အပိုင်း (၁၄၄) လူချမ်းသာ
"နင့်မှာ ပိုက်ဆံရှိတယ်မလား"
တစ်စုံတစ်ယောက်က ရှန်ရှင်းအား ရှန်ယွဲ့ကို လက်ညိုးထိုးပြောဆိုဖို့ သတ္တိပေးခဲ့လေသည်။
" နင် ငါ့ကို ဆေးဖိုး ယွမ်တစ်သောင်းပေးပြီး ငါ့ကို ဒူးထောက်တောင်းပန်ရင် နင့်ကို ခွင့်လွှတ်ပေးဖို့ စဥ်းစားပေးမယ်"
သည်အခိုက်တွင် ရှန်အန်းသည် နောက်ဆုံးတော့ မနေနိုင်တော့ဘဲ ဝင်ပြောလိုက်လေသည်။
" ရှန်ရှင်း ဘာလို့ ဒီလိုစကားမျိုး ပြောရတာလဲ၊ သမီးတို့အားလုံးက ညီအစ်မအရင်းတွေပဲလေ၊ ဘယ်လိုလုပ်ပြီး အစ်မကို ဒူးထောက်ခိုင်းရက်တာလဲ...."
"ရပါတယ် အဖေရယ်"
ရှန်ယွဲ့က ရှန်အန်းကို ဆက်မပြောတော့ဖို့ တားလိုက်လေသည်။ သူမ၏အဖေက ဆက်ပြောနေလျှင် သူသည် သေချာပေါက် ဆွန်းလင်၏အဆူအဆဲကို ခံရတော့မည်မှန်း ရှန်ယွဲ့ သိနေသည်. ရှန်ယွဲ့၏ ရှည်လျား ကျဥ်းမြောင်းထားသည့် မျက်လုံးများက မှိန်ဖျော့သွား၏။
" နင် ဒီလောက်စကားအများကြီးပြောနေတာ ပိုက်ဆံလိုချင်ပဲမလား၊ ငါ ဒီအတိုင်း နင့်ကို ပေးလိုက်လို့ရပါတယ်"
ထိုသို့ပြောရင်း သူမက ဆွန်းလင်ဘက်သို့ လှည့်ကြည့်လိုက်၏။
" နောက်ဆိုရင် တစ်လ ယွမ် ၅၀၀၀ ပေးနိုင်ပါတယ်"
ထိုစကားကို ကြားလိုက်ပြီး ဆွန်းလင်၏မျက်လုံးများသည် လင်းလက်သွားတော့သည်။ သို့သော် သူမက ပြောလိုက်သေးသည်။
" ယွမ် ၅၀၀၀ပဲဟုတ်လား၊ နင်က သူတောင်းစားကို မောင်းထုတ်နေတာလား"
ရှန်ချန်လည်း ထရပ်လိုက်၏။
" အမေ အစ်မ ပိုက်ဆံရှာရတာ အရမ်းပင်ပန်းတာ၊ တစ်လ ယွမ်၅၀၀၀က အရမ်းတောင်များနေပြီ"
"အရမ်းများတယ်လို့ ထင်တယ်ဆိုရင်လည်း မယူနဲ့လေ" ရှန်ယွဲ့က အမှတ်တမဲ့ စုပ်သပ်လိုက်ပြီး
" သမီးကို ဒူးထောက်ခိုင်းဖို့ကတော့...."
ရှန်ယွဲ့သည် စကားဆုံးသွားသည်နှင့် သူမ၏ဖုန်းကို ထုတ်လိုက်ပြီး ဆွန်းလင်၏အကောင့်ကို ဖွင့်လိုက်လေသည်။ တစ်ချိန်ထဲတွင် သူမက ထရပ်လိုက်ကာ ရှန်ရှင်းထံသို့ လျှောက်သွားလိုက်၏။ ထို့နောက် သူမက ပြုံးကာ လက်ကိုမြောက်လိုက်ပြီး ရှန်ရှင်း၏ပါးကို ထပ်ရိုက်လိုက်တော့သည်။
ထိုအခိုက်အတန့်လေးသည် လျှပ်စီးလက်သလိုဖြစ်သွားပြီး ရှန်ရှင်းမှာ ကြောင်သွားကာ လုံးဝ ပြန်မတုန့်ပြန်နိုင်ခဲ့ချေ။ ထို့နောက်တွင် ပါးရိုက်ခံလိုက်ရပြီးသည်နှင့်ချက်ချင်း ဆွန်းလင်၏ဖုန်းက အသံမြည်လာလေသည်။ အသိပေးချက်က တိတ်ဆိတ်နေသည့်အခန်းထဲတွင် ထူးထူးခြားခြား ကျယ်လောင်နေတော့သည်။
" သင့်ဖုန်းထဲသို့ ယွမ် ၅သောင်း လွဲပြီးပါပြီ"
နာကျင်မှုသည် ရှန်ရှင်၏ပါးပေါ်တွင် တဖြည်းဖြည်းပေါ်လာချိန်၌ သည်စက္ကန့်ပိုင်းအတွင်း ဖြစ်ပျက်သွားသည်များကို သိလိုက်ရတော့သည်။ သူမသည် သူမ၏မျက်လုံးထဲက သည်ဆန်ကုန်မြေလေးက တစ်နေ့တည်း သူမကို ပါးသုံးကြိမ် ရိုက်ခဲ့သည်ကို မယုံကြည်နိုင်ဖြစ်နေတော့သည်။
သည်အခိုက်တွင် ရှန်ယွဲ့၏မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာလေသည်။
" ဟုတ်ပြီ၊ ဒီရိုက်ချက်က ငါ့ကို ဒူးထောက်ခိုင်းခဲ့တဲ့ တန်ကြေးပဲ၊ ငါ နင်လိုချင်တဲ့ ယွမ် ၁၀,၀၀၀ လျော်ပေးပြီးပြီနော်၊ ပိုတဲ့ငွေကိုတော့ ငါလှူတာလို့ သဘောထားလိုက်"
ရှန်ယွဲ့က ဂရုမစိုက်သလို လက်ကိုသုတ်လိုက်ပြီး အနည်းငယ်ပင်ပန်းသွားတော့သည်။
" အဖေ ၊မောင်လေး ပြန်ပြီး အနားယူလိုက်တော့လေ၊ ဒီနေ့ ပင်ပန်းသွားကြပြီ"
