Unicode
သူမူးနေလို့ သက်တောင့်သက်သာမရှိနေပေမဲ့ အေးစက်စက်ကြမ်းပြင်ပေါ်မှာ ဖိထားခံရတာက သူ့ကို ပိုပြီးတော့တောင် အဆင်မပြေဖြစ်စေတယ်။ ဒါ့အပြင် သူ့သူငယ်ချင်းက သူ့ကို အခုကူညီဖို့ မတတ်နိုင်တဲ့အတွက် နောက်ဆုံးမှာတော့ ကုမျန်ကို စိတ်မပါစွာနဲ့ တောင်းပန်ဖို့သာ တတ်နိုင်ခဲ့တယ်။
လူငယ်က သရော်ပြီး သူ့ကိုလွှတ်ပေးလိုက်တယ်။
လူလတ်ပိုင်းအရွယ်အမျိုးသားက ရှက်ရွံ့စွာထရပ်ကာ လူငယ်ကို လက်ညိုးထိုးပြီး ကျိန်ဆဲလိုက်တယ်။“နံစော်နေတဲ့ကောင်လေး၊စောင့်ကြည့်လိုက်စမ်းပါ”
လူငယ်က လူလတ်ပိုင်းရဲ့ခြိမ်းခြောက်မှုကို လုံးဝစိတ်ထဲမရှိနေပေ။ သူက သူ့ကိုယ်သူ လက်ညိုးထိုးပြကာ ပြောလိုက်တယ်။"ချန်းကျစ်"
စကားလုံးနှစ်လုံးသာဖြစ်ပေမယ့်လည်း သူ့စကားလုံးတွေထဲက တစ်စုံတစ်ရာပြောနေတာက"ငါစောင့်နေတယ် မင်းမှာ အရည်အချင်းရှိရင် မင်းငါ့ကိုလာရှာလို့ရတယ်"
ကုမျန်က ထိုနာမည်ကိုကြားလိုက်ရတဲ့အခါ သူမရဲ့ နှလုံးသည်းညှာက လှုပ်ရှားသွားတယ်။
မျိုးရိုးနာမည်ချန်းက ကန်တုံးလူမျိုးပဲ။ သူက ဟောင်ကောင်ရှိ ချန်းမိသားစုကများလား။
ကုမျန် ချန်းကျစ်ရဲ့အနောက်ကို လှမ်းကြည့်လိုက်တော့ သူ့အနောက်ဘက် မနီးမဝေးမှာ သက်တော်စောင့်နဲ့ဆင်တဲ့ အနက်ရောင်ဝတ်စုံဝတ်ထားတဲ့ လူနှစ်ယောက်ကို တွေ့လိုက်ရတယ်။
ထိုလူနှစ်ယောက်ရဲ့မျက်၀န်းတွေက ချန်းကျစ်ပေါ်မှာပဲရှိနေပြီး သူအန္တရာယ်ရှိတာနဲ့ ချက်ချင်းဆိုသလို သူ့ဆီ အမြန်ပြေးလာကြမှာပင်။
ဟိုတယ်မန်နေဂျာကို အချိန်အတော်ကြာ စည်းရုံးပြီးနောက် လူလတ်ပိုင်းအရွယ် အမျိုးသားကို သူ့သူငယ်ချင်းက ကူညီပြီး ဖြည်းညှင်းစွာ ထွက်ခွာသွားခဲ့ကြတယ်။
လူနှစ်ယောက်ထွက်သွားပြီးနောက် အနက်ရောင်ဝတ် သက်တော်စောင့်နှစ်ဦးထဲမှ တစ်ဦးလည်း သူတို့နဲ့အတူ ထွက်ခွာသွားကြောင်း ကုမျန်တွေ့ရှိခဲ့တယ်။ ဘာကြောင့်လဲဆိုတာ သူမ မသိပေမယ့် ကောင်းတာတော့ မဖြစ်လောက်ဘူး။
နောက်ဆုံးမှာ ကုကော်အန်းက ဖုန်းပြောပြီးနောက် ပြန်ရောက်လာတယ်။ ကြီးကြီးမားမားကိစ္စဖြစ်လို့ သူကိုင်တွယ်ဖြေရှင်းတာက အချိန်အနည်းငယ်ကြာသွားတယ်။
ထိုင်ခုံအနီးမှာ ရှုပ်ပွနေတာတွေ့တော့ သူ့နှလုံးက ခုန်ပေါက်သွားပြီး ဘာဖြစ်သွားတာလဲလို့ မေးလာတယ်။
ကုမျန်က စောနကဖြစ်ပျက်ခဲ့တာတွေကို စကားလုံးအနည်းငယ်နဲ့ အတိုချုံးရှင်းပြလိုက်တယ်။ ကုကော်အန်းက ချန်းကျစ်ဆီ သူ့လက်ကို ဆန့်တန်းလိုက်ပြီး ကျေးဇူးတင်စွာနဲ့ "မင်းကို ကျေးဇူးတင်ပါတယ်"
ချန်းကျစ်ကလည်း သူ့လက်ကိုဆန့်ပြီး နှုတ်ဆက်လိုက်ကြတယ်။“ရပါတယ်” သူက ခနလောက် ရပ်သွားပြီးနောက် မန်ဒရင်းဘာသာနဲ့ ပြောလာတယ်။“လုပ်သင့်တဲ့ဟာပါပဲ”
ကုကော်အန်းက ချန်းကျစ်ရဲ့ပခုံးကို ပုတ်ပြီး ကမ်းလှမ်းလိုက်တယ်။"မင်း ခနနေ ချိန်းထားတာ ရှိလား? အတူတူ သောက်ချင်လား?"
