[Unicode](Part 51)
"Happy Birthday ရွှေစင်...မွေးနေ့မှာ ပျော်ရွှင်ပါစေနော်"
ရွှေစင်တစ်ယောက် မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရသော ပုံရိပ်လေးကြောင့် အပြုံးပန်းများ ဝေဆာသွားတော့သည်။ထို့နောက် လဲနေရာမှ ထထိုင်လိုက်ပြီး သူ့ရှေ့မှ အလင်္ကာကို ပြုံးကာ ကြည့်လိုက်သည်။
"ပေးတဲ့ဆုနဲ့ပြည့်ပါစေ...ကျေးဇူး အလင်္ကာ"
"မလိုပါဘူး...ရော့ ဖယောင်းတိုင်မှုတ်...အာ...နေအုံး အရင်ဆုတောင်း"
"အင်း"
ရွှေစင်လည်း အလင်္ကာစကားကြောင့် လက်နှစ်ဖက်ကို ယှက်လိုက်ပြီး မျက်လုံးများမှိတ်လိုက်တော့သည်။ ယနေ့သည် ရွှေစင်၏ ၁၇နှစ်ပြည့် မွေးနေ့ပင်ဖြစ်သည်။
ထို့ကြောင့် ရွှေစင်မနိုးသေးခင် အလင်္ကာ အစောကြီးထကာ ကိတ်မုန့်သွားဝယ်ခဲ့သည်။နှစ်စဉ်နှစ်တိုင်း ကျရောက်လာသည့်ရွှေစင့် မွေးနေ့တိုင်းကို အခြားသူများထက်အရင် အလင်္ကာက အရင်ဦးဆုံးဆုတောင်းပေးကာ cake အသေးစားလေးဖြစ် မွေးနေ့၏ မနက်ခင်းတိုင်းကို ဖြတ်သန်းစေခဲ့သည်။ ရွှေစင်ကလည်း အလင်္ကာထံမှ မွေးနေ့ဆုတောင်းကိုသာ အရင်ဆုံးကြားချင်သည်။ ထိုသည်က သူမတို့နှစ်ယောက်၏ မတိုင်ပင်ထားပါပဲ တူညီနေသော အကျင့်တစ်ခုပင်ဖြစ်သည်။
အလင်္ကာတစ်ယောက် မျက်လုံးများမှိတ်ကာ ဆုတောင်းနေသော ရွှေစင့်အား ပြုံးပြီးကြည့်နေသည်။ မွေးနေ့ဆုတောင်းပြီးသွား၍ မျက်လုံးများ ပြန်ဖွင့်လာသော ရွှေစင်အရှေ့ အလင်္ကာ သူဝယ်လာခဲ့သော ကိတ်မုန့်ကို တိုးပေးကာ ဖယောင်းတိုင်များကို မှုတ်စေသည်။
"ဖူး~"
ရွှေစင် ဖယောင်းတိုင်မီးများအား မှုတ်ပြီးသွားတော့ အလင်္ကာလက်တစ်ဖက်ဖြင့် ကိတ်မုန့်ကို သယ်ကာ နောက်လက်တစ်ဖက်ဖြင့် ကိတ်မုန့်ခွဲသည့် ဓားကို ရွှေစင့်အား ကမ်းပေးလိုက်သည်။ ကိတ်လေးက ရိုးရိုးရှင်းရှင်း ချောကလက်ကိတ်လေးသာဖြစ်သည်။ကိတ်ခွဲပြီးသွားတော့ ရွှေစင်က အလင်္ကာ့အား ခွံ့ကျွေးသည်။ တစ်ဖန် အလင်္ကာက ပြန်ခွံ့ကျွေးရန်ပြင်စဉ် ရွှေစင် ခေါင်းခါပြကာ
"ငါမျက်နှာမသစ်ရသေးဘူးလေ"
"အို...ဘယ်သူသိတာမို့လဲ...နင်ရယ်ငါရယ်ပဲရှိတာလေ အရူးမလေးရယ်"
ဆိုကာ အလင်္ကာ လက်ညိုးဖြင့် cream အနည်းငယ်အားယူကာ ရွှေစင်နှာခေါင်းထိပ်တွင် တို့လိုက်သည်။ ထိုအပြုအမှုကြောင့် ရွှေစင်တစ်ယောက် ခပ်ပြုံးပြုံးလေး ဖြစ်သွားတော့သည်။ ထို့နောက် ပါးစပ်ကိုဟလိုက်ပြီး
"အာ... "
"ဘာလုပ်တာတုန်း"
"ကိတ်မုန့်ကျွေးလေ အချစ်ရဲ့...အာ... "
ရွှေစင်၏ ထိုပုံစံလေးကြောင့် အလင်္ကာ ခပ်ဖွဖွတစ်ချက်ရယ်လိုက်ရင်း ရွှေစင့်အား ကိတ်ခွံ့လိုက်တော့သည်။
"တောင်းထားတဲ့ဆုတွေရော မတောင်းထားတဲ့ဆုတွေရော အားလုံးပြည့်ပါစေ သူငယ်ချင်းလေး... ထ ရေသွားချိုး...ဒီနေ့ အတန်းလစ်မယ်...ငါ ဟို၎ယောက်ကို ခေါ်ထားတယ်"
"အင်း အင်း"
ရွှေစင်လည်း ခေါင်းတဆတ်ဆတ်ညိတ်ပြီး ရေချိုးရန်အတွက် အခန်းထဲမှ ထွက်သွားတော့သည်။ ရွှေစင် အခန်းထဲက ထွက်သွားသည်အထိ စောင့်ပြီးမှ အလင်္ကာ ဖုန်းကိုယူလိုက်သည်။ ထို့နောက် မဟာ့ထံ ဖုန်းဆက်လိုက်တော့သည်။
"Hello "
"....."
"အင်း"
"....."
"အင်း ငါခေါ်လာခဲ့မယ်"
"....."
"အေးပါ နင်ဘာမှစိတ်မပူနဲ့"
"....."
"အင်းပါ အဲ့ဆို ဒါပဲ"
အလင်္ကာ ဖုန်းချလိုက်ပြီး မည်းမှောင်သွားသော ဖုန်းမျက်နှာပြင်အား စိုက်ကြည့်နေသည်။ထို့နောက် သက်ပြင်းကိုလည်း ချမိသည်။ မဟာချိန်းသည့်နေရာကို ရွှေစင့်အား ခေါ်သွားသင့်သည်လား သူမသိပေ။ အခုနောက်ပိုင်း မဟာက ရွှေစင့်အပေါ် သိသိသာသာ ဆက်ဆံရေးပြောင်းလာခဲ့သည်ကို သူတို့အားလုံးသိသည်။ ရွှေစင်လည်း မဟာ့အပေါ် ခံစားချက်များရှိနေသည်ကိုလည်း အလင်္ကာ သတိထားမိသည်။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှည်သဘောကျနေသူခြင်း သင့်မြတ်သွားလျှင် ကိစ္စမရှိပါသော်လည်း အိနြေ္ဒ၏ မဟာ့အပေါ်ထားသည့် ခံစားချက်များကို သိရှိထားသည်မို့ မည်သို့လုပ်ပေးရမှန်း သူမသိပေ။
ရွှေစင့် ၁၇နှစ်ပြည့်တွင် မဟာက ရွှေစင်အား ဖွင့်ပြောရန် သူတို့အားပြောလာခဲ့သည်။ မဟာ ထိုစကားပြောချိန်၌ အရောင်မှိုင်းကျသွားသော အိနြေ္ဒ၏ မျက်လုံးအကြည့်တို့က အခုချိန်ထိ အလင်္ကာမျက်လုံးထဲက မထွက်သေးပေ။ ထိုနေ့ကတစ်နေ့လုံး အိနြေ္ဒအားတင်းကာ ပြုံးထားခဲ့သော်လည်း မျက်ဝန်းထဲတွင် နာကျင်မှုတို့က သိသိသာသာစွန်းထင်းနေသည်ကိုလည်း တွေ့ခဲ့ရသည်။ ပြန်ခါနီးတွင်လည်း အပြုံးလေးနဲ့နှုတ်ဆက်သွားသော အိနြေ္ဒ၏ ကျောပြင်က မြင်ရသူတို့ကိုတောင် နာကျင်မှုတို့ကူးစပ်စေခဲ့သည်။ အလင်္ကာ တစ်ဖန် သက်ပြင်းကို ရှိုက်ချမိပြန်သည်။
ဒီအကြောင်းတရားတွေကြောင့် သူမတို့ သူငယ်ချင်းတွေကြား ခင်မင်မှုလေးပျက်သွားမှာကိုလည်း စိုးရိမ်မိပါသည်။ ဒီသူငယ်ချင်းတွေက အလင်္ကာ့အတွက် နှစ်ယောက်မရှိနိုင်တဲ့ ဒုတိယမိသားစုပေမို့။ မည်သူ့ကိုမှ စိတ်ထိခိုက်နာကျင်ရသည့်အဖြစ်မျိုးသို့ မရောက်စေချင်ပါ။
ဟင်းး ကံကြမ္မာဇာတ်ဆရာက ဘယ်သို့ဘယ်ပုံများ ဖြစ်စေချင်ပါသနည်။ အဆုံးသတ်တွင်တော့ မည်သူမျှ မနာကျင်စေဖို့ကိုသာ သူ ဆုတောင်းမိပါသည်။
အလင်္ကာ တွေးနေသည့် အတွေးများကို ခါထုတ်လိုက်ရင်း အပြင်သွားရန်အတွက် ပြင်ဆင်နေလိုက်တော့သည်။
**********
ခွန်းမြတ်မဟာတစ်ယောက် တစ်ညလုံးအိပ်မရသည်မှာ ယခုမိုးစင်စင်ပင် လင်းနေပြီဖြစ်သည်။ ဒီနေ့သည် သူ့ချစ်ရသူ ရွှေစင်၏ မွေးနေ့ဖြစ်သည့်အပြင် ရွှေစင့်အားချစ်ခွင့်ပန်ရန် စီစဉ်ထားသော နေ့ဖြစ်သည်။ ထို့ကြောင့် တစ်ညလုံး စိတ်လှုပ်ရှားနေ၍ အိပ်မရခဲ့ခြင်းသာ။ မဟာ ရွှေစင့်အား မည်သည့်စကားများဖြင့် ဖွင့်ပြောရမည်ကို စဉ်းစားနေစဉ် သူ့ခေါင်းရင်းရှိ ဖုန်းမှ အသံထမြည်လာသည်။ ခေါ်ဆိုသူကိုကြည့်လိုက်တော့ အလင်္ကာဖြစ်နေသည်ကြောင့် လဲနေရာမှ ချက်ချင်းပင် ထထိုင်မိသွားသည်။
"Hello "
ဖုန်းကိုင်လိုက်တော့ တစ်ဖက်မှ အလင်္ကာ၏ အသံချိုချိုလေးက ထွက်ပေါ်လာသည်။
"Hello အလင်္ကာ"
"အင်း"
"အလင်္ကာ ရွှေစင်ကို ချိန်းထားတဲ့အချိန် အတိအကျရောက်အောက် ခေါ်လာခဲ့ပေးနော်...စောလည်း မစောစေနဲ့ နောက်လည်းမကျစေနဲ့နော်"
"အင်း ငါခေါ်လာခဲ့မယ်"
"ပြီးတော့ သူ့ကိုမရိပ်မိစေနဲ့နော်"
"အေးပါ နင်ဘာမှစိတ်မပူနဲ့"
"အင်း ငါမျိုးမာန်တို့ဆီ ဖုန်းဆက်လိုက်မယ်...အားကိုးတယ်နော် အလင်္ကာ"
"အင်းပါ အဲ့ဆို ဒါပဲ"
ထိုသို့သာ ပြောပြီး အလင်္ကာဘက်မှ ဖုန်းအရင်ချသွားတော့သည်။ ထိုဖြစ်ရပ်ကြောင့် မဟာ့စိတ်ထဲ ထူးဆန်းလို့သွားရသည်။ ဒီနေ့ အလင်္ကာ အသံက ပုံမှန်နဲ့မတူ အေးစက်နေသလို ဖြစ်နေသည်။ ထို့ပြင် အရင်ကဖုန်းဆက်တိုင်း စကားကို လိမ့်ပတ်မလည်အောင် တတွတ်တွတ် ပြောတက်သူက ဒီနေ့ သူတစ်ခွန်းမေးမှ တစ်ခွန်းဖြေသာ လုပ်သွားသည်။
အလင်္ကာ တစ်ခုခုဖြစ်နေတာများလား...မဟုတ်မှ မျိုးမာန်နဲ့ ရန်ဖြစ်ထားတာများလား...မဖြစ်နိုင်ပါဘူး ဟိုတနေ့ကထိ သူတို့နှစ်ယောက် အဆင်ပြေနေတာပဲ...ဟာ ဘာဖြစ်ရမှာလဲ မဟာရ...ရွှေစင်မရိပ်မိအောင်လို့ စကားသိပ်မပြောတာပဲနေမှာ...အလင်္ကာက ဘာဖြစ်ရမှာလဲ...ဟုတ်တယ် အလင်္ကာ ဘာမှမဖြစ်ဘူး.....
