အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စ...

By ChihiroLily7

106K 9.3K 82

လုပ်ကြံသူအဖွဲ့တစ်ခုရဲ့ ပျိုးထောင်ခံလာရပြီး ၁၃နှစ်တာလေ့ကျင့်လာပြီးနောက်ပိုင်း ရှန်ယွဲ့ဟာ အသက် ၁၇နှစ်အရွယ်မှာတေ... More

ဇာတ်လမ်းမိတ်ဆက်
အပိုင်း (၁) သစ္စာဖောက်
အပိုင်း (၂) ပြန်လည်မွေးဖွားခြင်း
အပိုင်း (၃) အမည်မသိပူပန်မှု
အပိုင်း (၄) ကျောင်းထွက်ပြီး အလုပ်လုပ်တဲ့
အပိုင်း ( ၅) အမဲဖျက်ခံရတော့မယ့်သိုးတစ်ကောင်
အပိုင်း (၆) မူလပိုင်ရှင်ရဲ့လျှို့ဝှက်ချက်
အပိုင်း (၇) နားလည်ရဲ့လား
အပိုင်း (၈) ကမ္ဘာ့အဆင့်ပုစ္ဆာများကို အဖြေထုတ်ခြင်း
အပိုင်း (၉) ကြီးမားတဲ့ယုံကြည်ချက်
အပိုင်း (၁၀) သူမ ရူးသွားတာလား
အပိုင်း (၁၁) ကျောင်းမှာ ပထမရခြင်း
အပိုင်း ( ၁၂) ဘတ်စ်ကားပေါ်ဖြစ်ရပ်
အပိုင်း (၁၃) လူပါးဝတဲ့ကောင်ကို သင်ခန်းစာပေးမယ်
အပိုင်း ( ၁၄) အရမ်းအကြင်နာမဲ့သွားတယ်
အပိုင်း ( ၁၅) ငါ့မကောင်းကြောင်းပြောနေကြတယ်
အပိုင်း (၁၆) ဆရာ့စည်းကမ်းကို လိုက်နာပါ
အပိုင်း (၁၇) လူမိုက်လေးတစ်သိုက်
အပိုင်း (၁၈) ချန်းမင် ဘောင်းဘီထဲသေးပေါက်ချတယ်
အပိုင်း (၁၉) သူက မင်းအမ လား
အပိုင်း (၂၀) ကျောင်းတော်ရဲ့မင်းသားလေးထပ်တောင်ပိုချောသေးတယ်
Paid Gp စပါပြီ
အပိုင်း (၂၁) ပိုက်ဆံမလောက်ခြင်း
အပိုင်း (၂၂) ပွဲကောင်းတစ်ခုကို စောင့်မျှော်ခြင်း
အပိုင်း (၂၃) နင့်ညီမလေးကို အလျှော့ပေးလိုက်တဲ့
အပိုင်း ( ၂၄) နင့်အသက်ကိုကယ်ပေးမယ်
အပိုင်း (၂၅) အရပ်ဝတ်နဲ့ရဲအတု
အပိုင်း (၂၆) သူမကိုတစ်သန်းပေးလိုက်တယ်
အပိုင်း (၂၇) သူမကိုနာမည် ပျက်စေချင်တာတဲ့
အပိုင်း (၂၈) တံတားပေါ်က ဘူးသီးခြောက်
အပိုင်း (၂၉) အရာရှိတစ်ယောက်ထပ်ဖြစ်မလာနိုင်တော့ဘူး
အပိုင်း (၃၀) ဖုန်းတစ်လုံးဝယ်ခြင်း
အပိုင်း (၃၁) ဆင်းရဲသားနှစ်ယောက်
အပိုင်း (၃၂) VVIP မန်ဘာ
အပိုင်း (၃၃) သူ့သဘောထားက ချက်ချင်းပြောင်းသွားတာနော်
အပိုင်း (၃၄) ကောင်းတဲ့ရည်ရွယ်ချက်နဲ့ မကောင်းတာလုပ်မိတယ်
အပိုင်း (၃၅) ယွမ်တစ်သန်းသုံးခြင်း
အပိုင်း (၃၆) လောင်းရဲလား
အပိုင်း (၃၇) သေမယ့်လမ်း
အပိုင်း (၃၈) သူမရဲ့သရုပ်မှန်
အပိုင်း (၃၉) သားအမိနှစ်ယောက်ကို ပညာပေးမယ်
အပိုင်း (၄၀) အကြွေးတိုင်းမှာ ကြွေးရှင်ရှိတယ်
အပိုင်း ( ၄၁) သွေးရေပန်း
အပိုင်း (၄၂) ယဲ့ရင်းကို ဆက်သွယ်ခြင်း
အပိုင်း (၄၃) ကျေးဇူးပြန်ဆပ်ခြင်း
အပိုင်း ( ၄၄) ကြယ်ငါးပွင့်ဟိုတယ်
အပိုင်း (၄၅) ငွေကို ရေလိုသုံးခြင်း
အပိုင်း (၄၆) စီးပွားရေးလုပ်ငန်း
အပိုင်း (၄၇) ချမ်းသာမှုနှင့် စိတ်ရင်း
အပိုင်း (၄၈) သူမရဲ့လျှို့ဝှက်ချက်
အပိုင်း (၄၉) ခက်ခဲတဲ့ဘဝမှာ နေချင်တယ်တဲ့
အပိုင်း (၅၀) ရဲတင်းလိုက်တာ
အပိုင်း (၅၁) သောက်ကျိုးနဲ
အပိုင်း (၅၂) အုံးနှောက်မကောင်းတော့ဘူး
Thidingyut Promotion
အပိုင်း (၅၃) အိုင်ဒေါအဟောင်း
အပိုင်း ( ၅၄) စိန်ခေါ်တဲ့မေးခွန်း
အပိုင်း (၅၅) သေချာပေါက်လုံးဝငွေမယူဘူး
အပိုင်း (၅၆) အရမ်းမျက်နှာပြောင်တယ်
အပိုင်း (၅၇) အုတ်အော်သောင်းနင်းဖြစ်သွားခြင်း
အပိုင်း (၅၈) အဖြေမှန်
အပိုင်း (၅၉) ငါလေးနဲ့ကစားကြတဲ့သက်တော်စောင့်တွေ
အပိုင်း (၆၀) အာမခံချက်ရှိတဲ့ဝင်ခွင့်အခွင့်အရေးရရှိခြင်း
အပိုင်း (၆၁) သိပ္ပံနည်းကျသုတေသနကို စိတ်မဝင်စားပါ
အပိုင်း (၆၂) အေးစက်စက် ငြင်းပယ်ခြင်း
အပိုင်း ( ၆၃) စိတ်၏လှည့်စားခံရခြင်း
Announcement
အပိုင်း (၆၄) ရယ်စရာကောင်းတဲ့ရမှတ်
အပိုင်း (၆၅) ကလိမ်ကျတဲ့ နည်းလမ်းတစ်ချို့
အပိုင်း (၆၆) မသမာမှုကြောင့် အသရေဖျက်ခြင်း
အပိုင်း (၆၇) ပရမ်းပတာဖြစ်ခြင်း
အပိုင်း (၆၈) အမှတ်ပြည့်
အပိုင်း ( ၆၉) ဆရာမကိုတောင်းပန်လိုက်
အပိုင်း (၇၀) တရားရုံးမှာတွေ့မယ်
အပိုင်း (၇၁) ရှန်ယွဲ့က ရဲခေါ်လိုက်တယ်
အပိုင်း (၇၂) အိုဗာဖြစ်လွန်းတယ်
အပိုင်း (၇၃) ကျောင်းအုပ်ကြီး၏လုပ်ဆောင်ချက်ကို စောင့်ကြည့်ခြင်း
အပိုင်း (၇၄) မင်းကို တနေရာရာမှာတွေ့ဖူးသလိုပဲ
အပိုင်း (၇၅) နောက်ကွယ်လူတစ်စု
အပိုင်း (၇၆) သူကလူပြက်တစ်ယောက်လိုပဲ
အပိုင်း (၇၇) ကျောင်းတော်ရဲ့မင်းသမီးလေးထပ်တောင်လှသေးတယ်
အပိုင်း (၇၈) ရှန်ယွဲ့မှာ ချစ်သူအသစ်ရှိတယ်တဲ့
အပိုင်း ( ၇၉) ကျိုးရွှမ်းကို နာမည်တပ်ခေါ်တယ်
အပိုင်း (၈၀) ဟန်ရဲ့ကို မျက်နှာလုပ်ခွင့်ပေးလိုက်တယ်
အပိုင်း (၈၁) ငွေတစ်ခုသာ မျက်လုံးထဲမှာမြင်တယ်
Year End Promotion and Year End Event
Year End Event Announcement
အပိုင်း (၈၂) ယွမ် ၅၀,၀၀၀ကို လက်ခံလိုက်တယ်
GP - 2 မိတ်ဆက်
အပိုင်း ( ၈၃) ကျိုးမိသားစုဆီသို့ အလည်အပတ်
အပိုင်း (၈၄) ကမ္ဘာ့နံပါတ် တစ်, ဇီးရိုး
အပိုင်း (၈၅) ရန်သူရဲ့တန်ပြန်တိုက်စစ်
အပိုင်း (၈၆) ကျွန်တော်က အဲလိုလူမျိုးမဟုတ်
အပိုင်း (၈၇) အပြစ်ပြုမိသည်ဟု ခံစားမိခြင်း
အပိုင်း (၈၈) ကင်မရာကို ဖွင့်လိုက်မယ်
အပိုင်း (၈၉)ခံစားချက်ပေါ်မူတည်ပြီး ခန့်မှန်းကြည့်ခြင်း
အပိုင်း (၉၀) စပရိုက်နည်းနည်းတိုက်လိုက်မယ်
အပိုင်း (၉၁) ဥက္ကဋ္ဌကျိုးက ဂေး တဲ့
အပိုင်း (၉၂) ၃၆မိနစ်
အပိုင်း (၉၃) စပရိုက်သေးသေးလေး
အပိုင်း (၉၄) အခုချက်ချင်းထွက်သွား
အပိုင်း (၉၅) မဟာအခွင့်အရေးတစ်ခု
အပိုင်း (၉၆) အပြင်မှာ လေပြင်းနေတယ်
အပိုင်း (၉၇) အတုအယောင်ဟု သံသယဖြစ်မိ
အပိုင်း (၉၈) သူ့ခေါင်းကို ရိုက်ခွဲလိုက်တယ်
အပိုင်း (၉၉) တကယ်စိတ်ဆိုးတယ်
အပိုင်း (၁၀၀) ယွမ် တစ်သန်းလျှော်ကြေး
အပိုင်း (၁၀၁) အပေါက်ဆိုးတဲ့မိန်းမ
အပိုင်း (၁၀၂) နင့်ကို မေ့သွားတော့မလို့
အပိုင်း (၁၀၃) ဘယ်သူက ထွက်သွားခွင့်ပေးလို့လဲ
အပိုင်း (၁၀၄) ယွမ် နှစ်သိန်း
အပိုင်း (၁၀၅) ဘယ်သူက ထွက်သွားလို့ ပြောလို့လဲ
အပိုင်း (၁၀၆) + အပိုင်း (၁၀၇)
အပိုင်း (၁၀၈)+အပိုင်း (၁၀၉)
အပိုင်း (၁၁၀)+အပိုင်း(၁၁၁)
အပိုင်း (၁၁၂) + အပိုင်း (၁၁၃)
အပိုင်း (၁၁၄) + အပိုင်း (၁၁၅)
အပိုင်း (၁၁၆) + အပိုင်း (၁၁၇)
အပိုင်း (၁၁၈) +(၁၁၉)
အပိုင်း (၁၂၀) + အပိုင်း (၁၂၁)
အပိုင်း (၁၂၂) + အပိုင်း (၁၂၃)
အပိုင်း (၁၂၄) + အပိုင်း (၁၂၅)
အပိုင်း (၁၂၆+၁၂၇)
အပိုင်း (၁၂၈ + ၁၂၉)
အပိုင်း (၁၃၀ + ၁၃၁)
အပိုင်း (၁၃၂ + ၁၃၃)
အပိုင်း (၁၃၆ + ၁၃၇)
အပိုင်း (၁၃၈ + ၁၃၉)
အပိုင်း (၁၄၀ + ၁၄၁)
အပိုင်း (၁၄၂ + ၁၄၃)
အပိုင်း (၁၄၄ + ၁၄၅)
အပိုင်း (၁၄၆ + ၁၄၇)
အပိုင်း (၁၄၈ + ၁၄၉)
Thingyan Promotion!
GP-3 Announcement + Promotion လေးထပ်ပေးထားပါတယ်ရှင်
အပိုင်း (၁၅၀+၁၅၁)
အပိုင်း (၁၅၂+၁၅၃)
အပိုင်း (၁၅၄+၁၅၅)
အပိုင်း (၁၅၆+၁၅၇)
အပိုင်း (၁၅၈+၁၅၉)
အပိုင်း (၁၆၀+၁၆၁)
အပိုင်း (၁၆၂+၁၆၃)

