အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ...
By FlowerRainButterfly
1.5M 191K 3.7K
အပိုင်း (၁) ချိုမြိန်သောမျှစ်လေးများ
စွမ်းရည်ပြည့်ဝသောမုဆိုးကြီးနှင့် ရစ်ငှက်လေးများ
မုဆိုးကြီးနဲ့တောဝက်ကြီးနှစ်ကောင်
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-2
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-2
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-4
မုဆိုးကြီး၏ ပြည့်တန်ဆာအိမ်အားဖောက်ထွင်းမှု
အပိုင်း (၁၁) မုဆိုးကြီး၏ စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၂) တစ်ချိန်က အမှိုက်ကောင်ကပြောင်းလဲသွားပြီတဲ့
မုဆိုးကြီးပြောတဲ့ ကျိုးရှီနဲ့စုရှီတို့အကြောင်း
မုဆိုးကြီးအိမ်ကစားသောက်ပွဲ
မုဆိုးကြီးအိမ်ကစားသောက်ပွဲ-2
ရှောင်မိန်ပါဝင်သော ဆိပ်ကမ်းမြို့ကမိသားစုခရီးစဥ်
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁) မုဆိုးကြီး၏ နေအိမ်ဖောက်ထွင်းခံရမှု
လဲ့ရှီနှင့်ရှောင်အိမ်၏အရှက်မဲ့မှု
ရုံးတော်၏စီရင်ချက်
ရုံးတော်၏စီရင်ချက် -2
ရုံးတော်၏စီရင်ချက် -3
အပိုင်း (၂၆)
အပိုင်း (၂၇)
ရှောင်ဟန်ကဆံထိုးလေးကိုဖွတ်ထားတယ်
မုဆိုးကြီး၏ငွေသုံးကြမ်းမှုပေါက်ကြားခြင်း
မုဆိုးကြီး၏နွေးထွေးသောမိသားစု
အပိုင်း (၃၁)
အပိုင်း (၃၂)
မုဆိုးကြီးအိမ်သို့ရောက်ရှိလာတဲ့ မဖိတ်ခေါ်ထားသောဧည့်သည်များ
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇) ချောင်ရန်၏အလည်ပတ်ရောက်ရှိလာမှု
အပိုင်း (၃၈) စံပါယ်ပင်လေးသုံးပင်
💖Chibi💖
မုဆိုးကြီးအိမ်သို့ အသားဝယ်ချင်သူများရောက်ရှိလာခြင်း
အပိုင်း (၄၀)
နန်ချောင်းရွာက ရွာသားတစ်ဦးသေဆုံးခြင်း
အပိုင်း (၄၃)
အပိုင်း (၄၂)
အပိုင်း (၄၄)
အပိုင်း (၄၅)
အပိုင်း (၄၆)
အပိုင်း (၄၇)
အပိုင်း (၄၈)
အပိုင်း (၄၉)
မုဆိုးကြီးက ဇနီးလေးရဲ့စကားကိုနားမထောင်ဘဲ တောင်ပေါ်ကိုတတ်သွားပြီ
❌❌
မုဆိုးကြီး၏ဝက်ဝံအမဲလိုက်ခရီးစဥ်
မုဆိုးကြီးပြန်လာပြီ
အပိုင်း (၅၃)
ဝက်ဝံကြီးများကိုရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်
ဟင်းလင်းပြင်လေလံပွဲ
အပိုင်း (၅၆)
စံပါယ်ပင်လေးက မျိုးစိတ်သစ်ပါတဲ့
မိသားစုအတွက် လက်ဆောင်တွေ ဝယ် ဝယ် ဝယ်
အပိုင်း (၅၉)
ဟွမ်ဟွာ၏ဖိတ်ခေါ်မှု
မုဆိုးကြီးနှင့် ဟွမ်ဟွာ၏ ထိပ်တိုက်တွေ့ဆုံမှု
အပိုင်း (၆၂)
အပိုင်း (၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
မုဆိုးကြီးပြန်လာပြီ
ဇနီးလေး ငွေလက်မှတ်တွေကိုမင်းသိမ်းထားလိုက်
ပိုင်မိန်ရဲ့စံပါယ်ပင်လေးမရှိတော့ဘူး
(69)
ပိုင်လီ
မုဆိုးကြီးပြောတဲ့ ကျိုးရှီရဲ့ယုတ်မာမှုအကြောင်း
အပိုင်း (၇၁)
ကျိုးရှီ၏အလိမ်ညာပြဇာတ်
ထူးခြားဆန်းပြားသောချီးကားများ
အပိုင်း (၇၃)
အပိုင်း (၇၄)
အပိုင်း (၇၅)
အပိုင်း (၇၆)
အပိုင်း (၇၇)
အပိုင်း (၇၈)
အပိုင်း (၇၉)
အပိုင်း (၈၀)
အပိုင်း (၈၁)
အပိုင်း (၈၂)
အပိုင်း (၈၃)
အပိုင်း (၈၄)
အပိုင်း (၈၅)
အပိုင်း (၈၆)
အပိုင်း (၈၇)
အပိုင်း (၈၈)
အပိုင်း (၈၉)
ဇနီးလေး... ကလေးယူချင်နေတာလား?
