အခန်း ၁၀ ကျီးပါးစပ်ချိုင့်ဝှမ်း (အပိုင်း ၁)
မိုးသစ်တောထဲက နွေရာသီညတွေက မသာယာပါဘူး။ မိုးရေစက်သံတွေ၊ အင်းဆက်တွေရဲ့ အော်သံတွေ၊ အစာစားဖို့ အစာရှာနေတဲ့ တိရစ္ဆာန်တွေရဲ့ အော်သံနဲ့ အူသံတွေက ထူးထူးခြားခြား ရောယှက်နေပြီး ညဥ့်နက်ချိန်ကို သေချာ သရုပ်ဖော်ပေးနေသည်။ ထိုသို့သောပတ်ဝန်းကျင်တွင် ရှိနေရခြင်းက ကိုယ့်ကို အနီးကပ်စိုက်ကြည့်နေသည့် မရေမတွက်နိုင်သော အုံ့မှိုင်းမှိုင်းမျက်လုံးတစ်စုံရှိနေသလို ခံစားရစေပြီး ကိုယ့်ခေါင်းထက်သို့ အေးစက်နေသော မြွေတစ်ကောင်က အချိန်မရွေးပြုတ်ကျလာနိုင်သည်ဟု ထင်ယောင်ထင်မှားဖြစ်စေနိုင်သည်။ သေးငယ်သောအသံတိုင်းက ဆိုးကျိုးသက်ရောက်မှုတစ်ခုစီကို ပေးနိုင်ပြီး လူများ၏စိတ်ပိုင်းဆိုင်ရာ ခံစားချက်များကို နှိပ်စက်နိုင်သောအရာများ ဖြစ်နေခဲ့သည်။
ကြီးမားလှသော လှိုဏ်ဂူကြီးထဲတွင် မီးရှူးတိုင်များစွာ ထွန်းညှိထားပြီး မီးတောက်ကြီးများ တောက်လောင်နေသည်။ ဂူ၏အလယ်တွင် တောင်ကဲ့သို့ သန်မာသော လူတစ်ယောက်က မြေပြင်ပေါ်တွင် လဲကျနေပြီး သူ၏ခန္ဓာကိုယ်ကို ချည်ကြိုးအထူကြီးဖြင့် ချည်နှောင်ခံထားရကာ မျက်လုံးများ မှိတ်ကျနေပြီး သတိလစ်နေပုံရသည်။
သူ့ခေါင်းသို့ ရေအေးပုံးကြီးတစ်ပုံးကို လောင်းချခံလိုက်ရတာကြောင့် ဟန်ရှုက တုန်လှုပ်သွားပြီး လေးလံနေသော သူ့မျက်ခွံများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ အခိုးအငွေ့များနှင့် ရှေ့သို့ကျနေသော ဆံစများကြောင့် မှုန်ဝါးနေသော သူ့မျက်လုံးများက မျက်နှာတစ်ခုကို မြင်နေရပေမယ့် ထိုလူ့၏ပါးစပ်ထောင့်မှ အပြုံးတွေက မကောင်းဆိုးဝါးအရိပ်အယောင်များ ပြည့်နှက်နေပြီး သူ့ဝတ်ထားသော အပြာရောင်အဝတ်အစားများက အရမ်းကို တောက်ပနေခဲ့သည်။ ဟန်ရှု၏မျက်လုံးများက ရုတ်တရက် ပြူးကျယ်သွားပြီး သူ့ရှေ့မှ မြေပြင်ပေါ်တွင် ဒူးထောက်ထိုင်နေပြီး သူ့ကို ပြုံးကြည့်နေသော လူကို ပြန်ကြည့်လိုက်မိသည်။ သူအတွေးများက သူ အလစ်အငိုက်တိုက်ခိုက်မှု မခံရသေးသည့် အချိန်ဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ ဟန်ရှုက ကျယ်လောင်စွာ အော်ဟစ် ကျိန်ဆဲလိုက်သည်။ "မင်းတို့က အရှက်မဲ့တဲ့ လူဆိုးကောင်တွေပဲ၊ ညစ်ပတ်တဲ့လှည့်ကွက်တွေကို လာကစားနေတယ်၊ မင်းတို့မှာ အရည်အချင်းရှိရင် အခု ငါနဲ့ တစ်ယောက်တည်း ယှဥ်တိုက်စမ်း!"
အဲဒီလူက စိတ်ဆိုးပုံမရဘဲ သူ့ကို ဘေးတိုက် ကြည့်နေရင်း ပြုံးနေကာ " ငါတို့က အရှက်မဲ့တဲ့ လူဆိုးတွေလေ။ အဲ့တာကြောင့် ငါတို့က ကောက်ကျစ်တယ်၊ လှည့်စားတယ်၊ ရက်စက်တယ်။ ငါတို့ မပြိုင်ခင်မှာ မင်းရဲ့လက်တစ်ဖက် ဒါမှမဟုတ် ခြေထောက်တစ်ဖက်ကို အရင်ဖယ်လိုက်တာက ပိုကောင်းမယ် ထင်တယ်။ မင်းရော ဘယ်လိုထင်လဲ?"