အပိုင်း (၁၃၄ + ၁၃၅)

488 38 0
By ChihiroLily7

အပိုင်း (၁၃၄) အောင်မြင်သွားတဲ့ ဝင်ခွင့်အာမခံ

" အစစ်လား အတုလားဆိုတာကို ဆုံးဖြတ်ဖို့ testလေးတစ်ခု လုပ်ကြတာပေါ့"

ထိုသို့ပြောရင်း သူက ရှန်ရှင်း၏Wechatထဲသို့ စာရွက်စာတမ်းတစ်ခု ကို ပို့လိုက်လေသည်။

" ဒီ စာရွက်စာတမ်းထဲမှာ အကြမ်းစာရွက်ပေါ်က မူရင်းမေးခွန်းပါတယ်၊ ဒီမေးခွန်းကို အကြမ်းစာရွက်မကြည့်ဘဲ ဖြေနိုင်ရင် မင်းက တကယ့် 'သင်္ချာပါရမီရှင်'ပါဆိုပြီး ယုံကြည်ပေးမယ်၊ မင်းကိုယ်မင်း သက်သေပြနိုင်မယ်လို့ မျှော်လင့်ပါတယ်" လင်ရှောင်းက ပြုံးကာ ပြောလိုက်လေသည်။

ဆွန်းလင်က အင်တာနက်ဆိုင်က ကောင်တာမှ ဘောပင်တစ်ချောင်းနှင့် စာရွက်ကို မြန်မြန်သွားတောင်းလိုက်သည်။ ရှန်ရှင်းသည် သူမ၏ခေါင်းကို ငုံ့ပြီး နေရာတွင်ပင် ချရေးလိုက်လေသည်။ သို့သော်ငြား တခြားလူများ မမြင်နိုင်သည့် အကွာအဝေးတစ်ခုတွင် ရှန်ရှင်း၏နှုတ်ခမ်းက မသိမသာပြုံးသွားတော့သည်။ သူမသည် အောင်မြင်မှုကို အတည်ပြုပြီးနေသည့်နှယ်။

ဒီလိုအင်တာဗျူးမျိုးက ဘာမှကြီးကြီးမားမားမဟုတ်ပါဘူး။ သူမက အင်တာဗျူးမဖြေခင်ကတည်းက အကြမ်းစာရွက်ထဲက အကြောင်းအရာတွေကို အလွတ်ကျက်ထားပြီးသားလေ၊ ဒီ' သင်္ချာပါရမီရှင်'ဆိုတာ သေချာပေါက် သူမဟာပဲ။ မြို့တော်တက္ကသိုလ်ဆိုတာလည်း သူမရဲ့လွယ်အိတ်ထဲ ရောက်နေပြီ။

!!

ရှန်ရှင်းသည် စိတ်ထဲတွင် စဥ်းစားလိုက်ရင်း မြန်မြန်ချရေး လိုက်လေသည်။

ဆွန်းလင်က သမီးဖြစ်သူ၏ယုံကြည်ချက်ကို ကြည့်ကာ သူမ၏မျက်နှာပေါ်တွင် ဖော်မပြတတ်သည့် ပျော်ရွှင်သော အပြုံးတစ်ခု ပေါ်နေကာ သူမသည် အင်တာနက်ဆိုင်က လူတိုင်းကို သမီးဖြစ်သူက မြို့တော်တက္ကသိုလ်ကို ဝင်ခွင့်အာမခံရတော့မည်ဖြစ်ကြောင်း ပြောပြချင်နေသည့်နှယ်။

" ပြီးပါပြီ"

ရှန်ရှင်းက ရုတ်တရက် ခေါင်းမော့ကာ သူမ၏အမေကို ပြုံးပြလိုက်လေသည်။ ထို့နောက် သူမက ကွန်ပျူတာစခရင်ဘက်လှည့်ပြီး သူမ အခုလေးတင် ချရေးထားသည့် တွက်ချက်ထားသည့်အဆင့်ဆင့်ကို ဓာတ်ပုံရိုက်ကာ လင်ရှောင်းထံ ပို့ပေးလိုက်လေသည်။