တစ်ယောက်တည်း ခေါင်းညိတ်ခေါင်းခါလုပ်ပြီးနောက် ရေချိုးရန်အတွက် ရေချိုးခန်းထဲသို့ ၀င်သွားတော့သည်။
**********
At ELEVEN Cafe,
မဟာ၊ မျိုးမာန်နဲ့ ဟိန်းတို့ ၃ယောက်လုံး ဆိုင်၏ ဒုတိယထပ်တွင် ရှိနေကြသည်။ ဒီနေ့ ထိုဒုတိယထပ်တစ်ထပ်လုံး ရွှေစင့်မွေးနေ့ပွဲအတွက် မဟာက ငှားထားခဲ့ခြင်းဖြစ်သည်။ ဆိုင်အတွင်းမွေးနေ့အပြင်အဆင်ကိုလည်း ဆိုင်၏၀န်ထမ်းလေးများအား ပိုက်ဆံပေးကာ ပြင်ဆင်ခိုင်းခဲ့သည်။ နေရာအနှံ ဘောလုံးရောင်စုံလေးများက ပြန့်ကျဲနေပြီး ပန်းရောင်စုံတို့ကလည်း အများအပြား။ ထို့ပြင် တွဲလောင်းကျနေသော အနီရောင် အသည်းပုံဘောလုံးတို့ကလည်း နံရံထက် နေရာအတော်များများကို ယူလို့ထားသည်။ ဒုတိယထပ်၏ အလယ်တည့်တည့်တွင်တော့ birthday cake အဖြူလေးက ခန့်ညားစွာ တည်ရှိနေသည်။ မဟာ အပြင်အဆင်ကို လိုက်ကြည့်ရင်း ကျေနပ်နေမိသည်။ အပြင်အဆင်က သူ့အားစိတ်တိုင်းကျစေသည်။ ရွှေစင်သဘောကျဖို့သာ လိုပါတော့သည်။ ရွှေစင် သဘောကျမှသာ သူကြိုးစားရကြိုး နပ်မည်ဖြစ်သည်။
မဟာ အပြင်အဆင်ကို တစ်ခုချင်းလိုက်ကြည့်နေရင်း ထောင့်တစ်နေရာ၌ မှန်ပြတင်းမှတစ်ဆင့် ပြင်ပက မြင်ကွင်းများကို ငေးကာ တစ်ယောက်တည်းငေးငိုင်နေသော မျိုးမာန်ကိုတွေ့သွားတော့သည်။ ထို့ကြောင့် အနားသွားလိုက်ကာ မျိုးမာန်ပခုံးအားဖက်လိုက်သည်။ သူ့အပြုအမူကြောင့် ဖုန်းပြောနေသော ဟိန်းကပါ သူတို့နှစ်ယောက်ကို လှည့်ကြည့်လာသည်။
"ဘာဖြစ်နေတာလဲ မျိုးမာန်"
"ဘာမှမဖြစ်ပါဘူး"
မျိုးမာန်က နှုတ်ခမ်းတွန့်ရုံ ပြုံးကာဆိုသည်။
"ဒါဆိုဘာလို့ ငေးငေးငိုင်ငိုင်ဖြစ်နေတာလဲ"
မဟာ၏ အမေးကြောင့် ဟိန်းကပါ အနားရောက်လာကာ မျိုးမာန်ကိုကြည့်ပြီး
"စိတ်ပူမနေပါနဲ့ မျိုးမာန်...ကံကြမ္မာဇာတ်ဆရာ အလိုကျပေါ့"
ဟိန်းစကားကို မျိုးမာန်က ခေါင်းသာညိတ်ပြသည်။ ဘာအဓိပ္ပာယ်နဲ့ ဘာအကြောင်းလဲဆိုသည်ကို သူတို့အချင်းချင်းသိသော်လည်း နားမလည်သူက မဟာ။ ဟိန်းက နားမလည်၍ ကြောင်အအဖြစ်နေသော မဟာ့အားကြည့်ကာ ရယ်လိုက်ပြီး
"မင်းရဲ့ surprise အဆင်မပြေမှာကို စိတ်ပူနေတာ...ဘာမှမဟုတ်ဘူး"
"ဟုတ်လို့လား မနက်က အလင်္ကာနဲ့ ဖုန်းပြောတုန်းကလည်း သူ့အသံက တစ်မျိုးဖြစ်နေတယ်"
မဟာ့စကားကြောင့် ဟိန်းနဲ့ မျိုးမာန် အကြည့်ချင်းဆုံသွားကြသည်။ မဟာက သူ့စကားကိုဆက်ပြောလာသည်။
"မျိုးမာန် မင်းနဲ့အလင်္ကာ ရန်ဖြစ်ထားတာလား"
"မဟုတ်ပါဘူးကွာ...ငါတို့ကရန်ဖြစ်မယ့်အစား ချစ်လို့တောင်မ၀သေးတာကို"
"သေချာလို့လား"
"သေချာပါတယ်ကွာ"
မဟာ့က မျိုးမာန်အား မယုံသလို စိုက်ကြည့်နေသည်။ ထိုသည်ကို မျိုးမာန်က တစ်ချက်ရယ်လျက်
"တကယ်ပါကွာ...ငါနဲ့ အလင်္ကာ ဘာမှမဖြစ်ထားဘူး"
"တကယ်နော်"
"အင်း"
နှစ်ယောက်သား အမေးအဖြေလုပ်နေစဉ် ဒုတိယထပ်ကို တက်လာသော ခြေသံကြားရသည်ကြောင့် လှည့်ကြည့်လိုက်မိတော့ မြင်လိုက်ရသူက အိနြေ္ဒ။ မဟာလည်း အိနြေ္ဒဆီ လျှောက်သွားလိုက်တော့သည်။ မျိုးမာန်နဲ့ဟိန်းတို့ကတော့ နေရာတွင်သာရပ်နေလျှက် ထိုနှစ်ယောက်အားကြည့်နေသည်။
"ငါ နောက်ကျသွားလား"
"နောက်မကျပါဘူး...ရွှေစင်တို့တောင် မရောက်သေးဘူး... ဒါနဲ့ ဘယ်လိုလဲ...ငါစီစဉ်ထားတာ အဆင်ပြေလား"
မဟာက အခန်းတွင်းကို မျက်လုံးဝေ့၀ိုက်ကာ ပြောသည်။ အိနြေ္ဒလည်း စိတ်ထဲမှ ပူလောင်နေမှုကို မျက်နှာထက်မပေါ်စေရန် ထိန်းချုပ်ကာ မဟာ့ရှေ့ လက်မနှစ်ချောင်းထောင်ပြလိုက်ပြီး
"လုံးဝ perfect ပဲ"
"ဒါဆို ရွှေစင် သဘောကျလောက်မှာပါနော်"
"အင်း အင်း သဘောကျမှာပါ"
အပူရုပ်ကို ဟန်လုပ်ကာ ပြုံးပြနေရသော အိနြေ္ဒ။
"အိနြေ္ဒ ဒါလေးတစ်ချက် ကြည့်ပေးပါအုံး"
အနားကပ်ကာ သူ့အိတ်ထဲမှ လက်စွပ်ဘူးလေးအား ထုတ်ကာ ပြောလာသော မဟာ။ အိနြေ္ဒ မဟာ့မျက်နှာအား ငေးကြည့်မိသည်။ ချောမောသော မျက်နှာလေးထက် ပျော်ရွှင်နေမှုက အတိုင်းသား ပေါ်လွင်နေသည်။
အဲ့လောက်တောင် ပျော်နေတာလား မဟာ.....
"ဟဲ့ အိနြေ္ဒ"
"ဟမ် အင်း ဘာလဲ"
"ဒီမှာ ရွှေစင်ကြိုက်လားမေးတာကို နင်က ဘာကြောင်ကြည့်နေတာလဲ"
လက်စွပ်ဘူးလေးအား ဖွင့်ကာ သူမအားပြလာသည်။ပလက်တီနမ် ဗြောင်ကွင်းလေး၏ထိပ်တွင် သော့ချိပ်ပုံစံကျောက်အစိမ်းရောင်လေးနှင့် အသည်းပုံလေးအားဆက်ထားသော couple ကွင်းလေးနှစ်ခု။ အိနြေ္ဒမျက်ရည်မကျအောင် ကြိုးစားထိန်းနေရသည်။ ကိုယ်ချစ်ရသူက သူချစ်ရသူကိုပေးဖို့ လက်စွပ်အား ကိုယ့်ဆီလာပြကာ သဘောကျမကျ ခန့်မှန်းခိုင်းနေခြင်း။ နွေခေါင်ခေါင် မိုးကြိုးပစ်ချခဲ့ရင်တောင် ဒီလောက်ထိ ကြောက်ဖို့ကောင်းမည်မဟုတ်ပေ။
ဒီလောက်ပဲ သတ်ပါတော့လား မဟာရယ်...အစကတည်းက သေနေပြီးသားလူကို နင်မို့လို့ အကြိမ်ကြိမ်သတ်နိုင်ရက်တယ်.....
"အင်း သူသဘောကျမှာပါ"
"ဟုတ်တယ်နော် ရွှေစင် ကြိုက်မှာ"
အတည်ပြုသလိုနှင့် တစ်ယောက်တည်းပြောနေသော မဟာ။ အိနြေ္ဒ မဟာ့ကိုကြည့်ပြီး မျက်ရည်များဝဲတက်လာသည်။ မျက်ရည်မကျသွားအောင် မျက်တောင်များအား ပုတ်ခက်ပုတ်ခက်လုပ်ရင်း အခန်းတွင်းရှိနေသော လူနှစ်ယောက်ထံကြည့်မိတော့ သူ့အား ကရုဏာ မျက်လုံးများနှင့်ကြည့်နေသော မျိုးမာန်နှင့် ဟိန်း။
အိနြေ္ဒ ရင်တို့ တဆစ်ဆစ်နာလာရသည်။ အစကတည်းက ရှုံးပြီးသားမှန်းသိပေမယ့် အရှုံးသမားတစ်ယောက်လို သနားကရုဏာ သက်ခြင်းခံရသည်က သူမ မျက်နှာအား ဖြတ်ရိုက်ခံလိုက်ရသလိုပင် ခံစားရသည်။
ဟင့်အင်း မကြည့်ပါနဲ့... ငါ့ကိုအဲ့လိုမျက်လုံးတွေနဲ့ မကြည့်ပါနဲ့...အရှုံးပေးလိုက်ရသူတစ်ယောက်ကိုကြည့်တဲ့ သနားတဲ့မျက်လုံးတွေနဲ့ ငါ့ကိုမကြည့်ပါနဲ့...ငါက လွယ်လွယ်နဲ့ အရှုံးပေးတတ်တဲ့ မိန်းကလေးမဟုတ်ဘူး...ဒါကြောင့် ငါ့ကို အဲ့လိုမျက်လုံးတွေနဲ့ မကြည့်ကြပါနဲ့.....
မျိုးမာန် သူတို့နှစ်ယောက်အားကြည့်ရင်း မျက်ရည်ဝဲလာသော အိန္ဒြေကြောင့် အနားကိုသွားလိုက်ကာ
"အိန္ဒြေ ငါနဲ့ခဏ လိုက်ခဲ့ပါလား"
အိန္ဒြေအား လက်ဆွဲကာခေါ်တော့ မဟာထံမှ မေးခွန်းက ထွက်လာသည်။
"မင်းက ဘယ်သွားမလို့လဲ မျိုးမာန်"
"သူ့ဟာသူ ဘယ်သွားသွားပေါ့...လာ မင်းက ငါ့ကို ဓာတ်ပုံလာရိုက်ပေး"
ဟိန်း မျိုးမာန်ကို ခေါင်းညိတ်ပြလိုက်ပြီး အိန္ဒြေကို ခေါ်ထုတ်သွားစေလိုက်သည်။
"ကိုယ့်ဟာကို ရိုက်ပါလား"
မဟာကတော့ ဟိန်းအား မဲ့ရွဲ့ကာဆိုနေသည်ကြောင့် ထိုနှစ်ယောက်၏ အချက်ပြမှုကို မမြင်လိုက်ပေ။
"ငါ့ဟာငါရိုက်တော့ သိပ်မလှလို့ပေါ့...ဒီလောက်လှတဲ့အပြင်အဆင်တွေကို အမှတ်တရ သိမ်းထားရမှာပေါ့...ရိုက်ပေးစမ်းပါ မဟာရာ"
"တကယ်ပဲ မိန်းကလေးကျနေတာပဲ...ပေး မင်းဖုန်း"
မဟာ ဟိန်းဖုန်းကိုယူကာ ဟိန်းစိတ်တိုင်းကျ ဓာတ်ပုံရိုက်ပေးလိုက်တော့သည်။ ဟိန်းမှာတော့ ဓာတ်ပုံရိုက်နေရသော်လည်း အပြင်ထွက်သွားသူနှစ်ယောက်ထံသာ စိတ်ကရောက်နေတော့သည်။
တစ်ဖက်တွင်လည်း အရေးပေါ်လှေကားနားသို့ မျိုးမာန် အိန္ဒြေအား လက်ဆွဲကာ ခေါ်လာခဲ့သည်။ အိန္ဒြေကတော့ တိတ်ဆိတ်စွာဖြင့် မျိုးမာန် ဆွဲခေါ်ရာ ပါလာခဲ့သည်။ မျိုးမာန် သူ့ရှေ့တွင် ခေါင်းငုံ့ကာရပ်နေသော အိန္ဒြေအားကြည့်ကာ စိတ်မသက်မသာဖြစ်မိသည်။
"ငိုချင်တယ်မလား...ငိုချလိုက်ပါ အိန္ဒြေ"
သူပြောလိုက်သော်လည်း အိန္ဒြေဆီမှ ဘာသံမှထွက်မလာပေ။ စက္ကန့်အနည်းငယ်အကြာမှ ပခုံးများသိမ့်သိမ့်တုန်လာကာ ရှိုက်သံများထွက်လာတော့သည်။ မျိုးမာန်လည်း အိန္ဒြေအားဆွဲကာ ရင်ခွင်ထဲထည့်ဖက်ထားလိုက်တော့သည်။
"ဘာမှမဖြစ်ဘူး အိန္ဒြေ...အားရပါးရ ငိုချလိုက်နော်"
ခေါင်းလေးအားပုတ်ကာ ပြောတော့ သူ့ရင်ခွင်ထဲပိုတိုးဝင်လာသော အိန္ဒြေ။ မျိုးမာန် မျက်ရည်များပင်ဝိုင်းလာမိသည်။ ဘယ်နေရာကနေစပြီး မှားသွားလို့ သူ့သူငယ်ချင်းတွေ ဒီလိုခံစားနေရတာပါလဲ။ မနေ့ညကလည်း ဟိန်းက နှစ်ယောက်တည်းတွေ့ဖို့ခေါ်ကာ သူ့ရှေ့တွင် ပြိုလဲပြခဲ့သေးသည်။
"ငါလေ ငါသူ့ကို သိပ်ချစ်တာ"
ရင်ခွင်ထဲမှ ရှိုက်သံရောသော အသံဖြင့် အိန္ဒြေက ပြောလာသည်။ မျိုးမာန်လည်း သက်ပြင်းချကာ
"အင်း ငါသိတယ်"
တစ်ဖန် ထိုနေရာလေးတွင် ရှိုက်သံများသာ ကြီးစိုးသွားတော့သည်။ အချိန်အတော်ကြာမှ ငိုသံများစဲသွားပြီး အိန္ဒြေ မျိုးမာန် ရင်ခွင်ထဲမှ ရုန်းထွက်လိုက်သည်။ ငိုထား၍ မျက်လုံးနှင့် နှာခေါင်းထိပ်များနီရဲနေသည့် အိန္ဒြေသည် အမှန်ပင် ချစ်စဖွယ်ဖြစ်နေသည်။
"အဆင်ပြေသွားပြီလား"
မျိုးမာန် အိန္ဒြေ ပါးပြင်မှ မျက်ရည်များကို သုတ်ပေးကာ မေးသည်။
"အင်း"
"ဒါဆို သွားရအောင်"
လက်ဆွဲကာခေါ်တော့ အိန္ဒြေက မလိုက်ပဲ ထိုနေရာတွင်သာ ရပ်တန့်နေသည်။
"အိန္ဒြေ"
"ငါမလိုက်တော့ဘူး... မဟာမေးရင် ကျောင်းက အရေးတကြီးလှမ်းခေါ်တယ်လို့ ပြောပေး"
"ဒါပေမယ့် အိန္ဒြေ"
"ဟင့်အင်း မျိုးမာန်...ငါ့မှာ အားအင်မရှိဘူး... မဟာ ရွှေစင့်ကို ချစ်ခွင့်ပန်နေတဲ့ မြင်ကွင်းကိုကြည့်ဖို့ ငါ့မှာ သတ္တိမရှိဘူး...နင်ကတော့ ငါ့ကို နားလည်ပေးပါနော်...ငါ အတ္တကြီးပါရစေ"
ဆိုကာ မျိုးမာန် ပြန်ပြောသည်ကို မစောင့်ပဲ ထိုနေရာမှ ပြေးထွက်သွားသော အိန္ဒြေ။ မျိုးမာန် ယနေ့အတွင်း ဘယ်နှခါမြောက်မှန်းမသိသည့် သက်ပြင်းကို ချကာ မဟာတို့ရှိရာဆီ လှမ်းလာခဲ့သည်။ ပထမဦးဆုံး သူတို့အဖွဲ့ လူမစုံသည့် မွေးနေ့ပွဲကို ကျင်းပရတော့မည် ဖြစ်သည်။
"ဟေ့ မင်းကလည်း ကြာလိုက်တာ...ရွှေစင်တို့ ရောက်တော့မယ်"
အခန်းထဲဝင်လာသော မျိုးမာန်အား မဟာဆီးပြောသည်။ မျိုးမာန် ခေါင်းတစ်ချက်သာ ညိတ်ပြလိုက်သည်။မျိုးမာန်နောက်တွင် အိန္ဒြေပါမလာသည်ကြောင့် မဟာ မျက်ခုံးများတွန့်ချိူးသွားပြီး မျိုးမာန်အားကြည့်ကာ
"အိန္ဒြေရော ဘယ်မှာလဲ"
"ကျောင်းက အရေးတကြီး ဖုန်းဆက်ခေါ်လိူ့ သွားတယ်...မှီရင် ပြန်လာခဲ့မယ်တဲ့"
"အိန္ဒြေကလည်း ဒါတော့မမိုက်ပါဘူးကွာ"
"အရေးကြီးတယ်ဆိုလို့ သူသွားတာလေ!!...မင်းက ဘာဖြစ်ချင်နေတာလဲ!!"
မျိုးမာန် အသံကျယ်သွားသည်ကြောင့် မဟာက ပြူးကြည့်လာသည်။ ဟိန်းက မျိုးမာန် အနားသွားကာ
"စိတ်ထိန်း မျိုးမာန်...ဒီနေ့ ရွှေစင်မွေးနေ့လေ...သတိထားပါအုံး"
"မဟုတ်ပါဘူး ငါက ငါတို့ခြောက်ယောက်လုံးက မွေးနေ့တိုင်းအတူရှိနေကြလေ...ဒီနေ့မှမရှိတော့ ရွှေစင် ဝမ်းနည်းသွားမှာ တွေးမိသွားလို့ပါကွာ"
မဟာက ရှင်းပြသလို ပြောလာသည်။ မျိုးမာန်လည်း ခေါင်းပြန်ညိတ်ပြလိုက်ရင်း
"အင်းပါ ငါအသံကျယ်သွားမိလို့ တောင်းပန်ပါတယ်"
"ရပါတယ်"
ဆိုကာ မျိုးမာန် ပခုံးကို လက်သီးဖြင့်ထိုးလိုက်သည်။ မဟာ သတိတော့ထားမိသည်။ သူမသိသည့် ကိစ္စတစ်ခု သူ့သူငယ်ချင်းများကြားတွင် ရှိနေလိမ့်မည်။ ဘာကြောင့်ဆို မနက်က အလင်္ကာနဲ့ ဖုန်းပြောတုန်းက ထူးဆန်းနေသည့် အသံနေအသံထား။ ရောက်လာပြီးမှ ပြန်သွားသော အိန္ဒြေ။ ပြုံးနေသော်လည်း စိတ်မချမ်းသာပုံပေါ်သည့် ဟိန်းနဲ့ မျိုးမာန်။ တကယ်ပဲ ဘာများဖြစ်နေကြတာလဲ...။
မဟာ အတွေးများနေတုန်း message ဝင်လာသောအသံက သူ့ဖုန်းထဲမှ ထွက်ပေါ်လာသည်။ ဖုန်းကို ကြည့်မိတော့ ပို့လာသူက အလင်္ကာ။ ပို့ထားသည်ကလည်း ရိုးရိုးရှင်းရှင်း စကားလုံးလေးလုံးသာ ပါသည့် စာတိုလေးတစ်ခု။
"ငါတို့ရောက်ပြီ" ဟူ၍။
ထိုစာကို ဖတ်ပြီး မဟာ မျက်နှာပြုံးသွားတော့သည်။
"ရောက်ပြီတဲ့... မီးပိတ် ပြီးရင် ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားတော့"
ဟိန်းက မီးသွားပိတ်လိုက်သည်။မဟာက ကိတ်မုန့်ဗန်းလေးကို မကာ လှေကားရှေ့နား သွားရပ်သည်။ မျိုးမာန်က ကြိုးဗုံးလေးနှစ်ခုအားယူကာ တစ်ခုကို ဟိန်းဆီ ကမ်းပေးလိုက်သည်။ အားလုံးပြီးသွားချိန်တွင်တော့ လှေကားမှတက်လာနေသော ခြေသံများကို ကြားရပြီး မကြာမီ ရွှေစင်နဲ့ အလင်္ကာတို့ ပေါ်လာခဲ့သည်။
"Happy Birthday To You
Happy Birthday To You
Happy Birthday Dear Shwe Sin
Happy Birthday To You"
"ဖောင်း" "ဖောင်း"
မွေးနေ့သီချင်းပြီးဆုံးသွားသည်နှင့် ကြိုးဗုံးများအား ဖောက်လိုက်သော မျိုးမာန်နဲ့ ဟိန်း။ ပြီးနောက် အခန်းမီးအား ပြန်ဖွင့်လိုက်သည်။ ရွှေစင်တစ်ယောက် ကြုံလိုက်ရသော surprise ကြောင့် မျက်ရည်များပင် ဝေ့လာတော့သည်။ အပြင်အဆင်ကိုကြည့်ပြီးတော့လည်း ပြောစရာစကားတို့ ပျောက်ဆုံးသွားပြန်သည်။ ဒုတိယထပ်အား ဝေ့ဝိုက်ကြည့်ပြီးမှ တစ်ယောက်လျော့နေသည်ကို သတိထားမိသွားကာ မျက်နှာလေးက အလိုမကျစွာ ဆူပုတ်လာတော့သည်။
"အိန္ဒြေရော"
"သူလာသွားတယ်...ကျောင်းက အရေးတကြီး ဖုန်းဆက်ခေါ်လို့ ပြန်သွားတာ...ဒီမှာ နင့်အတွက် သူပေးတဲ့ birthday gift "
မျိုးမာန် ရွှေစင့်အား ရှင်းပြပြီး အိန္ဒြေမပြန်ခင် ပေးခဲ့သော ဘူးလေးအား လှမ်းပေးလိုက်သည်။
"ငါက မွေးနေ့လက်ဆောင်လိုချင်တာမှမဟုတ်တာ...သူရှိတာကို လိုချင်တာကို"
"ရွှေစင် နင်ကပဲ နားလည်ပေးလိုက်ပါ...သူက ဆေးကျောင်းသူဆိုတော့ ကျောင်းစာတွေက အရေးကြီးတယ်လေကွယ်"
အလင်္ကာ ရွှေစင်အား ဖြောင်းဖြသည်။ ရွှေစင်မှာတော့ ဆူပုတ်ပုတ်ဖြစ်နေဆဲပင်။
"ကဲပါ ထားပါတော့...ကိတ်မုန့်ခွဲရအောင်"
"အင်း ရွှေစင် ကိတ်မုန့်မခွဲခင် အရင်ဆုတောင်း ပြီးမှ ဖယောင်းတိုင်ကိုမှုတ်"
ဟိန်းစကားကို ခေါင်းသာညိတ်ပြလိုက်ပြီး ဘာမှထပ်မပြောတော့ပဲ ရွှေစင် လက်နှစ်ဖက်ကို ယှက်ပြီး မျက်စိတို့ကို မှိတ်လိုက်တော့သည်။
"နောက်ကြုံလာမယ့် မွေးနေ့တိုင်း ခြောက်ယောက်လုံး အတူတူရှိချင်တယ်"
ရွှေစင်၏ မွေးနေ့ဆုတောင်းသံအဆုံး မဟာမှလွဲ၍ ကျန်၃ယောက်သား သက်ပြင်းကိုချမိသည်။ ထို၃ယောက်၏ ရင်ထဲမှစကားသံတို့သည်လည်း တူညီစွာ။
နင်ဆုတောင်းတွေပြည့်ဖို့ ငါတို့လည်းဆုတောင်းပါတယ် ရွှေစင်....
*********************************
#1.4.2024
#🍁Moe Kyal Phyu🍁
******
ပျင်းနေကြပြီလားဟင်...မကြာတော့ဘူးနော် မာန်တို့ဆီပြန်သွားရတော့မှာ.....❤❤
စာက ညကတည်းက ရေးထားပြီးပေမယ့် မီးကအခုမှလာလို့ အခုမှတင်ရတယ် ပေပီတို့ရယ်...update နောက်ကျသွားတဲ့အတွက် သွေ့ပုချီပါလို့☹️
[Zawgyi]
"Happy Birthday ေရႊစင္...ေမြးေန႔မွာ ေပ်ာ္ရႊင္ပါေစေနာ္"
ေရႊစင္တစ္ေယာက္ မ်က္လံုးဖြင့္ဖြင့္ခ်င္း ျမင္လိုက္ရေသာ ပံုရိပ္ေလးေၾကာင့္ အၿပံဳးပန္းမ်ား ေ၀ဆာသြားေတာ့သည္။ထို႔ေနာက္ လဲေနရာမွ ထထိုင္လိုက္ၿပီး သူ႕ေရွ႕မွ အလကၤာကို ၿပံဳးကာ ၾကည့္လိုက္သည္။
"ေပးတဲ့ဆုနဲ႔ျပည့္ပါေစ...ေက်းဇူး အလကၤာ"
"မလိုပါဘူး...ေရာ့ ဖေယာင္းတိုင္မႈတ္...အာ...ေနအံုး အရင္ဆုေတာင္း"
"အင္း"
ေရႊစင္လည္း အလကၤာစကားေၾကာင့္ လက္ႏွစ္ဖက္ကို ယွက္လိုက္ၿပီး မ်က္လံုးမ်ားမိွတ္လိုက္ေတာ့သည္။ ယေန႔သည္ ေရႊစင္၏ ၁၇ႏွစ္ျပည့္ ေမြးေန႔ပင္ျဖစ္သည္။
ထို႔ေၾကာင့္ ေရႊစင္မႏိုးေသးခင္ အလကၤာ အေစာႀကီးထကာ ကိတ္မုန္႔သြား၀ယ္ခဲ့သည္။ႏွစ္စဥ္ႏွစ္တိုင္း က်ေရာက္လာသည့္ေရႊစင့္ ေမြးေန႔တိုင္းကို အျခားသူမ်ားထက္အရင္ အလကၤာက အရင္ဦးဆံုးဆုေတာင္းေပးကာ cake အေသးစားေလးျဖစ္ ေမြးေန႔၏ မနက္ခင္းတိုင္းကို ျဖတ္သန္းေစခဲ့သည္။ ေရႊစင္ကလည္း အလကၤာထံမွ ေမြးေန႔ဆုေတာင္းကိုသာ အရင္ဆံုးၾကားခ်င္သည္။ ထိုသည္က သူမတို႔ႏွစ္ေယာက္၏ မတိုင္ပင္ထားပါပဲ တူညီေနေသာ အက်င့္တစ္ခုပင္ျဖစ္သည္။
အလကၤာတစ္ေယာက္ မ်က္လံုးမ်ားမိွတ္ကာ ဆုေတာင္းေနေသာ ေရႊစင့္အား ၿပံဳးၿပီးၾကည့္ေနသည္။ ေမြးေန႔ဆုေတာင္းၿပီးသြား၍ မ်က္လံုးမ်ား ျပန္ဖြင့္လာေသာ ေရႊစင္အေရွ႕ အလကၤာ သူ၀ယ္လာခဲ့ေသာ ကိတ္မုန္႔ကို တိုးေပးကာ ဖေယာင္းတိုင္မ်ားကို မႈတ္ေစသည္။
"ဖူး~"
ေရႊစင္ ဖေယာင္းတိုင္မီးမ်ားအား မႈတ္ၿပီးသြားေတာ့ အလကၤာလက္တစ္ဖက္ျဖင့္ ကိတ္မုန္႔ကို သယ္ကာ ေနာက္လက္တစ္ဖက္ျဖင့္ ကိတ္မုန္႔ခြဲသည့္ ဓားကို ေရႊစင့္အား ကမ္းေပးလိုက္သည္။ ကိတ္ေလးက ႐ိုး႐ိုးရွင္းရွင္း ေခ်ာကလက္ကိတ္ေလးသာျဖစ္သည္။ကိတ္ခြဲၿပီးသြားေတာ့ ေရႊစင္က အလကၤာ့အား ခြံ႕ေကြၽးသည္။ တစ္ဖန္ အလကၤာက ျပန္ခြံ႕ေကြၽးရန္ျပင္စဥ္ ေရႊစင္ ေခါင္းခါျပကာ
"ငါမ်က္ႏွာမသစ္ရေသးဘူးေလ"
"အို...ဘယ္သူသိတာမို႔လဲ...နင္ရယ္ငါရယ္ပဲရိွတာေလ အ႐ူးမေလးရယ္"
ဆိုကာ အလကၤာ လက္ညိဳးျဖင့္ cream အနည္းငယ္အားယူကာ ေရႊစင္ႏွာေခါင္းထိပ္တြင္ တို႔လိုက္သည္။ ထိုအျပဳအမႈေၾကာင့္ ေရႊစင္တစ္ေယာက္ ခပ္ၿပံဳးၿပံဳးေလး ျဖစ္သြားေတာ့သည္။ ထို႔ေနာက္ ပါးစပ္ကိုဟလိုက္ၿပီး
"အာ... "
"ဘာလုပ္တာတုန္း"
"ကိတ္မုန္႔ေကြၽးေလ အခ်စ္ရဲ႕...အာ... "
ေရႊစင္၏ ထိုပံုစံေလးေၾကာင့္ အလကၤာ ခပ္ဖြဖြတစ္ခ်က္ရယ္လိုက္ရင္း ေရႊစင့္အား ကိတ္ခြံ႕လိုက္ေတာ့သည္။
"ေတာင္းထားတဲ့ဆုေတြေရာ မေတာင္းထားတဲ့ဆုေတြေရာ အားလံုးျပည့္ပါေစ သူငယ္ခ်င္းေလး... ထ ေရသြားခ်ဳိး...ဒီေန႔ အတန္းလစ္မယ္...ငါ ဟို၄ေယာက္ကို ေခၚထားတယ္"
"အင္း အင္း"
ေရႊစင္လည္း ေခါင္းတဆတ္ဆတ္ညိတ္ၿပီး ေရခ်ဳိးရန္အတြက္ အခန္းထဲမွ ထြက္သြားေတာ့သည္။ ေရႊစင္ အခန္းထဲက ထြက္သြားသည္အထိ ေစာင့္ၿပီးမွ အလကၤာ ဖုန္းကိုယူလိုက္သည္။ ထို႔ေနာက္ မဟာ့ထံ ဖုန္းဆက္လိုက္ေတာ့သည္။
"Hello "
"....."
"အင္း"
"....."
"အင္း ငါေခၚလာခဲ့မယ္"
"....."
"ေအးပါ နင္ဘာမွစိတ္မပူနဲ႔"
"....."
"အင္းပါ အဲ့ဆို ဒါပဲ"
အလကၤာ ဖုန္းခ်လိုက္ၿပီး မည္းေမွာင္သြားေသာ ဖုန္းမ်က္ႏွာျပင္အား စိုက္ၾကည့္ေနသည္။ထို႔ေနာက္ သက္ျပင္းကိုလည္း ခ်မိသည္။ မဟာခ်ိန္းသည့္ေနရာကို ေရႊစင့္အား ေခၚသြားသင့္သည္လား သူမသိေပ။ အခုေနာက္ပိုင္း မဟာက ေရႊစင့္အေပၚ သိသိသာသာ ဆက္ဆံေရးေျပာင္းလာခဲ့သည္ကို သူတို႔အားလံုးသိသည္။ ေရႊစင္လည္း မဟာ့အေပၚ ခံစားခ်က္မ်ားရိွေနသည္ကိုလည္း အလကၤာ သတိထားမိသည္။ တစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွည္သေဘာက်ေနသူျခင္း သင့္ျမတ္သြားလွ်င္ ကိစၥမရိွပါေသာ္လည္း အိေႁႏၵ၏ မဟာ့အေပၚထားသည့္ ခံစားခ်က္မ်ားကို သိရိွထားသည္မို႔ မည္သို႔လုပ္ေပးရမွန္း သူမသိေပ။
ေရႊစင့္ ၁၇ႏွစ္ျပည့္တြင္ မဟာက ေရႊစင္အား ဖြင့္ေျပာရန္ သူတို႔အားေျပာလာခဲ့သည္။ မဟာ ထိုစကားေျပာခ်ိန္၌ အေရာင္မိႈင္းက်သြားေသာ အိေႁႏၵ၏ မ်က္လံုးအၾကည့္တို႔က အခုခ်ိန္ထိ အလကၤာမ်က္လံုးထဲက မထြက္ေသးေပ။ ထိုေန႔ကတစ္ေန႔လံုး အိေႁႏၵအားတင္းကာ ၿပံဳးထားခဲ့ေသာ္လည္း မ်က္၀န္းထဲတြင္ နာက်င္မႈတို႔က သိသိသာသာစြန္းထင္းေနသည္ကိုလည္း ေတြ႕ခဲ့ရသည္။ ျပန္ခါနီးတြင္လည္း အၿပံဳးေလးနဲ႔ႏႈတ္ဆက္သြားေသာ အိေႁႏၵ၏ ေက်ာျပင္က ျမင္ရသူတို႔ကိုေတာင္ နာက်င္မႈတို႔ကူးစပ္ေစခဲ့သည္။ အလကၤာ တစ္ဖန္ သက္ျပင္းကို ႐ိႈက္ခ်မိျပန္သည္။
ဒီအေၾကာင္းတရားေတြေၾကာင့္ သူမတို႔ သူငယ္ခ်င္းေတြၾကား ခင္မင္မႈေလးပ်က္သြားမွာကိုလည္း စိုးရိမ္မိပါသည္။ ဒီသူငယ္ခ်င္းေတြက အလကၤာ့အတြက္ ႏွစ္ေယာက္မရိွႏိုင္တဲ့ ဒုတိယမိသားစုေပမို႔။ မည္သူ႕ကိုမွ စိတ္ထိခိုက္နာက်င္ရသည့္အျဖစ္မ်ဳိးသို႔ မေရာက္ေစခ်င္ပါ။
ဟင္းး ကံၾကမၼာဇာတ္ဆရာက ဘယ္သို႔ဘယ္ပံုမ်ား ျဖစ္ေစခ်င္ပါသနည္။ အဆံုးသတ္တြင္ေတာ့ မည္သူမွ် မနာက်င္ေစဖို႔ကိုသာ သူ ဆုေတာင္းမိပါသည္။
အလကၤာ ေတြးေနသည့္ အေတြးမ်ားကို ခါထုတ္လိုက္ရင္း အျပင္သြားရန္အတြက္ ျပင္ဆင္ေနလိုက္ေတာ့သည္။
**********
ခြန္းျမတ္မဟာတစ္ေယာက္ တစ္ညလံုးအိပ္မရသည္မွာ ယခုမိုးစင္စင္ပင္ လင္းေနၿပီျဖစ္သည္။ ဒီေန႔သည္ သူ့ခ်စ္ရသူ ေရႊစင္၏ ေမြးေန႔ျဖစ္သည့္အျပင္ ေရႊစင့္အားခ်စ္ခြင့္ပန္ရန္ စီစဥ္ထားေသာ ေန႔ျဖစ္သည္။ ထို႔ေၾကာင့္ တစ္ညလံုး စိတ္လႈပ္ရွားေန၍ အိပ္မရခဲ့ျခင္းသာ။ မဟာ ေရႊစင့္အား မည္သည့္စကားမ်ားျဖင့္ ဖြင့္ေျပာရမည္ကို စဥ္းစားေနစဥ္ သူ႕ေခါင္းရင္းရိွ ဖုန္းမွ အသံထျမည္လာသည္။ ေခၚဆိုသူကိုၾကည့္လိုက္ေတာ့ အလကၤာျဖစ္ေနသည္ေၾကာင့္ လဲေနရာမွ ခ်က္ခ်င္းပင္ ထထိုင္မိသြားသည္။
"Hello "
ဖုန္းကိုင္လိုက္ေတာ့ တစ္ဖက္မွ အလကၤာ၏ အသံခ်ဳိခ်ဳိေလးက ထြက္ေပၚလာသည္။
"Hello အလကၤာ"
"အင္း"
"အလကၤာ ေရႊစင္ကို ခ်ိန္းထားတဲ့အခ်ိန္ အတိအက်ေရာက္ေအာက္ ေခၚလာခဲ့ေပးေနာ္...ေစာလည္း မေစာေစနဲ႔ ေနာက္လည္းမက်ေစနဲ႔ေနာ္"
"အင္း ငါေခၚလာခဲ့မယ္"
"ၿပီးေတာ့ သူ႕ကိုမရိပ္မိေစနဲ႔ေနာ္"
"ေအးပါ နင္ဘာမွစိတ္မပူနဲ႔"
"အင္း ငါမ်ဳိးမာန္တို႔ဆီ ဖုန္းဆက္လိုက္မယ္...အားကိုးတယ္ေနာ္ အလကၤာ"
"အင္းပါ အဲ့ဆို ဒါပဲ"
ထိုသို႔သာ ေျပာၿပီး အလကၤာဘက္မွ ဖုန္းအရင္ခ်သြားေတာ့သည္။ ထိုျဖစ္ရပ္ေၾကာင့္ မဟာ့စိတ္ထဲ ထူးဆန္းလို႔သြားရသည္။ ဒီေန႔ အလကၤာ အသံက ပံုမွန္နဲ႔မတူ ေအးစက္ေနသလို ျဖစ္ေနသည္။ ထို႔ျပင္ အရင္ကဖုန္းဆက္တိုင္း စကားကို လိမ့္ပတ္မလည္ေအာင္ တတြတ္တြတ္ ေျပာတက္သူက ဒီေန႔ သူတစ္ခြန္းေမးမွ တစ္ခြန္းေျဖသာ လုပ္သြားသည္။
အလကၤာ တစ္ခုခုျဖစ္ေနတာမ်ားလား...မဟုတ္မွ မ်ဳိးမာန္နဲ႔ ရန္ျဖစ္ထားတာမ်ားလား...မျဖစ္ႏိုင္ပါဘူး ဟိုတေန႔ကထိ သူတို႔ႏွစ္ေယာက္ အဆင္ေျပေနတာပဲ...ဟာ ဘာျဖစ္ရမွာလဲ မဟာရ...ေရႊစင္မရိပ္မိေအာင္လို႔ စကားသိပ္မေျပာတာပဲေနမွာ...အလကၤာက ဘာျဖစ္ရမွာလဲ...ဟုတ္တယ္ အလကၤာ ဘာမွမျဖစ္ဘူး.....
တစ္ေယာက္တည္း ေခါင္းညိတ္ေခါင္းခါလုပ္ၿပီးေနာက္ ေရခ်ဳိးရန္အတြက္ ေရခ်ဳိးခန္းထဲသို႔ ၀င္သြားေတာ့သည္။
**********
At ELEVEN Cafe,
မဟာ၊ မ်ဳိးမာန္နဲ့ ဟိန္းတို႔ ၃ေယာက္လံုး ဆိုင္၏ ဒုတိယထပ္တြင္ ရိွေနၾကသည္။ ဒီေန႔ ထိုဒုတိယထပ္တစ္ထပ္လံုး ေရႊစင့္ေမြးေန႔ပြဲအတြက္ မဟာက ငွားထားခဲ့ျခင္းျဖစ္သည္။ ဆိုင္အတြင္းေမြးေန႔အျပင္အဆင္ကိုလည္း ဆိုင္၏၀န္ထမ္းေလးမ်ားအား ပိုက္ဆံေပးကာ ျပင္ဆင္ခိုင္းခဲ့သည္။ ေနရာအႏွံ ေဘာလံုးေရာင္စံုေလးမ်ားက ျပန္႔က်ဲေနၿပီး ပန္းေရာင္စံုတို႔ကလည္း အမ်ားအျပား။ ထို႔ျပင္ တြဲေလာင္းက်ေနေသာ အနီေရာင္ အသည္းပံုေဘာလံုးတို႔ကလည္း နံရံထက္ ေနရာအေတာ္မ်ားမ်ားကို ယူလို႔ထားသည္။ ဒုတိယထပ္၏ အလယ္တည့္တည့္တြင္ေတာ့ birthday cake အျဖဴေလးက ခန္႔ညားစြာ တည္ရိွေနသည္။ မဟာ အျပင္အဆင္ကို လိုက္ၾကည့္ရင္း ေက်နပ္ေနမိသည္။ အျပင္အဆင္က သူ႕အားစိတ္တိုင္းက်ေစသည္။ ေရႊစင္သေဘာက်ဖို႔သာ လိုပါေတာ့သည္။ ေရႊစင္ သေဘာက်မွသာ သူႀကိဳးစားရႀကိဳး နပ္မည္ျဖစ္သည္။
မဟာ အျပင္အဆင္ကို တစ္ခုခ်င္းလိုက္ၾကည့္ေနရင္း ေထာင့္တစ္ေနရာ၌ မွန္ျပတင္းမွတစ္ဆင့္ ျပင္ပက ျမင္ကြင္းမ်ားကို ေငးကာ တစ္ေယာက္တည္းေငးငိုင္ေနေသာ မ်ဳိးမာန္ကိုေတြ႕သြားေတာ့သည္။ ထို႔ေၾကာင့္ အနားသြားလိုက္ကာ မ်ဳိးမာန္ပခံုးအားဖက္လိုက္သည္။ သူ႕အျပဳအမူေၾကာင့္ ဖုန္းေျပာေနေသာ ဟိန္းကပါ သူတို႔ႏွစ္ေယာက္ကို လွည့္ၾကည့္လာသည္။
"ဘာျဖစ္ေနတာလဲ မ်ဳိးမာန္"
"ဘာမွမျဖစ္ပါဘူး"
မ်ဳိးမာန္က ႏႈတ္ခမ္းတြန္႔႐ံု ၿပံဳးကာဆိုသည္။
"ဒါဆိုဘာလို့ ေငးေငးငိုင္ငိုင္ျဖစ္ေနတာလဲ"
မဟာ၏ အေမးေၾကာင့္ ဟိန္းကပါ အနားေရာက္လာကာ မ်ဳိးမာန္ကိုၾကည့္ၿပီး
"စိတ္ပူမေနပါနဲ႔ မ်ဳိးမာန္...ကံၾကမၼာဇာတ္ဆရာ အလိုက်ေပါ့"
ဟိန္းစကားကို မ်ဳိးမာန္က ေခါင္းသာညိတ္ျပသည္။ ဘာအဓိပၸာယ္နဲ႔ ဘာအေၾကာင္းလဲဆိုသည္ကို သူတို႔အခ်င္းခ်င္းသိေသာ္လည္း နားမလည္သူက မဟာ။ ဟိန္းက နားမလည္၍ ေၾကာင္အအျဖစ္ေနေသာ မဟာ့အားၾကည့္ကာ ရယ္လိုက္ၿပီး
"မင္းရဲ႕ surprise အဆင္မေျပမွာကို စိတ္ပူေနတာ...ဘာမွမဟုတ္ဘူး"
"ဟုတ္လို႔လား မနက္က အလကၤာနဲ႔ ဖုန္းေျပာတုန္းကလည္း သူ႕အသံက တစ္မ်ဳိးျဖစ္ေနတယ္"
မဟာ့စကားေၾကာင့္ ဟိန္းနဲ႔ မ်ဳိးမာန္ အၾကည့္ခ်င္းဆံုသြားၾကသည္။ မဟာက သူ႕စကားကိုဆက္ေျပာလာသည္။
"မ်ဳိးမာန္ မင္းနဲ႔အလကၤာ ရန္ျဖစ္ထားတာလား"
"မဟုတ္ပါဘူးကြာ...ငါတို႔ကရန္ျဖစ္မယ့္အစား ခ်စ္လို႔ေတာင္မ၀ေသးတာကို"
"ေသခ်ာလို႔လား"
"ေသခ်ာပါတယ္ကြာ"
မဟာ့က မ်ဳိးမာန္အား မယံုသလို စိုက္ၾကည့္ေနသည္။ ထိုသည္ကို မ်ဳိးမာန္က တစ္ခ်က္ရယ္လ်က္
"တကယ္ပါကြာ...ငါနဲ႔ အလကၤာ ဘာမွမျဖစ္ထားဘူး"
"တကယ္ေနာ္"
"အင္း"
ႏွစ္ေယာက္သား အေမးအေျဖလုပ္ေနစဥ္ ဒုတိယထပ္ကို တက္လာေသာ ေျခသံၾကားရသည္ေၾကာင့္ လွည့္ၾကည့္လိုက္မိေတာ့ ျမင္လိုက္ရသူက အိေႁႏၵ။ မဟာလည္း အိေႁႏၵဆီ ေလွ်ာက္သြားလိုက္ေတာ့သည္။ မ်ဳိးမာန္နဲ႔ဟိန္းတို႔ကေတာ့ ေနရာတြင္သာရပ္ေနလွ်က္ ထိုႏွစ္ေယာက္အားၾကည့္ေနသည္။
"ငါ ေနာက္က်သြားလား"
"ေနာက္မက်ပါဘူး...ေရႊစင္တို႔ေတာင္ မေရာက္ေသးဘူး... ဒါနဲ့ ဘယ္လိုလဲ...ငါစီစဥ္ထားတာ အဆင္ေျပလား"
မဟာက အခန္းတြင္းကို မ်က္လံုးေ၀့၀ိုက္ကာ ေျပာသည္။ အိေႁႏၵလည္း စိတ္ထဲမွ ပူေလာင္ေနမႈကို မ်က္ႏွာထက္မေပၚေစရန္ ထိန္းခ်ဳပ္ကာ မဟာ့ေရွ႕ လက္မႏွစ္ေခ်ာင္းေထာင္ျပလိုက္ၿပီး
"လံုး၀ perfect ပဲ"
"ဒါဆို ေရႊစင္ သေဘာက်ေလာက္မွာပါေနာ္"
"အင္း အင္း သေဘာက်မွာပါ"
အပူ႐ုပ္ကို ဟန္လုပ္ကာ ၿပံဳးျပေနရေသာ အိေႁႏၵ။
"အိေႁႏၵ ဒါေလးတစ္ခ်က္ ၾကည့္ေပးပါအံုး"
အနားကပ္ကာ သူ႕အိတ္ထဲမွ လက္စြပ္ဘူးေလးအား ထုတ္ကာ ေျပာလာေသာ မဟာ။ အိေႁႏၵ မဟာ့မ်က္ႏွာအား ေငးၾကည့္မိသည္။ ေခ်ာေမာေသာ မ်က္ႏွာေလးထက္ ေပ်ာ္ရႊင္ေနမႈက အတိုင္းသား ေပၚလြင္ေနသည္။
အဲ့ေလာက္ေတာင္ ေပ်ာ္ေနတာလား မဟာ.....
"ဟဲ့ အိေႁႏၵ"
"ဟမ္ အင္း ဘာလဲ"
"ဒီမွာ ေရႊစင္ႀကိဳက္လားေမးတာကို နင္က ဘာေၾကာင္ၾကည့္ေနတာလဲ"
လက္စြပ္ဘူးေလးအား ဖြင့္ကာ သူမအားျပလာသည္။ပလက္တီနမ္ ေျဗာင္ကြင္းေလး၏ထိပ္တြင္ ေသာ့ခ်ိပ္ပံုစံေက်ာက္အစိမ္းေရာင္ေလးႏွင့္ အသည္းပံုေလးအားဆက္ထားေသာ couple ကြင္းေလးႏွစ္ခု။ အိေႁႏၵမ်က္ရည္မက်ေအာင္ ႀကိဳးစားထိန္းေနရသည္။ ကိုယ္ခ်စ္ရသူက သူခ်စ္ရသူကိုေပးဖို႔ လက္စြပ္အား ကိုယ့္ဆီလာျပကာ သေဘာက်မက် ခန္႔မွန္းခိုင္းေနျခင္း။ ေႏြေခါင္ေခါင္ မိုးႀကိဳးပစ္ခ်ခဲ့ရင္ေတာင္ ဒီေလာက္ထိ ေၾကာက္ဖို႔ေကာင္းမည္မဟုတ္ေပ။
ဒီေလာက္ပဲ သတ္ပါေတာ့လား မဟာရယ္...အစကတည္းက ေသေနၿပီးသားလူကို နင္မို႔လို႔ အႀကိမ္ႀကိမ္သတ္ႏိုင္ရက္တယ္.....
"အင္း သူသေဘာက်မွာပါ"
"ဟုတ္တယ္ေနာ္ ေရႊစင္ ႀကိဳက္မွာ"
အတည္ျပဳသလိုႏွင့္ တစ္ေယာက္တည္းေျပာေနေသာ မဟာ။ အိေႁႏၵ မဟာ့ကိုၾကည့္ၿပီး မ်က္ရည္မ်ား၀ဲတက္လာသည္။ မ်က္ရည္မက်သြားေအာင္ မ်က္ေတာင္မ်ားအား ပုတ္ခက္ပုတ္ခက္လုပ္ရင္း အခန္းတြင္းရိွေနေသာ လူႏွစ္ေယာက္ထံၾကည့္မိေတာ့ သူ႕အား က႐ုဏာ မ်က္လံုးမ်ားႏွင့္ၾကည့္ေနေသာ မ်ဳိးမာန္ႏွင့္ ဟိန္း။
အိေႁႏၵ ရင္တို႔ တဆစ္ဆစ္နာလာရသည္။ အစကတည္းက ႐ံႈးၿပီးသားမွန္းသိေပမယ့္ အ႐ံႈးသမားတစ္ေယာက္လို သနားက႐ုဏာ သက္ျခင္းခံရသည္က သူမ မ်က္ႏွာအား ျဖတ္႐ိုက္ခံလိုက္ရသလိုပင္ ခံစားရသည္။
ဟင့္အင္း မၾကည့္ပါနဲ႔... ငါ့ကိုအဲ့လိုမ်က္လံုးေတြနဲ႔ မၾကည့္ပါနဲ႔...အ႐ံႈးေပးလိုက္ရသူတစ္ေယာက္ကိုၾကည့္တဲ့ သနားတဲ့မ်က္လံုးေတြနဲ႔ ငါ့ကိုမၾကည့္ပါနဲ႔...ငါက လြယ္လြယ္နဲ႔ အ႐ံႈးေပးတတ္တဲ့ မိန္းကေလးမဟုတ္ဘူး...ဒါေၾကာင့္ ငါ့ကို အဲ့လိုမ်က္လံုးေတြနဲ႔ မၾကည့္ၾကပါနဲ႔.....
မ်ဳိးမာန္ သူတို႔ႏွစ္ေယာက္အားၾကည့္ရင္း မ်က္ရည္၀ဲလာေသာ အိေႁႏၵေၾကာင့္ အနားကိုသြားလိုက္ကာ
"အိေႁႏၵ ငါနဲ႔ခဏ လိုက္ခဲ့ပါလား"
အိေႁႏၵအား လက္ဆြဲကာေခၚေတာ့ မဟာထံမွ ေမးခြန္းက ထြက္လာသည္။
"မင္းက ဘယ္သြားမလို႔လဲ မ်ဳိးမာန္"
"သူ႕ဟာသူ ဘယ္သြားသြားေပါ့...လာ မင္းက ငါ့ကို ဓာတ္ပံုလာ႐ိုက္ေပး"
ဟိန္း မ်ဳိးမာန္ကို ေခါင္းညိတ္ျပလိုက္ၿပီး အိေႁႏၵကို ေခၚထုတ္သြားေစလိုက္သည္။
"ကိုယ့္ဟာကို ႐ိုက္ပါလား"
မဟာကေတာ့ ဟိန္းအား မဲ့ရြဲ႕ကာဆိုေနသည္ေၾကာင့္ ထိုႏွစ္ေယာက္၏ အခ်က္ျပမႈကို မျမင္လိုက္ေပ။
"ငါ့ဟာငါ႐ိုက္ေတာ့ သိပ္မလွလို႔ေပါ့...ဒီေလာက္လွတဲ့အျပင္အဆင္ေတြကို အမွတ္တရ သိမ္းထားရမွာေပါ့...႐ိုက္ေပးစမ္းပါ မဟာရာ"
"တကယ္ပဲ မိန္းကေလးက်ေနတာပဲ...ေပး မင္းဖုန္း"
မဟာ ဟိန္းဖုန္းကိုယူကာ ဟိန္းစိတ္တိုင္းက် ဓာတ္ပံု႐ိုက္ေပးလိုက္ေတာ့သည္။ ဟိန္းမွာေတာ့ ဓာတ္ပံု႐ိုက္ေနရေသာ္လည္း အျပင္ထြက္သြားသူႏွစ္ေယာက္ထံသာ စိတ္ကေရာက္ေနေတာ့သည္။
တစ္ဖက္တြင္လည္း အေရးေပၚေလွကားနားသို႔ မ်ဳိးမာန္ အိေႁႏၵအား လက္ဆြဲကာ ေခၚလာခဲ့သည္။ အိေႁႏၵကေတာ့ တိတ္ဆိတ္စြာျဖင့္ မ်ဳိးမာန္ ဆြဲေခၚရာ ပါလာခဲ့သည္။ မ်ဳိးမာန္ သူ႕ေရွ႕တြင္ ေခါင္းငံု႔ကာရပ္ေနေသာ အိေႁႏၵအားၾကည့္ကာ စိတ္မသက္မသာျဖစ္မိသည္။
"ငိုခ်င္တယ္မလား...ငိုခ်လိုက္ပါ အိေႁႏၵ"
သူေျပာလိုက္ေသာ္လည္း အိေႁႏၵဆီမွ ဘာသံမွထြက္မလာေပ။ စကၠန္႔အနည္းငယ္အၾကာမွ ပခံုးမ်ားသိမ့္သိမ့္တုန္လာကာ ႐ိႈက္သံမ်ားထြက္လာေတာ့သည္။ မ်ဳိးမာန္လည္း အိေႁႏၵအားဆြဲကာ ရင္ခြင္ထဲထည့္ဖက္ထားလိုက္ေတာ့သည္။
"ဘာမွမျဖစ္ဘူး အိေႁႏၵ...အားရပါးရ ငိုခ်လိုက္ေနာ္"
ေခါင္းေလးအားပုတ္ကာ ေျပာေတာ့ သူ႕ရင္ခြင္ထဲပိုတိုး၀င္လာေသာ အိေႁႏၵ။ မ်ဳိးမာန္ မ်က္ရည္မ်ားပင္၀ိုင္းလာမိသည္။ ဘယ္ေနရာကေနစၿပီး မွားသြားလို႔ သူ႕သူငယ္ခ်င္းေတြ ဒီလိုခံစားေနရတာပါလဲ။ မေန႔ညကလည္း ဟိန္းက ႏွစ္ေယာက္တည္းေတြ႕ဖို႔ေခၚကာ သူ႕ေရွ႕တြင္ ၿပိဳလဲျပခဲ့ေသးသည္။
"ငါေလ ငါသူ႕ကို သိပ္ခ်စ္တာ"
ရင္ခြင္ထဲမွ ႐ိႈက္သံေရာေသာ အသံျဖင့္ အိေႁႏၵက ေျပာလာသည္။ မ်ဳိးမာန္လည္း သက္ျပင္းခ်ကာ
"အင္း ငါသိတယ္"
တစ္ဖန္ ထိုေနရာေလးတြင္ ႐ိႈက္သံမ်ားသာ ႀကီးစိုးသြားေတာ့သည္။ အခ်ိန္အေတာ္ၾကာမွ ငိုသံမ်ားစဲသြားၿပီး အိေႁႏၵ မ်ဳိးမာန္ ရင္ခြင္ထဲမွ ႐ုန္းထြက္လိုက္သည္။ ငိုထား၍ မ်က္လံုးႏွင့္ ႏွာေခါင္းထိပ္မ်ားနီရဲေနသည့္ အိေႁႏၵသည္ အမွန္ပင္ ခ်စ္စဖြယ္ျဖစ္ေနသည္။
"အဆင္ေျပသြားၿပီလား"
မ်ဳိးမာန္ အိေႁႏၵ ပါးျပင္မွ မ်က္ရည္မ်ားကို သုတ္ေပးကာ ေမးသည္။
"အင္း"
"ဒါဆို သြားရေအာင္"
လက္ဆြဲကာေခၚေတာ့ အိေႁႏၵက မလိုက္ပဲ ထိုေနရာတြင္သာ ရပ္တန္႔ေနသည္။
"အိေႁႏၵ"
"ငါမလိုက္ေတာ့ဘူး... မဟာေမးရင္ ေက်ာင္းက အေရးတႀကီးလွမ္းေခၚတယ္လို႔ ေျပာေပး"
"ဒါေပမယ့္ အိေႁႏၵ"
"ဟင့္အင္း မ်ဳိးမာန္...ငါ့မွာ အားအင္မရိွဘူး... မဟာ ေရႊစင့္ကို ခ်စ္ခြင့္ပန္ေနတဲ့ ျမင္ကြင္းကိုၾကည့္ဖို႔ ငါ့မွာ သတၱိမရိွဘူး...နင္ကေတာ့ ငါ့ကို နားလည္ေပးပါေနာ္...ငါ အတၱႀကီးပါရေစ"
ဆိုကာ မ်ဳိးမာန္ ျပန္ေျပာသည္ကို မေစာင့္ပဲ ထိုေနရာမွ ေျပးထြက္သြားေသာ အိေႁႏၵ။ မ်ဳိးမာန္ ယေန႔အတြင္း ဘယ္ႏွခါေျမာက္မွန္းမသိသည့္ သက္ျပင္းကို ခ်ကာ မဟာတို႔ရိွရာဆီ လွမ္းလာခဲ့သည္။ ပထမဦးဆံုး သူတို႔အဖြဲ႕ လူမစံုသည့္ ေမြးေန႔ပြဲကို က်င္းပရေတာ့မည္ ျဖစ္သည္။
"ေဟ့ မင္းကလည္း ၾကာလိုက္တာ...ေရႊစင္တို႔ ေရာက္ေတာ့မယ္"
အခန္းထဲ၀င္လာေသာ မ်ဳိးမာန္အား မဟာဆီးေျပာသည္။ မ်ဳိးမာန္ ေခါင္းတစ္ခ်က္သာ ညိတ္ျပလိုက္သည္။မ်ဳိးမာန္ေနာက္တြင္ အိေႁႏၵပါမလာသည္ေၾကာင့္ မဟာ မ်က္ခံုးမ်ားတြန္႔ခ်ဴိးသြားၿပီး မ်ဳိးမာန္အားၾကည့္ကာ
"အိေႁႏၵေရာ ဘယ္မွာလဲ"
"ေက်ာင္းက အေရးတႀကီး ဖုန္းဆက္ေခၚလိူ႕ သြားတယ္...မီွရင္ ျပန္လာခဲ့မယ္တဲ့"
"အိေႁႏၵကလည္း ဒါေတာ့မမိုက္ပါဘူးကြာ"
"အေရးႀကီးတယ္ဆိုလို႔ သူသြားတာေလ!!...မင္းက ဘာျဖစ္ခ်င္ေနတာလဲ!!"
မ်ဳိးမာန္ အသံက်ယ္သြားသည္ေၾကာင့္ မဟာက ျပဴးၾကည့္လာသည္။ ဟိန္းက မ်ဳိးမာန္ အနားသြားကာ
"စိတ္ထိန္း မ်ဳိးမာန္...ဒီေန့ ေရႊစင္ေမြးေန႔ေလ...သတိထားပါအံုး"
"မဟုတ္ပါဘူး ငါက ငါတို႔ေျခာက္ေယာက္လံုးက ေမြးေန႔တိုင္းအတူရိွေနၾကေလ...ဒီေန႔မွမရိွေတာ့ ေရႊစင္ ၀မ္းနည္းသြားမွာ ေတြးမိသြားလို႔ပါကြာ"
မဟာက ရွင္းျပသလို ေျပာလာသည္။ မ်ဳိးမာန္လည္း ေခါင္းျပန္ညိတ္ျပလိုက္ရင္း
"အင္းပါ ငါအသံက်ယ္သြားမိလို႔ ေတာင္းပန္ပါတယ္"
"ရပါတယ္"
ဆိုကာ မ်ဳိးမာန္ ပခံုးကို လက္သီးျဖင့္ထိုးလိုက္သည္။ မဟာ သတိေတာ့ထားမိသည္။ သူမသိသည့္ ကိစၥတစ္ခု သူ႕သူငယ္ခ်င္းမ်ားၾကားတြင္ ရိွေနလိမ့္မည္။ ဘာေၾကာင့္ဆို မနက္က အလကၤာနဲ႔ ဖုန္းေျပာတုန္းက ထူးဆန္းေနသည့္ အသံေနအသံထား။ ေရာက္လာၿပီးမွ ျပန္သြားေသာ အိေႁႏၵ။ ၿပံဳးေနေသာ္လည္း စိတ္မခ်မ္းသာပံုေပၚသည့္ ဟိန္းနဲ႔ မ်ဳိးမာန္။ တကယ္ပဲ ဘာမ်ားျဖစ္ေနၾကတာလဲ...။
မဟာ အေတြးမ်ားေနတုန္း message ၀င္လာေသာအသံက သူ႕ဖုန္းထဲမွ ထြက္ေပၚလာသည္။ ဖုန္းကို ၾကည့္မိေတာ့ ပို႔လာသူက အလကၤာ။ ပို႔ထားသည္ကလည္း ႐ိုး႐ိုးရွင္းရွင္း စကားလံုးေလးလံုးသာ ပါသည့္ စာတိုေလးတစ္ခု။
"ငါတို႔ေရာက္ၿပီ" ဟူ၍။
ထိုစာကို ဖတ္ၿပီး မဟာ မ်က္ႏွာၿပံဳးသြားေတာ့သည္။
"ေရာက္ၿပီတဲ့... မီးပိတ္ ၿပီးရင္ ျပင္ဆင္စရာရိွတာ ျပင္ဆင္ထားေတာ့"
ဟိန္းက မီးသြားပိတ္လိုက္သည္။မဟာက ကိတ္မုန္႔ဗန္းေလးကို မကာ ေလွကားေရွ႕နား သြားရပ္သည္။ မ်ဳိးမာန္က ႀကိဳးဗံုးေလးႏွစ္ခုအားယူကာ တစ္ခုကို ဟိန္းဆီ ကမ္းေပးလိုက္သည္။ အားလံုးၿပီးသြားခ်ိန္တြင္ေတာ့ ေလွကားမွတက္လာေနေသာ ေျခသံမ်ားကို ၾကားရၿပီး မၾကာမီ ေရႊစင္နဲ႔ အလကၤာတို႔ ေပၚလာခဲ့သည္။
"Happy Birthday To You
Happy Birthday To You
Happy Birthday Dear Shwe Sin
Happy Birthday To You"
"ေဖာင္း" "ေဖာင္း"
ေမြးေန႔သီခ်င္းၿပီးဆံုးသြားသည္ႏွင့္ ႀကိဳးဗံုးမ်ားအား ေဖာက္လိုက္ေသာ မ်ဳိးမာန္နဲ႔ ဟိန္း။ ၿပီးေနာက္ အခန္းမီးအား ျပန္ဖြင့္လိုက္သည္။ ေရႊစင္တစ္ေယာက္ ႀကံဳလိုက္ရေသာ surprise ေၾကာင့္ မ်က္ရည္မ်ားပင္ ေ၀့လာေတာ့သည္။ အျပင္အဆင္ကိုၾကည့္ၿပီးေတာ့လည္း ေျပာစရာစကားတို႔ ေပ်ာက္ဆံုးသြားျပန္သည္။ ဒုတိယထပ္အား ေ၀့၀ိုက္ၾကည့္ၿပီးမွ တစ္ေယာက္ေလ်ာ့ေနသည္ကို သတိထားမိသြားကာ မ်က္ႏွာေလးက အလိုမက်စြာ ဆူပုတ္လာေတာ့သည္။
"အိေႁႏၵေရာ"
"သူလာသြားတယ္...ေက်ာင္းက အေရးတႀကီး ဖုန္းဆက္ေခၚလို့ ျပန္သြားတာ...ဒီမွာ နင့္အတြက္ သူေပးတဲ့ birthday gift "
မ်ဳိးမာန္ ေရႊစင့္အား ရွင္းျပၿပီး အိေႁႏၵမျပန္ခင္ ေပးခဲ့ေသာ ဘူးေလးအား လွမ္းေပးလိုက္သည္။
"ငါက ေမြးေန႔လက္ေဆာင္လိုခ်င္တာမွမဟုတ္တာ...သူရိွတာကို လိုခ်င္တာကို"
"ေရႊစင္ နင္ကပဲ နားလည္ေပးလိုက္ပါ...သူက ေဆးေက်ာင္းသူဆိုေတာ့ ေက်ာင္းစာေတြက အေရးႀကီးတယ္ေလကြယ္"
အလကၤာ ေရႊစင္အား ေျဖာင္းျဖသည္။ ေရႊစင္မွာေတာ့ ဆူပုတ္ပုတ္ျဖစ္ေနဆဲပင္။
"ကဲပါ ထားပါေတာ့...ကိတ္မုန္႔ခြဲရေအာင္"
"အင္း ေရႊစင္ ကိတ္မုန္႔မခြဲခင္ အရင္ဆုေတာင္း ၿပီးမွ ဖေယာင္းတိုင္ကိုမႈတ္"
ဟိန္းစကားကို ေခါင္းသာညိတ္ျပလိုက္ၿပီး ဘာမွထပ္မေျပာေတာ့ပဲ ေရႊစင္ လက္ႏွစ္ဖက္ကို ယွက္ၿပီး မ်က္စိတို႔ကို မိွတ္လိုက္ေတာ့သည္။
"ေနာက္ႀကံဳလာမယ့္ ေမြးေန႔တိုင္း ေျခာက္ေယာက္လံုး အတူတူရိွခ်င္တယ္"
ေရႊစင္၏ ေမြးေန႔ဆုေတာင္းသံအဆံုး မဟာမွလြဲ၍ က်န္၃ေယာက္သား သက္ျပင္းကိုခ်မိသည္။ ထို၃ေယာက္၏ ရင္ထဲမွစကားသံတို႔သည္လည္း တူညီစြာ။
နင္ဆုေတာင္းေတြျပည့္ဖို႔ ငါတို႔လည္းဆုေတာင္းပါတယ္ ေရႊစင္....
*********************************
#1.4.2024
#🍁Moe Kyal Phyu🍁
******
ပ်င္းေနၾကၿပီလားဟင္...မၾကာေတာ့ဘူးေနာ္ မာန္တို႔ဆီျပန္သြားရေတာ့မွာ.....❤❤
စာက ညကတည္းက ေရးထားၿပီးေပမယ့္ မီးကအခုမွလာလို႔ အခုမွတင္ရတယ္ ေပပီတို႔ရယ္...update ေနာက္က်သြားတဲ့အတြက္ ေသြ႕ပုခ်ီပါလို႔☹️