အခန်း ၁၂ သူရဲကောင်းက အလှလေးကို ကယ်တင်(အပိုင်း ၈)
သူပုန်များက အာရုံပြောင်းသွားပြီး တစ်ချို့က ခုန်ဆင်းလာသော ဖူဟူတပ်ဖွဲ့ဝင်များကို ကိုင်တွယ်ဖြေရှင်းရန် လူစုခွဲလိုက်ရသည်။ နောက်ဆုံးတွင် ကုယွင်က အခွင့်ကောင်းရကာ အသက်ရှုချောင်သွားခဲ့သည်။ သူမက ကျောက်တုံးဘက်သို့ အပြေးအလွှားသွားပြီး သူမဓားကို လွှဲလိုက်ရာ သံကြိုးများအားလုံး ပြတ်ကျသွားသည်။ ကြိုးပြတ်သွားသောကြောင့် ဟန်ရှုက ဘေးသို့ လဲကျသွားပေမယ့် ကုယွင်က သူ့ကို ကူညီရန် မသွားနိုင်သေးဘဲ သူမနောက်မှ သူပုန်လှိုင်းတစ်ခုကို ရှေ့မတိုးအောင် တားဆီးနေရသည်။ ကုယွင်က တိုက်ခိုက်နေရင်း "ဟန်ရှု၊ မင်း မတ်တပ်ရပ်လို့ရလား!"
"ဟုတ်ကဲ့!" ဟန်ရှုက အသက်ကို ခပ်ပြင်းပြင်းရှူနေရင်း ကျောက်နံရံကို ကိုင်ကာ ဖြည်းဖြည်းချင်း မတ်တပ်ပြန်ရပ်ရန် ကြိုးစားနေသည်။ သူ့အမြင်အာရုံက မှုန်ဝါးလုနီးပါးဖြစ်နေပေမယ့် စစ်သူကြီးနဲ့ သူ့ဇနီးက သူကို ကယ်တင်ဖို့ ရုန်းကန်နေတာကြောင့် သူ သူတို့ကို ဆွဲချလို့ မဖြစ်မှန်း သူ နားလည်နေသေးသည်။
ဒီလို လှည့်ကွက်တစ်ခု ရှိသေးတယ်ပါ့။ စုလင်းကတော့ တကယ်ကို စုလင်းပါပဲ။ သူရဲ့နာမည်ဂုဏ်သတင်းနဲ့ တကယ်ကို ထိုက်တန်ပါတယ်။
ဝူကျိက အေးစက်စွာ အော်ဟစ်အမိန့်ပေးလိုက်သည်။ "သူတို့ကို ဖမ်းထား!"
သူ့စကား ဆုံးတာနဲ့ ချောက်ကမ်းပါးတဝိုက်မှ မြေပြင်က တုန်လှုပ်သွားတာကြောင့် ကုယွင်ရဲ့ မျက်လုံးတွေတောင် ရုတ်တရက် ပြူးကျယ်သွားသလိုပါပဲ။ သူတို့ရဲ့ ဖုံးကွယ်မှု စွမ်းရည်က တကယ်ကို ကောင်းတယ်။ အရေးအကြီးဆုံးကတော့ သူတို့ရဲ့ စည်းကမ်းက စစ်တပ်ထက် မလျော့နေဘူး။ ပုန်းနေတာ ကြာလှပြီကို အမိန့်မပေးရင် လှုပ်တောင်မလှုပ်ဘူး။
စိမ်းစိုသောအဝတ်အစားများနှင့် သူပုန်များက မြေပြင်မှ ထရပ်လာကြပြီး ပတ်ပတ်လည်တွင် တောင်တန်းများနှင့် လယ်ကွင်းများကဲ့သို့ ထွက်ပေါ်လာကြသည်။
ထိုအချိန်တွင် ပထမအသုတ်ရောက်လာသော စစ်သည်များက ကုယွင်ဘက်သို့ အပြေးအလွှားရောက်ရှိနေပြီဖြစ်သည်။ ကုယွင်က ဟန်ရှုကို သူတို့ထံသို့ တွန်းပို့လိုက်ပြီး မတတ်နိုင်ဘဲ ကမန်းကတန်း ပြောလိုက်သည်။ "သူ့ကို ခေါ်သွားတော့"
ဒီဘက်မှာ သူပုန်တွေ အများအပြား ရှိနေတယ်။ ဒီနေ့ ဒီကို စစ်သည်ခုနစ်ထောင်ခေါ်လာတယ် ဆိုရင်တောင်မှ ထောင်နဲ့ချီတဲ့ စစ်သည်တွေအားလုံး ဒီနေရာမှာ အသေခံလို့ မဖြစ်ဘူး၊ အရေးကြီးဆုံးအရာက အရင်အစီအစဥ်အတိုင်း လူကယ်ပြီး ပြန်လွတ်မြောက်ဖို့ပါပဲ။
"ဟုတ်ကဲ့"
ဘန်း!
ကြိုးများပြတ်တောက်သွားသောကြောင့် အသံကျယ်လောင်စွာ ထွက်ပေါ်လာခြင်းပင်။ ကုယွင် မော့ကြည့်လိုက်ရာ သူပြန်များက ကြိုးများကို ဖြတ်ရန် ပြင်ဆင်နေသည်ကို မြင်လိုက်ရသည်။ စုလင်းကလည်း လက်ရှိအန္တရာယ်ကို မြင်နိုင်ပြီး "ပြန်ဆုတ်မယ်!"
