အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ...

By FlowerRainButterfly

1.5M 189K 3.7K

အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။ More

အပိုင်း (၁) ချိုမြိန်သောမျှစ်လေးများ
စွမ်းရည်ပြည့်ဝသောမုဆိုးကြီးနှင့် ရစ်ငှက်လေးများ
မုဆိုးကြီးနဲ့တောဝက်ကြီးနှစ်ကောင်
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-2
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-2
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-4
မုဆိုးကြီး၏ ပြည့်တန်ဆာအိမ်အားဖောက်ထွင်းမှု
အပိုင်း (၁၁) မုဆိုးကြီး၏ စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၂) တစ်ချိန်က အမှိုက်ကောင်ကပြောင်းလဲသွားပြီတဲ့
မုဆိုးကြီးပြောတဲ့ ကျိုးရှီနဲ့စုရှီတို့အကြောင်း
မုဆိုးကြီးအိမ်ကစားသောက်ပွဲ
မုဆိုးကြီးအိမ်ကစားသောက်ပွဲ-2
ရှောင်မိန်ပါဝင်သော ဆိပ်ကမ်းမြို့ကမိသားစုခရီးစဥ်
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁) မုဆိုးကြီး၏ နေအိမ်ဖောက်ထွင်းခံရမှု
လဲ့ရှီနှင့်ရှောင်အိမ်၏အရှက်မဲ့မှု
ရုံးတော်၏စီရင်ချက်
ရုံးတော်၏စီရင်ချက် -2
ရုံးတော်၏စီရင်ချက် -3
အပိုင်း (၂၆)
အပိုင်း (၂၇)
ရှောင်ဟန်ကဆံထိုးလေးကိုဖွတ်ထားတယ်
မုဆိုးကြီး၏ငွေသုံးကြမ်းမှုပေါက်ကြားခြင်း
မုဆိုးကြီး၏နွေးထွေးသောမိသားစု
အပိုင်း (၃၁)
အပိုင်း (၃၂)
မုဆိုးကြီးအိမ်သို့ရောက်ရှိလာတဲ့ မဖိတ်ခေါ်ထားသောဧည့်သည်များ
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇) ချောင်ရန်၏အလည်ပတ်ရောက်ရှိလာမှု
အပိုင်း (၃၈) စံပါယ်ပင်လေးသုံးပင်
💖Chibi💖
မုဆိုးကြီးအိမ်သို့ အသားဝယ်ချင်သူများရောက်ရှိလာခြင်း
အပိုင်း (၄၀)
နန်ချောင်းရွာက ရွာသားတစ်ဦးသေဆုံးခြင်း
အပိုင်း (၄၃)
အပိုင်း (၄၂)
အပိုင်း (၄၄)
အပိုင်း (၄၅)
အပိုင်း (၄၆)
အပိုင်း (၄၇)
အပိုင်း (၄၈)
အပိုင်း (၄၉)
မုဆိုးကြီးက ဇနီးလေးရဲ့စကားကိုနားမထောင်ဘဲ တောင်ပေါ်ကိုတတ်သွားပြီ
❌❌
မုဆိုးကြီး၏ဝက်ဝံအမဲလိုက်ခရီးစဥ်
မုဆိုးကြီးပြန်လာပြီ
အပိုင်း (၅၃)
ဝက်ဝံကြီးများကိုရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်
ဟင်းလင်းပြင်လေလံပွဲ
အပိုင်း (၅၆)
စံပါယ်ပင်လေးက မျိုးစိတ်သစ်ပါတဲ့
မိသားစုအတွက် လက်ဆောင်တွေ ဝယ် ဝယ် ဝယ်
အပိုင်း (၅၉)
ဟွမ်ဟွာ၏ဖိတ်ခေါ်မှု
မုဆိုးကြီးနှင့် ဟွမ်ဟွာ၏ ထိပ်တိုက်တွေ့ဆုံမှု
အပိုင်း (၆၂)
အပိုင်း (၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
မုဆိုးကြီးပြန်လာပြီ
ဇနီးလေး ငွေလက်မှတ်တွေကိုမင်းသိမ်းထားလိုက်
ပိုင်မိန်ရဲ့စံပါယ်ပင်လေးမရှိတော့ဘူး
(69)
ပိုင်လီ
မုဆိုးကြီးပြောတဲ့ ကျိုးရှီရဲ့ယုတ်မာမှုအကြောင်း
အပိုင်း (၇၁)
ကျိုးရှီ၏အလိမ်ညာပြဇာတ်
ထူးခြားဆန်းပြားသောချီးကားများ
အပိုင်း (၇၃)
အပိုင်း (၇၄)
အပိုင်း (၇၅)
အပိုင်း (၇၆)
အပိုင်း (၇၇)
အပိုင်း (၇၈)
အပိုင်း (၇၉)
အပိုင်း (၈၀)
အပိုင်း (၈၁)
အပိုင်း (၈၂)
အပိုင်း (၈၃)
အပိုင်း (၈၄)
အပိုင်း (၈၅)
အပိုင်း (၈၆)
အပိုင်း (၈၇)
အပိုင်း (၈၈)
အပိုင်း (၈၉)
ဇနီးလေး... ကလေးယူချင်နေတာလား?
မြေဝယ်ယူမှု
အပိုင်း (၉၂)
အပိုင်း (၉၃)
အပိုင်း (၉၄)
အပိုင်း (၉၅)
စပျစ်သီးခူးဖို့သွားခြင်း
စပျစ်သီးလေးများ
main story complete
(98)
(99)
အပိုင်း (၁၀၀)
(101)
(102)
၁၁၃
အပိုင်း (၁၀၄)
အပိုင်း (၁၀၅)
အပိုင်း (၁၀၆)
အပိုင်း (၁၀၇)
စပျစ်သီးဝိုင်ပြုလုပ်ခြင်း
အပိုင်း (၁၀၉)
အပိုင်း (၁၁၀)
အပိုင်း (၁၁၁)
အပိုင်း (၁၁၂)
အပိုင်း (၁၁၃)
တည်သီးလေးများကိုခူးဆွတ်ခြင်း
ဇနီးလေး၏ယုံကြည်မှု
ချောင်မိသားစုသို့ အလည်တစ်ခေါက်
စပျစ်ဝိုင်လက်ဆောင်
အပိုင်း (118)
စံပါယ်ပင်လေးအကြောင်းအားနှုတ်ပိတ်ခြင်း
ဇနီးလေးစိတ်ဆိုးသွားခြင်း
paid gp
ဇနီးလေးစိတ်ဆိုးသွားခြင်း-2
ဇနီးလေးအားချော့မြူခြင်း
လူဆိုးလေးရှောင်ဝူ
ယွီလျန်ဟွားမှာငွေတချို့ဖြုန်းခြင်း
အပိုင်း (၁၂၅)
ဇနီးလေးရွေးပေးတဲ့လက်ဆောင်
အပိုင်း (၁၂၇)
အပိုင်း (၁၂၈)
အပိုင်း (၁၂၉)
လှည်းအပြည့် စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၃၁)
ကျွန်စျေးသို့အလည်တစ်ခေါက်
အစေခံများ
ဇနီးလေး ကိုယ်မင်းကို ဂရုစိုက်ပေးမယ်
အိမ်အသစ်ဆောက်လုပ်ခြင်း
အပိုင်း (၁၃၇)
ကျိုးရှီကိုနှင်ထုတ်ခြင်း
အပိုင်း (၁၃၉)
မီးပုံးပွဲတော်
အပိုင်း (၁၄၁)
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်-2
အသေးလေးတွေရဲ့ ဗိုက်လုံးလေးတွေက မတူညီဘူး
ရှောင်အိမ်ရဲ့ အကြံသစ်
ပိုင်အမေ၏ အရိပ်အမွတ်
နှစ်ကိုယ်ကြားစကားဝိုင်း
ရှောင်အိမ်၏တောင်းပန်လာမှု
အပိုင်း (၁၄၉)
အပိုင်း (၁၅၀)