ထိုသို့ပြောလိုက်ပြီး ထိုနှစ်ယောက် စိတ်လွှတ်နေသည်ကို ထားခဲ့ပြီး သူမက လှည့်ထွက်သွားကာ အခန်းဆီပြန်သွားလိုက်လေသည်။
အစ်မဖြစ်သူက အခန်းဆီပြန်သွားသည်ကို တွေ့လိုက်ရသည်နှင့် ရှန်ချန်လည်း မြန်မြန်ပြေးပြန်သွားပြီး တံခါးကို ပိတ်လိုက်၏။ သူက ရှန်ယွဲ့ဆိ စာတစ်စောင်ပို့လိုက်လေသည်။
"အစ်မ နင် အဆင်ပြေရဲ့လား"
ရှန်ယွဲ့သည် ရှန်ချန်၏စာကို တွေ့လိုက်ချိန်တွင် သူမဘေးက ကိစ္စများနှင့် အလုပ်ရှုပ်မနေချေ။
" အရူးလေး အစ်မဆီမှာ ဘာဖြစ်နိုင်မှာမလို့လဲ၊ နင် ဆေးကို သေချာလိမ်းပြီးပြီလား"
အစ်မဖြစ်သူ အဆင်ပြောသည်ဟု သိလိုက်ရသဖြင့် ရှန်ချန်လည်း ပြုံးလိုက်လေသည်။
" ဒါပေါ့ အစ်မရဲ့၊ ငါ နေ့တိုင်း အချိန်မှန် ဆေးလိမ်းပါတယ်နော်"
စကားနည်းနည်းပါးပါး ပြောလိုက်ကြပြီးနောက်တွင် မောင်နှမနှစ်ယောက်သည် အိပ်ပျော်သွားကြလေသည်။
နောက်တစ်နေ့မနက်တွင် နေသည် တက်ကြွစွာ မြင့်တက်လာပြီး ပြင်းထန်သည့်အနွေးဓာတ်ကို ထုတ်လွှတ်နေတော့သည်။
သည်အခိုက်တွင် ဗဟိုမြို့တော်၏ ကျက်သရေရှိလှသည့် အိမ်တော်တစ်ခု၌ မြို့တော်တက္ကသိုလ်၏ ကျောင်းအုပ်ကြီး ကျန်းဟွမ်က လက်ထဲတွင် ဘောပင်တစ်ချောင်းကိုင်ထားတာ ကျန်လက်တစ်ဖက်တွင်တော့ စာရွက်တစ်ရွက်ကို ကိုင်ထားလေသည်။ အဘိုးကြီးကျန်းက စာရေးနေစဥ် တံခါးခေါက်သံတစ်ခု ထွက်လာလေသည်။
" ဝင်လာခဲ့၊ ဘာကိစ္စရှိလို့လဲ"
ကျန်းဟွမ်က လုပ်လက်စကို မရပ်လိုက်ချေ။
အိမ်တော်ထိန်းက ဝင်လာပြီး သူ့ဖုန်းကို ကမ်းပေးလိုက်လေသည်။
" တတိယသခင်လေးက ဖုန်းခေါ်တာပါ၊ အရေးကြီး ပြောစရာရှိလို့ပါတဲ့"
ကျန်းဟွမ်က ဖုန်းကို လှမ်းယူလိုက်ပြီး အနည်းငယ် ပျော်သွားဟန်တူလေသည်။
" ဘာကိစ္စလဲ ဟွားအာ၊ ငါ့ကို အရေးကြီးကိစ္စပြောစရာ ရှိတယ်ဆို၊ ဧကန္တ ဟို'သင်္ချာပါရမီရှင်' နဲ့ပတ်သက်နေတာလား"
"ဟုတ်တယ် အဖေ ၊မနေ့ညက Sမြို့ အမှတ်(၁)အထက်ကျောင်း ကျောင်းအုပ်ကြိး ချန်းယန်က ဖုန်းခေါ်လာပြီး ပြောခဲ့တာ၊ အမှတ် (၁)အထက်တန်းကျောင်းက ရှန်ရှင်းလို့ခေါ်တဲ့ ကျောင်းသူတစ်ယောက်က အွန်လိုင်းပေါ်က ပုစ္ဆာကို ဖြေခဲ့တဲ့သူလို့ ပြောခဲ့တယ်တဲ့"
ကျန်းဟွားက မနေ့ညက ဖုန်းပြောခဲ့သည့်အကြောင်းကို သူ့အဖေအား အသေးစိတ်ပြောပြလိုက်လေသည်။
"လင်ရှောင်းက သူ့ကို တစ်ခါ အင်တာဗျူးပြီးသွားပြီ၊ဒါပေမဲ့ ချန်းယန်ရဲ့ တုန့်ပြန်ပုံအရဆိုရင် အားလုံးက ရှန်ရှင်းရဲ့ သရုပ်မှန် စစ်မှန်တာကို သဘောမတူကြဘူးတဲ့၊ အင်တာဗျူးအသစ်တစ်ခု လုပ်စေချင်ပါတယ်တဲ့"
" ကိစ္စမရှိဘူးလေ"
ကျန်းဟွမ်သည် ပြုံးလိုက်ပြီး ချက်ချင်း သဘောတူလိုက်လေသည်။
" ဒီကိစ္စက အရမ်းအရေးကြီးတယ်၊ မင်း လုပ်လက်စတွေကို ခဏချထားပြီး Sမြို့ကို ချက်ချင်းသွားလိုက်၊ မင်း အဲဒီကိစ္စကို ရှင်းရှင်းလင်းလင်းဖြစ်အောင် သေချာလုပ်ရမယ်"
ထိုသို့ပြောလိုက်ပြီးနောက် ကျန်းဟွမ်၏စိတ်ထဲတွင် မေးခွန်းများစွာ ပေါ်ပေါက်လာလေသည်။
'သင်္ချာပါရမီရှင်'က မြို့တော် တက္ကသိုလ်က ဖိတ်ကြားတာကို ငြင်းခဲ့ပြီးပြီပဲ၊ အခုမှ ဘာလို့ ရုတ်တရက်ကြီး သူ့သရုပ်မှန်ကို ထုတ်ဖော်လိုက်တာလဲ။
ကျိုးရွှမ်း ပြောနေတဲ့ ဇီးရိုး ဆိုတာကလည်း Sမြို့မှာ ပေါ်လာခဲ့တယ်။ ပြီးခဲ့အခေါက်က သူ့ကို ကယ်ခဲ့တဲ့မိန်းကလေးနာမည်က ရှန်ယွဲ့တဲ့။ ရှန်ယွဲ့က ဒီရှန်ရှင်းနဲ့များ ပတ်သက်နေမလား။ ဒါတွေအားလုံးကို ဒီအတိုင်း အရမ်းကို တိုက်ဆိုင်လွန်းနေတာလား။
...
