စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုး...

By BlackLily_WhiteLily

59.4K 6.3K 215

"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) C... More

Description
Intro- 1
Intro- 2
Intro- 3
Chapter 1.1
Chapter 1.2
Chapter 1.3
Chapter 1.4
Chapter 2.1
Just Information
Chapter 2.2
Chapter 2.3
Chapter 2.4
Chapter 2.5
Chapter 3.1
Chapter 3.2
Chapter 3.3
🎆🎆🎆Happy New Year🎆🎆🎆
Chapter 3.4
Chapter 3.5
Chapter 4.1
Chapter 4.2/4.3
Chapter 4.4/4.5
Chapter 4.6
Chapter 4.7
Chapter 5.1
Chapter 5.2
Chapter 5.3
Chapter 5.4
Chapter 5.5
Chapter 6.1
Chapter 6.2
Chapter 6.3
Chapter 6.4
Chapter 6.5
Chapter 7.1
Chapter 7.2
Chapter 7.3
Chapter 7.4
Chapter 7.5
Chapter 8.1
Chapter 8.2
Chapter 8.3
Chapter 8.4
Chapter 9.1
Chapter 9.2/9.3
Chapter 9.4/9.5
Chapter 9.6/9.7
Chapter 9.8/9.9
Chapter 9.10/9.11
Chapter 10.1/10.2
Chapter 10.3/10.4
Chapter 10.5/10.6
Chapter 10.7/10.8
Chapter 10.9/10.10
Chapter 10.11/10.12
Chapter 10.13/10.14
Chapter 10.15/10.16/10.17
Chapter 11(1,2)
Chapter 11 (3,4)
Chapter 11 (5,6)
Chapter 11.7, 12.1
Chapter 12 (2,3)
Chapter 12 (4,5)
Chapter 12 (6,7)
Chapter 12 (8,9)
Chapter 12 (10,11)
Chapter 12 (12,13)
Chapter 13(1,2)
Chapter 13 (3,4)
Chapter 13 (5,6)
Chapter 13 (7,8)
🔊🔊🔊 Telegram PG လေးစပါပြီ
Chapter 14.1/14.2
Chapter 14.3/14.4
Chapter 14.5/14.6
Chapter 14.7/14.8
Chapter 15.1/15.2
Chapter 15.3/15.4
Chapter 15.5/15.6
Chapter 15.7/15.8
Chapter 15.9/15.10
Chapter 15.11/15.12
Chapter 16.1/16.2
Chapter 16.3/16.4
Chapter 16.5/16.6
Chapter 16.7/16.8
Chapter 16.9/16.10
Chapter 16.11/16.12
Chapter 16.13/16.14

Chapter 13 (9,10,11)

515 56 1
By BlackLily_WhiteLily

အခန်း ၁၃ ကြေကွဲဖွယ်ကောင်းသော လက်ရွေးစင်များ (အပိုင်း ၉)

"ငါ...အဟမ်း..." စုလင်းက ရှက်ကိုးရှက်ကန်းနဲ့ ချောင်းဟန့်လိုက်သည်။

သူက 'ဘယ်သူက သူ(မ)အကြောင်း သိချင်နေလဲ?'ဟု ဆက်ပြောခါနီးတွင် စုရန်က ကြားဖြတ်ပြောလိုက်သည်။ "သိပါတယ်၊ တာ့ကောက မရီး ဘယ်တော့ ပြန်လာမယ်ဆိုတာကို မသိချင်ပါဘူး။ ကျွန်တော်က ပေါ့ပေါ့ပါးပါး ပြောလိုက်တာပါ၊ တာ့ကော မကြားဘူးလို့ သဘောထားလိုက်ပါ"

စုလင်း၏လင်းယုန်မျက်လုံးများက ဒေါသကြောင့် ပြူးကျယ်လာပြီး သူ့၏မကျေနပ်မှုများကို ဘယ်လိုဖြေဖျောက်ရမှန်းမသိ ဖြစ်နေသည်။ စုလင်းက စုရန်၏မျက်နှာကို အေးစက်သောအကြည့်ဖြင့် စိုက်ကြည့်နေသည်။ ဟန်ရှုနှင့် လက်ထောက်ယု၏မျက်နှာများက နီရဲသွားသော်လည်း သူတို့က လုံးဝ ထိန်းထားခဲ့သည်။ ဒီအချိန်မှာ ဘယ်လောက်ပဲရယ်ချင်နေနေ သူတို့ အကျယ်ကြီး အော်မရယ်ဝံ့ပါဘူး။ သူတို့ မသေချင်ဘူးသေးဆိုရင် အခုအချိန်မှာ ဘယ်လိုမှ ရယ်လို့မဖြစ်ပါဘူး။

တဲစခန်းတွင်းရှိ လေထုက အမှန်တကယ်ကို လိုက်လျောညီထွေမှု ကင်းမဲ့နေခဲ့သော်လည်း ကံကောင်းစွာပင် ထိုအခိုက်အတန့်တွင် တံခါးအပြင်ဘက်မှ စစ်သည်များက သတင်းပို့လာသည်။ "သတင်းပို့ပါတယ်၊ ကျန်းရှီစစ်သူကြီးက တွေ့ခွင့်တောင်းနေပါတယ်"

စုရန်က "သူကို အမြန်ကြိုဆိုလိုက်"ဟု ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ သူ ပြောလိုက်တာက သူ့အစ်ကိုကြီးပြောချင်တဲ့ အရာပဲ... ဒါပေမယ့် ခုနက ဘာလို့ အဲ့လောက်ဒေါသထွက်နေလဲဆိုတာတော့ သူလည်း မသိတော့ဘူး။

လို့မူဟိုင်က အခန်းထဲမှာ ဘာတွေဖြစ်နေလဲ မသိခဲ့သလို တဲထဲကို ဝင်လိုက်ချိန်မှာလည်း ထူးဆန်းနေတဲ့ လေထုကို သတိမထားမိဘဲ စုလင်းကို အသံကျယ်ကျယ်နဲ့ နူတ်ဆက်လိုက်သည်။ "စစ်သူကြီးစု"

သူ၏ နဂို အေးစက်ပြီး မာနထောင်လွှားနေသော ပုံရိပ်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သော စုလင်းက အနည်းငယ် ခေါင်းညိတ်ကာ တိုးညှင်းသောလေသံဖြင့် "လို့စစ်သူကြီး"

လို့မူဟိုင်က ဤတစ်ကြိမ်တွင် အလျင်လိုနေပုံရပြီး နှုတ်ခွန်းဆက်စကား အပြန်အလှန် ပြောပြီးနောက်တွင် သူက "စစ်သူကြီးစု၊ ဧကရာဇ်မင်းမြတ်က တစ်လအတွင်း ဓားပြတွေကို နှိမ်နင်းပြီး ရွှေတွေကို ပြန်ယူလာဖို့ အမိန့်ပေးထားတယ်။ အချိန်က သိပ်မကျန်တော့ဘူး၊ ဒီအတောအတွင်း မဖမ်းမိဘူးဆိုရင် ငါတို့မှာ နောက်ထပ် တိုက်ခိုက်မှုတစ်ခုလုပ်ဖို့ အချိန်မမှီလောက်တော့ဘူး၊ လဝက်အတွင်း မတိုက်နိုင်ရင် ငါတို့စစ်တပ်အတွက် ပိုခက်ခဲသွားမှာကို ငါ စိုးရိမ်တယ်"

"ဘာလို့လဲ?" စုလင်းက အံ့သြသွားသည်။

"ဘာလို့လဲ?" တဲတံခါးဝမှ ကန့်လန့်ကာက အနည်းငယ် မြှင့်တက်လာပြီး တချိန်တည်းမှာပင် ပြတ်သားသော အမျိုးသမီး အသံလည်း ထွက်ပေါ်လာသည်။

ဝင်လာသူက အနက်ရောင်ဝတ်စုံကို ၀တ်ဆင်ထားဆဲဖြစ်သော်လည်း သူမ၏အင်္ကျီလက်များနှင့် ဘောင်းဘီရှည်၏အနားစများက ရေများ စိုရွဲနေပြီး သူမ၏ဆံပင်ကလည်း အနည်းငယ် ရှုတ်ပွနေသည်။ ကံကောင်းထောက်မစွာနဲ့ပဲ သူမက ထိုအရာများကို လုံးဝ ဂရုမစိုက်ဘဲ ရှက်ရွံ့နေပုံလည်း မရပေ။

ကုယွင်က တဲအတွင်းသို့ ဝင်လာပြီး ချက်ချင်းပင် ပခုံးတွင် ပတ်တီးစများ ပတ်ထားသော စုလင်းကို တွေ့လိုက်သည်။ သူက ပြင်းထန်စွာ ဒဏ်ရာရနေပြီး ကောင်းကောင်း အနားမယူတာကြောင့် သူမ စိတ်ထဲတွင် တိတ်တဆိတ် ညည်းညူလိုက်သော်လည်း ကုယွင်က ဘာမှ ပြောမနေတော့ပေ။

ဒီလောက် ပြန်းထန်တဲ့ ဒဏ်ရာတွေ ရထားတာတောင် ကောင်းကောင်းမွန်မွန် နားမနေဘူး။ ထားလိုက်တော့ အဲ့တာက သူ နာတာ ငါ နာတာမှ မဟုတ်တာ၊ သူက ပြသနာရှာရတာ ကြိုက်ရင် လွှတ်ထားလိုက်မယ်၊ ငါက ဘာလို့ သူ့ကို ဂရုစိုက်ရမှာလဲ??