ချန်းကျစ်က ခေါင်းခါပြီး ငြင်းပယ်လာတယ်။"မဟုတ်ဘူး ကျွန်တော့်သူငယ်ချင်းတွေက ကျွန်တော့်ကိုစောင့်နေတယ်"
ကုကော်အန်းက နောင်တရသွားပေမယ့်လည်း မလျှော့တမ်းဆက်ပြောနေမှာတော့ မဟုတ်ပေ။ သူက business card ကိုထုတ်ပြီး ချန်းကျစ်ကို ကမ်းပေးလိုက်တယ်။"နောင်မှာ မင်းနဲ့တူတူ သောက်ဖို့ အခွင့်အရေးရလာမှာပါလေ"
ချန်းကျစ်က သူ့ business cardကို ယူလိုက်ပြီး သူ့ရဲ့ ဖြူဖွေးပြီး ချောမောခန့်ညားတဲ့မျက်နှာမှာ အပြုံးတစ်ပွင့်ပေါ်လာတော့တယ်။"ကောင်းပါပြီ"
သူက ကုမျန်ကို လှည့်ကြည့်ပြီး နှေးကွေးလှတဲ့ စကားပြောနှုန်းနဲ့အတူ ပြောလာတယ်။"ဒီနေ့မှ ပြည်မကြီးကို ပထမဆုံးအကြိမ် လာခဲ့ရတာဆိုတော့ တော်တော်များများကို သိပ်နားမလည်ဘူး မင်းရဲ့ WeChat အကောင့်ကို ကျွန်တော် addလို့ရမလား မသိဘူး"
ကုမျန်က အနည်းငယ် အံ့သြသွားပေမယ့်လည်း ထိုလူက သူမကို ခုလေးတင် ကူညီခဲ့တာဖြစ်တယ် ။ ငြင်းဖို့က နည်းနည်းတော့ ယုတ္တိမတန်ဘူး။ ဒါနဲ့ပဲ သူမက ဖုန်းကိုထုတ်ပြီး Wechat မှာ ချန်းကျစ်ကို addလိုက်တယ်။
ချန်းကျစ်ထွက်သွားတော့ ကုကော်အန်းက ထိုင်နေပေမယ့် စားချင်စိတ်သိပ်မရှိတော့ပေ။
ခုနကလူငယ်လေးအကြောင်း သူပြန်စဉ်းစားရင်း၊ ကုကော်အန်းက ခံစားချက်တွေနဲ့ ပြောလာတယ်။“ဒီရက်ပိုင်းမှာ တရားမျှတတဲ့စိတ်ထားရှိတဲ့ လူငယ်တွေ အများကြီးရှိသေးတာပဲကိုး”
ကုမျန်က "ဟုတ်တယ်နော်"
မူရင်းစာအုပ်ထဲမှာ ဟောင်ကောင်မှ ချန်းမိသားစုရဲ့ သားသမီးတွေက ပေချန်းကို ရောက်ဖူးခြင်းရှိမရှိ သူမ မသိပေ။ ရောက်ဖူးတာဖြစ်နိုင်ပေမယ့် စာအုပ်ထဲမှာ မဖော်ပြထားခဲ့ဘူး။
