အပိုင်း (၁၃၇) အိမ်အသစ်ဆောက်ခြင်း-2
ဒီနေ့ ရှင်းလုနဲ့ကျူးလင်က အပင်တွေ ရေလောင်းထားတာမလို့ အသေးလေးတွေက ကြက်တွေကိုပဲ အစာကျွေးစရာ လိုတော့ပေသည်။ ဒါပေမယ့် သူတို့လေးတွေက သူတို့ကိုယ်တိုင် စံပါယ်ပင်လေးကို ရေမလောင်းရတဲ့အတွက်တော့ စိတ်မကောင်း ဖြစ်သွားကျပါတယ်။ ဒါကြောင့် ရှင်းလုတို့လည်း နောက်ဆို သခင်ငယ်လေးတွေနဲ့အတူတူမှသာ ဒါတွေကိုလုပ်ဖို့ တွေးလိုက်တော့တယ်။
ကြက်တွေကို အစာကျွေးပြီးတော့လည်း ကြက်ဥများရှိနေ၍ ကောငယ်လေးတွေက ကြက်ဥလေးများကိုကောက်ခဲ့ကျသေးပေသည်။ ရှင်းလုတို့က ဘေးကနေခြင်းတောင်းနဲ့စောင့်နေပြီး သူမတို့သခင်လေးတွေကောက်ထားတဲ့ ကြက်ဥလေးတွေကို ကိုင်ထားပေးခဲ့ကျပါတယ်။
တကယ်တော့ ပိုင်လီနဲ့ရှောင်ဟန်က သူတို့သားလေးတွေက ဒီမိန်းမငယ်လေးတွေကို သဘောမကျမှာ အနည်းငယ်စိုးရိမ်ခဲ့ကျပေမယ့် အခုကြည့်ရသလောက်တော့ အလွန်သဟဇာတဖြစ်နေပုံပါပင်။
နောက်တော့ သူတို့တွေ ရွာအပြင်က မြစ်ဆီကို ငါးဖမ်းဖို့ထွက်လာခဲ့ကျတော့တယ်။
အဲဒီမှာ ပိုင်လီတို့အိမ်က စူးစူးကြီးလည်း ပါဝင်ခဲ့ပြီး အဲဒါက အသေးလေးတွေက ၎င်းကျွဲကြီးကို စီးပြီးသွားချင်နေတယ်ဆိုလို့ပါပဲ။ ဒီကျွဲက ပိုင်လီပထမဆုံးဝယ်ထားတဲ့ ကျွဲဖြစ်ပြီး ကျွဲအိမ်ဆောက်အပြီးမှာ အဲဒီမှာ ပေါင်းထားချင်ခဲ့ပေမယ့် ရှောင်ဝူက ကန့်ကွက်တာကြောင့် ပိုင်လီက ဒီတစ်ကောင်ကိုတော့ သူ့အိမ်မှာ ထားထားခဲ့ရတယ်လေ။
ကောသေးသေးလေးတွေက ကျွဲပေါ်မှာ ပျော်ရွှင်နေကျပြီး ပိုင်လီက ကျွဲကိုထိန်းကာ ၎င်းတို့အား မြစ်စီကို ခေါ်သွားခဲ့လိုက်သည်။ နောက်မှာတော့ ဝါးခြင်းတောင်းကိုလွယ်ပြီး လိုက်လာတဲ့ ကျူးလင်နဲ့ ဖုပင်း ရှိနေခဲ့ပါတယ်။ ဖုပင်းက ပိုင်လီဝယ်လာတဲ့ အဲဒီမသန်စွမ်း ကတုံးလေးပါပဲ။
ဖုပင်းကိုခေါ်လာတာက ငါးကူကောက်ခိုင်းဖို့ ဆိုပေမယ့် ကျူးလင်ကိုခေါ်လာတာကတော့ ရွာရဲ့အခြေနေတွေနဲ့ အလျှင်မြန် အသားကျသွားစေချင်လို့ပင်ဖြစ်သည်။ တကယ်တော့ပိုင်လီက ရှင်းလုကိုရော ခေါ်လာချင်တာပေမယ့် သူ့ဇနီးလေးကို ကျားယန်နဲ့ထားခဲ့ရမှာ အနည်းစိတ်မချဖြစ်နေလို့ ရှင်းလုကိုပါ ထားခဲ့လိုက်တာပင်။
ကျားယန်က မသိတတ်ဘဲ သူ့ဇနီးလေးက သဘောကောင်းလွန်းတယ်။ ဒါကြောင့် ပိုင်လီက ကျားယန်က သူ့ဇနီးလေးကို တစ်ခုခုအမြတ်ထုတ်သွားမှာ တကယ်ကြောက်မိတယ်။
တကယ်တော့ ပိုင်လီက သူ့ဇနီးလေးကို သူတို့နဲ့အတူခေါ်ခဲ့ချင်ပါတယ်။ ဒါပေမယ့် ဒီမြစ်က သူ့ဇနီးလေးကို အသက်အန္တာရယ် စိုးရိမ်ရတဲ့ထိ ဖြစ်စေခဲ့တဲ့နေရာမလို့ သူက အတိတ်ဟောင်းတွေကို ပြန်သတိမရစေချင်ဘဲ တမင်မခေါ်ခဲ့ဖို့ ဆုံးခဲ့တာဖြစ်ပြီး သူ့ဇနီးလေးကို ကြည့်ရတာလည်း ဒီမြစ်ကို လိုက်ခဲ့ချင်ပုံမရလို့ပါပဲ။
မြစ်ကိုရောက်တော့ ပိုင်လီက ပိုင်အိမ်က လယ်ကွက်တချို့ကို အသေးလေးတွေကိုပြနေခဲ့ပါတယ်။
"အဲဒီဟာ ပြီးတော့ဟိုးထိ အဲတာတွေက ဖိုးဖိုးနဲ့ဖွားဖွားတို့ရဲ့လယ်ကွက်တွေပဲ မှတ်မိလား"
အသေးလေးတွေက တကယ်မှတ်မိလား မသိပေမယ့် သူတို့ရဲ့ခေါင်းလေးတွေကတော့ ငြိမ့်နေတာပါပဲ။ ပိုင်လီက မြစ်ကို တစ်ခါပဲရောက်ခဲ့တာဖြစ်ပြီး အဲတာက ဆောင်းဦးမှာပင်။ အခုကတော့ နွေဦးဖြစ်ပြီး အဲဒီတုန်းကထက်စာရင် အခြေနေက ပိုကောင်းပါတယ်။
သူတို့က စူးစူးကို ပေါင်းပင်တွေစားရအောင် အနီးနားမှာ လွတ်ထားပေးလိုက်ပြီးနောက် ပိုင်လီက ရေထဲလျှင်မြန်စွာဆင်းသွားခဲ့၍ ကျူးလင်နဲ့ ဖုပင်းမှာအနည်းငယ် အံသြသွားခဲ့ကျပေသည်။
သူတို့သခင်က ကြည့်ရတာ ကြွယ်နေတဲ့ပုံရပေမယ့်ဘာကြောင့် သူ့သားတွေက ငါးစားချင်တယ်ပြောတာနဲ့ ကိုယ်တိုင်မြစ်ထဲဆင်းပြီး ဖမ်းပေးလဲဆိုတာကို သူတို့တွေ မတွေးတတ်တော့ပါဘူး။
ဝယ်လိုက်လို့ ရနေတာပဲမဟုတ်ဘူးလား။
ဖုပင်းကဆို ပိုင်လီက သူ့ကိုဆင်းဖမ်းခိုင်းလိမ့်မယ်လို့တောင် ထင်နေခဲ့တာ။
ပိုင်လီရေထဲဆင်းသွားသည်နှင့် အသေးလေးတွေသည် အော်ဟစ်နေခဲ့ကျပေသည်။
"အဖေ ငါးအကြီးကြီးဖမ်းပါ! "
"အကြီးကြီး ဒီလိုမျိုး အကြီးကြီး!"