အပိုင်း (၁၃၃)

5.4K 817 8
By FlowerRainButterfly

အပိုင်း (၁၃၃) ဇနီးလေး... မိန်းမငယ်လေးတွေက အသေးလေးတွေအတွက်ပါကွာ

"အာ... ဒုက္ခပဲ! ဒီမနက်မှ ကျွန်တော့်ဇနီး ရွေးပေးခဲ့တဲ့ ခါးချိတ်အဆောင်လေး ကျနေခဲ့ပြီထင်တယ် အဖေ ဒီမှာခဏစောင့်ပါဦး! ကျွန်တော်သွားပြန်ရှာလိုက်ဦးမယ်!"

ပြောပြီးနောက် အလျှင်မြန်အထဲသို့ ပြန်ဝင်သွားသောပိုင်လီအား ပိုင်အဖေတစ်ယောက် တားချိန်ပင် မရှိခဲ့ပါချေ။ ဒါ့ကြောင့် သူက သက်ပြင်းချလိုက်ပြီးတော့ပဲ ချောင်ရန်နဲ့အတူ အပြင်ကနေ စောင့်နေလိုက်ရတော့တယ်။

ပိုင်အဖေက သူ့ရဲ့ဒုတိယသား ပြန်အလာကို စောင့်နေတုန်းမှာ ဝယ်လာတဲ့ အမျိုးသမီးနှစ်ယောက်နဲ့ မိန်းမငယ်လေးနှစ်ယောက်ကို ပြန်ပြန်ကြည့်ပြီး သက်ပြင်းမချပဲမနေနိုင်ခဲ့ပါဘူး။ သူက ရုတ်တရက်ကြီး သူတို့အိမ်ထဲကို လူစိမ်းတချို့ ဝင်ရောက်လာမှာကိုအနည်းငယ် စိတ်မသက်စာဖြစ်နေတယ်လေ။

ဒါပေမယ့်လည်း သေချာစဥ်းစားကြည့်လိုက်ရင်တော့ ထိုဝင်လာမည့် လူများ၏ အသက်စာချုပ်များအား သူတို့က ထိန်းချုပ်ထားလေရာ ထိုလူများက သူတို့ကို ဒုက္ခပေးဝံလိမ့်မည်တော့ မဟုတ်ပေ။ ဒီလိုစဥ်းစားပြီး ပိုင်အဖေက သူ့ကိုယ်သူ ဖြေသိမ့်နေချိန်မှာပဲ ပြန်ထွက်လာတဲ့ ပိုင်လီရဲ့နောက်မှာ လက်နှီးစုတ်နဲ့တူတဲ့ လူတစ်ယောက်ပါလာတာကို တွေ့လိုက်ရပါတယ်။

ပိုင်အဖေက ထခုန်လုမတတ်ပဲ...

"ဒုတိယ..မင်း... မင်း.. သူက ဘာလို့ မင်းနောက်ကလိုက်လာတာလဲ!"

ပိုင်လီမှာ နောက်က ကောင်လေးကို တစ်ချက်လှည့်ကြည့်လိုက်၍ သူက ပိုင်အဖေအား ရှင်းပြလိုက်လေသည်။

"အာ..ဒါက ဒီလိုဖြစ်သွားတာပါ အထဲရောက်မှ ကျွန်တော့်ရဲ့ ခါးချိတ်အဆောင်က ဝတ်လာခဲ့တာမဟုတ်ဘူးဆိုတာ သတိရသွားတယ်လေ အဲတာ ပြန်ထွက်လာတော့မလို့ပေ ဒီကောင်လေးက နောက်ထပ် အရိုက်ခံနေရတာနဲ့ သနားဖို့ကောင်းနေလို့ ကျွန်တော်... ဝယ်လာလိုက်တာ"

ပိုင်လီရဲ့စကားကို ဆုံးအောင်နားထောင်ပြီး နောက်တော့ ပိုင်အဖေသည် အိမ်ကအဖွားကြီး၏ အခုနောက်ပိုင်း ခံစားချက်များကို နားလည်လာသယောင်ပင် ခံစားခဲ့ရပေသည်။ သူတို့ရဲ့ဒုတိယသားက ဟုတ်တော့ မဟုတ်သေးဘူး။

"မင်း! အိုက်ယား... မင်းဝယ်မယ်ဆိုလည်း မင်းကိုအလုပ်တွေ ကူလုပ်ပေးနိုင်မယ့် သန်သန်မာမာနဲ့ ယောင်္ကျားသားကိုပဲ ဝယ်ပါတော့လား! ဒီယောက်ကိုကြည့်ဦး ခြေထောက်ကကျိုးနေသေးတယ် စိတ်ကလည်းမမှန်ဘူး သူကမင်းအတွက် ဘာအကူညီပေးနိုင်မှာလဲ! ဒုတိယရေ.. မင်းက သူများကိုသနားတာဟုတ်ပေမယ့် မင်းလူတိုင်းကို လိုက်ကယ်နေလို့မရဘူးလေ သူ့ကိုဒီလိုဖြစ်အောင် ငါတို့လုပ်ထားတာမှမဟုတ်တာ "

ပိုင်လီသည် ပိုင်အဖေ ပြောချင်တာကို နားလည်၍ ပိုင်အဖေကို နှစ်သိမ့်ပေးရန် ကြိုးစားခဲ့လေသည်။

"ကျွန်တော်သိပါတယ် ကျွန်တော်သိပါတယ် ဒါပေမယ့် ကျွန်တော့်ကိုယုံပါ သူက အရမ်းစျေးပေါပါတယ် ငွေချောင်း ဆယ့်ငါးချောင်းပဲရှိတယ် အဖေ.. ငွေချောင်းဆယ့်ငါးချောင်းက သာမာန်လူတွေအတွက် မနည်းတာသိပေမယ့် လူတစ်ယောက်ကို ဝယ်ဖို့အတွက်တော့ အရမ်းစျေးပေါလွန်းပါတယ် ပြီးတော့ သူ့ကို ဘာလို့ ဘာမှမလုပ်ခိုင်းနိုင်ရမှာလဲ သူက နည်းနည်းထော့နဲ့ထော့နဲ့ပဲ ဖြစ်နေရုံပါ  ကျွန်တော် သူနဲ့ စကားပြောကြည့်ပြီးပါပြီ သူက စိတ်မမှန်တာမျိုးမဟုတ်ပါဘူး အနည်းဆုံးတော့ သစ်သီးခြံက နောက်ဆို ပိုကြီးလာမှာဆိုတော့ သေချာပေါက် အစောင့်တချို့ကို ငှားရတော့မှာလေ ဒီတော့ သူ့ကို အစောင့်အဖြစ် ထားလို့ရသေးတာပေါ့ ကြည့်လေ အစာနည်းနည်းကျွေးရုံနဲ့ အစောင့်တစ်ယောက်ရမှာ လုပ်အားခလည်း ပေးစရာမလိုတော့ဘူး မကောင်းဘူးလား"

