အပိုင်း (၁၄၆) နောက်ထပ်အင်တာဗျူး
ထိုအရာအားလုံးက ရှန်ယွဲ့မျှော်လင့်ထားသည့်အတိုင်းအတာထဲတွင် ရောက်နေလေသည်။ သူမသည် အံ့ဩသည့်အရိပ်အရောင်ပင်မပြချေ။ သူမသည် စာလုံးလေးတစ်လုံးနှစ်လုံးဖြင့် ဝတ်ကျေတန်းကျေ စာပြန်လိုက်ပြီး လျှို့ဝှက်စွာ ပြုံးလိုက်ပြီးနောက် ရှန်ချန်ကို စကားဆက်ပြောလိုက်လေသည်။
ပျော်ရွှင်မှုက နောက်တစ်နေ့အထိသာ ခံလေသည်။ ရှန်ရှင်းသည် မနက်စောစောနိုးလာပြီး ဝတ်စုံနည်းနည်းပါးပါး ရွေးလိုက်သည်။ သူမသည် အပြုံးတစ်ခုနှင့် အလှပြင်ခုံရှေ့တွင်ပင် ထိုင်လိုက်ပြီး နှုတ်ခမ်းများကို စူကာ အရောင်အနည်းငယ်ထည့်လိုက်လေသည်။
မှန်ထဲတွင် ကိုယ့်ဟာကို ပြန်ကြည့်လိုက်ပြီးနောက် အဝတ်အစားလဲလိုက်ပြီး စိတ်လှုပ်ရှားစွာပြုံးရင်း သူမ အောင်မြင်သွားပြီဟု ထင်ထားခဲ့သည့်နေ့ကို ကြိုဆိုလိုက်လေသည်။ သို့သော်ငြား ရှန်ယွဲ့က သူမမနိုးခင်ကတည်းက အိမ်မှထွက်သွားသည်ကို ရှန်ရှင်းမသိလိုက်ချေ။
မနက် ၈နာရီခွဲတွင် ရှန်ရှင်းသည် ရုံခန်းသို့ နာရီဝက်စောရောက်လာခဲ့သည်။ သူမက တံခါးတွန်းဖွင့်လိုက်ချိန်တွင် ကျောင်းအုပ်ကြီးနှင့် စကားပြောနေသည့် ရှန်ယွဲ့ကို တွေ့လိုက်ရတော့သည်။
" နင်ဘာလို့ ဒီမှာရှိနေတာလဲ၊ နင့်ကို ဘယ်သူကလာခိုင်းလို့လဲ"
ရှန်ရှင်း၏လေသံက မသိမသာတုန်ရီနေသည်။ ရှန်ယွဲ့ကို သူမ၏အလိမ်ကို ဖော်ထုတ်လိုက်မှာစိုးရိမ်နေသော်လည်း ချန်းယန်ကို တွေ့လိုက်ရသဖြင့် ရှန်ရှင်းမှာ မတတ်သာတော့ဘဲ သူမ၏ပုံရိပ်ကို ထိန်းသိမ်းထားလိုက်ရတော့သည်။
ထိုအခြေအနေကို တွေ့လိုက်ချိန်တွင် ချန်းယန်က အခြေအနေကို ပြေပြေလည်လည်ဖြစ်အောင် မြန်မြန်ကြိုးစားလိုက်တော့သည်။
" ရှန်ရှင်း စိတ်မလှုပ်ရှားပါနဲ့၊ ဆရာ မင်းကို ဒီကိုခေါ်လိုက်ရတဲ့အကြောင်းအရင်းက မြို့တော်တက္ကသိုလ်က မင်းကို အင်တာဗျူးဖို့ နောက်ထပ်လူတစ်ဖွဲ့ ထပ်လွှတ်လိုက်လို့ပါ၊ မင်း ဒီနေ့ အင်တာဗျူးကို အောင်ရင် အာမခံဝင်ခွင့် အမှန်တကယ်ရနိုင်လိမ့်မယ်၊ ရှန်ယွဲ့ ဒီမှာရောက်နေတာကတော့ တခြားကိစ္စရှိလို့ပါ"
ချန်းယန်၏စကားကို ကြားလိုက်ရပြီးနောက် ရှန်ရှင်းစိတ်ထဲက တင်းကြပ်နေသည့်ကြိုးမှာ ပြေလျော့သွားတော့သည်။ သူမက အသက်ပြင်းပြင်း တစ်ချက်နှစ်ချက်လောက် ရှူသွင်းလိုက်ပြီး မြန်မြန် တည်ငြိမ်သွားအောင်လုပ်လိုက်ပြီး အင်တာဗျူးအတွင်းတွင် ဖြစ်လာနိုင်သည့်အရာများကို စိတ်ကူးကြည့်လိုက်လေသည်။
အင်တာဗျူးမေးတဲ့သူတွေက သူမကို ဘယ်လိုမှာလဲ။ သူတို့တွေ အချင်းချင်း သိကြသလား။ ဒါမှမဟုတ် သူတို့တွေ မေးခွန်းတွင် ပြင်ထားပြီး သူမကို နေရာမှာပဲ ဖြေခိုင်းမှာလား။ သူမသည် စိတ်ထဲမှာ စတင် ဆုတောင်းနေမိတော့သည်။ အရင်ဆုံး ရှန်ယွဲ့က သည်အရေးကြီးသည့်အချိန်မှ သူမ၏အစီအစဥ်ကို မဖျက်ဆီးအောင်ဆုတောင်းလိုက်၏။ ဒုတိယတစ်ချက်အနေဖြင့် သူမသည် အင်တာဗျူးအတွင်း ဘာမှအမှားအယွင်းမဖြစ်ပါစေနဲ့ဟု ဆုတောင်းလိုက်လေသည်။
ရုံးခန်းထဲက အခြေအနေမှာ ချက်ချင်းပင် ကသိကအောက်နိုင်သွားကာ လေထုကပင် အေးစက်နေသယောင်။ ချန်းယန်သည် အခြေအနေကို သက်သာသွားအောင် အကောင်းဆုံးကြိုးစားခဲ့ပြီး နောက်ဆုံး နာရီဝက်ကြာသွားတော့သည်။
ချန်းယန်က နံရံပေါ်တွင် ချိတ်ထားသည့် နာရီကိုမော့ကြည့်လိုက်လေသည်။ နာရီလက်တံက ကိုးနာရီကို ညွှန်ပြနေသည်။ ပြီးခဲ့သည့်နာရီဝက်က ချန်းယန်ကို ချွေးအေးများ ထွက်လာစေခဲ့သည်။ သူက အူလုံလက်ဖက်ရည်ကို မြန်မြန်ယူကာ တစ်ငုံနှစ်ငုံလောက် သောက်လိုက်၏။
သည်အခိုက်အတန့်တွင် တံခါးကို ရုတ်တရက် တွန်းဖွင့်ပြီး ဝင်လာသည့် လူတစ်ချို့က ရှန်ရှင်းအာရုံကို ဆွဲဆောင်ထားလေသည်။
