အပိုင်း (၃၇၅) နှစ်ယောက်က အသားကင်တစ်ခုထဲကို ကိုက်လိုက်တယ်
“ ဒီအတွက် မင်းကို ကျေးဇူးတင်ရမယ်ပေါ့လေ”
ချင်မော့၏အသံသည် ပိုနီးကပ်လာချိန်၌ သင်သည် ဖိအားကို အမြဲလိုလို ခံစားရလေ့ရှိ၏။
သို့သော် ဖူကျို့သည် ထိုအရာကို ဘယ်တုန်းကမှ မကြောက်ခဲ့ပေ။ သူမသည် ပြုံးလိုက်ပြီး
“ ဘာလဲ၊ အစ်ကိုမော့က နင်လေးရဲ့ခန္ဓာကိုယ်ကို နောက်ဆုံးတော့ ငါလေးဆီ ပေးအပ်ဖို့ ဆုံးဖြတ်လိုက်ပြီပေါ့၊ ဒီလိုဆိုရင် ငါလေး ဘာလက်ဖွဲ့မှာ မယူဘဲ နင်လေးကို ယူဖို့ စဥ်းစားပေးနိုင်ပါတယ်လေ”
ချင်မော့သည် ကောင်လေးကို တစ်ချက်ကြည့်လိုက်ကာ ဖူကျို့၏ဦးထုပ်ကို သူလက်ဖြင့် ဖိချလိုက်လေသည်။
“ မင်း ပိုငယ်နေတာက ကံကောင်းသွားတာလို့ ကိုယ့်ဟာကိုမှတ်ထားလိုက်အုံး”
သူမသည် အမှန်တွင်လည်း သူမ၏ငယ်ရွယ်မှုကို အသုံးချလိုက်ခြင်းဖြစ်၏။ ဖူကျို့သည် သူမ၏မျက်နှာကို ဦးထုပ်ဖြင့် ကွယ်ထားလိုက်ပြီး လာချပေးသည့် အရသာကောင်းလှသည့် အသားကင်ကို ကြည့်နေလိုက်လေသည်။ သူမသည် အကင်ပေါ်က အမွှေးနံ့ကို ရနေပြီး အကင်များကို ကျက်နေအောင်ကင်ထားကာ ဆီများပင် တစ်စက်စက်ကျနေ၏။
ဒီတုတ်ထိုးကင်တွေကို လာစားမဲ့စိတ်ကူးက ဘယ်သူ့စိတ်ကူးမလို့လဲ။
ဒါသည် သူမ၏စိတ်ကူးပင်ဖြစ်ပေသည်။ ထို့ကြောင့် သူမသည် အင်္ကျီဇစ်ကို ဆွဲတင်လိုက်ပြီး ပိုင်ရှင်အမျိုးသမီးရှိရာဖက်သို့ စိတ်ပျက်ပျက်နှင့် လှမ်းကြည့်လိုက်၏။
“ ကျွန်တော့်ရဲ့ ကြက်ဥစွပ်ပြုတ်လေး မရသေးဘူးလား”
“လာပါပြီ၊ လာပါပြီ”
ထိုပိုင်ရှင်အမျိုးသမီးသည် ကောင်လေးက စိတ်ပျက်ပျက်နှင့် ကြည့်နေပုံမှာ အလွန် ချစ်စရာကောင်းသည်ကို တွေ့သွားပြီး သူမသည် ပြုံးလိုက်ရာ သူမ၏မျက်နှာပေါ်တွင် အရေးအကြောင်းများ ပေါ်ထွက်လာလေသည်။ အသားကင်ဆိုင်လိုနေရာမျိုးတွင် ကြက်ဥစွပ်ပြုတ်သာ စားခွင့်ရခြင်းသည် သနားစဖွယ်ဖြစ်ရပ်ပင်။
