ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်...
By KimHsuYoon99
115K 13.8K 109
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xig... More
Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 24
Chapter 23
Chapter 25
Chapter 26
Chapter 27
Good news😍
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 64
Chapter 63
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108
Chapter 75
785 110 1
By KimHsuYoon99
Unicode
၀မ့်ရှားက ကယောင်ချောက်ချားဖြစ်လာပြီး "မဟုတ်ဘူး၊ ကျွန်မ ကုမ္ပဏီအတွက် နှစ်တွေ အများကြီး ပိုက်ဆံရှာပေးခဲ့တယ်လေ ကုမ္ပဏီက ကျွန်မကို ဘယ်လိုလုပ် ဒီလိုမျိုးဆက်ဆံနိုင်မှာလဲ၊ မဟုတ်ဘူး၊ အစ်မနင်၊ အစ်မနင် အမှတ်မှားတာပဲဖြစ်မှာ"
အစ်မနင်က သူမရဲ့ခြေထောက်ကို ကိုင်ထားတဲ့ ၀မ့်ရှားရဲ့လက်တွေကို ဖယ်လိုက်ပြီး "ငါမှားနေတာတဲ့လား မစ္စတာ၀မ်ကို နင်ကိုယ်တိုင်သွားမေးကြည့်လိုက်လေ"
ဘာပဲပြောပြော ဖော်ထုတ်ခံလိုက်ရတာတွေက အသေးအဖွဲကိစ္စမဟုတ်ပေ။ ၀မ့်ရှားကို ဆက်ထိန်းသိမ်းထားရမယ့် ကုန်ကျစရိတ်က အရမ်းကြီးမားပြီး ကုမ္ပဏီက ဒီလိုအရှုံးပေါ်တဲ့အလုပ်ကို ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။
အစ်မနင်က လှည့်ထွက်ပြီး တံခါးဆီလျှောက်သွားလိုက်တယ်။ နည်းနည်းတွေးပြီးနောက် သူမက ခေါင်းကိုလှည့်ကာ ဝမ့်ရှားကို နောက်ဆုံးအကြိမ်အဖြစ် တစ်ချက်ကြည့်လိုက်ပြီး "၀မ့်ရှား နင်အခုကစပြီး ကိုယ့်ကိုကိုယ် ပံ့ပိုးရလိမ့်မယ်"
သူမက တံခါးဖွင့်ပြီး နောက်ပြန်လှည့်မကြည့်ဘဲ ထွက်သွားခဲ့တယ် ။
၀မ့်ရှားက သူမရဲ့မျက်နှာကို လက်နဲ့အုပ်ထားပြီး သူမရဲ့လက်ချောင်းတွေကြားကနေ မျက်ရည်တွေ စီးကျလာတော့တယ်။ အစ်မနင်က သူမကို ဘယ်တုန်းကမှ မလိမ်ညာဖူးဘူး။ ဒီလိုပြောတယ်ဆိုတည်းက ကုမ္ပဏီက သူမကို တကယ်ပဲ စွန့်ပစ်လိုက်တာဖြစ်လိမ့်မယ်။
အခုအချိန်မှာ သူမရဲ့ စိတ်အခြေအနေက အရမ်းရှုပ်ထွေးနေပြီး သူမဘာကို ပိုပြီးစိတ်မ‌ကောင်းဖြစ်ရမလဲဆိုတာ မသိတော့ဘူး။
အစ်မနင်နဲ့ မစ္စတာဝမ်ကို သူမမုန်းတီးပေမယ့်လည်း ကုမျန်ကို သူမအမုန်းဆုံးပင်။