လော့ချယ်က အသက် 24 နှစ်ရောက်မှသာ ချန်းမိသားစုကို ပြန်သွားခဲ့တာဖြစ်တယ်။ အချိန်ကာလအရ၊ သူ ချန်းမိသားစုဆီ မပြန်ခင် အချိန်နှစ်,နှစ်ခန့် ကျန်နေသေးဆဲပင်။
မူရင်းစာအုပ်မှာ လော့ချယ်ရဲ့ဘဝအတွေ့အကြုံကို ဖော်ထုတ်တာက သူ့ကို ချန်းမိသားစုကို ရှာတွေ့စေခဲ့တယ်။ သူက ချန်းမိသားစုနဲ့ အတော်ဆင်တူတယ်လေ။ နောက်ပိုင်းမှာ ချန်းမိသားစုရဲ့ လက်ရှိမိသားစုခေါင်းဆောင်က လော့ချယ်ရဲ့ဘဝအတွေ့အကြုံကို စုံစမ်းဖို့ အစပြုခဲ့ပြီး သူက ချန်းမိသားစုမှ ကျန်ရစ်ခဲ့တဲ့ ကလေး အမှန်ပင်ဖြစ်ကြောင်း တွေ့ရှိခဲ့တယ်။
မူရင်းစာအုပ်မှာ လော့ချယ်ကိုရှာတွေ့ခဲ့တဲ့သူက ချန်းကျစ်ဖြစ်နိုင်တယ်။
ဒါပေမယ့် ဒါတွေအားလုံးက ကုမျန်ရဲ့ထင်မြင်ချက်တွေသာ။
Zawgyi
သူမူးေနလို႔ သက္ေတာင့္သက္သာမရွိေနေပမဲ့ ေအးစက္စက္ၾကမ္းျပင္ေပၚမွာ ဖိထားခံရတာက သူ႕ကို ပိုၿပီးေတာ့ေတာင္ အဆင္မေျပျဖစ္ေစတယ္။ ဒါ့အျပင္ သူ႕သူငယ္ခ်င္းက သူ႕ကို အခုကူညီဖို႔ မတတ္နိုင္တဲ့အတြက္ ေနာက္ဆုံးမွာေတာ့ ကုမ်န္ကို စိတ္မပါစြာနဲ႕ ေတာင္းပန္ဖို႔သာ တတ္နိုင္ခဲ့တယ္။
လူငယ္က သေရာ္ၿပီး သူ႕ကိုလႊတ္ေပးလိုက္တယ္။
လူလတ္ပိုင္းအ႐ြယ္အမ်ိဳးသားက ရွက္႐ြံ႕စြာထရပ္ကာ လူငယ္ကို လက္ညိုးထိုးၿပီး က်ိန္ဆဲလိုက္တယ္။“နံေစာ္ေနတဲ့ေကာင္ေလး၊ေစာင့္ၾကည့္လိုက္စမ္းပါ”
လူငယ္က လူလတ္ပိုင္းရဲ႕ၿခိမ္းေျခာက္မႈကို လုံးဝစိတ္ထဲမရွိေနေပ။ သူက သူ႕ကိုယ္သူ လက္ညိုးထိုးျပကာ ေျပာလိုက္တယ္။"ခ်န္းက်စ္"
စကားလုံးႏွစ္လုံးသာျဖစ္ေပမယ့္လည္း သူ႕စကားလုံးေတြထဲက တစ္စုံတစ္ရာေျပာေနတာက"ငါေစာင့္ေနတယ္ မင္းမွာ အရည္အခ်င္းရွိရင္ မင္းငါ့ကိုလာရွာလို႔ရတယ္"
ကုမ်န္က ထိုနာမည္ကိုၾကားလိုက္ရတဲ့အခါ သူမရဲ႕ ႏွလုံးသည္းညွာက လႈပ္ရွားသြားတယ္။
