အမုန္းမွသည္...ခ်စ္ျခင္းဆီသို႔...

By MoeKyalPhyu14

152K 4.5K 278

မိဘတွေမတရားခံရမှုအတွက် ကလဲ့စားချေမယ့်ကောင်လေးတစ်ယောက် အမုန်းတရားတွေကနေလွတ်မြောက်နိုင်ပြီး ချစ်ခြင်းကိုရှာဖွေတ... More

🍂ဖတ္ေပးေစခ်င္🍂
💠Intro💠
🍁 Part 1🍁
🍁 Part 2🍁
🍁 Part 3🍁
🍁Part 4🍁
🍁 Part 5🍁
🍁Part 6🍁
🍁Part 7🍁
🍁Part 8🍁
🍁Part 9🍁
🍁Part 10🍁
🍁Part 11🍁
🍁Part 12🍁
🍁 Part 13🍁
🍁Part 14🍁
🍁Part 15🍁
🍁Part 16🍁
🍁Part 17🍁
🍁Part 18🍁
🍁Part 19🍁
🍁Part 20🍁
🍁Part 21🍁
🍁Part 22🍁
🍁Part 23🍁
🍁Part 24🍁
🍁Part 25🍁
🍁Part 26🍁
🍁Part 27🍁
🍁 Part 28🍁
🍁Part 29🍁
🍁Part 30🍁
🍁Part 31🍁
🍁Part 32🍁
🍁Part 33🍁
🍁Part 33.2🍁
🍁Part 33.3🍁
🍁Part 34🍁
🍁Part 35🍁
🍁Part 36🍁
🍁Part 37🍁
🍁Part 38🍁
🍁Part 39🍁
🍁Part 40🍁
🍁Part 41🍁
🍁Part 42🍁
🍁Part 43🍁
🍁Part 44🍁
🍁Part 46🍁
🍁Part 47🍁
🍁Part 48🍁
🍁Part 49🍁
🍁Part 50🍁
🍁Part 51🍁
🍁Part 52🍁
🍁Part 53🍁
🍁Part 54🍁
🍁Part 55🍁
🍁Part 56🍁
🍁Part 57🍁
🍁Part 58🍁
🍁Part 60🍁
🍁Part 59🍁
🍁Part 61🍁
🍁Part 62🍁
🍁Part 63🍁
🍁Part 64🍁
🍁Part 65🍁
🍁Part 66🍁
🍁Part 67🍁
🍁Part 68🍁
🍁Part 69🍁
🍁Part 70{Final}🍁

🍁Part 45🍁

1.1K 44 4
By MoeKyalPhyu14

[Unicode]

"ဒီက အစ်ကိုလေး...ဆိုင်ပိတ်တော့ပါမယ်ခင်ဗျ"

Waiter လေး၏ စကားကို ခွန်းဆက် ခေါင်းညိတ်ပြလိုက်သည်။ ဒီဆိုင်ထဲတွင် သူထိုင်နေသည်မှာ အတော်ပင်ကြာနေပြီဖြစ်သည်။ ခြေထောက်တွေ ထုံကျင်လာသည်အထိ ဖြစ်နေသော်လည်း တစ်နေရာကိုမှ မရွေ့ချင်။ သူ့ဦးနှောက်ထဲ အခုဏက အစ်ကိုနှစ်ယောက် ပြောသွားသော အကြောင်းအရာများကသာ ပြည့်နှက်လို့နေသည်။ ဘာမှကိုထပ်စဉ်းစားလို့မရတော့သည်အထိ ဦးနှောက်တစ်ခုလုံးက ပူထူလို့နေသည်။ ရင်ဘက်တစ်နေရာက နာကျင်မှုတို့ကလည်း လျော့မသွားပဲ ပိုပြီးတော့သာ တိုးလို့လာသည်။ ခွန်းဆက် ထုံကျင်နေသော ခြေထောက်တို့ကို အားတင်းကာရွေ့လိုက်ရင်း ကားပါကင်ဆီသို့သွားကာ ကားထဲဝင်ထိုင်လိုက်တော့သည်။

ကားထဲတွင်ထိုင်နေရင်း အကြောင်းအရင်းမရှိ  steering wheel ကို ငေးစိုက်ကြည့်နေသည်။မျက်ဝန်းနက်တို့ကတော့ နာကျင်မှုကြောင့် ရဲပတောင်းခက်နေသည်။ ခွန်းဆက် ရင်တစ်ခုလုံး လေးလံလို့နေသည်။ အစက မာန့်အား ဆွဲထားခြင်းကို မှန်သည်ဟုသာ သဘောထားခဲ့သော်လည်း ယခုတွင်တော့ အပြစ်ရှိစိတ်တို့ ၀င်လာကာ ဆွဲထားဖို့ လက်တွန့်လာခဲ့သည်။

မျက်ဝန်းများကို မှိတ်ချလိုက်ရင်း steering wheel ပေါ် ခေါင်းမှောက်ချလိုက်တော့ မြင်ကွင်းထဲပေါ်လာသည်က မိုးရေထဲတွင် တုန်လှုပ်စွာ ငိုကြွေးနေသော မာန်။ တစ်ဖန် မိုးကြိုးပစ်ချသံကြောင့် ကြောက်လန့်တကြား သူ့ရင်ခွင်ထဲတိုးဝင်လာခဲ့သော မာန့်ပုံရိပ်တို့က အစီအစဉ်တကျ မြင်ယောင်လို့လာသည်။ အစက ထင်ခဲ့သည်မှာ မိုးရွာခြင်းကို ကြောက်ရွံ့ခြင်းသည် သာမန်မျှသာ ဟူ၍။ ယခုတွင်တော့ သူမိသားစုကြောင့် ရခဲ့သည့် စိတ်ဒဏ်ရာ ဖြစ်နေခဲ့သည်တဲ့လား။ ဘယ်လိုစိတ်မျိုးနဲ့များ မာန့်လက်ကို ဆက်ဆွဲထားရမည်နည်း။သို့ပေမယ့် လက်လွှတ်ပေးဖို့ကိုလည်း သူမစွမ်းသာ။

မှိတ်ထားသော မျက်ဝန်းနက်ကလေးများမှ ရေစက်ကလေးများက တလိမ့်ချင်း steering wheel မှတစ်ဆင့် ကားကြမ်းပြင်သို့ သက်ဆင်းကုန်ကြသည်။ ခဏအကြာ ခေါင်းမှောက်ထားသူ၏ ပခုံးများက တုန်ရီလာကြတော့သည်။

"မာန်ရာ...မာန် ကျွန်တော် ဘယ်လိုလုပ်ရတော့မှာလဲ...ကျွန်တော့်ဘ၀ထဲ ခင်ဗျားရဲ့ဖြစ်တည်မှုက နေသားတကျဖြစ်တည်နေခဲ့ပြီမလို့ ခင်ဗျားမရှိတော့ရင် ကျွန်တော်ရူးသွားနိုင်တယ် မာန်ရဲ့...ရူးသွားလိမ့်မယ်..."

စကားသံအဆုံး ကားလေးအတွင်း အသံတို့က ပြန်တိုးဝင်သွားပြီး ရှိုက်သံတို့က ထွက်ပေါ်လာသည်။ ထို့နောက် တစ်ဖန်ထပ်ထွက်ပေါ်လာသော တိုးသဲ့သဲ့အသံလေး။

"ရက်စက်လိုက်တာ ကံကြမ္မာရယ်...ကျွန်တော် အလင်းကို ဆုံးရှံးခဲ့ပြီးပြီမလို့ မာန့်ကို ဆွဲထားမိတာ ကျွန်တော်မှားသွားလား...ကျွန်တော် သူ့ကို လက်မလွှတ်ပေးနိုင်ဘူးဗျ...မလွှတ်ပေးလိုက်နိုင်ဘူး... "

ထို့နောက် အသံတို့က တစ်ဖန်ပြန်တိုးဝင်သွားကာ တိတ်ဆိတ်သွားတော့သည်။ မိနစ်အနည်းငယ် ကြာပြီးသွားသည့်အခါတွင်တော့ Lamborghini မိုးပြာရောင်လေးသည် ညအမှောင်လမ်းမများထက် အရှိန်ပြင်းစွာ တရိပ်ရိပ်ပြေးနေတော့သည်။

*********************************
"ပြန်လာပြီလား သေးသေးလေး"

တံခါးဖွင့်ကာ ၀င်လာသော သော်တာနှင့်လင်းသာကို ကြည့်ပြီး မင်းမြတ်က မေးလိုက်ခြင်းဖြစ်သည်။မာန်ကတော့ ပြုံးစိစိဖြင့် သာကြည့်နေသည်။ သော်တာ မင်းမြတ်အား မကျေနပ်သည့်အကြည့်များဖြင့် ကြည့်လိုက်ပြီး

"ပြန်လာလို့ မင်းသောက်လုံးထဲ ငါ့ကိုမြင်ရတာပေါ့ ခွေးသားရဲ့"

"ယဉ်ကျေးလိမ္မာဆရာ လုပ်ပါလား ဟမ်...တအား ယဉ်ကျေးလွန်းလို့"

"မင်းသောက်ပေါက်ပိတ်ပြီး ဘာကိစ္စ ဒီကိုရောက်နေရတာလဲ အရင်ပြော"

လင်းသာကတော့ တွေ့တာနဲ့ တကျက်ကျက်ဖြစ်နေသော ထိုနှစ်ယောက်အား လျစ်လျူရှုလိုက်သည်။ တွေ့လိုက်တိုင်း တစ်မျိုးမဟုတ် တစ်မျိုးဖြင့် သော်တာ့အား မခံချင်အောင် စနောက်သော မင်းမြတ်ပုံစံက သူတို့အတွက်ရိုးနေပြီဖြစ်သည်။ လင်းသာ မာန့်အနားသွားကာ

"ညစာ စားပြီးသွားပြီလား"

"အင်း"

မာန် သော်တာနဲ့မင်းမြတ်ကိုကြည့်နေရင်း ခေါင်းညိတ်ကာဖြေလာသည်။

"ဆေးရော"

"သောက်ပြီးပါပြီ...ဒါနဲ့ မင်းတို့ အကြာကြီး ဘယ်သွားကြတာလဲ...ပြီးတော့ ခွန်းဆက်ရော မင်းတို့အတူသွားကြတာမလား"

မာန် တံခါးဝကို မျှော်ကြည့်ကာမေးတော့ လင်းသာ မသိမသာလေး သက်ပြင်းချရင်း ပြန်ဖြေသည်။ မာန့်ကို လိမ်ရမှာ စိတ်မသန့်သော်လည်း အခုအချိန်တွင် အမှန်တိုင်းပြောဖို့ မဖြစ်နိုင်ပေ။

"အာ...အဲ့တာက သူအိမ်မှာ လုပ်စရာရှိလို့တဲ့ အိမ်ပြန်သွားတာ...ဒီညမင်းကို ငါတို့စောင့်ပေးမယ်"

မာန် ထပ်မေးမလို့ပြင်လိုက်ပေမယ့် ထွက်ပေါ်လာသော မင်းမြတ် အသံအောက် အမေးစကားတို့ ပျောက်ရှသွားရသည်။

"ဆေးရုံဆိုမှတော့ လူနာလာကြည့်တာပေါ့ သေးသေးလေးရ"

"မင်းဆေးရုံ မင်းပြန်ပြီး မင်းလူနာ မင်းပြန်ကြည့်ပါလား"

လူနာရှေ့ထားပြီး ရန်ဖြစ်နေပြသော နှစ်ယောက်ကြောင့် မာန်နဲ့လင်းသာလည်း စကားစပြတ်သွားကာ ထိုနှစ်ယောက်ကိုသာ ထိုင်ကြည့်နေလိုက်တော့သည်။

"ဆရာဝန်ဖြစ်ပြီး တော်တော်အားယားနေတဲ့အကောင်...မင်းလို ဆရာဝန်တွေသာရှိရင် လူတွေမျိုးသုန်းကုန်လောက်ပြီ"

ထိုစကားကြောင့် မင်းမြတ်သဘောတကျရယ်လိုက်ပြီး ပြီတီတီရုပ်ဖြင့် သော်တာ့ကိုကြည့်လိုက်သည်။

"လူတွေ မျိုးသုဉ်းမှာ စိတ်ပူနေတယ်ပေါ့... ဒါဆို လူတွေ မျိုးသုဉ်းမသွားအောင် ကိုကိုနဲ့ ကျွန်တော် ပေါင်းပြီး မျိုးပွားကြမလားဟင်"

"ဘာ!!!"

"ကိုကို!! "

"ကိုကို!!"

'ဘာ'ဆိုသော သော်တာ့အသံနဲ့အတူ မာန်နဲ့လင်းသာ၏ 'ကိုကို'ဆိုသော အသံတို့က တစ်ပြိုင်နက်ထဲ အခန်းတွင် ပျံ့လွှင့်လာကြသည်။ ထိုသည်ကို သော်တာက သတိမပြုမိသေး။ မင်းမြတ်ကို ကြည့်ကာဖြင့်

"မင်းလင်နဲ့ မင်းဟာမင်း မျိုးသွားပွားပါလား ခွေးကောင်ရ!"

"အေးလေ...အဲ့ဒါကြောင့် ကိုကို့ကို ခေါ်နေတာလေ"

"ဒီ! ငါ...!! "

"ကိုကို!! "

"ကိုကို!! "

မာန်နဲ့ လင်းသာတို့၏ အသံက ထပ်ထွက်လာပြန်သည်။ ထိုအခါမှ သော်တာ သတိထားမိသွားကာ မျက်နှာတစ်ခုလုံးရဲတက်လာတော့သည်။ ဘေးက မင်းမြတ်မှာတော့ ပြုံးစိစိဖြင့် သော်တာ့ကိုကြည့်နေသည်။ ထိုအချိန် တံခါးဖွင့်ကာ ၀င်လာသော မိုးထက်နဲ့ကောင်းထက်။ အခန်းအတွင်း ထူးဆန်းနေသော လေထုကြောင့် တစ်ယောက်မျက်နှာတစ်ယောက်ပြန်ကြည့်ပြီး ကောင်းထက်က မိုးထက်အနားကပ်ကာ

"ငါတို့ ၀င်သင့်လားဟင်"

"တံခါးဖွင့်ထားပြီးမှတော့ ၀င်ကြတာပေါ့ကွာ"

နှစ်ကိုယ်ကြားရုံလေသံလေးဖြင့် မိုးထက်ပြန်ပြောလိုက်ပြီး အခန်းတွင်းပြန်ကြည့်မိတော့ သူတို့နှစ်ယောက်အား ပြုးကြည့်နေသော မျက်လုံးများကြောင့်

"ဘာ...ဘာလဲ...ဘာမှမလုပ်ထားဘူးနော်"

"မင်းကို ဘယ်သူက ဘာပြောနေလို့လဲ မိုးထက်"

ရယ်သံလေးဖြင့် ကောင်းထက်ပြောတော့

"သူတို့ကပြူးကြည့်နေတာကို"

"မင်းတို့ ၀င်လာလို့ဒီတိုင်းကြည့်မိရုံပဲကို...အိုးမလုံအုံပွင့်နေပြန်ပြီ"

"ဟေ့ရောင် မင်းမြတ် ဘာကိုအုံပွင့်ရမှာလဲ"

"မသိဘူးလေ"

"အယ် ဒါနဲ့ အစ်ကိုသော်တာ နေမကောင်းဘူးလား...မှန်းစမ်း"

မျက်နှာရဲနေသော သော်တာ့အနားသွားပြီး နဖူးပေါ်လက်တင်လိုက်သော မိုးထက်ကြောင့် ကောင်းထက်နဲ့မင်းမြတ် လှုပ်ရွရွဖြစ်သွားကာ မင်းမြတ်က သော်တာ့ကိုပခုံးမှကိုင်ကာ အနောက်သို့ဆွဲလိုက်ပြီး ကောင်းထက်က မိုးထက်လက်ကိုဆွဲယူလိုက်သည်။

"ကိုကိုက နေကောင်းတယ်...မင်းစမ်းစရာမလိုဘူး နော်ကိုကို"

"ကိုကို!! " x4

ဒီတစ်ခါတွင်တော့ မာန်နဲ့လင်းသာပင် မဟုတ်တော့ပဲ မိုးထက်နှင့်ကောင်းထက်၏ အသံတို့ပါထွက်လာကြတော့သည်။ အခေါ်ခံရသူ သော်တာမှာတော့ မျက်နှာက တစ်စထက်တစ်စ နီမြန်းလာတော့သည်။

"အဟမ်း!"

မာန်က ချောင်းအသာဟန့်ရင်း

"မင်းမြတ်"

"ဟုတ် အစ်ကို"

"ဘယ်ကနေ ဘယ်လို ကိုကိုဖြစ်သွားတာလဲ"

"အာ...အဲ့တာက ပဲပေါက်စီ...အွန့်"

"ဘာမှမဟုတ်ဘူး မာန်...သူလျှောက်ပြောနေတာ"

မင်းမြတ်ပါးစပ်ကို လက်နဲ့ပိတ်ကာ အတင်းဝင်ပြောလာသော သော်တာ။ ကျန်၎ယောက်မှာတော့ မျက်လုံးများအပြူးသားဖြင့် ထိုမြင်ကွင်းကိုကြည့်နေကြသည်။

"မဟုတ်ဘူး အစ်ကို...ပဲပေါက်စီ အား!!! "

သော်တာ သူ့လက်ကို အတင်းဆွဲဖယ်ပြီး ပြောရန်လုပ်နေသောသူအား ကြည့်မရတော့တာကြောင့် လက်ကိုဆွဲယူပြီး လက်ကောက်ဝတ်နားကို ကိုက်ချလိုက်တော့သည်။

"အား!!...နာ နာ နာတယ်ကိုကို...လွှတ်တော့နော်...မပြောတော့ဘူး"

ထိုအခါမှ လက်ကိုလွှတ်ပေးလာတာကြောင့် အကိုက်ခံလိုက်ရသော  လက်ကောက်ဝတ်ကို ကျန်တစ်ဖက်နဲ့ဖိရင်း

"အားလားလား...ခွေးကျနေတာပဲ...လူထင်နေတာ လက်စသတ်တော့ ခွေးဖြစ်နေတာကို"

"မင်း!! "

"သော်တာ တော်တော့...ဟိုမှာ မင်းကိုက်လိုက်တာ တကယ်နာသွားပြီထင်တယ်"

"နာပြီး သေသွားလည်း ကောင်းတယ်...မသနားဘူး"

သော်တာ မင်းမြတ်ကို မျက်စောင်းထိုးရင်း ပြောလိုက်သည်။

"အား!! သေပါပြီ"

ရုတ်တရက်ထအော်သူကြောင့် မိုးထက် အလန့်တကြားဖြင့်

"ဘာ ဘာဖြစ်တာလဲ မင်းမြတ်"

"မျက်စောင်းလှလှလေးတစ်ခုကြောင့် ဟက်ထိသွားလို့"

မင်းမြတ်စကားကြောင့် သော်တာမှလွဲ၍ အကုန်လုံးပြုံးစိစိဖြစ်ကုန်တော့သည်။

"ဟာ! အခုမှသတိရတယ်"

"ဘာလဲ ဘာကို သတိရတာလဲ"

သော်တာ မေးငေါ့ကာ မေးတော့ မင်းမြတ်က မျက်နှာလေးငယ်ချလိုက်ပြီး မိုးထက်ဘက်လှည့်ကာ

"မိုးထက်"

"အင်း"

"မနက်ဖြန် ငါ့ကိုခွေးရူးပျောက်ဆေး ထိုးပေးစမ်းပါ... တော်ကြာ ငါ့ကိုကိုက်တဲ့ခွေးသေးသေးလေးက ရူးနေရင် ငါပါရူးသွားမှာဆိုလို့"

"မင်း!!! "

'၀ုန်း! "

တံခါးပိတ်သံမှာ မညင်သာ။ တစ်ယောက်ကပြေး တစ်ယောက်ကလိုက်ရင်း အခန်းပြင်ထွက်သွားသော နှစ်ယောက်။

"ကလေးတွေလည်း မဟုတ်ပဲ ဒီနှစ်ယောက်ကတော့"

မာန့်စကားကြောင့် ၄ယောက်သား ရယ်လိုက်ကြတော့သည်။

"ဒါဆို အစ်ကို ကျွန်တော်တို့လည်း ပြန်တော့မယ်နော်"

"အင်း ကားကိုဂရုစိုက် မောင်းကြအုံးနော်"

"ဟုတ်ကဲ့ သွားပြီနော် အစ်ကိုအလင်္ကာ အစ်ကိုလင်းသာ"

"သွားပြီနော် အစ်ကိုတို့"

ကောင်းထက်နဲ့မိုးထက်တို့ နှစ်ယောက်လည်း မာန်တို့အားနှုတ်ဆက်ကာ ထွက်လာကြသည်။ နှစ်ယောက်သာ ဘေးချင်းယှဉ်လျှောက်နေသော်လည်း စကားမဆိုပဲ တိတ်ဆိတ်စွာဖြင့်။ ထိုစဉ်

"နင် ကောင်းထက်မင်းယံ မဟုတ်လား"

သူတို့နှစ်ယောက်ရှေ့ လျှောက်လာပြီးလာနှုတ်ဆက်သော ကောင်မလေးတစ်ယောက်။ ပုံစံလေးက မြန်မာဆန်ဆန်လေးမို့ မြင်သူတိုင်းရင်အေးစေသည့် အလှမျိုးနဲ့ပြည့်စုံနေသည်။ ဆံပင်များကို ကျောဘက်တွင် ဖြန့်ချထားသည်မို့ ချစ်စဖွယ်မျက်နှာကလေးက ထင်းနေသည်။ ကောင်းထက်လည်း ထိုကောင်မလေးအား မမှတ်မိသည်ကြောင့်

"ဟုတ်ပါတယ်...ဒါနဲ့ အဲ့ဒီဘက်က ဘယ်သူ.. "

"ဟဲ့ ငါမေလေးလေ"

"ဪ မေလေး...နင်ကလဲ မတွေ့တာကြာတော့ မှတ်တောင် မမှတ်မိတော့ဘူး"

"ဘာလဲ အရင်ကထက် ပိုပြီးလှလာလို့လား"

"နင်က အရင်ကတည်းက လှတာပဲဟာကို"

"အင်းပါ နောက်နေ့မှ မုန့်လိုက်ကျွေးမယ် ဒါနဲ့ သူက..."

