အပိုင်း (၁၃၈) နှုတ်ဆက်ညစာစားပွဲ
အပြန်လမ်းတွင် ရှန်အန်းသည် သူ့ရင်ထဲက ပျော်ရွှင်မှုကို ဆက်ပြီး မထိန်းချုပ်နိုင်တော့ပေ။ သူက ကလေးနှစ်ယောက်၏လက်ကို တွဲထားလိုက်လေသည်။ သူတို့သည် ကြက်ကင်ဆိုင်ကို ဖြတ်လာခဲ့ကြသည်။ သူသည် တံခါးကို မကျော်ခင်မှာပင် အော်ပြောလိုက်လေသည်။
" သူဌေး ကျွန်တော့်ကို ကြက်ကင်တစ်ကောင်ပေးပါအုံး၊ ကျွန်တော့်ကလေးက ဒီနေ့ ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြစ်ပြီးတာမလို့ ဂုဏ်ပေးချင်လို့ပါ"
ထိုစကားကို ကြာလိုက်သည်တွင် ရှန်ချန်က ရှန်အန်း၏အင်္ကျီလက်ကို မြန်မြန်ဆွဲကာ မေးလိုက်လေသည်။
"အဖေ ပိုက်ဆံတွေအကုန်လုံး လုခံလိုက်ရပြီမလား၊ အဖေ့မှာ ကြက်ကင်ဝယ်ဖို့ ပိုက်ဆံဘယ်လိုလုပ် ကျန်တော့မှာလဲ"
ရှန်အန်းက ပဟေဠိဆန်ဆန် ပြုံးလိုက်ပြီး ရှန်ယွဲ့နှင့်ရှန်ချန်နားကပ်ကာ လေသံဖြင့်ပြောလိုက်လေသည်။
" မစိုးရိမ်ပါနဲ့၊ အဖေ့မှာ ကိုယ်ပိုင်စုထားတဲ့ ငွေတွေရှိပါသေးတယ်"
ရယ်မောသံကြားတွင် ရှန်ယွဲ့သည် အိမ်၏ခံစားမှုတစ်ခုကို ရေးရေးလေး ခံစားလိုက်ရတော့သည်။ သို့နှင့် သုံးယောက်သား အိမ်သို့ ဖြည်းဖြည်းချင်း လမ်းလျှောက်ပြန်လာကြလေသည်။ သူတို့ဝင်လာသည်နှင့် တပြိုင်နက် ဆွန်းလင်က ရှန်အန်း၏လက်ထဲက ကြက်ကင်ကိုမြင်လိုက်ပြီး ချက်ချင်းဒေါသူပုန်ထသွားတော့သည်။
" ရှင့်ကို ဘယ်သူကြက်ကင်ဝယ်လာခိုင်းလို့လဲ၊ ရှင့်မှာ တစ်လကို ယွမ်နည်းနည်းပါးပါးပဲ ရှာနိုင်တဲ့ကိစ္စ၊ ရှင့်မှာ ငွေရှာနိုင်တဲ့ အရည်အချင်းသာမရှိတာ သုံးတဲ့နေရာမှာတော့ တော်တော့်ကို တော်တာပဲ"
ဆွန်းလင်၏ဒေါသနှင့် ရင်ဆိုင်လိုက်ရသည်တွင် ရှန်အန်းက လေသံပျော့ပျော့နှင့်သာ ပြောနိုင်တော့သည်။
" ကလေးနှစ်ယောက်က ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေပြီးတာ တွေ့ရတော့ သူတို့ခန္ဓာကိုယ်ကို အားဖြည့်စေချင်လို့ပါကွာ"
" ရှင် ရှင်းရှင်းအတွက် ဝယ်ပေးတာတော့ ဟုတ်ပါပြီ၊ ရှန်ယွဲ့ ဘယ်လောက်အထိ ဝလာလဲ ကြည့်အုံး၊ သူက စာမေးပွဲတိုင်းမှာ အမှတ်ဘယ်နှစ်မှတ် ရခဲ့ဖူးလို့လဲ၊ သူက ဘယ်လိုလုပ်ပြီး ကြက်ကင် စားရဲရမှာလဲ"
ရှန်ယွဲ့သည် ထိုစကားများကို ကြားလိုက်ချိန်တွင် ကျင့်သားရနေပြီးဖြစ်သဖြင့် ဂရုစိုက်မနေတော့ချေ။ သူမသည် သူမ၏ အမေအမည်ခံ အမျိုးသမီးကို စကားများများ မပြောချင်တော့ရုံသာ။
သို့သော် ရှန်ချန်၏မျက်နှာက အနည်းငယ် ဝမ်းနည်းသွားတော့သည်။
" မပြောပါနဲ့တော့၊ အစ်မအတွက် ဝယ်ပေးဖို့ ကျွန်တော် အဖေ့ကို ပြောလိုက်တာ"
ဆွန်းလင်မှာ ဇဝေဇဝါဖြစ်သွားတော့သည်။ သူမရဲ့အဖိုးတန်သားလေးက အဲဒီအပျက်မ ရှန့်ယွဲ့အတွက် နေ့တိုင်းကို ပြောပေးနေတော့တာပဲ။ သို့သော်ငြား သားဖြစ်သူအတွက် ဆွန်းလင်သည် ဘာမှထပ်မပြောတော့ချေ။
ရှန်အန်းက တူကို ကိုင်လိုက်ပြီး ရုတ်တရက် တစ်ခုခုကို စဥ်းစားမိသွားတော့သည်။
" ဒါနဲ့ ဒီနေ့ စာမေးပွဲခန်းမထဲမှာ ဘာလို့ ရှင်းရှင်းကို မတွေ့မိပါလိမ့်၊ ငါက သူတို့သုံးယောက်ကို အတူတူခေါ်ပြန်လာချင်ခဲ့တာ"
ထိုစကားကို ကြားလိုက်သည်တွင် ရှန်ရှင်းသည် ဆွန်းလင်ကို မြန်မြန်ကြည့်လိုက်ပြီး စကားမမှားမိစေရန် အချက်ပြလိုက်လေသည်။ ဆွန်းလင်က မြန်မြန်ရှင်းပြလိုက်၏။
" ကျွန်မ သူ့ကို ဒီမနက်ခင်းက စာမေးပွဲခန်းမဆီ သွားပို့ပေးခဲ့တာပဲ၊ စာမေးပွဲပြီးတော့ ကျွန်မပဲ သူ့ကို အရင်ကြိုပြီး ပြန်လာခဲ့တာပေါ့၊ ဒီလောက်ကြီးတဲ့ ခန်းမကြီးထဲက ရှင့်ကလေးကို မတွေ့ဘဲမနေဘူးလို့ ဘာလို့ဖြစ်ပြီး အာမခံနိုင်ရတာလဲ၊ ရှင် သူ့ကို သွားကြိုဖို့ရောက်သွားတဲ့အချိန်က နေ့လည်စာစားချိန်တောင် ကျော်နေပြီ"
ထိုသို့ပြောလိုက်ပြီး ဆွန်းလင်က သူ့ကို သည်အတိုင်းရောချလိုက်ကာ စကားလမ်းကြောင်းလွဲလိုက်တော့သည်။
ရှန်ချန်က တစ်ခုခု ပြောရန်ပြင်လိုက်စဥ် ရှန်ယွဲ့က လက်ယမ်းပြပြီး သူ့ကို တားလိုက်၏။ ပါးနပ်လှသည့်ရှန်ချန်က အစ်မဖြစ်သူ ပြောချင်သည့်အဓိပ္ပါယ်ကို ချက်ချင်းနားလည်သွားကာ ဆက်မပြောလိုက်တော့ပေ။
တီ တီ တီ။