မ်ိဳးရိုးနာမည္ခ်န္းက ကန္တုံးလူမ်ိဳးပဲ။ သူက ေဟာင္ေကာင္ရွိ ခ်န္းမိသားစုကမ်ားလား။
ကုမ်န္ ခ်န္းက်စ္ရဲ႕အေနာက္ကို လွမ္းၾကည့္လိုက္ေတာ့ သူ႕အေနာက္ဘက္ မနီးမေဝးမွာ သက္ေတာ္ေစာင့္နဲ႕ဆင္တဲ့ အနက္ေရာင္ဝတ္စုံဝတ္ထားတဲ့ လူႏွစ္ေယာက္ကို ေတြ႕လိုက္ရတယ္။
ထိုလူႏွစ္ေယာက္ရဲ႕မ်က္၀န္းေတြက ခ်န္းက်စ္ေပၚမွာပဲရွိေနၿပီး သူအႏၱရာယ္ရွိတာနဲ႕ ခ်က္ခ်င္းဆိုသလို သူ႕ဆီ အျမန္ေျပးလာၾကမွာပင္။
ဟိုတယ္မန္ေနဂ်ာကို အခ်ိန္အေတာ္ၾကာ စည္း႐ုံးၿပီးေနာက္ လူလတ္ပိုင္းအ႐ြယ္ အမ်ိဳးသားကို သူ႕သူငယ္ခ်င္းက ကူညီၿပီး ျဖည္းညွင္းစြာ ထြက္ခြာသြားခဲ့ၾကတယ္။
လူႏွစ္ေယာက္ထြက္သြားၿပီးေနာက္ အနက္ေရာင္ဝတ္ သက္ေတာ္ေစာင့္ႏွစ္ဦးထဲမွ တစ္ဦးလည္း သူတို႔နဲ႕အတူ ထြက္ခြာသြားေၾကာင္း ကုမ်န္ေတြ႕ရွိခဲ့တယ္။ ဘာေၾကာင့္လဲဆိုတာ သူမ မသိေပမယ့္ ေကာင္းတာေတာ့ မျဖစ္ေလာက္ဘူး။
ေနာက္ဆုံးမွာ ကုေကာ္အန္းက ဖုန္းေျပာၿပီးေနာက္ ျပန္ေရာက္လာတယ္။ ႀကီးႀကီးမားမားကိစၥျဖစ္လို႔ သူကိုင္တြယ္ေျဖရွင္းတာက အခ်ိန္အနည္းငယ္ၾကာသြားတယ္။
ထိုင္ခုံအနီးမွာ ရႈပ္ပြေနတာေတြ႕ေတာ့ သူ႕ႏွလုံးက ခုန္ေပါက္သြားၿပီး ဘာျဖစ္သြားတာလဲလို႔ ေမးလာတယ္။
ကုမ်န္က ေစာနကျဖစ္ပ်က္ခဲ့တာေတြကို စကားလုံးအနည္းငယ္နဲ႕ အတိုခ်ဳံးရွင္းျပလိုက္တယ္။ ကုေကာ္အန္းက ခ်န္းက်စ္ဆီ သူ႕လက္ကို ဆန႔္တန္းလိုက္ၿပီး ေက်းဇူးတင္စြာနဲ႕ "မင္းကို ေက်းဇူးတင္ပါတယ္"
ခ်န္းက်စ္ကလည္း သူ႕လက္ကိုဆန႔္ၿပီး ႏႈတ္ဆက္လိုက္ၾကတယ္။“ရပါတယ္” သူက ခနေလာက္ ရပ္သြားၿပီးေနာက္ မန္ဒရင္းဘာသာနဲ႕ ေျပာလာတယ္။“လုပ္သင့္တဲ့ဟာပါပဲ”
ကုေကာ္အန္းက ခ်န္းက်စ္ရဲ႕ပခုံးကို ပုတ္ၿပီး ကမ္းလွမ္းလိုက္တယ္။"မင္း ခနေန ခ်ိန္းထားတာ ရွိလား? အတူတူ ေသာက္ခ်င္လား?"