"သူက ငါရဲ့... ဟေ့မိုးထက် ခဏစောင့်အုံးလေ..."

မိတ်ဆက်ပေးမလို့ပြင်လိုက်စဉ် အနားမှထွက်သွားသူကြောင့် ကောင်းထက် စိတ်ထဲကျေနပ်သွားရတော့သည်။ ထို့နောက် ရှေ့မှ သူငယ်ချင်းမလေးကို ပြန်ကြည့်ကာ

"မေလေး နောက်မှပဲ နင့်ကိုဆက်သွယ်လိုက်မယ်...အခု ငါသွားတော့မယ်"

"အေးအေး"

ကောင်းထက်လည်း စကားစကိုဖြတ်ပြီး မိုးထက်နောက် အပြေးလိုက်ရတော့သည်။အားနာပေမယ့်လည်း မတက်နိုင်။ သူ့တွင် မိုးထက်လောက် အရေးကြီးတာ မိဘနှစ်ပါးကလွဲရင် ကျန်တာမရှိ။ကောင်းထက် မိုးထက်အားကြည့်လိုက်တော့ လမ်းလျှောက်မြန်လွန်းသူက ခဏတွင်းချင်းပင် ခပ်ဝေးဝေးသို့ ရောက်ရှိနေပြီဖြစ်သည်။

မိုးထက် ထိုနေရာတွင် ထပ်မရှိချင်တော့သည်ကြောင့် တမင်ကို ထွက်လာခဲ့ခြင်း ဖြစ်သည်။

"ဟက်! အရင်ကတည်းက လှတာဟုတ်လား...ဘယ်နားက လှနေလို့လည်း မသိ..."

အခုဏက ကောင်းထက်နဲ့ထိုမိန်းကလေးတို့ ပြုံးရယ်စွာ စကားပြောနေသော ပုံရိပ်များက သူ့မြင်ကွင်းထဲ ပြန်မြင်လာသည်မို့။

"ချီးပဲ! ခွေးသူတောင်းစား မိုးထက်...အယ် မှားလို့... ခွေးသူတောင်းစား ကောင်းထက်...သူ့ဟာမလေးတွေ့တော့ ပါးစပ်က နားရွက် တက်ချိတ်တော့မယ့်အတိုင်းပဲ..."

မိုးထက် တစ်ယောက်တည်းပြောရင်း စိတ်တိုတိုဖြင့် လမ်းလျှောက်လာခဲ့သည်မှာ သူတို့စီးလာရာ ကားသို့ပင်ရောက်ရှိလာလေသည်။ နောက်သို့လှည့်ကြည့်တော့ သကောင့်သား၏ အရိပ်တောင်မမြင်ရ။ မိုးထက်လည်း ကားတံခါးဖွင့်မည်အပြု သူ့လက်တစ်ဖက်ကို ဆွဲခံလိုက်ရပြီးနောက် ကားနဲ့သူ့ကျော အကပ်ခံလိုက်ရသည်။ ထိုသို့လုပ်သူက အခြားသူမဟုတ် ကောင်းထက်ပင်။ ဘယ်ကဘယ်လို ရောက်လာခဲ့မှန်းမသိ။ မိုးထက် ကောင်းထက်မျက်နှာကို ခပ်ထေ့ထေ့ကြည့်ရင်း

"ဘာလဲ အချစ်ဦးနဲ့ ဒီလောက်မြန်မြန်ပြောလို့ ပြီးသွားတာလား"

"မင်းသဝန်တိုနေတာလား မိုးထက်"

"အဟား...ရယ်ရတယ်...ငါက မင်းကို ဘာကိစ္စသဝန်တိုရမှာလဲ"

"သေချာလို့လား"

ပြောရင်း သူ့မျက်နှာ အနားနီးကပ်လာသော ကောင်းထက်မျက်နှာ။ နှုတ်ခမ်းချင်း ထိလုထိခင်အထိ နီးကပ်လာသည်ကြောင့် မိုးထက် အသက်ရှုကိုပင် အောင့်ထားလိုက်မိသည်။ ရင်ဘက်ထဲက အကောင်လေးကလည်း တဒုတ်ဒုတ်နှင့်။ မိုးထက် ထိုအခြေအနေကို ရင်မဆိုင်ရဲတော့စွာ မျက်လုံးကို စုံမှိတ်ချလိုက်တော့ ထွက်ပေါ်လာသည့် ရယ်သံသဲ့သဲ့။ ခန္ဓာကိုယ်နှစ်ခုကလည်း ဝေးကွာသွားတော့သည်။

"အဟွန်း"

ထိုရယ်သံကြောင့် မိုးထက်ချက်ချင်းပင် မျက်လုံးတို့ကို ပြန်ဖွင့်လိုက်ကာ ကောင်းထက်ကို စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။ ကောင်းထက်ကတော့ သူ့ကိုပြုံးစိစိနှင့် ကြည့်နေသည်ကြောင့် မိုးထက် ရှက်စိတ်တို့က တိုးထွက်လာတော့သည်။ သူ့အား ပြုံးပြီးကြည့်နေသော ကောင်းထက်အား အမြင်ကပ်လာသည်ကြောင့် ညာခြေထောက်ဖြင့် ကောင်းထက်၏ ဘယ်ဘက်ခြေကျင်းဝတ်အား လှမ်းကန်လိုက်တော့သည်။

"အ!! ဘာလို့ကန်တာလဲ မိုးထက်ရာ"

မိုးထက်ကတော့ မကြည့်ကြည့်တစ်ချက်သာ ပြန်ပေးရင်း ကောင်းထက်ရင်ဘက်ကို တွန်းဖယ်ကာ တံခါးဖွင့်ပြီး ကားထဲဝင်ထိုင်လိုက်တော့သည်။ သိသိသာသာ အခုန်မြန်နေသော ရင်ဘက်ကိုလည်း လက်ဖြင့်ဖိထားရသည်။ ခဏအကြာတွင် တစ်ဖက်ကားမောင်းသူ နေရာတွင်ဝင်ထိုင်လာသော ကောင်းထက်။ ကောင်းထက် မိုးထက်အားကြည့်ကာ တစ်ချက်ပြုံးလိုက်ရင်း ခါးပတ်ကိုဆွဲပတ်လိုက်သည်။ ထို့နောက် ကားလေးသည် ဆေးရုံဝန်းထဲမှ ထွက်ခွာသွားတော့သည်။ ကားအတွင်းတွင်တော့ ရင်ဘက်ကိုလက်ဖြင့်ဖိထားကာ အရှေ့သို့သာကြည့်နေသော ကောင်လေးနှင့် ထိုကောင်လေးအား ကားမောင်းနေရင်း တစ်ချက်တစ်ချက် လှမ်းလှမ်းကြည့်ကာ နှုတ်ခမ်းစွန်းတို့် ကော့တက်နေသော ကောင်လေးတို့ရှိလေသည်။

*********************************
"လင်းသာ မင်းတို့ ခွန်းဆက်နဲ့ စကားပြောခဲ့ကြတယ်မလား"

စားပွဲခုံတွင်ထိုင်ကာ ပန်းသီးအခွံခွာနေသော လင်းသာအား ကြည့်ကာ မာန်မေးလိုက်ခြင်းဖြစ်သည်။ မာန် အမေးစကားကြောင့် ဓားကိုင်ထားသော လင်းသာ လက်တို့်တန့်သွားရသည်။ ထိုသည်ကိုကြည့်ပြီး မာန်ရင်ထဲစိုးရိမ်လို့လာသည်။ သူတကယ်ကို စိုးရိမ်မိပါသည်။ ခွန်းဆက်အား သူနဲ့ပတ်သက်ပြီး ဖြစ်ခဲ့သောအကြောင်းအရာများအား သော်တာတို့ပြောပြလိုက်မည်ကို။

"အင်း"

လင်းသာ အသံပြန်ပြုလာတော့ မာန်က ဆက်၍မေးလာသည်။

"မင်းတို့ ဘာတွေပြောကြတာလဲ"

"ဘာရယ်တော့ မဟုတ်ပါဘူး...မင်းအလုပ်မှာ ပင်ပန်းနေလား ဘာလားပေါ့"

"ဒါပဲလား"

"အင်း ဒါပဲလေ"

လင်းသာ မာန့်မျက်လုံးများကိုကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။ ထိုအခါမှ မာန်စိတ်အေးသွားဟန်ဖြင့် သက်ပြင်းကိုခပ်ဖွဖွချသည်။ ထိုသည်ကိုကြည့်ပြီး လင်းသာ စိတ်မောရပြန်သည်။

"မာန် မင်းအိပ်တော့လေ...ဆရာဝန်က မင်းများများအနားယူရမယ်လို့ မှာထားတယ်"

"မင်းကရော"

"ခဏနေရင် သော်တာ ပြန်လာတော့မှာပါ...မင်း စိတ်ချလက်ချအိပ်"

မာန် ခေါင်းကို ညိတ်ပြပြီး

"အင်း Goodnight "

"Goodnight"

မျက်လုံးလေးများ မှိတ်ထားသော မာန့်အားကြည့်ရင်း လင်းသာ သက်ပြင်းတို့ချမိရပြန်သည်။

ဘယ်တော့များမှ မင်းအတွက် ပျော်ရွှင်ခြင်းတွေ ရောက်လာမှာလဲ မာန်ရယ်.....

ကုတင်ပေါ်မှ ကောင်လေးမှာတော့ မျက်လုံးတို့ကို မှိတ်ထားသော်လည်း အတွေးတို့က ပျံ့လွှင့်နေသည်။ အရင်ညတွေတုန်းက သူမအိပ်သေးမချင်း ခွန်းဆက်က သူ့လက်အား ဆုပ်ကိုင်ထားပေးခဲ့သည်။ ဒီနေ့တွင်တော့ ဆုပ်ကိုင်ခြင်းမခံရသော လက်ဖျားဆီမှ နွေးထွေးမှုတို့အား မာန်တောင့်တနေမိသည်။ ခဏအကြာတွင်တော့ ဆေးအရှိန်ကြောင့် မာန်တစ်ယောက် အိပ်မက်ကမ္ဘာထဲ ရောက်ရှိသွားတော့သည်။

"အိပ်သွားပြီလား"

အခန်းထဲသို့တိုးတိတ်စွာ ဝင်လာရင်း ကုတင်ထက်မှ မာန့်အားကြည့်ကာ မေးလာသော သော်တာ။ ဘေးတွင်တော့ မင်းမြတ်ပါပါလာသည်။ လင်းသာလည်း ခေါင်းညိတ်ပြလိုက်ပြီး

"အခုလေးပဲ အိပ်သွားတာ"

"အင်း...အိပ်ပါစေလေ သူပင်ပန်းနေပြီ"

"အင်း သူပင်ပန်းနေပြီ"

သော်တာစကားကို အနောက်က သံယောင်လိုက်ကာ လင်းသာ ပြောလိုက်သည်။ မင်းမြတ်လည်း မာန့်ကို တိတ်တဆိတ်သာ ကြည့်နေသည်။ ဘာတွေဖြစ်နေလဲတော့ သူမသိပေမယ့် အခုချိန်တွင်တော့ မာန်ရော ခွန်းဆက်ပါ ပင်ပန်းနေကြလိမ့်မည်ကိုတော့ သူသေချာသိပါသည်။ မင်းမြတ်လည်း မသိမသာလေး သက်ပြင်းချမိသည်။ ယောက်ကျားသား ၃ယောက်တို့ကတော့ ကုတင်ထက်လဲနေသော အမျိုးသားလေးအား ကြည့်ကာ အတွေးကိုယ်စီဖြင့် ငြိမ်သက်နေကြသည်။ အခန်းလေးအတွင်း အသက်ရှုသံပြေပြေလေးမှ လွဲ၍ အပ်ကျသံပင်ကြားရလောက်အောင်ကို တိတ်ဆိတ်မှုတို့ကသာ ကြီးစိုးနေခဲ့လေသည်။

*********************************
ခွန်းဆက်တစ်ယောက် မာန့်အခန်းထဲတွင် သော်တာပြောခဲ့သော ဒိုင်ယာရီစာအုပ်အား ရှာဖွေနေသည်။ စာအုပ်စင်နှင့် မာန့်အလုပ်စားပွဲတို့တွင် လိုက်ရှာသော်လည်း မတွေ့။ နောက်ဆုံးတွင်တော့ မာန့်အဝတ်ဗီရိုလေးထဲမှ အနက်ရောင်အဖုံးလေးနှင့် စာအုပ်လေးကိုတွေ့ရှိခဲ့ရသည်။ ခွန်းဆက် ထိုစာအုပ်လေးအား လက်လှမ်းယူရန် တွန့်ဆုတ်နေခဲ့သည်။ သူမသိချင်သော အကြောင်းအရာများ ဤစာအုပ်လေးထဲတွင် ပါဝင်နေလိမ့်မည်။ သို့သော် ထိုအကြောင်းအရာများကို သူသိသင့်သည်ဟူ၍လည်း ထင်မိသည်။ ခွန်းဆက် တုန်ရီစွာဖြင့် စာအုပ်လေးအား လက်လှမ်းယူလိုက်သည်။ စာအုပ်လေးအားကိုင်ထားသော လက်တို့က တုန်ရီနေသလို ခွန်းဆက်ရင်ထဲတွင်လည်း အကြောက်တရားတို့ ကြီးစိုးနေခဲ့သည်။ ထို့နောက် စာအုပ်ကိုင်ထားသော လက်တို့က ပို၍တုန်ရီလာပြီးနောက် စာအုပ်အား ကြမ်းပြင်ထက် ပစ်ချကာ ခွန်းဆက်အခန်းထဲမှ ပြေးထွက်ခဲ့တော့သည်။ တစ်ဖန် ကားအား မိုင်ကုန်အရှိန်တင်လိုက်ပြီးနောက် ခြံဝန်းထဲမှ မောင်းထွက်ခဲ့တော့သည်။

ခွန်းဆက် ကားကိုအရှိန်ပြင်းစွာမောင်းနှင်နေရင်း မျက်ရည်ကျနေရသည်မှာလည်း အခါခါ။ မာန်၏ မိခင်ဒိုင်ယာရီစာအုပ်အား ဖတ်ရန်သူ့တွင် သတ္တိတို့မရှိ။ ခွန်းဆက် စိတ်ထဲ စိုးရိမ်မှုကြီးစွာ ပူပန်လို့နေသည်။ သူကြောက်နေမိသည်။ စာအုပ်ထဲက အကြောင်းအရာများကြောင့် သူနဲ့မာန်ဝေးသွားမည်ကို စိုးရိမ်မိသည်။ မာန့်အား သူ့ဘဝထဲက ထွက်သွားခွင့်မပေးနိုင်ပါ။ အဆုံးထိ မာန့်ကို သူ့အနားတွင်သာ ရှိနေစေချင်သည်။ မာန်နဲ့အတူတူ ရယ်မောချင်သည်။ မာန်ငိုနေလျှင် သူချော့ချင်သည်။ အချိန်တိုင်း မာန့်ကို သူ့အနားတွင်သာ ရှိနေစေချင်သည်။

အခုချိန်တွင် မာန်နဲ့ပတ်သက်ပြီး ခွန်းဆက် သူ့စိတ်ကိုသူ အလုံးစုံနားလည်သွားပြီဖြစ်သည်။ သူမာန့်ကို ချစ်သည်။ အဆုံးရှုံးမခံနိုင်လောက်အောင်ကို ချစ်သည်။ အလင်းဆည်းဆာဟု အထင်မှားနေ၍ မဟုတ်ပဲ အလင်္ကာမုန်းမာန်ဆိုသော သူကို ချစ်ခြင်းသာဖြစ်သည်။ သို့ပေမယ့် သူ့စိတ်ကိုသူ သေချာသိသွားသည့်အခါတွင် နောက်ကျသွားပြီလားဟု စိုးရိမ်နေမိရပြန်သည်။

ခွန်းဆက် steering wheel ကိုထုရိုက်ရင်း အော်ဟစ်နေသည်။

"ကျွန်တော် မလုပ်ခဲ့ဖူးတဲ့ အပြစ်အတွက် ကျွန်တော်က ဘာလို့ခံစားနေရမှာလဲ...ကံကြမ္မာဆိုတာ ဘာမို့လို့ ဒီအရေးမပါတဲ့ အကြောင်းတရားတွေနဲ့ မာန့်ကို ကျွန်တော့်အနားက ဆွဲထုတ်နိုင်ရတာလဲ...သေချင်လောက်အောင်ကို နာကျင်နေပြီဗျ...ဘာလို့ ဘာလို့ ဒီလောက်မုန်းဖို့ကောင်းတဲ့ နာကျင်မှုတွေကိုပေးနေရတာလဲ...နှလုံးသားတစ်ခုလုံး စုတ်ပြတ်နေပြီဗျ...ကျွန်တော် ခံနိုင်ရည်မရှိတော့ဘူး...ခံနိုင်ရည်မရှိတော့ဘူးဗျာ... "