ကြည်လင်သော အသံက အပြုံးရိပ်များရှိနေသော်လည်း သူ့လက်ထဲမှ ကြာပွတ်က ဟန်ရှု၏ ခြေထောက်ကို မညှာမတာ ရိုက်နှက်လာသည်။
ဟန်ရှုက နာကျင်မှုကို အံကြိတ်ကာ သည်းခံနေရင်း အရှုံးမပေးဘဲ အော်ဟစ်နေသည်။ "ဟားးး ဟားးး... ဒီသခင်ကြီးက မင်းကို ကြောက်မယ်လို့ ထင်မနေနဲ့၊ မင်းမှာ အရည်အချင်းရှိရင် လုပ်လိုက်စမ်းပါ!"
ထိုလူက ရုတ်တရက် မတ်တပ်ထရပ်ပြီး သူ့ခါးနောက်ကျောမှ မျိုးနွယ်စုဓားမြှောင်ကို ဆွဲထုတ်လိုက်ပြီး ဟန်ရှုဆီကို ချဥ်းကပ်လာပြန်သည်။ "ကောင်းပြီ၊ မင်းဆန္ဒကို လိုက်လျောပေးမယ်၊ မင်းရဲ့ညာလက်နဲ့ ညာခြေထောက်ကို အရင် ဖယ်ပေးမယ်"
ထိုချွန်ထက်သောလက်နက်ဆီမှ အေးစက်သော အရိပ်အယောင်များက နေရာအနှံအပျံသွားပြီး သူ့အရေပြားကို ခြစ်ထုတ်တော့မည့်ပုံ ပေါ်နေသည်။ ဟန်ရှုက ခေါင်းကို မော့ထားပြီး သူရဲဘောကြောင်မည့်ပုံ မပေါ်ချေ။ သူ့ဆံပင်များအောက်တွင် ဖုံးကွယ်နေသော အနက်ရောင်မျက်လုံးများက အနည်းငယ်ပိုပြီး တောက်ပလာသည်။ ထိုလူ၏လက်ထဲမှ ဓားမြှောင်က သူ၏ကျစ်လစ်သော လက်မောင်းထဲသို့ နက်နက်နဲနဲ ထိုးဖောက်ဝင်ရောက်လာပြီး သွေးနီဥများ စီးကျလာကာ ဓါးကိုပင် စိုရွှဲသွားစေသည်။
"ဟင်း!" ဟန်ရှုက ခပ်တိုးတိုး ညည်းညူလိုက်ပေမယ့် မျက်လုံးတွေ ကျယ်ကျယ်ဖွင့်ထားကာ ထိုလူကို စိုက်ကြည့်ပြီး သနားခံဖို့ ငြင်းဆန်နေသည်။
အဲဒီလူက ဓားမြှောင်ကို မကျေမနပ်နဲ့ ဆွဲထုတ်လိုက်ပြီး နောက်တစ်ကြိမ် ထပ်ထိုးရန် ပြင်ဆင်နေပြန်သည်။ သို့သော် သူ့နောက်မှ တည်ငြိမ်သာ ယောက်ျားသံတစ်သံ ထွက်လာသည်။ "ရန်ကော်၊ ဒီလောက်ဆို လုံလောက်ပြီ၊ မျိုးနွယ်စုအကြီးအကဲမှာ သူ့အစီအစဉ်နဲ့သူ ရှိတယ်"
မီးရူးတိုင်ဘေးမှ သာမာန်၀တ်စုံဝတ်ထားသည့် အမျိုးသားက သူ့လက်ထဲမှ မြှားတိုလေးနှင့် ဆော့ကစားနေသည်။ သူ့မျက်လုံးများက သူ့လက်ထဲမှ အရာဝတ္ထုကိုသာ စိတ်ဝင်စားနေပုံရပြီး အခြားအရာများက သူ့မျက်လုံးထဲသို့ မဝင်နိုင်ပုံရသည်။ မည်သူ့ကိုမျှ သူ့၏အာရုံစူးစိုက်မှုကို မရနိုင်လောက်အောင် နိမ့်ကျလွန်းနေသည်ဟု ထင်နေပုံရသည်။
အခန်း ၁၀ ကျီးပါးစပ်ချိုင့်ဝှမ်း (အပိုင်း ၂)
ရန်ကော်က နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး လက်ထဲက မျိုးနွယ်စုဓားမြှောင်ကို ပစ်ချလိုက်သည်။ သူက ရိုးရိုးရှင်းရှင်း ဝတ်စားဆင်ယင်ထားသည့်သူ၏ ဘေးနားကို လျှောက်သွားပြီး သူ့၏ကျိုးပြတ်နေသေသာ ကြာပွတ်ကို မြေပြင်ပေါ် ပစ်ချလိုက်သည်။
ဝူကျိ၏ လျစ်လျူရှုတက်သော မျက်လုံးများတွင် အံ့အားသင့်သွားသော အရိပ်အယောင်တစ်ခု ပေါ်လာပြီး "မင်းရဲ့ကြာပွတ်?"
