"ဟဲ့ရောင် ရှိန်း မင်းသေချာလို့လား...."
"အပိုတွေ လုပ်မနေစမ်းပါနဲ့ တစ်နေကုန်ပတ်ရှာတာ တွေ့မှမတွေ့တာ ဒီနေရာပဲ ကျန်တော့တယ်။ ငါ့ကိုယုံလိုက်စမ်းပါကွာ....."
"မင်းမို့လို့ မယုံတာ..."
"ဒီ....အွန်း....ငါဆဲရင် ငါ့အလွန်ဖြစ်ဦးမယ်...."
ရှိန်းနဲ့ရှိုင်းတို့ ကျောင်းပြန်လာထဲက အကိုဖြစ်သူကို လိုက်ရှာနေပေမယ့် လုံးဝမတွေ့တာကြောင့် နောက်ဆုံးတော့ club ကိုရောက်လာခြင်းဖြစ်တယ်။
Neon Night Club က အမှန်တော့ သူတို့အကို ထိပ်တန်းမဟာရဲ့ ပိုင်ဆိုင်မှုတွေထဲက တစ်ခုဖြစ်ပဲလေ။ ဘယ်လိုပိုင်တာလဲတော့ မမေးနဲ့ ဒီလိုဟာတွေ ပေးတက်တာက တစ်ယောက်ပဲရှိတယ်။ ဘဘဦးဝဏ္ဏမင်း။ ဒီ club ကို ကိုကို့ ဆယ့်ရှစ်နှစ်ပြည့်မွေးနေ့အတွက်လက်ဆောင် ပေးခဲ့တာ။ club လက်ဆောင်ပေးလို့ဆိုပြီး ဖေဖေနဲ့တောင် အခြေအတင်ဖြစ်ကြသေးတယ်။
ကိုကိုက ဒီနေရာကို အိမ်နဲ့ရန်ဖြစ်တိုင်း ခနခနလာနေကြ။ ခုလဲ ဘယ်နေရာမှာမှ ရှာမတွေ့မှတော့ ဒီနေရာပဲ ကျန်တော့တယ်။ဒီနေရာကို သူတို့နှစ်ယောက် လာခွင့်မရှိဘူး။ ဖေဖေက ဒီလာတာတွေ့တာနဲ့ နှစ်ကောင်လုံးကို သတ်မယ်ပြောထားတာ။ ခုလည်း လာချင်လို့ လာတာမဟုတ်ပါဘူး။ ကိုကို့ကို ရှာချင်လို့လာတာပါ အဟင်း....
club ထဲ ဝင်လိုက်တာနဲ့ မြင်လိုက်ရတာက နိဗ္ဗာန်ဗုံ အလားပဲ။ မီးရောင်စုံမှိန်မှိန်လေးနဲ့ ခပ်မြူးမြူးDJတို့က လိုက်ဖက်လွန်းပြီး club ထဲက တွေ့နေရတဲ့လူတိုင်းကလည်း အချောအလှလေးတွေ ချည်းပဲ။
"ဟဲ့ရောင် ဟိုနားက တစ်ယောက်က လုံးဝမိုက်တယ်နော်....."
"ရှိန်း...ငါတို့ကိုကို့ကို ရှာဖို့လာတာနော်..."
"သိပါတယ်ကွ! ငါက ဒီတိုင်းပြောပြတာ..wow...ဒီလောက်မိုက်မှန်းသိရင် အရင်တည်းက နေ့တိုင်းလာပါတယ်...."
"ဖေဖေ့ကို ပြောပေးမယ်..."
"မင်း!!မင်းဟာလေ ငါ့နဲ့ ဘယ်လို အမွှာဖြစ်လာမှန်းကို မသိဘူး။ ရုပ်လည်းမတူဘူး ငါကပိုချောတယ် စိတ်ထားကလည်းမတူဘူး ငါကပိုကောင်းတယ်..."
"မင်းလိုလဲ လေမပေါဘူး..."
"မင်း!!!!ထားပါတော့ မင်းအဲ့ဘက်မှာ သွားရှာလိုက် ငါဟိုဘက်မှာသွားရှာလိုက်ဦးမယ်..."
"မသွားနဲ့...ငါနားမှာပဲနေ...."
"အယ်...ကြောက်တယ်ပေါ့..."
စပ်ဖြီးဖြီးနဲ့ ပြောင်သလိုလို နောက်သလိုလိုပြောလာတဲ့ ကောင်က သူ့အမွှာအကို ဘယ်လိုဖြစ်လာမှန်းကိုမသိဘူး။
"မင်းရုပ်နဲ့ဆို omega နဲ့မှားပြီး တက်လုပ်ခံရမှာဆိုးလို့...."
"မင်းမေ....ဟွန်း....ငါစိတ် လျှော့လိုက်မယ်..."
"ဟိုမှာ အဲ့တာကိုကိုမလား..."
"ဟုတ်တယ် ဟုတ်တယ်...ကိုကို!!!!!!!!"
ဒီလောက်တီးလုံးသံတွေ ဆူညံနေတာကို အလကားနေ လေကုန်ခံပြီး အာပြဲနဲ့ အော်နေတဲ့ ကောင်က သူ့အမွှာအကိုတဲ့။ မွေးတုန်းက ချွဲကျပ်တယ်ဆိုပြီး အဲ့ချွဲတွေ ဦးနှောက်ထဲပါ ဝင်သွားတာထင်တယ်။ ကျပ်မပြည့်တာတော့ ကျိန်းသေတယ်။
"ကိုကို!!!"
"ရှိန်း! ဘာလာလုပ်တာလဲ!!!"
ကိုကိုနဲ့ပြဿနာ ဖြစ်လာတာကြောင့် club လာပြီး မေ့သွားအောင် အေးဆေးနေ နေပါတယ်ဆိုမှ ရောက်လာတဲ့ညီဖြစ်သူကြောင့် အေးဆေးနေရတော့မယ့်ပုံမပေါ်....
"ဘာလာလုပ်ရမှာလဲ ကိုကို့ကို လာရှာတာပေါ့....ဒါဘာလဲ မသောက်ဖူးလို့ နည်းနည်းတိုက်!"
"ရှိန်း!!!!"
"ဟဲ့ရောင်!!!ဟာကွာ!!!မင်းက တကယ့် စောက်ပြဿနာပဲ..."
တားချိန်တောင်မရလိုက်ပဲ ဝီစကီအပြင်းစားကို တစ်ကျိုက်ထဲမော့လိုက်တဲ့ ရှိန်းကြောင့် ဒီညတော့ ပြဿနာတက်ပြီဆိုတာ သေချာသွားပြီ...
"အော့! ဘာအရသာကြီးလဲ..."
"မကောင်းရင် မင်းဘာလို့ အကုန်သောက်လဲ.."
"အဲ့တာပြင်းတယ် ရှိန်းရာ...ဟာ! ငါ့ဟာငါ အေးဆေးလေးတောင် ပေးမနေဘူးလား..."
"ဘာဖြစ်တာလဲ တစ်ခွက်လောက်သောက်တာကို တစ်ခွက်တောင်မဟုတ်ပါဘူး ဖင်ကပ်လေး အရေးကြီးခွင်ကျယ်တွေ လုပ်နေကြတယ်...."
"အေး...မင်းမူးရင် ဖေဖေနဲ့ မင်းဘာသာရှင်း...."
"ထားလိုက်တော့ ရှိုင်း ပြောမနေနဲ့...နှစ်ယောက်လုံးပြန်ကြတော့ ကိုကိုဒီညဒီမှာနေမှာ...."
"ကိုကို ပြန်လိုက်ခဲ့...ဖေဖေခေါ်ခိုင်းလိုက်တာ.....ကိုကို့ပုံကြည့်ရတာလည်း မူးနေတဲ့ပုံပဲ..."
"ဒီလောက်က အေးဆေးပဲ။ မနက်ဖြန်မှ အိမ်ပြန်ခဲ့မယ်။ မင်းတို့သာ ပြန်ကြတော့ သွား...သူ့ကို သေချာခေါ်သွား..."
"မသွားပါဘူး ကိုကိုဘာဖြစ်လဲ ကျွန်တော့်ကိုပြော ဟာ! ကို့ကို့မျက်နှာက ယောင်နေတာလား...ဘယ်သူလုပ်တာလဲ..."
ရှိန်းသေချာကြည့်မှ တွေ့တော့တယ်။ ကိုကို့မျက်နှာတစ်ဖက်က ရောင်နေသလိုပဲ။ ဘယ်ကောင်ကများ လာရန်စသွားလည်းမသိဘူး....
"ဟုတ်သားပဲ လက်မှာလဲ ခြစ်ရာနဲ့...ဘယ်သူလုပ်တာလဲ..."
"ကိုကို.....ဘယ်သူလုပ်တာလဲလို့ ကျွန်တော့်ကိုပြော...."
"ကိုကို လုပ်တာ...."
"ဘယ်သူ!"
"ကိုကြီးလပြည့်လား...."
ရှိုင်း ချက်ချင်းသဘောပေါက်လိုက်ပါပြီ။ ကိုကို က ကိုကိုလို့ခေါ်တဲ့သူတစ်ယောက်ပဲရှိတယ်။ အဲ့တာ ကိုကြီးလပြည့်...ဘာပြဿနာဖြစ်လာလို့ club ထဲထိ ရောက်နေတာလဲ...
"ဘယ်လိုဖြစ်တာလဲ..."
"ထားလိုက်ပါ သွားပြန်တော့ ရှိန်းကိုခေါ်သွား..."
"ဒီကောင့်အရေးလုပ်မနေနဲ့ ဒီကောင်က.......ရှိန်း!!!!"
"ဘယ်ရောက်သွားတာလဲ!!!"
"မသိဘူး ကိုကိုရာ ခုနလေးတင် ဒီနားမှာရှိသေးတာ.."
"ဟာ! ငါ့ဟာငါ အေးဆေးတောင်နေလို့မရပါလား လိုက်ရှာကွာ...ရှိန်းတစ်ယောက်နဲ့တော့ စိတ်ညစ်တယ်...."
-
-
-
"အားးးးခေါင်းမူးတယ် အီးဟီး!!!!!!ဝေါ့!!ဝေါ့!!!!"
"Wow! ဘယ်သူများလဲလို့ မဟာအိမ်တော်ရဲ့ သခင်လေးပဲ...."
"မင်းတို့က~~~~~~~~~~ ဘယ်သူတွေလဲ~~~~~~~~အားးးခေါင်းမူးတယ်လို့~~~~ကိုကိုရေ~~~~~"
"ငါ့ကိုတောင် မမှတ်မိဘူးလား..ငါလေ ငနိုင်! မှတ်မိလား ဆိုင်ကယ်ပြိုင်ပွဲတုန်းက မင်းအကိုဆိုတဲ့ကောင် ငါ့ခေါင်းကိုရိုက်ခွဲသွားတာလေ....."
"အော်! ဟိုကောင် ခေါင်းကွဲသွားတဲ့ကောင်~~~~သိပြီ~~~~~ဖယ်စမ်းပါ~~~အိမ်သာသွားမလို့~~~~~~~"
ငနိုင် အရင်နေ့က ကိစ္စကိုလုံးဝမကျေနပ်ဘူး။ ရန်ဖြစ်တာချင်းတူတူ သူတို့ကလည်း ခံရသေးတယ် အချုပ်ထဲမှာ ညအိပ်ရတာလည်း သူတို့ပဲ။ လုံးဝမကျေနပ်ဘူး။ တွေ့တဲ့နေရာ လက်စားချေမယ်လို့ ဆုံးဖြတ်ထားတာ။
ခုတော့ရေကန်အသင့် ကြာအသင့်ပဲ။ ကလပ်မှာ မူးယစ်ဆေးသုံးခွင့်မရှိလို့ သန့်စင်ခန်းထဲ ဝင်ပြီး အဖွဲ့လိုက်ဆေးခိုးသုံးနေတုန်း ယိုင်တီးယိုင်တိုင်နဲ့ ဝင်လာတဲ့ကောင်က
ရှိန်းသုတမဟာ ဖြစ်နေတယ်လေ။
"မင်းအကိုတွေပါလား..."
