အပိုင်း (၁၃၂) အွန်လိုင်းအင်တာဗျူး
ရှန်ရှင်းသည် အချိန်ကိုကြည့်လိုက်ချိန်တွင် ထပ်ပြီး တအံ့တဩဖြစ်သွားပြန်သည်။
" ကိုးနာရီ၊ ဒါက အရမ်းအချိန်ကပ်နေပြီပဲ"
" ကလေး ဘာဖြစ်လို့လဲ"
ဆွန်းလင်သည် ရှန်ရှင်း၏ အံ့ဩသွား အမူအရာကို မြင်လိုက်ရသောအခါ စိတ်ပူသွားပြီး မေးလိုက်တော့သည်။
ရှန်ရှင်းက စာထဲကအကြောင်းအရာကို ဆွန်းလင်အား အကျဥ်းချုပ်ပြောပြလိုက်၏။ ဆွန်းလင်က ဝမ်းသာအားရ ပြောလိုက်လေသည်။
" ဒါက ကောင်းတဲ့ကိစ္စပဲ၊ သမီး စောစော အင်တာဗျူးထားရင် ခွင့်ပြုမိန့်အရည်အချင်းကို မြန်မြန် အတည်ပြုနိုင်တာပေါ့၊ ဒါမှ သမီးလည်း ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေစရာမလိုတော့မှာလေ"
" ဒါပေမယ့် သမီး ဘာမှမပြင်ဆင်ရသေးဘူး၊ တကယ်လို့များ ဘေးအခန်းကလူက အိမ်မှာ အွန်လိုင်းအင်တာဗျူးလုပ်နေတာ ကြားသွားရင် ဘယ်လိုလုပ်မလဲ" ရှန်ရှင်းသည် အလွန်တိုးညင်းစွာ ပြောလိုက်ပြီး ဘေးအခန်းက ရှန်ယွဲ့နှင့် ရှန်ချန်တို့ ကြားသွားမည်ကို စိုးရိမ်နေလေသည်။
" အဲဒီအတွက် စိတ်မပူပါနဲ့၊ အမေ သမီးကို အင်တာနက်ဆိုင်မှာ အင်တာဗျူးလုပ်လို့ရအောင် အပြင်ခေါ်သွားပေးမယ်လေ၊ အင်တာဗျူးအတွက် ကွန်ပျူတာကိုသုံးတာ ပိုပြီးလွယ်ကူတာပေါ့" ရှန်ရှင်းက အင်တာဗျူးကို ချောချောမောမော ဖြေနိုင်ရန် အလို့ငှာ ဆွန်းလင်က အဖြေကို ချက်ချင်း စဥ်းစားပေးလိုက်လေသည်။
ရှန်ရှင်းက အဆင်ပြေသည်ဟု ထင်လိုက်သည်။ သူမက ကိုယ့်ဟာကိုယ်မြန်မြန် ပြင်ဆင်လိုက်ပြီး မိတ်ကပ်ပြင်လိုက်ကာ ဆွန်းလင်နောက်က လိုက်ထွက်လာခဲ့တော့သည်။
တံခါးပိတ်သံကြားလိုက်ရသဖြင့် ရှန်ချန်က မျက်မှောင်ကျုံ့လိုက်၏။ ခုနက အမေနဲ့ရှန်ရှင်းတို့ အပြင်ထွက်သွားတာထင်တယ်။ ညကြီးမင်းကြီး သူတို့တွေဘာလုပ်နေလည်း မသိပါဘူး။ ဒီနေ့ တကယ့်ကို မူမမှန်ဘူး။ ရှန်ချန်က သူ့ဖုန်းနှင့် ရှန်ယွဲ့ဆီ စာတစ်စောင်ပို့ကာ လှမ်းမေးလိုက်၏။
" အစ်မ ခုနက အသံကြားလိုက်လား၊ အမေနဲ့ ရှန်ရှင်းတို့ အပြင်သွားလိုက်တယ်ထင်တယ်"
ရှန်ချန်သည် သူ့ဖုန်းထဲတွင် ပြန်စာချက်ချင်းရလာခဲ့သည်။ ရှန်ယွဲ့ဆီက စာဖြစ်၏။
" သူတို့ကို စိတ်ပူမနေပါနဲ့၊ နင် ဆေးရော ပုံမှန်လိမ်းနေရဲ့လား"
ရှန်ချန်က ဆေးအိတ်ပုံကို ဓာတ်ပုံချက်ချင်းရိုက်လိုက်ပြီး ရှန်ယွဲ့ဆီ ပို့လိုက်လေသည်. ရှန်ယွဲ့က 'လိမ္မာလိုက်တဲ့ကောင်လေး' အီမိုဂျိပုံတစ်ခုကို ပြန်ပို့လိုက်သည်။
ရှန်ချန်က သူ့အစ်မပို့လာသည့် အီမိုဂျိပုံလေးကိုကြည့်ကာ ပျော်သွားပြီး ပြုံးလိုက်တော့သည်။ သူ အမေနဲ့ရှန်ရှင်းတို့ လုပ်နေတာကို အာရုံစိုက်ဖို့မလိုပါဘူးလေ။ ဘာပဲဖြစ်ဖြစ် အခု သူ့ခြေထောက်ကိုပဲ ကုသချင်တော့တယ်။ ဒါက အရေးကြီးဆုံးကိစ္စပဲ။
သည်အချိန်တွင် ဆွန်းလင်နှင့်ရှန်ရှင်းတို့သည် အပြင်ရောက်နေပြီးဖြစ်သည်။ အချိန်က စောနေသေး၏။ ရှန်ရှင်းက ကျောင်းအုပ်ကြီးပို့လာသည့် စာထဲကအတိုင်း WeChatထဲတွင် သူ့ကို ထည့်လိုက်လေသည်။ ဘယ်သူဖြစ်မည်မှန်း သူမ မသိသော်လည်း သူ့ကို မြို့တော်တက္ကသိုလ်က အင်တာဗျူးပေးရန် လွှတ်လိုက်သည်ဟု ကျောင်းအုပ်ကြီးထံမှ ကြားထားသည်။ သူသည်လည်း သင်္ချာဘာသာရပ်တွင် ပိုပြီးအောင်မြင်နေသူတစ်ယောက် ဖြစ်လေသည်။
ရှန်ရှင်း၏နှလုံးသည် ဗုံတစ်ခုလို ဆက်တိုက်ခုန်နေပြီး သည်ကိစ္စကို မဖြေရှင်းနိုင်ဘဲ အလိမ်ပေါ်သွားမည်ကို ကြောက်ရွံ့နေမိသည်။