ဖူကျို့: ... ပိုင်ရှင်အန်တီ၊ အန်တီ့အပြုံးက သိပ်သိသာလွန်းတယ်နော်။
ချင်မော့သည် ပြုံးလိုက်ပြီး ဘာမှမပြောဘဲ ဖူကျို့ရှေ့တွင် သူ့အသားကို မြိန်ရည်ရှက်ရည် စားနေတော့သည်။
အသား၏ ဆွဲဆောင်ခြင်းခံရသည်မှ လွတ်မြောက်ရန် ဖူကျို့သည် အလုပ်အကြောင်း ပြောဖို့ ဆုံးဖြတ်လိုက်၏။
“ အစ်ကိုမော့ ဟီးရိုးထဲက ဇာတ်ကောင်စကေးနဲ့ လက်နက်ပေါင်းစပ်ပုံ ဘယ်နခု နင်မှတ်မိလဲ”
သူမသည် ကြီးမြတ်လှသည့်သခင်လေး၏ ခွန်အားအစစ်အမှန်ကို သိမှာသာ သူနှင့် ပိုတွဲဖက်ညီကာ လုပ်ကိုင်နိုင်ပေမည်။ နောက်ဆုံးတွင် အပျော်တမ်းကစားခြင်းသည် နိုင်ငံအဆင့်ပြိုင်ပွဲတွင် ကစားခြင်းနှင့် လုံးဝယှဥ်နိုင်သည့်အရာမဟုတ်ချေ။
ချင်မော့သည် သူ့ဝိုင်ခွက်ကို ချလိုက်ပြီး စကားသုံးလုံးကိုသာ တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။
“အားလုံးပဲ”
ဖူကျို့သည် တိတ်ဆိတ်သွားတော့၏။
သူတို့ဘေးစားပွဲမှ အော်ရယ်သံတစ်ခု ဖောက်ထွက်လာ၏။ သူတို့အားလုံးသည် ခေါင်းတခါခါ လည်တခါခါဖြင့် သူတို့၏မယုံကြည်ပုံကို သရော်လှောင်ပြောင်ကာ ပြနေလေသည်။
ဟီးရိုးကို ကစားသူတိုင်းသည် ဂိမ်းထဲတွင် ဇာတ်ကောင်များစွာနှင့် စကေးများစွာရှိသည်ကို သိကြပြီး လက်နက်အမျိုးမျိုး ပေါင်းစပ်ခြင်းကိုတော့ ထည့်ပြောရန်ပင်မလိုပေ။
သည်လူက ဘယ်လိုပါရမီရှင်မလို့ ဒါတွေအားလုံးကို မှတ်မိနိုင်မှာလဲ။
ဂူဂယ်ခေါက်ပြီးရလာတဲ့ အချက်အလက်တွေတောင် အဲလောက်စုံမှာမဟုတ်ဘူး။ အရူးလာလုပ်နေရအောင် သူ့ဟာ သူ ဘာထင်နေတာတဲ့လဲ။
ဖူကျို့သည် ထိုရယ်နေသူကို နားလည်ပေးလိုက်ပြီး သူမ၏ခေါင်းကို စောင်းကာ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်ပေါ်သွားပြီး သူတို့ကို လျစ်လျူရှုထားလိုက်လေသည်။
သူမသည် ကြီးမြတ်လှသည့်သခင်လေးကလည်း စိတ်ထဲထည့်မည်မဟုတ်ဟု တွေးလိုက်၏။
သို့သော်...
