အမုန္းမွသည္...ခ်စ္ျခင္းဆီသို႔...

By MoeKyalPhyu14

150K 4.4K 272

မိဘတွေမတရားခံရမှုအတွက် ကလဲ့စားချေမယ့်ကောင်လေးတစ်ယောက် အမုန်းတရားတွေကနေလွတ်မြောက်နိုင်ပြီး ချစ်ခြင်းကိုရှာဖွေတ... More

🍂ဖတ္ေပးေစခ်င္🍂
💠Intro💠
🍁 Part 1🍁
🍁 Part 2🍁
🍁 Part 3🍁
🍁Part 4🍁
🍁 Part 5🍁
🍁Part 6🍁
🍁Part 7🍁
🍁Part 8🍁
🍁Part 9🍁
🍁Part 10🍁
🍁Part 11🍁
🍁Part 12🍁
🍁 Part 13🍁
🍁Part 14🍁
🍁Part 15🍁
🍁Part 16🍁
🍁Part 17🍁
🍁Part 18🍁
🍁Part 19🍁
🍁Part 20🍁
🍁Part 21🍁
🍁Part 22🍁
🍁Part 23🍁
🍁Part 24🍁
🍁Part 25🍁
🍁Part 26🍁
🍁Part 27🍁
🍁 Part 28🍁
🍁Part 29🍁
🍁Part 30🍁
🍁Part 31🍁
🍁Part 32🍁
🍁Part 33🍁
🍁Part 33.2🍁
🍁Part 33.3🍁
🍁Part 34🍁
🍁Part 35🍁
🍁Part 36🍁
🍁Part 37🍁
🍁Part 38🍁
🍁Part 39🍁
🍁Part 40🍁
🍁Part 41🍁
🍁Part 42🍁
🍁Part 43🍁
🍁Part 44🍁
🍁Part 45🍁
🍁Part 46🍁
🍁Part 47🍁
🍁Part 49🍁
🍁Part 50🍁
🍁Part 51🍁
🍁Part 52🍁
🍁Part 53🍁
🍁Part 54🍁
🍁Part 55🍁
🍁Part 56🍁
🍁Part 57🍁
🍁Part 58🍁
🍁Part 60🍁
🍁Part 59🍁
🍁Part 61🍁
🍁Part 62🍁
🍁Part 63🍁
🍁Part 64🍁
🍁Part 65🍁
🍁Part 66🍁
🍁Part 67🍁
🍁Part 68🍁
🍁Part 69🍁
🍁Part 70{Final}🍁

🍁Part 48🍁

768 30 2
By MoeKyalPhyu14

[Unicode]

"အလင်္ကာ ရပ်ပါအုံး"

ရှေ့မှ ခပ်သွက်သွက်လေးသွားနေသော သူအားကြည့်ကာ မျိုးမာန်တစ်ချက်ပြုံးလိုက်ရင်း လှမ်းအော်ပြောလိုက်သည်။ သို့သော် မျိုးမာန် စကားကိုဂရုမစိုက်စွာ အလင်္ကာ၏ လမ်းလျှောက်နှုန်းမှာ နှေးမသွားပဲ ပို၍သာ မြန်လာလေသည်။ ထိုသည်ကိုကြည့်ပြီး မျိုးမာန်လည်း ခပ်ဖွဖွတစ်ချက်ရယ်လိုက်ပြီး အလင်္ကာဘေးရောက်အောင် ပြေးသွားလိုက်သည်။ မျိုးမာန်တစ်ယောက် အလင်္ကာနဲ့ ဘေးချင်းယှဉ်ကာ လမ်းလျှောက်နေရင်း အလင်္ကာ၏ ဘေးတစ်စောင်းမျက်နှာလေးကိုငေးကြည့်ကာ

"ဘာဆေးတွေစားလို့ အဲ့လောက်တောင် လမ်းလျှောက်မြန်နေရတာလဲ အစ်ကို့အသည်းရဲ့"

ထွက်ပေါ်လာသော မျိုးမာန်၏အသံမှာ မနှေးလွန်းမမြန်လွန်းပဲ လေပြေလေးသဖွယ် ကြည်လင်နေကာ နားထောင်ကောင်းလွန်းနေသည်။ နားနားကပ်ကာ ပြောလာသောသူနဲ့ ချိုမြိန်လွန်းသော အသံလေးကြောင့် အလင်္ကာ၏ နှလုံးခုန်သံတို့မှာ ဘရိတ်မမိတော့သော ကားလို တစ်ရှိန်ထိုးကခုန်နေတော့သည်။ မျိုးမာန်၏ စကားကြောင့် အလင်္ကာမျက်နှာလေးမှာလည်း ချက်ချင်းပင်အရောင်ပြောင်းသွားသည်မှာ ခရမ်းချဉ်သီးအလား နီရဲလို့သွားတော့သည်။

မျိုးမာန်မှာတော့ အလင်္ကာ၏ မျက်နှာထက်က အရောင်ပြောင်းလဲသွားမှုများကို မျက်တောင်မခတ်စတမ်းငေးမောနေမိတော့သည်။ သူ့ဘက်ကမြင်နေရသော ပါးဖောင်းဖောင်းလေးက တဖြည်းဖြည်းနီရဲလာပြီး မျက်ဝန်းပြာလေးကို အုပ်မိုးထားသော မျက်တောင်လေးများက တဖျက်ဖျက်ခက်နေသည်မှာ လှပလွန်းနေသော ပန်းချီကားချပ်လေးပမာ သူ့အမြင်အာရုံထဲ တိုးဝင်လို့လာသည်။

"လှရက်လွန်းလိုက်တာ အလင်္ကာရယ်"

"ဟင်! "

ငြိမ်သက်သွားရာမှ ရုတ်တရက်ကြီး ထပြောလာသော မျိုးမာန်ကြောင့် အလင်္ကာ ကြောင်အသွားရတော့သည်။ မျက်ဝန်းပြာလေးတွေက ပြူးကျယ်ဝိုင်းစက်သွားပြီး နှုတ်ခမ်းလေးနှစ်လွှာက ခပ်ဟဟလေးပွင့်နေသည့်ပုံစံဖြင့် သူ့အားကြောင်ကြည့်နေသော အလင်္ကာအား ကြည့်ကာ မျိုးမာန် နှုတ်ခမ်းစွန်းတို့ ကော့တက်လာရတော့သည်။ ထို့နောက် မျိုးမာန် လက်တစ်ဖက်ကိုပင့်မြှောက်လိုက်ပြီး အလင်္က့ာခေါင်းလေးအား ထိသည်ဆိုရုံလေး ပွတ်သပ်ကာ

"အစ်ကို့ အလင်္ကာလေးက သိပ်လှတာပဲကွာ"

"အို...ဘာတွေလာပြောနေတာလဲ"

ထိုစကားအဆုံး အလင်္ကာ သူ့ခေါင်းအား ပွတ်သပ်နေသော မျိုးမာန်လက်ကို ဖယ်ချလိုက်ပြီး မျိုးမာန်အား မျက်နှာလွှဲလိုက်တော့သည်။ တစ်ဆက်တည်းမှာပင် တစ်ချိန်က သူမတို့အုပ်စုပြောခဲ့သော အကြောင်းအရာများကို ပြန်ပြောင်းသတိရမိသွားရသည်။ ထိုစဉ်အချိန်က အလင်္ကာတို့သည် ၈တန်းကျောင်းသားလေးများအဖြစ်သာ ရှိနေကြသေးသည်။ မနက်ပိုင်းစာသင်ချိန်များပြီးဆုံး၍ နေ့လည်ထမင်းစားနားချိန်တွင် ရွှေစင်မေးခဲ့သော အမေးစကားလေးအား ပြန်ကြားယောင်မိရသည်။ အလင်္ကာ၏ အမြင်အာရုံတွင်လည်း အတိတ်တစ်ချိန်က ပုံရိပ်ကလေးများက အလုအယက် ပြန်ပေါ်လာတော့သည်။

လွန်ခဲ့သော နှစ်နှစ်။

"ဒုန်း! "

"ဟဲ့ နင်တို့တွေ ချစ်သူရရင်...ကိုယ့်ချစ်သူကို ဘယ်လိုခေါ်ကြမလဲ"

"အမယ်လေး...လန့်လိုက်တာ ရွှေစင်ရယ်"

"အေးလေ...ရွှေစင်ရယ်...ငါနှလုံးရောဂါ ရတော့မှာပဲ"

စာရေးခုံပေါ် ထမင်းချိုင့်ကို အသံမြည်အောင် တင်လိုက်ရင်း ပြောလာသော ရွှေစင်ကြောင့် အလင်္ကာနဲ့ အိနြေ္ဒမှာ လန်တုန့်သွားကြတော့သည်။ မျက်နှာချင်းဆိုင်က မျိုးမာန်တို့ ၃ယောက်မှာလည်း ရွှေစင်အား အလန့်တကြား ကြည့်လာကြသည်။

"ဟဲဟဲ ဆောတီး ဆောတီး...မေးတာဖြေ...ဘယ်လိုခေါ်မှာလဲလို့"

နေ့လည်ထမင်းစားနားချိန်ဖြစ်တာကြောင့် ထမင်းစားဖို့ပြင်ဆင်နေကြသော အလင်္ကာတို့မှာလည်း ရွှေစင်၏ အမေးကြောင့် တွေဝေသွားကြသည်။ မျိုးမာန်တို့မှာတော့ ဘာမှအရေးမကြီးသည့် ကိစ္စလို ရွှေစင်စကားအား လျစ်လျူရှုထားလိုက်ကြသည်။

"ရွှေစင် ဘယ်ကနေ ဘာတွေကြားလာခဲ့ပြန်ပြီလဲ မသိဘူး"

မဟာက မျိုးမာန်နဲ့ဟိန်းတို့ ကြားရုံသာ အသံတိုးတိုးလေးဖြင့်ပြောသည်ကြောင့် ထိုစကားအားရွှေစင်တို့ မကြားလိုက်ပါချေ။ မျိုးမာန်တို့လည်း မဟာ့ကို ခေါင်းသာခါပြလိုက်တော့သည်။ နေ့တိုင်းလိုလို အခြားသူများပြောသည်ကို နားထောင်ပြီး သူတို့အား မရိုးနိုင်အောင် လာလာရစ်တတ်သော ရွှေစင့်အကြောင်းကို နောကျေနေပြီဖြစ်တာကြောင့် ထိုအမေးအား မသိချင်ယောင်သာ ဆောင်နေလိုက်ကြသည်။ ပြန်ပြောမိလျှင် အထအနကောက်က ရစ်လို့ပြီးတော့မည် မဟုတ်တော့။

ရွှေစင်မှာတော့ အချိန်အတော်ကြာသည်အထိ သူမစကားအား ပြန်ဖြေသံမကြားရသည်ကြောင့် စိတ်မရှည်ဖြစ်လာတော့သည်။ ထို့ကြောင့် ခုံကို လက်ဖြင့်ထုလိုက်ရင်း

"ဟဲ့ မေးနေတယ်လေ...နင်တို့ကလည်း"

"စဉ်းစားပါရစေအုံး ရွှေစင်ရယ်"

