ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်...

Galing kay KimHsuYoon99

114K 13.8K 109

Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xig... Higit pa

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 24
Chapter 23
Chapter 25
Chapter 26
Chapter 27
Good news😍
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 64
Chapter 63
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108

Chapter 79

736 110 0
Galing kay KimHsuYoon99

Unicode

ချန်းကျစ်ရဲ့reply ပြန်ရောက်လာတယ်။

[မင်း ကျွန်တော်နဲ့လိုက်ပေးလို့ရလား]

ကုမျန်က ငြင်းချင်ပေမယ့် ချန်းကျစ်ရဲ့ WeChat မက်ဆေ့ခ်ျက ထပ်ရောက်လာပြန်တယ်။ [ဆောရီး၊ မင်းက ကျော်ကြားတဲ့ကြယ်ပွင့်မှန်း အခုမှသိလိုက်ရတာ ကျွန်တော်ရဲ့ ရဲတင်းလွန်းတဲ့ တောင်းဆိုမှုကို ပြန်ရုပ်သိမ်းလိုက်မယ်]

ကုမျန်ကတော့ အရမ်းမအံ့သြသွားဘူး။

"Ask the Immortals"က အခုအချိန်အထိ ရုပ်ရှင်ရုံကနေ မဖြုတ်ချရသေးဘဲ လတ်တလော အွန်လိုင်းပေါ်မှာ သူမ‌အကြောင်းခေါင်းစီး‌တွေ လုံလုံလောက်လောက် ရှိနေတယ်လေ။ ပြီးတော့ သူမက လွန်ခဲ့တဲ့သုံး‌ရက်လောက်ကလည်း hot search ၀င်ခဲ့သေးတယ်။ ဒါကြောင့် ချန်းကျစ်က အင်တာနက်ပေါ်ကနေ သူမရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်အကြောင်းကို သိခဲ့တယ်ဆိုတာက အံ့သြစရာမဟုတ်နေပေ။

ကုမျန်ရဲ့လက်ချောင်းတွေ အနည်းငယ် ရွေ့သွားတယ်။ [ကျွန်မက ကျော်ကြားတဲ့ကြယ်ပွင့်မဟုတ်ပါဘူး]

[Wow မင်းက အခု အရမ်းနာမည်ကြီးနေတာလေ မင်းက ကျော်ကြားတဲ့ကြယ်ပွင့်မဟုတ်ဘူးလို့ ဘာလို့ပြောရတာလဲ]

ကုမျန်က ခဏလောက် စဉ်းစားတယ်။ သူမက "Ask the Immortals" ဇာတ်လမ်းတွဲမှာသာ သရုပ်ဆောင်ရသေးပြီး reality showကို မလွှင့်ရသေးပေ။ သူမအရင်က ကုကော်အန်းနဲ့ သရေစာဆိုင်ကိုသွားခဲ့ပေမယ့် သူမကို ဘယ်သူမှမမှတ်မိခဲ့ကြဘူး။

ဒါကြောင့် သူမက အနည်းငယ် ရေပန်းစားနေပေမယ့်လည်း  ကျော်ကြားတဲ့ကြယ်ပွင့်တော့ မဟုတ်သေးကြောင်း ကုမျန် တကယ်ကြီးခံစားမိတယ်။

လော့ချယ်လိုကြယ်ပွင့်ကမှ ကျော်ကြားတဲ့ ကြယ်ပွင့်လို့ ယူဆလို့ရတယ်။

ဒါကြောင့် သူမက ရိုးရိုးသားသားပဲ ပြန်ဖြေလိုက်တယ်။ [ကျွန်မကို ကြယ်ပွင့်လေးလို့ပဲ မှတ်ယူလို့ရတယ်]

ချန်းကျစ်က အပြုံးတစ်ပွင့်နဲ့ replyပြန်လာတယ်။ [ဟဟ မင်းက ၀င့်ကြွားနေတာပဲ]

[???] ၀င့်ကြွားတာလား?ကုမျန် နားမလည်ဘူး။

[မင်းက မန်ဒရင်းလိုဆို ချစ်ဖို့ကောင်းတယ်လို့ပြောတာပေမယ့် ကန်တုံးစကားနဲ့ကျတော့ အရမ်း၀င့်ကြွားတယ်ဖြစ်သွားတာ တောင်းပန်ပါတယ် ကျွန်တော် မန်ဒရင်းစကား သိပ်မသုံးတတ်လို့]