ခွန်းဆက် ကားလေးထဲ အော်ဟစ်နေရင်း ကားကိုလည်း အရှိန်ပြင်းစွာ မောင်းနှင်နေသည်။ ကားလေး၏ ဦးတည်ရာက မာန်ရှိနေသော ဆေးရုံလေးဆီသို့။

Time Skip,

ခွန်းဆက် အခန်းတံခါးကို အရှိန်ပြင်းစွာ တွန်းဖွင့်ရင်း ကုတင်ထက်အိပ်မောကျနေသူလေးအနား အပြေးသွားမိသည်။ သော်တာ၊ လင်းသာနဲ့ မင်းမြတ်တို့မှာတော့ ရုတ်တရက်ရောက်ရှိလာသော ခွန်းဆက်ကြောင့် အံ့ဩတကြီးဖြစ်သွားကြသည်။

"ရောင်နီ"

မင်းမြတ် လှမ်းခေါ်လိုက်သော်လည်း ခွန်းဆက်က သူ့အားလှည့်ကြည့်မလာပဲ မာန့်မျက်နှာကိုသာ စိုက်ကြည့်နေရင်း မျက်ရည်တို့က တသွင်သွင်စီးကျနေကြသည်။ မင်းမြတ် သော်တာနဲ့ လင်းသာ တို့ကိုကြည့်လိုက်မိတော့လည်း ခွန်းဆက်အား ကြည့်နေသည့် ထိုနှစ်ယောက်၏ အကြည့်တို့မှာ စိတ်မကောင်းဖြစ်နေသည်ဟန်တို့က အထင်သား ပေါ်လွင်နေသည်။ မင်းမြတ်လည်း တိတ်ဆိတ်နေလျက်သားနဲ့ပင် ခွန်းဆက်ကိုကြည့်နေမိတော့သည်။

နှစ်ခြိုက်စွာ အိပ်မောကျနေသော မာန့်ကိုကြည့်ရင်း ခွန်းဆက်မျက်ရည်တို့ ကျပြီးရင်းသာကျနေရသည်။ ဒီလူသားလေးက ငယ်ငယ်ကတည်းက နာကျင်မှုတွေကို ရင်ဝယ်ပိုက်ပြီး ကြီးပြင်းလာခဲ့ရသည်ဆိုသော အသိတို့က ခွန်းဆက်အား ပိုတိုး၍ မျက်ရည်ကျစေသည်။

သနားလွန်းလို့ ဘယ်လိုလုပ်ရပါတော့မလဲ။ အားနာလွန်းလို့ ဘယ်လိုလုပ်ရပါ့တော့မလဲ။ အရွယ်နဲ့မမျှအောင် ရခဲ့တဲ့ စိတ်ဒဏ်ရာတွေနဲ့ ဒီလူသားလေးကို သနားမိလွန်းလို့ ဘယ်လိုလုပ်ရပါတော့မလဲ။ တောင်းပန်လိုက်ရုံနဲ့ ပြေပျောက်သွားမှာ မဟုတ်သည့် စိတ်ဒဏ်ရာတွေကို ဘယ်လိုအင်အားမျိုးနဲ့ ကုစားပေးရပါ့မလဲ။

အိပ်ပျော်နေသူကို အနှောင့်အယှက်မပေးချင်သော်လည်း ယခုအချိန်တွင် ခွန်းဆက်တစ်ယောက် မာန်၏ အနွေးဓာတ်လေးအား အမှန်တကယ်လိုအပ်နေလေသည်။ ထို့ကြောင့် မာန်အား ပခုံးမှဆွဲကိုင်ကာ ရင်ခွင်ထဲထည့်၍ ဖက်ထားလိုက်တော့သည်။ မာန့်ပခုံးပေါ် ခွန်းဆက် ခေါင်းမှောက်ချလိုက်ရင်း

"မာန်ရာ ကျွန်တော် ဘယ်လိုလုပ်ရပါတော့မလဲ...လမ်းပြပေးပါအုံးဗျာ..."

မာန့်ကိုဖက်ထားရင်း ငိုနေသော ခွန်းဆက်ပုံစံကြောင့် အကြောင်းစုံကိုသိနေသော လင်းသာနဲ့သော်တာတို့မှာတော့ မျက်သားဖြူများက ရဲတက်လာကြပြီး လက်သီးများကို တင်းတင်းဆုပ်ထားရင်း မျက်ရည်မကျအောင် အံ့ကြိက်ကာ တောင့်ခံနေကြသည်။ မင်းမြတ်မှာလည်း အကြောင်းစုံကိုသေချာမသိသေးပေမယ့် သူငယ်ချင်းဖြစ်သူအား ကြည့်ရင်း မျက်ရည်တို့ဝဲတက်လာသည်။

မာန်မှာတော့ ရုတ်တရက်ကြီး သူ့အားဆွဲဖက်ကာ ငိုနေသောခွန်းဆက်ကြောင့် ဘာလုပ်ရမှန်းမသိဖြစ်နေသည်။ နိုးလာပြီး အသိဝင်ချိန်တွင် ခွန်းဆက်က သူ့အား ဖက်ကာ ငိုနေခဲ့လေသည်။ ခွန်းဆက်၏ ငိုသံကြောင့် မာန့် မျက်ဝန်းပြာတို့က နီရဲလို့လာသည်။

မာန် သူ့ကိုဖက်ထားသော ခွန်းဆက်၏ ရင်ထဲမှ ရုန်းထွက်လိုက်ပြီး ခွန်းဆက်မျက်နှာကိုကြည့်လိုက်သည်။ သဘောကျရသော မျက်ဝန်းနက်တို့က ငိုထားသည်ကို သက်သေပြနေသည့်အလား နီရဲလို့နေသည်။ ပါးပြင်ထက်တွင်လည်း မျက်ရည်စီးကြောင်းတို့က အဆက်မပြတ်။ မာန် ရင်တို့နာကျင်ရပြန်ပါသည်။ မာန် သက်ပြင်းကို မသိမသာချမိသည်။

ငါ့အတွက်နဲ့ မငိုပါနဲ့ မောင်ရယ်...မင်းငိုရင် ငါရင်တွေကွဲလွန်းလို့ပါ.....

မာန် အသံများကို တုန်ရင်မသွားအောင် ထိန်းရင်း ခွန်းဆက်ကိုကြည့်ကာ ပြောလိုက်သည်။

"ဘာလို့ ငိုနေတာလဲ"

မာန် မေးတော့ ခွန်းဆက်က မာန့်လက်နှစ်ဖက်ကို ဆွဲကိုင်လိုက်ရင်း

"ကျွန်တော့်အနားက ထွက်မသွားပါနဲ့ မာန်ရယ်...ဘာတွေပဲ ဖြစ်လာဖြစ်လာ ကျွန်တော်တို့ အတူဖြေရှင်းကြမယ်လေ"

ခွန်းဆက်စကားအဆုံး မာန်က မျက်နှာကို တစ်ဖက်သို့ လွှဲသွားသည်။ ခွန်းဆက်လက်ထဲမှ သူ့လက်တို့ကိုလည်း ရုန်းထွက်လိုက်သည်။

"သွားတော့"

"ဟမ်! "

"မနက်ဖြန် ကွာရှင်းစာချုပ်ပို့လိုက်မှာမလို့ မင်းနဲ့ငါ ထပ်တွေ့စရာအကြောင်းမရှိတော့ဘူး...နောက်ထပ်ပြီး ငါ့ရှေ့ကို ထပ်ပေါ်မလာပါနဲ့တော့.... "

"မာန် ဘာလို့လဲ...ဘာလို့ ဒီလိုတွေလုပ်နေရတာလဲ"

ခွန်းဆက် မာန့်ပုခုံးနှစ်ဖက်ကို လှုပ်ခါကာ မေးသည်။ မာန်လည်း ခွန်းဆက်ရှေ့တွင် မျက်ရည်မကျအောင် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း အံ့ကြိတ်ကာ တင်းခံလို့နေသည်။

နာလိုက်စမ်းပါ ခွန်းဆက်ရယ်...မုန်းလိုက်စမ်းပါ. ..မင်းကို နာကျင်မှုတွေပဲ ပေးနေတဲ့ငါ့ကို နာကျည်းပစ်လိုက်စမ်းပါ...မေမေတို့အတွက် အမှန်တရားကို မယူပေးနိုင်တော့တဲ့ငါက မျက်နှာပြောင်တိုက်ပြီး မင်းရဲ့အနားမှာ ပျော်ရွှင်နေဖို့အတွက် ငါ့ကိုယ်ငါ လိပ်ပြာမလုံဘူး...ဒါကြောင့် ငါ့ကို ထားခဲ့ပြီး ဘဝအသစ်မှာ ပျော်လိုက်စမ်းပါ...ငါကတော့ မင်းတစ်ယောက်ကိုသာ စိတ်ထဲထည့်ထားပြီး တစ်သက်လုံး အပြစ်ခံယူသွားပါ့မယ်...ကျေးဇူးပြုပြီး နာကျည်းပစ်လိုက်စမ်းပါ...မုန်းလိုက်စမ်းပါ ကလေးရာ.....

ခွန်းဆက် သူ့အား မျက်နှာလွှဲထားသူကို ရင်နာနာနဲ့ စိုက်ကြည့်နေမိသည်။ မာန် သူ့အား အခုလို ဥပေက္ခာ ပြုထားသည်က မီးနဲ့အမြိုက်ခံရသည်ထက် ပို၍ ပူလောင်စေသည်။

ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါလား မာန်ရာ...ဒီကောင်က ခင်ဗျားအတွက်ဆို ရန်သူရှေ့တောင် ဒူးထောက်လည်စင်းခံပေးဖို့ ရဲပါတယ်.....

ခွန်းဆက် မာန့်ကိုကြည်နေမိရင်း အခန်းတွင်းဝေ့ကြည့်မိတော့ မင်းမြတ်တို့ရှိနေသည့် နေရာရှိ စားပွဲထက်မှ ပန်းသီးများနှင့် ဓားတစ်လက်ကို တွေ့လိုက်ရသည်။ မာန့်ပခုံးထက်မှ ခွန်းဆက်လက်တို့က လျှောကျသွားတော့သည်။ ခွန်းဆက် ဓားကိုယူရန်အတွက် ခြေလှမ်းကျယ်ကြီးများဖြင့် ထိုနေရာသို့ သွားတော့သည်။

မာန်မှာလည်း ခွန်းဆက်က အသံတိတ်သွားကာ အနားမှ ဖယ်ခွာသွားသည်ကြောင့် ခွန်းဆက်ကို လှည့်ကြည့်လိုက်သည်။ ခွန်းဆက်က ဓားကိုယူပြီးနောက် မာန့်အနားသို့ပြန်လာကာ မာန့်ရှေ့ ဓားကို ကမ်းပေးရင်း

"ရော! "

မာန် နားမလည်စွာ ခွန်းဆက်ကိုကြည့်မိသည်။ ခွန်းဆက်ကတော့ နီရဲနေသော မျက်ဝန်းနက်များဖြင့် မာန့်ကို နာကျင်စွာပြန်စိုက်ကြည့်နေသည်။

"ရော့!...ယူလေ"

ပြောရင်း ခွန်းဆက် မာန့်လက်တစ်ဖက်ကို ဆွဲကိုင်ကာ ထိုလက်ထဲ ဓားကိုထည့်ပေးလိုက်ပြီးနောက် အပေါ်မှ အုပ်မိုးထပ်ကိုင်လိုက်ပြီး ဓားအချွန်နေရာကို သူ့ဘယ်ဘက်ရင်အုံပေါ်တွင် ထောက်ထားပေးလိုက်သည်။

"ထိုးထည့်လိုက်..."

တစ်လုံးချင်းအေးစက်စွာပြောလာသော စကားသံအဆုံး အခန်းတွင်းလေထုက အေးစက်လို့သွားသည်။ မာန်သည်လည်း အသိစိတ်တို့မကပ်နိုင်တော့ပဲ ခွန်းဆက်ကို ကြောင်အစွာ ကြည့်နေမိသည်။

ခွန်းဆက်ကတော့ ဓားကိုင်ထားသော မာန့်လက်ကိုဖိဆုပ်ကိုင်ထားကာ မာန့်မျက်ဝန်းပြာတို့ကို ပြန်စိုက်ကြည့်လိုက်ရင်း

"ထိုးထည့်ပြီး သတ်လိုက်... "

"ခွန်းဆက်!!! "

"နှလုံးသားတစ်ခုလုံးကလည်း စုတ်ပြတ်သတ်နေပြီမလို့ တစ်ခါတည်း အဆုံးသတ်ပေးလိုက်"

ပြောရင်း ခွန်းဆက်လက်တို့က တဖြည်းဖြည်းအားပါလာတော့သည်။

"ကျွန်တော်ပြောခဲ့ဖူးတယ်မလား...ကွာရှင်းဖို့ဆိုတဲ့စကား ထပ်ပြောရင် ခင်ဗျားရော ကျွန်တော်ရော မြေခစေရမယ်လို့...ဒါပေမယ့် ခင်ဗျားကို ကျွန်တော်မသတ်ရက်တော့ ခင်ဗျားကပဲ ကျွန်တော့်ကိုသတ်ပြီး စောက်ရေးမပါတဲ့ နာကျင်မှုတွေကနေ လွတ်မြောက်ခွင့်ပေးလိုက်..."

ပြောပြီး ခွန်းဆက်မျက်ဝန်းတို့်ကို မှိတ်ချကာ ဓားကိုတစ်ဆုံး ဖိသွင်းလိုက်တော့သည်။ သို့သော် ဓားကသူ့ရင်ထဲသို့ စိုက်ဝင်မသွားပါပဲ အရာတစ်ခုနဲ့ တင်းခံနေခဲ့သည်။ ခွန်းဆက် မျက်လုံးတို့ကိုဖွင့်ကြည့်မိတော့ ဓားသွားအား ဆုပ်ကိုင်ထားသော လက်ကလေးတစ်ဖက်က သွေးများစွာထွက်လို့နေသည်။ ခွန်းဆက် ဓားကိုဖိချလိုက်ချိန်တွင် မာန်က ဓားအသွားကို အားဖြင့်ဆုပ်ကိုင်လိုက်ခြင်းဖြစ်သည်။ ခွန်းဆက် မာန့်ကိုကြည့်မိတော့ သူ့အားခေါင်းခါပြရင်း မျက်ဝန်းပြာတို့က မျက်ရည်များ စီးကျနေသည်။ ခွန်းဆက် ဓားကိုလွှတ်ချလိုက်ပြီး သွေးများထွက်နေသော မာန်လက်ကလေးအား ဖွဖွလေးကိုင်ထားပေးရင်း မျက်ရည်တို့်က ကျရပြန်သည်။

"ဘာလို့လဲ မာန်ရာ...ဘာလို့လဲ"

ခွန်းဆက် မချိတင်ကဲစွာ ရေရွတ်မိသည်။ မာန်သည်လည်း ခွန်းဆက်ကိုကြည့်ရင်း မျက်ရည်တို့က ပိုတိုးလို့ကျလာသည်။

"ဘာလို့ ကိုယ့်ကိုကိုယ်နာကျင်အောင်လုပ်ရတာလဲ မာန်ရာ"

ငါဒီလိုမလုပ်ရင် မင်းကိုဆုံးရှုံးလိုက်ရမှာပေါ့.....

မာန် ခွန်းဆက်ကိုကြည့်ရင်း စိတ်ထဲကနေပြန်ပြောမိသည်။ ခွန်းဆက်ရင်တစ်ခုလုံး အစိတ်စိတ်အမွှာမွှာကွဲနေသလို နာကျင်နေရပြီဖြစ်သည်။ ထို့နည်းတူ မာန်သည်လည်း နှလုံးသားထဲ သွေးစိမ်းရှင်ရှင်ကျလို့နေသည်။ ဖြူဖြူနုနုလက်ဖဝါးလေးမှ သွေးများစီးကျနေသည်ကိုကြည့်ရင်း ခွန်းဆက်ယူကြုံးမရဖြစ်ရသည်။ ထိုဒဏ်ရာကိုကြည့်ပြီး ခွန်းဆက်ပို၍ နာကျင်ရသည်။ သို့သော် မာန်ကတော့ ဒဏ်ရာကြောင့် နာကျင်နေပုံတစ်စက်ကလေးမှ ရှိမနေပေ။ ခွန်းဆက် ကိုယ့်ကိုကိုယ်သာ အပြစ်တင်မိသည်။ သူသာ ရူးမိုက်တဲ့လုပ်ရပ်ကို မလုပ်ခဲ့ပါလျှင် မာန်အခုလိုဒဏ်ရာ ရမည်မဟုတ်။ တွေးရင်းနဲ့ပင် ပိုတိုးလို့ မျက်ရည်ကျလာရတော့သည်။

မာန် ခွန်းဆက်ကိုကြည့်ရင်း ရင်ထဲဆို့နစ်နေသည်။ ခွန်းဆက် ဓားကု်ဖိချလိုက်ချိန်တွင် မာန်ထူပူသွားခဲ့ပြီး ကျန်လက်တစ်ဖက်ဖြင့် ဓားအသွားကို စိတ်၏စေရာအတိုင်း ခပ်တင်းတင်းဆုပ်ကိုင်ထားခဲ့သည်။ ဓားအသွားနဲ့လက်ဖဝါးတို့ ထိသွားချိန်တွင် အသည်းခိုက်မတက်နာကျင်ရသော်လည်း ထိုနာကျင်မှုက ရင်ထဲမှ နာကျင်မှုကို မယှဉ်နိုင်ခဲ့ပေ။

မာန် သူ့လက်က ဒဏ်ရာကိုကြည့်ရင်း ငိုနေသူကို ခေါင်းမော့စေကာ ခေါင်းအနောက်ဘက်မှ ထိန်းကိုင်လိုက်ပြီး နှုတ်ခမ်းချင်းထပ်တူ ကျစေကာ ပြင်းရှသော အနမ်းတို့ကို စတင်လိုက်တော့သည်။

နောက်ဆုံးအနေနဲ့ မင်းရဲ့နှုတ်ခမ်းက ချိုမြိန်မှုတွေကို ငါသုံးဆောင်ပါရစေ မောင်.....

အစပထမတွင် ခွန်းဆက်ကရုန်းသော်လည်း မာန်က လွှတ်မပေးပဲ တင်းခံနေခဲ့သည်ကြောင့် ခွန်းဆက်လက်လျှော့လိုက်ကာ မာန်ဆွဲခေါ်သော အနမ်းလေးထဲလိုက်ပါစီးမျောလိုက်တော့သည်။ ခဏအကြာတွင် အနမ်းတိုက်ပွဲလေးက မရပ်သေးပါပဲ ဦးဆောင်သူကတော့ ပြောင်းသွားခဲ့သည်။ အခန်းထဲတွင် သော်တာတို့ရှိနေသည်ကို သိသော်လည်း အခုချိန်တွင်ဘာကိုမှ ဂရုမစိုက်ချင်သည့်စိတ်ကလေးကြောင့် မာန် လျစ်လျူရှု၍သာ နေလိုက်တော့သည်။ အချိန်တစ်ခုကြာပြီးနောက် မာန်နဲ့ခွန်းဆက်တို့၏ အနမ်းရေယာဉ်လေးက လမ်းခရီးအဆုံးသို့ရောက်ရှိသွားခဲ့သည်။

မာန် ခွန်းဆက်မျက်လုံးများကို စိုက်ကြည့်လိုက်ပြီး

"နာကျင်စေခဲ့မိလို့ တောင်းပန်ပါတယ်...ငါ့ကြောင့် ငိုခဲ့ရတာတွေအတွက်လည်း တောင်းပန်ပါတယ်...မင်းကို အတင်းလက်ထပ်ခဲ့မိလို့လည်း တောင်းပန်ပါတယ်"

သူ့ကိုကြည့်ရင်း တောင်းပန်ပါတယ်ဆိုသောစကားကိုသာ ထပ်နေအောင် ပြောနေသူကို ခွန်းဆက်ရင်နာနာဖြင့် စိုက်ကြည့်နေသည်။ ဒီစကားတွေပြီးရင် ဘာပြောလာမည်ဆိုတာကိုလည်း ခွန်းဆက်သိနေသည်။

မပြောပါနဲ့ မာန်ရယ်...လွှတ်ပေးပါလို့ မပြောလာပါနဲ့...မောင် မင်းကို မလွှတ်ပေးနိုင်ဘူး.....

