စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုး...

Από BlackLily_WhiteLily

60.6K 6.4K 218

"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) C... Περισσότερα

Description
Intro- 1
Intro- 2
Intro- 3
Chapter 1.1
Chapter 1.2
Chapter 1.3
Chapter 1.4
Chapter 2.1
Just Information
Chapter 2.2
Chapter 2.3
Chapter 2.4
Chapter 2.5
Chapter 3.1
Chapter 3.2
Chapter 3.3
🎆🎆🎆Happy New Year🎆🎆🎆
Chapter 3.4
Chapter 3.5
Chapter 4.1
Chapter 4.2/4.3
Chapter 4.4/4.5
Chapter 4.6
Chapter 4.7
Chapter 5.1
Chapter 5.2
Chapter 5.3
Chapter 5.4
Chapter 5.5
Chapter 6.1
Chapter 6.2
Chapter 6.3
Chapter 6.4
Chapter 6.5
Chapter 7.1
Chapter 7.2
Chapter 7.3
Chapter 7.4
Chapter 7.5
Chapter 8.1
Chapter 8.2
Chapter 8.3
Chapter 8.4
Chapter 9.1
Chapter 9.2/9.3
Chapter 9.4/9.5
Chapter 9.6/9.7
Chapter 9.8/9.9
Chapter 9.10/9.11
Chapter 10.1/10.2
Chapter 10.3/10.4
Chapter 10.5/10.6
Chapter 10.7/10.8
Chapter 10.9/10.10
Chapter 10.11/10.12
Chapter 10.13/10.14
Chapter 10.15/10.16/10.17
Chapter 11(1,2)
Chapter 11 (3,4)
Chapter 11 (5,6)
Chapter 11.7, 12.1
Chapter 12 (2,3)
Chapter 12 (4,5)
Chapter 12 (6,7)
Chapter 12 (8,9)
Chapter 12 (10,11)
Chapter 13(1,2)
Chapter 13 (3,4)
Chapter 13 (5,6)
Chapter 13 (7,8)
Chapter 13 (9,10,11)
Chapter 14.1/14.2
Chapter 14.3/14.4
Chapter 14.5/14.6
Chapter 14.7/14.8
Chapter 15.1/15.2
Chapter 15.3/15.4
Chapter 15.5/15.6
Chapter 15.7/15.8
Chapter 15.9/15.10
Chapter 15.11/15.12
Chapter 16.1/16.2
Chapter 16.3/16.4
Chapter 16.5/16.6
Chapter 16.7/16.8
Chapter 16.9/16.10
Chapter 16.11/16.12
Chapter 16.13/16.14
Chapter 17(1/2)
🔊🔊🔊 Telegram PG လေးစပါပြီ

Chapter 12 (12,13)

516 64 0
Από BlackLily_WhiteLily

အခန်း ၁၂ သူရဲကောင်းက အလှလေးကို ကယ်တင်(အပိုင်း ၁၂)

"စစ်သူကြီး!"

စစ်သူကြီးက တစ်မျိုးဖြစ်နေတာကို သူ ဘာလို့ သတိမထားမိတာလဲ?! သေစမ်း!!!

"သမားတော်!"

"ကျွန်တော်မျိုး ရောက်လာပါပြီ" လိုက်ပါလာတဲ့ စစ်တပ်သမားတော်က ရှေ့ကို အမြန်ရောက်ပြီး သူ ရောက်နေကြောင်း သတင်းပို့လာသည်။

ကုယွင်က သမားတော်ကို တစ်ချက်ကြည့်ကာ အလောတကြီး လှမ်းပြောလိုက်သည်။ "သူ့ကို မြန်မြန်ကြည့်ပေး"

"ဟုတ်ကဲ့" စစ်တပ်သမားတော်က ကုယွင် စကားကို လုံးဝ လျစ်လျူမရှုဝံ့ဘဲ စုလင်း နောက်ကျောမှ ဒဏ်ရာကို ဂရုတစိုက် စစ်ဆေးကြည့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။ စစ်သူကြီး၏ဒဏ်ရာက အရမ်းပြင်းထန်လွန်းနေပြီး သူ့၏ညာဘက်ပခုံးကို မြှားတိုလေးတစ်ချောင်း နှစ်ဝင်နေသည်ကို တွေ့လိုက်ရတာကြောင့် "ဒါကို ဒီနေရာမှာ ကုသဖို့ လုံးဝ မဖြစ်နိုင်ပါဘူး၊ ကုသမှုခံယူဖို့ စခန်းကို အမြန်ဆုံးပြန်သွားရပါမယ်"

"လောလောဆယ် သွေးထွက်နေတာကို ရပ်အောင် အရင်လုပ်ပေး" သွေးတွေ ဒီအတိုင်းဆက်ထွက်နေမယ်ဆိုရင် စခန်းမရောက်ခင် သွေးထွက်လွန်ပြီး သူသေသွားလိမ့်မယ်။