" ကလေး မြန်မြန်လာ"
ဆွန်းလင်က အင်တာနက်ဆိုင်တစ်ခုကို ရှာလိုက်ပြီး သန့်ရှင်းသည့်သီးသန့်ခန်းတစ်ခုကို မှာယူလိုက်၏။ သူမက ရှန်ရှင်းကို လက်ယမ်းပြလိုက်ကာ မြန်မြန်ဝင်လာဖို့ ပြောလိုက်လေသည်။
ရှန်ရှင်းက လက်နှစ်ဖက်ကို ပိုက်ထားရင် ဝင်လာခဲ့၏။ မည်သို့ပင် ဖြစ်နေပါစေ သူမသည် သည်နေ့အင်တာဗျူးကို ရင်ဆိုင်ရမည်မှန်း သိထားလေသည်။ အလွန်ဆုံး သူမသည် သူ့ကို အရူးလုပ်နိုင်မည့် နည်းလမ်းတစ်ချို့ကို စဥ်းစားထားရလိမ့်မည်။
" ဘာလုပ်နေတာလဲ၊ အဲမှာ ငေးငိုင်ပြီး ရပ်နေတာ၊ အမေ သမီးကို ခေါ်နေတာကြာပြီ"
ဆွန်းလင်က ရှန်ရှင်၏ မသက်မသာဖြစ်နေဟန်ကို တွေ့သွားပြီး စိုးရိမ်တကြီးမေးလိုက်၏။
" သမီး ကောင်းကောင်းအိပ်မပျော်လို့လား၊ ဒါမှမဟုတ် အရမ်း စိတ်လှုပ်ရှားနေလို့လား၊ အမေ သမီးအတွက် ဖျော်ရည်သွားဝယ်ပေးမယ်နော်"
" အမေ သမီး နို့လက်ဖက်ရည်သောက်ချင်တယ်၊ ဟိုးနားက နို့လက်ဖက်ရည်ဆိုင်မှာ တစ်ခွက်လောက် သွားဝယ်ပေးနော်"
ရှန်ရှင်းသည် ဆွန်းလင်၏ စိတ်ပူနေသည့် စကားကို ကြားလိုက်ရကာ စိတ်ရှုပ်သွားပြီး စိတ်တည်ငြိမ်ရအောင် သူမကို မြန်မြန် ပ,ထုတ်လိုက်တော့သည်။
သူမ အဖိုးတန်သမီးလေး၏ တောင်းဆိုစကားကို ကြားလိုက်ရသောအခါ ဆွန်းလင်က ချက်ချင်း သဘောတူလိုက်တော့သည်။ သူမ၏ပိုက်ဆံအိတ်ကို ကောက်ကိုင်လိုက်ပြီး အနီးနားက နို့လက်ဖက်ရည်ဆိုင်သို့ လမ်းလျှောက်သွားလိုက်လေသည်။
ဆွန်းလင် ထွက်သွားသည်ကို တွေ့လိုက်ရသည်တွင် ရှန်ရှင်းက သူမ၏ဖုန်းကို ထုတ်လိုက်၏။ WeChatပေါ်တွင် စာတစ်စောင် ပေါ်နေ၏။ သူမ ခုနက ပို့လိုက်သည့် friend requestကို လက်ခံထားပြီးဖြစ်နေသည်။
ရှန်ရှင်းက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး နှုတ်ဆက်သည့် အီမိုဂျိပုံတစ်ခု ပို့လိုက်သည်။
" ဟယ်လို ကျွန်မက ရှန်ယွဲ့ပါ၊ ရှင့် မြို့တော်တက္ကသိုလ်က ဝန်ထမ်းတစ်ယောက်လား"
"ဟုတ်ပါတယ် ဒီနေ့ အင်တာဗျူးဖို့အတွက် ကျွန်တော့်ကို လွှတ်လိုက်တာပါ၊ ချိန်းထားတဲ့အချိန်က ကိုးနာရီနော်၊ ကျွန်တော် အခုထိ ဘာမှမစားရသေးလို့၊ ခဏနေ ပြန်ဆက်သွယ်လိုက်မယ်နော်" တဖက်လူက မြန်မြန် စာပြန်လာသည်။
" ဟုတ်ကဲ့ ကျွန်မ စောင့်နေပါ့မယ်" ရှန်ရှင်းက ထိုသို့သာ စာပြန်နိုင်တော့သည်။
တဖက်လူက စာမပြန်လာတော့ပေ။ ထို့ကြော်င့ ရှန်ရှင်းက သည်လူ၏ WeChatကို နှိပ်လိုက်ပြီး ပုံမှန်အတိုင်း ဝင်ကြည့်လိုက်လေသည်။
" သူ့ပိုစ့်တွေက စာလေ့လာတာတွေနဲ့ ပြည့်နေတာပဲ၊ ဒီတော့ သူက စာဂျပိုးပေါ့လေ ကျွတ်"
ရှန်ရှင်းသည် အနည်းငယ်အထင်သေးသွားတော့သည်။ ရုတ်တရက်ဆိုသလို တဖက်လူတင်ထားသည့် ဓာတ်ပုံတစ်ခုဆီ ဆွဲချမိသွားလေသည်။ သူမက ဓာတ်ပုံကို နှိပ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် ဂရုတစိုက်ပုံကြီးချဲ့ကြည့်လိုက်သည်။
ဓာတ်ပုံထဲတွင် ဆံပင်ဖြူဖြူ ကျောင်းသားဟောင်းများက ဘေးချင်းယှဥ်ရပ်နေလသည်။ အစွန်ဆုံးတွင် နွေးထွေးသ်ည့အပြုံးတစ်ခုနှင့် မျက်မှန်တပ်ထားသည့် အရပ်မြင့်မြင့်ပိန်ပိန်ပါးပါး ကောင်လေးတစ်ယောက်က ရပ်နေ၏။ သူသည် ချောမောလေသည်။ သည်WeChat ပိုစ့် " ပရောဂျက်ပြီးသွားလို့ ရှားရှားပါးပါးအားချိန်လေးမှာ ပရော်ဖက်တွေနဲ့ ကျောင်းထဲမှာ လမ်းလျှောက်ခဲ့ပါတယ်" ဟု Captionတပ်ထားလေသည်။
ဒီလူက တကယ်ပဲ အရမ်းချောပြီး ပရော်ဖက်ဆာတွေနဲ့လည်း အရမ်းခင်တာတဲ့လား။
...
