အခန်း ၁၀ ကျီးပါးစပ်ချိုင့်ဝှမ်း (အပိုင်း ၅)
"ဒီနေရာက ရှုခင်းတွေက ဒီလောက်လှမယ်လို့ မမျှော်လင့်ထားမိဘူး၊ ဝိုင်လေးသောက်ပြီး လပြည့်ညကို ရှု့စားရရင် အရမ်းကောင်းမယ်"
သူတို့မျက်စိရှေ့တွင် မြင်နေရသော စိမ်းစိမ်းစိုစိုနေရာများနှင့် ရေခိုးရေငွေ့များက အုံ့ဆိုင်းနေပေမယ့် လန်းဆန်းတက်ကြွမှုကိုတော့ ခံစားရစေသည်။ ဆိတ်ငြိမ်သော ဤချိုင့်ဝှမ်းက နေရာ ကောင်းတစ်ခုဖြစ်ပြီး နောင်တွင် ဤနေရာသို့ မကြာခဏ လာရောက်လည်ပတ်သင့်သည်။
မူရိက ချိုင့်ဝှမ်းအစွန်းတွင် ရပ်နေပြီး သူ၏အနီရောင်ဝတ်စုံနှင့် စိမ်းလန်းစိုပြေသောပတ်ဝန်းကျင်၏ပေါင်းစပ်မှုက စိတ်ကူးယဉ်ဆန်သော ရှုခင်းတစ်ခုကို ဖန်းတီးပေးနိုင်ခဲ့သည်။ မူရိကိုယ်တိုင်ကတော့ သူ့၏တည်ရှိနေခြင်းက စိမ်းလန်းစိုပြေသော ပတ်ဝန်းကျင်ကို အရောင်ပြောင်းစေခဲ့သည်ကို သိပုံမပေါ်ပေ။ ကုယွင်က သူလို အပန်းဖြေဖို့ ဒိနေရာကို ရောက်နေတာ မဟုတ်တာကြောင့် သူမမှာ ပိုအရေးကြီးတာတွေ လုပ်စရာရှိနေခဲ့သည်။
ကုယွင်က ခေါင်းကို မော့လိုက်ပြီး မြင့်သောသစ်ပင်ကြီးတစ်ပင်ကို ကြည့်ကာ လမ်ရှောင်းနှင့် လျိုရှင်းကို လှမ်းပြောလိုက်သည်။ "လမ်ရှောင်း၊ လျိုရှင်း၊ မင်းတို့နှစ်ယောက် တစ်ယောက်က ဘယ်ဘက်ကိုသွား နောက်တစ်ဘောက်က ညာဘက်ကို သွား၊ ပြီးရင် အမြင့်တစ်နေရာရှာပြီး ပတ်ဝန်းကျင်ကို အပေါ်စီးကနေ ငုံ့ကြည့်ပြီး မင်းတို့ မြင်နေရတဲ့အရာတွေကို သေချာ ပြန်ပြောပြ၊ အဲ့တာတွေကို မြေပြင်ပေါ်ကနေ ပုံပြန်ဆွဲနိုင်ဖို့ အချိုးအစားတွေကို သေချာအာရုံစိုက်"
"ဟုတ်ကဲ့" သူတို့နှစ်ယောက်က ဘာမှ ပြန်မပြောဘဲ မြင့်မားသော သစ်ပင်ကြီးတစ်ပင်စီကို ရွေးချယ်ပြီး အပေါ်တက်ရန် အာရုံစိုက်လိုက်ကြသည်။ ခဏအကြာတွင် သူတို့နှစ်ယောက်က သစ်ကိုင်းထိပ်ပေါ်သို့ ရောက်သွားပြီး သစ်ကိုင်းပေါ်တွင် အကျအန ထိုင်ကာ ကုယွင်ထံသို့ အချက်ပြလိုက်သည်။ ထိုနောက် မနက်ခင်းတုန်းက လက်ခဲ့ရရှိခဲ့သော မီးသွေးနဲ့ စက္ကူများကို ထုတ်ယူကာ ပတ်ဝန်းကျင်မှ အရာများကို ကြည့်ရင်း ပုံဆွဲခြင်းကို လေးလေးနက်နက် စတင်လိုက်ကြသည်။
မထင်မှတ်ဘဲ မီးသွေးက သုံးရတာ ပုံလွယ်နေတယ်ဟ!!! နောက်ဆိုရင် မှင်နဲ့ စုတ်တံတွေ မသုံးတော့ဘူးကွာ။
စုလင်းက ကုယွင်၏အမိန့်ကို ကောင်းကောင်းမွန်မွန် နာခံနေသော သန်မာသည့်လူငယ် နှစ်ယောက်ကို စေ့စေ့စပ်စပ် စိုက်ကြည့်လိုက်သည်။ ခနတာမျှ လေးလေးနက်နက် တွေးတောပြီးချိန်တွင် သူ့မျက်လုံးများက ပိုမို တောက်ပလာသည်။ သူက တိတ်ဆိတ်နေပေမယ့် လက်ထောက်ယုကတော့ အငြိမ်မနေနိုင်တော့ဘဲ "သခင်... ချင်းသခင်မလေး... ကျွန်တော်မျိုး လုပ်ပေးနိုင်တာ တစ်ခုခုရှိလား"