စုလင်းက သတိလစ်နေပြီး အသက်ရူသံက လေးတွဲနေကာ ခေါင်းက ငိုက်စိုက်ကျနေသည်။ အချိန်အတော်ကြာအောင် အပ်စိုက်ကုထုံးဖြင့် အကြိမ်အနည်းငယ် ကုသပြီးနောက် သူ အနည်းငယ် သက်သာလာပုံရသည်။ သူက သူ့ပါးစပ်ကို ဖွင့်နိုင်တာနဲ့ အလောတကြီး မေးလာသည်။ "ဟန်ရှု ဘယ်လိုနေလဲ"

စစ်တပ်သမားတော်က သူ့ဒဏ်ရာကို ဂရုတစိုက် ကုသပေးနေရင်း ပြန်ဖြေလိုက်သည်။ "အရှင်... စိတ်မပူပါနဲ့၊ ဒုတပ်မှူးရဲ့ဒဏ်ရာတွေက ပြင်းထန်ပေမယ့် သူက သန်မာတာကြောင့်ရယ် ကံကောင်းတာကြောင့်ရယ် အန္တရာယ် မရှိတော့ပါဘူး"

"ကျွန်တော်မျိုး အပ်စိုက်မှတ်တွေကို ဖိနှိပ်ပြီး သွေးတိတ်အောင်လုပ်ထားပြီးပါပြီ၊ စခန်းကို အရင် ပြန်သွားရပါမယ်" စုလင်းက တိတ်တိတ်လေး သက်ပြင်းချလိုက်ပြီး မတ်တပ်ပြန်ရပ်နိုင်ရန် လက်ထောက်ယု၏ပုခုံးများကို အသုံးပြုခဲ့သည်။ သူက သူ့ဘေးနားမှ ကုယွင်ကို ကြည့်တောင်မကြည့်ပဲ လက်ထောက်ယု၏အကူအညီဖြင့် စခန်းသို့ ပြန်သွားခဲ့သည်။

သွေးစွန်းနေသော ကျောပြင်ကို ကြည့်နေရင်း ကုယွင်၏ နှလုံးသားက ဘာကြောင့်မှန်းမသိ တုန်လှုပ်သွားခဲ့သည်။

****

ကောင်းကင်က လုံးဝ မည်းမှောင်နေတာကြောင့် စခန်းထဲမှာ မီးတွေထွန်းထားပြီး ပင်မတဲစခန်း၏အပြင်ဘက်တွင် လူနှစ်ယောက်... အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေကြသည်။ အချိန်ကြာလာတာနဲ့အမျှ သူတို့နှစ်ယောက်က ပို ပိုပြီး စိတ်မသက်မသာဖြစ်နေပုံပေါ်လာကြသည်။

စုရန်က ကုယွင်၏ ညှိုးငယ်နေသော မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီး သူမကို နှစ်သိမ့်ပေးလိုက်သည်။ "မရီး၊ အရမ်းလည်း စိတ်ပူမနေပါနဲ့၊ ငါ့တို့တာ့ကောက ကျန်းမာရေးကောင်းတော့ ဒဏ်ရာက မြန်မြန် သက်သာသွားမှာပါ "

သူ့ပါးစပ်က ထိုကဲ့သို့ ပြောသော်လည်း သူကိုယ်တိုင်ကတော့ စိတ်ထဲမှာ ယောက်ယက်ခက်နေအောင် ပူလောင်နေခဲ့သည်။ တစ်ရှီးချန်ကျော်နေပြီ၊ သွေးပြည့်နေတဲ့ အိုးတွေကို သွန်နေတာကလွဲပြီး ဘာသတင်းမှ မကြားရဘူး။ အဲ့တော့ သူတို့ ဘယ်လိုမှ စိတ်မပူဘဲ မနေနိုင်ဘူး။

အခုအချိန်မှာ ကုယွင်က သူနဲ့ စကားပြောဖို့ စိတ်မဝင်စားသလို သူမနေရာကို ပြင်ဖို့လည်း စိတ်မ၀င်စားဘူး။ သူမက တဲအတွင်းမှာ ရှိနေတဲ့အမျိုးသားရဲ့လုံခြုံရေးကို စိတ်ပူနေပြီး ရန်သူတွေက ဒီအခြေအနေကို အခွင့်ကောင်းယူနိုင်တာကို တွေးမိတာကြောင့် အဲ့အတွက်လည်း သူမ စိတ်ပူနေခဲ့သည်။ ကုယွင်က အသံတိုးတိုးဖြင့် "စခန်းရဲ့ခံစစ်ကို ပိုအားကောင်းအောင် ထိန်းထားရမယ်။ စခန်းတစ်ဝိုက်မှာ အစောင့်တွေ ထပ်တိုးထားလိုက်။ စုလင်း ဒဏ်ရာရနေတာကို သူတို့ သိသွားမှာကို ကျွန်မ စိုးရိမ်တယ်၊ အဲ့တာဆိုရင် သူတို့က ဒီရုန်းရင်းဆန်ခတ်အခြေအနေကို အခွင့်ကောင်းယူပြီး တိုက်ခိုက်လာနိုင်တယ်"