ခေါင်းဆောင်ပြီးဝင်လာသူမှာ အလွန်မှချောမောခန့်ညားလေသည်။ သူသည် အသားအရည်ဖြူပြီး နှာတံစင်းကာ အရာအားလုံးကို ဖောက်ထွင်းမြင်နိုင်သည့် စူးရှသည့်မျက်ဝန်းတစ်စုံ ပိုင်ဆိုင်ထားသည်။ သူ ပြုံးလိုက်လျှင် ဆန်းသစ်စလခြမ်းကွေးတစ်ခုနှင့် တူသွားပြီး သူ တည်လိုက်လျှင်တော့ အေးစက်သည့်ကြယ်တစ်ပွင့်နှင့် တူလေသည်။
ကျန်းဟွား ရောက်ရှိလာခြင်းက ချန်းယန်၏အသက်ကို ကယ်တင်ပေးလိုက်ခြင်းပင်။ သူသည် ညီအစ်မနှစ်ယောက်ကြား ဆက်ပြီး ကြားညှပ်နေလျှင် သေချာပေါက် ပြိုလဲသွားပေလိမ့်မည်။
ချန်းယန်က အပြုံးတစ်ခုနှင့် သူတို့ကို ပထမဆုံး ကြိုဆိုလိုက်လေသည်။
" ကြိုဆိုပါတယ်ခင်ဗျာ ကြွပါ၊ လူကြီးမင်းတို့က ဒီတစ်ခါ အင်တာဗျူးအတွက် ရောက်လာကြတဲ့ မြို့တော်တက္ကသိုလ်ကလွှတ်လိုက်တဲ့ သူတွေဖြစ်ရမယ်"
သူသည် မြို့တော်တက္ကသိုလ်က လူတွေနှင့် ကောင်းမွန်သည့် ဆက်ဆံရေးတစ်ခု တည်ဆောက်ရန် ရှားပါးအခွင့်အရေးကို မြန်မြန်အရယူလိုက်လေသည်။ နောက်ဆုံး သည်တက္ကသိုလ်သို့ ဝင်နိုင်သူများသည် ထူးချွန်ကြသူများဖြစ်လေသည်။ သူက သူ့အဖိုးတန်လက်ဖက်ခြောက်ကို မြန်မြန်ထုတ်ကာ အားလုံးအတွက် ကိုယ်တိုင်ပြင်ဆင်ပေးလိုက်တော့သည်။
" မင်္ဂလာပါ၊ ကျွန်တော့်နာမည်က ကျန်းဟွားပါ၊ ကျွန်တော့်နောက်ကလူတွေက ကျွန်တော်တို့ မြို့တော်တက္ကသိုလ်က အားလုံးထူးချွန်ကြတဲ့ သင်္ချာပညာရှင်တွေပါ"
ကျန်းဟွား၏အသံက အလွန်မှကျယ်လောင်ပေသည်။
သူ့စကားဆုံးသွားသည်နှင့် လက်ဖက်ရည်ထည့်ပေးနေသည့် ချန်းယန်က မနေနိုင်တော့ဘဲ တုန်ယင်သွားပြီး လက်ဖက်ရည်များပင် အပြင်သို့ ဖိတ်ကျမလိုဖြစ်သွားတော့သည်။
ခဏ။ ကျန်းဟွား ဟုတ်လား။ သူက မြို့တော်တက္ကသိုလ် ကျောင်းအုပ်ကြီးကျန်းဟွမ်ရဲ့ တတိယသားမဟုတ်လား။ သူက တကယ်ကြီး အင်တာဗျူးကို လူကိုယ်တိုင် ဦးဆောင်မလို့လား။ ဒါက ပေါ့သေးသေးသဘာထားလို့မရတဲ့ ကြီးမားတဲ့ဂုဏ်သိက္ခာတစ်ခုပဲ။ ချန်းယန်သည် ရုတ်ချည်း သတိအနေအထားဖြစ်သွားတော့သည်။
ရှန်ရှင်းက ချက်ချင်းထရပ်လိုက်ပြီး သူတို့ကို နှုတ်ဆက်လိုက်လေသည်။ သူမသည် ကျန်းဟွား၏သရုပ်မှန်ကို မသိသော်လည်း သူတို့တွေ့လိုက်သည့်အချိန်ကစပြီး အင်တာဗျူးသူများအပေါ် ကောင်းမွန်သည့်အမြင်တစ်ခု ချန်ခဲ့ချင်လေသည်။
ရှန်ယွဲ့တစ်ယောက်သာ ဆိုဖာပေါ်တွင် အေးအေးဆေးဆေးထိုင်ကာ ရုံးခန်းထောင့်နားတွင် မဂ္ဂဇင်းတစ်အုပ်ကို လှန်လှောကြည့်နေလိုက်သည်။
သို့သော်ငြား ကျန်းဟွားသည် ထောင့်တွင်ရှိနေသည့် ရှန်ယွဲ့ကို သတိထားမိလိုက်သေးသည်။ သူက မြန်မြန်လျှောက်သွားလိုက်၏။
" မိန်းကလေးရှန်ယွဲ့ ဒီနေ့မှ ဘယ်လိုဖြစ်ပြီး ဒီနေရာမှာ မမျှော်လင့်ဘဲလာတွေ့တာလဲ၊ ကျွန်တော့်အဖေ မင်းကို မကြာမကြာ သတိရနေတာ၊ မင်းမှာ အချိန်ရရင် ကျွန်တော်တို့အိမ်ကိုလာပြီး ကစားပါအုံး"
ရှန်ယွဲ့သည် အားလုံး၏ပြောစရာအကြောင်းအရာ ဖြစ်လာဖို့ရာ စိတ်ကူးမရှိပေ။ ထို့ကြောင့် သူမက ပုံမှန်အတိုင်း ပြန်ဖြေလိုက်တော့သည်။
"ဟုတ်ကဲ့၊ မစ္စတာကျန်း၊ ကျေးဇူးတင်ပါတယ်"
ထိုသို့ပြောလိုက်ပြီး သူမက ကျန်းဟွား ဘာမှမပြောရသေးခင်မှာပင် အင်တာဗျူးနှင့် အလုပ်များတော့မည့်သူကို သတိပေးလိုက်လေသည်။
ထိုအခါမှ ကျန်းဟွားက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး အားလုံးကို ယဥ်ယဥ်ကျေးကျေး ပြုံးပြလိုက်၏။
" ကျွန်တော် အရမ်းအားနာမိပါတယ်၊ 'သင်္ချာပါရမီရှင်'ဆိုတဲ့ဘွဲ့တံဆိပ်က မြို့တော်တက္ကသိုလ်ဝင်ခွင့်နဲ့ ပတ်သက်နေတာဆိုတော့ လူတော်တော်များများက အယောင်ဆောင် ချင်နေကြလို့ပါ၊ ဒါကြောင့် ကျောင်းသူလေး ရှန်ရှင်းက လင်ရှောင်းရဲ့အင်တာဗျူးကို အောင်သွားခဲ့တာတောင်မှာ ကျွန်တော်တို့က ဒုတိယအင်တာဗျူးတစ်ခုကို ဆက်လုပ်လိုက်ရတာပါ"
...
အပိုင်း (၁၄၇) ပါရမီရှင်အတု
"ရပါတယ်ရှင် ၊ ကျွန်မနားလည်ပါတယ်...."