ကုယွင်၏ အေးစက်သောအကြည့်အောက်တွင် လက်ထောက်ယုက သူ့ခေါ်အဝေါ်ကို ချက်ချင်း ပြောင်းလဲလိုက်ရသည်။
ကုယွင်က စုလင်းကို စိုက်ကြည့်နေရင်း ပြုံးလိုက်ကာ "မင်းတို့က စစ်သူကြီးစုရဲ့ အမိန့်ကို နားထောင်ကြလေ။ ကျွန်မက စစ်သူကြီးစုရဲ့ အရည်အချင်းရှိတဲ့ စစ်သည်တွေကို ပေါ့ပေါ့တန်တန် အမိန့်ပေးဝံ့တာ မဟုတ်ပါဘူး"
လက်ထောက်ယုက အံ့အားသင့်သွားပြီး ထိုနေရာတွင် တုံဆိုင်းစွာ ရပ်နေခဲ့သော်လည်း စုလင်းထံမှ ရေခဲတုံးကဲ့သို့ အေးစက်သောလေထုက သူ့ဆီသို့ တည့်တည့်တိုးဝင်နေသည်ကို ခံစားနေရပြီဖြစ်တာကြောင့် စုလင်းကို ပြန်မကြည့်ဝံ့တော့ပေ။
စုရန်က မနေ့ညက စုလင်းနှင့် တစ်နာရီခန့်ကြာအောင် စကားပြောခဲ့ပြီး ချင်းမော့က စုယွိကို အနိုင်ယူခဲ့ပုံ၊ တပ်သားသစ်များ၏ နှလုံးသားကို ပြန်လည်ရရှိခဲ့ပုံ၊ သူမက ဉာဏ်ကောင်းပြီး သတ္တိရှိကာ အခက်အခဲများကို ကြံ့ကြံ့ခံနိုင်ပုံတို့ကို ပြောပြခဲ့သည်။ စုရန်က ထိုကဲ့သို့ တစ်စုံတစ်ဦးကို ချီးမွမ်းရန် သူ့ဘက်မှ စတင်ခြင်းက ပထမဆုံးအကြိမ် ဖြစ်သော်လည်း စုလင်းက သံသယများရှိနေဆဲပင်။ သူမကဲ့သို့ သူကြွယ်မျိုးရိုးတွင် မွေးဖွားလာခဲ့သော မိန်းမငယ်လေးက စစ်ပညာကို အနည်းငယ် သိပြီး သိုင်းပညာကို ကျွမ်းကျွမ်းကျင်ကျင် တက်မြောက်နိုင်တယ်ဆိုရင်တောင် သူမက ဘယ်သောအခါမျှ ဒုက္ခများနှင့် ရင်ဆိုင်ဖူးမှာ မဟုတ်ဘူးလို့ သူ အခိုင်အမာ ပြောနိုင်သေးသည်။ ( T/N: သူတွေးတာက ပညာတွေက သင်ထားရင်တက်နိုင်တယ်၊ လက်တွေ့ ရင်မဆိုင်ဖူးဘူးလို့ ပြောချင်တာထင်ပါတယ်၊ ချင်းမော့ရဲ့နောက်ခံက သူဌေးသမီး နုနုငယ်ငယ်လေးဆိုတော့လေ)
ဒါက ဒီနေ့ သူမကို ဒီကို လိုက်လာဖို့ ခွင့်ပြုပေးခဲ့တဲ့ အကြောင်းအရင်း အမှန်ပါ။ သူမက စစ်တပ်ထဲမှာ နေချင်တာလား? စစ်မှန်တဲ့ ချီတက်ခြင်းက ဘယ်လိုဆိုတာနဲ့ ရင်ဆိုင်ရမယ့် အခက်အခဲအခက်တွေကို သူမ ကိုယ်တိုင် ကြည့်ပါစေလေ။
ကုယွင်က စုလင်း ဘာတွေတွေးနေမှန်းကို သဘာဝကျကျ မသိခဲ့ပါဘူး။ သူမက ချိုင့်ဝှမ်းဘက်ကို လှမ်းကြည့်နေပြီး သူမမျက်လုံးများကို မှေးကျဥ်းထားသည်။ ဟိုဘက်ကမ်းမှာရှိတဲ့ သစ်ပင်တွေက ဒီဘက်ထက် ပိုထူထပ်နေတာကို မြင်လိုက်ရပြီး မြေပြင်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ ကုယွင်က "စစ်သူကြီးလို့၊ ဟိုဖက်ခြမ်းက ရှင်ပြောခဲ့တဲ့ သစ်တောလား?"