"စိတ်မပူပါနဲ့၊ ငါ စီစဉ်ထားပြီးသားပါ။ တကယ်လို့ သူတို့ လာတိုက်ခိုက်ရင်တောင် မိုးသစ်တောထဲမှာထက်စာရင် ဒီမှာတိုက်ခိုက်တာက ငါတို့စစ်တပ်အတွက် ပိုကောင်းနိုင်သေးတယ်" သူက စခန်းမှာ စောင့်ကျန်နေခဲ့ရတာကြောင့် ထိုအရာများကို စနစ်တကျ စီစဉ်ထားနိုင်ခဲ့သည်။ အခုအချိန်မှာတော့ သူ့ရဲ့အကြီးဆုံးအစ်ကို ပြန်ကျန်းမာလာဖို့ပဲ သူ မျှော်လင့်တယ်။

သူ မိုးသစ်တောအကြောင်း ပြောလိုက်မှ ကုယွင်က မိုးသစ်တောထဲတွင် လက်ရွေးစင် စစ်သည်ငါးထောင်ရှိနေသည်ကို ရုတ်တရက် ပြန်သတိရမိသည်။

ဟင့်အင်း...မဟုတ်သေးဘူး... ဒီနေ့ ငါ အရမ်းစိတ်ရှုပ်သွားမိတယ်။ စိတ်မကောင်ပါဘူး... ဒီနေ့ ငါ့ဦးနှောက်က အလုပ်မလုပ်တော့ဘူး!!! (T/N: ငါ့ခင်ပွန်းကို စိတ်ပူလို့ ငါ့ဦးနှောက်က အလုပ်မလုပ်တော့ဘူး)

"စုရန်၊ ရှင် ဒီတခေါက် စစ်တပ်သမားတော် ဘယ်နှစ်ယောက် ခေါ်လာတာလဲ?"

စုရန်က အံ့ဩသွားပြီး သူမ ဘာကြောင့် ဒီလိုမေးမှန်းမသိပေမယ့် ပြန်ဖြေလိုက်သေးသည်။ "ရှစ်ယောက်၊ ဘာဖြစ်လို့လဲ?"

ကုယွင်က စိတ်ထင့်စရာကောင်းလောက်အောင် ပြုံးပြနေပြီး "နှစ်ယောက်လောက် ပေးလို့ရမလား?"

ခဏလောက်စဉ်းစားပြီးနောက် စုရန်က ခေါင်းညိတ်ပြလိုက်ပြီး "အင်း၊ ရတယ်၊ ဘာဖြစ်လို့လဲ"

ဒီနေ့ ကျီးပါးစပ်တောင်ကြားတိုက်ပွဲက အသေအပျောက်က မကြီးမားဘဲ အခြေခံအားဖြင့် အားလုံးက အဆင်ပြေနေကြသည်။ သူမက စစ်တပ်သမားတော် နှစ်ယောက်ကို ဘာလုပ်ဖို့ တောင်းနေရတာလဲ???

အခန်း ၁၂ သူရဲကောင်းက အလှလေးကို ကယ်တင်(အပိုင်း ၁၃)

ကုယွင်က သူ့၏သံသယစိတ်များ မကြာစေရန် အလျင်အမြန် ပြန်ဖြေလိုက်သည်။ "ရှင်တို့ရဲ့ လက်ရွေးစင် စစ်သည်ငါးထောင်ကို ဒီနေ့ တောထဲမှာ စွန့်စားခိုင်းထားတယ်။ သူတို့ထဲက အနည်းဆုံး သုံးပုံတစ်ပုံက စစ်တပ်သမားတော်တွေကို လိုအပ်လိမ့်မယ်လို့ ကျွန်မ ခန့်မှန်းမိတယ်"

ဒီတချိန်တွင် သူမ သူတို့ကို ရည်ရွယ်ချက်ရှိရှိဖြင့် မိုးသစ်တောထဲသို့ ဝင်ခွင့်ပေးခဲ့ခြင်း ဖြစ်သည်။ ပုံမှန်ဆိုလျှင် ပျိုးပင်များ ကြီးထွားလာစေဖို့ စိတ်ရှည်လက်ရှည် အချိန်ယူပြီး ပျိုးထောင်သင့်သော်လည်း အချိန်က လေးရက်သာကျန်တော့တာကြောင့် သူမမှာ တခြားရွေးချယ်စရာမရှိတော့ပါဘူး။ ကုယွင်က အချိန်ကို ရေတွက်ရင်း သက်ပြင်းချကာ "အခု သန်းခေါင်ကျော်နေပြီ၊ ကျွန်မ သူတို့ကို သွားကြည့်ရမယ်"

သို့သော် စုရန်က "မင်းရဲ့ဒဏ်ရာက အခုမှ ပတ်တီးစည်းထားတာ။ ငါ တစ်ယောက်ယောက်ကို လွှတ်ပြီး သူတို့ ပြန်လာဖို့ အမိန့်ပေးလိုက်မယ်"