အပိုင်း (၁၄၅) တိုက်ဆိုင်မှုလား
ဖုန်းတစ်ဖက်တွင် ကျန်းဟွားသည် သူ့အဖေက အချိန်တော်တော်ကြာအောင်တိတ်သွားသည်ကို တွေ့လိုက်သဖြင့် သူက အရင်ဆုံး စကားစပြောလိုက်တော့သည်။
"အဖေ စိတ်မပူပါနဲ့၊ ကျွန်တော် ဒီကိစ္စကို ကိုင်တွယ်လိုက်ပါ့မယ်"
ဖုန်းချလိုက်ပြီးနောက် ကျန်းဟွားက စက္ကန့်အနည်းငယ်လောက် စဥ်းစားလိုက်ပြီးနောက်တွင် နောက်ဖုန်းနံပါတ်တစ်ခုကို ခေါ်လိုက်လေသည်။
"ကျောင်းအုပ်ကြီးချန်း မနက်ဖြန် မနက် ၉နာရီ ကျရင် ကျွန်တော်ကိုယ်တိုင် လူတစ်ယောက်ခေါ်လာပြီး အင်တာဗျူးတစ်ခု စီစဥ်လိုက်မယ် ၊ ကျေးဇူးပြုပြီး ရှန်ရှင်းကို ပြင်ဆင်ထားခိုင်းလိုက်ပါ"
တစ်ချိန်ထဲတွင် ကျန်းဟွားသည် သင်္ချာပညာရှင်တစ်ချို့ကိုလည်း ဆက်သွယ်လိုက်ပြီး မနက်ဖြန်သွားဖို့ရန် ပြင်ဆင်လိုက်လေသည်။
သည်အခိုက်တွင် ကျန်းမိသားစု၏ စာကြည့်ခန်းထဲက အတွေးများနှင့် ရှုပ်ထွေးနေသည့် ကျန်းဟွမ်က ကျိုးရွှမ်းကို ဖုန်းခေါ်လိုက်သည်။
ဖယ်ဒရေးရှင်း ဗဟိုမြို့တော်တွင် အလုပ်လုပ်နေသည့် ကျိုးရွှမ်းသည် လူကြီးမင်းကျန်း၏ဖုန်း ကိုတွေ့လိုက်ရသဖြင့် အနည်းငယ်အံ့ဩသွားတော့သည်။
"လူကြီးမင်းကျန်း ဘာလို့ ဖုန်းခေါ်တာလဲမသိဘူးခင်ဗျာ"
သူတို့နှစ်ယောက်သည် အချင်းချင်း ရင်းနှီးပြီးသားဖြစ်သဖြင့် နေကောင်းကျန်းမာကြောင်း လောကွတ်လုပ်မနေတော့ဘဲ အကြောင်းအရင်းကိုသာ မေးလိုက်လေသည်။
"ကျိုးရွှမ်း ငါ မင်းကို မေးစရာတစ်ခုရှိလို့"
ကျန်းဟွမ်သည် စာရွက်နှင့်ဘောပင်ကို ချထားလိုက်ပြီး ဆိုဖာပေါ်တွင် ထိုင်လိုက်လေသည်။
" ပြီးခဲ့တဲ့အခေါက်က ငါ မင်းကို ပြောပြခဲ့တဲ့ 'သင်္ချာပါရမီရှင်'ကလေ Sမြို့ အမှတ်(၁)အထက်တန်းကျောင်းမှာ ပေါ်လာတယ်တဲ့၊ သူ့နာမည်က ရှန်ရှင်းတဲ့"
" အဲဒါမကောင်းဘူးလား၊ လူကြီးမင်းကျန်းက အဲဒီပုဂ္ဂိုလ်ကို အမြဲတမ်း မြို့တော်တက္ကသိုလ်ကို ဝင်စေချင်ခဲ့တာမလား" ကျိုးရွှမ်းက ခပ်ရေးရေး ပြုံးလိုက်၏။
ကျန်းဟွမ်က စက္ကန့်ပိုင်းလောင် တုံ့ဆိုင်းသွားပြီး
" ကျိုးရွှမ်း မင်း မှတ်မိသေးလားတော့မသိဘူး ငါ မသိသေးတာ တစ်ခုခုရှိနေတယ်၊ ပြီးခဲ့တဲ့တစ်ခေါက် ငါ ဖယ်ဒရေးရှင်း ပထမဘဏ်အပြင်ဘက်မှာ မတော်တဆ သတိလစ်သွားသေးတယ်လေ၊ ငါ့ကို ကယ်ခဲ့တာ ရှန်ယွဲ့လို့ခေါ်တဲ့ ဆေးပညာအရမ်းတော်တဲ့ မိန်းကလေးတစ်ယောက်ပဲ၊ ဒီရှန်ယွဲ့က ရှန်ရှင်းနဲ့ ပတ်သက်နေလိမ့်မယ်လို့ ဝိုးတိုးဝါးတား ခံစားမိနေတယ်၊ ပြီးတော့ ဇီးရိုးကလည်း Sမြို့မှာ ပေါ်လာခဲ့တယ်လေ၊ ဒါတွေအားလုံးက တကယ်ပဲ တိုက်ဆိုင်မှုသက်သက်ပဲလား"
ကျိုးရွှမ်းသည် ဘာကိုမှမဖုံးကွယ်ထားပဲ လူကြီးမင်းကျန်းကို ရှန်ယွဲ့အကြောင်း အားလုံးပြောလိုက်တော့သည်။
" အမှန်အတိုင်းပြောရရင် ရှန်ယွဲ့လို့ခေါ်တဲ့ ဒီမိန်းကလေးကလည်း ကျိူးယန်ရဲ့ကျေးဇူးရှင်ပါပဲ၊ သူ့မိသားစုက ဆင်းရဲသားရပ်ကွက်မှာနေတာ၊ ပြီးတော့ သူ့ဘေးမှာ ကျိုးမိသားစုရဲ့ သက်တော်စောင့်တွေ ရှိပါတယ်၊ ဒါပေမဲ့ ဒီရှန်ယွဲ့က အပေါ်ယံမြင်ရသလောက် လုံးဝမရိုးရှင်းဘူး"
ထိုစကားကို ကြားလိုက်ချိန်တွင် ကျန်းဟွမ်သည် တစ်ခုခုကို ရုတ်တရက်တွေးမိသွားတော့သည်။ သူက ပြုံးကာ သူ့ခေါင်းကို ပုတ်လိုက်လေသည်။
" ဟွားအာက မနက်ဖြန် မနက် ရှန်ရှင်းကို အင်တာဗျူးဖို့ သွားမှာ၊ ရည်ရွယ်ချက်မရှိ လျှောက်စဥ်းစားနေမဲ့အစား ငါတို့တွေ မနက်ဖြန်အင်တာဗျူးမှာ ရှန်ယွဲ့ကို ဝင်မေးခိုင်းကြမလား၊ အတူတူသွားပြီး လေ့လာကြတာပေါ့"
ကျိုးရွှမ်းက မနက်ဖြန်အတွက် သူ့အချိန်ဇယားကို စဥ်းစာလိုက်ပြီး လူကြီးမင်းကျန်း၏တောင်းဆိုချက်ကို သဘောတူလိုက်လေသည်။ ထို့နောက် သူက သူ့လက်ထောက်ကို လှမ်းခေါ်လိုက်၏။