မြေဝယ်ယူမှု
အပိုင်း (၉၂)
အပိုင်း (၉၃)
အပိုင်း (၉၄)
အပိုင်း (၉၅)
စပျစ်သီးခူးဖို့သွားခြင်း
စပျစ်သီးလေးများ
main story complete
(98)
(99)
အပိုင်း (၁၀၀)
(101)
(102)
၁၁၃
အပိုင်း (၁၀၄)
အပိုင်း (၁၀၅)
အပိုင်း (၁၀၆)
အပိုင်း (၁၀၇)
စပျစ်သီးဝိုင်ပြုလုပ်ခြင်း
အပိုင်း (၁၀၉)
အပိုင်း (၁၁၀)
အပိုင်း (၁၁၁)
အပိုင်း (၁၁၂)
အပိုင်း (၁၁၃)
တည်သီးလေးများကိုခူးဆွတ်ခြင်း
ဇနီးလေး၏ယုံကြည်မှု
ချောင်မိသားစုသို့ အလည်တစ်ခေါက်
စပျစ်ဝိုင်လက်ဆောင်
အပိုင်း (118)
စံပါယ်ပင်လေးအကြောင်းအားနှုတ်ပိတ်ခြင်း
ဇနီးလေးစိတ်ဆိုးသွားခြင်း
paid gp
ဇနီးလေးစိတ်ဆိုးသွားခြင်း-2
ဇနီးလေးအားချော့မြူခြင်း
လူဆိုးလေးရှောင်ဝူ
ယွီလျန်ဟွားမှာငွေတချို့ဖြုန်းခြင်း
အပိုင်း (၁၂၅)
ဇနီးလေးရွေးပေးတဲ့လက်ဆောင်
အပိုင်း (၁၂၇)
အပိုင်း (၁၂၈)
အပိုင်း (၁၂၉)
လှည်းအပြည့် စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၃၁)
ကျွန်စျေးသို့အလည်တစ်ခေါက်
အပိုင်း (၁၃၃)
ဇနီးလေး ကိုယ်မင်းကို ဂရုစိုက်ပေးမယ်
အိမ်အသစ်ဆောက်လုပ်ခြင်း
အပိုင်း (၁၃၇)
ကျိုးရှီကိုနှင်ထုတ်ခြင်း
အပိုင်း (၁၃၉)
မီးပုံးပွဲတော်
အပိုင်း (၁၄၁)
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်-2
အသေးလေးတွေရဲ့ ဗိုက်လုံးလေးတွေက မတူညီဘူး
ရှောင်အိမ်ရဲ့ အကြံသစ်
ပိုင်အမေ၏ အရိပ်အမွတ်
နှစ်ကိုယ်ကြားစကားဝိုင်း
ရှောင်အိမ်၏တောင်းပန်လာမှု
အပိုင်း (၁၄၉)
အပိုင်း (၁၅၀)
မုဆိုးကြီး၏ ကတုံးလေးကိုစမ်းသပ်မှု
အစေခံများ
5.9K 783 13
By FlowerRainButterfly
အပိုင်း (၁၃၄) အစေခံများ
"ဘာမှမဖြစ်ပါဘူး ကောင်းပါတယ် ခင်ဗျားစီစဥ်တာကောင်းတယ်"
ဒါကိုကြားတော့ ပိုင်လီက နားလည်သည့်ပုံဖြင့်ဘခေါင်းငြိမ့်လိုက်သော်လည်း သူ့ဇနီးလေးက အနည်းငယ်တော့ အတွေးများနေမှာကို သိထားသည်ပင်။ ဒါက စကားနဲ့ပြောနေလို့ ယုံကြည်မှုရနိုင်မှာတော့ မဟုတ်ပါဘူး။ သူ့အနေနဲ့ အလုပ်နဲ့ သက်သေပြရုံပဲလေ။
