စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုး...

By BlackLily_WhiteLily

59.4K 6.3K 215

"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) C... More

Description
Intro- 1
Intro- 2
Intro- 3
Chapter 1.1
Chapter 1.2
Chapter 1.3
Chapter 1.4
Chapter 2.1
Just Information
Chapter 2.2
Chapter 2.3
Chapter 2.4
Chapter 2.5
Chapter 3.1
Chapter 3.2
Chapter 3.3
🎆🎆🎆Happy New Year🎆🎆🎆
Chapter 3.4
Chapter 3.5
Chapter 4.1
Chapter 4.2/4.3
Chapter 4.4/4.5
Chapter 4.6
Chapter 4.7
Chapter 5.1
Chapter 5.2
Chapter 5.3
Chapter 5.4
Chapter 5.5
Chapter 6.1
Chapter 6.2
Chapter 6.3
Chapter 6.4
Chapter 6.5
Chapter 7.1
Chapter 7.2
Chapter 7.3
Chapter 7.4
Chapter 7.5
Chapter 8.1
Chapter 8.2
Chapter 8.3
Chapter 8.4
Chapter 9.1
Chapter 9.2/9.3
Chapter 9.4/9.5
Chapter 9.6/9.7
Chapter 9.8/9.9
Chapter 9.10/9.11
Chapter 10.1/10.2
Chapter 10.3/10.4
Chapter 10.5/10.6
Chapter 10.7/10.8
Chapter 10.9/10.10
Chapter 10.11/10.12
Chapter 10.13/10.14
Chapter 10.15/10.16/10.17
Chapter 11(1,2)
Chapter 11 (3,4)
Chapter 11 (5,6)
Chapter 11.7, 12.1
Chapter 12 (2,3)
Chapter 12 (4,5)
Chapter 12 (6,7)
Chapter 12 (8,9)
Chapter 12 (12,13)
Chapter 13(1,2)
Chapter 13 (3,4)
Chapter 13 (5,6)
Chapter 13 (7,8)
Chapter 13 (9,10,11)
🔊🔊🔊 Telegram PG လေးစပါပြီ
Chapter 14.1/14.2
Chapter 14.3/14.4
Chapter 14.5/14.6
Chapter 14.7/14.8
Chapter 15.1/15.2
Chapter 15.3/15.4
Chapter 15.5/15.6
Chapter 15.7/15.8
Chapter 15.9/15.10
Chapter 15.11/15.12
Chapter 16.1/16.2
Chapter 16.3/16.4
Chapter 16.5/16.6
Chapter 16.7/16.8
Chapter 16.9/16.10
Chapter 16.11/16.12
Chapter 16.13/16.14

Chapter 12 (10,11)

528 64 0
By BlackLily_WhiteLily

အခန်း ၁၂ သူရဲကောင်းက အလှလေးကို ကယ်တင်(အပိုင်း ၁၀)

ကုယွင်က ကမန်းကတန်း မော့ကြည့်လိုက်ပေမယ့် စုလင်း၏အမြဲတမ်း အေးစက်ပြီး မာနကြီးပုံရသော မျက်နှာတွင် နာကျင်နေသော အရိပ်အယောင်များ ရှိမနေပေ။ သူ့မျက်နှာက အနည်းငယ် နီနေကာ မျက်ခုံးမွှေးများ အနည်းငယ် တွန့်နေပြီး သူ့နဖူးတွင် အနည်းငယ် စိုစွတ်နေသည်။ ထိုအရာများကို ရှင်းရှင်းလင်လင်း မမြင်ရဘဲ ချွေးများဖြစ်နိုင်သလို ရေငွေ့များလည်းဖြစ်နိုင်သည်။

ကုယွင်က သူ ဘယ်လိုနေလဲ မေးရန် ပြင်နေပေမယ့် ပုံမှန်ထက်ပိုးတိုးနေသော သူ့အသံကို ကြားလိုက်ရသည်။ "လာ၊ ငါ မင်းကို သယ်သွားပေးမယ်"

ခုနက ဝင်တိုက်လိုက်တာကြောင့် သူ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့တာဖြစ်နိုင်တယ်လို့ တွေးမိတာကြောင့် ကုယွင်က ခေါင်းခါလိုက်ပြီး "မလိုဘူး၊ ကျွန်မဘာသာ တက်နိုင်တယ်၊ ရှင် အရင်တက်သွား"

ကုယွင်က ကြိုးကို ကိုင်ထားပြီး သူ လွယ်လွယ်ကူကူ တက်နိုင်စေရန် သူမခါးကို နိမ့်ချလိုက်ပြီး အောက်သို့ အနည်းငယ် ရွှေ့ရန် ကြိုးစားလိုက်သည်။ သို့သော် သူမခါးပေါ်မှ လက်က သူမ မလှုပ်ရှားနိုင်အောင် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ ကုယွင်၏နက်မှောင်နေသော မျက်လုံးများက သူမရှေ့မှလူ၏ ထူးထူးခြားခြားနှင့် ရှားပါးသော စိုးရိမ်ပူပန်မှုကို တွေ့လိုက်ရသည်။ သို့သော်လည်း သူ့အသံက စိတ်မရှည်ပုံပေါက်နေတာ "မဟုတ်တာတွေ ပြောနေတာကို ရပ်လိုက်၊ ဒီကိုလာ..ကျောပေါ်ကို မြန်မြန်တက်"