"မနက်ဖြန်လုပ်ရမယ့် အသေးအမွှားကိစ္စတွေကို နောက်ဆုတ်ထားလိုက်၊ ငါ Sမြို့ကို သွားရမယ်၊ ဟန်လင်းကို ဒီအကြောင်းပြောထားလိုက်"
ကျိုးရွှမ်းကို အံ့ဩရစေသည်က ကျိုးယန်ကလည်း တစ်နေရာမှ သည်သတင်းကို ကြားလိုက်ပြီး နေ့လည်ခင်း ကုမ္ပဏီသို့ အပြေးအလွှားရောက်လာတော့သည်။
"ဦးလေး ကျွန်တော်လည်း Sမြို့ကို သွားချင်တယ်၊ ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်တော့်ကို ကယ်ပေးခဲ့တဲ့ မိန်းကလေးကို သွားရှာချင်တယ်"
ကျိုးရွှမ်း၏လေသံက အလွန်လေးနက်နေသည်။
" အဓိပ္ပါယ်မရှိတာ၊ ငါက Sမြို့ကို အရေးကြီးကိစ္စအတွက် သွားရမှာ၊ မင်းကို ခေါ်ပြီး သူ့ကိုသွားရှာဖို့ ဘယ်လိုလုပ်အချိန်ရမှာလဲ"
ကျိုးယန်က မြန်မြန်ရှင်းရှင်းပြလိုက်ရာ သူ့လေသံက အနည်းငယ် ချွဲနေလေတော့သည်။
" ကျွန်တော်က အဲဒီတုန်းက ကျွန်တော့်အသက်ကို ကယ်ပေးခဲ့တဲ့အတွက် သူ့ကို ကိုယ်တိုင် ကျေးဇူးတင်စကားပြောချင်တာပါ၊ ပြီးတော့ ကျွန်တော်တို့ ကျိုးမိသားစုကို အရှက်ရအောင်မလုပ်ပါဘူး၊ ဦးလေး ကျေးဇူးပြုပြီးတော့ပါလို့"
ကျိုးရွှမ်းသည် ကျိုးမိသားစု၏မိသားစုဝင်တစ်ယောက်အနေဖြင့် ကျိုးယန်သည် ရှန်ယွဲ့ကို ကျေးဇူးတင်ကြောင်း အမှန်ပင် ပြသသင့်သည်ဟု ထင်လေသည်။ ထို့အပြင် သူသွားတွေ့မည့်သူကလည်း ရှန်ယွဲ့ဖြစ်နေသည်။ ခဏလောက်စဥ်းစားလိုက်ပြီးနောက် ကျိူးရွှမ်းက ကျိုးယန်ကို Sမြို့သို့ခေါ်သွားရန် နောက်ဆုံးတော့ သဘောတူလိုက်တော့သည်။
သူ့ဦးလေးက သူ့တောင်းဆိုချက်ကို သဘောတူလိုက်ပြီးမှန်း သိလိုက်သဖြင့် ကျိုးယန်သည် အလွန်စိတ်လှုပ်ရှားသွားတော့သည်။ အချိန်အရမ်းကြာသွားပြီးမှ သူသည် နောက်ဆုံးတော့ သူ့ကျေးဇူးရှင်ကို တွေ့ရတော့မည်။ ထို့အပြင် သည်လျှို့ဝှက်ဆန်းကျယ်သည့် အထက်တန်းကျောင်းသူ ရှန်ယွဲ့ကို စိတ်ဝင်စားနေလေသည်။
Sမြို့။
ရှန်ယွဲ့သည် ရှန်ချန်ကို ခါတိုင်းလို ကွန်ပျူတာပရိုဂရမ်ရေးနည်း သင်ပေးနေလေသည်။ ရှန်ချန်သည် သည်နယ်ပယ်တွင် အင်မတန်အရည်အချင်းရှိသည်ကိုလည်း သူမ သိလိုက်ရသည်။ သူ့လေ့လာနိုင်စွမ်းရည်က ကမ္ဘာ့အဆင့်ဟက်ကာများထဲက တစ်ယောက်ထက်မနိမ့်ချေ။
သူမသည် ရှန်ချန်ကို စိတ်ရှည်ရှင်နှင့် ရှင်းပြလိုက်၏။
" ငါအခု နင့်ကို သင်ပေးနေတာတွေက ဗိုင်းရက်စ်ထည့်နည်းနဲ့ firewall ဆောက်နည်း အခြေခံအကျဆုံး အချက်တွေပဲ၊ ဒါကို လေ့လာပြီးရင် နင် သင့်တော်တဲ့ကွန်ပျူတာပရိုဂရမ်တစ်ချို့ကို ရေးနိုင်လိမ့်မယ်၊ ပိုအဆင့်မြင့်တဲ့ ပရိုဂရမ်ရေးဖို့အတွက်ကတော့ နင့်လေ့လာနိုင်စွမ်းပေါ်ပဲ မူတည်တယ်"
ဘေးအခန်းတွင် ရှိနေသည့်ရှန်ရှင်းသည် စာတစ်စောင် လက်ခံရရှိခဲ့လေသည်။
[မနက်ဖြန် မနက် ကိုးနာရီ ကျောင်းအုပ်ကြီး ရုံးခန်းကို လာခဲ့ပါ __ ချန်းယန်]
ရှန်ရှင်းက မြို့တော်တက္ကသိုလ်ဝင်ခွင့်အာမခံ ကိစ္စဖြစ်လိမ့်မည်ဟု တွေးလိုက်ပြီး သူမ၏ဖုန်းစခရင်ကို မြန်မြန် စာပြန်ရိုက်လိုက်လေသည်။ သူမသည် စာပြန်နေရင်း မြို့တော်တက္ကသိုလ်သို့ ဝင်ရောက်သွားသည့် သူမ၏ပုံရိပ်ကို စိတ်ကူးကြည့်နေမိတော့သည်။
သူမ မသိလိုက်သည်က ရှန်ယွဲ့၏ဖုန်းကလည်း သည်စာကို လက်ခံရရှိခဲ့ခြင်းပင်။
...
Zawgyi
အပိုင္း (၁၄၄) လူခ်မ္းသာ
"နင့္မွာ ပိုက္ဆံရွိတယ္မလား"
တစ္စုံတစ္ေယာက္က ရွန္ရွင္းအား ရွန္ယြဲ႕ကို လက္ညိဳးထိုးေျပာဆိုဖို႔ သတၱိေပးခဲ့ေလသည္။
" နင္ ငါ့ကို ေဆးဖိုး ယြမ္တစ္ေသာင္းေပးၿပီး ငါ့ကို ဒူးေထာက္ေတာင္းပန္ရင္ နင့္ကို ခြင့္လႊတ္ေပးဖို႔ စဥ္းစားေပးမယ္"
သည္အခိုက္တြင္ ရွန္အန္းသည္ ေနာက္ဆုံးေတာ့ မေနႏိုင္ေတာ့ဘဲ ဝင္ေျပာလိုက္ေလသည္။
" ရွန္ရွင္း ဘာလို႔ ဒီလိုစကားမ်ိဳး ေျပာရတာလဲ၊ သမီးတို႔အားလုံးက ညီအစ္မအရင္းေတြပဲေလ၊ ဘယ္လိုလုပ္ၿပီး အစ္မကို ဒူးေထာက္ခိုင္းရက္တာလဲ...."