ဤကြာပွတ်သည် ရန်ကော်၏သခင်ထံမှ လက်ဆောင်ဖြစ်ပြီး သူက ထိုအရာကို အလွန် မြတ်နိုးသည်။ အခု အဲ့တာက ဘာကြောင့် နှစ်ပိုင်းပြတ်သွားပြီး သုံးလို့ မရတော့တာလဲ???
ရန်ကော်က ကြမ်းတမ်းစွာ ပြန်ဖြေလာသည်။ "ကြမ်းတမ်းရက်စက်တဲ့မိန်းမတစ်ယောက်ကြောင့် ပျက်ဆီးသွားတယ်"
သူ သူမကို နောက်တချိန် ထပ်တွေ့ဖို့ အခွင့်အရေးမရှိတာက အကောင်းဆုံးပါပဲ၊ အဲ့လိုမှ မဟုတ်ရင် သူက အဲ့ဒီညစ်ညမ်းတဲ့မိန်းမကို သေချာပေါက် ပြန်ပေးဆပ်ရအောင်လုပ်ပေးမယ်။
"ဘယ်သူလဲ" ဝူကျိက သူ့မြှားတိုလေးနဲ့ ကစားနေတာကို ခေတ္တရပ်လိုက်သည်။ ထိုကြာပွတ်က သံအနက်ဖြင့် ရောယှက်ထားသော ရွှေကြိုးဖြင့် ပြုလုပ်ထားသောကြောင့် အလွန်မာကျောသည်။ ဒီကြာပွတ်ကို ဖြတ်ပစ်နိုင်လောက်အောင် ဘယ်လိုလက်နက်မျိုးက ဒီလောက်ထက်မြက်နိုင်တာလဲ???
ဟန်ရှုက မြေပြင်ပေါ်တွင် ထိုင်နေရင်း ဟက်ဟက်ပက်ပက် ရယ်မောနေသည်။
သူ့၏မျက်နှာမှ အပြုံးနှင့် ကြမ်းတမ်းသော ရယ်မောသံက ရန်ကော်ကို ပိုပြီး ဒေါသထွက်စေသည်။ သူက မတ်တပ်ထရပ်ပြီး ဟန်ရှုကို သင်ခန်းစာတစ်ခု သင်ပေးရန် အပြေးအလွှားသွားခဲ့သော်လည်း ဘာကိုမှ ဂရုမစိုက်တက်သော မျက်လုံးများနှင့်တွေ့ဆုံပြီးနောက် ရန်ကော်က ရုတ်တရက် ရပ်တန့်သွားကာ သူ့စိတ်ထဲတွင် အစီအမံတစ်ခု ထွက်ပေါ်လာသည်။ သူက လက်ပိုက်လိုက်ပြီး ဟန်ရှုကို လှည့်ပတ်နေကာ တက်ကြွသော အပြုံးဖြင့် "ဒီအမျိုးသမီးက စုမိသားစုစစ်တပ်က ပြည့်တန်ဆာဖြစ်မယ် ထင်တယ်။ မင်းတို့တွေက တကယ်ကို ပေါ့ပေါ့ပါးပါးနဲ့ ဘဝကို ဖြတ်သန်းနေကြတာလို့ ငါ ပြောနိုင်တယ်။ စုမိသားစုစစ်တပ်ကတော့ စုမိသားစုစစ်တပ်ဖြစ်သင့်ပါပေတယ်၊ တခြားစစ်တပ်တွေနဲ့ တုနှိုင်းယှဉ်လို့ကို မရနိုင်ဘူး၊ စစ်တပ်ပြည့်တန်ဆာကတောင် ကိုယ်ခံပညာကို သိနေတယ်၊ ပြီးတော့ အဲ့ဒိ အသွင်အပြင်... အသားအရည်... ရင်သား..."
ရန်ကော်၏လေသံက တဖြည်းဖြည်း ညစ်ညမ်းလာသည်နှင့် ဟန်ရှုက ဒေါသထွက်လာကာ ကြိုးများဖြင့် ချည်နှောင်ထားခံရဆဲဖြစ်သော သူ့ခြေကို မြှောက်ကာ ကန်ကျောက်နေပြီး ရန်ကော်ကို ကျိန်ဆဲနေသည်။ "တိတ်စမ်း၊ မင်းတို့ သခင်မကို စော်ကားခွင့်မရှိဘူး!"
"သခင်မ? ဘယ်သူ့မိန်းမလဲ??" ရန်ကော်က ထိုအမျိုးသမီးက စစ်တပ်ပြည့်တန်ဆာမဖြစ်နိုင်ကြောင်း သဘာဝကျကျသိသော်လည်း အငယ်အနှောင်းတစ်ယောက်ဟု တွေးထားခဲ့သည်။
ရန်ကော်က "မင်း အဲ့မိန်းမက စုလင်းရဲ့မိန်းမလို့ ပြောနေတာလား?"