ရှန်ရှင်းသည် ကျန်းဟွား၏အကြည့်ကို ရင်ဆိုင်လိုက်ပြီး သူ့မျက်လုံးကို မော့မကြည့်ရဲတော့ချေ။ သူမ၏မျက်လုံးများသည် တဖျတ်ဖျတ်လှုပ်သွားပြီး ကျန်းဟွား၏အကြည့်ကို တမင်ရှောင်ထားလိုက်တော့သည်။ နောက်ဆုံးတွင် သူမသည် ခေါင်းကို မသိမသာငုံံ့ထားလိုက်လေသည်။
ကျန်းဟွားက ဟန်ဆောင်နေသည့် ရှန်ရှင်းကို ကြည့်ကာ မေးလိုက်လေသည်။
" မင်္ဂလာပါ၊ မင်းက ရှန်ရှင်းလား"
"ဟုတ်- ဟုတ်ကဲ့၊ ကျွန်မပါ"
ရှန်ရှင်းက တည်ငြိမ်အောင် အကောင်းဆုံးကြိုးစားလိုက်လေသည်။ မသိသာစေရန် သူမက စားပွဲပေါ်တွင် ခုနကမှ လောင်းထည့်ပေးထားသည့် လက်ဖက်ရည်ခွက်ကို မြန်မြန်ကောက်ကိုင်လိုက်ပြီး နှစ်ငုံလောက် သောက်လိုက်သည်။ သူမက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်၏။
"ဒါက ကျွန်မရဲ့လက်ရေးမူပါ၊ မစ္စတာကျန်းက ဒါကိုကြည့်ပြီး ကျွန်မရဲ့သရုပ်မှန်ကို အတည်ပြုလို့ရပါတယ်"
ထိုသို့ပြောလိုက်ပြီးနောက် သူမက ကြိုတင်ပြင်ဆင်လာသည့် အကြမ်းစာရွက်ကို ထုတ်ကာ ကျန်းဟွားကို ပြလိုက်လေသည်။
မြို့တော်တက္ကသိုလ်၏ တတိယသားအနေဖြင့် ကျန်းဟွားကို အလွယ်တကူလိမ်ညာလို့မရပေ။ သည်အကြမ်းစာရွက်က အွန်လိုင်းပေါ်တွင် ပြန့်နေသည်မှာ အလွန်ကြာနေပြီးမှန်း သိထားလေသည်။ လူတိုင်းက ဓာတ်ပုံကို ပွားထားနိုင်သဖြင့် အကြမ်းစာရွက်တစ်ရွက်က ပြဿနာကို ဖြေရှင်းပေးနိုင်မည်မဟုတ်ချေ။
" မင်းရဲ့သရုပ်မှန်ကို သက်သေပြနိုင်မယ့် တခြားသက်သေတွေရှိသေးလား၊ ဒီအကြမ်းစာရွက် အွန်လိုင်းပေါ်မှာ ပြန့်နေတာ ကြာပြီလေ"
ကျန်းဟွားသည် ရှန်ရှင်း၏စိုးရိမ်နေပုံကို အာရုံခံမိလိုက်သဖြင့် ထပ်မေးလိုက်လေသည်။ သူ့ရှေ့က စိတ်လှုပ်ရှားနေသည့် မိန်းကလေးကို ကြည့်ရင်း ကျန်းဟွားသည် သူမက 'သင်္ချာပါရမီရှင်'အတုဖြစ်နိုင်ချေ အရမ်းများသည်ဟု ခံစားလိုက်ရတော့သည်။
ရှန်ရှင်းက ဘယ်လိုဖြေရမည်မှန်းမသိသေးခင်မှာပင် ကျန်းဟွားဘေးက လူငယ်များက စတင် ဆွေးနွေးကြတော့သည်။ နောက်ဆုံးတွင် အားလုံးက ခေါင်းညိတ်လိုက်ကြ၏။ သူတို့ထဲကတစ်ယောက်က မေးခွန်းတစ်ခုကို အိတ်ထဲက ထုတ်လိုက်လေသည်။
" မင်းရဲ့သရုပ်မှန်ကို သက်သေပြဖို့ တခြားနည်းလမ်းမရှိဘူးဆိုတော့ ကျွန်တော်တို့တွေ ဒီမှာပဲ စစ်ဆေးလိုက်ဖို့ အခုပဲ တိုင်ပင်လိုက်ကြတယ်၊ ဒါက ဒီနှစ် ကျွန်တော်တို့မြို့တောက်တက္ကသိုလ်က အထူးထုတ်ထားခဲ့တဲ့ လျှို့ဝှက်မေးခွန်းပါ၊ မင်းက အဲဒီပုစ္ဆာကို အွန်လိုင်းပေါ်မှာ မှန်အောင်ဖြေနိုင်တယ်ဆိုတော့ ဒီမေးခွန်းက မင်းအတွက် အရမ်းရိုးရှင်းမှာပါ"
ထိုသို့ပြောလိုက်ပြီး ထိုလူက ရှန်ရှင်းရှေ့သို့ မေးခွန်းစာရွက်ကို တွန်းပို့လိုက်လေသည်။ သည်စာရွက်တစ်စုံသည် ပါးလွှာသည့် စာရွက်နှစ်ရွက်သာ ဖြစ်သော်လည်း ထိုစာရွက်ကပေးသည့် ဖိအားက ရှန်ရှင်းအတွက်တော့ တောင်နှစ်လုံးကို ထမ်းရသလိုပင်။
သည်အခိုက်တန့်တွင် ရှန်ယွဲ့တစ်ယောက်သာ မဂ္ဂဇင်းကို အေးအေးဆေးဆေး လှန်လှောဖတ်နေဆဲ။ အားလုံး၏မျက်လုံးများက ရှန်ရှင်းကို အာရုံစိုက်နေကြလေသည်။
ထိုအဖြစ်က စိတ်လှုပ်ရှားနှင့်ပြီးသား ရှန်ရှင်းကို အားလုံး၏အကြည့်အောက်တွင် ပိုပြီး စိတ်လှုပ်ရှားလာစေတော့သည်။ သူမသည် မနေနိုင်တော့ဘဲ တုန်ရီလာတော့သည်။ ရှန်ရှင်းက သူမကိုယ်သူမ ပွေ့ဖက်ထားလိုက်ပြီး အလွန် ရှက်စရာကောင်းအောင် မဖြစ်ရစေရန် စာရွက်ကို လှန်ဖွင့်လိုက်ကာ မေးခွန်းတစ်ချို့ကို ချက်ချင်းဖြေကြည့် ချင်လိုက်သည်။