သူ့အသက်ရှူသံတွေက အရင်ထက် ပိုမြန်လာပြီး မျက်လုံးတွေက နီရဲလာတာကြောင့် ကုယွင်က သူနဲ့ ထပ်ပြီး မငြင်းခုန်ရန် ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။ စုလင်းရဲ့ ဒေါသအပေါ် သူမရဲ့နားလည်မှုအရ အခုအချိန်မှာ စကားများများပြောတာက အသုံးမဝင်ဘူး။ အဲ့တော့ ခန လွှတ်ထားလိုက်မယ်။ အခုအချိန်မှာ ကြမ်းတမ်းတဲ့ စကားတွေ ပြောဖို့လည်း မသင့်တော်ဘူးလေ... စကားများ ရန်ဖြစ်ချင်ရင်လည်း အပေါ်ရောက်မှ ဆက်ဖြစ်ကြတာပေါ့။

စုလင်းက ကုယွင် သူ့နောက်ကျောပေါ်တက်နိုင်ရန် သူ့လက်ဖြင့် ကူညီပေးလိုက်ပြီး ကုယွင်က စုလင်း၏နောက်ကျောပေါ်သို့ တက်သွားသည်။ ထိုအချိန်တွင် သဲနှင့်ဖုန်မှုန့်များ၏ကပ်နေသော သူ့နောက်ကျောတွင် သွေးထွက်နေသော နက်နဲသောအပေါက်တစ်ခုကို သူမ တွေ့လိုက်ရတာကြောင့် တုန်လှုပ်သွားပြီး "ရှင်..."

နီရဲတောက်နေသောသွေးများက သူ့ပခုံးမှ သူ့ရင်ဘတ်တစ်လျှောက် စီးကျနေသည်ကို တွေ့လိုက်ရတာကြောင့် ကုယွင်က မအံ့သြဘဲ မနေနိုင်တော့ပေ။ သူ သွေးတွေ အများကြီး ဆုံးရှုံးခဲ့တာလား?? သူဆီမှ သွေးများ အလွန်အကျွံထွက်နေတာကြောင့် ကုယွင်က တူညီသော အဖြစ်အပျက်ကို သတိရသွားပြီး ကောကျင့်ယွင်လည်း ထိုကဲ့သို့ ဖြစ်ခဲ့သည်ကို ချက်ချင်း ပြန်သတိရမိသည်။

သို့သော်လည်း ထိုသွေးထွက်နေသောနေရာတွင် ငွေရောင်မြှား၏အစွန်းလေးကိုပင် မမြင်ရချေ။ သေစမ်း!!!! သူက သူ့အသက်ကို မလိုချင်တော့ဘူးလား??? မြှားထိထားတဲ့ နောက်ကျောကြီးနဲ့ ကျောက်နံရံကို နောက်ပြန်ဝင်တိုက်ခဲ့တာလေ... ထိုမျှကြီးမားသော အင်အား၏ အကျိုးသက်ရောက်မှုက မြှားတိုလေး၏ကိုယ်ထည်တစ်ခုလုံး သူ့ခန္ဓာကိုယ်ထဲ နှစ်ဝင်သွားနိုင်ချေရှိသည်။

ကုယွင်က သူမခါးမှ အဝတ်အိတ်ကို လက်တစ်ဖက်ဖြင့် အမြန်ချွတ်လိုက်ပြီး လျော့ရဲသွားသော သူမ၏အင်္ကျီများကိုပင် ဂရုမစိုက်နိုင်တော့ဘဲ သူ့၏သွေးထွက်နေသော အပေါက်နေရာကိုသာ အဝတ်စများ ခပ်တင်းတင်းဖိပိတ်ထားလိုက်သည်။ ကမ်းပါးထိပ်မှ စစ်သည်များက သူတို့နှစ်ယောက်ကို ဆွဲတင်ပေးခဲ့ပြီး သိပ်မကြာခင်မှာဘဲ ကမ်းပါးထိပ်ကို ရောက်သွားသည်။ လက်ထောက်ယုက ရှေ့ကို တိုးလာပြီး စုလင်းရဲ့ ညာလက်မောင်းကို ဆွဲတင်လိုက်ကာ "သခင်မလေး အဆင်ပြေရဲ့လား?"

ကုယွင်က ခေါင်းခါလိုက်ပြီး "ကျွန်မ အဆင်ပြေပါတယ်၊ ဒါပေမယ့် စုလင်းမှာ တစ်ခုခု ဖြစ်သွားတယ်"

ချောက်ကမ်းပါးထိပ်ကို ရောက်တဲ့အခါ ကုယွင်က သူ ဝန်ပေါ့သွားစေဖို့ သူ့ကျောပေါ်ကနေ ဆင်းချင်ပေမယ့် စုလင်းရဲ့လက်ကြီးတွေက သူမခြေထောက်တွေကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတာကို သူမ သိလိုက်ရသည်။ ဟိုဘက်က သူပုန်တွေက ဒီဘက်ကို အလေးအနက်စိုက်ကြည့်နေကြပြီး ရန်ကော်ကတော့ ပိုလို့တောင် ဒေါသထွက်နေပုံရသည်။ သူက သူ့လက်ထဲက ပြတ်နေတဲ့ ကြာပွတ်ကို ဒေါသတကြီးနဲ့ ပစ်ချလိုက်ပြီး "ထွက်မပြေးနဲ့၊ ဒီကိုလာပြီး ငါ့နဲ့ လာထပ်တိုက်"

စုလင်းက သူမကို ကျောပေါ်တင်ပြီး ဝင့်ကြွားစွာ ရပ်နေကာ သူ့၏လင်းယုန်မျက်လုံးတွေက ငြိမ်သက်စွာရပ်နေဆဲဖြစ်သော ဝူကျိကို အေးစက်စွာ စိုက်ကြည့်နေသည်။ အဲဒီအေးစက်တဲ့မျက်လုံးတွေအောက်မှာ ဝူကျိရဲ့နှလုံးသားက အနည်းငယ် တုန်လှုပ်သွားခဲ့တယ်။ သူ့ရဲ့မြှားတိုလေးကို လွဲချော်ခဲ့တာလား??! မဖြစ်နိုင်ဘူး! ဒါပေမယ့် သူ မြှားနဲ့ အပစ်ခံလိုက်ရရင် ဒီလိုမျိုး စိတ်အေးလက်အေးနဲ့ သူ့မိန်းမကို သူ့နောက်ကျောမှာ တင်ထားနိုင်ပါ့မလား?