"ဟုတ်ကဲ့" အမိန့်ကို လက်ခံရရှိပြီးနောက်၊ ဤနေရာသို့ ဖြတ်သန်းလာကြသော စစ်သည်များက ဟန်ရှုကို ကာကွယ်ကာ တယောက်ပြီး တယောက်ပြန်ထွက်ခွာသွားကြသည်။ တစ်ဖက်မှ စစ်သည်များကလည်း သူတို့ကို ပြန်ဆွဲနိုင်ရန်အတွက် ထိုစစ်သည်များ၏ကိုယ်မှ ကြိုးများကို အမြန် ပြန်ဆွဲနေကြသည်။ နောက်ဆုံးတွင် ဟန်ရှုကို ကယ်တင်နိုင်ခဲ့ပြီး သူက ချောက်၏အခြားတစ်ဖက်ကမ်းကို ပြန်ရောက်သွားခဲ့သည်။
ကုယွင်က သူမနားသို့တိုးကပ်နေသော သူပုန်များကို တားဆီးရန် ပင်းလျန့်ကို အသုံးပြုနေခဲ့သည်။ ရေခဲဓားက အလွန်ထက်မြက်ပြီး လေအေးဒဏ်က အလွန်ပြင်းထန်သော်လည်း သူမက လူစုလူဝေးကို တိုက်ခိုက်နေရခြင်းဖြစ်ကာ အချိန်ကြာလာသည်နှင့်အမျှ ပို၍ ပို၍ ပင်ပန်းလာသည်။ ရောက်လာသောသူပုန် အရေအတွက်က ပိုများလာပြီး သူမ ပြန်မထွက်နိုင်ရင် လွတ်မြောက်နိုင်မှာ မဟုတ်တော့ပါဘူး။ အထူးသဖြင့် သူမလက်မှာ ဒဏ်ရာရှိနေသေးတဲ့အတွက် သူတို့လက်ကလွတ်အေင် ထွက်ပြေးနိုင်မှာ မဟုတ်ပါဘူး။
ထိုအချိန်တွင် စုလင်းက ကုယွင်အနားသို့ ရောက်လာပြီး သူပုန်အုပ်စုကို ဓားဖြင့် ထိုးခွဲကာ ကျယ်လောင်စွာ အော်ပြောလိုက်သည်။ "မင်း... အရင်သွားတော့"
"အင်း" ကုယွင်က နောက်ပြန်လှည့်ပြီး အနီးဆုံးကြိုးဆီသို့ ပြေးရန် အခွင့်အရေး ယူလိုက်သည်။ သူမ မရှိလျှင် စုလင်းက ပို၍ လွယ်ကူစွာ လွတ်မြောက်နိုင်မည် ဖြစ်သည်။
သူမက လျင်မြန်စွာ ရွေ့လျားကာ ကြိုးပေါ်သို့ တက်နေပြီဖြစ်သည်။ သူမက စုလင်းနှင့် အတူနေရန် ရည်ရွယ်ချက် မရှိတာကို မြင်လိုက်ရသောကြောင့် ဝူကျိက အံ့သြသွားသော်လည်း သူမကို ဤကဲ့သို့ ထွက်ပြေးခွင့်မပြုရန် သူ့စိတ်ထဲကနေ ဆုံးဖြတ်လိုက်သည်။
ကုယွင်က ကြိုးနဲ့ ချိတ်ပြီးသားဖြစ်နေပြီး ဝူကျိက သူ့လက်ထဲက လေးတိုလေးကို သုံးရန် သူ့အင်္ကျီလက်ကို ပင့်တင်လိုက်သည်။ ထိုအချိန်တွင် ရန်ကော်က စုလင်းထံမှ ဖိအားပေးခံနေရပြီး ချောက်ထဲသို့ ကျလုနီးပါးဖြစ်နေသည်။ သူ တကယ် ရဲစွမ်းသတ္တိနဲ့ ပြည့်စုံလွန်းတယ်... ရန်ကော်ရဲ့ကြာပွတ်က ထက်ပိုင်းပြတ်ပြီး မီးလောင်ကျွမ်းလုနီးပါးဖြစ်နေပြီ၊ သူက စုလင်းကို တစ်ချက်ကြည့်လိုက်ပြီး ပစ်ရန် ပြင်လိုက်ပေမယ့် ဝူကျိ၏ အေးစက်သော မျက်လုံးများက တစ်ချက်လက်သွားပြီး ကုယွင်၏ခေါင်းထက်မှ ကြိုးကို ချိန်ရွယ်ကာ မြှားကို ပစ်လွှတ်လိုက်သည်။
မြှားတိုလေးတစ်ချောင်းက ကောင်းကင်ကို ထိုးဖောက်ဝင်ရောက်ကာ အမှားအယွင်း မရှိဘဲ ကြိုးဆီသို့ ထိုးဖောက်သွားကာ ကြိုးက ပြတ်တောက်သွားပြီး အရှိန်ဖြင့် လွင့်စင်သွားသည်။