ကံဆိုးချင်တော့ သူမ မြင်သမျှအားလုံးက သင်္ကေတများနှင့် သူမ နားမလည်နိုင်သည့် စာများဖြစ်နေတော့သည်။ သည်အခိုက်တွင် သူမသည် သည်နေ့ကိုတော့ မဖြတ်ကျော်နိုင်တော့မှန်း သေချာသိလိုက်လေသည်။ သူမက တုံ့နှေးတုံ့နှေးဖြင့် ချ မရေးချင်ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် အားလုံးက စိတ်ထဲတွင် အဖြေတစ်ခု ရသွားကြတော့သည်။
" ဟုတ်ပါပြီ၊ မင်း ဆက်ရေးစရာမလိုတော့ပါဘူး"
ရုတ်တရက် ရုံးခန်းအပြင်ဘက်က ကြင်နာသည့်လေသံတစ်ခု ဝင်လာခဲ့သည်။ ကြင်နာတတ်သည့် အဘိုးကြီးတစ်ယောက်မှန်း သိသာလေသည်။
သက်တော်စောင့်နှစ်ယောက်က ရုံးခန်းတံခါးကို တွန်းဖွင့်လိုက်သည်နှင့် ချန်းယန်မှာ မယုံကြည်နိုင်အောင် ဖြစ်သွားပြီး သူ့မျက်လုံးများကို ပွတ်လိုက်တော့သည်။ အလင်းရောင်ကို ကျောပေးပြီး လူတစ်စုက တံခါးအပြင်ဘက်တွင် ရပ်နေကြသည်။ သူတို့ကို ကျန်းဟွမ်နှင့် ကျိုးရွှမ်းက ဦးဆောင်လာပြီး နောက်မှ ဟန်လင်းနှင့် ကျိုးယန်တို့ ပါလာကြသည်။
ချန်းယန်သည် သက်ပြင်းမချဘဲ မနေနိုင်ဖြစ်သွားတော့သည်။ သူကတော့ ဒီနေ့ ဒီလက်ဖက်ခြောက်ကောင်းကို ဆက်သိမ်းထားလို့ရတော့မှာမဟုတ်ဘူး။ အထင်ကရပုဂ္ဂိုလ်တွေအများကြီး အထက်တန်းကျောင်း သေးသေးလေးတစ်ခုကို တကယ်ကြီး ရောက်ချလာကြတယ်။
ကျန်းဟွားက ချက်ချင်း ထရပ်လိုက်ပြီး သူတို့ကို ဦးစွာကြိုဆိုလိုက်လေသည်။
"အဖေ၊ မစ္စတာကျိုး ဒီကို ဘာလို့ရောက်လာကြတာလဲ"
ထိုအချင်းအရာကို မြင်လိုက်သည်တွင် ရှန်ယွဲ့က ပျင်းရိလေးတွဲမနေတော့ဘဲ မျက်လုံးထောင့်မှ ကျိုးရွှမ်းကို လှမ်းကြည့်လိုက်၏။
"ရပါတယ်၊ မင်း ဒီနေ့ကိစ္စကို ကောင်းကောင်း ကိုင်တွယ်ခဲ့ပါတယ်၊ ငါ ဒီကိုလာခဲ့တာက တခြားကိစ္စရှိလို့ပါ"
ကျန်းဟွမ်က ပြောရင်းဆိုရင်း ရှန်ရှင်းဘေးသို့ လျှောက်သွားလိုက်ပြီး သူ၏အရည်တွန့်နေသည့် လက်တစ်ဖက်နှင့် သူမ၏ခေါင်းကို အသာအယာ ပုတ်ပေးလိုက်လေသည်။ သူ့လေသံက သိမ်မွေ့နေ၏။
" ရပါတယ် ကလေးရယ်၊ ငါ မင်းကို အပြစ်မယူပါဘူး၊ အိမ်မြန်မြန်ပြန်လိုက်တော့"
ကျန်းဟွမ်၏ ကြင်နာသည့်အကြည့်နှင့် ဆုံလိုက်ချိန်တွင် ရှန်ရှင်းအပေါ်တွင် ရှိနေသည့်ဖိအားများသည် ပေါ့ပါးသွားသယောင်။ သူမ၏မျက်လုံးများက ချက်ချင်းနီရသွားပြီး မျက်လုံးထောင့်မှ မျက်ရည်များ စီးကျသွားတော့သည်။
သူမသည် တွင်းတစ်ခုရှာက ပုန်းအောင်းချင်လိုက်တော့သည်။ ဒါသည် သူမဘဝတွင် လူအားလုံးရှေ့၌ ပထမဆုံးအကြိမ်အရှက်ကွဲခဲ့ခြင်းပင်။ သူမက လှည့်ကာ ကျန်းဟွမ်ကို မြန်မြန်တောင်းပန်လိုက်ပြီးနောက် ငိုရင်း ရုံးခန်းအပြင်ဘက်သို့ ပြေးထွက်သွားတော့သည်။
ရုံးခန်းထဲတွင် ရှိနေကြသူအားလုံးက အဖြစ်အပျက်ကို သဘောပေါက်သွားကြတော့သည်။ မြို့တော်တက္ကသိုလ်သို့ အာမခံဝင်ခွင့်အခြေအနေက အလွန်ဆွဲဆောင်မှု ရှိခဲ့သော်လည်း ရှန်ရှင်း၏ချဥ်းကပ်ပုံက စိတ်ပျက်စရာ ကောင်းနေဆဲ။
ကျန်းဟွမ်က ဆိုဖာအလယ်တွင် ထိုင်လိုက်၏။
" ရပါပြီ ဟွားအာ၊ ဒီကိစ္စကို အကောင်းဆုံး ဖြေရှင်းခဲ့ပါတယ်၊ အားလုံးကို အရင်ခေါ်ပြန်သွားလိုက်၊ ကျိူးရွှမ်းနဲ့ငါ ဒီမှာ ကိစ္စလေးတွေ လုပ်စရာရှိသေးတယ်"
...
