အမုန္းမွသည္...ခ်စ္ျခင္းဆီသို႔...

By MoeKyalPhyu14

223K 6.7K 322

မိဘတွေမတရားခံရမှုအတွက် ကလဲ့စားချေမယ့်ကောင်လေးတစ်ယောက် အမုန်းတရားတွေကနေလွတ်မြောက်နိုင်ပြီး ချစ်ခြင်းကိုရှာဖွေတ... More

🍂ဖတ္ေပးေစခ်င္🍂
💠Intro💠
🍁 Part 1🍁
🍁 Part 2🍁
🍁 Part 3🍁
🍁Part 4🍁
🍁 Part 5🍁
🍁Part 6🍁
🍁Part 7🍁
🍁Part 8🍁
🍁Part 9🍁
🍁Part 10🍁
🍁Part 11🍁
🍁Part 12🍁
🍁 Part 13🍁
🍁Part 14🍁
🍁Part 15🍁
🍁Part 16🍁
🍁Part 17🍁
🍁Part 18🍁
🍁Part 19🍁
🍁Part 20🍁
🍁Part 21🍁
🍁Part 22🍁
🍁Part 23🍁
🍁Part 24🍁
🍁Part 25🍁
🍁Part 26🍁
🍁Part 27🍁
🍁 Part 28🍁
🍁Part 29🍁
🍁Part 30🍁
🍁Part 31🍁
🍁Part 32🍁
🍁Part 33🍁
🍁Part 33.2🍁
🍁Part 33.3🍁
🍁Part 34🍁
🍁Part 35🍁
🍁Part 36🍁
🍁Part 37🍁
🍁Part 38🍁
🍁Part 39🍁
🍁Part 40🍁
🍁Part 41🍁
🍁Part 42🍁
🍁Part 43🍁
🍁Part 44🍁
🍁Part 45🍁
🍁Part 46🍁
🍁Part 47🍁
🍁Part 48🍁
🍁Part 50🍁
🍁Part 51🍁
🍁Part 52🍁
🍁Part 53🍁
🍁Part 54🍁
🍁Part 55🍁
🍁Part 56🍁
🍁Part 57🍁
🍁Part 58🍁
🍁Part 60🍁
🍁Part 59🍁
🍁Part 61🍁
🍁Part 62🍁
🍁Part 63🍁
🍁Part 64🍁
🍁Part 65🍁
🍁Part 66🍁
🍁Part 67🍁
🍁Part 68🍁
🍁Part 69🍁
🍁Part 70{Final}🍁
🥀Diary Of Mann🥀
🥀ေမာင့္မာန္တို္႔နဲ႔ ခဏတာ🥀(🥀မောင့်မာန်တို့်နဲ့ ခဏတာ🥀)
🌹Thank you all my readers🌹

🍁Part 49🍁

1.4K 45 2
By MoeKyalPhyu14

[Unicode]

သလ္လာဝတီရပ်ကွက်လေး တိတ်ဆိတ်ကာ ငြိမ်သက်နေသည်မှာ ယနေ့နဲ့ဆို ခြောက်ရက်လောက်ပင် ရှိနေပြီဖြစ်သည်။ထိုသို့တိတ်ဆိတိငြိမ်သက်နေရခြင်း၏ အကြောင်းမှာတော့ ရပ်ကွက်၏အမွှေစိန်လေးများက တက္ကသိုလ်ဝင်တန်း စာမေးပွဲကိုဖြေဆိုနေရသည်ကြောင့် ရပ်ကွက်အတွင်း ပတ်မမွှေနိုင်သောကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် ရပ်ကွက်သူရပ်ကွက်သားများ အေးချမ်းနေကြတော့သည်။

"ကျုပ်ကလေးတွေ ဖြေနိုင်ပါ့မလားတော်"

ရပ်ကွက်အုပ်ချုပ်ရေးမှူး အိမ်မှ ထွက်ပေါ်လာသော စကားသံ။

"ဖြေနိုင်မှာပါ မိန်းမရ...ငါတို့်ကလေးတွေက တော်ပြီးသားပဲဟာ"

"ကျုပ်ကတော့ စိတ်ပူတယ် တော်ရေ"

သားသမီးမရနိုင်သော အုပ်ကြီးနှင့် အုပ်ကြီးကတော်တို့မှာ အမွှေစိန်လေးတို့အား သားသမီးအရင်းပမာချစ်ကြသည်။

"ဒီတိုင်းထိုင်မနေနိုင်တော့ဘူး...ဆုတောင်းလိုက်အုံးမယ်"

ပြောပြောဆို ဘုရားခန်းထဲဝင်သွားသော အုပ်ကြီးကတော်။ အဖြစ်သည်းကာ အကဲပိုနေသော မိန်းမဖြစ်သူအား အုပ်ကြီး လွှတ်သာ ထားလိုက်တော့သည်။ သူ၏ စိတ်ထဲတွင်လည်း ကလေးများ စာမေးပွဲကို ကောင်းစွာဖြေနိုင်ဖို့ ဆုတောင်းနေသည်ပင် ဖြစ်သည်။

**********

"မမအေးရေ...အမွှေလေးတွေ ဖြေနိုင်မှာပါနော်"

"ဖြေနိုင်မှာပါ...နင်စိတ်ပူနေမယ့်အစား ဆုတောင်းပေးနေ...ကလေးတွေ လွယ်လွယ်ကူကူဖြေနိုင်အောင်"

၁၀တန်း စာမေးပွဲကြီး ဖြေဆိုနေသော အမွှေစိန်လေးများအတွက် စိတ်ပူနေကြသော ရပ်ကွက်မှလူကြီးများ။ ထိုမျှအထိ အချစ်ခံရသော အမွှေစိန်လေးများပင်ဖြစ်ကြသည်။

**********
"ဝေး လွတ်လပ်ပြီကွ"

"လွတ်ပြီ ကျွတ်ပြီ ရေးး"

စာမေးပွဲခန်းထဲမှ ထွက်လာသော ကျောင်းသား တစ်ချို့၏ ပျော်ရွှင်စွာ အော်ဟစ်သံများ။ကျောင်းသားများနည်းတူ ဆရာဆရာမများသည်လေး ရင်နဲ့လွယ်ကာ မွေးခဲ့ရသော ၀မ်းမနာသားသမီးများအားကြည့်ကာ ပြုံးပျော်နေကြသည်။

ကျောင်းထဲမှ ပြေးထွက်လာကြသော ကျောင်းသူကျောင်းသားများအား မိဘများက လက်ကမ်းကာ ကြိုဆိုကြသည်။ ကျောင်းသား အားလုံး၏ မျက်နှာတွင် ၀န်ထုပ်ဝန်ပိုး တစ်ခုအား လွှတ်ချလိုက်နိုင်ပြီဟူသော စိတ်ပေါ့ပါးမှုများက အထင်းသားပေါ်လွင်နေသည်။ တစ်နှစ်ပတ်လုံး စာအုပ်နဲ့ မျက်နှာမခွာကာ ကြိုးစားခဲ့မှုအား အကောင်းဆုံး သက်သေပြနိုင်ခဲ့ပြီ ဖြစ်သည်။ အိပ်ရေးပျက်ခံ အပင်ပန်းခံရကြိုးနပ်အောင် စာမေးပွဲကိုလည်း ကောင်းမွန်စွာ ဖြေဆိုနိုင်သော ကျောင်းသားတို့မှာ မျက်နှာတွင် အပြုံးပန်းတို့က ပွင့်လန်းနေကြပြီ ဖြစ်သည်။ ထို့ကျောင်းသားများအထဲတွင် အလင်္ကာတို့ အုပ်စုလည်း ပါဝင်လေသည်။

"ဖြေနိုင်ရဲ့လား နင်တို့တွေ"

သူမ အနားလျှောက်လာသော ၅ယောက်ကို အလင်္ကာ လှမ်းမေးလိုက်သည်။ ခုံနံပါတ်များ မတူညီသည်ကြောင့် ဖြေဆိုရသည့် အတန်းများကလည်း ကွဲသွားကြကာ ခြောက်ယောက်ထဲတွင် ထိပ်ဆုံးအခန်းရသော အလင်္ကာက အခန်းရှေ့တွင် ရွှေစင်တို့အား ရပ်စောင့်နေရခြင်းဖြစ်သည်။ အလင်္ကာအမေးကို ရွှေစင်တို့ ၅ယောက်လုံး ခေါင်းညိတ်ပြလိုက်ကြသည်။

ထို့နောက် ခြောက်ယောက်သား ကျောင်းဝန်းကြီးအား ဆွေးဆွေးမြှေ့မြှေ့ ငေးကြည့်နေကြသည်။ ကျောင်းစတက်သည့်အချိန်ထဲကဤကျောင်းတော်တွင် ပညာဝမ်းစာကို သင်ယူခဲ့ရပြီး ယခု ဆယ်တန်း စာမေးပွဲဖြေဆိုချိန်အထိ ၁၁ နှစ်တာကာလပတ်လုံး ဤကျောင်းတော်ကြီးနှင့် အလင်္ကာတို့မှာ အမှတ်တရအများကြီး ရှိလို့နေသည်။ ယခုတွင်တော့ ကျောင်းတော်ကြီးအား နှုတ်ဆက်ရတော့မည် ဖြစ်သည်။ ကျောင်းတော်ကြီးအား အချိန်တစ်ခုကြာ ငေးစိုက်ကြည့်ပြီးသည့်နောက် ခြောက်ယောက်လုံး ကျောခိုင်းကာ ထွက်လာကြတော့သည်။ သို့နှင့် ကျောင်းတော်ကြီးအား နှုတ်ဆက်ကာ အိမ်ပြန်သည့်လမ်းတွင် ခြေလှမ်းများ ပေါ့ပါးနေကြသည်။

"ဖြေနိုင်ရဲ့လား အမွှေလေးတွေ"

"ဟုတ် ကြီးကြီး ဖြေနိုင်ပါတယ်ဗျ"

အိမ်ပြန်လမ်းတွင်ရှိသော အိမ်တစ်အိမ်မှ လှမ်းမေးသော မေးခွန်းအား အားလုံး၏ ကိုယ်စား မဟာက ပြန်ဖြေလိုက်သည်။

"အေးအေး...ခဏနေကြရင် မုန့်လာစားလှည့်အုံး"

"ဟုတ်"

**********

"စာမေးပွဲကြီးပြီးသွားတော့ စိတ်ထဲပေါ့ပါးသွားသလိုပဲနော်"

ရွှေစင်က တွေးစစဖြင့်ပြောသည်။ ထိုသည်ကို မဟာတို့ကလည်း ထောက်ခံသည့်ဟန် ခေါင်းတညိတ်ညိတ်ဖြစ်နေကြသည်။

"ဟုတ်တယ် ရင်ထဲ လစ်ဟာသွားတာပဲ...ဘယ်လိုကြီးလဲမသိဘူး"

အိနြေ္ဒကလဲ ရွှေစင် ပခုံးကို ကိုင်ရင်း ပြောလာသည်။ ယခုတွင် အမွှေလေးများက သူတို့၏ ပျော်စံရာ ရပ်ကွက်ထိပ်ရှိ ပန်းခြံထဲမှ ခရေပင်အောက်တွင် ထိုင်နေကြခြင်းဖြစ်သည်။ အိမ်ပြန်ကာ အ၀တ်အစားများ လဲခဲ့ကြပြီးနောက် ခြောက်ယောက်သား ဤနေရာသို့ ရောက်လာခဲ့ကြခြင်းဖြစ်သည်။

"အဟမ်း အဟမ်း"

ရုတ်တရက် မဟာက ချောင်းဟန့်လာသည်ကြောင့် ကျန်လူများက သူ့အားပြုးကြည့်လာကြသည်။ မဟာ တစ်ယောက် အလင်္ကာမှလွဲ၍ သူ့အားပြူးကြည့်လာသော ရွှေစင်တို့အား စိတ်ထဲမှ မေတ္တာပို့နေမိတော့သည်။ အလင်္ကာက မဟာ့အားကြည့်ရင်း

"ဘာဖြစ်တာလဲ မဟာ"

"ဘာမှမဟုတ်ပါဘူး...ဒီတိုင်း ချောင်းဆိုးတာ အဟမ်း!"

