အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စ...

By ChihiroLily7

106K 9.3K 82

လုပ်ကြံသူအဖွဲ့တစ်ခုရဲ့ ပျိုးထောင်ခံလာရပြီး ၁၃နှစ်တာလေ့ကျင့်လာပြီးနောက်ပိုင်း ရှန်ယွဲ့ဟာ အသက် ၁၇နှစ်အရွယ်မှာတေ... More

ဇာတ်လမ်းမိတ်ဆက်
အပိုင်း (၁) သစ္စာဖောက်
အပိုင်း (၂) ပြန်လည်မွေးဖွားခြင်း
အပိုင်း (၃) အမည်မသိပူပန်မှု
အပိုင်း (၄) ကျောင်းထွက်ပြီး အလုပ်လုပ်တဲ့
အပိုင်း ( ၅) အမဲဖျက်ခံရတော့မယ့်သိုးတစ်ကောင်
အပိုင်း (၆) မူလပိုင်ရှင်ရဲ့လျှို့ဝှက်ချက်
အပိုင်း (၇) နားလည်ရဲ့လား
အပိုင်း (၈) ကမ္ဘာ့အဆင့်ပုစ္ဆာများကို အဖြေထုတ်ခြင်း
အပိုင်း (၉) ကြီးမားတဲ့ယုံကြည်ချက်
အပိုင်း (၁၀) သူမ ရူးသွားတာလား
အပိုင်း (၁၁) ကျောင်းမှာ ပထမရခြင်း
အပိုင်း ( ၁၂) ဘတ်စ်ကားပေါ်ဖြစ်ရပ်
အပိုင်း (၁၃) လူပါးဝတဲ့ကောင်ကို သင်ခန်းစာပေးမယ်
အပိုင်း ( ၁၄) အရမ်းအကြင်နာမဲ့သွားတယ်
အပိုင်း ( ၁၅) ငါ့မကောင်းကြောင်းပြောနေကြတယ်
အပိုင်း (၁၆) ဆရာ့စည်းကမ်းကို လိုက်နာပါ
အပိုင်း (၁၇) လူမိုက်လေးတစ်သိုက်
အပိုင်း (၁၈) ချန်းမင် ဘောင်းဘီထဲသေးပေါက်ချတယ်
အပိုင်း (၁၉) သူက မင်းအမ လား
အပိုင်း (၂၀) ကျောင်းတော်ရဲ့မင်းသားလေးထပ်တောင်ပိုချောသေးတယ်
Paid Gp စပါပြီ
အပိုင်း (၂၁) ပိုက်ဆံမလောက်ခြင်း
အပိုင်း (၂၂) ပွဲကောင်းတစ်ခုကို စောင့်မျှော်ခြင်း
အပိုင်း (၂၃) နင့်ညီမလေးကို အလျှော့ပေးလိုက်တဲ့
အပိုင်း ( ၂၄) နင့်အသက်ကိုကယ်ပေးမယ်
အပိုင်း (၂၅) အရပ်ဝတ်နဲ့ရဲအတု
အပိုင်း (၂၆) သူမကိုတစ်သန်းပေးလိုက်တယ်
အပိုင်း (၂၇) သူမကိုနာမည် ပျက်စေချင်တာတဲ့
အပိုင်း (၂၈) တံတားပေါ်က ဘူးသီးခြောက်
အပိုင်း (၂၉) အရာရှိတစ်ယောက်ထပ်ဖြစ်မလာနိုင်တော့ဘူး
အပိုင်း (၃၀) ဖုန်းတစ်လုံးဝယ်ခြင်း
အပိုင်း (၃၁) ဆင်းရဲသားနှစ်ယောက်
အပိုင်း (၃၂) VVIP မန်ဘာ
အပိုင်း (၃၃) သူ့သဘောထားက ချက်ချင်းပြောင်းသွားတာနော်
အပိုင်း (၃၄) ကောင်းတဲ့ရည်ရွယ်ချက်နဲ့ မကောင်းတာလုပ်မိတယ်
အပိုင်း (၃၅) ယွမ်တစ်သန်းသုံးခြင်း
အပိုင်း (၃၆) လောင်းရဲလား
အပိုင်း (၃၇) သေမယ့်လမ်း
အပိုင်း (၃၈) သူမရဲ့သရုပ်မှန်
အပိုင်း (၃၉) သားအမိနှစ်ယောက်ကို ပညာပေးမယ်
အပိုင်း (၄၀) အကြွေးတိုင်းမှာ ကြွေးရှင်ရှိတယ်
အပိုင်း ( ၄၁) သွေးရေပန်း
အပိုင်း (၄၂) ယဲ့ရင်းကို ဆက်သွယ်ခြင်း
အပိုင်း (၄၃) ကျေးဇူးပြန်ဆပ်ခြင်း
အပိုင်း ( ၄၄) ကြယ်ငါးပွင့်ဟိုတယ်
အပိုင်း (၄၅) ငွေကို ရေလိုသုံးခြင်း
အပိုင်း (၄၆) စီးပွားရေးလုပ်ငန်း
အပိုင်း (၄၇) ချမ်းသာမှုနှင့် စိတ်ရင်း
အပိုင်း (၄၈) သူမရဲ့လျှို့ဝှက်ချက်
အပိုင်း (၄၉) ခက်ခဲတဲ့ဘဝမှာ နေချင်တယ်တဲ့
အပိုင်း (၅၀) ရဲတင်းလိုက်တာ
အပိုင်း (၅၁) သောက်ကျိုးနဲ
အပိုင်း (၅၂) အုံးနှောက်မကောင်းတော့ဘူး
Thidingyut Promotion
အပိုင်း (၅၃) အိုင်ဒေါအဟောင်း
အပိုင်း ( ၅၄) စိန်ခေါ်တဲ့မေးခွန်း
အပိုင်း (၅၅) သေချာပေါက်လုံးဝငွေမယူဘူး
အပိုင်း (၅၆) အရမ်းမျက်နှာပြောင်တယ်
အပိုင်း (၅၇) အုတ်အော်သောင်းနင်းဖြစ်သွားခြင်း
အပိုင်း (၅၈) အဖြေမှန်
အပိုင်း (၅၉) ငါလေးနဲ့ကစားကြတဲ့သက်တော်စောင့်တွေ
အပိုင်း (၆၀) အာမခံချက်ရှိတဲ့ဝင်ခွင့်အခွင့်အရေးရရှိခြင်း
အပိုင်း (၆၁) သိပ္ပံနည်းကျသုတေသနကို စိတ်မဝင်စားပါ
အပိုင်း (၆၂) အေးစက်စက် ငြင်းပယ်ခြင်း
အပိုင်း ( ၆၃) စိတ်၏လှည့်စားခံရခြင်း
Announcement
အပိုင်း (၆၄) ရယ်စရာကောင်းတဲ့ရမှတ်
အပိုင်း (၆၅) ကလိမ်ကျတဲ့ နည်းလမ်းတစ်ချို့
အပိုင်း (၆၆) မသမာမှုကြောင့် အသရေဖျက်ခြင်း
အပိုင်း (၆၇) ပရမ်းပတာဖြစ်ခြင်း
အပိုင်း (၆၈) အမှတ်ပြည့်
အပိုင်း ( ၆၉) ဆရာမကိုတောင်းပန်လိုက်
အပိုင်း (၇၀) တရားရုံးမှာတွေ့မယ်
အပိုင်း (၇၁) ရှန်ယွဲ့က ရဲခေါ်လိုက်တယ်
အပိုင်း (၇၂) အိုဗာဖြစ်လွန်းတယ်
အပိုင်း (၇၃) ကျောင်းအုပ်ကြီး၏လုပ်ဆောင်ချက်ကို စောင့်ကြည့်ခြင်း
အပိုင်း (၇၄) မင်းကို တနေရာရာမှာတွေ့ဖူးသလိုပဲ
အပိုင်း (၇၅) နောက်ကွယ်လူတစ်စု
အပိုင်း (၇၆) သူကလူပြက်တစ်ယောက်လိုပဲ
အပိုင်း (၇၇) ကျောင်းတော်ရဲ့မင်းသမီးလေးထပ်တောင်လှသေးတယ်
အပိုင်း (၇၈) ရှန်ယွဲ့မှာ ချစ်သူအသစ်ရှိတယ်တဲ့
အပိုင်း ( ၇၉) ကျိုးရွှမ်းကို နာမည်တပ်ခေါ်တယ်
အပိုင်း (၈၀) ဟန်ရဲ့ကို မျက်နှာလုပ်ခွင့်ပေးလိုက်တယ်
အပိုင်း (၈၁) ငွေတစ်ခုသာ မျက်လုံးထဲမှာမြင်တယ်
Year End Promotion and Year End Event
Year End Event Announcement
အပိုင်း (၈၂) ယွမ် ၅၀,၀၀၀ကို လက်ခံလိုက်တယ်
GP - 2 မိတ်ဆက်
အပိုင်း ( ၈၃) ကျိုးမိသားစုဆီသို့ အလည်အပတ်
အပိုင်း (၈၄) ကမ္ဘာ့နံပါတ် တစ်, ဇီးရိုး
အပိုင်း (၈၅) ရန်သူရဲ့တန်ပြန်တိုက်စစ်
အပိုင်း (၈၆) ကျွန်တော်က အဲလိုလူမျိုးမဟုတ်
အပိုင်း (၈၇) အပြစ်ပြုမိသည်ဟု ခံစားမိခြင်း
အပိုင်း (၈၈) ကင်မရာကို ဖွင့်လိုက်မယ်
အပိုင်း (၈၉)ခံစားချက်ပေါ်မူတည်ပြီး ခန့်မှန်းကြည့်ခြင်း
အပိုင်း (၉၀) စပရိုက်နည်းနည်းတိုက်လိုက်မယ်
အပိုင်း (၉၁) ဥက္ကဋ္ဌကျိုးက ဂေး တဲ့
အပိုင်း (၉၂) ၃၆မိနစ်
အပိုင်း (၉၃) စပရိုက်သေးသေးလေး
အပိုင်း (၉၄) အခုချက်ချင်းထွက်သွား
အပိုင်း (၉၅) မဟာအခွင့်အရေးတစ်ခု
အပိုင်း (၉၆) အပြင်မှာ လေပြင်းနေတယ်
အပိုင်း (၉၇) အတုအယောင်ဟု သံသယဖြစ်မိ
အပိုင်း (၉၈) သူ့ခေါင်းကို ရိုက်ခွဲလိုက်တယ်
အပိုင်း (၉၉) တကယ်စိတ်ဆိုးတယ်
အပိုင်း (၁၀၀) ယွမ် တစ်သန်းလျှော်ကြေး
အပိုင်း (၁၀၁) အပေါက်ဆိုးတဲ့မိန်းမ
အပိုင်း (၁၀၂) နင့်ကို မေ့သွားတော့မလို့
အပိုင်း (၁၀၃) ဘယ်သူက ထွက်သွားခွင့်ပေးလို့လဲ
အပိုင်း (၁၀၄) ယွမ် နှစ်သိန်း
အပိုင်း (၁၀၅) ဘယ်သူက ထွက်သွားလို့ ပြောလို့လဲ
အပိုင်း (၁၀၆) + အပိုင်း (၁၀၇)
အပိုင်း (၁၀၈)+အပိုင်း (၁၀၉)
အပိုင်း (၁၁၀)+အပိုင်း(၁၁၁)
အပိုင်း (၁၁၂) + အပိုင်း (၁၁၃)
အပိုင်း (၁၁၄) + အပိုင်း (၁၁၅)
အပိုင်း (၁၁၆) + အပိုင်း (၁၁၇)
အပိုင်း (၁၁၈) +(၁၁၉)
အပိုင်း (၁၂၀) + အပိုင်း (၁၂၁)
အပိုင်း (၁၂၂) + အပိုင်း (၁၂၃)
အပိုင်း (၁၂၄) + အပိုင်း (၁၂၅)
အပိုင်း (၁၂၈ + ၁၂၉)
အပိုင်း (၁၃၀ + ၁၃၁)
အပိုင်း (၁၃၂ + ၁၃၃)
အပိုင်း (၁၃၄ + ၁၃၅)
အပိုင်း (၁၃၆ + ၁၃၇)
အပိုင်း (၁၃၈ + ၁၃၉)
အပိုင်း (၁၄၀ + ၁၄၁)
အပိုင်း (၁၄၂ + ၁၄၃)
အပိုင်း (၁၄၄ + ၁၄၅)
အပိုင်း (၁၄၆ + ၁၄၇)
အပိုင်း (၁၄၈ + ၁၄၉)
Thingyan Promotion!
GP-3 Announcement + Promotion လေးထပ်ပေးထားပါတယ်ရှင်
အပိုင်း (၁၅၀+၁၅၁)
အပိုင်း (၁၅၂+၁၅၃)
အပိုင်း (၁၅၄+၁၅၅)
အပိုင်း (၁၅၆+၁၅၇)
အပိုင်း (၁၅၈+၁၅၉)
အပိုင်း (၁၆၀+၁၆၁)
အပိုင်း (၁၆၂+၁၆၃)
အပိုင်း (၁၆၄+၁၆၅)