ကုယွင် ငုံ့ကြည့်လိုက်ချိန်မှာ စုလင်းရဲ့ ညာဘက်ပခုံးကနေ သူ့နောက်ကျောအထိ သွေးတွေနဲ့ ဖုံးလွှမ်းနေတာကို တွေ့လိုက်သည်။

သူက သူမှာ ဒီလောက်ပြင်းထန်တဲ့ ဒဏ်ရာရှိနေတာကို သူပုန်တွေ သိစေချင်မှာ မဟုတ်ဘူး!

အခန်း ၁၂ သူရဲကောင်းက အလှလေးကို ကယ်တင်(အပိုင်း ၁၁)

ကုယွင်က စုလင်းလည်ပင်းကို သူမလက်နှစ်ဖက်ဖြင့် ပွေ့ဖက်ထားရင်း စုလင်း၏ ကျောပြင်ပေါ်တွင် ငှက်ကလေးတစ်ကောင်လို တွယ်ကပ်နေပြီး သူမ၏အပြစ်ကင်းစင်သော မျက်နှာလေးတွင် ကလေးမလေးတစ်ဘောက်၏အမူအရာကို ဖော်ပြထားသည်။ သူမက ထိုအချိန်ကို အခွင့်‌ကောင်းယူကာ သူ့နောက်ကျောမှ သွေးများအားလုံးကို ဖုံးပေးထားလိုက်သည်။

သို့သော် စုလင်း၏ခန္ဓာကိုယ်ကြီးကတော့ တောင့်တင်းလာသည်။ သူမ၏ နူးညံပျော့ပျောင်းသော ခန္ဓာကိုယ်လေးက သူ့နောက်ကျောကို ဖိထားလိုက်ပြီး သူမဆီမှ အမွှေးရနံ့က သူ့နှာခေါင်းထဲကို စိမ့်ဝင်လာသည်။ သူမ၏ ပူနွေးသော ရင်ဘတ်က သူ့ကျောပေါ်ကို ဖိထားတာကြောင့် သူ့နောက်ကျောက ရုတ်တရက် မီးကဲ့သို့ ပူလောင်နေသောခံစားမှုကို ခံစားလိုက်ရသည်။ သို့သော် ထိုအပူက ချက်ချင်း ပြန်အေးစက်သွားပြန်သည်။ စုလင်းက အနည်းငယ် မှင်သက်သွားသည်။ သူ တခါမှ ဒီလို ခံစားချက်မျိုးကို မကြုံဖူးပါဘူး။ အမျိုးသမီးတစ်ယောက်ရဲ့ခန္ဓာကိုယ်က ဒီလိုမျိုး အရမ်း နူးညံနေတာလား??

စုလင်း၏အသက်ရှူသံက သိသိသာသာ ကြမ်းရှလာတာကြောင့် ကုယွင်က သူ့ဒဏ်ရာ ပိုပြင်းထန်လာတယ်လို့ တွေးလိုက်ပြီး တစ်ဖက်လူက သေချာကြည့်လိုက်သည်။ ယခုအချိန်တွင် အလျင်စလို ထွက်သွားရန် လိုအပ်နေပြီဟု တွေးလိုက်ပြီး ကုယွင်က စုလင်း၏ ကျောကို ကျော်ကြည့်လိုက်ကာ ထင်ရှားသော အထင်အမြင်သေးမှုများပါဝင်သော အသံဖြင့် ပျင်းရိစွာ လှောင်ပြောင်လိုက်သည်။ "ဟေးး... ပုဇွန်နောက်လိုက်တွေနဲ့ ကဏန်းလိုခေါင်း‌ဆောင်တွေ.. နင်တို့က အရမ်းကို မောက်မာဝံ့ကြွားနေတယ်ပေါ့... ငါ့ခင်ပွန်းက နင်တို့ရဲ့ သူခိုးတွင်းကို ဆယ်ရက်အတွင်း သုတ်သင်ရှင်းလင်းပြီး နင်တို့လည်ပင်းတွေကို အလျော်လာယူမယ်လို့ နင်တို့ရဲ့ခေါင်းဆောင်ကို ပြန်ပြောပြလိုက်"

ထိုစကားတစ်ခွန်းတည်းကြောင့် တစ်ဖက်လူက သူမကို ပိုလို့တောင် ပြင်းပြင်းထန်ထန် ကြိမ်းမောင်းချင်နေတော့သည်။

"ငါ့ခင်ပွန်း" ဆိုတဲ့ စကားလုံးက စုလင်း၏မျက်မှောင်ကြုတ်ထားသော မျက်ခုံးများကို ပို၍ပင် တင်းကျပ်သွားစေသည်။ ရွံရှာတာလား ဒါမှမဟုတ် စိတ်မသက်မသာ ဖြစ်တာလားဆိုတာ သူ မသိဘူး။ မရှင်းမလင်း ပြောရရင်... သူ့စိတ်ထဲမှာ နည်းနည်း ထူးဆန်းနေသလို ခံစားနေရတယ်။

