အမုန္းမွသည္...ခ်စ္ျခင္းဆီသို႔...

By MoeKyalPhyu14

146K 4.3K 268

မိဘတွေမတရားခံရမှုအတွက် ကလဲ့စားချေမယ့်ကောင်လေးတစ်ယောက် အမုန်းတရားတွေကနေလွတ်မြောက်နိုင်ပြီး ချစ်ခြင်းကိုရှာဖွေတ... More

🍂ဖတ္ေပးေစခ်င္🍂
💠Intro💠
🍁 Part 1🍁
🍁 Part 2🍁
🍁 Part 3🍁
🍁Part 4🍁
🍁 Part 5🍁
🍁Part 6🍁
🍁Part 7🍁
🍁Part 8🍁
🍁Part 9🍁
🍁Part 10🍁
🍁Part 11🍁
🍁Part 12🍁
🍁 Part 13🍁
🍁Part 14🍁
🍁Part 15🍁
🍁Part 16🍁
🍁Part 17🍁
🍁Part 18🍁
🍁Part 19🍁
🍁Part 20🍁
🍁Part 21🍁
🍁Part 22🍁
🍁Part 23🍁
🍁Part 24🍁
🍁Part 25🍁
🍁Part 26🍁
🍁Part 27🍁
🍁 Part 28🍁
🍁Part 29🍁
🍁Part 30🍁
🍁Part 31🍁
🍁Part 32🍁
🍁Part 33🍁
🍁Part 33.2🍁
🍁Part 33.3🍁
🍁Part 34🍁
🍁Part 35🍁
🍁Part 36🍁
🍁Part 37🍁
🍁Part 38🍁
🍁Part 39🍁
🍁Part 41🍁
🍁Part 42🍁
🍁Part 43🍁
🍁Part 44🍁
🍁Part 45🍁
🍁Part 46🍁
🍁Part 47🍁
🍁Part 48🍁
🍁Part 49🍁
🍁Part 50🍁
🍁Part 51🍁
🍁Part 52🍁
🍁Part 53🍁
🍁Part 54🍁
🍁Part 55🍁
🍁Part 56🍁
🍁Part 57🍁
🍁Part 58🍁
🍁Part 60🍁
🍁Part 59🍁
🍁Part 61🍁
🍁Part 62🍁
🍁Part 63🍁
🍁Part 64🍁
🍁Part 65🍁
🍁Part 66🍁
🍁Part 67🍁
🍁Part 68🍁
🍁Part 69🍁
🍁Part 70{Final}🍁

🍁Part 40🍁

1.2K 52 6
By MoeKyalPhyu14

[Unicode]

သော်တာ ကော်ဖီခွက်ကိုမွှေနေရင်း အတွေးထဲလွှင့်မျောနေသူတစ်ယောက်လို ငြိမ်သက်နေသော မာန့်ကို စိုက်ကြည့်နေသည်။ သူတို့သူငယ်ချင်းများ မကြာခဏ ဆုံနေကြ ကော်ဖီဆိုင်တွင် မာန်နဲ့သော်တာ ရှိနေကြခြင်းဖြစ်သည်။ လင်းသာက ကြယ်စင်နဲ့အတူသွားစရာ ရှိသည်ဆိုသည်ကြောင့် သူတို့နှစ်ယောက်ထဲသာ ရှိနေရခြင်းဖြစ်သည်။ မာန်ကလည်း ကော်ဖီခွက်ကိုသာ ကြည့်နေသလို သော်တာကလည်း မာန့်ကိုသာကြည့်နေရင်း နှစ်ယောက်သား အချိန်အတော်ကြာသည်အထိ စကားမပြောကြပဲ တိတ်ဆိတ်စွာရှိနေသည်။ မိနစ်အတော်ကြာ သော်တာ မာန့်ကို ကြည့်နေခဲ့ပြီးသည့်နောက်

"မာန်"

"အင်း"

မာန်က သူ့အားကြည့်မလာပဲ ခေါင်းညိတ်ကာ ထူးလာသည်။ သော်တာ သူပြောမည့်စကားတို့ ပြောမထွက်ပဲရှိနေသည်။ ခွန်းဆက်နဲ့ အတူရှိနေလျှင် ပျော်ရွှင်နေတက်သော မာန့်ပုံရိပ်တွေကို မြင်ယောင်ကြည့်တိုင်း ထိုစကားတို့က ခဲဆွဲထားသလို လည်ချောင်းဝ၌ တစ်ဆို့နေခဲ့သည်။ သို့ပေမယ့် မပြောလျှင်လည်း မပြီးသည်မို့။

"မင်း ရှေ့ဆက်ဖို့ စိတ်ရှိသေးရဲ့လား"

ထိုစကားကိုကြားတော့ မာန်က အံ့ဩသွားဟန် မျက်ဝန်းပြာလေးတို့က ၀ိုင်းစက်သွားကာ သော်တာ့ကို ကြည့်လာသည်။

"ဘာလို့လဲ"

"မင်း ခွန်းဆက်ရောင်နီကို ချစ်နေပြီမဟုတ်လား မာန်"

သော်တာ့စကားကြောင့် မာန့်မျက်ဝန်းပြာလေးတို့က သိသိသာသာကို အရောင်ထိုင်းမှိုင်းသွားတော့သည်။ သော်တာပြောသော စကားကို အငြင်းစကားမဆိုပဲ ကော်ဖီခွက်ကို ပြန်ကြည့်ရင်း သက်ပြင်းကိုရှိုက်ချမိသည်။

မာန် သူ့စိတ်ကို သူနားလည်ထားပြီးသား ဖြစ်နေခဲ့သည်။ ခွန်းဆက်ရောင်နီအား သူချစ်နေခဲ့သည်ဆိုတာကို အစောကြီးကတည်းက သိရှိထားပြီးသား ဖြစ်သည်။ ထိုအတွက်ကြောင့်လည်း အိပ်မပျော်သည့် ညရက်တွေက မာန့်ဆီသို့ အလုံးလိုက်အရင်းလိုက် ရောက်ရှိနေခဲ့သည်မှာလည်း ကြာလှပြီ။ မိခင်၊ဖခင်နဲ့ ချစ်ရတဲ့ အန်တီတို့အား နာကျင်စွာသေဆုံးစေခဲ့သူ၏ သားကိုမှ ရူးရူးမူးမူးချစ်နေမိခြင်းအပေါ် ကိုယ့်ကိုကိုယ်လည်း မုန်းတီးမိသည်။

နှလုံးသား၏အလိုဆန္ဒကို ဥပေက္ခာပြုထားခဲ့ပြီး ဦးနှောက်၏ အဆုံးအဖြတ်ကို ရှေ့တန်းတင်ကာ ခံစားချက်များကို မျိုသိပ်ထားခဲ့သော်လည်း ဘေးလူတွေက အဘယ်သို့ သိသွားလေသနည်း။

"မာန် မင်းတကယ်ပဲ ရှေ့ဆက်ချင်ရဲ့လား"

သော်တာ ထပ်မေးတော့ မာန်က ခေါင်းကို ဖြည်းညှင်းစွာ ညိတ်ပြသည်။

"အင်း...ငါမေမေတို့ အတွက် အမှန်တရားကို ရအောင်ယူမယ်"

"ကောင်းပြီ...ဒါဆို မင်း ခွန်းဆက်ရောင်နီနဲ့ ကွာရှင်းဖို့ပြင်တော့"

"ဟင်"