အပိုင်း (၁၂၆+၁၂၇)

459 28 0
By ChihiroLily7


အပိုင်း (၁၂၆) ရှန်ယွဲ့၏အပြောင်းအလဲ

ရှန်ယွဲ့သည် ဝိတ်ကျသွားသောကြောင့်ဖြစ်မည်။ သူမ၏မျက်နှာပေါ်က အသားများသည် အရင်လို ပျော့တွဲမနေတော့ချေ။ ထို့အစား တက်ကြွဟန်ပေါ်လာသည်။

ရှန်ချန်လည်း အနည်းငယ်ထူးဆန်းနေ၏။ ဖြတ်သွားသည့် မိန်းကလေးများက ရှန်ချန်ကို ပြန်လှည့်မကြည့်ဘဲ မနေနိုင်ဖြစ်သွားလေသည်။ သူသည်လည်း ပြောင်းလဲသွားဟန်တူသည်။

ယွီဟောက်သည်လည်း သူတို့နှစ်ဦး၏ အပြောင်းလဲကို သတိထားမိခဲ့ပြီး အထူးသဖြင့် ရှန်ယွဲ့ကိုပင်။ သူသည် ဤယုံကြည်မှုအပြည့်နှင့် မိန်းကလေးကို ကြည့်လိုက်ပြီး သူမကို အရင်ကလို ဝခြင်း၊ သိမ်ငယ်ခြင်း နှင့် အားနည်းသည့်လူတစ်ယောက်လို တွဲမြင်လို့မရတော့ချေ။ သူမမှာ တကယ်ပဲဘာတွေ ဖြစ်ခဲ့တာလဲ။ ယွီဟောက်သည် ရှန်ယွဲ့ကို အမှတ်တမဲ့ အာရုံစိုက်မိသွားပြိး သူကိုယ်တိုင် သတိမထားမိလိုက်ခင်မှာပင် သူမဆီသို့လျှောက်သွားလိုက်လေသည်။

" နင့် ငါ့လမ်းကို ပိတ်နေပြီ"

ရှန်ယွဲ့သည် ယွီဟောက်ကို မြင်ဟန်မတူပေ။ သူမသည် သူ့ကို နောက်တစ်ချက်ပင် ထပ်မကြည့်ဘဲ အေးစက်စက်သာ ပြောလိုက်တော့သည်။

...

အလွန်အေးတိအေးစက် ဆက်ဆံခံလိုက်ရသဖြင့် ယွီဟောက်မှာ အနည်းငယ် ရှက်သွားတော့သည်။ သူ့မျက်နှာမှာ နီရဲသွားပြီး သူ့လည်ပင်ကို ဆန့်ထားလိုက်၏။

" နင့်လမ်းဆိုတာ ဘာကိုပြောချင်တာလဲ၊ နင်က အရမ်းမောက်မာတာပဲ၊ ကျောင်းက အားလုံးနဲ့ဆိုင်တယ်၊ နင့်မှာ အဆက်အသွယ် ရှိတယ်ဆိုပြီး နင်လုပ်ချင်တာ လုပ်လို့ရမယ်လို့ ထင်မနေနဲ့"

ယွီဟောက်၏ စကားလုံးများက ရပ်ကြည့်နေသူများကို လက်ခုပ်လက်ဝါးတီးကာ အားပေးလာစေတော့သည်။ ဆူဆူညံညံဖြစ်နေသည်ကို ကြည့်နေကြသူများ၊ မနာလိုဖြစ်နေကြသူများနှင့် ဘာမှမပြောရဲကြသူများ အားလုံးသည် ယွီဟောက်က ရှန်ယွဲ့အား ပြဿနာသွားရှာသည်ကို မြင်လိုက်ရသောအခါ သူတို့၏စိတ်ထဲတွင် နှစ်ထောင်းအားရဖြစ်သွားကြလေသည်။

" မင်း လမ်းဖယ်ပေးလို့ရမလား၊ ငါတို့ စာသင်ခန်းဆီ မြန်မြန်သွားရမှာမလို့"

အစ်မဖြစ်သူ၏ သည်လူ့အပေါ်ထားသည့် သဘောထားကို ခန့်မှန်းရခက်နေ၏။ ရှန်ချန်သည် အစ်မဖြစ်သူက သည်လူကို ကြိုက်နေသေးလျှင် သည်လူက လူကောင်းမဟုတ်သည့်အကြောင်း ပြောပြပြီး သူမကို ဖျောင်းဖျဖို့ ဆုံးဖြတ်လိုက်တော့သည်။

" မင်းက ဘာလို့ ငါတို့ကြားမှာ ဝင်နှောင့်ယှက်နေတာလဲ"