အပိုင်း (၁၃၃) စိတ်လှုပ်ရှားနေတယ်
"မဖြစ်ဘူး၊ ငါ စိတ်အနှောင့်အယှက် ဖြစ်ခံလို့မဖြစ်ဘူး၊ အခုလောလောဆယ် အရေးကြီးလုပ်ရမယ့်ဟာ ရှိသေးတယ်"
ရှန်ရှင်းက ရေရွတ်လိုက်၏။ သူမသည် ကိုယ့်ဟာကိုယ် စိတ်ငြိမ်သွားအောင် အသက်ပြင်းပြင်း တစ်ချက်နှစ်ချက်လောက် မြန်မြန်ရှူသွင်းလိုက်ပြီး အင်တာဗျူးချိန်အတွင်း ဖြစ်လာနိုင်သည့်အရာများကို အလိုက်အထိုက်ပြန်ဖြေနိုင်ရန် ကြိုစဥ်းစားထားလိုက်လေသည်။
" သူ ငါ့ကို ဘယ်လိုအင်တာဗျူးမှာလဲ၊ သူက ရိုးရိုးရှင်းရှင်း နားလည်မှုမေးခွန်းလောက်ပဲ မေးမှာလား ဒါမှမဟုတ် သူ ငါ့ကို တကယ်ပဲ မေးခွန်းတွေ ထပ်မေးမှာလား" အခိုက်တန့်အတွင်း သူမ၏စိတ်ထဲတွင် ဖြစ်နိုင်ချေများ ထွက်လာလေသည်။
ရှန်ရှင်းသည် စိတ်မအေးစွာဖြင့် စတင် ဆုတောင်းမိတော့သည်။ သူမသည် အလိမ်ပေါ်သွားမည်ကို အနည်းငယ်စိုးရိမ်မိသော်လည်း ကံကောင်းနိုင်သည့် ခံစားချက် စိတ်သဘောထားနှင့် သူမကိုယ်သူမ လက်ခံရန် ပြင်ဆင်ထားလိုက်သည်။
သည်အခိုက်တွင် တံခါးက ပွင့်လာပြီး ပြန်ပိတ်သွား၏။ တံခါးကို တွန်းဖွင့်လိုက်သည့် ဆွန်းလင်က ရှန်ရှင်းကို အလန့်တကြားဖြစ်သွားစေတော့သည်။
"အမေရယ် ညင်ညင်သာသာလုပ်လို့မရဘူးလား၊ အမေ့ကြောင့် သမီးလန့်လို့ သေတော့မယ်" ရှန်ရှင်းက အထင်သေးသည့်လေသံဖြင့် ပြောလိုက်သည်။
" တောင်းပန်ပါတယ်နော် ကလေး၊ သမီးကို မြို့တော်တက္ကသိုလ်က လက်ခံပေးတော့မယ်ဆိုတဲ့ အတွေးနဲ့ အရမ်းစိတ်လှုပ်ရှားသွားလို့ပါ၊ သမီး ဘယ်လိုနို့လက်ဖက်ရည် ကြိုက်မှန်းမသိတာနဲ့ စျေးအကြီးဆုံးဟာ ဝယ်လာပေးလိုက်တယ်" ဆွန်းလင်က ကပ်ပါးရပ်ပါးနှင့် သမီးဖြစ်သူကို နို့လက်ဖက်ရည် မြန်မြန်လှမ်းပေးလိုက်လေသည်။
ဆွန်းလင်တို့ သားအမိ စကားပြောနေစဥ် ကွန်ပျူတာပေါ်က WeChat ပုံလေးမှာ ရုတ်တရက် လင်းလာသည်။ ထင်ထားသည့်အတိုင်း ခုနက ကောင်လေးဆီမှ စာတစ်စောင်ဖြစ်သည်။ ရှန်ရှင်းက chat windowကို မြန်မြန်ဖွင့်လိုက်၏။
"ဟယ်လို ကျွန်တော့်နာမည်က လင်ရှောင်းပါ ၊ ကျွန်တော်က ဒီအင်တာဗျူးကို တာဝန်ယူထားတဲ့သူပါ"
စာတစ်ကြောင်းသည် မြင်ကွင်းထဲ ဝင်လာခဲ့သည်။ ရှန်ရှင်က ဆွန်းလင်ကို စိတ်လှုပ်ရှားပြီး အော်ပြောလိုက်လေသည်။
" လင်ရှောင်း တဲ့လား၊ သူက အင်တာနက်ပေါ်မှာ နာမည်ကြီးမေးခွန်း ဖြေခဲ့တဲ့ နတ်ဘုရားမဟုတ်လား၊ တကယ်တော့ သူက သမီးကို အင်တာဗျူးတဲ့သူတဲ့"
" ဘာနတ်ဘုရားလဲ" ဆွန်းလင်သည် စိတ်ရှုပ်သွားသော်လည်း ရှန်ရှင်းကတော့ စိတ်လှုပ်ရှားပြီးဖြစ်နေလေသည်။
မေးခွန်းဖြေဆိုတဲ့ နတ်ဘုရား လင်ရှောင်းက လူအများကြီး အိုင်ဒေါပဲ။ သူမလည်း မကြာခဏဆိုသလို လင်ရှောင်း အွန်လိုင်းပေါ်မှာ တင်ခဲ့တဲ့ အဖြေပို့စ်တွေကို ကြည့်တတ်တယ်လေ။ လင်ရှောင်းက အရမ်းချောပြီး သူမနဲ့ တွေ့ဖို့ ကံပါလာမယ်လို့ လုံးဝမထင်ထားဘူး။
ထိုအခိုက်တန့်လေးတွင် ရှန်ရှင်းသည် ရင်ခုန်သွားတော့သည်။
ရှန်ရှင်းက အင်တာဗျူးမည့်သူ၏ပုံကို ပြန်မတုန့်ပြန်ရသေးခင်မှာပင် လင်ရှောင်းက သူမကို ဒုတိယစာတစ်စောင် ထပ်ပို့လာခဲ့သည်။
" ကျွန်တော် အခု video call ခေါ်လို့ရမလား"
သည်အခိုက်တွင် ရှန်ရှင်းသည် ပြန်ငြိမ်ကျသွားတော့သည်။ စိတ်ပိုင်းဆိုင်ရာ ရုန်းကန်လှုပ်ရှားမှု ဖြစ်သွားပြီးနောက် နောက်ဆုံးတွင် သူမက သည်တောင်းဆိုမှုကို လက်ခံလိုက်တော့သည်။
" တီ တီ...."