ပိုင်လီက ကမ်းပေါ်ကနေ တတ်ကြွနေသည့်သူ့သားလေးတွေကိုပြုံးပြလိုက်ပြီး ရေထဲငုံသွားခဲ့၏။ ခဏကြာအောင် ပြန်ပေါ်မလာတော့ အသေးလေးတွေကငြိမ်လာသလို ဖုပင်းနဲ့ကျူးလင်လည်း အနည်းငယ်လန့်လာခဲ့ကျရသည်။
ဒါပေမယ့် တစ်တောင်လောက်ရှိတဲ့ ငါးကြင်းတစ်ကောင်နဲ့အတူ ရေထဲကနေ ဖွားခနဲပြန်ပေါ်လာတဲ့အခါမှာတော့ ကျူးလင်ရေ အသေးတွေရောက လန့်သွားခဲ့ကျပါတယ်။
ငါးကကြီးမားတာကြောင့် ပိုင်လီရဲ့လက်ထဲမှာ တဖျပ်ဖျပ်နဲ့ ရုန်းကန်နေကန်နေပြီး အဲတာက နည်းနည်းလန့်စရာကောင်းပေမယ့် အသေးလေးတွေကတော့ သူတို့အဖေက ငါးအကြီးကြီးရပြီဖြစ်တဲ့အတွက် ခုန်ပေါက်၍ပင် လာခဲ့ကျလေသည်။ သူတို့လေးတွေက ငါးကိုအနီးကပ်ကြည့်ဖို့ကမ်းစပ်ကိုပြေးသွားချင်နေတာကျကြောင့် ကျူးလင်က ထိန်းထားပေးခဲ့ရပါတယ်။
အဲဒီအချိန်မှာပဲ ပိုင်လီက သူ့လက်ထဲကငါးကို ကမ်းပေါ်ပစ်တင်လိုက်၍ ထိုငါးက ဖုပင်းရဲ့နားမှာ ဘုတ်ခနဲပြုတ်ကျသွားခဲ့လေသည်။ ဖုပင်းက မျက်နှာသေနဲ့ တဖျပ်ဖျပ်ခုန်နေတဲ့ ငါးကိုတစ်လှည့် ရေထဲကနေကောသေးသေးလေးတွေကို လှမ်းစနေတဲ့ လူကိုတစ်လှည့် အပြန်ပြန်လှန်လှန်ကြည့်နေခဲ့ပြီး သူက အဲဒီလို ကလေးတွေကို အရမ်းအလိုလိုက်ပြီး ကလေးတွေနှင့်ကစားပေးနေသောလူက သူ့သခင်ဖြစ်လာသည်ဆိုတာကို မယုံကြည်နိုင် ဖြစ်နေခဲ့ပေသည်။
စတွေ့တွေ့တုန်းက ဒီလူက အရမ်းမျက်နှာတည်တဲ့အတွက် လယ်သမားဖြစ်နေရင်တောင် တည်တည်တံ့တံ့ ရှိလိမ့်မယ်လို့ သူထင်ထားခဲ့တာပါ။ အခုတော့ ဒါကဘာလဲ။
ဖုပင်းသည် အတွေးများနေသော်လည်း နောက်ဆုံး၌ ငါးကိုကောက်ကာ ခြင်းတောင်းထဲသို့ ထည့်လိုက်သည်။ အဲဒီတော့မှ ငါးကို အနီးကပ်ကြည့်ချင်နေတဲ့ ကောသေးသေးလေးတွေက ပြေးလာကျပြီး သူတို့က ငါးကဘယ်လောက်ကြီးကြောင်းနဲ့ ဘယ်လောက်အရသာရှိမည်ဖြစ်ကြောင်းကို အသံဆာဆာလေးတွေနှင့်ပြောနေကျသဖြင့် ဖုပင်းက မျက်လုံးလိမ့်လိုက်မိတော့၏။
သူက သိုင်းပညာတတ်တဲ့ ကိုယ်ခံပညာရှင်တစ်ယောက်ပါ။ သူ့ခြေထောက်တစ်ဖက်က နည်းနည်းမကောင်းပေမယ့် သူက အရမ်းအသုံးဝင်နေစဲဖြစ်ပြီး အခုတော့ကျေးလက်က အိမ်တစ်အိမ်မှာ တံမြက်စည်းလှဲပြီး ငါးကောက်ပေးနေရတယ်ပေါ့လေ။ ဒါကတကယ်ပဲလား။ သူ့ကိုမခံချင်စိတ်နဲ့ စကားပြောလာအောင် အဲဒီသခင်အသစ်က စမ်းသပ်နေတာများလား။
သို့သော် ဖုပင်းသည် ဒါကိုထုတ်မမေးဖြစ်ခဲ့ပေ။ သူက ဒီသခင်အသစ်က ဘယ်လောက်ထိ မျက်နှာဖုံးတပ်ထားမလဲဆိုတာကို သိချင်နေခဲ့ပါတယ်။
နောက်တော့ ငါးခြောက်ကောင်ထိ ဖမ်းပြီးနောက် သူတို့တွေပြန်လာခဲ့ကျပြီး ကောငယ်လေးတွေက အရမ်းကို ပျော်ရွှင်နေခဲ့ကျပေသည်။
ဒါပေမယ့် အိမ်ရောက်တဲ့အခါမှာတော့ ဧည့်သည်တွေက သူတို့ကိုစီးကြိုနေခဲ့ပါတယ်။ အဲဒါက ပိုင်လီငှားထားတဲ့ လက်သမားအဖွဲ့ဖြစ်ပြီး ရောက်လာတာမြန်လွန်းလို့ ပိုင်လီတောင်မှအံသြခဲ့ရတယ်။
သူထင်တာက ဒီရက်ပိုင်းတော့ ရောက်မလာလောက်သေးဘူးထင်လို့ ပိုင်အိမ်ကိုရွေ့ဖို့အတွက်တောင် ဘာမှမလုပ်ရသေးဘူးလေ။
သို့သော် လာတာလည်းကောင်းပါသည်။ စောစောစတော့ စောစောပြီးတာပေါ့လေ။
ဒါကြောင့် ပိုင်လီတို့က ပိုင်အိမ်ကိုရွေ့သွားခဲ့ကျပြီး သူတို့ရဲ့အိမ်တော်အသစ်ဆောက်ခြင်းကလည်း စတင်ခဲ့တော့၏။