သို့သော် ခွန်းဆက် ဆုတောင်းတို့ မပြည့်ခဲ့ပါ။ ခွန်းဆက် မကြားချင်သော စကားများကို မာန်က ပြောလာခဲ့သည်။

"ငါ့ကိုလွှတ်ပေးပါ ခွန်းဆက်...ကျေးဇူးပြုပြီး ကွာရှင်းပေးပါ"

"မာန်! "

"နောက်ထပ်ပြီး ငါ့အရှေ့ကို ပေါ်မလာပါနဲ့တော့... "

"....."

မာန် ထိုစကားများကို ခွန်းဆက်ကိုမကြည့်ပဲ မျက်နှာလွှဲရင်းသာ ပြောမိသည်။ ခွန်းဆက်ကိုကြည့်ပြီးပြောလျှင် ထိုစကားများသည် မာန့်နှုတ်မှ ထွက်လာမည်မဟုတ်ပေ။ ရင်ထဲမှ နာကျင်မှုကို တင်းခံလျ က် အံ့ကိုကြိတ်ကာပြောနေရသည်။

"မာန် မောင့်မျက်လုံးကို ကြည့်ပြီးပြော"

ဟင့်အင်း...မသုံးပါနဲ့...မောင်လို့မသုံးပါနဲ့ ခွန်းဆက်ရယ်...ငါရူးသွားလိမ့်မယ်.....

"မာန် မင်းဒီစကားတွေပြောတာ မင်းရဲ့စိတ်ထဲကမဟုတ်မှန်း မောင် သိတယ်...ဒါကြောင့် မောင့်ကိုကြည့်ပြီး မင်းစိတ်ထဲရှိတာ ပွင့်ပွင့်လင်းလင်းပြော"

မကြည့်ပါရစေနဲ့...မင်းရဲ့မျက်ဝန်းတွေထဲ ငါလမ်းပျောက်ခဲ့ရပေါင်းများပြီ...ဒါကြောင့် မကြည့်ပါရစေနဲ့တော့.....

မာန်ခေါင်းခါကာ ခွန်းဆက်ကိုကြည့်ဖို့ရင် ငြင်းဆန်နေသည်။ ခွန်းဆက် မာန့်ပခုံးနှစ်ဖက်ကိုကိုင်ကာ သူ့ဘက်လှည့်စေပြီး မျက်နှာကိုပင့်ကိုင်ကာ မျက်ဝန်းပြာများထဲ စိုက်ကြည့်လိုက်သည်။

"မာန် မောင်မင်းကို... "

"ခွန်းဆက် သွားပါတော့...ငါ့အရှေ့ကထွက်သွားပေးပါတော့"

ဟင့်အင်း မကြားပါရစေနဲ့...ဘာပြောမလဲဆိုတာကို သိတာမလို့ မကြားပါရစေနဲ့တော့.....

"မာန်... "

"ငါတောင်းပန်ပါတယ် ထွက်သွားပေးပါတော့"

မာန် ခွန်းဆက်လက်ထဲမှ ရုန်းထွက်လိုက်ရင်း ကုတင်ပေါ်မှဆင်းကာ ခွန်းဆက်ရှေ့ ဒူးထောက်ထိုင်ချလိုက်တော့သည်။ မျက်ဝန်းအိမ်ထက်မှ မျက်ရည်တို့ကလည်း အဆက်မပြတ်။

"တောင်းပန်ပါတယ်...ငါ့အနားက ထွက်သွားပေးပါတော့"

ခွန်းဆက် မာန်လုပ်လိုက်သည့်အရာကြောင့် ပြောစရာစကားတို့ပျေက်သွားကာ ဆွံ့အသွားတော့သည်။

အဲ့လောက်တောင်ပဲလား မာန်ရာ...မောင့်ကို အဲ့လောက်ထိတောင် မမြင်ချင်တော့တာလား...ဘာလို့ မပွင့်လင်းရတာလဲ မာန်ရာ...ဒီကောင်က ခင်ဗျားအတွက်ဆို အရာရာကို စွန့်လွှတ်ရဲတယ်ဆိုတာ ခင်ဗျားမသိဘူးလားဗျာ.....

ခွန်းဆက် မာန့်အားကြည့်နေတုန်းမှာပင် မာန့်ကိုယ်လေးက ကြမ်းပြင်ပေါ်လဲပြိုကျသွားတော့သည်။

"မာန်!!!!! "

Time Skip,

မင်းမြတ်နဲ့ခွန်းဆက် ကံ့ကော်ပင်လေးအောက်က ဒန်းအဖြူလေးတွင် ထိုင်နေကြသည်။ ခွန်းဆက်ကတော့ ခေါင်းငိုက်စိုက်ချထားလျက်ထိုင်နေကာ မင်းမြတ်ကတော့ အဝေးတစ်နေရာကို ငေးကြည့်နေသည်။

ခွန်းဆက်အား ဆေးရုံမှအိမ်သို့ မင်းမြတ်ပြန်ခေါ်လာခဲ့ခြင်းဖြစ်သည်။  လဲပြိုသွားသော မာန့်ကိုယ်လေးကို ပိုက်ထားရင်း သည်းထန်စွာငိုကြွေးခဲ့သော ခွန်းဆက်ပုံရိပ်က မင်းမြတ်မျက်လုံးထဲက အခုထိမထွက်သေးပေ။ စိတ်ပင်ပန်းလွန်းသည်ကြောင့် မာန်သတိလစ်သွားခဲ့ခြင်းဖြစ်သည်။ နှလုံးရောဂါအစပျိူးနေသူတစ်ယောက်အတွက် အခုလိုစိတ်ပင်ပန်းကာ ခဏခဏ သတိလစ်နေခြင်းက လုံးဝမကောင်းပေ။ အကြောင်းစုံကို ရေရေရာရာမသိရသေးပေမယ် အနည်းအကျဉ်းလောက်တော့ သော်တာက ပြောပြထားသည်ကြောင့် မင်းမြတ်သိထားသည်။

"ငါသူ့ကို အဆုံးရှုံးမခံနိုင်ဘူး"

ခေါင်းငိုက်စိုက်ချထားသော ခွန်းဆက်ဆီမှထွက်ပေါ်လာသော စကားသံ။ တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် ကြေကွဲဆို့နစ်မှုတို့က အသံတွင်ပါလာရောက်ထင်ဟက်နေကြောင်း သိသာလေသည်။

"ငါသူ့ကို ဆုံးရှုံးလိုက်ရရင် ငါရူးသွားလိမ့်မယ် မင်းမြတ်ရာ...သူမရှိရင်မဖြစ်ဘူး...သူမဟုတ်ရင်လည်း မဖြစ်ဘူး...ငါ့ကို ကူညီပါအုံး...ငါဘာလုပ်ရမလဲမသိတော့ဘူး... သူ့ကိုငါ့အနားမှာပဲ ရှိနေစေချင်ပေမယ့် ငါ့ကြောင့်ပဲ သူ့ရောဂါက ပိုဆိုးလာနေတယ်...ငါဆုတောင်းဖူးတယ်... သူ့ကိုမျက်ရည်မကျအောင် ထားနိုင်တဲ့သူဖြစ်ဖို့... ဒါပေမယ့် အခုတော့ သူမျက်ရည်ကျအောင် လုပ်တဲ့သူက ငါကိုယ်တိုင်ဖြစ်နေတယ်...ငါရင်တွေနာလိုက်တာ မင်းမြတ်ရာ...ရင်တွေနာလိုက်တာ... "

ပြောရင်း ခွန်းဆက်ပုခုံးများ သိမ့်သိမ့်တုန်လာတော့သည်။ မင်းမြတ်လည်း ခွန်းဆက်ကိုဖက်ထားလိုက်ပြီး ကျောပြင်ကိုပွတ်သတ်ကာ နှစ်သိမ့်ပေးနေသည်။

"ငါသူ့ကိုချစ်တယ်...ငါသူ့ကို ရင်ထဲအသည်းထဲကနေကို မြတ်မြတ်နိုးနိုးချစ်တာ... အနေကြာလို့ သံယောဇဉ်တွယ်တာလည်း မဟုတ်ဘူး...အလင်းနဲ့တူလို့ ဝေဝါးနေတာလည်း မဟုတ်ဘူး...မာန်ဆိုတဲ့ သူ့ရဲ့ဖြစ်တည်မှုကို ငါချစ်တာ...ငါသူ့ကို ချစ်မှန်းသိသွားတဲ့အခါကျမှ သူကငါနဲ့ဝေးရာကို ထွက်သွားဖို့ကြိုးစားနေတယ်...အခုဏက ငါသူ့ကို ချစ်တယ်ဆိုပြီး ပြောဖို့ရည်ရွယ်ထားခဲ့တာ... ငါဘာပြောမလဲဆိုတာကိုလည်း သူသိတယ်...သိသိရက်ရက်နဲ့ ငါပြောမယ့်စကားကို သူတားခဲ့တယ်...သူမကြားချင်ဘူးနဲ့တူတယ် မင်းမြတ်ရာ...ငါရူးတော့မှာပဲ"

ခွန်းဆက်ဖွင့်ဟလာသည့် စကားများကို နားထောင်ရင်း မင်းမြတ်ကတော့ ဘာမှပြန်မပြော။ အခုချိန် ကိုယ့်ဘက်က အားပေးစကားပြောသည်ထက် သူ့ဘက်က မွန်းကြပ်နေသည့်ခံစားချက်များကို ဖွင့်ဟလာသည်က ခွန်းဆက်အတွက် နည်းနည်းလေးပဲဖြစ်ဖြစ် ခံစားရတာ သက်သာစေနိုင်သည်လေ။

"ငါဘာလုပ်ရပါတော့မလဲ"

"အဖြေရှာကြည့်လေ"

မင်းမြတ်စကားကို ခွန်းဆက်က နားမလည်သည့်ဟန်ကြည့်လာတော့ မင်းမြတ်ခေါင်းညိတ်ပြလိုက်ပြီး

"အစ်ကို မင်းကို ဘာလို့တွန်းထုတ်နေရလဲဆိုတဲ့အကြောင်းကို အဖြေရှာကြည့်"

"ငါသိတယ် မင်းမြတ်"

"အကြောင်းစုံကော သိရဲ့လား"

"....."

"သွား ရောင်နီ... အဖြေကိုတွေ့အောင်ရှာ... အစ်ကို့အတွက် အမှန်တရားကို ရအောင်ရှာ...အဆုံးမှာ အစ်ကိုက မင်းအတွက်ပဲဖြစ်လိမ့်မယ်...မင်းကိုငါ ယုံတယ် ရောင်နီ"

"အင်း ဟုတ်တယ်...မာန့်အတွက် ငါအမှန်တရားကို ရှာပေးဖို့ အကြောင်းစုံသိရမှ ဖြစ်မယ်...ငါစာအုပ်ကို ဖတ်ကိုဖတ်ရလိမ့်မယ်"

တစ်ယောက်တည်းပြောသလို ရေရွတ်ရင်း မင်းမြတ်ကိုတောင် ခွန်းဆက် မကြည့်တော့ပဲ အိမ်ထဲလှမ်းဝင်သွားတော့သည်။ အိမ်ထဲဝင်သွားသော ခွန်းဆက်ကိုကြည့်ရင်း ဘယ်နှစ်ခါမြှောက်မှန်းမသိသည့် သက်ပြင်းကို မင်းမြတ် ချမိပြန်သည်။

ကံကြမ္မာက အကောင်အထည်သာ မမြင်ရတာ...လှလှပပကစားတဲ့သူ့ရဲ့ လှည့်ကွက်အောင် ခံစားရတဲ့သူတွေရဲ့ နာကျင်မှုက ရင်နဲ့မဆန့်အောင် အလုံးနဲ့အရင်းပါပဲလား.....

*********************************

ခွန်းဆက် မာန့်အခန်းဆီသို့လှမ်းလာရင်း တံခါးကိုဖွင့်လိုက်တော့ ဒိုင်ယာရီစာအုပ်လေးက သူပစ်ချထားခဲ့သည့်နေရာတွင် ငြိမ်သက်လျှက်။ ခွန်းဆက် ထိုစာအုပ်လေးအနားသွားကာ စာအုပ်ကိုကောက်ယူလိုက်ပြီး ဗီရိုကိုကျောမိှီကာ ထိုင်ချလိုက်တော့သည်။ စာအုပ်အဖုံးကို လှန်လိုက်တော့ ပထမစာမျက်နှာတွင် ဓာတ်ပုံလေးတစ်ပုံကို ကပ်ထားသည်။

အသက်၂၀ကျော်အရွယ် မိန်းကလေး ၃ယောက်နှင့် ယောက်ကျားလေး ၃ယောက်။ထိုမိန်းကလေး၃ ယောက်ထဲမှ တစ်ယောက်၏လက်ထဲတွင် ကလေးငယ်လေးကို ချီထားသည်။ ထိုကလေးငယ်လေးက မျက်ဝန်းပြာလေးများနှင့် ချစ်ဖို့ကောင်းနေပြီး သူ့အားချီထားသော မိန်းကလေးနှဲ့ ရုပ်ချင်းဆင်တူနေသည်။ ခွန်းဆက် ထိုပုံကို စိုက်ကြည့်နေမိသည်။ ထိုလူများထဲမှ ၃ယောက်ကို သူသိပါသည်။ Daddy ၊ Mommy နဲ့ မာယာ့အဖေ ဦးဟိန်းလင်းလျာ။ ကျန်၃ယောက်ကိုတော့ သူမသိ။ ကလေးအား ချီထားသော မိန်းကလေးက မာန့်မိခင်ဖြစ်ပုံရပါသည်။ မာန့်လိုမျိုး ထိုအမျိုးသမီးတွင်လည်း မျက်ဝန်းပြာလေးတို့ရှိနေသည်။

ခွန်းဆက် ပုံထဲမှ ကလေးငယ်၏ မျက်နှာလေးကို လက်ညိုးလေးဖြင့် တို့ထိကြည့်နေသည်။

မောင့်ရဲ့ မာန်က အမေတူသားလေးပဲ.....

တစ်ဖန်မာန့်မိခင်ဘေးမှ မိန်းကလေးပုံကိုကြည့်မိတော့ ရင်ထဲအမျိုးအမည်မသိသော ခံစားချက်ကဝင်ရောက်လာသည်။ ထိုမိန်းကလေး၏ပုံက သူ့အတွက်စိမ်းသက်မနေသည်မှာ ဘာကြောင့်လဲ သူမသိပေ။ ခွန်းဆက် ပုံလေးအားအတော်ကြာ စိုက်ကြည့်ပြီးနောက် စာရွက်အား ထပ်လှန်လိုက်လေတော့သည်။

*********************************

#21.3.2024
#🍁Moe Kyal Phyu🍁
*****
အရှည်ကြီးတင်ပေးလိုက်တယ်နော်..ဦးနှောက်လည်း ကုန်သွားပြီ...ရင်ဘက်တွေလည်း အောင့်သွားပြီ(╥﹏╥)...ဆိုတော့ နောက်တစ်ပိုင်းကနေစပြီး အရာအားလုံးဖြစ်ခဲ့တဲ့ အတိတ်ကို ပြန်သွားကြည့်ကြတာပေါ့...❤

ဒီအပိုင်းလေးမှာ မာန့်ကိုနားလည်ကြလားဟင်???

[Zawgyi]

"ဒီက အစ္ကိုေလး...ဆိုင္ပိတ္ေတာ့ပါမယ္ခင္ဗ်"

Waiter ေလး၏ စကားကို ခြန္းဆက္ ေခါင္းညိတ္ျပလိုက္သည္။ ဒီဆိုင္ထဲတြင္ သူထိုင္ေနသည္မွာ အေတာ္ပင္ၾကာေနၿပီျဖစ္သည္။ ေျခေထာက္ေတြ ထံုက်င္လာသည္အထိ ျဖစ္ေနေသာ္လည္း တစ္ေနရာကိုမွ မေရြ႕ခ်င္။ သူ႕ဦးေႏွာက္ထဲ အခုဏက အစ္ကိုႏွစ္ေယာက္ ေျပာသြားေသာ အေၾကာင္းအရာမ်ားကသာ ျပည့္ႏွက္လို႔ေနသည္။ ဘာမွကိုထပ္စဥ္းစားလို႔မရေတာ့သည္အထိ ဦးေႏွာက္တစ္ခုလံုးက ပူထူလို႔ေနသည္။ ရင္ဘက္တစ္ေနရာက နာက်င္မႈတို႔ကလည္း ေလ်ာ့မသြားပဲ ပိုၿပီးေတာ့သာ တိုးလို႔လာသည္။ ခြန္းဆက္ ထံုက်င္ေနေသာ ေျခေထာက္တို႔ကို အားတင္းကာေရြ႕လိုက္ရင္း ကားပါကင္ဆီသို႔သြားကာ ကားထဲ၀င္ထိုင္လိုက္ေတာ့သည္။

ကားထဲတြင္ထိုင္ေနရင္း အေၾကာင္းအရင္းမရိွ  steering wheel ကို ေငးစိုက္ၾကည့္ေနသည္။မ်က္၀န္းနက္တို႔ကေတာ့ နာက်င္မႈေၾကာင့္ ရဲပေတာင္းခက္ေနသည္။ ခြန္းဆက္ ရင္တစ္ခုလံုး ေလးလံလို႔ေနသည္။ အစက မာန္႔အား ဆြဲထားျခင္းကို မွန္သည္ဟုသာ သေဘာထားခဲ့ေသာ္လည္း ယခုတြင္ေတာ့ အျပစ္ရိွစိတ္တို႔ ၀င္လာကာ ဆြဲထားဖို႔ လက္တြန္႔လာခဲ့သည္။

မ်က္၀န္းမ်ားကို မိွတ္ခ်လိုက္ရင္း steering wheel ေပၚ ေခါင္းေမွာက္ခ်လိုက္ေတာ့ ျမင္ကြင္းထဲေပၚလာသည္က မိုးေရထဲတြင္ တုန္လႈပ္စြာ ငိုေႂကြးေနေသာ မာန္။ တစ္ဖန္ မိုးႀကိဳးပစ္ခ်သံေၾကာင့္ ေၾကာက္လန္႔တၾကား သူ႕ရင္ခြင္ထဲတိုး၀င္လာခဲ့ေသာ မာန္႔ပံုရိပ္တို႔က အစီအစဥ္တက် ျမင္ေယာင္လို႔လာသည္။ အစက ထင္ခဲ့သည္မွာ မိုးရြာျခင္းကို ေၾကာက္ရြံ႕ျခင္းသည္ သာမန္မွ်သာ ဟူ၍။ ယခုတြင္ေတာ့ သူမိသားစုေၾကာင့္ ရခဲ့သည့္ စိတ္ဒဏ္ရာ ျဖစ္ေနခဲ့သည္တဲ့လား။ ဘယ္လိုစိတ္မ်ဳိးနဲ႔မ်ား မာန္႔လက္ကို ဆက္ဆြဲထားရမည္နည္း။သို႔ေပမယ့္ လက္လႊတ္ေပးဖို႔ကိုလည္း သူမစြမ္းသာ။

မိွတ္ထားေသာ မ်က္၀န္းနက္ကေလးမ်ားမွ ေရစက္ကေလးမ်ားက တလိမ့္ခ်င္း steering wheel မွတစ္ဆင့္ ကားၾကမ္းျပင္သို႔ သက္ဆင္းကုန္ၾကသည္။ ခဏအၾကာ ေခါင္းေမွာက္ထားသူ၏ ပခံုးမ်ားက တုန္ရီလာၾကေတာ့သည္။

"မာန္ရာ...မာန္ ကြၽန္ေတာ္ ဘယ္လိုလုပ္ရေတာ့မွာလဲ...ကြၽန္ေတာ့္ဘ၀ထဲ ခင္ဗ်ားရဲ႕ျဖစ္တည္မႈက ေနသားတက်ျဖစ္တည္ေနခဲ့ၿပီမလို႔ ခင္ဗ်ားမရိွေတာ့ရင္ ကြၽန္ေတာ္႐ူးသြားႏိုင္တယ္ မာန္ရဲ႕...႐ူးသြားလိမ့္မယ္..."