ယွီဟောက်သည် ရှန်ချန်၏ ရုတ်တရက် ကြားဝင်ခံလိုက်ရသဖြင့် မကျေမနပ်ဖြစ်သွားတော့သည်။ သူသည် သည်ဒုက္ခိတလေးကို လှောင်ပြောင်ချင်သော်လည်း ရှန်ယွဲ့၏ ဒေါသကိုတော့ ကြောက်လေသည်။

" သွားစို့၊ ဒီလိုလူနဲ့ ငြင်းမနေနဲ့"

ရှန်ယွဲ့က ယွီဟောက်နှင့် အချိန်ထပ်မဖြုန်းချင်တော့သဖြင့် သူ့ဘေးက ရှန်ချန်ကို ဆွဲကာ ဆက်လျှောက်လာခဲ့လိုက်၏။

ရှန်ယွဲ့နှင့်ရှန်ချန်တို့သည် အားလုံး၏အာရုံစိုက်မှုကို ခံနေရစဥ် ရှန်ရှင်းက သူမဘဝ၏အလှည့်အပြောင်းတစ်ခုနှင့် ရင်ဆိုင်နေရလေသည်။

သည်အခိုက်တွင် ရှန်ရှင်းသည် ကျောင်းအုပ်ကြီးရုံးခန်းထဲတွင် ထိုင်ရင်း မသက်မသာဖြင့် စောင့်ဆိုင်းနေလေသည်။

သူမသည် သည်နေ့တွင် အဝတ်အစားအသစ်များကို ထူးထူးခြားခြား ဝတ်လာခဲ့သည်။ သူမသည် အနီးနားက စျေးဝယ်စင်တာတစ်ခုတွင် သူမအတွက် အဝတ်အစားတစ်စုံဝယ်ပေးဖို့ သူမအမေကိုပင် ပူဆာခဲ့သေးသည်။ ပိုနီတေးလ်စည်းထားသည့် ဆံပင်ပုံစံနှင့် လိုက်ဖက်ကာ အပြစ်ကင်းပြီး ချစ်စရာကောင်းသည့် အဖြူနှင့် နေဗီပြာရောင်စပ်ထားသည့် ဂါဝန်တစ်ထည်ကို ဝတ်ထားသည်။ ကျောင်းအုပ်ကြီးကို ပိုမိုကောင်းမွန်သည့် အမြင်ပေးနိုင်ရန် သူမသည် စျေးဝယ်စင်တာတွင် မိတ်ကပ်တစ်ဆက် သွားဝယ်ခဲ့ကာ ထူးခြားပြောင်မြောက်သည့် ကြွေရုပ်လေးတစ်ရုပ်လို ပြင်ဆင်ဝတ်စားထားလေသည်။

ရှန်ရှင်းသည် သည်နေ့တွင် လိမ္မာချစ်စရာကောင်းဟန် ပေါ်နေ၏။ သူမ သည်လိုဝတ်စားထားသည်ကို မြင်ရသူတိုင်းက သူမကို အပြစ်ကင်းပြီး လိမ္မာသိတတ်သည့်မိန်းကလေးဟု ထင်ကြလိမ့်မည်။

ကျောင်းအုပ်ကြီးသည် ရှန်ရှင်းက သူ့ကိုတွေ့ချင်သည်ဟု ကြားလိုက်ရသဖြင့် အံ့ဩသွားလေသည်။ သို့သော် သူ့လက်ထဲက ကျောင်းသားမှတ်တမ်းကြောင့် သူ့ရှေ့က မိန်းကလေးမှာ ရှန်ယွဲ့၏ညီမလေးဖြစ်နေသည်ကို သိထားသည်။ ပြီးခဲ့သည့် ရန်ပွဲအကြောင်း စဥ်းစားလိုက်ပြီးနောက် သူသည် ရှန်ယွဲ့၏မိသားစုကို မျက်ကွယ်မပြုရဲပေ။ ထို့ကြောင့် သူသည် အလုပ်များနေသော်လည်း ရှန်ရှင်းကို လက်ခံတွေ့ဆုံဖို့ အချိန်ပေးလိုက်တော့သည်။

ရှန်ရှင်းသည် မလာခင်က အကြောင်းအရာကို မပြောပြခဲ့ချေ။ အကြောင်းမှာ သည်ကိစ္စကို တခြားလူများအား ကြိုတင် အသိမပေးချင်သောကြောင့်ပင်။ သူမသည် ကျောင်းအုပ်နှင့် ကိုယ်တိုင်တွေ့ပြီး ပြောဖို့ စိတ်ကူးလိုက်တော့သည်။ မဟုတ်လျှင် သည်ကိစ္စပျံ့သွားပြီး ရှန်ယွဲ့၏နားထဲရောက်သွားလျှင် သူမ၏အစီအစဥ် ပျက်သွားလိမ့်မည်။

" မင်း ငါ့ကိုတွေ့ချင်တယ်လို့ ပြောသံကြားတယ်"

ကျောင်းအုပ်ကြီးက ရုံးခန်းထဲသို့ ဝင်လာသည်နှင့်ချက်ချင်း ဆိုဖောပေါ်တွင် ငြိမ်ငြိမ်လေးထိုင်နေသည့် မိန်းကလေးကို တွေ့လိုက်ရသည်။

ဒီတော့ ဒါက ရှန်ယွဲ့ရဲ့ညီမလေးကိုး။ သူမက ရှန်ယွဲ့နဲ့လုံးဝမတူဘူးပဲ။ ကျောင်းအုပ်ကြီးသည် ရှန်ယွဲ့နှင့် နောက်ဆုံးအကြိမ်တွေ့ခဲ့သည်ချိန်ကို ပြန်သတိရသွားလေသည်။ သူမက သန်မတယ်၊ ရဲရင့်တယ် ပြီးတော့ တည်ငြိမ်တဲ့မိန်းကလေးတစ်ယောက်။ ဒါပေမယ့် သူ့ရှေ့က ရှန်ရှင်းကျတော့ ချစ်စရာကောင်းပြီး လိမ္မာတဲ့ပုံပဲ။ ညီအစ်မနှစ်ယောက်က လုံးဝကို မတူတဲ့စတိုင်လ်တွေနဲ့ပါလား။

"ဟုတ်ပါတယ် ကျောင်းအုပ်ကြီးချန်း ရှင့်၊ သမီး ဒီနေ့ ဆရာကြီးနဲ့ ကိစ္စလေးတစ်ခု စကားပြောချင်လို့ပါ"

ရှန်ရှင်းသည် ကျောင်းအုပ်ချန်း ဝင်လာသည်ကို တွေ့လိုက်ချိန်တွင် ချက်ချင်းထရပ်ကာ သူ့ကို နှုတ်ဆက်လိုက်လေသည်. နောက်ဆုံး သူမသည် အထက်တန်းကျောင်းသူတစ်ယောက်ပင်။ ကျောင်းအုပ်ကြီးနှင့် ပထမဆုံးအကြိမ် တွေ့ရခြင်းဖြစ်ရာ သူမသည် စိုးရိမ်ပူပန်နေလေသည်။

သူမသည် အောက်နှုတ်ခမ်းကို ကိုက်ထားပြီး သူမကိုယ်သူမ အားပေးလိုက်၏။ သူမသည် စိုးရိမ်နေသော်လည်း ဘေးက အိတ်ထဲက စာရွက်နှစ်ရွက်ကို ဆွဲထုတ်လိုက်လေသည်။

" ဒါကဘာလဲ"

ကျောင်းအုပ်ကြီးချန်းက ရှန်ရှင်းလှမ်းပေးလာသည့် စာရွက်နှစ်ရွက်ကို ယူလိုက်သည်။ စာရွက်ထဲတွင် အကြမ်းရေးထားသည်များနှင့် ပြည့်နေပြီး သူမ ဘာလုပ်ချင်နေသည်ကို မသိပေ။

"ကျောင်းအုပ်ကြီးရှင့် သမီး ဒီကိစ္စကို ဆရာကြီးကို ဖုံးကွယ်မထားတော့ပါဘူး၊ သမီးက တချိန်က အင်တာနက်ပေါ်မှာ ပြန့်နေသည့် သင်္ချာပါရမီရှင်ပါ"

ရှန်ရှင်းသည် ရှက်ရွံ့မနေဘဲ သင်္ချာပညာရှင်ဟူသည့် ဘွဲ့အား သူမကိုယ်တိုင် တံဆိပ်ကပ်လိုက်လေတော့သည်။

...