"အွန်း~~~~~ဖယ်~~~~~~"
"ဟိုး....ဟိုး....ဟိုး....ခနနေပါဦး...စကားလေးဘာလေး ပြောကြရအောင်..."
"ဟာ! ဖယ်ကွာ! ခေါင်းမူးနေပါတယ်ဆိုမှပဲ ×ီးလိုပဲ..."
"Wow! သခင်လေးက ဘာလို့အဲ့လောက်ရိုင်းစိုင်းနေတာလဲ ကိုကြီး မကြိုက်ဘူးနော်...ဟားးးးးဟားးးးး"
{ဟားးးးဟားးးးဟားးးး!!!!!!!}
"ကျစ်! ဖယ်!!!!"
"ခနလေးပါ။ မင်းအကိုတွေ ပါတယ်ဆိုတော့ အလှလေးရောပါလား...ဝေဟင်မိုးသားဆိုတဲ့တစ်ယောက်လေ...."
"မပါဘူး~~~~~~~သိချင်တာ~~~~~သိရပြီမလား~~~ဖယ်~~~~ငါမူးလို့ပါ~~~~အော့!!!!!"
"ဟဲ့ရောင် ငနိုင် အလှလေးမပါလဲ အလှလေးနီးပါး လှတဲ့ တစ်ယောက်က မင်းရှေ့မှာလေကွာ! တစ်ခါတစ်လေ ဇာတ်တူသားစားကြည့်ပေါ့ကွာ ဟားးးးဟားးးး"
"အော် ဟုတ်သားပဲ။ မင်းအရမ်းမူးနေရင် ငါတို့အမူးပြေအောင်လုပ်ပေးလို့ရတယ်။"
"ဟုတ်လား~~~~ဘယ်လိုလဲ~~~~"
"ဒီလိုလေးလေ...."
"အွန့်!!!"
"Wow!!!!!ငနိုင်မိုက်တယ်ကွာ!!!!"
ရှိန်းသုတမဟာဆိုတဲ့ကောင်များ မူးနေလိုက်တာ သူ့ကိုနမ်းနေတာတောင် ယိုင်နဲ့နဲ့နဲ့ ဘာမှ ပြန်မလုပ်နိုင်ဘူး။ နမ်းနေလို့ နမ်းနေမှန်းတောင် သိရဲ့လားမသိဘူး....
ပြွတ်!
"ဘယ်လိုလဲ အမူးပြေပြီလား သခင်လေး...."
"ဖယ်စမ်းပါ~~~~~~~"
"ဟိုး!!!ဟိုး!!!ဘာလို့တွန်းထုတ်နေတာလဲ ဘယ်နှစ်ခွက်လောက်သောက်လိုက်လို့ ဒီလောက်ထိမူးနေတာလဲ...."
"အွန်! အဂ္ဂိ~~~~~~~~~~~"
"ဘာကြီး!"
"အဂ္ဂိ~~~~~~~ငါမင်းကိုမခွဲနိုင်ပါဘူးဆို မင်းက ငါ့ကိုထားခဲ့တယ် အီးဟီး!!!!ဗြဲ!!!!!!!!!!"
"ဟဲ့ရောင် ဘာလို့အာပြဲနဲ့အော်နေတာလဲ!!!ပိတ်ထားစမ်း!!"
"အဟင့်! မင်းငါ့ကိုအော်တယ်~~~~မင်းဘယ်တုန်းက ငါ့ကိုအော်ဘူးလို့လဲ အီဟီး~~~~~"
"Okok မအော်တော့ဘူး တိတ်တော့ ငါ့ကိုနမ်းရင် မင်းကိုမအော်ဘူး....နမ်းမှာလား..."
"အွန်း~~~~~~"
ပြွတ်! ပြွတ်! ပြွတ်
"Wow!!!!!လုပ်ထားကွ ဟဲ့ရောင်ငနိုင် လုပ်ထား!!!!!!"
လုံးထွေးလာတဲ့ ခန္ဓာကိုယ်နှစ်ခုက ခွာလို့မရလောက်အောင်ကပ်နေတာကြောင့် toilet ထဲဝင်လာတဲ့ လူအချို့တောင် အမြင်မတော်လို့ ပြန်ထွက်သွားရတဲ့ထိပဲ။
-
-
-
"အဲ့ဘက်မှာလည်းမရှိဘူး....."
"ကိုကို! ကျွန်တော်တို့ cctv မှာကြည့်ရင်ရော...."
"ဟုတ်သားပဲ ကျစ်! ကိုကိုလည်းမူးနေတာနဲ့ စိတ်နဲ့လူနဲ့မကပ်ဖြစ်နေတာ....."
"သခင်လေးတို့ သခင်လေးရှိန်း ပြဿနာဖြစ်နေပါတယ်!!!!"
"ဘာ!!!!!"
သူတို့ cctv သွားကြည့်ဖို့လုပ်နေတဲ့အချိန် နောက်ကနေ security တစ်ယောက်က အရေကြီးသုတ်ပြာနဲ့လာပြောတာကြောင့် သူတို့လဲ ထိုလူ့နောက်ပဲ အမြန်ပြေးလိုက်သွားလိုက်တယ်......
-
-
-
"အွန့်! ရှိန်း! အွန့်! ငါ့ကိုလွှတ်ဦး!!! ဟဲ့ရောင် ငါ့ဖင်ကို ဘာလို့လာညှစ်နေတာလဲ!!!!အွန့်!"
စနမ်းတုန်းက ကိုယ်ဆိုပေမယ့် ရှိန်းဆိုတဲ့ကောင်က လွှတ်ကိုမလွှတ်တော့လို့ ပြဿနာတက်နေပြီ။ သူ့ကိုအောက်ပို့မလို့ပါဆို ကိုယ်ကအောက်ရောက်တော့မယ့် အဖြစ်ကြီးမဟုတ်လား.....
"ဟဲ့ရောင်!!!! ငါ့ညီအပေါ်ကဖယ်စမ်း!!!!"
"အဟွတ်!!!အဟွတ်!!!ကျေး...ကျေးဇူးပဲ...."
ထိပ်တန်းမဟာရောက်လာပြီး သူ့ကိုတွန်းထုတ်လိုက်ပေမယ့် ဒီတစ်ခါတော့ စိတ်မဆိုးပဲ ထိုင်ပါ ရှိခိုးချင်စိတ် ပေါက်သွားတယ်.....
"မင်းကများ ငါ့အကိုကို....."
ခွပ်!
"ဟဲ့ရောင် ငါတို့သူငယ်ချင်းက စရုံပဲစတာ မင်းအကိုက မလွှတ်တော့တာကွ!!!"
"အဲ့တော့ငါက စောက်ဂရုစိုက်ရမှာလား...မင်းတို့အဆင့်နဲ့ ငါ့အကိုကို လာပြစ်မှားမနေနဲ့!"
"ရှိုင်း~~~~~~~~ဘာလို့အဂ္ဂိကိုနှိပ်စက်နေတာလဲ~~~~~~~ငါ့ရဲ့ အဂ္ဂိလေး~~~~~~~ပူကြူးကြူးလေး~~~~~~~~နမ်းမယ်ဆို~~~~~အွန်းမွ!!!!"
"ဟဲ့ရောင်သတိထားစမ်း!!!အရှက်ကိုမရှိဘူး!"
ကိုကိုတွဲထားတာတောင် ကပိုဂရိုပုံစံနဲ့ အရှက်မရှိ နှုတ်ခမ်းတထော်ထော်ဖြစ်နေတဲ့ ရှိန်းကြောင့် ရှိုင်းသူ့မျက်နှာကို ဘယ်နားထားရမှန်းတောင်မသိတော့ဘူး....
"ဟွန့်! ကိုကို~~~~~~~သူသားသားကို ဆူနေတယ် အဟင့်~~~~~~"
"ဟူး!!!!ငါဒီနေ့ အိမ်ပြန်လိုက်ခဲ့မယ်။ လာတော့ ရန်ဖြစ်မနေနဲ့တော့ သူ့ကိုသာ သယ်ပြီးပြန်ကြမယ်.........."
ထိပ်တန်း သူ့လက်မောင်းကြားထဲက ညီဖြစ်သူကို ကြည့်ပြီး တော်တော်စိတ်ဓာတ်ကျသွားတယ်။ သေချာပြန်စဉ်းစားကြည့်မှ ကိုယ့်ဘဝကလည်း အသဲကွဲတာတောင် လွတ်လွတ်လပ်လပ် မကွဲရပါလားနော်.....
"ဟင့်အင်း!!!ပြန်ဘူး!!!ငါ့အဂ္ဂိလေး~~~~~လာလေ~~~~~~ပြွတ်! ပြွတ်! ပေးမယ်"
"မလာဘူး မလာဘူး!!!!!ထိပ်တန်းနဲ့ရှိုင်းရယ် ငါရှိခိုးပါတယ်။ အဲ့ကောင်ကို ငါ့နားက မြန်မြန်ဆွဲထုတ်သွားစမ်းပါ။ ပြီးတော့မှ မင်းတို့ ငါ့ကိုကြိုက်သလောက်ထိုး ဟုတ်ပြီလား...."
ငနိုင့်ပုံကြည့်ရတာလဲ တကယ်ကြီးကြောက်လန့်နေပုံပေါ်ပြီး ရှိန်းကလည်း လူစိတ်ပျောက်အောင်မူးနေတာမို့ ရန်ဖြစ်မယ့်အစား အိမ်ပြန်ဖို့သာ ရွေးလိုက်တယ်....
"ရှိုင်း အိမ်ပြန်ရအောင်!"
"ဟုတ်ကဲ့ ကိုကို...မင်းကျပ်ကျပ်သတိထား
ငနိုင် ငါ့အကိုကို ထပ်ထိရင် မင်းကိုတွေ့တဲ့နေရာမှာ သတ်ပစ်မယ်...."
"မင်းအကိုကို ငါထိတာနည်းနည်း ငါ့ကို မင်းအကိုထိတာ များများပါကွာ ငါ့ဖင်တောင် လက်ယောင်လိုက်နေလောက်ပြီ...."
ငနိုင် သူ့ရှေ့က ထွက်သွားတဲ့ သုံးကောင်ကိုကြည့်ပြီး ပတ်သတ်မိတာ တော်တော်နောင်တရသွားတယ်။ အဓိကက ဟိုကောင်ပဲ....
"ငါ့ဖင်လေး......"
___________________
"ဝှား!!!!!! ဟမ်! နေ့လည် ဆယ့်နှစ်နာရီတောင်ရှိနေပြီ ကျောင်းနောက်ကျနေပြီပဲ..."
ရှိန်းအိပ်ရာနိုးလို့ နာရီလေးကြည့်မိပါတယ် နေ့လည်ဆယ့်နှစ်နာရီတောင် ထိုးနေပြီ...ဘာလို့တစ်ယောက်မှ သူ့ကိုလာမနှိုးကြတာပါလိမ့်...
"အာ့! ခေါင်းမူးလိုက်တာ ဟွန်! ညက ဘာတွေဖြစ်သွားတာလဲ ဘာမှလည်း မမှတ်မိဘူး..."
-
-
-
"Morning!!!!!!!!!"
