အပိုင်း (၁၃၆) သူရဲကောင်းတို့လုပ်ရပ်
လူထွားကြီးက ထိုင်ခုံတစ်ခုစီကို လျှောက်လာတိုင်း ငွေများကို သိမ်းနေလေသည်။ အားလုံးက နာနာခံခံဖြင့် သူ့ကို ပိုက်ဆံပေးလိုက်ကြသည်။ ဘယ်သူကမှ မငြင်းကြပေ။ သူသည် ရှန်ယွဲ့တို့ ထိုင်ခုံနားရောက်လာသောအခါ ရှန်အန်းက သူ့အိတ်ထဲမှ ယွမ်၂၀၀ ထုတ်လိုက်ပြီး လူထွားကြီးကို ပေးလိုက်လေသည်။
"ဒါအကုန်ပဲလား"
လူထွားကြီးက လုံးဝမကျေနပ်သည်မှာ အထင်အရှားပင်။ သူတို့တွေ ဒီကိုလာတဲ့လမ်းတစ်လျှောက်လုံးမှာ တခြားတွေဆို အနည်းဆုံး ယွမ် ၅၀၀- ၆၀၀ လောက်ပါကြတယ်လေ။ နောက်ဆုံး ဒီ သူထိုင်ခုံကိုရောက်လာမှပဲ ယွမ်၂၀၀ တဲ့လား။ အားလုံးကလည်း ငွေအကြွေစေ့တွေချည်းပဲ။
" ငါ မင်းကို ပြောလိုက်မယ်၊ အသိတရားရှိစမ်း၊ ကျေးဇူးကန်းချင်မနေနဲ့၊ ငွေက အရေးကြီးလား ၊ မင်းအသက်က ပိုအရေးကြီးလား"
အမှန်တွင်လည်း ရှန်အန်းတွင် ငွေအများဆုံးက သည်လောက်သာရှိလေသည်။။ အစပိုင်းက သူ့ကိုယ်ပေါ်တွင် ငွေတစ်ပြားမှ မရှိခဲ့ပေ။ ကောလိပ်စာမေးပွဲကြောင့် နောက်ဆုံးအချိန်ကျမှ တစ်ခုခုဖြစ်စိုးသဖြင့် သူက ဆွန်းလင်ထံမှ ယွမ်၂၀၀ တောင်းခဲ့ခြင်းပင်။ ထိုငွေကိုရဖို့ရာ သူ့အတွက် မလွယ်လှချေ။
ရှန်ချန်တွင်လည်း ရှန်ယွဲ့ သူ့ကို ပေးထားသည့် ငွေရှိသည်။ သို့သော် သူသည် ထိုငွေများကို တခြားသူများအား အလကားမပေးပစ်ချင်ပေ။ ထို့ကြောင့် သူက လျှောက်လမ်းဘေးတွင် ထိုင်နေလိုက်၏။
" ကျွန်တော့်မှာ ရှိတာ အကုန်ပါပဲ၊ ကျွန်တော်က ဆောက်လုပ်ရေးဆိုက်မှာ အလုပ်လုပ်တဲ့ လူတစ်ယောက်ပါ၊ ကျွန်တော့်မှာ အဲလောက်ငွေအများကြီး မရှိပါဘူး"
ရှန်အန်း၏အသံသည် အနည်းငယ်တုန်ယင်နေလေသည်။ သို့သော် ကလေးနှစ်ယောက်ကို ကာကွယ်ပေးရန် သူသည် တည်ငြိမ်ချင်ဟန်ဆောင်နေရသည်။
" အစ်ကိုကြီး ကျွန်တော့်မှာ ရှိသမျှအားလုံး ပေးပြီးပါပြီ၊ ကျွန်တော်တို့ကို အရင်သွားခွင့်ပေးပါလား၊ ဒီနေ့က ကောလိပ်စာမေးပွဲဖြေမယ့်နေ့လေ၊ ကျွန်တော့်ကလေး စာမေးပွဲဖြေရမှာမလို့ပါ"
ရှန်အန်းသည် ကိစ္စကို တတ်နိုင်သမျှ မြန်မြန် ဖြေရှင်းချင်လေသည်။ သူတို့သည် စာမေးပွဲခန်းသို့ အလောတကြီးသွားရအုံးမည်။ အချိန်လည်း တော်တော်လင့်နေပြီ။ သူတို့ အခုနေ သွားနိုင်ခဲ့လျှင် စာမေးပွဲခန်းမသို့ အချိန်မီရောက်နိုင်လိမ့်မည်။
ရှန်အန်း၏စကားကို ကြားလိုက်သည်တွင် လူထွားကြီးက ရှန်ယွဲ့နှင့်ရှန်ချန်တို့ကို ကြည့်လိုက်၏။ သူတို့နှစ်ယောက်သည် ချောမောကြီး brandတံဆိပ် အင်္ကျီကို ဝတ်ထားကြသည်။ သူတို့သည် လယ်သမား၏ကလေးများနှင့်မတူဘဲ လူချမ်းသာမိသားစုက ကလေးများနှင့် တူနေတော့သည်။
ကလေးတွေက အဲလောက်ချမ်းချမ်းသာသာ ဝတ်ထားပေမယ့် အဖေကတော့ ယွမ်၂၀၀ပဲ ထုတ်ပေးတယ်။ ဘယ်သူမှ ယုံမှာမဟုတ်ဘူး။
လူထွားကြီးက ဒေါသထွက်သွားပြီး ရှန်အန်းကို ပါးရိုက်လိုက်တော့သည်။
" ငါ့ကိုများ လိမ်ရဲတယ်ဟုတ်လား၊ ခင်များမိသားစုက ငွေမရှိဘူးလို့ ပြောတယ်ဟုတ်လား၊ ခင်များက ဆောက်လုပ်ရေးဆိုက်မှာ အလုပ်လုပ်ပြီး မင်းတို့က ဒီလိုဝတ်စားထားတယ်လား၊ ကျုပ်ကို အရူးလုပ်ဖို့ လွယ်တယ်လို့များ ထင်နေတာလား"
ဒီပါးရိုက်ချက်က အားလုံးကို သတိအနေအထားဖြစ်သွားစေတော့သည်။ ရှန်ယွဲ့နှင့် ရှန်ချန်တို့ပင် တားချိန်မရလိုက်ချေ။ ရှန်အန်းလည်း တော်တောနာသွားလေသည်။ သူ့တွင် အမှန်ပင် ငွေသည်လောက်သာ ရှိလေသည်။
ရှန်အန်းက ငွေမထုတ်ပေးချင်ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် လူထွားကြီးက သူကိုယ်တိုင် ရှာချင်သွားတော့သည်။