Zawgyi
အပိုင္း (၁၄၆) ေနာက္ထပ္အင္တာဗ်ဴး
ထိုအရာအားလုံးက ရွန္ယြဲ႕ေမွ်ာ္လင့္ထားသည့္အတိုင္းအတာထဲတြင္ ေရာက္ေနေလသည္။ သူမသည္ အံ့ဩသည့္အရိပ္အေရာင္ပင္မျပေခ်။ သူမသည္ စာလုံးေလးတစ္လုံးႏွစ္လုံးျဖင့္ ဝတ္ေက်တန္းေက် စာျပန္လိုက္ၿပီး လွ်ိဳ႕ဝွက္စြာ ၿပဳံးလိုက္ၿပီးေနာက္ ရွန္ခ်န္ကို စကားဆက္ေျပာလိုက္ေလသည္။
ေပ်ာ္႐ႊင္မႈက ေနာက္တစ္ေန႔အထိသာ ခံေလသည္။ ရွန္ရွင္းသည္ မနက္ေစာေစာႏိုးလာၿပီး ဝတ္စုံနည္းနည္းပါးပါး ေ႐ြးလိုက္သည္။ သူမသည္ အၿပဳံးတစ္ခုႏွင့္ အလွျပင္ခုံေရွ႕တြင္ပင္ ထိုင္လိုက္ၿပီး ႏႈတ္ခမ္းမ်ားကို စူကာ အေရာင္အနည္းငယ္ထည့္လိုက္ေလသည္။
မွန္ထဲတြင္ ကိုယ့္ဟာကို ျပန္ၾကည့္လိုက္ၿပီးေနာက္ အဝတ္အစားလဲလိုက္ၿပီး စိတ္လႈပ္ရွားစြာၿပဳံးရင္း သူမ ေအာင္ျမင္သြားၿပီဟု ထင္ထားခဲ့သည့္ေန႔ကို ႀကိဳဆိုလိုက္ေလသည္။ သို႔ေသာ္ျငား ရွန္ယြဲ႕က သူမမႏိုးခင္ကတည္းက အိမ္မွထြက္သြားသည္ကို ရွန္ရွင္းမသိလိုက္ေခ်။
မနက္ ၈နာရီခြဲတြင္ ရွန္ရွင္းသည္ ႐ုံခန္းသို႔ နာရီဝက္ေစာေရာက္လာခဲ့သည္။ သူမက တံခါးတြန္းဖြင့္လိုက္ခ်ိန္တြင္ ေက်ာင္းအုပ္ႀကီးႏွင့္ စကားေျပာေနသည့္ ရွန္ယြဲ႕ကို ေတြ႕လိုက္ရေတာ့သည္။
" နင္ဘာလို႔ ဒီမွာရွိေနတာလဲ၊ နင့္ကို ဘယ္သူကလာခိုင္းလို႔လဲ"
ရွန္ရွင္း၏ေလသံက မသိမသာတုန္ရီေနသည္။ ရွန္ယြဲ႕ကို သူမ၏အလိမ္ကို ေဖာ္ထုတ္လိုက္မွာစိုးရိမ္ေနေသာ္လည္း ခ်န္းယန္ကို ေတြ႕လိုက္ရသျဖင့္ ရွန္ရွင္းမွာ မတတ္သာေတာ့ဘဲ သူမ၏ပုံရိပ္ကို ထိန္းသိမ္းထားလိုက္ရေတာ့သည္။
ထိုအေျခအေနကို ေတြ႕လိုက္ခ်ိန္တြင္ ခ်န္းယန္က အေျခအေနကို ေျပေျပလည္လည္ျဖစ္ေအာင္ ျမန္ျမန္ႀကိဳးစားလိုက္ေတာ့သည္။
" ရွန္ရွင္း စိတ္မလႈပ္ရွားပါနဲ႔၊ ဆရာ မင္းကို ဒီကိုေခၚလိုက္ရတဲ့အေၾကာင္းအရင္းက ၿမိဳ႕ေတာ္တကၠသိုလ္က မင္းကို အင္တာဗ်ဴးဖို႔ ေနာက္ထပ္လူတစ္ဖြဲ႕ ထပ္လႊတ္လိုက္လို႔ပါ၊ မင္း ဒီေန႔ အင္တာဗ်ဴးကို ေအာင္ရင္ အာမခံဝင္ခြင့္ အမွန္တကယ္ရႏိုင္လိမ့္မယ္၊ ရွန္ယြဲ႕ ဒီမွာေရာက္ေနတာကေတာ့ တျခားကိစၥရွိလို႔ပါ"
ခ်န္းယန္၏စကားကို ၾကားလိုက္ရၿပီးေနာက္ ရွန္ရွင္းစိတ္ထဲက တင္းၾကပ္ေနသည့္ႀကိဳးမွာ ေျပေလ်ာ့သြားေတာ့သည္။ သူမက အသက္ျပင္းျပင္း တစ္ခ်က္ႏွစ္ခ်က္ေလာက္ ရႉသြင္းလိုက္ၿပီး ျမန္ျမန္ တည္ၿငိမ္သြားေအာင္လုပ္လိုက္ၿပီး အင္တာဗ်ဴးအတြင္းတြင္ ျဖစ္လာႏိုင္သည့္အရာမ်ားကို စိတ္ကူးၾကည့္လိုက္ေလသည္။
အင္တာဗ်ဴးေမးတဲ့သူေတြက သူမကို ဘယ္လိုမွာလဲ။ သူတို႔ေတြ အခ်င္းခ်င္း သိၾကသလား။ ဒါမွမဟုတ္ သူတို႔ေတြ ေမးခြန္းတြင္ ျပင္ထားၿပီး သူမကို ေနရာမွာပဲ ေျဖခိုင္းမွာလား။ သူမသည္ စိတ္ထဲမွာ စတင္ ဆုေတာင္းေနမိေတာ့သည္။ အရင္ဆုံး ရွန္ယြဲ႕က သည္အေရးႀကီးသည့္အခ်ိန္မွ သူမ၏အစီအစဥ္ကို မဖ်က္ဆီးေအာင္ဆုေတာင္းလိုက္၏။ ဒုတိယတစ္ခ်က္အေနျဖင့္ သူမသည္ အင္တာဗ်ဴးအတြင္း ဘာမွအမွားအယြင္းမျဖစ္ပါေစနဲ႔ဟု ဆုေတာင္းလိုက္ေလသည္။
႐ုံးခန္းထဲက အေျခအေနမွာ ခ်က္ခ်င္းပင္ ကသိကေအာက္ႏိုင္သြားကာ ေလထုကပင္ ေအးစက္ေနသေယာင္။ ခ်န္းယန္သည္ အေျခအေနကို သက္သာသြားေအာင္ အေကာင္းဆုံးႀကိဳးစားခဲ့ၿပီး ေနာက္ဆုံး နာရီဝက္ၾကာသြားေတာ့သည္။
ခ်န္းယန္က နံရံေပၚတြင္ ခ်ိတ္ထားသည့္ နာရီကိုေမာ့ၾကည့္လိုက္ေလသည္။ နာရီလက္တံက ကိုးနာရီကို ၫႊန္ျပေနသည္။ ၿပီးခဲ့သည့္နာရီဝက္က ခ်န္းယန္ကို ေခြၽးေအးမ်ား ထြက္လာေစခဲ့သည္။ သူက အူလုံလက္ဖက္ရည္ကို ျမန္ျမန္ယူကာ တစ္ငုံႏွစ္ငုံေလာက္ ေသာက္လိုက္၏။
သည္အခိုက္အတန္႔တြင္ တံခါးကို ႐ုတ္တရက္ တြန္းဖြင့္ၿပီး ဝင္လာသည့္ လူတစ္ခ်ိဳ႕က ရွန္ရွင္းအာ႐ုံကို ဆြဲေဆာင္ထားေလသည္။