"ဘာကို မောနင်းတာလဲ ရှိန်းသုတမဟာ မျက်လုံးပါရင် နာရီလေးဘာလေး ပြေးကြည့်လိုက်ဦး ...မင်းအပြစ်မင်းသိ..."
"ဖေဖေကလည်း....ဟဲ့ရောင် ရှိုင်း မင်းကျောင်းမသွားဘူးလား!!!!"
"အော်မနေနဲ့ ဒီနေ့ကျောင်းပိတ်တယ် အရက်လေးတစ်ခါမူးပြီး ဂေါက်သွားတာလား..."
"မင်းကလည်း ငါမေ့သွားလို့ပါ။....ဒါနဲ့ ညက ငါဘယ်လိုရောက်လာတာလဲ...."
"ငါတို့ခေါ်လာတာ....."
"အော်........"
ရှိုင်းနဲ့ကိုကိုတို့ ဖြစ်လာတဲ့ဟာတွေကို ဖုံးထားဖို့သဘောတူထားတာ ညက ကိုကိုအဆူခံရသေးတယ်လေ။ညကတောင်ဆူညံပွက်လောရိုက်နေတာ ဒီကောင့် ကိစ္စသာ သိရင် မိုးမီးပါလောင်မယ်...ဒါနဲ့ ခုကိုကိုဘယ်ရောက်သွားပါလိမ့်...
__________________
"ဟာ! ထိပ်တန်း! မလာစဖူး အလာထူးပါလား....."
"အော် ဒီမှာ ဖေဖေနဲ့ပါးပါးတို့က ဟင်းပေးခိုင်းလိုက်လို့...."
"အော် ဟုတ်လား အေးအေးကျေးဇူးပဲသား သားညီဝေဟင်က အပေါ်ထပ်မှာ အိပ်နေတုန်းထင်တယ်။ ဖိုးဖိုးက ရုံးပြန်သွားတော့မလို့..."
"သိတယ်လေ...."
"ဟမ်!"
ထိပ်တန်းသိတာပေါ့ သိလို့လဲ သပ်သပ်မဲ့ ဒီအချိန်ကိုရွေးပြီးလာတာ.....
"အော် ကိုကိုရော ရှိလား ဖိုးဖိုး..."
"အေးရှိတယ် မီးဖိုချောင်ထဲမှာထင်တယ်...."
"အဲ့တာဆို ကျွန်တော် မီးဖိုချောင်ထဲကို သွားလိုက်မယ်..."
"ရတယ်သား ဖိုးဖိုးခေါ်ပေး....အော်...ဟူး...ဒီကလေးနဲ့တော့ လက်မြန်ခြေမြန်နဲ့ တစ်ခါမှကိုဆုံးအောင်နားမထောင်ဘူး"
-
-
-
လပြည့် အိုးတွေ ခွက်တွေ မနက်ထဲကဆေးနေရတယ်။ အန်ကယ်ကတော့ မလုပ်ဖို့ပြောပေမယ့် အန်တီ ဟေမာက သူ့ကို အကုန်ဆေးဖို့တိုးတိုးတိတ်တိတ်ပြောသွားတာကြောင့် သူအကုန်ဆေးနေရတယ်။ ချက်တဲ့အိုးတွေမဟုတ်ပဲ။ သိမ်းထားတဲ့ အိုးတွေခွက်တွေရောမို့ အရေအတွက်များပြီး သူ့လက်တွေတောင် အရေတွန့်နေပြီ......
မွ!
"အမေ့!!!ထိပ်တန်း!!!မင်း! အွန့်!!!"
ပြွတ်!
"မင်း!!!မင်းရူးသွားပြီလား...."
ကိုယ့်ဟာကိုယ် အိုးတွေခွက်တွေဆေးနေရင်း နောက်ကနေပါးကို နမ်းလိုက်တာကြောင့် လန့်ပြီး လှည့်ကြည့်လိုက်တော့ ထိပ်တန်းဖြစ်နေတယ်။ သူမှန်းသိလို့ ဆူဖို့လုပ်တုန်း နှုတ်ခမ်းကိုပါ ထပ်နမ်းသွားတာကြောင့် လပြည့် အရမ်းလန့်မိတယ်။ အန်တီဟေမာပဲဖြစ်ဖြစ် အခြားတစ်ယောက်ပဲဖြစ်ဖြစ်တွေ့သွားရင် သူသေမှာ.....
"Morning kiss မပေးရလို့ Afternoon kiss ပေးလိုက်တာလေ...."
"မင်း! ငါ့ကိုခုလိုတွေ မလုပ်ပါနဲ့ ငါမင်းထက် အသက်အများကြီး ကြီးတယ်။ ပြီးတော့ မသင့်တော်ဘူး။ သူများတွေမြင်သွားရင် ဘယ်လိုပြောမလဲ။ ငါပဲကဲ့ရဲ့ခံရမှာ ငါ့ကိုလည်း သနားပါဦး။"
"ဘာလို့သနားရမှာလဲ။ အချိန်တန်ရင် ကိုကိုက ကျွန်တော့်ကိုပဲလက်ထပ်ရမှာ..."
"ငါမင်းကို လက်မထပ်ဘူး ထိပ်တန်းမဟာ...ငါမအော်ချင်ဘူးနော်...ထွက်သွားတော့...."
"လက်မထပ်ချင်တာ ကိုကို့အပိုင်း..ကိုကို့ကို အပိုင်သိမ်းရမှာက ကျွန်တော့်အပိုင်း...."
"မင်း!!"
"ကဲပါ ရော့ အိမ်ကပေးခိုင်းလိုက်တာ..."
"ဒါ ဆိုင်က ပါဆယ်ဆွဲလာတာမဟုတ်ဘူးလား...."
လပြည့်ကြောင်နေမိတယ်။ ထိပ်တန်းကသာ အိမ်ကပေးလိုက်တယ်ပြောတာ ပါလာတဲ့ ဟင်းတွေက ပလတ်စတစ်ဗူးတွေနဲ့ ဆိုင်ကဝယ်လာတဲ့ပုံကြီး.....
"သိရင် ဘာလို့မေးနေတာလဲ..."
"မင်း! တကယ်ပါပဲ ပြောလို့ကိုမရဘူး"
"ယူပြီးမှ ပြောပေါ့ အဲ့ကြရင် စကားနားထောင်မယ်..."
"အရူးကောင်! ထွက်သွားတော့...မင်းကို ယူလည်းမယူဘူး၊ ချစ်လည်းမချစ်ဘူး...ထွက်သွား...."
"ထွက်သွား စေချင်ရင် ကိုကို ကျွန်တော့်ကိုနမ်း..."
"ဘာ! မင်းရူးနေလား....အာ့! လွှတ်နော် ထိပ်တန်းမဟာ သူများတွေမြင်သွားမယ်..."
လူကိုခါးကနေ ဆွဲဖက်ပြီး သူ့ခန္ဓာကိုယ်နဲ့ ကပ်ထားတာကြောင့် လပြည့်မှာအတင်းရုန်းနေရတယ်။ ဒါပေမယ့်လည်း ထိပ်တန်းမဟာဆိုတဲ့ အရိုင်းအစိုင်းက သူ့ကို မလွှတ်ပေးတဲ့အပြင် ပိုတောင်ဆွဲကပ်လိုက်သေးတယ်။
"လွှတ်နော်....မင်းအဲ့လောက်ထိမရိုင်းနဲ့...သူများတွေမြင်သွားမယ်လို့"
"မြင်သွားတော့ တာဝန်ယူလိုက်မှာပေါ့...."
"မင်း!!!!"
ရှပ်! ရှပ်! ရှပ်!
လပြည့် သူ့ရှေ့ကအရိုင်းအစိုင်းကောင်နဲ့ စကားအခြေအတင်ဖြစ်နေတဲ့အချိန် ခြေသံကြားလိုက်တာကြောင့် တစ်ကိုယ်လုံး တောင့်တင်းသွားတယ်။ မြင်သွားရင် သေချာပေါက် သူအပြောခံရမှာ .....
"လွှတ်ပါ ထိပ်တန်းရယ်...."
"နမ်း! မနမ်းရင် မလွှတ်ဘူး သူများမြင်မှာကြောက်တာက ကိုကိုနော်...ကျွန်တော်မဟုတ်ဘူး..."
လပြည့် တကယ်ကိုစိတ်ညစ်ပါတယ်။ သူဘာလုပ်ရမှန်းမသိတော့ဘူး။
"မွ! လွှတ်တော့..."
"ပါးကိုနမ်းလို့ ဘယ်သူကပြောလို့လဲ နှုတ်ခမ်းကိုနမ်းခိုင်းတာ..."
"မင်း!...........ရပြီလား..."
ကိုကိုက နှုတ်ခမ်းကို ထိရုံသာ ထိပေမယ့် ဘာပဲဖြစ်ဖြစ် မြတ်တာပဲလေ။
"ရပြီ မနက်ဖြန်ထပ်လာခဲ့မယ်နော်...."
"မင်း!!!"
တကယ်ကို ပြောမနိုင် ဆိုမနိုင်ပါလား။သူ့နားမကပ်တာက အန်တီတို့ ဆူမှာဆိုးတဲ့အပြင် အခြားအကြောင်းပြချက်လည်း ရှိသေးတယ်အမှန်တိုင်းပြောရရင် အဲ့ကောင်လေးနဲ့နီးကပ်သွားတိုင်း သူ့နှာခေါင်းထဲကိုဝင်လာတဲ့ ကော်ဖီနံ့ Pheromone က သူ့ကိုရီဝေစေတယ်။ တော်ကြာ စိတ်လွတ်သွားရင်
မဖြစ်သင့်တာတွေ ဖြစ်သွားမှာဆိုးတယ်.....
"ငေးလို့ ဝပြီလား..."
"ဟင်! ဝေ...ဝေဟင်....အန်တီ..."
လပြည့် ထိုကောင်လေးထွက်သွားတာကို ကြည့်နေရင်း အနောက်က အသံကြားတာကြောင့် လှည့်ကြည့်လိုက်တော့ မျက်ရည်ဝဲပြီး သူ့ကိုဒေါသတကြီးကြည့်နေတဲ့ ဝေဟင်နဲ့အတူ အန်တီဟေမာကိုလည်း တွေ့လိုက်ရတယ်....
"တွေ့တယ်မလား သား...မာမီပြောသားပဲ သူက သားဆီကနေ သားရဲ့ကိုကိုကို ဆွဲထုတ်ချင်နေတာ...သားဒီတိုင်းကြည့်နေမလို့လား..."
"ဟင့်အင်း...ဟင့်အင်း...ဝေဟင် အဲ့လိုလုံးဝမဟုတ်ပါဘူး...."
"တော်တော့!!!!!!!ကလိမ်ကကျစ်ကောင် ငါ့ကိုလိမ်နေတာ!!!!မုန်းတယ်!!!"
"အဲ့လိုမဟုတ်ပါဘူး...အကိုပြောတာနားထောင်ပါဦး...."
"ငါ့ကို မထိနဲ့!!!အဟင့်...ငါ့ကိုဘာလို့ လိမ်တာလဲ....ကြိုက်နေကြတာဆိုရင်လည်း ဘာလို့ မပတ်သတ်ဖူးလို့ မျှော်လင့်ချက်တွေပေးရတာလဲ.....ဘာလို့လဲ!!!!!!အားးးးး!!!!!!"
ခလွမ်!!!!!!!!ချွမ်!!!!!!!!!
"ဝေဟင် တော်ပါတော့..."
ဝေဟင်က ဒေါသတကြီးနဲ့ ဆေးထားတဲ့ အိုးတွေရော ဖန်ခွက်တွေရော ထပ်တန်း လာပို့သွားတဲ့ ဟင်းတွေရော မှောက်ပစ်တာကြောင့် လပြည့် အတင်းဝင်ဆွဲနေရတယ်......