စုလင်း၏ဒဏ်ရာကို အမြန်မကုသနိုင်ပါက သွေးအလွန်ထွက်ပြီး သူ လဲပြိုတော့မည်ဖြစ်သည်။ စုလင်းက ထိုနေရာတွင် ရပ်နေသေးတာကြောင့် တွေးခေါ်မြော်မြင်မှုအပြည့်ရှိသော ကုယွင်က သူ့နားထဲတွင် တိုးတိုးလေး ပြောလိုက်သည်။ "သွားကြရအောင်"

စုလင်းက သတိပြန်ဝင်လာပြီး ပြန်ထွက်ခွာလာခဲ့သည်။

လက်ထောက်ယုက စုလင်း၏ ကျောပြင်ကို ကြည့်ရင်း တစ်ယောက်တည်း ရှုပ်ယှက်ခတ်နေသည်။ ပုံမှန်ဆိုရင် စစ်သူကြီးက သူ့မိန်းမကို နည်းနည်းလေး မကျေမနပ် ဖြစ်နေတာ မဟုတ်ဘူးလား?? ဒီနေ့ကျတော့ သူက ဘာလို့ အရမ်းချစ်ပြနေတာလဲ?? လက်ထောက်ယုက သူ့ခေါင်းကို ပြန်ပုတ်လိုက်ပြီး အတွေးများဖြင့် ဆူညံနေသောကြောင့် သူ့ကိုယ်သူ တိတ်တဆိတ် ကြိမ်းမောင်းလိုက်သည်။

သူများလင်မယားနှစ်ယောက်ကြားက ပြသနာကို မင်းလို လူပျိုကြီးက နားလည်နိုင်ပါ့မလား?

ထောင်ပေါင်းများစွာသော လူစုက ကျီးပါးစပ်တောင်ကြားမှ လျင်မြန်စွာ ရွှေ့လျားသွားကြသည်။

တောထဲတောင်ထဲမှ အဖွဲ့ကြီးတစ်ခုလုံး လုံးဝ ပျောက်ကွယ်သွားတဲ့အထိ တဖြည်းဖြည်း ဆုတ်ခွာသွားချိန်တွင် ရှည်လျားလှတဲ့ ညောင်ပင်ကြီးတစ်ပင်ပေါ်ရှိ မည်းမှောင်နေတဲ့အသွင်သဏ္ဍန်ဆီမှ စူးစမ်းတဲ့အကြည့်တွေက ပျောက်ကွယ်သွားခဲ့ပြီး "စုလင်း... ဟားးး ဟးးး ကောင်းတယ် သိပ်ကောင်းတယ်"

ကျယ်လောင်သော ရယ်မောသံက သူ့ပတ်ဝန်းကျင်မှ ငှက်ကလေးများကို လန့်ဖျပ်သွားစေခဲ့ပြီး အရပ်ရပ်သို့ ပြန့်ကျဲသွားစေသည်။ အမှောင်ရိပ်၏အေးစက်သော မျက်လုံးများတွင် အလင်းရောင် တဖျပ်ဖျပ် လင်းလက်လာပေမယ့် ထိုမျက်လုံးများအတွင်းမှ ခံစားချက်ကိုတော့ ဖမ်းယူရန် မြန်ဆန်လွန်းလှသည်။

လီတစ်ဝက်ခန့် လမ်းလျှောက်ပြီးနောက် ကုယွင်က "လက်ထောက်ယု၊ ငါ အောက်ဆင်းဖို့ မြန်မြန် လာကူညီပေး"

လက်ထောက်ယုက အံ့ဩသွားပေမယ့် ကုယွင်ရဲ့လက်မောင်းကို ဆုပ်ကိုင်ပေးဖို့ ရှေ့ကို တိုးလာတုန်းပါပဲ၊ ဒီတစ်ခါတော့ စုလင်းက သူမကို မတားဘဲ လွှတ်ပေးလိုက်တာကြောင့် ကုယွင်က ချက်ချင်း ခုန်ဆင်းသွားသည်။

အနီရင့်ရောင်စစ်ဝတ်စုံတစ်ခုလုံးတွင် သွေးများ စိုစွတ်နေပြီး ကုယွင်၏အနက်ရောင် အင်္ကျီမှာပင် သွေးများ စွန်းထင်းနေခဲ့သည်။ ချောက်နံရံနှင့် တိုက်မိရာမှ ကပ်ပါလာသော ကျောက်တုံးအကြွင်းအကျန်များက ထိုတိုက်မိမှု၏ကြမ်းတမ်းမှုကို သက်သေပြနေသည်။

ကုယွင် မြေပြင်ပေါ်သို့ ရောက်သွားပြီးနောက် အချိန်အတော်ကြာအောင် ထိန်းထားခဲ့သော စုလင်းက နောက်ဆုံးတွင် ဆက်မထိန်းနိုင်တော့ဘဲ ဒူးတစ်ဝက်ထောက် အနေအထားဖြင့် လဲပြိုသွားခဲ့သည်။ လက်ထောက်ယုနှင့် ကုယွင်တို့က သူ့ကို ကူညီရန် အမြန်ရှေ့တိုးလိုက်သည်။

💜💜💜Thank you so much for your reading time, Votes , comments, and supports💜💜💜


အခန္း ၁၂ သူရဲေကာင္းက အလွေလးကို ကယ္တင္(အပိုင္း ၁၀)