သည်အခိုက်တွင် ရှန်ချန်က သူ့ကို မြန်မြန်တားလိုက်၏။ နောက်ဆုံးတွင် သူ သိမ်ထားသည့် ငွေတစ်ထပ်လုံး ထွက်ကျလာတော့သည်။ ရှန်ယွဲ့ကို သူ့ကိုပစ္စည်းဝယ်ရန် ပေးထားသည့် ငွေများပင်။ ယွမ် ၁၀၀၀ လောက်ရှိလေသည်။
လူထွားကြီးက မျက်လုံးထဲတွင် တဖိတ်ဖိတ်တောက်နေသည့် အကြည့်ဖြင့် ကြမ်းပြင်ပေါ်က ငွေများကို ကြည့်လိုက်လေသည်။ သူသည် သူတို့ကို လူချမ်းသားမိသားစုက ကလေးများဟု ခန့်မှန်းလိုက်ပြီး ရှန်ချန်ဆီမှာ လုယက်ချင်သွားတော့သည်။
ရှန်ယွဲ့က မည်သို့ ရှန်ချန်ကို အနိုင်ကျင့်ခွင့်ပြုပါမည်နည်း။ သူမသည် လူထွားကြီး ပြင်ဆင်မထားသည့် အချိန်လေးတွင် သူ့ကို လက်သီးဖြင့် ထိုးပလိုက်တော့သည်။
လူထွားကြီးက လက်သီးစာမိသွားပြီး သူ့မျက်လုံးများကို အုပ်ကာ ကြမ်းပေါ်တွင် လဲကျသွားပြီး အော်ဟစ်နေတော့သည်။ ရှန်ချန်နှင့် ရှန်အန်းတို့က ကြောက်ရွံ့သည့်စိတ်နှင့် ရှန်ယွဲ့ကို ကြည့်လိုက်ကြ၏။ ရှန်အန်းသည်လူထွားကြိးက ပြန်ထလာပြီး လက်စာချေးမည်စိုးသဖြင့် သူက ကလေးနှစ်ယောက်ကို သူ့နောက်သို့ မြန်မြန် ပို့ကာ ကာထားလိုက်လေသည်။
လူထွားကြီးက တဖြည်းဖြည်းပြန်ကောင်းလာပြီး ဒေါသထွက်ထွက်နှင့် ဆဲရေးတော့သည်။
"-ျီးပဲ ၊ ငါ ဒီနေ့ မင်းတို့ကို သ-တ်ပစ်မယ်"
သူက ပြောရင်းဆိုရင် ရှေ့သို့ အပြေးတက်လာပြီး ဓားတစ်ချောင်းနှင့် သူတို့သုံးယောက်ထဲ ပြေးဝင်လာလေသည်။
ရှန်အန်းသည် ကြောက်လန့်သဖြင့် တုန်ယင်နေသော်လည်း ကလေးများကို ကာကွယ်ပေးရန် ရှေ့သို့ တက်သွားလိုက်ပြီး ဓားကိုလက်နှစ်ဖက်ဖြင့် ဖမ်းထားလိုက်သည်။
ရှန်အန်းနှင့် တခြားဘေးကကြည့်နေသူများက နေရာတွင်ပင် သွေးများ ပန်းထွက်လာတော့မည်ဟု စဥ်းစားလိုက်ချိန်မှာပင် ရှန်ယွဲ့က တည်တည်ငြိမ်ငြိမ်နှင့် ရှေ့ထွက်လာပြီး ရာဇဝတ်သား၏ ဗိုက်ကို ကန်ထည့်လိုက်တော့သည်။ ထိုလူက ကြမ်းပြင်ပေါ်တွင် အချိန်အကြာကြီး လဲကျသွားပြီး ပြန်မထလာနိုင်တော့ပေ။
အလွန်အားနည်းသည့် ကန်ချက်တစ်ခုဟု ထင်ရသော်လည်း ထိုမျှလောက် အားကြီးလိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြပေ။ အားလုံးက အနည်းငယ် အံ့ဩသွားကြလေသည်။
"မြန်မြန် သူ့ကို ဖမ်းတော့လေ၊ သူ ဓားနဲ့ ပြန်ထလာတဲ့အထိ စောင့်နေကြတာလား" ရှန်ယွဲ့သည် အခုလေးတင်ကန်လိုက်သည့် ကန်ချက်တွင် အားအများကြီး မထည့်ထားသောလည်း လူ့ခန္ဓာကိုယ်၏ အရေးအကြီးဆုံးအပိုင်းကို ကန်ထည့်လိုက်ခြင်းပင်။ လူထွားကြီးက မည်မျှပင် သန်မာသည်ဖြစ်စေ ကြမ်းပြင်ပေါ်တွင် အချိန်ခဏအထိ လဲလျောင်းနေရလိမ့်မည်။
ထိုအခါမှ အားလုံးက သတိဝင်လာကြတော့သည်။ သူတို့ထဲက တစ်ချို့က ထိုလူကို ထိန်းသိမ်းရန် ရှေ့တိုးသွားကြ၏။ လူတစ်ယောက်က ဖုန်းထုတ်ပြီး ရဲစခန်းကို ဖုန်းခေါ်လိုက်သည်။
သိပ်မကြာခင်မှာပင် ရဲများ ရောက်လာကြတော့သည်။ ဖြစ်ပျက်သွားသည်ကို သိရှိသွားပြီးနောက် သူတို့က ရှန်ယွဲ့ကို ချီးကျူးစကားပြောကြလေသည်။
" မိန်းကလေးရဲ့ သတ္တိက ချီးကျူးထိုက်ပါပေတယ်"
အားလုံးကလည်း ရှန်ယွဲ့ကို ချီးကျူးကြသည်။ သည်အခိုက်တွင် တစ်စုံတစ်ယောက် သူတို့ကို သတိပေးလိုက်၏။
" ဒီမိန်းကလေးက ဒီနေ့ ကောလိပ်စာမေးပွဲ ဖြေရမှာမလား"
ထိုအခါမှ အားလုံးက သတိရသွားတော့သည်။ အရမ်းနောက်ကျနေပြီကို သိလိုက်ရသဖြင့် သူတို့သည် အလောတကြီး ထွက်သွားကြတော့သည်။ စာမေးပွဲခန်းမသို့ရောက်လျှင် စာမေးပွဲဖြေချိန်က နာရီဝက်လောက်သာ ကျန်တော့မည်ထင်သည်။
...