"ရပါတယ္ အေဖရယ္"
ရွန္ယြဲ႕က ရွန္အန္းကို ဆက္မေျပာေတာ့ဖို႔ တားလိုက္ေလသည္။ သူမ၏အေဖက ဆက္ေျပာေနလွ်င္ သူသည္ ေသခ်ာေပါက္ ဆြန္းလင္၏အဆူအဆဲကို ခံရေတာ့မည္မွန္း ရွန္ယြဲ႕ သိေနသည္. ရွန္ယြဲ႕၏ ရွည္လ်ား က်ဥ္းေျမာင္းထားသည့္ မ်က္လုံးမ်ားက မွိန္ေဖ်ာ့သြား၏။
" နင္ ဒီေလာက္စကားအမ်ားႀကီးေျပာေနတာ ပိုက္ဆံလိုခ်င္ပဲမလား၊ ငါ ဒီအတိုင္း နင့္ကို ေပးလိုက္လို႔ရပါတယ္"
ထိုသို႔ေျပာရင္း သူမက ဆြန္းလင္ဘက္သို႔ လွည့္ၾကည့္လိုက္၏။
" ေနာက္ဆိုရင္ တစ္လ ယြမ္ ၅၀၀၀ ေပးႏိုင္ပါတယ္"
ထိုစကားကို ၾကားလိုက္ၿပီး ဆြန္းလင္၏မ်က္လုံးမ်ားသည္ လင္းလက္သြားေတာ့သည္။ သို႔ေသာ္ သူမက ေျပာလိုက္ေသးသည္။
" ယြမ္ ၅၀၀၀ပဲဟုတ္လား၊ နင္က သူေတာင္းစားကို ေမာင္းထုတ္ေနတာလား"
ရွန္ခ်န္လည္း ထရပ္လိုက္၏။
" အေမ အစ္မ ပိုက္ဆံရွာရတာ အရမ္းပင္ပန္းတာ၊ တစ္လ ယြမ္၅၀၀၀က အရမ္းေတာင္မ်ားေနၿပီ"
"အရမ္းမ်ားတယ္လို႔ ထင္တယ္ဆိုရင္လည္း မယူနဲ႔ေလ" ရွန္ယြဲ႕က အမွတ္တမဲ့ စုပ္သပ္လိုက္ၿပီး
" သမီးကို ဒူးေထာက္ခိုင္းဖို႔ကေတာ့...."
ရွန္ယြဲ႕သည္ စကားဆုံးသြားသည္ႏွင့္ သူမ၏ဖုန္းကို ထုတ္လိုက္ၿပီး ဆြန္းလင္၏အေကာင့္ကို ဖြင့္လိုက္ေလသည္။ တစ္ခ်ိန္ထဲတြင္ သူမက ထရပ္လိုက္ကာ ရွန္ရွင္းထံသို႔ ေလွ်ာက္သြားလိုက္၏။ ထို႔ေနာက္ သူမက ၿပဳံးကာ လက္ကိုေျမာက္လိုက္ၿပီး ရွန္ရွင္း၏ပါးကို ထပ္႐ိုက္လိုက္ေတာ့သည္။
ထိုအခိုက္အတန္႔ေလးသည္ လွ်ပ္စီးလက္သလိုျဖစ္သြားၿပီး ရွန္ရွင္းမွာ ေၾကာင္သြားကာ လုံးဝ ျပန္မတုန္႔ျပန္ႏိုင္ခဲ့ေခ်။ ထို႔ေနာက္တြင္ ပါး႐ိုက္ခံလိုက္ရၿပီးသည္ႏွင့္ခ်က္ခ်င္း ဆြန္းလင္၏ဖုန္းက အသံျမည္လာေလသည္။ အသိေပးခ်က္က တိတ္ဆိတ္ေနသည့္အခန္းထဲတြင္ ထူးထူးျခားျခား က်ယ္ေလာင္ေနေတာ့သည္။
" သင့္ဖုန္းထဲသို႔ ယြမ္ ၅ေသာင္း လြဲၿပီးပါၿပီ"
နာက်င္မႈသည္ ရွန္ရွင္၏ပါးေပၚတြင္ တျဖည္းျဖည္းေပၚလာခ်ိန္၌ သည္စကၠန႔္ပိုင္းအတြင္း ျဖစ္ပ်က္သြားသည္မ်ားကို သိလိုက္ရေတာ့သည္။ သူမသည္ သူမ၏မ်က္လုံးထဲက သည္ဆန္ကုန္ေျမေလးက တစ္ေန႔တည္း သူမကို ပါးသုံးႀကိမ္ ႐ိုက္ခဲ့သည္ကို မယုံၾကည္ႏိုင္ျဖစ္ေနေတာ့သည္။
သည္အခိုက္တြင္ ရွန္ယြဲ႕၏မ်က္ႏွာေပၚ၌ အၿပဳံးတစ္ခု ေပၚလာေလသည္။
" ဟုတ္ၿပီ၊ ဒီ႐ိုက္ခ်က္က ငါ့ကို ဒူးေထာက္ခိုင္းခဲ့တဲ့ တန္ေၾကးပဲ၊ ငါ နင္လိုခ်င္တဲ့ ယြမ္ ၁၀,၀၀၀ ေလ်ာ္ေပးၿပီးၿပီေနာ္၊ ပိုတဲ့ေငြကိုေတာ့ ငါလႉတာလို႔ သေဘာထားလိုက္"
ရွန္ယြဲ႕က ဂ႐ုမစိုက္သလို လက္ကိုသုတ္လိုက္ၿပီး အနည္းငယ္ပင္ပန္းသြားေတာ့သည္။
" အေဖ ၊ေမာင္ေလး ျပန္ၿပီး အနားယူလိုက္ေတာ့ေလ၊ ဒီေန႔ ပင္ပန္းသြားၾကၿပီ"
ထိုသို႔ေျပာလိုက္ၿပီး ထိုႏွစ္ေယာက္ စိတ္လႊတ္ေနသည္ကို ထားခဲ့ၿပီး သူမက လွည့္ထြက္သြားကာ အခန္းဆီျပန္သြားလိုက္ေလသည္။
အစ္မျဖစ္သူက အခန္းဆီျပန္သြားသည္ကို ေတြ႕လိုက္ရသည္ႏွင့္ ရွန္ခ်န္လည္း ျမန္ျမန္ေျပးျပန္သြားၿပီး တံခါးကို ပိတ္လိုက္၏။ သူက ရွန္ယြဲ႕ဆိ စာတစ္ေစာင္ပို႔လိုက္ေလသည္။
"အစ္မ နင္ အဆင္ေျပရဲ႕လား"