အိနြေ္ဒက ထမင်းချိုင့်များကို ဖွင့်နေရင်း ရွှေစင်အား ပြန်ပြောသည်။ အိနြေ္ဒ့စကားကြောင့် အလိုမကျစွာ ဆူပုတ်ပုတ်ဖြစ်သွားသော ရွှေစင်ကိုကြည့်ကာ မနေနိုင်တော့စွာဖြင့် မဟာဝင်ပြောတော့သည်။

"နင်ကရော ဘာတွေလာမေးနေတာလဲ...ထမင်းစားတုန်းလေ အေးဆေးလေး စားပါရစေ ရွှေစင်ရယ်"

"အေးလေ...တစ်ချိန်လုံး စာတွေကြီးပဲ ခေါင်းထဲထည့်ထားရလို့ အခုအချိန်လေးတော့ ငါတို့ကို အလွှတ်ပေးပါနော်"

မဟာ့စကားနောက် ထပ်ဖြည့်ပြောလာသော ဟိန်းရဲ့ စကားကြောင့် ရွှေစင့်မျက်နှာ ပို၍ဆူပုတ်သွားတော့သည်။ ထိုပုံစံကို မျိုးမာန်နဲ့ အိနြေ္ဒတို့ကတော့ ပြုံးစိစိဖြင့်ကြည့်နေကြသည်။ ထိုအချိန်

"ငါကတော့ အစ်ကိုလို့ပဲ ခေါ်မယ်"

ရုတ်တရက်ထပြောလာသော အလင်္ကာကြောင့် ကျန်လူများ ကြောင်အသွားရသည်။ ထမင်းအား ခပ်နေသော ဇွန်းကိုင်ထားသည့် မျိုးမာန်လက်တို့ကလည်း တန့်သွားကာ အလင်္ကာကို အံ့ဩတကြီး ကြည့်မိသည်။အလင်္ကာကတော့ ပတ်ဝန်းကျင်က လူများ၏ပုံစံကို သတိမထားသေးပဲ သူ့စကားကို သူပြန်တွေးကာ ပြုံးနေသည်။ အလင်္ကာ၏ ထိုသို့ပြုံးနေသောပုံစံကြောင့် မျိုးမာန်တို့မှာ ပို၍အံ့ဩရသည်။ ရွှေစင်က အလင်္ကာကိုကြည့်ရင်း မနေနိုင်တော့စွာ မေးလာသည်။

"ကိုကိုမဟုတ်ပဲ ဘာလို့အစ်ကိုလဲ"

ရွှေစင့်အမေးကို အလင်္ကာ ပြုံးပြလိုက်ပြီး အဝေးတစ်နေရာကိုငေးကြည့်ကာ ပြန်ဖြေသည်။

"ငါ့ဘ၀ကို ဦးစီးဦးဆောင်ပြုပေးနိုင်ပြီး မှားမှားမှန်မှန် ငါ့ရှေ့ကနေ တံတိုင်းသဖွယ် အခိုင်အမာကာကွယ်ပေးနိုင်တဲ့သူ။ ငါအမှားလုပ်ထားရင်တောင် ဆူပူအော်ဟောက်တာမဟုတ်ပဲ တည်တည်ငြိမ်ငြိမ်လေးနဲ့ အေးအေးဆေးဆေး အမှားကိုမြင်ပြီး အမှန်ကိုသိလာသည်အထိ ရှင်းပြပေးနိုင်တဲ့သူ။ ငါသိပ်ကြောက်ရတဲ့ အမှောင်ညတွေမှာ လမင်းလိုအလင်းပေးနိုင်တဲ့သူ။ ပန်းခင်းလမ်းတင် မဟုတ်ပဲ ဆူးခင်းလမ်းကိုပါ ငါ့လက်ကိုဆွဲပြီး ရှေ့ကဦးဆောင်ရဲတဲ့ ငါ့ကိုလုံခြု့နွေးထွေးမှုပေးနိုင်တဲ့ ငါ့ဘ၀ရဲ့ အုပ်ထိန်းသူမို့လို့ အစ်ကိုလို့ခေါ်ချင်တာ"

အလင်္ကာ့စကားဆုံးသွားသည်အထိ မဟာတို့၅ယောက်လုံး မှင်သက်နေမိကြသေးသည်။ထမင်းကိုလည်း မစားနိုင်ကြသေးပဲ အလင်္ကာအား မယုံကြည်နိုင်သော မျက်ဝန်းများဖြင့်ကြည့်နေကြသေးသည်။ အလင်္ကာ ဘယ်တုန်းက ဒီလောက်ထိ တွေးတတ်သွားတာလဲ။

"ဝါး အလင်္ကာ မိုက်လှချည်လား"

ပထမဆုံး အသိဝင်လာသော မဟာက အံ့ဩသော ပုံစံဖြင့်ပြောလာသည်။ ထိုအခါမှ ကျန်လူများလည်း မှင်သက်နေမိရာမှ အလင်္ကာအားလက်မတစ်ထောင်ထောင်ဖြင့် ချီးကျူးလာကြသည်။

"မိုက်တယ် အလင်္ကာရေ...ငါတော့ နင့်စကားတွေထဲ မျောသွားတာပဲ"

အိနြေ္ဒက အလင်္ကာ ပခုံးကိုပုတ်ကာ ပြောလာသည်။

"အာ...အဲ့လောက်လည်း မဟုတ်ပဲနဲ့"

"ဘာမဟုတ်ရမှာလည်း အလင်္ကာ...ငါတောင် ရင်ခုန်သွားတယ်"

ဟိန်းကလည်း သူ့ရင်ဘက်ကို ပုတ်ကာပြောလာသည်။ အလင်္ကာကတော့ အခုမှ သူပြောမိသည့် စကားကြောင့် ရှက်ရဲရဲလေး ဖြစ်သွားတော့သည်။ မျိုးမာန်ကတော့ အလင်္ကာ့အား ငြိမ်သက်စွာ စိုက်ကြည့်လို့နေသည်။ ရွှေစင်မှာတော့ အလင်္ကာအနားတိုးကပ်လာပြီး

"အလင်္ကာ နင့်မှာ ချစ်တဲ့သူရှိနေပြီလား"

ရွှေစင့်အမေးစကားကို ကျန်လူများကလည်း စိတ်ဝင်စားလာကြသည်။

"ဟုတ်တယ် ငါလည်း သိချင်တယ်...အလင်္ကာ နင့်မှာချစ်သူရှိနေပြီလား"

မဟာကလည်း အလောတကြီး ၀င်မေးသည်။ အလင်္ကာက သူ့အားကြည့်နေသော လူများကို ခေါင်းခါပြကာ

"ဟာ ပေါက်တက်ကရ...ဘယ်ကရှိရမှာလေ...ငါက နင်တို့နဲ့ပဲ တစ်ချိန်လုံးရှိနေတဲ့ဟာကို...ငါ့မှာရှိရင် နင်တို့သိမှာပေါ့...အခုကလည်း ရွှေစင်မေးလို့ ဖြေတာလေ"

"မသိပါဘူး...နင်က ရုတ်တရက်ကြီး အတည်ပေါက်တွေ ထပြောတာကို"

"မေးလို့ဖြေတာပါဆို"

"ပြီးတာပဲ ရှိရင် ငါ့တို့ကိုပြောလို့"

"အေးပါဟယ်...ရှိလာခဲ့ရင် နင်တို့ကိုအရင်ဆုံးပြောပါ့မယ်...ဟုတ်ပြီလား"

ထိုအခါမှ ကျေနပ်သွားသည့်ပုံစံများဖြင့် ထမင်းကိုစစားတော့သည်ကြောင့် အလင်္ကာရယ်လိုက်မိတော့သည်။ မျိုးမာန်လည်း အခုမှသက်ပြင်းချမိရတော့သည်။

ဟူး...ရူးပြီ အလင်္ကာရေ...ငါမဟုတ်တဲ့ တစ်ခြားတစ်ယောက်က နင့်စိတ်ထဲနေရာ ယူသွားမှာကို တွေးလိုက်ရုံနဲ့တင် ငါရူးသွပ်ဖို့ လုံလောက်နေပြီ.....

မဟာတစ်ယောက် ထမင်းမစားပဲ သက်ပြင်းတချချဖြစ်နေသော မျိုးမာန်ပခုံးပုတ်လိုက်ကာ

"မရှိဘူးလို့ ပြောနေပြီပဲ...စိတ်မပူနဲ့တော့လေ"

"အင်း"

မျိုးမာန်လည်း ထိုတစ်ခွန်းသာပြောပြီး ထမင်းသာစားနေလိုက်တော့သည်။

ပစ္စုပ္ပန်ကာလ။

အတိတ်တစ်ချိန်က ပုံရိပ်များ မျက်လုံးထဲပေါ်လာသည်ကြောင့် အလင်္ကာ့ မျက်နှာ ပို၍ပင် နီရဲလာနေတော့သည်။ မျိုးမာန်မှာတော့ ဘေးက ခရမ်းချဉ်သီးလေးအား ကြည့်ကာ အသည်းယားနေမိသည်။ ခဏအကြာမှ အလင်္ကာ အရှက်ပြေ ချောင်းအသာဟန့်ကာ

"ဘာလိုက်လုပ်တာလဲ နင်က"

"နင့်ကို အိမ်ပြန်လိုက်ပို့ပေးမလို့"

"ငါ့ဟာငါလည်း ပြန်တတ်တယ်"

"ငါစိတ်မချလို့ပေါ့ဟ"

"ဪ ဖြစ်ရမယ်...ဒါနဲ့ ဟို၎ယောက်ရော"

"ကျန်ခဲ့ပြီ ကမ်းနားမှာ"

တစ်ခွန်းမေးတစ်ခွန်းဖြေနဲ့ နှစ်ယောက်သားလမ်းလျှောက်လာရင်း လမ်းကွေ့တစ်ခုအရောက် လမ်းထဲမှထွက်လာသော လူသုံးယောက်ကြောင့် မျိုးမာန် အလင်္ကာကို နောက်ပို့ကာ ရှေ့တွင်ကာရပ်လိုက်သည်။

"အို ဘယ်သူလေးလဲလို့ ကြည့်စမ်းပါအုံး ဟေ့ကောင်တွေ"

ထိုလူသုံးယောက်အနက် ရှေ့ဆုံးမှလူက အလင်္ကာကိုကြည့်ကာ သူ့နောက်မှ လူနှစ်ယောက်အား ပြောလိုက်သည်။ ထိုယောက်ကျားလေး ၃ယောက်သည်လည်း မျိုးမာန်တို့နည်းတူ ရပ်ကွက်၏ အကျော်အမော် လူဆိုးစာရင်းဝင်များဖြစ်ကြသည်။ ရန်ပွဲတိုင်း ထိုသူတွေ ထိပ်ဆုံးကဆိုသည်ကို ပြေးကြည့်စရာမလို တွေးကြည့်ရုံနဲ့ပင် သိနိုင်သည်။ထို့အပြင် ထို၃ယောက်က အလင်္ကာတို့အား ထိကပါးရိကပါး လုပ်တတ်သည်ကြောင့် မျိုးမာန်တို့မှာ အလင်္ကာတို့အား အမြဲကာကွယ်ပေးနေရသည်သာ။

"မျက်ဝန်းပြာလေးနဲ့ နတ်သမီးလေးပါလား ဖိုးပြည့်ရ"