ဟန်ရှုက ဤတစ်ကြိမ်တွင် သူ့ကို လျစ်လျူရှုထားသော်လည်း သူ့မျက်နှာပေါ်မှ မောက်မာမှုက အားလုံးကို ပြောပြနေသည်။
ရန်ကော်၏မျက်နှာက မည်းမှောင်သွားပြီး "သွားပြီ... အခု ငါတို့ ဒုက္ခရောက်ပြီ!"
ရန်ကောက သူ့ဘာသာသူ တကိုယ်တည်း ညည်းညူနေတော့သည်။ စုလင်းကတောင် ဖြေရှင်းရခက်နေပြီလို့ ပြောနိုင်တာကို သူ့ဇနီးကလည်း ကိုင်တွယ်ရခက်ခဲတဲ့လူ တစ်ယောက်ဖြစ်နေပြန်တယ်။
ထိုအချိန်တွင် ဆယ်ကျော်သက် ကောင်လေးတစ်ယောက်က ဂူထဲကို ၀င်လာပြီး ရန်ကော်ကို လှမ်းပြောလိုက်သည်။ "အကြီးအကဲက ဒီလူကို အရင်ဆုံး အကျဥ်းချထားဖို့ အမိန့်ပေးလိုက်တယ်"
ရန်ကော်က သူ့နောက်မှ လူနှစ်ယောက်ကို ဝှေ့ယမ်းပြလိုက်ပြီး ထိုလူနှစ်ယောက်က ချက်ချင်း ရှေ့ကို တိုးလာကာ ဟန်ရှုကို ဘယ်ညာတစ်ဖက်ဆီမှ ဆွဲမလိုက်သည်။ ရန်ကော်က လှောင်ပြောင်ချင်သော အမူအရာဖြင့် သရော်နေရင်း အေးစက်စက်လေသံဖြင့် "သူ့ကို ပိတ်လောင်ပြီး နောက်သုံးရက်ရောက် အငတ်ထား ထားလိုက်.. သူ မောက်မာနိုင်ဦးမလား ငါ စောင့်ကြည့်မယ်"
"ဟုတ်ကဲ့" ထိုလူနှစ်ယောက်က ဟန်ရှုကို ဂူအတွင်းပိုင်းထဲကို ဆွဲခေါ်သွားပြီး ဟန်ရှုက ပတ်ဝန်းကျင်ကို တိတ်တဆိတ် အာရုံစိုက်နေခဲ့သည်။ လမ်းတစ်လျှောက်တွင် ခြေအနည်းငယ်လှမ်းပြီးတိုင်း စောင့်ကြပ်နေသော လူတစ်ယောက်နှင့် ကင်းလှည့်နေသော လူတစ်စုကို တွေ့နေရသည်။ သူ့ကို ဆွဲခေါ်လာတာမြင်တော့ လူတိုင်းက မတ်မတ်ရပ်နေကြပြီး သူ့ကို စေ့စေ့ကြည့်ကာ ဂုဏ်ယူနေပုံရသည်။ သူတို့က တကယ်ပဲ သာမာန်သူပုန်များ မဟုတ်ကြပေ။ (စစ်တပ်လို စနစ်တကျဖွဲ့စည်းထားတယ်လို့ ပြောချင်တာပါ)
ဒီတစ်ခါတော့ ပြိုင်ဘက်က အရမ်းကြမ်းတမ်းနေပြီး သူ(ဟန်ရှု)တို့က ရန်သူကို လျှော့တွက်ခဲ့မိပုံပါပဲ။
❤️❤️❤️Thank you so much for your lovely supports❤️❤️❤️
အခန္း ၁၀ က်ီးပါးစပ္ခ်ိဳင့္ဝွမ္း (အပိုင္း ၁)
မိုးသစ္ေတာထဲက ေႏြရာသီညေတြက မသာယာပါဘူး။ မိုးေရစက္သံေတြ၊ အင္းဆက္ေတြရဲ႕ ေအာ္သံေတြ၊ အစာစားဖို႔ အစာရွာေနတဲ့ တိရစာၦန္ေတြရဲ႕ ေအာ္သံနဲ႔ အူသံေတြက ထူးထူးျခားျခား ေရာယွက္ေနၿပီး ညဥ့္နက္ခ်ိန္ကို ေသခ်ာ သ႐ုပ္ေဖာ္ေပးေနသည္။ ထိုသို႔ေသာပတ္ဝန္းက်င္တြင္ ရွိေနရျခင္းက ကိုယ့္ကို အနီးကပ္စိုက္ၾကည့္ေနသည့္ မေရမတြက္ႏိုင္ေသာ အုံ႔မႈိင္းမႈိင္းမ်က္လုံးတစ္စုံရွိေနသလို ခံစားရေစၿပီး ကိုယ့္ေခါင္းထက္သို႔ ေအးစက္ေနေသာ ေႁမြတစ္ေကာင္က အခ်ိန္မေ႐ြးျပဳတ္က်လာႏိုင္သည္ဟု ထင္ေယာင္ထင္မွားျဖစ္ေစႏိုင္သည္။ ေသးငယ္ေသာအသံတိုင္းက ဆိုးက်ိဳးသက္ေရာက္မႈတစ္ခုစီကို ေပးႏိုင္ၿပီး လူမ်ား၏စိတ္ပိုင္းဆိုင္ရာ ခံစားခ်က္မ်ားကို ႏွိပ္စက္ႏိုင္ေသာအရာမ်ား ျဖစ္ေနခဲ့သည္။
ႀကီးမားလွေသာ လႈိဏ္ဂူႀကီးထဲတြင္ မီးရႉးတိုင္မ်ားစြာ ထြန္းညႇိထားၿပီး မီးေတာက္ႀကီးမ်ား ေတာက္ေလာင္ေနသည္။ ဂူ၏အလယ္တြင္ ေတာင္ကဲ့သို႔ သန္မာေသာ လူတစ္ေယာက္က ေျမျပင္ေပၚတြင္ လဲက်ေနၿပီး သူ၏ခႏၶာကိုယ္ကို ခ်ည္ႀကိဳးအထူႀကီးျဖင့္ ခ်ည္ေႏွာင္ခံထားရကာ မ်က္လုံးမ်ား မွိတ္က်ေနၿပီး သတိလစ္ေနပုံရသည္။
သူ႔ေခါင္းသို႔ ေရေအးပုံးႀကီးတစ္ပုံးကို ေလာင္းခ်ခံလိုက္ရတာေၾကာင့္ ဟန္ရႈက တုန္လႈပ္သြားၿပီး ေလးလံေနေသာ သူ႔မ်က္ခြံမ်ားကို ျဖည္းညႇင္းစြာ ဖြင့္လိုက္သည္။ အခိုးအေငြ႕မ်ားႏွင့္ ေရွ႕သို႔က်ေနေသာ ဆံစမ်ားေၾကာင့္ မႈန္ဝါးေနေသာ သူ႔မ်က္လုံးမ်ားက မ်က္ႏွာတစ္ခုကို ျမင္ေနရေပမယ့္ ထိုလူ႔၏ပါးစပ္ေထာင့္မွ အၿပဳံးေတြက မေကာင္းဆိုးဝါးအရိပ္အေယာင္မ်ား ျပည့္ႏွက္ေနၿပီး သူ႔ဝတ္ထားေသာ အျပာေရာင္အဝတ္အစားမ်ားက အရမ္းကို ေတာက္ပေနခဲ့သည္။ ဟန္ရႈ၏မ်က္လုံးမ်ားက ႐ုတ္တရက္ ျပဴးက်ယ္သြားၿပီး သူ႔ေရွ႕မွ ေျမျပင္ေပၚတြင္ ဒူးေထာက္ထိုင္ေနၿပီး သူ႔ကို ၿပဳံးၾကည့္ေနေသာ လူကို ျပန္ၾကည့္လိုက္မိသည္။ သူအေတြးမ်ားက သူ အလစ္အငိုက္တိုက္ခိုက္မႈ မခံရေသးသည့္ အခ်ိန္ဆီသို႔ ျပန္လည္ေရာက္ရွိသြားခဲ့သည္။ ဟန္ရႈက က်ယ္ေလာင္စြာ ေအာ္ဟစ္ က်ိန္ဆဲလိုက္သည္။ "မင္းတို႔က အရွက္မဲ့တဲ့ လူဆိုးေကာင္ေတြပဲ၊ ညစ္ပတ္တဲ့လွည့္ကြက္ေတြကို လာကစားေနတယ္၊ မင္းတို႔မွာ အရည္အခ်င္းရွိရင္ အခု ငါနဲ႔ တစ္ေယာက္တည္း ယွဥ္တိုက္စမ္း!"
အဲဒီလူက စိတ္ဆိုးပုံမရဘဲ သူ႔ကို ေဘးတိုက္ ၾကည့္ေနရင္း ၿပဳံးေနကာ " ငါတို႔က အရွက္မဲ့တဲ့ လူဆိုးေတြေလ။ အဲ့တာေၾကာင့္ ငါတို႔က ေကာက္က်စ္တယ္၊ လွည့္စားတယ္၊ ရက္စက္တယ္။ ငါတို႔ မၿပိဳင္ခင္မွာ မင္းရဲ႕လက္တစ္ဖက္ ဒါမွမဟုတ္ ေျခေထာက္တစ္ဖက္ကို အရင္ဖယ္လိုက္တာက ပိုေကာင္းမယ္ ထင္တယ္။ မင္းေရာ ဘယ္လိုထင္လဲ?"