ခ်န္းက်စ္က ေခါင္းခါၿပီး ျငင္းပယ္လာတယ္။"မဟုတ္ဘူး ကြၽန္ေတာ့္သူငယ္ခ်င္းေတြက ကြၽန္ေတာ့္ကိုေစာင့္ေနတယ္"
ကုေကာ္အန္းက ေနာင္တရသြားေပမယ့္လည္း မေလွ်ာ့တမ္းဆက္ေျပာေနမွာေတာ့ မဟုတ္ေပ။ သူက business card ကိုထုတ္ၿပီး ခ်န္းက်စ္ကို ကမ္းေပးလိုက္တယ္။"ေနာင္မွာ မင္းနဲ႕တူတူ ေသာက္ဖို႔ အခြင့္အေရးရလာမွာပါေလ"
ခ်န္းက်စ္က သူ႕ business cardကို ယူလိုက္ၿပီး သူ႕ရဲ႕ ျဖဴေဖြးၿပီး ေခ်ာေမာခန့္ညားတဲ့မ်က္ႏွာမွာ အၿပဳံးတစ္ပြင့္ေပၚလာေတာ့တယ္။"ေကာင္းပါၿပီ"
သူက ကုမ်န္ကို လွည့္ၾကည့္ၿပီး ႏွေးေကြးလွတဲ့ စကားေျပာႏႈန္းနဲ႕အတူ ေျပာလာတယ္။"ဒီေန႕မွ ျပည္မႀကီးကို ပထမဆုံးအႀကိမ္ လာခဲ့ရတာဆိုေတာ့ ေတာ္ေတာ္မ်ားမ်ားကို သိပ္နားမလည္ဘူး မင္းရဲ႕ WeChat အေကာင့္ကို ကြၽန္ေတာ္ addလို႔ရမလား မသိဘူး"
ကုမ်န္က အနည္းငယ္ အံ့ၾသသြားေပမယ့္လည္း ထိုလူက သူမကို ခုေလးတင္ ကူညီခဲ့တာျဖစ္တယ္ ။ ျငင္းဖို႔က နည္းနည္းေတာ့ ယုတၱိမတန္ဘူး။ ဒါနဲ႕ပဲ သူမက ဖုန္းကိုထုတ္ၿပီး Wechat မွာ ခ်န္းက်စ္ကို addလိုက္တယ္။
ခ်န္းက်စ္ထြက္သြားေတာ့ ကုေကာ္အန္းက ထိုင္ေနေပမယ့္ စားခ်င္စိတ္သိပ္မရွိေတာ့ေပ။
ခုနကလူငယ္ေလးအေၾကာင္း သူျပန္စဥ္းစားရင္း၊ ကုေကာ္အန္းက ခံစားခ်က္ေတြနဲ႕ ေျပာလာတယ္။“ဒီရက္ပိုင္းမွာ တရားမွ်တတဲ့စိတ္ထားရွိတဲ့ လူငယ္ေတြ အမ်ားႀကီးရွိေသးတာပဲကိုး”
ကုမ်န္က "ဟုတ္တယ္ေနာ္"
မူရင္းစာအုပ္ထဲမွာ ေဟာင္ေကာင္မွ ခ်န္းမိသားစုရဲ႕ သားသမီးေတြက ေပခ်န္းကို ေရာက္ဖူးျခင္းရွိမရွိ သူမ မသိေပ။ ေရာက္ဖူးတာျဖစ္နိုင္ေပမယ့္ စာအုပ္ထဲမွာ မေဖာ္ျပထားခဲ့ဘူး။
ေလာ့ခ်ယ္က အသက္ 24 ႏွစ္ေရာက္မွသာ ခ်န္းမိသားစုကို ျပန္သြားခဲ့တာျဖစ္တယ္။ အခ်ိန္ကာလအရ၊ သူ ခ်န္းမိသားစုဆီ မျပန္ခင္ အခ်ိန္ႏွစ္,ႏွစ္ခန႔္ က်န္ေနေသးဆဲပင္။
မူရင္းစာအုပ္မွာ ေလာ့ခ်ယ္ရဲ႕ဘဝအေတြ႕အႀကဳံကို ေဖာ္ထုတ္တာက သူ႕ကို ခ်န္းမိသားစုကို ရွာေတြ႕ေစခဲ့တယ္။ သူက ခ်န္းမိသားစုနဲ႕ အေတာ္ဆင္တူတယ္ေလ။ ေနာက္ပိုင္းမွာ ခ်န္းမိသားစုရဲ႕ လက္ရွိမိသားစုေခါင္းေဆာင္က ေလာ့ခ်ယ္ရဲ႕ဘဝအေတြ႕အႀကဳံကို စုံစမ္းဖို႔ အစျပဳခဲ့ၿပီး သူက ခ်န္းမိသားစုမွ က်န္ရစ္ခဲ့တဲ့ ကေလး အမွန္ပင္ျဖစ္ေၾကာင္း ေတြ႕ရွိခဲ့တယ္။
မူရင္းစာအုပ္မွာ ေလာ့ခ်ယ္ကိုရွာေတြ႕ခဲ့တဲ့သူက ခ်န္းက်စ္ျဖစ္နိုင္တယ္။
ဒါေပမယ့္ ဒါေတြအားလုံးက ကုမ်န္ရဲ႕ထင္ျမင္ခ်က္ေတြသာ။