ကုမျန်ကသာ သူမဆီကနေ ဇာတ်ကောင်လုယူမသွားခဲ့ရင် ဒါတွေ ဘာမှဖြစ်လာမှာမဟုတ်ဘူး။
ဒါပေမယ့် အခုတော့ သူမ ကုမျန်ကို ဘယ်လောက်ပဲမုန်းတီးနေပါစေ အသုံးမဝင်တော့ပေ။
ဒီဖော်ထုတ်မှုသုံးခုက အစသာရှိသေးကြောင်း ၀မ့်ရှားမသိသေးပါ။
သူမက ဒီနှစ်တွေတစ်လျှောက်လုံး ရေပန်းစားခဲ့တယ်။ သူမက ကံကောင်းပေမယ့်လည်း တစ်ခါတရံမှာ သူမရဲ့နည်းလမ်းတွေက မမှန်ကန်ပေ။
တစ်စုံတစ်ဦးဆီကနေ ဇာတ်ကောင်လုယူတာ၊ ကြယ်ပွင့်တစ်ဦးနဲ့ တိုက်မိပြီးနောက် အ၀တ်အစားပြောင်းလဲဖို့ တဖက်လူကို ဖိအားပေးတာ၊ လှည့်ကွက်ကြီးကြီးလုပ်တာ၊ အဖွဲ့သားတွေကို ရိုက်နှက်ပြီး ဆူပူကြိမ်းမောင်းတာ......။
အရင်က ၀မ့်ရှားကြုံခဲ့ရသမျှက နောက်ခံမရှိတဲ့ နူးညံ့တဲ့တည်သီးလေးတွေဖြစ်ပြီး ကုမ္ပဏီက သူမကို အပြည့်အဝထောက်ပံ့ကာ အပျက်သဘောဆောင်တဲ့ သတင်းအားလုံးကို ဖိနှိပ်ဖို့ ကူညီပေးခဲ့တယ်။ ဒီလိုနဲ့ သူမရဲ့ကြယ်ပွင့်လမ်းကြောင်းက ချောမွေ့နေခဲ့တာပင်။ သူမအဖွဲ့ရဲ့သင့်တော်တဲ့ စန်းတင်မှုနဲ့အတူ သူမက အောင်မြင်သူဖြစ်လာခဲ့တယ်။
ဒီတစ်ကြိမ်မှာတော့ သူမက နောက်ခံရှိတဲ့ ကုမျန်နဲ့ တိုးသွားခဲ့တယ်လေ။
သူမ မသိခဲ့တာက ကုကော်အန်းအပြင် လော့ချယ်လည်း ရှိသေးတယ်ဆိုတာပါပဲ။
‌ကုကော်အန်းနဲ့ လော့ချယ်တို့နှစ်ယောက်လုံးက ရင်ဆိုင်ရခက်ခဲတယ်။
၀မ့်ရှားရဲ့အတိတ်က အမည်းစက်သမိုင်းက သောင်းသောင်းဖြဖြရှိလှပြီး အရင်က သူမ ဇာတ်ကောင်လုယူတာကိုခံခဲ့ရတဲ့ မင်းသမီးတွေအားလုံးက သူမရဲ့ပြစ်မှုတွေကို စွပ်စွဲဖို့ ခုန်ပေါက်ခဲ့ကြတယ်။ တယောက်ပြီးတယောက်ပြောပြလာကြတဲ့ အစစ်အမှန်တူတွေနဲ့အတူ လူတိုင်းက ဖရဲသီးတွေ အများကြီးစားလိုက်ရတယ်။ ပြီးတော့ ပြောပြကြတဲ့အထဲမှာ လူတွေအများကြီးပါခဲ့ကြပြီး ရေက ပိုပြီးရွှံ့ထူလာတော့တယ်။
Weibo မှာ ၀မ့်ရှားအကြောင်း hot search က သုံးရက်ကြာခဲ့တယ်။
ဒီတစ်ခေါက်မှာတော့ သူမက မျှော်လင့်ချက်မဲ့ဖို့ကံ ပါလာတာပဲ။
---
ကုမျန်က လီနန်ကို ၀မ့်ရှားနဲ့ ပတ်သက်တဲ့သတင်း ထုတ်ပြန်ပေးဖို့ တောင်းဆိုခဲ့ပြီး ဒီကိစ္စကို ဂရုမစိုက်တော့ဘူး။
သူမက လီနန်ရဲ့လုပ်နိုင်စွမ်းကို ယုံကြည်ပြီး ဒီကိစ္စကို သူကောင်းကောင်းလုပ်နိုင်မယ်ဆိုတာ သိတယ်။
ညစာစားချိန်ရောက်တော့ ကုကော်အန်းက အိမ်ပြန်ဖို့ အချိန်ယူတယ်။