ကုမျန်က [အဆင်ပြေပါတယ်] လို့ replyပြန်လိုက်တယ်။

သူမ နှုတ်ခမ်းတင်းတင်းစေ့လိုက်တယ်။ သူမက အမှန်အတိုင်းပြောနေရုံပဲလေ။ အဲ့ဒါက ဘယ်လိုလုပ် ချစ်စရာကောင်းသွားတာလဲ။

ကုမျန်က စကားစမြည်ပြောတာကို အဆုံးသတ်ပြီးတဲ့နောက် အိမ်တွင်းရုပ်ရှင်ရုံထဲမှာ သရုပ်ဆောင်ပညာကို ဆက်လက်လေ့လာခဲ့တယ်။

ချန်းကျစ်က နောက်ထပ်မက်ဆေ့ချ်တစ်ခု ပို့လာတယ်။ [တစ်ယောက်ယောက်က မင်းကို ဒုက္ခပေးချင်နေတာ ဖြစ်နိုင်တယ်၊ အကူအညီလိုသေးလား]

ကုမျန်က ချန်းကျစ် ဘာပြဿနာကို ပြောနေမှန်းမသိပေမယ့်လည်း သူမက replyပြန်လိုက်ဆဲပင်။ [မလိုပါဘူး]

ထို့နောက် ရှောင်ကျူးကလည်း သူမကို ဖုန်းခေါ်လာခဲ့တယ်။

ကုမျန်က သူမနဲ့ပတ်သက်ပြီး အွန်လိုင်းမှာ ဖြစ်ပျက်ခဲ့တာတွေကို သိတယ်။

သရေစာဆိုင်ကိုသွားတုန်းက ဘယ်သူကမှမမှတ်မိလောက်ဘူးလို့ သူမလည်းတွေးခဲ့တာ။ သူမမှားခဲ့တယ်။ တစ်ယောက်ယောက်က သူမကို မှတ်မိသွားတယ်။

အဲဒီလူက သရေစာဆိုင်ထဲမှာ ရှိခဲ့တာမဟုတ်ဘဲ သူမကို ဓာတ်ပုံရိုက်ဖို့ ဆိုင်ရဲ့အပြင်မှာ ပုန်းနေခဲ့တာ။

ဖုန်းထဲမှာ ရှောင်ကျူးရဲ့ လေသံက အနည်းငယ်စိုးရိမ်နေပုံရပြီး "နင်က သာမန်သန်မာတဲ့ မိသားစုနောက်ခံကနေ ဆင်းသက်လာတာလို့ အင်တာနက်မှာ ပြောခဲ့တယ်လေ ဒါကြောင့် အင်တာနက်သုံးစွဲသူတွေက နင့်မှာ နောက်ခံရှိတယ်လို့ အခြေခံအားဖြင့် သိကြတယ် ဒီတစ်ခေါက်တော့ လူလတ်ပိုင်းတစ်ဦးက နင့်ကို ဂရုစိုက်ပေးနေတယ်လို့ ကောလဟလတွေထွက်လာတယ် နင်က အဲ့ဒီယောက်ျားကြောင့် ဒီလိုတွေပြောဖို့ ယုံကြည်ချက်ရှိနေတာလို့ ထင်နေကြတာ"

ကုမျန်က သက်ပြင်းချလိုက်တယ်။

"မျန်းမျန်၊ နင့်ရဲ့အရင်ပုံရိပ်က အရမ်းကို အပြုသဘောရောက်လွန်းသွားတယ်နေမယ်၊ ဒါကြောင့် နင့်ကို တခြားသူက ဂရုစိုက်ပေးထားတာဆိုတဲ့ သတင်းကို တစ်ယောက်ယောက်က ထုတ်ဖော်လိုက်ပြီးနောက် အင်တာနက်အသုံးပြုသူ တော်တော်များများက လွန်လွန်ကဲကဲ တုံ့ပြန်ကြတယ် ဒါပေမယ့် မျန်းမျန်၊ နင် အရမ်းကြီးစိတ်မပူနေပါနဲ့၊ အစ်ကိုနန်က  ဒီကိစ္စကို ဖြေရှင်းပြီးသား"