"သခင်မ ပြန်လာပြီလား?"

"သခင်မလေး၊ နောက်ဆုံးတော့ မင်း ပြန်လာပြီ"

ဟန်ရှုနှင့် လက်ထောက်ယုတို့က ကုယွင်ကို တစ်ချက်ကြည့်လိုက်ပြီး တစ်ချိန်တည်းနီးပါးပင် တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်ကာ ပြုံးပြနေကြသည်။ သူတို့၏နူတ်ဆက်သံများတွင် စိတ်အားထက်သန်မှုနှင့် လေးစားမှု အရိတ်အမြွတ်များ ပါဝင်နေသည်။ ထိုအခြေအနေက စုလင်းကို မျက်မှောင်ကြုတ်စေရုံသာမက လို့မူဟိုင်ကိုလည်း အနည်းငယ် မကျေမနပ်ဖြစ်စေသည်။

သူ ဒီတဲထဲ ဝင်လာတုန်းက အကြောင်းကြားဖို့ လိုအပ်တယ်လေ.... ချင်းမော့ကျတော့ ဘာကြောင့် ဒီလောက် အလွယ်တကူ ဝင်လာနိုင်တာလဲ??

(T/N: စုမိသားစုစစ်တပ်က သူ့အပိုင့်လေ)

"အဟမ်း... လို့စစ်သူကြီး၊ ဆက်ပြောပါ" စုရန်က စိတ်ထဲတွင် ကျိတ်ရယ်နေသော်လည်း ဤအခိုက်တွင် ပိုအရေးကြီးသောအရာကို ပြောသင့်ကြောင်း သူ နားလည်နေသေးသည်။

ငါက ငါ့ကိုယ်ငါ မိန်းခလေးတစ်ယောက်နဲ့ နှိုင်းယှဥ်နေမိတာလား? လို့မူဟိုင်က အသက်ကြီးလာသည်နှင့်အမျှ စိတ်များပိုမိုရှုပ်ထွေးလာသည့် မိမိကိုယ်ကို တိတ်တဆိတ် ကျိန်ဆဲလိုက်ပြီး ပြောနေသည့်အကြောင်းအရာကို ဆက်လက် ပြောဆိုလိုက်သည်။ "နှစ်တွေ အကြာကြီး လေ့လာခဲ့တဲ့ ငါ့ရဲ့တွေ့ရှိချက်အရ အဲဒီသစ်တောမှာ မိုးရေလှိုင်း ပုံစံတွေ ရှိတယ်။ ဆယ့်နှစ်ရက်နေ့ ဒါမှမဟုတ် ဆယ့်သုံးရက်နေ့တိုင်းမှာ မိုးစရွာပြီး ခုနစ်ရက် ရှစ်ရက်လောက် မိုးဆက်တိုက်ရွာတယ်၊ မိုးရာသီ မကုန်ဆုံးသ‌ရွေ့ အဲ့လိုပဲ ဖြစ်နေမှာ"

အခန်း ၁၃ ကြေကွဲဖွယ်ကောင်းသော လက်ရွေးစင်များ (အပိုင်း ၁၀)

လက်ထောက်ယုက အံ့အားသင့်သွားသည်။ "ဒါဆို ငါတို့စစ်တပ်ရောက်လာတဲ့အချိန်က မိုးနည်းတဲ့အချိန်လို့ ဆိုလိုတာလား?"

အဲ့တာက မဖြစ်နိုင်ဘူး!!! မိုးနည်းနည်းရွာတဲ့အချိန်တောင် ဒီလိုမျိုးတွေ ဖြစ်နေရင် မိုးအရမ်းရွာလာတဲ့အခါ ဘယ်လိုတွေ ဖြစ်ကုန်မှာတုန်း???

လို့မူဟိုင်က "ဟုတ်တယ်၊ နောက်သုံးလေးရက်လောက်ကြာရင် မိုးအသစ်ထပ်ရွာလိမ့်မယ်။ အဲဒီအခါမှာ တစ်နေ့ကို အနည်းဆုံး ဆယ်ရှီးချန်လောက် မိုးရွာနေလိမ့်မယ်"

အနည်းဆုံး ဆယ်ရှီးချန်??? လက်ထောက်ယုက လုံးဝ အံ့အားသင့်သွားသည်။

ကုယွင်၏မျက်နှာအမူအရာကလည်း ကြည့်ကောင်းမနေတော့ပေ။ သူမက သက်ပြင်းချလိုက်ပြီး "အခုတောင် မိုးသစ်တောမှာ တိုက်ပွဲဝင်ဖို့ ခက်နေတာ။ မိုးသာ ရွာနေမယ်ဆိုရင်... စစ်သည်တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်နဲ့ တိုက်ခိုက်ရေးအင်အားက အနည်းဆုံး ထက်ဝက်လောက် လျော့ကျသွားလိမ့်မယ်"

စုလင်း၏အနက်ရောင်မျက်လုံးများက သူမ ဝင်လာကတည်းက သူမကိုသာ အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။ ကုယွင်က သူ့အကြည့်များကြောင့် ထူးဆန်းသလို ခံစားနေရပေမယ့် လှောင်ပြောင်သော အကြည့်ကို ပြန်ပေးလိုက်ပြီး "ကျွန်မပြောတာကို မယုံဘူးလား။ စစ်သူကြီးစုက အပြင်ကို ထွက်ပြီး အဆင့်မြင့်လက်ရွေးစင်လို့ ခေါ်တဲ့ ထိပ်တန်းစစ်သည်တွေကို သွားကြည့်သင့်တယ်။ အခုတောင် မိုးသစ်တောထဲမှာ တစ်ရက်ပဲရှိသေးတယ်၊ ဘယ်လိုဖြစ်နေကြလဲ သွားကြည့်လိုက်ဦး"

ကုယွင်က သူ ဒေါသထပ်ထွက်လာတော့မယ်လို့ ထင်ထားပေမယ့် မထင်မှတ်ပဲ ကျဉ်းမြောင်းအေးစက်တဲ့ မျက်လုံးတွေထဲမှာ အကူအညီမဲ့မှုနဲ့ စိုးရိမ်မှုအရိပ်အယောင်တွေကို သူမ တွေ့လိုက်ရသည်။ ကုယွင်က သူမ မိုးသစ်တောထဲမှာ အချိန်အတော်ကြာနေခဲ့ရတာကြောင့် အနည်းငယ် စိတ်ရှုပ်နေပြီး အမြင်အာရုံတွေ တွေးခေါ်နိုင်စွမ်းတွေ ကျဆင်းသွားတာလားလို့တောင် သူမကိုယ်သူမ သံသယဖြစ်နေကာ ထပ်မံအတည်ပြုရန် သူ့ကို ထပ်ကြည့်လိုက်ပေမယ့် စုလင်းက ဘာမှ မဖြစ်သလို အမူအရာနဲ့ အကြည့်လွှဲသွားသည်။

စုရန်က "သူပုန်တွေရဲ့ ရေအရင်းအမြစ်ကို ရှာပြီး မြန်မြန် တိုက်ခိုက်ကြမယ်"

ငါ မြင်တာ မှားနေတာ နေမှာပါ....

