ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်...
By KimHsuYoon99
115K 13.8K 109
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xig... More
Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 24
Chapter 23
Chapter 25
Chapter 26
Chapter 27
Good news😍
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 64
Chapter 63
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108
Chapter 82
751 111 0
By KimHsuYoon99
Unicode
မိန်းကလေးကုကို ချစ်ခင်ကြောင်း ဖော်ပြတဲ့လူ များလွန်းတဲ့အပြင် ဟောင်ကောင်မြို့မှ ချန်းမိသားစုရဲ့ စတုတ္ထသခင်လေးကတောင် ကုမျန်ကို supportဖို့ Weibo မှာ အထူးတလည်ပို့စ်တင်ခဲ့တာကြောင့် ဒီတစ်ခေါက် လော့ချယ် repostပြန်လုပ်တာက အာရုံစိုက်ချင်စရာ မဖြစ်ခဲ့တာပင်။
ချန်းကျစ်ရဲ့ Weibo ကိုမြင်ပြီးနောက် လော့ကျစ်ယွီက စိတ်ရှုပ်ထွေးမှုတချို့နဲ့ပြောလာတယ်။"ချန်းကျစ်လား? ချန်းမိသားစုရဲ့ စတုတ္ထသခင်လေးကို ငါကြားဖူးတယ် သူက gayဖြစ်ပြီး မိန်းမတွေကို သိပ်စိတ်မဝင်စားဘူးလို့ကြားတယ် သူက မြင်းပြိုင်ပွဲနဲ့ ကားပြိုင်ပွဲတွေမှာ လောင်းကြေးထပ်ဖို့လောက်ပဲသိတယ်တဲ့ ခယ်မလေးနဲ့ပတ်သက်တဲ့ Weiboပို့စ်ကို သူ ဘာလို့ ရုတ်တရက်ကြီး ပို့စ်ထတင်ရတာလဲ၊ ပြီးတော့ သူဘာပို့ထားလဲဆိုတာ မင်းသိလား"
[@ချန်းကျစ် : မမလေးကို ကားတူတူစီးဖို့ ဖိတ်ခေါ်ပါတယ်!] ဒီစာကြောင်းဘေးမှာ ဓာတ်ပုံတစ်ပုံရှိတယ်။
ဓာတ်ပုံထဲမှာက သူ့ရဲ့အနက်ရောင်ကားဖြစ်တယ်။
လော့ကျစ်ယွီ မျက်ခုံးပင့်လိုက်တယ်။ ချန်းကျစ်က ကုမျန်နဲ့ သူ့ကားကို တွဲတင်ထားပြီး ဒါက သူက သူမကို သဘောကျကြောင်း ပြသနေတယ်။
အမျိုးသားတွေအတွက်၊ သူတို့ရဲ့ကားက သူတို့ရဲ့ဇနီး‌လေးတွေပါ၊ အထူးသဖြင့် ချန်းကျစ်ပင်။
ဟောင်ကောင်ရဲ့ အထက်တန်းလွှာအသိုင်းအ၀ိုင်းမှာ  သူ့ရဲ့ကားတွေကြောင့် အမြဲနာမည်ကြီးလေ့ရှိတဲ့ ချန်းကျစ်က သူ့ကားကို အမျိုးသမီးတစ်ဦးနဲ့ ပထမဦးဆုံးအကြိမ်အဖြစ် စီးချင်ခဲ့တာဖြစ်ပြီး ဒါက  သူ့ရဲ့အပြုအမူအားလုံးထဲမှ တမူထူးခြားပုံပေါက်တဲ့တစ်ခုဖြစ်တယ်။