"သား တော်တော့ ဘာလို့ ခုလိုလုပ်နေတာလဲ သားရှေ့မှာ သားကိုဒေါသထွက်အောင် လုပ်နေတဲ့သူတစ်ယောက်လုံးရှိတယ်လေ...သူ့ကိုရိုက်ပါလား...."
"ဝေဟင်......."
အန်တီဟေမာရဲ့ စကားအဆုံး သူ့ကို စူးစူးရဲရဲကြည့်လာတဲ့ ဝေဟင်ကြောင့် လပြည့်လန့်မိတယ်။ သူ့လက်ပေါ်မှာ ကြီးလာတဲ့ ဒီကလေးသာ သူ့ကိုရိုက်ရင် သူရင်ကျိုးရမှာ.....
"အား!!!!!!!!!"
"သား!!!!သား!!!!"
ကိုယ့်ကို အော်ပြီးအပေါ်ကို ပြေးတက်သွားတဲ့ ဝေဟင်က အနည်းဆုံးတော့ ကိုယ့်ကိုမရိုက်သွားဖူးပဲ။ အနည်းဆုံးတော့ ကိုယ့်အပေါ်မှာ သံယောဇဉ်ကျန်သေးပုံပဲ.....
"အဟင့်!!!"
"ငိုပြမနေနဲ့ ဒါတွေ အကုန်ရှင်းထား....ငါ့သားက နင့်ကိုမရိုက်လို့ နင့်ကိုနင် အထင်ကြီးမနေနဲ့ ငါကျန်သေးတယ်။ ငါကနင့်ကို အမြဲနှိပ်စက်မှာ ဟားးးးဟားးးးဟားးးးး.နင်သိလား သွေးတွေက သိပ်လှတာ...နင်မြင်ဖူးလား...နင်နဲ့လိုက်မယ်ထင်တယ်...."
"အန်တီ ဘာတွေ ပြောနေတာလဲ အာ့! အန်တီ!"
အန်တီဟေမာက သူ့ကို ပေပွနေတဲ့ ပြမ်းပြင်ပေါ်ကိုတွန်းချလိုက်တာမို့ သူ့လက်က ဖန်ကွဲစတွေ အပေါ် ထောက်မိကုန်တယ်။ ဒါပေမယ့် အဲ့ထက်ပိုဆိုးတာက အန်တီဟေမာက ဖန်ကွဲစထောက်မိထားတဲ့ သူ့လက်ပေါ်ကို တက်နင်းလာတာ....
"အားးးးးး ဖယ်ပေးပါ....အန်တီ!!!အား!!!!"
"ဟီး..ဟီး...သွေးတွေ!!!လှတယ် နင်က မျက်ရည်တွေ သွေးတွေနဲ့ သိပ်လိုက်တာ....ဟားးးးးဟားးးးးဟားးးးးဟားးးးး"
"အန်တီရယ် ဖယ်ပေးပါ...အား!!!!!!ဝေဟင်!!!!ကယ်ပါဦး!!!! ဝေဟင်!!!!!!!!"
"မာမီ!!!!!!!ဖယ်လိုက်ပါ!!!ဘာလုပ်တာလဲ...."
ဝေဟင် လှေကားထိပ်မှာ ထိုင်ငိုနေတုန်း သူ့နာမည်ကို အော်ခေါ်ပြီး အကူညီတောင်းနေတာမို့ မနေသာတဲ့ အဆုံးသွားကြည့်လိုက်တာ မြင်လိုက်ရတဲ့ မြင်ကွင်းကိုမယုံနိုင်ဘူး....
"သား! မာမီက သားအတွက်!"
"မလိုပါဘူး! မာမီ ဘယ်လိုတောင် လုပ်လိုက်တာလဲ ဟာ! လက်က ရရဲ့လား လာ...လာ ဆေးခန်းသွားရအောင်!!!"
"သား...."
"တော်ပါတော့ မာမီရယ် ဒီလောက်ကြီးထိတော့ မလုပ်သင့်ပါဘူး...သား ဆေးခန်းသွားပို့လိုက်ဦးမယ်"
"သား! သား!"
ကိုယ့်ကို လှည့်တောင်မကြည့်သွားတဲ့ သားဖြစ်သူကို ဒေါ်ဟေမာ ဒေါသတကြီးကြည့်နေမိတယ်။
"ငါက နင့်ကိုကောင်းစေချင်လို့ ကူညီပေးတာကို ငါ့ကို ကျောပေးပြီး ထွက်သွားရဲတယ်ပေါ့....နင်လည်း နောင်တရ စေရမယ်...."
ဒေါ်ဟေမာ လက်သီးကျစ်ကျစ်စုပ်ပြီး ကျိန်းဝါးနေမိတယ်။ သူ့လက်သီး စုပ်က ဘယ်လောက်ထိတင်းနေလဲ ဆိုရင် သူ့လက်သည်းရှည်တွေကပါ အသားထဲ စိုက်ဝင်ပြီး သွေးတွေစီးကျတဲ့အထိပဲ.........
___________________
"ပိုးဝင်မှာဆိုးလို့ ရေတော့မထိနဲ့ အရက်ပြန်နဲ့ မနက်တစ်ခါ ညတစ်ခါ သန့်ရှင်းရေးလုပ်ပေးရမယ်"
"ဟုတ်ကဲ့"
"ဒါက သောက်ဆေး ဒါက လိမ်းဆေး ဘယ်လိုလုပ်ပြီး ဖန်ကွဲစက အဲ့လောက်ထိ နစ်ဝင်သွားတာလဲ....."
"ဟို....အဲ့တာက...."
ဒေါက်တာအမရဲ့ အမေးကို ဝေဟင် ဘယ်လို ပြန်ဖြေရမှန်း မသိပါ။
"ချော်လဲတာပါ...."
"ကိုကြီးလပြည့်!"
ကိုကြီးလပြည့်က သူ့ကို ကာပြီးဖြေပေးလိုက်တာကြောင့် ဝေဟင်အားနာမိတယ်။
"ချော်လဲကျရင်း အရှိန်ပါသွားတာ ထင်ပါတယ်...."
"ဂရုစိုက်လေ အဲ့လိုတွေက ဖြစ်တက်တယ်..."
"ဟုတ်ကဲ့ ခွင့်ပြုပါဦးနော် ဒေါက်တာ...."
"ဟုတ်ကဲ့ ကြွပါ..."
"ဝေဟင် သွားရအောင်..."
"ဟုတ်ကဲ့....."
ကိုကြီးလပြည့်က ရှေ့ကနေ သူ့ဟာသူသွားနေပေမယ့် ဝေဟင်အားနာမိတယ်။ ခုလိုဖြစ်တာ သူ့ကြောင့် သူကိုကို့ကို ချစ်တယ်။ သူမစွန့်လွှတ်နိုင်ဘူး။ ဒါပေမယ့် အဲ့တာကြောင့်နဲ့တော့ အခြားတစ်ယောက်ကိုမထိခိုက်စေချင်ဘူး။ မာမီက သူ့ကိစ္စကြောင့်သာ ကိုကြီးလပြည့်ကို ခုလိုလုပ်တာ။ အမှန်တော့ သူ့အပြစ်ပဲ။
"ကျွန်တော် တောင်းပန်ပါတယ်...."
လပြည့်ကားထဲ ဝင်ခါနီး နောက်ကကြားလိုက်ရတဲ့ စကားကြောင့် ကိုယ့်နားကိုယ်တောင် မယုံနိုင်ပါ။
"ရပါတယ်။ မင်းအပြစ်မဟုတ်ပါဘူး...ပြန်ရအောင်လေ..."
"ကျွန်တော် ကတိပေးတယ်။ မာမီ နောက်တစ်ခါအဲ့လိုမလုပ်စေရဘူး...."
"အွန်း...ဒီနေ့အတွက် ကျေးဇူးပါ။"
"ရပါတယ်....တစ်ခုလောက် အမှန်တိုင်းသိလို့ရမလား..."
"ရတာပေါ့ ဘာသိချင်တာလဲ..."
"ကိုကြီးလပြည့်နဲ့ ကိုကိုနဲ့က...."
"ဘာမှမဆိုင်ပါဘူး! ထိပ်တန်းက ဒီတိုင်းစနောက်ချင်နေတာ နေမှာပါ...."
"ဒါဆို ကျွန်တော်...."
"ဝေဟင် အကို မင်းကိုကတိပေးဖူးတယ်လေ။ ခုထပ်ကတိပေးမယ်နော်။ အကိုနဲ့ ထိပ်တန်းနဲ့က ခုဘာပတ်သတ်မှုမှ မရှိသလို နောက်လည်းရှိလာမှာ မဟုတ်ဘူး။ ခုဟာကလည်း သူ့စိတ်ထဲမှာ ကလေးတုန်းက ကိစ္စကို စွဲနေလို့သာ တစ်မျိုးထင်နေတာပါ။ သူ့လိုလူက ဝေဟင်နဲ့ပဲ လိုက်ဖက်တာ အကိုနဲ့မလိုက်ဖက်ပါဘူး။ အကိုကလည်း လုံးဝစိတ်မဝင်စားဘူး။ ဟုတ်ပြီလား။ စိတ်မပူနဲ့။"
"အွန်း!"
တစ်ခါတစ်ရံမှာ ကံကြမ္မာက လူတွေရဲ့ဘဝကိုစီရင်တက်တယ်တဲ့။ အဲ့တာကအမှန်လား။ ဒါမှမဟုတ် လူတွေကပဲ ကံကြမ္မာကို ဖန်တီးတာလား..................
ကဲ Part 8 upလိုက်ပါပြီနော်။ ဖတ်ရှုပေးကြတဲ့ ဒါဒါတစ်ယောက်ချင်းဆီကို အထူးကျေးဇူးတင်ပါတယ်ရှင်။ ဒါဒါတို့ရဲ့ like နဲ့ comment တစ်ခုစီက သာသာ့အတွက်အားဆေးပါ။
______________________________________
Zawgyi
"ဟဲ့ေရာင္ ရွိန္း မင္းေသခ်ာလို႔လား...."
"အပိုေတြ လုပ္မေနစမ္းပါနဲ႕ တစ္ေနကုန္ပတ္ရွာတာ ေတြ႕မွမေတြ႕တာ ဒီေနရာပဲ က်န္ေတာ့တယ္။ ငါ့ကိုယုံလိုက္စမ္းပါကြာ....."
"မင္းမို႔လို႔ မယုံတာ..."
"ဒီ....အြန္း....ငါဆဲရင္ ငါ့အလြန္ျဖစ္ဦးမယ္...."