ရှန်ရှင်းမှာ အလွန်ပျော်နေတော့သည်။ သူမ၏ စိုးရိမ်နေသည့် အခြေအနေသည် ပြောင်းလဲသွားပြီး သူမကိုယ်သူမ စဥ်းစားလိုက်လေသည်။ ငါ မြို့တော်တက္ကသိုလ်ကို အာမခံနဲ့ဝင်နိုင်သ၍ အားလုံးက ငါ့ကို 'သင်္ချာပါရမီရှင်'လို့ ထင်ကြမှာပဲ။ ဒီတော့ ရှန်ယွဲ့ သိသွားလဲ ဘာဖြစ်လဲ။ ငါ ဝင်ခွင့်အာမခံရတဲ့ကိစ္စက ပြောင်းလဲသွားမှာမဟုတ်ဘူး။

" ဒါက ကျွန်မက 'သင်္ချာပညာရှင်' အမှန်တကယ်ဖြစ်တယ်ဆိုတာကို သက်သေပြဖို့ လုံလောက်တယ်မလား" ရှန်ရှင်းက သူမ၏ကိုယ်နေဟန်ထား ပျက်တော့မတတ် ပြောလိုက်လေသည်။

သို့သော်ငြား လင်ရှောင်းသည် ဓာတ်ပုံကို တွေ့လိုက်ပြီးနောက်တွင် မသိမသာမျက်မှောင်ကျုံ့သွားပြီး ထူးထူးဆန်းဆန်း နှုတ်ဆိတ်သွားလေသည်။

" မဟုတ်ဘူး၊ မင်းက တကယ့် 'သင်္ချာပညာရှင်'မဟုတ်ဘူး၊ မင်းက အတုပဲ" ကွန်ပျူတာ၏ တခြားဖက်က ရုတ်တရက်ထွက်လာသည့် မှတ်ချက်က ရှန်ရှင်းကို အလွန်ပျော်ရွှင်နေရာမှ လက်တွေ့သို့ ပြန်ဆွဲခေါ်လာလိုက်တော့သည်။

" ဘာလို့လဲဆိုတော့ ကျွန်တော် ဒီမေးခွန်းရဲ့ မေးခွန်းပုံစံကို ပြောင်းထားတယ်၊ ပြီးတော့ မင်းပေးခဲ့တဲ့ အဖြေက မူရင်းတွက်ချက်ထားတာနဲ့ တူနေတယ်၊ ဒါက မင်းက အတုဖြစ်တယ်ဆိုကို သက်သေပြဖို့ လုံလောက်တယ်လေ၊ မင်း အကြမ်းစာရွက်ထဲက အကြောင်းအရာတွေကို ဒီအတိုင်းအလွတ်ကျက်ထားတာ၊ ဒါပါပဲ" လင်ရှောင်းက စခရင်ကို တည်ကြည်ကြည်ဖြင့် ပြောလိုက်လေသည်။

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ ကျွန်မကို ယုံပါ၊ ကျွန်မ အရမ်း နမော်နမဲ့နိုင်သွားပြီး မူရင်းမေးခွန်းပြောင်းသွားတာကို သတိမထားမိခဲ့တာ၊ ဒါပေမယ့် ဒါက ကျွန်မ အတုဖြစ်တယ်လို့ သက်သေပြရာမရောက်ဘူးလေ" ရှန်ရှင်းက သူမကိုယ်သူမ ရူးမတတ် ခုခံပြောဆိုလေသည်။

ဆွန်းလင်လည်း အလွန်စိတ်ပူသွားပြီး မြန်မြန်ပြောလိုက်တော့သည်။

" ကျွန်မသမီးက တွက်ချက်တာတွေကို ချရေးပြီးသွားပြီလေ၊ ဒီလို အသေးအဖွဲကိစ္စလေးနဲ့တော့ ကျွန်မ သမီးကို ငြင်းလိုက်လို့မရပါဘူး၊ ကျွန်မ သမီးလို 'သင်္ချာပါရမီရှင်' မရလိုက်ရင် ရှင်တို့ကျောင်းပဲ နစ်နာမှာနော်"

ဗီဒီယိုထဲတွင် လင်ရှောင်းက မျက်မှောင်ကျုံ့နေသည်ကို မြင်လိုက်ရသဖြင့် ဆွန်းလင်သည် သူမ၏စကားလုံးများက အလွန်မလေးစားရာကျသွားမှန်း နားလည်လိုက်တော့သည်။ သူမ၏သဘောထားက သမီးဖြစ်သူကို အခက်တွေ့သွားစေမည်စိုးသဖြင့် သူမက မြန်မြန်တောင်းပန်လိုက်ပြီး ရှင်းပြလိုက်လေသည်။

သားအမိနှစ်ယောက်က သူတို့ကို သူ့သံသယများက စော်ကားနေသဖြင့် အလွန်စိုးရိမ်နေသည်ကို တွေ့လိုက်ရသည်တွင် လင်ရှောင်းသည် အကြပ်ရိုက်သွားတော့သည်။

သို့သော် ကျောင်းက ပရော်ဖက်ဆာကြီးများက သည်လျှို့ဝှက်ဆန်းကျယ်သည့် ဖြေရှင်းသူကို တွေ့ဖို့ရာ မျှော်လင့်နေကြသည်ကို စဥ်းစားမိလိုက်ချိန်တွင် ပရော်ဖက်ဆာများ၏ မျှော်လင့်ချက်များကို မဖျက်ဆီးရက်သဖြင့် လင်ရှောင်းသည် နောက်ဆုံးတော့ သံသယများကို သူ့စိတ်ထဲတွင်သာ မြိုသိပ်ထားလိုက်သည်။

"ကျွန်တော် တကယ်တောင်းပန်ပါတယ်၊ ကျွန်တော် မင်းကို နားလည်မှုလွဲသွားခဲ့တယ်၊ ဒီလိုဆိုရင်ကော၊ ကျွန်တော် မင်းကို ဒီမေးခွန်း မေးချင်တယ်" လင်ရှောင်း၏အမူအရာသည့် ပျော့ပြောင်းသွားရင်းက ဆက်မေးလိုက်လေသည်။

ထင်ထားသည့်အတိုင်းပင်။ လင်ရှောင်းက သူမကို တစ်ချို့အသေးစိတ်အချက်အလက်များနှင့် ပုစ္ဆာဖြေရှင်းသည့် အတွေးအခေါ်များကို မေးခဲ့သည်။ ကံအားလျော်စွာ ရှန်ရှင်းသည် ကြိုတင်ပြင်ဆင်လာခဲ့လေသည်။ သူမသည် နေရာတိုင်းက အချက်အလက်များကို ရှာဖွေခဲ့ပြီး အုံးနှောက်ခြောက်အောင် စဥ်းစားခဲ့ရသည်ဟု ကျိုးကြောင်းဆီလျော်သည့်ဆင်ခြေတစ်ခု ဖြစ်လာခဲ့သည်။ နောက်ဆုံးတော့ သူမသည် သည်ပြဿနာကို ဖြေရှင်းနိုင်ခဲ့လေသည်။

သူတို့နှစ်ယောက်သည် သင်္ချာဘာသာရပ်ဆိုင်ရာ အတွေးအမြင်များကို ဖလှယ်ခဲ့ကြသည်။ လင်ရှောင်းက ခေါင်းညိတ်လိုက်၏။ တစ်ခုခု လွဲနေသည်ဟု ခံစားနေရသော်လည်း ရှန်ရှင်း၏အချက်အလက်ကို အသိအမှတ်ပြုလိုက်လေသည်။

" အင်တာဗျူး အောင်မြင်သွားပြီး ဝင်ခွင့်အာမခံအတွက် အရည်အချင်းပြည့်မီတဲ့အတွက် ဂုဏ်ယူပါတယ်"

"ကျွန်မ အောင်သွားပြီလား"

ရှန်ရှင်းသည် အံ့ဩကာ ဝမ်းသာသွားတော့သည်။ သူမဘေးက ဆွန်းလင်သည်လည်း အလွန်ပျော်ရွှင်သွားတော့သည်။

"ဟုတ်ပါတယ်"

လင်ရှောင်းလည်း ပြုံးပြလိုက်၏။ သူသည် ရှန်ရှင်း၏ခံစားချက်ကို အပြည့်အဝနားလည်နိုင်လေသည်။ နောက်ဆုံး သူသည်လည်း တစ်ခါက မြို့တော်တက္ကသိုလ်သို့ အာမခံဝင်ခွင့် ရခဲ့သူဖြစ်လေသည်။

" မင်း အင်တာဗျူး အောင်သွားပါပြီ၊ အချိန်တန်ရင် မင်းရဲ့ကျောင်းကို အသိပေးစာ ပို့လာပါလိမ့်မယ်"

...