လော့ကျစ်ယွီက လော့ချယ်ဘက်ကို ကြည့်လိုက်တယ်။"သူတို့ တစ်ယောက်နဲ့တစ်ယောက် သိကြတာလား"
လော့ချယ်က အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်‌နေတဲ့ အမူအရာနဲ့ သူ့အင်္ကျီလက်စတွေကို လှိမ့်တင်လိုက်ပြီး "ငါဘယ်လိုသိမှာလဲ"
လော့ကျစ်ယွီက ဟာသတဝက်၊အလေးအနက်တ၀က်နဲ့ ပြောလာတယ်။"မင်းက သူ့ကောင်လေးမဟုတ်ဘူးလား မသိဘူးပေါ့လေ? ၀မ်းကွဲ ၊ ငါအကြံဉာဏ်ပေးတာ နားထောင် အင်တာနက်ပေါ်က အဲ့ဒီလူတွေက အရပ် 1.9 မီတာမြင့်ပြီး ဝမ်းဗိုက်ကြွက်သားတွေရှိပြီး ညတိုင်း အချီနှစ်ဆယ်လောက် လုပ်နိုင်ရင်တောင်  သူတို့က အသုံးမဝင်ဘူး! ဒီချန်းကျစ်ကိုပဲ ပိုဂရုစိုက် သူက ခယ်မလေးနဲ့ တစ်ခုခုတော့ရှိနေလောက်မယ်လို့ ငါထင်တယ်"
လော့ချယ်က လော့ကျစ်ယွီကို အေးစက်စက်အကြည့်တချက် ပေးလိုက်တယ်။ "လော့ကျစ်ယွီ တော်လိုက်တော့"
လော့ချယ်လည်း ချန်းကျစ်ဆိုတဲ့နာမည်ကို ကြားဖူးပေမယ့် လော့ကျစ်ယွီလိုမျိုးတော့ သူ့(ချန်းကျစ်)အကြောင်းကို အများကြီးမသိပေ။
ထိုလူက ဟောင်ကောင်မှာပဲနေပြီး အရင်က ပြည်မကြီးကို တစ်ခါမှ ခြေမချဖူးဘဲ ပြည်မကြီးရဲ့ ဖျော်ဖြေရေးနယ်ပယ်နဲ့ တစ်ခါမှ အထိအတွေ့မရှိဖူးပေ။
ဒါကြောင့် အခုတစ်ကြိမ် ကုမျန်ရဲ့Weibo ပို့စ်ကို ချန်းကျစ်တုံ့ပြန်တာက အထူးအဆန်းဖြစ်နေတာပင်။
လော့ကျစ်ယွီက ဖြစ်နိုင်ချေတစ်ခုကို တွေးမိသွားတယ်။"ဝမ်းကွဲ၊ Global International က သူတို့ရဲ့သမီးကို ချန်းမိသားစုနဲ့ လက်ထပ်ပေးဖို့ စိတ်ကူးရှိနေတာများလား"
Global International က တရုတ်နိုင်ငံမှာ ထိပ်ဆုံးမဟုတ်ပေမယ့်လည်း ၎င်းက မဆိုးရွားနေချေ။
ချန်းမိသားစုနဲ့ စီးပွားရေးလက်ထပ်ပွဲလုပ်ဖို့ကို သဘောတူဖို့က သူတို့အတွက် မဖြစ်နိုင်ဘူး။
လော့ကျစ်ယွီက လော့ချယ်ရဲ့ပခုံးကို ပုတ်ကာ "ဝမ်းကွဲ၊ ငါ မင်းကို အမြဲတမ်း ထောက်ခံနေမယ်!"
လော့ချယ် အန်မိတော့မယ်။ "ထွက်သွား!"
"ကောင်းပြီ ငါသွားမယ် ငါသွားမယ်!"