အပိုင်း (၁၂၇) ကူညီဆက်သွယ်ပေးပါ

" ဘယ်လို"

ကျောင်းအုပ်ကြီးချန်းသည် အနည်းငယ်လန့်ဖျတ်သွားတော့သည်။ သူသည်လည်း ထိုသင်္ချာပါရမီရှင်အကြောင်းကို ကြားခဲ့ဖူးသည်။ လွန်ခဲ့သည့်အချိန်တစ်ခုက ပွက်လောရိုက်သွားခဲ့သည်။ အဆင့်မြင့်သည့် သင်္ချာပါရမီရှိပြီး သိုသိုသိပ်သိပ်နေတတ်သည့် သည်လူအကြောင်းကို လူများက ခန့်မှန်းလာခဲ့ကြသည်။

" မင်းက အဲဒီသင်္ချာပါရမီရှင်ဟုတ်လား"

ကျောင်းအုပ်ကြီးချန်က မယုံကြည်နိုင်စွာဖြင့် မေးလိုက်၏။ သူ ဘယ်လိုတွေတောင် ကံကောင်းနေတာလဲ။ နာမည်ကျော်သင်္ချာပါရီရှင်က တကယ်တော့ သူ့ကျောင်းကတဲ့လား။

" ဟုတ်ပါတယ်၊ ဒီအကြမ်းစာရွက်နှစ်ရွက်က အင်တာနက်ပေါ်က ဟာနဲ့တူမတူ ဆရာကြီး တစ်ချက်လောက်ကြည့်ပေးပါ" ရှန်ရှင်းက အကြမ်းစာရွက်များကို ကျောင်းအုပ်ကြီးချန်း၏ လက်ထဲသို့ လွဲပေးလိုက်လေသည်။

ကျောင်းအုပ်ကြီးချန်းသည် အကြမ်းစာရွက်များကို ယူကာ ပြည့်သိပ်ကျပ်ညှပ်နေအောင် ရေးထားသည့် စာများကို ကြည့်လိုက်လေသည်။ အမှန်တွင်တော့ သူသည် အင်တာနက်ပေါ်က ပိုစ့်ကို တွေ့ခဲ့ပြီး စိတ်ဝင်စားခဲ့မိသည်။ ထို့ကြောင့် ဒါသည် အင်တာနက်ပေါ်က အကြမ်းစာရွက် အမှန်တကယ်ဖြစ်နေမှန်း တစ်ချက်ကြည့်ရုံနှင့် သိနိုင်လေသည်။

" မင်း အင်တာနက်ပေါ်ကနေ printထုတ်ထားတာတော့ မဟုတ်ဘူးလား" ကျောင်းအုပ်ကြီးက မယုံကြည်နိုင်ဖြစ်နေ၏။

ဒီငတုံးကတော့ ငါက printထုတ်ခဲ့တယ်လို့ ပြောချင်တာပေါ့လေ။ ရှန်ရှင်းသည် စိတ်ထဲက ကျိန်ဆဲလိုက်လေသည်။ သို့သော် သူမ၏မျက်နှာပေါ်တွင်တော့ဘာမှမပေါ်နေချေ။ သူမသည် မျက်နှာပေါ်တွင် ချိုသာသည့် အပြုံးတစ်ခုကို ဆောင်ထားဆဲ။

" ကျောင်းအုပ်ကြီးချန်းရှင့် သမီးကဒါကို ဘယ်လိုလုပ်ပြီး print ထုတ်နိုင်မှာလဲ၊ ဘယ်လိုလုပ်ပြီးတော့ ဒီလိုသတ္တိမျိုးရှိပါ့မလဲ၊ စာရွက်ပေါ်က အမှတ်အသားတွေကို သေသေချာချာကြည့်ပေးပါ"

ကျောင်းအုပ်ကြီးချန်းက အနီးကပ်တစ်ချက်ကြည့်လိုက်လေ။ အမှန်ပင် လက်ရေးနှင့်ရေးထားခြင်းဖြစ်သည်။

" မင်း တကယ်ပဲ ဒါကို ဖြေရှင်းခဲ့တာလား" ကျောင်းအုပ်ကြီးချန်က ထပ်မေးလိုက်၏။ ဧကန္တ ရှန်ယွဲ့ရဲ့မိသားစုတွေအားလုံးက ဉာဏ်ရည်အရမ်းမြင့်ကြတာလား။

" သမီး ရေးခဲ့တာပါ"

ရှန်ရှင်းက တဖန်အလေးအနက်ပြောလိုက်လေသည်။ ထို့နောက် သူမက ကျောင်းအုပ်ကြီးချန်းကို ပြောလိုက်၏။

" ကျောင်းအုပ်ကြီးချန်းရှင် တကယ်တော့လေ မြို့တော်တက္ကသိုလ်က သမီးကို တစ်ခါ ဖိတ်ခဲ့ပါသေးတယ်၊ မြို့တော်တက္ကသိုလ်ကို အာမခံနဲ့ဝင်လာနိုင်ဖို့ မျှော်လင့်ပါတယ်တဲ့၊ ဒါပေမယ့် အဲဒီတုန်းက သမီး သူတို့ကို ငြင်းခဲ့လိုက်တယ်"

" ဘာရယ် မင်း တကယ်ပဲ မြို့တော်တက္ကသိုလ်ကို ငြင်းခဲ့တယ်ဟုတ်လား"

ရှန်ရှင်းသည် သင်္ချာပါရမီရှင်ဖြစ်သည့် သတင်းကြောင့် ကျောင်းအုပ်ကြီးချန်းကို သတိပြန်မလည်လာခင်မှာပင် ရှန်ရှင်း၏စကားများက သူ့ကို ပိုပြီးလန့်ဖျတ်သွားစေတော့သည်။ ဒီနေ့ခေတ် ကလေးတွေကို လုံးဝနားမလည်တော့ဘူး။ ဒီလောက်တဲ့အခွင့်အရေးကို။ သူဆိုရင် ချက်ချင်းသဘောတူလိုက်မှာပဲ။

" အဲဒီတုန်း သမီးမှားသွားခဲ့မှန်းလည်း သိပါတယ်"

ရှန်ရှင်းက ခေါင်းငုံ့ကာ နောင်တရနေပုံဖြစ်နေသည်။ သူမက ယဥ်ယဥ်ကျေးကျေး ပြောလိုက်၏။

" ကျောင်းအုပ်ကြီးချန်းရှင့် သမီးက အသက်ငယ်ပြီး မဆင်ခြင်တတ်ခဲ့လို့ မြို့တော်တက္ကသိုလ်ကို ငြင်းခဲ့မိတာပါ"

ရှန်ရှင်း၏ ပုံစံသည် အလွန်မှ မျက်စိလည်စရာကောင်းလေသည်။ သူမသည် အပြစ်ကင်းစင်ပြီး အန္တရာယ်ကင်းဟန်တူသည်။ သူမ၏သနားစဖွယ်က ရုပ်အသွင်ကို ထပ်ပေါင်းလိုက်လျှင် သူမသည် တစ်စုံတစ်ယောက်နေရာတွင် ဟန်ဆောင်နေသည်ဟု ထင်ဖို့နေနေသာသာ သူမက လိမ်နေသည်ဟု မည်သူကမှ ထင်ကြလိမ့်မည့်မဟုတ်ပေ။

ကျောင်းအုပ်ကြီးချန်းက ထိုကိစ္စကို မယုံသော်လည်း ရှန်ရှင်းက ရှန်ယွဲ့၏ညီမလေးဖြစ်နေသည့်အကြောင်း စဥ်းစားလိုက်လေသည်။ ရှန်ယွဲ့က အရမ်းတော်တဲ့သူဆိုတော့ ရှန်ရှင်းကလည်း မဆိုးလောက်ပါဘူး။ ထို့ကြောင့် သူမက မယုံကြည်နိုင်သဖြင့် မေးလိုက်တော့သည်။

" မင်း မြို့တော်တက္ကသိုလ် ကိုငြင်းခဲ့တယ်လို့ပြောတယ်နော်၊ မင်းက သက်သေရှိလား"

ရှန်ရှင်းသည် ကျောင်းအုပ်ကြီးချန်းသည် သည်လိုမေးခွန်းမျိုး မေးလာနိုင်သည်ဟု အစောကြီးကတည်းက မျှော်လင့်ထားခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သူ့ ဖုန်းနှင့်ရိုက်ယူလာသည့် ဓာတ်ပုံကို ထုတ်လိုက်၏။ သူမသည် ဆင်ခြေတစ်ခုကိုလည်း စဥ်းစားထားပြီးဖြစ်သည်။

" မြို့တော်တက္ကသိုလ်က သမီးကို ကမ်းလှ၎်းတုန်းက အရမ်း စိတ်လှုပ်ရှားသွားတာနဲ့ အမှတ်တရဆိုပြီး ဓာတ်ပုံတစ်ပုံ ရိုက်ထားခဲ့တယ်၊ နောက်ပိုင်း ပိုစ့်ကို ဖျက်လိုက်ပြီးတော့ ဒီစာတွေအားလုံးကိုလည်း ဖျက်လိုက်ပြီး လက်ထဲမှ ဒီဓာတ်ပုံတစ်ခုပဲ ချန်ထားခဲ့တာ"