(T/n: ဝူကျိသုံးတဲ့ လက်နက်က လေးတိုလေးရယ် မြှားတိုလေးရယ် ရှုပ်နေမှာ ဆိုးလို့ပါ၊ သူက လေးကိုင်းရှည်ကြီးမဟုတ်ဘဲ အသေးကို သုံးတာပါ၊ ဟုတ်မဟုတ်မသေချာပေမယ့် ဒူးလေးလို ပုံစံမျိုးထင်တယ်၊ အဲအထဲကိုမှ ခေါင်းထိပ်မှာ ချိတ်တွေ မြှောင်းတွေ ပါတဲ့ မြှားတိုလေးတွေ ထည့်ပစ်တာပါ)
အခန်း ၁၂ သူရဲကောင်းက အလှလေးကို ကယ်တင်(အပိုင်း ၉)
"အား--"
ကုယွင်၏သေးငယ်သော ခန္ဓာကိုယ်လေးက ပြတ်သွားသောကြိုးနှင့်အတူ အောက်ဘက်မှ မြစ်ဆီသို့ တဟုန်ထိုး ထိုးဆင်းသွားသည်။
ကြိုး လုံးဝပြတ်မသွားခင် အခိုက်အတန့်လေးမှာ ကုယွင်က ကြိုးရဲ့အရှေ့ဖျားစွန်းကို မိမိရရ ဆုပ်ကိုင်ထားနိုင်ခဲ့သည်။ ကြိုးပြတ်သွားတဲ့အခါ သူမ၏ဆွဲအားနှင့် ပြတ်သွားသောကြိုး၏ တင်းအားတို့ကြောင့် သူမခန္ဓာကိုယ်ကို အလွန်လျင်မြန်စွာ ပြုတ်ကျစေခဲ့သည်။ လျှော်ကြိုးနှင့်ပွတ်တိုက်မှုကြောင့် သူမလက်တွေ မီးလောင်သလို နာကျင်နေပေမယ့် သူမကတော့ ကြိုးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားဆဲပါပဲ။ ကုယွင်က သူမလက်ကို လုံးဝ မဖြေလျှော့ဘဲ သူမ၏စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်။
ငါ လက်ကို လွှတ်လို့ မဖြစ်ဘူး... မဟုတ်ရင် ချိုင့်ဝှမ်းထဲကို ပြုတ်ကျပြီး ရေစီးနဲ့ မျောပါသွားလိမ့်မယ်။
စုလင်းက သူမအော်သံကြောင့် နောက်ပြန်လှည့်ကြည့်လိုက်သည်။ ထိုအခိုက်အတန့်မှာ သူမြင်လိုက်ရတာက ကြိုးပြတ်သွားပြီး ကုယွင်ရဲ့ခန္ဓာကိုယ်သေးသေးလေးက ကြိုးပြတ်သွားတဲ့ စွန်လေးလို မြစ်ထဲကို ပြုတ်ကျသွားတာပါပဲ။
သူ့နှလုံးသားက ရုတ်တရက် တင်းကျပ်သွားသည်။ သူ့နှလုံးသား ရုတ်တရက် ဘာကြောင့် နာကျင်လာတယ်ဆိုတာကို သူ မသိနိုင်သေးခင်မှာ သူ့ခန္ဓာကိုယ်က အရင် တုံ့ပြန်လာခဲ့ပြီး ချောက်နံရံဆီသို့ အလျင်အမြန် ပြေးသွားကာ ခုန်ချပြီး ဖြစ်နေခဲ့သည်။
အချိန်က ကိုက်တိပါပဲ!
ဝူကျိ၏ အနက်ရောင်မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းလာပြီး ပါးစပ်ထောင့်မှ ပျင်းတိပျင်းရွဲနှင့် ငြီးငွေ့နေသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။ သူက သူ့လက်ထဲမှ လေးတိုလေးကို မြှောက်လိုက်ပြီး စုလင်း၏လက်မောင်း အနေအထားသို့ ချိန်ရွယ်ကာ လေးကို အားအပြည့်ဖြင့် ပစ်ခတ်လိုက်သည်။ မြှားတိုလေးက ရှေ့တည့်တည့်သို့ ပြေးထွက်သွားပြီး အလွန်လျင်မြန်သော အလင်းစီးကြောင်းနှင့်အတူ ထွက်ခွာသွားသည်။
"အမ်းးး"
ကုယွင်က သူမဆီသို့ အရိပ်တစ်ခု ပြေးဝင်လာသည်ကို ခံစားလိုက်ရပြီး ကြိုးက တဖန်တုန်ခါသွားပြန်သည်။ ထိုနောက် သူမနားထဲတွင် အလွန်တိုးလျသော ညည်းတွားသံကို ကြားလိုက်ရသည်။ ကုယွင်က မော့ကြည့်လိုက်ပြီး သူမနှင့် တစ်ကိုယ်စာအကွာတွင် စုလင်း၏ အရပ်ရှည်ရှည် အသွင်သဏ္ဍန်ကို ကြိုးတစ်ချောင်းဖြင့် တွေ့လိုက်ရသည်။
သူ ဘာလို့ ခုန်ဆင်းလာတာလဲ???!
