စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုး...
Da BlackLily_WhiteLily
59.5K 6.3K 215
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) C... Altro
Description
Intro- 1
Intro- 2
Intro- 3
Chapter 1.1
Chapter 1.2
Chapter 1.3
Chapter 1.4
Chapter 2.1
Just Information
Chapter 2.2
Chapter 2.3
Chapter 2.4
Chapter 2.5
Chapter 3.1
Chapter 3.2
Chapter 3.3
🎆🎆🎆Happy New Year🎆🎆🎆
Chapter 3.4
Chapter 3.5
Chapter 4.1
Chapter 4.2/4.3
Chapter 4.4/4.5
Chapter 4.6
Chapter 4.7
Chapter 5.1
Chapter 5.2
Chapter 5.3
Chapter 5.4
Chapter 5.5
Chapter 6.1
Chapter 6.2
Chapter 6.3
Chapter 6.4
Chapter 6.5
Chapter 7.1
Chapter 7.2
Chapter 7.3
Chapter 7.4
Chapter 7.5
Chapter 8.1
Chapter 8.2
Chapter 8.3
Chapter 8.4
Chapter 9.1
Chapter 9.2/9.3
Chapter 9.4/9.5
Chapter 9.6/9.7
Chapter 9.8/9.9
Chapter 9.10/9.11
Chapter 10.1/10.2
Chapter 10.3/10.4
Chapter 10.5/10.6
Chapter 10.7/10.8
Chapter 10.9/10.10
Chapter 10.11/10.12
Chapter 10.13/10.14
Chapter 10.15/10.16/10.17
Chapter 11(1,2)
Chapter 11 (3,4)
Chapter 11 (5,6)
Chapter 11.7, 12.1
Chapter 12 (2,3)
Chapter 12 (4,5)
Chapter 12 (8,9)
Chapter 12 (10,11)
Chapter 12 (12,13)
Chapter 13(1,2)
Chapter 13 (3,4)
Chapter 13 (5,6)
Chapter 13 (7,8)
Chapter 13 (9,10,11)
🔊🔊🔊 Telegram PG လေးစပါပြီ
Chapter 14.1/14.2
Chapter 14.3/14.4
Chapter 14.5/14.6
Chapter 14.7/14.8
Chapter 15.1/15.2
Chapter 15.3/15.4
Chapter 15.5/15.6
Chapter 15.7/15.8
Chapter 15.9/15.10
Chapter 15.11/15.12
Chapter 16.1/16.2
Chapter 16.3/16.4
Chapter 16.5/16.6
Chapter 16.7/16.8
Chapter 16.9/16.10
Chapter 16.11/16.12
Chapter 16.13/16.14
Chapter 12 (6,7)
536 71 4
Da BlackLily_WhiteLily
အခန်း ၁၂ သူရဲကောင်းက အလှလေးကို ကယ်တင်(အပိုင်း ၆)
အဲ့လောက်တောင် မှော်ဆန်တာလား?! ကုယွင်၏မျက်ခုံးများက အနည်းငယ် ပင့်တက်သွားသည်။ သူတို့နှစ်ဦးက သစ်ပင်၏ပင်စည်ပေါ်တွင် ခဏတာ ရပ်နေပြီး တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်ကာ ပရောပရီလုပ်နေပုံပေါ်တာကြောင့် ရန်ကော်က စိတ်မရှည်စွာဖြင့် အော်ဟစ်လိုက်သည်။ "မင်းတို့ နှစ်ယောက် ဘာကို စောင့်နေတာလဲ၊ မြန်မြန် လာလေ!"