ဒါကိုကြားတော့ ပိုင်အဖေသည် စျေးက အမှန်တကယ်ကို​ နည်းပါး၍ အနည်းငယ်စဥ်းစားကြည့်လိုက်သော်လည်း သူက ခုထိ မျက်နှာသဲသဲကွဲကွဲ မမြင်ရအောင် ဆံပင်များနဲ့ဖုံးနေပြီး ခေါင်းငုံ့ထားသော လူကိုကြည့်ကာ သံသယအပြည့်ဖြင့် မေးလိုက်လေသည်။

"သူက.. တကယ်ပဲ စိတ်က ကောင်းတာကရော ဟုတ်ရဲ့လား "

ပိုင်လီက ဒီမေးခွန်းကြောင့် ရယ်ရခက်၊ ငိုရခက်ပါပင်။ တကယ်တော့ သူတို့တွေ လူကို ဘေးမှာထားပြီး ဒီလိုမျိုးတွေ ပြောနေကျတာက မယဥ်ကျေးဘူးလို့ ခံစားရပေမယ့်လည်း သူကမတတ်နိုင်ဘဲ...

"သေချာတာပေါ့ အဖေမယုံရင် ကြည့်လိုက်လေ"

ထို့နောက် ပိုင်လီသည် ထိုလက်နှီးစုတ်လေးကို ပြောလိုက်လေသည်။

"ဘာလုပ်နေတာလဲ မင်းနားလည်တဲ့အကြောင်း ခေါင်းငြိမ့်ပြလိုက်လေ"

ထိုအခါ ထိုကောင်လေး၏ခေါင်းမှာ အမှန်ပင် သုံးကြိမ်လောက် လုပ်ရှားသွားခဲ့သဖြင့် ပိုင်အဖေကလည်း အနည်းငယ် မျက်နှာပြေလျော့သွားခဲ့တော့၏။

အဲဒီမှာ ချောင်ရန်ကလည်း ဝင်ပြောလိုက်ပါတယ်။

"ကဲပါ ဦးလေးပိုင်ရယ် ဝယ်လာခဲ့ပြီပဲ ပြန်ရောင်းလည်း ရမှာမှမဟုတ်တော့တာ အဲတော့ ကုန်သွားတဲ့ငွေတန်အောင် အိမ်မှာမရှိရှိတာ ခိုင်းဖို့သာ ပိုင်လီကို ခေါ်သွားခွင့်ပြုလိုက်ပါတော့"

ဒါကြောင့်ပဲ ပိုင်အဖေသည် ဘာမှကိုမပြောနိုင်တော့ပဲ လက်ခံလိုက်ရတော့လေသည်။

နောက်တော့ သူတို့တွေ တည်းခိုအိမ်ကို ပြန်လာခဲ့ကျပါတယ်။

ပိုင်လီက မိန်းကလေးတွေကို သူ့မိသားစုက ကောတွေနဲ့တွေ့ဖို့ တစ်ခါတည်း ခေါ်သွားပေးခဲ့ပေမယ့် ဟိုကောင်လေးကိုတော့ အရင်ဆုံး ရေချိုးပြီး အဝတ်စားလဲခိုင်းပြီးမှပဲ တွေ့ပေးနိုင်လိမ့်မယ်။ မဟုတ်လို့ သူ့အိမ်က ကောငယ်လေးတွေ လန့်သွားရင် ဘယ်လုပ်ကျမလဲ။

ဒါကြောင့် သူက ရှောင်ဟန်ရယ် ကလေးတွေရယ်က ပိုင်မိန်အခန်းထဲမှာ ရှိနေကျ၍ မိန်းကလေးတွေကို ထိုအခန်းထဲ အရင်လွှတ်လိုက်ပြီး အနံ့ထွက်နေသည့် လူကိုမူ တခြားအခန်းထဲသို့ ခေါ်သွားခဲ့လေသည်။

ပိုင်လီက အခန်းထဲရောက်တာနဲ့ ထိုကောင်လေးကိုအဝတ်တစ်စုံပစ်ပေးလိုက်ပြီး...

"မင်း မြန်မြန် ရေချိုးလိုက်ပါတော့ ဘေးကလူတွေကိုအနံ့နဲ့သတ်နေသလိုပဲ ပြီးတော့ မင်းရဲ့ဆံပင်တွေလည်း ညှပ်ပြစ်လိုက်တော့ ဖီးလို့ရမှာလည်းမဟုတ်တော့ဘူး"

ခေတ်သစ်က လူတစ်ယောက်အနေနှင့် ပိုင်လီသည် ဆံပင်ညှပ်ခြင်းအပေါ် သိပ်အလေးမထားခဲ့ပေ။ ဆံပင်ဆိုတာ ပြန်ရှည်လာဦးမှာပဲလေ။

အနံ့ကိစ္စကတော့ ပိုင်လီက တကယ်ကိုပြောမနေချင်တော့ဘူး။ သူက တည်တည်ငြိမ်ငြိမ်နဲ့ စကားပြောချင်တာတောင် နှာခေါင်းကို လက်နဲ့အုပ်ထားရတဲ့ထိပဲလေ။ တည်းခိုအိမ်ကို ပြန်လာတဲ့လမ်းမှာဆိုရင်လည်း လှည်းပေါ်ကလူတွေအားလုံးက ဒီအနံ့ကြောင့်စကားပြောဖို့မပြောနဲ့ အသက်တောင် ဝဝမရှူကြည့်ရဲကျဘူး။ ဟိုမိန်းမငယ်နှစ်ယောက်ဆို အန်တောင်အန်လာကျသေးတယ်လေ။

ပိုင်လီသည် ပြောပြီးနောက် ပြန်ထွက်သွားခါနီးမှ ထပ်ပြောခဲ့လေသည်။

"ငါမင်းကိုထပ်ပြောမယ် ငွေဆယ့်ငါးချောင်းက ငါ့အတွက်သိပ်မများပေမယ့် သနားလို့ဆိုပြီး ဒီအတိုင်းတော့ အကုန်မခံနိုင်ဘူး အဲတော့ တစ်နှစ် ငါ့ဆီမှာအလုပ်လုပ်ရမယ် တစ်နှစ်ပြည့်တာနဲ့ မင်းရဲ့အသက်စာချုပ်ကို ပြန်ပေးမယ်လို့ ကတိပေးတယ် ဒါကိုမင်းမယုံလို့ရတယ် မင်းအခု ထွက်ပြေးသွားလို့လည်းရတယ် ဒါပေမယ့် အဲလိုဆိုရင် မင်းမှတ်ထားပါ မင်းကို ငါပြန်မဖမ်းမိခဲ့ဖူးဆိုရင်တောင် မင်းက ကျွန်တစ်ယောက်ပဲဖြစ်နေဦးမှာဖြစ်ပြီး မင်းရဲ့အသက်စာချုပ်ကလည်း သူများရဲ့လက်ထဲမှာရှိနေဦးမှာပဲ မင်းက ဘယ်တော့မှ တကယ်လွတ်လပ်နိုင်မှာမဟုတ်ဘူး"