"ရေဝေစနစ်ရဲ့မြေပုံကို ကျွန်တော် ဆွဲထားပြီးပြီ။ ဒီနည်းနဲ့ သူပုန်စခန်းရဲ့ ခန့်မှန်းတည်နေရာကို မြန်မြန်ရှာနိုင်မယ်။ ကျွန်တော်တို့စစ်တပ်မှာ လူ သုံးသောင်းရှိတယ်။ သူတို့ရဲ့ ရေအရင်းအမြစ်ကို ရှာနိုင်သရွေ့တော့ ကျွန်တော်တို့အတွက် လွယ်ကူလိမ့်မယ်။ အဲ့တာဆိုရင် သူပုန်တွေရဲ့နေရာကို တစ်ရှိန်ထိုး ဖျက်ဆီးပစ်ဖို့ အခွင့်အရေးတွေ အများကြီး ရှိနေလိမ့်မယ်" စုရန်က ပြောနေရင်းနဲ့ ဟန်ရှုကို ကြည့်လိုက်ကာ "ခင်ဗျား သူပုန်စခန်းမှာ သုံးရက်နေခဲ့တယ်မလား?? ခင်ဗျား တစ်ခုခု ရှာတွေ့ခဲ့သေးလား၊ ပတ်ဝန်းကျင်က ဘယ်လိုလဲ?"

"အင်း... ငါ အဖမ်းခံရပြီး မေ့မြောသွားခဲ့တယ်၊ နိုးလာတော့ အမှောင်ထဲမှာ သုံးရက်ဆက်တိုက် ဂူတစ်ဂူထဲမှာ ပိတ်လှောင်ခံခဲ့ရတယ်။ အဲဒီ သူပုန်တွေက စည်းစနစ်ရှိတယ်။ ငါ သူတို့ကို လှည့်စားဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ သူတို့က ငါ့ကို ဂရုစိုက်တောင် မစိုက်ဘူး၊ ကျီးပါးစပ်ချိုင့်ဝှမ်းကို ခေါ်သွားတဲ့အချိန်က ငါ့မျက်လုံးတွေကို အဝတ်နဲ့အုပ်ထားတယ်၊ သူတို့ စထွက်တဲ့အချိန်မှာ ကောင်းကင်က လုံးဝ မှောင်နေပြီ၊ အဲဒီကိုရောက်ဖို့ ငါးရှီးချန်၊ ခြောက်ရှီးချန်လောက်ကြာတယ်လို့ ခံစားရတယ်" ဟန်ရှုက အဲ့အကြောင်းပြောနေရင်း ဒေါသဖြစ်နေပြန်တယ်။ သူရဲ့အမြဲတမ်း ကျယ်လောင်နေတဲ့ အသံက အခု အရမ်းကို ကျယ်လောင်နေတယ်။ ရိုးရိုးရှင်းရှင်းပြောရရင် အော်ဟစ်နေသလားတောင် မှတ်ရတယ်။

"ငါးရှီးချန်၊ ခြောက်ရှီးချန်လား?" ကုယွင်က သူမနားရွက်ကို ပြန်ကုတ်နေသည်။ သူ၏ဒေါသအကြည့်နှင့် သက်ဝင်လှုပ်ရှားနေသော အမူအရာများကို ကြည့်လျှင် သူ့ဒဏ်ရာများက မစိုးရိမ်ရဘူးဟု ခန့်မှန်းနိုင်သည်။ ကုယွင်က ပြုံးလိုက်ပြီး "ဒီရေဝေစနစ်မြေပုံအရတော့ သူတို့ရဲ့စခန်းက သိပ်မဝေးလို့ ယူဆနိုင်တယ်။ သူတို့က ရှင် သတိမထားမိအောင် လှည့်စားဖို့ အချိန်ယူပြီး အဝေးကြီးကို ပတ်ခေါ်သွားပုံရတယ်"

ကုယွင်၏စကားကို နားထောင်ပြီးနောက် ဟန်ရှုက ဒေါသအရမ်းထွက်လာပြီး သူ့လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားလိုက်သည်။ သူက သူပုန်များကို ချက်ချင်း ဖြိုခွင်းချင်နေပုံရပြီး စိုးရိမ်တကြီးဖြင့် "မင်းရဲ့သုံးသပ်ချက်အရ သူပုန်တွေရဲ့ အသိုက်က ဘယ်နေရာဖြစ်မလဲ?"

ကုယွင်က စားပွဲရှည်ကြီးဆီသို့ လျှောက်သွားလိုက်ပြီး ကပ်လျက်နေရာနှစ်ခုကို လက်ညှိုးထိုးပြလိုက်ကာ "ဒီနေရာနဲ့ ဒီနေရာ၊ ညာဘက်ကနေရာက မြစ်လက်တက်သုံးခု ဆုံဆည်းတဲ့နေရာနဲ့ အရမ်းနီးကပ်နေတယ်။ မိုးရာသီ မဟုတ်ရင်တောင် ရေပြတ်လပ်မှာကို စိတ်ပူဖို့ မလိုဘူး၊ ပြီးတော့ လမ်းရှောင်းနဲ့တခြားသူတွေက အဲ့နားကရေကန်မှာ သူပုန်တွေကို တွေ့လိုက်တယ်၊ ဒါက သူတို့ရဲ့တည်နေရာက ဒီမှာ ဖြစ်နိုင်ချေရှိတယ်ဆိုတာ ပြသနေတယ်၊ ဘယ်ဘက်ခြမ်းက ဒီနေရာက..." ကုယွင်က ခဏရပ်လိုက်ပြီးမှ ခဏအကြာတွင် အပြုံးလေးဖြင့် ဆက်ပြောလိုက်သည်။ "ရွှေတွေဝှက်ထားတဲ့ နေရာလို့ ထင်တယ်"

အခန်း ၁၃ ကြေကွဲဖွယ်ကောင်းသော လက်ရွေးစင်များ (အပိုင်း ၁၁)

ရွှေအကြောင်းကို ကြားသောအခါ အားလုံး၏မျက်လုံးများက တောက်ပလာပြီး စုရန်က ရယ်မောနေကာ "မင်းက ဘာလို့ အဲ့လိုထင်တာလဲ?"

ကုယွင်က စိတ်ပါလက်ပါ ပြုံးနေပြီး ပြန်ဖြေရန် ပြင်ဆင်နေချိန်တွင် စုလင်း၏ အေးစက်သောအသံကို ကြားလိုက်ရသည်။ "အဲ့နေရာက သူ(မ) ခနပြောခဲ့တဲ့ ရေကန်နဲ့ သိပ်မဝေးဘူး။ မြေအနေအထားက အရှုပ်ထွေးဆုံးဖြစ်နေပေမယ့် ရွှေပြောင်းနိုင်တဲ့ တောလမ်းတွေ အများကြီး ရှိနေတယ်၊ ဘယ်လမ်းကြောင်းကနေမဆို ရွှေတွေကို သယ်ယူ ပို့ဆောင်လို့ အဆင်ပြေစေတယ်"

ကုယွင်က ပခုံးတွန့်တာ ငြိမ်နေလိုက်သည်။ တစ်စုံတစ်ယောက်က ပြောလိုက်ပြီ ဆိုမှတော့ သူမ ထပ်ပြောနေစရာ မလိုတော့ဘူးလေ။

ဟန်ရှုက ဟက်ဟက်ပက်ပက် ပြုံးလိုက်ပြီး "ကောင်းလိုက်တာ၊ သူတို့ရဲ့အသိုက်နဲ့ ရွှေတွေ ဘယ်မှာရှိတယ်ဆိုတာ ငါတို့ သိလိုက်ရပြီ၊ မနက်ဖြန်ကျရင်တော့ အံ့အားသင့်စရာ တိုက်ခိုက်မှုတစ်ခု လုပ်နိုင်မှာပါ၊ သူတို့ကို သေချာပေါက် ဖမ်းနိုင်ရမယ်!"

ဟန်ရှု၏စိတ်လှုပ်ရှားမှုနှင့် ယှဉ်လျှင် လက်ထောက်ယုက အများကြီး ငြိမ်သက်နေပြီး "ဒီနေရာရဲ့မြေပြင်အနေအထားက တကယ်ကို ရှုပ်ထွေးတယ်၊ ကျွန်တော်တို့ တပ်ဖွဲ့တွေ ဘယ်လို စေလွှတ်ပြီး ဘယ်လိုဖွဲ့စည်းပုံ‌ဗျူဟာနဲ့ တိုက်ခိုက်မယ်ဆိုတာ စဉ်းစားဖို့ လိုနေသေးတယ်"

"မီးရှို့မယ်"

"မီးနဲ့ တိုက်ခိုက်မယ်"

လူနှစ်ယောက်က တညီတညွတ်တည်း ပြောဆိုလိုက်ကြသည်။ ကုယွင်က မျက်ခုံးပင့်ကာ အနည်းငယ် စိတ်ပျက်နေပြီး ကူကယ်ရာမဲ့ ဖြစ်နေခဲ့သည်။ စုလင်း၏မျက်နှာကလည်း မည်းမှောင်နေပြီး သူ ဘာကို တွေးနေသည်ကို မည်သူမျှ မသိနိုင်ပေ။ ဒီနေ့ တစ်စုံတစ်ခုတော့ မှားယွင်းနေပုံရတယ်။ သူတို့ ဘယ်အချိန်က တစ်ယောက်နဲ့တစ်ယောက် ဒီလို တိတ်တဆိတ် နားလည်မှုရသွားတာလဲ??