"ကိုဖိုးပြည့်တို့ ကိုယ့်လမ်းကိုယ်သွားကြရင် ကောင်းမယ်"

အလင်္ကာကို နောက်မှာထားကာ မျိုးမာန် ထို၃ယောက်ထဲမှ ခေါင်းဆောင်ဖြစ်သော ဖိုးပြည့်ဆိုသူအား ပြောလိုက်သည်။ထိုသို့ပြောလိုက်တော့ ဖိုးပြည့်က မျိုးမာန်ကို အထင်သေးသလိုမျိုးကြည့်ကာ

"ကောက်ရိုးပုံစောင့် ခွေးလေးက ကောက်ရိုးပုံပဲ သွားစောင့်နေစမ်းပါ...ငါတို့ နတ်သမီးလေးအနားကပ်မနေပါနဲ့...မင်းနဲ့မတန်ဘူး"

"တန်တယ် မတန်ဘူး...ဆုံးဖြတ်ရအောင် ရှင်က ဘာမို့လို့လဲ"

နောက်ပါးဆီမှ ထွက်ပေါ်လာသော အသံကြောင့် အလင်္ကာနဲ့ မျိုးမာန် လှည့်ကြည့်လိုက်မိတော့ ရွှေစင်၊ အိနြေ္ဒ၊ မဟာနဲ့ ဟိန်းတို့ပင်ဖြစ်သည်။ ထိုလေးယောက်က သူတို့အနား တစ်လှမ်းချင်းလျှောက်လာကာ မဟာ၊ မျိုးမာန်နဲ့ ဟိန်းတို့က သူတို့၏ သူငယ်ချင်းမလေး ၃ယောက်ရှေ့တွင် ကာ၍ရပ်လိုက်သည်။ ခွန်အားချင်းယှဉ်လျှင်သူတို့က အားနည်းသော်လည်း လူအင်အားချင်းယှဉ်လျှင်တော့ အသာစီးတွင်ရှိနေသည်။

ဖိုးပြည့်ဆိုသူက ရွှေစင်အားကြည့်ကာ

"ဒါဆို အချစ်လေးပဲပြောပါအုံး...အကြော်သည်မသားက နတ်သမီးလေးအနား ကပ်နေတာ တန်တယ်ထင်တယ်ပေါ့"

ဖိုးပြည့်ကာ မျက်ခုံးပင့်လျှက် ခပ်ထေ့ထေ့အမူအရာဖြင့်ပြောသည်။

"တန်တယ် မတန်ဘူးဆိုတာကို ငွေကြေးဥစ္စာနဲ့ ဆုံးဖြတ်လိုက်ကတည်းက ရှင်တို့နဲ့ ကျွန်မတို့ စကားပြောနေဖို့ကို မတန်တော့ဘူး"

၀င်ပြောလိုက်သော အလင်္ကာ စကားကြောင့် တစ်ဖက်လူမှာ အထိနာသွားသည်ဟန် မျက်နှာပျက်သွားသည်မှာ သိသာလှစွာ။ ထိုစဉ် အိနြေ္ဒက ဖိုးပြည့်အားစိုက်ကြည့်လိုက်ပြီး

"မျိုးမာန်က အကြော်သည်သားမို့လို့ မတန်ဘူးပြောရအောင် ရှင့်လို အရက်သမားဖဲသမားကရော ကျွန်မတို့အဆင့်အတန်းနဲ့ တန်လို့လား"

ထပ်ပြောလိုက်သော အိနြေ္ဒ၏ အပြောကြောင့် တစ်ဖက်လူမှာ မျက်နှာပြင်လို့မရအောင်ကို ပျက်ယွင်းလို့သွားတော့သည်။ မဟာတို့ကတော့ ထိုသူများအား သတိကြီးကြီးဖြင့် အကဲခတ်နေသည်။ အခြေအနေမဟန်လျှင်လည်း အနားရှိ အုတ်နီခဲဖြင့် ခေါင်းရိုက်ခွဲဖို့ကိုပါ တွေးထားပြီးဖြစ်သည်။

သူတို့ခြောက်ယောက်တွင် မဟာ၊ ဟိန်းနဲ့ အိနြေ္ဒတို့မှာ မျိုးရိုးမြင့်ကြွယ်ဝချမ်းသာသူများဖြစ်ကြပြီး ရွှေစင်၊ အလင်္ကာနဲ့ မျိုးမာန်တို့က သာမန်လက်လုပ်လက်စား မိသားစုမှဖြစ်ကြသည်။ ရပ်ကွက်ရှိ ယောက်ကျားလေးများက အလှပဂေးသုံးယောက်အနားတွင် ရှိကြသော မျိုးမာန်တို့အား မနာလိုအားကျမှုမှစ၍ နောက်ပိုင်းမုန်းတီးလာကြသည်။မဟာနဲ့ဟိန်းတို့၏ နောက်ခံမိသားစုကြောင့် သူတို့ရန်စ၍ မရသော်လည်း မျိုးမာန်ကိုမှု အမျိုးမျိုးနှိမ်ချ ပြောဆိုကြသည်သာ။

ဖိုးပြည့်ဆိုသူက ပျက်နေသော မျက်နှာကိုပြန်၍ ပြင်လိုက်ပြီး အလင်္ကာတို့အားကြည့်ကာ

"ဟက်! အချစ်လေးတို့က ကိုယ့်ကိုမထီမဲ့မြင် သိပ်မလုပ်နဲ့နော်...ကိုယ့်ရဲ့ အချစ်လေးတွေမို့ လျှော့ပေးထားတာ...တစ်ခြားလူသာဆို ခေါင်းနဲ့ကိုယ် အိုးစားကွဲပဲ...သွားမယ် ဟေ့ကောင်တွေ"

ထိုလူတွေထွက်သွားတော့မှ မဟာနဲ့ဟိန်းက မိန်းကလေးများအားကြည့်ကာ မဟာက စိုးရိမ်ဒေါသောဖြင့် ပြောလာသည်။

"နောက် နင်တို့အပြင်ထွက်ရင် တစ်ယောက်တည်း မထွက်နဲ့တော့"

"ဟုတ်တယ် ကျောင်းသွားရင်လည်း အိမ်ထိ ငါတို့ကိုယ်တိုင်လာခေါ်မယ်...ပြန်ရင်လည်း လိုက်ပို့မယ် ကြာလား...သုံးယောက်လုံး"

ဟိန်းကပါ မဟာ့ စကားကိုထောက်ခံသည့်သဘောဖြင့် ၀င်ပြောသည်။ ဟိန်းပြောလိုက်သည့်တိုင် အသံထွက်မလာပဲ ငြိမ်နေကြသော သုံးယောက်ကြောင့် မဟာစိတ်မရှည်စွာ

"မေးနေတယ်လေ ကြားလားလို့"

"ကြားပါတယ်ဟယ် နင်တို့ကလည်း"

အိနြေ္ဒ၀င်ပြောလိုက်တော့မှ မဟာ ခေါင်းညိတ်ကာ အသံတိတ်သွားတော့သည်။ အလင်္ကာမှာတော့ ပုံမှန်နဲ့မတူစွာ တိတ်ဆိတ်နေသည့် မျိုးမာန်ကိုသာ ကြည့်နေမိသည်။ ထို့နောက်တွင်တော့ ယောက်ကျာလေး၃ယောက်လည်း မိန်းကလေး၃ယောက်အား ကိုယ်စီအိမ်သို့ပြန်ပို့ပြီးနောက် သူတို့လည်း သက်ဆိုင်ရာအိမ်ဆီသို့ ပြန်ခဲ့ကြတော့သည်။ ထိုညတွင်တော့ ကျောင်းမှလစ်ပြေးသော အမှုဖြင့် ခြောက်ယောက်လုံး မိဘများဆီမှ ဆုံးမတရားအား တစ်ဝကြီး နာလိုက်ရပေတော့သည်။

**********
တက္ကသိုလ်ဝင်တန်း ဖြေဆိုရမည့်ရက်ကို ရောက်ဖို့ ရက်အနည်းငယ်သာ လိုတော့သော်လည်း သလ္လာဝတီရပ်ကွက်၏ အမွှေလေးများမှာတော့ မွှေလို့ကောင်းဆဲပင်။ ယခုတွင်လည်း ခြောက်ယောက်လုံး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ရောက်ရှိနေကြခြင်းဖြစ်သည်။ ဧည့်သည်များထိုင်ရန် ပြုလုပ်ထားသော ခုံတန်းလေးတွင် မျက်နှာငယ်လေးများနှင့်ထိုင်နေကြသော ထိုခြောက်ယောက်အားကြည့်ကာ အုပ်ချုပ်ရေးမှူးမှာတော့ ခေါင်းတခါခါနှင့် ရှိလေသည်။ တစ်လတွင် ၃ခါလောက် ဤရုံးသို့မရောက်လာလျှင် ထိုကလေးများမှာ စားမဝင်အိပ်မပျော်ဖြစ်ဟန်တူသည်။ ဘယ်လောက်ပြောပြော ရှေ့တွင်ဟုတ်ကဲ့လုပ်ကာ ကွယ်ရာတွင် တစ်မျိုးလုပ်သည့် အမျိုးကောင်းသားသမီးလေးများပင်ဖြစ်သည်။

"မင်းတို့အပြစ် မင်းတို့သိတယ်ဟုတ်"

"ဟုတ်ကဲ့" x6

ကလေးတွေရှေ့သွားရပ်ကာမေးတော့ ခေါင်းလေးတွေညိတ်ပြီး ဖြေလာသောအသံမှာ တစ်ပြိုင်နက်တည်း။ အုပ်ချူပ်ရေးမှူးလည်း ခေါင်းညိတ်လိုက်ပြီး

"အင်း အဲ့တော့...မင်းတို့ကို ဘာအပြစ်ပေးရမလဲ"

အုပ်ချူပ်ရေးမှူး၏ ထိုစကားကြောင့် မဟာက ငိုမဲ့မဲ့လေးဖြင့် ခေါင်းမော့လာကာ

"သားတို့ ကိုယ့်အပြစ်ကိုယ်သိပါတယ်...အဲ့ဒါကြောင့် အပြစ်ဒဏ်အနေနဲ့ အိမ်ပြန်ပြီး သွားအိပ်လိုက်ပါ့မယ်"

မဟာပြောလိုက်သော စကားကြောင့် အလင်္ကာတို့မှာ ပြုံးစိစိဖြစ်ကုန်တော့သည်။ သို့သော် သိသိသာသာ မပြုံးမိအောင် မျက်နှာကို ကြိုးစားကာ မဲ့နေကြသည်။ ထိုသည်ကို မသိသော အုပ်ကြီးကတော့

"အင်း အဲ့အကြံကောင်းတယ်...ပြန်ကြတော့"

"ဟုတ်"

မဟာတို့လည်း မသိချင်ယောင်ဆောင်ကာ ထပြန်ရန်လုပ်သောအခါမှ အုပ်ကြီးက သတိဝင်လာပြီး အော်တော့သည်။

"ဘာကို အိမ်ပြန်ပြီးသွားအိပ်မှာလဲကွ!"