အပိုင်း (၁၃၅) ဘက်စ်ကားပေါ်က အန္တရာယ်

ရှန်ရှင်းက လင်ရှောင်းကို မြန်မြန်ကျေးဇူးတင်စကား ပြောလိုက်၏။ မြို့တော်တက္ကသိုလ်သို့ ဝင်ခွင့်အာမခံကိစ္စက နောက်ဆုံးတော့ အတည်ပြုပြီးသွားတော့သည်။ အနည်းငယ်နောက်ကျနေပြီဖြစ်သော်လည်း ဆွန်းလင်နှင့် ရှန်ရှင်းတို့က ညလယ်စာ ထွက်စားခဲ့ကြပြီးမှ အိမ်သို့ ဝမ်းသာအားရပြန်လာကြလေသည်။

ရှန်ချန်က တစ်ခုခု မူမမှန်ဖြစ်နေသည်ကို ခန့်မှန်းမိသော်လည်း သူတို့နှစ်ယောက်ကြားတွင် ဘာဖြစ်ခဲ့မှန်း မသိသဖြင့် ဒီအတိုင်းလျစ်လျူရှုထားလိုက်တော့သည်။

အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားလေသည်။ မျက်စိတစ်မှိတ်အတွင်းတွင် ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေရမည့်အချိန်ရောက်လာတော့သည်။ ဖြေဆိုသူများအားလုံးက စိုးရိမ်နေကြကာ ပြင်ဆင်ရင်း အလုပ်များနေကြ၏။ ရှန်ယွဲ့တစ်ယောက်သာ သူနှင့်မဆိုင်သယောင်။ သူမသည် အေးဆေးတည်ငြိမ်ကာ အခြေအနေ၏သက်ရောက်ခံရပုံ လုံးဝမပေါ်ချေ။

ထိုပုံစံက ရှန်ချန်ကို စိုးရိမ်နေမိစေတော့သည်။ ကောလိပ်ဝင်ခွင့် စာမေးပွဲမတိုင်ခင် တစ်ညတွင် သူက ရှန်ယွဲ့ကို စာလုပ်ဖို့ တိုက်တွန်းခဲ့သေးသည်။

" မစိုးရိမ်ပါနဲ့၊ နင့်အစ်မရဲ့ အင်အားကို မယုံနိုင်သေးဘူးလား နင်က"

ရှန်ယွဲ့က ရှန်ချန်ကို နှစ်သိမ့်လိုက်၏။ ဝင်ခွင့်စာမေးပွဲကို မနက်ဖြန်ဖြေရမည်ဖြစ်သော်လည်း ရှန်ယွဲ့က ဖုန်းပွတ်နေဆဲ။

ရှန်ယွဲ့၏ယုံကြည်မှုရှိနေသည့် အမူအရာကို မြင်လိုက်ရသဖြင့် ရှန်ချန်မှာ သူမကို ဒီအတိုင်းသာ လွှတ်ထားလိုက်ရတော့သည်။

ကောလိပ်စာမေးပွဲဖြေမည့်ရက်တွင် အရာအားလုံးက ချောချောမွေ့မွေ့ပင်။ ရှန်အန်းက ကလေးများကို ကောလိပ်စာမေးပွဲအတွက် ကျောင်းလိုက်ပို့ပေးရန် အထူး ခွင့်တစ်ရက်ယူခဲ့လိုက်သည်။

" ဒီနေ့ စာမေးပွဲ ကောင်းကောင်းဖြေနော်၊ အရမ်းစိတ်မဖိစီးနဲ့"

ထမင်းစားဝိုင်းတွင် ရှန်အန်းက ရှန်ယွဲ့ကို ဂရုတစိုက် သတိပေးလိုက်၏။ ထိုသို့ပြောလိုက်ပြီးနောက် သူက ရှန်ရှင်း၏အခန်းကို ထူးဆန်းနေသလို လှမ်းကြည့်လိုက်လေသည်။ တံခါးက ပိတ်ထားသည်။

" ဒီနေ့ ရှန်ရှင်း ဘာဖြစ်နေတာလဲ၊ သူ အခုထိ ထွက်မလာသေးဘူး၊ ကောလိပ်စာမေးပွဲ ဖြေရမှာ သူမသိဘူးလား၊ နောက်ကျသွားရင် ဘယ်လိုလုပ်မလဲ" ရှန်အန်းက ထရပ်လိုက်ပြီး ရှန်ရှင်း၏တံခါးကို သွားခေါက်ရန် ပြင်လိုက်၏။

"ခဏလေး ရှင်းရှင်းက သူ ဒီနေ့ နေမကောင်းဘူးလို့ ပြောတယ်၊ သူ ခနလောက် နားပါစေ"

ဆွန်းလင်သည် ရှန်အန်းက တံခါးသွားဖွင့်တော့မည်ပြင်လိုက်သည်ကို တွေ့လိုက်ရသဖြင့် သူ့ကို မြန်မြန် တားလိုက်လေသည်.

ရှန်ရှင်းက ဘယ်လိုဖြစ်ပြီး နေမကောင်းဖြစ်ရမှာလဲ။ သူမ အာမခံဝင်ခွင့် ရပြီးသွားပြီလေ။ ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေစရာလိုပါအုံးမလား။ ဒီအချိန်လောက်ဆိုရင် သူ့အခန်းထဲမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေရောပေါ။

" ရှင်းရှင်း အဆင်ပြေရဲ့လား၊ ဒီနေ့စာမေးကို အနှောင့်အယှက်မဖြစ်ပါဘူးနော်၊ ဟုတ်တယ်မလား၊ သူ ဘယ်လိုနေမကောင်းဖြစ်တာလဲ၊ ငါ ဆေးသွားဝယ်ပေးရမလား"

ရှန်အန်းက စိုးရိမ်တကြီးပြောလိုက်ပြီး ကောလိပ်စာမေးပွဲကို ထိခိုက်သွားမည် စိုးရိမ်နေလေသည်။ ဒါက ကလေးဘဝရဲ့ ကြီးမားတဲ့ကိစ္စတစ်ခုပဲလေ။

"ရတယ် ၊ ရတယ်၊ ရှန်ယွဲ့ကို အရင်ဆုံးပို့ပေးလိုက်၊ နောက်မကျစေနဲ့၊ ရှင်းရှင်းကို ကျွန်မ လိုက်ပို့ပေးလိုက်မယ်"

ဆွန်းလင်သည် ရှန်အန်းက တစ်ခုခုမူမမှန်ဖြစ်နေသည်ကို သတိပြုမိမည်စိုးသဖြင့် ကလေးများကို စာမေးပွဲခန်းမသို့ ခွဲပို့ပေးမည်ဟု အကြံပြုလိုက်တော့သည်။

ဒီနေ့ ဆွန်းလင်က ရှန်ယွဲ့အတွက် အရမ်းစဥ်းစားပေးတာ တကယ့်ရှားရှားပဲ။ နောက်ဆုံးတော့လည်း ရှန်ယွဲ့က သူ့သမီးပဲလေ။ ရိုးသားသည့် ရှန်အန်းမှာ အနည်းငယ်ကျေးဇူးတင်မိသွားလေသည်။ သို့သော် နောက်ထပ်အကြောင်းအရင်းတစ်ခု ရှိနေမှန်းကိုတော့ သူ မသိလိုက်ချေ။ ထို့ကြောင့် သူ့က ဆွန်းလင်၏အကြုံပြုချက်ကို သဘောတူလိုက်တော့သည်။

" ရှင်းရှင်း တစ်ခုခုဖြစ်ရင် ငါ့ကို အချိန်မရွေး အသိပေးနော်"

မှာစရာရှိသည်များကို မှာထားလိုက်ပြီး ရှန်အန်းနှင့် ရှန်ချန်တို့က ရှန်ယွဲ့ကို အဖော်ပြုကာ ထွက်လာကြတော့သည်။ အရာအားလုံးက အဆင်ပြေနေ၏။ လမ်းတစ်ဝက်တွင် မတော်တဆတစ်ခု ဖြစ်သွားမည်ကိုတော့ မျှော်လင့်မထားခဲ့ကြပေ။

သုံးယောက်သားသည် ဘက်စ်ကားပေါ် ထိုင်ပြီး လိုက်ပါလာကြသည်။ အိမ်က မထွက်ခင် သူတို့၏အစီအစဥ်အရဆိုလျှင် သူတို့သည် စာမေးပွဲခန်းမသို့ တစ်နာရီ စောရောက်သွားလိမ့်မည်။ ဒါက လုံလောက်သည်ထက် ပိုသည့်အချိန်ပင်။

ရှန်ယွဲ့က မျက်လုံးများကို မှိတ်ထားပြီး အနားယူနေ၏။ ရှန်ချန်နှင့် ရှန်အန်းတို့က သူမကို မနှောင့်ယှက်လိုကြပေ။ ရုတ်တရက်ဆိုသလို သူတို့ရှေ့တွင် အငြင်းအခုံတစ်ခု ဖြစ်သွားတော့သည်။