သူ့စကားကြောင့် နာကျင်မှုအရိပ်အယောင်တို့ မျက်နှာထက် ထင်ဟပ်လာသော မာန့်ကိုကြည့်ရင်း သော်တာ စိတ်မကောင်း။ ခွန်းဆက်နဲ့ ကွာရှင်းဖို့သည်အထိ မလိုအပ်သော်လည်း ကြုံတွေ့လာရမည့် ကိစ္စများကြောင့် ခွန်းဆက်နဲ့ ပတ်သက်ပြီး မာန်နာကျင်နေမည်ကို သော်တာ မကြည့်နိုင်သောကြောင့် ကွာရှင်းဖို့ပြောရခြင်းဖြစ်သည်။ အခုထိ ဘာမှပြန်မပြောသေးပဲ သူ့အားစိုက်ကြည့်နေသော မာန့်မျက်လုံးများကို သော်တာ ပြန်စိုက်ကြည့်လိုက်ရင်း

"ဟုတ်တယ် မာန်...ငါ မျိုးနိုင်ဆီက ဆက်သွယ်မှုကို ရခဲ့တယ်...သူက အပြင်မှာတွေ့ဖို့ တောင်းဆိုနေတယ်...တကယ်လို့ သူသာ ငါတို့ဘက်ပါလာရင် ဒီပွဲမှာ ငါတို့ တစ်ပန်းသာသွားပြီ...အဲ့တာကြောင့် မလိုအပ်တဲ့ နှောင်ကြိုးတွေကြောင့် မင်းကိုငါ မပင်ပန်းစေချင်ဘူး မာန်"

သူစကားကိုသာ ငြိမ်သက်နေလျှက် နားထောင်နေသော မာန့်ကြောင့် သော်တာ သက်ပြင်းချမိသည်။ သူသိတာပေါ့။ သူ့ သူငယ်ချင်းလေးစိတ်ထဲ ဘယ်လောက်တောင် မွန်းကြပ်နေမလဲဆိုတာ။

"တကယ်လို့ မင်းရပ်စေချင်ရင်လည်း ဒီမှာပဲ ရပ်...."

"ဟင့်အင်း...မရပ်ဘူး...ငါအဆုံးထိသွားမှာ သော်တာ"

မာန်က သူ့စကားကိုဖြတ်ကာ ပြောလာသည်။ မျက်ဝန်းပြာလေးဘေးက မျက်သားဖြူလေးများကတော့ နီရဲလို့နေသည်။ သော်တာ ခုံပေါ်တင်ထားသော မာန့်လက်တစ်ဖက်ကိုလှမ်းကိုင်လိုက်ရင်း

"ဖြစ်သင့်တာနဲ့ ဖြစ်ချင်တာ ထပ်တူမကျတဲ့အခါ နာကျင်မှုတွေနဲ့ ဖြစ်သင့်တာကို ရွေးချယ်ခဲ့တဲ့ မင်း...အနာဂတ်မှာ နောင်တမရစေဖို့ ငါဆုတောင်းပါတယ်"

သော်တာ့စကားကြောင့် မာန်ပြုံးမိသည်။ ထိုအပြုံးက နာကျင်ကြေကွဲရိပ်တို့ ပြည့်နေသည်ကိုတော့ မြင်သူတိုင်း သိနိုင်သည်။

*********************************
အချိန်အားဖြင့် ညနေ ၄နာရီ ၄၅ မိနစ်။

ခွန်းဆက် အလုပ်စားပွဲတွင်ထိုင်နေသော်လည်း စိတ်တို့က အလုပ်ထဲတွင်မရှိပေ။ နံရံမှာကပ်ထားသော နာရီကိုကြည့်လိုက်၊ လက်တွင်ပတ်ထားသော နာရီကိုကြည့်လိုက်၊ ဖုန်းထဲမှ အချိန်ကိုကြည့်လိုက်နှင့် တစ်ယောက်တည်း ဗျာများနေသည်။ ၅ နာရီထိုးဖို့ ၁၅ မိနစ်တောင် လိုနေသေးသည်ကို တွေ့ရသည်ကြောင့် ခွန်းဆက် မျက်ခုံးတန်းတို့ စုကြုတ်သွားတော့သည်။

"ကျစ်! အချိန်တွေက ကြာလိုက်တာကွာ...ဘယ်တော့မှ ၅နာရီထိုးမှာလဲ မသိဘူး"

တစ်ယောက်တည်းရေရွတ်ရင်း ဆူဆူပုတ်ပုတ်ဖြစ်နေသည်။ ထိုသို့ဖြစ်နေရခြင်းက အခြားတော့မဟုတ်ပေ။ နေ့လည်စာစားချိန်တုန်း မာန်က သူ့ဆီ massage တစ်စောင်ပို့လာခဲ့ခြင်းကြောင့်ဖြစ်သည်။

'ညနေ ရုံးဆင်းရင် အပြင်မှာ ညစာ မစားခဲ့နဲ့...ငါနဲ့အတူ အိမ်မှာစားရအောင်...စောင့်နေမယ်'

ဟူသော စာကြောင်းလေးတစ်ကြောင်းက ခွန်းဆက်အား အကြိမ်ကြိမ်ပြုံးနေစေခဲ့သည်။ ထိုစာလေးကြောင့် နေ့လည်က ရုံးကကန်တင်းတွင် စားခဲ့သော နေ့လည်စာကလည်း အရင်ကထက် စားကောင်းနေခဲ့သလို ရာသီဥတုဟာလည်း သာယာကြည်လင်နေခဲ့ကာ မြင်မြင်သမျှကလည်း စိတ်ကျေနပ်စေခဲ့သည်။ ခွန်းဆက် ဖုန်းကို တစ်ဖန်ပြန်ကြည့်တော့ ၅နာရီဆိုသည်အား ပြနေသည်ကြောင့် ဖုန်းနဲ့ကားသော့ကို ဆွဲကာ ရုံးခန်းထဲမှ မပြေးရုံတမယ် ထွက်လာခဲ့သည်။

*********************************
မာန် ထမင်းစားပွဲဘေးက ခုံတွင်ထိုင်နေရင်း စားပွဲပေါ်မှ အငွေ့တထောင်းထောင်းထနေသော ဟင်းများကို စိုက်ကြည့်နေသည်။ သော်တာနဲ့တွေ့ခဲ့ပြီးသည့်နောက် ကုမ္ပဏီသို့ မပြန်တော့ပဲ market တစ်ခုသို့ဝင်ကာ ချက်ပြုတ်ရန်အသားနဲ့အသီးအရွက်တို့ကို သွားဝယ်ခဲ့သည်။ အိမ်သို့ပြန်ရောက်တော့လည်း ကိုယ်တိုင် မီးဖိုခန်းထဲဝင်ကာ ချက်ပြုတ်ခဲ့သည်။ ကူလုပ်ပေးမည်ဆိုသော အန်တီမိုးကိုပင် နားခိုင်းခဲ့ပြီး အစအဆုံးသူကိုယ်တိုင်သာ လုပ်ဆောင်ခဲ့သည်။ ခွန်းဆက်၏ အကြိုက်တွေအား သတိထားမိခဲ့သောကြောင့် ယခုအချိန်တွင် ခွန်းဆက်အတွက် ချက်ပြုတ်ပေးရာ၌ မာန်ခေါင်းစားခြင်းမရှိခဲ့ပေ။