ကုယွင်က ခေါင်းယမ်းလိုက်ပြီး "ဒီနေ့တော့ သူတို့ ပြန်မလာနိုင်လောက်ဘူး။ မိုးသစ်တောထဲမှာ ညဘက်က ကြောက်စရာအကောင်းဆုံးပဲ။ အခုကစပြီး စစ်မှန်တဲ့ လေ့ကျင့်ရေးက စတင်နေပြီ။ သူတို့အသက်အတွက် စိတ်မပူရင် စစ်တပ်သမားတော်တွေကိုတောင် အဲဒီကို ခေါ်မသွားသင့်ဘူး။ ကျွန်မ ဒီည မိုးသစ်တောထဲမှာပဲ နေလိုက်တော့မယ်။ ရှင်က ဒီမှာ စခန်းကို စောင့်နေပြီး စုလင်းကို ဂရုစိုက်လိုက်"

"မဖြစ်ဘူး၊ မင်း မသွားနဲ့" စုရန်က စိုးရိမ်တကြီး တားလိုက်သည်။ "မင်းလက်ကို သေချာဂရုမစိုက်ရင် အနာဂါတ်မှာ ရောဂါအမြစ် ဖြစ်လာလိမ့်မယ်လို့ သမားတော်က ပြောထားတယ်လေ"

ကုယွင်က ခပ်ဖျော့ဖျော့ပြုံးကာ "ကျွန်မ သတိထားပါ့မယ်၊ ကျွန်မ ရှအချိန်မှာ သူတို့ထွက်လာတာကို စောင့်မယ်လို့ ပြောခဲ့တယ်။ ကျွန်မရဲ့ကတိကို ကျွန်မ ဘယ်လို ဖျက်နိုင်မှာလဲ"

သူမ၏မျက်လုံးများမှ ဆုံးဖြတ်ချက်ခိုင်မာမှုနှင့် ခေါင်းမာမှုတို့က သူတို့အစ်ကိုကြီးထက် မလျော့သည်ကို မြင်လိုက်ရတာကြောင့် စုရန်က ခေါင်းယမ်းကာ မချီမဆန့် ပြုံးလိုက်ပြီး "ဘာပဲဖြစ်ဖြစ် ငါ မင်းကို မတားနိုင်ဘူး၊ ဟုတ်တယ်မလား"

ကုယွင်က အဖြေပြန်မပေးဘဲ အနည်းငယ် မျက်ခုံးပင့်ပြနေသော်လည်း သူမ၏မျက်ဝန်းများက သူမဆုံးဖြတ်ချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြနေသည်။ စုရန်က "ကောင်းပြီ၊ ငါ လက်ထောက်ယုကို ပြောပြီး မင်းနဲ့လိုက်မယ့် လူအင်အားကို စီစဉ်ပေးမယ်"

စုရန်အတွက် အဲ့တာကလွဲပြီး လုပ်နိုင်တာ ဘာမှ မရှိတော့ပါဘူး။

ကုယွင်က တခြားအရာတွေကို ပြောချင်ပေမယ့် စုရန်ရဲ့လိုလားပုံမရတဲ့ မျက်လုံးတွေကို သူမကို တွေ့လိုက်ရတာကြောင့် သူမက ပြုံးပြီး ပြောလိုက်သည်။ "အင်း၊ ဒီနေရာကို ရှင့်အတွက် ထားခဲ့လိုက်မယ်"

ကုယွင်က သတင်းမရသေးသော ပင်မတဲစခန်းကို နောက်တစ်ကြိမ် ပြန်ကြည့်လိုက်ပြီး ခဏမျှ တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင် တဲထဲကို မဝင်တော့ဘဲ လှည့်ထွက်သွားခဲ့သည်။

စုရန်က ကုယွင်၏ နောက်ကျောကို စိုက်ကြည့်နေရင်း ကုယွင်၏မျက်လုံးများမှ စိုးရိမ်ပူပန်မှုကို တိတိတဆိတ် မှန်းဆနေသည်။ အဲ့တာတွေက သူမနဲ့အစ်ကိုကြီးရဲ့ ခင်မင်ရင်းနှီးမှုပေါ် အခြေခံပြီး ဖြစ်လာတာလာ?? ဒါမှမဟုတ် ရိုးရိုးရှင်းရှင်း ကျေးဇူးတင်ချင်နေတာလား? ဒါမှမဟုတ် အကြီးဆုံးအစ်ကိုက 'အလှလေးကို ကယ်တင်တဲ့ သူရဲကောင်း'အဖြစ် အလှလေးရဲ့နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့တာလား???

"အမ်း--" သူ လျှို့ဝှက်စွာ မှန်းဆနေချိန်တွင် တဲထဲမှ တိုးလျသော သည်းညူသံတစ်ခု ထွက်ပေါ်လာသည်။

💜💜💜Thank you so much for your reading time, Votes , comments, and supports💜💜💜


အခန္း ၁၂ သူရဲေကာင္းက အလွေလးကို ကယ္တင္(အပိုင္း ၁၂)

"စစ္သူႀကီး!"

စစ္သူႀကီးက တစ္မ်ိဳးျဖစ္ေနတာကို သူ ဘာလို႔ သတိမထားမိတာလဲ?! ေသစမ္း!!!