ကုယြင္က ကမန္းကတန္း ေမာ့ၾကည့္လိုက္ေပမယ့္ စုလင္း၏အၿမဲတမ္း ေအးစက္ၿပီး မာနႀကီးပုံရေသာ မ်က္ႏွာတြင္ နာက်င္ေနေသာ အရိပ္အေယာင္မ်ား ရွိမေနေပ။ သူ႔မ်က္ႏွာက အနည္းငယ္ နီေနကာ မ်က္ခုံးေမႊးမ်ား အနည္းငယ္ တြန႔္ေနၿပီး သူ႔နဖူးတြင္ အနည္းငယ္ စိုစြတ္ေနသည္။ ထိုအရာမ်ားကို ရွင္းရွင္းလင္လင္း မျမင္ရဘဲ ေခြၽးမ်ားျဖစ္ႏိုင္သလို ေရေငြ႕မ်ားလည္းျဖစ္ႏိုင္သည္။

ကုယြင္က သူ ဘယ္လိုေနလဲ ေမးရန္ ျပင္ေနေပမယ့္ ပုံမွန္ထက္ပိုးတိုးေနေသာ သူ႔အသံကို ၾကားလိုက္ရသည္။ "လာ၊ ငါ မင္းကို သယ္သြားေပးမယ္"

ခုနက ဝင္တိုက္လိုက္တာေၾကာင့္ သူ ဒဏ္ရာ ျပင္းျပင္းထန္ထန္ ရခဲ့တာျဖစ္ႏိုင္တယ္လို႔ ေတြးမိတာေၾကာင့္ ကုယြင္က ေခါင္းခါလိုက္ၿပီး "မလိုဘူး၊ ကြၽန္မဘာသာ တက္ႏိုင္တယ္၊ ရွင္ အရင္တက္သြား"

ကုယြင္က ႀကိဳးကို ကိုင္ထားၿပီး သူ လြယ္လြယ္ကူကူ တက္ႏိုင္ေစရန္ သူမခါးကို နိမ့္ခ်လိုက္ၿပီး ေအာက္သို႔ အနည္းငယ္ ေ႐ႊ႕ရန္ ႀကိဳးစားလိုက္သည္။ သို႔ေသာ္ သူမခါးေပၚမွ လက္က သူမ မလႈပ္ရွားႏိုင္ေအာင္ တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္ထားသည္။ ကုယြင္၏နက္ေမွာင္ေနေသာ မ်က္လုံးမ်ားက သူမေရွ႕မွလူ၏ ထူးထူးျခားျခားႏွင့္ ရွားပါးေသာ စိုးရိမ္ပူပန္မႈကို ေတြ႕လိုက္ရသည္။ သို႔ေသာ္လည္း သူ႔အသံက စိတ္မရွည္ပုံေပါက္ေနတာ "မဟုတ္တာေတြ ေျပာေနတာကို ရပ္လိုက္၊ ဒီကိုလာ..ေက်ာေပၚကို ျမန္ျမန္တက္"

သူ႔အသက္ရႉသံေတြက အရင္ထက္ ပိုျမန္လာၿပီး မ်က္လုံးေတြက နီရဲလာတာေၾကာင့္ ကုယြင္က သူနဲ႔ ထပ္ၿပီး မျငင္းခုန္ရန္ ခ်က္ခ်င္း ဆုံးျဖတ္ခ်က္ခ်လိုက္သည္။ စုလင္းရဲ႕ ေဒါသအေပၚ သူမရဲ႕နားလည္မႈအရ အခုအခ်ိန္မွာ စကားမ်ားမ်ားေျပာတာက အသုံးမဝင္ဘူး။ အဲ့ေတာ့ ခန လႊတ္ထားလိုက္မယ္။ အခုအခ်ိန္မွာ ၾကမ္းတမ္းတဲ့ စကားေတြ ေျပာဖို႔လည္း မသင့္ေတာ္ဘူးေလ... စကားမ်ား ရန္ျဖစ္ခ်င္ရင္လည္း အေပၚေရာက္မွ ဆက္ျဖစ္ၾကတာေပါ့။

စုလင္းက ကုယြင္ သူ႔ေနာက္ေက်ာေပၚတက္ႏိုင္ရန္ သူ႔လက္ျဖင့္ ကူညီေပးလိုက္ၿပီး ကုယြင္က စုလင္း၏ေနာက္ေက်ာေပၚသို႔ တက္သြားသည္။ ထိုအခ်ိန္တြင္ သဲႏွင့္ဖုန္မႈန႔္မ်ား၏ကပ္ေနေသာ သူ႔ေနာက္ေက်ာတြင္ ေသြးထြက္ေနေသာ နက္နဲေသာအေပါက္တစ္ခုကို သူမ ေတြ႕လိုက္ရတာေၾကာင့္ တုန္လႈပ္သြားၿပီး "ရွင္..."

နီရဲေတာက္ေနေသာေသြးမ်ားက သူ႔ပခုံးမွ သူ႔ရင္ဘတ္တစ္ေလွ်ာက္ စီးက်ေနသည္ကို ေတြ႕လိုက္ရတာေၾကာင့္ ကုယြင္က မအံ့ၾသဘဲ မေနႏိုင္ေတာ့ေပ။ သူ ေသြးေတြ အမ်ားႀကီး ဆုံးရႈံးခဲ့တာလား?? သူဆီမွ ေသြးမ်ား အလြန္အကြၽံထြက္ေနတာေၾကာင့္ ကုယြင္က တူညီေသာ အျဖစ္အပ်က္ကို သတိရသြားၿပီး ေကာက်င့္ယြင္လည္း ထိုကဲ့သို႔ ျဖစ္ခဲ့သည္ကို ခ်က္ခ်င္း ျပန္သတိရမိသည္။