စားပွဲပေါ်မှ ဟင်းများကိုကြည့်ရင်း မာန်စိတ်ထဲ တင်းကျပ်လို့နေသည်။ ခွန်းဆက်အား ကွာရှင်းမည့်အကြောင်း ဘယ်လိုပြောရမှန်းမသိပေ။ ခွန်းဆက်ကရော လက်ခံပါမည်လော။ ခွန်းဆက် လက်မခံလျှင် သူဘယ်သို့ လုပ်ရမည်နည်း။ မာန် ထိုအကြောင်းများအား တွေးနေစဉ် ခြံထဲသို့ မောင်းဝင်လာသော ကားသံကြားလိုက်ရသည်ကြောင့် ခြေဖျားလက်ဖျားတို့ အေးစက်လို့သွားသည်။

ခွန်းဆက် ဆင်ဝင်အောက်တွင် ကားရပ်လိုက်ပြီး အိမ်ထဲသို့ ခြေတံရှည်များ အားကိုးဖြင့် လှမ်းဝင်လာခဲ့သည်။ အိမ်ပေါ်သို့ မတက်သေးပဲ ထမင်းစားခန်းထဲသို့ လှမ်းမျှော်ကြည့်လိုက်တော့ ငြိမ်သက်စွာ ထိုင်နေသော မာန့်ကိုတွေ့လိုက်ရသည်။ မြင်နေကျအတိုင်းပင် ထိုလူသားလေးက အပေါ်အောက် အဖြူရောင်ကိုသာ ၀တ်ဆင်လို့ထားသည်။ ခွန်းဆက်လည်း ထမင်းစားခန်းထဲ လှမ်းဝင်လိုက်ပြီးနောက် ဟင်းပွဲများကိုကြည့်ကာ

"အနံ့နဲ့တင် ဗိုက်တောင် ဆာလာပြီ"

မာန်ကတော့ ခွန်းဆက်၏ အပြောကို မတုန့်ပြန်သေးပဲ ခေါင်းငိုက်စိုက်ချထားသည်။ ခွန်းဆက်ကတော့ သာမန်မဟုတ်သည့်အငွေ့သတ်တို့ကို သတိမထားမိသေးပေ။

"ဒါဆို ကျွန်တော် ရေချိုးပြီး ပြန်ဆင်းလာခဲ့မယ်...ခဏစောင့်"

ခွန်းဆက် ပြောပြီး လှည့်ထွက်လာလိုက်သည်။ ထိုသို့ လှည့်ထွက်လာသည်အထိ မာန်က ဘာမှမပြောသည့်အပြင် ခေါင်းပင်မော့မလာသည်ကြောင့် ခွန်းဆက်စိတ်ထဲ အနည်းငယ်မတင်မကျ ဖြစ်သွားသော်လည်း စိတ်ထဲထားမနေတော့ပဲ ရေချိုးရန် သူ့အခန်းဆီသို့ အပြေးသွားခဲ့တော့သည်။

Time Skip,

ခွန်းဆက်ရေချိုးပြီးနောက်  တဘက်တစ်ထည်ဖြင့် ခေါင်းကိုသုတ်ရင်း အောက်ထပ်သို့ဆင်းလာခဲ့ပြီး ထမင်းစားပွဲ၌ မာန်နဲ့မျက်နှာချင်းဆိုင်ကခုံတွင် ၀င်ထိုင်လိုက်သည်။

"စောင့်နေရတာ ကြာသွားပြီလား"

ခွန်းဆက်ပြောတော့ မာန်က မျက်တောင်ရှည်လေးများကို ပင့်မလာပြီး ခွန်းဆက်အားကြည့်လာသည်။ မာန်၏ မျက်ဝန်းတို့တွင် နာကျင်မှုတစ်စွန်းတစ်စ ရောယှက်နေသည်ကို ခွန်းဆက် တွေ့လိုက်ရသည်။

"ဘာဖြစ်နေတာလဲ မာန်"

"စားတော့မလား...ငါထမင်း ထည့်ပေးမယ်"

သူ့အမေးကိုပြန်မဖြေပဲ စကားလွှဲကာ ပြောလာသူကြောင့် ခွန်းဆက် မျက်ခုံးတန်းတို့ စုကြုတ်သွားရသည်။

"မာန်"

"အင်း"

"ဘာဖြစ်နေတာလဲ...ဘာလို့ ရုတ်တရက်ကြီး ညစာအတူစားချင်ရတာလဲ"

"ငါ တစ်ခေါက်လောက် မင်းကို ညစာချက်ကျွေးချင်ခဲ့တာ..."

ပြန်ဖြေလာသံက တိုးတိုးသာသာ။ မာန့်အသံက တိုးသဲ့နေသော်လည်း ခွန်းဆက် ပီသစွာကြားရသည်။ ကြားလိုက်ရသော စကားကြောင့် ခွန်းဆက်ရင်ထဲ ပျော်ရွှင်မှုတို့ လှိုင်းထလာသော်လည်း မသိစိတ်တစ်နေရာကနေ စိုးရိမ်မှုတို့က ထွက်ပြူလာသည်။ ဘာကြောင့်မှန်းမသိ ခွန်းဆက် မာန့်ကိုကြည့်ရင်း တဖြည်းဖြည်းဝေးကွာသွားသော ခံစားချက်ကိုခံစားလာရသည်။ သူ့အားစိုက်ကြည့်နေသော မျက်ဝန်းပြာများကြောင့် ခွန်းဆက်ရင်ထဲ အမျိူးအမည်မသိသော နာကျင်မှုက ၀င်ရောက်လာသည်။ တစ်ခုခုကို ချုပ်တည်းထားဟန်ရသော မာန်ပုံစံကြောင့်

"တစ်ခုခုပြောစရာရှိလို့လား"

ခွန်းဆက်မေးတော့ သူ့အားကြည့်နေသော မျက်ဝန်းပြာလေးများက အရောင်မှိုင်းကျသွားသည်မှာ လမိုက်ညကောင်းကင်ပြာထက် ကြယ်လေးတွေကပါ ပုန်းကွယ်နေသလိုမျိုးပင်။

"ခွန်းဆက်"

မသဲမကွဲခေါ်သံ တိုးသဲ့သဲ့လေး။ မာန့်ကိုသာ အာရုံစိုက်မထားပါလျှင် ခွန်းဆက် ထိုခေါ်သံကို ကြားရမည်မဟုတ်ပေ။

"ဗျာ"

ခွန်းဆက် ထူးသံပြုတော့ မာန်က သက်ပြင်းကိုရှိုက်ချသည်။ မျက်ဝန်းပြာဘေးရှိ မျက်သားဖြူများက ရဲတက်လာသလို အကြည်ရောင်အလွှာလေးက ထိုမျက်ဝန်းအား ရစ်သိုင်းလိုက်သည်ကို ခွန်းဆက် အတိုင်းသားမြင်လိုက်ရသည်။ ထိုသည်ကိုကြည့်ရင်း ခွန်းဆက် တစ်ခုခုကို ဆုံးရှုံးရတော့မည့် ခံစားချက်ကြီးက ရင်နဲ့အမျှ ဖြစ်ပေါ်လာရသည်။ မာန်၏ ဒီလိုအကြည့်မျိုးကို ခွန်းဆက် မကြိုက်ပေ။ အခုလို နာကျင်နေပုံရသောအကြည့်မျိုးထက် ကြယ်လေးတွေကိုကြည့်ရင်း တလက်လက်တောက်ပနေသော မျက်ဝန်းပြာလေးတစ်စုံကိုသာ ပိုသဘောကျသည်။

နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် စက္ကန့်အတော်ကြာစိုက်ကြည့်ပြီးနောက် မာန်က မျက်နှာကိုတစ်ဖက်လှည့်သွားကာ

"ငါတို့ ကွာရှင်းရအောင် ခွန်းဆက်! "

ထိုစကားပြောဖို့အရေး မာန်လက်သီးကို တင်းတင်းဆုပ်ထားသည်မှာ မတိုမရှည်လက်သည်းများပင် အသားထဲစိုက်ဝင်တော့မလို ဖြစ်နေခဲ့သည်။

မာန်ထံမှ ကြားလိုက်ရသော စကားကြောင့် ခွန်းဆက် အသိတို့အလုံးစုံလွှတ်ထွက်သွားကာ မာန့်ကိုသာ စိုက်ကြည့်နေမိသည်။ နွေလယ်ခေါင် မိုးကြိုးပစ်ချလိုက်သလိုမျိုး သူ့ရင်ထဲဝုန်းဒိုင်းကြဲလို့ သွားသည်။ ဖန်ခွက်တစ်လုံးအား အမြင့်တစ်နေရာကနေ ပစ်ချလိုက်သလိုမျိုး ရင်တစ်ခုလုံး ကွဲကြေလို့သွားသည်။ ဒီခံစားချက်က အလင်းဆည်းဆာသေဆုံးပြီဆိုသော အကြောင်းသိရတုန်းက ခံစားရသော ခံစားချက်နဲ့ တစ်ထပ်တည်း တူညီလို့နေသည်။ ခွန်းဆက် ဘာစကားမှမပြောပဲ မာန့်ကိုသာ ဆိတ်ဆိတ်ငြိမ်သက်လျှက် ကြည့်နေမိသည်။

ခွန်းဆက် ငြိမ်နေသောကြောင့် မာန်က ခွန်းဆက်မျက်ဝန်းနက်များကို စိုက်ကြည့်လာပြီး ထိုစကားအား ထပ်ပြောလာပြန်သည်။

"ကွာရှင်းရအောင်"

ခွန်းဆက်နားထဲ သံရည်ပူများလောင်းချလိုက်သလို အ၀င်ဆိုးလှသည်။ သူတွေးထားခဲ့သည်က ဒီလိုအခြေအနေနဲ့ မာန့်ဆီမှ ဒီလိုစကားတွေ ကြားရဖို့ မဟုတ်ခဲ့ချေ။ မာန်နဲ့အတူ အေးဆေးစွာ ညစာအတူစားချင်ခဲ့ရုံသာဖြစ်သည်။

ဘာမပြောပဲ သူ့အားစိုက်ကြည့်နေသေးသော ခွန်းဆက်ကြောင့် မာန် တစ်စထက်တစ်စ နာကျင်မှုတို့ တိုးပွားလာသည်။ စိုက်ကြည့်ခံရသော မျက်ဝန်းနက်များက မာန်၏ ဆုံးဖြတ်ချက်အား နောင်တတို့ရစေသည့် ခံစားချက်ကိုပေးစွမ်းနေသည်။

"ခွန်းဆက်"

"ဘယ်သူ့သဘောနဲ့လဲ"

ပထမဆုံးထွက်လာသည့် စကားသံ။ ရေခဲပမာ အေးစက်နေသော လေသံနှင့် ခပ်ထေ့ထေ့ကြည့်ရင်း မျက်ခုံးတစ်ဖက်ပင့်ကာ မေးလာသော ခွန်းဆက်။ မျက်ဝန်းနက်များက စူးရဲစွာ မာန့်အားစိုက်ကြည့်လို့နေသည်။ မာန် ထိုအကြည့်များကို မခံနိုင်တော့သည်ကြောင့် မျက်လွှာချကာ ပြန်ဖြေသည်။

"ငါ့သဘောနဲ့ငါ"

"အဟက်!! "

လှောင်ရယ်သံက ခြောက်ကပ်ကပ်နှင့် နာကျင်ရိပ်တို့စွန်းထင်းနေသည်။

"မာန်! ခေါင်းငုံ့မထားနဲ့...မျက်နှာကိုတည့်တည့်ကြည့်!! "

ခပ်ထန်တင်းမာစွာ ထွက်ပေါ်လာသော အမိန့်စကားသံ။ မာန် ခွန်းဆက်မျက်နှာကို မော့ကြည့်လာသည်။ ခွန်းဆက် မာန့်မျက်ဝန်းတို့ကို တည့်တည့်စိုက်ကြည့်လိုက်ပြီး

"ကျွန်တော်က ခင်ဗျားအတွက် သိပ်လွယ်နေသလား မာန်"

"....."

"လူကို လက်ထပ်ချင်တဲ့အချိန် လက်ထပ်...ကွာရှင်းချင်တဲ့အချိန် ကွာရှင်းရအောင် ခင်ဗျားအတွက် ကစားစရာအရုပ်ကလေးများ ထင်နေသလား"

"....."

သူ့မျက်ဝန်းများကို စိုက်ကြည့်ရင်း နာကျည်းစွာပြောလာသော ခွန်းဆက်စကားကြောင့် မာန်နှုတ်ခမ်းအတွင်းသားတို့ကို ဖိကိုက်ထားမိသည်။ မျက်ဝန်းနက်တို့က သိသိသာသာနီရဲလာပြီ နာကျင်မှုတို့က ထိုမျက်ဝန်းနက်တို့တွင် အရောင်ထပ်ဟပ်လာနေသည်။ မာန် ဆက်မကြည့်နိုင်တော့။

တောင်းပန်ပါတယ် ခွန်းဆက်ရယ်...ငါတကယ်ကို တောင်းပန်ပါတယ်...ကျေးဇူးပြုပြီး ငါ့ကြောင့်နဲ့ မနာကျင်ပါနဲ့လား.....

"ဒီကောင်ကလေ ခင်ဗျား နေ့လည်က စာပို့လိုက်ကတည်းက ခင်ဗျားနဲ့တွေ့ဖို့ ဖင်တကြွကြွ ဖြစ်နေတဲ့ကောင်...ခင်ဗျားနဲ့ညစာ အတူစားရဖို့ အရူးတစ်ယောက်လို စိတ်လှုပ်ရှားနေခဲ့တဲ့ကောင်...ဒီကို မလာခင်အထိ ခင်ဗျားကို ဘယ်လိုစရမလဲ...အဲ့ဒီနှုတ်ခမ်းတွေထက် အပြုံးတွေဖြစ်လာအောင် ဘယ်လိုလုပ်ရမလဲ...အဲ့ဒီမျက်ဝန်းပြာတွေ ပျော်ရွှင်မှုကြောင့် တောက်ပနေအောင် ဘယ်လိုမျိုးဖန်တီးပေးရမလဲလို့ တောက်လျှောက်တွေးနေခဲ့တဲ့ကောင်ကို ခင်ဗျားက ကွာရှင်းရအောင်ဆိုတဲ့စကားပြောဖို့ ချိန်းသတဲ့လား...ဟက်!!  စောက်ရေးကိုမပါတာ"

ခွန်းဆက် စကားအဆုံး နှုတ်ခမ်းထက် လှောင်ပြုံးပြုံးလိုက်သော်လည်း မျက်ဝန်းနက်တွေကနေတစ်ဆင့် မျက်ရည်တု့်ိ စီးကျလာသည်။ ခွန်းဆက် ဘယ်ဘက်လက်ခုံဖြင့် ထိုမျက်ရည်များကို ကြမ်းတမ်းစွာ  သုတ်ဖယ်ပစ်လိုက်သည်။