ရှန်ယွဲ့က မျက်လုံးများကို ဖွင့်လိုက်သည်တွင် သူမရှေ့က ခပ်ထွားထွားယောက်ျားက စတီယာတိုင်ကို ဖမ်းဆွဲထားသည်ကို တွေ့လိုက်ရလေသည်။ ဒရိုင်ဘာက သူနှင့် ရုပ်ပိုင်းဆိုင်ရာတွန်းတိုက်မှုတစ်ခု ဖြစ်နေ၏။

" သတိထား၊ မင်း ဘာလုပ်နေတာလဲ"

ခရီးသည်အားလုံးမှာ အန္တရာယ်ကို သိမြင်လိုက်ကြပြီး ကျယ်လောင်စွာ အော်ဟစ်ကြတော့သည်။ တစ်ချို့အမျိုးသား ခရီးသည်များက ရှေ့သို့ အလောတကြီး တက်သွားကာ ထိုခပ်ထွားထွားယောကျ်ားကို ဆွဲလိုက်ချင်သော်လည်း သူတို့ကို ထိုလူ၏လက်တစ်ဖက်က တားမြစ်ထားလေသည်။ တစ်ချို့ကြောက်တတ်သည့်မိန်းကလေးများက မနေနိုင်တော့ဘဲ အော်ဟစ်နေကြတော့သည်။

ကြီးမားသည့် ထိခိုက်ဒဏ်ရာရခြင်းကို ရှောင်ရှားရန် ဒရိုင်ဘာက ဘရိတ်ကို ချက်ချင်းနင်းချလိုက်ပြီး လမ်းဘေးသို့ ဆွဲကပ်လိုက်တော့သည်။ ထိုယောက်ျားက ဘက်စ်ကား ရပ်သွားသည်ကို တွေ့လိုက်သောအခါ သူသည် ဘက်စ်ကား ရှေ့တံခါး နောက်တံခါးကို ချက်ချင်းပိတ်ချလိုက်ပြီး ဒရိုင်ဘာကို ထိုင်ခုံပေါ်က ဆွဲချလိုက်တော့သည်။

သူတို့သည် လုယက်မှုတစ်ခုနှင့် ရင်ဆိုင်လိုက်ရခြင်းပင်။ ရှန်အန်းနှင့် ရှန်ချန်တို့က သည်နေ့ သူတို့၏ကံဆိုးမှုအကြောင်းကို ရင်ထဲက သက်ပြင်းချလိုက်မိသည်။ ရှန်ယွဲ့တစ်ယောက်သာ အလွန်စိတ်ဝင်စားနေပုံပေါ်လေသည်။ သူမသည် သည်ရက်ပိုင်းတွင် ဘက်စ်ကားတစ်စီးပေါ်၌ လုယက်မှုဖြစ်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ မျက်စိပွင့် နားပွင့်ဖြစ်ရသည့် အကြောင်းပင်။

တခြားသူများက ရှန်ယွဲ့လို စိတ်အင်အားမျိုး မရှိကြပေ။ သူတို့အားလုံးက ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ပိုက်ဆံအိတ်များကို ထုတ်လိုက်ကြလေသည်။ တစ်ချို့ကလေးများက အလွန်ကြောက်လန့်သဖြင့် ငိုနေကြသည်။ နောက်ဆုံးတော့ သူတို့မိဘများက ရာဇဝတ်သားကို ဆွဲဆောင်မိမည်စိုးသဖြင့် သူတို့ကို ပါးစပ်ကို အုပ်ထားလိုက်ကြလေသည်။

လူငယ်တစ်ချို့က ထရပ်ပြီး ခုခံချင်ကြသော်လည်း သူတို့မိသားစု၏ပြန်ဆွဲထားခြင်း ခံလိုက်ရသည်။ အရင်ဆုံး အသက်ပေးလိုက်မည် စိုးကြသဖြင့် ဘယ်သူကမှ သူတို့အတွက် မရပ်တည်ရဲကြပေ။

...

မင်္ဂလာပါရှင်! အခကြေးလေး ပြောင်းလဲထားပါတယ်နော်။GP - 1 (1 - 250) 1500 Ks.

GP - 2 (251 - 500) 2500 Ks.

Gp 1+2 3500Ks

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့စာမျက်နှာသစ် fb pageနဲ့ https://t.me/OrchidSarPay tele accမှာ hi ပို့ပြီးဝယ်ယူနိုင်ပါတယ်ရှင်။

. . .

Zawgyi

အပိုင္း (၁၃၄) ေအာင္ျမင္သြားတဲ့ ဝင္ခြင့္အာမခံ

" အစစ္လား အတုလားဆိုတာကို ဆုံးျဖတ္ဖို႔ testေလးတစ္ခု လုပ္ၾကတာေပါ့"

ထိုသို႔ေျပာရင္း သူက ရွန္ရွင္း၏Wechatထဲသို႔ စာ႐ြက္စာတမ္းတစ္ခု ကို ပို႔လိုက္ေလသည္။

" ဒီ စာ႐ြက္စာတမ္းထဲမွာ အၾကမ္းစာ႐ြက္ေပၚက မူရင္းေမးခြန္းပါတယ္၊ ဒီေမးခြန္းကို အၾကမ္းစာ႐ြက္မၾကည့္ဘဲ ေျဖႏိုင္ရင္ မင္းက တကယ့္ 'သခ်ၤာပါရမီရွင္'ပါဆိုၿပီး ယုံၾကည္ေပးမယ္၊ မင္းကိုယ္မင္း သက္ေသျပႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္" လင္ေရွာင္းက ၿပဳံးကာ ေျပာလိုက္ေလသည္။

ဆြန္းလင္က အင္တာနက္ဆိုင္က ေကာင္တာမွ ေဘာပင္တစ္ေခ်ာင္းႏွင့္ စာ႐ြက္ကို ျမန္ျမန္သြားေတာင္းလိုက္သည္။ ရွန္ရွင္းသည္ သူမ၏ေခါင္းကို ငုံ႔ၿပီး ေနရာတြင္ပင္ ခ်ေရးလိုက္ေလသည္။ သို႔ေသာ္ျငား တျခားလူမ်ား မျမင္ႏိုင္သည့္ အကြာအေဝးတစ္ခုတြင္ ရွန္ရွင္း၏ႏႈတ္ခမ္းက မသိမသာၿပဳံးသြားေတာ့သည္။ သူမသည္ ေအာင္ျမင္မႈကို အတည္ျပဳၿပီးေနသည့္ႏွယ္။

ဒီလိုအင္တာဗ်ဴးမ်ိဳးက ဘာမွႀကီးႀကီးမားမားမဟုတ္ပါဘူး။ သူမက အင္တာဗ်ဴးမေျဖခင္ကတည္းက အၾကမ္းစာ႐ြက္ထဲက အေၾကာင္းအရာေတြကို အလြတ္က်က္ထားၿပီးသားေလ၊ ဒီ' သခ်ၤာပါရမီရွင္'ဆိုတာ ေသခ်ာေပါက္ သူမဟာပဲ။ ၿမိဳ႕ေတာ္တကၠသိုလ္ဆိုတာလည္း သူမရဲ႕လြယ္အိတ္ထဲ ေရာက္ေနၿပီ။

!!

ရွန္ရွင္းသည္ စိတ္ထဲတြင္ စဥ္းစားလိုက္ရင္း ျမန္ျမန္ခ်ေရး လိုက္ေလသည္။

ဆြန္းလင္က သမီးျဖစ္သူ၏ယုံၾကည္ခ်က္ကို ၾကည့္ကာ သူမ၏မ်က္ႏွာေပၚတြင္ ေဖာ္မျပတတ္သည့္ ေပ်ာ္႐ႊင္ေသာ အၿပဳံးတစ္ခု ေပၚေနကာ သူမသည္ အင္တာနက္ဆိုင္က လူတိုင္းကို သမီးျဖစ္သူက ၿမိဳ႕ေတာ္တကၠသိုလ္ကို ဝင္ခြင့္အာမခံရေတာ့မည္ျဖစ္ေၾကာင္း ေျပာျပခ်င္ေနသည့္ႏွယ္။

" ၿပီးပါၿပီ"

ရွန္ရွင္းက ႐ုတ္တရက္ ေခါင္းေမာ့ကာ သူမ၏အေမကို ၿပဳံးျပလိုက္ေလသည္။ ထို႔ေနာက္ သူမက ကြန္ပ်ဴတာစခရင္ဘက္လွည့္ၿပီး သူမ အခုေလးတင္ ခ်ေရးထားသည့္ တြက္ခ်က္ထားသည့္အဆင့္ဆင့္ကို ဓာတ္ပုံ႐ိုက္ကာ လင္ေရွာင္းထံ ပို႔ေပးလိုက္ေလသည္။