အခန်း ၁၀ ကျီးပါးစပ်ချိုင့်ဝှမ်း (အပိုင်း ၆)
လို့မူဟိုင်က ခေါင်းညိတ်ပြကာ ပြန်ဖြေလိုက်သည်။ "ဟုတ်တယ်၊ ငါ တပ်ဖွဲ့ဝင်တွေကို ခေါ်ပြီး သွားခဲ့ဖူးပေမယ့် ဆယ်လီထက်ပိုပြိး ထပ်မဝင်ရဲခဲ့ဘူး။ အတွင်းထဲမှာ အရမ်းစိုစွတ်နေတယ်။ ပြီးတော့ သစ်ပင်အမြင့်ကြီးတွေက နေရောင်ကို ပိတ်ဆို့ထားတယ်၊ အဲ့တာက အရမ်းဆိုးလွန်းလို့ ကောင်းကင်ကိုတောင် မမြင်ရဘူး။ မွန်းတည့်အချိန်လောက်မှ အလင်းရောင်နည်းနည်းပဲရပြီး အဆိပ်ရှိတဲ့ အင်းဆက်တွေလည်း အများကြီး ရှိနေသေးတယ်"
သူတို့ အချိန်အတော်ကြာ ပြောဆိုဆက်ဆံပြီးနောက်မှာတော့ ချင်းမော့က အမှန်တကယ် မိန်းကလေးကောင်းတစ်ဦးဖြစ်တယ်ဆိုတာကို သူ နားလည်ခဲ့ပြီး သူမက စစ်သူကြီးစုနဲ့ ထိုက်တန်တဲ့သူဆိုတာကို သူ လက်ခံထားပြီးပြီ။ စစ်သူကြီးအိမ်တော်က လူတိုင်းက သူမကို သခင်မလို့ ခေါ်ဝေါ်နေကြတာက မမှားဘူး။ အဲ့လို မခေါ်နိုင်စရာ အကြောင်းလည်း မရှိဘူး!
ဒါပေမယ့် လူငယ်စုံတွဲတွေကြားက ဆက်ဆံရေးက နားလည်ရခက်တာကြောင့် လို့မူဟိုင်က ခေါင်းယမ်းလိုက်ပြီး အဲ့ကိစ္စတွေကို ဂရုမစိုက်တော့ဘဲ ဝင်မပါတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ သူက ဓားပြတွေကို နှိမ်နင်းရာဖို့ စစ်သူကြီးစုကို ကူညီချင်ရုံပါပဲ။
လို့မူဟိုင်က ဆန့်ကျင်ဘက် ကျောက်သားနံရံကို ညွှန်ပြရင်း စိုးရိမ်တကြီးနဲ့ "သူပုန်တွေ ချိန်းဆိုထားတဲ့နေရာက အဲ့ဒိနေရာပဲ၊ သူတို့က ဗျုဟာမှူးဟန်ကို ခေါ်ထုတ်လာပြီး စစ်သူကြီးစုကို အဲ့နေရာကို တစ်ယောက်တည်း လာခိုင်းမှာကို ငါ စိုးရိမ်တယ်။ ငါတို့ စစ်သည်တွေအနေနဲ့က ဒီချိုင့်ဝှမ်းကို ဖြတ်ကျော်ဖို့ ခက်ခဲလိမ့်မယ်၊ အဲ့တာဆိုရင် ချောက်ရဲ့ တစ်ဖက်မှာ စစ်သူကြီးစုက ဓားပြတွေကို တစ်ယောက်တည်း ရင်ဆိုင်ရပြီး အန္တရာယ်ထဲကို ကျရောက်သွားလိမ့်မယ်။ သူတို့ စစ်သူကြီးစုကို မိုးသစ်တောထဲ ခေါ်သွားရင်လည်း နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာနိုင်သေးတယ်!"
မူရိက ရှုခင်းတွေကို လုံလုံလောက်လောက် အကဲခတ်ပြီးနောက် အပြုံးတစ်ခုဖြင့် လှောင်ပြောင်လိုက်သည်။ "စုလင်း၊ တခြားလူတွေရဲ့ စိတ်ထဲမှာ မင်းက အရမ်းကို အသုံးမဝင်ဘူးပဲ?"
မူရိက ရယ်စရာကောင်းတယ်လို့ပဲ တွေးနေမိသည်။ အဲ့လိုသူပုန်တွေလောက်က စုလင်းကို လွယ်လွယ်တိုက်ခိုက်နိုင်မယ်ဆိုရင် စုလင်းက စစ်ဗိုလ်ချုပ်တောင် ဖြစ်လာမှာ မဟုတ်ဘူး။
လို့မူဟိုင်၏မျက်နှာက တင်းမာသွားပြီး သူ့လေသံက သိသိသာသာ အေးစက်သွားကာ "ကျွန်တော်မျိုးမှာ အဲ့လိုအတွေးမျိုး မရှိပါဘူး၊ စစ်သူကြီးစုက အထင်မလွဲပါနဲ့၊ တစ်ဖက်က ပတ်ဝန်းကျင်က တကယ့်ကို အန္တရာယ်များပြီး အဲဒီ သူပုန်တွေကလည်း အရမ်းကောက်ကျစ်တယ်၊ စစ်သူကြီးက ကြီးလေးတဲ့ တာဝန်ကို ဆောင်ရွက်ရမှာမို့ .."