ထိုအချိန်ထိ သူ့အားကြောင်ကြည့်နေသော လူများကြောင့် မဟာ တစ်ယောက်ချင်းစီအား ခေါင်းခေါက်ပစ်ချင်စိတ်များက တစ်ဖွားဖွားဖြစ်လို့လာတော့သည်။

သေချာပြောထားရက်နဲ့.....

"ဟုတ်လို့လား"

"ဟုတ်ပါတယ်ဆို အဟမ်း အဟမ်း!!"

"နင်ချောင်းဆိုးတာကြီးကလည်း ဟယ်"

ပြောရင်း အလင်္ကာအရှေ့သို့ ပြန်လှည့်သွားသည်။ မဟာမှာတော့ အရိပ်ပြ၍ အကောင်မမြင်သော ကျန်၎ယောက်အား ထုသတ်ချင်စိတ်များပင် ဖြစ်လာရသည်။သေချာပြောထားတာတောင်မှ မထုံတက်သေး အမူအရာများဖြင့် သူ့အား ကြောင်ကြည့်နေကြသေးသည်။ အထူးသဖြင့် မျိုးမာန်။ ကာယံကံရှင်ဖြစ်ပြီး နည်းနည်းလေးမှ အလိုက်ကမ်းဆိုးမသိ။ မဟာ စိတ်မရှည်တော့စွာ နေရာမှထလိုက်ပြီး ရွှေစင်နှင့် အိနြေ္ဒနှစ်ယောက်အနား သွားထိုင်လိုက်သည်။ အလင်္ကာ သူ့အားလိုက်ကြည့်နေမည်ဆိုသည် စိတ်ဖြင့်ကြည့်မိတော့ အလင်္ကာ တစ်ယောက် သူ့အာရုံနဲ့သူဖြစ်နေသည်မို့ မဟာလည်း ရွှေစင်တို့နှစ်ယောက်အနားကပ်ကာ

"ဟဲ့! အရူးမတွေ...နင်တို့နှစ်ယောက်က ဘာလဲဟမ်... မနေ့ကသေချာပြောထားတာတောင် မေ့ရတယ်လို့...သွား အလင်္ကာကို တစ်ခြားတစ်နေရာခေါ်သွား"

"ဟုတ်သားပဲ ငါတို့မေ့နေလို့ ဟီး"

ရွှေစင်က သွားအဖြဲသားဖြင့် ရယ်ပြကာပြောလာတော့သည်။ ထိုသည်ကို မဟာက နှာတစ်ချက်မှုတ်ကာ

"နင်တို့မေ့နေလို့ ချောင်းဟန့်ပြတာတောင် ငါ့ကိုပြုးပြီး လာကြည့်နေသေးတယ်...ငါခေါက်လိုက်ရ သေတော့မယ်...သွား ခေါ်သွားတော့"

"အေးပါဟာ"

ရွှေစင်လည်း မဟာ့ကိုပြောပြီး အလင်္ကာနား ကပ်ကာ လက်တစ်ဖက်ကို ဆွဲကိုင်လိုက်တော့သည်။

"အလင်္ကာ ငါတို့ဟိုဘက်က နှင်းဆီခင်းဆီ သွားရအောင်လေ"

"အင်း သွားမယ်လေ"

သူမ သိပ်ကြိုက်သော နှင်းဆီပန်းများဖြင့် ဆွယ်လာသည်ကြောင့် အလင်္ကာလည်း သံသယကင်းကင်းဖြင့် သွားမည်ဖြစ်ကြောင်း သဘောတူလာတော့သည်။ အလင်္ကာတို့လည်း နှင်းဆီခင်းဘက်သို့ သွားရန်ပြင်လိုက်စဉ် ယခုအချိန်ထိ ထိုင်နေကြဆဲဖြစ်သော မဟာတို့အားကြည့်လိုက်ကာ

"နင်တို့ မလိုက်ဘူးလား"

"မလိုက်တော့ဘူး...ဒီမှာပဲ စောင့်နေတော့မယ်"

"ပြီးရော... အဲ့ဆို ငါတို့သွားပြီ"

မိန်းကလေး၃ယောက် ထွက်သွားမှ မဟာတို့၃ယောက် လှုပ်လှုပ်ရှားရှား ဖြစ်လာကြသည်။ ဟိန်းက မျိုးမာန်၏ ပခုံးအား လက်သီးဖြင့် ထိုးကာ

"သူတောင်းစား...ကိုယ့်ချစ်သူကို ဖွင့်ပြောဖို့တောင် သတိပေးနေရတယ်"

"ဟုတ်ပါ့ကွာ...ဒီလောက် အရိပ်ပြနေတာတောင် အကောင်မမြင်ပဲ ပြူးကြည်နေသေးတယ်...ငါသာမြွေဆို မင်းကိုပေါက်သတ်လို့ သေနေလောက်ပြီ"

ဟိန်း၏ စကားနောက် ထပ်ပြောလာသော မဟာ၏ စကားကြောင့် မျိုးမာန် မျက်နှာ မချိုမချဉ်ရုပ်ဖြစ်သွားကာ

"ငါ ငါကြောက်လို့"

"အေး ကြောက်နေ...အဲ့တာမှ အလင်္ကာ နောက်တစ်ယောက်နဲ့ပါသွားတဲ့အချိန် မင်းအရှေ့မှာ တစ်နေကုန်တစ်နေခမ်း ဘိုဖြူရဲ့ ပြည့်စုံပါစေ သီချင်းကို ထိုင်ဆိုပြမယ်"

"မဟာ မင်းကလဲကွာ"

"မင်းကလဲ မကွာနဲ့...ငါပြောထားတာ ပါလား"

"ပါတယ်"

ပြောရင်း မျိုးမာန် သူ့အင်္ကျီအိတ်ကပ်ထဲတွင် ထည့်လာသော ဘူးလေးတစ်ခုအား ထုတ်ကာ မဟာ့အား ပေးလိုက်သည်။ဟိန်းက မဟာ့အနားကပ်လာကာ ထိုဘူးလေးအား စိတ်ဝင်တစားကြည့်လာသည်။ မဟာက ထိုဘူးလေးအားယူကာ အဖုံးဖွင့်ကြည့်လိုက်ချိန်တွင် ရိုးရိုးရှင်းရှင်း ပလက်တီနမ် လက်စွပ်ဗြောင်ကွင်းလေးတစ်ကွင်း ကိုတွေ့လိုက်ရသည်။ လက်စွပ်၏ အထဲဘက်တွင်တော့ I love you  ဆိုသော စာသားလေးအား ရေးထိုးထားသည်။ မဟာ လက်စွပ်ကိုသေချာကြည့်ကာ ခေါင်းညိတ်လိုက်ပြီး မျိုးမာန်ထံပြန်ပေးလိုက်သည်။ ထို့နောက် ဟိန်းက သူယူလာသော နှင်းဆီပန်းများကို ယူကာ မဟာနဲ့ မျိုးမာန်ထံ ခွဲပေးလိုက်သည်။ သုံးယောက်သား တက်ညီလက်ညီဖြင့် နှင်းဆီပွင့်ဖက်များကို ခြွေနေကြတော့သည်။ ခဏအကြာ ခြွေပြီးသွားသော ပွင့်ဖက်များ၏ သုံးပုံတစ်ပုံကို ခရေပင်အောက်တစ်ဝိုက် ကြဲချဲလိုက်တော့သည်။

ပြီးနောက် မဟာယူလာသော အသည်းပုံဘောလုံးများကို လေထိုင်မှုတ်ကြတော့သည်။ အချိန်တစ်ခုကြာသွားသည့်အခါတွင်တော့ ဘောလုံးများအားလုံး လေမှုတ်၍ ပြီးသွားတော့သည်။ ဟိန်းက ထိုဘောလုံးများအား ကြိုးဖြင့်ချည်ပေးပြီး မျိုးမာန်က ဘောလုံးများကို သစ်ပင်တွင် ချိတ်ဆွဲနေသော မဟာ့ကို ကမ်းပေးနေသည်။ အားလုံးပြီးသွားချိန်တွင်တော့ မဟာက မျိုးမာန်လက်ထဲ လှပစွာပွင့်အာနေသော နှင်းဆီအနီရဲရဲတစ်ပွင့်ကိုထည့်ပေးပြီး ကျန်သည့်နှင်းဆီ ပွင့်ဖက်များကိုယူကာ သစ်ပင်ပေါ်သို့ တက်သွားတော့သည်။ ဟိန်းကလည်း အလင်္ကာတို့ကို ခေါ်ရန်ထွက်လာခဲ့တော့သည်။

"စိတ်လှုပ်ရှားနေလား မျိုးမာန်"

သစ်ပင်ပေါ်က မဟာက သစ်ပင်အောက်တွင် ကျောက်ရုပ်တစ်ရုပ်လို ငြိမ်သက်စွာ မတ်တပ်ရပ်နေသော မျိုးမာန်အား လှမ်းမေးသည်။

"အင်း နည်းနည်း"

"fighting...အဆင်ပြေသွားမယ် စိတ်မပူနဲ့"

မျိုးမာန်အား စိတ်လှုပ်ရှားမှသက်သာစေရန် ပြောလိုက်သော်လည်း မဟာသည်လည်း စိတ်လှုပ်ရှားနေသည်။ စာမေးပွဲကြီး မဖြေခင် တစ်ပတ်အလိုလောက်က မျိုးမာန်တစ်ယောက် မဟာနဲ့ ဟိန်းကို အလင်္ကာအား ဖွင့်ပြောမည့်အကြောင်း ပြောလာခဲ့သည်။ သို့နှင့် မဟာလည်း အလင်္ကာကို ဖယ်ထားခဲ့ပြီး ကျန်၎ယောက်ကို ခေါ်ကာ ယနေ့တွင် ဤသို့ပြုလုပ်ရန် တိုင်ပင်ခဲ့ကြသည်။ အစစအရာရာတိုင်ပင်ပြီးနောက် အားလုံးကိုယ်စီ အိမ်ပြန်သွားချိန်တွင် မဟာက မျိူးမာန်ကိုခေါ်ကာ ကမ်းနားလမ်းသို့ ထွက်လာခဲ့သည်။

"ငါ့ကို ပြောစရာရှိလို့လား မဟာ"

မဟာ သူ့အား အကြောင်းမဲ့သပ်သက် ခေါ်ထုတ်လာတာ မဟုတ်မှန်း မျိုးမာန်သိသည်။ ထို့ကြောင့် မဟာစကားစရ အဆင်ပြေစေရင် မျိုးမာန် လမ်းဖွင့်ပေးလိုက်ခြင်းဖြစ်သည်။

"အင်း"

'အင်း'တစ်လုံးသာပြောပြီး ရေပြင်ကျယ်အား ငေးကြည့်နေသောကြောင့် မျိုးမာန်လည်း မဟာနဲ့အတူ ငေးကြည့်မိသည်။ ရေပြင်ကို ဖြတ်တိုက်လာသော လေနေုအေးတို့က မျိုးမာန်တို့ကို ထိပါးရိုက်ခက်ကာ အေးမြသော ခံစားချက်ကိုပေးစွမ်းသည်။ ခဏအကြာမှ မဟာဆီက စကားသံထွက်လာသည်။

"မျိုးမာန်"

"အင်း"

"စိတ်ကစားနေတာဆိုရင် ရပ်တန်းက ရပ်လိုက်ပါ"

"....."