ဒီမှာ သူတို့က လက်သမားအဖွဲ့ ငှားထားပေမယ့် ရွာသားတချို့ကို ငှားရန်လိုနေစဲဖြစ်၍ ပိုင်လီက လူခေါ်ပေးဖို့အတွက်ကို အကြီးကဲကျန်းကို အကူညီတောင်းခဲ့လိုက်ပြီး အဲဒီမှာ အရင်က ပိုင်လီကြောင့် ပိုင်အိမ်နဲ့ အဆက်သွယ်ဖြတ်သွားခဲ့တဲ့ ဆွေမျိုးတချို့ကလည်း အလုပ်တချို့လိုချင်တာကြောင့် ရောက်လာခဲ့ကျသည်။ ဒီအတွက် ပိုင်လီက အထွေထူး ထင်မြင်ချက်မရှိပါဘူး။ သူအတွက်တော့ အချောင်မခိုဘဲ လုပ်မည့် မည်သူမဆိုကို ငွေပေးနိုင်၍ ထိုအမျိုးတွေကို လက်ခံ၊မခံကိုတော့ လူကြီးတွေနဲ့သာ လွဲပေးထားလိုက်တော့သည်။
အချိန်တွေက ကုန်တာမြန်၏။ သိပ်မကြာခင်မှာပဲ ပိုင်ဝူ မြို့မှာ ကျောင်းသွားတက်ဖို့ အချိန်ရောက်လာခဲ့၍ ဒီအတွက် ပိုင်လီက ရှောင်ဟန်နဲ့တိုင်ပင်ခဲ့ပြီး ပိုင်မိဘတွေမသိအောင် ပိုင်ဝူသွားမယ့်ညမှာ ရွှေချောင်းတစ်ရာတန် ငွေလက်မှတ်တစ်စောင်ကို ထုတ်ပေးခဲ့လိုက်သည်။
ဒါပေမယ့် ပိုင်ဝူက လက်ခံဖို့ငြင်းနေခဲ့၍ ပိုင်လီကပြောခဲ့ပါတယ်။
"မင်းက ချစ်ဖို့မကောင်းဘူးဆိုတာ သိရဲ့လား မင်းနဲ့ရှောင်မိန် နှစ်ယောက်လုံးက ငါ့တို့မိသားစုရဲ့အငယ်ဆုံးတွေပဲကို မင်းကြည့်စမ်း ငါရှောင်မိန်ကို ပေးသမျှ အဲဒီကောင်မလေးက ဘယ်မှာငြင်းဖူးလို့လဲ အဲဒါမျိုးကို ချစ်စရာကောင်းတယ်လို့ခေါ်တယ် မင်းကတော့မင်းရဲ့အစ်ကိုက ပေးတာတောင် ငြင်းတယ်ပေါ့ လုံးဝချစ်စရာမကောင်းဘူး"
ဒါကို ကြားတော့ ပိုင်ဝူက အနည်းငယ်နားမလည်ပုံနှင့် ပြန်မေးလာလေ၏။
"အဲဒါ.. အဲဒီနှစ်ခုက ဘယ်လိုသက်ဆိုင်လို့လဲ"
ပိုက်လီသည် ဒီဆယ့်ငါးနှစ်အရွယ် ညီငယ်လေး၏ခေါင်းကို တစ်ချက်လောက် ပုတ်ပေးလိုက်လေသည်။ ပြီးမှသူက...
"ငတုံး စကားနားထောင်တဲ့ကလေးကသာ ချစ်ဖို့ကောင်းတယ်လို့ ပြောတာကွ"
နောက်တော့ သူက ငွေလက်မှတ်ကိုအတင်းထိုးပေးလိုက်ရင်းဖြင့်...
"အကြီးကပေးနေရင် ယူထားလိုက်စမ်းပါ ဒါကအရမ်းများတယ်လို့ မင်းပြောချင်နေတာမလား ဘယ်သူက မသိလို့လဲ ဒီလောက်များတဲ့ပမာဏကို ငါ့ညီမလို့သာ ပေးတာပေါ့ ပြီးတော့ မင်းရဲ့ဒုတိယအစ်ကိုက ဒါတွေကို လျောက်ဖြုန်းပစ်ခိုင်းနေတာလည်းမဟုတ်ဘူး တချို့စာအုပ်တွေက စျေးကြီးတယ်မလား ပြီးတော့ စာလေ့လာနေတဲ့သူက ကောင်းကောင်းမွန်မွန်လည်း စားပေးသင့်တယ်လေ အဲဒါကြောင့် အဲလိုမျိုးသုံးသင့်တဲ့နေရာ သုံးရအောင်ပေးတာမလို့ လက်ခံလိုက်"
အဲဒီနောက်ပိုင်လီ ပိုင်ဝူ၏ပုခုံးကို ပုတ်ပေးခဲဲ့ပြီး နောက်ပိုင်း သူဆိပ်ကမ်းမြို့ကိုရောက်ပါက ဝင်တွေ့မည်ဟုပြောခဲ့ကာ ထွက်သွားခဲ့လေသည်။
ပိုင်ဝူက သူ့ရဲ့ဒုတိယအစ်ကိုကို လှမ်းကြည့်ရင်း သူ့လက်ထဲက ငွေလက်မှတ်ကို ပြန်ကြည့်လိုက်၏။
ဒီပမာဏက အရမ်းများတယ်။ သာမာန်မိသားစုတစ်ခုကို ဘဝအခြေနေ ပြောင်းလဲသွားစေနိုင်တဲ့ ပမာဏဖြစ်နေပေမယ့် သူ့အစ်ကိုကတော့ သူ့ကိုလွယ်လွယ်ကူကူ ပေးခဲ့တယ်လေ။
ပိုင်ဝူသည် ထိုညတွင် ကောင်းကောင်းအိပ်မပျော်နိုင်ပေ။ သူက သူ့ရဲ့ဒုတိယအစ်ကိုက ဘာကြောင့်ပြောင်းလဲသွားပြီး ဘာလို့ ဒီလောက်ကောင်းတဲ့လူအဖြစ် ပြောင်းလဲသွားခဲ့တာလဲဆိုတာကို စဥ်းစားကြည့်နေခဲ့ပါတယ်။