စုလင်းက လို့မူဟိုင်ရဲ့ ပုခုံးကို ခပ်တင်းတင်း ပုတ်လိုက်ပြီး "လို့စစ်သူကြီး၊ သူ့ကို ဂရုပြုစိုက်စရာ မလိုပါဘူး။ ဒီလူက စစ်သူကြီးရဲ့ စိုးရိမ်မှုကို နားလည်ပါတယ်"
ဒီခရီးမှာ မူရိကို သူနဲ့လိုက်ခဲ့ဖို့ သဘောတူခဲ့မိတာ သူ ရူးသွပ်နေခဲ့လို့ပဲ!
နောက်ဆုံးတွင် လို့မူဟိုင်၏အမူအရာက တိုးတက်လာခဲ့ပြီး စုလင်းက "ဒီချိုင့်ဝှမ်းက ဘယ်လောက်ရှည်လဲ၊ အဲဒါကို လှည့်ပတ်ပြီး သွားလို့ရနိုင်လား? ဟိုဘက်မှာ ချောင်းမြောင်းပြီး ကြိုစောင့်နေလို့ ရနိုင်လား?"
ကုယွင်က ချိုင်းဝှမ်း၏ နူတ်ခမ်းစပ်တွင် ရပ်နေပြီး ပတ်ဝန်းကျင်ကို ဝိညာဉ်တစ်ကောင်၏မျက်လုံးများနှင့်တူသော မျက်ဝန်းတစ်စုံဖြင့် တိတ်တဆိတ် ကြည့်ရှုနေသည်။ ထိုအချိန်တွင် လမ်ရှောင်း နှင့် လျိုရှင်း တို့က သစ်ပင်ပေါ်မှ ဆင်းလာကြပြီး သူတို့ လက်ထဲမှ စာရွက်များကို ကုယွင်ထံ အပ်လိုက်ကြသည်။
"ခေါင်းဆောင်၊ ရပြီ"
ကုယွင်က ဝမ်းသာအားရ လှမ်းယူလိုက်ပြီး "မင်းတို့ရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်"
ထိုစကားကို ပြောပြီးသည်နှင့် ကုယွင်က သူမလက်ထဲတွင်ရှိသော မြေပုံများကို အာရုံစိုက်နေတာကြောင့် သူတို့က သူမရှေ့မှာ ဆက်မနေရဲဘဲ နှစ်ယောက်သား တွန့်ဆုတ်တွန့်ဆုတ်နဲ့ နောက်ပြန်ဆုတ်သွားကြသော်လည်း ကုယွင်က သူတို့ကို သတိမထားမိပုံရသည်။ သို့သော် သူတို့၏ မျက်လုံးများတွင် ဖျတ်ခနဲ ပေါ်လာသော အရိပ်အယောင်များက ဘာမှ လုပ်မနေသော မူရိကို ဖမ်းစားထားနိုင်ဆဲဖြစ်သည်။
ချင်းမော့...ဒီအမျိုးသမီးက လူတွေရဲ့နှလုံးသားကို ဘယ်လို အနိုင်ယူရမယ်ဆိုတာကို သိနေတာပဲ...