"သူငယ်ချင်းက ချစ်သူဖြစ်နိုင်ပေမယ့် ချစ်သူကနေ သူငယ်ချင်းတော့ ပြန်မဖြစ်နိုင်ဘူး"

"....."

"အခုနေ မင်းစိတ်ကစားနေတာဆိုရင် ရပ်ပစ်ပါ... နောက်တစ်ချိန် မင်းတို့နှစ်ယောက် ပြဿနာဖြစ်တာမျိုး ငါမကြားချင်ဘူး"

သူ့မျက်နှာကို တည့်တည့်ကြည့်ကာ လေးနက်စွာဆိုလာသော မဟာ့စကားကြောင့် မျိုးမာန် ပြုံးမိသည်။ မဟာ ဘာကိုစိုးရိမ်နေသည်ဆိုတာကိုလည်း သူသိသည်။သို့ပေမယ့် မဟာစိုးရိမ်နေသလိုမျိုး ဖြစ်မလာဘူးဆိုတာကို သူအာမခံနိုင်ပါသည်။ အလင်္ကာကို ချစ်သည့် ချစ်ခြင်းတရားသည် စိတ်ကစား၍ ခဏအပျော်ရှာသော အချစ်မျိုးမဟုတ်ပဲ တစ်ဘ၀စာ အလင်္ကာတစ်ယောက်တည်းနဲ့ လုံလောက်သော အချစ်မျိုးဖြစ်သည်။ ထိုသည်ကို မဟာ့ကိုလည်း သိစေချင်ပါသည်။ မျိုးမာန်လည်း မဟာ့မျက်ဝန်းနက်များကို ပြန်စိုက်ကြည့်လိုက်ပြီး

"ငါတကယ် အလင်္ကာကို ချစ်တာပါ မဟာ... မင်းပြောသလို ငါစိတ်ကို ငါစမ်းသပ်ပြီးပြီ...စိတ်ကစားနေတယ်ထင်လို့ ငါငြိမ်နေခဲ့ပေမယ့်...ဟိုတစ်ခါ ဖိုးပြည့်တို့နဲ့တွေ့တော့ ငါသေချာသွားခဲ့တာ"

"....."

"ငါ အလင်္ကာကို ကာကွယ်ပေးချင်တယ်...တစ်ခြားသူတွေရဲ့ တဏှာမျက်လုံးတွေအောက်ကနေ သူ့ကို ကာကွယ်ပေးချင်တယ်"

"အင်း ငါမင်းကိုယုံတယ်"

"ငါ့ကုိ အခုလိုယုံကြည်ပေးတာ ကျေးဇူးပါ မဟာ...စိတ်ချပါ အလင်္ကာနဲ့ ငါ့ကြား မင်းစိုးရိမ်နေသလို ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး"

မဟာ ခေါင်းညိတ်ပြလိုက်သည်။ သူ မျိုးမာန်ကို ယုံပါသည်။ အလင်္ကာ့ကို မျိုးမာန် ကာကွယ်နိုင်မည်ကိုလည်း သူယုံကြည်ပါသည်။မျိုးမာန်နဲ့သာဆို အလင်္ကာ့ကိုလည်း စိတ်ချလို့ရနိုင်ပေသည်။

"အင်း...ဒါပေမယ့် တစ်ခုတော့ရှိတယ်...ငါ့ အလင်္ကာလေးကို မျက်ရည်ကျအောင်လုပ်ရင် မင်းကိုငါကိုယ်တိုင် သတ်မှာ...ကြားလား"

မဟာ မျိုးမာန်၏ ပခုံးကို လက်သီးဖြင့် နာအောင်ထိုးကာ ပြောလိုက်သည်။ မဟာ့စကားကြားတော့ မျိုးမာန်က ခပ်ဖွဖွတစ်ချက်ရယ်ကာ

"သူ့ မျက်ရည်ကျရင် မင်း ငါ့ကို သတ်ဖို့ အချိန်မမှီမှာစိုးတယ် မဟာ...ဘာလို့ဆို သူ့မျက်ရည်မြင်တာနဲ့ အရင်သေမယ့်ကောင်က ငါပါကွာ"

"စောင့်ကြည့်ရတာပေါ့"

နှစ်ယောက်သား ရယ်မောလိုက်ကြပြီးနောက် တစ်ယောက်ပခုံးကို တစ်ယောက်ဖက်ပြီး ကန်ရေပြင်ကို ငေးမောနေကြပြန်သည်။

"အဲ့နေ့အတွက် စိတ်မပူနဲ့"

"ဟမ်"

ရုတ်တရက်ပြောလာသော မဟာ့စကားကို မျိုးမာန် နားမလည်လိုက်ပေ။ ထိုသည်ကို မဟာက ရိပ်မိကာ မျိုးမာန်ကို တစ်ချက်ကြည့်ပြီး

"မင်းဖွင့်ပြောမယ့်နေ့...ငါနဲ့ ဟိန်း အားလုံစီစဉ်ပေးမယ်...မင်းလုပ်ရမှာက တစ်ခုတည်း"

"ဘာလဲ"

"လက်စွပ်...အဲ့တာ ငါတို့စီစဉ်ပေးလို့ရတယ်ဆိုပေမယ့် မင်းကိုယ်တိုင်ပဲယူခဲ့...ပိုပြီးတော့ လေးနက်တယ်"

"ထပ်ပြီးတော့ ကျေးဇူးပါပဲကွာ"

"မလိုပါဘူး ငါတို့က ညီအစ်ကိုတွေပဲဟာ"

**********
"ဟဲ့ရွှေစင် ဟိုကောင်တွေ မြန်မြန်လုပ်လို့ပြီးပါ့မလား"

အိန္ဒြေ ရွှေစင့်အား နှစ်ကိုယ်ကြားရုံလေသံဖြင့် မေးသည်။ နှင်းဆီပန်းသိပ်ကြိုက်လွန်းသော အလင်္ကာကတော့ နှင်းဆီပန်းတွေကြား ပျော်ရွှင်နေရင်း သူမတို့နှစ်ယောက်အား မေ့နေလေပြီ။ ရွှေစင်ကလည်း အလင်္ကာကို ကြည့်နေရင်း ပြန်ဖြေသည်။

"အင်း ပြီးမယ်ထင်တာပဲ... ငါတို့ အချိန်ဆွဲနိုင်သလောက် ဆွဲထားမယ်လေ"

"အင်း အင်း...ဒါပေမယ့် အလင်္ကာ မရိပ်မိဖို့ လိုတယ်နော်"

"ငါတော့ ကြိုတွေးရင်း ရင်ခုန်လာပြီ ဟီးဟီး"

ပါးစပ်ကိုလက်ဖြင့်အုပ်ကာ ရယ်နေသော ရွှေစင်အား အိန္ဒြေ မျက်စောင်းလေးတစ်ချက်ရွယ်လိုက်ရင်း

"အံမယ် မသိရင် ဖွင့်ပြောခံရမယ့် ကာယံကံရှင်က နင်ကျနေတာပဲ"

"အလင်္ကာအစား ရင်ခုန်ပေးတာလေဟယ်"

နှစ်ယောက်သား တိုးတိုး တိုးတိုးပြောပြီး ပြုံးစိစိဖြစ်နေကြသည်ကို ပန်းခင်းကြားမှ အလင်္ကာ မြင်ဖြစ်အောင်မြင်သွားလေသည်။ အလင်္ကာလည်း ရွှေစင်တို့ ထိုင်နေသော နေရာအနား လျှောက်လာကာ

"နှစ်ယောက်သား ဘာတွေပြောပြီး ရယ်နေကြတာလဲ...ငါ့လည်း ပြောပါအုံး"

"ဘာမှမဟုတ်ပါဘူး...ပန်းတွေ လှတယ်လို့ ပြောနေတာ"

"ဪ မနေ့က စားခဲ့တဲ့မုန့် ကောင်းတဲ့အကြောင်းပေါ့"

ထွက်ပေါ်လာသော အသံသည် တစ်ပြိုင်နက်တည်းဆိုသော်လည်း အကြောင်းအရာများကတော့ ကွာခြားနေသည်။ ရွှေစင်နဲ့ အိန္ဒြေလည်း ပြောလိုက်မိသော စကားများကြောင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကာ သွားပြီဟူသော အကြည့်ဖြင့် အသံတိတ် စကားပြောနေကြသည်။

"နင်ဘာလို့ အဲ့လိုပြောတာလဲ"

"နင်ကရော ဘာလို့အဲ့တာပြောလိုက်တာလဲ"

နှစ်ယောက်သား အသံတိတ်ရန်ဖြစ်နေစဉ် အလင်္ကာမှာတော့ ထိုနှစ်ယောက်အား တရားခံဖမ်းသည့် မျက်လုံးများဖြင့် မှေးစင်းကာ ကြည့်နေသည်။ ရွှေစင်နဲ့ အိန္ဒြေမှာလည်း ချွေးများပင်ပြန်လာကာ အလင်္ကာနဲ့ မျက်လုံးချင်းမဆုံမိအောင် ဟိုကြည့်သည်ကြည့်လုပ်နေသည်။ အိန္ဒြေ ထိုအခြေအနေကို သည်းမခံနိုင်တော့စွာ ပန်းပင်တစ်ပင်အား လက်ညိုးထိုးပြပြီး

"ရွှေစင် ဟိုမှာကြည့်စမ်း...ဟိုပန်းလေးကလှတယ်နော်"

"အင်း ပန်းလေးက အနီရောင်လေး တော်တော်လှတယ်"

ရွှေစင်အပြောကြောင့် အိန္ဒြေ မျက်နှမဲ့ရွဲ့သွားကာ ရွှေစင့်နားအနားကပ်ပြီး လေသံတိုးတိုးလေးဖြင့်

"ဟဲ့ ငါပြတာ အဝါရောင်ပန်းလေ"

ထိုအခါမှ ရွှေစင်လည်း သတိထားမိသွားပြီး အိန္ဒြေကို ပြူးကြည့်လာတော့သည်။

"မိန်းမတွေ နင်တို့နှစ်ယောက် ငါ့ကိုတစ်ခုခုဖုံးကွယ်ထားတယ်မလား"

အလင်္ကာ သူတို့နှစ်ယောက်အား စိုက်ကြည့်ကာ တရားခံစစ်သလိုမေးလာသည်။ ရွှေစင်လည်း အလျင်အမြန် လက်ကာပြလိုက်ရင်း

"မဖုံးကွယ်ထားပါဘူး အလင်္ကာရ...ပြောလိုက်လေ အိန္ဒြေ"

"ဟုတ်တယ် ဟုတ်တယ်... ရွှေစင် ပြောသလိုပဲ ဘာမှမဖုံးကွယ်ထားဘူး"

အိန္ဒြေ ပြောသော်လည်း အလင်္ကာ၏ မယုံသင်္ကာ အကြည့်များက သူတို့နှစ်ယောက် အပေါ် ဝဲနေဆဲဖြစ်သည်။ ထိုအချိန်

"ရွှေစင်၊ အလင်္ကာ၊ အိန္ဒြေ"

နောက်ပါးဆီမှ ထွက်ပေါ်လာသော အသံကြောင့် ရွှေစင်နှင့် အိန္ဒြေတို့ ဟိန်းအား ထိုင်ရှိခိုးချင်စိတ်ပေါက်သွားကြသည်။

ကျေးဇူးကြီးမားလှပါပေတယ် မောင်မင်းကြီးသားရယ်.....