စကားသံအဆံုး ကားေလးအတြင္း အသံတို႔က ျပန္တိုး၀င္သြားၿပီး ႐ိႈက္သံတို႔က ထြက္ေပၚလာသည္။ ထို႔ေနာက္ တစ္ဖန္ထပ္ထြက္ေပၚလာေသာ တိုးသဲ့သဲ့အသံေလး။

"ရက္စက္လိုက္တာ ကံၾကမၼာရယ္...ကြၽန္ေတာ္ အလင္းကို ဆံုးရွံးခဲ့ၿပီးၿပီမလို႔ မာန္႔ကို ဆြဲထားမိတာ ကြၽန္ေတာ္မွားသြားလား...ကြၽန္ေတာ္ သူ႕ကို လက္မလႊတ္ေပးႏိုင္ဘူးဗ်...မလႊတ္ေပးလိုက္ႏိုင္ဘူး... "

ထို႔ေနာက္ အသံတို႔က တစ္ဖန္ျပန္တိုး၀င္သြားကာ တိတ္ဆိတ္သြားေတာ့သည္။ မိနစ္အနည္းငယ္ ၾကာၿပီးသြားသည့္အခါတြင္ေတာ့ Lamborghini မိုးျပာေရာင္ေလးသည္ ညအေမွာင္လမ္းမမ်ားထက္ အရိွန္ျပင္းစြာ တရိပ္ရိပ္ေျပးေနေတာ့သည္။

*********************************
"ျပန္လာၿပီလား ေသးေသးေလး"

တံခါးဖြင့္ကာ ၀င္လာေသာ ေသာ္တာႏွင့္လင္းသာကို ၾကည့္ၿပီး မင္းျမတ္က ေမးလိုက္ျခင္းျဖစ္သည္။မာန္ကေတာ့ ၿပံဳးစိစိျဖင့္ သာၾကည့္ေနသည္။ ေသာ္တာ မင္းျမတ္အား မေက်နပ္သည့္အၾကည့္မ်ားျဖင့္ ၾကည့္လိုက္ၿပီး

"ျပန္လာလို႔ မင္းေသာက္လံုးထဲ ငါ့ကိုျမင္ရတာေပါ့ ေခြးသားရဲ႕"

"ယဥ္ေက်းလိမၼာဆရာ လုပ္ပါလား ဟမ္...တအား ယဥ္ေက်းလြန္းလို႔"

"မင္းေသာက္ေပါက္ပိတ္ၿပီး ဘာကိစၥ ဒီကိုေရာက္ေနရတာလဲ အရင္ေျပာ"

လင္းသာကေတာ့ ေတြ႕တာနဲ႔ တက်က္က်က္ျဖစ္ေနေသာ ထိုႏွစ္ေယာက္အား လ်စ္လ်ဴ႐ႈလိုက္သည္။ ေတြ႕လိုက္တိုင္း တစ္မ်ဳိးမဟုတ္ တစ္မ်ဳိးျဖင့္ ေသာ္တာ့အား မခံခ်င္ေအာင္ စေနာက္ေသာ မင္းျမတ္ပံုစံက သူတို႔အတြက္႐ိုးေနၿပီျဖစ္သည္။ လင္းသာ မာန္႔အနားသြားကာ

"ညစာ စားၿပီးသြားၿပီလား"

"အင္း"

မာန္ ေသာ္တာနဲ႔မင္းျမတ္ကိုၾကည့္ေနရင္း ေခါင္းညိတ္ကာေျဖလာသည္။

"ေဆးေရာ"

"ေသာက္ၿပီးပါၿပီ...ဒါနဲ႔ မင္းတို႔ အၾကာႀကီး ဘယ္သြားၾကတာလဲ...ၿပီးေတာ့ ခြန္းဆက္ေရာ မင္းတို႔အတူသြားၾကတာမလား"

မာန္ တံခါး၀ကို ေမွ်ာ္ၾကည့္ကာေမးေတာ့ လင္းသာ မသိမသာေလး သက္ျပင္းခ်ရင္း ျပန္ေျဖသည္။ မာန္႔ကို လိမ္ရမွာ စိတ္မသန္႔ေသာ္လည္း အခုအခ်ိန္တြင္ အမွန္တိုင္းေျပာဖို႔ မျဖစ္ႏိုင္ေပ။

"အာ...အဲ့တာက သူအိမ္မွာ လုပ္စရာရိွလို႔တဲ့ အိမ္ျပန္သြားတာ...ဒီညမင္းကို ငါတို႔ေစာင့္ေပးမယ္"

မာန္ ထပ္ေမးမလို႔ျပင္လိုက္ေပမယ့္ ထြက္ေပၚလာေသာ မင္းျမတ္ အသံေအာက္ အေမးစကားတို႔ ေပ်ာက္ရွသြားရသည္။

"ေဆး႐ံုဆိုမွေတာ့ လူနာလာၾကည့္တာေပါ့ ေသးေသးေလးရ"

"မင္းေဆး႐ံု မင္းျပန္ၿပီး မင္းလူနာ မင္းျပန္ၾကည့္ပါလား"

လူနာေရွ႕ထားၿပီး ရန္ျဖစ္ေနျပေသာ ႏွစ္ေယာက္ေၾကာင့္ မာန္နဲ႔လင္းသာလည္း စကားစျပတ္သြားကာ ထိုႏွစ္ေယာက္ကိုသာ ထိုင္ၾကည့္ေနလိုက္ေတာ့သည္။

"ဆရာ၀န္ျဖစ္ၿပီး ေတာ္ေတာ္အားယားေနတဲ့အေကာင္...မင္းလို ဆရာ၀န္ေတြသာရိွရင္ လူေတြမ်ဳိးသုန္းကုန္ေလာက္ၿပီ"

ထိုစကားေၾကာင့္ မင္းျမတ္သေဘာတက်ရယ္လိုက္ၿပီး ၿပီတီတီ႐ုပ္ျဖင့္ ေသာ္တာ့ကိုၾကည့္လိုက္သည္။

"လူေတြ မ်ဳိးသုဥ္းမွာ စိတ္ပူေနတယ္ေပါ့... ဒါဆို လူေတြ မ်ဳိးသုဥ္းမသြားေအာင္ ကိုကိုနဲ႔ ကြၽန္ေတာ္ ေပါင္းၿပီး မ်ဳိးပြားၾကမလားဟင္"

"ဘာ!!!"

"ကိုကို!! "

"ကိုကို!!"

'ဘာ'ဆိုေသာ ေသာ္တာ့အသံနဲ႔အတူ မာန္နဲ႔လင္းသာ၏ 'ကိုကို'ဆိုေသာ အသံတို႔က တစ္ၿပိဳင္နက္ထဲ အခန္းတြင္ ပ်ံ႕လႊင့္လာၾကသည္။ ထိုသည္ကို ေသာ္တာက သတိမျပဳမိေသး။ မင္းျမတ္ကို ၾကည့္ကာျဖင့္

"မင္းလင္နဲ႔ မင္းဟာမင္း မ်ဳိးသြားပြားပါလား ေခြးေကာင္ရ!"

"ေအးေလ...အဲ့ဒါေၾကာင့္ ကိုကို႔ကို ေခၚေနတာေလ"

"ဒီ! ငါ...!! "

"ကိုကို!! "

"ကိုကို!! "

မာန္နဲ႔ လင္းသာတို႔၏ အသံက ထပ္ထြက္လာျပန္သည္။ ထိုအခါမွ ေသာ္တာ သတိထားမိသြားကာ မ်က္ႏွာတစ္ခုလံုးရဲတက္လာေတာ့သည္။ ေဘးက မင္းျမတ္မွာေတာ့ ၿပံဳးစိစိျဖင့္ ေသာ္တာ့ကိုၾကည့္ေနသည္။ ထိုအခ်ိန္ တံခါးဖြင့္ကာ ၀င္လာေသာ မိုးထက္နဲ႔ေကာင္းထက္။ အခန္းအတြင္း ထူးဆန္းေနေသာ ေလထုေၾကာင့္ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ျပန္ၾကည့္ႁပီး ေကာင္းထက္က မိုးထက္အနားကပ္ကာ

"ငါတို႔ ၀င္သင့္လားဟင္"

"တံခါးဖြင့္ထားၿပီးမွေတာ့ ၀င္ၾကတာေပါ့ကြာ"

ႏွစ္ကိုယ္ၾကား႐ံုေလသံေလးျဖင့္ မိုးထက္ျပန္ေျပာလိုက္ၿပီး အခန္းတြင္းျပန္ၾကည့္မိေတာ့ သူတို႔ႏွစ္ေယာက္အား ျပဳးၾကည့္ေနေသာ မ်က္လံုးမ်ားေၾကာင့္

"ဘာ...ဘာလဲ...ဘာမွမလုပ္ထားဘူးေနာ္"

"မင္းကို ဘယ္သူက ဘာေျပာေနလို႔လဲ မိုးထက္"

ရယ္သံေလးျဖင့္ ေကာင္းထက္ေျပာေတာ့

"သူတို႔ကျပဴးၾကည့္ေနတာကို"

"မင္းတို႔ ၀င္လာလို႔ဒီတိုင္းၾကည့္မိ႐ံုပဲကို...အိုးမလံုအံုပြင့္ေနျပန္ၿပီ"

"ေဟ့ေရာင္ မင္းျမတ္ ဘာကိုအံုပြင့္ရမွာလဲ"

"မသိဘူးေလ"

"အယ္ ဒါနဲ႔ အစ္ကိုေသာ္တာ ေနမေကာင္းဘူးလား...မွန္းစမ္း"

မ်က္ႏွာရဲေနေသာ ေသာ္တာ့အနားသြားၿပီး နဖူးေပၚလက္တင္လိုက္ေသာ မိုးထက္ေၾကာင့္ ေကာင္းထက္နဲ႔မင္းျမတ္ လႈပ္ရြရြျဖစ္သြားကာ မင္းျမတ္က ေသာ္တာ့ကိုပခံုးမွကိုင္ကာ အေနာက္သို႔ဆြဲလိုက္ၿပီး ေကာင္းထက္က မိုးထက္လက္ကိုဆြဲယူလိုက္သည္။

"ကိုကိုက ေနေကာင္းတယ္...မင္းစမ္းစရာမလိုဘူး ေနာ္ကိုကို"

"ကိုကို!! " x4

ဒီတစ္ခါတြင္ေတာ့ မာန္နဲ႔လင္းသာပင္ မဟုတ္ေတာ့ပဲ မိုးထက္ႏွင့္ေကာင္းထက္၏ အသံတို႔ပါထြက္လာၾကေတာ့သည္။ အေခၚခံရသူ ေသာ္တာမွာေတာ့ မ်က္ႏွာက တစ္စထက္တစ္စ နီျမန္းလာေတာ့သည္။

"အဟမ္း!"

မာန္က ေခ်ာင္းအသာဟန္႔ရင္း

"မင္းျမတ္"

"ဟုတ္ အစ္ကို"

"ဘယ္ကေန ဘယ္လို ကိုကိုျဖစ္သြားတာလဲ"

"အာ...အဲ့တာက ပဲေပါက္စီ...အြန္႔"

"ဘာမွမဟုတ္ဘူး မာန္...သူေလွ်ာက္ေျပာေနတာ"

မင္းျမတ္ပါးစပ္ကို လက္နဲ႔ပိတ္ကာ အတင္း၀င္ေျပာလာေသာ ေသာ္တာ။ က်န္၄ေယာက္မွာေတာ့ မ်က္လံုးမ်ားအျပဴးသားျဖင့္ ထိုျမင္ကြင္းကိုၾကည့္ေနၾကသည္။

"မဟုတ္ဘူး အစ္ကို...ပဲေပါက္စီ အား!!! "

ေသာ္တာ သူ႕လက္ကို အတင္းဆြဲဖယ္ၿပီး ေျပာရန္လုပ္ေနေသာသူအား ၾကည့္မရေတာ့တာေၾကာင့္ လက္ကိုဆြဲယူၿပီး လက္ေကာက္၀တ္နားကို ကိုက္ခ်လိုက္ေတာ့သည္။

"အား!!...နာ နာ နာတယ္ကိုကို...လႊတ္ေတာ့ေနာ္...မေျပာေတာ့ဘူး"

ထိုအခါမွ လက္ကိုလႊတ္ေပးလာတာေၾကာင့္ အကိုက္ခံလိုက္ရေသာ  လက္ေကာက္၀တ္ကို က်န္တစ္ဖက္နဲ႔ဖိရင္း

"အားလားလား...ေခြးက်ေနတာပဲ...လူထင္ေနတာ လက္စသတ္ေတာ့ ေခြးျဖစ္ေနတာကုိ"

"မင္း!! "

"ေသာ္တာ ေတာ္ေတာ့...ဟိုမွာ မင္းကိုက္လိုက္တာ တကယ္နာသြားၿပီထင္တယ္"

"နာၿပီး ေသသြားလည္း ေကာင္းတယ္...မသနားဘူး"

ေသာ္တာ မင္းျမတ္ကို မ်က္ေစာင္းထိုးရင္း ေျပာလိုက္သည္။

"အား!! ေသပါၿပီ"

႐ုတ္တရက္ထေအာ္သူေၾကာင့္ မိုးထက္ အလန္႔တၾကားျဖင့္

"ဘာ ဘာျဖစ္တာလဲ မင္းျမတ္"

"မ်က္ေစာင္းလွလွေလးတစ္ခုေၾကာင့္ ဟက္ထိသြားလို႔"

မင္းျမတ္စကားေၾကာင့္ ေသာ္တာမွလြဲ၍ အကုန္လံုးၿပံဳးစိစိျဖစ္ကုန္ေတာ့သည္။

"ဟာ! အခုမွသတိရတယ္"

"ဘာလဲ ဘာကို သတိရတာလဲ"

ေသာ္တာ ေမးေငါ့ကာ ေမးေတာ့ မင္းျမတ္က မ်က္ႏွာေလးငယ္ခ်လိုက္ၿပီး မိုးထက္ဘက္လွည့္ကာ

"မိုးထက္"

"အင္း"

"မနက္ျဖန္ ငါ့ကိုေခြး႐ူးေပ်ာက္ေဆး ထိုးေပးစမ္းပါ... ေတာ္ၾကာ ငါ့ကိုကိုက္တဲ့ေခြးေသးေသးေလးက ႐ူးေနရင္ ငါပါ႐ူးသြားမွာဆိုလို႔"

"မင္း!!! "

'၀ုန္း! "

တံခါးပိတ္သံမွာ မညင္သာ။ တစ္ေယာက္ကေျပး တစ္ေယာက္ကလိုက္ရင္း အခန္းျပင္ထြက္သြားေသာ ႏွစ္ေယာက္။

"ကေလးေတြလည္း မဟုတ္ပဲ ဒီႏွစ္ေယာက္ကေတာ့"

မာန္႔စကားေၾကာင့္ ၄ေယာက္သား ရယ္လိုက္ၾကေတာ့သည္။

"ဒါဆို အစ္ကို ကြၽန္ေတာ္တို႔လည္း ျပန္ေတာ့မယ္ေနာ္"

"အင္း ကားကိုဂ႐ုစိုက္ ေမာင္းၾကအံုးေနာ္"

"ဟုတ္ကဲ့ သြားၿပီေနာ္ အစ္ကိုအလကၤာ အစ္ကိုလင္းသာ"

"သြားၿပီေနာ္ အစ္ကို္တို႔"

ေကာင္းထက္နဲ႔မိုးထက္တို႔ ႏွစ္ေယာက္လည္း မာန္တို႔အားႏႈတ္ဆက္ကာ ထြက္လာၾကသည္။ ႏွစ္ေယာက္သာ ေဘးခ်င္းယွဥ္ေလွ်ာက္ေနေသာ္လည္း စကားမဆိုပဲ တိတ္ဆိတ္စြာျဖင့္။ ထိုစဥ္

"နင္ ေကာင္းထက္မင္းယံ မဟုတ္လား"

သူတို႔ႏွစ္ေယာက္ေရွ႕ ေလွ်ာက္လာၿပီးလာႏႈတ္ဆက္ေသာ ေကာင္မေလးတစ္ေယာက္။ ပံုစံေလးက ျမန္မာဆန္ဆန္ေလးမို႔ ျမင္သူတိုင္းရင္ေအးေစသည့္ အလွမ်ဳိးနဲ႔ျပည့္စံုေနသည္။ ဆံပင္မ်ားကို ေက်ာဘက္တြင္ ျဖန္႔ခ်ထားသည္မို႔ ခ်စ္စဖြယ္မ်က္ႏွာကေလးက ထင္းေနသည္။ ေကာင္းထက္လည္း ထိုေကာင္မေလးအား မမွတ္မိသည္ေၾကာင့္

"ဟုတ္ပါတယ္...ဒါနဲ႔ အဲ့ဒီဘက္က ဘယ္သူ.. "

"ဟဲ့ ငါေမေလးေလ"

"ဪ ေမေလး...နင္ကလဲ မေတြ႕တာၾကာေတာ့ မွတ္ေတာင္ မမွတ္မိေတာ့ဘူး"

"ဘာလဲ အရင္ကထက္ ပိုၿပီးလွလာလို႔လား"

"နင္က အရင္ကတည္းက လွတာပဲဟာကို"

"အင္းပါ ေနာက္ေန႔မွ မုန္႔လိုက္ေကြၽးမယ္ ဒါနဲ႔ သူက..."

"သူက ငါရဲ႕... ေဟ့မိုးထက္ ခဏေစာင့္အံုးေလ..."