အပိုင်း (၁၃၇) နာရီဝက်ကျန်တယ်
" ဘာလုပ်ကြမလဲ"
ရှန်အန်းမှာ အလွန်စိုးရိမ်သွားသော်လည်း ရှန်ယွဲ့က အလွန်တည်ငြိမ်နေဆဲ။
" ကျွန်တော် မင်းကို ပို့ပေးမယ်လေ၊ ဒါက ပိုပြီးမြန်လိမ့်မယ်"
ရဲအရာရှိက ရှန်ယွဲ့အား စာမေးပွဲခန်းမသို့ ပို့ပေးရန် အရင်ဆုံးပြောလိုက်လေသည်။ ရဲက လမ်းရှင်းပေးထားလျှင် ပိုပြီးမြန်မြန်ရောက်နိုင်မည်က အမှန်ပင်။
ထို့ကြောင့် သူတို့သုံးယောက်သည် ရဲကားကို စီးကာ စာမေးပွဲခန်းမသို့ ထွက်လာကြတော့သည်။
" အစ်မ ငါတို့ ဘာလုပ်ကြမလဲ၊ စာမေးပွဲက စနေပြီ၊ ငါတို့တွေ အခုသွားရင်တောင် စာမေးပွဲခန်းမထဲ ဝင်လို့မရနိုင်လောက်တော့ဘူး"
ရှန်ချန်သည် အလွန်စိုးရိမ်နေလေသည်။ ဒီနေ့ အရာအားလုံး ချောချောမောမောပဲလို့ ထင်ထားတာလေ။ ဒါပေမယ့် ဒီလိုဖြစ်လာမယ်လို့ ထင်မထားခဲ့ဘူး။
" အလျင်လိုစရာမလိုပါဘူး"
ရှန်ယွဲ့က တည်ငြိမ်နေဆဲ။ သူမသည် ဖုန်းထုတ်လိုက်ပြီး ဟန်လင်းဆီ ဖုန်းခေါ်လိုက်ကာ ဖြစ်ခဲ့သမျှကို အကြမ်းဖျဥ်းရှင်းပြလိုက်လေသည်။
" လွယ်ပါတယ်၊ အချိန်ကျလာရင် မင်းက ရဲစွမ်းသတ္တိရှိတဲ့ အလုပ်တစ်ခုလုပ်ခဲ့တဲ့ အထက်တန်းကျောင်းသား ဖြေဆိုသူပါလို့ ငါပြောပေးလိုက်ရင် ပုံမှန်အတိုင်း စာမေးပွဲခန်းထဲ ဝင်လို့ရသွားလိမ့်မယ်"
မြို့တော်ဝန်ဟန်လင်းက ချက်ချင်း အဖြေတစ်ခု ပေးလိုက်တော့သည်။
" နာရီဝက်ပဲ ကျန်တော့တာ၊ အရမ်းနောက်ကျ နေလောက်ပြီ၊ ငါ အထက်လူကြီးတွေကို လျှောက်တင်ပြီး မင်းကို သပ်သပ်ဖြေခိုင်းတာပဲ ဖြစ်ဖြစ်၊ အချိန်တိုးခိုင်းတာပဲ ဖြစ်ဖြစ် လုပ်ပေးရမလား"
အရင်ကလည်း မှန်ကန်ဖြောင့်မတ်တဲ့ အရေးကိစ္စကြောင့် စာမေးပွဲခန်းမထဲကို နောက်ကျမှ ဝင်လာတဲ့ ကျောင်းသားမျိုးတွေမရှိတာမဟုတ်ဘူးဆိုတော့လေ။
" မလိုပါဘူး၊ နာရီဝက်နဲ့ လုံလောက်ပါတယ်"
ရှန်ယွဲ့က ဟန်လင်း၏စေတနာကို ငြင်းပယ်လိုက်သည်။ ငါ့အတွက်တော့ နာရီဝက်က လုံလောက်တယ်လေ၊ အချိန်တွေအရမ်းများနေရင်လည်း စာမေးပွဲခန်းထဲမှာ ထိုင်နေရအုံးမယ်။
" ကောင်းပြီလေ၊ ငါ မင်းအတွက် လူတစ်ယောက်စီစဥ်ထားပေးလိုက်မယ်၊ မင်း စာမေးပွဲခန်းမကိုရောက်ရင် တန်းဝင်သွားရုံပဲ"
ရှန်ယွဲ့က စာမေးပွဲဖြေဖို့ ဆုံးဖြတ်ထားသည်ကို တွေ့လိုက်ရသဖြင့် ဟန်လင်းသည် သူမကို အတင်းမတိုက်တွန်းတော့ချေ။
ရှန်အန်းနှင့် ရှန်ချန်တို့သည် ရှန်ယွဲ့က ဖုန်းတစ်call နှင့် စာမေးပွဲခန်းမထဲဝင်မည့် ကိစ္စကို ဖြေရှင်းခဲ့သည်ကို မြင်လိုက်ရသောအခါ စိတ်အေးသွားကာ သက်ပြင်းချလိုက်ကြလေသည်။
ရဲကားက ဥဩသံမြည်နေပြီး နောက်ဆုံးတွင် ရှန်ယွဲ့ကို စာမေးပွဲခန်းမဆီသို့ ပို့ပေးလိုက်တော့သည်။ နာရီဝက်သာ ကျန်တော့သည်။ ရှန်ယွဲ့သည် ဝန်ထမ်း၏ အစီအစဥ်အောက်တွင် စာမေးပွဲခန်းမထဲသို့ အောင်အောင်မြင်မြင် ဝင်သွားနိုင်ခဲ့တော့သည်။ ရှန်အန်းနှင့် ရှန်ချန်တို့က အပြင်ဘက်တွင် စိုးရိမ်တကြီး စောင့်နေရစ်ကြတော့သည်။
အချိန်မရှိတော့ဘူး။ ရှန်ချန်သည် သူ့အစ်မဖြစ်သူက နောက်တစ်နှစ် ကျောင်းထပ်တက်ရလိမ့်မည်ဟု ဆုံးဖြတ်ထားပြီးဖြစ်သော်လည်း သူ့စိတ်ထဲတွင်တော့ မျှော်လင့်နေမိဆဲပင်။ တကယ်လို့များ။ တကယ်လို့ သူ့အစ်မ ဖြေနိုင်သွားခဲ့ရင်ကော။
မိနစ်သုံးဆယ်ကြာပြီးနောက်တွင် ရှန်ယွဲ့သည် စာမေးပွဲခန်းမထဲက ထွက်လာလေသည်။ ရှန်ချန်နှင့် ရှန်အန်းတို့သည် သူမထံသို့ ချက်ချင်းလျှောက်သွားလိုက်ကြတော့သည်။
"အစ်မ ဘာလို့ အဲမြန်ကြီး ထွက်လာတာလဲ"
သူမက နောက်ဆုံးမှဝင်သွားတဲ့သူ ဆိုတာရှင်းနေတာပဲလေ။ ဒါပေမယ့် ရှန်ယွဲ့က အရင်ဆုံးထွက်လာခဲ့တယ်။ မဟုတ်မှလွဲရော ဘာမှမလုပ်ရသေးခင်မှာ လက်လျှော့လိုက်တာများလား။