ကလေးသုံးယောက်၏ဖုန်းသည် တစ်ချိန်တည်းတွင် မြည်လာခဲ့သည်။ သူတို့သည် တစ်ချက်ကြည့်လိုက်ပြီး ယွီဟောက်က group chatထဲတွင် စာတစ်စောင်ပို့ထားသည်ကို သိလိုက်ရလေသည်။
[ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြီးသွားပါပြီ။ ဒီနေ့ည နှုတ်ဆက်ညစာစားပွဲ လုပ်ရအောင်]
မြို့တော်တက္ကသိုလ်တွင် ဝင်ခွင့်အာမခံရခဲ့သည့် ကျောင်းသူတစ်ယောက်အနေဖြင့် ရှန်ရှင်းသည် တခန်းလုံးရှေ့တွင် ကြွားလုံးထုတ်ပြီး ရှန်ယွဲ့ကို နင်းခြေမည့်အခွင့်အရေးကို အမှန်ပင် လက်လွှတ်ခံလိမ့်မည် မဟုတ်ပေ။
ညစာစားပြီးနောက် ရှန်ယွဲ့က သူမ၏ အိမ်အလုပ်များကို လုပ်လိုက်ပြီး အခန်းထဲသို့ ပြန်လာခဲ့လိုက်သည်။ ထို့နောက် သူမသည် သူမ၏မိတ်ဆွေများကို ဆက်သွယ်နေကျဖြစ်သည့် ကုဒ်ပိတ်ထားသည့် ကွန်ရက်အတွင်းသို့ ကျွမ်းကျွမ်းကျင်ကျင် ဝင်လိုက်လေသည်။
[ယဲ့ရင်း ငါ နင့်နာမည်ကိုသုံးပြီး ရှီဖုန်းကို ငါ့ကို ကူညီပေးဖို့ တစ်ခါပြောခဲ့ဖူးတယ်၊ ဒါပေမယ့် ငါ ရှီဖုန်းကို ငါ့သရုပ်မှန် မပြောပြခဲ့ဘူး၊ ဒီတော့ ရှီဖုန်း နင့်ကို ဒီအကြောင်းမေးလာခဲ့ရင် စကားမမှားစေနဲ့နော်]
...
သည်အခိုက်တွင် Hနိုင်ငံရှိ ကြီးကျယ်ခမ်းနားလှသည့် အဆောက်အအုံးတစ်ခု၏ ခေါင်မိုးထပ်ပေါ်တွင် ယဲ့ရင်း အမျိုးသမီးတစ်ယောက်နှင့် ကိုယ်လက်နှီးနှောရင်း စည်းစိမ်ခံနေလေသည်။ ရုတ်တရက် ဆက်သွယ်ရေးကိရိယာထဲက အသံကြောင့် ယဲ့ရင်းသည် ကုတင်ပေါ်က အမျိုးသမီးကို ပစ်ထားခဲ့ပြီး စိတ်လှုပ်ရှားကာဖြင့် ဆက်သွယ်ရေးကရိယာဆီ ရောက်သွားတော့သည်။ သူ့လက်ချောင်းများက မြန်မြန်ဆန်ဆန် စာရိုက်လိုက်လေသည်။
[မစိုးရိမ်ပါနဲ့၊ လင်ယွဲ့။ နင် ငါ့ကို သိတာ ဘယ်လောက်ကြာပြီလဲ၊ အခုထိ ငါ့ကို စိုးရိမ်နေတုန်းလား]
အချိန်တော်တော်ကြာသွားသည်အထိ ယဲ့ရင်းသည် ပြန်စာတစ်စောင်ပင် မရခဲ့ချေ။ သူက ကီးဘုတ်ကို စိတ်အားထက်သန်စွာဖြင့် ထပ်ရိုက်လိုက်လေသည်။
[အဲဒီတုန်းက ဘာဖြစ်ခဲ့တာလဲ၊ နောက်ဆုံးကျမှ နင့်ကိုယ်နင် ဘာလို့ စွန့်လွှတ်ခဲ့တာလဲ]
ဆယ်မိနစ်တိတ် တွင် ဆက်သွယ်ရေးကိရိယာက ထပ်မြည်လာပြီး စာလုံးများက အနည်းငယ် ရိုးရှင်းလေသည်။
[ဒီအကြောင်း ပြောဖို့ အရမ်းစောနေသေးတယ်၊ အချိန်တန်ရင် ငါ နင့်ကို အကုန်ပြောပြမယ်၊ ငါ လိုအပ်ရင် နင့်ကို ဆက်သွယ်လာခဲ့မယ်]
ထို့နောက်တွင် ယဲ့ရင်းပို့သမျှစာများသည် လင်ယွဲ့ထံမှ ပြန်စာတစ်စောင်ပင် မရခဲ့ချေ။ သူသည် နည်းနည်းဝမ်းနည်းသွားပြီး တစ်ယောက်တည်း ရေရွတ်လိုက်လေသည်။
" နင်က မလိုတော့ ငါ့ကို လျစ်လျူရှုထားပြီး ငါ့ကိုလိုတဲ့အချိန်ကျတော့ အရမ်းကို ဖြောင့်မတ်ပြနေတာနော်၊ ငါ နင့်အပေါ် တကယ် အကြွေးတင်နေတာပဲ ဘိုးအေလေးရေ"
ဒါပေမဲ့ ပြန်စဥ်းစားကြည့်လိုက်တော့ လင်ယွဲ့ အသက်ရှင်နေသ၍ သူ့ကို ပိုပျော်စေနိုင်တာ မရှိတော့ဘူးမလား။
...
အပိုင်း (၁၃၉) ယွီဟောက်နှင့် စကားပြောခြင်း
ဆက်သွယ်ပြီးသွားသည်နှင့် ရှန်ယွဲ့က ဖုန်းကို ထုတ်လိုက်ပြီး သူမနှင့် ညစာစားပွဲကိုတက်ရန် ကျိုးမိသားစု၏ သက်တော်စောင့်နှစ်ယောက်ကို ဖုန်းဆက်ကာ ညခင်းပွဲကို နည်းနည်းပျော်စရာကောင်းအောင် ပြင်ဆင်ထားခိုင်းလိုက်လေသည်။
ရှန်ယွဲ့သည် အခန်းထဲမှ ပြန်ထွက်လာချိန်တွင် ညနေခင်း ရောက်နေပြီဖြစ်သည်။ ရှန်ရှင်းက သူမတွင် ဝတ်စရာ အဝတ်အစားများမရှိကြောင်း ဆွန်းလင်အား ညည်းညူနေသည်ကိုသာ ကြားလိုက်ရသည်။ ညစာစားပွဲကို အဝတ်အစားအဟောင်းနှင့် တက်ရောက်ရလျှင် ရှက်စရာကောင်းနေတော့မည်။
သန်းချီတန်သည့် ရှန်ယွဲ့ကတော့ဖြင့် သည်လိုပူပင်မှုမျိုး မရှိပေ။ သူမသည် အဝတ်ဗီဒိုထဲက အဝတ်အစားအသစ်ကို ပုံမှန်အတိုင်း ထုတ်လာခဲ့၏။ အချိန်အကြာကြီး လေ့ကျင့်ခန်းလုပ်ခဲ့ခြင်းက ရှန်ယွဲ့အား တခြားသူများ ခေါ်နေသည့် ဝတုတ်မတစ်ယောက်အဖြစ်မှာ အနည်းငယ်ပိန်သွယ်သည့်ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲပေးလိုက်တော့သည်။
သူမ၏အရင်ဘဝက လုပ်ကြံသူတစ်ယောက်၏ စံနှုန်းက လက်ရှိရှန်ယွဲ့ကို အဝတ်အစား ဝတ်ထားလျှင်တောင်ပိန်ပါးပြီး ကောက်ကြောင်းများပေါ်လာစေတော့သည်။
!!