ရွိန္းနဲ႕ရွိုင္းတို႔ ေက်ာင္းျပန္လာထဲက အကိုျဖစ္သူကို လိုက္ရွာေနေပမယ့္ လုံးဝမေတြ႕တာေၾကာင့္ ေနာက္ဆုံးေတာ့ club ကိုေရာက္လာျခင္းျဖစ္တယ္။
Neon Night Club က အမွန္ေတာ့ သူတို႔အကို ထိပ္တန္းမဟာရဲ႕ ပိုင္ဆိုင္မႈေတြထဲက တစ္ခုျဖစ္ပဲေလ။ ဘယ္လိုပိုင္တာလဲေတာ့ မေမးနဲ႕ ဒီလိုဟာေတြ ေပးတက္တာက တစ္ေယာက္ပဲရွိတယ္။ ဘဘဦးဝဏၰမင္း။ ဒီ club ကို ကိုကို႔ ဆယ့္ရွစ္ႏွစ္ျပည့္ေမြးေန႕အတြက္လက္ေဆာင္ ေပးခဲ့တာ။ club လက္ေဆာင္ေပးလို႔ဆိုၿပီး ေဖေဖနဲ႕ေတာင္ အေျခအတင္ျဖစ္ၾကေသးတယ္။
ကိုကိုက ဒီေနရာကို အိမ္နဲ႕ရန္ျဖစ္တိုင္း ခနခနလာေနၾက။ ခုလဲ ဘယ္ေနရာမွာမွ ရွာမေတြ႕မွေတာ့ ဒီေနရာပဲ က်န္ေတာ့တယ္။ဒီေနရာကို သူတို႔ႏွစ္ေယာက္ လာခြင့္မရွိဘူး။ ေဖေဖက ဒီလာတာေတြ႕တာနဲ႕ ႏွစ္ေကာင္လုံးကို သတ္မယ္ေျပာထားတာ။ ခုလည္း လာခ်င္လို႔ လာတာမဟုတ္ပါဘူး။ ကိုကို႔ကို ရွာခ်င္လို႔လာတာပါ အဟင္း....
club ထဲ ဝင္လိုက္တာနဲ႕ ျမင္လိုက္ရတာက နိဗၺာန္ဗုံ အလားပဲ။ မီးေရာင္စုံမွိန္မွိန္ေလးနဲ႕ ခပ္ျမဴးျမဴးDJတို႔က လိုက္ဖက္လြန္းၿပီး club ထဲက ေတြ႕ေနရတဲ့လူတိုင္းကလည္း အေခ်ာအလွေလးေတြ ခ်ည္းပဲ။
"ဟဲ့ေရာင္ ဟိုနားက တစ္ေယာက္က လုံးဝမိုက္တယ္ေနာ္....."
"ရွိန္း...ငါတို႔ကိုကို႔ကို ရွာဖို႔လာတာေနာ္..."
"သိပါတယ္ကြ! ငါက ဒီတိုင္းေျပာျပတာ..wow...ဒီေလာက္မိုက္မွန္းသိရင္ အရင္တည္းက ေန႕တိုင္းလာပါတယ္...."
"ေဖေဖ့ကို ေျပာေပးမယ္..."
"မင္း!!မင္းဟာေလ ငါ့နဲ႕ ဘယ္လို အမႊာျဖစ္လာမွန္းကို မသိဘူး။ ႐ုပ္လည္းမတူဘူး ငါကပိုေခ်ာတယ္ စိတ္ထားကလည္းမတူဘူး ငါကပိုေကာင္းတယ္..."
"မင္းလိုလဲ ေလမေပါဘူး..."
"မင္း!!!!ထားပါေတာ့ မင္းအဲ့ဘက္မွာ သြားရွာလိုက္ ငါဟိုဘက္မွာသြားရွာလိုက္ဦးမယ္..."
"မသြားနဲ႕...ငါနားမွာပဲေန...."
"အယ္...ေၾကာက္တယ္ေပါ့..."
စပ္ၿဖီးၿဖီးနဲ႕ ေျပာင္သလိုလို ေနာက္သလိုလိုေျပာလာတဲ့ ေကာင္က သူ႕အမႊာအကို ဘယ္လိုျဖစ္လာမွန္းကိုမသိဘူး။
"မင္း႐ုပ္နဲ႕ဆို omega နဲ႕မွားၿပီး တက္လုပ္ခံရမွာဆိုးလို႔...."
"မင္းေမ....ဟြန္း....ငါစိတ္ ေလွ်ာ့လိုက္မယ္..."
"ဟိုမွာ အဲ့တာကိုကိုမလား..."
"ဟုတ္တယ္ ဟုတ္တယ္...ကိုကို!!!!!!!!"
ဒီေလာက္တီးလုံးသံေတြ ဆူညံေနတာကို အလကားေန ေလကုန္ခံၿပီး အာၿပဲနဲ႕ ေအာ္ေနတဲ့ ေကာင္က သူ႕အမႊာအကိုတဲ့။ ေမြးတုန္းက ခြၽဲက်ပ္တယ္ဆိုၿပီး အဲ့ခြၽဲေတြ ဦးႏွောက္ထဲပါ ဝင္သြားတာထင္တယ္။ က်ပ္မျပည့္တာေတာ့ က်ိန္းေသတယ္။
"ကိုကို!!!"
"ရွိန္း! ဘာလာလုပ္တာလဲ!!!"
ကိုကိုနဲ႕ျပႆနာ ျဖစ္လာတာေၾကာင့္ club လာၿပီး ေမ့သြားေအာင္ ေအးေဆးေန ေနပါတယ္ဆိုမွ ေရာက္လာတဲ့ညီျဖစ္သူေၾကာင့္ ေအးေဆးေနရေတာ့မယ့္ပုံမေပၚ....
"ဘာလာလုပ္ရမွာလဲ ကိုကို႔ကို လာရွာတာေပါ့....ဒါဘာလဲ မေသာက္ဖူးလို႔ နည္းနည္းတိုက္!"
"ရွိန္း!!!!"
"ဟဲ့ေရာင္!!!ဟာကြာ!!!မင္းက တကယ့္ ေစာက္ျပႆနာပဲ..."
တားခ်ိန္ေတာင္မရလိုက္ပဲ ဝီစကီအျပင္းစားကို တစ္က်ိဳက္ထဲေမာ့လိုက္တဲ့ ရွိန္းေၾကာင့္ ဒီညေတာ့ ျပႆနာတက္ၿပီဆိုတာ ေသခ်ာသြားၿပီ...
"ေအာ့! ဘာအရသာႀကီးလဲ..."
"မေကာင္းရင္ မင္းဘာလို႔ အကုန္ေသာက္လဲ.."
"အဲ့တာျပင္းတယ္ ရွိန္းရာ...ဟာ! ငါ့ဟာငါ ေအးေဆးေလးေတာင္ ေပးမေနဘူးလား..."
"ဘာျဖစ္တာလဲ တစ္ခြက္ေလာက္ေသာက္တာကို တစ္ခြက္ေတာင္မဟုတ္ပါဘူး ဖင္ကပ္ေလး အေရးႀကီးခြင္က်ယ္ေတြ လုပ္ေနၾကတယ္...."
"ေအး...မင္းမူးရင္ ေဖေဖနဲ႕ မင္းဘာသာရွင္း...."
"ထားလိုက္ေတာ့ ရွိုင္း ေျပာမေနနဲ႕...ႏွစ္ေယာက္လုံးျပန္ၾကေတာ့ ကိုကိုဒီညဒီမွာေနမွာ...."
"ကိုကို ျပန္လိုက္ခဲ့...ေဖေဖေခၚခိုင္းလိုက္တာ.....ကိုကို႔ပုံၾကည့္ရတာလည္း မူးေနတဲ့ပုံပဲ..."
"ဒီေလာက္က ေအးေဆးပဲ။ မနက္ျဖန္မွ အိမ္ျပန္ခဲ့မယ္။ မင္းတို႔သာ ျပန္ၾကေတာ့ သြား...သူ႕ကို ေသခ်ာေခၚသြား..."
"မသြားပါဘူး ကိုကိုဘာျဖစ္လဲ ကြၽန္ေတာ့္ကိုေျပာ ဟာ! ကို႔ကို႔မ်က္ႏွာက ေယာင္ေနတာလား...ဘယ္သူလုပ္တာလဲ..."
ရွိန္းေသခ်ာၾကည့္မွ ေတြ႕ေတာ့တယ္။ ကိုကို႔မ်က္ႏွာတစ္ဖက္က ေရာင္ေနသလိုပဲ။ ဘယ္ေကာင္ကမ်ား လာရန္စသြားလည္းမသိဘူး....
"ဟုတ္သားပဲ လက္မွာလဲ ျခစ္ရာနဲ႕...ဘယ္သူလုပ္တာလဲ..."
"ကိုကို.....ဘယ္သူလုပ္တာလဲလို႔ ကြၽန္ေတာ့္ကိုေျပာ...."
"ကိုကို လုပ္တာ...."
"ဘယ္သူ!"
"ကိုႀကီးလျပည့္လား...."
ရွိုင္း ခ်က္ခ်င္းသေဘာေပါက္လိုက္ပါၿပီ။ ကိုကို က ကိုကိုလို႔ေခၚတဲ့သူတစ္ေယာက္ပဲရွိတယ္။ အဲ့တာ ကိုႀကီးလျပည့္...ဘာျပႆနာျဖစ္လာလို႔ club ထဲထိ ေရာက္ေနတာလဲ...
"ဘယ္လိုျဖစ္တာလဲ..."
"ထားလိုက္ပါ သြားျပန္ေတာ့ ရွိန္းကိုေခၚသြား..."
"ဒီေကာင့္အေရးလုပ္မေနနဲ႕ ဒီေကာင္က.......ရွိန္း!!!!"
"ဘယ္ေရာက္သြားတာလဲ!!!"
"မသိဘူး ကိုကိုရာ ခုနေလးတင္ ဒီနားမွာရွိေသးတာ.."
"ဟာ! ငါ့ဟာငါ ေအးေဆးေတာင္ေနလို႔မရပါလား လိုက္ရွာကြာ...ရွိန္းတစ္ေယာက္နဲ႕ေတာ့ စိတ္ညစ္တယ္...."
-
-
-
"အားးးးေခါင္းမူးတယ္ အီးဟီး!!!!!!ေဝါ့!!ေဝါ့!!!!"
"Wow! ဘယ္သူမ်ားလဲလို႔ မဟာအိမ္ေတာ္ရဲ႕ သခင္ေလးပဲ...."
"မင္းတို႔က~~~~~~~~~~ ဘယ္သူေတြလဲ~~~~~~~~အားးးေခါင္းမူးတယ္လို႔~~~~ကိုကိုေရ~~~~~"
"ငါ့ကိုေတာင္ မမွတ္မိဘူးလား..ငါေလ ငနိုင္! မွတ္မိလား ဆိုင္ကယ္ၿပိဳင္ပြဲတုန္းက မင္းအကိုဆိုတဲ့ေကာင္ ငါ့ေခါင္းကိုရိုက္ခြဲသြားတာေလ....."
"ေအာ္! ဟိုေကာင္ ေခါင္းကြဲသြားတဲ့ေကာင္~~~~သိၿပီ~~~~~ဖယ္စမ္းပါ~~~အိမ္သာသြားမလို႔~~~~~~~"
ငနိုင္ အရင္ေန႕က ကိစၥကိုလုံးဝမေက်နပ္ဘူး။ ရန္ျဖစ္တာခ်င္းတူတူ သူတို႔ကလည္း ခံရေသးတယ္ အခ်ဳပ္ထဲမွာ ညအိပ္ရတာလည္း သူတို႔ပဲ။ လုံးဝမေက်နပ္ဘူး။ ေတြ႕တဲ့ေနရာ လက္စားေခ်မယ္လို႔ ဆုံးျဖတ္ထားတာ။
ခုေတာ့ေရကန္အသင့္ ၾကာအသင့္ပဲ။ ကလပ္မွာ မူးယစ္ေဆးသုံးခြင့္မရွိလို႔ သန႔္စင္ခန္းထဲ ဝင္ၿပီး အဖြဲ႕လိုက္ေဆးခိုးသုံးေနတုန္း ယိုင္တီးယိုင္တိုင္နဲ႕ ဝင္လာတဲ့ေကာင္က
ရွိန္းသုတမဟာ ျဖစ္ေနတယ္ေလ။
"မင္းအကိုေတြပါလား..."
"အြန္း~~~~~ဖယ္~~~~~~"
"ဟိုး....ဟိုး....ဟိုး....ခနေနပါဦး...စကားေလးဘာေလး ေျပာၾကရေအာင္..."
"ဟာ! ဖယ္ကြာ! ေခါင္းမူးေနပါတယ္ဆိုမွပဲ ီးလိုပဲ..."