" စာမေးပွဲဖြေပြီးလို့ ထွက်လာတာလေ"
ရှန်ယွဲ့၏မျက်နှာသည် စိတ်အေးလက်အေး ဖြစ်နေလေသည်။ ဒီနေ့မေးခွန်းတွေက အဆင်ပြေပါတယ်လေ။ အားလုံးက တော်တော့်ကို ရိုးရှင်းတယ်။ အချိန်တိုအတွင်းမှာပဲ ဖြေပြီးသွားလို့ ပြန်တောင် စစ်လိုက်သေးတယ်။
"အားလုံးဖြေပြီးသွားတာလား၊ မဟုတ်တာ"
ရှန်ချန်က သူ့အစ်မ ဟာသပြောနေသည်ဟု ထင်လိုက်တော့သည်။ ဒီလောက်အချိန်တိုတိုလေး သူမက ဘယ်လိုလုပ်ပြီး အားလုံးကို ဖြေနိုင်မှာလဲ။
"မေးခွန်းက တော်တော့်ကို ရိုးရှင်းတယ်လေ၊ ဒီတော့ ငါ ပိုပြီးမြန်မြန် ချရေးနိုင်တာပေါ့"
ရှန်ယွဲ့က အကြောဆန့်လိုက်၏။ နေ့လည်ကျရင်လည်း စာမေးပွဲရှိသေးတယ်။ မနက်ခင်းတုန်းက ကိစ္စကြောင်း ပင်ပန်းလိုက်တာ။ အခု ငါ လုပ်ချင်တာ နေ့လည်စားတစ်နပ်ကို ကောင်းကောင်းပြီး အနားယူဖို့ပဲ။
သည်အခိုက်တွင် တခြားဖြေဆိုသူများလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြလေသည်။ တိုက်တိုက်ဆိုင်ဆိုင် ရှန်ယွဲ့နှင့် စာဖြေခန်းတစ်ခုတည်းက ကောင်လေးတစ်ယောက်ပါသည်။ သူက ရှန်ယွဲ့၏စကားကို ကြားလိုက်ရသောအခါ အထင်သေးသလို ပြောလိုက်တော့သည်။
" ရှန်ယွဲ့ရယ် လေလုံးထွားနေတာတွေ တော်ပါတော့၊ အဖြေထွက်မှ ရယ်စရာဖြစ်နေအုံးမယ်၊ နင် အဲလောက်နောက်ကျမှလာပြီး နာရီဝက်အတွင်း မေးခွန်းအားလုံး ဖြေခဲ့တယ်၊ အက်ဆေးတစ်ပုဒ် ရောလေ၊ နင် လက်လျှော့လိုက်တာမလား"
ဘေးလူများက ထိုစကားကိုကြားလိုက်ရသောအခါ သူတို့အားလုံးကို သူတို့နှစ်ယောက်ထံ ဝိုင်းလာကြတော့သည်။ တံခါးနက သတင်းထောက်တစ်ချို့ကလည်း သူတို့၏ "မိုက်ခရိုဖုန်း"များကို သူတို့နှစ်ယောက်ဆီ ချိန်ရွယ်ထားကြလေသည်။
" ဘာလို့ အရမ်းနောက်ကျမှ ရောက်လာခဲ့တာလဲ"
ဘေးတွင်ရပ်ကြည့်နေသူအားလုံးက သံသယဖြစ်သွားကြတော့သည်။ ရှန်ချန်က သူ့အစ်မဖြစ်သူက ရဲစွမ်းသတ္တိအကြောင်းကို မြန်မြန်ပြောပြလိုက်ပြီး ခေါင်းဆောင်၏ တညီတညွှတ်တည်း ခွင့်ပြုချက်ရခဲ့ပြီးကြောင်းကိုလည်း ပြောပြခဲ့လေသည်။
သူမက သူရဲကောင်းဆန်သည့်အလုပ်ကို လုပ်ခဲ့သည်ဟု ကြားလိုက်ရသည်တွင် စာမေးပွဲ ခန်းမသို့ ဝင်လာခဲ့သည့်အချိန်နှင့်ပက်သက်ပြီး မည်သူကမှ မငြင်းကြတော့ချေ။ သို့သော် ရှန်ယွဲ့က အဖြေလွှာအားလုံးကို ပြီးအောင် ဖြေခဲ့သည်ဟု ကြားလိုက်ရသောအခါ ဘယ်သူကမှ သူမကို မယုံကြပေ။
"ကျောင်းသူလေး မင်း တကယ်ပဲ အကုန်လုံး ပြီးအောင် ဖြေခဲ့တာလား" သတင်းထောက်က မယုံသင်္ကာနှင့် မေးလိုက်၏။
" ဒီနှစ်မေးခွန်းက တော်တော် ရိုးရှင်းပါတယ် ၊ ဒါကြောင့် နည်းနည်းမြန်မြန်လေး ချရေးနိုင်ခဲ့တာ" ရှန်ယွဲ့က ခေါင်းညိတ်ပြလိုက်၏။
"ဒါဆို ဘယ်နှစ်မှတ်လောက်ရမယ်လို့ ယုံကြည်ထားလဲ" သတင်းထောက်က ထပ်မေးလိုက်၏။
"အင်း...."
ရှန်ယွဲ့သည် ခဏလောက်စဥ်းစားလိုက်ပြီးမှ ပြောလိုက်တော့သည်။
" မြို့တော်တက္ကသိုလ်ကို ဝင်ဖို့တော့ ပြဿနာမရှိလောက်ပါဘူး"
ဘယ်လို။ အားလုံးက ရှော့ခ်ဖြစ်သွားကြ၏။ သူတို့က မေးခွန်းများကို ဆက်မမေးနိုင်ခင်မှာပင် ရှန်ယွဲ့က ရှန်အန်းနှင့်ရှန်ချန်ကို ဆွဲကာ ထွက်သွားလိုက်လေတော့သည်။
...
မင်္ဂလာပါရှင်! အခကြေးလေး ပြောင်းလဲထားပါတယ်နော်။GP - 1 (1 - 250) 1500 Ks.
GP - 2 (251 - 500) 2500 Ks.
Gp 1+2 3500Ks
အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့စာမျက်နှာသစ် fb pageနဲ့ https://t.me/OrchidSarPay tele accမှာ hi ပို့ပြီးဝယ်ယူနိုင်ပါတယ်ရှင်။
. . .