"အစ်မ နင် ဒီနေ့ တကယ်လှတယ်"
ရှန်ချန်က ရှန်ယွဲ့ကို တွေ့လိုက်ရသောအခါ မနေနိုင်တော့ဘဲ ချီးကျူးမိတော့သည်။
ထိုအရာကို မြင်လိုက်ပြီး ဆွန်းလင်၏မျက်နှာမှာ ချက်ချင်း ညိုးကျသွားတော့သည်။ သူမက ရှန်ယွဲ့ကို လက်ညိုးငေါက်ငေါက်ထိုးပြီး ဆဲဆိုတော့သည်။
" တကယ်တော့ ရှန်ရှင်းက နင့်ညီမလေးပဲလေ၊နင့်မှာ ဝတ်စရာတွေ အသစ်တွေအများကြီးရှိနေတာတောင် နင့်ညီမလေးအတွက် တစ်ခုခုဝယ်ပေးရကောင်းမှန်းမသိဘူး၊ ငါလေ ဘာလို့များ နင့်လို ကျေးဇူးကန်းတဲ့သူကို မွေးခဲ့မိတာလဲ မသိဘူး"
ရှန်ရှင်းသည်လည်း ထိုအခိုက်တွင် သံယောင်လိုက်ကာ သဘောတူလိုက်ချင်လေသည်။ သူမသည် တစ်ခုခု ပြောမည်ပြင်လိုက်စဥ် ရှန်ယွဲ့၏ မီးဝင်းဝင်းတောက်အကြည့်နှင့် သွားတိုးတော့သည်။
ရှန်ယွဲ့က ဆွန်းလင်ဘက် လှည့်လိုက်ကာ ပြောလိုက်၏။
" သမီး အဝတ်အစားဝယ်တယ်လေ ၊ အဝတ်အစားဝယ်ဖို့ ပိုက်ဆံရှာနိုင်တဲ့ အရည်အချင်းရှိတာကိုး၊ ရှန်ရှင်းက အဝတ်အစားလိုချင်တယ်ဆိုရင် အဝတ်အစားဝယ်ဖို့ ကိုယ်ပိုင်ငွေရှာဖို့ အလုပ်လုပ်ခိုင်းလိုက်ပါလား၊ သူ့တစ်ဘဝလုံးကို အမေ့အပေါ်အားကိုးခိုင်းထားမလို့လား"
ရှန်ယွဲ့က သူမကို ပြန်ခံပြောရဲနေသည်ကို တွေ့လိုက်ရသဖြင့် ဆွန်းလင်သည် သူမကို ရိုက်ရန် ရွယ်လိုက်တော့သည်။
ရှန်ယွဲ့သည် အရင်လို မချိနဲ့တော့ချေ။ သူမက လက်ဖျံနှင့် ဆွန်းလင်၏လက်မောင်းကို တားလိုက်ကာ ပြောလိုက်တော့သည်။
" နောက်ဆိုရင် သမီးကို လာမဆွနဲ့"
ထို့နောက် သူမက တံခါးအပြင်ဘက်သို့ လျှောက်ထွက်သွားလိုက်တော့သည်။
ကျိုးမိသားစု၏ သက်တော်စောင့်များသည် တံခါးရှေ့တွင် စောင့်နေကြသည်။ ရှန်ယွဲ့ ကားထဲဝင်သွားပြီးနောက် နေရာတွင် ကြောင်အမ်းအမ်း ရပ်နေသည့် ဆွန်းလင်နှင့် ရှန်ရှင်းတို့ကို ထားခဲ့ကာ ကားက မောင်းထွက်သွားလေသည်။
ရှန်ယွဲ့သည် စားသောက်ဆိုင်သို့ အရင်ဆုံးရောက်သွားတော့သည်။ သူမ ကားပေါ်က ဆင်းလိုက်သည်နှင့်တပြိုင်နဲ့ ဆိုင်ကို အကဲခတ်ကြည့်လိုက်၏။
ရင်းနှီးသည့်ခံစားချက်တစ်ခုကို ပေးစွမ်းနိုင်သည့် မိသားစုစားသောက်ဆိုင်လေးတစ်ခုပင်။ အခန်းထဲက စားပွဲတိုင်းပေါ်တွင် အဖြူရောင်ကြွေထည်ပန်းအိုးတစ်လုံးစီ တင်ထားသည်။ ပန်းအိုးထဲက ပန်းရောင်နှင်းဆီးများသည် သိမ်မွေ့စွာပွင့်နေပြီး ပတ်ဝန်းကျင်နှင့် ဆန့်ကျင်ဘက်အသွင်တစ်ခု ဖြစ်နေကာ လူများကို အလွန်သက်တောင့်သက်သာဖြစ်စေသည့် ခံစားချက်မျိုးပေးနေသည်။
ရှန်ယွဲ့က အကြီးဆုံးသီးသန့်ခန်းဆီသို့ တည့်တည့်လျှောက်သွားလိုက်၏။ ပွဲစီစဥ်သူတစ်ယောက်အနေဖြင့် ယွီဟောက်က ဆရာများနှင့် ကျောင်းသားများကို စောင့်ဆိုင်းရန် ကြိုရောက်နေလေသည်။
ရှန်ယွဲ့က ထိုမြင်ကွင်းကို မြင်လိုက်ချိန်တွင် စကားမပြောလိုက်ပေ။ သူမက ဘေးက ထိုင်ခုံတစ်ခုကို ရွေးလိုက်ပြီး ထိုင်ချလိုက်တော့သည်။
ယွီဟောက်က ရှန်ယွဲ့ကို စကားအရင် စပြောလိုက်သည်။
" နင်က ပထမဆုံးရောက်လာတဲ့သူဖြစ်နေမယ်လို့ ငါလုံးဝ မထင်ထားခဲ့ဘူး၊ နင် အရင်ကထက်စာရင် အများကြီးပြောင်းလဲသွားတယ်နော်"
"ဟုတ်လား၊ ငါတော့ အဲလိုမထင်ပါဘူး"
" ဟုတ်တာပေါ့"
ယွီဟောက်က မနားတမ်း စကားဆက်ပြောနေလေသည်။ အဓိကစိတ်ကူးမှာ ရှန်ယွဲ့ကို ချီးမွှမ်းဖို့ရန်သာဖြစ်သော်လည်း သူမက လုံးဝ ပြန်မပြောချေ။