ၾကည္လင္ေသာ အသံက အၿပဳံးရိပ္မ်ားရွိေနေသာ္လည္း သူ႔လက္ထဲမွ ၾကာပြတ္က ဟန္ရႈ၏ ေျခေထာက္ကို မညႇာမတာ ႐ိုက္ႏွက္လာသည္။
ဟန္ရႈက နာက်င္မႈကို အံႀကိတ္ကာ သည္းခံေနရင္း အရႈံးမေပးဘဲ ေအာ္ဟစ္ေနသည္။ "ဟားးး ဟားးး... ဒီသခင္ႀကီးက မင္းကို ေၾကာက္မယ္လို႔ ထင္မေနနဲ႔၊ မင္းမွာ အရည္အခ်င္းရွိရင္ လုပ္လိုက္စမ္းပါ!"
ထိုလူက ႐ုတ္တရက္ မတ္တပ္ထရပ္ၿပီး သူ႔ခါးေနာက္ေက်ာမွ မ်ိဳးႏြယ္စုဓားေျမႇာင္ကို ဆြဲထုတ္လိုက္ၿပီး ဟန္ရႈဆီကို ခ်ဥ္းကပ္လာျပန္သည္။ "ေကာင္းၿပီ၊ မင္းဆႏၵကို လိုက္ေလ်ာေပးမယ္၊ မင္းရဲ႕ညာလက္နဲ႔ ညာေျခေထာက္ကို အရင္ ဖယ္ေပးမယ္"
ထိုခြၽန္ထက္ေသာလက္နက္ဆီမွ ေအးစက္ေသာ အရိပ္အေယာင္မ်ားက ေနရာအႏွံအပ်ံသြားၿပီး သူ႔အေရျပားကို ျခစ္ထုတ္ေတာ့မည့္ပုံ ေပၚေနသည္။ ဟန္ရႈက ေခါင္းကို ေမာ့ထားၿပီး သူရဲေဘာေၾကာင္မည့္ပုံ မေပၚေခ်။ သူ႔ဆံပင္မ်ားေအာက္တြင္ ဖုံးကြယ္ေနေသာ အနက္ေရာင္မ်က္လုံးမ်ားက အနည္းငယ္ပိုၿပီး ေတာက္ပလာသည္။ ထိုလူ၏လက္ထဲမွ ဓားေျမႇာင္က သူ၏က်စ္လစ္ေသာ လက္ေမာင္းထဲသို႔ နက္နက္နဲနဲ ထိုးေဖာက္ဝင္ေရာက္လာၿပီး ေသြးနီဥမ်ား စီးက်လာကာ ဓါးကိုပင္ စို႐ႊဲသြားေစသည္။
"ဟင္း!" ဟန္ရႈက ခပ္တိုးတိုး ညည္းညဴလိုက္ေပမယ့္ မ်က္လုံးေတြ က်ယ္က်ယ္ဖြင့္ထားကာ ထိုလူကို စိုက္ၾကည့္ၿပီး သနားခံဖို႔ ျငင္းဆန္ေနသည္။
အဲဒီလူက ဓားေျမႇာင္ကို မေက်မနပ္နဲ႔ ဆြဲထုတ္လိုက္ၿပီး ေနာက္တစ္ႀကိမ္ ထပ္ထိုးရန္ ျပင္ဆင္ေနျပန္သည္။ သို႔ေသာ္ သူ႔ေနာက္မွ တည္ၿငိမ္သာ ေယာက္်ားသံတစ္သံ ထြက္လာသည္။ "ရန္ေကာ္၊ ဒီေလာက္ဆို လုံေလာက္ၿပီ၊ မ်ိဳးႏြယ္စုအႀကီးအကဲမွာ သူ႔အစီအစဥ္နဲ႔သူ ရွိတယ္"
မီး႐ူးတိုင္ေဘးမွ သာမာန္၀တ္စုံဝတ္ထားသည့္ အမ်ိဳးသားက သူ႔လက္ထဲမွ ျမႇားတိုေလးႏွင့္ ေဆာ့ကစားေနသည္။ သူ႔မ်က္လုံးမ်ားက သူ႔လက္ထဲမွ အရာဝတၳဳကိုသာ စိတ္ဝင္စားေနပုံရၿပီး အျခားအရာမ်ားက သူ႔မ်က္လုံးထဲသို႔ မဝင္ႏိုင္ပုံရသည္။ မည္သူ႔ကိုမွ် သူ႔၏အာ႐ုံစူးစိုက္မႈကို မရႏိုင္ေလာက္ေအာင္ နိမ့္က်လြန္းေနသည္ဟု ထင္ေနပုံရသည္။
အခန္း ၁၀ က်ီးပါးစပ္ခ်ိဳင့္ဝွမ္း (အပိုင္း ၂)
ရန္ေကာ္က ႏႈတ္ခမ္းကို တြန႔္ေကြးလိုက္ၿပီး လက္ထဲက မ်ိဳးႏြယ္စုဓားေျမႇာင္ကို ပစ္ခ်လိုက္သည္။ သူက ႐ိုး႐ိုးရွင္းရွင္း ဝတ္စားဆင္ယင္ထားသည့္သူ၏ ေဘးနားကို ေလွ်ာက္သြားၿပီး သူ႔၏က်ိဳးျပတ္ေနေသသာ ၾကာပြတ္ကို ေျမျပင္ေပၚ ပစ္ခ်လိုက္သည္။
ဝူက်ိ၏ လ်စ္လ်ဴရႈတက္ေသာ မ်က္လုံးမ်ားတြင္ အံ့အားသင့္သြားေသာ အရိပ္အေယာင္တစ္ခု ေပၚလာၿပီး "မင္းရဲ႕ၾကာပြတ္?"