ရှန်ရှင်းသည် လိမ်ညာနေစဥ် ရှက်သွားခြင်းမရှိပေ။ သူမသည် စိတ်ရင်းနှင့် အမှန်ပြောနေပုံရသည်။ ကျောင်းအုပ်ကြီးက ရှန်ရှင်းဖုန်းကထဲက ဓာတ်ပုံကို ကြည့်ကာ သူမကို အပြည့်အဝယုံကြည်သွားတော့သည်။

" မင်းက လုံးဝမကို မဆင်ခြင်နဲ့ပဲ"

ကျောင်းအုပ်ကြီးချန်က သက်ပြင်းချလိုက်၏။

" မင်းက မြို့တော်တက္ကသိုလ်ကို ငြင်းလိုက်ပြီဆိုမှတော့ အခုမှ ဘာလို့ ငါ့ကို လာရှာနေတာလဲ"

ကျောင်းအုပ်ကြီးက အဓိကအကြောင်းအရာကို ဆွဲထုတ်လာသည်ကို တွေ့လိုက်ရသည်တွင် ရှန်ရှင်းက ဆက်ပြီး ကွေ့ပတ်ပြောမနေတော့ပေ။ သူမက ပြောလိုက်၏။

" သမီး မြို့တော်တက္ကသိုလ်ကို ငြင်းလိုက်ပြီးကတည်းက နောင်တရနေခဲ့တာပါ၊ ဒါပေမယ့် မြို့တော်တက္ကသိုလ်နဲ့ ပတ်သက်တဲ့ စကားပြောမှတ်တမ်းတွေကို ဖျက်လိုက်မိပြီး သူတို့ကို ထပ်ဆက်သွယ်လို့မရတော့လို့ပါ၊ သမီး မြို့တော်တက္ကသိုလ်ရဲ့ ကျောင်းဝင်ခွင့်အာမခံ ကိုလိုချင်ပါသေးတယ်၊ ဒါကြောင့် ကျောင်းအုပ်ကြီးဆီလာပြီး သမီးကို သူတို့နဲ့ ကူညီဆက်သွယ်ပေးဖို့ တောင်းဆိုချင်လို့ပါ"

ရှန်ရှင်းတွင်လည်း သူမ၏ကိုယ်ပိုင်အစီအစဥ်ရှိလေသည်။ ရှန်ချန်ရဲ့ဖုန်းကတဆင့် မြို့တော်တက္ကသိုလ်ကို စာတစ်စောင်ပို့ဖို့က သူမအတွက် လုံးဝမဖြစ်နိုင်ဘူးလေ။ မဟုတ်ရင် ရှန်ယွဲ့ သေချာပေါက် သိသွားမှာပေါ့။ ဒါကြောင့် သူမက သည်လို သွယ်ဝိုက်နည်းလမ်းသုံးပြီး ဝင်ခွင့်ရအောင် အရင်ဆုံးလုပ်မှပဲ ရတော့မှာ။ နောက်မှ သူမ အလိမ်ပေါ် မပေါ်ကတော့ တက္ကသိုလ်ထဲရောက်တဲ့အထိ စောင့်ကြည့်ရလိမ့်မယ်။

သူမ ဝင်ခွင့်အတည်ပြုပြီးသွားရင်တော့ ရှန်ယွဲ့သိသွားရင်တောင် သူတို့တွေက သူမကို ကျောင်းဝင်ခွင့်မပေးလို့ မယုံပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ်လေ ရှန်ယွဲ့က သူ့အင်အားနဲ့ ကိုယ်တိုင်ဝင်လို့ရတာပဲ။ ဒီတော့ ရှန်ယွဲ့က သူမကို ဒီအခွင့်အရေးပေးလိုက်တော့ ဘာဖြစ်လဲ။ ရှန်ယွဲ့ သဘောမတူဘူးဆိုရင်တောင် သူမရဲ့အမေကတော့ သဘောတူမှာပဲလေ။

ရှန်ရှင်းသည် သူမ၏စိတ်ထဲတွင် အစီစဥ်ကောင်းတစ်ခု ဆွဲထားခဲ့လေသည်။ သူမ၏လက်ထဲတွင်လည်း သက်သေအပြည့်အစုံရှိထားသည်။ ကျောင်းအုပ်ကြီးက ဘာမှမတတ်နိုင်ဘဲ သူမကို ယုံကြည်ရလိမ့်မည်။

...

မင်္ဂလာပါရှင်! အခကြေးလေး ပြောင်းလဲထားပါတယ်နော်။GP - 1 (1 - 250) 1500 Ks.GP - 2 (251 - 500) 2500 Ks.Gp 1+2 3500Ks

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့စာမျက်နှာသစ် fb pageနဲ့ https://t.me/OrchidSarPay  tele accမှာ hi ပို့ပြီးဝယ်ယူနိုင်ပါတယ်ရှင်။

. . .

Zawgyi

အပိုင္း (၁၂၆) ရွန္ယြဲ႕၏အေျပာင္းအလဲ

ရွန္ယြဲ႕သည္ ဝိတ္က်သြားေသာေၾကာင့္ျဖစ္မည္။ သူမ၏မ်က္ႏွာေပၚက အသားမ်ားသည္ အရင္လို ေပ်ာ့တြဲမေနေတာ့ေခ်။ ထို႔အစား တက္ႂကြဟန္ေပၚလာသည္။

ရွန္ခ်န္လည္း အနည္းငယ္ထူးဆန္းေန၏။ ျဖတ္သြားသည့္ မိန္းကေလးမ်ားက ရွန္ခ်န္ကို ျပန္လွည့္မၾကည့္ဘဲ မေနႏိုင္ျဖစ္သြားေလသည္။ သူသည္လည္း ေျပာင္းလဲသြားဟန္တူသည္။

ယြီေဟာက္သည္လည္း သူတို႔ႏွစ္ဦး၏ အေျပာင္းလဲကို သတိထားမိခဲ့ၿပီး အထူးသျဖင့္ ရွန္ယြဲ႕ကိုပင္။ သူသည္ ဤယုံၾကည္မႈအျပည့္ႏွင့္ မိန္းကေလးကို ၾကည့္လိုက္ၿပီး သူမကို အရင္ကလို ဝျခင္း၊ သိမ္ငယ္ျခင္း ႏွင့္ အားနည္းသည့္လူတစ္ေယာက္လို တြဲျမင္လို႔မရေတာ့ေခ်။ သူမမွာ တကယ္ပဲဘာေတြ ျဖစ္ခဲ့တာလဲ။ ယြီေဟာက္သည္ ရွန္ယြဲ႕ကို အမွတ္တမဲ့ အာ႐ုံစိုက္မိသြားၿပိး သူကိုယ္တိုင္ သတိမထားမိလိုက္ခင္မွာပင္ သူမဆီသို႔ေလွ်ာက္သြားလိုက္ေလသည္။

" နင့္ ငါ့လမ္းကို ပိတ္ေနၿပီ"

ရွန္ယြဲ႕သည္ ယြီေဟာက္ကို ျမင္ဟန္မတူေပ။ သူမသည္ သူ႔ကို ေနာက္တစ္ခ်က္ပင္ ထပ္မၾကည့္ဘဲ ေအးစက္စက္သာ ေျပာလိုက္ေတာ့သည္။

...

အလြန္ေအးတိေအးစက္ ဆက္ဆံခံလိုက္ရသျဖင့္ ယြီေဟာက္မွာ အနည္းငယ္ ရွက္သြားေတာ့သည္။ သူ႔မ်က္ႏွာမွာ နီရဲသြားၿပီး သူ႔လည္ပင္ကို ဆန္႔ထားလိုက္၏။

" နင့္လမ္းဆိုတာ ဘာကိုေျပာခ်င္တာလဲ၊ နင္က အရမ္းေမာက္မာတာပဲ၊ ေက်ာင္းက အားလုံးနဲ႔ဆိုင္တယ္၊ နင့္မွာ အဆက္အသြယ္ ရွိတယ္ဆိုၿပီး နင္လုပ္ခ်င္တာ လုပ္လို႔ရမယ္လို႔ ထင္မေနနဲ႔"

ယြီေဟာက္၏ စကားလုံးမ်ားက ရပ္ၾကည့္ေနသူမ်ားကို လက္ခုပ္လက္ဝါးတီးကာ အားေပးလာေစေတာ့သည္။ ဆူဆူညံညံျဖစ္ေနသည္ကို ၾကည့္ေနၾကသူမ်ား၊ မနာလိုျဖစ္ေနၾကသူမ်ားႏွင့္ ဘာမွမေျပာရဲၾကသူမ်ား အားလုံးသည္ ယြီေဟာက္က ရွန္ယြဲ႕အား ျပႆနာသြားရွာသည္ကို ျမင္လိုက္ရေသာအခါ သူတို႔၏စိတ္ထဲတြင္ ႏွစ္ေထာင္းအားရျဖစ္သြားၾကေလသည္။