မြစ်ရေထဲကို ကျသွားရင် အရမ်းအန္တရာယ်များလွန်းတယ်။ ရေစီးကြောင်းက အရမ်း အားကောင်းတယ်။ တကယ်လို့ ရေထဲကို ကျသွားရင် အရှိန်နဲ့ မျောပါသွားနိုင်တယ်။ အဲ့လိုမဟုတ်ရင်တောင် ဒီနေရာမှာ ချောက်တစ်ဖက်ကနေ တွဲလောင်းကျပြီး လွှဲနေတဲ့ကြိုးက အရမ်း အရှိန်ပြင်းလွန်းတယ်၊၊ သူမတို့ရဲ့နံရိုးပေါင်းများစွာကို ချိုးဖျက်ပစ်ဖို့တောင် လုံလောက်နေသေးတယ်။
ကုယွင်က ရေမျက်နှာပြင်ကို သူမ၏ခြေထောက်များ ပွတ်တိုက်ကြည့်နေရင်း တိတ်တဆိတ် ရွှင်မြူးသွားသည်။ ကံအားလျော်စွာနဲ့ ရေမျက်နှာပြင်က အရမ်းမနက်တာကြောင့် မျောပါသွားခြင်းအတွက် သူမ စိတ်ပူနေစရာ မလိုတော့ပေ။ သို့သော်လည်း လူနှစ်ဦးက အလွန်မာကျောသော ကျောက်သားများ ရှိနေသည့် ချောက်နံရံ၏ မညီမညာဖြစ်နေသော မျက်နှာပြင်နှင့် ထိလုနီးပါး ဖြစ်နေသည်။ ကုယွင်က ယခု သူမပိုင်ဆိုင်ထားသော သူဌေးသမီးလေးရဲ့ဒီခန္ဓာကိုယ်က လက်ရှိရင်ဆိုင်နေရသော နာကျင်မှုတွေကို ခံနိုင်ရည်ရှိဖို့ပဲ ဆုတောင်းနေရတော့တယ်။
အကွာအဝေးက နီးကပ်လာသည်နှင့်အမျှ ကုယွင်က သူမခန္ဓာကိုယ်ကို တောင့်တင်းအောင် ပြင်ဆင်လိုက်ပြီး ကြိုးကို လက်နှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ မျက်လုံးများကို မှိတ်ချလိုက်ပြီး နာကျင်မှုကို စောင့်ဆိုင်းနေလိုက်သည်။
သူမ၏ပခုံးတွင် ရုတ်တရက် နာကျင်မှုတစ်ခု ဖြစ်ပေါ်လာပြီး ကုယွင်က သူမခန္ဓာကိုယ်ကို တစုံတစ်ယောက်က မြှောက်လိုက်သလို ခံစားလိုက်ရပြီး သူမခါးမှ တင်းကြပ်မှုကိုလည်း ခံစားလိုက်ရသည်။ သူမ မျက်လုံးများကို အမြန်ဖွင့်ကြည့်လိုက်ချိန်တွင် စုလင်း၏အနီရင့်ရောင် စစ်ဝတ်စုံကို တွေ့လိုက်ရသည်။ သူ ဘာကြောင့် ထပ်ခုန်ဆင်းလာတာလဲလို့ သူမ မမေးနိုင်သေးခင်မှာ စုလင်းက အနေအထားကို ပြင်လိုက်ပြီး လေထဲတွင် တစ်ပတ်လှည့်လိုက်သည်။ ကုယွင်က ကြောင်အမ်းအမ်း ဖြစ်သွားသည်။
သူက ငါ့ကြောင့် ဆင်းလာလို့တော့ လာမပြောနဲ့နော်....
"အုန်း!"
မတိုးမကျယ် ပဲ့တင်သံတစ်ခုနှင့်အတူ စုလင်းက သူ့၏ကျောကို အတားအဆီးအဖြစ် အသုံးပြုကာ ကျောက်နံရံကို ခပ်ပြင်းပြင်း ဝင်တိုက်မိသွားသည်။ သူက ကုယွင်ကို သူ့ရင်ခွင်ထဲမှာ တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားခဲ့တာကြောင့် သူမအတွက် ဒဏ်ရာလေးတစ်ခုတောင် ရောက်မလာခဲ့ပေ။ သို့သော် သူမက သူ့ရင်ဘတ်နှင့် အလွန်နီးကပ်နေသောကြောင့် ဝင်စောင့်မိသော အင်အား၏သက်ရောက်မှုကို ခံစားလိုက်ရသေးသည်။ သူက သူမကို အကာအကွယ်ပေးထားတာကြောင့် သူမ ခေါင်းမူးရုံပဲ ဖြစ်ခဲ့ပေမယ့် သူကတော့ နောက်ကျောကို တိုက်ရိုက်ထိမိတာကြောင့် အတွင်းဒဏ်ရာ ဖြစ်ကောင်းဖြစ်သွားနိုင်သည်။
💜💜💜Thank you so much for your reading time, Votes , comments, and supports💜💜💜
အခန္း ၁၂ သူရဲေကာင္းက အလွေလးကို ကယ္တင္(အပိုင္း ၈)
သူပုန္မ်ားက အာ႐ုံေျပာင္းသြားၿပီး တစ္ခ်ိဳ႕က ခုန္ဆင္းလာေသာ ဖူဟူတပ္ဖြဲ႕ဝင္မ်ားကို ကိုင္တြယ္ေျဖရွင္းရန္ လူစုခြဲလိုက္ရသည္။ ေနာက္ဆုံးတြင္ ကုယြင္က အခြင့္ေကာင္းရကာ အသက္ရႈေခ်ာင္သြားခဲ့သည္။ သူမက ေက်ာက္တုံးဘက္သို႔ အေျပးအလႊားသြားၿပီး သူမဓားကို လႊဲလိုက္ရာ သံႀကိဳးမ်ားအားလုံး ျပတ္က်သြားသည္။ ႀကိဳးျပတ္သြားေသာေၾကာင့္ ဟန္ရႈက ေဘးသို႔ လဲက်သြားေပမယ့္ ကုယြင္က သူ႔ကို ကူညီရန္ မသြားႏိုင္ေသးဘဲ သူမေနာက္မွ သူပုန္လႈိင္းတစ္ခုကို ေရွ႕မတိုးေအာင္ တားဆီးေနရသည္။ ကုယြင္က တိုက္ခိုက္ေနရင္း "ဟန္ရႈ၊ မင္း မတ္တပ္ရပ္လို႔ရလား!"