ဟိန်းလည်း ရွှေစင်တို့အားကြည့်လိုက်တော့ မျက်နှာတွင်ပေါ်နေသော အရိပ်အယောင်များကြောင့် အခြေအနေကို ရိပ်မိသွားတော့ကာ ရယ်လိုက်မိတော့သည်။

အရူးမလေးတွေ...အလင်္ကာတစ်ယောက်ကိုတောင် သေချာမထိန်းနိုင်ဘူးလား.....

"နင်တစ်ယောက်ထဲလား ဟိုနှစ်ယောက်ရော"

ဟိန်း အတွေးထဲမျှောနေတုန်း အလင်္ကာက ဟိန်းအားကြည့်ကာ မေးလိုက်သည်။ ဟိန်းလည်း ခေါင်းခါပြလိုက်ရင်း

"နင်တို့ကို ငါလာခေါ်တာ... မဟာတို့က အဲ့မှာပဲစောင့်နေတယ်"

"ဘာလို့လာခေါ်နေတာလဲ...ငါတို့ဟာ ငါတို့ဟာငါတို့ လာမှာပေါ့"

"ကြာနေလို့ပေါ့ဟ...သွားမယ်"

"အလင်္ကာ ခဏ ခဏ"

ထသွားရန်ပြင်နေသော အလင်္ကာအား ရွှေစင်လက်ဆွဲကာ တားလိုက်သည်။ ဟိန်းနဲ့ အိန္ဒြေက ဘာလို့တားတာလဲဆိုသည့် အကြည့်ဖြင့် ပြူးကြည့်နေကြသည်။ ရွှေစင် ထိုနှစ်ယောက်အား လျစ်လျူရှုကာ သူမဆံပင်အားစည်းလာသော ဖဲကြိုးစလေးကို ဆွဲယူလိုက်ပြီး အလင်္ကာ၏ မျက်ဝန်းပြာလေးအား အုပ်မိုးပေးလိုက်သည်။ ထိုအခါမှ ဟိန်းတို့လည်း သဘောပေါက်သွားကြသည်။ ထိုသို့လုပ်သည်ကို နားမလည်သည့် အလင်္ကာကတော့ သူမမျက်လုံးများအား ကာထားသော ဖဲကြိုးစလေးအား ထိကာ

"ဘာလုပ်တာလဲ ရွှေစင်"

"အချိန်တန်ရင်သိရမှာပေါ့ အချစ်ရဲ့"

ထိုစကားကြောင့် အလင်္ကာ ဆိတ်ဆိတ်သာနေလိုက်တော့သည်။ရွှေစင်တို့ သူ့အားတစ်ခုခုကို ဖုံးကွယ်ထားကြသည်ကို ရိပ်မိသော်လည်း ထိုအရာက ဘာဆိုသည်ကို သူမတွေးတတ်ပေ။

ထို့နောက် ဟိန်း၏ ဦးဆောင်မှုဖြင့် အလင်္ကာ့အား ရွှေစင်လက်တွဲကာ မဟာနဲ့ မျိုးမာန်တို့ရှိရာဆီ ခြေဦးတည်ကြတော့သည်။ မျိုးမာန်တို့စောင့်နေသော ခရေပင်အောက်သို့ရောက်တော့ ရွှေစင် အလင်္ကာ့အား မျိုးမာန်ရှေ့တွင် မတ်တပ်ရပ်စေလိုက်သည်။

"ဖွင့်လို့ရပြီလား ရွှေစင်"

"အင်း ငါဖွင့်ပေးမယ်"

ထို့နောက် အလင်္ကာ မျက်နှာတွင် စည်းထားသော ဖဲကြိုးအား ရွှေစင် ဖြည်းညှင်းစွာ ဖြည်ပေးလိုက်သည်။ ဖဲကြိုးစလေးပြေသွားသောအခါတွင် မျက်ဝန်းပြာလေးတို့က ဖွင့်ဟလာတော့သည်။ ထို့နောက် ပတ်ဝန်းကျင်၏ ပြောင်းလဲသွားသော ပုံရိပ်များနှင့် သူ့ရှေ့မှ မျိုးမာန်ကိုကြည့်ကာ အခြေအနေအား ရိပ်မိသွားပြီး မျက်နှာလေးက ပန်းရောင်သန်းလာတော့သည်။

မျိုးမာန် သူ့ရှေ့တွင်ရှိနေသော ရှက်သွေးဖြာနေသော နတ်သမီးလေးအားကြည့်ရင်း ပြောရမည့်စကားများ ဆွံ့အနေသည်။

"မျိုးမာန်ရေ fighting "

သူတို့နဲ့ ခပ်လှမ်းလှမ်းတွင်ရှိနေသော ဟိန်း၏အသံကြောင့် မျိုးမာန်လည်း ခေါင်းညိတ်ပြလိုက်ပြီး အသက်ကိုခပ်ပြင်းရှုလိုက်သည်။ပြီးနောက် သူ့နတ်သမီးလေးအား ကြည့်ကာ

"အလင်္ကာ"

အသံကြည်ကြည်လေးနှင့် ဆွဲငင်ပြီး ခေါ်လိုက်သော အသံက အလင်္ကာ၏ နားများမှတစ်ဆင့် နှလုံးသားထဲ တိုက်ရိုက်စီးဆင်းလို့သွားသည်။ မျိုးမာန်လည်း အလင်္ကာ လက်တစ်ဖက်ကို အသာဆွဲယူလိုက်ပြီးနောက် သူကိုင်ထားသော နှင်းဆီပန်းလေးအား အလင်္ကာ့လက်ထဲ ကူးပြောင်းထည့်ပေးလိုက်သည်။

"မင်းယုံမလားတော့ မသိပေမယ့်...ကိုယ် မင်းကိုပြောချင်တယ်"

ပြောင်းလဲသွားသော အသုံးအနှုန်းများက အလင်္ကာ့ရင်ကို ပို၍အခုန်မြန်စေသည်။မျိုးမာန် ခေါင်းငုံ့ထားသော အလင်္ကာ့အား မေးဖျားလေးမှဖွဖွထိကိုင်ကာ မော့စေလိုက်ပြီးနောက် ကောင်းကင်ကြီးသဖွယ် ပြာလဲ့နေသော မျက်ဝန်းပြာလေးများကို စိုက်ကြည့်လိုက်သည်။

"မင်းရဲ့ဘဝကို ဦးစီးဦးဆောင်နိုင်ပြီး မင်းကိုတံတိုင်းသဖွယ် ကာကွယ်ပေးနိုင်မယ့်သူ ကိုယ်ဖြစ်ချင်တယ်... မှားမှားမှန်မှန် မင်းဘက်ကနေ မားမားမတ်မတ်ရပ်တည်ပေးနိုင်ပြီး ဆူးခင်းလမ်းပဲဖြစ်ဖြစ် ပန်းခင်းလမ်းပဲဖြစ်ဖြစ် မင်းနဲ့အတူ ဖြတ်သန်းချင်တယ်...အမှောင်ညတွေမှာ မင်းရဲ့လမင်း ဖြစ်ချင်တယ်...နွေနေပူချိန်မှာ မင်းရဲ့ထီးကလေးဖြစ်ချင်တယ်...ဆောင်းညလည်တွေမှာ မင်းရဲ့အနွေးဓာတ်ကလေးဖြစ်ချင်တယ်...မင်းရဲ့အုပ်ထိန်းသူကို ခေါ်ချင်တဲ့ အစ်ကိုဆိုတဲ့နာမ်စားလေးကို ကိုယ့်ကိုပဲ ခေါ်စေချင်တယ်"

"....."

"အလင်္ကာ...အခုလိုပြောတာ စောသေးတယ်ဆိုပေမယ့် ကိုယ်ပြောချင်တယ်... အနာဂတ်က ကိုယ့်သားသားတွေ မီးမီးတွေရဲ့ မိခင်ဖြစ်ပေးနိုင်မလား"

"....."

"အခုချိန်မှာ မင်းကိုပေးဖို့ရာ ဒီလက်စွပ်လေးနဲ့ ပန်းလေးတစ်ပွင့်ပဲရှိတယ်ဆိုပေမယ့် မင်းမျက်နှာမငယ်ရအောင် ကိုယ်ကြိုးစားမှာပါ...ဆယ်ကျော်သက်အရွယ် စိတ်ကစားတာမဟုတ်လို့ ယုံကြည်ပေးပါ အလင်္ကာ"

"....."

"အစ်ကို မင်းကို သိပ်ချစ်တယ် အလင်္ကာ"

"....."