ရွန္ယြဲ႕သည္ ရွန္ခ်န္၏စာကို ေတြ႕လိုက္ခ်ိန္တြင္ သူမေဘးက ကိစၥမ်ားႏွင့္ အလုပ္ရႈပ္မေနေခ်။
" အ႐ူးေလး အစ္မဆီမွာ ဘာျဖစ္ႏိုင္မွာမလို႔လဲ၊ နင္ ေဆးကို ေသခ်ာလိမ္းၿပီးၿပီလား"
အစ္မျဖစ္သူ အဆင္ေျပာသည္ဟု သိလိုက္ရသျဖင့္ ရွန္ခ်န္လည္း ၿပဳံးလိုက္ေလသည္။
" ဒါေပါ့ အစ္မရဲ႕၊ ငါ ေန႔တိုင္း အခ်ိန္မွန္ ေဆးလိမ္းပါတယ္ေနာ္"
စကားနည္းနည္းပါးပါး ေျပာလိုက္ၾကၿပီးေနာက္တြင္ ေမာင္ႏွမႏွစ္ေယာက္သည္ အိပ္ေပ်ာ္သြားၾကေလသည္။
ေနာက္တစ္ေန႔မနက္တြင္ ေနသည္ တက္ႂကြစြာ ျမင့္တက္လာၿပီး ျပင္းထန္သည့္အေႏြးဓာတ္ကို ထုတ္လႊတ္ေနေတာ့သည္။
သည္အခိုက္တြင္ ဗဟိုၿမိဳ႕ေတာ္၏ က်က္သေရရွိလွသည့္ အိမ္ေတာ္တစ္ခု၌ ၿမိဳ႕ေတာ္တကၠသိုလ္၏ ေက်ာင္းအုပ္ႀကီး က်န္းဟြမ္က လက္ထဲတြင္ ေဘာပင္တစ္ေခ်ာင္းကိုင္ထားတာ က်န္လက္တစ္ဖက္တြင္ေတာ့ စာ႐ြက္တစ္႐ြက္ကို ကိုင္ထားေလသည္။ အဘိုးႀကီးက်န္းက စာေရးေနစဥ္ တံခါးေခါက္သံတစ္ခု ထြက္လာေလသည္။
" ဝင္လာခဲ့၊ ဘာကိစၥရွိလို႔လဲ"
က်န္းဟြမ္က လုပ္လက္စကို မရပ္လိုက္ေခ်။
အိမ္ေတာ္ထိန္းက ဝင္လာၿပီး သူ႔ဖုန္းကို ကမ္းေပးလိုက္ေလသည္။
" တတိယသခင္ေလးက ဖုန္းေခၚတာပါ၊ အေရးႀကီး ေျပာစရာရွိလို႔ပါတဲ့"
က်န္းဟြမ္က ဖုန္းကို လွမ္းယူလိုက္ၿပီး အနည္းငယ္ ေပ်ာ္သြားဟန္တူေလသည္။
" ဘာကိစၥလဲ ဟြားအာ၊ ငါ့ကို အေရးႀကီးကိစၥေျပာစရာ ရွိတယ္ဆို၊ ဧကႏၲ ဟို'သခ်ၤာပါရမီရွင္' နဲ႔ပတ္သက္ေနတာလား"
"ဟုတ္တယ္ အေဖ ၊မေန႔ညက Sၿမိဳ႕ အမွတ္(၁)အထက္ေက်ာင္း ေက်ာင္းအုပ္ႀကိး ခ်န္းယန္က ဖုန္းေခၚလာၿပီး ေျပာခဲ့တာ၊ အမွတ္ (၁)အထက္တန္းေက်ာင္းက ရွန္ရွင္းလို႔ေခၚတဲ့ ေက်ာင္းသူတစ္ေယာက္က အြန္လိုင္းေပၚက ပုစာၦကို ေျဖခဲ့တဲ့သူလို႔ ေျပာခဲ့တယ္တဲ့"
က်န္းဟြားက မေန႔ညက ဖုန္းေျပာခဲ့သည့္အေၾကာင္းကို သူ႔အေဖအား အေသးစိတ္ေျပာျပလိုက္ေလသည္။
"လင္ေရွာင္းက သူ႔ကို တစ္ခါ အင္တာဗ်ဴးၿပီးသြားၿပီ၊ဒါေပမဲ့ ခ်န္းယန္ရဲ႕ တုန္႔ျပန္ပုံအရဆိုရင္ အားလုံးက ရွန္ရွင္းရဲ႕ သ႐ုပ္မွန္ စစ္မွန္တာကို သေဘာမတူၾကဘူးတဲ့၊ အင္တာဗ်ဴးအသစ္တစ္ခု လုပ္ေစခ်င္ပါတယ္တဲ့"
" ကိစၥမရွိဘူးေလ"
က်န္းဟြမ္သည္ ၿပဳံးလိုက္ၿပီး ခ်က္ခ်င္း သေဘာတူလိုက္ေလသည္။
" ဒီကိစၥက အရမ္းအေရးႀကီးတယ္၊ မင္း လုပ္လက္စေတြကို ခဏခ်ထားၿပီး Sၿမိဳ႕ကို ခ်က္ခ်င္းသြားလိုက္၊ မင္း အဲဒီကိစၥကို ရွင္းရွင္းလင္းလင္းျဖစ္ေအာင္ ေသခ်ာလုပ္ရမယ္"
ထိုသို႔ေျပာလိုက္ၿပီးေနာက္ က်န္းဟြမ္၏စိတ္ထဲတြင္ ေမးခြန္းမ်ားစြာ ေပၚေပါက္လာေလသည္။
'သခ်ၤာပါရမီရွင္'က ၿမိဳ႕ေတာ္ တကၠသိုလ္က ဖိတ္ၾကားတာကို ျငင္းခဲ့ၿပီးၿပီပဲ၊ အခုမွ ဘာလို႔ ႐ုတ္တရက္ႀကီး သူ႔သ႐ုပ္မွန္ကို ထုတ္ေဖာ္လိုက္တာလဲ။
က်ိဳး႐ႊမ္း ေျပာေနတဲ့ ဇီး႐ိုး ဆိုတာကလည္း Sၿမိဳ႕မွာ ေပၚလာခဲ့တယ္။ ၿပီးခဲ့အေခါက္က သူ႔ကို ကယ္ခဲ့တဲ့မိန္းကေလးနာမည္က ရွန္ယြဲ႕တဲ့။ ရွန္ယြဲ႕က ဒီရွန္ရွင္းနဲ႔မ်ား ပတ္သက္ေနမလား။ ဒါေတြအားလုံးကို ဒီအတိုင္း အရမ္းကို တိုက္ဆိုင္လြန္းေနတာလား။
...