မာန် ခွန်းဆက်ကိုကြည့်ရင်း မျက်လုံးတို့စပ်ဖျဉ်းဖျဉ်းဖြစ်လာသည်ကို ခံစားမိသည်။ သူဒီနေရာတွင် ကြာကြာနေလို့ မဖြစ်တော့ပေ။ မကြာခင် သူ့မျက်ရည်တွေက ထိန်းမနိုင်သိမ်းမရ ကျဆင်းလာတော့မည်ဖြစ်သည်။ ခွန်းဆက်ရှေ့တွင် သူငိုလို့မဖြစ်ပေ။ မာန် အံ့ကိုကြိတ်လိုက်ပြီး နောက်ဆုံးလက်ကျန် အားကိုတင်းလိုက်ကာ ခွန်းဆက်ကိုကြည့်ရင်း ဆိုသည်။

"အဲ့တာ မင်းကိစ္စလေ"

"ဒီမှာ အလင်္ကာမုန်းမာန်... ခင်ဗျားသဘောနဲ့ခင်ဗျား ကျုပ်ဘ၀ထဲဝင်လာခဲ့တာဆိုပေမယ့် ကျုပ်သဘောမပါပဲ ခင်ဗျားပြန်ထွက်သွားလို့မရဘူး"

တစ်လုံးချင်းစီပြောလာသည့်စကားသံတို့က အာဏာစက်အပြည့်။အခုချိန်တွင် ခွန်းဆက်၏ ကိုယ်၌ မာန်တစ်ခါမှ မခံစားရဖူးသော အရှိန်အဝါတစ်မျိုးကို ခံစားရသည်။ ခါတိုင်းလိုမျိုး နူးညံ့ညံသက်နေသည့် အရှိန်အဝါမဟုတ်ပဲ တင်းမာခက်ထန်နေသည့် အရှိန်အဝါကြောင့် မာန်တစ်ကိုယ်လုံးအေးစက်လို့သွားသည်။ ယခုသူ့ရှေ့မှလူက သူတွေ့ဖူးနေကျ ခွန်းဆက်ရောင်နီ မဟုတ်တော့သလိုပင်။ တစ်ခြားတစ်ယောက် လူစားလဲပြီး ခွန်းဆက်အယောင်ဆောင်ထားသည်ဟုပင် ခံစားနေရသည်။

"ကွာရှင်းဖို့ဆိုတဲ့စကား ထပ်မကြားချင်ဘူး!!"

ခွန်းဆက်ဆီမှ ထပ်ထွက်လာသောစကား။ မာန် စိတ်ကိုဒုံးဒုံးချလိုက်ပြီးနောက်

"ဘာပဲဖြစ်ဖြစ် ငါ မင်းနဲ့ ကွာရှင်းမှာပဲ ခွန်းဆက်"

"ကျုပ်သဘောမတူဘူး!"

"မနက်ဖြန် စာချုပ်ပို့လိုက်မယ်"

ထိုတစ်ခွန်းသာ ပြောပြီး မာန် ထိုင်နေရာမှ ထလာခဲ့ပြီး ကားဆီသို့သွားရန် ခြေလှမ်းပြင်လိုက်စဉ် နောက်ပါးစီမှ ဖန်ခွက်အားရိုက်ခွဲလိုက်သော အသံကိုကြားလိုက်ရသည်။

'ခွမ်း! '

မာန် အသံကြောင့် လှည့်ကြည့်လိုက်တော့ မြင်လိုက်ရသော မြင်ကွင်းက သွေးပျက်ဖွယ်။ ဖန်ကွဲစအချွန်ကို လည်ပင်းမှာ တေ့ထားသော ခွန်းဆက်။အသားနဲ့ဖန်ကွဲစ ဆုံသောနေရာက သွေးများထွက်လာသည်။ ဖန်ကွဲစအား ဆုပ်ကိုင်ထားသော လက်တွင်လည်း သွေးတို့က တလဟောစီးဆင်းနေသည်။ မာန် ရင်ထဲ စိုးရိမ်မှုတို့ ကြီးစိုးသွားသည်။

ဖန်ခွက်ခွဲလိုက်သော အသံကြောင့်ထင် အန်တီမိုးနှင့် ကိုအောင်တို့ကပါ သူတို့အနားရောက်ရှိလာပြီး ခွန်းဆက်၏ ပုံစံကိုမြင်တော့ ဆွံ့အသွားကြသည်။

"ခွန်းဆက် မင်းဘာလုပ်တာလဲ"

"မြင်တဲ့အတိုင်းပဲလေ...ခင်ဗျား အဲ့ဒီနေရာက ခြေတစ်လှမ်းရွေ့တာနဲ့ ဒီဖန်ကွဲစက ကျုပ်လည်ပင်းထဲ စိုက်ဝင်သွားပြီပဲ"

ခြိမ်းခြောက်လာသော စကားသံတို့က စနောက်နေသည့်မဟုတ်ပဲ တကယ်လုပ်မည့် အရိပ်အယောင်တို့က ခွန်းဆက်မျက်နှာတွင် ပြတ်သားစွာ ထင်ဟပ်နေသည်။

"မင်းရူးနေလား ခွန်းဆက်!...ချထားလိုက်ပါကွာ"

"ခင်ဗျားတောင် ကျုပ်စကားနားမထောင်တာ...ကျုပ်က ဘာဖြစ်လို့ နားထောင်ရမှာလဲ"

ခွန်းဆက်စကားအဆုံး မာန်တင်းမထားနိုင်တော့သည့် မျက်ရည်များက သူ့ထက်ငါအပြိုင် ကျဆင်းလို့လာသည်။ တစ်ခဏတွင်းချင်းပင် မာန့်မျက်နှာတွင် မျက်ရည်တို့ ရွှဲအိုင်သွားသည်။ တင်းထားရသော မျက်ရည်များက အတိုးနဲ့အရင်းပေါင်းကာ မျက်ဝန်းပြာထက်မှ စီးကျလာသည်။ မျက်ရည်အရွှဲသားဖြင့် မာန် ခွန်းဆက်ကိုကြည့်ရင်း

"မင်း ငါ့ကိုဘာဖြစ်စေချင်နေတာလဲ...ငါရူးတော့မယ် ငါရူးတော့မယ်ကွ"

မာန်၏ အရုပ်ကြိုးပျက်သွားသော ပုံစံကိုမြင်လိုက်ရသော ခွန်းဆက်အတွက် ရင်ထဲမြားဆယ်စင်းနဲ့ အပစ်ခံလိုက်ရသလိုပင်။ သဘောကျရသော မျက်ဝန်းပြာလေးများမှ မျက်ရည်များကျဆင်းနေသည်ကို တွေ့ရတာ ရင်ထဲနာလှသည်။

မာန် သူ့ရင်ဘက်ကို တစ်ဖုန်းဖုန်းထုရိုက်ရင်း ဆက်ပြောလာသည်။

"ဒီနေရာက နာကျင်နေလွန်းလို့ သေလောက်တယ်...မွန်းကြပ်လွန်းလို့ ရူးတော့မယ်...ငါ့ကျမှ ဘာလို့ဒီလိုတွေဖြစ်နေရတာလဲ...ငါကရော ပျော်ရွှင်ဖို့ မထိုက်တန်ဘူးလား...ဘာအမှားတွေလုပ်မိလို့ ငါ့အတွက် ပျော်ရွှင်ခြင်းတွေမရှိရတာလဲ...ရူးတော့မယ်...သေချင်လောက်အောင်ကို နာကျင်လွန်းလို့ ရူးတော့မယ်"