Video callကို ကိုင်လိုက်သည်နှင့် ချောမောသည့် မျက်နှာတစ်ခုက ရှန်ရှင်းနှင့်ဆွန်းလင်တို့၏မျက်လုံးထဲသို့ ဝင်လာခဲ့သည်။ သူသည် အသားအရေလှပြီး နှာတံစင်းကာ အားလုံးကို ဖောက်ထွင်းမြင်နိုင်သယောင် မျက်လုံးတစ်စုံ ရှိလေသည်။
လင်ရှောင်းက ပြုံးပြကာ ပြောလိုက်၏။
" ကျွန်တော် အရမ်းအားနာမိပါတယ်ခင်ဗျာ၊ တကယ်တော့ 'သင်္ချာပါရမီရှင်'ဆိုတဲ့ ဘွဲ့တံဆိပ်က မြို့တော်တက္ကသိုလ်ကို အလွတ်ဝင်ခွင့်နဲ့ သက်ဆိုင်နေတာမလို့ပါ၊ လူအများကြီးက အဲဒီလူနေရာကို အစားထိုးလိုချင်နေကြတာလေ၊ လိုရမယ်ရမလို့ ကျွန်တော့်ကို နားလည်ပေးစေချင်ပါတယ်"
" ကျွန်မနားလည်ပါတယ်၊ အစစ်ကို အတုလုပ်လို့မရပါဘူး၊ ကျွန်မသမီးက သင်္ချာပါရမီရှင်တစ်ယောက်ပါ"
ဆွန်းလင်က အပြုံးတစ်ခုနှင့် ပြောလိုက်လေသည်။ ရှန်ရှင်းက အလွန်စိတ်ပူနေပြီး တည်ငြိမ်ချင် ဟန်ဆောင်နေသည်ကို သူမ မသိခဲ့ချေ။
" မင်္ဂလာပါ၊ မင်းက ရှန်ရှင်းလား၊ အင်တာနက်ပေါ်က လူတွေခေါ်နေကြတဲ့ သင်္ချာပါရမီရှင်နဲ့ အေးတိအေးစက် ဘာသာရပ်တို့ရဲ့နတ်ဘုရားပေါ့၊ ကျွန်တော်တို့တွေ မင်းကို ရှာဖို့ အများကြီး ကြိုးစားအားထုတ်ခဲ့ရတယ်၊ ကံကောင်းလို့ မင်းနဲ့ မလွဲသွားတာပါ"
အခြေအနေကို သက်တောင့်သက်သာဖြစ်လာစေရန် လင်ရှောင်းက တမင် မျက်လုံးမှိတ်ပြလိုက်ပြီး ဖော်ဖော်ရွေရွေ ပြောလိုက်လေသည်။
" ဟုတ်.... ဟုတ်ပါတယ်၊ ကျွန်မပါ"
ရှန်ရှင်းသည် စိတ်အေးအေးထားရန် အကောင်းဆုံးကြိုးစားလိုက်လေသည်။ သေချာမြင်ရစေရန်အလို့ငှာ သူမက စားပွဲပေါ်က အခုလေးတင်မှဝယ်လာခဲ့သည့် နို့လက်ဖက်ရည်ကို မြန်မြန်ကောက်ကိုင်လိုက်ပြီး နှစ်ငုံလောက် သောက်လိုက်လေသည်။ ထို့နောက် သူမက လင်ရှောင်းကို ပြဖို့ရန် ပြင်ဆင်လာခဲ့သည့် အကြမ်းစာရွက်ကို စိုးရိမ်စိတ်ဖြင့် ထုတ်လိုက်၏။
မြို့တော် တက္ကသိုလ်ကိုယ်စားပြု အင်တားဗျူးသူတစ်ယောက်အနေဖြင့် လင်ရှောင်းကို အလွယ်တကူ အရူးလုပ်လို့မရသည်မှာ ထင်ရှားလေသည်။ သည်အကြမ်းစာရွက်က အင်တာနက်ပေါ်တွင် ပျံ့နေပြီးသားမှန်း သူအစောကြီးကတည်းက သိထားခဲ့သည်။ မည်သူမဆို ထိုစာရွက်ကို မိတ္တူထုတ်ပြီး သူတို့သည် သင်္ချာပါရမီရှင်ပါဟု သက်သေပြနိုင်လေသည်။ ထို့ကြောင့် အကြမ်းစာရွက်တစ်ရွက်တည်းနှင့် ပြဿနာကို ခြေခြေမြစ်မြစ် ရှင်းပြနိုင်မည်မဟုတ်ပေ။
" မင်းက သင်္ချာပါရမီရှင်ဆိုတာကို သက်သေပြဖို့ တခြားသက်သေတွေရှိသေးလား၊ ဒီအကြမ်းစာရွက်က အွန်လိုင်းပေါ်မှာ ပြန့်နေတာ ကြာပြီ" လင်ရှောင်းက ချက်ချင်းပြောလိုက်တော့သည်။
ရှန်ရှင်းက မည်သို့ဖြေရမည် မသိဖြစ်နေစဥ်မှာပင် ဆွန်းလင်က အော်ပြောလိုက်တော့သည်။
" မင်းက ဘာသက်သေ လိုအပ်သေးတာလဲ၊ ကျွန်မ သမီးက အရမ်းထူးချွန်တာပါ၊ ကျွန်မသမီးကို ဘယ်သူက အတင့်ရဲပြီး ဟန်ဆောင်ရဲလား ကြည့်ချင်သေးတယ်"
လင်ရှောင်း၏ ဆဋ္ဌမအာရုံကြောင့်လား ၊ ဗီဒီယိုထဲက မိန်းကလေး၏ မူမမှန်သည့် စိတ်လှုပ်ရှားနေပုံကြောင့်လားမသိပေ။ လင်ရှောင်းသည် သည်လူမှာ အယောင်ဆောင်တစ်ယောက်နှင့် အလွန်တူနေသည်ဟု ကိုယ့်ဟာကိုယ် ပြောမိနေလေတော့သည်။
...
မင်္ဂလာပါရှင်! အခကြေးလေး ပြောင်းလဲထားပါတယ်နော်။GP - 1 (1 - 250) 1500 Ks.
GP - 2 (251 - 500) 2500 Ks.
Gp 1+2 3500Ks
အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့စာမျက်နှာသစ် fb pageနဲ့ https://t.me/OrchidSarPay tele accမှာ hi ပို့ပြီးဝယ်ယူနိုင်ပါတယ်ရှင်။
...