အပိုင္း (၁၄၅) တိုက္ဆိုင္မႈလား
ဖုန္းတစ္ဖက္တြင္ က်န္းဟြားသည္ သူ႔အေဖက အခ်ိန္ေတာ္ေတာ္ၾကာေအာင္တိတ္သြားသည္ကို ေတြ႕လိုက္သျဖင့္ သူက အရင္ဆုံး စကားစေျပာလိုက္ေတာ့သည္။
"အေဖ စိတ္မပူပါနဲ႔၊ ကြၽန္ေတာ္ ဒီကိစၥကို ကိုင္တြယ္လိုက္ပါ့မယ္"
ဖုန္းခ်လိုက္ၿပီးေနာက္ က်န္းဟြားက စကၠန္႔အနည္းငယ္ေလာက္ စဥ္းစားလိုက္ၿပီးေနာက္တြင္ ေနာက္ဖုန္းနံပါတ္တစ္ခုကို ေခၚလိုက္ေလသည္။
"ေက်ာင္းအုပ္ႀကီးခ်န္း မနက္ျဖန္ မနက္ ၉နာရီ က်ရင္ ကြၽန္ေတာ္ကိုယ္တိုင္ လူတစ္ေယာက္ေခၚလာၿပီး အင္တာဗ်ဴးတစ္ခု စီစဥ္လိုက္မယ္ ၊ ေက်းဇူးျပဳၿပီး ရွန္ရွင္းကို ျပင္ဆင္ထားခိုင္းလိုက္ပါ"
တစ္ခ်ိန္ထဲတြင္ က်န္းဟြားသည္ သခ်ၤာပညာရွင္တစ္ခ်ိဳ႕ကိုလည္း ဆက္သြယ္လိုက္ၿပီး မနက္ျဖန္သြားဖို႔ရန္ ျပင္ဆင္လိုက္ေလသည္။
သည္အခိုက္တြင္ က်န္းမိသားစု၏ စာၾကည့္ခန္းထဲက အေတြးမ်ားႏွင့္ ရႈပ္ေထြးေနသည့္ က်န္းဟြမ္က က်ိဳး႐ႊမ္းကို ဖုန္းေခၚလိုက္သည္။
ဖယ္ဒေရးရွင္း ဗဟိုၿမိဳ႕ေတာ္တြင္ အလုပ္လုပ္ေနသည့္ က်ိဳး႐ႊမ္းသည္ လူႀကီးမင္းက်န္း၏ဖုန္း ကိုေတြ႕လိုက္ရသျဖင့္ အနည္းငယ္အံ့ဩသြားေတာ့သည္။
"လူႀကီးမင္းက်န္း ဘာလို႔ ဖုန္းေခၚတာလဲမသိဘူးခင္ဗ်ာ"
သူတို႔ႏွစ္ေယာက္သည္ အခ်င္းခ်င္း ရင္းႏွီးၿပီးသားျဖစ္သျဖင့္ ေနေကာင္းက်န္းမာေၾကာင္း ေလာကြတ္လုပ္မေနေတာ့ဘဲ အေၾကာင္းအရင္းကိုသာ ေမးလိုက္ေလသည္။
"က်ိဳး႐ႊမ္း ငါ မင္းကို ေမးစရာတစ္ခုရွိလို႔"
က်န္းဟြမ္သည္ စာ႐ြက္ႏွင့္ေဘာပင္ကို ခ်ထားလိုက္ၿပီး ဆိုဖာေပၚတြင္ ထိုင္လိုက္ေလသည္။
" ၿပီးခဲ့တဲ့အေခါက္က ငါ မင္းကို ေျပာျပခဲ့တဲ့ 'သခ်ၤာပါရမီရွင္'ကေလ Sၿမိဳ႕ အမွတ္(၁)အထက္တန္းေက်ာင္းမွာ ေပၚလာတယ္တဲ့၊ သူ႔နာမည္က ရွန္ရွင္းတဲ့"
" အဲဒါမေကာင္းဘူးလား၊ လူႀကီးမင္းက်န္းက အဲဒီပုဂၢိဳလ္ကို အၿမဲတမ္း ၿမိဳ႕ေတာ္တကၠသိုလ္ကို ဝင္ေစခ်င္ခဲ့တာမလား" က်ိဳး႐ႊမ္းက ခပ္ေရးေရး ၿပဳံးလိုက္၏။
က်န္းဟြမ္က စကၠန္႔ပိုင္းေလာင္ တုံ႔ဆိုင္းသြားၿပီး
" က်ိဳး႐ႊမ္း မင္း မွတ္မိေသးလားေတာ့မသိဘူး ငါ မသိေသးတာ တစ္ခုခုရွိေနတယ္၊ ၿပီးခဲ့တဲ့တစ္ေခါက္ ငါ ဖယ္ဒေရးရွင္း ပထမဘဏ္အျပင္ဘက္မွာ မေတာ္တဆ သတိလစ္သြားေသးတယ္ေလ၊ ငါ့ကို ကယ္ခဲ့တာ ရွန္ယြဲ႕လို႔ေခၚတဲ့ ေဆးပညာအရမ္းေတာ္တဲ့ မိန္းကေလးတစ္ေယာက္ပဲ၊ ဒီရွန္ယြဲ႕က ရွန္ရွင္းနဲ႔ ပတ္သက္ေနလိမ့္မယ္လို႔ ဝိုးတိုးဝါးတား ခံစားမိေနတယ္၊ ၿပီးေတာ့ ဇီး႐ိုးကလည္း Sၿမိဳ႕မွာ ေပၚလာခဲ့တယ္ေလ၊ ဒါေတြအားလုံးက တကယ္ပဲ တိုက္ဆိုင္မႈသက္သက္ပဲလား"
က်ိဳး႐ႊမ္းသည္ ဘာကိုမွမဖုံးကြယ္ထားပဲ လူႀကီးမင္းက်န္းကို ရွန္ယြဲ႕အေၾကာင္း အားလုံးေျပာလိုက္ေတာ့သည္။
" အမွန္အတိုင္းေျပာရရင္ ရွန္ယြဲ႕လို႔ေခၚတဲ့ ဒီမိန္းကေလးကလည္း က်ိဴးယန္ရဲ႕ေက်းဇူးရွင္ပါပဲ၊ သူ႔မိသားစုက ဆင္းရဲသားရပ္ကြက္မွာေနတာ၊ ၿပီးေတာ့ သူ႔ေဘးမွာ က်ိဳးမိသားစုရဲ႕ သက္ေတာ္ေစာင့္ေတြ ရွိပါတယ္၊ ဒါေပမဲ့ ဒီရွန္ယြဲ႕က အေပၚယံျမင္ရသေလာက္ လုံးဝမ႐ိုးရွင္းဘူး"
ထိုစကားကို ၾကားလိုက္ခ်ိန္တြင္ က်န္းဟြမ္သည္ တစ္ခုခုကို ႐ုတ္တရက္ေတြးမိသြားေတာ့သည္။ သူက ၿပဳံးကာ သူ႔ေခါင္းကို ပုတ္လိုက္ေလသည္။
" ဟြားအာက မနက္ျဖန္ မနက္ ရွန္ရွင္းကို အင္တာဗ်ဴးဖို႔ သြားမွာ၊ ရည္႐ြယ္ခ်က္မရွိ ေလွ်ာက္စဥ္းစားေနမဲ့အစား ငါတို႔ေတြ မနက္ျဖန္အင္တာဗ်ဴးမွာ ရွန္ယြဲ႕ကို ဝင္ေမးခိုင္းၾကမလား၊ အတူတူသြားၿပီး ေလ့လာၾကတာေပါ့"