“ဘယ်လိုလဲ”
“ စကေးတွေကို မှတ်မိတာ ကောင်းတာပေါ့၊ ဒါပေမဲ့ လက်နက်ပေါင်းစပ်တာကရော၊ ဘယ်အချိန်မှာ သုံးပြီး၊ ဘယ်အချိန်မှာ ပေါင်းရမှာလဲ... ဒါက အတွေ့အကြုံလိုတယ်လေ ဟုတ်တယ်ဟုတ်၊ မဟုတ်ရင် ကစားသမားအသစ်တွေအတွက် အွန်လိုင်းမှာ ညွှန်ကြားချက်ဗူဟာတွေ တင်ပေးစရာ ဘယ်လိုတော့မလဲ”
ချင်မော့သည် ကောင်လေးကို ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်းချင်း အစီအစဥ်တကျ ရှင်းပြလိုက်လေသည်။
“ မတူညီတဲ့ လက်နက်နဲ့ ဇာတ်ကောင်တွေကို သုံးတဲ့အချိန်ကျရင် တိုက်ကွက်တွေရဲ့ ရူပဗေဒပညာကို လေ့လာထားဖို့လိုတယ်၊ ပြီးမှ ပေါင်းစပ်တာကို လုပ်ပေါ့၊ မင်း ငါ့ကို အကျယ်တဝင့် ရှင်းစေချင်သေးလား”
ဖူကျို့သည် ‘ ရူပဗေဒ’ ဟူသည့် စကားလုံးကို ကြားလိုက်သည်နှင့် တပြိုင်နက် ခေါင်းစ,ကိုက်လာတော့သည်။
“ ရပါတယ်၊ ငါလေးအတွက်မှမဟုတ်တာ”
ကြီးမြတ်လှတဲ့သခင်လေးက ထူးခြားပါပေတယ်။
ဘယ်သူ ဂိမ်းကစားဖို့ ရူပဗေဒနည်းနဲ့ သရုပ်ခွဲလို့လဲ။
ဖူကျို့သည် ထိုအကြောင်းကို တွေးရင်း မရွတ်ရမနေနိုင် ဖြစ်သွားတော့သည်။
“ နင်တို့ Aတန်းဝင် လူတွေက Aအဆင့်ဝင်ပုံစံနဲ့တောင် ကစားလိုက်သေးတယ်၊ ငါလေးတို့လို စာငမွဲလေးတွကို အသက်ရှင်ခွင့်လေးတောင် မပေးတော့ဘူး”
ချင်မော့သည် ကောင်လေး၏ မတိုးလွန်း မကျယ်လွန်းလှသည့် အသံကို ကြားလိုက်ပြီး သူ့နှုတ်ခမ်းထောင့်မှ အပြုံးသည် ပိုမိုပီသလာလေသည်။
“ အသားတွေ ထပ်ရောက်လာပြီ”
သဘောက ငါစားနေတာကို ထပ်ကြည့်လို့ရပြီလို့ ပြောလိုက်တာပေါ့...
ဖူကျို့သည် ကြီးမြတ်လှသည့်သခင်လေး၏လှည့်ကွက်ကို အလိုလို နားလည်နေ၏။ သူမသည် မျက်ခုံးကို ခန့်ခန့်ညားညား ပင့်ထားလိုက်ပြီး ရုတ်တရက် လှုပ်ရှားကာ ထိုလူ၏လက်ကောက်ဝတ်ကို ဖိထားလိုက်ပြီးနောက် ချင်မော့၏လက်ထဲမှာ အသားကင်ကို အကြီးကြီး ကိုက်ချပလိုက်တော့သည်။
သူတို့မျက်နှာများသည် တစ်လက်မအကွာအဝေးတွင်ရှိနေပြီး သူတို့ပါးစပ်များသည် အကင်တုတ်၏ အစွန်းတစ်ဖက်စီတွင် ရှိနေကြတော့သည်။
...