Zawgyi
အပိုင္း (၁၃၆) သူရဲေကာင္းတို႔လုပ္ရပ္
လူထြားႀကီးက ထိုင္ခုံတစ္ခုစီကို ေလွ်ာက္လာတိုင္း ေငြမ်ားကို သိမ္းေနေလသည္။ အားလုံးက နာနာခံခံျဖင့္ သူ႔ကို ပိုက္ဆံေပးလိုက္ၾကသည္။ ဘယ္သူကမွ မျငင္းၾကေပ။ သူသည္ ရွန္ယြဲ႕တို႔ ထိုင္ခုံနားေရာက္လာေသာအခါ ရွန္အန္းက သူ႔အိတ္ထဲမွ ယြမ္၂၀၀ ထုတ္လိုက္ၿပီး လူထြားႀကီးကို ေပးလိုက္ေလသည္။
"ဒါအကုန္ပဲလား"
လူထြားႀကီးက လုံးဝမေက်နပ္သည္မွာ အထင္အရွားပင္။ သူတို႔ေတြ ဒီကိုလာတဲ့လမ္းတစ္ေလွ်ာက္လုံးမွာ တျခားေတြဆို အနည္းဆုံး ယြမ္ ၅၀၀- ၆၀၀ ေလာက္ပါၾကတယ္ေလ။ ေနာက္ဆုံး ဒီ သူထိုင္ခုံကိုေရာက္လာမွပဲ ယြမ္၂၀၀ တဲ့လား။ အားလုံးကလည္း ေငြအေႂကြေစ့ေတြခ်ည္းပဲ။
" ငါ မင္းကို ေျပာလိုက္မယ္၊ အသိတရားရွိစမ္း၊ ေက်းဇူးကန္းခ်င္မေနနဲ႔၊ ေငြက အေရးႀကီးလား ၊ မင္းအသက္က ပိုအေရးႀကီးလား"
အမွန္တြင္လည္း ရွန္အန္းတြင္ ေငြအမ်ားဆုံးက သည္ေလာက္သာရွိေလသည္။။ အစပိုင္းက သူ႔ကိုယ္ေပၚတြင္ ေငြတစ္ျပားမွ မရွိခဲ့ေပ။ ေကာလိပ္စာေမးပြဲေၾကာင့္ ေနာက္ဆုံးအခ်ိန္က်မွ တစ္ခုခုျဖစ္စိုးသျဖင့္ သူက ဆြန္းလင္ထံမွ ယြမ္၂၀၀ ေတာင္းခဲ့ျခင္းပင္။ ထိုေငြကိုရဖို႔ရာ သူ႔အတြက္ မလြယ္လွေခ်။
ရွန္ခ်န္တြင္လည္း ရွန္ယြဲ႕ သူ႔ကို ေပးထားသည့္ ေငြရွိသည္။ သို႔ေသာ္ သူသည္ ထိုေငြမ်ားကို တျခားသူမ်ားအား အလကားမေပးပစ္ခ်င္ေပ။ ထို႔ေၾကာင့္ သူက ေလွ်ာက္လမ္းေဘးတြင္ ထိုင္ေနလိုက္၏။
" ကြၽန္ေတာ့္မွာ ရွိတာ အကုန္ပါပဲ၊ ကြၽန္ေတာ္က ေဆာက္လုပ္ေရးဆိုက္မွာ အလုပ္လုပ္တဲ့ လူတစ္ေယာက္ပါ၊ ကြၽန္ေတာ့္မွာ အဲေလာက္ေငြအမ်ားႀကီး မရွိပါဘူး"
ရွန္အန္း၏အသံသည္ အနည္းငယ္တုန္ယင္ေနေလသည္။ သို႔ေသာ္ ကေလးႏွစ္ေယာက္ကို ကာကြယ္ေပးရန္ သူသည္ တည္ၿငိမ္ခ်င္ဟန္ေဆာင္ေနရသည္။
" အစ္ကိုႀကီး ကြၽန္ေတာ့္မွာ ရွိသမွ်အားလုံး ေပးၿပီးပါၿပီ၊ ကြၽန္ေတာ္တို႔ကို အရင္သြားခြင့္ေပးပါလား၊ ဒီေန႔က ေကာလိပ္စာေမးပြဲေျဖမယ့္ေန႔ေလ၊ ကြၽန္ေတာ့္ကေလး စာေမးပြဲေျဖရမွာမလို႔ပါ"
ရွန္အန္းသည္ ကိစၥကို တတ္ႏိုင္သမွ် ျမန္ျမန္ ေျဖရွင္းခ်င္ေလသည္။ သူတို႔သည္ စာေမးပြဲခန္းသို႔ အေလာတႀကီးသြားရအုံးမည္။ အခ်ိန္လည္း ေတာ္ေတာ္လင့္ေနၿပီ။ သူတို႔ အခုေန သြားႏိုင္ခဲ့လွ်င္ စာေမးပြဲခန္းမသို႔ အခ်ိန္မီေရာက္ႏိုင္လိမ့္မည္။
ရွန္အန္း၏စကားကို ၾကားလိုက္သည္တြင္ လူထြားႀကီးက ရွန္ယြဲ႕ႏွင့္ရွန္ခ်န္တို႔ကို ၾကည့္လိုက္၏။ သူတို႔ႏွစ္ေယာက္သည္ ေခ်ာေမာႀကီး brandတံဆိပ္ အက်ႌကို ဝတ္ထားၾကသည္။ သူတို႔သည္ လယ္သမား၏ကေလးမ်ားႏွင့္မတူဘဲ လူခ်မ္းသာမိသားစုက ကေလးမ်ားႏွင့္ တူေနေတာ့သည္။
ကေလးေတြက အဲေလာက္ခ်မ္းခ်မ္းသာသာ ဝတ္ထားေပမယ့္ အေဖကေတာ့ ယြမ္၂၀၀ပဲ ထုတ္ေပးတယ္။ ဘယ္သူမွ ယုံမွာမဟုတ္ဘူး။
လူထြားႀကီးက ေဒါသထြက္သြားၿပီး ရွန္အန္းကို ပါး႐ိုက္လိုက္ေတာ့သည္။
" ငါ့ကိုမ်ား လိမ္ရဲတယ္ဟုတ္လား၊ ခင္မ်ားမိသားစုက ေငြမရွိဘူးလို႔ ေျပာတယ္ဟုတ္လား၊ ခင္မ်ားက ေဆာက္လုပ္ေရးဆိုက္မွာ အလုပ္လုပ္ၿပီး မင္းတို႔က ဒီလိုဝတ္စားထားတယ္လား၊ က်ဳပ္ကို အ႐ူးလုပ္ဖို႔ လြယ္တယ္လို႔မ်ား ထင္ေနတာလား"
ဒီပါး႐ိုက္ခ်က္က အားလုံးကို သတိအေနအထားျဖစ္သြားေစေတာ့သည္။ ရွန္ယြဲ႕ႏွင့္ ရွန္ခ်န္တို႔ပင္ တားခ်ိန္မရလိုက္ေခ်။ ရွန္အန္းလည္း ေတာ္ေတာနာသြားေလသည္။ သူ႔တြင္ အမွန္ပင္ ေငြသည္ေလာက္သာ ရွိေလသည္။
ရွန္အန္းက ေငြမထုတ္ေပးခ်င္ျဖစ္ေနသည္ကို ေတြ႕လိုက္ရသျဖင့္ လူထြားႀကီးက သူကိုယ္တိုင္ ရွာခ်င္သြားေတာ့သည္။