ရွန္ရွင္းမွာ အလြန္ေပ်ာ္ေနေတာ့သည္။ သူမ၏ စိုးရိမ္ေနသည့္ အေျခအေနသည္ ေျပာင္းလဲသြားၿပီး သူမကိုယ္သူမ စဥ္းစားလိုက္ေလသည္။ ငါ ၿမိဳ႕ေတာ္တကၠသိုလ္ကို အာမခံနဲ႔ဝင္ႏိုင္သ၍ အားလုံးက ငါ့ကို 'သခ်ၤာပါရမီရွင္'လို႔ ထင္ၾကမွာပဲ။ ဒီေတာ့ ရွန္ယြဲ႕ သိသြားလဲ ဘာျဖစ္လဲ။ ငါ ဝင္ခြင့္အာမခံရတဲ့ကိစၥက ေျပာင္းလဲသြားမွာမဟုတ္ဘူး။

" ဒါက ကြၽန္မက 'သခ်ၤာပညာရွင္' အမွန္တကယ္ျဖစ္တယ္ဆိုတာကို သက္ေသျပဖို႔ လုံေလာက္တယ္မလား" ရွန္ရွင္းက သူမ၏ကိုယ္ေနဟန္ထား ပ်က္ေတာ့မတတ္ ေျပာလိုက္ေလသည္။

သို႔ေသာ္ျငား လင္ေရွာင္းသည္ ဓာတ္ပုံကို ေတြ႕လိုက္ၿပီးေနာက္တြင္ မသိမသာမ်က္ေမွာင္က်ဳံ႕သြားၿပီး ထူးထူးဆန္းဆန္း ႏႈတ္ဆိတ္သြားေလသည္။

" မဟုတ္ဘူး၊ မင္းက တကယ့္ 'သခ်ၤာပညာရွင္'မဟုတ္ဘူး၊ မင္းက အတုပဲ" ကြန္ပ်ဴတာ၏ တျခားဖက္က ႐ုတ္တရက္ထြက္လာသည့္ မွတ္ခ်က္က ရွန္ရွင္းကို အလြန္ေပ်ာ္႐ႊင္ေနရာမွ လက္ေတြ႕သို႔ ျပန္ဆြဲေခၚလာလိုက္ေတာ့သည္။

" ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္ ဒီေမးခြန္းရဲ႕ ေမးခြန္းပုံစံကို ေျပာင္းထားတယ္၊ ၿပီးေတာ့ မင္းေပးခဲ့တဲ့ အေျဖက မူရင္းတြက္ခ်က္ထားတာနဲ႔ တူေနတယ္၊ ဒါက မင္းက အတုျဖစ္တယ္ဆိုကို သက္ေသျပဖို႔ လုံေလာက္တယ္ေလ၊ မင္း အၾကမ္းစာ႐ြက္ထဲက အေၾကာင္းအရာေတြကို ဒီအတိုင္းအလြတ္က်က္ထားတာ၊ ဒါပါပဲ" လင္ေရွာင္းက စခရင္ကို တည္ၾကည္ၾကည္ျဖင့္ ေျပာလိုက္ေလသည္။

"မဟုတ္ဘူး၊ မဟုတ္ဘူး၊ မဟုတ္ဘူး၊ ကြၽန္မကို ယုံပါ၊ ကြၽန္မ အရမ္း နေမာ္နမဲ့ႏိုင္သြားၿပီး မူရင္းေမးခြန္းေျပာင္းသြားတာကို သတိမထားမိခဲ့တာ၊ ဒါေပမယ့္ ဒါက ကြၽန္မ အတုျဖစ္တယ္လို႔ သက္ေသျပရာမေရာက္ဘူးေလ" ရွန္ရွင္းက သူမကိုယ္သူမ ႐ူးမတတ္ ခုခံေျပာဆိုေလသည္။

ဆြန္းလင္လည္း အလြန္စိတ္ပူသြားၿပီး ျမန္ျမန္ေျပာလိုက္ေတာ့သည္။

" ကြၽန္မသမီးက တြက္ခ်က္တာေတြကို ခ်ေရးၿပီးသြားၿပီေလ၊ ဒီလို အေသးအဖြဲကိစၥေလးနဲ႔ေတာ့ ကြၽန္မ သမီးကို ျငင္းလိုက္လို႔မရပါဘူး၊ ကြၽန္မ သမီးလို 'သခ်ၤာပါရမီရွင္' မရလိုက္ရင္ ရွင္တို႔ေက်ာင္းပဲ နစ္နာမွာေနာ္"

ဗီဒီယိုထဲတြင္ လင္ေရွာင္းက မ်က္ေမွာင္က်ဳံ႕ေနသည္ကို ျမင္လိုက္ရသျဖင့္ ဆြန္းလင္သည္ သူမ၏စကားလုံးမ်ားက အလြန္မေလးစားရာက်သြားမွန္း နားလည္လိုက္ေတာ့သည္။ သူမ၏သေဘာထားက သမီးျဖစ္သူကို အခက္ေတြ႕သြားေစမည္စိုးသျဖင့္ သူမက ျမန္ျမန္ေတာင္းပန္လိုက္ၿပီး ရွင္းျပလိုက္ေလသည္။

သားအမိႏွစ္ေယာက္က သူတို႔ကို သူ႔သံသယမ်ားက ေစာ္ကားေနသျဖင့္ အလြန္စိုးရိမ္ေနသည္ကို ေတြ႕လိုက္ရသည္တြင္ လင္ေရွာင္းသည္ အၾကပ္႐ိုက္သြားေတာ့သည္။

သို႔ေသာ္ ေက်ာင္းက ပေရာ္ဖက္ဆာႀကီးမ်ားက သည္လွ်ိဳ႕ဝွက္ဆန္းက်ယ္သည့္ ေျဖရွင္းသူကို ေတြ႕ဖို႔ရာ ေမွ်ာ္လင့္ေနၾကသည္ကို စဥ္းစားမိလိုက္ခ်ိန္တြင္ ပေရာ္ဖက္ဆာမ်ား၏ ေမွ်ာ္လင့္ခ်က္မ်ားကို မဖ်က္ဆီးရက္သျဖင့္ လင္ေရွာင္းသည္ ေနာက္ဆုံးေတာ့ သံသယမ်ားကို သူ႔စိတ္ထဲတြင္သာ ၿမိဳသိပ္ထားလိုက္သည္။

"ကြၽန္ေတာ္ တကယ္ေတာင္းပန္ပါတယ္၊ ကြၽန္ေတာ္ မင္းကို နားလည္မႈလြဲသြားခဲ့တယ္၊ ဒီလိုဆိုရင္ေကာ၊ ကြၽန္ေတာ္ မင္းကို ဒီေမးခြန္း ေမးခ်င္တယ္" လင္ေရွာင္း၏အမူအရာသည့္ ေပ်ာ့ေျပာင္းသြားရင္းက ဆက္ေမးလိုက္ေလသည္။

ထင္ထားသည့္အတိုင္းပင္။ လင္ေရွာင္းက သူမကို တစ္ခ်ိဳ႕အေသးစိတ္အခ်က္အလက္မ်ားႏွင့္ ပုစာၦေျဖရွင္းသည့္ အေတြးအေခၚမ်ားကို ေမးခဲ့သည္။ ကံအားေလ်ာ္စြာ ရွန္ရွင္းသည္ ႀကိဳတင္ျပင္ဆင္လာခဲ့ေလသည္။ သူမသည္ ေနရာတိုင္းက အခ်က္အလက္မ်ားကို ရွာေဖြခဲ့ၿပီး အုံးေႏွာက္ေျခာက္ေအာင္ စဥ္းစားခဲ့ရသည္ဟု က်ိဳးေၾကာင္းဆီေလ်ာ္သည့္ဆင္ေျခတစ္ခု ျဖစ္လာခဲ့သည္။ ေနာက္ဆုံးေတာ့ သူမသည္ သည္ျပႆနာကို ေျဖရွင္းႏိုင္ခဲ့ေလသည္။

သူတို႔ႏွစ္ေယာက္သည္ သခ်ၤာဘာသာရပ္ဆိုင္ရာ အေတြးအျမင္မ်ားကို ဖလွယ္ခဲ့ၾကသည္။ လင္ေရွာင္းက ေခါင္းညိတ္လိုက္၏။ တစ္ခုခု လြဲေနသည္ဟု ခံစားေနရေသာ္လည္း ရွန္ရွင္း၏အခ်က္အလက္ကို အသိအမွတ္ျပဳလိုက္ေလသည္။

" အင္တာဗ်ဴး ေအာင္ျမင္သြားၿပီး ဝင္ခြင့္အာမခံအတြက္ အရည္အခ်င္းျပည့္မီတဲ့အတြက္ ဂုဏ္ယူပါတယ္"

"ကြၽန္မ ေအာင္သြားၿပီလား"

ရွန္ရွင္းသည္ အံ့ဩကာ ဝမ္းသာသြားေတာ့သည္။ သူမေဘးက ဆြန္းလင္သည္လည္း အလြန္ေပ်ာ္႐ႊင္သြားေတာ့သည္။

"ဟုတ္ပါတယ္"

လင္ေရွာင္းလည္း ၿပဳံးျပလိုက္၏။ သူသည္ ရွန္ရွင္း၏ခံစားခ်က္ကို အျပည့္အဝနားလည္ႏိုင္ေလသည္။ ေနာက္ဆုံး သူသည္လည္း တစ္ခါက ၿမိဳ႕ေတာ္တကၠသိုလ္သို႔ အာမခံဝင္ခြင့္ ရခဲ့သူျဖစ္ေလသည္။

" မင္း အင္တာဗ်ဴး ေအာင္သြားပါၿပီ၊ အခ်ိန္တန္ရင္ မင္းရဲ႕ေက်ာင္းကို အသိေပးစာ ပို႔လာပါလိမ့္မယ္"

...