"ဟုတ္ကဲ့!" ဟန္ရႈက အသက္ကို ခပ္ျပင္းျပင္းရႉေနရင္း ေက်ာက္နံရံကို ကိုင္ကာ ျဖည္းျဖည္းခ်င္း မတ္တပ္ျပန္ရပ္ရန္ ႀကိဳးစားေနသည္။ သူ႔အျမင္အာ႐ုံက မႈန္ဝါးလုနီးပါးျဖစ္ေနေပမယ့္ စစ္သူႀကီးနဲ႔ သူ႔ဇနီးက သူကို ကယ္တင္ဖို႔ ႐ုန္းကန္ေနတာေၾကာင့္ သူ သူတို႔ကို ဆြဲခ်လို႔ မျဖစ္မွန္း သူ နားလည္ေနေသးသည္။
ဒီလို လွည့္ကြက္တစ္ခု ရွိေသးတယ္ပါ့။ စုလင္းကေတာ့ တကယ္ကို စုလင္းပါပဲ။ သူရဲ႕နာမည္ဂုဏ္သတင္းနဲ႔ တကယ္ကို ထိုက္တန္ပါတယ္။
ဝူက်ိက ေအးစက္စြာ ေအာ္ဟစ္အမိန႔္ေပးလိုက္သည္။ "သူတို႔ကို ဖမ္းထား!"
သူ႔စကား ဆုံးတာနဲ႔ ေခ်ာက္ကမ္းပါးတဝိုက္မွ ေျမျပင္က တုန္လႈပ္သြားတာေၾကာင့္ ကုယြင္ရဲ႕ မ်က္လုံးေတြေတာင္ ႐ုတ္တရက္ ျပဴးက်ယ္သြားသလိုပါပဲ။ သူတို႔ရဲ႕ ဖုံးကြယ္မႈ စြမ္းရည္က တကယ္ကို ေကာင္းတယ္။ အေရးအႀကီးဆုံးကေတာ့ သူတို႔ရဲ႕ စည္းကမ္းက စစ္တပ္ထက္ မေလ်ာ့ေနဘူး။ ပုန္းေနတာ ၾကာလွၿပီကို အမိန႔္မေပးရင္ လႈပ္ေတာင္မလႈပ္ဘူး။
စိမ္းစိုေသာအဝတ္အစားမ်ားႏွင့္ သူပုန္မ်ားက ေျမျပင္မွ ထရပ္လာၾကၿပီး ပတ္ပတ္လည္တြင္ ေတာင္တန္းမ်ားႏွင့္ လယ္ကြင္းမ်ားကဲ့သို႔ ထြက္ေပၚလာၾကသည္။
ထိုအခ်ိန္တြင္ ပထမအသုတ္ေရာက္လာေသာ စစ္သည္မ်ားက ကုယြင္ဘက္သို႔ အေျပးအလႊားေရာက္ရွိေနၿပီျဖစ္သည္။ ကုယြင္က ဟန္ရႈကို သူတို႔ထံသို႔ တြန္းပို႔လိုက္ၿပီး မတတ္ႏိုင္ဘဲ ကမန္းကတန္း ေျပာလိုက္သည္။ "သူ႔ကို ေခၚသြားေတာ့"
ဒီဘက္မွာ သူပုန္ေတြ အမ်ားအျပား ရွိေနတယ္။ ဒီေန႔ ဒီကို စစ္သည္ခုနစ္ေထာင္ေခၚလာတယ္ ဆိုရင္ေတာင္မွ ေထာင္နဲ႔ခ်ီတဲ့ စစ္သည္ေတြအားလုံး ဒီေနရာမွာ အေသခံလို႔ မျဖစ္ဘူး၊ အေရးႀကီးဆုံးအရာက အရင္အစီအစဥ္အတိုင္း လူကယ္ၿပီး ျပန္လြတ္ေျမာက္ဖို႔ပါပဲ။
"ဟုတ္ကဲ့"
ဘန္း!
ႀကိဳးမ်ားျပတ္ေတာက္သြားေသာေၾကာင့္ အသံက်ယ္ေလာင္စြာ ထြက္ေပၚလာျခင္းပင္။ ကုယြင္ ေမာ့ၾကည့္လိုက္ရာ သူျပန္မ်ားက ႀကိဳးမ်ားကို ျဖတ္ရန္ ျပင္ဆင္ေနသည္ကို ျမင္လိုက္ရသည္။ စုလင္းကလည္း လက္ရွိအႏၲရာယ္ကို ျမင္ႏိုင္ၿပီး "ျပန္ဆုတ္မယ္!"