ကုမျန်က သူ့ကိုပွေ့ချီဖို့ အော်ဟစ်တောင်းဆိုနေတဲ့ မြေခွေးလေးကို ပွေ့ဖက်လိုက်ပြီး မေးစေ့ကို တို့ထိလိုက်ပြီးနောက် ပြန်ဖြေလိုက်တယ်။ "ကောင်းပြီလေ"

ရှောင်ကျူးက အံကြိတ်လိုက်ပြီး "ဒီသတင်းက ရွှယ်ရိဆီကလာတာလို့ အတင်းအဖျင်းဘလော့ဂါတချို့က အစ်ကိုနန်ကို တိတ်တိတ်လေးပြောပြကြတယ်"

ရွှယ်ရိလား?

မျိုးရိုးနာမည်ကိုကြားတော့ ကုမျန်က နာနီနှစ်ယောက်ကြားက စကား၀ိုင်းကို တွေးမိသွားတယ်။

သူမက အစမ်းသဘောနဲ့ မေးလိုက်တယ်။ "ရွှယ်ယင်းဟူ?"

ရှောင်ကျူးက "မျန်းမျန်၊ နင် သူမကို တကယ်သိတာလား"

ရှောင်ကျူးက ဆက်ပြောတယ် "အင်တာနက်သုံးစွဲသူတွေက သူမကို များသောအားဖြင့် ရွှယ်ယင်းဟူလို့ခေါ်တယ် သူမက အမြဲတမ်း ဇနီးကောင်းနဲ့မိခင်ကောင်းတစ်ဦးပဲ ဒါပေမယ့် မကြာသေးခင်ကမှ သူမကို ဖော်ထုတ်ခဲ့တယ် သူမက အခြားလူတစ်ဦးနဲ့အတူ အခန်းယူခဲ့တယ်တဲ့ အရမ်းကို စိုးရိမ်ပူပန်နေလို့ လိုက်ကာဆွဲချဖို့တောင် မေ့သွားတယ်ဆိုပဲ ဒါကြောင့်..."

ရှောင်ကျုးက စကားကို အဆုံးမသတ်လိုက်ရင်တောင် ကုမျန် နားလည်နိုင်ဆဲပင်။

ရှောင်ကျူးက သက်ပြင်းချလိုက်ပြီး "ဘာပဲဖြစ်ဖြစ် ကွန်ရက်တစ်ခုလုံးက အခု သူမကို ဆဲဆိုကြိမ်းမောင်းနေကြတယ်"

ကုမျန်က သူမခေါင်းလေးကို စောင်းလိုက်ပြီးနောက် မှန်းဆကြည့်လိုက်တယ်။ "ဒါဆို သူမက အင်တာနက်သုံးစွဲသူတွေရဲ့ အာရုံစိုက်မှုကို ဖယ်ထုတ်ဖို့ ငါ့ဇာတ်လမ်းကို ဖန်တီးခဲ့တာလား"

"ဟုတ်တယ်၊ နင်က ‌လတ်တလောမှာ ရေပန်းစားနေပြီး သူမရဲ့ပြသနာကို အများကြီး ကူညီခွဲဝေယူပေးနိုင်မှာပဲလို့ ထင်ကောင်းထင်နေနိုင်တယ် ဒါပေမယ့် ဒီကိစ္စက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ နင့်ရဲ့hot searchကို မဆိုထားနဲ့ အတိုချုပ်ပြောရရင် ရွှယ်ရိကိုအာရုံစိုက်ခဲ့တဲ့ အင်တာနက်သုံးစွဲသူတွေက ရုတ်တရက်ကြီး 50%ထိ ကျဆင်းသွားတာ 50% အပြည့်ပဲ၊ ရွှယ်ရိရဲ့ရည်ရွယ်ချက်က တကယ်ကို အောင်မြင်သွားတယ်"

"ငါနားလည်ပြီ"

ကုမျန်က ဖုန်းချပြီးနောက် ခဏလောက်စဉ်းစားလိုက်ပြီး သူမရဲ့Weibo ထဲကို ဝင်ကာ အွန်လိုင်းမှတ်ချက်တွေကို ဖတ်ခဲ့တယ်။

အင်တာနက်သုံးစွဲသူတွေကတော့ ရူးကုန်ကြပြီ။ အရင်က သူမကို သဘောကျကြတဲ့သူတွေက အခု သူမကို မုန်းနေကြတယ်။