သို႔ေသာ္လည္း ထိုေသြးထြက္ေနေသာေနရာတြင္ ေငြေရာင္ျမႇား၏အစြန္းေလးကိုပင္ မျမင္ရေခ်။ ေသစမ္း!!!! သူက သူ႔အသက္ကို မလိုခ်င္ေတာ့ဘူးလား??? ျမႇားထိထားတဲ့ ေနာက္ေက်ာႀကီးနဲ႔ ေက်ာက္နံရံကို ေနာက္ျပန္ဝင္တိုက္ခဲ့တာေလ... ထိုမွ်ႀကီးမားေသာ အင္အား၏ အက်ိဳးသက္ေရာက္မႈက ျမႇားတိုေလး၏ကိုယ္ထည္တစ္ခုလုံး သူ႔ခႏၶာကိုယ္ထဲ ႏွစ္ဝင္သြားႏိုင္ေခ်ရွိသည္။

ကုယြင္က သူမခါးမွ အဝတ္အိတ္ကို လက္တစ္ဖက္ျဖင့္ အျမန္ခြၽတ္လိုက္ၿပီး ေလ်ာ့ရဲသြားေသာ သူမ၏အက်ႌမ်ားကိုပင္ ဂ႐ုမစိုက္ႏိုင္ေတာ့ဘဲ သူ႔၏ေသြးထြက္ေနေသာ အေပါက္ေနရာကိုသာ အဝတ္စမ်ား ခပ္တင္းတင္းဖိပိတ္ထားလိုက္သည္။ ကမ္းပါးထိပ္မွ စစ္သည္မ်ားက သူတို႔ႏွစ္ေယာက္ကို ဆြဲတင္ေပးခဲ့ၿပီး သိပ္မၾကာခင္မွာဘဲ ကမ္းပါးထိပ္ကို ေရာက္သြားသည္။ လက္ေထာက္ယုက ေရွ႕ကို တိုးလာၿပီး စုလင္းရဲ႕ ညာလက္ေမာင္းကို ဆြဲတင္လိုက္ကာ "သခင္မေလး အဆင္ေျပရဲ႕လား?"

ကုယြင္က ေခါင္းခါလိုက္ၿပီး "ကြၽန္မ အဆင္ေျပပါတယ္၊ ဒါေပမယ့္ စုလင္းမွာ တစ္ခုခု ျဖစ္သြားတယ္"

ေခ်ာက္ကမ္းပါးထိပ္ကို ေရာက္တဲ့အခါ ကုယြင္က သူ ဝန္ေပါ့သြားေစဖို႔ သူ႔ေက်ာေပၚကေန ဆင္းခ်င္ေပမယ့္ စုလင္းရဲ႕လက္ႀကီးေတြက သူမေျခေထာက္ေတြကို တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္ထားတာကို သူမ သိလိုက္ရသည္။ ဟိုဘက္က သူပုန္ေတြက ဒီဘက္ကို အေလးအနက္စိုက္ၾကည့္ေနၾကၿပီး ရန္ေကာ္ကေတာ့ ပိုလို႔ေတာင္ ေဒါသထြက္ေနပုံရသည္။ သူက သူ႔လက္ထဲက ျပတ္ေနတဲ့ ၾကာပြတ္ကို ေဒါသတႀကီးနဲ႔ ပစ္ခ်လိုက္ၿပီး "ထြက္မေျပးနဲ႔၊ ဒီကိုလာၿပီး ငါ့နဲ႔ လာထပ္တိုက္"

စုလင္းက သူမကို ေက်ာေပၚတင္ၿပီး ဝင့္ႂကြားစြာ ရပ္ေနကာ သူ႔၏လင္းယုန္မ်က္လုံးေတြက ၿငိမ္သက္စြာရပ္ေနဆဲျဖစ္ေသာ ဝူက်ိကို ေအးစက္စြာ စိုက္ၾကည့္ေနသည္။ အဲဒီေအးစက္တဲ့မ်က္လုံးေတြေအာက္မွာ ဝူက်ိရဲ႕ႏွလုံးသားက အနည္းငယ္ တုန္လႈပ္သြားခဲ့တယ္။ သူ႔ရဲ႕ျမႇားတိုေလးကို လြဲေခ်ာ္ခဲ့တာလား??! မျဖစ္ႏိုင္ဘူး! ဒါေပမယ့္ သူ ျမႇားနဲ႔ အပစ္ခံလိုက္ရရင္ ဒီလိုမ်ိဳး စိတ္ေအးလက္ေအးနဲ႔ သူ႔မိန္းမကို သူ႔ေနာက္ေက်ာမွာ တင္ထားႏိုင္ပါ့မလား?

ကုယြင္ ငုံ႔ၾကည့္လိုက္ခ်ိန္မွာ စုလင္းရဲ႕ ညာဘက္ပခုံးကေန သူ႔ေနာက္ေက်ာအထိ ေသြးေတြနဲ႔ ဖုံးလႊမ္းေနတာကို ေတြ႕လိုက္သည္။

သူက သူမွာ ဒီေလာက္ျပင္းထန္တဲ့ ဒဏ္ရာရွိေနတာကို သူပုန္ေတြ သိေစခ်င္မွာ မဟုတ္ဘူး!