"ဟုတ္ကဲ့" အမိန႔္ကို လက္ခံရရွိၿပီးေနာက္၊ ဤေနရာသို႔ ျဖတ္သန္းလာၾကေသာ စစ္သည္မ်ားက ဟန္ရႈကို ကာကြယ္ကာ တေယာက္ၿပီး တေယာက္ျပန္ထြက္ခြာသြားၾကသည္။ တစ္ဖက္မွ စစ္သည္မ်ားကလည္း သူတို႔ကို ျပန္ဆြဲႏိုင္ရန္အတြက္ ထိုစစ္သည္မ်ား၏ကိုယ္မွ ႀကိဳးမ်ားကို အျမန္ ျပန္ဆြဲေနၾကသည္။ ေနာက္ဆုံးတြင္ ဟန္ရႈကို ကယ္တင္ႏိုင္ခဲ့ၿပီး သူက ေခ်ာက္၏အျခားတစ္ဖက္ကမ္းကို ျပန္ေရာက္သြားခဲ့သည္။
ကုယြင္က သူမနားသို႔တိုးကပ္ေနေသာ သူပုန္မ်ားကို တားဆီးရန္ ပင္းလ်န႔္ကို အသုံးျပဳေနခဲ့သည္။ ေရခဲဓားက အလြန္ထက္ျမက္ၿပီး ေလေအးဒဏ္က အလြန္ျပင္းထန္ေသာ္လည္း သူမက လူစုလူေဝးကို တိုက္ခိုက္ေနရျခင္းျဖစ္ကာ အခ်ိန္ၾကာလာသည္ႏွင့္အမွ် ပို၍ ပို၍ ပင္ပန္းလာသည္။ ေရာက္လာေသာသူပုန္ အေရအတြက္က ပိုမ်ားလာၿပီး သူမ ျပန္မထြက္ႏိုင္ရင္ လြတ္ေျမာက္ႏိုင္မွာ မဟုတ္ေတာ့ပါဘူး။ အထူးသျဖင့္ သူမလက္မွာ ဒဏ္ရာရွိေနေသးတဲ့အတြက္ သူတို႔လက္ကလြတ္ေအင္ ထြက္ေျပးႏိုင္မွာ မဟုတ္ပါဘူး။
ထိုအခ်ိန္တြင္ စုလင္းက ကုယြင္အနားသို႔ ေရာက္လာၿပီး သူပုန္အုပ္စုကို ဓားျဖင့္ ထိုးခြဲကာ က်ယ္ေလာင္စြာ ေအာ္ေျပာလိုက္သည္။ "မင္း... အရင္သြားေတာ့"
"အင္း" ကုယြင္က ေနာက္ျပန္လွည့္ၿပီး အနီးဆုံးႀကိဳးဆီသို႔ ေျပးရန္ အခြင့္အေရး ယူလိုက္သည္။ သူမ မရွိလွ်င္ စုလင္းက ပို၍ လြယ္ကူစြာ လြတ္ေျမာက္ႏိုင္မည္ ျဖစ္သည္။
သူမက လ်င္ျမန္စြာ ေ႐ြ႕လ်ားကာ ႀကိဳးေပၚသို႔ တက္ေနၿပီျဖစ္သည္။ သူမက စုလင္းႏွင့္ အတူေနရန္ ရည္႐ြယ္ခ်က္ မရွိတာကို ျမင္လိုက္ရေသာေၾကာင့္ ဝူက်ိက အံ့ၾသသြားေသာ္လည္း သူမကို ဤကဲ့သို႔ ထြက္ေျပးခြင့္မျပဳရန္ သူ႔စိတ္ထဲကေန ဆုံးျဖတ္လိုက္သည္။
ကုယြင္က ႀကိဳးနဲ႔ ခ်ိတ္ၿပီးသားျဖစ္ေနၿပီး ဝူက်ိက သူ႔လက္ထဲက ေလးတိုေလးကို သုံးရန္ သူ႔အက်ႌလက္ကို ပင့္တင္လိုက္သည္။ ထိုအခ်ိန္တြင္ ရန္ေကာ္က စုလင္းထံမွ ဖိအားေပးခံေနရၿပီး ေခ်ာက္ထဲသို႔ က်လုနီးပါးျဖစ္ေနသည္။ သူ တကယ္ ရဲစြမ္းသတၱိနဲ႔ ျပည့္စုံလြန္းတယ္... ရန္ေကာ္ရဲ႕ၾကာပြတ္က ထက္ပိုင္းျပတ္ၿပီး မီးေလာင္ကြၽမ္းလုနီးပါးျဖစ္ေနၿပီ၊ သူက စုလင္းကို တစ္ခ်က္ၾကည့္လိုက္ၿပီး ပစ္ရန္ ျပင္လိုက္ေပမယ့္ ဝူက်ိ၏ ေအးစက္ေသာ မ်က္လုံးမ်ားက တစ္ခ်က္လက္သြားၿပီး ကုယြင္၏ေခါင္းထက္မွ ႀကိဳးကို ခ်ိန္႐ြယ္ကာ ျမႇားကို ပစ္လႊတ္လိုက္သည္။
ျမႇားတိုေလးတစ္ေခ်ာင္းက ေကာင္းကင္ကို ထိုးေဖာက္ဝင္ေရာက္ကာ အမွားအယြင္း မရွိဘဲ ႀကိဳးဆီသို႔ ထိုးေဖာက္သြားကာ ႀကိဳးက ျပတ္ေတာက္သြားၿပီး အရွိန္ျဖင့္ လြင့္စင္သြားသည္။