*********************************
#28.3.2024
#🍁Moe Kyal Phyu🍁

**********
ကောင်းသောညလေး ဖြစ်ကြပါစေရှင်❤

[Zawgyi]

သလႅာ၀တီရပ္ကြက္ေလး တိတ္ဆိတ္ကာ ၿငိမ္သက္ေနသည္မွာ ယေန႔နဲ႔ဆို ေျခာက္ရက္ေလာက္ပင္ ရိွေနၿပီျဖစ္သည္။ထိုသို႔တိတ္ဆိတိၿငိမ္သက္ေနရျခင္း၏ အေၾကာင္းမွာေတာ့ ရပ္ကြက္၏အေမႊစိန္ေလးမ်ားက တကၠသိုလ္၀င္တန္း စာေမးပြဲကိုေျဖဆိုေနရသည္ေၾကာင့္ ရပ္ကြက္အတြင္း ပတ္မေမႊႏိုင္ေသာေၾကာင့္ပင္ ျဖစ္သည္။ ထို႔ေၾကာင့္ ရပ္ကြက္သူရပ္ကြက္သားမ်ား ေအးခ်မ္းေနၾကေတာ့သည္။

"က်ဳပ္ကေလးေတြ ေျဖႏိုင္ပါ့မလားေတာ္"

ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး အိမ္မွ ထြက္ေပၚလာေသာ စကားသံ။

"ေျဖႏိုင္မွာပါ မိန္းမရ...ငါတို္႔ကေလးေတြက ေတာ္ၿပီးသားပဲဟာ"

"က်ဳပ္ကေတာ့ စိတ္ပူတယ္ ေတာ္ေရ"

သားသမီးမရႏိုင္ေသာ အုပ္ႀကီးႏွင့္ အုပ္ႀကီးကေတာ္တို႔မွာ အေမႊစိန္ေလးတို႔အား သားသမီးအရင္းပမာခ်စ္ၾကသည္။

"ဒီတိုင္းထိုင္မေနႏိုင္ေတာ့ဘူး...ဆုေတာင္းလိုက္အံုးမယ္"

ေျပာေျပာဆို ဘုရားခန္းထဲ၀င္သြားေသာ အုပ္ႀကီးကေတာ္။ အျဖစ္သည္းကာ အကဲပိုေနေသာ မိန္းမျဖစ္သူအား အုပ္ႀကီး လႊတ္သာ ထားလိုက္ေတာ့သည္။ သူ၏ စိတ္ထဲတြင္လည္း ကေလးမ်ား စာေမးပြဲကို ေကာင္းစြာေျဖႏိုင္ဖို႔ ဆုေတာင္းေနသည္ပင္ ျဖစ္သည္။

**********

"မမေအးေရ...အေမႊေလးေတြ ေျဖႏိုင္မွာပါေနာ္"

"ေျဖႏိုင္မွာပါ...နင္စိတ္ပူေနမယ့္အစား ဆုေတာင္းေပးေန...ကေလးေတြ လြယ္လြယ္ကူကူေျဖႏိုင္ေအာင္"

၁၀တန္း စာေမးပြဲႀကီး ေျဖဆိုေနေသာ အေမႊစိန္ေလးမ်ားအတြက္ စိတ္ပူေနၾကေသာ ရပ္ကြက္မွလူႀကီးမ်ား။ ထိုမွ်အထိ အခ်စ္ခံရေသာ အေမႊစိန္ေလးမ်ားပင္ျဖစ္ၾကသည္။

**********
"ေ၀း လြတ္လပ္ၿပီကြ"

"လြတ္ႁပီ ကြၽတ္ၿပီ ေရးး"

စာေမးပြဲခန္းထဲမွ ထြက္လာေသာ ေက်ာင္းသား တစ္ခ်ဳိ႕၏ ေပ်ာ္ရႊင္စြာ ေအာ္ဟစ္သံမ်ား။ေက်ာင္းသားမ်ားနည္းတူ ဆရာဆရာမမ်ားသည္ေလး ရင္နဲ႔လြယ္ကာ ေမြးခဲ့ရေသာ ၀မ္းမနာသားသမီးမ်ားအားၾကည့္ကာ ၿပံဳးေပ်ာ္ေနၾကသည္။

ေက်ာင္းထဲမွ ေျပးထြက္လာၾကေသာ ေက်ာင္းသူေက်ာင္းသားမ်ားအား မိဘမ်ားက လက္ကမ္းကာ ႀကိဳဆိုၾကသည္။ ေက်ာင္းသား အားလံုး၏ မ်က္ႏွာတြင္ ၀န္ထုပ္၀န္ပိုး တစ္ခုအား လႊတ္ခ်လိုက္ႏိုင္ၿပီဟူေသာ စိတ္ေပါ့ပါးမႈမ်ားက အထင္းသားေပၚလြင္ေနသည္။ တစ္ႏွစ္ပတ္လံုး စာအုပ္နဲ႔ မ်က္ႏွာမခြာကာ ႀကိဳးစားခဲ့မႈအား အေကာင္းဆံုး သက္ေသျပႏိုင္ခဲ့ၿပီ ျဖစ္သည္။ အိပ္ေရးပ်က္ခံ အပင္ပန္းခံရႀကိဳးနပ္ေအာင္ စာေမးပြဲကိုလည္း ေကာင္းမြန္စြာ ေျဖဆိုႏိုင္ေသာ ေက်ာင္းသားတို႔မွာ မ်က္ႏွာတြင္ အၿပံဳးပန္းတို႔က ပြင့္လန္းေနၾကၿပီ ျဖစ္သည္။ ထို႔ေက်ာင္းသားမ်ားအထဲတြင္ အလကၤာတို႔ အုပ္စုလည္း ပါ၀င္ေလသည္။

"ေျဖႏိုင္ရဲ႕လား နင္တို႔ေတြ"

သူမ အနားေလွ်ာက္လာေသာ ၅ေယာက္ကို အလကၤာ လွမ္းေမးလိုက္သည္။ ခံုနံပါတ္မ်ား မတူညီသည္ေၾကာင့္ ေျဖဆိုရသည့္ အတန္းမ်ားကလည္း ကြဲသြားၾကကာ ေျခာက္ေယာက္ထဲတြင္ ထိပ္ဆံုးအခန္းရေသာ အလကၤာက အခန္းေရွ႕တြင္ ေရႊစင္တို႔အား ရပ္ေစာင့္ေနရျခင္းျဖစ္သည္။ အလကၤာအေမးကို ေရႊစင္တို႔ ၅ေယာက္လံုး ေခါင္းညိတ္ျပလိုက္ၾကသည္။

ထို႔ေနာက္ ေျခာက္ေယာက္သား ေက်ာင္း၀န္းႀကီးအား ေဆြးေဆြးေျမႇ႕ေျမႇ႕ ေငးၾကည့္ေနၾကသည္။ ေက်ာင္းစတက္သည့္အခ်ိန္ထဲကဤေက်ာင္းေတာ္တြင္ ပညာ၀မ္းစာကို သင္ယူခဲ့ရၿပီး ယခု ဆယ္တန္း စာေမးပြဲေျဖဆိုခ်ိန္အထိ ၁၁ ႏွစ္တာကာလပတ္လံုး ဤေက်ာင္းေတာ္ႀကီးႏွင့္ အလကၤာတို႔မွာ အမွတ္တရအမ်ားႀကီး ရိွလို႔ေနသည္။ ယခုတြင္ေတာ့ ေက်ာင္းေတာ္ၿကီးအား ႏႈတ္ဆက္ရေတာ့မည္ ျဖစ္သည္။ ေက်ာင္းေတာ္ႀကီးအား အခ်ိန္တစ္ခုျကာ ေငးစိုက္ၾကည့္ၿပီးသည့္ေနာက္ ေျခာက္ေယာက္လံုး ေက်ာခိုင္းကာ ထြက္လာၾကေတာ့သည္။ သို႔ႏွင့္ ေက်ာင္းေတာ္ႀကီးအား ႏႈတ္ဆက္ကာ အိမ္ျပန္သည့္လမ္းတြင္ ေျခလွမ္းမ်ား ေပါ့ပါးေနၾကသည္။

"ေျဖႏိုင္ရဲ႕လား အေမႊေလးေတြ"

"ဟုတ္ ႀကီးႀကီး ေျဖႏိုင္ပါတယ္ဗ်"

အိမ္ျပန္လမ္းတြင္ရိွေသာ အိမ္တစ္အိမ္မွ လွမ္းေမးေသာ ေမးခြန္းအား အားလံုး၏ ကိုယ္စား မဟာက ျပန္ေျဖလိုက္သည္။

"ေအးေအး...ခဏေနၾကရင္ မုန္႔လာစားလွည့္အံုး"

"ဟုတ္"

**********

"စာေမးပြဲႀကီးၿပီးသြားေတာ့ စိတ္ထဲေပါ့ပါးသြားသလိုပဲေနာ္"

ေရႊစင္က ေတြးစစျဖင့္ေျပာသည္။ ထိုသည္ကို မဟာတို႔ကလည္း ေထာက္ခံသည့္ဟန္ ေခါင္းတညိတ္ညိတ္ျဖစ္ေနၾကသည္။

"ဟုတ္တယ္ ရင္ထဲ လစ္ဟာသြားတာပဲ...ဘယ္လိုႀကီးလဲမသိဘူး"

အိေႁႏၵကလဲ ေရႊစင္ ပခံုးကို ကိုင္ရင္း ေျပာလာသည္။ ယခုတြင္ အေမႊေလးမ်ားက သူတို႔၏ ေပ်ာ္စံရာ ရပ္ကြက္ထိပ္ရိွ ပန္းၿခံထဲမွ ခေရပင္ေအာက္တြင္ ထိုင္ေနၾကျခင္းျဖစ္သည္။ အိမ္ျပန္ကာ အ၀တ္အစားမ်ား လဲခဲ့ၾကၿပီးေနာက္ ေျခာက္ေယာက္သား ဤေနရာသို႔ ေရာက္လာခဲ့ၾကျခင္းျဖစ္သည္။

"အဟမ္း အဟမ္း"

႐ုတ္တရက္ မဟာက ေခ်ာင္းဟန္႔လာသည္ေၾကာင့္ က်န္လူမ်ားက သူ႕အားျပဳးၾကည့္လာၾကသည္။ မဟာ တစ္ေယာက္ အလကၤာမွလြဲ၍ သူ႕အားျပဴးၾကည့္လာေသာ ေရႊစင္တို႔အား စိတ္ထဲမွ ေမတၱာပို႔ေနမိေတာ့သည္။ အလကၤာက မဟာ့အားၾကည့္ရင္း

"ဘာျဖစ္တာလဲ မဟာ"

"ဘာမွမဟုတ္ပါဘူး...ဒီတိုင္း ေခ်ာင္းဆိုးတာ အဟမ္း!"

ထိုအခ်ိန္ထိ သူ႕အားေၾကာင္ၾကည့္ေနေသာ လူမ်ားေၾကာင့္ မဟာ တစ္ေယာက္ခ်င္းစီအား ေခါင္းေခါက္ပစ္ခ်င္စိတ္မ်ားက တစ္ဖြားဖြားျဖစ္လို႔လာေတာ့သည္။

ေသခ်ာေျပာထားရက္နဲ႔.....

"ဟုတ္လို႔လား"

"ဟုတ္ပါတယ္ဆို အဟမ္း အဟမ္း!!"