ထို့နောက် ပိုင်လီသည် ထိုအနံ့ထွက်နေသည့်လူကိုတစ်ယောက်ထဲထားခဲ့လိုက်ကာ မြန်မြန်ထွက်ပြေးလာခဲ့တော့သည်။

တကယ်ကြီးနံတာ တစ်ခန်းထဲမှာဆို အနံ့ကြောင့် သေတော့မလိုပဲ။

ပိုင်လီသည် အခန်းအပြင်ရောက်မှ အသက်ဝဝရှူလိုက်ပြီး သူ့အိမ်က အသေးလေးတွေရှိနေသည့်အခန်းကို သွားလိုက်တော့သည်။ သူက အဲဒီကောင်လေး ထွက်ပြေး၊မပြေးကို တကယ်မစိုးရိမ်နေပါဘူး။ထွက်ပြေးသွားလည်း သူ့အတွက် ငွေအနည်းငယ်ဆုံးရှုံးသွားတာလို့ မှတ်လိုက်ရုံပဲရှိပြီး မထွက်ပြေးရင်လည်း အလုပ်သမားတစ်ယောက်ရှာဖို့ လျော့သွားတာသာရှိလိမ့်မည်။ ထိုကောင်လေးက တကယ်ပဲ ကျွန်ဆိုတဲ့ အမည်တပ်ခေါ်ခံခြင်းကနေ လွတ်ချင်နေတာဆိုရင်တော့ ထွက်မပြေးလောက်ဘူးလို့ သူထင်ပါတယ်။

ပိုင်လီက ထိုအကြောင်းကို ဆက်မတွေးတော့ဘဲ ပိုင်မိန်၏ အခန်းကိုဝင်လာတော့ တွေ့လိုက်ရသည်မှာ ဤသို့ပင်။

ကျွန်စျေးကနေခေါ်လာတဲ့ အမျိုးသမီးနှစ်ယောက်နဲ့ မိန်းကလေးငယ်လေးနှစ်ယောက်က ကြမ်းပြင်မှာဒူးထောက်နေကျပြီး သူမိသားစုကတော့ တစ်ဖက်မှာအစုလိုက်လေး ထောင့်ကပ်နေခဲ့ကျသည်။

ဒါက တကယ်ကို ရယ်ရခက်ငိုရခက်ပါပဲ။

ပိုင်လီကအရင်ဆုံး သူ့မိသားစုဆီသွားလိုက်ပြီးမှ...

"ဘာတွေဖြစ်နေကျတာလဲ ဘာလို့ဒီနားမှာစုနေကျတာလဲ ထိုင်ကျ မင်းတို့ကိုပြောစရာရှိတယ်"

ပိုင်မိန်သည် အစပိုင်းတွင် လန့်သွားသော်လည်း ထိုလူများက ဒူးထောက်လိုက်ပြီးနောက် အနည်းငယ်သဘောပေါက်သွားခဲ့ပြီပင်။ သူမရဲ့ဒုတိယအစ်ကိုက ကျွန်တချို့ဝယ်ဖို့သွားခဲ့တာဆိုတော့ ဒါက ဝယ်လာတဲ့လူတွေပဲဖြစ်ရမယ်။

ဒါကြောင့် သူမက ခုံမှာပြန်ထိုင်လိုက်ရင်းနဲ့...

"သူတို့က ဒုတိအစ်ကိုဝယ်လာတဲ့လူတွေလား ညီမလေးတို့က မနက်က ဝယ်လာတဲ့ လက်ဝတ်ရတနာတချို့ကို ကြည့်နေတာလေ သူတို့က ရုတ်တရက်ဝင်လာတော့ မလန့်ပဲနေပါ့မလားလို့"

ဒါက ပိုင်လီရဲ့ အမှားပါပင်။ သူက သူ့မိသားစုက ကောတွေနဲ့ ကလေးမလေးကို အဲဒီအနံ့ကြီး မရစေချင်တာကြောင့် ထိုမိန်းကလေးတွေကို အခန်းထဲက စောင့်ဖို့ မှာကြားခဲ့ပြီးနောက် ဟိုကောင်စုတ်လေးကို တခြားအခန်းထဲ ဆွဲခေါ်သွားခဲ့ရတာဖြစ်၍ သူ့မိသားစုကို အကျိုးကြောင်းတောင် မပြောခဲ့ရတာဖြစ်သည်။

ဒါကြောင့် သူက မိန်းကလေးတွေကို စပ်စပ်စုစုကြည့်နေသည့် သူသားလေးတွေကို တစ်ဖက်ကချီ၍ တစ်ဖက်က သူ့ဇနီးလေးကိုလည်း ခုံမှာထိုင်ဖို့ပြန်ထိုင်ဖို့ ခေါ်လာပေးလိုက်ပါတယ်။

ဒါကို အနည်းငယ်အသက်ကြီးတဲ့ အမျိုးသမီးနှစ်ယောက်က ခိုးကြည့်နေကျပေမယ့် မိန်းမငယ်လေးနှစ်ယောက်ကတော့ ခေါင်းကိုသာငုံ့ထားခဲ့တာကို ပိုင်လီကအကုန်မြင်ခဲ့ပေသည်။

စည်းမျဥ်းတွေကို သိပြီးသားလူတွေနဲ့ မသိသေးတဲ့လူတွေရဲ့ ကွာခြားမှုက ဒီနေရာမှာပဲ လွယ်တကူမြင်နိုင်ခဲ့ပါတယ်။

ပိုင်လီက လူတွေ သူ့ကို ဒူးထောက်တာကို မကြိုက်ဘူး။ ဒါပေမယ့် သူ့ဇနီးရှေ့မှာ ထိုအမျိုးသမီးတွေနဲ့ မိန်းမငယ်လေးတွေကို မျက်နှာသာပေးရာလည်း မရောက်ချင်တာကြောင့် သူက သူတို့တွေထိုင်ပြီးမှပဲ ထိုလူတွေကို ထခိုင်းလိုက်ပြီး...