မိတ္ဆက္ေပးမလို႔ျပင္လိုက္စဥ္ အနားမွထြက္သြားသူေၾကာင့္ ေကာင္းထက္ စိတ္ထဲေက်နပ္သြားရေတာ့သည္။ ထို႔ေနာက္ ေရွ႕မွ သူငယ္ခ်င္းမေလးကို ျပန္ၾကည့္ကာ

"ေမေလး ေနာက္မွပဲ နင့္ကိုဆက္သြယ္လိုက္မယ္...အခု ငါသြားေတာ့မယ္"

"ေအးေအး"

ေကာင္းထက္လည္း စကားစကိုျဖတ္ၿပီး မိုးထက္ေနာက္ အေျပးလိုက္ရေတာ့သည္။အားနာေပမယ့္လည္း မတက္ႏိုင္။ သူ႕တြင္ မိုးထက္ေလာက္ အေရးႀကီးတာ မိဘႏွစ္ပါးကလြဲရင္ က်န္တာမရိွ။ေကာင္းထက္ မိုးထက္အားၾကည့္လိုက္ေတာ့ လမ္းေလွ်ာက္ျမန္လြန္းသူက ခဏတြင္းခ်င္းပင္ ခပ္ေ၀းေ၀းသို႔ ေရာက္ရိွေနၿပီျဖစ္သည္။

မိုးထက္ ထိုေနရာတြင္ ထပ္မရိွခ်င္ေတာ့သည္ေၾကာင့္ တမင္ကို ထြက္လာခဲ့ျခင္း ျဖစ္သည္။

"ဟက္! အရင္ကတည္းက လွတာဟုတ္လား...ဘယ္နားက လွေနလို႔လည္း မသိ..."

အခုဏက ေကာင္းထက္နဲ႔ထိုမိန္းကေလးတို့ ၿပံဳးရယ္စြာ စကားေျပာေနေသာ ပံုရိပ္မ်ားက သူ႕ျမင္ကြင္းထဲ ျပန္ျမင္လာသည္မို႔။

"ခ်ီးပဲ! ေခြးသူေတာင္းစား မိုးထက္...အယ္ မွားလို႔... ေခြးသူေတာင္းစား ေကာင္းထက္...သူ႕ဟာမေလးေတြ႕ေတာ့ ပါးစပ္က နားရြက္ တက္ခ်ိတ္ေတာ့မယ့္အတိုင္းပဲ..."

မိုးထက္ တစ္ေယာက္တည္းေျပာရင္း စိတ္တိုတိုျဖင့္ လမ္းေလွ်ာက္လာခဲ့သည္မွာ သူတို႔စီးလာရာ ကားသို႔ပင္ေရာက္ရိွလာေလသည္။ ေနာက္သို႔လွည့္ၾကည့္ေတာ့ သေကာင့္သား၏ အရိပ္ေတာင္မျမင္ရ။ မိုးထက္လည္း ကားတံခါးဖြင့္မည္အျပဳ သူ႕လက္တစ္ဖက္ကို ဆြဲခံလိုက္ရၿပီးေနာက္ ကားနဲ႔သူ့ေက်ာ အကပ္ခံလိုက္ရသည္။ ထိုသို႔လုပ္သူက အျခားသူမဟုတ္ ေကာင္းထက္ပင္။ ဘယ္ကဘယ္လို ေရာက္လာခဲ့မွန္းမသိ။ မိုးထက္ ေကာင္းထက္မ်က္ႏွာကို ခပ္ေထ့ေထ့ၾကည့္ရင္း

"ဘာလဲ အခ်စ္ဦးနဲ့ ဒီေလာက္ျမန္ျမန္ေျပာလို႔ ၿပီးသြားတာလား"

"မင္းသ၀န္တိုေနတာလား မိုးထက္"

"အဟား...ရယ္ရတယ္...ငါက မင္းကို ဘာကိစၥသ၀န္တိုရမွာလဲ"

"ေသခ်ာလို႔လား"

ေျပာရင္း သူ႕မ်က္ႏွာ အနားနီးကပ္လာေသာ ေကာင္းထက္မ်က္ႏွာ။ ႏႈတ္ခမ္းခ်င္း ထိလုထိခင္အထိ နီးကပ္လာသည္ေၾကာင့္ မိုးထက္ အသက္႐ႈကိုပင္ ေအာင့္ထားလိုက္မိသည္။ ရင္ဘက္ထဲက အေကာင္ေလးကလည္း တဒုတ္ဒုတ္ႏွင့္။ မိုးထက္ ထိုအေျခအေနကို ရင္မဆိုင္ရဲေတာ့စြာ မ်က္လံုးကို စံုမိွတ္ခ်လိုက္ေတာ့ ထြက္ေပၚလာသည့္ ရယ္သံသဲ့သဲ့။ ခႏၶာကိုယ္ႏွစ္ခုကလည္း ေ၀းကြာသြားေတာ့သည္။

"အဟြန္း"

ထိုရယ္သံေၾကာင့္ မိုးထက္ခ်က္ခ်င္းပင္ မ်က္လံုးတို႔ကို ျပန္ဖြင့္လိုက္ကာ ေကာင္းထက္ကို စူးစူးရဲရဲစိုက္ၾကည့္လိုက္သည္။ ေကာင္းထက္ကေတာ့ သူ႕ကိုၿပံဳးစိစိႏွင့္ ၾကည့္ေနသည္ေၾကာင့္ မိုးထက္ ရွက္စိတ္တို႔က တိုးထြက္လာေတာ့သည္။ သူ႕အား ၿပံဳးၿပီးၾကည့္ေနေသာ ေကာင္းထက္အား အျမင္ကပ္လာသည္ေၾကာင့္ ညာေျခေထာက္ျဖင့္ ေကာင္းထက္၏ ဘယ္ဘက္ေျခက်င္း၀တ္အား လွမ္းကန္လိုက္ေတာ့သည္။

"အ!! ဘာလို႔ကန္တာလဲ မိုးထက္ရာ"

မိုးထက္ကေတာ့ မၾကည့္ၾကည့္တစ္ခ်က္သာ ျပန္ေပးရင္း ေကာင္းထက္ရင္ဘက္ကို တြန္းဖယ္ကာ တံခါးဖြင့္ၿပီး ကားထဲ၀င္ထိုင္လိုက္ေတာ့သည္။ သိသိသာသာ အခုန္ျမန္ေနေသာ ရင္ဘက္ကိုလည္း လက္ျဖင့္ဖိထားရသည္။ ခဏအၾကာတြင္ တစ္ဖက္ကားေမာင္းသူ ေနရာတြင္၀င္ထိုင္လာေသာ ေကာင္းထက္။ ေကာင္းထက္ မိုးထက္အားၾကည့္ကာ တစ္ခ်က္ၿပံဳးလိုက္ရင္း ခါးပတ္ကိုဆြဲပတ္လိုက္သည္။ ထို႔ေနာက္ ကားေလးသည္ ေဆး႐ံု၀န္းထဲမွ ထြက္ခြာသြားေတာ့သည္။ ကားအတြင္းတြင္ေတာ့ ရင္ဘက္ကိုလက္ျဖင့္ဖိထားကာ အေရွ႕သို႔သာၾကည့္ေနေသာ ေကာင္ေလးႏွင့္ ထိုေကာင္ေလးအား ကားေမာင္းေနရင္း တစ္ခ်က္တစ္ခ်က္ လွမ္းလွမ္းၾကည့္ကာ ႏႈတ္ခမ္းစြန္းတို္႔ ေကာ့တက္ေနေသာ ေကာင္ေလးတို႔ရိွေလသည္။

*********************************
"လင္းသာ မင္းတို႔ ခြန္းဆက္နဲ႔ စကားေျပာခဲ့ၾကတယ္မလား"

စားပြဲခံုတြင္ထိုင္ကာ ပန္းသီးအခြံခြာေနေသာ လင္းသာအား ၾကည့္ကာ မာန္ေမးလိုက္ျခင္းျဖစ္သည္။ မာန္ အေမးစကားေၾကာင့္ ဓားကိုင္ထားေသာ လင္းသာ လက္တို္႔တန္႔သြားရသည္။ ထိုသည္ကိုၾကည့္ၿပီး မာန္ရင္ထဲစိုးရိမ္လို႔လာသည္။ သူတကယ္ကို စိုးရိမ္မိပါသည္။ ခြန္းဆက္အား သူနဲ႔ပတ္သက္ၿပီး ျဖစ္ခဲ့ေသာအေၾကာင္းအရာမ်ားအား ေသာ္တာတို႔ေျပာျပလိုက္မည္ကို။

"အင္း"

လင္းသာ အသံျပန္ျပဳလာေတာ့ မာန္က ဆက္၍ေမးလာသည္။

"မင္းတို႔ ဘာေတြေျပာၾကတာလဲ"

"ဘာရယ္ေတာ့ မဟုတ္ပါဘူး...မင္းအလုပ္မွာ ပင္ပန္းေနလား ဘာလားေပါ့"

"ဒါပဲလား"

"အင္း ဒါပဲေလ"

လင္းသာ မာန္႔မ်က္လံုးမ်ားကိုၾကည့္ကာ ေခါင္းညိတ္ျပလိုက္သည္။ ထိုအခါမွ မာန္စိတ္ေအးသြားဟန္ျဖင့္ သက္ျပင္းကိုခပ္ဖြဖြခ်သည္။ ထိုသည္ကိုၾကည့္ၿပီး လင္းသာ စိတ္ေမာရျပန္သည္။

"မာန္ မင္းအိပ္ေတာ့ေလ...ဆရာ၀န္က မင္းမ်ားမ်ားအနားယူရမယ္လို႔ မွာထားတယ္"

"မင္းကေရာ"

"ခဏေနရင္ ေသာ္တာ ျပန္လာေတာ့မွာပါ...မင္း စိတ္ခ်လက္ခ်အိပ္"

မာန္ ေခါင္းကို ညိတ္ျပၿပီး

"အင္း Goodnight "

"Goodnight"

မ်က္လံုးေလးမ်ား မိွတ္ထားေသာ မာန္႔အားၾကည့္ရင္း လင္းသာ သက္ျပင္းတို႔ခ်မိရျပန္သည္။

ဘယ္ေတာ့မ်ားမွ မင္းအတြက္ ေပ်ာ္ရႊင္ျခင္းေတြ ေရာက္လာမွာလဲ မာန္ရယ္.....

ကုတင္ေပၚမွ ေကာင္ေလးမွာေတာ့ မ်က္လံုးတို႔ကို မိွတ္ထားေသာ္လည္း အေတြးတို႔က ပ်ံ႕လႊင့္ေနသည္။ အရင္ညေတြတုန္းက သူမအိပ္ေသးမခ်င္း ခြန္းဆက္က သူ႕လက္အား ဆုပ္ကိုင္ထားေပးခဲ့သည္။ ဒီေန႔တြင္ေတာ့ ဆုပ္ကိုင္ျခင္းမခံရေသာ လက္ဖ်ားဆီမွ ေႏြးေထြးမႈတို႔အား မာန္ေတာင့္တေနမိသည္။ ခဏအၾကာတြင္ေတာ့ ေဆးအရိွန္ေၾကာင့္ မာန္တစ္ေယာက္ အိပ္မက္ကမ႓ာထဲ ေရာက္ရိွသြားေတာ့သည္။

"အိပ္သြားၿပီလား"

အခန္းထဲသို႔တိုးတိတ္စြာ ၀င္လာရင္း ကုတင္ထက္မွ မာန္႔အားၾကည့္ကာ ေမးလာေသာ ေသာ္တာ။ ေဘးတြင္ေတာ့ မင္းျမတ္ပါပါလာသည္။ လင္းသာလည္း ေခါင္းညိတ္ျပလိုက္ၿပီး

"အခုေလးပဲ အိပ္သြားတာ"

"အင္း...အိပ္ပါေစေလ သူပင္ပန္းေနၿပီ"

"အင္း သူပင္ပန္းေနၿပီ"

ေသာ္တာစကားကို အေနာက္က သံေယာင္လိုက္ကာ လင္းသာ ေျပာလိုက္သည္။ မင္းျမတ္လည္း မာန္႔ကို တိတ္တဆိတ္သာ ၾကည့္ေနသည္။ ဘာေတြျဖစ္ေနလဲေတာ့ သူမသိေပမယ့္ အခုခ်ိန္တြင္ေတာ့ မာန္ေရာ ခြန္းဆက္ပါ ပင္ပန္းေနၾကလိမ့္မည္ကိုေတာ့ သူေသခ်ာသိပါသည္။ မင္းျမတ္လည္း မသိမသာေလး သက္ျပင္းခ်မိသည္။ ေယာက္က်ားသား ၃ေယာက္တို႔ကေတာ့ ကုတင္ထက္လဲေနေသာ အမ်ဳိးသားေလးအား ၾကည့္ကာ အေတြးကိုယ္စီျဖင့္ ၿငိမ္သက္ေနၾကသည္။ အခန္းေလးအတြင္း အသက္႐ႈသံေျပေျပေလးမွ လြဲ၍ အပ္က်သံပင္ၾကားရေလာက္ေအာင္ကို တိတ္ဆိတ္မႈတို႔ကသာ ႀကီးစိုးေနခဲ့ေလသည္။

*********************************
ခြန္းဆက္တစ္ေယာက္ မာန္႔အခန္းထဲတြင္ ေသာ္တာေျပာခဲ့ေသာ ဒိုင္ယာရီစာအုပ္အား ရွာေဖြေနသည္။ စာအုပ္စင္ႏွင့္ မာန္႔အလုပ္စားပြဲတို႔တြင္ လိုက္ရွာေသာ္လည္း မေတြ႕။ ေနာက္ဆံုးတြင္ေတာ့ မာန္႔အ၀တ္ဗီ႐ိုေလးထဲမွ အနက္ေရာင္အဖံုးေလးႏွင့္ စာအုပ္ေလးကိုေတြ႕ရိွခဲ့ရသည္။ ခြန္းဆက္ ထိုစာအုပ္ေလးအား လက္လွမ္းယူရန္ တြန္႔ဆုတ္ေနခဲ့သည္။ သူမသိခ်င္ေသာ အေၾကာင္းအရာမ်ား ဤစာအုပ္ေလးထဲတြင္ ပါ၀င္ေနလိမ့္မည္။ သို႔ေသာ္ ထိုအေၾကာင္းအရာမ်ားကို သူသိသင့္သည္ဟူ၍လည္း ထင္မိသည္။ ခြန္းဆက္ တုန္ရီစြာျဖင့္ စာအုပ္ေလးအား လက္လွမ္းယူလိုက္သည္။ စာအုပ္ေလးအားကိုင္ထားေသာ လက္တို႔က တုန္ရီေနသလို ခြန္းဆက္ရင္ထဲတြင္လည္း အေၾကာက္တရားတို႔ ႀကီးစိုးေနခဲ့သည္။ ထို႔ေနာက္ စာအုပ္ကိုင္ထားေသာ လက္တို႔က ပို၍တုန္ရီလာၿပီးေနာက္ စာအုပ္အား ၾကမ္းျပင္ထက္ ပစ္ခ်ကာ ခြန္းဆက္အခန္းထဲမွ ေျပးထြက္ခဲ့ေတာ့သည္။ တစ္ဖန္ ကားအား မိုင္ကုန္အရိွန္တင္လိုက္ၿပီးေနာက္ ၿခံ၀န္းထဲမွ ေမာင္းထြက္ခဲ့ေတာ့သည္။

ခြန္းဆက္ ကားကိုအရိွန္ျပင္းစြာေမာင္းႏွင္ေနရင္း မ်က္ရည္က်ေနရသည္မွာလည္း အခါခါ။ မာန္၏ မိခင္ဒိုင္ယာရီစာအုပ္အား ဖတ္ရန္သူ႕တြင္ သတၱိတို႔မရိွ။ ခြန္းဆက္ စိတ္ထဲ စိုးရိမ္မႈႀကီးစြာ ပူပန္လို႔ေနသည္။ သူေၾကာက္ေနမိသည္။ စာအုပ္ထဲက အေၾကာင္းအရာမ်ားေၾကာင့္ သူနဲ႔မာန္ေ၀းသြားမည္ကို စိုးရိမ္မိသည္။ မာန္႔အား သူ႕ဘ၀ထဲက ထြက္သြားခြင့္မေပးႏိုင္ပါ။ အဆံုးထိ မာန္႔ကို သူ႕အနားတြင္သာ ရိွေနေစခ်င္သည္။ မာန္နဲ႔အတူတူ ရယ္ေမာခ်င္သည္။ မာန္ငိုေနလွ်င္ သူေခ်ာ့ခ်င္သည္။ အခ်ိန္တိုင္း မာန္႔ကို သူ႕အနားတြင္သာ ရိွေနေစခ်င္သည္။

အခုခ္ိျႏၲင္ မာႏၷဲ႔ပတ္သက္ၿပီး ျခႏ္းဆက္ သူ႕စိတၠိဳသူ အလံုးစံုနားလၫ္ၾသားၿပီ်ဖစ္သၫ္။ သူမာႏ္႔ကို ခ္စ္သၫ္။ အဆံုး႐ံႈးမခံႏိုင္ေလာက္ေအာငၠိဳ ခ္စ္သၫ္။ အလင္းဆၫ္းဆာဟု အထငၼြားေန၍ မဟုတၸဲ အလကၤာမုႏ္းမာႏၦိဳေသာ သူကို ခ္စ္်ခင္းသာ်ဖစ္သၫ္။ သို႔ေပမယ့္ သူ႕စိတၠိဳသူ ေသခ္ာသိၾသားသၫ့္အခါၾတင္ ေနာကၠ္ၾသားၿပီလားဟု စိုးရိမ္ေနမိရ်ပႏ္သၫ္။

ခြန္းဆက္ steering wheel ကိုထု႐ိုက္ရင္း ေအာ္ဟစ္ေနသည္။

"ကြၽန္ေတာ္ မလုပ္ခဲ့ဖူးတဲ့ အျပစ္အတြက္ ကြၽန္ေတာ္က ဘာလို႔ခံစားေနရမွာလဲ...ကံၾကမၼာဆိုတာ ဘာမို႔လို႔ ဒီအေရးမပါတဲ့ အေၾကာင္းတရားေတြနဲ႔ မာန္႔ကို ကြၽန္ေတာ့္အနားက ဆြဲထုတ္ႏိုင္ရတာလဲ...ေသခ်င္ေလာက္ေအာင္ကို နာက်င္ေနၿပီဗ်...ဘာလို႔ ဘာလို႔ ဒီေလာက္မုန္းဖို႔ေကာင္းတဲ့ နာက်င္မႈေတြကိုေပးေနရတာလဲ...ႏွလံုးသားတစ္ခုလံုး စုတ္ျပတ္ေနၿပီဗ်...ကြၽန္ေတာ္ ခံႏိုင္ရည္မရိွေတာ့ဘူး...ခံႏိုင္ရည္မရိွေတာ့ဘူးဗ်ာ... "

ခြန္းဆက္ ကားေလးထဲ ေအာ္ဟစ္ေနရင္း ကားကိုလည္း အရိွန္ျပင္းစြာ ေမာင္းႏွင္ေနသည္။ ကားေလး၏ ဦးတည္ရာက မာန္ရိွေနေသာ ေဆး႐ံုေလးဆီသို႔။

Time Skip,

ခြန္းဆက္ အခန္းတံခါးကို အရိွန္ျပင္းစြာ တြန္းဖြင့္ရင္း ကုတင္ထက္အိပ္ေမာက်ေနသူေလးအနား အေျပးသြားမိသည္။ ေသာ္တာ၊ လင္းသာနဲ့ မင္းျမတ္တို႔မွာေတာ့ ႐ုတ္တရက္ေရာက္ရိွလာေသာ ခြန္းဆက္ေၾကာင့္ အံ့ဩတႀကီးျဖစ္သြားၾကသည္။

"ေရာင္နီ"