"နင္ေခ်ာင္းဆိုးတာႀကီးကလည္း ဟယ္"

ေျပာရင္း အလကၤာအေရွ႕သို႔ ျပန္လွည့္သြားသည္။ မဟာမွာေတာ့ အရိပ္ျပ၍ အေကာင္မျမင္ေသာ က်န္၄ေယာက္အား ထုသတ္ခ်င္စိတ္မ်ားပင္ ျဖစ္လာရသည္။ေသခ်ာေျပာထားတာေတာင္မွ မထံုတက္ေသး အမူအရာမ်ားျဖင့္ သူ႕အား ေၾကာင္ၾကည့္ေနၾကေသးသည္။ အထူးသျဖင့္ မ်ဳိးမာန္။ ကာယံကံရွင္ျဖစ္ၿပီး နည္းနည္းေလးမွ အလိုက္ကမ္းဆိုးမသိ။ မဟာ စိတ္မရွည္ေတာ့စြာ ေနရာမွထလိုက္ၿပီး ေရႊစင္ႏွင့္ အိေႁႏၵႏွစ္ေယာက္အနား သြားထိုင္လိုက္သည္။ အလကၤာ သူ႕အားလိုက္ၾကည့္ေနမည္ဆိုသည္ စိတ္ျဖင့္ၾကည့္မိေတာ့ အလကၤာ တစ္ေယာက္ သူ႕အာ႐ံုနဲ႔သူျဖစ္ေနသည္မို႔ မဟာလည္း ေရႊစင္တို႔ႏွစ္ေယာက္အနားကပ္ကာ

"ဟဲ့! အ႐ူးမေတြ...နင္တို႔ႏွစ္ေယာက္က ဘာလဲဟမ္... မေန႔ကေသခ်ာေျပာထားတာေတာင္ ေမ့ရတယ္လို႔...သြား အလကၤာကို တစ္ျခားတစ္ေနရာေခၚသြား"

"ဟုတ္သားပဲ ငါတို႔ေမ့ေနလို႔ ဟီး"

ေရႊစင္က သြားအၿဖဲသားျဖင့္ ရယ္ျပကာေျပာလာေတာ့သည္။ ထိုသည္ကို မဟာက ႏွာတစ္ခ်က္မႈတ္ကာ

"နင္တို႔ေမ့ေနလို႔ ေခ်ာင္းဟန္႔ျပတာေတာင္ ငါ့ကိုျပဳးၿပီး လာၾကည့္ေနေသးတယ္...ငါေခါက္လိုက္ရ ေသေတာ့မယ္...သြား ေခၚသြားေတာ့"

"ေအးပါဟာ"

ေရႊစင္လည္း မဟာ့ကိုေျပာၿပီး အလကၤာနား ကပ္ကာ လက္တစ္ဖက္ကို ဆြဲကိုင္လိုက္ေတာ့သည္။

"အလကၤာ ငါတို႔ဟိုဘက္က ႏွင္းဆီခင္းဆီ သြားရေအာင္ေလ"

"အင္း သြားမယ္ေလ"

သူမ သိပ္ႀကိဳက္ေသာ ႏွင္းဆီပန္းမ်ားျဖင့္ ဆြယ္လာသည္ေၾကာင့္ အလကၤာလည္း သံသယကင္းကင္းျဖင့္ သြားမည္ျဖစ္ေၾကာင္း သေဘာတူလာေတာ့သည္။ အလကၤာတို႔လည္း ႏွင္းဆီခင္းဘက္သို့ သြားရန္ျပင္လိုက္စဥ္ ယခုအခ်ိန္ထိ ထိုင္ေနၾကဆဲျဖစ္ေသာ မဟာတို႔အားၾကည့္လိုက္ကာ

"နင္တို႔ မလိုက္ဘူးလား"

"မလိုက္ေတာ့ဘူး...ဒီမွာပဲ ေစာင့္ေနေတာ့မယ္"

"ၿပီးေရာ... အဲ့ဆို ငါတို႔သြားၿပီ"

မိန္းကေလး၃ေယာက္ ထြက္သြားမွ မဟာတို႔၃ေယာက္ လႈပ္လႈပ္ရွားရွား ျဖစ္လာၾကသည္။ ဟိန္းက မ်ဳိးမာန္၏ ပခံုးအား လက္သီးျဖင့္ ထိုးကာ

"သူေတာင္းစား...ကိုယ့္ခ်စ္သူကို ဖြင့္ေျပာဖို႔ေတာင္ သတိေပးေနရတယ္"

"ဟုတ္ပါ့ကြာ...ဒီေလာက္ အရိပ္ျပေနတာေတာင္ အေကာင္မျမင္ပဲ ျပဴးၾကည္ေနေသးတယ္...ငါသာေႁမြဆို မင္းကိုေပါက္သတ္လို႔ ေသေနေလာက္ၿပီ"

ဟိန္း၏ စကားေနာက္ ထပ္ေျပာလာေသာ မဟာ၏ စကားေၾကာင့္ မ်ဳိးမာန္ မ်က္ႏွာ မခ်ဳိမခ်ဥ္႐ုပ္ျဖစ္သြားကာ

"ငါ ငါေၾကာက္လို႔"

"ေအး ေၾကာက္ေန...အဲ့တာမွ အလကၤာ ေနာက္တစ္ေယာက္နဲ႔ပါသြားတဲ့အခ်ိန္ မင္းအေရွ႕မွာ တစ္ေနကုန္တစ္ေနခမ္း ဘိုျဖဴရဲ႕ ျပည့္စံုပါေစ သီခ်င္းကို ထိုင္ဆိုျပမယ္"

"မဟာ မင္းကလဲကြာ"

"မင္းကလဲ မကြာနဲ႔...ငါေျပာထားတာ ပါလား"

"ပါတယ္"

ေျပာရင္း မ်ဳိးမာန္ သူ႕အက်ႌအိတ္ကပ္ထဲတြင္ ထည့္လာေသာ ဘူးေလးတစ္ခုအား ထုတ္ကာ မဟာ့အား ေပးလိုက္သည္။ဟိန္းက မဟာ့အနားကပ္လာကာ ထိုဘူးေလးအား စိတ္၀င္တစားၾကည့္လာသည္။ မဟာက ထိုဘူးေလးအားယူကာ အဖံုးဖြင့္ၾကည့္လိုက္ခ်ိန္တြင္ ႐ိုး႐ိုးရွင္းရွင္း ပလက္တီနမ္ လက္စြပ္ေျဗာင္ကြင္းေလးတစ္ကြင္း ကိုေတြ႕လိုက္ရသည္။ လက္စြပ္၏ အထဲဘက္တြင္ေတာ့ I love you  ဆိုေသာ စာသားေလးအား ေရးထိုးထားသည္။ မဟာ လက္စြပ္ကိုေသခ်ာၾကည့္ကာ ေခါင္းညိတ္လိုက္ၿပီး မ်ဳိးမာန္ထံျပန္ေပးလိုက္သည္။ ထို႔ေနာက္ ဟိန္းက သူယူလာေသာ ႏွင္းဆီပန္းမ်ားကို ယူကာ မဟာနဲ႔ မ်ဳိးမာန္ထံ ခြဲေပးလိုက္သည္။ သံုးေယာက္သား တက္ညီလက္ညီျဖင့္ ႏွင္းဆီပြင့္ဖက္မ်ားကို ေႁခြေနၾကေတာ့သည္။ ခဏအၾကာ ေႁခြၿပီးသြားေသာ ပြင့္ဖက္မ်ား၏ သံုးပံုတစ္ပံုကို ခေရပင္ေအာက္တစ္၀ိုက္ ႀကဲခ်ဲလိုက္ေတာ့သည္။

ၿပီးေနာက္ မဟာယူလာေသာ အသည္းပံုေဘာလံုးမ်ားကို ေလထိုင္မႈတ္ၾကေတာ့သည္။ အခ်ိန္တစ္ခုၾကာသြားသည့္အခါတြင္ေတာ့ ေဘာလံုးမ်ားအားလံုး ေလမႈတ္၍ ၿပီးသြားေတာ့သည္။ ဟိန္းက ထိုေဘာလံုးမ်ားအား ႀကိဳးျဖင့္ခ်ည္ေပးၿပီး မ်ဳိးမာန္က ေဘာလံံုးမ်ားကို သစ္ပင္တြင္ ခ်ိတ္ဆြဲေနေသာ မဟာ့ကို ကမ္းေပးေနသည္။ အားလံုးၿပီးသြားခ်ိန္တြင္ေတာ့ မဟာက မ်ဳိးမာန္လက္ထဲ လွပစြာပြင့္အာေနေသာ ႏွင္းဆီအနီရဲရဲတစ္ပြင့္ကိုထည့္ေပးၿပီး က်န္သည့္ႏွင္းဆီ ပြင့္ဖက္မ်ားကိုယူကာ သစ္ပင္ေပၚသို႔ တက္သြားေတာ့သည္။ ဟိန္းကလည္း အလကၤာတို႔ကို ေခၚရန္ထြက္လာခဲ့ေတာ့သည္။

"စိတ္လႈပ္ရွားေနလား မ်ဳိးမာန္"

သစ္ပင္ေပၚက မဟာက သစ္ပင္ေအာက္တြင္ ေက်ာက္႐ုပ္တစ္႐ုပ္လို ၿငိမ္သက္စြာ မတ္တပ္ရပ္ေနေသာ မ်ဳိးမာန္အား လွမ္းေမးသည္။

"အင္း နည္းနည္း"

"fighting...အဆင္ေျပသြားမယ္ စိတ္မပူနဲ႔"

မ်ဳိးမာန္အား စိတ္လႈပ္ရွားမွသက္သာေစရန္ ေျပာလိုက္ေသာ္လည္း မဟာသည္လည္း စိတ္လႈပ္ရွားေနသည္။ စာေမးပြဲႂကီး မေျဖခင္ တစ္ပတ္အလိုေလာက္က မ်ဳိးမာန္တစ္ေယာက္ မဟာနဲ႔ ဟိန္းကို အလကၤာအား ဖြင့္ေျပာမည့္အေၾကာင္း ေျပာလာခဲ့သည္။ သို႔ႏွင့္ မဟာလည္း အလကၤာကို ဖယ္ထားခဲ့ၿပီး က်န္၄ေယာက္ကို ေခၚကာ ယေန႔တြင္ ဤသို႔ျပဳလုပ္ရန္ တိုင္ပင္ခဲ့ၾကသည္။ အစစအရာရာတိုင္ပင္ၿပီးေနာက္ အားလံုးကိုယ္စီ အိမ္ျပန္သြားခ်ိန္တြင္ မဟာက မ်ဴိးမာန္ကိုေခၚကာ ကမ္းနားလမ္းသို႔ ထြက္လာခဲ့သည္။

"ငါ့ကို ေျပာစရာရိွလို႔လား မဟာ"

မဟာ သူ႕အား အေၾကာင္းမဲ့သပ္သက္ ေခၚထုတ္လာတာ မဟုတ္မွန္း မ်ဳိးမာန္သိသည္။ ထို႔ေၾကာင့္ မဟာစကားစရ အဆင္ေျပေစရင္ မ်ဳိးမာန္ လမ္းဖြင့္ေပးလိုက္ျခင္းျဖစ္သည္။

"အင္း"

'အင္း'တစ္လံုးသာေျပာၿပီး ေရျပင္က်ယ္အား ေငးၾကည့္ေနေသာေၾကာင့္ မ်ဳိးမာန္လည္း မဟာနဲ႔အတူ ေငးၾကည့္မိသည္။ ေရျပင္ကို ျဖတ္တိုက္လာေသာ ေလေႏုေအးတို႔က မ်ဳိးမာန္တို႔႔ကို ထိပါး႐ိုက္ခက္ကာ ေအးျမေသာ ခံစားခ်က္ကိုေပးစြမ္းသည္။ ခဏအၾကာမွ မဟာဆီက စကားသံထြက္လာသည္။

"မ်ဳိးမာန္"

"အင္း"

"စိတ္ကစားေနတာဆိုရင္ ရပ္တန္းက ရပ္လိုက္ပါ"

"....."