"ဘဘအုပ်ကြီးပြောတော့ အဲ့အကြံကောင်းတယ်ဆို"

မဟာ၏ မအူမလည်မျက်နှာလေးနဲ့ မေးလာမှုကြောင့် အုပ်ကြီးစိတ်ထဲ ထိုကောင်လေးအား ကိုင်ပေါက်ပစ်ချင်စိတ်များ ဖြစ်ပေါ်လာရသည်။ အုပ်ကြီး၏အဖြစ်ကိုကြည့်ပြီး အုပ်ကြီးတပည့်မှာတော့ ပါးစပ်ကိုလက်ဖြင့်အုပ်ကာ တခွီးခွီ်းနဲ့ ရယ်နေတော့သည်။ အုပ်ကြီးလည်း စိတ်ကိုထိန်းပြီး

"အဲ့တာ ယောင်သွားလို့ကွ...ယောင်သွားလို့"

"ခွီး"

မထိန်းနိုင်စွာထွက်ပေါ်လာသော ရယ်သံမှာ အုပ်ကြီး၏တပည့်ဆီမှဖြစ်သည်။ အုပ်ကြီးလည်း ရှေ့မှငိုမဲ့မဲ့မျက်နှာလေးများကို တစ်လှည့် တပည့်ဖြစ်သူ၏မျက်နှာကို တစ်လှည့်ကြည့်ကာ သွေးများပင် တိုးချင်လာရတော့သည်။ နားထင်နှစ်ဖက်ကို လက်ဖြင့် ဖိလိုက်ရင်း

"မင်းတို့ သွားကြတော့...စာမေးပွဲနီးပြီမလား...ငါပေးမယ့်အပြစ်က ခြောက်ယောက်လုံး စာမေးပွဲကို ထူးထူးချွန်ချွန်နဲ့ အောင်အောင်ဖြေကြ...ကြားလား"

ထိုအခါမှ မျက်နှာလေးတွေက ပြုံးသွားကြတော့သည်။ ထိုပုံစံများကိုကြည့်ပြီ အုပ်ကြီးနှုတ်ခမ်းစွန်းတို့ မဲ့ကျသွားတော့သည်။

ဟမ့်! အခုတစ်မျိုး တော်ကြာတစ်မျိုး အမျိုးမျိုးတက်နိုင်တဲ့ ဟာလေးတွေ.....

မဟာက ဦးဆောင်ပြီး အုပ်ကြီးအားကြည့်ကာ

"ဟုတ် အဲ့ဆိုသားတို့ပြန်ပြီး စာကျက်လိုက်တော့မယ်နော်"

"အေးအေး"

အုပ်ကြီလည်း ခေါင်းညိတ်ပြလိုက်တော့ တန်းစီပြီးထွက်သွားကြတော့သည်။ အုပ်ကြီးလည်း သူ့နေရာတွင်ထိုင်ဖို့ ပြင်လိုက်စဉ်မှာပင် အခုပဲထွက်သွားပြီး ပြန်ဝင်လာသော ကလေးများကြောင့် သူကြည့်မိတော့ ထိုကလေးများက ပြုံးစိစိဖြင့်

"ဘဘအုပ်ကြီး" x6

"ဟေ"

"သားတို့က ချစ်တယ်နော်" x3

"သမီးတို့က ချစ်တယ်နော်" x3

ခြောက်ယောက်လုံး ခေါင်းပေါ်လက်တင်ကာ အသည်းပုံစံလုပ်ပြပြီး ပြေးထွက်သွားကြတော့သည်။ အုပ်ကြီးလည်း မျက်နှာထက် အပြုံးပန်းတို့ ဝေဆာကာ တပည့်ဖြစ်သူအားကြည့်မိတော့ သူ့ကိုပြုံးပြီး ကြည့်နေတာနဲ့ ဆုံသည်။

"ဘာကြည့်နေတာလဲ...ငါစစ်ခိုင်းတဲ့ စာရင်းတွေစစ်ပြီးပြီလား"

"စစ်နေပါတယ် အုပ်ကြီးရ"

အုပ်ကြီးလည်း သူ့နေရာတွင် ဝင်ထိုင်ရင်း လွန်ခဲ့သော တစ်နာရီလောက်က ငိုမဲ့မဲ့ပုံစံလေးတွေဖြင့် ရုံးသို့ရောက်လာခဲ့သည့် ကလေးများကို ပြန်တွေးမိသွားတော့သည်။

"ဒီအမွှေစိန်လေးတွေဟာလေ"

လွန်ခဲ့သောတစ်နာရီ။

"အုပ်ကြီးရေ အုပ်ကြီး"

"ဗျို့ ဝင်လာခဲ့လေ...ရှိတယ်ဗျ"

စာရင်းများအား စစ်နေရင်း ဝင်လာသူနှင့် နောက်မှ မီးရထားတွဲကြီးလို တန်းစီလိုက်လာသူများအား ကြည့်ရင်း အုပ်ကြီး သဘောပေါက်သွားတော့သည်။ သို့သော် မသိချင်ယောင်ဆောင်ကာ

"ဪ... မအေးဝင်း ဘာကိစ္စရှိလို့လဲဗျ"

"အို ကျွန်မဖြင့် ပြောတောင်မပြောချင်တော့ဘူး အုပ်ကြီးရယ်...ဒီကလေးတွေလေ ကျွန်မပန်းအိုးတွေကိုယူပြီး ဟိုအကောင် ကျော်စိုးခြံထဲ သွားထည့်ထားတယ်လေ"

မပြောချင်ဘူးဆိုပြီး အကြောင်းစုံပြောပြလာသော မအေးဝင်းပါပေ။ အုပ်ကြီးလည်း နောက်က ခြောက်ယောက်အားကြည့်ကာ တော်တော်မွှေနိုင်လွန်းတဲ့ဟာလေးတွေဟု မှတ်ချက်ပြုမိသည်။ မအေးဝင်းဆိုသူက ရပ်ကွက်၏ အော်ကြော်လန်ပင်ဖြစ်သည်။ စိတ်ရင်းကောင်းသလောက် ပါးစပ်ကတော့ တော်တော်ဆိုးပါသည်။ ကျော်စိုးဆိုသည်ကလည်း မအေးဝင်းကို တစ်ဖတ်သတ်လိုက်ကြိုက်နေသော လူပျိူသိုးကြီးဖြစ်သည်။

အင်း...ပျားအုံကို တုတ်နဲ့ထိုးလာတာပဲ.....

"အဲ့ဒါက သားတို့က စေတနာနဲ့ပါ တီတီ"

အုပ်ကြီးအတွေးများနေတုန်း မျိုးမာန်ဆီမှ ထွက်ပေါ်လာသော စကားသံ။ မအေးဝင်းလည်း မျိုးမာန်အားကြည့်ကာ

"ဘာစေတနာတုန်း"

"ဦးကျော်က တီတီဝင်းကို ချစ်နေတာလေ...တီတီဝင်းကလည်း ဦးကျော်ကို စိတ်ဝင်စားနေတော့...နှစ်အိမ်တစ်အိမ်ဖြစ်အောင် သမီးတို့က လုပ်ပေးတာပါ"

အလင်္ကာ့ပြန်ဖြေသံအဆုံး ကျန်သူများက ခေါင်းတဆက်ဆက်ညိတ်ပြသည်။ အပျိုကြီးမအေးဝင်း၏ မျက်နှာကတော့နီရဲလာသည်။ ဒေါသကြောင့်လား ရှက်ရွံ့မှုကြောင့်လားဆိုတာတော့ ကာယံကံရှင်သာ သိနိုင်လိမ့်မည်။ အပျိုကြီး၏ မျက်နှာအမူအရာကိုကြည့်ပြီး အုပ်ကြီးတို့ ဆရာတပည့်နှစ်ယောက်မှာတော့ မရယ်မိအောင် မနည်းကြိုးစားထိန်းနေရသည်။ ရယ်လိုက်မိရင် မီးပွင့်သွားမည်လေ။

"ဒီဟာလေးတွေတော့ ငါထုလိုက်ရ"

"ကဲကဲ မအေးဝင်း ပန်းအိုးတွေကို သူတို့ကိုပြန်ရွှေ့ခိုင်းလိုက်ပါ့မယ်"

"အို ရတယ်ရတယ်...ရပ်ကွက်ထဲက လူခေါ်ပြီး ရွှေ့ခိုင်းလိုက်မယ်...သူတို့ကို ပြန်ရွှေ့ခိုင်းလို့ ကိုယ်လက်တွေနာကုန်မှ စာမကျက်နိုင်ပဲ နေမယ်...နောက်မလုပ်အောင်သာ ပြောပေး...ကျွန်မသွားတော့မယ်"

"ကောင်းပါပြီဗျာ"

ရုံးကိုလာတိုင်ပေမယ့် ကလေးတွေအတွက် ပြန်တွေးပူနေခဲ့ခြင်းပင်။ ဒါကြောင့်လည်း ထိုအမွှေလေးများက ဆိုးနေခြင်းသာဖြစ်သည်။ မအေးဝင်းထွက်သွားတော့မှ ဆရာတပည့်နှစ်ယောက် လွတ်လွတ်လပ်လပ်ရယ်နိုင်တော့သည်။

"အုပ်ကြီးရေ...ဒီလိုပုံနဲ့ အပျိုကြီး လူပျိုကြီး ညားတော့မယ် ထင်တယ် ဟားဟား "

"အေးကွာ တော်တော်မွှေတဲ့ ငမွှေထိုးလေးတွေ"

ကလေးခြောက်ယောက်မှာတော့ အဆူခံရတော့မည်ဟုထင်ကာ ငိုမဲ့မဲ့မျက်နှာလေးများဖြင့် ခုံတန်းတွင် တန်းစီထိုင်နေကြလေသည်။

*********************************
#28.3.2024
#🍁Moe Kyal Phyu🍁
**********
နောက်တစ်ပိုင်း ထပ်up ထားပါတယ်ရှင့်❤

[Zawgyi]

"အလကၤာ ရပ္ပါအံုး"

ေရွ႕မွ ခပ္သြက္သြက္ေလးသြားေနေသာ သူအားျကည့္ကာ မ်ဳိးမာန္တစ္ခ်က္ၿပံဳးလိုက္ရင္း လွမ္းေအာ္ေျပာလိုက္သည္။ သို႔ေသာ္ မ်ဳိးမာန္ စကားကိုဂ႐ုမစိုက္စြာ အလကၤာ၏ လမ္းေလွ်ာက္ႏႈန္းမွာ ေႏွးမသြားပဲ ပို၍သာ ျမန္လာေလသည္။ ထိုသည္ကိုၾကည့္ၿပီး မ်ဳိးမာန္လည္း ခပ္ဖြဖြတစ္ခ်က္ရယ္လိုက္ၿပီး အလကၤာေဘးေရာက္ေအာင္ ေျပးသြားလိုက္သည္။ မ်ဳိးမာန္တစ္ေယာက္ အလကၤာနဲ႔ ေဘးခ်င္းယွဥ္ကာ လမ္းေလွ်ာက္ေနရင္း အလကၤာ၏ ေဘးတစ္ေစာင္းမ်က္ႏွာေလးကိုေငးျကည့္ကာ

"ဘာေဆးေတြစားလို႔ အဲ့ေလာက္ေတာင္ လမ္းေလွ်ာက္ျမန္ေနရတာလဲ အစ္ကို႔အသည္းရဲ႕"