က်ိဳး႐ႊမ္းက မနက္ျဖန္အတြက္ သူ႔အခ်ိန္ဇယားကို စဥ္းစာလိုက္ၿပီး လူႀကီးမင္းက်န္း၏ေတာင္းဆိုခ်က္ကို သေဘာတူလိုက္ေလသည္။ ထို႔ေနာက္ သူက သူ႔လက္ေထာက္ကို လွမ္းေခၚလိုက္၏။
"မနက္ျဖန္လုပ္ရမယ့္ အေသးအမႊားကိစၥေတြကို ေနာက္ဆုတ္ထားလိုက္၊ ငါ Sၿမိဳ႕ကို သြားရမယ္၊ ဟန္လင္းကို ဒီအေၾကာင္းေျပာထားလိုက္"
က်ိဳး႐ႊမ္းကို အံ့ဩရေစသည္က က်ိဳးယန္ကလည္း တစ္ေနရာမွ သည္သတင္းကို ၾကားလိုက္ၿပီး ေန႔လည္ခင္း ကုမၸဏီသို႔ အေျပးအလႊားေရာက္လာေတာ့သည္။
"ဦးေလး ကြၽန္ေတာ္လည္း Sၿမိဳ႕ကို သြားခ်င္တယ္၊ ၿပီးခဲ့တဲ့တစ္ေခါက္က ကြၽန္ေတာ့္ကို ကယ္ေပးခဲ့တဲ့ မိန္းကေလးကို သြားရွာခ်င္တယ္"
က်ိဳး႐ႊမ္း၏ေလသံက အလြန္ေလးနက္ေနသည္။
" အဓိပၸါယ္မရွိတာ၊ ငါက Sၿမိဳ႕ကို အေရးႀကီးကိစၥအတြက္ သြားရမွာ၊ မင္းကို ေခၚၿပီး သူ႔ကိုသြားရွာဖို႔ ဘယ္လိုလုပ္အခ်ိန္ရမွာလဲ"
က်ိဳးယန္က ျမန္ျမန္ရွင္းရွင္းျပလိုက္ရာ သူ႔ေလသံက အနည္းငယ္ ခြၽဲေနေလေတာ့သည္။
" ကြၽန္ေတာ္က အဲဒီတုန္းက ကြၽန္ေတာ့္အသက္ကို ကယ္ေပးခဲ့တဲ့အတြက္ သူ႔ကို ကိုယ္တိုင္ ေက်းဇူးတင္စကားေျပာခ်င္တာပါ၊ ၿပီးေတာ့ ကြၽန္ေတာ္တို႔ က်ိဳးမိသားစုကို အရွက္ရေအာင္မလုပ္ပါဘူး၊ ဦးေလး ေက်းဇူးျပဳၿပီးေတာ့ပါလို႔"
က်ိဳး႐ႊမ္းသည္ က်ိဳးမိသားစု၏မိသားစုဝင္တစ္ေယာက္အေနျဖင့္ က်ိဳးယန္သည္ ရွန္ယြဲ႕ကို ေက်းဇူးတင္ေၾကာင္း အမွန္ပင္ ျပသသင့္သည္ဟု ထင္ေလသည္။ ထို႔အျပင္ သူသြားေတြ႕မည့္သူကလည္း ရွန္ယြဲ႕ျဖစ္ေနသည္။ ခဏေလာက္စဥ္းစားလိုက္ၿပီးေနာက္ က်ိဴး႐ႊမ္းက က်ိဳးယန္ကို Sၿမိဳ႕သို႔ေခၚသြားရန္ ေနာက္ဆုံးေတာ့ သေဘာတူလိုက္ေတာ့သည္။
သူ႔ဦးေလးက သူ႔ေတာင္းဆိုခ်က္ကို သေဘာတူလိုက္ၿပီးမွန္း သိလိုက္သျဖင့္ က်ိဳးယန္သည္ အလြန္စိတ္လႈပ္ရွားသြားေတာ့သည္။ အခ်ိန္အရမ္းၾကာသြားၿပီးမွ သူသည္ ေနာက္ဆုံးေတာ့ သူ႔ေက်းဇူးရွင္ကို ေတြ႕ရေတာ့မည္။ ထို႔အျပင္ သည္လွ်ိဳ႕ဝွက္ဆန္းက်ယ္သည့္ အထက္တန္းေက်ာင္းသူ ရွန္ယြဲ႕ကို စိတ္ဝင္စားေနေလသည္။
Sၿမိဳ႕။
ရွန္ယြဲ႕သည္ ရွန္ခ်န္ကို ခါတိုင္းလို ကြန္ပ်ဴတာပ႐ိုဂရမ္ေရးနည္း သင္ေပးေနေလသည္။ ရွန္ခ်န္သည္ သည္နယ္ပယ္တြင္ အင္မတန္အရည္အခ်င္းရွိသည္ကိုလည္း သူမ သိလိုက္ရသည္။ သူ႔ေလ့လာႏိုင္စြမ္းရည္က ကမာၻ႔အဆင့္ဟက္ကာမ်ားထဲက တစ္ေယာက္ထက္မနိမ့္ေခ်။
သူမသည္ ရွန္ခ်န္ကို စိတ္ရွည္ရွင္ႏွင့္ ရွင္းျပလိုက္၏။
" ငါအခု နင့္ကို သင္ေပးေနတာေတြက ဗိုင္းရက္စ္ထည့္နည္းနဲ႔ firewall ေဆာက္နည္း အေျခခံအက်ဆုံး အခ်က္ေတြပဲ၊ ဒါကို ေလ့လာၿပီးရင္ နင္ သင့္ေတာ္တဲ့ကြန္ပ်ဴတာပ႐ိုဂရမ္တစ္ခ်ိဳ႕ကို ေရးႏိုင္လိမ့္မယ္၊ ပိုအဆင့္ျမင့္တဲ့ ပ႐ိုဂရမ္ေရးဖို႔အတြက္ကေတာ့ နင့္ေလ့လာႏိုင္စြမ္းေပၚပဲ မူတည္တယ္"
ေဘးအခန္းတြင္ ရွိေနသည့္ရွန္ရွင္းသည္ စာတစ္ေစာင္ လက္ခံရရွိခဲ့ေလသည္။
[မနက္ျဖန္ မနက္ ကိုးနာရီ ေက်ာင္းအုပ္ႀကီး ႐ုံးခန္းကို လာခဲ့ပါ __ ခ်န္းယန္]
ရွန္ရွင္းက ၿမိဳ႕ေတာ္တကၠသိုလ္ဝင္ခြင့္အာမခံ ကိစၥျဖစ္လိမ့္မည္ဟု ေတြးလိုက္ၿပီး သူမ၏ဖုန္းစခရင္ကို ျမန္ျမန္ စာျပန္႐ိုက္လိုက္ေလသည္။ သူမသည္ စာျပန္ေနရင္း ၿမိဳ႕ေတာ္တကၠသိုလ္သို႔ ဝင္ေရာက္သြားသည့္ သူမ၏ပုံရိပ္ကို စိတ္ကူးၾကည့္ေနမိေတာ့သည္။
သူမ မသိလိုက္သည္က ရွန္ယြဲ႕၏ဖုန္းကလည္း သည္စာကို လက္ခံရရွိခဲ့ျခင္းပင္။
...