"သူငယ္ခ်င္းက ခ်စ္သူျဖစ္ႏိုင္ေပမယ့္ ခ်စ္သူကေန သူငယ္ခ်င္းေတာ့ ျပန္မျဖစ္ႏိုင္ဘူး"

"....."

"အခုေန မင္းစိတ္ကစားေနတာဆိုရင္ ရပ္ပစ္ပါ... ေနာက္တစ္ခ်ိန္ မင္းတို႔ႏွစ္ေယာက္ ျပႆနာျဖစ္တာမ်ဳိး ငါမၾကားခ်င္ဘူး"

သူ႕မ်က္ႏွာကို တည့္တည့္ၾကည့္ကာ ေလးနက္စြာဆိုလာေသာ မဟာ့စကားေၾကာင့္ မ်ဳိးမာန္ ၿပံဳးမိသည္။ မဟာ ဘာကိုစိုးရိမ္ေနသည္ဆိုတာကိုလည္း သူသိသည္။သို႔ေပမယ့္ မဟာစိုးရိမ္ေနသလိုမ်ဳိး ျဖစ္မလာဘူးဆိုတာကို သူအာမခံႏိုင္ပါသည္။ အလကၤာကို ခ်စ္သည့္ ခ်စ္ျခင္းတရားသည္ စိတ္ကစား၍ ခဏအေပ်ာ္ရွာေသာ အခ်စ္မ်ဳိးမဟုတ္ပဲ တစ္ဘ၀စာ အလကၤာတစ္ေယာက္တည္းနဲ႔ လံုေလာက္ေသာ အခ်စ္မ်ဳိးျဖစ္သည္။ ထိုသည္ကို မဟာ့ကိုလည္း သိေစခ်င္ပါသည္။ မ်ဳိးမာန္လည္း မဟာ့မ်က္၀န္းနက္မ်ားကို ျပန္စိုက္ၾကည့္လိုက္ၿပီး

"ငါတကယ္ အလကၤာကို ခ်စ္တာပါ မဟာ... မင္းေျပာသလို ငါစိတ္ကို ငါစမ္းသပ္ၿပီးၿပီ...စိတ္ကစားေနတယ္ထင္လို႔ ငါၿငိမ္ေနခဲ့ေပမယ့္...ဟိုတစ္ခါ ဖိုးျပည့္တို႔နဲ႔ေတြ႕ေတာ့ ငါေသခ်ာသြားခဲ့တာ"

"....."

"ငါ အလကၤာကို ကာကြယ္ေပးခ်င္တယ္...တစ္ျခားသူေတြရဲ႕ တဏွာမ်က္လံုးေတြေအာက္ကေန သူ႕ကို ကာကြယ္ေပးခ်င္တယ္"

"အင္း ငါမင္းကိုယံုတယ္"

"ငါ့ကု္ိ အခုလိုယံုၾကည္ေပးတာ ေက်းဇူးပါ မဟာ...စိတ္ခ်ပါ အလကၤာနဲ႔ ငါ့ၾကား မင္းစိုးရိမ္ေနသလို ဘယ္ေတာ့မွျဖစ္လာမွာမဟုတ္ဘူး"

မဟာ ေခါင္းညိတ္ျပလိုက္သည္။ သူ မ်ဳိးမာန္ကို ယံုပါသည္။ အလကၤာ့ကို မ်ဳိးမာန္ ကာကြယ္ႏိုင္မည္ကိုလည္း သူယံုၾကည္ပါသည္။မ်ဳိးမာန္နဲ႔သာဆို အလကၤာ့ကိုလည္း စိတ္ခ်လို႔ရႏိုင္ေပသည္။

"အင္း...ဒါေပမယ့္ တစ္ခုေတာ့ရိွတယ္...ငါ့ အလကၤာေလးကို မ်က္ရည္က်ေအာင္လုပ္ရင္ မင္းကိုငါကိုယ္တိုင္ သတ္မွာ...ၾကားလား"

မဟာ မ်ဳိးမာန္၏ ပခံုးကို လက္သီးျဖင့္ နာေအာင္ထိုးကာ ေျပာလိုက္သည္။ မဟာ့စကားၾကားေတာ့ မ်ဳိးမာန္က ခပ္ဖြဖြတစ္ခ်က္ရယ္ကာ

"သူ႕ မ်က္ရည္က်ရင္ မင္း ငါ့ကို သတ္ဖို႔ အခ်ိန္မမီွမွာစိုးတယ္ မဟာ...ဘာလို႔ဆို သူ႕မ်က္ရည္ျမင္တာနဲ႔ အရင္ေသမယ့္ေကာင္က ငါပါကြာ"

"ေစာင့္ၾကည့္ရတာေပါ့"

ႏွစ္ေယာက္သား ရယ္ေမာလိုက္ၾကၿပီးေနာက္ တစ္ေယာက္ပခံုးကို တစ္ေယာက္ဖက္ၿပီး ကန္ေရျပင္ကို ေငးေမာေနၾကျပန္သည္။

"အဲ့ေန႔အတြက္ စိတ္မပူနဲ႔"

"ဟမ္"

႐ုတ္တရက္ေျပာလာေသာ မဟာ့စကားကို မ်ဳိးမာန္ နားမလည္လိုက္ေပ။ ထိုသည္ကို မဟာက ရိပ္မိကာ မ်ဳိးမာန္ကို တစ္ခ်က္ၾကည့္ၿပီး

"မင္းဖြင့္ေျပာမယ့္ေန႔...ငါနဲ႔ ဟိန္း အားလံုစီစဥ္ေပးမယ္...မင္းလုပ္ရမွာက တစ္ခုတည္း"

"ဘာလဲ"

"လက္စြပ္...အဲ့တာ ငါတို႔စီစဥ္ေပးလို႔ရတယ္ဆိုေပမယ့္ မင္းကိုယ္တိုင္ပဲယူခဲ့...ပိုၿပီးေတာ့ ေလးနက္တယ္"

"ထပ္ၿပီးေတာ့ ေက်းဇူးပါပဲကြာ"

"မလိုပါဘူး ငါတို႔က ညီအစ္ကိုေတြပဲဟာ"

**********
"ဟဲ့ေရႊစင္ ဟိုေကာင္ေတြ ျမန္ျမန္လုပ္လို႔ၿပီးပါ့မလား"

အိေႁႏၵ ေရႊစင့္အား ႏွစ္ကိုယ္ၾကား႐ံုေလသံျဖင့္ ေမးသည္။ ႏွင္းဆီပန္းသိပ္ႀကိဳက္လြန္းေသာ အလကၤာကေတာ့ ႏွင္းဆီပန္းေတြၾကား ေပ်ာ္ရႊင္ေနရင္း သူမတို႔ႏွစ္ေယာက္အား ေမ့ေနေလၿပီ။ ေရႊစင္ကလည္း အလကၤာကို ၾကည့္ေနရင္း ျပန္ေျဖသည္။

"အင္း ၿပီးမယ္ထင္တာပဲ... ငါတို႔ အခ်ိန္ဆြဲႏိုင္သေလာက္ ဆြဲထားမယ္ေလ"

"အင္း အင္း...ဒါေပမယ့္ အလကၤာ မရိပ္မိဖို႔ လိုတယ္ေနာ္"

"ငါေတာ့ ႀကိဳေတြးရင္း ရင္ခုန္လာၿပီ ဟီးဟီး"

ပါးစပ္ကို္လက္ျဖင့္အုပ္ကာ ရယ္ေနေသာ ေရႊစင္အား အိေႁႏၵ မ်က္ေစာင္းေလးတစ္ခ်က္ရြယ္လိုက္ရင္း

"အံမယ္ မသိရင္ ဖြင့္ေျပာခံရမယ့္ ကာယံကံရွင္က နင္က်ေနတာပဲ"

"အလကၤာအစား ရင္ခုန္ေပးတာေလဟယ္"

ႏွစ္ေယာက္သား တိုးတိုး တိုးတိုးေျပာၿပီး ၿပံဳးစိစိျဖစ္ေနၾကသည္ကို ပန္းခင္းၾကားမွ အလကၤာ ျမင္ျဖစ္ေအာင္ျမင္သြားေလသည္။ အလကၤာလည္း ေရႊစင္တို႔ ထိုင္ေနေသာ ေနရာအနား ေလွ်ာက္လာကာ

"ႏွစ္ေယာက္သား ဘာေတြေျပာၿပီး ရယ္ေနၾကတာလဲ...ငါ့လည္း ေျပာပါအံုး"

"ဘာမွမဟုတ္ပါဘူး...ပန္းေတြ လွတယ္လို႔ ေျပာေနတာ"

"ဪ မေန႔က စားခဲ့တဲ့မုန္႔ ေကာင္းတဲ့အေၾကာင္းေပါ့"

ထြက္ေပၚလာေသာ အသံသည္ တစ္ၿပိဳင္နက္တည္းဆိုေသာ္လည္း အေၾကာင္းအရာမ်ားကေတာ့ ကြာျခားေနသည္။ ေရႊစင္နဲ႔ အိေႁႏၵလည္း ေျပာလိုက္မိေသာ စကားမ်ားေၾကာင့္ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ ၾကည့္ကာ သြားၿပီဟူေသာ အၾကည့္ျဖင့္ အသံတိ္တ္ စကားေျပာေနၾကသည္။

"နင္ဘာလို႔ အဲ့လိုေျပာတာလဲ"

"နင္ကေရာ ဘာလို႔အဲ့တာေျပာလိုက္တာလဲ"

ႏွစ္ေယာက္သား အသံတိတ္ရန္ျဖစ္ေနစဥ္ အလကၤာမွာေတာ့ ထိုႏွစ္ေယာက္အား တရားခံဖမ္းသည့္ မ်က္လံုးမ်ားျဖင့္ ေမွးစင္းကာ ၾကည့္ေနသည္။ ေရႊစင္နဲ႔ အိေႁႏၵမွာလည္း ေခြၽးမ်ားပင္ျပန္လာကာ အလကၤာနဲ႔ မ်က္လံုးခ်င္းမဆံုမိေအာင္ ဟိုၾကည့္သည္ၾကည့္လုပ္ေနသည္။ အိေႁႏၵ ထိုအေျခအေနကို သည္းမခံႏိုင္ေတာ့စြာ ပန္းပင္တစ္ပင္အား လက္ညိဳးထိုးျပၿပီး

"ေရႊစင္ ဟိုမွာၾကည့္စမ္း...ဟိုပန္းေလးကလွတယ္ေနာ္"

"အင္း ပန္းေလးက အနီေရာင္ေလး ေတာ္ေတာ္လွတယ္"

ေရႊစင္အေျပာေၾကာင့္ အိေႁႏၵ မ်က္ႏွမဲ့ရြဲ႕သြားကာ ေရႊစင့္နားအနားကပ္ၿပီး ေလသံတိုးတိုးေလးျဖင့္

"ဟဲ့ ငါျပတာ အဝါေရာင္ပန္းေလ"

ထိုအခါမွ ေရႊစင္လည္း သတိထားမိသြားၿပီး အိေႁႏၵကို ျပဴးၾကည့္လာေတာ့သည္။

"မိန္းမေတြ နင္တို႔ႏွစ္ေယာက္ ငါ့ကိုတစ္ခုခုဖံုးကြယ္ထားတယ္မလား"

အလကၤာ သူတို႔ႏွစ္ေယာက္အား စိုက္ၾကည့္ကာ တရားခံစစ္သလိုေမးလာသည္။ ေရႊစင္လည္း အလ်င္အျမန္ လက္ကာျပလိုက္ရင္း

"မဖံုးကြယ္ထားပါဘူး အလကၤာရ...ေျပာလိုက္ေလ အိေႁႏၵ"

"ဟုတ္တယ္ ဟုတ္တယ္... ေရႊစင္ ေျပာသလိုပဲ ဘာမွမဖံုးကြယ္ထားဘူး"

အိေႁႏၵ ေျပာေသာ္လည္း အလကၤာ၏ မယံုသကၤာ အၾကည့္မ်ားက သူတို႔ႏွစ္ေယာက္ အေပၚ ၀ဲေနဆဲျဖစ္သည္။ ထိုအခ်ိန္

"ေရႊစင္၊ အလကၤာ၊ အိေႁႏၵ"

ေနာက္ပါးဆီမွ ထြက္ေပၚလာေသာ အသံေၾကာင့္ ေရႊစင္ႏွင့္ အိေႁႏၵတို႔ ဟိန္းအား ထိုင္ရိွခိုးခ်င္စိတ္ေပါက္သြားၾကသည္။

ေက်းဇူးႀကီးမားလွပါေပတယ္ ေမာင္မင္းႀကီးသားရယ္.....