ထြက္ေပၚလာေသာ မ်ဳိးမာန္၏အသံမွာ မေႏွးလြန္းမျမန္လြန္းပဲ ေလေျပေလးသဖြယ္ ၾကည္လင္ေနကာ နားေထာင္ေကာင္းလြန္းေနသည္။ နားနားကပ္ကာ ေျပာလာေသာသူနဲ႔ ခ်ဳိၿမိန္လြန္းေသာ အသံေလးေၾကာင့္ အလကၤာ၏ ႏွလံုးခုန္သံတို႔မွာ ဘရိတ္မမိေတာ့ေသာ ကားလို တစ္ရိွန္ထိုးကခုန္ေနေတာ့သည္။ မ်ဳိးမာန္၏ စကားေၾကာင့္ အလကၤာမ်က္ႏွာေလးမွာလည္း ခ်က္ခ်င္းပင္အေရာင္ေျပာင္းသြားသည္မွာ ခရမ္းခ်ဥ္သီးအလား နီရဲလို႔သြားေတာ့သည္။

မ်ဳိးမာန္မွာေတာ့ အလကၤာ၏ မ်က္ႏွာထက္က အေရာင္ေျပာင္းလဲသြားမႈမ်ားကို မ်က္ေတာင္မခတ္စတမ္းေငးေမာေနမိေတာ့သည္။ သူ႕ဘက္ကျမင္ေနရေသာ ပါးေဖာင္းေဖာင္းေလးက တျဖည္းျဖည္းနီရဲလာၿပီး မ်က္၀န္းျပာေလးကို အုပ္မိုးထားေသာ မ်က္ေတာင္ေလးမ်ားက တဖ်က္ဖ်က္ခက္ေနသည္မွာ လွပလြန္းေနေသာ ပန္းခ်ီကားခ်ပ္ေလးပမာ သူ႕အျမင္အာ႐ံုထဲ တိုး၀င္လို႔လာသည္။

"လွရက္လြန္းလိုက္တာ အလကၤာရယ္"

"ဟင္! "

ၿငိမ္သက္သြားရာမွ ႐ုတ္တရက္ႀကီး ထေျပာလာေသာ မ်ဳိးမာန္ေၾကာင့္ အလကၤာ ေၾကာင္အသြားရေတာ့သည္။ မ်က္၀န္းျပာေလးေတြက ျပဴးက်ယ္၀ိုင္းစက္သြားၿပီး ႏႈတ္ခမ္းေလးႏွစ္လႊာက ခပ္ဟဟေလးပြင့္ေနသည့္ပံုစံျဖင့္ သူ႕အားေၾကာင္ၾကည့္ေနေသာ အလကၤာအား ၾကည့္ကာ မ်ဳိးမာန္ ႏႈတ္ခမ္းစြန္းတို႔ ေကာ့တက္လာရေတာ့သည္။ ထို႔ေနာက္ မ်ဳိးမာန္ လက္တစ္ဖက္ကိုပင့္ေျမႇာက္လိုက္ၿပီး အလကၤ့ာေခါင္းေလးအား ထိသည္ဆို႐ံုေလး ပြတ္သပ္ကာ

"အစ္ကို႔ အလကၤာေလးက သိပ္လွတာပဲကြာ"

"အို...ဘာေတြလာေျပာေနတာလဲ"

ထိုစကားအဆံုး အလကၤာ သူ႕ေခါင္းအား ပြတ္သပ္ေနေသာ မ်ဳိးမာန္လက္ကို ဖယ္ခ်လိုက္ၿပီး မ်ဳိးမာန္အား မ်က္ႏွာလႊဲလိုက္ေတာ့သည္။ တစ္ဆက္တည္းမွာပင္ တစ္ခ်ိန္က သူမတို႔အုပ္စုေျပာခဲ့ေသာ အေၾကာင္းအရာမ်ားကို ျပန္ေျပာင္းသတိရမိသြားရသည္။ ထိုစဥ္အခ်ိန္က အလကၤာတို႔သည္ ၈တန္းေက်ာင္းသားေလးမ်ားအျဖစ္သာ ရိွေနၾကေသးသည္။ မနက္ပိုင္းစာသင္ခ်ိန္မ်ားၿပီးဆံုး၍ ေန႔လည္ထမင္းစားနားခ်ိန္တြင္ ေရႊစင္ေမးခဲ့ေသာ အေမးစကားေလးအား ျပန္ၾကားေယာင္မိရသည္။ အလကၤာ၏ အျမင္အာ႐ံုတြင္လည္း အတိတ္တစ္ခ်ိန္က ပံုရိပ္ကေလးမ်ားက အလုအယက္ ျပန္ေပၚလာေတာ့သည္။

လြန္ခဲ့ေသာ ႏွစ္ႏွစ္။

"ဒုန္း! "

"ဟဲ့ နင္တို႔ေတြ ခ်စ္သူရရင္...ကိုယ့္ခ်စ္သူကို ဘယ္လိုေခၚၾကမလဲ"

"အမယ္ေလး...လန္႔လိုက္တာ ေရႊစင္ရယ္"

"ေအးေလ...ေရႊစင္ရယ္...ငါႏွလံုးေရာဂါ ရေတာ့မွာပဲ"

စာေရးခံုေပၚ ထမင္းခ်ဳိင့္ကို အသံျမည္ေအာင္ တင္လိုက္ရင္း ေျပာလာေသာ ေရႊစင္ေၾကာင့္ အလကၤာနဲ႔ အိေႁႏၵမွာ လန္တုန္႔သြားၾကေတာ့သည္။ မ်က္ႏွာခ်င္းဆိုင္က မ်ဳိးမာန္တို႔ ၃ေယာက္မွာလည္း ေရႊစင္အား အလန္႔တၾကား ၾကည့္လာၾကသည္။

"ဟဲဟဲ ေဆာတီး ေဆာတီး...ေမးတာေျဖ...ဘယ္လိုေခၚမွာလဲလို႔"

ေန႔လည္ထမင္းစားနားခ်ိန္ျဖစ္တာေၾကာင့္ ထမင္းစားဖို႔ျပင္ဆင္ေနၾကေသာ အလကၤာတို႔မွာလည္း ေရႊစင္၏ အေမးေၾကာင့္ ေတြေ၀သြားၾကသည္။ မ်ဳိးမာန္တို႔မွာေတာ့ ဘာမွအေရးမႀကီးသည့္ ကိစၥလို ေရႊစင္စကားအား လ်စ္လ်ဴ႐ႈထားလိုက္ၾကသည္။

"ေရႊစင္ ဘယ္ကေန ဘာေတြၾကားလာခဲ့ျပန္ၿပီလဲ မသိဘူး"

မဟာက မ်ဳိးမာန္နဲ႔ဟိန္းတို႔ ၾကား႐ံုသာ အသံတိုးတိုးေလးျဖင့္ေျပာသည္ေၾကာင့္ ထိုစကားအားေရႊစင္တို႔ မၾကားလိုက္ပါေခ်။ မ်ဳိးမာန္တို႔လည္း မဟာ့ကို ေခါင္းသာခါျပလိုက္ေတာ့သည္။ ေန႔တိုင္းလိုလို အျခားသူမ်ားေျပာသည္ကို နားေထာင္ၿပီး သူတို႔အား မ႐ိုးႏိုင္ေအာင္ လာလာရစ္တတ္ေသာ ေရႊစင့္အေၾကာင္းကို ေနာေက်ေနၿပီျဖစ္တာေၾကာင့္ ထိုအေမးအား မသိခ်င္ေယာင္သာ ေဆာင္ေနလိုက္ၾကသည္။ ျပန္ေျပာမိလွ်င္ အထအနေကာက္က ရစ္လို႔ၿပီးေတာ့မည္ မဟုတ္ေတာ့။

ေရႊစင္မွာေတာ့ အခ်ိန္အေတာ္ၾကာသည္အထိ သူမစကားအား ျပန္ေျဖသံမၾကားရသည္ေၾကာင့္ စိတ္မရွည္ျဖစ္လာေတာ့သည္။ ထို႔ေၾကာင့္ ခံုကို လက္ျဖင့္ထုလို္က္ရင္း

"ဟဲ့ ေမးေနတယ္ေလ...နင္တို႔ကလည္း"

"စဥ္းစားပါရေစအုံး ေရႊစင္ရယ္"

အိေႁႏၵက ထမင္းခ်ဳိင့္မ်ားကို ဖြင့္ေနရင္း ေရႊစင္အား ျပန္ေျပာသည္။ အိေႁႏၵ႕စကားေၾကာင့္ အလိုမက်စြာ ဆူပုတ္ပုတ္ျဖစ္သြားေသာ ေရႊစင္ကိုၾကည့္ကာ မေနႏိုင္ေတာ့စြာျဖင့္ မဟာ၀င္ေျပာေတာ့သည္။

"နင္ကေရာ ဘာေတြလာေမးေနတာလဲ...ထမင္းစားတုန္းေလ ေအးေဆးေလး စားပါရေစ ေရႊစင္ရယ္"

"ေအးေလ...တစ္ခ်ိန္လံုး စာေတြႀကီးပဲ ေခါင္းထဲထည့္ထားရလို႔ အခုအခ်ိန္ေလးေတာ့ ငါတို႔ကို အလႊတ္ေပးပါေနာ္"

မဟာ့စကားေနာက္ ထပ္ျဖည့္ေျပာလာေသာ ဟိန္းရဲ႕ စကားေၾကာင့္ ေရႊစင့္မ်က္ႏွာ ပို၍ဆူပုတ္သြားေတာ့သည္။ ထိုပံုစံကို မ်ဳိးမာန္နဲ႔ အိေႁႏၵတို႔ကေတာ့ ၿပံဳးစိစိျဖင့္ၾကည့္ေနၾကသည္။ ထိုအခ်ိန္

"ငါကေတာ့ အစ္ကိုလို႔ပဲ ေခၚမယ္"

႐ုတ္တရက္ထေျပာလာေသာ အလကၤာေၾကာင့္ က်န္လူမ်ား ေၾကာင္အသြားရသည္။ ထမင္းအား ခပ္ေနေသာ ဇြန္းကိုင္ထားသည့္ မ်ဳိးမာန္လက္တို႔ကလည္း တန္႔သြားကာ အလကၤာကို အံ့ဩတႀကီး ၾကည့္မိသည္။အလကၤာကေတာ့ ပတ္၀န္းက်င္က လူမ်ား၏ပံုစံကို သတိမထားေသးပဲ သူ့စကားကို သူျပန္ေတြးကာ ၿပံဳးေနသည္။ အလကၤာ၏ ထိုသို႔ၿပံဳးေနေသာပံုစံေၾကာင့္ မ်ဳိးမာန္တို႔မွာ ပို၍အံ့ဩရသည္။ ေရႊစင္က အလကၤာကိုၾကည့္ရင္း မေနႏိုင္ေတာ့စြာ ေမးလာသည္။

"ကိုကိုမဟုတ္ပဲ ဘာလို႔အစ္ကိုလဲ"