သို့သော် သူအဖြေမရခဲ့ပဲ နောက်တစ်နေ့မနက်မှာ ကျောင်းတတ်ဖို့ ထွက်သွားရတော့လေသည်။
ပိုင်ဝူကိုလိုက်ပို့တဲ့ လှည်းထွက်သွားတော့ ပိုင်မိန်ကလှည်းကိုလှမ်းကြည့်ပြီး ပြောလာခဲ့ပါတယ်။
"အိုက်ယား... နောက်ထပ် ငါးရက်ပဲလိုတော့တယ် မီးပုံးပွဲတော်က နောက်ငါးရက်ဆိုရောက်ပြီကို စတုတ္ထအစ်ကိုက စောသွားတယ် မဟုတ်ရင်အတူတူသွားလို့ရမှာ"
ဒါကိုကြားတော့ ပိုင်လီက ပိုင်မိန်၏ခေါင်းလေးကိုပုတ်လိုက်၍ ပြောလိုက်လေသည်။
"ရှောင်မိန် ခုထိစကားခေါ်နေတုန်းလား အစ်ကိုပြောပြီးပြီလေ အိမ်မှာလုပ်စရာတွေနဲ့မလို့ မီးပုံးပွဲတော်ရက်ကျမှပဲ လိုက်ပို့နိုင်မှာလို့"
တကယ်တော့ ပိုင်မိန်က မီးပုံးပွဲတော်နေ့မှ မသွားချင်ဘဲ ရက်ကြိုသွားချင်နေတာပါ။ ပိုင်လီက ပုံမှန်လိုဆိုသူမဆန္ဒကို ဖြည့်ဆည်းပေးမှာပေမယ့် အခုက အိမ်တော်ကလည်း ဆောက်နေတုန်းဖြစ်လို့ ရက်ကြိုပြီးလိုက်မပို့နိုင်ဘူးဖြစ်နေတာပင်။
ပိုင်အမေက ပိုင်မိန်က ပိုင်လီပြောတာကို လက်မခံဘဲနှုတ်ခမ်းဆူနေတာတွေ့တော့ ဆူလိုက်ပါတယ်။
"မင်းရဲ့ဒုတိယအစ်ကိုက ဒီလောက်အလုပ်တွေများနေတာကို မြင်နေရဲ့သားနဲ့တောင် ဂျီကျချင်နေသေးတယ် မီးပုံးပွဲတော်မှာလည်ရရင် မကျေနပ်ဘူးလား ရှောင်မိန် မင်းရဲ့အစ်ကိုက အလိုလိုက်တယ်ဆိုတိုင်း ဆိုးမနေနဲ့လေ"
ပိုင်လီက ဒီကြားထဲတွင် တကယ်ကို အလုပ်များနေခဲ့တာဖြစ်သည်။ သူက အိမ်တော်ဆောက်တဲ့နေရာမှာ ပါဝင်သလို ကျန့်ကျိုးကုန်သည်အဖွဲ့ကလူတွေရောက်လာလို့လည်း ဝိုင်အိုးတွေခွဲထည့်ပေးဖို့အလုပ်များသွားခဲ့ရပါသေးတယ်။
ပြီးတော့ ပိုင်အဖေနဲ့အကြီးကဲကျန်းက သူတောထဲကခူးခူးလာတဲ့ ဟင်းသီးဟင်းရွက်တချို့ကို စိုက်ကြည့်ချင်တယ်ဆိုလို့ အဲဒီအပိုင်းကိုလည်း ကူညီပေးရသေးတာနဲ့ ဒီရက်ပိုင်းတွေမှာ နားချိန်ကိုမရှိသေးတာပါ။
ပိုင်မိန်က ပိုင်အမေဆူလာတော့မှ ကြောက်သွားပြီး သူမအစ်ကိုကို ကပ်ချွဲလိုက်လေသည်။
"အမေကလည်း သမီးက ဘယ်မှာဆိုးနေလို့လဲ စတုတ္ထအစ်ကိုတစ်ယောက်ထဲ မြို့ကိုသွားရတော့ လမ်းမှာပျင်းရိနေမှားစိုးလို့ပါ အဲတာကို ဒုတိယအစ်ကိုက အထင်လွဲသွားတာ ဟုတ်တယ်မလား ဒုတိယအစ်ကို ညီမလေးပြောတာ ဟုတ်တယ်မလားဟင်"
ပိုင်လီသည် ပိုင်မိန်နှင့် သူ့အိမ်က ပိုင်ရှောင်ဝူက အတူတူပင်ဖြစ်ကြောင်း သိပြီးခဲ့တာကြာပြီဖြစ်သည်။ သူတို့လေးတွေက အလိုလိုက်လေ ဆိုးလေ ဆိုးလာတက်တဲ့ အမျိုးစားလေးတွေပါ။
ဒါပေမယ့် ဒီလိုဆိုးလာအောင် သူပဲ အလိုလိုက်ထားတာဖြစ်လို့ မတတ်နိုင်ဘဲ ကာပေးရုံပါပဲ။
ဒါကြောင့် သူက ပြောပေးလိုက်ရတော့တယ်။
"ဟုတ်ပါတယ် အမေ ကျွန်တော် အထင်လွဲသွားတာနေမှာပါ ရှောင်မိန်က စတုတ္ထညီကို ပျင်းမှာစိုးလို့ပြောတာဖြစ်နိုင်တာပဲလေ"
ပိုင်အမေက ဒီမောင်နှမကိုကြည့်ပြီး နှာခေါင်းရှုံလိုက်လေသည်။ သူမက...
"ဟုတ်တယ် ရှောင်မိန် ဆိုးလာတာ ဘယ်သူ့ကြောင့်မှမဟုတ်ဘူး မင်းအလိုလိုက်လို့ပဲဆိုတာကို ငါမေ့သွားတာပဲ! ငါမေ့ပြီးဝင်ပြောမိသွားတာပါ! ဟမ့် လိုက်လည်းလိုက်တယ်! မင်း ဘယ်ထိ အလိုလိုက်နိုင်မလဲဆိုတာကို ကြည့်ဦးမယ်!"
.............................................