အပိုင္း (၁၃၅) ဘက္စ္ကားေပၚက အႏၲရာယ္

ရွန္ရွင္းက လင္ေရွာင္းကို ျမန္ျမန္ေက်းဇူးတင္စကား ေျပာလိုက္၏။ ၿမိဳ႕ေတာ္တကၠသိုလ္သို႔ ဝင္ခြင့္အာမခံကိစၥက ေနာက္ဆုံးေတာ့ အတည္ျပဳၿပီးသြားေတာ့သည္။ အနည္းငယ္ေနာက္က်ေနၿပီျဖစ္ေသာ္လည္း ဆြန္းလင္ႏွင့္ ရွန္ရွင္းတို႔က ညလယ္စာ ထြက္စားခဲ့ၾကၿပီးမွ အိမ္သို႔ ဝမ္းသာအားရျပန္လာၾကေလသည္။

ရွန္ခ်န္က တစ္ခုခု မူမမွန္ျဖစ္ေနသည္ကို ခန္႔မွန္းမိေသာ္လည္း သူတို႔ႏွစ္ေယာက္ၾကားတြင္ ဘာျဖစ္ခဲ့မွန္း မသိသျဖင့္ ဒီအတိုင္းလ်စ္လ်ဴရႈထားလိုက္ေတာ့သည္။

အခ်ိန္က လ်င္ျမန္စြာ ကုန္ဆုံးသြားေလသည္။ မ်က္စိတစ္မွိတ္အတြင္းတြင္ ေကာလိပ္ဝင္ခြင့္စာေမးပြဲ ေျဖရမည့္အခ်ိန္ေရာက္လာေတာ့သည္။ ေျဖဆိုသူမ်ားအားလုံးက စိုးရိမ္ေနၾကကာ ျပင္ဆင္ရင္း အလုပ္မ်ားေနၾက၏။ ရွန္ယြဲ႕တစ္ေယာက္သာ သူႏွင့္မဆိုင္သေယာင္။ သူမသည္ ေအးေဆးတည္ၿငိမ္ကာ အေျခအေန၏သက္ေရာက္ခံရပုံ လုံးဝမေပၚေခ်။

ထိုပုံစံက ရွန္ခ်န္ကို စိုးရိမ္ေနမိေစေတာ့သည္။ ေကာလိပ္ဝင္ခြင့္ စာေမးပြဲမတိုင္ခင္ တစ္ညတြင္ သူက ရွန္ယြဲ႕ကို စာလုပ္ဖို႔ တိုက္တြန္းခဲ့ေသးသည္။

" မစိုးရိမ္ပါနဲ႔၊ နင့္အစ္မရဲ႕ အင္အားကို မယုံႏိုင္ေသးဘူးလား နင္က"

ရွန္ယြဲ႕က ရွန္ခ်န္ကို ႏွစ္သိမ့္လိုက္၏။ ဝင္ခြင့္စာေမးပြဲကို မနက္ျဖန္ေျဖရမည္ျဖစ္ေသာ္လည္း ရွန္ယြဲ႕က ဖုန္းပြတ္ေနဆဲ။

ရွန္ယြဲ႕၏ယုံၾကည္မႈရွိေနသည့္ အမူအရာကို ျမင္လိုက္ရသျဖင့္ ရွန္ခ်န္မွာ သူမကို ဒီအတိုင္းသာ လႊတ္ထားလိုက္ရေတာ့သည္။

ေကာလိပ္စာေမးပြဲေျဖမည့္ရက္တြင္ အရာအားလုံးက ေခ်ာေခ်ာေမြ႕ေမြ႕ပင္။ ရွန္အန္းက ကေလးမ်ားကို ေကာလိပ္စာေမးပြဲအတြက္ ေက်ာင္းလိုက္ပို႔ေပးရန္ အထူး ခြင့္တစ္ရက္ယူခဲ့လိုက္သည္။

" ဒီေန႔ စာေမးပြဲ ေကာင္းေကာင္းေျဖေနာ္၊ အရမ္းစိတ္မဖိစီးနဲ႔"

ထမင္းစားဝိုင္းတြင္ ရွန္အန္းက ရွန္ယြဲ႕ကို ဂ႐ုတစိုက္ သတိေပးလိုက္၏။ ထိုသို႔ေျပာလိုက္ၿပီးေနာက္ သူက ရွန္ရွင္း၏အခန္းကို ထူးဆန္းေနသလို လွမ္းၾကည့္လိုက္ေလသည္။ တံခါးက ပိတ္ထားသည္။

" ဒီေန႔ ရွန္ရွင္း ဘာျဖစ္ေနတာလဲ၊ သူ အခုထိ ထြက္မလာေသးဘူး၊ ေကာလိပ္စာေမးပြဲ ေျဖရမွာ သူမသိဘူးလား၊ ေနာက္က်သြားရင္ ဘယ္လိုလုပ္မလဲ" ရွန္အန္းက ထရပ္လိုက္ၿပီး ရွန္ရွင္း၏တံခါးကို သြားေခါက္ရန္ ျပင္လိုက္၏။

"ခဏေလး ရွင္းရွင္းက သူ ဒီေန႔ ေနမေကာင္းဘူးလို႔ ေျပာတယ္၊ သူ ခနေလာက္ နားပါေစ"

ဆြန္းလင္သည္ ရွန္အန္းက တံခါးသြားဖြင့္ေတာ့မည္ျပင္လိုက္သည္ကို ေတြ႕လိုက္ရသျဖင့္ သူ႔ကို ျမန္ျမန္ တားလိုက္ေလသည္.

ရွန္ရွင္းက ဘယ္လိုျဖစ္ၿပီး ေနမေကာင္းျဖစ္ရမွာလဲ။ သူမ အာမခံဝင္ခြင့္ ရၿပီးသြားၿပီေလ။ ေကာလိပ္ဝင္ခြင့္စာေမးပြဲ ေျဖစရာလိုပါအုံးမလား။ ဒီအခ်ိန္ေလာက္ဆိုရင္ သူ႔အခန္းထဲမွာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေနေရာေပါ။

" ရွင္းရွင္း အဆင္ေျပရဲ႕လား၊ ဒီေန႔စာေမးကို အေႏွာင့္အယွက္မျဖစ္ပါဘူးေနာ္၊ ဟုတ္တယ္မလား၊ သူ ဘယ္လိုေနမေကာင္းျဖစ္တာလဲ၊ ငါ ေဆးသြားဝယ္ေပးရမလား"

ရွန္အန္းက စိုးရိမ္တႀကီးေျပာလိုက္ၿပီး ေကာလိပ္စာေမးပြဲကို ထိခိုက္သြားမည္ စိုးရိမ္ေနေလသည္။ ဒါက ကေလးဘဝရဲ႕ ႀကီးမားတဲ့ကိစၥတစ္ခုပဲေလ။

"ရတယ္ ၊ ရတယ္၊ ရွန္ယြဲ႕ကို အရင္ဆုံးပို႔ေပးလိုက္၊ ေနာက္မက်ေစနဲ႔၊ ရွင္းရွင္းကို ကြၽန္မ လိုက္ပို႔ေပးလိုက္မယ္"

ဆြန္းလင္သည္ ရွန္အန္းက တစ္ခုခုမူမမွန္ျဖစ္ေနသည္ကို သတိျပဳမိမည္စိုးသျဖင့္ ကေလးမ်ားကို စာေမးပြဲခန္းမသို႔ ခြဲပို႔ေပးမည္ဟု အႀကံျပဳလိုက္ေတာ့သည္။