မှတ်ချက်အများအပြားက အမြင်မသင့်တော်သလို လူများစွာက ကုကော်အန်းကို လူအိုကြီးအဖြစ် အကြီးအကျယ်ဝေဖန်နေကြတယ်။

ကုကော်အန်းရဲ့ သူမအပေါ် ကြင်နာမှုကို တွေးပြီး ကုမျန်က သူမရဲ့လက်ချောင်းတွေကို အနည်းငယ် ရွှေ့ကာ Weibo မှာ လျင်မြန်စွာတင်လိုက်တယ်။ [@ကုမျန် : နင်တို့ပြောတဲ့ သက်လတ်ပိုင်းလူက ငါ့အဖေပဲ ဒါ့အပြင် နင့်ရဲ့သတင်းကို လူတွေလျစ်လျူရှုတာခံစေချင်ပြီး ကျည်ဆံကိုတားဆီးဖို့ ဒိုင်းတစ်ခုအနေနဲ့ ငါ့သတင်းကိုအသုံးပြုချင်တာဆိုရင်တော့ ငါ့ကို မဆွဲထည့်ပါနဲ့၊ ကျေးဇူးပဲ]






Zawgyi

ခ်န္းက်စ္ရဲ႕reply ျပန္ေရာက္လာတယ္။

[မင္း ကြၽန္ေတာ္နဲ႕လိုက္ေပးလို႔ရလား]

ကုမ်န္က ျငင္းခ်င္ေပမယ့္ ခ်န္းက်စ္ရဲ႕ WeChat မက္ေဆ့ခ္်က ထပ္ေရာက္လာျပန္တယ္။ [ေဆာရီး၊ မင္းက ေက်ာ္ၾကားတဲ့ၾကယ္ပြင့္မွန္း အခုမွသိလိုက္ရတာ ကြၽန္ေတာ္ရဲ႕ ရဲတင္းလြန္းတဲ့ ေတာင္းဆိုမႈကို ျပန္႐ုပ္သိမ္းလိုက္မယ္]

ကုမ်န္ကေတာ့ အရမ္းမအံ့ၾသသြားဘူး။

"Ask the Immortals"က အခုအခ်ိန္အထိ ႐ုပ္ရွင္႐ုံကေန မျဖဳတ္ခ်ရေသးဘဲ လတ္တေလာ အြန္လိုင္းေပၚမွာ သူမ‌အေၾကာင္းေခါင္းစီး‌ေတြ လုံလုံေလာက္ေလာက္ ရွိေနတယ္ေလ။ ၿပီးေတာ့ သူမက လြန္ခဲ့တဲ့သုံး‌ရက္ေလာက္ကလည္း hot search ၀င္ခဲ့ေသးတယ္။ ဒါေၾကာင့္ ခ်န္းက်စ္က အင္တာနက္ေပၚကေန သူမရဲ႕ အသက္ေမြးဝမ္းေၾကာင္းအလုပ္အေၾကာင္းကို သိခဲ့တယ္ဆိုတာက အံ့ၾသစရာမဟုတ္ေနေပ။

ကုမ်န္ရဲ႕လက္ေခ်ာင္းေတြ အနည္းငယ္ ေ႐ြ႕သြားတယ္။ [ကြၽန္မက ေက်ာ္ၾကားတဲ့ၾကယ္ပြင့္မဟုတ္ပါဘူး]

[Wow မင္းက အခု အရမ္းနာမည္ႀကီးေနတာေလ မင္းက ေက်ာ္ၾကားတဲ့ၾကယ္ပြင့္မဟုတ္ဘူးလို႔ ဘာလို႔ေျပာရတာလဲ]

ကုမ်န္က ခဏေလာက္ စဥ္းစားတယ္။ သူမက "Ask the Immortals" ဇာတ္လမ္းတြဲမွာသာ သ႐ုပ္ေဆာင္ရေသးၿပီး reality showကို မလႊင့္ရေသးေပ။ သူမအရင္က ကုေကာ္အန္းနဲ႕ သေရစာဆိုင္ကိုသြားခဲ့ေပမယ့္ သူမကို ဘယ္သူမွမမွတ္မိခဲ့ၾကဘူး။

ဒါေၾကာင့္ သူမက အနည္းငယ္ ေရပန္းစားေနေပမယ့္လည္း  ေက်ာ္ၾကားတဲ့ၾကယ္ပြင့္ေတာ့ မဟုတ္ေသးေၾကာင္း ကုမ်န္ တကယ္ႀကီးခံစားမိတယ္။