(T/n: ဝူက်ိသုံးတဲ့ လက္နက္က ေလးတိုေလးရယ္ ျမႇားတိုေလးရယ္ ရႈပ္ေနမွာ ဆိုးလို႔ပါ၊ သူက ေလးကိုင္းရွည္ႀကီးမဟုတ္ဘဲ အေသးကို သုံးတာပါ၊ ဟုတ္မဟုတ္မေသခ်ာေပမယ့္ ဒူးေလးလို ပုံစံမ်ိဳးထင္တယ္၊ အဲအထဲကိုမွ ေခါင္းထိပ္မွာ ခ်ိတ္ေတြ ေျမႇာင္းေတြ ပါတဲ့ ျမႇားတိုေလးေတြ ထည့္ပစ္တာပါ)
အခန္း ၁၂ သူရဲေကာင္းက အလွေလးကို ကယ္တင္(အပိုင္း ၉)
"အား--"
ကုယြင္၏ေသးငယ္ေသာ ခႏၶာကိုယ္ေလးက ျပတ္သြားေသာႀကိဳးႏွင့္အတူ ေအာက္ဘက္မွ ျမစ္ဆီသို႔ တဟုန္ထိုး ထိုးဆင္းသြားသည္။
ႀကိဳး လုံးဝျပတ္မသြားခင္ အခိုက္အတန႔္ေလးမွာ ကုယြင္က ႀကိဳးရဲ႕အေရွ႕ဖ်ားစြန္းကို မိမိရရ ဆုပ္ကိုင္ထားႏိုင္ခဲ့သည္။ ႀကိဳးျပတ္သြားတဲ့အခါ သူမ၏ဆြဲအားႏွင့္ ျပတ္သြားေသာႀကိဳး၏ တင္းအားတို႔ေၾကာင့္ သူမခႏၶာကိုယ္ကို အလြန္လ်င္ျမန္စြာ ျပဳတ္က်ေစခဲ့သည္။ ေလွ်ာ္ႀကိဳးႏွင့္ပြတ္တိုက္မႈေၾကာင့္ သူမလက္ေတြ မီးေလာင္သလို နာက်င္ေနေပမယ့္ သူမကေတာ့ ႀကိဳးကို တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္ထားဆဲပါပဲ။ ကုယြင္က သူမလက္ကို လုံးဝ မေျဖေလွ်ာ့ဘဲ သူမ၏စိတ္ထဲတြင္ အေတြးတစ္ခုသာ ရွိေတာ့သည္။
ငါ လက္ကို လႊတ္လို႔ မျဖစ္ဘူး... မဟုတ္ရင္ ခ်ိဳင့္ဝွမ္းထဲကို ျပဳတ္က်ၿပီး ေရစီးနဲ႔ ေမ်ာပါသြားလိမ့္မယ္။
စုလင္းက သူမေအာ္သံေၾကာင့္ ေနာက္ျပန္လွည့္ၾကည့္လိုက္သည္။ ထိုအခိုက္အတန႔္မွာ သူျမင္လိုက္ရတာက ႀကိဳးျပတ္သြားၿပီး ကုယြင္ရဲ႕ခႏၶာကိုယ္ေသးေသးေလးက ႀကိဳးျပတ္သြားတဲ့ စြန္ေလးလို ျမစ္ထဲကို ျပဳတ္က်သြားတာပါပဲ။
သူ႔ႏွလုံးသားက ႐ုတ္တရက္ တင္းက်ပ္သြားသည္။ သူ႔ႏွလုံးသား ႐ုတ္တရက္ ဘာေၾကာင့္ နာက်င္လာတယ္ဆိုတာကို သူ မသိႏိုင္ေသးခင္မွာ သူ႔ခႏၶာကိုယ္က အရင္ တုံ႔ျပန္လာခဲ့ၿပီး ေခ်ာက္နံရံဆီသို႔ အလ်င္အျမန္ ေျပးသြားကာ ခုန္ခ်ၿပီး ျဖစ္ေနခဲ့သည္။
အခ်ိန္က ကိုက္တိပါပဲ!
ဝူက်ိ၏ အနက္ေရာင္မ်က္လုံးမ်ားက အနည္းငယ္ က်ဥ္းေျမာင္းလာၿပီး ပါးစပ္ေထာင့္မွ ပ်င္းတိပ်င္း႐ြဲႏွင့္ ၿငီးေငြ႕ေနေသာ အရိပ္အေယာင္တစ္ခု ေပၚလာသည္။ သူက သူ႔လက္ထဲမွ ေလးတိုေလးကို ေျမႇာက္လိုက္ၿပီး စုလင္း၏လက္ေမာင္း အေနအထားသို႔ ခ်ိန္႐ြယ္ကာ ေလးကို အားအျပည့္ျဖင့္ ပစ္ခတ္လိုက္သည္။ ျမႇားတိုေလးက ေရွ႕တည့္တည့္သို႔ ေျပးထြက္သြားၿပီး အလြန္လ်င္ျမန္ေသာ အလင္းစီးေၾကာင္းႏွင့္အတူ ထြက္ခြာသြားသည္။
"အမ္းးး"
ကုယြင္က သူမဆီသို႔ အရိပ္တစ္ခု ေျပးဝင္လာသည္ကို ခံစားလိုက္ရၿပီး ႀကိဳးက တဖန္တုန္ခါသြားျပန္သည္။ ထိုေနာက္ သူမနားထဲတြင္ အလြန္တိုးလ်ေသာ ညည္းတြားသံကို ၾကားလိုက္ရသည္။ ကုယြင္က ေမာ့ၾကည့္လိုက္ၿပီး သူမႏွင့္ တစ္ကိုယ္စာအကြာတြင္ စုလင္း၏ အရပ္ရွည္ရွည္ အသြင္သ႑န္ကို ႀကိဳးတစ္ေခ်ာင္းျဖင့္ ေတြ႕လိုက္ရသည္။
သူ ဘာလို႔ ခုန္ဆင္းလာတာလဲ???!