ေရႊစင့္အေမးကို အလကၤာ ၿပံဳးျပလိုက္ႁပီး အေ၀းတစ္ေနရာကိုေငးၾကည့္ကာ ျပန္ေျဖသည္။

"ငါ့ဘ၀ကို ဦးစီးဦးေဆာင္ျပဳေပးႏိုင္ၿပီး မွားမွားမွန္မွန္ ငါ့ေရွ႕ကေန တံတိုင္းသဖြယ္ အခိုင္အမာကာကြယ္ေပးႏိုင္တဲ့သူ။ ငါအမွားလုပ္ထားရင္ေတာင္ ဆူပူေအာ္ေဟာက္တာမဟုတ္ပဲ တည္တည္ၿငိမ္ၿငိမ္ေလးနဲ႔ ေအးေအးေဆးေဆး အမွားကိုျမင္ၿပီး အမွန္ကိုသိလာသည္အထိ ရွင္းျပေပးႏိုင္တဲ့သူ။ ငါသိပ္ေၾကာက္ရတဲ့ အေမွာင္ညေတြမွာ လမင္းလိုအလင္းေပးႏိုင္တဲ့သူ။ ပန္းခင္းလမ္းတင္ မဟုတ္ပဲ ဆူးခင္းလမ္းကိုပါ ငါ့လက္ကိုဆြဲၿပီး ေရွ႕ကဦးေဆာင္ရဲတဲ့ ငါ့ကိုလံုျခဳ႕ေႏြးေထြးမႈေပးႏိုင္တဲ့ ငါ့ဘ၀ရဲ႕ အုပ္ထိန္းသူမို႔လို႔ အစ္ကိုလို႔ေခၚခ်င္တာ"

အလကၤာ့စကားဆံုးသြားသည္အထိ မဟာတို႔၅ေယာက္လံုး မွင္သက္ေနမိၾကေသးသည္။ထမင္းကိုလည္း မစားႏိုင္ၾကေသးပဲ အလကၤာအား မယံုၾကည္ႏိုင္ေသာ မ်က္၀န္းမ်ားျဖင့္ၾကည့္ေနၾကေသးသည္။ အလကၤာ ဘယ္တုန္းက ဒီေလာက္ထိ ေတြးတတ္သြားတာလဲ။

"ဝါး အလကၤာ မိုက္လွခ်ည္လား"

ပထမဆံုး အသိ၀င္လာေသာ မဟာက အံ့ဩေသာ ပံုစံျဖင့္ေျပာလာသည္။ ထိုအခါမွ က်န္လူမ်ားလည္း မွင္သက္ေနမိရာမွ အလကၤာအားလက္မတစ္ေထာင္ေထာင္ျဖင့္ ခ်ီးက်ဴးလာၾကသည္။

"မိုက္တယ္ အလကၤာေရ...ငါေတာ့ နင့္စကားေတြထဲ ေမ်ာသြားတာပဲ"

အိေႁႏၵက အလကၤာ ပခံုးကိုပုတ္ကာ ေျပာလာသည္။

"အာ...အဲ့ေလာက္လည္း မဟုတ္ပဲနဲ႔"

"ဘာမဟုတ္ရမွာလည္း အလကၤာ...ငါေတာင္ ရင္ခုန္သြားတယ္"

ဟိန္းကလည္း သူ႕ရင္ဘက္ကို ပုတ္ကာေျပာလာသည္။ အလကၤာကေတာ့ အခုမွ သူေျပာမိသည့္ စကားေၾကာင့္ ရွက္ရဲရဲေလး ျဖစ္သြားေတာ့သည္။ မ်ဳိးမာန္ကေတာ့ အလကၤာ့အား ၿငိမ္သက္စြာ စိုက္ၾကည့္လို႔ေနသည္။ ေရႊစင္မွာေတာ့ အလကၤာအနားတိုးကပ္လာၿပီး

"အလကၤာ နင့္မွာ ခ်စ္တဲ့သူရိွေနၿပီလား"

ေရႊစင့္အေမးစကားကို က်န္လူမ်ားကလည္း စိတ္၀င္စားလာၾကသည္။

"ဟုတ္တယ္ ငါလည္း သိခ်င္တယ္...အလကၤာ နင့္မွာခ်စ္သူရိွေနၿပီလား"

မဟာကလည္း အေလာတႀကီး ၀င္ေမးသည္။ အလကၤာက သူ႕အားၾကည့္ေနေသာ လူမ်ားကို ေခါင္းခါျပကာ

"ဟာ ေပါက္တက္ကရ...ဘယ္ကရိွရမွာေလ...ငါက နင္တို႔နဲ႔ပဲ တစ္ခ်ိန္လံုးရိွေနတဲ့ဟာကို...ငါ့မွာရိွရင္ နင္တို႔သိမွာေပါ့...အခုကလည္း ေရႊစင္ေမးလို႔ ေျဖတာေလ"

"မသိပါဘူး...နင္က ႐ုတ္တရက္ႀကီး အတည္ေပါက္ေတြ ထေျပာတာကို"

"ေမးလို႔ေျဖတာပါဆို"

"ၿပီးတာပဲ ရိွရင္ ငါ့တို႔ကိုေျပာလို႔"

"ေအးပါဟယ္...ရိွလာခဲ့ရင္ နင္တို႔ကိုအရင္ဆံုးေျပာပါ့မယ္...ဟုတ္ၿပီလား"

ထိုအခါမွ ေက်နပ္သြားသည့္ပံုစံမ်ားျဖင့္ ထမင္းကိုစစားေတာ့သည္ေၾကာင့္ အလကၤာရယ္လိုက္မိေတာ့သည္။ မ်ဳိးမာန္လည္း အခုမွသက္ျပင္းခ်မိရေတာ့သည္။

ဟူး...႐ူးၿပီ အလကၤာေရ...ငါမဟုတ္တဲ့ တစ္ျခားတစ္ေယာက္က နင့္စိတ္ထဲေနရာ ယူသြားမွာကို ေတြးလိုက္႐ံုနဲ႔တင္ ငါ႐ူးသြပ္ဖို႔ လံုေလာက္ေနၿပီ.....

မဟာတစ္ေယာက္ ထမင္းမစားပဲ သက္ျပင္းတခ်ခ်ျဖစ္ေနေသာ မ်ဳိးမာန္ပခံုးပုတ္လိုက္ကာ

"မရိွဘူးလို႔ ေျပာေနၿပီပဲ...စိတ္မပူနဲ႔ေတာ့ေလ"

"အင္း"

မ်ဳိးမာန္လည္း ထိုတစ္ခြန္းသာေျပာၿပီး ထမင္းသာစားေနလိုက္ေတာ့သည္။

ပစၥဳပၸန္ကာလ။

အတိတ္တစ္ခ်ိန္က ပံုရိပ္မ်ား မ်က္လံုးထဲေပၚလာသည္ေၾကာင့္ အလကၤာ့ မ်က္ႏွာ ပို၍ပင္ နီရဲလာေနေတာ့သည္။ မ်ဳိးမာန္မွာေတာ့ ေဘးက ခရမ္းခ်ဥ္သီးေလးအား ၾကည့္ကာ အသည္းယားေနမိသည္။ ခဏအၾကာမွ အလကၤာ အရွက္ေျပ ေခ်ာင္းအသာဟန္႔ကာ

"ဘာလိုက္လုပ္တာလဲ နင္က"

"နင့္ကို အိမ္ျပန္လိုက္ပို႔ေပးမလို႔"

"ငါ့ဟာငါလည္း ျပန္တတ္တယ္"

"ငါစိတ္မခ်လို႔ေပါ့ဟ"

"ဪ ျဖစ္ရမယ္...ဒါနဲ႔ ဟို၄ေယာက္ေရာ"

"က်န္ခဲ့ၿပီ ကမ္းနားမွာ"

တစ္ခြန္းေမးတစ္ခြန္းေျဖနဲ႔ ႏွစ္ေယာက္သားလမ္းေလွ်ာက္လာရင္း လမ္းေကြ႕တစ္ခုအေရာက္ လမ္းထဲမွထြက္လာေသာ လူသံုးေယာက္ေၾကာင့္ မ်ဳိးမာန္ အလကၤာကို ေနာက္ပို႔ကာ ေရွ႕တြင္ကာရပ္လိုက္သည္။

"အို ဘယ္သူေလးလဲလို႔ ၾကည့္စမ္းပါအံုး ေဟ့ေကာင္ေတြ"

ထိုလူသံုးေယာက္အနက္ ေရွ႕ဆံုးမွလူက အလကၤာကိုၾကည့္ကာ သူ႕ေနာက္မွ လူႏွစ္ေယာက္အား ေျပာလိုက္သည္။ ထိုေယာက္က်ားေလး ၃ေယာက္သည္လည္း မ်ဳိးမာန္တို႔နည္းတူ ရပ္ကြက္၏ အေက်ာ္အေမာ္ လူဆိုးစာရင္း၀င္မ်ားျဖစ္ၾကသည္။ ရန္ပြဲတိုင္း ထိုသူေတြ ထိပ္ဆံုးကဆိုသည္ကို ေျပးၾကည့္စရာမလို ေတြးၾကည့္႐ံုနဲ႔ပင္ သိႏိုင္သည္။ထို႔အျပင္ ထို၃ေယာက္က အလကၤာတို႔အား ထိကပါးရိကပါး လုပ္တတ္သည္ေၾကာင့္ မ်ဳိးမာန္တို႔မွာ အလကၤာတို႔အား အၿမဲကာကြယ္ေပးေနရသည္သာ။

"မ်က္၀န္းျပာေလးနဲ့ နတ္သမီးေလးပါလား ဖိုးျပည့္ရ"

"ကိုဖိုးျပည့္တို႔ ကိုယ့္လမ္းကိုယ္သြားၾကရင္ ေကာင္းမယ္"

အလကၤာကို ေနာက္မွာထားကာ မ်ဳိးမာန္ ထို၃ေယာက္ထဲမွ ေခါင္းေဆာင္ျဖစ္ေသာ ဖိုးျပည့္ဆိုသူအား ေျပာလိုက္သည္။ထိုသို႔ေျပာလိုက္ေတာ့ ဖိုးျပည့္က မ်ဳိးမာန္ကို အထင္ေသးသလိုမ်ဳိးၾကည့္ကာ

"ေကာက္႐ိုးပံုေစာင့္ ေခြးေလးက ေကာက္႐ိုးပံုပဲ သြားေစာင့္ေနစမ္းပါ...ငါတို႔ နတ္သမီးေလးအနားကပ္မေနပါနဲ႔...မင္းနဲ႔မတန္ဘူး"

"တန္တယ္ မတန္ဘူး...ဆံုးျဖတ္ရေအာင္ ရွင္က ဘာမို႔လို႔လဲ"

ေနာက္ပါးဆီမွ ထြက္ေပၚလာေသာ အသံေၾကာင့္ အလကၤာနဲ႔ မ်ဳိးမာန္ လွည့္ၾကည့္လိုက္မိေတာ့ ေရႊစင္၊ အိေႁႏၵ၊ မဟာနဲ႔ ဟိန္းတို႔ပင္ျဖစ္သည္။ ထိုေလးေယာက္က သူတို႔အနား တစ္လွမ္းခ်င္းေလွ်ာက္လာကာ မဟာ၊ မ်ဳိးမာန္နဲ႔ ဟိန္းတို႔က သူတို႔၏ သူငယ္ခ်င္းမေလး ၃ေယာက္ေရွ႕တြင္ ကာ၍ရပ္လိုက္သည္။ ခြန္အားခ်င္းယွဥ္လွ်င္သူတို႔က အားနည္းေသာ္လည္း လူအင္အားခ်င္းယွဥ္လွ်င္ေတာ့ အသာစီးတြင္ရိွေနသည္။