" မင္း လမ္းဖယ္ေပးလို႔ရမလား၊ ငါတို႔ စာသင္ခန္းဆီ ျမန္ျမန္သြားရမွာမလို႔"

အစ္မျဖစ္သူ၏ သည္လူ႔အေပၚထားသည့္ သေဘာထားကို ခန္႔မွန္းရခက္ေန၏။ ရွန္ခ်န္သည္ အစ္မျဖစ္သူက သည္လူကို ႀကိဳက္ေနေသးလွ်င္ သည္လူက လူေကာင္းမဟုတ္သည့္အေၾကာင္း ေျပာျပၿပီး သူမကို ေဖ်ာင္းဖ်ဖို႔ ဆုံးျဖတ္လိုက္ေတာ့သည္။

" မင္းက ဘာလို႔ ငါတို႔ၾကားမွာ ဝင္ေႏွာင့္ယွက္ေနတာလဲ"

ယြီေဟာက္သည္ ရွန္ခ်န္၏ ႐ုတ္တရက္ ၾကားဝင္ခံလိုက္ရသျဖင့္ မေက်မနပ္ျဖစ္သြားေတာ့သည္။ သူသည္ သည္ဒုကၡိတေလးကို ေလွာင္ေျပာင္ခ်င္ေသာ္လည္း ရွန္ယြဲ႕၏ ေဒါသကိုေတာ့ ေၾကာက္ေလသည္။

" သြားစို႔၊ ဒီလိုလူနဲ႔ ျငင္းမေနနဲ႔"

ရွန္ယြဲ႕က ယြီေဟာက္ႏွင့္ အခ်ိန္ထပ္မျဖဳန္းခ်င္ေတာ့သျဖင့္ သူ႔ေဘးက ရွန္ခ်န္ကို ဆြဲကာ ဆက္ေလွ်ာက္လာခဲ့လိုက္၏။

ရွန္ယြဲ႕ႏွင့္ရွန္ခ်န္တို႔သည္ အားလုံး၏အာ႐ုံစိုက္မႈကို ခံေနရစဥ္ ရွန္ရွင္းက သူမဘဝ၏အလွည့္အေျပာင္းတစ္ခုႏွင့္ ရင္ဆိုင္ေနရေလသည္။

သည္အခိုက္တြင္ ရွန္ရွင္းသည္ ေက်ာင္းအုပ္ႀကီး႐ုံးခန္းထဲတြင္ ထိုင္ရင္း မသက္မသာျဖင့္ ေစာင့္ဆိုင္းေနေလသည္။

သူမသည္ သည္ေန႔တြင္ အဝတ္အစားအသစ္မ်ားကို ထူးထူးျခားျခား ဝတ္လာခဲ့သည္။ သူမသည္ အနီးနားက ေစ်းဝယ္စင္တာတစ္ခုတြင္ သူမအတြက္ အဝတ္အစားတစ္စုံဝယ္ေပးဖို႔ သူမအေမကိုပင္ ပူဆာခဲ့ေသးသည္။ ပိုနီေတးလ္စည္းထားသည့္ ဆံပင္ပုံစံႏွင့္ လိုက္ဖက္ကာ အျပစ္ကင္းၿပီး ခ်စ္စရာေကာင္းသည့္ အျဖဴႏွင့္ ေနဗီျပာေရာင္စပ္ထားသည့္ ဂါဝန္တစ္ထည္ကို ဝတ္ထားသည္။ ေက်ာင္းအုပ္ႀကီးကို ပိုမိုေကာင္းမြန္သည့္ အျမင္ေပးႏိုင္ရန္ သူမသည္ ေစ်းဝယ္စင္တာတြင္ မိတ္ကပ္တစ္ဆက္ သြားဝယ္ခဲ့ကာ ထူးျခားေျပာင္ေျမာက္သည့္ ေႂကြ႐ုပ္ေလးတစ္႐ုပ္လို ျပင္ဆင္ဝတ္စားထားေလသည္။

ရွန္ရွင္းသည္ သည္ေန႔တြင္ လိမၼာခ်စ္စရာေကာင္းဟန္ ေပၚေန၏။ သူမ သည္လိုဝတ္စားထားသည္ကို ျမင္ရသူတိုင္းက သူမကို အျပစ္ကင္းၿပီး လိမၼာသိတတ္သည့္မိန္းကေလးဟု ထင္ၾကလိမ့္မည္။

ေက်ာင္းအုပ္ႀကီးသည္ ရွန္ရွင္းက သူ႔ကိုေတြ႕ခ်င္သည္ဟု ၾကားလိုက္ရသျဖင့္ အံ့ဩသြားေလသည္။ သို႔ေသာ္ သူ႔လက္ထဲက ေက်ာင္းသားမွတ္တမ္းေၾကာင့္ သူ႔ေရွ႕က မိန္းကေလးမွာ ရွန္ယြဲ႕၏ညီမေလးျဖစ္ေနသည္ကို သိထားသည္။ ၿပီးခဲ့သည့္ ရန္ပြဲအေၾကာင္း စဥ္းစားလိုက္ၿပီးေနာက္ သူသည္ ရွန္ယြဲ႕၏မိသားစုကို မ်က္ကြယ္မျပဳရဲေပ။ ထို႔ေၾကာင့္ သူသည္ အလုပ္မ်ားေနေသာ္လည္း ရွန္ရွင္းကို လက္ခံေတြ႕ဆုံဖို႔ အခ်ိန္ေပးလိုက္ေတာ့သည္။

ရွန္ရွင္းသည္ မလာခင္က အေၾကာင္းအရာကို မေျပာျပခဲ့ေခ်။ အေၾကာင္းမွာ သည္ကိစၥကို တျခားလူမ်ားအား ႀကိဳတင္ အသိမေပးခ်င္ေသာေၾကာင့္ပင္။ သူမသည္ ေက်ာင္းအုပ္ႏွင့္ ကိုယ္တိုင္ေတြ႕ၿပီး ေျပာဖို႔ စိတ္ကူးလိုက္ေတာ့သည္။ မဟုတ္လွ်င္ သည္ကိစၥပ်ံ႕သြားၿပီး ရွန္ယြဲ႕၏နားထဲေရာက္သြားလွ်င္ သူမ၏အစီအစဥ္ ပ်က္သြားလိမ့္မည္။

" မင္း ငါ့ကိုေတြ႕ခ်င္တယ္လို႔ ေျပာသံၾကားတယ္"

ေက်ာင္းအုပ္ႀကီးက ႐ုံးခန္းထဲသို႔ ဝင္လာသည္ႏွင့္ခ်က္ခ်င္း ဆိုေဖာေပၚတြင္ ၿငိမ္ၿငိမ္ေလးထိုင္ေနသည့္ မိန္းကေလးကို ေတြ႕လိုက္ရသည္။

ဒီေတာ့ ဒါက ရွန္ယြဲ႕ရဲ႕ညီမေလးကိုး။ သူမက ရွန္ယြဲ႕နဲ႔လုံးဝမတူဘူးပဲ။ ေက်ာင္းအုပ္ႀကီးသည္ ရွန္ယြဲ႕ႏွင့္ ေနာက္ဆုံးအႀကိမ္ေတြ႕ခဲ့သည္ခ်ိန္ကို ျပန္သတိရသြားေလသည္။ သူမက သန္မတယ္၊ ရဲရင့္တယ္ ၿပီးေတာ့ တည္ၿငိမ္တဲ့မိန္းကေလးတစ္ေယာက္။ ဒါေပမယ့္ သူ႔ေရွ႕က ရွန္ရွင္းက်ေတာ့ ခ်စ္စရာေကာင္းၿပီး လိမၼာတဲ့ပုံပဲ။ ညီအစ္မႏွစ္ေယာက္က လုံးဝကို မတူတဲ့စတိုင္လ္ေတြနဲ႔ပါလား။

"ဟုတ္ပါတယ္ ေက်ာင္းအုပ္ႀကီးခ်န္း ရွင့္၊ သမီး ဒီေန႔ ဆရာႀကီးနဲ႔ ကိစၥေလးတစ္ခု စကားေျပာခ်င္လို႔ပါ"

ရွန္ရွင္းသည္ ေက်ာင္းအုပ္ခ်န္း ဝင္လာသည္ကို ေတြ႕လိုက္ခ်ိန္တြင္ ခ်က္ခ်င္းထရပ္ကာ သူ႔ကို ႏႈတ္ဆက္လိုက္ေလသည္. ေနာက္ဆုံး သူမသည္ အထက္တန္းေက်ာင္းသူတစ္ေယာက္ပင္။ ေက်ာင္းအုပ္ႀကီးႏွင့္ ပထမဆုံးအႀကိမ္ ေတြ႕ရျခင္းျဖစ္ရာ သူမသည္ စိုးရိမ္ပူပန္ေနေလသည္။