Zawgyi
အပိုင္း (၃၇၅) ႏွစ္ေယာက္က အသားကင္တစ္ခုထဲကို ကိုက္လိုက္တယ္
“ ဒီအတြက္ မင္းကို ေက်းဇူးတင္ရမယ္ေပါ့ေလ”
ခ်င္ေမာ့၏အသံသည္ ပိုနီးကပ္လာခ်ိန္၌ သင္သည္ ဖိအားကို အၿမဲလိုလို ခံစားရေလ့ရွိ၏။
သို႔ေသာ္ ဖူက်ိဳ႕သည္ ထိုအရာကို ဘယ္တုန္းကမွ မေၾကာက္ခဲ့ေပ။ သူမသည္ ၿပဳံးလိုက္ၿပီး
“ ဘာလဲ၊ အစ္ကိုေမာ့က နင္ေလးရဲ႕ခႏၶာကိုယ္ကို ေနာက္ဆုံးေတာ့ ငါေလးဆီ ေပးအပ္ဖို႔ ဆုံးျဖတ္လိုက္ၿပီေပါ့၊ ဒီလိုဆိုရင္ ငါေလး ဘာလက္ဖြဲ႕မွာ မယူဘဲ နင္ေလးကို ယူဖို႔ စဥ္းစားေပးနိုင္ပါတယ္ေလ”
ခ်င္ေမာ့သည္ ေကာင္ေလးကို တစ္ခ်က္ၾကည့္လိုက္ကာ ဖူက်ိဳ႕၏ဦးထုပ္ကို သူလက္ျဖင့္ ဖိခ်လိဳက္ေလသည္။
“ မင္း ပိုငယ္ေနတာက ကံေကာင္းသြားတာလို႔ ကိုယ့္ဟာကိုမွတ္ထားလိုက္အုံး”
သူမသည္ အမွန္တြင္လည္း သူမ၏ငယ္႐ြယ္မႈကို အသုံးခ်လိဳက္ျခင္းျဖစ္၏။ ဖူက်ိဳ႕သည္ သူမ၏မ်က္ႏွာကို ဦးထုပ္ျဖင့္ ကြယ္ထားလိုက္ၿပီး လာခ်ေပးသည့္ အရသာေကာင္းလွသည့္ အသားကင္ကို ၾကည့္ေနလိုက္ေလသည္။ သူမသည္ အကင္ေပၚက အေမႊးနံ႕ကို ရေနၿပီး အကင္မ်ားကို က်က္ေနေအာင္ကင္ထားကာ ဆီမ်ားပင္ တစ္စက္စက္က်ေန၏။
ဒီတုတ္ထိုးကင္ေတြကို လာစားမဲ့စိတ္ကူးက ဘယ္သူ႕စိတ္ကူးမလို႔လဲ။
ဒါသည္ သူမ၏စိတ္ကူးပင္ျဖစ္ေပသည္။ ထို႔ေၾကာင့္ သူမသည္ အကၤ်ီဇစ္ကို ဆြဲတင္လိုက္ၿပီး ပိုင္ရွင္အမ်ိဳးသမီးရွိရာဖက္သို႔ စိတ္ပ်က္ပ်က္ႏွင့္ လွမ္းၾကည့္လိုက္၏။
“ ကြၽန္ေတာ့္ရဲ႕ ၾကက္ဥစြပ္ျပဳတ္ေလး မရေသးဘူးလား”
“လာပါၿပီ၊ လာပါၿပီ”
ထိုပိုင္ရွင္အမ်ိဳးသမီးသည္ ေကာင္ေလးက စိတ္ပ်က္ပ်က္ႏွင့္ ၾကည့္ေနပုံမွာ အလြန္ ခ်စ္စရာေကာင္းသည္ကို ေတြ႕သြားၿပီး သူမသည္ ၿပဳံးလိုက္ရာ သူမ၏မ်က္ႏွာေပၚတြင္ အေရးအေၾကာင္းမ်ား ေပၚထြက္လာေလသည္။ အသားကင္ဆိုင္လိုေနရာမ်ိဳးတြင္ ၾကက္ဥစြပ္ျပဳတ္သာ စားခြင့္ရျခင္းသည္ သနားစဖြယ္ျဖစ္ရပ္ပင္။