ဖိုးျပည့္ဆိုသူက ေရႊစင္အားၾကည့္ကာ

"ဒါဆို အခ်စ္ေလးပဲေျပာပါအံုး...အေၾကာ္သည္မသားက နတ္သမီးေလးအနား ကပ္ေနတာ တန္တယ္ထင္တယ္ေပါ့"

ဖိုးျပည့္ကာ မ်က္ခံုးပင့္လွ်က္ ခပ္ေထ့ေထ့အမူအရာျဖင့္ေျပာသည္။

"တန္တယ္ မတန္ဘူးဆိုတာကို ေငြေၾကးဥစၥာနဲ႔ ဆံုးျဖတ္လိုက္ကတည္းက ရွင္တို႔နဲ႔ ကြၽန္မတို႔ စကားေျပာေနဖို႔ကို မတန္ေတာ့ဘူး"

၀င္ေျပာလိုက္ေသာ အလကၤာ စကားေၾကာင့္ တစ္ဖက္လူမွာ အထိနာသြားသည္ဟန္ မ်က္ႏွာပ်က္သြားသည္မွာ သိသာလွစြာ။ ထိုစဥ္ အိေႁႏၵက ဖိုးျပည့္အားစိုက္ၾကည့္လိုက္ၿပီး

"မ်ဳိးမာန္က အေၾကာ္သည္သားမို႔လို႔ မတန္ဘူးေျပာရေအာင္ ရွင့္လို အရက္သမားဖဲသမားကေရာ ကြၽန္မတို႔အဆင့္အတန္းနဲ႔ တန္လို့လား"

ထပ္ေျပာလိုက္ေသာ အိေႁႏၵ၏ အေျပာေၾကာင့္ တစ္ဖက္လူမွာ မ်က္ႏွာျပင္လို႔မရေအာင္ကို ပ်က္ယြင္းလို႔သြားေတာ့သည္။ မဟာတို႔ကေတာ့ ထိုသူမ်ားအား သတိႀကီးႀကီးျဖင့္ အကဲခတ္ေနသည္။ အေျခအေနမဟန္လွ်င္လည္း အနားရိွ အုတ္နီခဲျဖင့္ ေခါင္း႐ိုက္ခြဲဖို႔ကိုပါ ေတြးထားၿပီးျဖစ္သည္။

သူတို႔ေျခာက္ေယာက္တြင္ မဟာ၊ ဟိန္းနဲ႔ အိေႁႏၵတို႔မွာ မ်ဳိး႐ိုးျမင့္ျကြယ္၀ခ်မ္းသာသူမ်ားျဖစ္ၾကၿပီး ေရႊစင္၊ အလကၤာနဲ႔ မ်ဳိးမာန္တို႔က သာမန္လက္လုပ္လက္စား မိသားစုမွျဖစ္ၾကသည္။ ရပ္ကြက္ရိွ ေယာက္က်ားေလးမ်ားက အလွပေဂးသံုးေယာက္အနားတြင္ ရိွၾကေသာ မ်ဳိးမာန္တို႔အား မနာလိုအားက်မႈမွစ၍ ေနာက္ပိုင္းမုန္းတီးလာၾကသည္။မဟာနဲ႔ဟိန္းတို႔၏ ေနာက္ခံမိသားစုေၾကာင့္ သူတို႔ရန္စ၍ မရေသာ္လည္း မ်ဳိးမာန္ကိုမႈ အမ်ဳိးမ်ဳိးႏိွမ္ခ် ေျပာဆိုၾကသည္သာ။

ဖိုးျပည့္ဆိုသူက ပ်က္ေနေသာ မ်က္ႏွာကိုျပန္၍ ျပင္လိုက္ၿပီး အလကၤာတို႔အားၾကည့္ကာ

"ဟက္! အခ်စ္ေလးတို႔က ကိုယ့္ကိုမထီမဲ့ျမင္ သိပ္မလုပ္နဲ႔ေနာ္...ကိုယ့္ရဲ႕ အခ်စ္ေလးေတြမို႔ ေလွ်ာ့ေပးထားတာ...တစ္ျခားလူသာဆို ေခါင္းနဲ႔ကို္ယ္ အိုးစားကြဲပဲ...သြားမယ္ ေဟ့ေကာင္ေတြ"

ထိုလူေတြထြက္သြားေတာ့မွ မဟာနဲ႔ဟိန္းက မိန္းကေလးမ်ားအားၾကည့္ကာ မဟာက စိုးရိမ္ေဒါေသာျဖင့္ ေျပာလာသည္။

"ေနာက္ နင္တို႔အျပင္ထြက္ရင္ တစ္ေယာက္တည္း မထြက္နဲ႔ေတာ့"

"ဟုတ္တယ္ ေက်ာင္းသြားရင္လည္း အိမ္ထိ ငါတို႔ကိုယ္တိုင္လာေခၚမယ္...ျပန္ရင္လည္း လိုက္ပို႔မယ္ ၾကာလား...သံုးေယာက္လံုး"

ဟိန္းကပါ မဟာ့ စကားကိုေထာက္ခံသည့္သေဘာျဖင့္ ၀င္ေျပာသည္။ ဟိန္းေျပာလိုက္သည့္တိုင္ အသံထြက္မလာပဲ ၿငိမ္ေနၾကေသာ သံုးေယာက္ေၾကာင့္ မဟာစိတ္မရွည္စြာ

"ေမးေနတယ္ေလ ၾကားလားလို႔"

"ၾကားပါတယ္ဟယ္ နင္တို႔ကလည္း"

အိေႁႏၵ၀င္ေျပာလိုက္ေတာ့မွ မဟာ ေခါင္းညိတ္ကာ အသံတိတ္သြားေတာ့သည္။ အလကၤာမွာေတာ့ ပံုမွန္နဲ႔မတူစြာ တိတ္ဆိတ္ေနသည့္ မ်ဳိးမာန္ကိုသာ ၾကည့္ေနမိသည္။ ထို့ေနာက္တြင္ေတာ့ ေယာက္က်ာေလး၃ေယာက္လည္း မိန္းကေလး၃ေယာက္အား ကိုယ္စီအိမ္သို႔ျပန္ပို႔ၿပီးေနာက္ သူတို႔လည္း သက္ဆိုင္ရာအိမ္ဆီသို႔ ျပန္ခဲ့ျကေတာ့သည္။ ထိုညတြင္ေတာ့ ေက်ာင္းမွလစ္ေျပးေသာ အမႈျဖင့္ ေျခာက္ေယာက္လံုး မိဘမ်ားဆီမွ ဆံုးမတရားအား တစ္၀ႀကီး နာလိုက္ရေပေတာ့သည္။

**********
တကၠသိုလ္၀င္တန္း ေျဖဆိုရမည့္ရက္ကို ေရာက္ဖို႔ ရက္အနည္းငယ္သာ လိုေတာ့ေသာ္လည္း သလႅာ၀တီရပ္ကြက္၏ အေမႊေလးမ်ားမွာေတာ့ ေမႊလို႔ေကာင္းဆဲပင္။ ယခုတြင္လည္း ေျခာက္ေယာက္လံုး ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ံုးသို႔ ေရာက္ရိွေနၾကျခင္းျဖစ္သည္။ ဧည့္သည္မ်ားထိုင္ရန္ ျပဳလုပ္ထားေသာ ခံုတန္းေလးတြင္ မ်က္ႏွာငယ္ေလးမ်ားႏွင့္ထိုင္ေနၾကေသာ ထိုေျခာက္ေယာက္အားၾကည့္ကာ အုပ္ခ်ဳပ္ေရးမႉးမွာေတာ့ ေခါင္းတခါခါႏွင့္ ရိွေလသည္။ တစ္လတြင္ ၃ခါေလာက္ ဤ႐ံုးသို႔မေရာက္လာလွ်င္ ထိုကေလးမ်ားမွာ စားမ၀င္အိပ္မေပ်ာ္ျဖစ္ဟန္တူသည္။ ဘယ္ေလာက္ေျပာေျပာ ေရွ႕တြင္ဟုတ္ကဲ့လုပ္ကာ ကြယ္ရာတြင္ တစ္မ်ဳိးလုပ္သည့္ အမ်ဳိးေကာင္းသားသမီးေလးမ်ားပင္ျဖစ္သည္။

"မင္းတို႔အျပစ္ မင္းတို႔သိတယ္ဟုတ္"

"ဟုတ္ကဲ့" x6

ကေလးေတြေရွ႕သြားရပ္ကာေမးေတာ့ ေခါင္းေလးေတြညိတ္ၿပီး ေျဖလာေသာအသံမွာ တစ္ၿပိဳင္နက္တည္း။ အုပ္ခ်ဴပ္ေရးမႉးလည္း ေခါင္းညိတ္လိုက္ၿပီး

"အင္း အဲ့ေတာ့...မင္းတို႔ကို ဘာအျပစ္ေပးရမလဲ"

အုပ္ခ်ဴပ္ေရးမႉး၏ ထိုစကားေၾကာင့္ မဟာက ငိုမဲ့မဲ့ေလးျဖင့္ ေခါင္းေမာ့လာကာ

"သားတို႔ ကိုယ့္အျပစ္ကိုယ္သိပါတယ္...အဲ့ဒါေၾကာင့္ အျပစ္ဒဏ္အေနနဲ႔ အိမ္ျပန္ၿပီး သြားအိပ္လိုက္ပါ့မယ္"

မဟာေျပာလိုက္ေသာ စကားေၾကာင့္ အလကၤာတို႔မွာ ၿပံဳးစိစိျဖစ္ကုန္ေတာ့သည္။ သို႔ေသာ္ သိသိသာသာ မၿပံဳးမိေအာင္ မ်က္ႏွာကို ႀကိဳးစားကာ မဲ့ေနၾကသည္။ ထိုသည္ကို မသိေသာ အုပ္ႀကီးကေတာ့

"အင္း အဲ့အႀကံေကာင္းတယ္...ျပန္ၾကေတာ့"

"ဟုတ္"

မဟာတို႔လည္း မသိခ်င္ေယာင္ေဆာင္ကာ ထျပန္ရန္လုပ္ေသာအခါမွ အုပ္ႀကီးက သတိ၀င္လာၿပီး ေအာ္ေတာ့သည္။

"ဘာကို အိမ္ျပန္ၿပီးသြားအိပ္မွာလဲကြ!"