"သမားေတာ္!"

"ကြၽန္ေတာ္မ်ိဳး ေရာက္လာပါၿပီ" လိုက္ပါလာတဲ့ စစ္တပ္သမားေတာ္က ေရွ႕ကို အျမန္ေရာက္ၿပီး သူ ေရာက္ေနေၾကာင္း သတင္းပို႔လာသည္။

ကုယြင္က သမားေတာ္ကို တစ္ခ်က္ၾကည့္ကာ အေလာတႀကီး လွမ္းေျပာလိုက္သည္။ "သူ႔ကို ျမန္ျမန္ၾကည့္ေပး"

"ဟုတ္ကဲ့" စစ္တပ္သမားေတာ္က ကုယြင္ စကားကို လုံးဝ လ်စ္လ်ဴမရႈဝံ့ဘဲ စုလင္း ေနာက္ေက်ာမွ ဒဏ္ရာကို ဂ႐ုတစိုက္ စစ္ေဆးၾကည့္ၿပီးေနာက္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ စစ္သူႀကီး၏ဒဏ္ရာက အရမ္းျပင္းထန္လြန္းေနၿပီး သူ႔၏ညာဘက္ပခုံးကို ျမႇားတိုေလးတစ္ေခ်ာင္း ႏွစ္ဝင္ေနသည္ကို ေတြ႕လိုက္ရတာေၾကာင့္ "ဒါကို ဒီေနရာမွာ ကုသဖို႔ လုံးဝ မျဖစ္ႏိုင္ပါဘူး၊ ကုသမႈခံယူဖို႔ စခန္းကို အျမန္ဆုံးျပန္သြားရပါမယ္"

"ေလာေလာဆယ္ ေသြးထြက္ေနတာကို ရပ္ေအာင္ အရင္လုပ္ေပး" ေသြးေတြ ဒီအတိုင္းဆက္ထြက္ေနမယ္ဆိုရင္ စခန္းမေရာက္ခင္ ေသြးထြက္လြန္ၿပီး သူေသသြားလိမ့္မယ္။

စုလင္းက သတိလစ္ေနၿပီး အသက္႐ူသံက ေလးတြဲေနကာ ေခါင္းက ငိုက္စိုက္က်ေနသည္။ အခ်ိန္အေတာ္ၾကာေအာင္ အပ္စိုက္ကုထုံးျဖင့္ အႀကိမ္အနည္းငယ္ ကုသၿပီးေနာက္ သူ အနည္းငယ္ သက္သာလာပုံရသည္။ သူက သူ႔ပါးစပ္ကို ဖြင့္ႏိုင္တာနဲ႔ အေလာတႀကီး ေမးလာသည္။ "ဟန္ရႈ ဘယ္လိုေနလဲ"

စစ္တပ္သမားေတာ္က သူ႔ဒဏ္ရာကို ဂ႐ုတစိုက္ ကုသေပးေနရင္း ျပန္ေျဖလိုက္သည္။ "အရွင္... စိတ္မပူပါနဲ႔၊ ဒုတပ္မႉးရဲ႕ဒဏ္ရာေတြက ျပင္းထန္ေပမယ့္ သူက သန္မာတာေၾကာင့္ရယ္ ကံေကာင္းတာေၾကာင့္ရယ္ အႏၲရာယ္ မရွိေတာ့ပါဘူး"

"ကြၽန္ေတာ္မ်ိဳး အပ္စိုက္မွတ္ေတြကို ဖိႏွိပ္ၿပီး ေသြးတိတ္ေအာင္လုပ္ထားၿပီးပါၿပီ၊ စခန္းကို အရင္ ျပန္သြားရပါမယ္" စုလင္းက တိတ္တိတ္ေလး သက္ျပင္းခ်လိုက္ၿပီး မတ္တပ္ျပန္ရပ္ႏိုင္ရန္ လက္ေထာက္ယု၏ပုခုံးမ်ားကို အသုံးျပဳခဲ့သည္။ သူက သူ႔ေဘးနားမွ ကုယြင္ကို ၾကည့္ေတာင္မၾကည့္ပဲ လက္ေထာက္ယု၏အကူအညီျဖင့္ စခန္းသို႔ ျပန္သြားခဲ့သည္။

ေသြးစြန္းေနေသာ ေက်ာျပင္ကို ၾကည့္ေနရင္း ကုယြင္၏ ႏွလုံးသားက ဘာေၾကာင့္မွန္းမသိ တုန္လႈပ္သြားခဲ့သည္။

****

ေကာင္းကင္က လုံးဝ မည္းေမွာင္ေနတာေၾကာင့္ စခန္းထဲမွာ မီးေတြထြန္းထားၿပီး ပင္မတဲစခန္း၏အျပင္ဘက္တြင္ လူႏွစ္ေယာက္... အမ်ိဳးသားတစ္ေယာက္ႏွင့္ အမ်ိဳးသမီးတစ္ေယာက္ ေခါက္တုံ႔ေခါက္ျပန္ လမ္းေလွ်ာက္ေနၾကသည္။ အခ်ိန္ၾကာလာတာနဲ႔အမွ် သူတို႔ႏွစ္ေယာက္က ပို ပိုၿပီး စိတ္မသက္မသာျဖစ္ေနပုံေပၚလာၾကသည္။