❤️❤️❤️Thank you so much for your lovely supports❤️❤️❤️
အခန္း ၁၀ က်ီးပါးစပ္ခ်ိဳင့္ဝွမ္း (အပိုင္း ၅)
"ဒီေနရာက ရႈခင္းေတြက ဒီေလာက္လွမယ္လို႔ မေမွ်ာ္လင့္ထားမိဘူး၊ ဝိုင္ေလးေသာက္ၿပီး လျပည့္ညကို ရႈ႕စားရရင္ အရမ္းေကာင္းမယ္"
သူတို႔မ်က္စိေရွ႕တြင္ ျမင္ေနရေသာ စိမ္းစိမ္းစိုစိုေနရာမ်ားႏွင့္ ေရခိုးေရေငြ႕မ်ားက အုံ႔ဆိုင္းေနေပမယ့္ လန္းဆန္းတက္ႂကြမႈကိုေတာ့ ခံစားရေစသည္။ ဆိတ္ၿငိမ္ေသာ ဤခ်ိဳင့္ဝွမ္းက ေနရာ ေကာင္းတစ္ခုျဖစ္ၿပီး ေနာင္တြင္ ဤေနရာသို႔ မၾကာခဏ လာေရာက္လည္ပတ္သင့္သည္။
မူရိက ခ်ိဳင့္ဝွမ္းအစြန္းတြင္ ရပ္ေနၿပီး သူ၏အနီေရာင္ဝတ္စုံႏွင့္ စိမ္းလန္းစိုေျပေသာပတ္ဝန္းက်င္၏ေပါင္းစပ္မႈက စိတ္ကူးယဥ္ဆန္ေသာ ရႈခင္းတစ္ခုကို ဖန္းတီးေပးႏိုင္ခဲ့သည္။ မူရိကိုယ္တိုင္ကေတာ့ သူ႔၏တည္ရွိေနျခင္းက စိမ္းလန္းစိုေျပေသာ ပတ္ဝန္းက်င္ကို အေရာင္ေျပာင္းေစခဲ့သည္ကို သိပုံမေပၚေပ။ ကုယြင္က သူလို အပန္းေျဖဖို႔ ဒိေနရာကို ေရာက္ေနတာ မဟုတ္တာေၾကာင့္ သူမမွာ ပိုအေရးႀကီးတာေတြ လုပ္စရာရွိေနခဲ့သည္။
ကုယြင္က ေခါင္းကို ေမာ့လိုက္ၿပီး ျမင့္ေသာသစ္ပင္ႀကီးတစ္ပင္ကို ၾကည့္ကာ လမ္ေရွာင္းႏွင့္ လ်ိဳရွင္းကို လွမ္းေျပာလိုက္သည္။ "လမ္ေရွာင္း၊ လ်ိဳရွင္း၊ မင္းတို႔ႏွစ္ေယာက္ တစ္ေယာက္က ဘယ္ဘက္ကိုသြား ေနာက္တစ္ေဘာက္က ညာဘက္ကို သြား၊ ၿပီးရင္ အျမင့္တစ္ေနရာရွာၿပီး ပတ္ဝန္းက်င္ကို အေပၚစီးကေန ငုံ႔ၾကည့္ၿပီး မင္းတို႔ ျမင္ေနရတဲ့အရာေတြကို ေသခ်ာ ျပန္ေျပာျပ၊ အဲ့တာေတြကို ေျမျပင္ေပၚကေန ပုံျပန္ဆြဲႏိုင္ဖို႔ အခ်ိဳးအစားေတြကို ေသခ်ာအာ႐ုံစိုက္"
"ဟုတ္ကဲ့" သူတို႔ႏွစ္ေယာက္က ဘာမွ ျပန္မေျပာဘဲ ျမင့္မားေသာ သစ္ပင္ႀကီးတစ္ပင္စီကို ေ႐ြးခ်ယ္ၿပီး အေပၚတက္ရန္ အာ႐ုံစိုက္လိုက္ၾကသည္။ ခဏအၾကာတြင္ သူတို႔ႏွစ္ေယာက္က သစ္ကိုင္းထိပ္ေပၚသို႔ ေရာက္သြားၿပီး သစ္ကိုင္းေပၚတြင္ အက်အန ထိုင္ကာ ကုယြင္ထံသို႔ အခ်က္ျပလိုက္သည္။ ထိုေနာက္ မနက္ခင္းတုန္းက လက္ခဲ့ရရွိခဲ့ေသာ မီးေသြးနဲ႔ စကၠဴမ်ားကို ထုတ္ယူကာ ပတ္ဝန္းက်င္မွ အရာမ်ားကို ၾကည့္ရင္း ပုံဆြဲျခင္းကို ေလးေလးနက္နက္ စတင္လိုက္ၾကသည္။
မထင္မွတ္ဘဲ မီးေသြးက သုံးရတာ ပုံလြယ္ေနတယ္ဟ!!! ေနာက္ဆိုရင္ မွင္နဲ႔ စုတ္တံေတြ မသုံးေတာ့ဘူးကြာ။
စုလင္းက ကုယြင္၏အမိန႔္ကို ေကာင္းေကာင္းမြန္မြန္ နာခံေနေသာ သန္မာသည့္လူငယ္ ႏွစ္ေယာက္ကို ေစ့ေစ့စပ္စပ္ စိုက္ၾကည့္လိုက္သည္။ ခနတာမွ် ေလးေလးနက္နက္ ေတြးေတာၿပီးခ်ိန္တြင္ သူ႔မ်က္လုံးမ်ားက ပိုမို ေတာက္ပလာသည္။ သူက တိတ္ဆိတ္ေနေပမယ့္ လက္ေထာက္ယုကေတာ့ အၿငိမ္မေနႏိုင္ေတာ့ဘဲ "သခင္... ခ်င္းသခင္မေလး... ကြၽန္ေတာ္မ်ိဳး လုပ္ေပးႏိုင္တာ တစ္ခုခုရွိလား"