ဒါကြောင့်သူက အဲတာကိုထားလိုက်တော့ပြီး ထိုမိန်းကလေးတွေကို ပြောလိုက်ပါတယ်။
"ဒါကမင်းတို့သခင် ငါ့ရဲ့ဇနီးပဲ နောက်ဆို သူကပဲ မင်းတို့ကို အဆုံးဖြတ်ပေးလိမ့်မယ်"
ရှောင်ဟန်သည် ရုတ်တရက်ကြီးတစ်ယောက်ယောက်၏ သခင်ဖြစ်လာသည့်အပေါ် အသားမကျနိုင်ပေ။ ဒါကြောင့် သူက အနေရခက်နေပေမယ့် ပိုင်လီကတော့ ထိုလူတွေကို ရှောင်ဟန်ဆီသို့သာ လွဲပေးလိုက်ပါတယ်။ ပြီးတော့ လေးယောက်ထဲက အသက်အကြီးဆုံးတစ်ယောက်က ပိုင်အိမ်အတွက်လို့ ပြောလိုက်တာကြောင့် ပိုင်မိန်ကအံသြသွားလေရဲ့။ သူမလေးက....
"အိမ်အတွက်ပါတာလား! ဒါဆို ညီမလေးတို့အိမ်မှာလည်း အစေခံတစ်ယောက်ရှိပြီပေါ့ ဒါဆို.. ဒါဆို ညီမလေးက သခင်မလေးလို့ အခေါ်ခံရတော့မှာပေါ့နော်!"
ပိုင်လီမှာ ကလေးဆန်လွန်းသည့် သူ့ညီမလေးကြောင့် မတတ်နိုင်စွာ ခေါင်းသာရမ်းလိုက်မိတော့ပေသည်။ တကယ်တော့ ဒီကောင်မလေးက စိတ်ထဲမှာဘာမှရှိတာမဟုတ်ပါဘူး။ သူက ဒီတိုင်း လူချမ်းသာမလေး ဖြစ်ချင်နေရုံပါပဲ။
တကယ်တော့ ပိုင်လီက အမျိုးသမီးနှစ်ယောက်လုံးကို ပိုင်အိမ်ကို ပေးလိုက်ဖို့ အတွေးရှိခဲ့သေးပေမယ့်ပိုင်အမေက လုံးဝလက်မခံမှာကို ကြိုသိနေခဲ့ပေသည်။ ဘာလို့လည်းဆိုတော့ ပိုင်အမေက ဒီအစေခံတွေကို အလကားရရင်တောင် နှစ်ယောက်ကိုကျွေးထားဖို့ ဘယ်လိုမှ လက်ခံနိုင်မှာမဟုတ်လို့ပါပဲ။ ဒါကြောင့် ပိုင်လီကလည်း အမျိုုးသမီးနှစ်ယောက်ထဲက တစ်ယောက်ကို သူ့ဇနီးလေးကို အိမ်အလုပ်တွေ ကူလုပ်ပေးဖို့အတွက်ပဲ ထားလိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်တာပင်။
အဲဒီနောက် ပိုင်လီက ဝယ်လာတဲ့မိန်းကလေးတွေကိုနာမည်ပေးဖို့ကိစ္စကိုလည်း ရှောင်ဟန်ကိုသာ လွဲပေးလိုက်ပြီး သူက ဘေးဖယ်နေလိုက်ပါတယ်။ အခုမှ မဟုတ်ဘူး။ သူက နောက်ပိုင်း ဒီမိန်းကလေးတွေနဲ့ ပတ်သက်တဲ့ ကိစ္စမှန်သမျှကိုလည်း သူ့ဇနီးလေးကိုသာ ဆုံးဖြတ်ခိုင်းမှာဖြစ်ပြီး ဒါက သူ့ဇနီးလေး သူ့ကိုအမြင်စောင်းမှာ နည်းနည်းမှမလိုချင်ပါပဲ။