ဟိန္းလည္း ေရႊစင္တို႔အားၾကည့္လိုက္ေတာ့ မ်က္ႏွာတြင္ေပၚေနေသာ အရိပ္အေယာင္မ်ားေၾကာင့္ အေျခအေနကို ရိပ္မိသြားေတာ့ကာ ရယ္လိုက္မိေတာ့သည္။

အ႐ူးမေလးေတြ...အလကၤာတစ္ေယာက္ကိုေတာင္ ေသခ်ာမထိန္းႏိုင္ဘူးလား.....

"နင္တစ္ေယာက္ထဲလား ဟိုႏွစ္ေယာက္ေရာ"

ဟိန္း အေတြးထဲေမွ်ာေနတုန္း အလကၤာက ဟိန္းအားၾကည့္ကာ ေမးလိုက္သည္။ ဟိန္းလည္း ေခါင္းခါျပလိုက္ရင္း

"နင္တို႔ကို ငါလာေခၚတာ... မဟာတို႔က အဲ့မွာပဲေစာင့္ေနတယ္"

"ဘာလို႔လာေခၚေနတာလဲ...ငါတို႔ဟာ ငါတို႔ဟာငါတို႔ လာမွာေပါ့"

"ၾကာေနလို႔ေပါ့ဟ...သြားမယ္"

"အလကၤာ ခဏ ခဏ"

ထသြားရန္ျပင္ေနေသာ အလကၤာအား ေရႊစင္လက္ဆြဲကာ တားလိုက္သည္။ ဟိန္းနဲ႔ အိေႁႏၵက ဘာလို႔တားတာလဲဆိုသည့္ အၾကည့္ျဖင့္ ျပဴးၾကည့္ေနၾကသည္။ ေရႊစင္ ထိုႏွစ္ေယာက္အား လ်စ္လ်ဴ႐ႈကာ သူမဆံပင္အားစည္းလာေသာ ဖဲႀကိဳးစေလးကို ဆြဲယူလိုက္ၿပီး အလကၤာ၏ မ်က္၀န္းျပာေလးအား အုပ္မိုးေပးလိုက္သည္။ ထိုအခါမွ ဟိန္းတို႔လည္း သေဘာေပါက္သြားၾကသည္။ ထိုသို႔လုပ္သည္ကို နားမလည္သည့္ အလကၤာကေတာ့ သူမမ်က္လံုးမ်ားအား ကာထားေသာ ဖဲႀကိဳးစေလးအား ထိကာ

"ဘာလုပ္တာလဲ ေရႊစင္"

"အခ်ိန္တန္ရင္သိရမွာေပါ့ အခ်စ္ရဲ႕"

ထိုစကားေၾကာင့္ အလကၤာ ဆိတ္ဆိတ္သာေနလိုက္ေတာ့သည္။ေရႊစင္တို႔ သူ႕အားတစ္ခုခုကို ဖံုးကြယ္ထားၾကသည္ကို ရိပ္မိေသာ္လည္း ထိုအရာက ဘာဆိုသည္ကို သူမေတြးတတ္ေပ။

ထို႔ေနာက္ ဟိန္း၏ ဦးေဆာင္မႈျဖင့္ အလကၤာ့အား ေရႊစင္လက္တြဲကာ မဟာနဲ႔ မ်ဳိးမာန္တို႔ရိွရာဆီ ေျခဦးတည္ၾကေတာ့သည္။ မ်ဳိးမာန္တို႔ေစာင့္ေနေသာ ခေရပင္ေအာက္သို႔ေရာက္ေတာ့ ေရႊစင္ အလကၤာ့အား မ်ဳိးမာန္ေရွ႕တြင္ မတ္တပ္ရပ္ေစလိုက္သည္။

"ဖြင့္လို႔ရၿပီလား ေရႊစင္"

"အင္း ငါဖြင့္ေပးမယ္"

ထို႔ေနာက္ အလကၤာ မ်က္ႏွာတြင္ စည္းထားေသာ ဖဲႀကိဳးအား ေရႊစင္ ျဖည္းညႇင္းစြာ ျဖည္ေပးလိုက္သည္။ ဖဲႀကိဳးစေလးေျပသြားေသာအခါတြင္ မ်က္၀န္းျပာေလးတို႔က ဖြင့္ဟလာေတာ့သည္။ ထို႔ေနာက္ ပတ္၀န္းက်င္၏ ေျပာင္းလဲသြားေသာ ပံုရိပ္မ်ားႏွင့္ သူ႕ေရွ႕မွ မ်ဳိးမာန္ကိုၾကည့္ကာ အေျခအေနအား ရိပ္မိသြားၿပီး မ်က္ႏွာေလးက ပန္းေရာင္သန္းလာေတာ့သည္။

မ်ဳိးမာန္ သူ႕ေရွ႕တြင္ရိွေနေသာ ရွက္ေသြးျဖာေနေသာ နတ္သမီးေလးအားၾကည့္ရင္း ေျပာရမည့္စကားမ်ား ဆြံ႕အေနသည္။

"မ်ဳိးမာန္ေရ fighting "

သူတို႔နဲ႔ ခပ္လွမ္းလွမ္းတြင္ရိွေနေသာ ဟိန္း၏အသံေၾကာင့္ မ်ဳိးမာန္လည္း ေခါင္းညိတ္ျပလိုက္ၿပီး အသက္ကိုခပ္ျပင္း႐ႈလိုက္သည္။ၿပီးေနာက္ သူ႕နတ္သမီးေလးအား ၾကည့္ကာ

"အလကၤာ"

အသံၾကည္ၾကည္ေလးႏွင့္ ဆြဲငင္ၿပီး ေခၚလိုက္ေသာ အသံက အလကၤာ၏ နားမ်ားမွတစ္ဆင့္ ႏွလံုးသားထဲ တိုက္႐ိုက္စီးဆင္းလို႔သြားသည္။ မ်ဳိးမာန္လည္း အလကၤာ လက္တစ္ဖက္ကို အသာဆြဲယူလိုက္ၿပီးေနာက္ သူကိုင္ထားေသာ ႏွင္းဆီပန္းေလးအား အလကၤာ့လက္ထဲ ကူးေျပာင္းထည့္ေပးလိုက္သည္။

"မင္းယံုမလားေတာ့ မသိေပမယ့္...ကိုယ္ မင္းကိုေျပာခ်င္တယ္"

ေျပာင္းလဲသြားေသာ အသံုးအႏႈန္းမ်ားက အလကၤာ့ရင္ကို ပို၍အခုန္ျမန္ေစသည္။မ်ဳိးမာန္ ေခါင္းငံု႔ထားေသာ အလကၤာ့အား ေမးဖ်ားေလးမွဖြဖြထိကိုင္ကာ ေမာ့ေစလိုက္ၿပီးေနာက္ ေကာင္းကင္ႀကီးသဖြယ္ ျပာလဲ့ေနေသာ မ်က္၀န္းျပာေလးမ်ားကို စိုက္ၾကည့္လိုက္သည္။

"မင္းရဲ႕ဘ၀ကို ဦးစီးဦးေဆာင္ႏိုင္ၿပီး မင္းကိုတံတိုင္းသဖြယ္ ကာကြယ္ေပးႏိုင္မယ့္သူ ကိုယ္ျဖစ္ခ်င္တယ္... မွားမွားမွန္မွန္ မင္းဘက္ကေန မားမားမတ္မတ္ရပ္တည္ေပးႏိုင္ၿပီး ဆူးခင္းလမ္းပဲျဖစ္ျဖစ္ ပန္းခင္းလမ္းပဲျဖစ္ျဖစ္ မင္းနဲ႔အတူ ျဖတ္သန္းခ်င္တယ္...အေမွာင္ညေတြမွာ မင္းရဲ႕လမင္း ျဖစ္ခ်င္တယ္...ေႏြေနပူခ်္ိန္မွာ မင္းရဲ႕ထီးကေလးျဖစ္ခ်င္တယ္...ေဆာင္းညလည္ေတြမွာ မင္းရဲ႕အေႏြးဓာတ္ကေလးျဖစ္ခ်င္တယ္...မင္းရဲ႕အုပ္ထိန္းသူကို ေခၚခ်င္တဲ့ အစ္ကိုဆိုတဲ့နာမ္စားေလးကို ကိုယ့္ကိုပဲ ေခၚေစခ်င္တယ္"

"....."

"အလကၤာ...အခုလိုေျပာတာ ေစာေသးတယ္ဆိုေပမယ့္ ကိုယ္ေျပာခ်င္တယ္... အနာဂတ္က ကိုယ့္သားသားေတြ မီးမီးေတြရဲ႕ မိခင္ျဖစ္ေပးႏိုင္မလား"

"....."

"အခုခ်ိန္မွာ မင္းကိုေပးဖို႔ရာ ဒီလက္စြပ္ေလးနဲ႔ ပန္းေလးတစ္ပြင့္ပဲရိွတယ္ဆိုေပမယ့္ မင္းမ်က္ႏွာမငယ္ရေအာင္ ကိုယ္ႀကိဳးစားမွာပါ...ဆယ္ေက်ာ္သက္အရြယ္ စိတ္ကစားတာမဟုတ္လို႔ ယံုၾကည္ေပးပါ အလကၤာ"

"....."

"အစ္ကို မင္းကို သိပ္ခ်စ္တယ္ အလကၤာ"

"....."

*********************************
#28.3.2024
#🍁Moe Kyal Phyu🍁

**********
ေကာင္းေသာညေလး ျဖစ္ၾကပါေစရွင္❤

Continue Reading

You'll Also Like

5.5M 224K 67
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
5.3M 471K 98
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
10.2M 639K 168
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
984K 30.5K 61
Dans un monde où le chaos et la violence étaient maitre, ne laissant place à ne serrait ce qu'un soupçon d'humanité. Plume était l'exception. Elle...