သူမသည္ ေအာက္ႏႈတ္ခမ္းကို ကိုက္ထားၿပီး သူမကိုယ္သူမ အားေပးလိုက္၏။ သူမသည္ စိုးရိမ္ေနေသာ္လည္း ေဘးက အိတ္ထဲက စာ႐ြက္ႏွစ္႐ြက္ကို ဆြဲထုတ္လိုက္ေလသည္။

" ဒါကဘာလဲ"

ေက်ာင္းအုပ္ႀကီးခ်န္းက ရွန္ရွင္းလွမ္းေပးလာသည့္ စာ႐ြက္ႏွစ္႐ြက္ကို ယူလိုက္သည္။ စာ႐ြက္ထဲတြင္ အၾကမ္းေရးထားသည္မ်ားႏွင့္ ျပည့္ေနၿပီး သူမ ဘာလုပ္ခ်င္ေနသည္ကို မသိေပ။

"ေက်ာင္းအုပ္ႀကီးရွင့္ သမီး ဒီကိစၥကို ဆရာႀကီးကို ဖုံးကြယ္မထားေတာ့ပါဘူး၊ သမီးက တခ်ိန္က အင္တာနက္ေပၚမွာ ျပန္႔ေနသည့္ သခ်ၤာပါရမီရွင္ပါ"

ရွန္ရွင္းသည္ ရွက္႐ြံ႕မေနဘဲ သခ်ၤာပညာရွင္ဟူသည့္ ဘြဲ႕အား သူမကိုယ္တိုင္ တံဆိပ္ကပ္လိုက္ေလေတာ့သည္။

...

အပိုင္း (၁၂၇) ကူညီဆက္သြယ္ေပးပါ

" ဘယ္လို"

ေက်ာင္းအုပ္ႀကီးခ်န္းသည္ အနည္းငယ္လန္႔ဖ်တ္သြားေတာ့သည္။ သူသည္လည္း ထိုသခ်ၤာပါရမီရွင္အေၾကာင္းကို ၾကားခဲ့ဖူးသည္။ လြန္ခဲ့သည့္အခ်ိန္တစ္ခုက ပြက္ေလာ႐ိုက္သြားခဲ့သည္။ အဆင့္ျမင့္သည့္ သခ်ၤာပါရမီရွိၿပီး သိုသိုသိပ္သိပ္ေနတတ္သည့္ သည္လူအေၾကာင္းကို လူမ်ားက ခန္႔မွန္းလာခဲ့ၾကသည္။

" မင္းက အဲဒီသခ်ၤာပါရမီရွင္ဟုတ္လား"

ေက်ာင္းအုပ္ႀကီးခ်န္က မယုံၾကည္ႏိုင္စြာျဖင့္ ေမးလိုက္၏။ သူ ဘယ္လိုေတြေတာင္ ကံေကာင္းေနတာလဲ။ နာမည္ေက်ာ္သခ်ၤာပါရီရွင္က တကယ္ေတာ့ သူ႔ေက်ာင္းကတဲ့လား။

" ဟုတ္ပါတယ္၊ ဒီအၾကမ္းစာ႐ြက္ႏွစ္႐ြက္က အင္တာနက္ေပၚက ဟာနဲ႔တူမတူ ဆရာႀကီး တစ္ခ်က္ေလာက္ၾကည့္ေပးပါ" ရွန္ရွင္းက အၾကမ္းစာ႐ြက္မ်ားကို ေက်ာင္းအုပ္ႀကီးခ်န္း၏ လက္ထဲသို႔ လြဲေပးလိုက္ေလသည္။

ေက်ာင္းအုပ္ႀကီးခ်န္းသည္ အၾကမ္းစာ႐ြက္မ်ားကို ယူကာ ျပည့္သိပ္က်ပ္ညႇပ္ေနေအာင္ ေရးထားသည့္ စာမ်ားကို ၾကည့္လိုက္ေလသည္။ အမွန္တြင္ေတာ့ သူသည္ အင္တာနက္ေပၚက ပိုစ့္ကို ေတြ႕ခဲ့ၿပီး စိတ္ဝင္စားခဲ့မိသည္။ ထို႔ေၾကာင့္ ဒါသည္ အင္တာနက္ေပၚက အၾကမ္းစာ႐ြက္ အမွန္တကယ္ျဖစ္ေနမွန္း တစ္ခ်က္ၾကည့္႐ုံႏွင့္ သိႏိုင္ေလသည္။

" မင္း အင္တာနက္ေပၚကေန printထုတ္ထားတာေတာ့ မဟုတ္ဘူးလား" ေက်ာင္းအုပ္ႀကီးက မယုံၾကည္ႏိုင္ျဖစ္ေန၏။

ဒီငတုံးကေတာ့ ငါက printထုတ္ခဲ့တယ္လို႔ ေျပာခ်င္တာေပါ့ေလ။ ရွန္ရွင္းသည္ စိတ္ထဲက က်ိန္ဆဲလိုက္ေလသည္။ သို႔ေသာ္ သူမ၏မ်က္ႏွာေပၚတြင္ေတာ့ဘာမွမေပၚေနေခ်။ သူမသည္ မ်က္ႏွာေပၚတြင္ ခ်ိဳသာသည့္ အၿပဳံးတစ္ခုကို ေဆာင္ထားဆဲ။

" ေက်ာင္းအုပ္ႀကီးခ်န္းရွင့္ သမီးကဒါကို ဘယ္လိုလုပ္ၿပီး print ထုတ္ႏိုင္မွာလဲ၊ ဘယ္လိုလုပ္ၿပီးေတာ့ ဒီလိုသတၱိမ်ိဳးရွိပါ့မလဲ၊ စာ႐ြက္ေပၚက အမွတ္အသားေတြကို ေသေသခ်ာခ်ာၾကည့္ေပးပါ"

ေက်ာင္းအုပ္ႀကီးခ်န္းက အနီးကပ္တစ္ခ်က္ၾကည့္လိုက္ေလ။ အမွန္ပင္ လက္ေရးႏွင့္ေရးထားျခင္းျဖစ္သည္။

" မင္း တကယ္ပဲ ဒါကို ေျဖရွင္းခဲ့တာလား" ေက်ာင္းအုပ္ႀကီးခ်န္က ထပ္ေမးလိုက္၏။ ဧကႏၲ ရွန္ယြဲ႕ရဲ႕မိသားစုေတြအားလုံးက ဉာဏ္ရည္အရမ္းျမင့္ၾကတာလား။

" သမီး ေရးခဲ့တာပါ"

ရွန္ရွင္းက တဖန္အေလးအနက္ေျပာလိုက္ေလသည္။ ထို႔ေနာက္ သူမက ေက်ာင္းအုပ္ႀကီးခ်န္းကို ေျပာလိုက္၏။

" ေက်ာင္းအုပ္ႀကီးခ်န္းရွင္ တကယ္ေတာ့ေလ ၿမိဳ႕ေတာ္တကၠသိုလ္က သမီးကို တစ္ခါ ဖိတ္ခဲ့ပါေသးတယ္၊ ၿမိဳ႕ေတာ္တကၠသိုလ္ကို အာမခံနဲ႔ဝင္လာႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္တဲ့၊ ဒါေပမယ့္ အဲဒီတုန္းက သမီး သူတို႔ကို ျငင္းခဲ့လိုက္တယ္"

" ဘာရယ္ မင္း တကယ္ပဲ ၿမိဳ႕ေတာ္တကၠသိုလ္ကို ျငင္းခဲ့တယ္ဟုတ္လား"

ရွန္ရွင္းသည္ သခ်ၤာပါရမီရွင္ျဖစ္သည့္ သတင္းေၾကာင့္ ေက်ာင္းအုပ္ႀကီးခ်န္းကို သတိျပန္မလည္လာခင္မွာပင္ ရွန္ရွင္း၏စကားမ်ားက သူ႔ကို ပိုၿပီးလန္႔ဖ်တ္သြားေစေတာ့သည္။ ဒီေန႔ေခတ္ ကေလးေတြကို လုံးဝနားမလည္ေတာ့ဘူး။ ဒီေလာက္တဲ့အခြင့္အေရးကို။ သူဆိုရင္ ခ်က္ခ်င္းသေဘာတူလိုက္မွာပဲ။

" အဲဒီတုန္း သမီးမွားသြားခဲ့မွန္းလည္း သိပါတယ္"

ရွန္ရွင္းက ေခါင္းငုံ႔ကာ ေနာင္တရေနပုံျဖစ္ေနသည္။ သူမက ယဥ္ယဥ္ေက်းေက်း ေျပာလိုက္၏။

" ေက်ာင္းအုပ္ႀကီးခ်န္းရွင့္ သမီးက အသက္ငယ္ၿပီး မဆင္ျခင္တတ္ခဲ့လို႔ ၿမိဳ႕ေတာ္တကၠသိုလ္ကို ျငင္းခဲ့မိတာပါ"