ခွန်းဆက် မာန့်ကိုကြည့်ရင်း လက်ထဲက ဖန်ကွဲစ လွတ်ကျသွားခဲ့သည်။ မာန် ဘာတွေဖြစ်နေတာလဲ။ ဘာအတွက်ကြောင့် မာန်ဒီလိုမျိုး ခံစားနေရတာလဲ။ သူ့ရှေ့မှ နာကျင်မှုနဲ့ မျက်ရည်ကျနေသူက ဟန်ဆောင်နေခြင်း မဟုတ်ကြောင်း ခွန်းဆက်ရင်ထဲကခံစားမိသည်။

"ဘာလို့အမြဲ ငါဖြစ်ချင်တိုင်း မဖြစ်ရတာလဲ...ဘာလို့ မင်းတို့်စကားကိုပဲ နားထောင်ပြီး ငါ့ခံစားချက်တွေကို လျစ်လျူရှုထားရမှာလဲ... ငါလည်း လူတစ်ယောက်ပဲလေကွာ...ငါလည်း ပျော်ချင်တာပေါ့...ဒါပေမယ့် ဘာလို့လဲ...ဘာလို့...."

"မာန်!!!! "

ရုတ်တရက်လဲပြိုသွားသော မာန့်အား ခွန်းဆက်အပြေးထိန်းလိုက်ရသည်။ ရင်ခွင်ထဲငြိမ်သက်နေသော ကောင်လေး၏ ပါးပြင်ကို ခွန်းဆက် အသာပုတ်ကာ ခေါ်မိသည်။

"မာန်!! "

"မာန် သတ်ိထားအုံးလေ...မာန်! "

သို့သော် ရင်ခွင်ထဲမှ ကောင်လေးကငြိမ်သက်နေဆဲ။ ခွန်းဆက်ရင်ထဲ ဗလောင်ဆူလာသည်။ စိုးရိမ်စိတ်တို့က ဦးနှောက်မှ ခြေဖျားအထိ ကူးလူးယှက်သန်းနေကြသည်။ ခွန်းဆက် မာန့်အား မင်းသမီးပွေ့သလို ပွေ့ချီကာ ကားဆီသို့သယ်သွားပြီး မောင်းသူနေရာတွင်ဝင်ထိုင်လိုက်ပြီး ဆေးရုံဆီသို့ မောင်းနှင်တော့သည်။ ကားမောင်းနေသည့်တိုင်အောင် မာန့်အား ရင်ခွင်အတွင်း ပိုက်ထားဆဲ။ ကားမောင်းနေရင်းမှလည်း ရင်ခွင်ထဲက မာန့်အား တစ်ချက် တစ်ချက်ငုံ့ကြည့်ရင်း

"မင်း ဘာမှဖြစ်လို့မရဘူး မာန်...မောင် မင်းကို ဘာမှဖြစ်ခွင့်မပေးနိုင်ဘူး...မင်းက မောင့်အပိုင်ဖြစ်လို့ မောင့်ခွင့်ပြုချက်မရှိပဲ မင်းဘာမှဖြစ်ခွင့်မရှိဘူး"

*********************************
#4.3.2024
#🍁Moe Kyal Phyu🍁
*****
ရင်ဘက်တွေအောင့်လိုက်တာ ရှင်တို့ရယ်🤧🤧🤧ရေးထားသမျှအပိုင်းတွေထဲမှာ ဒီအပိုင်းကို အားအရဆုံးပဲ.....

ဒါနဲ့မျိုးနိုင်က သော်တာ့ကို ဘာကြောင့်ဆက်သွယ်လာတယ်လို့ ထင်လဲဟင်???

ငိုပြီးသွားကြရင်လည်း click ဖို့မမေ့ကြနဲ့နော်.....




[Zawgyi]

ေသာ္တာ ေကာ္ဖီခြက္ကိုေမႊေနရင္း အေတြးထဲလႊင့္ေမ်ာေနသူတစ္ေယာက္လို ၿငိမ္သက္ေနေသာ မာန္႔ကို စိုက္ၾကည့္ေနသည္။ သူတို႔သူငယ္ခ်င္းမ်ား မၾကာခဏ ဆံုေနၾက ေကာ္ဖီဆိုင္တြင္ မာန္နဲ႔ေသာ္တာ ရိွေနၾကျခင္းျဖစ္သည္။ လင္းသာက ၾကယ္စင္နဲ႔အတူသြားစရာ ရိွသည္ဆိုသည္ေၾကာင့္ သူတို႔ႏွစ္ေယာက္ထဲသာ ရိွေနရျခင္းျဖစ္သည္။ မာန္ကလည္း ေကာ္ဖီခြက္ကိုသာ ၾကည့္ေနသလို ေသာ္တာကလည္း မာန္႔ကိုသာၾကည့္ေနရင္း ႏွစ္ေယာက္သား အခ်ိန္အေတာ္ၾကာသည္အထိ စကားမေျပာၾကပဲ တိတ္ဆိတ္စြာရိွေနသည္။ မိနစ္အေတာ္ၾကာ ေသာ္တာ မာန္႔ကို ၾကည့္ေနခဲ့ၿပီးသည့္ေနာက္

"မာန္"

"အင္း"

မာန္က သူ႕အားၾကည့္မလာပဲ ေခါင္းညိတ္ကာ ထူးလာသည္။ ေသာ္တာ သူေျပာမည့္စကားတို႔ ေျပာမထြက္ပဲရိွေနသည္။ ခြန္းဆက္နဲ႔ အတူရိွေနလွ်င္ ေပ်ာ္ရႊင္ေနတက္ေသာ မာန္႔ပံုရိပ္ေတြကို ျမင္ေယာင္ၾကည့္တိုင္း ထိုစကားတို႔က ခဲဆြဲထားသလို လည္ေခ်ာင္း၀၌ တစ္ဆို႔ေနခဲ့သည္။ သို႔ေပမယ့္ မေျပာလွ်င္လည္း မၿပီးသည္မို႔။

"မင္း ေရွ႕ဆက္ဖို႔ စိတ္ရိွေသးရဲ႕လား"

ထိုစကားကိုၾကားေတာ့ မာန္က အံ့ဩသြားဟန္ မ်က္၀န္းျပာေလးတို႔က ၀ိုင္းစက္သြားကာ ေသာ္တာ့ကို ၾကည့္လာသည္။

"ဘာလို႔လဲ"

"မင္း ခြန္းဆက္ေရာင္နီကို ခ်စ္ေနၿပီမဟုတ္လား မာန္"

ေသာ္တာ့စကားေၾကာင့္ မာန္႔မ်က္၀န္းျပာေလးတို႔က သိသိသာသာကို အေရာင္ထိုင္းမိႈင္းသြားေတာ့သည္။ ေသာ္တာေျပာေသာ စကားကို အျငင္းစကားမဆိုပဲ ေကာ္ဖီခြက္ကို ျပန္ၾကည့္ရင္း သက္ျပင္းကို႐ိႈက္ခ်မိသည္။