လူတိုင်း၏ စူးစမ်းသော မျက်လုံးများအောက်တွင် ကုယွင်က အခြားမည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ မြေပုံကိုသာ ဆက်လက်လေ့လာနေခဲ့ပြီး စုလင်းက သူတို့ကို သူ့၏လင်းယုန်မျက်လုံးကြီးများဖြင့် စိုက်ကြည့်နေတာကြောင့် သူတို့က ချက်ချင်း အကြည့်လွှဲလိုက်ပြီး မည်သူမျှ ထပ်မကြည့်ဝံ့တော့ပေ။

စုလင်းက သူတို့ကို စိုက်ကြည့်နေတာကြောင့် သူတို့က ဘာမှ မသိဟန်ဆောင်ကာ အလုပ်ရှုပ်နေသည့်ပုံစံဖြင့် ဆွေးနွေးလာကြသည်။

"ဟုတ်တယ်၊ မီးနဲ့တိုက်ခိုက်တာက အရမ်းကောင်းတယ်!"

"ဟုတ်တယ်၊ မိုးသစ်တောထဲမှာ ခန့်မှန်းလို့မရတဲ့ မြေအနေအထားက သူတို့ရဲ့ အကြီးမားဆုံး အားသာချက်ပဲ။ သူတို့နေရာအနီးတဝိုက် တောမီးလောင်ရင် သူတို့ ပုန်းစရာနေရာ မရှိလောက်တော့ဘူး"

"အဓိပ္ပါယ်ရှိတယ်!"

သုံးယောက်သား စည်းစည်းလုံးလုံးဖြင့် တညီတညွတ်တည်း ပြောဆိုနေကြသော်လည်း လို့မူဟိုင်ကတော့ ဆူညံပွက်လောရိုက်အောင် မလုပ်ဘဲ "မြေပုံပေါ်က မြေပြင်အနေအထားအရ ဒီနေရာက လမ်းကြောင်းအားလုံးကို ချိတ်ဆက်ထားတယ်။ ပြီးတော့ တောကလည်း ထူနေသေးတယ်၊ အဲ့တာကြောင့် သူတို့ကို ဖမ်းရခက်မှာကို စိုးရိမ်မိတယ်။"

ဟန်ရှုနှင့်လက်ထောက်ယုတို့နှင့်အတူ အတူတကွ ထောက်ခံနေသည့် စုရန်က လေးနက်သောအမူအရာကို ပြန်ပြောင်းကာ ဆွေးနွေးလိုက်သည်။ "ဒီတာဝန်ရဲ့အဓိက အကြောင်းအရာက ရွှေတွေပဲ။ သူပုန်တွေ ရှိနေတာက နေ့ချင်းညချင်း ဖြစ်လာတာ မဟုတ်ဘူး။ သူတို့အာလုံးကို မဖမ်းနိုင်ရင်တောင် ‌ရွှေတွေကို ပြန်ယူနိုင်ရင် သူတို့အတွက် ပြင်းထန်တဲ့ ထိုးနှက်ချက်တစ်ခုဖြစ်သွားလိမ့်မယ်၊ သူတို့ခြေထောက်ပေါ်သူတို့ ပြန်ရပ်နိုင်ဖို့တောင် မလွယ်လောက်ဘူး"

ဟန်ရှုက ခေါင်းညိတ်ထောက်ခံလာပြီး "ဟုတ်တယ်၊ မီးနဲ့တိုက်ခိုက်တာက ကောင်းပေမယ့် မိုးသစ်တောထဲက ရေငွေ့က စိုထိုင်းစ အရမ်းပြင်းတယ်"

"ဆီနဲ့ ဆာလဖာကို သုံးမယ်။ မိုးမရွာသရွေ့ အဲ့နေရာကို လောင်ကျွမ်းသွားစေနိုင်တယ်!"

သူတို့ရဲ့မျက်နှာပုံစံပြောင်းလဲနည်းက မြန်ဆန်လွန်းတယ်။ စုလင်းကတော့ အံ့သြမနေဘဲ အေးအေးဆေးဆေး ဆက်ဆွေးနွေးနေပေမယ့် ကုယွင်ကတော့ သည်းမခံနိုင်တော့လို့ မျက်လုံးတွေပဲ မှိတ်ချထားလိုက်တော့တယ်။

"ကောင်းပြီ၊ ငါ အခု ပြင်ဆင်ဖို့ ပေ့ချန်ကို ပြန်သွားမယ်။ မနက်ဖြန် နေ့လည် မတိုင်ခင်မှာ အားလုံး အဆင်သင့် ဖြစ်နေစေရမယ်" စစ်သေနာပတိဖြစ်တဲ့ စုလင်းက နည်းလမ်းကို ပြောနေတာကြောင့် လို့မူဟိုင်က အပြည့်အဝ ပူးပေါင်း ဆောင်ရွက်ရတော့မည်ပင်။

"ဒါဆို လို့စစ်သူကြီးကို အပ်ထားလိုက်ပါ့မယ်၊ မနက်ဖြန်နေ့လည်မှာ ပြန်တွေ့ကြရအောင်"

"ကောင်းပြီ!" လို့မူဟိုင်က ရွှင်ပြုံးရွှင်ရွှင်နဲ့ သဘောတူပြီး တဲထဲက ပြန်ထွက်သွားသည်။ စုလင်းက စားပွဲဆီကို ပြန်သွားပြီး ဗျူဟာများ ဆက်ဆွေးနွေးရန် ပြင်ဆင်လိုက်သည်။ "ရန်၊ ဟန်ရှု၊ လက်ထောက်စစ်သူကြီးယု... မနက်ဖြန် တိုက်ခိုက်ကြမယ်ဆိုတော့ တပ်ဖြန့်ချီရေးနဲ့ ထိုးစစ်ဗျူဟာတွေအပေါ် မင်းတို့ရဲ့အမြင်ကို ပြောကြ"

"ဟုတ်​ကဲ့​" သူတို့​သုံးယောက်က​ စုလင်းအမိန့်ကို နာခံပြီး စားပွဲဆီသွားကာ ဆွေးနွေးနေကြသည်​။

ကုယွင်က ခါးကြော ဆန့်လိုက်သည်။ သူတို့က စစ်ရေးကိစ္စများကို ဆွေးနွေးနေကြတာကြောင့် သူမမှာ ဘာမှ လုပ်စရာ မရှိတော့ဘူး။ အလိုက်တသိ ထွက်သွားတာက ပိုကောင်းမယ်။ သူမက စားပွဲဝိုင်းကို လှည့်ပတ်သွားလိုက်ပြီး တဲကန့်လန့်ကာကို လက်ဖြင့် ညင်သာစွာ ဖွင့်လိုက်ချိန်တွင် သူမနောက်မှ အေးစိမ့်စိမ့်အသံကြီး ထွက်လာသည်။

"ရပ်လိုက်"

💜💜💜Thank you so much for your reading time, Votes , comments, and supports💜💜💜

အခန္း ၁၃ ေၾကကြဲဖြယ္ေကာင္းေသာ လက္ေ႐ြးစင္မ်ား (အပိုင္း ၉)

"ငါ...အဟမ္း..." စုလင္းက ရွက္ကိုးရွက္ကန္းနဲ႔ ေခ်ာင္းဟန႔္လိုက္သည္။

သူက 'ဘယ္သူက သူ(မ)အေၾကာင္း သိခ်င္ေနလဲ?'ဟု ဆက္ေျပာခါနီးတြင္ စုရန္က ၾကားျဖတ္ေျပာလိုက္သည္။ "သိပါတယ္၊ တာ့ေကာက မရီး ဘယ္ေတာ့ ျပန္လာမယ္ဆိုတာကို မသိခ်င္ပါဘူး။ ကြၽန္ေတာ္က ေပါ့ေပါ့ပါးပါး ေျပာလိုက္တာပါ၊ တာ့ေကာ မၾကားဘူးလို႔ သေဘာထားလိုက္ပါ"