ကုယြင္၏ ေအးစက္ေသာအၾကည့္ေအာက္တြင္ လက္ေထာက္ယုက သူ႔ေခၚအေဝၚကို ခ်က္ခ်င္း ေျပာင္းလဲလိုက္ရသည္။
ကုယြင္က စုလင္းကို စိုက္ၾကည့္ေနရင္း ၿပဳံးလိုက္ကာ "မင္းတို႔က စစ္သူႀကီးစုရဲ႕ အမိန႔္ကို နားေထာင္ၾကေလ။ ကြၽန္မက စစ္သူႀကီးစုရဲ႕ အရည္အခ်င္းရွိတဲ့ စစ္သည္ေတြကို ေပါ့ေပါ့တန္တန္ အမိန႔္ေပးဝံ့တာ မဟုတ္ပါဘူး"
လက္ေထာက္ယုက အံ့အားသင့္သြားၿပီး ထိုေနရာတြင္ တုံဆိုင္းစြာ ရပ္ေနခဲ့ေသာ္လည္း စုလင္းထံမွ ေရခဲတုံးကဲ့သို႔ ေအးစက္ေသာေလထုက သူ႔ဆီသို႔ တည့္တည့္တိုးဝင္ေနသည္ကို ခံစားေနရၿပီျဖစ္တာေၾကာင့္ စုလင္းကို ျပန္မၾကည့္ဝံ့ေတာ့ေပ။
စုရန္က မေန႔ညက စုလင္းႏွင့္ တစ္နာရီခန႔္ၾကာေအာင္ စကားေျပာခဲ့ၿပီး ခ်င္းေမာ့က စုယြိကို အႏိုင္ယူခဲ့ပုံ၊ တပ္သားသစ္မ်ား၏ ႏွလုံးသားကို ျပန္လည္ရရွိခဲ့ပုံ၊ သူမက ဉာဏ္ေကာင္းၿပီး သတၱိရွိကာ အခက္အခဲမ်ားကို ႀကံ့ႀကံ့ခံႏိုင္ပုံတို႔ကို ေျပာျပခဲ့သည္။ စုရန္က ထိုကဲ့သို႔ တစ္စုံတစ္ဦးကို ခ်ီးမြမ္းရန္ သူ႔ဘက္မွ စတင္ျခင္းက ပထမဆုံးအႀကိမ္ ျဖစ္ေသာ္လည္း စုလင္းက သံသယမ်ားရွိေနဆဲပင္။ သူမကဲ့သို႔ သူႂကြယ္မ်ိဳး႐ိုးတြင္ ေမြးဖြားလာခဲ့ေသာ မိန္းမငယ္ေလးက စစ္ပညာကို အနည္းငယ္ သိၿပီး သိုင္းပညာကို ကြၽမ္းကြၽမ္းက်င္က်င္ တက္ေျမာက္ႏိုင္တယ္ဆိုရင္ေတာင္ သူမက ဘယ္ေသာအခါမွ် ဒုကၡမ်ားႏွင့္ ရင္ဆိုင္ဖူးမွာ မဟုတ္ဘူးလို႔ သူ အခိုင္အမာ ေျပာႏိုင္ေသးသည္။ ( T/N: သူေတြးတာက ပညာေတြက သင္ထားရင္တက္ႏိုင္တယ္၊ လက္ေတြ႕ ရင္မဆိုင္ဖူးဘူးလို႔ ေျပာခ်င္တာထင္ပါတယ္၊ ခ်င္းေမာ့ရဲ႕ေနာက္ခံက သူေဌးသမီး ႏုႏုငယ္ငယ္ေလးဆိုေတာ့ေလ)
ဒါက ဒီေန႔ သူမကို ဒီကို လိုက္လာဖို႔ ခြင့္ျပဳေပးခဲ့တဲ့ အေၾကာင္းအရင္း အမွန္ပါ။ သူမက စစ္တပ္ထဲမွာ ေနခ်င္တာလား? စစ္မွန္တဲ့ ခ်ီတက္ျခင္းက ဘယ္လိုဆိုတာနဲ႔ ရင္ဆိုင္ရမယ့္ အခက္အခဲအခက္ေတြကို သူမ ကိုယ္တိုင္ ၾကည့္ပါေစေလ။
ကုယြင္က စုလင္း ဘာေတြေတြးေနမွန္းကို သဘာဝက်က် မသိခဲ့ပါဘူး။ သူမက ခ်ိဳင့္ဝွမ္းဘက္ကို လွမ္းၾကည့္ေနၿပီး သူမမ်က္လုံးမ်ားကို ေမွးက်ဥ္းထားသည္။ ဟိုဘက္ကမ္းမွာရွိတဲ့ သစ္ပင္ေတြက ဒီဘက္ထက္ ပိုထူထပ္ေနတာကို ျမင္လိုက္ရၿပီး ေျမျပင္ကို ရွင္းရွင္းလင္းလင္း မျမင္ႏိုင္ေပ။ ကုယြင္က "စစ္သူႀကီးလို႔၊ ဟိုဖက္ျခမ္းက ရွင္ေျပာခဲ့တဲ့ သစ္ေတာလား?"