ယွီဟောက်သည် ရှန်ယွဲ့က ကျောင်းတွင် အလွန်အင်အားကြီးမှန်း မြင်တွေ့ခဲ့ရသည်။ သူမက သူ့ကို စကားမပြောချင်မှန်း သိလိုက်ရသဖြင့် သူက ပုံမှန်အတိုင်း ခွက်တစ်ခုကို ယူကာ ရေနည်းနည်း သောက်လိုက်တော့သည်။ သို့သော် သူ့စိတ်ထဲတွင်တော့ ကျိတ်ဆဲနေလိုက်မိသည်။ ဘာတွေများ ဂုဏ်ယူစရာကောင်းနေလို့လဲ။ သူမက ဝိတ်လေးနည်းနည်းပါးပါးကျသွားပြီး ခန္ဓာကိုယ်အားကိုးနဲ့ အဆက်အသွယ်နည်းနည်းပါး ရသွားတာကိုများ။
အချိန်က ကသိကအောက်နိုင်သည့် အနေအထားနှင့်ပင် ကုန်ဆုံးလာခဲ့သည်။ တဖြည်းဖြည်းနှင့် သီးသန့်ခန်းထဲတွင် လူများ ပိုပိုများလာခဲ့သည်။ ယွီဟောက်က အားလုံးကို နွေးနွေးထွေးထွေး ကြိုဆိုလိုက်၏။
တစ်ဖက်တွင်တော့ ထောင့်တွင်ထိုင်နေသည့် ရှန်ယွဲ့က သူတို့ကိုပင် မကြည့်ချေ။
အားလုံးက အဖွဲ့လိုက်အတူတူ ထိုင်လိုက်ကြသည်။ မည်သူကမှ ရှန်ယွဲ့နှင့် မထိုင်ချင်ကြပေ။ တခြားသီးသန့်ခန်းထဲတွင်တော့ ချန်းမင် ခေါင်းဆောင်သည့် လူတစ်ချို့က ရှန်ယွဲ့နှင့် ထိုင်ရမည့် ကံဆိုးသူကို ကျိတ်ကာ တိုင်ပင်နေကြလေသည်။
ကျောင်းသားများ ဝင်လာသည်နှင့်အမျှ ရှန်ယွဲ့ဘေးက ထိုင်ခုံတစ်ခုသာ လွှတ်တော့သည်။
"ရှန်ရှင်း၊ နောက်ဆုံးရောက်လာတဲ့သူက ရှန်ရှင်းတဲ့၊ ညီအစ်မနှစ်ယောက်က အစကတည်းက လုံးဝတည့်တာမဟုတ်ဘူး၊ ပွဲကြီးပွဲကောင်းတော့ ကြည့်ရအုံးမယ်"
နောက်ဆုံးလူ ရောက်လာသည်နှင့် အခန်းထဲတွင် စကားသံများ ဆူညံသွားတော့သည်။
ရှန်ရှင်းသည် ဝင်လာပြီး ထိုင်ခုံများကို တွေ့လိုက်သည်နှင့်တပြိုင်နက် သူမ ဝင်လာစဥ်က အားလုံးက ပြောဆိုနေကြသည့်အကြောင်းအရင်းကို ချက်ချင်း နာလည်းသွားတော့သည်။ သူမသည် နောက်ထိုင်ခုံတစ်ခုကို ထပ်ထည့်ချင်လိုက်သော်လည်း အခန်းထဲတွင် လူအရမ်းများနေသည်။ ခုံအပိုတစ်လုံးအတွက် နေရာမရှိတော့ချေ။ ရှန်ရှင်းသည် မတတ်သာတော့ဘဲ နောက်ဆုံးတွင် ရှန်ယွဲ့ဘေး၌ ဝင်ထိုင်လိုက်ရတော့သည်။
ရှန်ရှင်းက ဝင်ထိုင်လိုက်ပြီးနောက် သူမ၏အဝတ်အစားများကို ရှန်ယွဲ့နှင့် မထိစေရန် အတတ်နိုင်ဆုံးကြိုးစားလိုက်လေသည်။ ရှန်ယွဲ့လိုလူမျိုးက သူမ၏အဆင့်ထပ် ပိုနိမ့်နေရလိမ့်မည်ဟု ထင်နေမိသည်။
ရှန်ယွဲ့ကလည်း တခြားလူများ၏အပြုအမူကြောင့် စိတ်ထိခိုက်နေချေ။
ယွီဟောက်က ဖြည်းဖြည်းချင်း ထရပ်ကာ ပြောလိုက်တော့သည်။
" ကျောင်းသားကျောင်းသူတို့ ဒီနေ့ ဒီနေရာမှာ အားလုံးအတူတူ လာဆုံတဲ့အတွက် အရမ်းဝမ်းသာတယ်၊ ခုနက ဆရာက ငါ့ကို ဖုန်းခေါ်ပြီး ပြောလိုက်တယ် ကျောင်းမှာ ကိစ္စပေါ်လာလို့ မလာနိုင်တော့လောက်ဘူးတဲ့၊ ဒါပေမယ့် ဆရာက ပြောပါတယ်၊ အခု ကောလိပ်ဝင်ခွင့် စာမေးပွဲလည်းပြီးသွားပြီဆိုတော့ ဒီနေ့ည အားလုံး ပျော်ပါးလို့ရတယ်တဲ့၊ ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် ဘာစိတ်ဖိစီးမှုမှ မရှိတော့ဘူး"
...
မင်္ဂလာပါရှင်! အခကြေးလေး ပြောင်းလဲထားပါတယ်နော်။GP - 1 (1 - 250) 1500 Ks.
GP - 2 (251 - 500) 2500 Ks.
Gp 1+2 3500Ks
အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့စာမျက်နှာသစ် fb pageနဲ့ https://t.me/OrchidSarPay tele accမှာ hi ပို့ပြီးဝယ်ယူနိုင်ပါတယ်ရှင်။
. . .