ဒီေန႔ ဆြန္းလင္က ရွန္ယြဲ႕အတြက္ အရမ္းစဥ္းစားေပးတာ တကယ့္ရွားရွားပဲ။ ေနာက္ဆုံးေတာ့လည္း ရွန္ယြဲ႕က သူ႔သမီးပဲေလ။ ႐ိုးသားသည့္ ရွန္အန္းမွာ အနည္းငယ္ေက်းဇူးတင္မိသြားေလသည္။ သို႔ေသာ္ ေနာက္ထပ္အေၾကာင္းအရင္းတစ္ခု ရွိေနမွန္းကိုေတာ့ သူ မသိလိုက္ေခ်။ ထို႔ေၾကာင့္ သူ႔က ဆြန္းလင္၏အႀကဳံျပဳခ်က္ကို သေဘာတူလိုက္ေတာ့သည္။

" ရွင္းရွင္း တစ္ခုခုျဖစ္ရင္ ငါ့ကို အခ်ိန္မေ႐ြး အသိေပးေနာ္"

မွာစရာရွိသည္မ်ားကို မွာထားလိုက္ၿပီး ရွန္အန္းႏွင့္ ရွန္ခ်န္တို႔က ရွန္ယြဲ႕ကို အေဖာ္ျပဳကာ ထြက္လာၾကေတာ့သည္။ အရာအားလုံးက အဆင္ေျပေန၏။ လမ္းတစ္ဝက္တြင္ မေတာ္တဆတစ္ခု ျဖစ္သြားမည္ကိုေတာ့ ေမွ်ာ္လင့္မထားခဲ့ၾကေပ။

သုံးေယာက္သားသည္ ဘက္စ္ကားေပၚ ထိုင္ၿပီး လိုက္ပါလာၾကသည္။ အိမ္က မထြက္ခင္ သူတို႔၏အစီအစဥ္အရဆိုလွ်င္ သူတို႔သည္ စာေမးပြဲခန္းမသို႔ တစ္နာရီ ေစာေရာက္သြားလိမ့္မည္။ ဒါက လုံေလာက္သည္ထက္ ပိုသည့္အခ်ိန္ပင္။

ရွန္ယြဲ႕က မ်က္လုံးမ်ားကို မွိတ္ထားၿပီး အနားယူေန၏။ ရွန္ခ်န္ႏွင့္ ရွန္အန္းတို႔က သူမကို မေႏွာင့္ယွက္လိုၾကေပ။ ႐ုတ္တရက္ဆိုသလို သူတို႔ေရွ႕တြင္ အျငင္းအခုံတစ္ခု ျဖစ္သြားေတာ့သည္။

ရွန္ယြဲ႕က မ်က္လုံးမ်ားကို ဖြင့္လိုက္သည္တြင္ သူမေရွ႕က ခပ္ထြားထြားေယာက္်ားက စတီယာတိုင္ကို ဖမ္းဆြဲထားသည္ကို ေတြ႕လိုက္ရေလသည္။ ဒ႐ိုင္ဘာက သူႏွင့္ ႐ုပ္ပိုင္းဆိုင္ရာတြန္းတိုက္မႈတစ္ခု ျဖစ္ေန၏။

" သတိထား၊ မင္း ဘာလုပ္ေနတာလဲ"

ခရီးသည္အားလုံးမွာ အႏၲရာယ္ကို သိျမင္လိုက္ၾကၿပီး က်ယ္ေလာင္စြာ ေအာ္ဟစ္ၾကေတာ့သည္။ တစ္ခ်ိဳ႕အမ်ိဳးသား ခရီးသည္မ်ားက ေရွ႕သို႔ အေလာတႀကီး တက္သြားကာ ထိုခပ္ထြားထြားေယာက်္ားကို ဆြဲလိုက္ခ်င္ေသာ္လည္း သူတို႔ကို ထိုလူ၏လက္တစ္ဖက္က တားျမစ္ထားေလသည္။ တစ္ခ်ိဳ႕ေၾကာက္တတ္သည့္မိန္းကေလးမ်ားက မေနႏိုင္ေတာ့ဘဲ ေအာ္ဟစ္ေနၾကေတာ့သည္။

ႀကီးမားသည့္ ထိခိုက္ဒဏ္ရာရျခင္းကို ေရွာင္ရွားရန္ ဒ႐ိုင္ဘာက ဘရိတ္ကို ခ်က္ခ်င္းနင္းခ်လိုက္ၿပီး လမ္းေဘးသို႔ ဆြဲကပ္လိုက္ေတာ့သည္။ ထိုေယာက္်ားက ဘက္စ္ကား ရပ္သြားသည္ကို ေတြ႕လိုက္ေသာအခါ သူသည္ ဘက္စ္ကား ေရွ႕တံခါး ေနာက္တံခါးကို ခ်က္ခ်င္းပိတ္ခ်လိုက္ၿပီး ဒ႐ိုင္ဘာကို ထိုင္ခုံေပၚက ဆြဲခ်လိုက္ေတာ့သည္။

သူတို႔သည္ လုယက္မႈတစ္ခုႏွင့္ ရင္ဆိုင္လိုက္ရျခင္းပင္။ ရွန္အန္းႏွင့္ ရွန္ခ်န္တို႔က သည္ေန႔ သူတို႔၏ကံဆိုးမႈအေၾကာင္းကို ရင္ထဲက သက္ျပင္းခ်လိုက္မိသည္။ ရွန္ယြဲ႕တစ္ေယာက္သာ အလြန္စိတ္ဝင္စားေနပုံေပၚေလသည္။ သူမသည္ သည္ရက္ပိုင္းတြင္ ဘက္စ္ကားတစ္စီးေပၚ၌ လုယက္မႈျဖစ္လိမ့္မည္ဟု ေမွ်ာ္လင့္မထားခဲ့ေခ်။ မ်က္စိပြင့္ နားပြင့္ျဖစ္ရသည့္ အေၾကာင္းပင္။

တျခားသူမ်ားက ရွန္ယြဲ႕လို စိတ္အင္အားမ်ိဳး မရွိၾကေပ။ သူတို႔အားလုံးက ေၾကာက္ေၾကာက္႐ြံ႕႐ြံ႕ျဖင့္ ပိုက္ဆံအိတ္မ်ားကို ထုတ္လိုက္ၾကေလသည္။ တစ္ခ်ိဳ႕ကေလးမ်ားက အလြန္ေၾကာက္လန္႔သျဖင့္ ငိုေနၾကသည္။ ေနာက္ဆုံးေတာ့ သူတို႔မိဘမ်ားက ရာဇဝတ္သားကို ဆြဲေဆာင္မိမည္စိုးသျဖင့္ သူတို႔ကို ပါးစပ္ကို အုပ္ထားလိုက္ၾကေလသည္။

လူငယ္တစ္ခ်ိဳ႕က ထရပ္ၿပီး ခုခံခ်င္ၾကေသာ္လည္း သူတို႔မိသားစု၏ျပန္ဆြဲထားျခင္း ခံလိုက္ရသည္။ အရင္ဆုံး အသက္ေပးလိုက္မည္ စိုးၾကသျဖင့္ ဘယ္သူကမွ သူတို႔အတြက္ မရပ္တည္ရဲၾကေပ။

...

မဂၤလာပါရွင္! အခေၾကးေလး ေျပာင္းလဲထားပါတယ္ေနာ္။GP - 1 (1 - 250) 1500 Ks.

GP - 2 (251 - 500) 2500 Ks.

Gp 1+2 3500Ks

အထူးလုပ္ႀကံေရးသမတစ္ေယာက္ရဲ႕စာမ်က္ႏွာသစ္ fb pageနဲ႔ https://t.me/OrchidSarPay tele accမွာ hi ပို႔ၿပီးဝယ္ယူႏိုင္ပါတယ္ရွင္။

. . .

Continue Reading

You'll Also Like

27.6K 4.2K 55
Original name - 如珠似玉 English Title - Like Pearl and Jade Author - Butterfly's Shadow Beneath the Moon Yue Xia Die Ying 月下蝶影 Chapters - 98 I do not o...
1.3M 45.9K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
164K 8.1K 44
Lord Chu's Wife is Wild Wevnovel_796. Paid. Gp-1 (1-150) - Free completed. Gp-2 (151-300)-2000MMK.completed. Gp-3(301-450)-2000MMK.completed. Gp-4(4...
99.8K 10.5K 78
လီစု၀မ်သည် သာမာန်ကျောင်းသူလေးတစ်ဦးဖြစ်ပြီး တက္ကသိုလ်၀င်ခွင့်စာမေးပွဲဖြေဆို၍အိမ်ပြန်ချိန်တွင် အိမ်မှမိခင်ကထွက်ခွာသွားခဲ့သည်။ သူမမိခင်ထားခဲ့သောဖခင်၏အမွ...