"ရှောင်ဟန် မင်း အဲဒီမိန်းမငယ်လေးနှစ်ယောက်ကို တစ်ချက်ကြည့်ပါဦး သူတို့ကို အသေးလေးတွေကိုစောက်ရှောက်ဖို့ သင့်တော်မယ်ထင်လို့ ကိုယ်ဝယ်လာခဲ့တာ"

ရှောင်ဟန်သည် ယခုအချိန်တွင် အနည်းငယ်အတွေးများနေခဲ့တာဖြစ်သည်။ သူ့ခင်ပွန်းက မိန်းကလေး လေးယောက်ကို ဝယ်ပြီးပြန်လာတဲ့အချိန်မှာ သူဘယ်လိုလုပ် မမှင်သက်ဘဲနေနိုင်မှာလဲ။ ဒါပေမယ့်အခု သူ့ခင်ပွန်းပြောတာကြားတော့ သူက မနေနိုင်ဘဲ ပြန်မေးမိလိုက်တော့တယ်။

"ဒါ.. ဒါဆို ခင်ဗျားပြောတာက ခင်ဗျားက သူတို့ကို ကလေးတွေရဲ့ အစေခံတွေ ဖြစ်စေချင်တာလား"

ပိုင်လီက ခေါင်းငြိမ့်လိုက်၍...

"အမှန်ပဲ သူတို့က အရင်က သခင်မလေးတစ်ယောက်ရဲ့ ကိုယ်ပိုင်အစေခံတွေတဲ့လေ ဒါကြောင့် ကလေးတွေကို ဘယ်လိုခစားရမလဲဆိုတာ အထူးသင်ပေးနေရမှာမဟုတ်ဘူး"

ဒါကိုကြားတော့ ရှောင်ဟန်က လက်ခံဟန် ခေါင်းငြိမ့်လိုက်သော်လည်း သူက သူ့ခင်ပွန်းကို မသိမသာနှင့် အကဲခတ်နေခဲ့မိသည်ပင်။ သူတကယ် သိချင်မိတယ်။ သူ့ခင်ပွန်းက တကယ်ပဲ မိန်းမငယ်လေးတွေအပေါ်မှာ ဘာမှမရှိဘူးလား။

သူ့ဇနီးလေးက ခိုးကြည့်နေတာသိသည့် ပိုင်လီကတော့ အလွန်ကိုရိုးသားသည့် မျက်နှာလေးနှင့် ပြန်ကြည့်လိုက်ပြီးတော့သာ မေးလိုက်လေသည်။

"ဟမ်...ဘာဖြစ်လို့လဲ"

ခိုးကြည့်နေတာမိသွားသည့် ရှောင်ဟန်ကတော့ အလျှင်မြန်ခေါင်းရမ်းလိုက်၍ သူက...

"ဘာမှမဖြစ်ပါဘူး ကောင်းပါတယ် ခင်ဗျားစီစဥ်တာကောင်းတယ်"

###

အပိုင္း (၁၃၃) ဇနီးေလး... မိန္းမငယ္ေလးေတြက အေသးေလးေတြအတြက္ပါကြာ

"အာ... ဒုကၡပဲ! ဒီမနက္မွ ကြၽန္ေတာ့္ဇနီး ေ႐ြးေပးခဲ့တဲ့ ခါးခ်ိတ္အေဆာင္ေလး က်ေနခဲ့ၿပီထင္တယ္ အေဖ ဒီမွာခဏေစာင့္ပါဦး! ကြၽန္ေတာ္သြားျပန္ရွာလိုက္ဦးမယ္!"

ေျပာၿပီးေနာက္ အလွ်င္ျမန္အထဲသို႔ ျပန္ဝင္သြားေသာပိုင္လီအား ပိုင္အေဖတစ္ေယာက္ တားခ်ိန္ပင္ မရွိခဲ့ပါေခ်။ ဒါ့ေၾကာင့္ သူက သက္ျပင္းခ်လိဳက္ၿပီးေတာ့ပဲ ေခ်ာင္ရန္နဲ႕အတူ အျပင္ကေန ေစာင့္ေနလိုက္ရေတာ့တယ္။

ပိုင္အေဖက သူ႕ရဲ႕ဒုတိယသား ျပန္အလာကို ေစာင့္ေနတုန္းမွာ ဝယ္လာတဲ့ အမ်ိဳးသမီးႏွစ္ေယာက္နဲ႕ မိန္းမငယ္ေလးႏွစ္ေယာက္ကို ျပန္ျပန္ၾကည့္ၿပီး သက္ျပင္းမခ်ပဲမေနနိုင္ခဲ့ပါဘူး။ သူက ႐ုတ္တရက္ႀကီး သူတို႔အိမ္ထဲကို လူစိမ္းတခ်ိဳ႕ ဝင္ေရာက္လာမွာကိုအနည္းငယ္ စိတ္မသက္စာျဖစ္ေနတယ္ေလ။

ဒါေပမယ့္လည္း ေသခ်ာစဥ္းစားၾကည့္လိုက္ရင္ေတာ့ ထိုဝင္လာမည့္ လူမ်ား၏ အသက္စာခ်ဳပ္မ်ားအား သူတို႔က ထိန္းခ်ဳပ္ထားေလရာ ထိုလူမ်ားက သူတို႔ကို ဒုကၡေပးဝံလိမ့္မည္ေတာ့ မဟုတ္ေပ။ ဒီလိုစဥ္းစားၿပီး ပိုင္အေဖက သူ႕ကိုယ္သူ ေျဖသိမ့္ေနခ်ိန္မွာပဲ ျပန္ထြက္လာတဲ့ ပိုင္လီရဲ႕ေနာက္မွာ လက္ႏွီးစုတ္နဲ႕တူတဲ့ လူတစ္ေယာက္ပါလာတာကို ေတြ႕လိုက္ရပါတယ္။

ပိုင္အေဖက ထခုန္လုမတတ္ပဲ...

"ဒုတိယ..မင္း... မင္း.. သူက ဘာလို႔ မင္းေနာက္ကလိုက္လာတာလဲ!"

ပိုင္လီမွာ ေနာက္က ေကာင္ေလးကို တစ္ခ်က္လွည့္ၾကည့္လိုက္၍ သူက ပိုင္အေဖအား ရွင္းျပလိုက္ေလသည္။

"အာ..ဒါက ဒီလိုျဖစ္သြားတာပါ အထဲေရာက္မွ ကြၽန္ေတာ့္ရဲ႕ ခါးခ်ိတ္အေဆာင္က ဝတ္လာခဲ့တာမဟုတ္ဘူးဆိုတာ သတိရသြားတယ္ေလ အဲတာ ျပန္ထြက္လာေတာ့မလို႔ေပ ဒီေကာင္ေလးက ေနာက္ထပ္ အရိုက္ခံေနရတာနဲ႕ သနားဖို႔ေကာင္းေနလို႔ ကြၽန္ေတာ္... ဝယ္လာလိုက္တာ"

ပိုင္လီရဲ႕စကားကို ဆုံးေအာင္နားေထာင္ၿပီး ေနာက္ေတာ့ ပိုင္အေဖသည္ အိမ္ကအဖြားႀကီး၏ အခုေနာက္ပိုင္း ခံစားခ်က္မ်ားကို နားလည္လာသေယာင္ပင္ ခံစားခဲ့ရေပသည္။ သူတို႔ရဲ႕ဒုတိယသားက ဟုတ္ေတာ့ မဟုတ္ေသးဘူး။