တစ်ခါတစ်လေမှာ ကုမျန်က သူ့ကို အရမ်းချစ်ပြီး တစ်ခါတလေကျတော့ သူ့ကို လုံးဝ မချစ်သလိုကြီးလို့ လော့ချယ် ခံစားရတယ်။ သူ ခေါင်းကိုက်ကိုက်နဲ့ မျက်ခုံးကို ဖျစ်ညှစ်လိုက်ရတယ်။
-----
‌ဖျော်ဖြေရေးနယ်ပယ်ရဲ့ လေ့ကျင့်ရေးခန်း။
မိန်းကလေးအဖွဲ့တစ်ဖွဲ့က ချွေးအပြည့်နဲ့ အကလေ့ကျင့်နေကြတယ်။
လေ့ကျင့်ရေးတ၀က်မှာ အနားယူနေတုန်း ယွီရှောင်းမန်က ရွှယ်ကွေ့၀မ်ဆီကို ပြေးလာရင်း ရေသောက်လိုက်တယ်။"ကွေ့လန်၊ Weibo ကို မြင်ပြီးပြီလား?"
ရွှယ်ကွေ့၀မ်က သူမနဖူးမှ ချွေးတွေကို တစ်ရှူးနဲ့သုတ်လိုက်ပြီး တွင်းထွက်ရေတစ်ပုလင်းကိုဖွင့်ကာ "မမြင်ရသေးဘူး၊ ဘာဖြစ်လို့လဲ?"
ယွီရှောင်းမန်က အားကျစွာနဲ့"နင်သိပါတယ် လတ်တလောရေပန်းစားနေတဲ့ ကုမျန်လေ Global International ရဲ့ သခင်မလေးတဲ့ Weibo မှာ သူမကိုယ်သူမရှင်းလင်းပြီးနောက် Global International တရား၀င်ဘလော့ဂ်က သူမရဲ့ Weibo ကို repostပြန်လုပ်ခဲ့တယ် ဝန်ထမ်းတွေအားလုံးကလည်း သူတို့ရဲ့အချစ်တွေကိုဖော်ပြပြီး သူမကို support နေကြပါတယ်လို့ ပြောထားတယ် Global Internationalရဲ့ဥက္ကဌက သူမရဲ့အဖေပဲ သူမက ဒီလောက်ရူးရူးမိုက်မိုက်တွေ ပြောရဲတာ အံ့သြစရာမရှိဘူး"
'ကုမျန်' ဆိုတဲ့ နာမည်ကိုကြားတော့ ရွှယ်ကွေ့၀မ်ရဲ့ မျက်လုံးတွေက အနည်းငယ် လှုပ်ရှားသွားတယ်။
အွန်လိုင်းမှာ ဖြစ်သွားတာတွေကို သူမ မသိဘူး။ ကုမျန်ကို တစ်ယောက်ယောက်က ဂရုစိုက်ပေးထားတာဆိုတဲ့ သတင်းကို  တစ်ယောက်ယောက်က အင်တာနက်ပေါ်မှာ တင်ခဲ့တာကိုတော့ သူမသိတယ်။ အဲဒီနောက်မှာတော့ ကုမျန်က Weiboမှာ ပို့စ်တစ်ခုပဲတင်ခဲ့ပြီး သူမကို ရေထဲဆွဲချချင်တဲ့ မင်းသမီးအားလုံးကို ပြန်နင်းခြေလိုက်ခြင်းနဲ့အတူ အခြေအနေတွေ ပြောင်းလဲသွားခဲ့တယ်။
Zawgyi
-----
Continue Reading
You'll Also Like
319K 45.1K 84
I don't own this story. Credit to Original Author/s and English Translator/s. Title-In the Apocalpyse,Jiao Jiao Struggled Every Day [JJSED] Author...
19.7K 1K 5
Author : Celine Gu Xi Jue Short chinese story Not Mine Myanmar Translation (Zawgyi&Unicode) 5July-8July(2020)
403K 52.1K 133
စာရေးသူ : ချင်းဟွားရန် အမျိုးအစား : Adventure, comedy, romance ,xuanhuan, psychological I own nothing.Just translating. Both unicode and zawgyi. #Not...
477K 68.4K 171