စုလင္း၏လင္းယုန္မ်က္လုံးမ်ားက ေဒါသေၾကာင့္ ျပဴးက်ယ္လာၿပီး သူ႔၏မေက်နပ္မႈမ်ားကို ဘယ္လိုေျဖေဖ်ာက္ရမွန္းမသိ ျဖစ္ေနသည္။ စုလင္းက စုရန္၏မ်က္ႏွာကို ေအးစက္ေသာအၾကည့္ျဖင့္ စိုက္ၾကည့္ေနသည္။ ဟန္ရႈႏွင့္ လက္ေထာက္ယု၏မ်က္ႏွာမ်ားက နီရဲသြားေသာ္လည္း သူတို႔က လုံးဝ ထိန္းထားခဲ့သည္။ ဒီအခ်ိန္မွာ ဘယ္ေလာက္ပဲရယ္ခ်င္ေနေန သူတို႔ အက်ယ္ႀကီး ေအာ္မရယ္ဝံ့ပါဘူး။ သူတို႔ မေသခ်င္ဘူးေသးဆိုရင္ အခုအခ်ိန္မွာ ဘယ္လိုမွ ရယ္လို႔မျဖစ္ပါဘူး။

တဲစခန္းတြင္းရွိ ေလထုက အမွန္တကယ္ကို လိုက္ေလ်ာညီေထြမႈ ကင္းမဲ့ေနခဲ့ေသာ္လည္း ကံေကာင္းစြာပင္ ထိုအခိုက္အတန႔္တြင္ တံခါးအျပင္ဘက္မွ စစ္သည္မ်ားက သတင္းပို႔လာသည္။ "သတင္းပို႔ပါတယ္၊ က်န္းရွီစစ္သူႀကီးက ေတြ႕ခြင့္ေတာင္းေနပါတယ္"

စုရန္က "သူကို အျမန္ႀကိဳဆိုလိုက္"ဟု ေပါ့ေပါ့ပါးပါး ေျပာလိုက္သည္။ သူ ေျပာလိုက္တာက သူ႔အစ္ကိုႀကီးေျပာခ်င္တဲ့ အရာပဲ... ဒါေပမယ့္ ခုနက ဘာလို႔ အဲ့ေလာက္ေဒါသထြက္ေနလဲဆိုတာေတာ့ သူလည္း မသိေတာ့ဘူး။

လို႔မူဟိုင္က အခန္းထဲမွာ ဘာေတြျဖစ္ေနလဲ မသိခဲ့သလို တဲထဲကို ဝင္လိုက္ခ်ိန္မွာလည္း ထူးဆန္းေနတဲ့ ေလထုကို သတိမထားမိဘဲ စုလင္းကို အသံက်ယ္က်ယ္နဲ႔ ႏူတ္ဆက္လိုက္သည္။ "စစ္သူႀကီးစု"

သူ၏ နဂို ေအးစက္ၿပီး မာနေထာင္လႊားေနေသာ ပုံရိပ္သို႔ ျပန္လည္ေရာက္ရွိေနၿပီျဖစ္ေသာ စုလင္းက အနည္းငယ္ ေခါင္းညိတ္ကာ တိုးညႇင္းေသာေလသံျဖင့္ "လို႔စစ္သူႀကီး"

လို႔မူဟိုင္က ဤတစ္ႀကိမ္တြင္ အလ်င္လိုေနပုံရၿပီး ႏႈတ္ခြန္းဆက္စကား အျပန္အလွန္ ေျပာၿပီးေနာက္တြင္ သူက "စစ္သူႀကီးစု၊ ဧကရာဇ္မင္းျမတ္က တစ္လအတြင္း ဓားျပေတြကို ႏွိမ္နင္းၿပီး ေ႐ႊေတြကို ျပန္ယူလာဖို႔ အမိန႔္ေပးထားတယ္။ အခ်ိန္က သိပ္မက်န္ေတာ့ဘူး၊ ဒီအေတာအတြင္း မဖမ္းမိဘူးဆိုရင္ ငါတို႔မွာ ေနာက္ထပ္ တိုက္ခိုက္မႈတစ္ခုလုပ္ဖို႔ အခ်ိန္မမွီေလာက္ေတာ့ဘူး၊ လဝက္အတြင္း မတိုက္ႏိုင္ရင္ ငါတို႔စစ္တပ္အတြက္ ပိုခက္ခဲသြားမွာကို ငါ စိုးရိမ္တယ္"

"ဘာလို႔လဲ?" စုလင္းက အံ့ၾသသြားသည္။

"ဘာလို႔လဲ?" တဲတံခါးဝမွ ကန႔္လန႔္ကာက အနည္းငယ္ ျမႇင့္တက္လာၿပီး တခ်ိန္တည္းမွာပင္ ျပတ္သားေသာ အမ်ိဳးသမီး အသံလည္း ထြက္ေပၚလာသည္။

ဝင္လာသူက အနက္ေရာင္ဝတ္စုံကို ၀တ္ဆင္ထားဆဲျဖစ္ေသာ္လည္း သူမ၏အက်ႌလက္မ်ားႏွင့္ ေဘာင္းဘီရွည္၏အနားစမ်ားက ေရမ်ား စို႐ြဲေနၿပီး သူမ၏ဆံပင္ကလည္း အနည္းငယ္ ရႈတ္ပြေနသည္။ ကံေကာင္းေထာက္မစြာနဲ႔ပဲ သူမက ထိုအရာမ်ားကို လုံးဝ ဂ႐ုမစိုက္ဘဲ ရွက္႐ြံ႕ေနပုံလည္း မရေပ။

ကုယြင္က တဲအတြင္းသို႔ ဝင္လာၿပီး ခ်က္ခ်င္းပင္ ပခုံးတြင္ ပတ္တီးစမ်ား ပတ္ထားေသာ စုလင္းကို ေတြ႕လိုက္သည္။ သူက ျပင္းထန္စြာ ဒဏ္ရာရေနၿပီး ေကာင္းေကာင္း အနားမယူတာေၾကာင့္ သူမ စိတ္ထဲတြင္ တိတ္တဆိတ္ ညည္းညဴလိုက္ေသာ္လည္း ကုယြင္က ဘာမွ ေျပာမေနေတာ့ေပ။

ဒီေလာက္ ျပန္းထန္တဲ့ ဒဏ္ရာေတြ ရထားတာေတာင္ ေကာင္းေကာင္းမြန္မြန္ နားမေနဘူး။ ထားလိုက္ေတာ့ အဲ့တာက သူ နာတာ ငါ နာတာမွ မဟုတ္တာ၊ သူက ျပသနာရွာရတာ ႀကိဳက္ရင္ လႊတ္ထားလိုက္မယ္၊ ငါက ဘာလို႔ သူ႔ကို ဂ႐ုစိုက္ရမွာလဲ??

"သခင္မ ျပန္လာၿပီလား?"

"သခင္မေလး၊ ေနာက္ဆုံးေတာ့ မင္း ျပန္လာၿပီ"

ဟန္ရႈႏွင့္ လက္ေထာက္ယုတို႔က ကုယြင္ကို တစ္ခ်က္ၾကည့္လိုက္ၿပီး တစ္ခ်ိန္တည္းနီးပါးပင္ တစ္ေယာက္ကို တစ္ေယာက္ ျပန္ၾကည့္ကာ ၿပဳံးျပေနၾကသည္။ သူတို႔၏ႏူတ္ဆက္သံမ်ားတြင္ စိတ္အားထက္သန္မႈႏွင့္ ေလးစားမႈ အရိတ္အႁမြတ္မ်ား ပါဝင္ေနသည္။ ထိုအေျခအေနက စုလင္းကို မ်က္ေမွာင္ၾကဳတ္ေစ႐ုံသာမက လို႔မူဟိုင္ကိုလည္း အနည္းငယ္ မေက်မနပ္ျဖစ္ေစသည္။

သူ ဒီတဲထဲ ဝင္လာတုန္းက အေၾကာင္းၾကားဖို႔ လိုအပ္တယ္ေလ.... ခ်င္းေမာ့က်ေတာ့ ဘာေၾကာင့္ ဒီေလာက္ အလြယ္တကူ ဝင္လာႏိုင္တာလဲ??

