့္လိုက္ကာ

"မနာလိုတာလား...သ၀န္တိုတာလား...ဘာလဲ မင္းေရာ ငါဂ႐ုစိုက္တာခံခ်င္လို႔လား...ဒါဆို ငါ့မိန္းမလုပ္ေလ...အခ်ိန္တိုင္း ဂ႐ုစိုက္ေပးမယ္"

"အိုက္စ္ ဘာေတြလာေျပာေနတာလဲ မၾကား၀ံ့မနာသာေတြ...မင္းမိန္းမလုပ္ရမယ့္အစား ေရႊစင္ေလးရဲ႕...အဲ့တာ မုန္႔လက္ေကာက္မလား ငါႀကိဳက္တယ္"

ေရႊစင္၏ မ်က္ေစာင္းေလးက ဒိုင္းခနဲက်ေရာက္လာသည္ေၾကာင့္ မ်ဳိးမာန္ လက္ထဲတြင္ပါလာေသာ မုန္႔အားအေၾကာင္းျပကာ မဟာ့ စကားလြဲလိုက္ရသည္။

"မင္းႀကိဳက္လည္း မင္းအတြက္မဟုတ္ဘူး...ငါ့အသည္းေလးအတြက္"

"အင္းပါ အင္းပါ"

မဟာျဖစ္သြားေသာ အင္တင္တင္အမူအရာေၾကာင့္ အကုန္လံုးပြဲက်သြားေတာ့သည္။ သို႔ႏွင့္ ေန႔လည္စာကို တစ္ေပ်ာ္တစ္ပါးႀကီး စားေသာက္ခဲ့ၾကၿပီးေနာက္ ကိုယ္စီကိုယ္စီအိမ္သို႔ အိမ္သို႔ျပန္သြားၾကေတာ့သည္။ မ်ဳိးမာန္လည္း သူ၏ အခ်ိန္ပိုင္း အလုပ္ရိွရာသို့ ျပန္သြားေသာေၾကာင့္ အိမ္ေလးထဲ အလကၤာနဲ႔ ေရႊစင္တို႔သာ က်န္ရစ္ခဲ့ေတာ့သည္။

**********

"မ်ဳိးမာန္ အရမ္းႀကီးလည္းစိတ္မပူပါနဲ႔...အဆင္ေျပသြားမွာပါ...အလကၤာက သန္မာန္ပါတယ္"

ေျခမကိုင္မိ လက္မကိုင္အမႈအရာျဖစ္ေနေသာ မ်ဳိးမာန္အား မဟာ ႏွစ္သိမ့္ေပးေနရေသာ္လည္း သူကိုယ္တိုင္ကလည္း ရင္ထဲမွ ပူပန္ေနသည္။ ေမြးဖြားမည့္ရက္ကို ေရာက္ဖို႔ တစ္ပတ္ေလာက္လိုေသးေသာ္လည္း ညႀကီးအခ်ိန္မေတာ္ ဗိုက္ထနာလာေသာ အလကၤာေၾကာင့္ သူတို႔အားလံုး ေဆး႐ံုသို႔ ေရာက္ရိွေနၾကျခင္းျဖစ္သည္။ ေမြးခန္းထဲသို႔ ၀င္သြားတာ တစ္နာရီနီးပါး ရိွေနေသာ္လည္း အခုထိဘာသံမွမၾကားရေသးတာေၾကာင့္ စိုးရိမ္ေနရျခင္း ျဖစ္သည္။

"ေမြးမိခင္ အလကၤာရဲ႕ လူနာရွင္ ဘယ္သူလဲမသိဘူးရွင့္"

ေမြးခန္းထဲမွ ထြက္လာကာ ေမးလာေသာ သူနာျပဳ၏ အသံ။ မ်ဳိးမာန္ ခ်က္ခ်င္း သူနာျပဳ အနားသြားလိုက္ကာ အေလာတႀကီး ေျပာလိုက္သည္။

"ကြၽန္ေတာ္ ကြၽန္ေတာ္ပါ...ဘာ ဘာျဖစ္လို႔လဲ ဆရာမ"

"လူနာ ေမြးရခက္ေနပါတယ္...ကေလးက အရမ္းထြားေတာ့ ေမြးဖို႔မလြယ္ဘူး ျဖစ္ေနတယ္...ခြဲေမြးမွရမယ္...ဒီမွာ လက္မွတ္ေလးထိုးေပးပါ"

"ဗ်ာ!"