သူက အလုပ်တွေအမြဲရှုပ်နေပေမယ့် သူ့သမီးအတွက် အချိန်ပေးဖို့လုပ်နေဆဲပင်။ Reality showတစ်ခုရိုက်ကူးနေတုန်းမှာ မြွေကိုက်ခံရလုနီးပါးဖြစ်သွားပြီး သူမအန္တရာယ်များသွားရကြောင်း သူသိလိုက်ရတော့ အလုပ်အားလုံးကိုချထားကာ အိမ်ကို အလျင်စလိုပြန်လာခဲ့တယ်။
ကုမျန်ရဲ့အမူအရာက ပုံမှန်နဲ့ သိပ်မကွာခြားတာကိုတွေ့လိုက်ရတော့ သူ့စိတ်ထဲရှိနေတဲ့ စိုးရိမ်ပူပန်မှုတွေက နောက်ဆုံးမှာ ပျောက်ကွယ်သွား‌တော့တယ်။
"မျန်းမျန်၊ လတ်တလောမှာ အဖြစ်အပျက်တွေ အများကြီးဖြစ်ခဲ့တာမို့ အိမ်မှာ နောက်ထပ် ရက်အနည်းငယ်လောက် အနားယူလိုက်ဦးနော်"
ကုမျန်က တိုးတိုးလေးအသံပြုလိုက်တယ်။ ရိုးရိုးသားသားပြောရရင် သူမက အိမ်မှာပဲ မလှုပ်မယှက်နေချင်ပေမယ့်လည်း ဇာတ်ကြောင်းက ခွင့်မပြုလို့ အဲ့လိုလုပ်လို့မရနိုင်ဘူး။ သူမက ရက်အနည်းငယ်အတွင်း "impossible challenge" ကို ရိုက်ကူးရန် လိုအပ်ပေမယ့်လည်း ကုကော်အန်းကို ပြောပြဖို့တော့ မလိုအပ်လောက်ဘူး။
ကုကော်အန်းက ပြုံးပြီး "မျန်းမျန် ဒီနေ့ သမီးကို ထမင်းကောင်းကောင်းစားပြီး အနားယူဖို့အတွက် အဖေအပြင်ခေါ်သွားပေးမယ်"
ကုမျန်နဲ့ကုကော်အန်းအတွက် ထမင်းတူတူစားဖို့အခွင့်အရေးက သိပ်မရှိလှပေ။ သူမ ကုအိမ်ကိုပြန်ရောက်လာကတည်းက တူတူစားရတာ ငါးကြိမ်လောက်တောင် မရှိသေးပေ။
ဒီတစ်ကြိမ်မှာ ကုကော်အန်းက သူမကို အပန်းဖြေဖို့ ခေါ်သွားချင်တာကြောင့် သူရွေးချယ်ထားတဲ့ စားသောက်ဆိုင်က အဆောက်အဦး 108 ရဲ့ အပေါ်ထပ်မှာရှိတဲ့ ဆုံလည်စားသောက်ဆိုင်ဖြစ်တယ်။(revolving restaurant ပါ )
ဆုံလည်စားသောက်ဆိုင်မှာဆို ဖန်သားပြတင်းပေါက်တွေကနေတဆင့် မြို့တစ်ခုလုံးရဲ့ အံ့သြဖွယ်ရာညမြင်ကွင်းကို ၃၆၀ ဒီဂရီမြင်နိုင်တယ်။
ကုကော်အန်းက မီနူးကို ကုမျန်ဆီပေးလိုက်ပြီး သူမ လိုချင်တာကို အော်ဒါမှာစေတယ်။
ကုမျန်က ပြုံးပြီး သူမစားချင်တဲ့ဟင်းတွေ အများကြီးမှာလိုက်တယ်။
ကုကော်အန်းက သက်ပြင်းချလိုက်ပြီး "မျန်းမျန်၊ ဖျော်ဖြေရေးနယ်ပယ်က တကယ်ကို ရှုပ်ထွေးနေတာပဲလို့ အဖေထင်တယ် သမီးဘာလို့ တခြားအလုပ် မရှာတာလဲ၊  အဖေ့ကုမ္ပဏီကို လာကူညီလို့လည်း ရတာပဲ"