မာန္ သူ့စိတ္ကို သူနားလည္ထားၿပီးသား ျဖစ္ေနခဲ့သည္။ ခြန္းဆက္ေရာင္နီအား သူခ်စ္ေနခဲ့သည္ဆိုတာကို အေစာႀကီးကတည္းက သိရိွထားၿပီးသား ျဖစ္သည္။ ထိုအတြက္ေၾကာင့္လည္း အိပ္မေပ်ာ္သည့္ ညရက္ေတြက မာန္႔ဆီသို႔ အလံုးလိုက္အရင္းလိုက္ ေရာက္ရိွေနခဲ့သည္မွာလည္း ၾကာလွၿပီ။ မိခင္၊ဖခင္နဲ႔ ခ်စ္ရတဲ့ အန္တီတို႔အား နာက်င္စြာေသဆံုးေစခဲ့သူ၏ သားကိုမွ ႐ူး႐ူးမူးမူးခ်စ္ေနမိျခင္းအေပၚ ကိုယ့္ကိုကိုယ္လည္း မုန္းတီးမိသည္။

ႏွလံုးသား၏အလိုဆႏၵကို ဥေပကၡာျပဳထားခဲ့ၿပီး ဦးေႏွာက္၏ အဆံုးအျဖတ္ကို ေရွ႕တန္းတင္ကာ ခံစားခ်က္မ်ားကို မ်ဳိသိပ္ထားခဲ့ေသာ္လည္း ေဘးလူေတြက အဘယ္သို႔ သိသြားေလသနည္း။

"မာန္ မင္းတကယ္ပဲ ေရွ႕ဆက္ခ်င္ရဲ႕လား"

ေသာ္တာ ထပ္ေမးေတာ့ မာန္က ေခါင္းကို ျဖည္းညႇင္းစြာ ညိတ္ျပသည္။

"အင္း...ငါေမေမတို႔ အတြက္ အမွန္တရားကို ရေအာင္ယူမယ္"

"ေကာင္းၿပီ...ဒါဆို မင္း ခြန္းဆက္ေရာင္နီနဲ႔ ကြာရွင္းဖို႔ျပင္ေတာ့"

"ဟင္"

သူ႕စကားေၾကာင့္ နာက်င္မႈအရိပ္အေယာင္တို႔ မ်က္ႏွာထက္ ထင္ဟပ္လာေသာ မာန္႔ကိုၾကည့္ရင္း ေသာ္တာ စိတ္မေကာင္း။ ခြန္းဆက္နဲ႔ ကြာရွင္းဖို႔သည္အထိ မလိုအပ္ေသာ္လည္း ႀကံဳေတြ႕လာရမည့္ ကိစၥမ်ားေၾကာင့္ ခြန္းဆက္နဲ႔ ပတ္သက္ၿပီး မာန္နာက်င္ေနမည္ကို ေသာ္တာ မၾကည့္ႏိုင္ေသာေၾကာင့္ ကြာရွင္းဖို႔ေျပာရျခင္းျဖစ္သည္။ အခုထိ ဘာမွျပန္မေျပာေသးပဲ သူ႕အားစိုက္ၾကည့္ေနေသာ မာန္႔မ်က္လံုးမ်ားကို ေသာ္တာ ျပန္စိုက္ၾကည့္လိုက္ရင္း

"ဟုတ္တယ္ မာန္...ငါ မ်ဳိးႏိုင္ဆီက ဆက္သြယ္မႈကို ရခဲ့တယ္...သူက အျပင္မွာေတြ႕ဖို႔ ေတာင္းဆိုေနတယ္...တကယ္လို႔ သူသာ ငါတို႔ဘက္ပါလာရင္ ဒီပြဲမွာ ငါတို႔ တစ္ပန္းသာသြားၿပီ...အဲ့တာေၾကာင့္ မလိုအပ္တဲ့ ေႏွာင္ႀကိဳးေတြေၾကာင့္ မင္းကိုငါ မပင္ပန္းေစခ်င္ဘူး မာန္"

သူစကားကိုသာ ၿငိမ္သက္ေနလွ်က္ နားေထာင္ေနေသာ မာန္႔ေၾကာင့္ ေသာ္တာ သက္ျပင္းခ်မိသည္။ သူသိတာေပါ့။ သူ႕ သူငယ္ခ်င္းေလးစိတ္ထဲ ဘယ္ေလာက္ေတာင္ မြန္းၾကပ္ေနမလဲဆိုတာ။

"တကယ္လို႔ မင္းရပ္ေစခ်င္ရင္လည္း ဒီမွာပဲ ရပ္...."

"ဟင့္အင္း...မရပ္ဘူး...ငါအဆံုးထိသြားမွာ ေသာ္တာ"

မာန္က သူ႕စကားကိုျဖတ္ကာ ေျပာလာသည္။ မ်က္၀န္းျပာေလးေဘးက မ်က္သားျဖဴေလးမ်ားကေတာ့ နီရဲလို႔ေနသည္။ ေသာ္တာ ခံုေပၚတင္ထားေသာ မာန္႔လက္တစ္ဖက္ကိုလွမ္းကိုင္လိုက္ရင္း

"ျဖစ္သင့္တာနဲ႔ ျဖစ္ခ်င္တာ ထပ္တူမက်တဲ့အခါ နာက်င္မႈေတြနဲ႔ ျဖစ္သင့္တာကို ေရြးခ်ယ္ခဲ့တဲ့ မင္း...အနာဂတ္မွာ ေနာင္တမရေစဖို႔ ငါဆုေတာင္းပါတယ္"

ေသာ္တာ့စကားေၾကာင့္ မာန္ၿပံဳးမိသည္။ ထိုအၿပံဳးက နာက်င္ေၾကကြဲရိပ္တို႔ ျပည့္ေနသည္ကိုေတာ့ ျမင္သူတိုင္း သိႏိုင္သည္။

*********************************
အခ်ိန္အားျဖင့္ ညေန ၄နာရီ ၄၅ မိနစ္။

ခြန္းဆက္ အလုပ္စားပြဲတြင္ထိုင္ေနေသာ္လည္း စိတ္တို႔က အလုပ္ထဲတြင္မရိွေပ။ နံရံမွာကပ္ထားေသာ နာရီကိုၾကည့္လိုက္၊ လက္တြင္ပတ္ထားေသာ နာရီကိုၾကည့္လိုက္၊ ဖုန္းထဲမွ အခ်ိန္ကိုၾကည့္လိုက္ႏွင့္ တစ္ေယာက္တည္း ဗ်ာမ်ားေနသည္။ ၅ နာရီထိုးဖို႔ ၁၅ မိနစ္ေတာင္ လိုေနေသးသည္ကို ေတြ႕ရသည္ေၾကာင့္ ခြန္းဆက္ မ်က္ခံုးတန္းတို႔ စုၾကဳတ္သြားေတာ့သည္။

"က်စ္! အခ်ိန္ေတြက ၾကာလိုက္တာကြာ...ဘယ္ေတာ့မွ ၅နာရီထိုးမွာလဲ မသိဘူး"

တစ္ေယာက္တည္းေရရြတ္ရင္း ဆူဆူပုတ္ပုတ္ျဖစ္ေနသည္။ ထိုသို႔ျဖစ္ေနရျခင္းက အျခားေတာ့မဟုတ္ေပ။ ေန႔လည္စာစားခ်ိန္တုန္း မာန္က သူ႕ဆီ massage တစ္ေစာင္ပို႔လာခဲ့ျခင္းေၾကာင့္ျဖစ္သည္။