ကျွန်တွေတွင် နာမည်အတည်တကျမရှိပေ။ သူတို့ကိုဝယ်လာပြီးရင် သခင်က နာမည်အသစ်ပေးလေ့ရှိကျပေမယ့် ဒီတာဝန်ကို ယူလိုက်ရတဲ့ ရှောင်ဟန်ကတော့ သူတို့ရဲ့ အရင်ကနာမည်တွေအတိုင်းပဲ ဆက်ထားခွင့်ပြုလိုက်တာကြောင့် မိန်းမငယ်လေး နှစ်ယောက်ရဲ့နာမည်တွေက ရှင်းလုနဲ့ကျုးလင် ပဲဆက်ဖြစ်နေပြီး တခြားနှစ်ယောက်ရဲ့နာမည်တွေကလည်း သူတို့ရဲ့အရင်သခင် ပေးထားတဲ့အတိုင်း ရှီထုံနဲ့ ကျားယန် ပဲဆက်ဖြစ်နေခဲ့လေသည်။
နာမည်ကိစ္စပြီးသွားတော့ အခန်းက အနည်းငယ်တိတ်ဆိတ်သွားပေမယ့် ပိုင်လီက လက်ဖက်ရည်ငှဲ့နေရင်း ကုန်သွားတာဖြစ်သွားတော့ ရှင်းလုနဲ့ကျူးလင်က အလျှင်မြန် ခွင့်တောင်းလာခဲ့ပြီး လက်ဖက်ရည်သွားဖြည့်ပေးခဲ့သဖြင့် ပိုင်မိန်က သူမအစ်ကိုနား ကပ်ကာ ခပ်တိုးတိုးပြောလာခဲ့သည်။
"ဒုတိယအစ်ကို အစ်ကိုထင်တာ မှန်မယ်ထင်တယ် အဲဒီမိန်းကလေးတွေက အလိုက်သိပြီး အကင်းပါးတယ် သူတို့က အသေးလေးတွေကို ကောင်းကောင်းဂရုစိုက်ပေးနိုင်လောက်မှာ "
ပိုင်လီက သူ့ညီမငယ်လေး၏ ခေါင်းလေးကို ပုတ်လိုက်ပြီး တစ်ခုခုပြောဖို့ ပြင်ချိန်တွင် ရှင်းလုနှင့်ကျူးလင်တို့ပြန်ရောက်လာခဲ့ပြီး ပြောလာခဲ့သည်။
"သခင်ကြီးနဲ့သခင် အပြင်မှာလူတစ်ယောက်က တံခါးခေါက်ဖို့ လုပ်နေတာကို ဒီအစေတို့တွေ့ခဲ့ပါတယ် "
ရှင်းလုနှင့်ကျူးလင်သည် အစက အလွန်သတိထားနေခဲ့သည်။ တကယ်တော့ သူတို့က ရုတ်တရက်ကြီး အိမ်တော်ကနေ ကန်ထုတ်ခံလိုက်ရတာပါ။ အဲတာကလည်း အထွေထူးကိစ္စကြောင့်မဟုတ်ဘဲ သူတို့သခင်မလေးရဲ့ဆံပင်ကို ပြင်ပေးနေချိန်မှာ ရှုပ်ထွေးတဲ့ဆံထိုးကြောင့် ဆံပင်အနည်းငယ်နဲ့ ညှိသွားခဲ့လို့ သူတို့သခင်မလေးက ဒေါသထွက်ပြီး သူတို့ကို မကောင်းတဲ့နေရာမှာ ရောင်းခိုင်းလိုက်တာတဲ့လေ။