ေခါင္းေဆာင္ၿပီးဝင္လာသူမွာ အလြန္မွေခ်ာေမာခန္႔ညားေလသည္။ သူသည္ အသားအရည္ျဖဴၿပီး ႏွာတံစင္းကာ အရာအားလုံးကို ေဖာက္ထြင္းျမင္ႏိုင္သည့္ စူးရွသည့္မ်က္ဝန္းတစ္စုံ ပိုင္ဆိုင္ထားသည္။ သူ ၿပဳံးလိုက္လွ်င္ ဆန္းသစ္စလျခမ္းေကြးတစ္ခုႏွင့္ တူသြားၿပီး သူ တည္လိုက္လွ်င္ေတာ့ ေအးစက္သည့္ၾကယ္တစ္ပြင့္ႏွင့္ တူေလသည္။
က်န္းဟြား ေရာက္ရွိလာျခင္းက ခ်န္းယန္၏အသက္ကို ကယ္တင္ေပးလိုက္ျခင္းပင္။ သူသည္ ညီအစ္မႏွစ္ေယာက္ၾကား ဆက္ၿပီး ၾကားညႇပ္ေနလွ်င္ ေသခ်ာေပါက္ ၿပိဳလဲသြားေပလိမ့္မည္။
ခ်န္းယန္က အၿပဳံးတစ္ခုႏွင့္ သူတို႔ကို ပထမဆုံး ႀကိဳဆိုလိုက္ေလသည္။
" ႀကိဳဆိုပါတယ္ခင္ဗ်ာ ႂကြပါ၊ လူႀကီးမင္းတို႔က ဒီတစ္ခါ အင္တာဗ်ဴးအတြက္ ေရာက္လာၾကတဲ့ ၿမိဳ႕ေတာ္တကၠသိုလ္ကလႊတ္လိုက္တဲ့ သူေတြျဖစ္ရမယ္"
သူသည္ ၿမိဳ႕ေတာ္တကၠသိုလ္က လူေတြႏွင့္ ေကာင္းမြန္သည့္ ဆက္ဆံေရးတစ္ခု တည္ေဆာက္ရန္ ရွားပါးအခြင့္အေရးကို ျမန္ျမန္အရယူလိုက္ေလသည္။ ေနာက္ဆုံး သည္တကၠသိုလ္သို႔ ဝင္ႏိုင္သူမ်ားသည္ ထူးခြၽန္ၾကသူမ်ားျဖစ္ေလသည္။ သူက သူ႔အဖိုးတန္လက္ဖက္ေျခာက္ကို ျမန္ျမန္ထုတ္ကာ အားလုံးအတြက္ ကိုယ္တိုင္ျပင္ဆင္ေပးလိုက္ေတာ့သည္။
" မဂၤလာပါ၊ ကြၽန္ေတာ့္နာမည္က က်န္းဟြားပါ၊ ကြၽန္ေတာ့္ေနာက္ကလူေတြက ကြၽန္ေတာ္တို႔ ၿမိဳ႕ေတာ္တကၠသိုလ္က အားလုံးထူးခြၽန္ၾကတဲ့ သခ်ၤာပညာရွင္ေတြပါ"
က်န္းဟြား၏အသံက အလြန္မွက်ယ္ေလာင္ေပသည္။
သူ႔စကားဆုံးသြားသည္ႏွင့္ လက္ဖက္ရည္ထည့္ေပးေနသည့္ ခ်န္းယန္က မေနႏိုင္ေတာ့ဘဲ တုန္ယင္သြားၿပီး လက္ဖက္ရည္မ်ားပင္ အျပင္သို႔ ဖိတ္က်မလိုျဖစ္သြားေတာ့သည္။
ခဏ။ က်န္းဟြား ဟုတ္လား။ သူက ၿမိဳ႕ေတာ္တကၠသိုလ္ ေက်ာင္းအုပ္ႀကီးက်န္းဟြမ္ရဲ႕ တတိယသားမဟုတ္လား။ သူက တကယ္ႀကီး အင္တာဗ်ဴးကို လူကိုယ္တိုင္ ဦးေဆာင္မလို႔လား။ ဒါက ေပါ့ေသးေသးသဘာထားလို႔မရတဲ့ ႀကီးမားတဲ့ဂုဏ္သိကၡာတစ္ခုပဲ။ ခ်န္းယန္သည္ ႐ုတ္ခ်ည္း သတိအေနအထားျဖစ္သြားေတာ့သည္။
ရွန္ရွင္းက ခ်က္ခ်င္းထရပ္လိုက္ၿပီး သူတို႔ကို ႏႈတ္ဆက္လိုက္ေလသည္။ သူမသည္ က်န္းဟြား၏သ႐ုပ္မွန္ကို မသိေသာ္လည္း သူတို႔ေတြ႕လိုက္သည့္အခ်ိန္ကစၿပီး အင္တာဗ်ဴးသူမ်ားအေပၚ ေကာင္းမြန္သည့္အျမင္တစ္ခု ခ်န္ခဲ့ခ်င္ေလသည္။
ရွန္ယြဲ႕တစ္ေယာက္သာ ဆိုဖာေပၚတြင္ ေအးေအးေဆးေဆးထိုင္ကာ ႐ုံးခန္းေထာင့္နားတြင္ မဂၢဇင္းတစ္အုပ္ကို လွန္ေလွာၾကည့္ေနလိုက္သည္။
သို႔ေသာ္ျငား က်န္းဟြားသည္ ေထာင့္တြင္ရွိေနသည့္ ရွန္ယြဲ႕ကို သတိထားမိလိုက္ေသးသည္။ သူက ျမန္ျမန္ေလွ်ာက္သြားလိုက္၏။
" မိန္းကေလးရွန္ယြဲ႕ ဒီေန႔မွ ဘယ္လိုျဖစ္ၿပီး ဒီေနရာမွာ မေမွ်ာ္လင့္ဘဲလာေတြ႕တာလဲ၊ ကြၽန္ေတာ့္အေဖ မင္းကို မၾကာမၾကာ သတိရေနတာ၊ မင္းမွာ အခ်ိန္ရရင္ ကြၽန္ေတာ္တို႔အိမ္ကိုလာၿပီး ကစားပါအုံး"
ရွန္ယြဲ႕သည္ အားလုံး၏ေျပာစရာအေၾကာင္းအရာ ျဖစ္လာဖို႔ရာ စိတ္ကူးမရွိေပ။ ထို႔ေၾကာင့္ သူမက ပုံမွန္အတိုင္း ျပန္ေျဖလိုက္ေတာ့သည္။
"ဟုတ္ကဲ့၊ မစၥတာက်န္း၊ ေက်းဇူးတင္ပါတယ္"
ထိုသို႔ေျပာလိုက္ၿပီး သူမက က်န္းဟြား ဘာမွမေျပာရေသးခင္မွာပင္ အင္တာဗ်ဴးႏွင့္ အလုပ္မ်ားေတာ့မည့္သူကို သတိေပးလိုက္ေလသည္။
ထိုအခါမွ က်န္းဟြားက သူ႔အၾကည့္ကို ျပန္႐ုတ္သိမ္းလိုက္ၿပီး အားလုံးကို ယဥ္ယဥ္ေက်းေက်း ၿပဳံးျပလိုက္၏။
" ကြၽန္ေတာ္ အရမ္းအားနာမိပါတယ္၊ 'သခ်ၤာပါရမီရွင္'ဆိုတဲ့ဘြဲ႕တံဆိပ္က ၿမိဳ႕ေတာ္တကၠသိုလ္ဝင္ခြင့္နဲ႔ ပတ္သက္ေနတာဆိုေတာ့ လူေတာ္ေတာ္မ်ားမ်ားက အေယာင္ေဆာင္ ခ်င္ေနၾကလို႔ပါ၊ ဒါေၾကာင့္ ေက်ာင္းသူေလး ရွန္ရွင္းက လင္ေရွာင္းရဲ႕အင္တာဗ်ဴးကို ေအာင္သြားခဲ့တာေတာင္မွာ ကြၽန္ေတာ္တို႔က ဒုတိယအင္တာဗ်ဴးတစ္ခုကို ဆက္လုပ္လိုက္ရတာပါ"
...