"သေချာ ကိုင်ထား" စုလင်းက သူ့၏လက်များကို တစ်ဖန်ပြန် တင်းကျပ်လိုက်ကာ ကုယွင်ကို သူ့ရင်ခွင်ထဲ ပွေ့ဖက်လိုက်ပြီး သစ်ပင်၏ပင်စည်ပေါ်မှတဆင့် သစ်ပင်၏ပင်စည်ထိပ်ဖျားဆီသို့ ခုန်ဆင်းသွားသည်။ ကုယွင်က စုလင်း၏ အသက်ရှုသံကိုတောင် ခံစားနေရသည်။ သူက အားအများကြီး မထုတ်ဘဲ သူ့၏စွမ်းအင်ကို ရုတ်တရက် မြှင့်တင်လိုက်ပြီး သူ အစွမ်းရှိသမျှ လေထဲသို့ ခုန်လိုက်သည်။ နောက်ဆုံးတွင် သူမတို့နှစ်ယောက်လုံး ချောက်၏ တစ်ဖက်ကမ်းသို့ ဆင်းသက်နိုင်ခဲ့သည်။
ကုယွင်က စုလင်း၏စွမ်းရည်ကို ယုံကြည်သော်လည်း သူမ၏နှလုံးသားမှ စိတ်ပူပင်မှုကိုတော့ မတားဆီးနိုင်ခဲ့ပေ။
နောက်ဆုံးတွင် ရန်ကော်က သူ့၏စိတ်ကို သေသည်အထိ နှိမ်ကွပ်ခဲ့သော အမျိုးသမီးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ တကယ်တော့ သူမက ငယ်ရွယ်နုနယ်တဲ့ မိန်းခလေးတစ်ယောက်ပဲ... ပြီးတော့ အရမ်းရုပ်ဆိုးတယ်! သူ သူမဆီမှာ ရှုံးနိမ့်ခဲ့တာကို တွေးမိလေလေ ပိုစိတ်ဆိုးလေလေပဲ။
ရန်ကော်က ကုယွင်ကို စိုက်ကြည့်နေရင်း ကျိန်ဆဲလိုက်သည်။ "အဲ့တာ ညစ်ပတ်တဲ့မိန်းမပဲ"
တစ်ဖက်ကမ်းသို့ ရောက်သောသော ကုယွင်က သူကို အရေးမစိုက်ဘဲ သူမ၏ကြင်လင်စူးရှသော မျက်လုံးလေးများက ဟန်ရှုတစ်ဝိုက်မှ သူပုန်များ၏နေရာယူမှုနှင့် မြေပြင်အနေအထားကို လျှို့ဝှက်စွာ အကဲခတ်နေသည်။ သူမက သူ့ကို လျစ်လျူရှုထားသောကြောင့် ရန်‌ကော်၏ရန်စမှုက မှေးမှိန်သွားသည်။
စုလင်း ဒီဘက်ကမ်ကို ခြေချလိုက်ကတည်းက ဝူကျိ၏မျက်လုံးများက စုလင်းထံမှ လုံးဝ မခွာခဲ့ပေ။ သူ့မှာ ဒီလူက အလွယ်တကူ ဖြေရှင်းလို့ မရနိုင်ဘူးဆိုတဲ့ ခံစားချက်တစ်ခုရှိနေခဲ့တယ်။
စုလင်း၏ဆန့်ကျင်ဘက်တွင် ရပ်နေသော ဝူကျိက သူ့အသံကို လျော့ပြီး "စစ်သူကြီးစု.... ကျေးဇူးပြုပြီး လိုက်ခဲ့ပေးပါ"
စုလင်းက ဘာမှမထူးခြားသလို အမူအရာဖြင့် သူ့ရှေ့မှ လူကို တိတ်တဆိတ် စိုက်ကြည့်နေသည်။ ဤလူက တည်တည်ငြိမ်ငြိမ်ရှိပြီး သူ့ကိုယ်သူ ပိုင်နိုင်ကာ သူ့အတွေးများကို ခန့်မှန်းရန် ခက်ခဲသည်။ အလွန်သတိထားသင့်သော လူစားမျိုးဖြစ်သည်။ သူပုန်ဖြစ်နေတာတော့ စိတ်မကောင်းစရာပါပဲ။
တောက်ပသော အပြုံးတစ်ခုကို ဖော်ပြထားသော စုလင်းက လုံးဝ မလှုပ်မယှက်ဖြစ်နေပြီး "မင်းတို့ ငါ့ကို ဒီလိုမျိုး ခြိမ်းခြောက်နေပုံအရ မင်းတို့ရဲ့ခေါင်းဆောင်က ငါ့ကို မတွေ့ချင်ဘူး ထင်တယ်"
ထိုမောက်မာမှုမျိုးက ဝူကျိကို တိတ်တဆိတ် ထိတ်လန့်သွားစေသော်လည်း ရန်ကော်ကတော့ ထိုကဲ့သို့ စိတ်ရှည်မှုမျိုးမရှိသောကြောင့် "မင်း သူ့အသက်ကို မလိုချင်ဘူးလား!"
စုလင်းက သူ့လူတွေကို ဂရုမစိုက်ဘူးဆိုရင် လူတွေက သူကို ကဲ့ရဲ့မှာ မဟုတ်ဖူးလား??? အဲ့တာဆိုရင် သူရဲ့နယ်မြေမှာ သူ့ရဲ့ဂုဏ်သိက္ခာက ဘယ်ရှိတော့မှာလဲ?? သူက အခု သူတို့နဲ့ လာကစားနေတာလာ???
သူက ဟန်ရှုအနားက သူပုန်များကို မျက်လုံးဖြင့် အချက်ပြလိုက်သောကြောင့် ထိုသူပုန်က ဟန်ရှု၏လည်ပင်းထက်သို့ ဓားတင်လိုက်ပြီး ဟန်ရှုလည်းပင်းမှ သွေးစများစိမ့်ထွက်လာသည်။
စုလင်း၏မျက်လုံးများ မှေးမှိန်သွားပြီး အေးစက်နေသော လေသံမာမာဖြင့် "သူ့ဘဝကို ငါပဲ ဆုံးဖြတ်မယ်၊ ဒါပေမယ့် မင်းရဲ့အသက်ကိုတော့ မင်း စောင့်ရှောက်သင့်တယ်!"