"မင္း! အိုက္ယား... မင္းဝယ္မယ္ဆိုလည္း မင္းကိုအလုပ္ေတြ ကူလုပ္ေပးနိုင္မယ့္ သန္သန္မာမာနဲ႕ ေယာကၤ်ားသားကိုပဲ ဝယ္ပါေတာ့လား! ဒီေယာက္ကိုၾကည့္ဦး ေျခေထာက္ကက်ိဳးေနေသးတယ္ စိတ္ကလည္းမမွန္ဘူး သူကမင္းအတြက္ ဘာအကူညီေပးနိုင္မွာလဲ! ဒုတိယေရ.. မင္းက သူမ်ားကိုသနားတာဟုတ္ေပမယ့္ မင္းလူတိုင္းကို လိုက္ကယ္ေနလို႔မရဘူးေလ သူ႕ကိုဒီလိုျဖစ္ေအာင္ ငါတို႔လုပ္ထားတာမွမဟုတ္တာ "

ပိုင္လီသည္ ပိုင္အေဖ ေျပာခ်င္တာကို နားလည္၍ ပိုင္အေဖကို ႏွစ္သိမ့္ေပးရန္ ႀကိဳးစားခဲ့ေလသည္။

"ကြၽန္ေတာ္သိပါတယ္ ကြၽန္ေတာ္သိပါတယ္ ဒါေပမယ့္ ကြၽန္ေတာ့္ကိုယုံပါ သူက အရမ္းေစ်းေပါပါတယ္ ေငြေခ်ာင္း ဆယ့္ငါးေခ်ာင္းပဲရွိတယ္ အေဖ.. ေငြေခ်ာင္းဆယ့္ငါးေခ်ာင္းက သာမာန္လူေတြအတြက္ မနည္းတာသိေပမယ့္ လူတစ္ေယာက္ကို ဝယ္ဖို႔အတြက္ေတာ့ အရမ္းေစ်းေပါလြန္းပါတယ္ ၿပီးေတာ့ သူ႕ကို ဘာလို႔ ဘာမွမလုပ္ခိုင္းနိုင္ရမွာလဲ သူက နည္းနည္းေထာ့နဲ႕ေထာ့နဲ႕ပဲ ျဖစ္ေန႐ုံပါ  ကြၽန္ေတာ္ သူနဲ႕ စကားေျပာၾကည့္ၿပီးပါၿပီ သူက စိတ္မမွန္တာမ်ိဳးမဟုတ္ပါဘူး အနည္းဆုံးေတာ့ သစ္သီးၿခံက ေနာက္ဆို ပိုႀကီးလာမွာဆိုေတာ့ ေသခ်ာေပါက္ အေစာင့္တခ်ိဳ႕ကို ငွားရေတာ့မွာေလ ဒီေတာ့ သူ႕ကို အေစာင့္အျဖစ္ ထားလို႔ရေသးတာေပါ့ ၾကည့္ေလ အစာနည္းနည္းေကြၽး႐ုံနဲ႕ အေစာင့္တစ္ေယာက္ရမွာ လုပ္အားခလည္း ေပးစရာမလိုေတာ့ဘူး မေကာင္းဘူးလား"

ဒါကိုၾကားေတာ့ ပိုင္အေဖသည္ ေစ်းက အမွန္တကယ္ကို နည္းပါး၍ အနည္းငယ္စဥ္းစားၾကည့္လိုက္ေသာ္လည္း သူက ခုထိ မ်က္ႏွာသဲသဲကြဲကြဲ မျမင္ရေအာင္ ဆံပင္မ်ားနဲ႕ဖုံးေနၿပီး ေခါင္းငုံ႕ထားေသာ လူကိုၾကည့္ကာ သံသယအျပည့္ျဖင့္ ေမးလိုက္ေလသည္။

"သူက.. တကယ္ပဲ စိတ္က ေကာင္းတာကေရာ ဟုတ္ရဲ႕လား "

ပိုင္လီက ဒီေမးခြန္းေၾကာင့္ ရယ္ရခက္၊ ငိုရခက္ပါပင္။ တကယ္ေတာ့ သူတို႔ေတြ လူကို ေဘးမွာထားၿပီး ဒီလိုမ်ိဳးေတြ ေျပာေနက်တာက မယဥ္ေက်းဘူးလို႔ ခံစားရေပမယ့္လည္း သူကမတတ္နိုင္ဘဲ...

"ေသခ်ာတာေပါ့ အေဖမယုံရင္ ၾကည့္လိုက္ေလ"

ထို႔ေနာက္ ပိုင္လီသည္ ထိုလက္ႏွီးစုတ္ေလးကို ေျပာလိုက္ေလသည္။

"ဘာလုပ္ေနတာလဲ မင္းနားလည္တဲ့အေၾကာင္း ေခါင္းၿငိမ့္ျပလိုက္ေလ"

ထိုအခါ ထိုေကာင္ေလး၏ေခါင္းမွာ အမွန္ပင္ သုံးႀကိမ္ေလာက္ လုပ္ရွားသြားခဲ့သျဖင့္ ပိုင္အေဖကလည္း အနည္းငယ္ မ်က္ႏွာေျပေလ်ာ့သြားခဲ့ေတာ့၏။

အဲဒီမွာ ေခ်ာင္ရန္ကလည္း ဝင္ေျပာလိုက္ပါတယ္။

"ကဲပါ ဦးေလးပိုင္ရယ္ ဝယ္လာခဲ့ၿပီပဲ ျပန္ေရာင္းလည္း ရမွာမွမဟုတ္ေတာ့တာ အဲေတာ့ ကုန္သြားတဲ့ေငြတန္ေအာင္ အိမ္မွာမရွိရွိတာ ခိုင္းဖို႔သာ ပိုင္လီကို ေခၚသြားခြင့္ျပဳလိုက္ပါေတာ့"

ဒါေၾကာင့္ပဲ ပိုင္အေဖသည္ ဘာမွကိုမေျပာနိုင္ေတာ့ပဲ လက္ခံလိုက္ရေတာ့ေလသည္။

ေနာက္ေတာ့ သူတို႔ေတြ တည္းခိုအိမ္ကို ျပန္လာခဲ့က်ပါတယ္။

ပိုင္လီက မိန္းကေလးေတြကို သူ႕မိသားစုက ေကာေတြနဲ႕ေတြ႕ဖို႔ တစ္ခါတည္း ေခၚသြားေပးခဲ့ေပမယ့္ ဟိုေကာင္ေလးကိုေတာ့ အရင္ဆုံး ေရခ်ိဳးၿပီး အဝတ္စားလဲခိုင္းၿပီးမွပဲ ေတြ႕ေပးနိုင္လိမ့္မယ္။ မဟုတ္လို႔ သူ႕အိမ္က ေကာငယ္ေလးေတြ လန့္သြားရင္ ဘယ္လုပ္က်မလဲ။

ဒါေၾကာင့္ သူက ေရွာင္ဟန္ရယ္ ကေလးေတြရယ္က ပိုင္မိန္အခန္းထဲမွာ ရွိေနက်၍ မိန္းကေလးေတြကို ထိုအခန္းထဲ အရင္လႊတ္လိုက္ၿပီး အနံ႕ထြက္ေနသည့္ လူကိုမူ တျခားအခန္းထဲသို႔ ေခၚသြားခဲ့ေလသည္။

ပိုင္လီက အခန္းထဲေရာက္တာနဲ႕ ထိုေကာင္ေလးကိုအဝတ္တစ္စုံပစ္ေပးလိုက္ၿပီး...