အခန္း ၁၂ သူရဲေကာင္းက အလွေလးကို ကယ္တင္(အပိုင္း ၁၁)

ကုယြင္က စုလင္းလည္ပင္းကို သူမလက္ႏွစ္ဖက္ျဖင့္ ေပြ႕ဖက္ထားရင္း စုလင္း၏ ေက်ာျပင္ေပၚတြင္ ငွက္ကေလးတစ္ေကာင္လို တြယ္ကပ္ေနၿပီး သူမ၏အျပစ္ကင္းစင္ေသာ မ်က္ႏွာေလးတြင္ ကေလးမေလးတစ္ေဘာက္၏အမူအရာကို ေဖာ္ျပထားသည္။ သူမက ထိုအခ်ိန္ကို အခြင့္‌ေကာင္းယူကာ သူ႔ေနာက္ေက်ာမွ ေသြးမ်ားအားလုံးကို ဖုံးေပးထားလိုက္သည္။

သို႔ေသာ္ စုလင္း၏ခႏၶာကိုယ္ႀကီးကေတာ့ ေတာင့္တင္းလာသည္။ သူမ၏ ႏူးညံေပ်ာ့ေပ်ာင္းေသာ ခႏၶာကိုယ္ေလးက သူ႔ေနာက္ေက်ာကို ဖိထားလိုက္ၿပီး သူမဆီမွ အေမႊးရနံ႔က သူ႔ႏွာေခါင္းထဲကို စိမ့္ဝင္လာသည္။ သူမ၏ ပူေႏြးေသာ ရင္ဘတ္က သူ႔ေက်ာေပၚကို ဖိထားတာေၾကာင့္ သူ႔ေနာက္ေက်ာက ႐ုတ္တရက္ မီးကဲ့သို႔ ပူေလာင္ေနေသာခံစားမႈကို ခံစားလိုက္ရသည္။ သို႔ေသာ္ ထိုအပူက ခ်က္ခ်င္း ျပန္ေအးစက္သြားျပန္သည္။ စုလင္းက အနည္းငယ္ မွင္သက္သြားသည္။ သူ တခါမွ ဒီလို ခံစားခ်က္မ်ိဳးကို မႀကဳံဖူးပါဘူး။ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ခႏၶာကိုယ္က ဒီလိုမ်ိဳး အရမ္း ႏူးညံေနတာလား??

စုလင္း၏အသက္ရႉသံက သိသိသာသာ ၾကမ္းရွလာတာေၾကာင့္ ကုယြင္က သူ႔ဒဏ္ရာ ပိုျပင္းထန္လာတယ္လို႔ ေတြးလိုက္ၿပီး တစ္ဖက္လူက ေသခ်ာၾကည့္လိုက္သည္။ ယခုအခ်ိန္တြင္ အလ်င္စလို ထြက္သြားရန္ လိုအပ္ေနၿပီဟု ေတြးလိုက္ၿပီး ကုယြင္က စုလင္း၏ ေက်ာကို ေက်ာ္ၾကည့္လိုက္ကာ ထင္ရွားေသာ အထင္အျမင္ေသးမႈမ်ားပါဝင္ေသာ အသံျဖင့္ ပ်င္းရိစြာ ေလွာင္ေျပာင္လိုက္သည္။ "ေဟးး... ပုဇြန္ေနာက္လိုက္ေတြနဲ႔ ကဏန္းလိုေခါင္း‌ေဆာင္ေတြ.. နင္တို႔က အရမ္းကို ေမာက္မာဝံ့ႂကြားေနတယ္ေပါ့... ငါ့ခင္ပြန္းက နင္တို႔ရဲ႕ သူခိုးတြင္းကို ဆယ္ရက္အတြင္း သုတ္သင္ရွင္းလင္းၿပီး နင္တို႔လည္ပင္းေတြကို အေလ်ာ္လာယူမယ္လို႔ နင္တို႔ရဲ႕ေခါင္းေဆာင္ကို ျပန္ေျပာျပလိုက္"

ထိုစကားတစ္ခြန္းတည္းေၾကာင့္ တစ္ဖက္လူက သူမကို ပိုလို႔ေတာင္ ျပင္းျပင္းထန္ထန္ ႀကိမ္းေမာင္းခ်င္ေနေတာ့သည္။

"ငါ့ခင္ပြန္း" ဆိုတဲ့ စကားလုံးက စုလင္း၏မ်က္ေမွာင္ၾကဳတ္ထားေသာ မ်က္ခုံးမ်ားကို ပို၍ပင္ တင္းက်ပ္သြားေစသည္။ ႐ြံရွာတာလား ဒါမွမဟုတ္ စိတ္မသက္မသာ ျဖစ္တာလားဆိုတာ သူ မသိဘူး။ မရွင္းမလင္း ေျပာရရင္... သူ႔စိတ္ထဲမွာ နည္းနည္း ထူးဆန္းေနသလို ခံစားေနရတယ္။

စုလင္း၏ဒဏ္ရာကို အျမန္မကုသႏိုင္ပါက ေသြးအလြန္ထြက္ၿပီး သူ လဲၿပိဳေတာ့မည္ျဖစ္သည္။ စုလင္းက ထိုေနရာတြင္ ရပ္ေနေသးတာေၾကာင့္ ေတြးေခၚေျမာ္ျမင္မႈအျပည့္ရွိေသာ ကုယြင္က သူ႔နားထဲတြင္ တိုးတိုးေလး ေျပာလိုက္သည္။ "သြားၾကရေအာင္"