"ဘဘအုပ္ႀကီးေျပာေတာ့ အဲ့အႀကံေကာင္းတယ္ဆို"

မဟာ၏ မအူမလည္မ်က္ႏွာေလးနဲ႔ ေမးလာမႈေၾကာင့္ အုပ္ႀကီးစိတ္ထဲ ထိုေကာင္ေလးအား ကိုင္ေပါက္ပစ္ခ်င္စိတ္မ်ား ျဖစ္ေပၚလာရသည္။ အုပ္ႀကီး၏အျဖစ္ကိုၾကည့္ၿပီး အုပ္ႀကီးတပည့္မွာေတာ့ ပါးစပ္ကိုလက္ျဖင့္အုပ္ကာ တခီြးခီြ္းနဲ႔ ရယ္ေနေတာ့သည္။ အုပ္ႀကီးလည္း စိတ္ကိုထိန္းၿပီး

"အဲ့တာ ေယာင္သြားလို႔ကြ...ေယာင္သြားလို႔"

"ခီြး"

မထိန္းႏိုင္စြာထြက္ေပၚလာေသာ ရယ္သံမွာ အုပ္ႀကီး၏တပည့္ဆီမွျဖစ္သည္။ အုပ္ႀကီးလည္း ေရွ႕မွငိုမဲ့မဲ့မ်က္ႏွာေလးမ်ားကို တစ္လွည့္ တပည့္ျဖစ္သူ၏မ်က္ႏွာကို တစ္လွည့္ၾကည့္ကာ ေသြးမ်ားပင္ တိုးခ်င္လာရေတာ့သည္။ နားထင္ႏွစ္ဖက္ကို လက္ျဖင့္ ဖိလိုက္ရင္း

"မင္းတို႔ သြားၾကေတာ့...စာေမးပြဲနီးၿပီမလား...ငါေပးမယ့္အျပစ္က ေျခာက္ေယာက္လံုး စာေမးပြဲကို ထူးထူးခြၽန္ခြၽန္နဲ႔ ေအာင္ေအာင္ေျဖၾက...ၾကားလား"

ထိုအခါမွ မ်က္ႏွာေလးေတြက ၿပံဳးသြားၾကေတာ့သည္။ ထိုပံုစံမ်ားကိုၾကည့္ၿပီ အုပ္ႀကီးႏႈတ္ခမ္းစြန္းတို႔ မဲ့က်သြားေတာ့သည္။

ဟမ့္! အခုတစ္မ်ဳိး ေတာ္ၾကာတစ္မ်ဳိး အမ်ဳိးမ်ဳိးတက္ႏိုင္တဲ့ ဟာေလးေတြ.....

မဟာက ဦးေဆာင္ၿပီး အုပ္ႀကီးအားၾကည့္ကာ

"ဟုတ္ အဲ့ဆိုသားတို႔ျပန္ၿပီး စာက်က္လိုက္ေတာ့မယ္ေနာ္"

"ေအးေအး"

အုပ္ႀကီလည္း ေခါင္းညိတ္ျပလိုက္ေတာ့ တန္းစီၿပီးထြက္သြားၾကေတာ့သည္။ အုပ္ႀကီးလည္း သူ႕ေနရာတြင္ထိုင္ဖို႔ ျပင္လိုက္စဥ္မွာပင္ အခုပဲထြက္သြားျပီး ျပန္၀င္လာေသာ ကေလးမ်ားေၾကာင့္ သူၾကည့္မိေတာ့ ထိုကေလးမ်ားက ၿပံဳးစိစိျဖင့္

"ဘဘအုပ္ႀကီး" x6

"ေဟ"

"သားတို့က ခ်စ္တယ္ေနာ္" x3

"သမီးတို႔က ခ်စ္တယ္ေနာ္" x3

ေျခာက္ေယာက္လံုး ေခါင္းေပၚလက္တင္ကာ အသည္းပံုစံလုပ္ျပၿပီး ေျပးထြက္သြားၾကေတာ့သည္။ အုပ္ႀကီးလည္း မ်က္ႏွာထက္ အၿပံဳးပန္းတို႔ ေ၀ဆာကာ တပည့္ျဖစ္သူအားၾကည့္မိေတာ့ သူ႕ကိုၿပံဳးၿပီး ၾကည့္ေနတာနဲ႔ ဆံုသည္။

"ဘာၾကည့္ေနတာလဲ...ငါစစ္ခိုင္းတဲ့ စာရင္းေတြစစ္ၿပီးၿပီလား"

"စစ္ေနပါတယ္ အုပ္ႀကီးရ"

အုပ္ႀကီးလည္း သူ႕ေနရာတြင္ ၀င္ထိုင္ရင္း လြန္ခဲ့ေသာ တစ္နာရီေလာက္က ငိုမဲ့မဲ့ပံုစံေလးေတြျဖင့္ ႐ံုးသို႔ေရာက္လာခဲ့သည့္ ကေလးမ်ားကို ျပန္ေတြးမိသြားေတာ့သည္။

"ဒီအေမႊစိန္ေလးေတြဟာေလ"

လြန္ခဲ့ေသာတစ္နာရီ။

"အုပ္ႀကီးေရ အုပ္ႀကီး"

"ဗ်ဳိ႕ ၀င္လာခဲ့ေလ...ရိွတယ္ဗ်"

စာရင္းမ်ားအား စစ္ေနရင္း ၀င္လာသူႏွင့္ ေနာက္မွ မီးရထားတြဲႀကီးလို တန္းစီလိုက္လာသူမ်ားအား ၾကည့္ရင္း အုပ္ႀကီး သေဘာေပါက္သြားေတာ့သည္။ သို႔ေသာ္ မသိခ်င္ေယာင္ေဆာင္ကာ

"ဪ... မေအး၀င္း ဘာကိစၥရိွလို႔လဲဗ်"

"အို ကြၽန္မျဖင့္ ေျပာေတာင္မေျပာခ်င္ေတာ့ဘူး အုပ္ႀကီးရယ္...ဒီကေလးေတြေလ ကြၽန္မပန္းအိုးေတြကိုယူၿပီး ဟိုအေကာင္ ေက်ာ္စိုးၿခံထဲ သြားထည့္ထားတယ္ေလ"

မေျပာခ်င္ဘူးဆိုၿပီး အေၾကာင္းစံုေျပာျပလာေသာ မေအး၀င္းပါေပ။ အုပ္ႀကီးလည္း ေနာက္က ေျခာက္ေယာက္အားၾကည့္ကာ ေတာ္ေတာ္ေမႊႏိုင္လြန္းတဲ့ဟာေလးေတြဟု မွတ္ခ်က္ျပဳမိသည္။ မေအး၀င္းဆိုသူက ရပ္ကြက္၏ ေအာ္ေၾကာ္လန္ပင္ျဖစ္သည္။ စိတ္ရင္းေကာင္းသေလာက္ ပါးစပ္ကေတာ့ ေတာ္ေတာ္ဆိုးပါသည္။ ေက်ာ္စိုးဆိုသည္ကလည္း မေအး၀င္းကို တစ္ဖတ္သတ္လိုက္ႀကိဳက္ေနေသာ လူပ်ဴိသိုးႀကီးျဖစ္သည္။

အင္း...ပ်ားအံုကို တုတ္နဲ႔ထိုးလာတာပဲ.....

"အဲ့ဒါက သားတို႔က ေစတနာနဲ႔ပါ တီတီ"

အုပ္ႀကီးအေတြးမ်ားေနတုန္း မ်ဳိးမာန္ဆီမွ ထြက္ေပၚလာေသာ စကားသံ။ မေအး၀င္းလည္း မ်ဳိးမာန္အားၾကည့္ကာ

"ဘာေစတနာတုန္း"

"ဦးေက်ာ္က တီတီ၀င္းကို ခ်စ္ေနတာေလ...တီတီ၀င္းကလည္း ဦးေက်ာ္ကို စိတ္၀င္စားေနေတာ့...ႏွစ္အိမ္တစ္အိမ္ျဖစ္ေအာင္ သမီးတို႔က လုပ္ေပးတာပါ"

အလကၤာ့ျပန္ေျဖသံအဆံုး က်န္သူမ်ားက ေခါင္းတဆက္ဆက္ညိတ္ျပသည္။ အပ်ဳိႀကီးမေအး၀င္း၏ မ်က္ႏွာကေတာ့နီရဲလာသည္။ ေဒါသေၾကာင့္လား ရွက္ရြံ႕မႈေၾကာင့္လားဆိုတာေတာ့ ကာယံကံရွင္သာ သိႏိုင္လိမ့္မည္။ အပ်ဳိႀကီး၏ မ်က္ႏွာအမူအရာကိုၾကည့္ၿပီး အုပ္ႀကီးတို႔ ဆရာတပည့္ႏွစ္ေယာက္မွာေတာ့ မရယ္မိေအာင္ မနည္းႀကိဳးစားထိန္းေနရသည္။ ရယ္လိုက္မိရင္ မီးပြင့္သြားမည္ေလ။

"ဒီဟာေလးေတြေတာ့ ငါထုလိုက္ရ"

"ကဲကဲ မေအး၀င္း ပန္းအိုးေတြကို သူတို႔ကိုျပန္ေရႊ႕ခိုင္းလိုက္ပါ့မယ္"

"အို ရတယ္ရတယ္...ရပ္ကြက္ထဲက လူေခၚၿပီး ေရႊ႕ခိုင္းလိုက္မယ္...သူတို႔ကို ျပန္ေရႊ႕ခိုင္းလို႔ ကိုယ္လက္ေတြနာကုန္မွ စာမက်က္ႏိုင္ပဲ ေနမယ္...ေနာက္မလုပ္ေအာင္သာ ေျပာေပး...ကြၽန္မသြားေတာ့မယ္"

"ေကာင္းပါၿပီဗ်ာ"

႐ံုးကိုလာတိုင္ေပမယ့္ ကေလးေတြအတြက္ ျပန္ေတြးပူေနခဲ့ျခင္းပင္။ ဒါေၾကာင့္လည္း ထိုအေမႊေလးမ်ားက ဆိုးေနျခင္းသာျဖစ္သည္။ မေအး၀င္းထြက္သြားေတာ့မွ ဆရာတပည့္ႏွစ္ေယာက္ လြတ္လြတ္လပ္လပ္ရယ္ႏိုင္ေတာ့သည္။

"အုပ္ႀကီးေရ...ဒီလိုပံုနဲ့ အပ်ဳိႀကီး လူပ်ဳိႀကီး ညားေတာ့မယ္ ထင္တယ္ ဟားဟား "

"ေအးကြာ ေတာ္ေတာ္ေမႊတဲ့ ငေမႊထိုးေလးေတြ"

ကေလးေျခာက္ေယာက္မွာေတာ့ အဆူခံရေတာ့မည္ဟုထင္ကာ ငိုမဲ့မဲ့မ်က္ႏွာေလးမ်ားျဖင့္ ခံုတန္းတြင္ တန္းစီထိုင္ေနၾကေလသည္။

*********************************
#28.3.2024
#🍁Moe Kyal Phyu🍁
**********
ေနာက္တစ္ပိုင္း ထပ္up ထားပါတယ္ရွင့္❤

Continue Reading

You'll Also Like

2.6K 127 8
ကြိုးစားပြီး ရေးကြည့်ချင်တဲ့ BL Fiction တစ်ခုပါ လက်ျာဘုန်းပြည့် သစ္စာပြည့်လျှံ 8.2.2024 Mirella_vc
15K 448 30
A ship crushed on Donut! Who is this mysterious pilot, Tuckers baby has been born and is causing trouble for everyone at blue base. O'Malley is gone...
876K 62.3K 48
He is mine ?muu paing?
2.9K 152 5
အစ်ကို ဆိုတဲ့နာမ်စားလေးက သိပ်နွေးထွေးသလို သိပ်လည်း နာကျဉ်ဖို့ကောင်းတာ။ Short Story လေးပါ။