ေလာ့ခ်ယ္လိုၾကယ္ပြင့္ကမွ ေက်ာ္ၾကားတဲ့ ၾကယ္ပြင့္လို႔ ယူဆလို႔ရတယ္။

ဒါေၾကာင့္ သူမက ရိုးရိုးသားသားပဲ ျပန္ေျဖလိုက္တယ္။ [ကြၽန္မကို ၾကယ္ပြင့္ေလးလို႔ပဲ မွတ္ယူလို႔ရတယ္]

ခ်န္းက်စ္က အၿပဳံးတစ္ပြင့္နဲ႕ replyျပန္လာတယ္။ [ဟဟ မင္းက ၀င့္ႂကြားေနတာပဲ]

[???] ၀င့္ႂကြားတာလား?ကုမ်န္ နားမလည္ဘူး။

[မင္းက မန္ဒရင္းလိုဆို ခ်စ္ဖို႔ေကာင္းတယ္လို႔ေျပာတာေပမယ့္ ကန္တုံးစကားနဲ႕က်ေတာ့ အရမ္း၀င့္ႂကြားတယ္ျဖစ္သြားတာ ေတာင္းပန္ပါတယ္ ကြၽန္ေတာ္ မန္ဒရင္းစကား သိပ္မသုံးတတ္လို႔]

ကုမ်န္က [အဆင္ေျပပါတယ္] လို႔ replyျပန္လိုက္တယ္။

သူမ ႏႈတ္ခမ္းတင္းတင္းေစ့လိုက္တယ္။ သူမက အမွန္အတိုင္းေျပာေန႐ုံပဲေလ။ အဲ့ဒါက ဘယ္လိုလုပ္ ခ်စ္စရာေကာင္းသြားတာလဲ။

ကုမ်န္က စကားစျမည္ေျပာတာကို အဆုံးသတ္ၿပီးတဲ့ေနာက္ အိမ္တြင္း႐ုပ္ရွင္႐ုံထဲမွာ သ႐ုပ္ေဆာင္ပညာကို ဆက္လက္ေလ့လာခဲ့တယ္။

ခ်န္းက်စ္က ေနာက္ထပ္မက္ေဆ့ခ်္တစ္ခု ပို႔လာတယ္။ [တစ္ေယာက္ေယာက္က မင္းကို ဒုကၡေပးခ်င္ေနတာ ျဖစ္နိုင္တယ္၊ အကူအညီလိုေသးလား]

ကုမ်န္က ခ်န္းက်စ္ ဘာျပႆနာကို ေျပာေနမွန္းမသိေပမယ့္လည္း သူမက replyျပန္လိုက္ဆဲပင္။ [မလိုပါဘူး]

ထို႔ေနာက္ ေရွာင္က်ဴးကလည္း သူမကို ဖုန္းေခၚလာခဲ့တယ္။

ကုမ်န္က သူမနဲ႕ပတ္သက္ၿပီး အြန္လိုင္းမွာ ျဖစ္ပ်က္ခဲ့တာေတြကို သိတယ္။

သေရစာဆိုင္ကိုသြားတုန္းက ဘယ္သူကမွမမွတ္မိေလာက္ဘူးလို႔ သူမလည္းေတြးခဲ့တာ။ သူမမွားခဲ့တယ္။ တစ္ေယာက္ေယာက္က သူမကို မွတ္မိသြားတယ္။

အဲဒီလူက သေရစာဆိုင္ထဲမွာ ရွိခဲ့တာမဟုတ္ဘဲ သူမကို ဓာတ္ပုံရိုက္ဖို႔ ဆိုင္ရဲ႕အျပင္မွာ ပုန္းေနခဲ့တာ။