(AN/ အပိုင္း (၁၃၇) အိမ္အသစ္ေဆာက္ျခင္း-2
ဒီေန႕ ရွင္းလုနဲ႕က်ဴးလင္က အပင္ေတြ ေရေလာင္းထားတာမလို႔ အေသးေလးေတြက ၾကက္ေတြကိုပဲ အစာေကြၽးစရာ လိုေတာ့ေပသည္။ ဒါေပမယ့္ သူတို႔ေလးေတြက သူတို႔ကိုယ္တိုင္ စံပါယ္ပင္ေလးကို ေရမေလာင္းရတဲ့အတြက္ေတာ့ စိတ္မေကာင္း ျဖစ္သြားက်ပါတယ္။ ဒါေၾကာင့္ ရွင္းလုတို႔လည္း ေနာက္ဆို သခင္ငယ္ေလးေတြနဲ႕အတူတူမွသာ ဒါေတြကိုလုပ္ဖို႔ ေတြးလိုက္ေတာ့တယ္။
ၾကက္ေတြကို အစာေကြၽးၿပီးေတာ့လည္း ၾကက္ဥမ်ားရွိေန၍ ေကာငယ္ေလးေတြက ၾကက္ဥေလးမ်ားကိုေကာက္ခဲ့က်ေသးေပသည္။ ရွင္းလုတို႔က ေဘးကေနျခင္းေတာင္းနဲ႕ေစာင့္ေနၿပီး သူမတို႔သခင္ေလးေတြေကာက္ထားတဲ့ ၾကက္ဥေလးေတြကို ကိုင္ထားေပးခဲ့က်ပါတယ္။
တကယ္ေတာ့ ပိုင္လီနဲ႕ေရွာင္ဟန္က သူတို႔သားေလးေတြက ဒီမိန္းမငယ္ေလးေတြကို သေဘာမက်မွာ အနည္းငယ္စိုးရိမ္ခဲ့က်ေပမယ့္ အခုၾကည့္ရသေလာက္ေတာ့ အလြန္သဟဇာတျဖစ္ေနပုံပါပင္။
ေနာက္ေတာ့ သူတို႔ေတြ ႐ြာအျပင္က ျမစ္ဆီကို ငါးဖမ္းဖို႔ထြက္လာခဲ့က်ေတာ့တယ္။
အဲဒီမွာ ပိုင္လီတို႔အိမ္က စူးစူးႀကီးလည္း ပါဝင္ခဲ့ၿပီး အဲဒါက အေသးေလးေတြက ၎ကြၽဲႀကီးကို စီးၿပီးသြားခ်င္ေနတယ္ဆိုလို႔ပါပဲ။ ဒီကြၽဲက ပိုင္လီပထမဆုံးဝယ္ထားတဲ့ ကြၽဲျဖစ္ၿပီး ကြၽဲအိမ္ေဆာက္အၿပီးမွာ အဲဒီမွာ ေပါင္းထားခ်င္ခဲ့ေပမယ့္ ေရွာင္ဝူက ကန့္ကြက္တာေၾကာင့္ ပိုင္လီက ဒီတစ္ေကာင္ကိုေတာ့ သူ႕အိမ္မွာ ထားထားခဲ့ရတယ္ေလ။
ေကာေသးေသးေလးေတြက ကြၽဲေပၚမွာ ေပ်ာ္႐ႊင္ေနက်ၿပီး ပိုင္လီက ကြၽဲကိုထိန္းကာ ၎တို႔အား ျမစ္စီကို ေခၚသြားခဲ့လိုက္သည္။ ေနာက္မွာေတာ့ ဝါးျခင္းေတာင္းကိုလြယ္ၿပီး လိုက္လာတဲ့ က်ဴးလင္နဲ႕ ဖုပင္း ရွိေနခဲ့ပါတယ္။ ဖုပင္းက ပိုင္လီဝယ္လာတဲ့ အဲဒီမသန္စြမ္း ကတုံးေလးပါပဲ။
ဖုပင္းကိုေခၚလာတာက ငါးကူေကာက္ခိုင္းဖို႔ ဆိုေပမယ့္ က်ဴးလင္ကိုေခၚလာတာကေတာ့ ႐ြာရဲ႕အေျခေနေတြနဲ႕ အလွ်င္ျမန္ အသားက်သြားေစခ်င္လို႔ပင္ျဖစ္သည္။ တကယ္ေတာ့ပိုင္လီက ရွင္းလုကိုေရာ ေခၚလာခ်င္တာေပမယ့္ သူ႕ဇနီးေလးကို က်ားယန္နဲ႕ထားခဲ့ရမွာ အနည္းစိတ္မခ်ျဖစ္ေနလို႔ ရွင္းလုကိုပါ ထားခဲ့လိုက္တာပင္။
က်ားယန္က မသိတတ္ဘဲ သူ႕ဇနီးေလးက သေဘာေကာင္းလြန္းတယ္။ ဒါေၾကာင့္ ပိုင္လီက က်ားယန္က သူ႕ဇနီးေလးကို တစ္ခုခုအျမတ္ထုတ္သြားမွာ တကယ္ေၾကာက္မိတယ္။
တကယ္ေတာ့ ပိုင္လီက သူ႕ဇနီးေလးကို သူတို႔နဲ႕အတူေခၚခဲ့ခ်င္ပါတယ္။ ဒါေပမယ့္ ဒီျမစ္က သူ႕ဇနီးေလးကို အသက္အႏၱာရယ္ စိုးရိမ္ရတဲ့ထိ ျဖစ္ေစခဲ့တဲ့ေနရာမလို႔ သူက အတိတ္ေဟာင္းေတြကို ျပန္သတိမရေစခ်င္ဘဲ တမင္မေခၚခဲ့ဖို႔ ဆုံးခဲ့တာျဖစ္ၿပီး သူ႕ဇနီးေလးကို ၾကည့္ရတာလည္း ဒီျမစ္ကို လိုက္ခဲ့ခ်င္ပုံမရလို႔ပါပဲ။
ျမစ္ကိုေရာက္ေတာ့ ပိုင္လီက ပိုင္အိမ္က လယ္ကြက္တခ်ိဳ႕ကို အေသးေလးေတြကိုျပေနခဲ့ပါတယ္။
"အဲဒီဟာ ၿပီးေတာ့ဟိုးထိ အဲတာေတြက ဖိုးဖိုးနဲ႕ဖြားဖြားတို႔ရဲ႕လယ္ကြက္ေတြပဲ မွတ္မိလား"
အေသးေလးေတြက တကယ္မွတ္မိလား မသိေပမယ့္ သူတို႔ရဲ႕ေခါင္းေလးေတြကေတာ့ ၿငိမ့္ေနတာပါပဲ။ ပိုင္လီက ျမစ္ကို တစ္ခါပဲေရာက္ခဲ့တာျဖစ္ၿပီး အဲတာက ေဆာင္းဦးမွာပင္။ အခုကေတာ့ ႏြေဦးျဖစ္ၿပီး အဲဒီတုန္းကထက္စာရင္ အေျခေနက ပိုေကာင္းပါတယ္။
သူတို႔က စူးစူးကို ေပါင္းပင္ေတြစားရေအာင္ အနီးနားမွာ လြတ္ထားေပးလိုက္ၿပီးေနာက္ ပိုင္လီက ေရထဲလွ်င္ျမန္စြာဆင္းသြားခဲ့၍ က်ဴးလင္နဲ႕ ဖုပင္းမွာအနည္းငယ္ အံၾသသြားခဲ့က်ေပသည္။
သူတို႔သခင္က ၾကည့္ရတာ ႂကြယ္ေနတဲ့ပုံရေပမယ့္ဘာေၾကာင့္ သူ႕သားေတြက ငါးစားခ်င္တယ္ေျပာတာနဲ႕ ကိုယ္တိုင္ျမစ္ထဲဆင္းၿပီး ဖမ္းေပးလဲဆိုတာကို သူတို႔ေတြ မေတြးတတ္ေတာ့ပါဘူး။
ဝယ္လိုက္လို႔ ရေနတာပဲမဟုတ္ဘူးလား။
ဖုပင္းကဆို ပိုင္လီက သူ႕ကိုဆင္းဖမ္းခိုင္းလိမ့္မယ္လို႔ေတာင္ ထင္ေနခဲ့တာ။
ပိုင္လီေရထဲဆင္းသြားသည္ႏွင့္ အေသးေလးေတြသည္ ေအာ္ဟစ္ေနခဲ့က်ေပသည္။
"အေဖ ငါးအႀကီးႀကီးဖမ္းပါ! "
"အႀကီးႀကီး ဒီလိုမ်ိဳး အႀကီးႀကီး!"