Zawgyi
အပိုင္း (၁၃၂) အြန္လိုင္းအင္တာဗ်ဴး
ရွန္ရွင္းသည္ အခ်ိန္ကိုၾကည့္လိုက္ခ်ိန္တြင္ ထပ္ၿပီး တအံ့တဩျဖစ္သြားျပန္သည္။
" ကိုးနာရီ၊ ဒါက အရမ္းအခ်ိန္ကပ္ေနၿပီပဲ"
" ကေလး ဘာျဖစ္လို႔လဲ"
ဆြန္းလင္သည္ ရွန္ရွင္း၏ အံ့ဩသြား အမူအရာကို ျမင္လိုက္ရေသာအခါ စိတ္ပူသြားၿပီး ေမးလိုက္ေတာ့သည္။
ရွန္ရွင္းက စာထဲကအေၾကာင္းအရာကို ဆြန္းလင္အား အက်ဥ္းခ်ဳပ္ေျပာျပလိုက္၏။ ဆြန္းလင္က ဝမ္းသာအားရ ေျပာလိုက္ေလသည္။
" ဒါက ေကာင္းတဲ့ကိစၥပဲ၊ သမီး ေစာေစာ အင္တာဗ်ဴးထားရင္ ခြင့္ျပဳမိန္႔အရည္အခ်င္းကို ျမန္ျမန္ အတည္ျပဳႏိုင္တာေပါ့၊ ဒါမွ သမီးလည္း ေကာလိပ္ဝင္ခြင့္စာေမးပြဲကို ေျဖစရာမလိုေတာ့မွာေလ"
" ဒါေပမယ့္ သမီး ဘာမွမျပင္ဆင္ရေသးဘူး၊ တကယ္လို႔မ်ား ေဘးအခန္းကလူက အိမ္မွာ အြန္လိုင္းအင္တာဗ်ဴးလုပ္ေနတာ ၾကားသြားရင္ ဘယ္လိုလုပ္မလဲ" ရွန္ရွင္းသည္ အလြန္တိုးညင္းစြာ ေျပာလိုက္ၿပီး ေဘးအခန္းက ရွန္ယြဲ႕ႏွင့္ ရွန္ခ်န္တို႔ ၾကားသြားမည္ကို စိုးရိမ္ေနေလသည္။
" အဲဒီအတြက္ စိတ္မပူပါနဲ႔၊ အေမ သမီးကို အင္တာနက္ဆိုင္မွာ အင္တာဗ်ဴးလုပ္လို႔ရေအာင္ အျပင္ေခၚသြားေပးမယ္ေလ၊ အင္တာဗ်ဴးအတြက္ ကြန္ပ်ဴတာကိုသုံးတာ ပိုၿပီးလြယ္ကူတာေပါ့" ရွန္ရွင္းက အင္တာဗ်ဴးကို ေခ်ာေခ်ာေမာေမာ ေျဖႏိုင္ရန္ အလို႔ငွာ ဆြန္းလင္က အေျဖကို ခ်က္ခ်င္း စဥ္းစားေပးလိုက္ေလသည္။
ရွန္ရွင္းက အဆင္ေျပသည္ဟု ထင္လိုက္သည္။ သူမက ကိုယ့္ဟာကိုယ္ျမန္ျမန္ ျပင္ဆင္လိုက္ၿပီး မိတ္ကပ္ျပင္လိုက္ကာ ဆြန္းလင္ေနာက္က လိုက္ထြက္လာခဲ့ေတာ့သည္။
တံခါးပိတ္သံၾကားလိုက္ရသျဖင့္ ရွန္ခ်န္က မ်က္ေမွာင္က်ဳံ႕လိုက္၏။ ခုနက အေမနဲ႔ရွန္ရွင္းတို႔ အျပင္ထြက္သြားတာထင္တယ္။ ညႀကီးမင္းႀကီး သူတို႔ေတြဘာလုပ္ေနလည္း မသိပါဘူး။ ဒီေန႔ တကယ့္ကို မူမမွန္ဘူး။ ရွန္ခ်န္က သူ႔ဖုန္းႏွင့္ ရွန္ယြဲ႕ဆီ စာတစ္ေစာင္ပို႔ကာ လွမ္းေမးလိုက္၏။
" အစ္မ ခုနက အသံၾကားလိုက္လား၊ အေမနဲ႔ ရွန္ရွင္းတို႔ အျပင္သြားလိုက္တယ္ထင္တယ္"
ရွန္ခ်န္သည္ သူ႔ဖုန္းထဲတြင္ ျပန္စာခ်က္ခ်င္းရလာခဲ့သည္။ ရွန္ယြဲ႕ဆီက စာျဖစ္၏။
" သူတို႔ကို စိတ္ပူမေနပါနဲ႔၊ နင္ ေဆးေရာ ပုံမွန္လိမ္းေနရဲ႕လား"
ရွန္ခ်န္က ေဆးအိတ္ပုံကို ဓာတ္ပုံခ်က္ခ်င္း႐ိုက္လိုက္ၿပီး ရွန္ယြဲ႕ဆီ ပို႔လိုက္ေလသည္. ရွန္ယြဲ႕က 'လိမၼာလိုက္တဲ့ေကာင္ေလး' အီမိုဂ်ိပုံတစ္ခုကို ျပန္ပို႔လိုက္သည္။
ရွန္ခ်န္က သူ႔အစ္မပို႔လာသည့္ အီမိုဂ်ိပုံေလးကိုၾကည့္ကာ ေပ်ာ္သြားၿပီး ၿပဳံးလိုက္ေတာ့သည္။ သူ အေမနဲ႔ရွန္ရွင္းတို႔ လုပ္ေနတာကို အာ႐ုံစိုက္ဖို႔မလိုပါဘူးေလ။ ဘာပဲျဖစ္ျဖစ္ အခု သူ႔ေျခေထာက္ကိုပဲ ကုသခ်င္ေတာ့တယ္။ ဒါက အေရးႀကီးဆုံးကိစၥပဲ။
သည္အခ်ိန္တြင္ ဆြန္းလင္ႏွင့္ရွန္ရွင္းတို႔သည္ အျပင္ေရာက္ေနၿပီးျဖစ္သည္။ အခ်ိန္က ေစာေနေသး၏။ ရွန္ရွင္းက ေက်ာင္းအုပ္ႀကီးပို႔လာသည့္ စာထဲကအတိုင္း WeChatထဲတြင္ သူ႔ကို ထည့္လိုက္ေလသည္။ ဘယ္သူျဖစ္မည္မွန္း သူမ မသိေသာ္လည္း သူ႔ကို ၿမိဳ႕ေတာ္တကၠသိုလ္က အင္တာဗ်ဴးေပးရန္ လႊတ္လိုက္သည္ဟု ေက်ာင္းအုပ္ႀကီးထံမွ ၾကားထားသည္။ သူသည္လည္း သခ်ၤာဘာသာရပ္တြင္ ပိုၿပီးေအာင္ျမင္ေနသူတစ္ေယာက္ ျဖစ္ေလသည္။
ရွန္ရွင္း၏ႏွလုံးသည္ ဗုံတစ္ခုလို ဆက္တိုက္ခုန္ေနၿပီး သည္ကိစၥကို မေျဖရွင္းႏိုင္ဘဲ အလိမ္ေပၚသြားမည္ကို ေၾကာက္႐ြံ႕ေနမိသည္။