စုလင္းက သတိျပန္ဝင္လာၿပီး ျပန္ထြက္ခြာလာခဲ့သည္။

လက္ေထာက္ယုက စုလင္း၏ ေက်ာျပင္ကို ၾကည့္ရင္း တစ္ေယာက္တည္း ရႈပ္ယွက္ခတ္ေနသည္။ ပုံမွန္ဆိုရင္ စစ္သူႀကီးက သူ႔မိန္းမကို နည္းနည္းေလး မေက်မနပ္ ျဖစ္ေနတာ မဟုတ္ဘူးလား?? ဒီေန႔က်ေတာ့ သူက ဘာလို႔ အရမ္းခ်စ္ျပေနတာလဲ?? လက္ေထာက္ယုက သူ႔ေခါင္းကို ျပန္ပုတ္လိုက္ၿပီး အေတြးမ်ားျဖင့္ ဆူညံေနေသာေၾကာင့္ သူ႔ကိုယ္သူ တိတ္တဆိတ္ ႀကိမ္းေမာင္းလိုက္သည္။

သူမ်ားလင္မယားႏွစ္ေယာက္ၾကားက ျပသနာကို မင္းလို လူပ်ိဳႀကီးက နားလည္ႏိုင္ပါ့မလား?

ေထာင္ေပါင္းမ်ားစြာေသာ လူစုက က်ီးပါးစပ္ေတာင္ၾကားမွ လ်င္ျမန္စြာ ေ႐ႊ႕လ်ားသြားၾကသည္။

ေတာထဲေတာင္ထဲမွ အဖြဲ႕ႀကီးတစ္ခုလုံး လုံးဝ ေပ်ာက္ကြယ္သြားတဲ့အထိ တျဖည္းျဖည္း ဆုတ္ခြာသြားခ်ိန္တြင္ ရွည္လ်ားလွတဲ့ ေညာင္ပင္ႀကီးတစ္ပင္ေပၚရွိ မည္းေမွာင္ေနတဲ့အသြင္သ႑န္ဆီမွ စူးစမ္းတဲ့အၾကည့္ေတြက ေပ်ာက္ကြယ္သြားခဲ့ၿပီး "စုလင္း... ဟားးး ဟးးး ေကာင္းတယ္ သိပ္ေကာင္းတယ္"

က်ယ္ေလာင္ေသာ ရယ္ေမာသံက သူ႔ပတ္ဝန္းက်င္မွ ငွက္ကေလးမ်ားကို လန႔္ဖ်ပ္သြားေစခဲ့ၿပီး အရပ္ရပ္သို႔ ျပန႔္က်ဲသြားေစသည္။ အေမွာင္ရိပ္၏ေအးစက္ေသာ မ်က္လုံးမ်ားတြင္ အလင္းေရာင္ တဖ်ပ္ဖ်ပ္ လင္းလက္လာေပမယ့္ ထိုမ်က္လုံးမ်ားအတြင္းမွ ခံစားခ်က္ကိုေတာ့ ဖမ္းယူရန္ ျမန္ဆန္လြန္းလွသည္။

လီတစ္ဝက္ခန႔္ လမ္းေလွ်ာက္ၿပီးေနာက္ ကုယြင္က "လက္ေထာက္ယု၊ ငါ ေအာက္ဆင္းဖို႔ ျမန္ျမန္ လာကူညီေပး"

လက္ေထာက္ယုက အံ့ဩသြားေပမယ့္ ကုယြင္ရဲ႕လက္ေမာင္းကို ဆုပ္ကိုင္ေပးဖို႔ ေရွ႕ကို တိုးလာတုန္းပါပဲ၊ ဒီတစ္ခါေတာ့ စုလင္းက သူမကို မတားဘဲ လႊတ္ေပးလိုက္တာေၾကာင့္ ကုယြင္က ခ်က္ခ်င္း ခုန္ဆင္းသြားသည္။

အနီရင့္ေရာင္စစ္ဝတ္စုံတစ္ခုလုံးတြင္ ေသြးမ်ား စိုစြတ္ေနၿပီး ကုယြင္၏အနက္ေရာင္ အက်ႌမွာပင္ ေသြးမ်ား စြန္းထင္းေနခဲ့သည္။ ေခ်ာက္နံရံႏွင့္ တိုက္မိရာမွ ကပ္ပါလာေသာ ေက်ာက္တုံးအႂကြင္းအက်န္မ်ားက ထိုတိုက္မိမႈ၏ၾကမ္းတမ္းမႈကို သက္ေသျပေနသည္။

ကုယြင္ ေျမျပင္ေပၚသို႔ ေရာက္သြားၿပီးေနာက္ အခ်ိန္အေတာ္ၾကာေအာင္ ထိန္းထားခဲ့ေသာ စုလင္းက ေနာက္ဆုံးတြင္ ဆက္မထိန္းႏိုင္ေတာ့ဘဲ ဒူးတစ္ဝက္ေထာက္ အေနအထားျဖင့္ လဲၿပိဳသြားခဲ့သည္။ လက္ေထာက္ယုႏွင့္ ကုယြင္တို႔က သူ႔ကို ကူညီရန္ အျမန္ေရွ႕တိုးလိုက္သည္။

💜💜💜Thank you so much for your reading time, Votes , comments, and supports💜💜💜

Continue Reading

You'll Also Like

233K 21.1K 73
Unicode Font Description စွဲမက်ဖွယ်ကောင်းပြီး ထူးချွန်သော အဆင့်(၁၈)ရှိသော မင်းသမီး Pei Yingသည် တကယ်တော့ သူမ၏ပထမဦးဆုံးအနမ်းကို မည်သူ့ကိုမှ မပေးရသေးသ...
156K 16.6K 128
Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue Xia Die Ying 月下蝶影 Chapters -106(complet...
470K 49K 170
ဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ...
28.4K 2.8K 19
Genre-comedy,drama,josei,romance,school life,slice of life Chapters-98chapters+21extras I do not own this story.All credits go to original author.