စုရန္က ကုယြင္၏ ညႇိဳးငယ္ေနေသာ မ်က္ႏွာကို တစ္ခ်က္ၾကည့္လိုက္ၿပီး သူမကို ႏွစ္သိမ့္ေပးလိုက္သည္။ "မရီး၊ အရမ္းလည္း စိတ္ပူမေနပါနဲ႔၊ ငါ့တို႔တာ့ေကာက က်န္းမာေရးေကာင္းေတာ့ ဒဏ္ရာက ျမန္ျမန္ သက္သာသြားမွာပါ "

သူ႔ပါးစပ္က ထိုကဲ့သို႔ ေျပာေသာ္လည္း သူကိုယ္တိုင္ကေတာ့ စိတ္ထဲမွာ ေယာက္ယက္ခက္ေနေအာင္ ပူေလာင္ေနခဲ့သည္။ တစ္ရွီးခ်န္ေက်ာ္ေနၿပီ၊ ေသြးျပည့္ေနတဲ့ အိုးေတြကို သြန္ေနတာကလြဲၿပီး ဘာသတင္းမွ မၾကားရဘူး။ အဲ့ေတာ့ သူတို႔ ဘယ္လိုမွ စိတ္မပူဘဲ မေနႏိုင္ဘူး။

အခုအခ်ိန္မွာ ကုယြင္က သူနဲ႔ စကားေျပာဖို႔ စိတ္မဝင္စားသလို သူမေနရာကို ျပင္ဖို႔လည္း စိတ္မ၀င္စားဘူး။ သူမက တဲအတြင္းမွာ ရွိေနတဲ့အမ်ိဳးသားရဲ႕လုံၿခဳံေရးကို စိတ္ပူေနၿပီး ရန္သူေတြက ဒီအေျခအေနကို အခြင့္ေကာင္းယူႏိုင္တာကို ေတြးမိတာေၾကာင့္ အဲ့အတြက္လည္း သူမ စိတ္ပူေနခဲ့သည္။ ကုယြင္က အသံတိုးတိုးျဖင့္ "စခန္းရဲ႕ခံစစ္ကို ပိုအားေကာင္းေအာင္ ထိန္းထားရမယ္။ စခန္းတစ္ဝိုက္မွာ အေစာင့္ေတြ ထပ္တိုးထားလိုက္။ စုလင္း ဒဏ္ရာရေနတာကို သူတို႔ သိသြားမွာကို ကြၽန္မ စိုးရိမ္တယ္၊ အဲ့တာဆိုရင္ သူတို႔က ဒီ႐ုန္းရင္းဆန္ခတ္အေျခအေနကို အခြင့္ေကာင္းယူၿပီး တိုက္ခိုက္လာႏိုင္တယ္"

"စိတ္မပူပါနဲ႔၊ ငါ စီစဥ္ထားၿပီးသားပါ။ တကယ္လို႔ သူတို႔ လာတိုက္ခိုက္ရင္ေတာင္ မိုးသစ္ေတာထဲမွာထက္စာရင္ ဒီမွာတိုက္ခိုက္တာက ငါတို႔စစ္တပ္အတြက္ ပိုေကာင္းႏိုင္ေသးတယ္" သူက စခန္းမွာ ေစာင့္က်န္ေနခဲ့ရတာေၾကာင့္ ထိုအရာမ်ားကို စနစ္တက် စီစဥ္ထားႏိုင္ခဲ့သည္။ အခုအခ်ိန္မွာေတာ့ သူ႔ရဲ႕အႀကီးဆုံးအစ္ကို ျပန္က်န္းမာလာဖို႔ပဲ သူ ေမွ်ာ္လင့္တယ္။

သူ မိုးသစ္ေတာအေၾကာင္း ေျပာလိုက္မွ ကုယြင္က မိုးသစ္ေတာထဲတြင္ လက္ေ႐ြးစင္ စစ္သည္ငါးေထာင္ရွိေနသည္ကို ႐ုတ္တရက္ ျပန္သတိရမိသည္။

ဟင့္အင္း...မဟုတ္ေသးဘူး... ဒီေန႔ ငါ အရမ္းစိတ္ရႈပ္သြားမိတယ္။ စိတ္မေကာင္ပါဘူး... ဒီေန႔ ငါ့ဦးေႏွာက္က အလုပ္မလုပ္ေတာ့ဘူး!!! (T/N: ငါ့ခင္ပြန္းကို စိတ္ပူလို႔ ငါ့ဦးေႏွာက္က အလုပ္မလုပ္ေတာ့ဘူး)

"စုရန္၊ ရွင္ ဒီတေခါက္ စစ္တပ္သမားေတာ္ ဘယ္ႏွစ္ေယာက္ ေခၚလာတာလဲ?"