ပိုင္လီက ကမ္းေပၚကေန တတ္ႂကြေနသည့္သူ႕သားေလးေတြကိုၿပဳံးျပလိုက္ၿပီး ေရထဲငုံသြားခဲ့၏။ ခဏၾကာေအာင္ ျပန္ေပၚမလာေတာ့ အေသးေလးေတြကၿငိမ္လာသလို ဖုပင္းနဲ႕က်ဴးလင္လည္း အနည္းငယ္လန့္လာခဲ့က်ရသည္။
ဒါေပမယ့္ တစ္ေတာင္ေလာက္ရွိတဲ့ ငါးၾကင္းတစ္ေကာင္နဲ႕အတူ ေရထဲကေန ဖြားခနဲျပန္ေပၚလာတဲ့အခါမွာေတာ့ က်ဴးလင္ေရ အေသးေတြေရာက လန့္သြားခဲ့က်ပါတယ္။
ငါးကႀကီးမားတာေၾကာင့္ ပိုင္လီရဲ႕လက္ထဲမွာ တဖ်ပ္ဖ်ပ္နဲ႕ ႐ုန္းကန္ေနကန္ေနၿပီး အဲတာက နည္းနည္းလန့္စရာေကာင္းေပမယ့္ အေသးေလးေတြကေတာ့ သူတို႔အေဖက ငါးအႀကီးႀကီးရၿပီျဖစ္တဲ့အတြက္ ခုန္ေပါက္၍ပင္ လာခဲ့က်ေလသည္။ သူတို႔ေလးေတြက ငါးကိုအနီးကပ္ၾကည့္ဖို႔ကမ္းစပ္ကိုေျပးသြားခ်င္ေနတာက်ေၾကာင့္ က်ဴးလင္က ထိန္းထားေပးခဲ့ရပါတယ္။
အဲဒီအခ်ိန္မွာပဲ ပိုင္လီက သူ႕လက္ထဲကငါးကို ကမ္းေပၚပစ္တင္လိုက္၍ ထိုငါးက ဖုပင္းရဲ႕နားမွာ ဘုတ္ခနဲျပဳတ္က်သြားခဲ့ေလသည္။ ဖုပင္းက မ်က္ႏွာေသနဲ႕ တဖ်ပ္ဖ်ပ္ခုန္ေနတဲ့ ငါးကိုတစ္လွည့္ ေရထဲကေနေကာေသးေသးေလးေတြကို လွမ္းစေနတဲ့ လူကိုတစ္လွည့္ အျပန္ျပန္လွန္လွန္ၾကည့္ေနခဲ့ၿပီး သူက အဲဒီလို ကေလးေတြကို အရမ္းအလိုလိုက္ၿပီး ကေလးေတြႏွင့္ကစားေပးေနေသာလူက သူ႕သခင္ျဖစ္လာသည္ဆိုတာကို မယုံၾကည္နိုင္ ျဖစ္ေနခဲ့ေပသည္။
စေတြ႕ေတြ႕တုန္းက ဒီလူက အရမ္းမ်က္ႏွာတည္တဲ့အတြက္ လယ္သမားျဖစ္ေနရင္ေတာင္ တည္တည္တံ့တံ့ ရွိလိမ့္မယ္လို႔ သူထင္ထားခဲ့တာပါ။ အခုေတာ့ ဒါကဘာလဲ။
ဖုပင္းသည္ အေတြးမ်ားေနေသာ္လည္း ေနာက္ဆုံး၌ ငါးကိုေကာက္ကာ ျခင္းေတာင္းထဲသို႔ ထည့္လိုက္သည္။ အဲဒီေတာ့မွ ငါးကို အနီးကပ္ၾကည့္ခ်င္ေနတဲ့ ေကာေသးေသးေလးေတြက ေျပးလာက်ၿပီး သူတို႔က ငါးကဘယ္ေလာက္ႀကီးေၾကာင္းနဲ႕ ဘယ္ေလာက္အရသာရွိမည္ျဖစ္ေၾကာင္းကို အသံဆာဆာေလးေတြႏွင့္ေျပာေနက်သျဖင့္ ဖုပင္းက မ်က္လုံးလိမ့္လိုက္မိေတာ့၏။
သူက သိုင္းပညာတတ္တဲ့ ကိုယ္ခံပညာရွင္တစ္ေယာက္ပါ။ သူ႕ေျခေထာက္တစ္ဖက္က နည္းနည္းမေကာင္းေပမယ့္ သူက အရမ္းအသုံးဝင္ေနစဲျဖစ္ၿပီး အခုေတာ့ေက်းလက္က အိမ္တစ္အိမ္မွာ တံျမက္စည္းလွဲၿပီး ငါးေကာက္ေပးေနရတယ္ေပါ့ေလ။ ဒါကတကယ္ပဲလား။ သူ႕ကိုမခံခ်င္စိတ္နဲ႕ စကားေျပာလာေအာင္ အဲဒီသခင္အသစ္က စမ္းသပ္ေနတာမ်ားလား။
သို႔ေသာ္ ဖုပင္းသည္ ဒါကိုထုတ္မေမးျဖစ္ခဲ့ေပ။ သူက ဒီသခင္အသစ္က ဘယ္ေလာက္ထိ မ်က္ႏွာဖုံးတပ္ထားမလဲဆိုတာကို သိခ်င္ေနခဲ့ပါတယ္။
ေနာက္ေတာ့ ငါးေျခာက္ေကာင္ထိ ဖမ္းၿပီးေနာက္ သူတို႔ေတြျပန္လာခဲ့က်ၿပီး ေကာငယ္ေလးေတြက အရမ္းကို ေပ်ာ္႐ႊင္ေနခဲ့က်ေပသည္။
ဒါေပမယ့္ အိမ္ေရာက္တဲ့အခါမွာေတာ့ ဧည့္သည္ေတြက သူတို႔ကိုစီးႀကိဳေနခဲ့ပါတယ္။ အဲဒါက ပိုင္လီငွားထားတဲ့ လက္သမားအဖြဲ႕ျဖစ္ၿပီး ေရာက္လာတာျမန္လြန္းလို႔ ပိုင္လီေတာင္မွအံၾသခဲ့ရတယ္။
သူထင္တာက ဒီရက္ပိုင္းေတာ့ ေရာက္မလာေလာက္ေသးဘူးထင္လို႔ ပိုင္အိမ္ကိုေ႐ြ႕ဖို႔အတြက္ေတာင္ ဘာမွမလုပ္ရေသးဘူးေလ။
သို႔ေသာ္ လာတာလည္းေကာင္းပါသည္။ ေစာေစာစေတာ့ ေစာေစာၿပီးတာေပါ့ေလ။
ဒါေၾကာင့္ ပိုင္လီတို႔က ပိုင္အိမ္ကိုေ႐ြ႕သြားခဲ့က်ၿပီး သူတို႔ရဲ႕အိမ္ေတာ္အသစ္ေဆာက္ျခင္းကလည္း စတင္ခဲ့ေတာ့၏။