မင္းျမတ္ လွမ္းေခၚလိုက္ေသာ္လည္း ခြန္းဆက္က သူ႕အားလွည့္ၾကည့္မလာပဲ မာန္႔မ်က္ႏွာကိုသာ စိုက္ၾကည့္ေနရင္း မ်က္ရည္တို႔က တသြင္သြင္စီးက်ေနၾကသည္။ မင္းျမတ္ ေသာ္တာနဲ႔ လင္းသာ တို႔ကိုၾကည့္လိုက္မိေတာ့လည္း ခြန္းဆက္အား ၾကည့္ေနသည့္ ထိုႏွစ္ေယာက္၏ အၾကည့္တို႔မွာ စိတ္မေကာင္းျဖစ္ေနသည္ဟန္တို႔က အထင္သား ေပၚလြင္ေနသည္။ မင္းျမတ္လည္း တိတ္ဆိတ္ေနလ်က္သားနဲ႔ပင္ ခြန္းဆက္ကိုၾကည့္ေနမိေတာ့သည္။

ႏွစ္ၿခိဳက္စြာ အိပ္ေမာက်ေနေသာ မာန္႔ကိုၾကည့္ရင္း ခြန္းဆက္မ်က္ရည္တို႔ က်ၿပီးရင္းသာက်ေနရသည္။ ဒီလူသားေလးက ငယ္ငယ္ကတည္းက နာက်င္မႈေတြကို ရင္၀ယ္ပိုက္ၿပီး ႀကီးျပင္းလာခဲ့ရသည္ဆိုေသာ အသိတို႔က ခြန္းဆက္အား ပိုတိုး၍ မ်က္ရည္က်ေစသည္။

သနားလြန္းလို႔ ဘယ္လိုလုပ္ရပါေတာ့မလဲ။ အားနာလြန္းလို႔ ဘယ္လိုလုပ္ရပါ့ေတာ့မလဲ။ အရြယ္နဲ႔မမွ်ေအာင္ ရခဲ့တဲ့ စိတ္ဒဏ္ရာေတြနဲ႔ ဒီလူသားေလးကို သနားမိလြန္းလို႔ ဘယ္လိုလုပ္ရပါေတာ့မလဲ။ ေတာင္းပန္လိုက္႐ံုနဲ႔ ေျပေပ်ာက္သြားမွာ မဟုတ္သည့္ စိတ္ဒဏ္ရာေတြကို ဘယ္လိုအင္အားမ်ဳိးနဲ႔ ကုစားေပးရပါ့မလဲ။

အိပ္ေပ်ာ္ေနသူကို အေႏွာင့္အယွက္မေပးခ်င္ေသာ္လည္း ယခုအခ်ိန္တြင္ ခြန္းဆက္တစ္ေယာက္ မာန္၏ အေႏြးဓာတ္ေလးအား အမွန္တကယ္လိုအပ္ေနေလသည္။ ထို႔ေၾကာင့္ မာန္အား ပခံုးမွဆြဲကိုင္ကာ ရင္ခြင္ထဲထည့္၍ ဖက္ထားလိုက္ေတာ့သည္။ မာန္႔ပခံုးေပၚ ခြန္းဆက္ ေခါင္းေမွာက္ခ်လိုက္ရင္း

"မာန္ရာ ကြၽန္ေတာ္ ဘယ္လိုလုပ္ရပါေတာ့မလဲ...လမ္းျပေပးပါအံုးဗ်ာ..."

မာန္႔ကိုဖက္ထားရင္း ငိုေနေသာ ခြန္းဆက္ပံုစံေၾကာင့္ အေၾကာင္းစံုကိုသိေနေသာ လင္းသာနဲ႔ေသာ္တာတို႔မွာေတာ့ မ်က္သားျဖဴမ်ားက ရဲတက္လာၾကၿပီး လက္သီးမ်ားကို တင္းတင္းဆုပ္ထားရင္း မ်က္ရည္မက်ေအာင္ အံ့ႀကိက္ကာ ေတာင့္ခံေနၾကသည္။ မင္းျမတ္မွာလည္း အေၾကာင္းစံုကိုေသခ်ာမသိေသးေပမယ့္ သူငယ္ခ်င္းျဖစ္သူအား ၾကည့္ရင္း မ်က္ရည္တို႔၀ဲတက္လာသည္။

မာန္မွာေတာ့ ႐ုတ္တရက္ႀကီး သူ႕အားဆြဲဖက္ကာ ငိုေနေသာခြန္းဆက္ေၾကာင့္ ဘာလုပ္ရမွန္းမသိျဖစ္ေနသည္။ ႏိုးလာၿပီး အသိ၀င္ခ်ိန္တြင္ ခြန္းဆက္က သူ႕အား ဖက္ကာ ငိုေနခဲ့ေလသည္။ ခြန္းဆက္၏ ငိုသံေၾကာင့္ မာန္႔ မ်က္၀န္းျပာတို႔က နီရဲလို႔လာသည္။

မာန္ သူ႕ကိုဖက္ထားေသာ ခြန္းဆက္၏ ရင္ထဲမွ ႐ုန္းထြက္လိုက္ၿပီး ခြန္းဆက္မ်က္ႏွာကိုၾကည့္လိုက္သည္။ သေဘာက်ရေသာ မ်က္၀န္းနက္တို႔က ငိုထားသည္ကို သက္ေသျပေနသည့္အလား နီရဲလို႔ေနသည္။ ပါးျပင္ထက္တြင္လည္း မ်က္ရည္စီးေၾကာင္းတို႔က အဆက္မျပတ္။ မာန္ ရင္တို႔နာက်င္ရျပန္ပါသည္။ မာန္ သက္ျပင္းကို မသိမသာခ်မိသည္။

ငါ့အတြက္နဲ႔ မငိုပါနဲ႔ ေမာင္ရယ္...မင္းငိုရင္ ငါရင္ေတြကြဲလြန္းလို႔ပါ.....

မာန္ အသံမ်ားကို တုန္ရင္မသြားေအာင္ ထိန္းရင္း ခြန္းဆက္ကိုၾကည့္ကာ ေျပာလိုက္သည္။

"ဘာလို႔ ငိုေနတာလဲ"

မာန္ ေမးေတာ့ ခြန္းဆက္က မာန္႔လက္ႏွစ္ဖက္ကို ဆြဲကိုင္လိုက္ရင္း

"ကြၽန္ေတာ့္အနားက ထြက္မသြားပါနဲ့ မာန္ရယ္...ဘာေတြပဲ ျဖစ္လာျဖစ္လာ ကြၽန္ေတာ္တို႔ အတူေျဖရွင္းၾကမယ္ေလ"

ခြန္းဆက္စကားအဆံုး မာန္က မ်က္ႏွာကို တစ္ဖက္သို႔ လႊဲသြားသည္။ ခြန္းဆက္လက္ထဲမွ သူ႕လက္တို႔ကိုလည္း ႐ုန္းထြက္လိုက္သည္။

"သြားေတာ့"

"ဟမ္! "

"မနက္ျဖန္ ကြာရွင္းစာခ်ဳပ္ပို႔လိုက္မွာမလို႔ မင္းနဲ႔ငါ ထပ္ေတြ႕စရာအေၾကာင္းမရိွေတာ့ဘူး...ေနာက္ထပ္ၿပီး ငါ့ေရွ႕ကို ထပ္ေပၚမလာပါနဲ႔ေတာ့.... "

"မာန္ ဘာလို႔လဲ...ဘာလို႔ ဒီလိုေတြလုပ္ေနရတာလဲ"

ခြန္းဆက္ မာန္႔ပုခံုးႏွစ္ဖက္ကို လႈပ္ခါကာ ေမးသည္။ မာန္လည္း ခြန္းဆက္ေရွ႕တြင္ မ်က္ရည္မက်ေအာင္ လက္သီးကို က်စ္က်စ္ပါေအာင္ဆုပ္ရင္း အံ့ႀကိတ္ကာ တင္းခံလို႔ေနသည္။

နာလိုက္စမ္းပါ ခြန္းဆက္ရယ္...မုန္းလိုက္စမ္းပါ. ..မင္းကို နာက်င္မွုေတြပဲ ေပးေနတဲ့ငါ့ကို နာက်ည္းပစ္လိုက္စမ္းပါ...ေမေမတို႔အတြက္ အမွန္တရားကို မယူေပးႏိုင္ေတာ့တဲ့ငါက မ်က္ႏွာေျပာင္တိုက္ၿပီး မင္းရဲ႕အနားမွာ ေပ်ာ္ရႊင္ေနဖို႔အတြက္ ငါ့ကိုယ္ငါ လိပ္ျပာမလံုဘူး...ဒါေၾကာင့္ ငါ့ကို ထားခဲ့ၿပီး ဘ၀အသစ္မွာ ေပ်ာ္လိုက္စမ္းပါ...ငါကေတာ့ မင္းတစ္ေယာက္ကိုသာ စိတ္ထဲထည့္ထားၿပီး တစ္သက္လံုး အျပစ္ခံယူသြားပါ့မယ္...ေက်းဇူးျပဳၿပီး နာက်ည္းပစ္လိုက္စမ္းပါ...မုန္းလိုက္စမ္းပါ ကေလးရာ.....

ခြန္းဆက္ သူ႕အား မ်က္ႏွာလႊဲထားသူကို ရင္နာနာနဲ႔ စိုက္ၾကည့္ေနမိသည္။ မာန္ သူ႕အား အခုလို ဥေပကၡာ ျပဳထားသည္က မီးနဲ႔အၿမိဳက္ခံရသည္ထက္ ပို၍ ပူေလာင္ေစသည္။

ပြင့္ပြင့္လင္းလင္း ေျပာလိုက္ပါလား မာန္ရာ...ဒီေကာင္က ခင္ဗ်ားအတြက္ဆို ရန္သူေရွ႕ေတာင္ ဒူးေထာက္လည္စင္းခံေပးဖို႔ ရဲပါတယ္.....

ခြန္းဆက္ မာန္႔ကိုၾကည္ေနမိရင္း အခန္းတြင္းေ၀့ၾကည့္မိေတာ့ မင္းျမတ္တို႔ရိွေနသည့္ ေနရာရိွ စားပြဲထက္မွ ပန္းသီးမ်ားႏွင့္ ဓားတစ္လက္ကို ေတြ႕လိုက္ရသည္။ မာန္႔ပခံုးထက္မွ ခြန္းဆက္လက္တို႔က ေလွ်ာက်သြားေတာ့သည္။ ခြန္းဆက္ ဓားကိုယူရန္အတြက္ ေျခလွမ္းက်ယ္ႀကီးမ်ားျဖင့္ ထိုေနရာသို႔ သြားေတာ့သည္။

မာန္မွာလည္း ခြန္းဆက္က အသံတိတ္သြားကာ အနားမွ ဖယ္ခြာသြားသည္ေၾကာင့္ ခြန္းဆက္ကို လွည့္ၾကည့္လိုက္သည္။ ခြန္းဆက္က ဓားကိုယူၿပီးေနာက္ မာန္႔အနားသို႔ျပန္လာကာ မာန္႔ေရွ႕ ဓားကို ကမ္းေပးရင္း

"ေရာ! "

မာန္ နားမလည္စြာ ခြန္းဆက္ကိုၾကည့္မိသည္။ ခြန္းဆက္ကေတာ့ နီရဲေနေသာ မ်က္၀န္းနက္မ်ားျဖင့္ မာန္႔ကို နာက်င္စြာျပန္စိုက္ၾကည့္ေနသည္။

"ေရာ့!...ယူေလ"

ေျပာရင္း ခြန္းဆက္ မာန္႔လက္တစ္ဖက္ကို ဆြဲကိုင္ကာ ထိုလက္ထဲ ဓားကိုထည့္ေပးလိုက္ၿပီးေနာက္ အေပၚမွ အုပ္မိုးထပ္ကိုင္လိုက္ၿပီး ဓားအခြၽန္ေနရာကို သူ႕ဘယ္ဘက္ရင္အံုေပၚတြင္ ေထာက္ထားေပးလိုက္သည္။

"ထိုးထည့္လိုက္..."

တစ္လံုးခ်င္းေအးစက္စြာေျပာလာေသာ စကားသံအဆံုး အခန္းတြင္းေလထုက ေအးစက္လို႔သြားသည္။ မာန္သည္လည္း အသိစိတ္တို႔မကပ္ႏိုင္ေတာ့ပဲ ခြန္းဆက္ကို ေၾကာင္အစြာ ၾကည့္ေနမိသည္။

ခြန္းဆက္ကေတာ့ ဓားကိုင္ထားေသာ မာန္႔လက္ကိုဖိဆုပ္ကိုင္ထားကာ မာန္႔မ်က္၀န္းျပာတို႔ကို ျပန္စိုက္ၾကည့္လိုက္ရင္း

"ထိုးထည့္ၿပီး သတ္လိုက္... "

"ခြန္းဆက္!!! "

"ႏွလံုးသားတစ္ခုလံုးကလည္း စုတ္ျပတ္သတ္ေနၿပီမလို႔ တစ္ခါတည္း အဆံုးသတ္ေပးလိုက္"

ေျပာရင္း ခြန္းဆက္လက္တို႔က တျဖည္းျဖည္းအားပါလာေတာ့သည္။

"ကြၽန္ေတာ္ေျပာခဲ့ဖူးတယ္မလား...ကြာရွင္းဖို႔ဆိုတဲ့စကား ထပ္ေျပာရင္ ခင္ဗ်ားေရာ ကြၽန္ေတာ္ေရာ ေျမခေစရမယ္လို႔...ဒါေပမယ့္ ခင္ဗ်ားကို ကြၽန္ေတာ္မသတ္ရက္ေတာ့ ခင္ဗ်ားကပဲ ကြၽန္ေတာ့္ကိုသတ္ၿပီး ေစာက္ေရးမပါတဲ့ နာက်င္မႈေတြကေန လြတ္ေျမာက္ခြင့္ေပးလိုက္..."

ေျပာၿပီး ခြန္းဆက္မ်က္၀န္းတို္႔ကို မိွတ္ခ်ကာ ဓားကိုတစ္ဆံုး ဖိသြင္းလိုက္ေတာ့သည္။ သို႔ေသာ္ ဓားကသူ႕ရင္ထဲသို႔ စိုက္၀င္မသြားပါပဲ အရာတစ္ခုနဲ႔ တင္းခံေနခဲ့သည္။ ခြန္းဆက္ မ်က္လံုးတို႔ကိုဖြင့္ၾကည့္မိေတာ့ ဓားသြားအား ဆုပ္ကိုင္ထားေသာ လက္ကေလးတစ္ဖက္က ေသြးမ်ားစြာထြက္လို႔ေနသည္။ ခြန္းဆက္ ဓားကိုဖိခ်လိုက္ခ်ိန္တြင္ မာန္က ဓားအသြားကို အားျဖင့္ဆုပ္ကိုင္လိုက္ျခင္းျဖစ္သည္။ ခြန္းဆက္ မာန္႔ကိုၾကည့္မိေတာ့ သူ႕အားေခါင္းခါျပရင္း မ်က္၀န္းျပာတို႔က မ်က္ရည္မ်ား စီးက်ေနသည္။ ခြန္းဆက္ ဓားကိုလႊတ္ခ်လိုက္ၿပီး ေသြးမ်ားထြက္ေနေသာ မာန္လက္ကေလးအား ဖြဖြေလးကိုင္ထားေပးရင္း မ်က္ရည္တို္႔က က်ရျပန္သည္။

"ဘာလို႔လဲ မာန္ရာ...ဘာလို႔လဲ"

ခြန္းဆက္ မခ်ိတင္ကဲစြာ ေရရြတ္မိသည္။ မာန္သည္လည္း ခြန္းဆက္ကိုၾကည့္ရင္း မ်က္ရည္တို႔က ပိုတိုးလို႔က်လာသည္။

"ဘာလို႔ ကိုယ့္ကိုကိုယ္နာက်င္ေအာင္လုပ္ရတာလဲ မာန္ရာ"

ငါဒီလိုမလုပ္ရင္ မင္းကိုဆံုး႐ံႈးလိုက္ရမွာေပါ့.....

မာန္ ခြန္းဆက္ကိုၾကည့္ရင္း စိတ္ထဲကေနျပန္ေျပာမိသည္။ ခြန္းဆက္ရင္တစ္ခုလံုး အစိတ္စိတ္အမႊာမႊာကြဲေနသလို နာက်င္ေနရၿပီျဖစ္သည္။ ထို႔နည္းတူ မာန္သည္လည္း ႏွလံုးသားထဲ ေသြးစိမ္းရွင္ရွင္က်လို႔ေနသည္။ ျဖဴျဖဴႏုႏုလက္ဖဝါးေလးမွ ေသြးမ်ားစီးက်ေနသည္ကိုၾကည့္ရင္း ခြန္းဆက္ယူႀကံဳးမရျဖစ္ရသည္။ ထိုဒဏ္ရာကိုၾကည့္ၿပီး ခြန္းဆက္ပို၍ နာက်င္ရသည္။ သို႔ေသာ္ မာန္ကေတာ့ ဒဏ္ရာေၾကာင့္ နာက်င္ေနပံုတစ္စက္ကေလးမွ ရိွမေနေပ။ ခြန္းဆက္ ကိုယ့္ကိုကိုယ္သာ အျပစ္တင္မိသည္။ သူသာ ႐ူးမိုက္တဲ့လုပ္ရပ္ကို မလုပ္ခဲ့ပါလွ်င္ မာန္အခုလိုဒဏ္ရာ ရမည္မဟုတ္။ ေတြးရင္းနဲ႔ပင္ ပိုတိုးလို႔ မ်က္ရည္က်လာရေတာ့သည္။

မာန္ ခြန္းဆက္ကိုၾကည့္ရင္း ရင္ထဲဆို႔နစ္ေနသည္။ ခြန္းဆက္ ဓားကု္ဖိခ်လိုက္ခ်ိန္တြင္ မာန္ထူပူသြားခဲ့ၿပီး က်န္လက္တစ္ဖက္ျဖင့္ ဓားအသြားကို စိတ္၏ေစရာအတိုင္း ခပ္တင္းတင္းဆုပ္ကိုင္ထားခဲ့သည္။ ဓားအသြားနဲ႔လက္ဖဝါးတို႔ ထိသြားခ်ိန္တြင္ အသည္းခိုက္မတက္နာက်င္ရေသာ္လည္း ထိုနာက်င္မႈက ရင္ထဲမွ နာက်င္မႈကို မယွဥ္ႏိုင္ခဲ့ေပ။

မာန္ သူ႕လက္က ဒဏ္ရာကို္ၾကည့္ရင္း ငိုေနသူကို ေခါင္းေမာ့ေစကာ ေခါင္းအေနာက္ဘက္မွ ထိန္းကိုင္လိုက္ၿပီး ႏႈတ္ခမ္းခ်င္းထပ္တူ က်ေစကာ ျပင္းရွေသာ အနမ္းတို႔ကို စတင္လိုက္ေတာ့သည္။

ေနာက္ဆံုးအေနနဲ႔ မင္းရဲ႕ႏႈတ္ခမ္းက ခ်ဳိၿမိန္မႈေတြကို ငါသံုးေဆာင္ပါရေစ ေမာင္.....