စုရန္က အံ့ဩသြားၿပီး သူမ ဘာေၾကာင့္ ဒီလိုေမးမွန္းမသိေပမယ့္ ျပန္ေျဖလိုက္ေသးသည္။ "ရွစ္ေယာက္၊ ဘာျဖစ္လို႔လဲ?"

ကုယြင္က စိတ္ထင့္စရာေကာင္းေလာက္ေအာင္ ၿပဳံးျပေနၿပီး "ႏွစ္ေယာက္ေလာက္ ေပးလို႔ရမလား?"

ခဏေလာက္စဥ္းစားၿပီးေနာက္ စုရန္က ေခါင္းညိတ္ျပလိုက္ၿပီး "အင္း၊ ရတယ္၊ ဘာျဖစ္လို႔လဲ"

ဒီေန႔ က်ီးပါးစပ္ေတာင္ၾကားတိုက္ပြဲက အေသအေပ်ာက္က မႀကီးမားဘဲ အေျခခံအားျဖင့္ အားလုံးက အဆင္ေျပေနၾကသည္။ သူမက စစ္တပ္သမားေတာ္ ႏွစ္ေယာက္ကို ဘာလုပ္ဖို႔ ေတာင္းေနရတာလဲ???

အခန္း ၁၂ သူရဲေကာင္းက အလွေလးကို ကယ္တင္(အပိုင္း ၁၃)

ကုယြင္က သူ႔၏သံသယစိတ္မ်ား မၾကာေစရန္ အလ်င္အျမန္ ျပန္ေျဖလိုက္သည္။ "ရွင္တို႔ရဲ႕ လက္ေ႐ြးစင္ စစ္သည္ငါးေထာင္ကို ဒီေန႔ ေတာထဲမွာ စြန႔္စားခိုင္းထားတယ္။ သူတို႔ထဲက အနည္းဆုံး သုံးပုံတစ္ပုံက စစ္တပ္သမားေတာ္ေတြကို လိုအပ္လိမ့္မယ္လို႔ ကြၽန္မ ခန႔္မွန္းမိတယ္"

ဒီတခ်ိန္တြင္ သူမ သူတို႔ကို ရည္႐ြယ္ခ်က္ရွိရွိျဖင့္ မိုးသစ္ေတာထဲသို႔ ဝင္ခြင့္ေပးခဲ့ျခင္း ျဖစ္သည္။ ပုံမွန္ဆိုလွ်င္ ပ်ိဳးပင္မ်ား ႀကီးထြားလာေစဖို႔ စိတ္ရွည္လက္ရွည္ အခ်ိန္ယူၿပီး ပ်ိဳးေထာင္သင့္ေသာ္လည္း အခ်ိန္က ေလးရက္သာက်န္ေတာ့တာေၾကာင့္ သူမမွာ တျခားေ႐ြးခ်ယ္စရာမရွိေတာ့ပါဘူး။ ကုယြင္က အခ်ိန္ကို ေရတြက္ရင္း သက္ျပင္းခ်ကာ "အခု သန္းေခါင္ေက်ာ္ေနၿပီ၊ ကြၽန္မ သူတို႔ကို သြားၾကည့္ရမယ္"

သို႔ေသာ္ စုရန္က "မင္းရဲ႕ဒဏ္ရာက အခုမွ ပတ္တီးစည္းထားတာ။ ငါ တစ္ေယာက္ေယာက္ကို လႊတ္ၿပီး သူတို႔ ျပန္လာဖို႔ အမိန႔္ေပးလိုက္မယ္"

ကုယြင္က ေခါင္းယမ္းလိုက္ၿပီး "ဒီေန႔ေတာ့ သူတို႔ ျပန္မလာႏိုင္ေလာက္ဘူး။ မိုးသစ္ေတာထဲမွာ ညဘက္က ေၾကာက္စရာအေကာင္းဆုံးပဲ။ အခုကစၿပီး စစ္မွန္တဲ့ ေလ့က်င့္ေရးက စတင္ေနၿပီ။ သူတို႔အသက္အတြက္ စိတ္မပူရင္ စစ္တပ္သမားေတာ္ေတြကိုေတာင္ အဲဒီကို ေခၚမသြားသင့္ဘူး။ ကြၽန္မ ဒီည မိုးသစ္ေတာထဲမွာပဲ ေနလိုက္ေတာ့မယ္။ ရွင္က ဒီမွာ စခန္းကို ေစာင့္ေနၿပီး စုလင္းကို ဂ႐ုစိုက္လိုက္"

"မျဖစ္ဘူး၊ မင္း မသြားနဲ႔" စုရန္က စိုးရိမ္တႀကီး တားလိုက္သည္။ "မင္းလက္ကို ေသခ်ာဂ႐ုမစိုက္ရင္ အနာဂါတ္မွာ ေရာဂါအျမစ္ ျဖစ္လာလိမ့္မယ္လို႔ သမားေတာ္က ေျပာထားတယ္ေလ"