ကုမျန်ဖျော်ဖြေရေးနယ်ပယ်ထဲကို ဝင်သွားကတည်းက ဒီလိုအချိန်တိုလေးအတွင်း အဖြစ်အပျက်တွေ အများကြီးဖြစ်ပျက်ခဲ့တယ်။ ဖခင်တစ်ယောက်အနေနဲ့ ဖျော်ဖြေရေးနယ်ပယ်ထဲမှာ သူမကို တကယ်မနေစေချင်ဘူး။
ကုမျန်က သူမရဲ့နှုတ်ခမ်းတွေကို တင်းတင်းစေ့လိုက်ပြီး ဘာမှပြန်မဖြေဘူး။
ကုကော်အန်းက သူမဆိုလိုတာကို နားလည်ပြီး သက်ပြင်းအနည်းငယ်ချလိုက်တယ်။ "သမီးရဲ့ဆုံးဖြတ်ချက်ကို အဖေလေးစားတယ် ဒါပေမယ့် သမီးက စားသောက်ဖို့အတွက် သရုပ်ဆောင်လုပ်မယ့်အပေါ် အားကိုးနေစရာ မလိုဘူးဆိုတာ သမီးကိုသိစေချင်တာ ဖျော်ဖြေရေးနယ်ပယ်ထဲမှာ သမီးမနေနိုင်ရင်တောင် သမီးရဲ့ အားကောင်းတဲ့နောက်ခံဖြစ်တဲ့ အဖေရှိသေးတယ်"
ဒီဝါကျက ဖခင်တစ်ဦးရဲ့ သားသမီးအပေါ် ချစ်ခြင်းမေတ္တာကိုဖော်ပြတဲ့  လက်ဆုပ်လက်ကိုင်အပြနိုင်ဆုံးသော နည်းလမ်းဖြစ်တယ်။
ကုမျန်က ဖခင်မေတ္တာကို တစ်ခါမှမခံစားခဲ့ရဖူးဘူး။ကုကော်အန်းရဲ့ နှလုံးသားအောက်ခြေကနေလာတဲ့ စကားတွေကို သူမကြားလိုက်ရတော့ သူမရဲ့နှလုံးသားကြိုးလေးတွေက လှုပ်ရှားသွားခဲ့တယ်။
သူမရင်ထဲ ထိသွားခဲ့တယ်။“နားလည်ပါပြီ ဖေဖေ”
ထမင်းစားနေစဉ်မှာ ကုကော်အန်းက ဖုန်း‌ကောလ်တွေအများကြီး ရရှိခဲ့ပေမယ့် သူက ဖုန်းချလိုက်တယ်။ နောက်ပိုင်း သူ့ကို ဖုန်းထပ်ခေါ်လာတော့ ကုကော်အန်းက ဖုန်းကို ရိုးရိုးရှင်းရှင်းပဲ ပိတ်ပစ်လိုက်တယ်။
ကုမျန်က သူအလုပ်အရမ်းရှုပ်နေမှန်းသိတာကြောင့် သူမက သူအလုပ်ကိုအရင်ဆုံးကိုင်တွယ်ဖို့ နားလည်မှုရှိရှိနဲ့ တောင်းဆိုလိုက်ရတယ်။ ကုကော်အန်းက ‌လတ်တလော သူကိုင်တွယ်နေတဲ့ ကြီးမားတဲ့အော်ဒါကို တွေးမိသွားတော့ ခနလောက်တုံ့ဆိုင်းသွားပြီး ဖုန်းပြန်ဖြေဖို့ သန့်စင်ခန်းကို အရင်ဆုံးထွက်သွားခဲ့တယ်။
Zawgyi
---
Continue Reading
You'll Also Like
192K 29.1K 72
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
403K 52.1K 133
စာရေးသူ : ချင်းဟွားရန် အမျိုးအစား : Adventure, comedy, romance ,xuanhuan, psychological I own nothing.Just translating. Both unicode and zawgyi. #Not...
704K 37.9K 46
ဤဇာတ်လမ်းတွင် ပါဝင်သော ဇာတ်လမ်း၊ဇာတ်ကွက်၊ဇာတ်ကောင်များသည် စာရေးသူရဲ့ စိတ်ကူးဉာဏ်‌ေသး‌ေသးဖြင့်သာ ပုံဖော်ထားခြင်းဖြစ်လို့ တိုက်ဆိုင်မှု တွေရှိခဲ့ရင် ခွ...
477K 68.4K 171