အခန္း ၁၀ က်ီးပါးစပ္ခ်ိဳင့္ဝွမ္း (အပိုင္း ၆)
လို႔မူဟိုင္က ေခါင္းညိတ္ျပကာ ျပန္ေျဖလိုက္သည္။ "ဟုတ္တယ္၊ ငါ တပ္ဖြဲ႕ဝင္ေတြကို ေခၚၿပီး သြားခဲ့ဖူးေပမယ့္ ဆယ္လီထက္ပိုၿပိး ထပ္မဝင္ရဲခဲ့ဘူး။ အတြင္းထဲမွာ အရမ္းစိုစြတ္ေနတယ္။ ၿပီးေတာ့ သစ္ပင္အျမင့္ႀကီးေတြက ေနေရာင္ကို ပိတ္ဆို႔ထားတယ္၊ အဲ့တာက အရမ္းဆိုးလြန္းလို႔ ေကာင္းကင္ကိုေတာင္ မျမင္ရဘူး။ မြန္းတည့္အခ်ိန္ေလာက္မွ အလင္းေရာင္နည္းနည္းပဲရၿပီး အဆိပ္ရွိတဲ့ အင္းဆက္ေတြလည္း အမ်ားႀကီး ရွိေနေသးတယ္"
သူတို႔ အခ်ိန္အေတာ္ၾကာ ေျပာဆိုဆက္ဆံၿပီးေနာက္မွာေတာ့ ခ်င္းေမာ့က အမွန္တကယ္ မိန္းကေလးေကာင္းတစ္ဦးျဖစ္တယ္ဆိုတာကို သူ နားလည္ခဲ့ၿပီး သူမက စစ္သူႀကီးစုနဲ႔ ထိုက္တန္တဲ့သူဆိုတာကို သူ လက္ခံထားၿပီးၿပီ။ စစ္သူႀကီးအိမ္ေတာ္က လူတိုင္းက သူမကို သခင္မလို႔ ေခၚေဝၚေနၾကတာက မမွားဘူး။ အဲ့လို မေခၚႏိုင္စရာ အေၾကာင္းလည္း မရွိဘူး!
ဒါေပမယ့္ လူငယ္စုံတြဲေတြၾကားက ဆက္ဆံေရးက နားလည္ရခက္တာေၾကာင့္ လို႔မူဟိုင္က ေခါင္းယမ္းလိုက္ၿပီး အဲ့ကိစၥေတြကို ဂ႐ုမစိုက္ေတာ့ဘဲ ဝင္မပါေတာ့ဘူးလို႔ ဆုံးျဖတ္လိုက္တယ္။ သူက ဓားျပေတြကို ႏွိမ္နင္းရာဖို႔ စစ္သူႀကီးစုကို ကူညီခ်င္႐ုံပါပဲ။
လို႔မူဟိုင္က ဆန႔္က်င္ဘက္ ေက်ာက္သားနံရံကို ၫႊန္ျပရင္း စိုးရိမ္တႀကီးနဲ႔ "သူပုန္ေတြ ခ်ိန္းဆိုထားတဲ့ေနရာက အဲ့ဒိေနရာပဲ၊ သူတို႔က ဗ်ဳဟာမႉးဟန္ကို ေခၚထုတ္လာၿပီး စစ္သူႀကီးစုကို အဲ့ေနရာကို တစ္ေယာက္တည္း လာခိုင္းမွာကို ငါ စိုးရိမ္တယ္။ ငါတို႔ စစ္သည္ေတြအေနနဲ႔က ဒီခ်ိဳင့္ဝွမ္းကို ျဖတ္ေက်ာ္ဖို႔ ခက္ခဲလိမ့္မယ္၊ အဲ့တာဆိုရင္ ေခ်ာက္ရဲ႕ တစ္ဖက္မွာ စစ္သူႀကီးစုက ဓားျပေတြကို တစ္ေယာက္တည္း ရင္ဆိုင္ရၿပီး အႏၲရာယ္ထဲကို က်ေရာက္သြားလိမ့္မယ္။ သူတို႔ စစ္သူႀကီးစုကို မိုးသစ္ေတာထဲ ေခၚသြားရင္လည္း ေနာက္ဆက္တြဲဆိုးက်ိဳးေတြ ျဖစ္လာႏိုင္ေသးတယ္!"
မူရိက ရႈခင္းေတြကို လုံလုံေလာက္ေလာက္ အကဲခတ္ၿပီးေနာက္ အၿပဳံးတစ္ခုျဖင့္ ေလွာင္ေျပာင္လိုက္သည္။ "စုလင္း၊ တျခားလူေတြရဲ႕ စိတ္ထဲမွာ မင္းက အရမ္းကို အသုံးမဝင္ဘူးပဲ?"