ဒီမွာ သူတို႔က လက္သမားအဖြဲ႕ ငွားထားေပမယ့္ ႐ြာသားတခ်ိဳ႕ကို ငွားရန္လိုေနစဲျဖစ္၍ ပိုင္လီက လူေခၚေပးဖို႔အတြက္ကို အႀကီးကဲက်န္းကို အကူညီေတာင္းခဲ့လိုက္ၿပီး အဲဒီမွာ အရင္က ပိုင္လီေၾကာင့္ ပိုင္အိမ္နဲ႕ အဆက္သြယ္ျဖတ္သြားခဲ့တဲ့ ေဆြမ်ိဳးတခ်ိဳ႕ကလည္း အလုပ္တခ်ိဳ႕လိုခ်င္တာေၾကာင့္ ေရာက္လာခဲ့က်သည္။ ဒီအတြက္ ပိုင္လီက အေထြထူး ထင္ျမင္ခ်က္မရွိပါဘူး။ သူအတြက္ေတာ့ အေခ်ာင္မခိုဘဲ လုပ္မည့္ မည္သူမဆိုကို ေငြေပးနိုင္၍ ထိုအမ်ိဳးေတြကို လက္ခံ၊မခံကိုေတာ့ လူႀကီးေတြနဲ႕သာ လြဲေပးထားလိုက္ေတာ့သည္။
အခ်ိန္ေတြက ကုန္တာျမန္၏။ သိပ္မၾကာခင္မွာပဲ ပိုင္ဝူ ၿမိဳ႕မွာ ေက်ာင္းသြားတက္ဖို႔ အခ်ိန္ေရာက္လာခဲ့၍ ဒီအတြက္ ပိုင္လီက ေရွာင္ဟန္နဲ႕တိုင္ပင္ခဲ့ၿပီး ပိုင္မိဘေတြမသိေအာင္ ပိုင္ဝူသြားမယ့္ညမွာ ေ႐ႊေခ်ာင္းတစ္ရာတန္ ေငြလက္မွတ္တစ္ေစာင္ကို ထုတ္ေပးခဲ့လိုက္သည္။
ဒါေပမယ့္ ပိုင္ဝူက လက္ခံဖို႔ျငင္းေနခဲ့၍ ပိုင္လီကေျပာခဲ့ပါတယ္။
"မင္းက ခ်စ္ဖို႔မေကာင္းဘူးဆိုတာ သိရဲ႕လား မင္းနဲ႕ေရွာင္မိန္ ႏွစ္ေယာက္လုံးက ငါ့တို႔မိသားစုရဲ႕အငယ္ဆုံးေတြပဲကို မင္းၾကည့္စမ္း ငါေရွာင္မိန္ကို ေပးသမွ် အဲဒီေကာင္မေလးက ဘယ္မွာျငင္းဖူးလို႔လဲ အဲဒါမ်ိဳးကို ခ်စ္စရာေကာင္းတယ္လို႔ေခၚတယ္ မင္းကေတာ့မင္းရဲ႕အစ္ကိုက ေပးတာေတာင္ ျငင္းတယ္ေပါ့ လုံးဝခ်စ္စရာမေကာင္းဘူး"
ဒါကို ၾကားေတာ့ ပိုင္ဝူက အနည္းငယ္နားမလည္ပုံႏွင့္ ျပန္ေမးလာေလ၏။
"အဲဒါ.. အဲဒီႏွစ္ခုက ဘယ္လိုသက္ဆိုင္လို႔လဲ"
ပိုက္လီသည္ ဒီဆယ့္ငါးႏွစ္အ႐ြယ္ ညီငယ္ေလး၏ေခါင္းကို တစ္ခ်က္ေလာက္ ပုတ္ေပးလိုက္ေလသည္။ ၿပီးမွသူက...
"ငတုံး စကားနားေထာင္တဲ့ကေလးကသာ ခ်စ္ဖို႔ေကာင္းတယ္လို႔ ေျပာတာကြ"
ေနာက္ေတာ့ သူက ေငြလက္မွတ္ကိုအတင္းထိုးေပးလိုက္ရင္းျဖင့္...
"အႀကီးကေပးေနရင္ ယူထားလိုက္စမ္းပါ ဒါကအရမ္းမ်ားတယ္လို႔ မင္းေျပာခ်င္ေနတာမလား ဘယ္သူက မသိလို႔လဲ ဒီေလာက္မ်ားတဲ့ပမာဏကို ငါ့ညီမလို႔သာ ေပးတာေပါ့ ၿပီးေတာ့ မင္းရဲ႕ဒုတိယအစ္ကိုက ဒါေတြကို ေလ်ာက္ျဖဳန္းပစ္ခိုင္းေနတာလည္းမဟုတ္ဘူး တခ်ိဳ႕စာအုပ္ေတြက ေစ်းႀကီးတယ္မလား ၿပီးေတာ့ စာေလ့လာေနတဲ့သူက ေကာင္းေကာင္းမြန္မြန္လည္း စားေပးသင့္တယ္ေလ အဲဒါေၾကာင့္ အဲလိုမ်ိဳးသုံးသင့္တဲ့ေနရာ သုံးရေအာင္ေပးတာမလို႔ လက္ခံလိုက္"
အဲဒီေနာက္ပိုင္လီ ပိုင္ဝူ၏ပုခုံးကို ပုတ္ေပးခဲဲ့ၿပီး ေနာက္ပိုင္း သူဆိပ္ကမ္းၿမိဳ႕ကိုေရာက္ပါက ဝင္ေတြ႕မည္ဟုေျပာခဲ့ကာ ထြက္သြားခဲ့ေလသည္။
ပိုင္ဝူက သူ႕ရဲ႕ဒုတိယအစ္ကိုကို လွမ္းၾကည့္ရင္း သူ႕လက္ထဲက ေငြလက္မွတ္ကို ျပန္ၾကည့္လိုက္၏။
ဒီပမာဏက အရမ္းမ်ားတယ္။ သာမာန္မိသားစုတစ္ခုကို ဘဝအေျခေန ေျပာင္းလဲသြားေစနိုင္တဲ့ ပမာဏျဖစ္ေနေပမယ့္ သူ႕အစ္ကိုကေတာ့ သူ႕ကိုလြယ္လြယ္ကူကူ ေပးခဲ့တယ္ေလ။
ပိုင္ဝူသည္ ထိုညတြင္ ေကာင္းေကာင္းအိပ္မေပ်ာ္နိုင္ေပ။ သူက သူ႕ရဲ႕ဒုတိယအစ္ကိုက ဘာေၾကာင့္ေျပာင္းလဲသြားၿပီး ဘာလို႔ ဒီေလာက္ေကာင္းတဲ့လူအျဖစ္ ေျပာင္းလဲသြားခဲ့တာလဲဆိုတာကို စဥ္းစားၾကည့္ေနခဲ့ပါတယ္။