ဖူက်ိဳ႕: ... ပိုင္ရွင္အန္တီ၊ အန္တီ့အၿပဳံးက သိပ္သိသာလြန္းတယ္ေနာ္။
ခ်င္ေမာ့သည္ ၿပဳံးလိုက္ၿပီး ဘာမွမေျပာဘဲ ဖူက်ိဳ႕ေရွ႕တြင္ သူ႕အသားကို ၿမိန္ရည္ရွက္ရည္ စားေနေတာ့သည္။
အသား၏ ဆြဲေဆာင္ျခင္းခံရသည္မွ လြတ္ေျမာက္ရန္ ဖူက်ိဳ႕သည္ အလုပ္အေၾကာင္း ေျပာဖို႔ ဆုံးျဖတ္လိုက္၏။
“ အစ္ကိုေမာ့ ဟီးရိုးထဲက ဇာတ္ေကာင္စေကးနဲ႕ လက္နက္ေပါင္းစပ္ပုံ ဘယ္နခု နင္မွတ္မိလဲ”
သူမသည္ ႀကီးျမတ္လွသည့္သခင္ေလး၏ ခြန္အားအစစ္အမွန္ကို သိမွာသာ သူႏွင့္ ပိုတြဲဖက္ညီကာ လုပ္ကိုင္နိုင္ေပမည္။ ေနာက္ဆုံးတြင္ အေပ်ာ္တမ္းကစားျခင္းသည္ နိုင္ငံအဆင့္ၿပိဳင္ပြဲတြင္ ကစားျခင္းႏွင့္ လုံးဝယွဥ္နိုင္သည့္အရာမဟုတ္ေခ်။
ခ်င္ေမာ့သည္ သူ႕ဝိုင္ခြက္ကို ခ်လိဳက္ၿပီး စကားသုံးလုံးကိုသာ တည္တည္ၿငိမ္ၿငိမ္ ေျပာလိုက္၏။
“အားလုံးပဲ”
ဖူက်ိဳ႕သည္ တိတ္ဆိတ္သြားေတာ့၏။
သူတို႔ေဘးစားပြဲမွ ေအာ္ရယ္သံတစ္ခု ေဖာက္ထြက္လာ၏။ သူတို႔အားလုံးသည္ ေခါင္းတခါခါ လည္တခါခါျဖင့္ သူတို႔၏မယုံၾကည္ပုံကို သေရာ္ေလွာင္ေျပာင္ကာ ျပေနေလသည္။
ဟီးရိုးကို ကစားသူတိုင္းသည္ ဂိမ္းထဲတြင္ ဇာတ္ေကာင္မ်ားစြာႏွင့္ စေကးမ်ားစြာရွိသည္ကို သိၾကၿပီး လက္နက္အမ်ိဳးမ်ိဳး ေပါင္းစပ္ျခင္းကိုေတာ့ ထည့္ေျပာရန္ပင္မလိုေပ။
သည္လူက ဘယ္လိုပါရမီရွင္မလို႔ ဒါေတြအားလုံးကို မွတ္မိနိုင္မွာလဲ။
ဂူဂယ္ေခါက္ၿပီးရလာတဲ့ အခ်က္အလက္ေတြေတာင္ အဲေလာက္စုံမွာမဟုတ္ဘူး။ အ႐ူးလာလုပ္ေနရေအာင္ သူ႕ဟာ သူ ဘာထင္ေနတာတဲ့လဲ။
ဖူက်ိဳ႕သည္ ထိုရယ္ေနသူကို နားလည္ေပးလိုက္ၿပီး သူမ၏ေခါင္းကို ေစာင္းကာ ႏႈတ္ခမ္းေထာင့္တြင္ အၿပဳံးတစ္ခု ျဖစ္ေပၚသြားၿပီး သူတို႔ကို လ်စ္လ်ဴရႈထားလိုက္ေလသည္။
သူမသည္ ႀကီးျမတ္လွသည့္သခင္ေလးကလည္း စိတ္ထဲထည့္မည္မဟုတ္ဟု ေတြးလိုက္၏။
သို႔ေသာ္...