မူရိက ရယ္စရာေကာင္းတယ္လို႔ပဲ ေတြးေနမိသည္။ အဲ့လိုသူပုန္ေတြေလာက္က စုလင္းကို လြယ္လြယ္တိုက္ခိုက္ႏိုင္မယ္ဆိုရင္ စုလင္းက စစ္ဗိုလ္ခ်ဳပ္ေတာင္ ျဖစ္လာမွာ မဟုတ္ဘူး။
လို႔မူဟိုင္၏မ်က္ႏွာက တင္းမာသြားၿပီး သူ႔ေလသံက သိသိသာသာ ေအးစက္သြားကာ "ကြၽန္ေတာ္မ်ိဳးမွာ အဲ့လိုအေတြးမ်ိဳး မရွိပါဘူး၊ စစ္သူႀကီးစုက အထင္မလြဲပါနဲ႔၊ တစ္ဖက္က ပတ္ဝန္းက်င္က တကယ့္ကို အႏၲရာယ္မ်ားၿပီး အဲဒီ သူပုန္ေတြကလည္း အရမ္းေကာက္က်စ္တယ္၊ စစ္သူႀကီးက ႀကီးေလးတဲ့ တာဝန္ကို ေဆာင္႐ြက္ရမွာမို႔ .."
စုလင္းက လို႔မူဟိုင္ရဲ႕ ပုခုံးကို ခပ္တင္းတင္း ပုတ္လိုက္ၿပီး "လို႔စစ္သူႀကီး၊ သူ႔ကို ဂ႐ုျပဳစိုက္စရာ မလိုပါဘူး။ ဒီလူက စစ္သူႀကီးရဲ႕ စိုးရိမ္မႈကို နားလည္ပါတယ္"
ဒီခရီးမွာ မူရိကို သူနဲ႔လိုက္ခဲ့ဖို႔ သေဘာတူခဲ့မိတာ သူ ႐ူးသြပ္ေနခဲ့လို႔ပဲ!
ေနာက္ဆုံးတြင္ လို႔မူဟိုင္၏အမူအရာက တိုးတက္လာခဲ့ၿပီး စုလင္းက "ဒီခ်ိဳင့္ဝွမ္းက ဘယ္ေလာက္ရွည္လဲ၊ အဲဒါကို လွည့္ပတ္ၿပီး သြားလို႔ရႏိုင္လား? ဟိုဘက္မွာ ေခ်ာင္းေျမာင္းၿပီး ႀကိဳေစာင့္ေနလို႔ ရႏိုင္လား?"
ကုယြင္က ခ်ိဳင္းဝွမ္း၏ ႏူတ္ခမ္းစပ္တြင္ ရပ္ေနၿပီး ပတ္ဝန္းက်င္ကို ဝိညာဥ္တစ္ေကာင္၏မ်က္လုံးမ်ားႏွင့္တူေသာ မ်က္ဝန္းတစ္စုံျဖင့္ တိတ္တဆိတ္ ၾကည့္ရႈေနသည္။ ထိုအခ်ိန္တြင္ လမ္ေရွာင္း ႏွင့္ လ်ိဳရွင္း တို႔က သစ္ပင္ေပၚမွ ဆင္းလာၾကၿပီး သူတို႔ လက္ထဲမွ စာ႐ြက္မ်ားကို ကုယြင္ထံ အပ္လိုက္ၾကသည္။
"ေခါင္းေဆာင္၊ ရၿပီ"
ကုယြင္က ဝမ္းသာအားရ လွမ္းယူလိုက္ၿပီး "မင္းတို႔ရဲ႕ ႀကိဳးစားအားထုတ္မႈအတြက္ ေက်းဇူးတင္ပါတယ္"
ထိုစကားကို ေျပာၿပီးသည္ႏွင့္ ကုယြင္က သူမလက္ထဲတြင္ရွိေသာ ေျမပုံမ်ားကို အာ႐ုံစိုက္ေနတာေၾကာင့္ သူတို႔က သူမေရွ႕မွာ ဆက္မေနရဲဘဲ ႏွစ္ေယာက္သား တြန႔္ဆုတ္တြန႔္ဆုတ္နဲ႔ ေနာက္ျပန္ဆုတ္သြားၾကေသာ္လည္း ကုယြင္က သူတို႔ကို သတိမထားမိပုံရသည္။ သို႔ေသာ္ သူတို႔၏ မ်က္လုံးမ်ားတြင္ ဖ်တ္ခနဲ ေပၚလာေသာ အရိပ္အေယာင္မ်ားက ဘာမွ လုပ္မေနေသာ မူရိကို ဖမ္းစားထားႏိုင္ဆဲျဖစ္သည္။
ခ်င္းေမာ့...ဒီအမ်ိဳးသမီးက လူေတြရဲ႕ႏွလုံးသားကို ဘယ္လို အႏိုင္ယူရမယ္ဆိုတာကို သိေနတာပဲ...
❤️❤️❤️Thank you so much for your lovely supports❤️❤️❤️