သည္အခိုက္တြင္ ရွန္ခ်န္က သူ႔ကို ျမန္ျမန္တားလိုက္၏။ ေနာက္ဆုံးတြင္ သူ သိမ္ထားသည့္ ေငြတစ္ထပ္လုံး ထြက္က်လာေတာ့သည္။ ရွန္ယြဲ႕ကို သူ႔ကိုပစၥည္းဝယ္ရန္ ေပးထားသည့္ ေငြမ်ားပင္။ ယြမ္ ၁၀၀၀ ေလာက္ရွိေလသည္။
လူထြားႀကီးက မ်က္လုံးထဲတြင္ တဖိတ္ဖိတ္ေတာက္ေနသည့္ အၾကည့္ျဖင့္ ၾကမ္းျပင္ေပၚက ေငြမ်ားကို ၾကည့္လိုက္ေလသည္။ သူသည္ သူတို႔ကို လူခ်မ္းသားမိသားစုက ကေလးမ်ားဟု ခန္႔မွန္းလိုက္ၿပီး ရွန္ခ်န္ဆီမွာ လုယက္ခ်င္သြားေတာ့သည္။
ရွန္ယြဲ႕က မည္သို႔ ရွန္ခ်န္ကို အႏိုင္က်င့္ခြင့္ျပဳပါမည္နည္း။ သူမသည္ လူထြားႀကီး ျပင္ဆင္မထားသည့္ အခ်ိန္ေလးတြင္ သူ႔ကို လက္သီးျဖင့္ ထိုးပလိုက္ေတာ့သည္။
လူထြားႀကီးက လက္သီးစာမိသြားၿပီး သူ႔မ်က္လုံးမ်ားကို အုပ္ကာ ၾကမ္းေပၚတြင္ လဲက်သြားၿပီး ေအာ္ဟစ္ေနေတာ့သည္။ ရွန္ခ်န္ႏွင့္ ရွန္အန္းတို႔က ေၾကာက္႐ြံ႕သည့္စိတ္ႏွင့္ ရွန္ယြဲ႕ကို ၾကည့္လိုက္ၾက၏။ ရွန္အန္းသည္လူထြားႀကိးက ျပန္ထလာၿပီး လက္စာေခ်းမည္စိုးသျဖင့္ သူက ကေလးႏွစ္ေယာက္ကို သူ႔ေနာက္သို႔ ျမန္ျမန္ ပို႔ကာ ကာထားလိုက္ေလသည္။
လူထြားႀကီးက တျဖည္းျဖည္းျပန္ေကာင္းလာၿပီး ေဒါသထြက္ထြက္ႏွင့္ ဆဲေရးေတာ့သည္။
"-်ီးပဲ ၊ ငါ ဒီေန႔ မင္းတို႔ကို သ-တ္ပစ္မယ္"
သူက ေျပာရင္းဆိုရင္ ေရွ႕သို႔ အေျပးတက္လာၿပီး ဓားတစ္ေခ်ာင္းႏွင့္ သူတို႔သုံးေယာက္ထဲ ေျပးဝင္လာေလသည္။
ရွန္အန္းသည္ ေၾကာက္လန္႔သျဖင့္ တုန္ယင္ေနေသာ္လည္း ကေလးမ်ားကို ကာကြယ္ေပးရန္ ေရွ႕သို႔ တက္သြားလိုက္ၿပီး ဓားကိုလက္ႏွစ္ဖက္ျဖင့္ ဖမ္းထားလိုက္သည္။
ရွန္အန္းႏွင့္ တျခားေဘးကၾကည့္ေနသူမ်ားက ေနရာတြင္ပင္ ေသြးမ်ား ပန္းထြက္လာေတာ့မည္ဟု စဥ္းစားလိုက္ခ်ိန္မွာပင္ ရွန္ယြဲ႕က တည္တည္ၿငိမ္ၿငိမ္ႏွင့္ ေရွ႕ထြက္လာၿပီး ရာဇဝတ္သား၏ ဗိုက္ကို ကန္ထည့္လိုက္ေတာ့သည္။ ထိုလူက ၾကမ္းျပင္ေပၚတြင္ အခ်ိန္အၾကာႀကီး လဲက်သြားၿပီး ျပန္မထလာႏိုင္ေတာ့ေပ။
အလြန္အားနည္းသည့္ ကန္ခ်က္တစ္ခုဟု ထင္ရေသာ္လည္း ထိုမွ်ေလာက္ အားႀကီးလိမ့္မည္ဟု ေမွ်ာ္လင့္မထားခဲ့ၾကေပ။ အားလုံးက အနည္းငယ္ အံ့ဩသြားၾကေလသည္။
"ျမန္ျမန္ သူ႔ကို ဖမ္းေတာ့ေလ၊ သူ ဓားနဲ႔ ျပန္ထလာတဲ့အထိ ေစာင့္ေနၾကတာလား" ရွန္ယြဲ႕သည္ အခုေလးတင္ကန္လိုက္သည့္ ကန္ခ်က္တြင္ အားအမ်ားႀကီး မထည့္ထားေသာလည္း လူ႔ခႏၶာကိုယ္၏ အေရးအႀကီးဆုံးအပိုင္းကို ကန္ထည့္လိုက္ျခင္းပင္။ လူထြားႀကီးက မည္မွ်ပင္ သန္မာသည္ျဖစ္ေစ ၾကမ္းျပင္ေပၚတြင္ အခ်ိန္ခဏအထိ လဲေလ်ာင္းေနရလိမ့္မည္။
ထိုအခါမွ အားလုံးက သတိဝင္လာၾကေတာ့သည္။ သူတို႔ထဲက တစ္ခ်ိဳ႕က ထိုလူကို ထိန္းသိမ္းရန္ ေရွ႕တိုးသြားၾက၏။ လူတစ္ေယာက္က ဖုန္းထုတ္ၿပီး ရဲစခန္းကို ဖုန္းေခၚလိုက္သည္။
သိပ္မၾကာခင္မွာပင္ ရဲမ်ား ေရာက္လာၾကေတာ့သည္။ ျဖစ္ပ်က္သြားသည္ကို သိရွိသြားၿပီးေနာက္ သူတို႔က ရွန္ယြဲ႕ကို ခ်ီးက်ဴးစကားေျပာၾကေလသည္။
" မိန္းကေလးရဲ႕ သတၱိက ခ်ီးက်ဴးထိုက္ပါေပတယ္"
အားလုံးကလည္း ရွန္ယြဲ႕ကို ခ်ီးက်ဴးၾကသည္။ သည္အခိုက္တြင္ တစ္စုံတစ္ေယာက္ သူတို႔ကို သတိေပးလိုက္၏။
" ဒီမိန္းကေလးက ဒီေန႔ ေကာလိပ္စာေမးပြဲ ေျဖရမွာမလား"
ထိုအခါမွ အားလုံးက သတိရသြားေတာ့သည္။ အရမ္းေနာက္က်ေနၿပီကို သိလိုက္ရသျဖင့္ သူတို႔သည္ အေလာတႀကီး ထြက္သြားၾကေတာ့သည္။ စာေမးပြဲခန္းမသို႔ေရာက္လွ်င္ စာေမးပြဲေျဖခ်ိန္က နာရီဝက္ေလာက္သာ က်န္ေတာ့မည္ထင္သည္။
...