ထိုစကားကို ပြောပြီးနောက် စုလင်းက သူ့၏စစ်ဝတ်စုံအောက်မှ ချီရွှယ်ကို ထုတ်ယူလိုက်သည်။ ချိုင့်ဝှမ်းထဲတွင် နဂါးအော်သံကဲ့သို့ ကြမ်းတမ်းသော အသံတစ်ခု ပဲ့တင်ထပ်လာပြီး သွေးဆာနေသောဓားက နီမြန်းနေသောအလင်းတန်းများကို ထုတ်လွှတ်နေကာ မီးနီရောင်များ တဖျော့ဖျော့ တောက်ပနေတော့သည်။ ရန်ကော်က ချက်ချင်းပင် သူ့ကြာပွတ်ကို လှုပ်ရှားလိုက်သည်။ ကြာပွတ်နှင့် ဓား ဆုံတွေ့လိုက်တိုင်း မီးတောက်များ ဖြစ်ပေါ်လာတော့သည်။
ဓားရှည်ကို ဓားအိမ်ထဲမှ မထုတ်ရသေးသည်တိုင် ဝူကျိက သူ့အပေါ်သို့ အပူလှိုင်းတစ်ခု ကျရောက်နေပြီဟု ခံစားနေရသည်။ သူက ထိတ်လန့်စွာဖြင့် သူ့နောက်မှ လူများကို အ်ေပြောလိုက်သည်။ "သူ့ကို သတ်လိုက်!"
သူတို့ ဒီနေ့ စုလင်းကို မခေါ်သွားနိုင်ဘူးဆိုရင်တောင် ဟန်ရှုကို ကယ်တင်ဖို့တော့ သေချာပေါက် ခွင့်မပြုနိုင်ဘူး။
အခန်း ၁၂ သူရဲကောင်းက အလှလေးကို ကယ်တင်(အပိုင်း ၇)
တစ်ချိန်တည်းမှာပင် ကုယွင်က ဟန်ရှုဆီသို့ ပြေးဝင်သွားရင်း အော်ခေါ်လိုက်သည်။ "ပင်းလျန့်!"
ချောက်ကမ်းပါးမှာ သူမအသံ ပဲ့တင်ထပ်လို့ မဆုံးခင်မှာပဲ တောက်ပတဲ့အဖြူရောင်အလင်းတန်းတစ်ခုက ချောက်ကြီးကို အထိန်းအကွပ်မဲ့ ဖြတ်သန်းလာပြီး ကုယွင်၏လက်ထဲကို တိုးဝင်လာသည်ကို တွေ့လိုက်ရသည်။
ရန်ကော်က ထိတ်လန့်သွားသည်။ ဒီဟာက တကယ်ကို ဆိုးသွမ်းတဲ့ဓားပဲ... ပြီးတော့ အရမ်းကြောက်စရာကောင်းတယ်၊ သူမရဲ့ဓားက နှစ်တစ်ထောင်ရေခဲနဲ့တူပြီး စုလင်းရဲ့ဓားက ချော်ရည်လို ပူနေတယ်။ သူတို့လို လူနှစ်ယောက်က ဓားစားခံကို ကယ်ဆယ်သွားရင် သူတို့က အခြားမျိုးနွယ်စုဝင်တွေနဲ့ ဘယ်လို ပြန်ပြီး ရင်ဆိုင်ရမှာလဲ???
ရန်ကော်က တောအုပ်နှစ်ဘက်မှ လူများကို အမိန့်ပေးလိုက်သည်။ "မြှားပစ်!"
သစ်ပင်များက ယိမ်းနွဲ့လာပြီး ချောက်၏တစ်ဖက်ခြမ်းရှိ သစ်ပင်များတွင် အစိမ်းရောင် ၀တ်စုံဝတ်သူပုန်များ ပြည့်နှက်နေကာ သူတို့လက်ထဲတွင် လေးကိုင်းရှည်ကြီးများ ကိုင်ဆောင်ထားကြသည်။ သူတို့၏နောက်ကျောတွင် မြှားကျဥ်တောက်ကြီးနှစ်ခုစီ သယ်ဆောင်ထားသောကြောင့် လက်နက်ပြည့်စုံလုံလောက်ကြောင်း ပြသနေသည်။
တခြားတစ်ဖက်တွင်လည်း လေးစစ်သည်များဖြင့် ပြည့်နေပြီး တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ စုလင်းက သူ့ဓားကို ဆွဲထုတ်လိုက်ချိန်တွင် လက်ထောက်ယုကလည်း "မြှားတွေကို ကာပေးထား၊ ဖူဟူတပ်ဖွဲ့ တိုက်ခိုက်မယ်!"