ရွန္ရွင္း၏ ပုံစံသည္ အလြန္မွ မ်က္စိလည္စရာေကာင္းေလသည္။ သူမသည္ အျပစ္ကင္းစင္ၿပီး အႏၲရာယ္ကင္းဟန္တူသည္။ သူမ၏သနားစဖြယ္က ႐ုပ္အသြင္ကို ထပ္ေပါင္းလိုက္လွ်င္ သူမသည္ တစ္စုံတစ္ေယာက္ေနရာတြင္ ဟန္ေဆာင္ေနသည္ဟု ထင္ဖို႔ေနေနသာသာ သူမက လိမ္ေနသည္ဟု မည္သူကမွ ထင္ၾကလိမ့္မည့္မဟုတ္ေပ။

ေက်ာင္းအုပ္ႀကီးခ်န္းက ထိုကိစၥကို မယုံေသာ္လည္း ရွန္ရွင္းက ရွန္ယြဲ႕၏ညီမေလးျဖစ္ေနသည့္အေၾကာင္း စဥ္းစားလိုက္ေလသည္။ ရွန္ယြဲ႕က အရမ္းေတာ္တဲ့သူဆိုေတာ့ ရွန္ရွင္းကလည္း မဆိုးေလာက္ပါဘူး။ ထို႔ေၾကာင့္ သူမက မယုံၾကည္ႏိုင္သျဖင့္ ေမးလိုက္ေတာ့သည္။

" မင္း ၿမိဳ႕ေတာ္တကၠသိုလ္ ကိုျငင္းခဲ့တယ္လို႔ေျပာတယ္ေနာ္၊ မင္းက သက္ေသရွိလား"

ရွန္ရွင္းသည္ ေက်ာင္းအုပ္ႀကီးခ်န္းသည္ သည္လိုေမးခြန္းမ်ိဳး ေမးလာႏိုင္သည္ဟု အေစာႀကီးကတည္းက ေမွ်ာ္လင့္ထားခဲ့ၿပီးျဖစ္သည္။ ထို႔ေၾကာင့္ သူ႔ ဖုန္းႏွင့္႐ိုက္ယူလာသည့္ ဓာတ္ပုံကို ထုတ္လိုက္၏။ သူမသည္ ဆင္ေျခတစ္ခုကိုလည္း စဥ္းစားထားၿပီးျဖစ္သည္။

" ၿမိဳ႕ေတာ္တကၠသိုလ္က သမီးကို ကမ္းလွ၎္းတုန္းက အရမ္း စိတ္လႈပ္ရွားသြားတာနဲ႔ အမွတ္တရဆိုၿပီး ဓာတ္ပုံတစ္ပုံ ႐ိုက္ထားခဲ့တယ္၊ ေနာက္ပိုင္း ပိုစ့္ကို ဖ်က္လိုက္ၿပီးေတာ့ ဒီစာေတြအားလုံးကိုလည္း ဖ်က္လိုက္ၿပီး လက္ထဲမွ ဒီဓာတ္ပုံတစ္ခုပဲ ခ်န္ထားခဲ့တာ"

ရွန္ရွင္းသည္ လိမ္ညာေနစဥ္ ရွက္သြားျခင္းမရွိေပ။ သူမသည္ စိတ္ရင္းႏွင့္ အမွန္ေျပာေနပုံရသည္။ ေက်ာင္းအုပ္ႀကီးက ရွန္ရွင္းဖုန္းကထဲက ဓာတ္ပုံကို ၾကည့္ကာ သူမကို အျပည့္အဝယုံၾကည္သြားေတာ့သည္။

" မင္းက လုံးဝမကို မဆင္ျခင္နဲ႔ပဲ"

ေက်ာင္းအုပ္ႀကီးခ်န္က သက္ျပင္းခ်လိုက္၏။

" မင္းက ၿမိဳ႕ေတာ္တကၠသိုလ္ကို ျငင္းလိုက္ၿပီဆိုမွေတာ့ အခုမွ ဘာလို႔ ငါ့ကို လာရွာေနတာလဲ"

ေက်ာင္းအုပ္ႀကီးက အဓိကအေၾကာင္းအရာကို ဆြဲထုတ္လာသည္ကို ေတြ႕လိုက္ရသည္တြင္ ရွန္ရွင္းက ဆက္ၿပီး ေကြ႕ပတ္ေျပာမေနေတာ့ေပ။ သူမက ေျပာလိုက္၏။

" သမီး ၿမိဳ႕ေတာ္တကၠသိုလ္ကို ျငင္းလိုက္ၿပီးကတည္းက ေနာင္တရေနခဲ့တာပါ၊ ဒါေပမယ့္ ၿမိဳ႕ေတာ္တကၠသိုလ္နဲ႔ ပတ္သက္တဲ့ စကားေျပာမွတ္တမ္းေတြကို ဖ်က္လိုက္မိၿပီး သူတို႔ကို ထပ္ဆက္သြယ္လို႔မရေတာ့လို႔ပါ၊ သမီး ၿမိဳ႕ေတာ္တကၠသိုလ္ရဲ႕ ေက်ာင္းဝင္ခြင့္အာမခံ ကိုလိုခ်င္ပါေသးတယ္၊ ဒါေၾကာင့္ ေက်ာင္းအုပ္ႀကီးဆီလာၿပီး သမီးကို သူတို႔နဲ႔ ကူညီဆက္သြယ္ေပးဖို႔ ေတာင္းဆိုခ်င္လို႔ပါ"

ရွန္ရွင္းတြင္လည္း သူမ၏ကိုယ္ပိုင္အစီအစဥ္ရွိေလသည္။ ရွန္ခ်န္ရဲ႕ဖုန္းကတဆင့္ ၿမိဳ႕ေတာ္တကၠသိုလ္ကို စာတစ္ေစာင္ပို႔ဖို႔က သူမအတြက္ လုံးဝမျဖစ္ႏိုင္ဘူးေလ။ မဟုတ္ရင္ ရွန္ယြဲ႕ ေသခ်ာေပါက္ သိသြားမွာေပါ့။ ဒါေၾကာင့္ သူမက သည္လို သြယ္ဝိုက္နည္းလမ္းသုံးၿပီး ဝင္ခြင့္ရေအာင္ အရင္ဆုံးလုပ္မွပဲ ရေတာ့မွာ။ ေနာက္မွ သူမ အလိမ္ေပၚ မေပၚကေတာ့ တကၠသိုလ္ထဲေရာက္တဲ့အထိ ေစာင့္ၾကည့္ရလိမ့္မယ္။

သူမ ဝင္ခြင့္အတည္ျပဳၿပီးသြားရင္ေတာ့ ရွန္ယြဲ႕သိသြားရင္ေတာင္ သူတို႔ေတြက သူမကို ေက်ာင္းဝင္ခြင့္မေပးလို႔ မယုံပါဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ေလ ရွန္ယြဲ႕က သူ႔အင္အားနဲ႔ ကိုယ္တိုင္ဝင္လို႔ရတာပဲ။ ဒီေတာ့ ရွန္ယြဲ႕က သူမကို ဒီအခြင့္အေရးေပးလိုက္ေတာ့ ဘာျဖစ္လဲ။ ရွန္ယြဲ႕ သေဘာမတူဘူးဆိုရင္ေတာင္ သူမရဲ႕အေမကေတာ့ သေဘာတူမွာပဲေလ။

ရွန္ရွင္းသည္ သူမ၏စိတ္ထဲတြင္ အစီစဥ္ေကာင္းတစ္ခု ဆြဲထားခဲ့ေလသည္။ သူမ၏လက္ထဲတြင္လည္း သက္ေသအျပည့္အစုံရွိထားသည္။ ေက်ာင္းအုပ္ႀကီးက ဘာမွမတတ္ႏိုင္ဘဲ သူမကို ယုံၾကည္ရလိမ့္မည္။

...

မဂၤလာပါရွင္! အခေၾကးေလး ေျပာင္းလဲထားပါတယ္ေနာ္။

GP - 1 (1 - 250) 1500 Ks.

GP - 2 (251 - 500) 2500 Ks.

Gp 1+2 3500Ks

အထူးလုပ္ႀကံေရးသမတစ္ေယာက္ရဲ႕စာမ်က္ႏွာသစ္ fb pageနဲ႔ https://t.me/OrchidSarPay tele accမွာ hi ပို႔ၿပီးဝယ္ယူႏိုင္ပါတယ္ရွင္။

. . .

Continue Reading

You'll Also Like

1.3M 46.1K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
5.1K 287 50
စုန့်လွမ်သည် "အာဏာရှင်ဝန်ကြီး" ဟု အမည်ပေးထားသော စာအုပ်ထဲကို ကူးပြောင်းလာခဲ့ပြီး ဇာတ်လိုက်၏ ဇနီးဖြစ်လာခဲ့သည်။ စာအုပ်ထဲမှာ မူလကိုယ်က မိုက်မဲကာ သူ့သားကိ...
1.5M 63.2K 74
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
79.4K 11.2K 82
ကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေ...