Unicode
"ကဲ အခု ဒီနေ့ရဲ့ စိန်ခေါ်မှုတာဝန်ကို ကြေငြာပြီးပြီ၊ မင်းတို့ကို အဖွဲ့တွေ အရင်ခွဲကြရအောင် အဖွဲ့ခေါင်းဆောင် သုံးယောက်က ဆုံးဖြတ်ပြီးသွားပြီ မင်းတို့ဘယ်အသင်းကို သွားချင်လဲဆိုတာက မင်းတို့ရဲ့ အမြန်နှုန်းပေါ်မှာပဲ မူတည်တယ်နော်"
တင်ဆက်သူစကားပြောပြီးတာနဲ့ ကုမျန်က ခြေလှမ်း,လှမ်းပြီး လော့ချယ်နောက်မှာ အမြန်ဆုံး ရပ်လိုက်တယ်။
သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ဘေးမှာရပ်နေတာကြောင့် ကုမျန် လော့ချယ်နောက်မှာ တန်းစီဖို့က တစ်စက္ကန့်တောင် မကြာလိုက်ဘူး။ တင်ဆက်သူစကားပြောပြီးတာနဲ့ သူမ လော့ချယ်နောက်ကို ရောက်သွားဟန်ပေါက်တယ်။
သူမက အခြားဧည့်သည်နှစ်ယောက်နဲ့ မရင်းနှီးပေ။ သူမသာ အဖွဲ့ခေါင်းဆောင်တစ်ဦးနောက် လိုက်ရမယ်ဆိုရင် လော့ချယ်နောက်ကိုလိုက်တာ ပိုကောင်းတယ်။
နောက်တော့ တခြားဧည့်သည်တွေလည်း တုံ့ပြန်လာကြပြီး သူတို့ရွေးချယ်တဲ့အဖွဲ့ရဲ့နောက်မှာ အမြန်ရပ်လိုက်ကြတယ်။
ရုန်းရင်းဆန်ခတ်ဖြစ်ပြီးနောက် အဖွဲ့သုံးဖွဲ့ကို အောင်မြင်စွာဖွဲ့စည်းနိုင်ခဲ့တယ်။
ကုမျန်၊လော့ချယ်နဲ့ အခြား ယာယီအမျိုးသမီးဧည့်သည် လီရှောင်းက အဖွဲ့တစ်ဖွဲ့ဖြစ်တယ်။ လင်ချန်အန်း ၊ နဉ်နဉ်နဲ့ ကျန်းကျစ်တို့က တစ်ဖွဲ့ဖြစ်ပြီး နောက်ဆုံးကျန်တဲ့အဖွဲ့က လျူလင်း၊ လုရှောင်ချင်းနဲ့ ရွှီကျစ်အန်းတို့ပင်။
ပူးပေါင်းတာဝန်ပေးပြီးနောက် တင်ဆက်သူက တောက်တောက်ပပ ပြုံးလိုက်တယ်။"နေ့လည် လေးနာရီထိုးပြီ တစ်နာရီခွဲကြာရင် ဒီမှာ ပြန်စုရမယ် ပြီးတော့ မင်းတို့ကံကောင်းပါစေလို့ ဆုတောင်းပေးတယ်နော်"
ဧည့်သည်သုံးအုပ်စုက မတူညီတဲ့ လမ်းကြောင်းသုံးခုသို့ ထွက်ခွာခဲ့ကြတယ်။
ထွက်ခွာလာပြီးနောက်မှာ လော့ချယ်က အခု စိတ်အခြေအနေဆိုးရွားနေတယ်လို့ ကုမျန် အလိုလိုခံစားလိုက်ရတယ်။
အဲ့ဒါက လင်ချန်အန်းဆိုတဲ့ လူငယ်နဲ့ ဆက်စပ်နေရမယ်။
သူတို့က တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးပုံပေါက်ပေမယ့် ရင်းနှီးမှုအပြင် နားလည်လွယ်တဲ့ ကင်းကွာမှုလည်း ရှိနေခဲ့တယ်။
လီရှောင်းဟယ်က သူမတို့နဲ့အတူရှိနေတာမို့ ကုမျန်က အများကြီးမမေးခဲ့ဘူး။ သူမက ဒီတစ်ခေါက် စိန်ခေါ်မှုမစ်ရှင်အကြောင်းကိုသာ တွေးနေခဲ့တယ်။
သူမတို့မှာ သကြားလုံးတစ်လုံးပဲရှိတော့ စားစရာ၊ အိုးတွေ၊ ဒယ်အိုးတွေနဲ့ ချက်ပြုတ်ဖို့နေရာအတွက် ဖလှယ်ဖို့ ဒီသကြားလုံးအပေါ် မှီခိုဖို့လိုတယ်။
မီးဖိုမရှိရင် သူမတို့က ပါဝင်ပစ္စည်းတွေ ဖလှယ်လိုက်ရင်တောင် ညမှာ စားသောက်ဖို့ လုပ်နိုင်မှာမဟုတ်ဘူးလေ။
ဒီတာဝန်က မရိုးရှင်းဘူး။ ရိုးရှင်းရင် ဒီ reality show ကို "Impossible Challenge" လို့ ခေါ်မှာမဟုတ်ပေ။
ဧည့်သည်တွေအားလုံး showမှာမပါ၀င်ခင်က အဖွဲ့သားတွေကို ပိုက်ဆံအိတ်တွေ ပေးခဲ့ရတယ်။ ဒါက သူတို့မှာ ပိုက်ဆံမရှိတော့ဘဲ ရွာသားတွေဆီကနေ ပစ္စည်းတွေ ဝယ်လို့မရဘူးလို့ ဆိုလိုခြင်းဖြစ်တယ်။ ပရိုဂရမ်အဖွဲ့က သူတို့လိုအပ်တဲ့အရာအတွက် ဖလှယ်ဖို့ သကြားလုံးအပေါ် မှီခိုရမယ်လို့ ပြောထားတယ်။ ဒါကြောင့် သူတို့က သဘာ၀ကျကျပင် တာ၀န်ရဲ့အခက်အခဲကို လျော့ပါးစေဖို့ နောက်ဖေးတံခါးကို ဖွင့်လို့ရမှာမဟုတ်ဘူး။
"အိုး ဒီတာ၀န်က အရမ်းခက်တယ်၊ ငါတို့ ဘယ်နေရာကနေ အရင်စရမှာလဲ"
ပထမဆုံးစကားပြောသူက လီရှောင်းဟယ်ဖြစ်တယ်။ သူမရဲ့ နာမည်က သာမန်ဆိုပေမယ့် သူမရဲ့ အသွင်အပြင်ကတော့ လုံးဝကို သာမန်မဟုတ်ဘူး။ သူမရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို လွန်ခဲ့တဲ့ နှစ်ရက်ကမှ ဖျော်ဖြေပြီးခဲ့တာပင်။ သူမရဲ့ဆံပင်အရောင်ကို ခုထိ အနက်ရောင်ပြန်မဆိုးရသေးဘဲ ၎င်းက ဆွဲဆောင်မှုရှိတဲ့ ပန်းရောင်ဖြစ်တယ်။
သူမမှာ ခါးထိကောက်ထားတဲ့ ဆံပင်ရှည်နဲ့ ကိုရီးယားကြယ်ပွင့်ရောင်ဝါရှိတယ်။
လော့ချယ်ရဲ့အမူအရာက အေးစက်နေတယ်။ ထိုစကားကိုကြားတော့ သူက သူမကို ပေါ့ပါးစွာ တစ်ချက်ကြည့်လိုက်ပြီး "အရှေ့မှာ အဖွားအိုတစ်ယောက်ရှိတယ်၊ မင်းအရင်စမ်းကြည့်သင့်တယ်"
ဒီဂိမ်းရဲ့ အနှစ်သာရက ပိုတန်ဖိုးရှိတဲ့ အရာတွေကို နည်းနည်းချင်း ဖလှယ်ဖို့ပဲလို့ ကုမျန်ခံစားရတယ်။
သူမတို့ရဲ့အရင်းအနှီးက အရမ်းကိုသေးငယ်တဲ့၊ သကြားလုံးလေးပဲရှိတယ်။ ဒါပေမယ့် ခရမ်းချဉ်သီးတစ်လုံးနဲ့ ဖလှယ်ဖို့ သကြားလုံးကို အားကိုးပြီးနောက် ကြက်သွန်စိမ်းနှစ်လုံးနဲ့ ဖလှယ်ဖို့ ခရမ်းချဉ်သီးတစ်လုံးကို အားကိုးလို့ရတယ်...။
ဒါက အစပိုင်းမှာ သူမစိတ်ထဲရှိနေခဲ့တဲ့ ယူဆချက်ပင်ဖြစ်တယ်။
ဒါပေမယ့် သူမ ဒီတာဝန်ကို စတင်အကောင်အထည်ဖော်တဲ့အခါမှာတော့ လက်တွေ့က သူမစိတ်ကူးထားသလောက် မလွယ်ကူဘူးလို့ ခံစားရတယ်။
လီရှောင်းဟယ်က မျက်နှာပေါ်မှာအပြုံးတစ်ပွင့်နဲ့ ပိုတန်ဖိုးရှိတဲ့အရာတစ်ခုခုကို သကြားလုံးတစ်လုံးနဲ့ ဖလှယ်ဖို့ ဆံဖြူအဖွားတစ်ယောက်ဆီ လမ်းလျှောက်သွားခဲ့ပေမယ့် တံခါးပိတ်သွားတဲ့အချိန်ထိ သူမ စကားပြောခွင့်တောင် မရလိုက်ပေ။
ထိုသူက အပြင်မှာ ပဲအခွံခွှာနေဆဲဖြစ်တဲ့ အဖွားအိုတစ်ယောက်ပင်။ လီရှောင်းကိုတွေ့လိုက်ရတဲ့အချိန် ထိုအမျိုးသမီးကြီးရဲ့ မျက်နှာက ချက်ချင်းပြောင်းလဲသွားတယ်။ သူမက ပဲတွေကို ကောက်ယူပြီး အိမ်ထဲဝင်သွားပြီးနောက် တံခါးကို ဆောင့်ပိတ်လိုက်တယ်။
လီရှောင်းက ဒီအဖြစ်အပျက်ကြောင့် အံ့အားသင့်သွားရပြီး ကုမျန်နဲ့လော့ချယ်ကို အပြစ်ကင်းစင်တဲ့အကြည့်နဲ့ ကြည့်ကာ "ကျွန်မ ဘာမှမလုပ်ဘူးလေ ဒီအဖွားက ဘာလို့ ဒီလောက် ပြင်းပြင်းထန်ထန် တုံ့ပြန်ရတာလဲ"
ကုမျန်က လီရှောင်းရဲ့ဆံပင်အရောင်ကို တစ်ချက်ကြည့်လိုက်ပြီး အဘွားအိုက လီရှောင်းကို အဆင့်အတန်းမရှိတဲ့သူလို့ မှတ်ယူသွားနိုင်တယ်ဟု ခံစားရတယ်။
ခေတ်နောက်ကျတဲ့အတွေးအခေါ်ရှိတဲ့ ရှေးလူကြီးတွေက ဒီလိုရွှန်းစိုတဲ့ ဆံပင်အရောင်ရှိတဲ့သူကို လက်ခံကြမှာမဟုတ်ဘဲ သူတို့က သဘောမကျဖြစ်ကြလေ့ရှိတယ်။
လီရှောင်းက ပထမအကြိမ် ကျရှုံးပြီးနောက်မှာ တင်ဆက်သူက ဘာပြောချင်တာလဲဆိုတာကို ကုမျန်အပြည့်အဝနားလည်သွားတယ်။
ဆင်းရဲနွမ်းပါးပြီး ခေတ်နောက်ကျတဲ့ရွာမှာ နေထိုင်တဲ့ ရွာသူရွာသားတွေက နေထိုင်မှုဘ၀ ခက်ခဲပြီး စားဝတ်နေရေးအတွက် အလုံအလောက်ရှိတာ ရှားပါးတယ်။ သူတို့က ဖျော်ဖြေရေးနဲ့ တီဗီအကြောင်း သိပ်မသိကြဘူး။ showထဲမှာ ပါ၀င်ရိုက်ကူးကြတဲ့ နိုင်ငံကို လွှမ်းမိုးပြီး မရေမတွက်နိုင်အောင် ပရိတ်သတ်တွေကို အော်ဟစ်အားပေးအောင် လုပ်နိုင်တဲ့ အနုပညာရှင်ကြီးတွေအတွက် သူတို့ရဲ့ဆွဲဆောင်မှုကို ထုတ်ဖော်ဖို့အခွင့်အရေး မရနိုင်လောက်ဘူး ။
ဒီမှာ သူတို့ကို အထင်ကြီးလေးစားသူတွေ မရှိပါဘူး။ ရှင်သန်ခြင်းက ပြဿနာတစ်ခုဖြစ်နေတဲ့အခါ ဖျော်ဖြေရေးလိုမျိုး အဆင့်မြင့်အရာတွေကို ဘယ်သူက လိုက်စားတော့မှာလဲ။
ပရိုဂရမ်အဖွဲ့က ရိုက်ကူးမယ့်နေရာကို သတ်မှတ်တာဖြစ်ပြီး တစ်အချက်က အစီအစဉ်အတွက်၊ နှစ်အချက်က ရွာရဲ့လက်ရှိအခြေအနေကို တိုးတက်စေဖို့အတွက်ပင်။
ဒီစိန်ခေါ်မှုမှာ ပထမဆုရရှိတဲ့အဖွဲ့က ကုမ္ပဏီကနေ ဘောနပ်စ် ယွမ် 300,000 ရရှိနိုင်တယ်။
အရင်ရာသီရဲ့အပိုင်းတွေအရ ဘောနပ်စ်တွေကို အခြေခံအားဖြင့်တော့ လှူဒါန်းတာဖြစ်တယ်။
ယွမ်သုံးသိန်းက လူတိုင်းအတွက် TV ဝယ်ဖို့ ဒီရွာငယ်လေးအတွက် လုံလောက်ပါတယ်။
Zawgyi
"ကဲ အခု ဒီေန႕ရဲ႕ စိန္ေခၚမႈတာဝန္ကို ေၾကျငာၿပီးၿပီ၊ မင္းတို႔ကို အဖြဲ႕ေတြ အရင္ခြဲၾကရေအာင္ အဖြဲ႕ေခါင္းေဆာင္ သုံးေယာက္က ဆုံးျဖတ္ၿပီးသြားၿပီ မင္းတို႔ဘယ္အသင္းကို သြားခ်င္လဲဆိုတာက မင္းတို႔ရဲ႕ အျမန္ႏႈန္းေပၚမွာပဲ မူတည္တယ္ေနာ္"
တင္ဆက္သူစကားေျပာၿပီးတာနဲ႕ ကုမ်န္က ေျခလွမ္း,လွမ္းၿပီး ေလာ့ခ်ယ္ေနာက္မွာ အျမန္ဆုံး ရပ္လိုက္တယ္။
သူတို႔ႏွစ္ေယာက္က တစ္ေယာက္နဲ႕တစ္ေယာက္ ေဘးမွာရပ္ေနတာေၾကာင့္ ကုမ်န္ ေလာ့ခ်ယ္ေနာက္မွာ တန္းစီဖို႔က တစ္စကၠန႔္ေတာင္ မၾကာလိုက္ဘူး။ တင္ဆက္သူစကားေျပာၿပီးတာနဲ႕ သူမ ေလာ့ခ်ယ္ေနာက္ကို ေရာက္သြားဟန္ေပါက္တယ္။
သူမက အျခားဧည့္သည္ႏွစ္ေယာက္နဲ႕ မရင္းႏွီးေပ။ သူမသာ အဖြဲ႕ေခါင္းေဆာင္တစ္ဦးေနာက္ လိုက္ရမယ္ဆိုရင္ ေလာ့ခ်ယ္ေနာက္ကိုလိုက္တာ ပိုေကာင္းတယ္။
ေနာက္ေတာ့ တျခားဧည့္သည္ေတြလည္း တုံ႕ျပန္လာၾကၿပီး သူတို႔ေ႐ြးခ်ယ္တဲ့အဖြဲ႕ရဲ႕ေနာက္မွာ အျမန္ရပ္လိုက္ၾကတယ္။
႐ုန္းရင္းဆန္ခတ္ျဖစ္ၿပီးေနာက္ အဖြဲ႕သုံးဖြဲ႕ကို ေအာင္ျမင္စြာဖြဲ႕စည္းနိုင္ခဲ့တယ္။
ကုမ်န္၊ေလာ့ခ်ယ္နဲ႕ အျခား ယာယီအမ်ိဳးသမီးဧည့္သည္ လီေရွာင္းက အဖြဲ႕တစ္ဖြဲ႕ျဖစ္တယ္။ လင္ခ်န္အန္း ၊ နဥ္နဥ္နဲ႕ က်န္းက်စ္တို႔က တစ္ဖြဲ႕ျဖစ္ၿပီး ေနာက္ဆုံးက်န္တဲ့အဖြဲ႕က လ်ဴလင္း၊ လုေရွာင္ခ်င္းနဲ႕ ႐ႊီက်စ္အန္းတို႔ပင္။
ပူးေပါင္းတာဝန္ေပးၿပီးေနာက္ တင္ဆက္သူက ေတာက္ေတာက္ပပ ၿပဳံးလိုက္တယ္။"ေန႕လည္ ေလးနာရီထိုးၿပီ တစ္နာရီခြဲၾကာရင္ ဒီမွာ ျပန္စုရမယ္ ၿပီးေတာ့ မင္းတို႔ကံေကာင္းပါေစလို႔ ဆုေတာင္းေပးတယ္ေနာ္"
ဧည့္သည္သုံးအုပ္စုက မတူညီတဲ့ လမ္းေၾကာင္းသုံးခုသို႔ ထြက္ခြာခဲ့ၾကတယ္။
ထြက္ခြာလာၿပီးေနာက္မွာ ေလာ့ခ်ယ္က အခု စိတ္အေျခအေနဆိုး႐ြားေနတယ္လို႔ ကုမ်န္ အလိုလိုခံစားလိုက္ရတယ္။
အဲ့ဒါက လင္ခ်န္အန္းဆိုတဲ့ လူငယ္နဲ႕ ဆက္စပ္ေနရမယ္။
သူတို႔က တစ္ေယာက္နဲ႕တစ္ေယာက္ ရင္းႏွီးပုံေပါက္ေပမယ့္ ရင္းႏွီးမႈအျပင္ နားလည္လြယ္တဲ့ ကင္းကြာမႈလည္း ရွိေနခဲ့တယ္။
လီေရွာင္းဟယ္က သူမတို႔နဲ႕အတူရွိေနတာမို႔ ကုမ်န္က အမ်ားႀကီးမေမးခဲ့ဘူး။ သူမက ဒီတစ္ေခါက္ စိန္ေခၚမႈမစ္ရွင္အေၾကာင္းကိုသာ ေတြးေနခဲ့တယ္။
သူမတို႔မွာ သၾကားလုံးတစ္လုံးပဲရွိေတာ့ စားစရာ၊ အိုးေတြ၊ ဒယ္အိုးေတြနဲ႕ ခ်က္ျပဳတ္ဖို႔ေနရာအတြက္ ဖလွယ္ဖို႔ ဒီသၾကားလုံးအေပၚ မွီခိုဖို႔လိုတယ္။
မီးဖိုမရွိရင္ သူမတို႔က ပါဝင္ပစၥည္းေတြ ဖလွယ္လိုက္ရင္ေတာင္ ညမွာ စားေသာက္ဖို႔ လုပ္နိုင္မွာမဟုတ္ဘူးေလ။
ဒီတာဝန္က မရိုးရွင္းဘူး။ ရိုးရွင္းရင္ ဒီ reality show ကို "Impossible Challenge" လို႔ ေခၚမွာမဟုတ္ေပ။
ဧည့္သည္ေတြအားလုံး showမွာမပါ၀င္ခင္က အဖြဲ႕သားေတြကို ပိုက္ဆံအိတ္ေတြ ေပးခဲ့ရတယ္။ ဒါက သူတို႔မွာ ပိုက္ဆံမရွိေတာ့ဘဲ ႐ြာသားေတြဆီကေန ပစၥည္းေတြ ဝယ္လို႔မရဘူးလို႔ ဆိုလိုျခင္းျဖစ္တယ္။ ပရိုဂရမ္အဖြဲ႕က သူတို႔လိုအပ္တဲ့အရာအတြက္ ဖလွယ္ဖို႔ သၾကားလုံးအေပၚ မွီခိုရမယ္လို႔ ေျပာထားတယ္။ ဒါေၾကာင့္ သူတို႔က သဘာ၀က်က်ပင္ တာ၀န္ရဲ႕အခက္အခဲကို ေလ်ာ့ပါးေစဖို႔ ေနာက္ေဖးတံခါးကို ဖြင့္လို႔ရမွာမဟုတ္ဘူး။
"အိုး ဒီတာ၀န္က အရမ္းခက္တယ္၊ ငါတို႔ ဘယ္ေနရာကေန အရင္စရမွာလဲ"
ပထမဆုံးစကားေျပာသူက လီေရွာင္းဟယ္ျဖစ္တယ္။ သူမရဲ႕ နာမည္က သာမန္ဆိုေပမယ့္ သူမရဲ႕ အသြင္အျပင္ကေတာ့ လုံးဝကို သာမန္မဟုတ္ဘူး။ သူမရဲ႕ တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲကို လြန္ခဲ့တဲ့ ႏွစ္ရက္ကမွ ေဖ်ာ္ေျဖၿပီးခဲ့တာပင္။ သူမရဲ႕ဆံပင္အေရာင္ကို ခုထိ အနက္ေရာင္ျပန္မဆိုးရေသးဘဲ ၎က ဆြဲေဆာင္မႈရွိတဲ့ ပန္းေရာင္ျဖစ္တယ္။
သူမမွာ ခါးထိေကာက္ထားတဲ့ ဆံပင္ရွည္နဲ႕ ကိုရီးယားၾကယ္ပြင့္ေရာင္ဝါရွိတယ္။
ေလာ့ခ်ယ္ရဲ႕အမူအရာက ေအးစက္ေနတယ္။ ထိုစကားကိုၾကားေတာ့ သူက သူမကို ေပါ့ပါးစြာ တစ္ခ်က္ၾကည့္လိုက္ၿပီး "အေရွ႕မွာ အဖြားအိုတစ္ေယာက္ရွိတယ္၊ မင္းအရင္စမ္းၾကည့္သင့္တယ္"
ဒီဂိမ္းရဲ႕ အႏွစ္သာရက ပိုတန္ဖိုးရွိတဲ့ အရာေတြကို နည္းနည္းခ်င္း ဖလွယ္ဖို႔ပဲလို႔ ကုမ်န္ခံစားရတယ္။
သူမတို႔ရဲ႕အရင္းအႏွီးက အရမ္းကိုေသးငယ္တဲ့၊ သၾကားလုံးေလးပဲရွိတယ္။ ဒါေပမယ့္ ခရမ္းခ်ဥ္သီးတစ္လုံးနဲ႕ ဖလွယ္ဖို႔ သၾကားလုံးကို အားကိုးၿပီးေနာက္ ၾကက္သြန္စိမ္းႏွစ္လုံးနဲ႕ ဖလွယ္ဖို႔ ခရမ္းခ်ဥ္သီးတစ္လုံးကို အားကိုးလို႔ရတယ္...။
ဒါက အစပိုင္းမွာ သူမစိတ္ထဲရွိေနခဲ့တဲ့ ယူဆခ်က္ပင္ျဖစ္တယ္။
ဒါေပမယ့္ သူမ ဒီတာဝန္ကို စတင္အေကာင္အထည္ေဖာ္တဲ့အခါမွာေတာ့ လက္ေတြ႕က သူမစိတ္ကူးထားသေလာက္ မလြယ္ကူဘူးလို႔ ခံစားရတယ္။
လီေရွာင္းဟယ္က မ်က္ႏွာေပၚမွာအၿပဳံးတစ္ပြင့္နဲ႕ ပိုတန္ဖိုးရွိတဲ့အရာတစ္ခုခုကို သၾကားလုံးတစ္လုံးနဲ႕ ဖလွယ္ဖို႔ ဆံျဖဴအဖြားတစ္ေယာက္ဆီ လမ္းေလွ်ာက္သြားခဲ့ေပမယ့္ တံခါးပိတ္သြားတဲ့အခ်ိန္ထိ သူမ စကားေျပာခြင့္ေတာင္ မရလိုက္ေပ။
ထိုသူက အျပင္မွာ ပဲအခြံခႊာေနဆဲျဖစ္တဲ့ အဖြားအိုတစ္ေယာက္ပင္။ လီေရွာင္းကိုေတြ႕လိုက္ရတဲ့အခ်ိန္ ထိုအမ်ိဳးသမီးႀကီးရဲ႕ မ်က္ႏွာက ခ်က္ခ်င္းေျပာင္းလဲသြားတယ္။ သူမက ပဲေတြကို ေကာက္ယူၿပီး အိမ္ထဲဝင္သြားၿပီးေနာက္ တံခါးကို ေဆာင့္ပိတ္လိုက္တယ္။
လီေရွာင္းက ဒီအျဖစ္အပ်က္ေၾကာင့္ အံ့အားသင့္သြားရၿပီး ကုမ်န္နဲ႕ေလာ့ခ်ယ္ကို အျပစ္ကင္းစင္တဲ့အၾကည့္နဲ႕ ၾကည့္ကာ "ကြၽန္မ ဘာမွမလုပ္ဘူးေလ ဒီအဖြားက ဘာလို႔ ဒီေလာက္ ျပင္းျပင္းထန္ထန္ တုံ႕ျပန္ရတာလဲ"
ကုမ်န္က လီေရွာင္းရဲ႕ဆံပင္အေရာင္ကို တစ္ခ်က္ၾကည့္လိုက္ၿပီး အဘြားအိုက လီေရွာင္းကို အဆင့္အတန္းမရွိတဲ့သူလို႔ မွတ္ယူသြားနိုင္တယ္ဟု ခံစားရတယ္။
ေခတ္ေနာက္က်တဲ့အေတြးအေခၚရွိတဲ့ ေရွးလူႀကီးေတြက ဒီလို႐ႊန္းစိုတဲ့ ဆံပင္အေရာင္ရွိတဲ့သူကို လက္ခံၾကမွာမဟုတ္ဘဲ သူတို႔က သေဘာမက်ျဖစ္ၾကေလ့ရွိတယ္။
လီေရွာင္းက ပထမအႀကိမ္ က်ရႈံးၿပီးေနာက္မွာ တင္ဆက္သူက ဘာေျပာခ်င္တာလဲဆိုတာကို ကုမ်န္အျပည့္အဝနားလည္သြားတယ္။
ဆင္းရဲႏြမ္းပါးၿပီး ေခတ္ေနာက္က်တဲ့႐ြာမွာ ေနထိုင္တဲ့ ႐ြာသူ႐ြာသားေတြက ေနထိုင္မႈဘ၀ ခက္ခဲၿပီး စားဝတ္ေနေရးအတြက္ အလုံအေလာက္ရွိတာ ရွားပါးတယ္။ သူတို႔က ေဖ်ာ္ေျဖေရးနဲ႕ တီဗီအေၾကာင္း သိပ္မသိၾကဘူး။ showထဲမွာ ပါ၀င္ရိုက္ကူးၾကတဲ့ နိုင္ငံကို လႊမ္းမိုးၿပီး မေရမတြက္နိုင္ေအာင္ ပရိတ္သတ္ေတြကို ေအာ္ဟစ္အားေပးေအာင္ လုပ္နိုင္တဲ့ အႏုပညာရွင္ႀကီးေတြအတြက္ သူတို႔ရဲ႕ဆြဲေဆာင္မႈကို ထုတ္ေဖာ္ဖို႔အခြင့္အေရး မရနိုင္ေလာက္ဘူး ။
ဒီမွာ သူတို႔ကို အထင္ႀကီးေလးစားသူေတြ မရွိပါဘူး။ ရွင္သန္ျခင္းက ျပႆနာတစ္ခုျဖစ္ေနတဲ့အခါ ေဖ်ာ္ေျဖေရးလိုမ်ိဳး အဆင့္ျမင့္အရာေတြကို ဘယ္သူက လိုက္စားေတာ့မွာလဲ။
ပရိုဂရမ္အဖြဲ႕က ရိုက္ကူးမယ့္ေနရာကို သတ္မွတ္တာျဖစ္ၿပီး တစ္အခ်က္က အစီအစဥ္အတြက္၊ ႏွစ္အခ်က္က ႐ြာရဲ႕လက္ရွိအေျခအေနကို တိုးတက္ေစဖို႔အတြက္ပင္။
ဒီစိန္ေခၚမႈမွာ ပထမဆုရရွိတဲ့အဖြဲ႕က ကုမၸဏီကေန ေဘာနပ္စ္ ယြမ္ 300,000 ရရွိနိုင္တယ္။
အရင္ရာသီရဲ႕အပိုင္းေတြအရ ေဘာနပ္စ္ေတြကို အေျခခံအားျဖင့္ေတာ့ လႉဒါန္းတာျဖစ္တယ္။
ယြမ္သုံးသိန္းက လူတိုင္းအတြက္ TV ဝယ္ဖို႔ ဒီ႐ြာငယ္ေလးအတြက္ လုံေလာက္ပါတယ္။