ဤၾကာပြတ္သည္ ရန္ေကာ္၏သခင္ထံမွ လက္ေဆာင္ျဖစ္ၿပီး သူက ထိုအရာကို အလြန္ ျမတ္ႏိုးသည္။ အခု အဲ့တာက ဘာေၾကာင့္ ႏွစ္ပိုင္းျပတ္သြားၿပီး သုံးလို႔ မရေတာ့တာလဲ???
ရန္ေကာ္က ၾကမ္းတမ္းစြာ ျပန္ေျဖလာသည္။ "ၾကမ္းတမ္းရက္စက္တဲ့မိန္းမတစ္ေယာက္ေၾကာင့္ ပ်က္ဆီးသြားတယ္"
သူ သူမကို ေနာက္တခ်ိန္ ထပ္ေတြ႕ဖို႔ အခြင့္အေရးမရွိတာက အေကာင္းဆုံးပါပဲ၊ အဲ့လိုမွ မဟုတ္ရင္ သူက အဲ့ဒီညစ္ညမ္းတဲ့မိန္းမကို ေသခ်ာေပါက္ ျပန္ေပးဆပ္ရေအာင္လုပ္ေပးမယ္။
"ဘယ္သူလဲ" ဝူက်ိက သူ႔ျမႇားတိုေလးနဲ႔ ကစားေနတာကို ေခတၱရပ္လိုက္သည္။ ထိုၾကာပြတ္က သံအနက္ျဖင့္ ေရာယွက္ထားေသာ ေ႐ႊႀကိဳးျဖင့္ ျပဳလုပ္ထားေသာေၾကာင့္ အလြန္မာေက်ာသည္။ ဒီၾကာပြတ္ကို ျဖတ္ပစ္ႏိုင္ေလာက္ေအာင္ ဘယ္လိုလက္နက္မ်ိဳးက ဒီေလာက္ထက္ျမက္ႏိုင္တာလဲ???
ဟန္ရႈက ေျမျပင္ေပၚတြင္ ထိုင္ေနရင္း ဟက္ဟက္ပက္ပက္ ရယ္ေမာေနသည္။
သူ႔၏မ်က္ႏွာမွ အၿပဳံးႏွင့္ ၾကမ္းတမ္းေသာ ရယ္ေမာသံက ရန္ေကာ္ကို ပိုၿပီး ေဒါသထြက္ေစသည္။ သူက မတ္တပ္ထရပ္ၿပီး ဟန္ရႈကို သင္ခန္းစာတစ္ခု သင္ေပးရန္ အေျပးအလႊားသြားခဲ့ေသာ္လည္း ဘာကိုမွ ဂ႐ုမစိုက္တက္ေသာ မ်က္လုံးမ်ားႏွင့္ေတြ႕ဆုံၿပီးေနာက္ ရန္ေကာ္က ႐ုတ္တရက္ ရပ္တန႔္သြားကာ သူ႔စိတ္ထဲတြင္ အစီအမံတစ္ခု ထြက္ေပၚလာသည္။ သူက လက္ပိုက္လိုက္ၿပီး ဟန္ရႈကို လွည့္ပတ္ေနကာ တက္ႂကြေသာ အၿပဳံးျဖင့္ "ဒီအမ်ိဳးသမီးက စုမိသားစုစစ္တပ္က ျပည့္တန္ဆာျဖစ္မယ္ ထင္တယ္။ မင္းတို႔ေတြက တကယ္ကို ေပါ့ေပါ့ပါးပါးနဲ႔ ဘဝကို ျဖတ္သန္းေနၾကတာလို႔ ငါ ေျပာႏိုင္တယ္။ စုမိသားစုစစ္တပ္ကေတာ့ စုမိသားစုစစ္တပ္ျဖစ္သင့္ပါေပတယ္၊ တျခားစစ္တပ္ေတြနဲ႔ တုႏႈိင္းယွဥ္လို႔ကို မရႏိုင္ဘူး၊ စစ္တပ္ျပည့္တန္ဆာကေတာင္ ကိုယ္ခံပညာကို သိေနတယ္၊ ၿပီးေတာ့ အဲ့ဒိ အသြင္အျပင္... အသားအရည္... ရင္သား..."