သူမတို့က အိမ်တော်ကြီးက အစေခံဘဝကနေ သခင်မလေးရဲ့ဒေါသကြောင့် နေ့ချင်းညချင်း အရောင်းခံလိုက်ရ၍ သူမတို့တော့ ဘယ်လိုမှ ကောင်းမွန်တဲ့ဘဝကို မရနိူင်တော့ဘူးလို့ တွေးနေခဲ့ကျတုန်းမှာပဲ ပိုင်လီ သူမတို့ကို ဝယ်သွားခဲ့တာဖြစ်ပြီး သူမတို့က ဒီသခင်အသစ်က ဘယ်လိုလူမျိုးဖြစ်လဲမလို့ အနည်းငယ် စိုးရိမ်နေခဲ့ကျသည်။ ဒါပေမယ့် သခင်ငယ်လေးတွေရဲ့ အစေခံတွေ ဖြစ်လာမယ်လို့ကြားလိုက်ရတဲ့အခါ မျှော်လင့်ချက်လေးတွေနဲ့ ပြန်တတ်ကြွလာခဲ့ကျပါတယ်။
အိမ်တော်ကြီး မဟုတ်တော့ရင်တောင်မှ အပျော်ဂေဟာတွေ၊ ရှုပ်ထွေးတဲ့ အိမ်တော်ရဲ့ အနောက်ဆောင်လိုနေရာတွေကို ရောက်မသွားသ၍ သူမတို့အတွက်တော့ ကံကောင်းမှုပဲဖြစ်ပြီး ဒါကြောင့် သူတို့က ဒီသခင်အသစ်တွေနဲ့ အသားကျဖို့ အလျှင်မြန်ကြိုးစားရလိမ့်မယ်။
ပိုင်လီက လက်ဖက်ရည်အိုးသွားလဲခွင့်ပြုလိုက်ပေမယ့် ငှဲ့ပေးတာကိုတော့လက်မခံခဲ့ပေ။ သူကသူ့ဘာသာငှဲ့ရင်းနဲ့...
"အဲတစ်ယောက်က ဆံပင်တိုတိုနဲ့ လူငယ်တစ်ယောက်လား"
ပိုင်မိသားစုများဆိုလျှင် သူ့ကိုအော်ခေါ်နေလောက်ပြီဖြစ်၍ ပိုင်လီကတော့ ဟိုကောင်လေးပဲဖြစ်မည်ဟုထင်နေသည်။ ထင်တဲ့အတိုင်းပင် ကျူးလင်ပြန်​ဖြေလာတာက...
"အဲတာက...ဆံပင်တိုတော့မဟုတ်ပါဘူး သူ့မှာဆံပင်မပါပါဘူး သူကခေါင်းရိတ်ထားပါတယ်"
ဒါကိုကြားတော့ ပိုင်လီမှာ ခဏလောက် ရပ်တန့်သွားသော်လည်း သူက လက်ကာပြပြီးပြောလိုက်လေသည်။
"သူ့ကို ဒီနေ့နားလိုက်တော့လို့ ပြောလိုက် "
ပိုင်လီမှာ ဒီကလေးမများက လှည်းပေါ်၌ ထိုကောင်လေး၏အနံ့ကြောင့် အန်တောင်အန်လာကျသော်လည်း အခုမမှတ်မိကျတော့သည့်အပေါ် အနည်းငယ်ရယ်ချင်နေခဲ့ပေသည်။
ဒါပေမယ့် သူကမရယ်ခဲ့ပါဘူး။ နောက်တော့ သူမတို့လေးယောက်ကိုလည်း တခြားအခန်းတစ်ခုယူပြီးနားကျဖို့ပြောလိုက်တာကြောင့် အခန်းထဲမှာ သူတို့တွေချည်းကျန်တော့သည်။
အဲတော့မှ ရှောင်ဟန်ကမေးလာခဲ့ပါတယ်။
"ခုနကလူက ဘယ်သူလဲ ခင်ဗျားသိတဲ့လူလား"
ပိုင်လီက ခေါင်းငြိမ့်လိုက်၍...