သူနာျပဳေျပာလာေသာ စကားေၾကာင့္ မ်ဳိးမာန္ စိုးရိမ္စိတ္နဲ႔အတူ မ်က္လံုးတို႔ျပာသြားေတာ့သည္။

"မ်ဳိးမာန္ အရင္ဆံုး လက္မွတ္ထိုးေပးလိုက္"

ေနာက္မွထြက္ေပၚလာေသာ ဟိန္း၏ အသံေၾကာင့္ မ်ဳိးမာန္ အသိစိတ္တို႔ကို ျပန္ေခၚကာ သူနာျပဳ ျပေသာေနရာတြင္ တုန္တုန္ယင္ယင္နဲ႔ လက္မွတ္ထိုးေပးလိုက္သည္။ မ်ဳိးမာန္ ဟိန္းနဲ႔မဟာ့အားၾကည့္ကာ

"အလကၤာ အဆင္ေျပမွာပါေနာ္"

"သူေက်ာ္ျဖတ္ႏိုင္မွာပါ...မင္းစိတ္ေအးေအးထား"

ထိုသို႔ေျပာလိုက္ရေသာ္လည္း စိတ္မေအးႏိုင္သူက ဟိန္းနဲ႔မဟာတို႔ ကိုယ္တိုင္ပင္။ က်န္သည့္ မိန္းကေလးႏွစ္ေယာက္အားၾကည့္မိေတာ့လည္း ခံုတန္းေလးတြင္ ၿငိမ္သက္စြာထိုင္ေနသည္မွာ ေက်ာက္႐ုပ္အလား။ အလကၤာအတြက္ သူတို႔လည္း စိုးရိမ္ေနၾကျခင္းျဖစ္သည္။

အလကၤာအား ခြဲခန္းထဲသို႔ေျပာင္းၿပီး တစ္နာရီအၾကာတြင္ ခြဲခန္းထဲမွ အႏီွးထုပ္ေလးအား ပိုက္ကာ သူတို႔ဆီလာေနေသာ သူနာျပဳဆရာမေလး။ မ်ဳိးမာန္ ကေလးကိုမၾကည့္အား အလကၤာအေျခအေနကို ေမးရသည္။

"ဆရာမ...အလကၤာေရာ အဆင္ေျပရဲ႕လား"

ထိုအခါသူနာျပဳေလးကၿပံဳးကာ ေခါင္းညိတ္လာသည္။

"ကေလးေရာ မိခင္ပါ က်န္းမာပါတယ္ရွင့္"

ထိုအခါမွ မ်ဳိးမာန္စိတ္ကို ဒံုးဒံုးခ်ကာ ကေလးအား ၾကည့္မိသည္။ မ်က္၀န္းထက္မွလည္း ၀မ္းသာမ်က္ရည္တို႔ စီးက်လာသည္။ မ်က္လံုးမဖြင့္ေသး၍ မ်က္လံုးအေရာင္က ဘာမွန္းမသိရေသာ္လည္း ဆံပင္မ်ားကမူ သူ႕အေမအတိုင္း နက္ေမွာင္ကာ ထူထဲေနသည္။ မ်က္ႏွာေသးေသးေလးက မိခင္နည္းတူ ၀ိုင္းစက္လို႔ေနေသးသည္။ သူနာျပဳလက္ထဲမွ နီတာရဲကေလးေလးက အလြန္ကိုပင္ ခ်စ္စဖြယ္ေကာင္းေနသည္။

ေက်းဇူးတင္ပါတယ္ အလကၤာ...ကိုယ့္ကို မင္းရဲ႕ကိုယ္ပြားေလးအျဖစ္ ခ်စ္စရာေကာင္းတဲ့ သာေလး ေမြးေပးလို႔ ေက်းဇူးပါပဲ အခ်စ္ရယ္.....