အပိုင္း (၁၃၇) နာရီဝက္က်န္တယ္
" ဘာလုပ္ၾကမလဲ"
ရွန္အန္းမွာ အလြန္စိုးရိမ္သြားေသာ္လည္း ရွန္ယြဲ႕က အလြန္တည္ၿငိမ္ေနဆဲ။
" ကြၽန္ေတာ္ မင္းကို ပို႔ေပးမယ္ေလ၊ ဒါက ပိုၿပီးျမန္လိမ့္မယ္"
ရဲအရာရွိက ရွန္ယြဲ႕အား စာေမးပြဲခန္းမသို႔ ပို႔ေပးရန္ အရင္ဆုံးေျပာလိုက္ေလသည္။ ရဲက လမ္းရွင္းေပးထားလွ်င္ ပိုၿပီးျမန္ျမန္ေရာက္ႏိုင္မည္က အမွန္ပင္။
ထို႔ေၾကာင့္ သူတို႔သုံးေယာက္သည္ ရဲကားကို စီးကာ စာေမးပြဲခန္းမသို႔ ထြက္လာၾကေတာ့သည္။
" အစ္မ ငါတို႔ ဘာလုပ္ၾကမလဲ၊ စာေမးပြဲက စေနၿပီ၊ ငါတို႔ေတြ အခုသြားရင္ေတာင္ စာေမးပြဲခန္းမထဲ ဝင္လို႔မရႏိုင္ေလာက္ေတာ့ဘူး"
ရွန္ခ်န္သည္ အလြန္စိုးရိမ္ေနေလသည္။ ဒီေန႔ အရာအားလုံး ေခ်ာေခ်ာေမာေမာပဲလို႔ ထင္ထားတာေလ။ ဒါေပမယ့္ ဒီလိုျဖစ္လာမယ္လို႔ ထင္မထားခဲ့ဘူး။
" အလ်င္လိုစရာမလိုပါဘူး"
ရွန္ယြဲ႕က တည္ၿငိမ္ေနဆဲ။ သူမသည္ ဖုန္းထုတ္လိုက္ၿပီး ဟန္လင္းဆီ ဖုန္းေခၚလိုက္ကာ ျဖစ္ခဲ့သမွ်ကို အၾကမ္းဖ်ဥ္းရွင္းျပလိုက္ေလသည္။
" လြယ္ပါတယ္၊ အခ်ိန္က်လာရင္ မင္းက ရဲစြမ္းသတၱိရွိတဲ့ အလုပ္တစ္ခုလုပ္ခဲ့တဲ့ အထက္တန္းေက်ာင္းသား ေျဖဆိုသူပါလို႔ ငါေျပာေပးလိုက္ရင္ ပုံမွန္အတိုင္း စာေမးပြဲခန္းထဲ ဝင္လို႔ရသြားလိမ့္မယ္"
ၿမိဳ႕ေတာ္ဝန္ဟန္လင္းက ခ်က္ခ်င္း အေျဖတစ္ခု ေပးလိုက္ေတာ့သည္။
" နာရီဝက္ပဲ က်န္ေတာ့တာ၊ အရမ္းေနာက္က် ေနေလာက္ၿပီ၊ ငါ အထက္လူႀကီးေတြကို ေလွ်ာက္တင္ၿပီး မင္းကို သပ္သပ္ေျဖခိုင္းတာပဲ ျဖစ္ျဖစ္၊ အခ်ိန္တိုးခိုင္းတာပဲ ျဖစ္ျဖစ္ လုပ္ေပးရမလား"
အရင္ကလည္း မွန္ကန္ေျဖာင့္မတ္တဲ့ အေရးကိစၥေၾကာင့္ စာေမးပြဲခန္းမထဲကို ေနာက္က်မွ ဝင္လာတဲ့ ေက်ာင္းသားမ်ိဳးေတြမရွိတာမဟုတ္ဘူးဆိုေတာ့ေလ။
" မလိုပါဘူး၊ နာရီဝက္နဲ႔ လုံေလာက္ပါတယ္"
ရွန္ယြဲ႕က ဟန္လင္း၏ေစတနာကို ျငင္းပယ္လိုက္သည္။ ငါ့အတြက္ေတာ့ နာရီဝက္က လုံေလာက္တယ္ေလ၊ အခ်ိန္ေတြအရမ္းမ်ားေနရင္လည္း စာေမးပြဲခန္းထဲမွာ ထိုင္ေနရအုံးမယ္။
" ေကာင္းၿပီေလ၊ ငါ မင္းအတြက္ လူတစ္ေယာက္စီစဥ္ထားေပးလိုက္မယ္၊ မင္း စာေမးပြဲခန္းမကိုေရာက္ရင္ တန္းဝင္သြား႐ုံပဲ"
ရွန္ယြဲ႕က စာေမးပြဲေျဖဖို႔ ဆုံးျဖတ္ထားသည္ကို ေတြ႕လိုက္ရသျဖင့္ ဟန္လင္းသည္ သူမကို အတင္းမတိုက္တြန္းေတာ့ေခ်။
ရွန္အန္းႏွင့္ ရွန္ခ်န္တို႔သည္ ရွန္ယြဲ႕က ဖုန္းတစ္call ႏွင့္ စာေမးပြဲခန္းမထဲဝင္မည့္ ကိစၥကို ေျဖရွင္းခဲ့သည္ကို ျမင္လိုက္ရေသာအခါ စိတ္ေအးသြားကာ သက္ျပင္းခ်လိုက္ၾကေလသည္။
ရဲကားက ဥဩသံျမည္ေနၿပီး ေနာက္ဆုံးတြင္ ရွန္ယြဲ႕ကို စာေမးပြဲခန္းမဆီသို႔ ပို႔ေပးလိုက္ေတာ့သည္။ နာရီဝက္သာ က်န္ေတာ့သည္။ ရွန္ယြဲ႕သည္ ဝန္ထမ္း၏ အစီအစဥ္ေအာက္တြင္ စာေမးပြဲခန္းမထဲသို႔ ေအာင္ေအာင္ျမင္ျမင္ ဝင္သြားႏိုင္ခဲ့ေတာ့သည္။ ရွန္အန္းႏွင့္ ရွန္ခ်န္တို႔က အျပင္ဘက္တြင္ စိုးရိမ္တႀကီး ေစာင့္ေနရစ္ၾကေတာ့သည္။
အခ်ိန္မရွိေတာ့ဘူး။ ရွန္ခ်န္သည္ သူ႔အစ္မျဖစ္သူက ေနာက္တစ္ႏွစ္ ေက်ာင္းထပ္တက္ရလိမ့္မည္ဟု ဆုံးျဖတ္ထားၿပီးျဖစ္ေသာ္လည္း သူ႔စိတ္ထဲတြင္ေတာ့ ေမွ်ာ္လင့္ေနမိဆဲပင္။ တကယ္လို႔မ်ား။ တကယ္လို႔ သူ႔အစ္မ ေျဖႏိုင္သြားခဲ့ရင္ေကာ။
မိနစ္သုံးဆယ္ၾကာၿပီးေနာက္တြင္ ရွန္ယြဲ႕သည္ စာေမးပြဲခန္းမထဲက ထြက္လာေလသည္။ ရွန္ခ်န္ႏွင့္ ရွန္အန္းတို႔သည္ သူမထံသို႔ ခ်က္ခ်င္းေလွ်ာက္သြားလိုက္ၾကေတာ့သည္။
"အစ္မ ဘာလို႔ အဲျမန္ႀကီး ထြက္လာတာလဲ"