"ကိုယ် ဒီနေ့ ကောင်လေးတစ်ယောက်ကိုရော ဝယ်လာခဲ့သေးတယ် အဲဒီကောင်လေးပါ "
ဒါကိုကြားတော့ ရှောင်ဟန်သည် ထပ်မမေးတော့ပေ။
အဲဒီနောက် ပိုင်လီက သူ့သားလေးတွေကို နောက်ဆို ခုမက မမနှစ်ယောက်က သူတို့နဲ့အတူ ကစားပေးလိမ့်ဖြစ်ကြောင်း ပြောပြနေခဲ့ပြီး သူတို့က နောက်တစ်နေ့မနက်မှာတော့ ရွာကိုပြန်လာခဲ့ကျတော့သည်။
မြင်းရုပ်တွေအကုန်လုံးက နှစ်ရက်ထဲနဲ့ အကုန်ရောင်းကုန်ခဲ့ပါတယ်။ ဆိပ်ကမ်းမြို့က လူချမ်းသာ မိသားစုတွေရဲ့ကလေးတွေကတော့ ဒီအသစ်စက်စက်ကစားစရာကြောင့် အတော်လေး ပျော်ရွှင်နေကျမှာကျိန်းသေပဲ။ ပိုင်မိသားစု၊ ကျန်းမိသားစုနဲ့ ရုံမိသားစုကယောင်္ကျားတွေက ငွေချောင်းများစွာရခဲ့တာကြောင့် အိမ်ပြန်လမ်းမှာ အလွန်ပျော်ရွှင်နေခဲ့ကျပြီး ပိုင်လီကတော့ ချောင်ချင်းချင်းနဲ့ဟုန်ရင်းကို မပြန်ခင်တစ်ခေါက်လာတွေ့မယ်ပြောထားပြီး စကားမတည်နိုင်ခဲ့လို့ အနည်းငယ်စိတ်မကောင်းဖြစ်နေခဲ့လေသည်။
ဒါပေမယ့် မနေ့ကတော့ ချောင်ရန်ကနေတဆင့် ပြောခိုင်းလိုက်ပါတယ်လေ။
အလာတုန်းက လှည်းများသည် ပစ္စည်းများပြည့်နေသော်လည်း အပြန်ခါတွင်တော့ ပိုင်စန်းမောင်းတဲ့လှည်းတစ်စီးကလွဲလို့ ကျန်သည့်လှည်းအကုန်လုံးကဗလာသာပင်။
အိမ်ပြန်လမ်းမှာ လူတိုင်းက စိတ်ခံစားချက်မျိုးစုံနဲ့တိတ်ဆိတ်နေခဲ့ကျပြီး တခြားမိသားစုနှစ်ခုက လူတွေက ငွေချောင်းအများကြီးရလာတဲ့အပေါ် ပျော်ရွှင်နေကျ၍ အိမ်ကို သတင်းကောင်းပေးဖို့ရန် စိတ်လောနေခဲ့ကျကာ သခင်အသစ်ရသွားတဲ့ လူတွေကလည်း ကြုံရမယ့်အနာဂါတ်ကို တွေးပြီး အနည်းငယ်စိတ်ပူနေခဲ့ကျလေသည်။
အဲဒီထဲမှာ ပိုင်လီနဲ့ သူ့မိသားစုကပဲ အေးအေးပြီးဆူညံ့နေခဲ့ပါတယ်။ အကြောင်းကတော့ ပိုင်ရှောင်ဝူတစ်ယောက် လှည်းပေါ်မှာ ပြေးလွှားဆော့ဖို့ကြိုးစားနေတာကြောင့်ပါပဲ။
ရွာကိုပြန်ရောက်ချိန်တွင်မှာတော့ ထိုအဆော့သန်သော မျောက်ငယ်လေးသည် ရှောင်ဟန်၏ဆူပူမှုကြောင့် ငိုချင်ယောင်ဆောင်ပြီး အိပ်ပျော်သွားခဲ့ပြီဖြစ်သည်။
လှည်းတွေပြန်လာလို့ ထွက်လာတဲ့ ပိုင်အမေက သူမမြေးငယ်လေး အိပ်ပျော်နေတာတွေ့တော့ လူသံတွေကြောင့်မနိုးအောင် အမြန်ပဲ အိမ်ထဲခေါ်သွားခဲ့ပါတယ်။