"Wow! သခင္ေလးက ဘာလို႔အဲ့ေလာက္ရိုင္းစိုင္းေနတာလဲ ကိုႀကီး မႀကိဳက္ဘူးေနာ္...ဟားးးးးဟားးးးး"
{ဟားးးးဟားးးးဟားးးး!!!!!!!}
"က်စ္! ဖယ္!!!!"
"ခနေလးပါ။ မင္းအကိုေတြ ပါတယ္ဆိုေတာ့ အလွေလးေရာပါလား...ေဝဟင္မိုးသားဆိုတဲ့တစ္ေယာက္ေလ...."
"မပါဘူး~~~~~~~သိခ်င္တာ~~~~~သိရၿပီမလား~~~ဖယ္~~~~ငါမူးလို႔ပါ~~~~ေအာ့!!!!!"
"ဟဲ့ေရာင္ ငနိုင္ အလွေလးမပါလဲ အလွေလးနီးပါး လွတဲ့ တစ္ေယာက္က မင္းေရွ႕မွာေလကြာ! တစ္ခါတစ္ေလ ဇာတ္တူသားစားၾကည့္ေပါ့ကြာ ဟားးးးဟားးးး"
"ေအာ္ ဟုတ္သားပဲ။ မင္းအရမ္းမူးေနရင္ ငါတို႔အမူးေျပေအာင္လုပ္ေပးလို႔ရတယ္။"
"ဟုတ္လား~~~~ဘယ္လိုလဲ~~~~"
"ဒီလိုေလးေလ...."
"အြန႔္!!!"
"Wow!!!!!ငနိုင္မိုက္တယ္ကြာ!!!!"
ရွိန္းသုတမဟာဆိုတဲ့ေကာင္မ်ား မူးေနလိုက္တာ သူ႕ကိုနမ္းေနတာေတာင္ ယိုင္နဲ႕နဲ႕နဲ႕ ဘာမွ ျပန္မလုပ္နိုင္ဘူး။ နမ္းေနလို႔ နမ္းေနမွန္းေတာင္ သိရဲ႕လားမသိဘူး....
ႁပြတ္!
"ဘယ္လိုလဲ အမူးေျပၿပီလား သခင္ေလး...."
"ဖယ္စမ္းပါ~~~~~~~"
"ဟိုး!!!ဟိုး!!!ဘာလို႔တြန္းထုတ္ေနတာလဲ ဘယ္ႏွစ္ခြက္ေလာက္ေသာက္လိုက္လို႔ ဒီေလာက္ထိမူးေနတာလဲ...."
"အြန္! အဂၢိ~~~~~~~~~~~"
"ဘာႀကီး!"
"အဂၢိ~~~~~~~ငါမင္းကိုမခြဲနိုင္ပါဘူးဆို မင္းက ငါ့ကိုထားခဲ့တယ္ အီးဟီး!!!!ၿဗဲ!!!!!!!!!!"
"ဟဲ့ေရာင္ ဘာလို႔အာၿပဲနဲ႕ေအာ္ေနတာလဲ!!!ပိတ္ထားစမ္း!!"
"အဟင့္! မင္းငါ့ကိုေအာ္တယ္~~~~မင္းဘယ္တုန္းက ငါ့ကိုေအာ္ဘူးလို႔လဲ အီဟီး~~~~~"
"Okok မေအာ္ေတာ့ဘူး တိတ္ေတာ့ ငါ့ကိုနမ္းရင္ မင္းကိုမေအာ္ဘူး....နမ္းမွာလား..."
"အြန္း~~~~~~"
ႁပြတ္! ႁပြတ္! ႁပြတ္
"Wow!!!!!လုပ္ထားကြ ဟဲ့ေရာင္ငနိုင္ လုပ္ထား!!!!!!"
လုံးေထြးလာတဲ့ ခႏၶာကိုယ္ႏွစ္ခုက ခြာလို႔မရေလာက္ေအာင္ကပ္ေနတာေၾကာင့္ toilet ထဲဝင္လာတဲ့ လူအခ်ိဳ႕ေတာင္ အျမင္မေတာ္လို႔ ျပန္ထြက္သြားရတဲ့ထိပဲ။
-
-
-
"အဲ့ဘက္မွာလည္းမရွိဘူး....."
"ကိုကို! ကြၽန္ေတာ္တို႔ cctv မွာၾကည့္ရင္ေရာ...."
"ဟုတ္သားပဲ က်စ္! ကိုကိုလည္းမူးေနတာနဲ႕ စိတ္နဲ႕လူနဲ႕မကပ္ျဖစ္ေနတာ....."
"သခင္ေလးတို႔ သခင္ေလးရွိန္း ျပႆနာျဖစ္ေနပါတယ္!!!!"
"ဘာ!!!!!"
သူတို႔ cctv သြားၾကည့္ဖို႔လုပ္ေနတဲ့အခ်ိန္ ေနာက္ကေန security တစ္ေယာက္က အေရႀကီးသုတ္ျပာနဲ႕လာေျပာတာေၾကာင့္ သူတို႔လဲ ထိုလူ႕ေနာက္ပဲ အျမန္ေျပးလိုက္သြားလိုက္တယ္......
-
-
-
"အြန႔္! ရွိန္း! အြန႔္! ငါ့ကိုလႊတ္ဦး!!! ဟဲ့ေရာင္ ငါ့ဖင္ကို ဘာလို႔လာညွစ္ေနတာလဲ!!!!အြန႔္!"
စနမ္းတုန္းက ကိုယ္ဆိုေပမယ့္ ရွိန္းဆိုတဲ့ေကာင္က လႊတ္ကိုမလႊတ္ေတာ့လို႔ ျပႆနာတက္ေနၿပီ။ သူ႕ကိုေအာက္ပို႔မလို႔ပါဆို ကိုယ္ကေအာက္ေရာက္ေတာ့မယ့္ အျဖစ္ႀကီးမဟုတ္လား.....
"ဟဲ့ေရာင္!!!! ငါ့ညီအေပၚကဖယ္စမ္း!!!!"
"အဟြတ္!!!အဟြတ္!!!ေက်း...ေက်းဇူးပဲ...."
ထိပ္တန္းမဟာေရာက္လာၿပီး သူ႕ကိုတြန္းထုတ္လိုက္ေပမယ့္ ဒီတစ္ခါေတာ့ စိတ္မဆိုးပဲ ထိုင္ပါ ရွိခိုးခ်င္စိတ္ ေပါက္သြားတယ္.....
"မင္းကမ်ား ငါ့အကိုကို....."
ခြပ္!
"ဟဲ့ေရာင္ ငါတို႔သူငယ္ခ်င္းက စ႐ုံပဲစတာ မင္းအကိုက မလႊတ္ေတာ့တာကြ!!!"
"အဲ့ေတာ့ငါက ေစာက္ဂ႐ုစိုက္ရမွာလား...မင္းတို႔အဆင့္နဲ႕ ငါ့အကိုကို လာျပစ္မွားမေနနဲ႕!"
"ရွိုင္း~~~~~~~~ဘာလို႔အဂၢိကိုႏွိပ္စက္ေနတာလဲ~~~~~~~ငါ့ရဲ႕ အဂၢိေလး~~~~~~~ပူၾကဴးၾကဴးေလး~~~~~~~~နမ္းမယ္ဆို~~~~~အြန္းမြ!!!!"
"ဟဲ့ေရာင္သတိထားစမ္း!!!အရွက္ကိုမရွိဘူး!"
ကိုကိုတြဲထားတာေတာင္ ကပိုဂရိုပုံစံနဲ႕ အရွက္မရွိ ႏႈတ္ခမ္းတေထာ္ေထာ္ျဖစ္ေနတဲ့ ရွိန္းေၾကာင့္ ရွိုင္းသူ႕မ်က္ႏွာကို ဘယ္နားထားရမွန္းေတာင္မသိေတာ့ဘူး....
"ဟြန႔္! ကိုကို~~~~~~~သူသားသားကို ဆူေနတယ္ အဟင့္~~~~~~"
"ဟူး!!!!ငါဒီေန႕ အိမ္ျပန္လိုက္ခဲ့မယ္။ လာေတာ့ ရန္ျဖစ္မေနနဲ႕ေတာ့ သူ႕ကိုသာ သယ္ၿပီးျပန္ၾကမယ္.........."
ထိပ္တန္း သူ႕လက္ေမာင္းၾကားထဲက ညီျဖစ္သူကို ၾကည့္ၿပီး ေတာ္ေတာ္စိတ္ဓာတ္က်သြားတယ္။ ေသခ်ာျပန္စဥ္းစားၾကည့္မွ ကိုယ့္ဘဝကလည္း အသဲကြဲတာေတာင္ လြတ္လြတ္လပ္လပ္ မကြဲရပါလားေနာ္.....
"ဟင့္အင္း!!!ျပန္ဘူး!!!ငါ့အဂၢိေလး~~~~~လာေလ~~~~~~ႁပြတ္! ႁပြတ္! ေပးမယ္"
"မလာဘူး မလာဘူး!!!!!ထိပ္တန္းနဲ႕ရွိုင္းရယ္ ငါရွိခိုးပါတယ္။ အဲ့ေကာင္ကို ငါ့နားက ျမန္ျမန္ဆြဲထုတ္သြားစမ္းပါ။ ၿပီးေတာ့မွ မင္းတို႔ ငါ့ကိုႀကိဳက္သေလာက္ထိုး ဟုတ္ၿပီလား...."
ငနိုင့္ပုံၾကည့္ရတာလဲ တကယ္ႀကီးေၾကာက္လန႔္ေနပုံေပၚၿပီး ရွိန္းကလည္း လူစိတ္ေပ်ာက္ေအာင္မူးေနတာမို႔ ရန္ျဖစ္မယ့္အစား အိမ္ျပန္ဖို႔သာ ေ႐ြးလိုက္တယ္....
"ရွိုင္း အိမ္ျပန္ရေအာင္!"
"ဟုတ္ကဲ့ ကိုကို...မင္းက်ပ္က်ပ္သတိထား
ငနိုင္ ငါ့အကိုကို ထပ္ထိရင္ မင္းကိုေတြ႕တဲ့ေနရာမွာ သတ္ပစ္မယ္...."
"မင္းအကိုကို ငါထိတာနည္းနည္း ငါ့ကို မင္းအကိုထိတာ မ်ားမ်ားပါကြာ ငါ့ဖင္ေတာင္ လက္ေယာင္လိုက္ေနေလာက္ၿပီ...."
ငနိုင္ သူ႕ေရွ႕က ထြက္သြားတဲ့ သုံးေကာင္ကိုၾကည့္ၿပီး ပတ္သတ္မိတာ ေတာ္ေတာ္ေနာင္တရသြားတယ္။ အဓိကက ဟိုေကာင္ပဲ....
"ငါ့ဖင္ေလး......"
___________________
"ဝွား!!!!!! ဟမ္! ေန႕လည္ ဆယ့္ႏွစ္နာရီေတာင္ရွိေနၿပီ ေက်ာင္းေနာက္က်ေနၿပီပဲ..."
ရွိန္းအိပ္ရာနိုးလို႔ နာရီေလးၾကည့္မိပါတယ္ ေန႕လည္ဆယ့္ႏွစ္နာရီေတာင္ ထိုးေနၿပီ...ဘာလို႔တစ္ေယာက္မွ သူ႕ကိုလာမႏွိုးၾကတာပါလိမ့္...
"အာ့! ေခါင္းမူးလိုက္တာ ဟြန္! ညက ဘာေတြျဖစ္သြားတာလဲ ဘာမွလည္း မမွတ္မိဘူး..."
-
-
-
"Morning!!!!!!!!!"