(T/N: စုမိသားစုစစ္တပ္က သူ႔အပိုင့္ေလ)

"အဟမ္း... လို႔စစ္သူႀကီး၊ ဆက္ေျပာပါ" စုရန္က စိတ္ထဲတြင္ က်ိတ္ရယ္ေနေသာ္လည္း ဤအခိုက္တြင္ ပိုအေရးႀကီးေသာအရာကို ေျပာသင့္ေၾကာင္း သူ နားလည္ေနေသးသည္။

ငါက ငါ့ကိုယ္ငါ မိန္းခေလးတစ္ေယာက္နဲ႔ ႏႈိင္းယွဥ္ေနမိတာလား? လို႔မူဟိုင္က အသက္ႀကီးလာသည္ႏွင့္အမွ် စိတ္မ်ားပိုမိုရႈပ္ေထြးလာသည့္ မိမိကိုယ္ကို တိတ္တဆိတ္ က်ိန္ဆဲလိုက္ၿပီး ေျပာေနသည့္အေၾကာင္းအရာကို ဆက္လက္ ေျပာဆိုလိုက္သည္။ "ႏွစ္ေတြ အၾကာႀကီး ေလ့လာခဲ့တဲ့ ငါ့ရဲ႕ေတြ႕ရွိခ်က္အရ အဲဒီသစ္ေတာမွာ မိုးေရလႈိင္း ပုံစံေတြ ရွိတယ္။ ဆယ့္ႏွစ္ရက္ေန႔ ဒါမွမဟုတ္ ဆယ့္သုံးရက္ေန႔တိုင္းမွာ မိုးစ႐ြာၿပီး ခုနစ္ရက္ ရွစ္ရက္ေလာက္ မိုးဆက္တိုက္႐ြာတယ္၊ မိုးရာသီ မကုန္ဆုံးသ‌ေ႐ြ႕ အဲ့လိုပဲ ျဖစ္ေနမွာ"

အခန္း ၁၃ ေၾကကြဲဖြယ္ေကာင္းေသာ လက္ေ႐ြးစင္မ်ား (အပိုင္း ၁၀)

လက္ေထာက္ယုက အံ့အားသင့္သြားသည္။ "ဒါဆို ငါတို႔စစ္တပ္ေရာက္လာတဲ့အခ်ိန္က မိုးနည္းတဲ့အခ်ိန္လို႔ ဆိုလိုတာလား?"

အဲ့တာက မျဖစ္ႏိုင္ဘူး!!! မိုးနည္းနည္း႐ြာတဲ့အခ်ိန္ေတာင္ ဒီလိုမ်ိဳးေတြ ျဖစ္ေနရင္ မိုးအရမ္း႐ြာလာတဲ့အခါ ဘယ္လိုေတြ ျဖစ္ကုန္မွာတုန္း???

လို႔မူဟိုင္က "ဟုတ္တယ္၊ ေနာက္သုံးေလးရက္ေလာက္ၾကာရင္ မိုးအသစ္ထပ္႐ြာလိမ့္မယ္။ အဲဒီအခါမွာ တစ္ေန႔ကို အနည္းဆုံး ဆယ္ရွီးခ်န္ေလာက္ မိုး႐ြာေနလိမ့္မယ္"

အနည္းဆုံး ဆယ္ရွီးခ်န္??? လက္ေထာက္ယုက လုံးဝ အံ့အားသင့္သြားသည္။

ကုယြင္၏မ်က္ႏွာအမူအရာကလည္း ၾကည့္ေကာင္းမေနေတာ့ေပ။ သူမက သက္ျပင္းခ်လိုက္ၿပီး "အခုေတာင္ မိုးသစ္ေတာမွာ တိုက္ပြဲဝင္ဖို႔ ခက္ေနတာ။ မိုးသာ ႐ြာေနမယ္ဆိုရင္... စစ္သည္ေတြရဲ႕ တိုက္ခိုက္ေရးစြမ္းရည္နဲ႔ တိုက္ခိုက္ေရးအင္အားက အနည္းဆုံး ထက္ဝက္ေလာက္ ေလ်ာ့က်သြားလိမ့္မယ္"

စုလင္း၏အနက္ေရာင္မ်က္လုံးမ်ားက သူမ ဝင္လာကတည္းက သူမကိုသာ ေအးစက္စြာ စိုက္ၾကည့္ေနခဲ့သည္။ ကုယြင္က သူ႔အၾကည့္မ်ားေၾကာင့္ ထူးဆန္းသလို ခံစားေနရေပမယ့္ ေလွာင္ေျပာင္ေသာ အၾကည့္ကို ျပန္ေပးလိုက္ၿပီး "ကြၽန္မေျပာတာကို မယုံဘူးလား။ စစ္သူႀကီးစုက အျပင္ကို ထြက္ၿပီး အဆင့္ျမင့္လက္ေ႐ြးစင္လို႔ ေခၚတဲ့ ထိပ္တန္းစစ္သည္ေတြကို သြားၾကည့္သင့္တယ္။ အခုေတာင္ မိုးသစ္ေတာထဲမွာ တစ္ရက္ပဲရွိေသးတယ္၊ ဘယ္လိုျဖစ္ေနၾကလဲ သြားၾကည့္လိုက္ဦး"

ကုယြင္က သူ ေဒါသထပ္ထြက္လာေတာ့မယ္လို႔ ထင္ထားေပမယ့္ မထင္မွတ္ပဲ က်ဥ္းေျမာင္းေအးစက္တဲ့ မ်က္လုံးေတြထဲမွာ အကူအညီမဲ့မႈနဲ႔ စိုးရိမ္မႈအရိပ္အေယာင္ေတြကို သူမ ေတြ႕လိုက္ရသည္။ ကုယြင္က သူမ မိုးသစ္ေတာထဲမွာ အခ်ိန္အေတာ္ၾကာေနခဲ့ရတာေၾကာင့္ အနည္းငယ္ စိတ္ရႈပ္ေနၿပီး အျမင္အာ႐ုံေတြ ေတြးေခၚႏိုင္စြမ္းေတြ က်ဆင္းသြားတာလားလို႔ေတာင္ သူမကိုယ္သူမ သံသယျဖစ္ေနကာ ထပ္မံအတည္ျပဳရန္ သူ႔ကို ထပ္ၾကည့္လိုက္ေပမယ့္ စုလင္းက ဘာမွ မျဖစ္သလို အမူအရာနဲ႔ အၾကည့္လႊဲသြားသည္။

စုရန္က "သူပုန္ေတြရဲ႕ ေရအရင္းအျမစ္ကို ရွာၿပီး ျမန္ျမန္ တိုက္ခိုက္ၾကမယ္"

ငါ ျမင္တာ မွားေနတာ ေနမွာပါ....

"ေရေဝစနစ္ရဲ႕ေျမပုံကို ကြၽန္ေတာ္ ဆြဲထားၿပီးၿပီ။ ဒီနည္းနဲ႔ သူပုန္စခန္းရဲ႕ ခန႔္မွန္းတည္ေနရာကို ျမန္ျမန္ရွာႏိုင္မယ္။ ကြၽန္ေတာ္တို႔စစ္တပ္မွာ လူ သုံးေသာင္းရွိတယ္။ သူတို႔ရဲ႕ ေရအရင္းအျမစ္ကို ရွာႏိုင္သေ႐ြ႕ေတာ့ ကြၽန္ေတာ္တို႔အတြက္ လြယ္ကူလိမ့္မယ္။ အဲ့တာဆိုရင္ သူပုန္ေတြရဲ႕ေနရာကို တစ္ရွိန္ထိုး ဖ်က္ဆီးပစ္ဖို႔ အခြင့္အေရးေတြ အမ်ားႀကီး ရွိေနလိမ့္မယ္" စုရန္က ေျပာေနရင္းနဲ႔ ဟန္ရႈကို ၾကည့္လိုက္ကာ "ခင္ဗ်ား သူပုန္စခန္းမွာ သုံးရက္ေနခဲ့တယ္မလား?? ခင္ဗ်ား တစ္ခုခု ရွာေတြ႕ခဲ့ေသးလား၊ ပတ္ဝန္းက်င္က ဘယ္လိုလဲ?"