ကုယြင္က ခပ္ေဖ်ာ့ေဖ်ာ့ၿပဳံးကာ "ကြၽန္မ သတိထားပါ့မယ္၊ ကြၽန္မ ရွအခ်ိန္မွာ သူတို႔ထြက္လာတာကို ေစာင့္မယ္လို႔ ေျပာခဲ့တယ္။ ကြၽန္မရဲ႕ကတိကို ကြၽန္မ ဘယ္လို ဖ်က္ႏိုင္မွာလဲ"

သူမ၏မ်က္လုံးမ်ားမွ ဆုံးျဖတ္ခ်က္ခိုင္မာမႈႏွင့္ ေခါင္းမာမႈတို႔က သူတို႔အစ္ကိုႀကီးထက္ မေလ်ာ့သည္ကို ျမင္လိုက္ရတာေၾကာင့္ စုရန္က ေခါင္းယမ္းကာ မခ်ီမဆန႔္ ၿပဳံးလိုက္ၿပီး "ဘာပဲျဖစ္ျဖစ္ ငါ မင္းကို မတားႏိုင္ဘူး၊ ဟုတ္တယ္မလား"

ကုယြင္က အေျဖျပန္မေပးဘဲ အနည္းငယ္ မ်က္ခုံးပင့္ျပေနေသာ္လည္း သူမ၏မ်က္ဝန္းမ်ားက သူမဆုံးျဖတ္ခ်က္ကို ရွင္းရွင္းလင္းလင္း ေဖာ္ျပေနသည္။ စုရန္က "ေကာင္းၿပီ၊ ငါ လက္ေထာက္ယုကို ေျပာၿပီး မင္းနဲ႔လိုက္မယ့္ လူအင္အားကို စီစဥ္ေပးမယ္"

စုရန္အတြက္ အဲ့တာကလြဲၿပီး လုပ္ႏိုင္တာ ဘာမွ မရွိေတာ့ပါဘူး။

ကုယြင္က တျခားအရာေတြကို ေျပာခ်င္ေပမယ့္ စုရန္ရဲ႕လိုလားပုံမရတဲ့ မ်က္လုံးေတြကို သူမကို ေတြ႕လိုက္ရတာေၾကာင့္ သူမက ၿပဳံးၿပီး ေျပာလိုက္သည္။ "အင္း၊ ဒီေနရာကို ရွင့္အတြက္ ထားခဲ့လိုက္မယ္"

ကုယြင္က သတင္းမရေသးေသာ ပင္မတဲစခန္းကို ေနာက္တစ္ႀကိမ္ ျပန္ၾကည့္လိုက္ၿပီး ခဏမွ် တုံ႔ဆိုင္းသြားေသာ္လည္း ေနာက္ဆုံးတြင္ တဲထဲကို မဝင္ေတာ့ဘဲ လွည့္ထြက္သြားခဲ့သည္။

စုရန္က ကုယြင္၏ ေနာက္ေက်ာကို စိုက္ၾကည့္ေနရင္း ကုယြင္၏မ်က္လုံးမ်ားမွ စိုးရိမ္ပူပန္မႈကို တိတိတဆိတ္ မွန္းဆေနသည္။ အဲ့တာေတြက သူမနဲ႔အစ္ကိုႀကီးရဲ႕ ခင္မင္ရင္းႏွီးမႈေပၚ အေျခခံၿပီး ျဖစ္လာတာလာ?? ဒါမွမဟုတ္ ႐ိုး႐ိုးရွင္းရွင္း ေက်းဇူးတင္ခ်င္ေနတာလား? ဒါမွမဟုတ္ အႀကီးဆုံးအစ္ကိုက 'အလွေလးကို ကယ္တင္တဲ့ သူရဲေကာင္း'အျဖစ္ အလွေလးရဲ႕ႏွလုံးသားကို သိမ္းပိုက္ႏိုင္ခဲ့တာလား???

"အမ္း--" သူ လွ်ိဳ႕ဝွက္စြာ မွန္းဆေနခ်ိန္တြင္ တဲထဲမွ တိုးလ်ေသာ သည္းညဴသံတစ္ခု ထြက္ေပၚလာသည္။

💜💜💜Thank you so much for your reading time, Votes , comments, and supports💜💜💜

Συνέχεια Ανάγνωσης

Θα σας αρέσει επίσης

665K 76.8K 200
ဘာသာပြန်သူ - Swae Nyoe Team ဇာတ်လမ်းအကျဉ်း နန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေးမှားလက်ထပ်ခဲ့မိပြီး...
80.3K 5.3K 52
ရှေးခေတ် မျိုးနွယ်စု ပုံစံရေးမှာပါ။ ဟိုဖက်မျိုးနွယ် ဒီဖက်မျိုးနွယ် တွေအကြောင်းပါ။စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်လို​့ တချို့ဟာတွေက လက်တွေ့နဲ့ကွဲပြားမှာပါ။.
129K 15.6K 103
English Title - After transmigrating She became the mother of two Author - 攀枝花 All credits to Author and English translators I got from English Trans...
631K 78.4K 199
Title-穿书后她成了万人迷 Original Author- Young Master Yan,公子衍 Language-chinese Status-535chapters& 23 extra chapter (ongoing) I do not own the whole story an...