"ဘာကို ေမာနင္းတာလဲ ရွိန္းသုတမဟာ မ်က္လုံးပါရင္ နာရီေလးဘာေလး ေျပးၾကည့္လိုက္ဦး ...မင္းအျပစ္မင္းသိ..."
"ေဖေဖကလည္း....ဟဲ့ေရာင္ ရွိုင္း မင္းေက်ာင္းမသြားဘူးလား!!!!"
"ေအာ္မေနနဲ႕ ဒီေန႕ေက်ာင္းပိတ္တယ္ အရက္ေလးတစ္ခါမူးၿပီး ေဂါက္သြားတာလား..."
"မင္းကလည္း ငါေမ့သြားလို႔ပါ။....ဒါနဲ႕ ညက ငါဘယ္လိုေရာက္လာတာလဲ...."
"ငါတို႔ေခၚလာတာ....."
"ေအာ္........"
ရွိုင္းနဲ႕ကိုကိုတို႔ ျဖစ္လာတဲ့ဟာေတြကို ဖုံးထားဖို႔သေဘာတူထားတာ ညက ကိုကိုအဆူခံရေသးတယ္ေလ။ညကေတာင္ဆူညံပြက္ေလာရိုက္ေနတာ ဒီေကာင့္ ကိစၥသာ သိရင္ မိုးမီးပါေလာင္မယ္...ဒါနဲ႕ ခုကိုကိုဘယ္ေရာက္သြားပါလိမ့္...
__________________
"ဟာ! ထိပ္တန္း! မလာစဖူး အလာထူးပါလား....."
"ေအာ္ ဒီမွာ ေဖေဖနဲ႕ပါးပါးတို႔က ဟင္းေပးခိုင္းလိုက္လို႔...."
"ေအာ္ ဟုတ္လား ေအးေအးေက်းဇူးပဲသား သားညီေဝဟင္က အေပၚထပ္မွာ အိပ္ေနတုန္းထင္တယ္။ ဖိုးဖိုးက ႐ုံးျပန္သြားေတာ့မလို႔..."
"သိတယ္ေလ...."
"ဟမ္!"
ထိပ္တန္းသိတာေပါ့ သိလို႔လဲ သပ္သပ္မဲ့ ဒီအခ်ိန္ကိုေ႐ြးၿပီးလာတာ.....
"ေအာ္ ကိုကိုေရာ ရွိလား ဖိုးဖိုး..."
"ေအးရွိတယ္ မီးဖိုေခ်ာင္ထဲမွာထင္တယ္...."
"အဲ့တာဆို ကြၽန္ေတာ္ မီးဖိုေခ်ာင္ထဲကို သြားလိုက္မယ္..."
"ရတယ္သား ဖိုးဖိုးေခၚေပး....ေအာ္...ဟူး...ဒီကေလးနဲ႕ေတာ့ လက္ျမန္ေျချမန္နဲ႕ တစ္ခါမွကိုဆုံးေအာင္နားမေထာင္ဘူး"
-
-
-
လျပည့္ အိုးေတြ ခြက္ေတြ မနက္ထဲကေဆးေနရတယ္။ အန္ကယ္ကေတာ့ မလုပ္ဖို႔ေျပာေပမယ့္ အန္တီ ေဟမာက သူ႕ကို အကုန္ေဆးဖို႔တိုးတိုးတိတ္တိတ္ေျပာသြားတာေၾကာင့္ သူအကုန္ေဆးေနရတယ္။ ခ်က္တဲ့အိုးေတြမဟုတ္ပဲ။ သိမ္းထားတဲ့ အိုးေတြခြက္ေတြေရာမို႔ အေရအတြက္မ်ားၿပီး သူ႕လက္ေတြေတာင္ အေရတြန႔္ေနၿပီ......
မြ!
"အေမ့!!!ထိပ္တန္း!!!မင္း! အြန႔္!!!"
ႁပြတ္!
"မင္း!!!မင္း႐ူးသြားၿပီလား...."
ကိုယ့္ဟာကိုယ္ အိုးေတြခြက္ေတြေဆးေနရင္း ေနာက္ကေနပါးကို နမ္းလိုက္တာေၾကာင့္ လန႔္ၿပီး လွည့္ၾကည့္လိုက္ေတာ့ ထိပ္တန္းျဖစ္ေနတယ္။ သူမွန္းသိလို႔ ဆူဖို႔လုပ္တုန္း ႏႈတ္ခမ္းကိုပါ ထပ္နမ္းသြားတာေၾကာင့္ လျပည့္ အရမ္းလန႔္မိတယ္။ အန္တီေဟမာပဲျဖစ္ျဖစ္ အျခားတစ္ေယာက္ပဲျဖစ္ျဖစ္ေတြ႕သြားရင္ သူေသမွာ.....
"Morning kiss မေပးရလို႔ Afternoon kiss ေပးလိုက္တာေလ...."
"မင္း! ငါ့ကိုခုလိုေတြ မလုပ္ပါနဲ႕ ငါမင္းထက္ အသက္အမ်ားႀကီး ႀကီးတယ္။ ၿပီးေတာ့ မသင့္ေတာ္ဘူး။ သူမ်ားေတြျမင္သြားရင္ ဘယ္လိုေျပာမလဲ။ ငါပဲကဲ့ရဲ႕ခံရမွာ ငါ့ကိုလည္း သနားပါဦး။"
"ဘာလို႔သနားရမွာလဲ။ အခ်ိန္တန္ရင္ ကိုကိုက ကြၽန္ေတာ့္ကိုပဲလက္ထပ္ရမွာ..."
"ငါမင္းကို လက္မထပ္ဘူး ထိပ္တန္းမဟာ...ငါမေအာ္ခ်င္ဘူးေနာ္...ထြက္သြားေတာ့...."
"လက္မထပ္ခ်င္တာ ကိုကို႔အပိုင္း..ကိုကို႔ကို အပိုင္သိမ္းရမွာက ကြၽန္ေတာ့္အပိုင္း...."
"မင္း!!"
"ကဲပါ ေရာ့ အိမ္ကေပးခိုင္းလိုက္တာ..."
"ဒါ ဆိုင္က ပါဆယ္ဆြဲလာတာမဟုတ္ဘူးလား...."
လျပည့္ေၾကာင္ေနမိတယ္။ ထိပ္တန္းကသာ အိမ္ကေပးလိုက္တယ္ေျပာတာ ပါလာတဲ့ ဟင္းေတြက ပလတ္စတစ္ဗူးေတြနဲ႕ ဆိုင္ကဝယ္လာတဲ့ပုံႀကီး.....
"သိရင္ ဘာလို႔ေမးေနတာလဲ..."
"မင္း! တကယ္ပါပဲ ေျပာလို႔ကိုမရဘူး"
"ယူၿပီးမွ ေျပာေပါ့ အဲ့ၾကရင္ စကားနားေထာင္မယ္..."
"အ႐ူးေကာင္! ထြက္သြားေတာ့...မင္းကို ယူလည္းမယူဘူး၊ ခ်စ္လည္းမခ်စ္ဘူး...ထြက္သြား...."
"ထြက္သြား ေစခ်င္ရင္ ကိုကို ကြၽန္ေတာ့္ကိုနမ္း..."
"ဘာ! မင္း႐ူးေနလား....အာ့! လႊတ္ေနာ္ ထိပ္တန္းမဟာ သူမ်ားေတြျမင္သြားမယ္..."
လူကိုခါးကေန ဆြဲဖက္ၿပီး သူ႕ခႏၶာကိုယ္နဲ႕ ကပ္ထားတာေၾကာင့္ လျပည့္မွာအတင္း႐ုန္းေနရတယ္။ ဒါေပမယ့္လည္း ထိပ္တန္းမဟာဆိုတဲ့ အရိုင္းအစိုင္းက သူ႕ကို မလႊတ္ေပးတဲ့အျပင္ ပိုေတာင္ဆြဲကပ္လိုက္ေသးတယ္။
"လႊတ္ေနာ္....မင္းအဲ့ေလာက္ထိမရိုင္းနဲ႕...သူမ်ားေတြျမင္သြားမယ္လို႔"
"ျမင္သြားေတာ့ တာဝန္ယူလိုက္မွာေပါ့...."
"မင္း!!!!"
ရွပ္! ရွပ္! ရွပ္!
လျပည့္ သူ႕ေရွ႕ကအရိုင္းအစိုင္းေကာင္နဲ႕ စကားအေျခအတင္ျဖစ္ေနတဲ့အခ်ိန္ ေျခသံၾကားလိုက္တာေၾကာင့္ တစ္ကိုယ္လုံး ေတာင့္တင္းသြားတယ္။ ျမင္သြားရင္ ေသခ်ာေပါက္ သူအေျပာခံရမွာ .....
"လႊတ္ပါ ထိပ္တန္းရယ္...."
"နမ္း! မနမ္းရင္ မလႊတ္ဘူး သူမ်ားျမင္မွာေၾကာက္တာက ကိုကိုေနာ္...ကြၽန္ေတာ္မဟုတ္ဘူး..."
လျပည့္ တကယ္ကိုစိတ္ညစ္ပါတယ္။ သူဘာလုပ္ရမွန္းမသိေတာ့ဘူး။
"မြ! လႊတ္ေတာ့..."
"ပါးကိုနမ္းလို႔ ဘယ္သူကေျပာလို႔လဲ ႏႈတ္ခမ္းကိုနမ္းခိုင္းတာ..."
"မင္း!...........ရၿပီလား..."
ကိုကိုက ႏႈတ္ခမ္းကို ထိ႐ုံသာ ထိေပမယ့္ ဘာပဲျဖစ္ျဖစ္ ျမတ္တာပဲေလ။
"ရၿပီ မနက္ျဖန္ထပ္လာခဲ့မယ္ေနာ္...."
"မင္း!!!"
တကယ္ကို ေျပာမနိုင္ ဆိုမနိုင္ပါလား။သူ႕နားမကပ္တာက အန္တီတို႔ ဆူမွာဆိုးတဲ့အျပင္ အျခားအေၾကာင္းျပခ်က္လည္း ရွိေသးတယ္အမွန္တိုင္းေျပာရရင္ အဲ့ေကာင္ေလးနဲ႕နီးကပ္သြားတိုင္း သူ႕ႏွာေခါင္းထဲကိုဝင္လာတဲ့ ေကာ္ဖီနံ႕ Pheromone က သူ႕ကိုရီေဝေစတယ္။ ေတာ္ၾကာ စိတ္လြတ္သြားရင္
မျဖစ္သင့္တာေတြ ျဖစ္သြားမွာဆိုးတယ္.....
"ေငးလို႔ ဝၿပီလား..."
"ဟင္! ေဝ...ေဝဟင္....အန္တီ..."
လျပည့္ ထိုေကာင္ေလးထြက္သြားတာကို ၾကည့္ေနရင္း အေနာက္က အသံၾကားတာေၾကာင့္ လွည့္ၾကည့္လိုက္ေတာ့ မ်က္ရည္ဝဲၿပီး သူ႕ကိုေဒါသတႀကီးၾကည့္ေနတဲ့ ေဝဟင္နဲ႕အတူ အန္တီေဟမာကိုလည္း ေတြ႕လိုက္ရတယ္....
"ေတြ႕တယ္မလား သား...မာမီေျပာသားပဲ သူက သားဆီကေန သားရဲ႕ကိုကိုကို ဆြဲထုတ္ခ်င္ေနတာ...သားဒီတိုင္းၾကည့္ေနမလို႔လား..."
"ဟင့္အင္း...ဟင့္အင္း...ေဝဟင္ အဲ့လိုလုံးဝမဟုတ္ပါဘူး...."
"ေတာ္ေတာ့!!!!!!!ကလိမ္ကက်စ္ေကာင္ ငါ့ကိုလိမ္ေနတာ!!!!မုန္းတယ္!!!"