" ကေလး ျမန္ျမန္လာ"
ဆြန္းလင္က အင္တာနက္ဆိုင္တစ္ခုကို ရွာလိုက္ၿပီး သန္႔ရွင္းသည့္သီးသန္႔ခန္းတစ္ခုကို မွာယူလိုက္၏။ သူမက ရွန္ရွင္းကို လက္ယမ္းျပလိုက္ကာ ျမန္ျမန္ဝင္လာဖို႔ ေျပာလိုက္ေလသည္။
ရွန္ရွင္းက လက္ႏွစ္ဖက္ကို ပိုက္ထားရင္ ဝင္လာခဲ့၏။ မည္သို႔ပင္ ျဖစ္ေနပါေစ သူမသည္ သည္ေန႔အင္တာဗ်ဴးကို ရင္ဆိုင္ရမည္မွန္း သိထားေလသည္။ အလြန္ဆုံး သူမသည္ သူ႔ကို အ႐ူးလုပ္ႏိုင္မည့္ နည္းလမ္းတစ္ခ်ိဳ႕ကို စဥ္းစားထားရလိမ့္မည္။
" ဘာလုပ္ေနတာလဲ၊ အဲမွာ ေငးငိုင္ၿပီး ရပ္ေနတာ၊ အေမ သမီးကို ေခၚေနတာၾကာၿပီ"
ဆြန္းလင္က ရွန္ရွင္၏ မသက္မသာျဖစ္ေနဟန္ကို ေတြ႕သြားၿပီး စိုးရိမ္တႀကီးေမးလိုက္၏။
" သမီး ေကာင္းေကာင္းအိပ္မေပ်ာ္လို႔လား၊ ဒါမွမဟုတ္ အရမ္း စိတ္လႈပ္ရွားေနလို႔လား၊ အေမ သမီးအတြက္ ေဖ်ာ္ရည္သြားဝယ္ေပးမယ္ေနာ္"
" အေမ သမီး ႏို႔လက္ဖက္ရည္ေသာက္ခ်င္တယ္၊ ဟိုးနားက ႏို႔လက္ဖက္ရည္ဆိုင္မွာ တစ္ခြက္ေလာက္ သြားဝယ္ေပးေနာ္"
ရွန္ရွင္းသည္ ဆြန္းလင္၏ စိတ္ပူေနသည့္ စကားကို ၾကားလိုက္ရကာ စိတ္ရႈပ္သြားၿပီး စိတ္တည္ၿငိမ္ရေအာင္ သူမကို ျမန္ျမန္ ပ,ထုတ္လိုက္ေတာ့သည္။
သူမ အဖိုးတန္သမီးေလး၏ ေတာင္းဆိုစကားကို ၾကားလိုက္ရေသာအခါ ဆြန္းလင္က ခ်က္ခ်င္း သေဘာတူလိုက္ေတာ့သည္။ သူမ၏ပိုက္ဆံအိတ္ကို ေကာက္ကိုင္လိုက္ၿပီး အနီးနားက ႏို႔လက္ဖက္ရည္ဆိုင္သို႔ လမ္းေလွ်ာက္သြားလိုက္ေလသည္။
ဆြန္းလင္ ထြက္သြားသည္ကို ေတြ႕လိုက္ရသည္တြင္ ရွန္ရွင္းက သူမ၏ဖုန္းကို ထုတ္လိုက္၏။ WeChatေပၚတြင္ စာတစ္ေစာင္ ေပၚေန၏။ သူမ ခုနက ပို႔လိုက္သည့္ friend requestကို လက္ခံထားၿပီးျဖစ္ေနသည္။
ရွန္ရွင္းက ပင့္သက္တစ္ခ်က္ရႈိက္လိုက္ၿပီး ႏႈတ္ဆက္သည့္ အီမိုဂ်ိပုံတစ္ခု ပို႔လိုက္သည္။
" ဟယ္လို ကြၽန္မက ရွန္ယြဲ႕ပါ၊ ရွင့္ ၿမိဳ႕ေတာ္တကၠသိုလ္က ဝန္ထမ္းတစ္ေယာက္လား"
"ဟုတ္ပါတယ္ ဒီေန႔ အင္တာဗ်ဴးဖို႔အတြက္ ကြၽန္ေတာ့္ကို လႊတ္လိုက္တာပါ၊ ခ်ိန္းထားတဲ့အခ်ိန္က ကိုးနာရီေနာ္၊ ကြၽန္ေတာ္ အခုထိ ဘာမွမစားရေသးလို႔၊ ခဏေန ျပန္ဆက္သြယ္လိုက္မယ္ေနာ္" တဖက္လူက ျမန္ျမန္ စာျပန္လာသည္။
" ဟုတ္ကဲ့ ကြၽန္မ ေစာင့္ေနပါ့မယ္" ရွန္ရွင္းက ထိုသို႔သာ စာျပန္ႏိုင္ေတာ့သည္။
တဖက္လူက စာမျပန္လာေတာ့ေပ။ ထို႔ေၾကာ္င့ ရွန္ရွင္းက သည္လူ၏ WeChatကို ႏွိပ္လိုက္ၿပီး ပုံမွန္အတိုင္း ဝင္ၾကည့္လိုက္ေလသည္။
" သူ႔ပိုစ့္ေတြက စာေလ့လာတာေတြနဲ႔ ျပည့္ေနတာပဲ၊ ဒီေတာ့ သူက စာဂ်ပိုးေပါ့ေလ ကြၽတ္"
ရွန္ရွင္းသည္ အနည္းငယ္အထင္ေသးသြားေတာ့သည္။ ႐ုတ္တရက္ဆိုသလို တဖက္လူတင္ထားသည့္ ဓာတ္ပုံတစ္ခုဆီ ဆြဲခ်မိသြားေလသည္။ သူမက ဓာတ္ပုံကို ႏွိပ္လိုက္ၿပီး လက္ႏွစ္ဖက္ျဖင့္ ဂ႐ုတစိုက္ပုံႀကီးခ်ဲ႕ၾကည့္လိုက္သည္။
ဓာတ္ပုံထဲတြင္ ဆံပင္ျဖဴျဖဴ ေက်ာင္းသားေဟာင္းမ်ားက ေဘးခ်င္းယွဥ္ရပ္ေနလသည္။ အစြန္ဆုံးတြင္ ေႏြးေထြးသ္ည့အၿပဳံးတစ္ခုႏွင့္ မ်က္မွန္တပ္ထားသည့္ အရပ္ျမင့္ျမင့္ပိန္ပိန္ပါးပါး ေကာင္ေလးတစ္ေယာက္က ရပ္ေန၏။ သူသည္ ေခ်ာေမာေလသည္။ သည္WeChat ပိုစ့္ " ပေရာဂ်က္ၿပီးသြားလို႔ ရွားရွားပါးပါးအားခ်ိန္ေလးမွာ ပေရာ္ဖက္ေတြနဲ႔ ေက်ာင္းထဲမွာ လမ္းေလွ်ာက္ခဲ့ပါတယ္" ဟု Captionတပ္ထားေလသည္။
ဒီလူက တကယ္ပဲ အရမ္းေခ်ာၿပီး ပေရာ္ဖက္ဆာေတြနဲ႔လည္း အရမ္းခင္တာတဲ့လား။
...