"မင္း ျမန္ျမန္ ေရခ်ိဳးလိုက္ပါေတာ့ ေဘးကလူေတြကိုအနံ႕နဲ႕သတ္ေနသလိုပဲ ၿပီးေတာ့ မင္းရဲ႕ဆံပင္ေတြလည္း ညွပ္ျပစ္လိုက္ေတာ့ ဖီးလို႔ရမွာလည္းမဟုတ္ေတာ့ဘူး"

ေခတ္သစ္က လူတစ္ေယာက္အေနႏွင့္ ပိုင္လီသည္ ဆံပင္ညွပ္ျခင္းအေပၚ သိပ္အေလးမထားခဲ့ေပ။ ဆံပင္ဆိုတာ ျပန္ရွည္လာဦးမွာပဲေလ။

အနံ႕ကိစၥကေတာ့ ပိုင္လီက တကယ္ကိုေျပာမေနခ်င္ေတာ့ဘူး။ သူက တည္တည္ၿငိမ္ၿငိမ္နဲ႕ စကားေျပာခ်င္တာေတာင္ ႏွာေခါင္းကို လက္နဲ႕အုပ္ထားရတဲ့ထိပဲေလ။ တည္းခိုအိမ္ကို ျပန္လာတဲ့လမ္းမွာဆိုရင္လည္း လွည္းေပၚကလူေတြအားလုံးက ဒီအနံ႕ေၾကာင့္စကားေျပာဖို႔မေျပာနဲ႕ အသက္ေတာင္ ဝဝမရႉၾကည့္ရဲက်ဘဴး။ ဟိုမိန္းမငယ္ႏွစ္ေယာက္ဆို အန္ေတာင္အန္လာက်ေသးတယ္ေလ။

ပိုင္လီသည္ ေျပာၿပီးေနာက္ ျပန္ထြက္သြားခါနီးမွ ထပ္ေျပာခဲ့ေလသည္။

"ငါမင္းကိုထပ္ေျပာမယ္ ေငြဆယ့္ငါးေခ်ာင္းက ငါ့အတြက္သိပ္မမ်ားေပမယ့္ သနားလို႔ဆိုၿပီး ဒီအတိုင္းေတာ့ အကုန္မခံနိုင္ဘူး အဲေတာ့ တစ္ႏွစ္ ငါ့ဆီမွာအလုပ္လုပ္ရမယ္ တစ္ႏွစ္ျပည့္တာနဲ႕ မင္းရဲ႕အသက္စာခ်ဳပ္ကို ျပန္ေပးမယ္လို႔ ကတိေပးတယ္ ဒါကိုမင္းမယုံလို႔ရတယ္ မင္းအခု ထြက္ေျပးသြားလို႔လည္းရတယ္ ဒါေပမယ့္ အဲလိုဆိုရင္ မင္းမွတ္ထားပါ မင္းကို ငါျပန္မဖမ္းမိခဲ့ဖူးဆိုရင္ေတာင္ မင္းက ကြၽန္တစ္ေယာက္ပဲျဖစ္ေနဦးမွာျဖစ္ၿပီး မင္းရဲ႕အသက္စာခ်ဳပ္ကလည္း သူမ်ားရဲ႕လက္ထဲမွာရွိေနဦးမွာပဲ မင္းက ဘယ္ေတာ့မွ တကယ္လြတ္လပ္နိုင္မွာမဟုတ္ဘူး"

ထို႔ေနာက္ ပိုင္လီသည္ ထိုအနံ႕ထြက္ေနသည့္လူကိုတစ္ေယာက္ထဲထားခဲ့လိုက္ကာ ျမန္ျမန္ထြက္ေျပးလာခဲ့ေတာ့သည္။

တကယ္ႀကီးနံတာ တစ္ခန္းထဲမွာဆို အနံ႕ေၾကာင့္ ေသေတာ့မလိုပဲ။

ပိုင္လီသည္ အခန္းအျပင္ေရာက္မွ အသက္ဝဝရႉလိုက္ၿပီး သူ႕အိမ္က အေသးေလးေတြရွိေနသည့္အခန္းကို သြားလိုက္ေတာ့သည္။ သူက အဲဒီေကာင္ေလး ထြက္ေျပး၊မေျပးကို တကယ္မစိုးရိမ္ေနပါဘူး။ထြက္ေျပးသြားလည္း သူ႕အတြက္ ေငြအနည္းငယ္ဆုံးရႈံးသြားတာလို႔ မွတ္လိုက္႐ုံပဲရွိၿပီး မထြက္ေျပးရင္လည္း အလုပ္သမားတစ္ေယာက္ရွာဖို႔ ေလ်ာ့သြားတာသာရွိလိမ့္မည္။ ထိုေကာင္ေလးက တကယ္ပဲ ကြၽန္ဆိုတဲ့ အမည္တပ္ေခၚခံျခင္းကေန လြတ္ခ်င္ေနတာဆိုရင္ေတာ့ ထြက္မေျပးေလာက္ဘူးလို႔ သူထင္ပါတယ္။

ပိုင္လီက ထိုအေၾကာင္းကို ဆက္မေတြးေတာ့ဘဲ ပိုင္မိန္၏ အခန္းကိုဝင္လာေတာ့ ေတြ႕လိုက္ရသည္မွာ ဤသို႔ပင္။

ကြၽန္ေစ်းကေနေခၚလာတဲ့ အမ်ိဳးသမီးႏွစ္ေယာက္နဲ႕ မိန္းကေလးငယ္ေလးႏွစ္ေယာက္က ၾကမ္းျပင္မွာဒူးေထာက္ေနက်ၿပီး သူမိသားစုကေတာ့ တစ္ဖက္မွာအစုလိုက္ေလး ေထာင့္ကပ္ေနခဲ့က်သည္။

ဒါက တကယ္ကို ရယ္ရခက္ငိုရခက္ပါပဲ။

ပိုင္လီကအရင္ဆုံး သူ႕မိသားစုဆီသြားလိုက္ၿပီးမွ...

"ဘာေတြျဖစ္ေနက်တာလဲ ဘာလို႔ဒီနားမွာစုေနက်တာလဲ ထိုင္က် မင္းတို႔ကိုေျပာစရာရွိတယ္"

ပိုင္မိန္သည္ အစပိုင္းတြင္ လန့္သြားေသာ္လည္း ထိုလူမ်ားက ဒူးေထာက္လိုက္ၿပီးေနာက္ အနည္းငယ္သေဘာေပါက္သြားခဲ့ၿပီပင္။ သူမရဲ႕ဒုတိယအစ္ကိုက ကြၽန္တခ်ိဳ႕ဝယ္ဖို႔သြားခဲ့တာဆိုေတာ့ ဒါက ဝယ္လာတဲ့လူေတြပဲျဖစ္ရမယ္။

ဒါေၾကာင့္ သူမက ခုံမွာျပန္ထိုင္လိုက္ရင္းနဲ႕...