"ဟုတ်ကဲ့" လေးနှင့်မြှားများကို ကိုင်ဆောင်ထားသော သံချပ်ကာစစ်သည်တန်းများက တစ်ဖက်ချောက်ကမ်းပါးဘက်ခြမ်းတွင် တန်းစီနေပြီး တစ်ဖက်မှ "မြှားပစ်"ဟု အော်သံကို ကြားသောအချိန်တွင် လက်ထောက်ယုကလည်း အေးစက်စွာ အော်လိုက်သည်။ "မြှားပစ်"
ရုတ်တရက် ချောက်နှစ်ဖက်စလုံးမှ မြှားများကို ကျပန်းပစ်လွှတ်နေကြတော့သည်။ ကုယွင်က ထိုမြှားများကို ရှောင်နေရရုံသာမက ဟန်ရှုကို ကယ်တင်ရန်လည်း လိုအပ်နေသည်။ စုလင်းက သူမကို သွားကူညီချင်ပေမယ့် စူးရှထက်မြက်တဲ့ မြှားတိုလေးတစ်စင်းက သူ့ကို ပိတ်ဆို့ထားခဲ့သည်။ စုလင်းက အေးအေးဆေးဆေး ရှောင်လိုက်ပြီး သစ်ပင်ဘက်ကို မော့ကြည့်လိုက်ချိန်တွင် စုလင်း၏အေးစက်သော မျက်လုံးများနှင့် ဘာကိုမှ ဂရုမစိုက်တက်ပုံရသော မျက်လုံးတစ်စုံတို့ ရင်ဆိုင်မိသွားသည်။ မျော်လင့်ထာသလိုပါပဲ၊ ဒီလူက ရင်ဆိုင်ဖို့ ခက်တယ်။ (T/N: E-Tran ပြောတာတော့ ဝူကျိတဲ့)
သူပုန်အများစုက သစ်ပင်များတွင် ပုန်းအောင်းနေကြပြီး ထိုနေရာသို့ မြှားဖြင့် ပစ်နေခြင်းက အသုံးမဝင်တော့ပေ။ သူပုန်များဘက်သို့ မြှား၏သက်ရောက်မူက နည်းပါးလွန်းသည်။ ထို့ကြောင့် ဖူဟူတပ်ဖွဲ့မှ စစ်သည်များက သူတို့လက်ထဲမှ ကြိုတင်ပြင်ဆင်ထားသော ရှည်လျားသောချိတ်များကို ပစ်လွတ်နေကြသည်။
တခဏချင်းမှာပဲ ချောက်နှစ်ဖက်စလုံးတွင် ကြိုးဒါဇင်ပေါင်းများစွာ ချိတ်ဆက်ပြီး ဖြစ်နေသည်။ ဝူကျိက တချက်မော့ကြည့်လိုက်ပြီး တစ်ခုခုမှားနေပြီဆိုတာကို ချက်ချင်း သိလိုက်တာကြောင့် သူက ကြိုးတွေဘက်ကို ညွှန်ပြပြီး အော်ဟစ် အမိန့်ပေးလိုက်သည်။ "မြှားနဲ့ပစ်"
သစ်ပင်ပေါ်မှ လေးကိုင်းကိုင်ထားတဲ့လူတွေကတော့ ဘာတွေ ဖြစ်နေမှန်း မသိပါဘူး။ ကြိုးတွေပေါ်မှာ ဘာမှ မရှိဘူးလေ။ ဘာလို့ ကြိုးအလွတ်ကို မြှားနဲ့ ပစ်ခိုင်းနေမှန်း သူတို့ မသိပါဘူး။ သူတို့ ပဟေဠိဖြစ်နေတုန်းမှာဘဲ အလွန်လျင်မြန်သော အရိပ်များက တဟုန်ထိုးအရှိန်ဖြင့် တစ်ဖက်ကမ်းမှ ပျံသန်းလာကြသည်။ အမြန်နှုန်းက အလွန်လျင်မြန်လှသဖြင့် မြှားများကို မြှောက်လိုက်ချိန်တွင်ပင် ပထမအသုတ် ဒါဇင်ပေါင်းများစွာက ချောက်တဖက်ကမ်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုနောက်တွင် အရှိန်အဟုန်ဖြင့် လိုက်ပါလာသော စစ်သည်များက လင်းယုန်ငှက်များကဲ့သို့ဖြစ်နေပြီး မြှားဖြင့် ပစ်နေသော်လည်း တစ်ယောက်တစ်လေတောင်မှ ထိအောင် မပစ်နိုင်တော့ပါဘူး။
💜💜💜Thank you so much for your reading time, Votes , comments, and supports💜💜💜