သို႔ေသာ္ သူအေျဖမရခဲ့ပဲ ေနာက္တစ္ေန႕မနက္မွာ ေက်ာင္းတတ္ဖို႔ ထြက္သြားရေတာ့ေလသည္။
ပိုင္ဝူကိုလိုက္ပို႔တဲ့ လွည္းထြက္သြားေတာ့ ပိုင္မိန္ကလွည္းကိုလွမ္းၾကည့္ၿပီး ေျပာလာခဲ့ပါတယ္။
"အိုက္ယား... ေနာက္ထပ္ ငါးရက္ပဲလိုေတာ့တယ္ မီးပုံးပြဲေတာ္က ေနာက္ငါးရက္ဆိုေရာက္ၿပီကို စတုတၳအစ္ကိုက ေစာသြားတယ္ မဟုတ္ရင္အတူတူသြားလို႔ရမွာ"
ဒါကိုၾကားေတာ့ ပိုင္လီက ပိုင္မိန္၏ေခါင္းေလးကိုပုတ္လိုက္၍ ေျပာလိုက္ေလသည္။
"ေရွာင္မိန္ ခုထိစကားေခၚေနတုန္းလား အစ္ကိုေျပာၿပီးၿပီေလ အိမ္မွာလုပ္စရာေတြနဲ႕မလို႔ မီးပုံးပြဲေတာ္ရက္က်မွပဲ လိုက္ပို႔နိုင္မွာလို႔"
တကယ္ေတာ့ ပိုင္မိန္က မီးပုံးပြဲေတာ္ေန႕မွ မသြားခ်င္ဘဲ ရက္ႀကိဳသြားခ်င္ေနတာပါ။ ပိုင္လီက ပုံမွန္လိုဆိုသူမဆႏၵကို ျဖည့္ဆည္းေပးမွာေပမယ့္ အခုက အိမ္ေတာ္ကလည္း ေဆာက္ေနတုန္းျဖစ္လို႔ ရက္ႀကိဳၿပီးလိုက္မပို႔နိုင္ဘူးျဖစ္ေနတာပင္။
ပိုင္အေမက ပိုင္မိန္က ပိုင္လီေျပာတာကို လက္မခံဘဲႏႈတ္ခမ္းဆူေနတာေတြ႕ေတာ့ ဆူလိုက္ပါတယ္။
"မင္းရဲ႕ဒုတိယအစ္ကိုက ဒီေလာက္အလုပ္ေတြမ်ားေနတာကို ျမင္ေနရဲ႕သားနဲ႕ေတာင္ ဂ်ီက်ခ်င္ေနေသးတယ္ မီးပုံးပြဲေတာ္မွာလည္ရရင္ မေက်နပ္ဘူးလား ေရွာင္မိန္ မင္းရဲ႕အစ္ကိုက အလိုလိုက္တယ္ဆိုတိုင္း ဆိုးမေနနဲ႕ေလ"
ပိုင္လီက ဒီၾကားထဲတြင္ တကယ္ကို အလုပ္မ်ားေနခဲ့တာျဖစ္သည္။ သူက အိမ္ေတာ္ေဆာက္တဲ့ေနရာမွာ ပါဝင္သလို က်န့္က်ိဳးကုန္သည္အဖြဲ႕ကလူေတြေရာက္လာလို႔လည္း ဝိုင္အိုးေတြခြဲထည့္ေပးဖို႔အလုပ္မ်ားသြားခဲ့ရပါေသးတယ္။
ၿပီးေတာ့ ပိုင္အေဖနဲ႕အႀကီးကဲက်န္းက သူေတာထဲကခူးခူးလာတဲ့ ဟင္းသီးဟင္း႐ြက္တခ်ိဳ႕ကို စိုက္ၾကည့္ခ်င္တယ္ဆိုလို႔ အဲဒီအပိုင္းကိုလည္း ကူညီေပးရေသးတာနဲ႕ ဒီရက္ပိုင္းေတြမွာ နားခ်ိန္ကိုမရွိေသးတာပါ။
ပိုင္မိန္က ပိုင္အေမဆူလာေတာ့မွ ေၾကာက္သြားၿပီး သူမအစ္ကိုကို ကပ္ခြၽဲလိုက္ေလသည္။
"အေမကလည္း သမီးက ဘယ္မွာဆိုးေနလို႔လဲ စတုတၳအစ္ကိုတစ္ေယာက္ထဲ ၿမိဳ႕ကိုသြားရေတာ့ လမ္းမွာပ်င္းရိေနမွားစိုးလို႔ပါ အဲတာကို ဒုတိယအစ္ကိုက အထင္လြဲသြားတာ ဟုတ္တယ္မလား ဒုတိယအစ္ကို ညီမေလးေျပာတာ ဟုတ္တယ္မလားဟင္"
ပိုင္လီသည္ ပိုင္မိန္ႏွင့္ သူ႕အိမ္က ပိုင္ေရွာင္ဝူက အတူတူပင္ျဖစ္ေၾကာင္း သိၿပီးခဲ့တာၾကာၿပီျဖစ္သည္။ သူတို႔ေလးေတြက အလိုလိုက္ေလ ဆိုးေလ ဆိုးလာတက္တဲ့ အမ်ိဳးစားေလးေတြပါ။
ဒါေပမယ့္ ဒီလိုဆိုးလာေအာင္ သူပဲ အလိုလိုက္ထားတာျဖစ္လို႔ မတတ္နိုင္ဘဲ ကာေပး႐ုံပါပဲ။
ဒါေၾကာင့္ သူက ေျပာေပးလိုက္ရေတာ့တယ္။
"ဟုတ္ပါတယ္ အေမ ကြၽန္ေတာ္ အထင္လြဲသြားတာေနမွာပါ ေရွာင္မိန္က စတုတၳညီကို ပ်င္းမွာစိုးလို႔ေျပာတာျဖစ္နိုင္တာပဲေလ"
ပိုင္အေမက ဒီေမာင္ႏွမကိုၾကည့္ၿပီး ႏွာေခါင္းရႈံလိုက္ေလသည္။ သူမက...
"ဟုတ္တယ္ ေရွာင္မိန္ ဆိုးလာတာ ဘယ္သူ႕ေၾကာင့္မွမဟုတ္ဘူး မင္းအလိုလိုက္လို႔ပဲဆိုတာကို ငါေမ့သြားတာပဲ! ငါေမ့ၿပီးဝင္ေျပာမိသြားတာပါ! ဟမ့္ လိုက္လည္းလိုက္တယ္! မင္း ဘယ္ထိ အလိုလိုက္နိုင္မလဲဆိုတာကို ၾကည့္ဦးမယ္!"
.............................................