လူတွေသံတွေက ဘာကြောင့်လဲဆိုရင် သစ်သားမြင်းရုပ်တွေ ရောင်းဖို့ထွက်သွားတုန်းက လှည်းတွေကဖုံးကွယ်လို့မရတာကြောင့် ရွာသားတွေက ဒီအကြောင်းကို အရမ်းစိတ်ဝင်စားနေခဲ့ကျပြီး သူတို့လှည်းတွေပြန်လာချိန်မှာ အခြေနေတွေကိုမေးဖို့ဝိုင်းအုံလာတာကြောင့်ပါပဲ။
ရွာသားတွေက ထုံးစံအတိုင်း သူတို့သိချင်တာကို တစ်ယောက်တစ်ပေါက်နဲ့ မေးမြန်းနေကျပြီး တချို့ကလည်း လူစိမ်းတွေဖြစ်တဲ့ မိန်းကလေးတွေကို စိတ်ဝင်တစားနဲ့ ကြည့်နေခဲ့ကျကာ သူမတို့က ဘယ်သူတို့်သူတွေလဲဆိုတာကို မေးချင်နေခဲ့ကျပေသည်။ ဒါပေမယ့် အကြီးကဲကျန်းက ရွာသားတွေကို ကျန်းအိမ်ဆီ ခေါ်သွားတာကြောင့် သူတို့တွေ စပ်စုဖို့အချိန်မလုံလောက်ခဲ့ပါဘူး။
ပိုင်မိသားစုသည် ရွာသားများထွက်သွားမှ ပိုင်အိမ်ထဲတွင်ဝိုင်းဖွဲ့လိုက်ကျပြီး ပိုင်အမေက လူစိမ်းတွေအကြောင်း သိချင်နေမှာ သိသဖြင့် သူတို့က ထိုလူတွေကိုဝယ်လာတာဖြစ်ကြောင်း အရင်ပြောပြလိုက်ကျသည်။
အစကတော့ ပိုင်အမေက ဒီလောက်လူအများကြီးဝယ်လာလို့ သူမကဆူပူချင်နေပေမယ့် နှစ်ယောက်က သူမမြေးတွေအတွက်ဖြစ်ပြီး ကျန်နှစ်ယောက်ကအိမ်အလုပ်တွေ ကူလုပ်ပေးဖို့အတွက်ဟု သိရသော အခါ အနည်းငယ် စိတ်ပြေသွားခဲ့ပေသည်။ ပုံမှန်လိုဆိုရင်တော့ သူမက သူမရဲ့ဒုတိယသား ဝယ်ပေးတဲ့အဲဒီအစေခံကို လက်မခံချင်ပေမယ့် သူမအိမ်ကချွေးမနှစ်ယောက်လုံးက အချိန်သိပ်မခြားပဲ ကလေးမွေးကျမှာဖြစ်တဲ့အခါ သူမက တစ်ယောက်ကို ပျော်ရွှင်စွာနဲ့လက်ခံလိုက်ပါတယ်။
နောက်တော့ ပိုင်လီက အိမ်အသစ်ဆောက်ဖို့ လူငှားခဲ့တဲ့အကြောင်းတွေနဲ့ ဝိုင်ရောင်းချမှုအကြောင်းကို သူ့မိသားစုကိုမျှဝေခဲ့တော့ ပိုင်မိသားစုက အတော်လေးကို ပျော်ရွှင်သွားခဲ့ကျလေသည်။ သူတို့က နှစ်တိုင်းရွှေချောင်းထောင်ကျော် ဝင်ငွေရှိသွားမယ့် ပိုင်လီအတွက် အလွန်ပျော်ရွှင်ပေးနေကျပါတယ်။ ဒီအတိုင်းဆို ပိုင်လီက ဝိုင်တွေထုတ်ပေးနေသ၍ ဒီဝင်ငွေတွေကြောင့် ငွေကြေးကို ဘယ်တော့မှ ပူစရာလိုမှာမဟုတ်တော့ဘူးလေ။