"အင္း... ငါ အဖမ္းခံရၿပီး ေမ့ေျမာသြားခဲ့တယ္၊ ႏိုးလာေတာ့ အေမွာင္ထဲမွာ သုံးရက္ဆက္တိုက္ ဂူတစ္ဂူထဲမွာ ပိတ္ေလွာင္ခံခဲ့ရတယ္။ အဲဒီ သူပုန္ေတြက စည္းစနစ္ရွိတယ္။ ငါ သူတို႔ကို လွည့္စားဖို႔ ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ဘူး။ သူတို႔က ငါ့ကို ဂ႐ုစိုက္ေတာင္ မစိုက္ဘူး၊ က်ီးပါးစပ္ခ်ိဳင့္ဝွမ္းကို ေခၚသြားတဲ့အခ်ိန္က ငါ့မ်က္လုံးေတြကို အဝတ္နဲ႔အုပ္ထားတယ္၊ သူတို႔ စထြက္တဲ့အခ်ိန္မွာ ေကာင္းကင္က လုံးဝ ေမွာင္ေနၿပီ၊ အဲဒီကိုေရာက္ဖို႔ ငါးရွီးခ်န္၊ ေျခာက္ရွီးခ်န္ေလာက္ၾကာတယ္လို႔ ခံစားရတယ္" ဟန္ရႈက အဲ့အေၾကာင္းေျပာေနရင္း ေဒါသျဖစ္ေနျပန္တယ္။ သူရဲ႕အၿမဲတမ္း က်ယ္ေလာင္ေနတဲ့ အသံက အခု အရမ္းကို က်ယ္ေလာင္ေနတယ္။ ႐ိုး႐ိုးရွင္းရွင္းေျပာရရင္ ေအာ္ဟစ္ေနသလားေတာင္ မွတ္ရတယ္။

"ငါးရွီးခ်န္၊ ေျခာက္ရွီးခ်န္လား?" ကုယြင္က သူမနား႐ြက္ကို ျပန္ကုတ္ေနသည္။ သူ၏ေဒါသအၾကည့္ႏွင့္ သက္ဝင္လႈပ္ရွားေနေသာ အမူအရာမ်ားကို ၾကည့္လွ်င္ သူ႔ဒဏ္ရာမ်ားက မစိုးရိမ္ရဘူးဟု ခန႔္မွန္းႏိုင္သည္။ ကုယြင္က ၿပဳံးလိုက္ၿပီး "ဒီေရေဝစနစ္ေျမပုံအရေတာ့ သူတို႔ရဲ႕စခန္းက သိပ္မေဝးလို႔ ယူဆႏိုင္တယ္။ သူတို႔က ရွင္ သတိမထားမိေအာင္ လွည့္စားဖို႔ အခ်ိန္ယူၿပီး အေဝးႀကီးကို ပတ္ေခၚသြားပုံရတယ္"

ကုယြင္၏စကားကို နားေထာင္ၿပီးေနာက္ ဟန္ရႈက ေဒါသအရမ္းထြက္လာၿပီး သူ႔လက္သီးမ်ားကို တင္းတင္းၾကပ္ၾကပ္ ဆုပ္ထားလိုက္သည္။ သူက သူပုန္မ်ားကို ခ်က္ခ်င္း ၿဖိဳခြင္းခ်င္ေနပုံရၿပီး စိုးရိမ္တႀကီးျဖင့္ "မင္းရဲ႕သုံးသပ္ခ်က္အရ သူပုန္ေတြရဲ႕ အသိုက္က ဘယ္ေနရာျဖစ္မလဲ?"

ကုယြင္က စားပြဲရွည္ႀကီးဆီသို႔ ေလွ်ာက္သြားလိုက္ၿပီး ကပ္လ်က္ေနရာႏွစ္ခုကို လက္ညႇိဳးထိုးျပလိုက္ကာ "ဒီေနရာနဲ႔ ဒီေနရာ၊ ညာဘက္ကေနရာက ျမစ္လက္တက္သုံးခု ဆုံဆည္းတဲ့ေနရာနဲ႔ အရမ္းနီးကပ္ေနတယ္။ မိုးရာသီ မဟုတ္ရင္ေတာင္ ေရျပတ္လပ္မွာကို စိတ္ပူဖို႔ မလိုဘူး၊ ၿပီးေတာ့ လမ္းေရွာင္းနဲ႔တျခားသူေတြက အဲ့နားကေရကန္မွာ သူပုန္ေတြကို ေတြ႕လိုက္တယ္၊ ဒါက သူတို႔ရဲ႕တည္ေနရာက ဒီမွာ ျဖစ္ႏိုင္ေခ်ရွိတယ္ဆိုတာ ျပသေနတယ္၊ ဘယ္ဘက္ျခမ္းက ဒီေနရာက..." ကုယြင္က ခဏရပ္လိုက္ၿပီးမွ ခဏအၾကာတြင္ အၿပဳံးေလးျဖင့္ ဆက္ေျပာလိုက္သည္။ "ေ႐ႊေတြဝွက္ထားတဲ့ ေနရာလို႔ ထင္တယ္"

အခန္း ၁၃ ေၾကကြဲဖြယ္ေကာင္းေသာ လက္ေ႐ြးစင္မ်ား (အပိုင္း ၁၁)

ေ႐ႊအေၾကာင္းကို ၾကားေသာအခါ အားလုံး၏မ်က္လုံးမ်ားက ေတာက္ပလာၿပီး စုရန္က ရယ္ေမာေနကာ "မင္းက ဘာလို႔ အဲ့လိုထင္တာလဲ?"

ကုယြင္က စိတ္ပါလက္ပါ ၿပဳံးေနၿပီး ျပန္ေျဖရန္ ျပင္ဆင္ေနခ်ိန္တြင္ စုလင္း၏ ေအးစက္ေသာအသံကို ၾကားလိုက္ရသည္။ "အဲ့ေနရာက သူ(မ) ခနေျပာခဲ့တဲ့ ေရကန္နဲ႔ သိပ္မေဝးဘူး။ ေျမအေနအထားက အရႈပ္ေထြးဆုံးျဖစ္ေနေပမယ့္ ေ႐ႊေျပာင္းႏိုင္တဲ့ ေတာလမ္းေတြ အမ်ားႀကီး ရွိေနတယ္၊ ဘယ္လမ္းေၾကာင္းကေနမဆို ေ႐ႊေတြကို သယ္ယူ ပို႔ေဆာင္လို႔ အဆင္ေျပေစတယ္"

ကုယြင္က ပခုံးတြန႔္တာ ၿငိမ္ေနလိုက္သည္။ တစ္စုံတစ္ေယာက္က ေျပာလိုက္ၿပီ ဆိုမွေတာ့ သူမ ထပ္ေျပာေနစရာ မလိုေတာ့ဘူးေလ။

ဟန္ရႈက ဟက္ဟက္ပက္ပက္ ၿပဳံးလိုက္ၿပီး "ေကာင္းလိုက္တာ၊ သူတို႔ရဲ႕အသိုက္နဲ႔ ေ႐ႊေတြ ဘယ္မွာရွိတယ္ဆိုတာ ငါတို႔ သိလိုက္ရၿပီ၊ မနက္ျဖန္က်ရင္ေတာ့ အံ့အားသင့္စရာ တိုက္ခိုက္မႈတစ္ခု လုပ္ႏိုင္မွာပါ၊ သူတို႔ကို ေသခ်ာေပါက္ ဖမ္းႏိုင္ရမယ္!"

ဟန္ရႈ၏စိတ္လႈပ္ရွားမႈႏွင့္ ယွဥ္လွ်င္ လက္ေထာက္ယုက အမ်ားႀကီး ၿငိမ္သက္ေနၿပီး "ဒီေနရာရဲ႕ေျမျပင္အေနအထားက တကယ္ကို ရႈပ္ေထြးတယ္၊ ကြၽန္ေတာ္တို႔ တပ္ဖြဲ႕ေတြ ဘယ္လို ေစလႊတ္ၿပီး ဘယ္လိုဖြဲ႕စည္းပုံ‌ဗ်ဴဟာနဲ႔ တိုက္ခိုက္မယ္ဆိုတာ စဥ္းစားဖို႔ လိုေနေသးတယ္"

"မီးရႈိ႕မယ္"

"မီးနဲ႔ တိုက္ခိုက္မယ္"

လူႏွစ္ေယာက္က တညီတၫြတ္တည္း ေျပာဆိုလိုက္ၾကသည္။ ကုယြင္က မ်က္ခုံးပင့္ကာ အနည္းငယ္ စိတ္ပ်က္ေနၿပီး ကူကယ္ရာမဲ့ ျဖစ္ေနခဲ့သည္။ စုလင္း၏မ်က္ႏွာကလည္း မည္းေမွာင္ေနၿပီး သူ ဘာကို ေတြးေနသည္ကို မည္သူမွ် မသိႏိုင္ေပ။ ဒီေန႔ တစ္စုံတစ္ခုေတာ့ မွားယြင္းေနပုံရတယ္။ သူတို႔ ဘယ္အခ်ိန္က တစ္ေယာက္နဲ႔တစ္ေယာက္ ဒီလို တိတ္တဆိတ္ နားလည္မႈရသြားတာလဲ??