အပိုင္း (၁၄၇) ပါရမီရွင္အတု
"ရပါတယ္ရွင္ ၊ ကြၽန္မနားလည္ပါတယ္...."
ရွန္ရွင္းသည္ က်န္းဟြား၏အၾကည့္ကို ရင္ဆိုင္လိုက္ၿပီး သူ႔မ်က္လုံးကို ေမာ့မၾကည့္ရဲေတာ့ေခ်။ သူမ၏မ်က္လုံးမ်ားသည္ တဖ်တ္ဖ်တ္လႈပ္သြားၿပီး က်န္းဟြား၏အၾကည့္ကို တမင္ေရွာင္ထားလိုက္ေတာ့သည္။ ေနာက္ဆုံးတြင္ သူမသည္ ေခါင္းကို မသိမသာငုံံ့ထားလိုက္ေလသည္။
က်န္းဟြားက ဟန္ေဆာင္ေနသည့္ ရွန္ရွင္းကို ၾကည့္ကာ ေမးလိုက္ေလသည္။
" မဂၤလာပါ၊ မင္းက ရွန္ရွင္းလား"
"ဟုတ္- ဟုတ္ကဲ့၊ ကြၽန္မပါ"
ရွန္ရွင္းက တည္ၿငိမ္ေအာင္ အေကာင္းဆုံးႀကိဳးစားလိုက္ေလသည္။ မသိသာေစရန္ သူမက စားပြဲေပၚတြင္ ခုနကမွ ေလာင္းထည့္ေပးထားသည့္ လက္ဖက္ရည္ခြက္ကို ျမန္ျမန္ေကာက္ကိုင္လိုက္ၿပီး ႏွစ္ငုံေလာက္ ေသာက္လိုက္သည္။ သူမက အထစ္ထစ္အေငါ့ေငါ့ျဖင့္ ေျပာလိုက္၏။
"ဒါက ကြၽန္မရဲ႕လက္ေရးမူပါ၊ မစၥတာက်န္းက ဒါကိုၾကည့္ၿပီး ကြၽန္မရဲ႕သ႐ုပ္မွန္ကို အတည္ျပဳလို႔ရပါတယ္"
ထိုသို႔ေျပာလိုက္ၿပီးေနာက္ သူမက ႀကိဳတင္ျပင္ဆင္လာသည့္ အၾကမ္းစာ႐ြက္ကို ထုတ္ကာ က်န္းဟြားကို ျပလိုက္ေလသည္။
ၿမိဳ႕ေတာ္တကၠသိုလ္၏ တတိယသားအေနျဖင့္ က်န္းဟြားကို အလြယ္တကူလိမ္ညာလို႔မရေပ။ သည္အၾကမ္းစာ႐ြက္က အြန္လိုင္းေပၚတြင္ ျပန္႔ေနသည္မွာ အလြန္ၾကာေနၿပီးမွန္း သိထားေလသည္။ လူတိုင္းက ဓာတ္ပုံကို ပြားထားႏိုင္သျဖင့္ အၾကမ္းစာ႐ြက္တစ္႐ြက္က ျပႆနာကို ေျဖရွင္းေပးႏိုင္မည္မဟုတ္ေခ်။
" မင္းရဲ႕သ႐ုပ္မွန္ကို သက္ေသျပႏိုင္မယ့္ တျခားသက္ေသေတြရွိေသးလား၊ ဒီအၾကမ္းစာ႐ြက္ အြန္လိုင္းေပၚမွာ ျပန္႔ေနတာ ၾကာၿပီေလ"
က်န္းဟြားသည္ ရွန္ရွင္း၏စိုးရိမ္ေနပုံကို အာ႐ုံခံမိလိုက္သျဖင့္ ထပ္ေမးလိုက္ေလသည္။ သူ႔ေရွ႕က စိတ္လႈပ္ရွားေနသည့္ မိန္းကေလးကို ၾကည့္ရင္း က်န္းဟြားသည္ သူမက 'သခ်ၤာပါရမီရွင္'အတုျဖစ္ႏိုင္ေခ် အရမ္းမ်ားသည္ဟု ခံစားလိုက္ရေတာ့သည္။
ရွန္ရွင္းက ဘယ္လိုေျဖရမည္မွန္းမသိေသးခင္မွာပင္ က်န္းဟြားေဘးက လူငယ္မ်ားက စတင္ ေဆြးေႏြးၾကေတာ့သည္။ ေနာက္ဆုံးတြင္ အားလုံးက ေခါင္းညိတ္လိုက္ၾက၏။ သူတို႔ထဲကတစ္ေယာက္က ေမးခြန္းတစ္ခုကို အိတ္ထဲက ထုတ္လိုက္ေလသည္။
" မင္းရဲ႕သ႐ုပ္မွန္ကို သက္ေသျပဖို႔ တျခားနည္းလမ္းမရွိဘူးဆိုေတာ့ ကြၽန္ေတာ္တို႔ေတြ ဒီမွာပဲ စစ္ေဆးလိုက္ဖို႔ အခုပဲ တိုင္ပင္လိုက္ၾကတယ္၊ ဒါက ဒီႏွစ္ ကြၽန္ေတာ္တို႔ၿမိဳ႕ေတာက္တကၠသိုလ္က အထူးထုတ္ထားခဲ့တဲ့ လွ်ိဳ႕ဝွက္ေမးခြန္းပါ၊ မင္းက အဲဒီပုစာၦကို အြန္လိုင္းေပၚမွာ မွန္ေအာင္ေျဖႏိုင္တယ္ဆိုေတာ့ ဒီေမးခြန္းက မင္းအတြက္ အရမ္း႐ိုးရွင္းမွာပါ"
ထိုသို႔ေျပာလိုက္ၿပီး ထိုလူက ရွန္ရွင္းေရွ႕သို႔ ေမးခြန္းစာ႐ြက္ကို တြန္းပို႔လိုက္ေလသည္။ သည္စာ႐ြက္တစ္စုံသည္ ပါးလႊာသည့္ စာ႐ြက္ႏွစ္႐ြက္သာ ျဖစ္ေသာ္လည္း ထိုစာ႐ြက္ကေပးသည့္ ဖိအားက ရွန္ရွင္းအတြက္ေတာ့ ေတာင္ႏွစ္လုံးကို ထမ္းရသလိုပင္။
သည္အခိုက္တန္႔တြင္ ရွန္ယြဲ႕တစ္ေယာက္သာ မဂၢဇင္းကို ေအးေအးေဆးေဆး လွန္ေလွာဖတ္ေနဆဲ။ အားလုံး၏မ်က္လုံးမ်ားက ရွန္ရွင္းကို အာ႐ုံစိုက္ေနၾကေလသည္။
ထိုအျဖစ္က စိတ္လႈပ္ရွားႏွင့္ၿပီးသား ရွန္ရွင္းကို အားလုံး၏အၾကည့္ေအာက္တြင္ ပိုၿပီး စိတ္လႈပ္ရွားလာေစေတာ့သည္။ သူမသည္ မေနႏိုင္ေတာ့ဘဲ တုန္ရီလာေတာ့သည္။ ရွန္ရွင္းက သူမကိုယ္သူမ ေပြ႕ဖက္ထားလိုက္ၿပီး အလြန္ ရွက္စရာေကာင္းေအာင္ မျဖစ္ရေစရန္ စာ႐ြက္ကို လွန္ဖြင့္လိုက္ကာ ေမးခြန္းတစ္ခ်ိဳ႕ကို ခ်က္ခ်င္းေျဖၾကည့္ ခ်င္လိုက္သည္။