"သူတို႔က ဒုတိအစ္ကိုဝယ္လာတဲ့လူေတြလား ညီမေလးတို႔က မနက္က ဝယ္လာတဲ့ လက္ဝတ္ရတနာတခ်ိဳ႕ကို ၾကည့္ေနတာေလ သူတို႔က ႐ုတ္တရက္ဝင္လာေတာ့ မလန့္ပဲေနပါ့မလားလို႔"

ဒါက ပိုင္လီရဲ႕ အမွားပါပင္။ သူက သူ႕မိသားစုက ေကာေတြနဲ႕ ကေလးမေလးကို အဲဒီအနံ႕ႀကီး မရေစခ်င္တာေၾကာင့္ ထိုမိန္းကေလးေတြကို အခန္းထဲက ေစာင့္ဖို႔ မွာၾကားခဲ့ၿပီးေနာက္ ဟိုေကာင္စုတ္ေလးကို တျခားအခန္းထဲ ဆြဲေခၚသြားခဲ့ရတာျဖစ္၍ သူ႕မိသားစုကို အက်ိဳးေၾကာင္းေတာင္ မေျပာခဲ့ရတာျဖစ္သည္။

ဒါေၾကာင့္ သူက မိန္းကေလးေတြကို စပ္စပ္စုစုၾကည့္ေနသည့္ သူသားေလးေတြကို တစ္ဖက္ကခ်ီ၍ တစ္ဖက္က သူ႕ဇနီးေလးကိုလည္း ခုံမွာထိုင္ဖို႔ျပန္ထိုင္ဖို႔ ေခၚလာေပးလိုက္ပါတယ္။

ဒါကို အနည္းငယ္အသက္ႀကီးတဲ့ အမ်ိဳးသမီးႏွစ္ေယာက္က ခိုးၾကည့္ေနက်ေပမယ့္ မိန္းမငယ္ေလးႏွစ္ေယာက္ကေတာ့ ေခါင္းကိုသာငုံ႕ထားခဲ့တာကို ပိုင္လီကအကုန္ျမင္ခဲ့ေပသည္။

စည္းမ်ဥ္းေတြကို သိၿပီးသားလူေတြနဲ႕ မသိေသးတဲ့လူေတြရဲ႕ ကြာျခားမႈက ဒီေနရာမွာပဲ လြယ္တကူျမင္နိုင္ခဲ့ပါတယ္။

ပိုင္လီက လူေတြ သူ႕ကို ဒူးေထာက္တာကို မႀကိဳက္ဘူး။ ဒါေပမယ့္ သူ႕ဇနီးေရွ႕မွာ ထိုအမ်ိဳးသမီးေတြနဲ႕ မိန္းမငယ္ေလးေတြကို မ်က္ႏွာသာေပးရာလည္း မေရာက္ခ်င္တာေၾကာင့္ သူက သူတို႔ေတြထိုင္ၿပီးမွပဲ ထိုလူေတြကို ထခိုင္းလိုက္ၿပီး...

"ေရွာင္ဟန္ မင္း အဲဒီမိန္းမငယ္ေလးႏွစ္ေယာက္ကို တစ္ခ်က္ၾကည့္ပါဦး သူတို႔ကို အေသးေလးေတြကိုေစာက္ေရွာက္ဖို႔ သင့္ေတာ္မယ္ထင္လို႔ ကိုယ္ဝယ္လာခဲ့တာ"

ေရွာင္ဟန္သည္ ယခုအခ်ိန္တြင္ အနည္းငယ္အေတြးမ်ားေနခဲ့တာျဖစ္သည္။ သူ႕ခင္ပြန္းက မိန္းကေလး ေလးေယာက္ကို ဝယ္ၿပီးျပန္လာတဲ့အခ်ိန္မွာ သူဘယ္လိုလုပ္ မမွင္သက္ဘဲေနနိုင္မွာလဲ။ ဒါေပမယ့္အခု သူ႕ခင္ပြန္းေျပာတာၾကားေတာ့ သူက မေနနိုင္ဘဲ ျပန္ေမးမိလိုက္ေတာ့တယ္။

"ဒါ.. ဒါဆို ခင္ဗ်ားေျပာတာက ခင္ဗ်ားက သူတို႔ကို ကေလးေတြရဲ႕ အေစခံေတြ ျဖစ္ေစခ်င္တာလား"

ပိုင္လီက ေခါင္းၿငိမ့္လိုက္၍...

"အမွန္ပဲ သူတို႔က အရင္က သခင္မေလးတစ္ေယာက္ရဲ႕ ကိုယ္ပိုင္အေစခံေတြတဲ့ေလ ဒါေၾကာင့္ ကေလးေတြကို ဘယ္လိုခစားရမလဲဆိုတာ အထူးသင္ေပးေနရမွာမဟုတ္ဘူး"

ဒါကိုၾကားေတာ့ ေရွာင္ဟန္က လက္ခံဟန္ ေခါင္းၿငိမ့္လိုက္ေသာ္လည္း သူက သူ႕ခင္ပြန္းကို မသိမသာႏွင့္ အကဲခတ္ေနခဲ့မိသည္ပင္။ သူတကယ္ သိခ်င္မိတယ္။ သူ႕ခင္ပြန္းက တကယ္ပဲ မိန္းမငယ္ေလးေတြအေပၚမွာ ဘာမွမရွိဘူးလား။

သူ႕ဇနီးေလးက ခိုးၾကည့္ေနတာသိသည့္ ပိုင္လီကေတာ့ အလြန္ကိုရိုးသားသည့္ မ်က္ႏွာေလးႏွင့္ ျပန္ၾကည့္လိုက္ၿပီးေတာ့သာ ေမးလိုက္ေလသည္။

"ဟမ္...ဘာျဖစ္လို႔လဲ"

ခိုးၾကည့္ေနတာမိသြားသည့္ ေရွာင္ဟန္ကေတာ့ အလွ်င္ျမန္ေခါင္းရမ္းလိုက္၍ သူက...

"ဘာမွမျဖစ္ပါဘူး ေကာင္းပါတယ္ ခင္ဗ်ားစီစဥ္တာေကာင္းတယ္"

###

Continue Reading

You'll Also Like

28K 1.6K 51
နတ်မိစ္ဆာဘုရင်လေးနဲ့ လူသားအိမ်ရှေ့စံလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ။ ဘာသာပြန်လုံးဝမဟုတ်ပါ❌❌
3.8K 571 10
ဝင်ဖတ်လို့လည်းရတယ် လစ်လျူရှုလို့လည်းရတယ်...တစ်ခါတလေ စိတ်ကျဥ်းကျပ်သည့်အခါမှာ... ငါ စာတိုတွေ ရေးတတ်လာတယ်... စိတ်ခံစားချက်တွေ တိုက်မိသွားရင် ငါ့စာတိုတွေ...
1.5M 189K 156
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
232K 25.5K 87
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...