“ဘယ္လိုလဲ”
“ စေကးေတြကို မွတ္မိတာ ေကာင္းတာေပါ့၊ ဒါေပမဲ့ လက္နက္ေပါင္းစပ္တာကေရာ၊ ဘယ္အခ်ိန္မွာ သုံးၿပီး၊ ဘယ္အခ်ိန္မွာ ေပါင္းရမွာလဲ... ဒါက အေတြ႕အႀကဳံလိုတယ္ေလ ဟုတ္တယ္ဟုတ္၊ မဟုတ္ရင္ ကစားသမားအသစ္ေတြအတြက္ အြန္လိုင္းမွာ ၫႊန္ၾကားခ်က္ဗူဟာေတြ တင္ေပးစရာ ဘယ္လိုေတာ့မလဲ”
ခ်င္ေမာ့သည္ ေကာင္ေလးကို ၾကည့္လိုက္ၿပီး ျဖည္းျဖည္းခ်င္းခ်င္း အစီအစဥ္တက် ရွင္းျပလိုက္ေလသည္။
“ မတူညီတဲ့ လက္နက္နဲ႕ ဇာတ္ေကာင္ေတြကို သုံးတဲ့အခ်ိန္က်ရင္ တိုက္ကြက္ေတြရဲ႕ ႐ူပေဗဒပညာကို ေလ့လာထားဖို႔လိုတယ္၊ ၿပီးမွ ေပါင္းစပ္တာကို လုပ္ေပါ့၊ မင္း ငါ့ကို အက်ယ္တဝင့္ ရွင္းေစခ်င္ေသးလား”
ဖူက်ိဳ႕သည္ ‘ ႐ူပေဗဒ’ ဟူသည့္ စကားလုံးကို ၾကားလိုက္သည္ႏွင့္ တၿပိဳင္နက္ ေခါင္းစ,ကိုက္လာေတာ့သည္။
“ ရပါတယ္၊ ငါေလးအတြက္မွမဟုတ္တာ”
ႀကီးျမတ္လွတဲ့သခင္ေလးက ထူးျခားပါေပတယ္။
ဘယ္သူ ဂိမ္းကစားဖို႔ ႐ူပေဗဒနည္းနဲ႕ သ႐ုပ္ခြဲလို႔လဲ။
ဖူက်ိဳ႕သည္ ထိုအေၾကာင္းကို ေတြးရင္း မ႐ြတ္ရမေနနိုင္ ျဖစ္သြားေတာ့သည္။
“ နင္တို႔ Aတန္းဝင္ လူေတြက Aအဆင့္ဝင္ပုံစံနဲ႕ေတာင္ ကစားလိုက္ေသးတယ္၊ ငါေလးတို႔လို စာငမြဲေလးတြကို အသက္ရွင္ခြင့္ေလးေတာင္ မေပးေတာ့ဘူး”
ခ်င္ေမာ့သည္ ေကာင္ေလး၏ မတိုးလြန္း မက်ယ္လြန္းလွသည့္ အသံကို ၾကားလိုက္ၿပီး သူ႕ႏႈတ္ခမ္းေထာင့္မွ အၿပဳံးသည္ ပိုမိုပီသလာေလသည္။
“ အသားေတြ ထပ္ေရာက္လာၿပီ”
သေဘာက ငါစားေနတာကို ထပ္ၾကည့္လို႔ရၿပီလို႔ ေျပာလိုက္တာေပါ့...
ဖူက်ိဳ႕သည္ ႀကီးျမတ္လွသည့္သခင္ေလး၏လွည့္ကြက္ကို အလိုလို နားလည္ေန၏။ သူမသည္ မ်က္ခုံးကို ခန့္ခန့္ညားညား ပင့္ထားလိုက္ၿပီး ႐ုတ္တရက္ လႈပ္ရွားကာ ထိုလူ၏လက္ေကာက္ဝတ္ကို ဖိထားလိုက္ၿပီးေနာက္ ခ်င္ေမာ့၏လက္ထဲမွာ အသားကင္ကို အႀကီးႀကီး ကိုက္ခ်ပလိုက္ေတာ့သည္။
သူတို႔မ်က္ႏွာမ်ားသည္ တစ္လက္မအကြာအေဝးတြင္ရွိေနၿပီး သူတို႔ပါးစပ္မ်ားသည္ အကင္တုတ္၏ အစြန္းတစ္ဖက္စီတြင္ ရွိေနၾကေတာ့သည္။
...