Zawgyi
အပိုင္း (၁၃၈) ႏႈတ္ဆက္ညစာစားပြဲ
အျပန္လမ္းတြင္ ရွန္အန္းသည္ သူ႔ရင္ထဲက ေပ်ာ္႐ႊင္မႈကို ဆက္ၿပီး မထိန္းခ်ဳပ္ႏိုင္ေတာ့ေပ။ သူက ကေလးႏွစ္ေယာက္၏လက္ကို တြဲထားလိုက္ေလသည္။ သူတို႔သည္ ၾကက္ကင္ဆိုင္ကို ျဖတ္လာခဲ့ၾကသည္။ သူသည္ တံခါးကို မေက်ာ္ခင္မွာပင္ ေအာ္ေျပာလိုက္ေလသည္။
" သူေဌး ကြၽန္ေတာ့္ကို ၾကက္ကင္တစ္ေကာင္ေပးပါအုံး၊ ကြၽန္ေတာ့္ကေလးက ဒီေန႔ ေကာလိပ္ဝင္ခြင့္စာေမးပြဲ ျဖစ္ၿပီးတာမလို႔ ဂုဏ္ေပးခ်င္လို႔ပါ"
ထိုစကားကို ၾကာလိုက္သည္တြင္ ရွန္ခ်န္က ရွန္အန္း၏အက်ႌလက္ကို ျမန္ျမန္ဆြဲကာ ေမးလိုက္ေလသည္။
"အေဖ ပိုက္ဆံေတြအကုန္လုံး လုခံလိုက္ရၿပီမလား၊ အေဖ့မွာ ၾကက္ကင္ဝယ္ဖို႔ ပိုက္ဆံဘယ္လိုလုပ္ က်န္ေတာ့မွာလဲ"
ရွန္အန္းက ပေဟဠိဆန္ဆန္ ၿပဳံးလိုက္ၿပီး ရွန္ယြဲ႕ႏွင့္ရွန္ခ်န္နားကပ္ကာ ေလသံျဖင့္ေျပာလိုက္ေလသည္။
" မစိုးရိမ္ပါနဲ႔၊ အေဖ့မွာ ကိုယ္ပိုင္စုထားတဲ့ ေငြေတြရွိပါေသးတယ္"
ရယ္ေမာသံၾကားတြင္ ရွန္ယြဲ႕သည္ အိမ္၏ခံစားမႈတစ္ခုကို ေရးေရးေလး ခံစားလိုက္ရေတာ့သည္။ သို႔ႏွင့္ သုံးေယာက္သား အိမ္သို႔ ျဖည္းျဖည္းခ်င္း လမ္းေလွ်ာက္ျပန္လာၾကေလသည္။ သူတို႔ဝင္လာသည္ႏွင့္ တၿပိဳင္နက္ ဆြန္းလင္က ရွန္အန္း၏လက္ထဲက ၾကက္ကင္ကိုျမင္လိုက္ၿပီး ခ်က္ခ်င္းေဒါသူပုန္ထသြားေတာ့သည္။
" ရွင့္ကို ဘယ္သူၾကက္ကင္ဝယ္လာခိုင္းလို႔လဲ၊ ရွင့္မွာ တစ္လကို ယြမ္နည္းနည္းပါးပါးပဲ ရွာႏိုင္တဲ့ကိစၥ၊ ရွင့္မွာ ေငြရွာႏိုင္တဲ့ အရည္အခ်င္းသာမရွိတာ သုံးတဲ့ေနရာမွာေတာ့ ေတာ္ေတာ့္ကို ေတာ္တာပဲ"
ဆြန္းလင္၏ေဒါသႏွင့္ ရင္ဆိုင္လိုက္ရသည္တြင္ ရွန္အန္းက ေလသံေပ်ာ့ေပ်ာ့ႏွင့္သာ ေျပာႏိုင္ေတာ့သည္။
" ကေလးႏွစ္ေယာက္က ေကာလိပ္ဝင္ခြင့္စာေမးပြဲ ေျဖၿပီးတာ ေတြ႕ရေတာ့ သူတို႔ခႏၶာကိုယ္ကို အားျဖည့္ေစခ်င္လို႔ပါကြာ"
" ရွင္ ရွင္းရွင္းအတြက္ ဝယ္ေပးတာေတာ့ ဟုတ္ပါၿပီ၊ ရွန္ယြဲ႕ ဘယ္ေလာက္အထိ ဝလာလဲ ၾကည့္အုံး၊ သူက စာေမးပြဲတိုင္းမွာ အမွတ္ဘယ္ႏွစ္မွတ္ ရခဲ့ဖူးလို႔လဲ၊ သူက ဘယ္လိုလုပ္ၿပီး ၾကက္ကင္ စားရဲရမွာလဲ"
ရွန္ယြဲ႕သည္ ထိုစကားမ်ားကို ၾကားလိုက္ခ်ိန္တြင္ က်င့္သားရေနၿပီးျဖစ္သျဖင့္ ဂ႐ုစိုက္မေနေတာ့ေခ်။ သူမသည္ သူမ၏ အေမအမည္ခံ အမ်ိဳးသမီးကို စကားမ်ားမ်ား မေျပာခ်င္ေတာ့႐ုံသာ။
သို႔ေသာ္ ရွန္ခ်န္၏မ်က္ႏွာက အနည္းငယ္ ဝမ္းနည္းသြားေတာ့သည္။
" မေျပာပါနဲ႔ေတာ့၊ အစ္မအတြက္ ဝယ္ေပးဖို႔ ကြၽန္ေတာ္ အေဖ့ကို ေျပာလိုက္တာ"
ဆြန္းလင္မွာ ဇေဝဇဝါျဖစ္သြားေတာ့သည္။ သူမရဲ႕အဖိုးတန္သားေလးက အဲဒီအပ်က္မ ရွန္႔ယြဲ႕အတြက္ ေန႔တိုင္းကို ေျပာေပးေနေတာ့တာပဲ။ သို႔ေသာ္ျငား သားျဖစ္သူအတြက္ ဆြန္းလင္သည္ ဘာမွထပ္မေျပာေတာ့ေခ်။
ရွန္အန္းက တူကို ကိုင္လိုက္ၿပီး ႐ုတ္တရက္ တစ္ခုခုကို စဥ္းစားမိသြားေတာ့သည္။
" ဒါနဲ႔ ဒီေန႔ စာေမးပြဲခန္းမထဲမွာ ဘာလို႔ ရွင္းရွင္းကို မေတြ႕မိပါလိမ့္၊ ငါက သူတို႔သုံးေယာက္ကို အတူတူေခၚျပန္လာခ်င္ခဲ့တာ"
ထိုစကားကို ၾကားလိုက္သည္တြင္ ရွန္ရွင္းသည္ ဆြန္းလင္ကို ျမန္ျမန္ၾကည့္လိုက္ၿပီး စကားမမွားမိေစရန္ အခ်က္ျပလိုက္ေလသည္။ ဆြန္းလင္က ျမန္ျမန္ရွင္းျပလိုက္၏။
" ကြၽန္မ သူ႔ကို ဒီမနက္ခင္းက စာေမးပြဲခန္းမဆီ သြားပို႔ေပးခဲ့တာပဲ၊ စာေမးပြဲၿပီးေတာ့ ကြၽန္မပဲ သူ႔ကို အရင္ႀကိဳၿပီး ျပန္လာခဲ့တာေပါ့၊ ဒီေလာက္ႀကီးတဲ့ ခန္းမႀကီးထဲက ရွင့္ကေလးကို မေတြ႕ဘဲမေနဘူးလို႔ ဘာလို႔ျဖစ္ၿပီး အာမခံႏိုင္ရတာလဲ၊ ရွင္ သူ႔ကို သြားႀကိဳဖို႔ေရာက္သြားတဲ့အခ်ိန္က ေန႔လည္စာစားခ်ိန္ေတာင္ ေက်ာ္ေနၿပီ"
ထိုသို႔ေျပာလိုက္ၿပီး ဆြန္းလင္က သူ႔ကို သည္အတိုင္းေရာခ်လိုက္ကာ စကားလမ္းေၾကာင္းလြဲလိုက္ေတာ့သည္။
ရွန္ခ်န္က တစ္ခုခု ေျပာရန္ျပင္လိုက္စဥ္ ရွန္ယြဲ႕က လက္ယမ္းျပၿပီး သူ႔ကို တားလိုက္၏။ ပါးနပ္လွသည့္ရွန္ခ်န္က အစ္မျဖစ္သူ ေျပာခ်င္သည့္အဓိပၸါယ္ကို ခ်က္ခ်င္းနားလည္သြားကာ ဆက္မေျပာလိုက္ေတာ့ေပ။
တီ တီ တီ။
ကေလးသုံးေယာက္၏ဖုန္းသည္ တစ္ခ်ိန္တည္းတြင္ ျမည္လာခဲ့သည္။ သူတို႔သည္ တစ္ခ်က္ၾကည့္လိုက္ၿပီး ယြီေဟာက္က group chatထဲတြင္ စာတစ္ေစာင္ပို႔ထားသည္ကို သိလိုက္ရေလသည္။
[ေကာလိပ္ဝင္ခြင့္စာေမးပြဲ ၿပီးသြားပါၿပီ။ ဒီေန႔ည ႏႈတ္ဆက္ညစာစားပြဲ လုပ္ရေအာင္]
ၿမိဳ႕ေတာ္တကၠသိုလ္တြင္ ဝင္ခြင့္အာမခံရခဲ့သည့္ ေက်ာင္းသူတစ္ေယာက္အေနျဖင့္ ရွန္ရွင္းသည္ တခန္းလုံးေရွ႕တြင္ ႂကြားလုံးထုတ္ၿပီး ရွန္ယြဲ႕ကို နင္းေျခမည့္အခြင့္အေရးကို အမွန္ပင္ လက္လႊတ္ခံလိမ့္မည္ မဟုတ္ေပ။
ညစာစားၿပီးေနာက္ ရွန္ယြဲ႕က သူမ၏ အိမ္အလုပ္မ်ားကို လုပ္လိုက္ၿပီး အခန္းထဲသို႔ ျပန္လာခဲ့လိုက္သည္။ ထို႔ေနာက္ သူမသည္ သူမ၏မိတ္ေဆြမ်ားကို ဆက္သြယ္ေနက်ျဖစ္သည့္ ကုဒ္ပိတ္ထားသည့္ ကြန္ရက္အတြင္းသို႔ ကြၽမ္းကြၽမ္းက်င္က်င္ ဝင္လိုက္ေလသည္။
[ယဲ့ရင္း ငါ နင့္နာမည္ကိုသုံးၿပီး ရွီဖုန္းကို ငါ့ကို ကူညီေပးဖို႔ တစ္ခါေျပာခဲ့ဖူးတယ္၊ ဒါေပမယ့္ ငါ ရွီဖုန္းကို ငါ့သ႐ုပ္မွန္ မေျပာျပခဲ့ဘူး၊ ဒီေတာ့ ရွီဖုန္း နင့္ကို ဒီအေၾကာင္းေမးလာခဲ့ရင္ စကားမမွားေစနဲ႔ေနာ္]
...