အပိုင္း (၁၃၃) စိတ္လႈပ္ရွားေနတယ္
"မျဖစ္ဘူး၊ ငါ စိတ္အေႏွာင့္အယွက္ ျဖစ္ခံလို႔မျဖစ္ဘူး၊ အခုေလာေလာဆယ္ အေရးႀကီးလုပ္ရမယ့္ဟာ ရွိေသးတယ္"
ရွန္ရွင္းက ေရ႐ြတ္လိုက္၏။ သူမသည္ ကိုယ့္ဟာကိုယ္ စိတ္ၿငိမ္သြားေအာင္ အသက္ျပင္းျပင္း တစ္ခ်က္ႏွစ္ခ်က္ေလာက္ ျမန္ျမန္ရႉသြင္းလိုက္ၿပီး အင္တာဗ်ဴးခ်ိန္အတြင္း ျဖစ္လာႏိုင္သည့္အရာမ်ားကို အလိုက္အထိုက္ျပန္ေျဖႏိုင္ရန္ ႀကိဳစဥ္းစားထားလိုက္ေလသည္။
" သူ ငါ့ကို ဘယ္လိုအင္တာဗ်ဴးမွာလဲ၊ သူက ႐ိုး႐ိုးရွင္းရွင္း နားလည္မႈေမးခြန္းေလာက္ပဲ ေမးမွာလား ဒါမွမဟုတ္ သူ ငါ့ကို တကယ္ပဲ ေမးခြန္းေတြ ထပ္ေမးမွာလား" အခိုက္တန္႔အတြင္း သူမ၏စိတ္ထဲတြင္ ျဖစ္ႏိုင္ေခ်မ်ား ထြက္လာေလသည္။
ရွန္ရွင္းသည္ စိတ္မေအးစြာျဖင့္ စတင္ ဆုေတာင္းမိေတာ့သည္။ သူမသည္ အလိမ္ေပၚသြားမည္ကို အနည္းငယ္စိုးရိမ္မိေသာ္လည္း ကံေကာင္းႏိုင္သည့္ ခံစားခ်က္ စိတ္သေဘာထားႏွင့္ သူမကိုယ္သူမ လက္ခံရန္ ျပင္ဆင္ထားလိုက္သည္။
သည္အခိုက္တြင္ တံခါးက ပြင့္လာၿပီး ျပန္ပိတ္သြား၏။ တံခါးကို တြန္းဖြင့္လိုက္သည့္ ဆြန္းလင္က ရွန္ရွင္းကို အလန္႔တၾကားျဖစ္သြားေစေတာ့သည္။
"အေမရယ္ ညင္ညင္သာသာလုပ္လို႔မရဘူးလား၊ အေမ့ေၾကာင့္ သမီးလန္႔လို႔ ေသေတာ့မယ္" ရွန္ရွင္းက အထင္ေသးသည့္ေလသံျဖင့္ ေျပာလိုက္သည္။
" ေတာင္းပန္ပါတယ္ေနာ္ ကေလး၊ သမီးကို ၿမိဳ႕ေတာ္တကၠသိုလ္က လက္ခံေပးေတာ့မယ္ဆိုတဲ့ အေတြးနဲ႔ အရမ္းစိတ္လႈပ္ရွားသြားလို႔ပါ၊ သမီး ဘယ္လိုႏို႔လက္ဖက္ရည္ ႀကိဳက္မွန္းမသိတာနဲ႔ ေစ်းအႀကီးဆုံးဟာ ဝယ္လာေပးလိုက္တယ္" ဆြန္းလင္က ကပ္ပါးရပ္ပါးႏွင့္ သမီးျဖစ္သူကို ႏို႔လက္ဖက္ရည္ ျမန္ျမန္လွမ္းေပးလိုက္ေလသည္။
ဆြန္းလင္တို႔ သားအမိ စကားေျပာေနစဥ္ ကြန္ပ်ဴတာေပၚက WeChat ပုံေလးမွာ ႐ုတ္တရက္ လင္းလာသည္။ ထင္ထားသည့္အတိုင္း ခုနက ေကာင္ေလးဆီမွ စာတစ္ေစာင္ျဖစ္သည္။ ရွန္ရွင္းက chat windowကို ျမန္ျမန္ဖြင့္လိုက္၏။
"ဟယ္လို ကြၽန္ေတာ့္နာမည္က လင္ေရွာင္းပါ ၊ ကြၽန္ေတာ္က ဒီအင္တာဗ်ဴးကို တာဝန္ယူထားတဲ့သူပါ"
စာတစ္ေၾကာင္းသည္ ျမင္ကြင္းထဲ ဝင္လာခဲ့သည္။ ရွန္ရွင္က ဆြန္းလင္ကို စိတ္လႈပ္ရွားၿပီး ေအာ္ေျပာလိုက္ေလသည္။
" လင္ေရွာင္း တဲ့လား၊ သူက အင္တာနက္ေပၚမွာ နာမည္ႀကီးေမးခြန္း ေျဖခဲ့တဲ့ နတ္ဘုရားမဟုတ္လား၊ တကယ္ေတာ့ သူက သမီးကို အင္တာဗ်ဴးတဲ့သူတဲ့"
" ဘာနတ္ဘုရားလဲ" ဆြန္းလင္သည္ စိတ္ရႈပ္သြားေသာ္လည္း ရွန္ရွင္းကေတာ့ စိတ္လႈပ္ရွားၿပီးျဖစ္ေနေလသည္။
ေမးခြန္းေျဖဆိုတဲ့ နတ္ဘုရား လင္ေရွာင္းက လူအမ်ားႀကီး အိုင္ေဒါပဲ။ သူမလည္း မၾကာခဏဆိုသလို လင္ေရွာင္း အြန္လိုင္းေပၚမွာ တင္ခဲ့တဲ့ အေျဖပို႔စ္ေတြကို ၾကည့္တတ္တယ္ေလ။ လင္ေရွာင္းက အရမ္းေခ်ာၿပီး သူမနဲ႔ ေတြ႕ဖို႔ ကံပါလာမယ္လို႔ လုံးဝမထင္ထားဘူး။
ထိုအခိုက္တန္႔ေလးတြင္ ရွန္ရွင္းသည္ ရင္ခုန္သြားေတာ့သည္။
ရွန္ရွင္းက အင္တာဗ်ဴးမည့္သူ၏ပုံကို ျပန္မတုန္႔ျပန္ရေသးခင္မွာပင္ လင္ေရွာင္းက သူမကို ဒုတိယစာတစ္ေစာင္ ထပ္ပို႔လာခဲ့သည္။
" ကြၽန္ေတာ္ အခု video call ေခၚလို႔ရမလား"
သည္အခိုက္တြင္ ရွန္ရွင္းသည္ ျပန္ၿငိမ္က်သြားေတာ့သည္။ စိတ္ပိုင္းဆိုင္ရာ ႐ုန္းကန္လႈပ္ရွားမႈ ျဖစ္သြားၿပီးေနာက္ ေနာက္ဆုံးတြင္ သူမက သည္ေတာင္းဆိုမႈကို လက္ခံလိုက္ေတာ့သည္။
" တီ တီ...."