ဖုန္းထဲမွာ ေရွာင္က်ဴးရဲ႕ ေလသံက အနည္းငယ္စိုးရိမ္ေနပုံရၿပီး "နင္က သာမန္သန္မာတဲ့ မိသားစုေနာက္ခံကေန ဆင္းသက္လာတာလို႔ အင္တာနက္မွာ ေျပာခဲ့တယ္ေလ ဒါေၾကာင့္ အင္တာနက္သုံးစြဲသူေတြက နင့္မွာ ေနာက္ခံရွိတယ္လို႔ အေျခခံအားျဖင့္ သိၾကတယ္ ဒီတစ္ေခါက္ေတာ့ လူလတ္ပိုင္းတစ္ဦးက နင့္ကို ဂ႐ုစိုက္ေပးေနတယ္လို႔ ေကာလဟလေတြထြက္လာတယ္ နင္က အဲ့ဒီေယာက္်ားေၾကာင့္ ဒီလိုေတြေျပာဖို႔ ယုံၾကည္ခ်က္ရွိေနတာလို႔ ထင္ေနၾကတာ"

ကုမ်န္က သက္ျပင္းခ်လိဳက္တယ္။

"မ်န္းမ်န္၊ နင့္ရဲ႕အရင္ပုံရိပ္က အရမ္းကို အျပဳသေဘာေရာက္လြန္းသြားတယ္ေနမယ္၊ ဒါေၾကာင့္ နင့္ကို တျခားသူက ဂ႐ုစိုက္ေပးထားတာဆိုတဲ့ သတင္းကို တစ္ေယာက္ေယာက္က ထုတ္ေဖာ္လိုက္ၿပီးေနာက္ အင္တာနက္အသုံးျပဳသူ ေတာ္ေတာ္မ်ားမ်ားက လြန္လြန္ကဲကဲ တုံ႕ျပန္ၾကတယ္ ဒါေပမယ့္ မ်န္းမ်န္၊ နင္ အရမ္းႀကီးစိတ္မပူေနပါနဲ႕၊ အစ္ကိုနန္က  ဒီကိစၥကို ေျဖရွင္းၿပီးသား"

ကုမ်န္က သူ႕ကိုေပြ႕ခ်ီဖို႔ ေအာ္ဟစ္ေတာင္းဆိုေနတဲ့ ေျမေခြးေလးကို ေပြ႕ဖက္လိုက္ၿပီး ေမးေစ့ကို တို႔ထိလိုက္ၿပီးေနာက္ ျပန္ေျဖလိုက္တယ္။ "ေကာင္းၿပီေလ"

ေရွာင္က်ဴးက အံႀကိတ္လိုက္ၿပီး "ဒီသတင္းက ႐ႊယ္ရိဆီကလာတာလို႔ အတင္းအဖ်င္းဘေလာ့ဂါတခ်ိဳ႕က အစ္ကိုနန္ကို တိတ္တိတ္ေလးေျပာျပၾကတယ္"

႐ႊယ္ရိလား?

မ်ိဳးရိုးနာမည္ကိုၾကားေတာ့ ကုမ်န္က နာနီႏွစ္ေယာက္ၾကားက စကား၀ိုင္းကို ေတြးမိသြားတယ္။

သူမက အစမ္းသေဘာနဲ႕ ေမးလိုက္တယ္။ "႐ႊယ္ယင္းဟူ?"

ေရွာင္က်ဴးက "မ်န္းမ်န္၊ နင္ သူမကို တကယ္သိတာလား"

ေရွာင္က်ဴးက ဆက္ေျပာတယ္ "အင္တာနက္သုံးစြဲသူေတြက သူမကို မ်ားေသာအားျဖင့္ ႐ႊယ္ယင္းဟူလို႔ေခၚတယ္ သူမက အၿမဲတမ္း ဇနီးေကာင္းနဲ႕မိခင္ေကာင္းတစ္ဦးပဲ ဒါေပမယ့္ မၾကာေသးခင္ကမွ သူမကို ေဖာ္ထုတ္ခဲ့တယ္ သူမက အျခားလူတစ္ဦးနဲ႕အတူ အခန္းယူခဲ့တယ္တဲ့ အရမ္းကို စိုးရိမ္ပူပန္ေနလို႔ လိုက္ကာဆြဲခ်ဖိဳ႕ေတာင္ ေမ့သြားတယ္ဆိုပဲ ဒါေၾကာင့္..."