သည္အခိုက္တြင္ Hႏိုင္ငံရွိ ႀကီးက်ယ္ခမ္းနားလွသည့္ အေဆာက္အအုံးတစ္ခု၏ ေခါင္မိုးထပ္ေပၚတြင္ ယဲ့ရင္း အမ်ိဳးသမီးတစ္ေယာက္ႏွင့္ ကိုယ္လက္ႏွီးေႏွာရင္း စည္းစိမ္ခံေနေလသည္။ ႐ုတ္တရက္ ဆက္သြယ္ေရးကိရိယာထဲက အသံေၾကာင့္ ယဲ့ရင္းသည္ ကုတင္ေပၚက အမ်ိဳးသမီးကို ပစ္ထားခဲ့ၿပီး စိတ္လႈပ္ရွားကာျဖင့္ ဆက္သြယ္ေရးကရိယာဆီ ေရာက္သြားေတာ့သည္။ သူ႔လက္ေခ်ာင္းမ်ားက ျမန္ျမန္ဆန္ဆန္ စာ႐ိုက္လိုက္ေလသည္။
[မစိုးရိမ္ပါနဲ႔၊ လင္ယြဲ႕။ နင္ ငါ့ကို သိတာ ဘယ္ေလာက္ၾကာၿပီလဲ၊ အခုထိ ငါ့ကို စိုးရိမ္ေနတုန္းလား]
အခ်ိန္ေတာ္ေတာ္ၾကာသြားသည္အထိ ယဲ့ရင္းသည္ ျပန္စာတစ္ေစာင္ပင္ မရခဲ့ေခ်။ သူက ကီးဘုတ္ကို စိတ္အားထက္သန္စြာျဖင့္ ထပ္႐ိုက္လိုက္ေလသည္။
[အဲဒီတုန္းက ဘာျဖစ္ခဲ့တာလဲ၊ ေနာက္ဆုံးက်မွ နင့္ကိုယ္နင္ ဘာလို႔ စြန္႔လႊတ္ခဲ့တာလဲ]
ဆယ္မိနစ္တိတ္ တြင္ ဆက္သြယ္ေရးကိရိယာက ထပ္ျမည္လာၿပီး စာလုံးမ်ားက အနည္းငယ္ ႐ိုးရွင္းေလသည္။
[ဒီအေၾကာင္း ေျပာဖို႔ အရမ္းေစာေနေသးတယ္၊ အခ်ိန္တန္ရင္ ငါ နင့္ကို အကုန္ေျပာျပမယ္၊ ငါ လိုအပ္ရင္ နင့္ကို ဆက္သြယ္လာခဲ့မယ္]
ထို႔ေနာက္တြင္ ယဲ့ရင္းပို႔သမွ်စာမ်ားသည္ လင္ယြဲ႕ထံမွ ျပန္စာတစ္ေစာင္ပင္ မရခဲ့ေခ်။ သူသည္ နည္းနည္းဝမ္းနည္းသြားၿပီး တစ္ေယာက္တည္း ေရ႐ြတ္လိုက္ေလသည္။
" နင္က မလိုေတာ့ ငါ့ကို လ်စ္လ်ဴရႈထားၿပီး ငါ့ကိုလိုတဲ့အခ်ိန္က်ေတာ့ အရမ္းကို ေျဖာင့္မတ္ျပေနတာေနာ္၊ ငါ နင့္အေပၚ တကယ္ အေႂကြးတင္ေနတာပဲ ဘိုးေအေလးေရ"
ဒါေပမဲ့ ျပန္စဥ္းစားၾကည့္လိုက္ေတာ့ လင္ယြဲ႕ အသက္ရွင္ေနသ၍ သူ႔ကို ပိုေပ်ာ္ေစႏိုင္တာ မရွိေတာ့ဘူးမလား။
...
အပိုင္း (၁၃၉) ယြီေဟာက္ႏွင့္ စကားေျပာျခင္း
ဆက္သြယ္ၿပီးသြားသည္ႏွင့္ ရွန္ယြဲ႕က ဖုန္းကို ထုတ္လိုက္ၿပီး သူမႏွင့္ ညစာစားပြဲကိုတက္ရန္ က်ိဳးမိသားစု၏ သက္ေတာ္ေစာင့္ႏွစ္ေယာက္ကို ဖုန္းဆက္ကာ ညခင္းပြဲကို နည္းနည္းေပ်ာ္စရာေကာင္းေအာင္ ျပင္ဆင္ထားခိုင္းလိုက္ေလသည္။
ရွန္ယြဲ႕သည္ အခန္းထဲမွ ျပန္ထြက္လာခ်ိန္တြင္ ညေနခင္း ေရာက္ေနၿပီျဖစ္သည္။ ရွန္ရွင္းက သူမတြင္ ဝတ္စရာ အဝတ္အစားမ်ားမရွိေၾကာင္း ဆြန္းလင္အား ညည္းညဴေနသည္ကိုသာ ၾကားလိုက္ရသည္။ ညစာစားပြဲကို အဝတ္အစားအေဟာင္းႏွင့္ တက္ေရာက္ရလွ်င္ ရွက္စရာေကာင္းေနေတာ့မည္။
သန္းခ်ီတန္သည့္ ရွန္ယြဲ႕ကေတာ့ျဖင့္ သည္လိုပူပင္မႈမ်ိဳး မရွိေပ။ သူမသည္ အဝတ္ဗီဒိုထဲက အဝတ္အစားအသစ္ကို ပုံမွန္အတိုင္း ထုတ္လာခဲ့၏။ အခ်ိန္အၾကာႀကီး ေလ့က်င့္ခန္းလုပ္ခဲ့ျခင္းက ရွန္ယြဲ႕အား တျခားသူမ်ား ေခၚေနသည့္ ဝတုတ္မတစ္ေယာက္အျဖစ္မွာ အနည္းငယ္ပိန္သြယ္သည့္ပုံရိပ္တစ္ခုအျဖစ္ ေျပာင္းလဲေပးလိုက္ေတာ့သည္။
သူမ၏အရင္ဘဝက လုပ္ႀကံသူတစ္ေယာက္၏ စံႏႈန္းက လက္ရွိရွန္ယြဲ႕ကို အဝတ္အစား ဝတ္ထားလွ်င္ေတာင္ပိန္ပါးၿပီး ေကာက္ေၾကာင္းမ်ားေပၚလာေစေတာ့သည္။
!!