မဟာတို႔မွာလည္း အလကၤာအဆင္ေျပေၾကာင္း ၾကားရသည္ေၾကာင့္  ရင္ထဲမွ တစ္ဆို႔ေနေသာ အလံုးႀကီးမ်ားက က်သြားၾကေတာ့သည္။ သူနာျပဳလက္ထဲမွ ခ်စ္စဖြယ္ကေလးအားၾကည့္ကာ ခ်ီခ်င္ၾကေသာ္လည္း မည္သို႔ ခ်ီရမွန္းမသိ၍ ဒီတိုင္းသာ ၾကည့္ေနရေတာ့သည္။ ခဏအၾကာ ခြဲခန္းထဲမွ အလကၤာ့အား ထုတ္လာကာ အခန္းေျပာင္းရသည္။ မ်ဳိးမာန္ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေနေသာ အလကၤာအားၾကည့္ရင္း နဖူးေလးကို ငံု႔နမ္းလိုက္သည္။

"ပင္ပန္းသြားရၿပီး ကိုယ့္အမ်ဳိးသမီးေလး"

အိပ္ေပ်ာ္ေနေသာ အလကၤာ့မ်က္ႏွာေလးကို မ်ဳိးမာန္ တစိမ့္စိမ့္ၾကည့္ေနမိသည္။ က်န္ေလးေယာက္မွာေတာ့ ကေလးအနားတြင္သာ ၀ိုင္းေနၾကသည္။

"ကေလးက မ်ဳိးမာန္နဲ႔တူတာကြ"

ခပ္ႀကိတ္ႀကိတ္ထြက္ေပၚလာေသာ ဟိန္းရဲ႕အသံ။

"မဟုတ္ဘူး အလကၤာနဲ႔တူတာ"

ျပန္ျငင္းလာေသာ ေရႊစင္။ ထိုသည္ကိုလက္မခံ ဟိန္းကလည္း တစ္ဖန္ျပန္၍ ျငင္းခ်က္ထုတ္လာသည္။

"ေရႊစင္ နင္ေသခ်ာၾကည့္ မ်ဳိးမာန္မွ မ်ဳိးမာန္"

"မဟုတ္ဘူး နင္မ်က္လံုးျပဴးၿပီးၾကည့္...အလကၤာပါဆို...မ်က္ႏွာ၀ိုင္း၀ိုင္းေလးရယ္...ဆံပင္ထူထူေလးရယ္...ဒါေတြက အလကၤာ့ဆီက လာတာ...ဟုတ္တယ္မလား မဟာ"

တစ္ေယာက္တည္း ျပန္ေျပာ႐ံုမက မဟာ့ကိုပါ စစ္ကူေခၚလာေသာ ေရႊစင္။ မဟာလည္း ေခါင္းညိတ္ျပကာ

"ဟုတ္တယ္ အလကၤာနဲ႔တူတာ"

မဟာ့အား ဟိန္းမႏိုင္ဘူးဟူေသာ သေဘာျဖင့္ ေခါင္းသာခါလိုက္ေတာ့သည္။ ထိုစဥ္ မဟာက ကေလး၏ မ်က္လံုးကိုထိရန္လွမ္းေသာလက္ကို အိေႁႏၵ ဖက္ကနဲ႔ လွမ္း႐ိုက္လိုက္သည္။

"ကေလးအသား ႏုႏုေလးကို နင့္လက္ၾကမ္းႀကီးနဲ႔ သြားမထိနဲ႔"

"ကေလး မ်က္လံုးအေရာင္ သိခ်င္လို႔ပါဆို"

"မ်က္လံုးပြင့္မွၾကည့္"

မဟာကေတာ့ ဆူပုတ္ပုတ္ႏွင့္ ၿငိမ္ခံေနလိုက္ရသည္။ ေရႊစင္က တစ္စံုတစ္ခုကို စဥ္းစားမိသြားဟန္ျဖင့္

"ကေလးနာမည္ကို ဘာေပးရမလဲ"

"အလင္းဆည္းဆာ"

ကုတင္ေပၚတြင္ လွဲေနေသာ အလကၤာက ၀င္ေျပာလာသည္။ သူတို႔ေလးေယာက္လည္း အလကၤာအနားေရာက္သြားၾကျပန္သည္။