လူတိုင္း၏ စူးစမ္းေသာ မ်က္လုံးမ်ားေအာက္တြင္ ကုယြင္က အျခားမည္သည့္အရာကိုမွ် ဂ႐ုမစိုက္ဘဲ ေျမပုံကိုသာ ဆက္လက္ေလ့လာေနခဲ့ၿပီး စုလင္းက သူတို႔ကို သူ႔၏လင္းယုန္မ်က္လုံးႀကီးမ်ားျဖင့္ စိုက္ၾကည့္ေနတာေၾကာင့္ သူတို႔က ခ်က္ခ်င္း အၾကည့္လႊဲလိုက္ၿပီး မည္သူမွ် ထပ္မၾကည့္ဝံ့ေတာ့ေပ။

စုလင္းက သူတို႔ကို စိုက္ၾကည့္ေနတာေၾကာင့္ သူတို႔က ဘာမွ မသိဟန္ေဆာင္ကာ အလုပ္ရႈပ္ေနသည့္ပုံစံျဖင့္ ေဆြးေႏြးလာၾကသည္။

"ဟုတ္တယ္၊ မီးနဲ႔တိုက္ခိုက္တာက အရမ္းေကာင္းတယ္!"

"ဟုတ္တယ္၊ မိုးသစ္ေတာထဲမွာ ခန႔္မွန္းလို႔မရတဲ့ ေျမအေနအထားက သူတို႔ရဲ႕ အႀကီးမားဆုံး အားသာခ်က္ပဲ။ သူတို႔ေနရာအနီးတဝိုက္ ေတာမီးေလာင္ရင္ သူတို႔ ပုန္းစရာေနရာ မရွိေလာက္ေတာ့ဘူး"

"အဓိပၸါယ္ရွိတယ္!"

သုံးေယာက္သား စည္းစည္းလုံးလုံးျဖင့္ တညီတၫြတ္တည္း ေျပာဆိုေနၾကေသာ္လည္း လို႔မူဟိုင္ကေတာ့ ဆူညံပြက္ေလာ႐ိုက္ေအာင္ မလုပ္ဘဲ "ေျမပုံေပၚက ေျမျပင္အေနအထားအရ ဒီေနရာက လမ္းေၾကာင္းအားလုံးကို ခ်ိတ္ဆက္ထားတယ္။ ၿပီးေတာ့ ေတာကလည္း ထူေနေသးတယ္၊ အဲ့တာေၾကာင့္ သူတို႔ကို ဖမ္းရခက္မွာကို စိုးရိမ္မိတယ္။"

ဟန္ရႈႏွင့္လက္ေထာက္ယုတို႔ႏွင့္အတူ အတူတကြ ေထာက္ခံေနသည့္ စုရန္က ေလးနက္ေသာအမူအရာကို ျပန္ေျပာင္းကာ ေဆြးေႏြးလိုက္သည္။ "ဒီတာဝန္ရဲ႕အဓိက အေၾကာင္းအရာက ေ႐ႊေတြပဲ။ သူပုန္ေတြ ရွိေနတာက ေန႔ခ်င္းညခ်င္း ျဖစ္လာတာ မဟုတ္ဘူး။ သူတို႔အာလုံးကို မဖမ္းႏိုင္ရင္ေတာင္ ‌ေ႐ႊေတြကို ျပန္ယူႏိုင္ရင္ သူတို႔အတြက္ ျပင္းထန္တဲ့ ထိုးႏွက္ခ်က္တစ္ခုျဖစ္သြားလိမ့္မယ္၊ သူတို႔ေျခေထာက္ေပၚသူတို႔ ျပန္ရပ္ႏိုင္ဖို႔ေတာင္ မလြယ္ေလာက္ဘူး"

ဟန္ရႈက ေခါင္းညိတ္ေထာက္ခံလာၿပီး "ဟုတ္တယ္၊ မီးနဲ႔တိုက္ခိုက္တာက ေကာင္းေပမယ့္ မိုးသစ္ေတာထဲက ေရေငြ႕က စိုထိုင္းစ အရမ္းျပင္းတယ္"

"ဆီနဲ႔ ဆာလဖာကို သုံးမယ္။ မိုးမ႐ြာသေ႐ြ႕ အဲ့ေနရာကို ေလာင္ကြၽမ္းသြားေစႏိုင္တယ္!"

သူတို႔ရဲ႕မ်က္ႏွာပုံစံေျပာင္းလဲနည္းက ျမန္ဆန္လြန္းတယ္။ စုလင္းကေတာ့ အံ့ၾသမေနဘဲ ေအးေအးေဆးေဆး ဆက္ေဆြးေႏြးေနေပမယ့္ ကုယြင္ကေတာ့ သည္းမခံႏိုင္ေတာ့လို႔ မ်က္လုံးေတြပဲ မွိတ္ခ်ထားလိုက္ေတာ့တယ္။

"ေကာင္းၿပီ၊ ငါ အခု ျပင္ဆင္ဖို႔ ေပ့ခ်န္ကို ျပန္သြားမယ္။ မနက္ျဖန္ ေန႔လည္ မတိုင္ခင္မွာ အားလုံး အဆင္သင့္ ျဖစ္ေနေစရမယ္" စစ္ေသနာပတိျဖစ္တဲ့ စုလင္းက နည္းလမ္းကို ေျပာေနတာေၾကာင့္ လို႔မူဟိုင္က အျပည့္အဝ ပူးေပါင္း ေဆာင္႐ြက္ရေတာ့မည္ပင္။

"ဒါဆို လို႔စစ္သူႀကီးကို အပ္ထားလိုက္ပါ့မယ္၊ မနက္ျဖန္ေန႔လည္မွာ ျပန္ေတြ႕ၾကရေအာင္"

"ေကာင္းၿပီ!" လို႔မူဟိုင္က ႐ႊင္ၿပဳံး႐ႊင္႐ႊင္နဲ႔ သေဘာတူၿပီး တဲထဲက ျပန္ထြက္သြားသည္။ စုလင္းက စားပြဲဆီကို ျပန္သြားၿပီး ဗ်ဴဟာမ်ား ဆက္ေဆြးေႏြးရန္ ျပင္ဆင္လိုက္သည္။ "ရန္၊ ဟန္ရႈ၊ လက္ေထာက္စစ္သူႀကီးယု... မနက္ျဖန္ တိုက္ခိုက္ၾကမယ္ဆိုေတာ့ တပ္ျဖန႔္ခ်ီေရးနဲ႔ ထိုးစစ္ဗ်ဴဟာေတြအေပၚ မင္းတို႔ရဲ႕အျမင္ကို ေျပာၾက"

"ဟုတ္​ကဲ့​" သူတို႔​သုံးေယာက္က​ စုလင္းအမိန႔္ကို နာခံၿပီး စားပြဲဆီသြားကာ ေဆြးေႏြးေနၾကသည္​။

ကုယြင္က ခါးေၾကာ ဆန႔္လိုက္သည္။ သူတို႔က စစ္ေရးကိစၥမ်ားကို ေဆြးေႏြးေနၾကတာေၾကာင့္ သူမမွာ ဘာမွ လုပ္စရာ မရွိေတာ့ဘူး။ အလိုက္တသိ ထြက္သြားတာက ပိုေကာင္းမယ္။ သူမက စားပြဲဝိုင္းကို လွည့္ပတ္သြားလိုက္ၿပီး တဲကန႔္လန႔္ကာကို လက္ျဖင့္ ညင္သာစြာ ဖြင့္လိုက္ခ်ိန္တြင္ သူမေနာက္မွ ေအးစိမ့္စိမ့္အသံႀကီး ထြက္လာသည္။

"ရပ္လိုက္"

💜💜💜Thank you so much for your reading time, Votes , comments, and supports💜💜💜

Continue Reading

You'll Also Like

129K 15.6K 103
English Title - After transmigrating She became the mother of two Author - 攀枝花 All credits to Author and English translators I got from English Trans...
194K 20.8K 101
ဘာသာပြန်သူ - စွဲညို့အသင်း
630K 78.4K 199
Title-穿书后她成了万人迷 Original Author- Young Master Yan,公子衍 Language-chinese Status-535chapters& 23 extra chapter (ongoing) I do not own the whole story an...
156K 16.6K 128
Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue Xia Die Ying 月下蝶影 Chapters -106(complet...