"အစ္မ နင္ ဒီေန႔ တကယ္လွတယ္"
ရွန္ခ်န္က ရွန္ယြဲ႕ကို ေတြ႕လိုက္ရေသာအခါ မေနႏိုင္ေတာ့ဘဲ ခ်ီးက်ဴးမိေတာ့သည္။
ထိုအရာကို ျမင္လိုက္ၿပီး ဆြန္းလင္၏မ်က္ႏွာမွာ ခ်က္ခ်င္း ညိဳးက်သြားေတာ့သည္။ သူမက ရွန္ယြဲ႕ကို လက္ညိဳးေငါက္ေငါက္ထိုးၿပီး ဆဲဆိုေတာ့သည္။
" တကယ္ေတာ့ ရွန္ရွင္းက နင့္ညီမေလးပဲေလ၊နင့္မွာ ဝတ္စရာေတြ အသစ္ေတြအမ်ားႀကီးရွိေနတာေတာင္ နင့္ညီမေလးအတြက္ တစ္ခုခုဝယ္ေပးရေကာင္းမွန္းမသိဘူး၊ ငါေလ ဘာလို႔မ်ား နင့္လို ေက်းဇူးကန္းတဲ့သူကို ေမြးခဲ့မိတာလဲ မသိဘူး"
ရွန္ရွင္းသည္လည္း ထိုအခိုက္တြင္ သံေယာင္လိုက္ကာ သေဘာတူလိုက္ခ်င္ေလသည္။ သူမသည္ တစ္ခုခု ေျပာမည္ျပင္လိုက္စဥ္ ရွန္ယြဲ႕၏ မီးဝင္းဝင္းေတာက္အၾကည့္ႏွင့္ သြားတိုးေတာ့သည္။
ရွန္ယြဲ႕က ဆြန္းလင္ဘက္ လွည့္လိုက္ကာ ေျပာလိုက္၏။
" သမီး အဝတ္အစားဝယ္တယ္ေလ ၊ အဝတ္အစားဝယ္ဖို႔ ပိုက္ဆံရွာႏိုင္တဲ့ အရည္အခ်င္းရွိတာကိုး၊ ရွန္ရွင္းက အဝတ္အစားလိုခ်င္တယ္ဆိုရင္ အဝတ္အစားဝယ္ဖို႔ ကိုယ္ပိုင္ေငြရွာဖို႔ အလုပ္လုပ္ခိုင္းလိုက္ပါလား၊ သူ႔တစ္ဘဝလုံးကို အေမ့အေပၚအားကိုးခိုင္းထားမလို႔လား"
ရွန္ယြဲ႕က သူမကို ျပန္ခံေျပာရဲေနသည္ကို ေတြ႕လိုက္ရသျဖင့္ ဆြန္းလင္သည္ သူမကို ႐ိုက္ရန္ ႐ြယ္လိုက္ေတာ့သည္။
ရွန္ယြဲ႕သည္ အရင္လို မခ်ိနဲ႔ေတာ့ေခ်။ သူမက လက္ဖ်ံႏွင့္ ဆြန္းလင္၏လက္ေမာင္းကို တားလိုက္ကာ ေျပာလိုက္ေတာ့သည္။
" ေနာက္ဆိုရင္ သမီးကို လာမဆြနဲ႔"
ထို႔ေနာက္ သူမက တံခါးအျပင္ဘက္သို႔ ေလွ်ာက္ထြက္သြားလိုက္ေတာ့သည္။
က်ိဳးမိသားစု၏ သက္ေတာ္ေစာင့္မ်ားသည္ တံခါးေရွ႕တြင္ ေစာင့္ေနၾကသည္။ ရွန္ယြဲ႕ ကားထဲဝင္သြားၿပီးေနာက္ ေနရာတြင္ ေၾကာင္အမ္းအမ္း ရပ္ေနသည့္ ဆြန္းလင္ႏွင့္ ရွန္ရွင္းတို႔ကို ထားခဲ့ကာ ကားက ေမာင္းထြက္သြားေလသည္။
ရွန္ယြဲ႕သည္ စားေသာက္ဆိုင္သို႔ အရင္ဆုံးေရာက္သြားေတာ့သည္။ သူမ ကားေပၚက ဆင္းလိုက္သည္ႏွင့္တၿပိဳင္နဲ႔ ဆိုင္ကို အကဲခတ္ၾကည့္လိုက္၏။
ရင္းႏွီးသည့္ခံစားခ်က္တစ္ခုကို ေပးစြမ္းႏိုင္သည့္ မိသားစုစားေသာက္ဆိုင္ေလးတစ္ခုပင္။ အခန္းထဲက စားပြဲတိုင္းေပၚတြင္ အျဖဴေရာင္ေႂကြထည္ပန္းအိုးတစ္လုံးစီ တင္ထားသည္။ ပန္းအိုးထဲက ပန္းေရာင္ႏွင္းဆီးမ်ားသည္ သိမ္ေမြ႕စြာပြင့္ေနၿပီး ပတ္ဝန္းက်င္ႏွင့္ ဆန္႔က်င္ဘက္အသြင္တစ္ခု ျဖစ္ေနကာ လူမ်ားကို အလြန္သက္ေတာင့္သက္သာျဖစ္ေစသည့္ ခံစားခ်က္မ်ိဳးေပးေနသည္။
ရွန္ယြဲ႕က အႀကီးဆုံးသီးသန္႔ခန္းဆီသို႔ တည့္တည့္ေလွ်ာက္သြားလိုက္၏။ ပြဲစီစဥ္သူတစ္ေယာက္အေနျဖင့္ ယြီေဟာက္က ဆရာမ်ားႏွင့္ ေက်ာင္းသားမ်ားကို ေစာင့္ဆိုင္းရန္ ႀကိဳေရာက္ေနေလသည္။
ရွန္ယြဲ႕က ထိုျမင္ကြင္းကို ျမင္လိုက္ခ်ိန္တြင္ စကားမေျပာလိုက္ေပ။ သူမက ေဘးက ထိုင္ခုံတစ္ခုကို ေ႐ြးလိုက္ၿပီး ထိုင္ခ်လိုက္ေတာ့သည္။
ယြီေဟာက္က ရွန္ယြဲ႕ကို စကားအရင္ စေျပာလိုက္သည္။
" နင္က ပထမဆုံးေရာက္လာတဲ့သူျဖစ္ေနမယ္လို႔ ငါလုံးဝ မထင္ထားခဲ့ဘူး၊ နင္ အရင္ကထက္စာရင္ အမ်ားႀကီးေျပာင္းလဲသြားတယ္ေနာ္"
"ဟုတ္လား၊ ငါေတာ့ အဲလိုမထင္ပါဘူး"
" ဟုတ္တာေပါ့"
ယြီေဟာက္က မနားတမ္း စကားဆက္ေျပာေနေလသည္။ အဓိကစိတ္ကူးမွာ ရွန္ယြဲ႕ကို ခ်ီးမႊမ္းဖို႔ရန္သာျဖစ္ေသာ္လည္း သူမက လုံးဝ ျပန္မေျပာေခ်။