Video callကို ကိုင္လိုက္သည္ႏွင့္ ေခ်ာေမာသည့္ မ်က္ႏွာတစ္ခုက ရွန္ရွင္းႏွင့္ဆြန္းလင္တို႔၏မ်က္လုံးထဲသို႔ ဝင္လာခဲ့သည္။ သူသည္ အသားအေရလွၿပီး ႏွာတံစင္းကာ အားလုံးကို ေဖာက္ထြင္းျမင္ႏိုင္သေယာင္ မ်က္လုံးတစ္စုံ ရွိေလသည္။
လင္ေရွာင္းက ၿပဳံးျပကာ ေျပာလိုက္၏။
" ကြၽန္ေတာ္ အရမ္းအားနာမိပါတယ္ခင္ဗ်ာ၊ တကယ္ေတာ့ 'သခ်ၤာပါရမီရွင္'ဆိုတဲ့ ဘြဲ႕တံဆိပ္က ၿမိဳ႕ေတာ္တကၠသိုလ္ကို အလြတ္ဝင္ခြင့္နဲ႔ သက္ဆိုင္ေနတာမလို႔ပါ၊ လူအမ်ားႀကီးက အဲဒီလူေနရာကို အစားထိုးလိုခ်င္ေနၾကတာေလ၊ လိုရမယ္ရမလို႔ ကြၽန္ေတာ့္ကို နားလည္ေပးေစခ်င္ပါတယ္"
" ကြၽန္မနားလည္ပါတယ္၊ အစစ္ကို အတုလုပ္လို႔မရပါဘူး၊ ကြၽန္မသမီးက သခ်ၤာပါရမီရွင္တစ္ေယာက္ပါ"
ဆြန္းလင္က အၿပဳံးတစ္ခုႏွင့္ ေျပာလိုက္ေလသည္။ ရွန္ရွင္းက အလြန္စိတ္ပူေနၿပီး တည္ၿငိမ္ခ်င္ ဟန္ေဆာင္ေနသည္ကို သူမ မသိခဲ့ေခ်။
" မဂၤလာပါ၊ မင္းက ရွန္ရွင္းလား၊ အင္တာနက္ေပၚက လူေတြေခၚေနၾကတဲ့ သခ်ၤာပါရမီရွင္နဲ႔ ေအးတိေအးစက္ ဘာသာရပ္တို႔ရဲ႕နတ္ဘုရားေပါ့၊ ကြၽန္ေတာ္တို႔ေတြ မင္းကို ရွာဖို႔ အမ်ားႀကီး ႀကိဳးစားအားထုတ္ခဲ့ရတယ္၊ ကံေကာင္းလို႔ မင္းနဲ႔ မလြဲသြားတာပါ"
အေျခအေနကို သက္ေတာင့္သက္သာျဖစ္လာေစရန္ လင္ေရွာင္းက တမင္ မ်က္လုံးမွိတ္ျပလိုက္ၿပီး ေဖာ္ေဖာ္ေ႐ြေ႐ြ ေျပာလိုက္ေလသည္။
" ဟုတ္.... ဟုတ္ပါတယ္၊ ကြၽန္မပါ"
ရွန္ရွင္းသည္ စိတ္ေအးေအးထားရန္ အေကာင္းဆုံးႀကိဳးစားလိုက္ေလသည္။ ေသခ်ာျမင္ရေစရန္အလို႔ငွာ သူမက စားပြဲေပၚက အခုေလးတင္မွဝယ္လာခဲ့သည့္ ႏို႔လက္ဖက္ရည္ကို ျမန္ျမန္ေကာက္ကိုင္လိုက္ၿပီး ႏွစ္ငုံေလာက္ ေသာက္လိုက္ေလသည္။ ထို႔ေနာက္ သူမက လင္ေရွာင္းကို ျပဖို႔ရန္ ျပင္ဆင္လာခဲ့သည့္ အၾကမ္းစာ႐ြက္ကို စိုးရိမ္စိတ္ျဖင့္ ထုတ္လိုက္၏။
ၿမိဳ႕ေတာ္ တကၠသိုလ္ကိုယ္စားျပဳ အင္တားဗ်ဴးသူတစ္ေယာက္အေနျဖင့္ လင္ေရွာင္းကို အလြယ္တကူ အ႐ူးလုပ္လို႔မရသည္မွာ ထင္ရွားေလသည္။ သည္အၾကမ္းစာ႐ြက္က အင္တာနက္ေပၚတြင္ ပ်ံ႕ေနၿပီးသားမွန္း သူအေစာႀကီးကတည္းက သိထားခဲ့သည္။ မည္သူမဆို ထိုစာ႐ြက္ကို မိတၱဴထုတ္ၿပီး သူတို႔သည္ သခ်ၤာပါရမီရွင္ပါဟု သက္ေသျပႏိုင္ေလသည္။ ထို႔ေၾကာင့္ အၾကမ္းစာ႐ြက္တစ္႐ြက္တည္းႏွင့္ ျပႆနာကို ေျခေျချမစ္ျမစ္ ရွင္းျပႏိုင္မည္မဟုတ္ေပ။
" မင္းက သခ်ၤာပါရမီရွင္ဆိုတာကို သက္ေသျပဖို႔ တျခားသက္ေသေတြရွိေသးလား၊ ဒီအၾကမ္းစာ႐ြက္က အြန္လိုင္းေပၚမွာ ျပန္႔ေနတာ ၾကာၿပီ" လင္ေရွာင္းက ခ်က္ခ်င္းေျပာလိုက္ေတာ့သည္။
ရွန္ရွင္းက မည္သို႔ေျဖရမည္ မသိျဖစ္ေနစဥ္မွာပင္ ဆြန္းလင္က ေအာ္ေျပာလိုက္ေတာ့သည္။
" မင္းက ဘာသက္ေသ လိုအပ္ေသးတာလဲ၊ ကြၽန္မ သမီးက အရမ္းထူးခြၽန္တာပါ၊ ကြၽန္မသမီးကို ဘယ္သူက အတင့္ရဲၿပီး ဟန္ေဆာင္ရဲလား ၾကည့္ခ်င္ေသးတယ္"
လင္ေရွာင္း၏ ဆ႒မအာ႐ုံေၾကာင့္လား ၊ ဗီဒီယိုထဲက မိန္းကေလး၏ မူမမွန္သည့္ စိတ္လႈပ္ရွားေနပုံေၾကာင့္လားမသိေပ။ လင္ေရွာင္းသည္ သည္လူမွာ အေယာင္ေဆာင္တစ္ေယာက္ႏွင့္ အလြန္တူေနသည္ဟု ကိုယ့္ဟာကိုယ္ ေျပာမိေနေလေတာ့သည္။
...
မဂၤလာပါရွင္! အခေၾကးေလး ေျပာင္းလဲထားပါတယ္ေနာ္။GP - 1 (1 - 250) 1500 Ks.
GP - 2 (251 - 500) 2500 Ks.
Gp 1+2 3500Ks
အထူးလုပ္ႀကံေရးသမတစ္ေယာက္ရဲ႕စာမ်က္ႏွာသစ္ fb pageနဲ႔ https://t.me/OrchidSarPay tele accမွာ hi ပို႔ၿပီးဝယ္ယူႏိုင္ပါတယ္ရွင္။
...