ေရွာင္က်ဳးက စကားကို အဆုံးမသတ္လိုက္ရင္ေတာင္ ကုမ်န္ နားလည္နိုင္ဆဲပင္။

ေရွာင္က်ဴးက သက္ျပင္းခ်လိဳက္ၿပီး "ဘာပဲျဖစ္ျဖစ္ ကြန္ရက္တစ္ခုလုံးက အခု သူမကို ဆဲဆိုႀကိမ္းေမာင္းေနၾကတယ္"

ကုမ်န္က သူမေခါင္းေလးကို ေစာင္းလိုက္ၿပီးေနာက္ မွန္းဆၾကည့္လိုက္တယ္။ "ဒါဆို သူမက အင္တာနက္သုံးစြဲသူေတြရဲ႕ အာ႐ုံစိုက္မႈကို ဖယ္ထုတ္ဖို႔ ငါ့ဇာတ္လမ္းကို ဖန္တီးခဲ့တာလား"

"ဟုတ္တယ္၊ နင္က ‌လတ္တေလာမွာ ေရပန္းစားေနၿပီး သူမရဲ႕ျပသနာကို အမ်ားႀကီး ကူညီခြဲေဝယူေပးနိုင္မွာပဲလို႔ ထင္ေကာင္းထင္ေနနိုင္တယ္ ဒါေပမယ့္ ဒီကိစၥက မွန္သည္ျဖစ္ေစ၊ မွားသည္ျဖစ္ေစ နင့္ရဲ႕hot searchကို မဆိုထားနဲ႕ အတိုခ်ဳပ္ေျပာရရင္ ႐ႊယ္ရိကိုအာ႐ုံစိုက္ခဲ့တဲ့ အင္တာနက္သုံးစြဲသူေတြက ႐ုတ္တရက္ႀကီး 50%ထိ က်ဆင္းသြားတာ 50% အျပည့္ပဲ၊ ႐ႊယ္ရိရဲ႕ရည္႐ြယ္ခ်က္က တကယ္ကို ေအာင္ျမင္သြားတယ္"

"ငါနားလည္ၿပီ"

ကုမ်န္က ဖုန္းခ်ၿပီးေနာက္ ခဏေလာက္စဥ္းစားလိုက္ၿပီး သူမရဲ႕Weibo ထဲကို ဝင္ကာ အြန္လိုင္းမွတ္ခ်က္ေတြကို ဖတ္ခဲ့တယ္။

အင္တာနက္သုံးစြဲသူေတြကေတာ့ ႐ူးကုန္ၾကၿပီ။ အရင္က သူမကို သေဘာက်ၾကတဲ့သူေတြက အခု သူမကို မုန္းေနၾကတယ္။

မွတ္ခ်က္အမ်ားအျပားက အျမင္မသင့္ေတာ္သလို လူမ်ားစြာက ကုေကာ္အန္းကို လူအိုႀကီးအျဖစ္ အႀကီးအက်ယ္ေဝဖန္ေနၾကတယ္။

ကုေကာ္အန္းရဲ႕ သူမအေပၚ ၾကင္နာမႈကို ေတြးၿပီး ကုမ်န္က သူမရဲ႕လက္ေခ်ာင္းေတြကို အနည္းငယ္ ေ႐ႊ႕ကာ Weibo မွာ လ်င္ျမန္စြာတင္လိုက္တယ္။ [@ကုမ်န္ : နင္တို႔ေျပာတဲ့ သက္လတ္ပိုင္းလူက ငါ့အေဖပဲ ဒါ့အျပင္ နင့္ရဲ႕သတင္းကို လူေတြလ်စ္လ်ဴရႈတာခံေစခ်င္ၿပီး က်ည္ဆံကိုတားဆီးဖို႔ ဒိုင္းတစ္ခုအေနနဲ႕ ငါ့သတင္းကိုအသုံးျပဳခ်င္တာဆိုရင္ေတာ့ ငါ့ကို မဆြဲထည့္ပါနဲ႕၊ ေက်းဇူးပဲ]

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

192K 29.1K 72
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
247K 14.8K 40
My priority /property/privacy
700K 37.7K 46
ဤဇာတ်လမ်းတွင် ပါဝင်သော ဇာတ်လမ်း၊ဇာတ်ကွက်၊ဇာတ်ကောင်များသည် စာရေးသူရဲ့ စိတ်ကူးဉာဏ်‌ေသး‌ေသးဖြင့်သာ ပုံဖော်ထားခြင်းဖြစ်လို့ တိုက်ဆိုင်မှု တွေရှိခဲ့ရင် ခွ...
19.7K 1K 5
Author : Celine Gu Xi Jue Short chinese story Not Mine Myanmar Translation (Zawgyi&Unicode) 5July-8July(2020)