ပိုင်အမေဆို ဒီသတင်းကောင်းကြောင့် သူမကဝမ်းသာလွန်း၍ မျက်ရည်များပင်ဝဲလာလေသည်။ သူမက သူမရဲ့တစ်ချိန်က သားဆိုးကို သေချာကြည့်လိုက်ပါတယ်။ သူမရဲ့ဒီကလေးက အချိန်တိုလေးအတွင်းမှာပဲ မယုံကြည်နိုင်လောက်အောင် ပြောင်းလဲလာပြီး တစ်ချိန်က မိသားစုကို ဒုက္ခပေးခဲ့ပေမယ့် အခုဆို တစ်မိသားစုလုံးက သူ့ကို အမှီပြုလို့ရနေခဲ့တယ်။
ဒီအတွက် ပိုင်အမေက သူမခံစားချက်တွေကို မဖော်ပြတတ်သော်လည်း သူမသား အဆင်ပြေနေလို့ အရမ်းပျော်ရွှင်နေပါသည်။ ပိုင်အဖေကလည်း အခြေနေတွေကိုတွေးပြီး ကျေနပ်စွာနဲ့ ခေါင်းငြိမ့်နေခဲ့၏။ သူတို့ရဲ့ ဒုတိယသားက ပြောင်းလဲလာထဲက ငွေရှာတဲ့နေရာမှာ အရမ်းတော်လာခဲ့တယ်။ အရမ်းကိုကောင်းတယ်။
ပိုင်ကျန်းနှင့် ကျန်သည့် ညီငယ်များကလည်း သူတို့ညီအစ်ကို၏ အောင်မြင်မှုအတွက် အလွန်ဝမ်းသာပေးနေကျတာဖြစ်ပြီး အစကတော့ ဒီဝိုင်ဆိုတဲ့ဟာက မသေချာမရေရာလို့ သူတို့က ပိုင်လီအတွက်စိုးရိမ်နေကျပေမယ့် အခုတော့ အရမ်းကိုအထင်ကြီးမိသွားကျပြီဖြစ်သည်။
ဒီထဲမှာ အလိုက်မသိဆုံးကတော့ ပိုင်မိန်ပဲ။ သူမက ဒီကြည်နူးပျော်ရွှင်ဖွယ် လေထုကို ပြိုပျက်သွားအောင်လို့ ဤသို့ ငွေများ ပုံမှန်ဝင်မည်ဆိုလျှင် ပိုင်အိမ်အားလည်း အိမ်တော်အသစ် ဆောက်ပေးသင့်သည့်ဟု ပိုင်လီကို သွားပူဆာ၍ သူမမိသားစုတစ်ခုလုံးက ဝိုင်းဝန်းဆူပူခြင်းကို ခံခဲ့ရရှာသည်။
ဒီလေထုကို မလှမ်းမကမ်းက အိမ်တော်ထဲဝင်လာမည့် အစေခံငါးယောက်က လှမ်းကြည့်နေခဲ့ကျပြီး သူတို့၏မျက်ဝန်းများက မတူညီစွာဖြင့် တောက်ပလာခဲ့ကျ၏။
အဲဒီထဲမှာတော့ ကျားယန်လို့ခေါ်တဲ့ အမျိုးသမီး၏ မျက်လုံးတွေက အတောက်ပဆုံးဖြစ်နေခဲ့သည်။
...........................................
(AN/ ဇာတ်သိမ်းထိ paid gpမှာ 5500နဲ့ဖတ်လို့ရပါပြီ။ gpဝင်ချင်တဲ့သူတွေက fb မှာဆို "ဒီအမျိုးသမီးမှာ ဒေါသတွေမရှိတော့ပါ" ဆိုတဲ့အကောင့်ကိုလာနိုင်ပြီး tele မှာဆိုရင် username @PS12001100 ကိုလာရှာနိုင်ပါတယ်။
နောက်တစ်ပိုင်းရဲ့ ခေါင်းစဥ်ခွဲက "အိမ်အသစ်ဆောက်လုပ်ခြင်း"ပါတဲ့ရှင်။💖)
###
အပိုင်း (၁၃၄) အစေခံများ