မ်ဳိးမာန္က အလကၤာအားၾကည့္ကာ

"ေနရတာ အဆင္ေျပလား...နာေနလား အလကၤာ"

"အလကၤာ အဆင္ေျပပါတယ္ အစ္ကို"

ထို႔ေနာက္ မဟာတို႔ဘက္လွည့္ၿပီး

"ကေလးနာမည္က အလင္းဆည္းဆာ"

"နာမည္ေလးက လွလိုက္တာ စဥ္းစားတတ္ပါ့ေနာ္"

အလကၤာၿပံဳး၍ ကေလးထားရာေနရာဆီ လွမ္းၾကည့္ေနသည္။

"ၾကည့္ခ်င္လို႔လား"

ေရႊစင္က အလကၤာ အၾကည့္လားရာဆီ လိုက္ၾကည့္၍ ေမးသည္။ အလကၤာလည္း ေခါင္းညိတ္ျပလိုက္သည္။ အိေႁႏၵက ကေလးဆီသြားကာ ကေလးကို အသာမခ်ီလာၿပီး အလကၤာေဘးနားခ်ေပးလိုက္သည္။

"အဲ...အဲ"

"ၾကည့္စမ္း ၾကည့္စမ္း အေမကိုသိတာ"

ကေလးဆီက အသံထြက္လာသည္ေၾကာင့္ ေရႊစင္က ခ်စ္စႏိုးျဖင့္ ကေလးအားၾကည့္ကာ ေျပာသည္။ ထိုအခ်ိန္ ကေလး၏ မ်က္၀န္းေလးမ်ား ပြင့္ဟလာၿပီး မ်က္သားျဖဴမ်ား ၀န္းရံထားေသာ မိုးျပာေရာင္ မ်က္ဆံေလးက ထင္ရွားစြာေပၚလာေတာ့သည္။

"အားး မ်က္၀န္းျပာေလး"

႐ုတ္တရက္ထေအာ္ေသာ ေရႊစင္ေၾကာင့္ မဟာ ေရႊစင့္ပါးစပ္ကို လွမ္းပိတ္ကာ

"တိုးတိုး အခ်စ္ရဲ႕ ကေလးလန္႔သြားအံုးမယ္"

ဟိန္းနဲ႔ အိေႁႏၵမွာေတာ့ ကေလးေလးကိုၾကည့္ကာ အသဲယား၍ မဆံုးေတာ့။ မ်ဴိးမာန္မွာလည္း သူ၏ အသည္းတျခမ္းေလးမ်ားအားၾကည့္၍ မ်က္ႏွာတြင္အၿပံဳးတို႔ ပြင့္လန္းေနေတာ့သည္။ ထိုေန႔မွစ၍ အလင္းဆည္းဆာေလးသည္ ေဖေဖေမေမ ဦးဦးတီတီတို႔၏ အခ်စ္ေတာ္ေလး ျဖစ္လာေတာ့ေလသည္။

*********************************
#4.4.204
#🍁Moe Kyal Phyu🍁

**********

ကိုယ္သာ အိေႁႏၵ႕ေနရာမွာဆို ႐ူးသြားမလားပဲ...ကိုယ္ခ်စ္ရတဲ့သူက တစ္ျခားတစ္ေယာက္ ေပ်ာ္ေနတာကို သူ႕လိုမ်ဳိး ၿပံဳးၿပီးၾကည့္ေနႏိုင္မယ္ မထင္ဘူး.....

Continue Reading

You'll Also Like

3.5M 148K 61
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
15K 448 30
A ship crushed on Donut! Who is this mysterious pilot, Tuckers baby has been born and is causing trouble for everyone at blue base. O'Malley is gone...
2.6K 127 8
ကြိုးစားပြီး ရေးကြည့်ချင်တဲ့ BL Fiction တစ်ခုပါ လက်ျာဘုန်းပြည့် သစ္စာပြည့်လျှံ 8.2.2024 Mirella_vc
6K 408 8
mini story လေးပါ။ခေါင်းစဉ်အတိုင်း ပျော်ပျော်ရွှင်ရွှင်နဲ့ရိုရိုချိုချိုလေးသွားမှာပါ။