ရန္ေကာ္၏ေလသံက တျဖည္းျဖည္း ညစ္ညမ္းလာသည္ႏွင့္ ဟန္ရႈက ေဒါသထြက္လာကာ ႀကိဳးမ်ားျဖင့္ ခ်ည္ေႏွာင္ထားခံရဆဲျဖစ္ေသာ သူ႔ေျခကို ေျမႇာက္ကာ ကန္ေက်ာက္ေနၿပီး ရန္ေကာ္ကို က်ိန္ဆဲေနသည္။ "တိတ္စမ္း၊ မင္းတို႔ သခင္မကို ေစာ္ကားခြင့္မရွိဘူး!"
"သခင္မ? ဘယ္သူ႔မိန္းမလဲ??" ရန္ေကာ္က ထိုအမ်ိဳးသမီးက စစ္တပ္ျပည့္တန္ဆာမျဖစ္ႏိုင္ေၾကာင္း သဘာဝက်က်သိေသာ္လည္း အငယ္အေႏွာင္းတစ္ေယာက္ဟု ေတြးထားခဲ့သည္။
ရန္ေကာ္က "မင္း အဲ့မိန္းမက စုလင္းရဲ႕မိန္းမလို႔ ေျပာေနတာလား?"
ဟန္ရႈက ဤတစ္ႀကိမ္တြင္ သူ႔ကို လ်စ္လ်ဴရႈထားေသာ္လည္း သူ႔မ်က္ႏွာေပၚမွ ေမာက္မာမႈက အားလုံးကို ေျပာျပေနသည္။
ရန္ေကာ္၏မ်က္ႏွာက မည္းေမွာင္သြားၿပီး "သြားၿပီ... အခု ငါတို႔ ဒုကၡေရာက္ၿပီ!"
ရန္ေကာက သူ႔ဘာသာသူ တကိုယ္တည္း ညည္းညဴေနေတာ့သည္။ စုလင္းကေတာင္ ေျဖရွင္းရခက္ေနၿပီလို႔ ေျပာႏိုင္တာကို သူ႔ဇနီးကလည္း ကိုင္တြယ္ရခက္ခဲတဲ့လူ တစ္ေယာက္ျဖစ္ေနျပန္တယ္။
ထိုအခ်ိန္တြင္ ဆယ္ေက်ာ္သက္ ေကာင္ေလးတစ္ေယာက္က ဂူထဲကို ၀င္လာၿပီး ရန္ေကာ္ကို လွမ္းေျပာလိုက္သည္။ "အႀကီးအကဲက ဒီလူကို အရင္ဆုံး အက်ဥ္းခ်ထားဖို႔ အမိန႔္ေပးလိုက္တယ္"
ရန္ေကာ္က သူ႔ေနာက္မွ လူႏွစ္ေယာက္ကို ေဝွ႔ယမ္းျပလိုက္ၿပီး ထိုလူႏွစ္ေယာက္က ခ်က္ခ်င္း ေရွ႕ကို တိုးလာကာ ဟန္ရႈကို ဘယ္ညာတစ္ဖက္ဆီမွ ဆြဲမလိုက္သည္။ ရန္ေကာ္က ေလွာင္ေျပာင္ခ်င္ေသာ အမူအရာျဖင့္ သေရာ္ေနရင္း ေအးစက္စက္ေလသံျဖင့္ "သူ႔ကို ပိတ္ေလာင္ၿပီး ေနာက္သုံးရက္ေရာက္ အငတ္ထား ထားလိုက္.. သူ ေမာက္မာႏိုင္ဦးမလား ငါ ေစာင့္ၾကည့္မယ္"
"ဟုတ္ကဲ့" ထိုလူႏွစ္ေယာက္က ဟန္ရႈကို ဂူအတြင္းပိုင္းထဲကို ဆြဲေခၚသြားၿပီး ဟန္ရႈက ပတ္ဝန္းက်င္ကို တိတ္တဆိတ္ အာ႐ုံစိုက္ေနခဲ့သည္။ လမ္းတစ္ေလွ်ာက္တြင္ ေျခအနည္းငယ္လွမ္းၿပီးတိုင္း ေစာင့္ၾကပ္ေနေသာ လူတစ္ေယာက္ႏွင့္ ကင္းလွည့္ေနေသာ လူတစ္စုကို ေတြ႕ေနရသည္။ သူ႔ကို ဆြဲေခၚလာတာျမင္ေတာ့ လူတိုင္းက မတ္မတ္ရပ္ေနၾကၿပီး သူ႔ကို ေစ့ေစ့ၾကည့္ကာ ဂုဏ္ယူေနပုံရသည္။ သူတို႔က တကယ္ပဲ သာမာန္သူပုန္မ်ား မဟုတ္ၾကေပ။ (စစ္တပ္လို စနစ္တက်ဖြဲ႕စည္းထားတယ္လို႔ ေျပာခ်င္တာပါ)
ဒီတစ္ခါေတာ့ ၿပိဳင္ဘက္က အရမ္းၾကမ္းတမ္းေနၿပီး သူ(ဟန္ရႈ)တို႔က ရန္သူကို ေလွ်ာ့တြက္ခဲ့မိပုံပါပဲ။
❤️❤️❤️Thank you so much for your lovely supports❤️❤️❤️