သူမက ေနာက္ဆုံးမွဝင္သြားတဲ့သူ ဆိုတာရွင္းေနတာပဲေလ။ ဒါေပမယ့္ ရွန္ယြဲ႕က အရင္ဆုံးထြက္လာခဲ့တယ္။ မဟုတ္မွလြဲေရာ ဘာမွမလုပ္ရေသးခင္မွာ လက္ေလွ်ာ့လိုက္တာမ်ားလား။
" စာေမးပြဲေျဖၿပီးလို႔ ထြက္လာတာေလ"
ရွန္ယြဲ႕၏မ်က္ႏွာသည္ စိတ္ေအးလက္ေအး ျဖစ္ေနေလသည္။ ဒီေန႔ေမးခြန္းေတြက အဆင္ေျပပါတယ္ေလ။ အားလုံးက ေတာ္ေတာ့္ကို ႐ိုးရွင္းတယ္။ အခ်ိန္တိုအတြင္းမွာပဲ ေျဖၿပီးသြားလို႔ ျပန္ေတာင္ စစ္လိုက္ေသးတယ္။
"အားလုံးေျဖၿပီးသြားတာလား၊ မဟုတ္တာ"
ရွန္ခ်န္က သူ႔အစ္မ ဟာသေျပာေနသည္ဟု ထင္လိုက္ေတာ့သည္။ ဒီေလာက္အခ်ိန္တိုတိုေလး သူမက ဘယ္လိုလုပ္ၿပီး အားလုံးကို ေျဖႏိုင္မွာလဲ။
"ေမးခြန္းက ေတာ္ေတာ့္ကို ႐ိုးရွင္းတယ္ေလ၊ ဒီေတာ့ ငါ ပိုၿပီးျမန္ျမန္ ခ်ေရးႏိုင္တာေပါ့"
ရွန္ယြဲ႕က အေၾကာဆန္႔လိုက္၏။ ေန႔လည္က်ရင္လည္း စာေမးပြဲရွိေသးတယ္။ မနက္ခင္းတုန္းက ကိစၥေၾကာင္း ပင္ပန္းလိုက္တာ။ အခု ငါ လုပ္ခ်င္တာ ေန႔လည္စားတစ္နပ္ကို ေကာင္းေကာင္းၿပီး အနားယူဖို႔ပဲ။
သည္အခိုက္တြင္ တျခားေျဖဆိုသူမ်ားလည္း တစ္ေယာက္ၿပီးတစ္ေယာက္ ထြက္လာၾကေလသည္။ တိုက္တိုက္ဆိုင္ဆိုင္ ရွန္ယြဲ႕ႏွင့္ စာေျဖခန္းတစ္ခုတည္းက ေကာင္ေလးတစ္ေယာက္ပါသည္။ သူက ရွန္ယြဲ႕၏စကားကို ၾကားလိုက္ရေသာအခါ အထင္ေသးသလို ေျပာလိုက္ေတာ့သည္။
" ရွန္ယြဲ႕ရယ္ ေလလုံးထြားေနတာေတြ ေတာ္ပါေတာ့၊ အေျဖထြက္မွ ရယ္စရာျဖစ္ေနအုံးမယ္၊ နင္ အဲေလာက္ေနာက္က်မွလာၿပီး နာရီဝက္အတြင္း ေမးခြန္းအားလုံး ေျဖခဲ့တယ္၊ အက္ေဆးတစ္ပုဒ္ ေရာေလ၊ နင္ လက္ေလွ်ာ့လိုက္တာမလား"
ေဘးလူမ်ားက ထိုစကားကိုၾကားလိုက္ရေသာအခါ သူတို႔အားလုံးကို သူတို႔ႏွစ္ေယာက္ထံ ဝိုင္းလာၾကေတာ့သည္။ တံခါးနက သတင္းေထာက္တစ္ခ်ိဳ႕ကလည္း သူတို႔၏ "မိုက္ခ႐ိုဖုန္း"မ်ားကို သူတို႔ႏွစ္ေယာက္ဆီ ခ်ိန္႐ြယ္ထားၾကေလသည္။
" ဘာလို႔ အရမ္းေနာက္က်မွ ေရာက္လာခဲ့တာလဲ"
ေဘးတြင္ရပ္ၾကည့္ေနသူအားလုံးက သံသယျဖစ္သြားၾကေတာ့သည္။ ရွန္ခ်န္က သူ႔အစ္မျဖစ္သူက ရဲစြမ္းသတၱိအေၾကာင္းကို ျမန္ျမန္ေျပာျပလိုက္ၿပီး ေခါင္းေဆာင္၏ တညီတၫႊတ္တည္း ခြင့္ျပဳခ်က္ရခဲ့ၿပီးေၾကာင္းကိုလည္း ေျပာျပခဲ့ေလသည္။
သူမက သူရဲေကာင္းဆန္သည့္အလုပ္ကို လုပ္ခဲ့သည္ဟု ၾကားလိုက္ရသည္တြင္ စာေမးပြဲ ခန္းမသို႔ ဝင္လာခဲ့သည့္အခ်ိန္ႏွင့္ပက္သက္ၿပီး မည္သူကမွ မျငင္းၾကေတာ့ေခ်။ သို႔ေသာ္ ရွန္ယြဲ႕က အေျဖလႊာအားလုံးကို ၿပီးေအာင္ ေျဖခဲ့သည္ဟု ၾကားလိုက္ရေသာအခါ ဘယ္သူကမွ သူမကို မယုံၾကေပ။
"ေက်ာင္းသူေလး မင္း တကယ္ပဲ အကုန္လုံး ၿပီးေအာင္ ေျဖခဲ့တာလား" သတင္းေထာက္က မယုံသကၤာႏွင့္ ေမးလိုက္၏။
" ဒီႏွစ္ေမးခြန္းက ေတာ္ေတာ္ ႐ိုးရွင္းပါတယ္ ၊ ဒါေၾကာင့္ နည္းနည္းျမန္ျမန္ေလး ခ်ေရးႏိုင္ခဲ့တာ" ရွန္ယြဲ႕က ေခါင္းညိတ္ျပလိုက္၏။
"ဒါဆို ဘယ္ႏွစ္မွတ္ေလာက္ရမယ္လို႔ ယုံၾကည္ထားလဲ" သတင္းေထာက္က ထပ္ေမးလိုက္၏။
"အင္း...."
ရွန္ယြဲ႕သည္ ခဏေလာက္စဥ္းစားလိုက္ၿပီးမွ ေျပာလိုက္ေတာ့သည္။
" ၿမိဳ႕ေတာ္တကၠသိုလ္ကို ဝင္ဖို႔ေတာ့ ျပႆနာမရွိေလာက္ပါဘူး"
ဘယ္လို။ အားလုံးက ေရွာ့ခ္ျဖစ္သြားၾက၏။ သူတို႔က ေမးခြန္းမ်ားကို ဆက္မေမးႏိုင္ခင္မွာပင္ ရွန္ယြဲ႕က ရွန္အန္းႏွင့္ရွန္ခ်န္ကို ဆြဲကာ ထြက္သြားလိုက္ေလေတာ့သည္။
...
မဂၤလာပါရွင္! အခေၾကးေလး ေျပာင္းလဲထားပါတယ္ေနာ္။GP - 1 (1 - 250) 1500 Ks.
GP - 2 (251 - 500) 2500 Ks.
Gp 1+2 3500Ks
အထူးလုပ္ႀကံေရးသမတစ္ေယာက္ရဲ႕စာမ်က္ႏွာသစ္ fb pageနဲ႔ https://t.me/OrchidSarPay tele accမွာ hi ပို႔ၿပီးဝယ္ယူႏိုင္ပါတယ္ရွင္။
. . .