ျမစ္ေရထဲကို က်သြားရင္ အရမ္းအႏၲရာယ္မ်ားလြန္းတယ္။ ေရစီးေၾကာင္းက အရမ္း အားေကာင္းတယ္။ တကယ္လို႔ ေရထဲကို က်သြားရင္ အရွိန္နဲ႔ ေမ်ာပါသြားႏိုင္တယ္။ အဲ့လိုမဟုတ္ရင္ေတာင္ ဒီေနရာမွာ ေခ်ာက္တစ္ဖက္ကေန တြဲေလာင္းက်ၿပီး လႊဲေနတဲ့ႀကိဳးက အရမ္း အရွိန္ျပင္းလြန္းတယ္၊၊ သူမတို႔ရဲ႕နံ႐ိုးေပါင္းမ်ားစြာကို ခ်ိဳးဖ်က္ပစ္ဖို႔ေတာင္ လုံေလာက္ေနေသးတယ္။
ကုယြင္က ေရမ်က္ႏွာျပင္ကို သူမ၏ေျခေထာက္မ်ား ပြတ္တိုက္ၾကည့္ေနရင္း တိတ္တဆိတ္ ႐ႊင္ျမဴးသြားသည္။ ကံအားေလ်ာ္စြာနဲ႔ ေရမ်က္ႏွာျပင္က အရမ္းမနက္တာေၾကာင့္ ေမ်ာပါသြားျခင္းအတြက္ သူမ စိတ္ပူေနစရာ မလိုေတာ့ေပ။ သို႔ေသာ္လည္း လူႏွစ္ဦးက အလြန္မာေက်ာေသာ ေက်ာက္သားမ်ား ရွိေနသည့္ ေခ်ာက္နံရံ၏ မညီမညာျဖစ္ေနေသာ မ်က္ႏွာျပင္ႏွင့္ ထိလုနီးပါး ျဖစ္ေနသည္။ ကုယြင္က ယခု သူမပိုင္ဆိုင္ထားေသာ သူေဌးသမီးေလးရဲ႕ဒီခႏၶာကိုယ္က လက္ရွိရင္ဆိုင္ေနရေသာ နာက်င္မႈေတြကို ခံႏိုင္ရည္ရွိဖို႔ပဲ ဆုေတာင္းေနရေတာ့တယ္။
အကြာအေဝးက နီးကပ္လာသည္ႏွင့္အမွ် ကုယြင္က သူမခႏၶာကိုယ္ကို ေတာင့္တင္းေအာင္ ျပင္ဆင္လိုက္ၿပီး ႀကိဳးကို လက္ႏွစ္ဖက္ျဖင့္ တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္ကာ မ်က္လုံးမ်ားကို မွိတ္ခ်လိုက္ၿပီး နာက်င္မႈကို ေစာင့္ဆိုင္းေနလိုက္သည္။
သူမ၏ပခုံးတြင္ ႐ုတ္တရက္ နာက်င္မႈတစ္ခု ျဖစ္ေပၚလာၿပီး ကုယြင္က သူမခႏၶာကိုယ္ကို တစုံတစ္ေယာက္က ေျမႇာက္လိုက္သလို ခံစားလိုက္ရၿပီး သူမခါးမွ တင္းၾကပ္မႈကိုလည္း ခံစားလိုက္ရသည္။ သူမ မ်က္လုံးမ်ားကို အျမန္ဖြင့္ၾကည့္လိုက္ခ်ိန္တြင္ စုလင္း၏အနီရင့္ေရာင္ စစ္ဝတ္စုံကို ေတြ႕လိုက္ရသည္။ သူ ဘာေၾကာင့္ ထပ္ခုန္ဆင္းလာတာလဲလို႔ သူမ မေမးႏိုင္ေသးခင္မွာ စုလင္းက အေနအထားကို ျပင္လိုက္ၿပီး ေလထဲတြင္ တစ္ပတ္လွည့္လိုက္သည္။ ကုယြင္က ေၾကာင္အမ္းအမ္း ျဖစ္သြားသည္။
သူက ငါ့ေၾကာင့္ ဆင္းလာလို႔ေတာ့ လာမေျပာနဲ႔ေနာ္....
"အုန္း!"
မတိုးမက်ယ္ ပဲ့တင္သံတစ္ခုႏွင့္အတူ စုလင္းက သူ႔၏ေက်ာကို အတားအဆီးအျဖစ္ အသုံးျပဳကာ ေက်ာက္နံရံကို ခပ္ျပင္းျပင္း ဝင္တိုက္မိသြားသည္။ သူက ကုယြင္ကို သူ႔ရင္ခြင္ထဲမွာ တင္းတင္းၾကပ္ၾကပ္ ေပြ႕ဖက္ထားခဲ့တာေၾကာင့္ သူမအတြက္ ဒဏ္ရာေလးတစ္ခုေတာင္ ေရာက္မလာခဲ့ေပ။ သို႔ေသာ္ သူမက သူ႔ရင္ဘတ္ႏွင့္ အလြန္နီးကပ္ေနေသာေၾကာင့္ ဝင္ေစာင့္မိေသာ အင္အား၏သက္ေရာက္မႈကို ခံစားလိုက္ရေသးသည္။ သူက သူမကို အကာအကြယ္ေပးထားတာေၾကာင့္ သူမ ေခါင္းမူး႐ုံပဲ ျဖစ္ခဲ့ေပမယ့္ သူကေတာ့ ေနာက္ေက်ာကို တိုက္႐ိုက္ထိမိတာေၾကာင့္ အတြင္းဒဏ္ရာ ျဖစ္ေကာင္းျဖစ္သြားႏိုင္သည္။
💜💜💜Thank you so much for your reading time, Votes , comments, and supports💜💜💜