အစပထမတြင္ ခြန္းဆက္က႐ုန္းေသာ္လည္း မာန္က လႊတ္မေပးပဲ တင္းခံေနခဲ့သည္ေၾကာင့္ ခြန္းဆက္လက္ေလွ်ာ့လိုက္ကာ မာန္ဆြဲေခၚေသာ အနမ္းေလးထဲလိုက္ပါစီးေမ်ာလိုက္ေတာ့သည္။ ခဏအၾကာတြင္ အနမ္းတိုက္ပြဲေလးက မရပ္ေသးပါပဲ ဦးေဆာင္သူကေတာ့ ေျပာင္းသြားခဲ့သည္။ အခန္းထဲတြင္ ေသာ္တာတို႔ရိွေနသည္ကို သိေသာ္လည္း အခုခ်ိန္တြင္ဘာကိုမွ ဂ႐ုမစိုက္ခ်င္သည့္စိတ္ကေလးေၾကာင့္ မာန္ လ်စ္လ်ဴ႐ႈ၍သာ ေနလိုက္ေတာ့သည္။ အခ်ိန္တစ္ခုၾကာၿပီးေနာက္ မာန္နဲ႔ခြန္းဆက္တို႔၏ အနမ္းေရယာဥ္ေလးက လမ္းခရီးအဆံုးသို့ေရာက္ရိွသြားခဲ့သည္။

မာန္ ခြန္းဆက္မ်က္လံုးမ်ားကို စိုက္ၾကည့္လိုက္ၿပီး

"နာက်င္ေစခဲ့မိလို႔ ေတာင္းပန္ပါတယ္...ငါ့ေၾကာင့္ ငိုခဲ့ရတာေတြအတြက္လည္း ေတာင္းပန္ပါတယ္...မင္းကို အတင္းလက္ထပ္ခဲ့မိလို႔လည္း ေတာင္းပန္ပါတယ္"

သူ႕ကိုၾကည့္ရင္း ေတာင္းပန္ပါတယ္ဆိုေသာစကားကိုသာ ထပ္ေနေအာင္ ေျပာေနသူကို ခြန္းဆက္ရင္နာနာျဖင့္ စိုက္ၾကည့္ေနသည္။ ဒီစကားေတြၿပီးရင္ ဘာေျပာလာမည္ဆိုတာကိုလည္း ခြန္းဆက္သိေနသည္။

မေျပာပါနဲ႔ မာန္ရယ္...လႊတ္ေပးပါလို႔ မေျပာလာပါနဲ႔...ေမာင္ မင္းကို မလႊတ္ေပးႏိုင္ဘူး.....

သို႔ေသာ္ ခြန္းဆက္ ဆုေတာင္းတို႔ မျပည့္ခဲ့ပါ။ ခြန္းဆက္ မၾကားခ်င္ေသာ စကားမ်ားကို မာန္က ေျပာလာခဲ့သည္။

"ငါ့ကိုလႊတ္ေပးပါ ခြန္းဆက္...ေက်းဇူးျပဳၿပီး ကြာရွင္းေပးပါ"

"မာန္! "

"ေနာက္ထပ္ၿပီး ငါ့အေရွ႕ကို ေပၚမလာပါနဲ႔ေတာ့... "

"....."

မာန္ ထိုစကားမ်ားကို ခြန္းဆက္ကိုမၾကည့္ပဲ မ်က္ႏွာလႊဲရင္းသာ ေျပာမိသည္။ ခြန္းဆက္ကိုၾကည့္ၿပီးေျပာလွ်င္ ထိုစကားမ်ားသည္ မာန္႔ႏႈတ္မွ ထြက္လာမည္မဟုတ္ေပ။ ရင္ထဲမွ နာက်င္မႈကို တင္းခံလ် က္ အံ့ကိုႀကိတ္ကာေျပာေနရသည္။

"မာန္ ေမာင့္မ်က္လံုးကို ၾကည့္ၿပီးေျပာ"

ဟင့္အင္း...မသံုးပါနဲ႔...ေမာင္လို႔မသံုးပါနဲ႔ ခြန္းဆက္ရယ္...ငါ႐ူးသြားလိမ့္မယ္.....

"မာန္ မင္းဒီစကားေတြေျပာတာ မင္းရဲ႕စိတ္ထဲကမဟုတ္မွန္း ေမာင္ သိတယ္...ဒါေၾကာင့္ ေမာင့္ကိုၾကည့္ၿပီး မင္းစိတ္ထဲရိွတာ ပြင့္ပြင့္လင္းလင္းေျပာ"

မၾကည့္ပါရေစနဲ႔...မင္းရဲ႕မ်က္၀န္းေတြထဲ ငါလမ္းေပ်ာက္ခဲ့ရေပါင္းမ်ားၿပီ...ဒါေၾကာင့္ မၾကည့္ပါရေစနဲ႔ေတာ့.....

မာန္ေခါင္းခါကာ ခြန္းဆက္ကိုၾကည့္ဖို႔ရင္ ျငင္းဆန္ေနသည္။ ခြန္းဆက္ မာန္႔ပခံုးႏွစ္ဖက္ကိုကိုင္ကာ သူ႕ဘက္လွည့္ေစၿပီး မ်က္ႏွာကိုပင့္ကိုင္ကာ မ်က္၀န္းျပာမ်ားထဲ စိုက္ၾကည့္လိုက္သည္။

"မာန္ ေမာင္မင္းကို... "

"ခြန္းဆက္ သြားပါေတာ့...ငါ့အေရွ႕ကထြက္သြားေပးပါေတာ့"

ဟင့္အင္း မၾကားပါရေစနဲ႔...ဘာေျပာမလဲဆိုတာကို သိတာမလို႔ မၾကားပါရေစနဲ႔ေတာ့.....

"မာန္... "

"ငါေတာင္းပန္ပါတယ္ ထြက္သြားေပးပါေတာ့"

မာန္ ခြန္းဆက္လက္ထဲမွ ႐ုန္းထြက္လိုက္ရင္း ကုတင္ေပၚမွဆင္းကာ ခြန္းဆက္ေရွ႕ ဒူးေထာက္ထိုင္ခ်လိုက္ေတာ့သည္။ မ်က္၀န္းအိမ္ထက္မွ မ်က္ရည္တို႔ကလည္း အဆက္မျပတ္။

"ေတာင္းပန္ပါတယ္...ငါ့အနားက ထြက္သြားေပးပါေတာ့"

ခြန္းဆက္ မာန္လုပ္လိုက္သည့္အရာေၾကာင့္ ေျပာစရာစကားတို႔ေပ်က္သြားကာ ဆြံ႕အသြားေတာ့သည္။

အဲ့ေလာက္ေတာင္ပဲလား မာန္ရာ...ေမာင့္ကို အဲ့ေလာက္ထိေတာင္ မျမင္ခ်င္ေတာ့တာလား...ဘာလို့ မပြင့္လင္းရတာလဲ မာန္ရာ...ဒီေကာင္က ခင္ဗ်ားအတြက္ဆို အရာရာကို စြန္႔လႊတ္ရဲတယ္ဆိုတာ ခင္ဗ်ားမသိဘူးလားဗ်ာ.....

ခြန္းဆက္ မာန္႔အားၾကည့္ေနတုန္းမွာပင္ မာန္႔ကိုယ္ေလးက ၾကမ္းျပင္ေပၚလဲၿပိဳက်သြားေတာ့သည္။

"မာန္!!!!! "

Time Skip,

မင္းျမတ္နဲ႔ခြန္းဆက္ ကံ့ေကာ္ပင္ေလးေအာက္က ဒန္းအျဖဴေလးတြင္ ထိုင္ေနၾကသည္။ ခြန္းဆက္ကေတာ့ ေခါင္းငိုက္စိုက္ခ်ထားလ်က္ထိုင္ေနကာ မင္းျမတ္ကေတာ့ အေ၀းတစ္ေနရာကို ေငးၾကည့္ေနသည္။

ခြန္းဆက္အား ေဆး႐ံုမွအိမ္သို႔ မင္းျမတ္ျပန္ေခၚလာခဲ့ျခင္းျဖစ္သည္။  လဲၿပိဳသြားေသာ မာန္႔ကိုယ္ေလးကို ပိုက္ထားရင္း သည္းထန္စြာငိုေႂကြးခဲ့ေသာ ခြန္းဆက္ပံုရိပ္က မင္းျမတ္မ်က္လံုးထဲက အခုထိမထြက္ေသးေပ။ စိတ္ပင္ပန္းလြန္းသည္ေၾကာင့္ မာန္သတိလစ္သြားခဲ့ျခင္းျဖစ္သည္။ ႏွလံုးေရာဂါအစပ်ဴိးေနသူတစ္ေယာက္အတြက္ အခုလိုစိတ္ပင္ပန္းကာ ခဏခဏ သတိလစ္ေနျခင္းက လံုး၀မေကာင္းေပ။ အေၾကာင္းစံုကို ေရေရရာရာမသိရေသးေပမယ္ အနည္းအက်ဥ္းေလာက္ေတာ့ ေသာ္တာက ေျပာျပထားသည္ေၾကာင့္ မင္းျမတ္သိထားသည္။

"ငါသူ႕ကို အဆံုး႐ံႈးမခံႏိုင္ဘူး"

ေခါင္းငိုက္စိုက္ခ်ထားေသာ ခြန္းဆက္ဆီမွထြက္ေပၚလာေသာ စကားသံ။ တိတ္ဆိတ္ေနေသာ ပတ္၀န္းက်င္တြင္ ေၾကကြဲဆို႔နစ္မႈတို႔က အသံတြင္ပါလာေရာက္ထင္ဟက္ေနေၾကာင္း သိသာေလသည္။

"ငါသူ႕ကို ဆံုး႐ံႈးလိုက္ရရင္ ငါ႐ူးသြားလိမ့္မယ္ မင္းျမတ္ရာ...သူမရိွရင္မျဖစ္ဘူး...သူမဟုတ္ရင္လည္း မျဖစ္ဘူး...ငါ့ကို ကူညီပါအံုး...ငါဘာလုပ္ရမလဲမသိေတာ့ဘူး... သူ႕ကိုငါ့အနားမွာပဲ ရိွေနေစခ်င္ေပမယ့္ ငါ့ေၾကာင့္ပဲ သူ႕ေရာဂါက ပိုဆိုးလာေနတယ္...ငါဆုေတာင္းဖူးတယ္... သူ႕ကိုမ်က္ရည္မက်ေအာင္ ထားႏိုင္တဲ့သူျဖစ္ဖို႔... ဒါေပမယ့္ အခုေတာ့ သူမ်က္ရည္က်ေအာင္ လုပ္တဲ့သူက ငါကိုယ္တိုင္ျဖစ္ေနတယ္...ငါရင္ေတြနာလိုက္တာ မင္းျမတ္ရာ...ရင္ေတြနာလိုက္တာ... "

ေျပာရင္း ခြန္းဆက္ပုခံုးမ်ား သိမ့္သိမ့္တုန္လာေတာ့သည္။ မင္းျမတ္လည္း ခြန္းဆက္ကိုဖက္ထားလိုက္ၿပီး ေက်ာျပင္ကိုပြတ္သတ္ကာ ႏွစ္သိမ့္ေပးေနသည္။

"ငါသူ႕ကိုခ်စ္တယ္...ငါသူ႕ကို ရင္ထဲအသည္းထဲကေနကို ျမတ္ျမတ္ႏိုးႏိုးခ်စ္တာ... အေနၾကာလို႔ သံေယာဇဥ္တြယ္တာလည္း မဟုတ္ဘူး...အလင္းနဲ႔တူလို႔ ေ၀ဝါးေနတာလည္း မဟုတ္ဘူး...မာန္ဆိုတဲ့ သူ႕ရဲ႕ျဖစ္တည္မႈကို ငါခ်စ္တာ...ငါသူ႕ကို ခ်စ္မွန္းသိသြားတဲ့အခါက်မွ သူကငါနဲ႔ေ၀းရာကို ထြက္သြားဖို႔ႀကိဳးစားေနတယ္...အခုဏက ငါသူ႕ကို ခ်စ္တယ္ဆိုၿပီး ေျပာဖို႔ရည္ရြယ္ထားခဲ့တာ... ငါဘာေျပာမလဲဆိုတာကိုလည္း သူသိတယ္...သိသိရက္ရက္နဲ႔ ငါေျပာမယ့္စကားကို သူတားခဲ့တယ္...သူမၾကားခ်င္ဘူးနဲ႔တူတယ္ မင္းျမတ္ရာ...ငါ႐ူးေတာ့မွာပဲ"

ခြန္းဆက္ဖြင့္ဟလာသည့္ စကားမ်ားကို နားေထာင္ရင္း မင္းျမတ္ကေတာ့ ဘာမွျပန္မေျပာ။ အခုခ်ိန္ ကိုယ့္ဘက္က အားေပးစကားေျပာသည္ထက္ သူ႕ဘက္က မြန္းၾကပ္ေနသည့္ခံစားခ်က္မ်ားကို ဖြင့္ဟလာသည္က ခြန္းဆက္အတြက္ နည္းနည္းေလးပဲျဖစ္ျဖစ္ ခံစားရတာ သက္သာေစႏိုင္သည္ေလ။

"ငါဘာလုပ္ရပါေတာ့မလဲ"

"အေျဖရွာၾကည့္ေလ"

မင္းျမတ္စကားကို ခြန္းဆက္က နားမလည္သည့္ဟန္ၾကည့္လာေတာ့ မင္းျမတ္ေခါင္းညိတ္ျပလိုက္ၿပီး

"အစ္ကို မင္းကို ဘာလို႔တြန္းထုတ္ေနရလဲဆိုတဲ့အေၾကာင္းကို အေျဖရွာၾကည့္"

"ငါသိတယ္ မင္းျမတ္"

"အေၾကာင္းစံုေကာ သိရဲ႕လား"

"....."

"သြား ေရာင္နီ... အေျဖကိုေတြ႕ေအာင္ရွာ... အစ္ကို႔အတြက္ အမွန္တရားကို ရေအာင္ရွာ...အဆံုးမွာ အစ္ကိုက မင္းအတြက္ပဲျဖစ္လိမ့္မယ္...မင္းကိုငါ ယံုတယ္ ေရာင္နီ"

"အင္း ဟုတ္တယ္...မာန္႔အတြက္ ငါအမွန္တရားကို ရွာေပးဖို႔ အေၾကာင္းစံုသိရမွ ျဖစ္မယ္...ငါစာအုပ္ကို ဖတ္ကိုဖတ္ရလိမ့္မယ္"

တစ္ေယာက္တည္းေျပာသလို ေရရြတ္ရင္း မင္းျမတ္ကိုေတာင္ ခြန္းဆက္ မၾကည့္ေတာ့ပဲ အိမ္ထဲလွမ္း၀င္သြားေတာ့သည္။ အိမ္ထဲ၀င္သြားေသာ ခြန္းဆက္ကိုၾကည့္ရင္း ဘယ္ႏွစ္ခါေျမႇာက္မွန္းမသိသည့္ သက္ျပင္းကို မင္းျမတ္ ခ်မိျပန္သည္။

ကံၾကမၼာက အေကာင္အထည္သာ မျမင္ရတာ...လွလွပပကစားတဲ့သူ႕ရဲ႕ လွည့္ကြက္ေအာင္ ခံစားရတဲ့သူေတြရဲ႕ နာက်င္မႈက ရင္နဲ႔မဆန္႔ေအာင္ အလံုးနဲ႔အရင္းပါပဲလား.....

*********************************

ခြန္းဆက္ မာန္႔အခန္းဆီသို႔လွမ္းလာရင္း တံခါးကိုဖြင့္လိုက္ေတာ့ ဒိုင္ယာရီစာအုပ္ေလးက သူပစ္ခ်ထားခဲ့သည့္ေနရာတြင္ ၿငိမ္သက္လွ်က္။ ခြန္းဆက္ ထိုစာအုပ္ေလးအနားသြားကာ စာအုပ္ကိုေကာက္ယူလိုက္ၿပီး ဗီ႐ိုကိုေက်ာမိီွကာ ထိုင္ခ်လိုက္ေတာ့သည္။ စာအုပ္အဖံုးကို လွန္လိုက္ေတာ့ ပထမစာမ်က္ႏွာတြင္ ဓာတ္ပံုေလးတစ္ပံုကို ကပ္ထားသည္။

အသက္၂၀ေက်ာ္အရြယ္ မိန္းကေလး ၃ေယာက္ႏွင့္ ေယာက္က်ားေလး ၃ေယာက္။ထိုမိန္းကေလး၃ ေယာက္ထဲမွ တစ္ေယာက္၏လက္ထဲတြင္ ကေလးငယ္ေလးကို ခ်ီထားသည္။ ထိုကေလးငယ္ေလးက မ်က္၀န္းျပာေလးမ်ားႏွင့္ ခ်စ္ဖို႔ေကာင္းေနၿပီး သူ႕အားခ်ီထားေသာ မိန္းကေလးႏွဲ႔ ႐ုပ္ခ်င္းဆင္တူေနသည္။ ခြန္းဆက္ ထိုပံုကို စိုက္ၾကည့္ေနမိသည္။ ထိုလူမ်ားထဲမွ ၃ေယာက္ကို သူသိပါသည္။ Daddy ၊ Mommy နဲ႔ မာယာ့အေဖ ဦးဟိန္းလင္းလ်ာ။ က်န္၃ေယာက္ကိုေတာ့ သူမသိ။ ကေလးအား ခ်ီထားေသာ မိန္းကေလးက မာန္႔မိခင္ျဖစ္ပံုရပါသည္။ မာန္႔လိုမ်ဳိး ထိုအမ်ဳိးသမီးတြင္လည္း မ်က္၀န္းျပာေလးတို႔ရိွေနသည္။

ခြန္းဆက္ ပံုထဲမွ ကေလးငယ္၏ မ်က္ႏွာေလးကို လက္ညိဳးေလးျဖင့္ တို႔ထိၾကည့္ေနသည္။

ေမာင့္ရဲ႕ မာန္က အေမတူသားေလးပဲ.....

တစ္ဖန္မာန္႔မိခင္ေဘးမွ မိန္းကေလးပံုကိုၾကည့္မိေတာ့ ရင္ထဲအမ်ဳိးအမည္မသိေသာ ခံစားခ်က္က၀င္ေရာက္လာသည္။ ထိုမိန္းကေလး၏ပံုက သူ႕အတြက္စိမ္းသက္မေနသည္မွာ ဘာေၾကာင့္လဲ သူမသိေပ။ ခြန္းဆက္ ပံုေလးအားအေတာ္ၾကာ စိုက္ၾကည့္ၿပီးေနာက္ စာရြက္အား ထပ္လွန္လိုက္ေလေတာ့သည္။

*********************************

#21.3.2024
#🍁Moe Kyal Phyu🍁
*****
အရွည္ႀကီးတင္ေပးလိုက္တယ္ေနာ္..ဦးေႏွာက္လည္း ကုန္သြားၿပီ...ရင္ဘက္ေတြလည္း ေအာင့္သြားၿပီ(╥﹏╥)...ဆိုေတာ့ ေနာက္တစ္ပိုင္းကေနစၿပီး အရာအားလံုးျဖစ္ခဲ့တဲ့ အတိတ္ကို ျပန္သြားၾကည့္ၾကတာေပါ့...❤

ဒီအပိုင္းေလးမွာ မာန္႔ကိုနားလည္ၾကလားဟင္???

Continue Reading

You'll Also Like

1.3K 66 7
Hidden Love + Gen Z "I like to think that someday you'll love me as much as I love you"🌸 A different approach. Imaginary fan fiction based on t...
30.4K 534 12
BA BAM! NEW SHOW = NEW ONSHOT BOOK No lemons for a Hazbin Hotel book- sorry-
1.1M 27.9K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
3.6K 153 7
တိမ်တိုက်နွေး + ရှိုင်းရတုနောင် နွေးနဲ့ရှိုင်းတိို့ရဲ့ ကမ္ဘာလေးထဲကိုအလည်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ဗျ