ကံဆိုးခ်င္ေတာ့ သူမ ျမင္သမွ်အားလုံးက သေကၤတမ်ားႏွင့္ သူမ နားမလည္ႏိုင္သည့္ စာမ်ားျဖစ္ေနေတာ့သည္။ သည္အခိုက္တြင္ သူမသည္ သည္ေန႔ကိုေတာ့ မျဖတ္ေက်ာ္ႏိုင္ေတာ့မွန္း ေသခ်ာသိလိုက္ေလသည္။ သူမက တုံ႔ေႏွးတုံ႔ေႏွးျဖင့္ ခ် မေရးခ်င္ျဖစ္ေနသည္ကို ျမင္လိုက္ရသျဖင့္ အားလုံးက စိတ္ထဲတြင္ အေျဖတစ္ခု ရသြားၾကေတာ့သည္။
" ဟုတ္ပါၿပီ၊ မင္း ဆက္ေရးစရာမလိုေတာ့ပါဘူး"
႐ုတ္တရက္ ႐ုံးခန္းအျပင္ဘက္က ၾကင္နာသည့္ေလသံတစ္ခု ဝင္လာခဲ့သည္။ ၾကင္နာတတ္သည့္ အဘိုးႀကီးတစ္ေယာက္မွန္း သိသာေလသည္။
သက္ေတာ္ေစာင့္ႏွစ္ေယာက္က ႐ုံးခန္းတံခါးကို တြန္းဖြင့္လိုက္သည္ႏွင့္ ခ်န္းယန္မွာ မယုံၾကည္ႏိုင္ေအာင္ ျဖစ္သြားၿပီး သူ႔မ်က္လုံးမ်ားကို ပြတ္လိုက္ေတာ့သည္။ အလင္းေရာင္ကို ေက်ာေပးၿပီး လူတစ္စုက တံခါးအျပင္ဘက္တြင္ ရပ္ေနၾကသည္။ သူတို႔ကို က်န္းဟြမ္ႏွင့္ က်ိဳး႐ႊမ္းက ဦးေဆာင္လာၿပီး ေနာက္မွ ဟန္လင္းႏွင့္ က်ိဳးယန္တို႔ ပါလာၾကသည္။
ခ်န္းယန္သည္ သက္ျပင္းမခ်ဘဲ မေနႏိုင္ျဖစ္သြားေတာ့သည္။ သူကေတာ့ ဒီေန႔ ဒီလက္ဖက္ေျခာက္ေကာင္းကို ဆက္သိမ္းထားလို႔ရေတာ့မွာမဟုတ္ဘူး။ အထင္ကရပုဂၢိဳလ္ေတြအမ်ားႀကီး အထက္တန္းေက်ာင္း ေသးေသးေလးတစ္ခုကို တကယ္ႀကီး ေရာက္ခ်လာၾကတယ္။
က်န္းဟြားက ခ်က္ခ်င္း ထရပ္လိုက္ၿပီး သူတို႔ကို ဦးစြာႀကိဳဆိုလိုက္ေလသည္။
"အေဖ၊ မစၥတာက်ိဳး ဒီကို ဘာလို႔ေရာက္လာၾကတာလဲ"
ထိုအခ်င္းအရာကို ျမင္လိုက္သည္တြင္ ရွန္ယြဲ႕က ပ်င္းရိေလးတြဲမေနေတာ့ဘဲ မ်က္လုံးေထာင့္မွ က်ိဳး႐ႊမ္းကို လွမ္းၾကည့္လိုက္၏။
"ရပါတယ္၊ မင္း ဒီေန႔ကိစၥကို ေကာင္းေကာင္း ကိုင္တြယ္ခဲ့ပါတယ္၊ ငါ ဒီကိုလာခဲ့တာက တျခားကိစၥရွိလို႔ပါ"
က်န္းဟြမ္က ေျပာရင္းဆိုရင္း ရွန္ရွင္းေဘးသို႔ ေလွ်ာက္သြားလိုက္ၿပီး သူ၏အရည္တြန္႔ေနသည့္ လက္တစ္ဖက္ႏွင့္ သူမ၏ေခါင္းကို အသာအယာ ပုတ္ေပးလိုက္ေလသည္။ သူ႔ေလသံက သိမ္ေမြ႕ေန၏။
" ရပါတယ္ ကေလးရယ္၊ ငါ မင္းကို အျပစ္မယူပါဘူး၊ အိမ္ျမန္ျမန္ျပန္လိုက္ေတာ့"
က်န္းဟြမ္၏ ၾကင္နာသည့္အၾကည့္ႏွင့္ ဆုံလိုက္ခ်ိန္တြင္ ရွန္ရွင္းအေပၚတြင္ ရွိေနသည့္ဖိအားမ်ားသည္ ေပါ့ပါးသြားသေယာင္။ သူမ၏မ်က္လုံးမ်ားက ခ်က္ခ်င္းနီရသြားၿပီး မ်က္လုံးေထာင့္မွ မ်က္ရည္မ်ား စီးက်သြားေတာ့သည္။
သူမသည္ တြင္းတစ္ခုရွာက ပုန္းေအာင္းခ်င္လိုက္ေတာ့သည္။ ဒါသည္ သူမဘဝတြင္ လူအားလုံးေရွ႕၌ ပထမဆုံးအႀကိမ္အရွက္ကြဲခဲ့ျခင္းပင္။ သူမက လွည့္ကာ က်န္းဟြမ္ကို ျမန္ျမန္ေတာင္းပန္လိုက္ၿပီးေနာက္ ငိုရင္း ႐ုံးခန္းအျပင္ဘက္သို႔ ေျပးထြက္သြားေတာ့သည္။
႐ုံးခန္းထဲတြင္ ရွိေနၾကသူအားလုံးက အျဖစ္အပ်က္ကို သေဘာေပါက္သြားၾကေတာ့သည္။ ၿမိဳ႕ေတာ္တကၠသိုလ္သို႔ အာမခံဝင္ခြင့္အေျခအေနက အလြန္ဆြဲေဆာင္မႈ ရွိခဲ့ေသာ္လည္း ရွန္ရွင္း၏ခ်ဥ္းကပ္ပုံက စိတ္ပ်က္စရာ ေကာင္းေနဆဲ။
က်န္းဟြမ္က ဆိုဖာအလယ္တြင္ ထိုင္လိုက္၏။
" ရပါၿပီ ဟြားအာ၊ ဒီကိစၥကို အေကာင္းဆုံး ေျဖရွင္းခဲ့ပါတယ္၊ အားလုံးကို အရင္ေခၚျပန္သြားလိုက္၊ က်ိဴး႐ႊမ္းနဲ႔ငါ ဒီမွာ ကိစၥေလးေတြ လုပ္စရာရွိေသးတယ္"
...