"အဲ့လိုမဟုတ္ပါဘူး...အကိုေျပာတာနားေထာင္ပါဦး...."
"ငါ့ကို မထိနဲ႕!!!အဟင့္...ငါ့ကိုဘာလို႔ လိမ္တာလဲ....ႀကိဳက္ေနၾကတာဆိုရင္လည္း ဘာလို႔ မပတ္သတ္ဖူးလို႔ ေမွ်ာ္လင့္ခ်က္ေတြေပးရတာလဲ.....ဘာလို႔လဲ!!!!!!အားးးးး!!!!!!"
ခလြမ္!!!!!!!!ခြၽမ္!!!!!!!!!
"ေဝဟင္ ေတာ္ပါေတာ့..."
ေဝဟင္က ေဒါသတႀကီးနဲ႕ ေဆးထားတဲ့ အိုးေတြေရာ ဖန္ခြက္ေတြေရာ ထပ္တန္း လာပို႔သြားတဲ့ ဟင္းေတြေရာ ေမွာက္ပစ္တာေၾကာင့္ လျပည့္ အတင္းဝင္ဆြဲေနရတယ္......
"သား ေတာ္ေတာ့ ဘာလို႔ ခုလိုလုပ္ေနတာလဲ သားေရွ႕မွာ သားကိုေဒါသထြက္ေအာင္ လုပ္ေနတဲ့သူတစ္ေယာက္လုံးရွိတယ္ေလ...သူ႕ကိုရိုက္ပါလား...."
"ေဝဟင္......."
အန္တီေဟမာရဲ႕ စကားအဆုံး သူ႕ကို စူးစူးရဲရဲၾကည့္လာတဲ့ ေဝဟင္ေၾကာင့္ လျပည့္လန႔္မိတယ္။ သူ႕လက္ေပၚမွာ ႀကီးလာတဲ့ ဒီကေလးသာ သူ႕ကိုရိုက္ရင္ သူရင္က်ိဳးရမွာ.....
"အား!!!!!!!!!"
"သား!!!!သား!!!!"
ကိုယ့္ကို ေအာ္ၿပီးအေပၚကို ေျပးတက္သြားတဲ့ ေဝဟင္က အနည္းဆုံးေတာ့ ကိုယ့္ကိုမရိုက္သြားဖူးပဲ။ အနည္းဆုံးေတာ့ ကိုယ့္အေပၚမွာ သံေယာဇဥ္က်န္ေသးပုံပဲ.....
"အဟင့္!!!"
"ငိုျပမေနနဲ႕ ဒါေတြ အကုန္ရွင္းထား....ငါ့သားက နင့္ကိုမရိုက္လို႔ နင့္ကိုနင္ အထင္ႀကီးမေနနဲ႕ ငါက်န္ေသးတယ္။ ငါကနင့္ကို အၿမဲႏွိပ္စက္မွာ ဟားးးးဟားးးးဟားးးးး.နင္သိလား ေသြးေတြက သိပ္လွတာ...နင္ျမင္ဖူးလား...နင္နဲ႕လိုက္မယ္ထင္တယ္...."
"အန္တီ ဘာေတြ ေျပာေနတာလဲ အာ့! အန္တီ!"
အန္တီေဟမာက သူ႕ကို ေပပြေနတဲ့ ျပမ္းျပင္ေပၚကိုတြန္းခ်လိဳက္တာမို႔ သူ႕လက္က ဖန္ကြဲစေတြ အေပၚ ေထာက္မိကုန္တယ္။ ဒါေပမယ့္ အဲ့ထက္ပိုဆိုးတာက အန္တီေဟမာက ဖန္ကြဲစေထာက္မိထားတဲ့ သူ႕လက္ေပၚကို တက္နင္းလာတာ....
"အားးးးးး ဖယ္ေပးပါ....အန္တီ!!!အား!!!!"
"ဟီး..ဟီး...ေသြးေတြ!!!လွတယ္ နင္က မ်က္ရည္ေတြ ေသြးေတြနဲ႕ သိပ္လိုက္တာ....ဟားးးးးဟားးးးးဟားးးးးဟားးးးး"
"အန္တီရယ္ ဖယ္ေပးပါ...အား!!!!!!ေဝဟင္!!!!ကယ္ပါဦး!!!! ေဝဟင္!!!!!!!!"
"မာမီ!!!!!!!ဖယ္လိုက္ပါ!!!ဘာလုပ္တာလဲ...."
ေဝဟင္ ေလွကားထိပ္မွာ ထိုင္ငိုေနတုန္း သူ႕နာမည္ကို ေအာ္ေခၚၿပီး အကူညီေတာင္းေနတာမို႔ မေနသာတဲ့ အဆုံးသြားၾကည့္လိုက္တာ ျမင္လိုက္ရတဲ့ ျမင္ကြင္းကိုမယုံနိုင္ဘူး....
"သား! မာမီက သားအတြက္!"
"မလိုပါဘူး! မာမီ ဘယ္လိုေတာင္ လုပ္လိုက္တာလဲ ဟာ! လက္က ရရဲ႕လား လာ...လာ ေဆးခန္းသြားရေအာင္!!!"
"သား...."
"ေတာ္ပါေတာ့ မာမီရယ္ ဒီေလာက္ႀကီးထိေတာ့ မလုပ္သင့္ပါဘူး...သား ေဆးခန္းသြားပို႔လိုက္ဦးမယ္"
"သား! သား!"
ကိုယ့္ကို လွည့္ေတာင္မၾကည့္သြားတဲ့ သားျဖစ္သူကို ေဒၚေဟမာ ေဒါသတႀကီးၾကည့္ေနမိတယ္။
"ငါက နင့္ကိုေကာင္းေစခ်င္လို႔ ကူညီေပးတာကို ငါ့ကို ေက်ာေပးၿပီး ထြက္သြားရဲတယ္ေပါ့....နင္လည္း ေနာင္တရ ေစရမယ္...."
ေဒၚေဟမာ လက္သီးက်စ္က်စ္စုပ္ၿပီး က်ိန္းဝါးေနမိတယ္။ သူ႕လက္သီး စုပ္က ဘယ္ေလာက္ထိတင္းေနလဲ ဆိုရင္ သူ႕လက္သည္းရွည္ေတြကပါ အသားထဲ စိုက္ဝင္ၿပီး ေသြးေတြစီးက်တဲ့အထိပဲ.........
___________________
"ပိုးဝင္မွာဆိုးလို႔ ေရေတာ့မထိနဲ႕ အရက္ျပန္နဲ႕ မနက္တစ္ခါ ညတစ္ခါ သန႔္ရွင္းေရးလုပ္ေပးရမယ္"
"ဟုတ္ကဲ့"
"ဒါက ေသာက္ေဆး ဒါက လိမ္းေဆး ဘယ္လိုလုပ္ၿပီး ဖန္ကြဲစက အဲ့ေလာက္ထိ နစ္ဝင္သြားတာလဲ....."
"ဟို....အဲ့တာက...."
ေဒါက္တာအမရဲ႕ အေမးကို ေဝဟင္ ဘယ္လို ျပန္ေျဖရမွန္း မသိပါ။
"ေခ်ာ္လဲတာပါ...."
"ကိုႀကီးလျပည့္!"
ကိုႀကီးလျပည့္က သူ႕ကို ကာၿပီးေျဖေပးလိုက္တာေၾကာင့္ ေဝဟင္အားနာမိတယ္။
"ေခ်ာ္လဲက်ရင္း အရွိန္ပါသြားတာ ထင္ပါတယ္...."
"ဂ႐ုစိုက္ေလ အဲ့လိုေတြက ျဖစ္တက္တယ္..."
"ဟုတ္ကဲ့ ခြင့္ျပဳပါဦးေနာ္ ေဒါက္တာ...."
"ဟုတ္ကဲ့ ႂကြပါ..."
"ေဝဟင္ သြားရေအာင္..."
"ဟုတ္ကဲ့....."
ကိုႀကီးလျပည့္က ေရွ႕ကေန သူ႕ဟာသူသြားေနေပမယ့္ ေဝဟင္အားနာမိတယ္။ ခုလိုျဖစ္တာ သူ႕ေၾကာင့္ သူကိုကို႔ကို ခ်စ္တယ္။ သူမစြန႔္လႊတ္နိုင္ဘူး။ ဒါေပမယ့္ အဲ့တာေၾကာင့္နဲ႕ေတာ့ အျခားတစ္ေယာက္ကိုမထိခိုက္ေစခ်င္ဘူး။ မာမီက သူ႕ကိစၥေၾကာင့္သာ ကိုႀကီးလျပည့္ကို ခုလိုလုပ္တာ။ အမွန္ေတာ့ သူ႕အျပစ္ပဲ။
"ကြၽန္ေတာ္ ေတာင္းပန္ပါတယ္...."
လျပည့္ကားထဲ ဝင္ခါနီး ေနာက္ကၾကားလိုက္ရတဲ့ စကားေၾကာင့္ ကိုယ့္နားကိုယ္ေတာင္ မယုံနိုင္ပါ။
"ရပါတယ္။ မင္းအျပစ္မဟုတ္ပါဘူး...ျပန္ရေအာင္ေလ..."
"ကြၽန္ေတာ္ ကတိေပးတယ္။ မာမီ ေနာက္တစ္ခါအဲ့လိုမလုပ္ေစရဘူး...."
"အြန္း...ဒီေန႕အတြက္ ေက်းဇူးပါ။"
"ရပါတယ္....တစ္ခုေလာက္ အမွန္တိုင္းသိလို႔ရမလား..."
"ရတာေပါ့ ဘာသိခ်င္တာလဲ..."
"ကိုႀကီးလျပည့္နဲ႕ ကိုကိုနဲ႕က...."
"ဘာမွမဆိုင္ပါဘူး! ထိပ္တန္းက ဒီတိုင္းစေနာက္ခ်င္ေနတာ ေနမွာပါ...."
"ဒါဆို ကြၽန္ေတာ္...."
"ေဝဟင္ အကို မင္းကိုကတိေပးဖူးတယ္ေလ။ ခုထပ္ကတိေပးမယ္ေနာ္။ အကိုနဲ႕ ထိပ္တန္းနဲ႕က ခုဘာပတ္သတ္မႈမွ မရွိသလို ေနာက္လည္းရွိလာမွာ မဟုတ္ဘူး။ ခုဟာကလည္း သူ႕စိတ္ထဲမွာ ကေလးတုန္းက ကိစၥကို စြဲေနလို႔သာ တစ္မ်ိဳးထင္ေနတာပါ။ သူ႕လိုလူက ေဝဟင္နဲ႕ပဲ လိုက္ဖက္တာ အကိုနဲ႕မလိုက္ဖက္ပါဘူး။ အကိုကလည္း လုံးဝစိတ္မဝင္စားဘူး။ ဟုတ္ၿပီလား။ စိတ္မပူနဲ႕။"
"အြန္း!"
တစ္ခါတစ္ရံမွာ ကံၾကမၼာက လူေတြရဲ႕ဘဝကိုစီရင္တက္တယ္တဲ့။ အဲ့တာကအမွန္လား။ ဒါမွမဟုတ္ လူေတြကပဲ ကံၾကမၼာကို ဖန္တီးတာလား..................
ကဲ Part 8 upလိုက္ပါၿပီေနာ္။ ဖတ္ရႈေပးၾကတဲ့ ဒါဒါတစ္ေယာက္ခ်င္းဆီကို အထူးေက်းဇူးတင္ပါတယ္ရွင္။ ဒါဒါတို႔ရဲ႕ like နဲ႕ comment တစ္ခုစီက သာသာ့အတြက္အားေဆးပါ။