ယြီေဟာက္သည္ ရွန္ယြဲ႕က ေက်ာင္းတြင္ အလြန္အင္အားႀကီးမွန္း ျမင္ေတြ႕ခဲ့ရသည္။ သူမက သူ႔ကို စကားမေျပာခ်င္မွန္း သိလိုက္ရသျဖင့္ သူက ပုံမွန္အတိုင္း ခြက္တစ္ခုကို ယူကာ ေရနည္းနည္း ေသာက္လိုက္ေတာ့သည္။ သို႔ေသာ္ သူ႔စိတ္ထဲတြင္ေတာ့ က်ိတ္ဆဲေနလိုက္မိသည္။ ဘာေတြမ်ား ဂုဏ္ယူစရာေကာင္းေနလို႔လဲ။ သူမက ဝိတ္ေလးနည္းနည္းပါးပါးက်သြားၿပီး ခႏၶာကိုယ္အားကိုးနဲ႔ အဆက္အသြယ္နည္းနည္းပါး ရသြားတာကိုမ်ား။
အခ်ိန္က ကသိကေအာက္ႏိုင္သည့္ အေနအထားႏွင့္ပင္ ကုန္ဆုံးလာခဲ့သည္။ တျဖည္းျဖည္းႏွင့္ သီးသန္႔ခန္းထဲတြင္ လူမ်ား ပိုပိုမ်ားလာခဲ့သည္။ ယြီေဟာက္က အားလုံးကို ေႏြးေႏြးေထြးေထြး ႀကိဳဆိုလိုက္၏။
တစ္ဖက္တြင္ေတာ့ ေထာင့္တြင္ထိုင္ေနသည့္ ရွန္ယြဲ႕က သူတို႔ကိုပင္ မၾကည့္ေခ်။
အားလုံးက အဖြဲ႕လိုက္အတူတူ ထိုင္လိုက္ၾကသည္။ မည္သူကမွ ရွန္ယြဲ႕ႏွင့္ မထိုင္ခ်င္ၾကေပ။ တျခားသီးသန္႔ခန္းထဲတြင္ေတာ့ ခ်န္းမင္ ေခါင္းေဆာင္သည့္ လူတစ္ခ်ိဳ႕က ရွန္ယြဲ႕ႏွင့္ ထိုင္ရမည့္ ကံဆိုးသူကို က်ိတ္ကာ တိုင္ပင္ေနၾကေလသည္။
ေက်ာင္းသားမ်ား ဝင္လာသည္ႏွင့္အမွ် ရွန္ယြဲ႕ေဘးက ထိုင္ခုံတစ္ခုသာ လႊတ္ေတာ့သည္။
"ရွန္ရွင္း၊ ေနာက္ဆုံးေရာက္လာတဲ့သူက ရွန္ရွင္းတဲ့၊ ညီအစ္မႏွစ္ေယာက္က အစကတည္းက လုံးဝတည့္တာမဟုတ္ဘူး၊ ပြဲႀကီးပြဲေကာင္းေတာ့ ၾကည့္ရအုံးမယ္"
ေနာက္ဆုံးလူ ေရာက္လာသည္ႏွင့္ အခန္းထဲတြင္ စကားသံမ်ား ဆူညံသြားေတာ့သည္။
ရွန္ရွင္းသည္ ဝင္လာၿပီး ထိုင္ခုံမ်ားကို ေတြ႕လိုက္သည္ႏွင့္တၿပိဳင္နက္ သူမ ဝင္လာစဥ္က အားလုံးက ေျပာဆိုေနၾကသည့္အေၾကာင္းအရင္းကို ခ်က္ခ်င္း နာလည္းသြားေတာ့သည္။ သူမသည္ ေနာက္ထိုင္ခုံတစ္ခုကို ထပ္ထည့္ခ်င္လိုက္ေသာ္လည္း အခန္းထဲတြင္ လူအရမ္းမ်ားေနသည္။ ခုံအပိုတစ္လုံးအတြက္ ေနရာမရွိေတာ့ေခ်။ ရွန္ရွင္းသည္ မတတ္သာေတာ့ဘဲ ေနာက္ဆုံးတြင္ ရွန္ယြဲ႕ေဘး၌ ဝင္ထိုင္လိုက္ရေတာ့သည္။
ရွန္ရွင္းက ဝင္ထိုင္လိုက္ၿပီးေနာက္ သူမ၏အဝတ္အစားမ်ားကို ရွန္ယြဲ႕ႏွင့္ မထိေစရန္ အတတ္ႏိုင္ဆုံးႀကိဳးစားလိုက္ေလသည္။ ရွန္ယြဲ႕လိုလူမ်ိဳးက သူမ၏အဆင့္ထပ္ ပိုနိမ့္ေနရလိမ့္မည္ဟု ထင္ေနမိသည္။
ရွန္ယြဲ႕ကလည္း တျခားလူမ်ား၏အျပဳအမူေၾကာင့္ စိတ္ထိခိုက္ေနေခ်။
ယြီေဟာက္က ျဖည္းျဖည္းခ်င္း ထရပ္ကာ ေျပာလိုက္ေတာ့သည္။
" ေက်ာင္းသားေက်ာင္းသူတို႔ ဒီေန႔ ဒီေနရာမွာ အားလုံးအတူတူ လာဆုံတဲ့အတြက္ အရမ္းဝမ္းသာတယ္၊ ခုနက ဆရာက ငါ့ကို ဖုန္းေခၚၿပီး ေျပာလိုက္တယ္ ေက်ာင္းမွာ ကိစၥေပၚလာလို႔ မလာႏိုင္ေတာ့ေလာက္ဘူးတဲ့၊ ဒါေပမယ့္ ဆရာက ေျပာပါတယ္၊ အခု ေကာလိပ္ဝင္ခြင့္ စာေမးပြဲလည္းၿပီးသြားၿပီဆိုေတာ့ ဒီေန႔ည အားလုံး ေပ်ာ္ပါးလို႔ရတယ္တဲ့၊ ေကာလိပ္ဝင္ခြင့္စာေမးပြဲအတြက္ ဘာစိတ္ဖိစီးမႈမွ မရွိေတာ့ဘူး"
...
မဂၤလာပါရွင္! အခေၾကးေလး ေျပာင္းလဲထားပါတယ္ေနာ္။GP - 1 (1 - 250) 1500 Ks.
GP - 2 (251 - 500) 2500 Ks.
Gp 1+2 3500Ks
အထူးလုပ္ႀကံေရးသမတစ္ေယာက္ရဲ႕စာမ်က္ႏွာသစ္ fb pageနဲ႔ https://t.me/OrchidSarPay tele accမွာ hi ပို႔ၿပီးဝယ္ယူႏိုင္ပါတယ္ရွင္။
. . .