'ညေန ႐ံုးဆင္းရင္ အျပင္မွာ ညစာ မစားခဲ့နဲ႔...ငါနဲ႔အတူ အိမ္မွာစားရေအာင္...ေစာင့္ေနမယ္'

ဟူေသာ စာေၾကာင္းေလးတစ္ေၾကာင္းက ခြန္းဆက္အား အႀကိမ္ႀကိမ္ၿပံဳးေနေစခဲ့သည္။ ထိုစာေလးေၾကာင့္ ေန႔လည္က ႐ံုးကကန္တင္းတြင္ စားခဲ့ေသာ ေန႔လည္စာကလည္း အရင္ကထက္ စားေကာင္းေနခဲ့သလို ရာသီဥတုဟာလည္း သာယာၾကည္လင္ေနခဲ့ကာ ျမင္ျမင္သမွ်ကလည္း စိတ္ေက်နပ္ေစခဲ့သည္။ ခြန္းဆက္ ဖုန္းကို တစ္ဖန္ျပန္ၾကည့္ေတာ့ ၅နာရီဆိုသည္အား ျပေနသည္ေၾကာင့္ ဖုန္းနဲ႔ကားေသာ့ကို ဆြဲကာ ႐ံုးခန္းထဲမွ မေျပး႐ံုတမယ္ ထြက္လာခဲ့သည္။

*********************************
မာန္ ထမင္းစားပြဲေဘးက ခံုတြင္ထိုင္ေနရင္း စားပြဲေပၚမွ အေငြ႕တေထာင္းေထာင္းထေနေသာ ဟင္းမ်ားကို စိုက္ၾကည့္ေနသည္။ ေသာ္တာနဲ႔ေတြ႕ခဲ့ၿပီးသည့္ေနာက္ ကုမၸဏီသို႔ မျပန္ေတာ့ပဲ market တစ္ခုသို႔၀င္ကာ ခ်က္ျပဳတ္ရန္အသားနဲ႔အသီးအရြက္တို႔ကို သြား၀ယ္ခဲ့သည္။ အိမ္သို႔ျပန္ေရာက္ေတာ့လည္း ကိုယ္တိုင္ မီးဖိုခန္းထဲ၀င္ကာ ခ်က္ျပဳတ္ခဲ့သည္။ ကူလုပ္ေပးမည္ဆိုေသာ အန္တီမိုးကိုပင္ နားခိုင္းခဲ့ၿပီး အစအဆံုးသူကိုယ္တိုင္သာ လုပ္ေဆာင္ခဲ့သည္။ ခြန္းဆက္၏ အႀကိဳက္ေတြအား သတိထားမိခဲ့ေသာေၾကာင့္ ယခုအခ်ိန္တြင္ ခြန္းဆက္အတြက္ ခ်က္ျပဳတ္ေပးရာ၌ မာန္ေခါင္းစားျခင္းမရိွခဲ့ေပ။

စားပြဲေပၚမွ ဟင္းမ်ားကိုၾကည့္ရင္း မာန္စိတ္ထဲ တင္းက်ပ္လို႔ေနသည္။ ခြန္းဆက္အား ကြာရွင္းမည့္အေၾကာင္း ဘယ္လိုေျပာရမွန္းမသိေပ။ ခြန္းဆက္ကေရာ လက္ခံပါမည္ေလာ။ ခြန္းဆက္ လက္မခံလွ်င္ သူဘယ္သို႔ လုပ္ရမည္နည္း။ မာန္ ထိုအေၾကာင္းမ်ားအား ေတြးေနစဥ္ ၿခံထဲသို႔ ေမာင္း၀င္လာေသာ ကားသံၾကားလိုက္ရသည္ေၾကာင့္ ေျခဖ်ားလက္ဖ်ားတို႔ ေအးစက္လို႔သြားသည္။

ခြန္းဆက္ ဆင္၀င္ေအာက္တြင္ ကားရပ္လိုက္ၿပီး အိမ္ထဲသို႔ ေျခတံရွည္မ်ား အားကိုးျဖင့္ လွမ္း၀င္လာခဲ့သည္။ အိမ္ေပၚသို႔ မတက္ေသးပဲ ထမင္းစားခန္းထဲသို့ လွမ္းေမွ်ာ္ၾကည့္လိုက္ေတာ့ ၿငိမ္သက္စြာ ထိုင္ေနေသာ မာန္႔ကိုေတြ႕လိုက္ရသည္။ ျမင္ေနက်အတိုင္းပင္ ထိုလူသားေလးက အေပၚေအာက္ အျဖဴေရာင္ကိုသာ ၀တ္ဆင္လို႔ထားသည္။ ခြန္းဆက္လည္း ထမင္းစားခန္းထဲ လွမ္း၀င္လိုက္ၿပီးေနာက္ ဟင္းပြဲမ်ားကိုၾကည့္ကာ

"အနံ႔နဲ႔တင္ ဗိုက္ေတာင္ ဆာလာၿပီ"

မာန္ကေတာ့ ခြန္းဆက္၏ အေျပာကို မတုန္႔ျပန္ေသးပဲ ေခါင္းငိုက္စိုက္ခ်ထားသည္။ ခြန္းဆက္ကေတာ့ သာမန္မဟုတ္သည့္အေငြ႕သတ္တို႔ကို သတိမထားမိေသးေပ။

"ဒါဆို ကြၽန္ေတာ္ ေရခ်ဳိးၿပီး ျပန္ဆင္းလာခဲ့မယ္...ခဏေစာင့္"

ခြန္းဆက္ ေျပာၿပီး လွည့္ထြက္လာလိုက္သည္။ ထိုသို႔ လွည့္ထြက္လာသည္အထိ မာန္က ဘာမွမေျပာသည့္အျပင္ ေခါင္းပင္ေမာ့မလာသည္ေၾကာင့္ ခြန္းဆက္စိတ္ထဲ အနည္းငယ္မတင္မက် ျဖစ္သြားေသာ္လည္း စိတ္ထဲထားမေနေတာ့ပဲ ေရခ်ဳိးရန္ သူ႕အခန္းဆီသို့ အေျပးသြားခဲ့ေတာ့သည္။

Time Skip,

ခြန္းဆက္ေရခ်ဳိးၿပီးေနာက္  တဘက္တစ္ထည္ျဖင့္ ေခါင္းကိုသုတ္ရင္း ေအာက္ထပ္သို႔ဆင္းလာခဲ့ၿပီး ထမင္းစားပြဲ၌ မာန္နဲ႔မ်က္ႏွာခ်င္းဆိုင္ကခံုတြင္ ၀င္ထို္င္လိုက္သည္။

"ေစာင့္ေနရတာ ၾကာသြားၿပီလား"

ခြန္းဆက္ေျပာေတာ့ မာန္က မ်က္ေတာင္ရွည္ေလးမ်ားကို ပင့္မလာၿပီး ခြန္းဆက္အားၾကည့္လာသည္။ မာန္၏ မ်က္၀န္းတို႔တြင္ နာက်င္မႈတစ္စြန္းတစ္စ ေရာယွက္ေနသည္ကို ခြန္းဆက္ ေတြ႕လိုက္ရသည္။

"ဘာျဖစ္ေနတာလဲ မာန္"

"စားေတာ့မလား...ငါထမင္း ထည့္ေပးမယ္"

သူ႕အေမးကိုျပန္မေျဖပဲ စကားလႊဲကာ ေျပာလာသူေၾကာင့္ ခြန္းဆက္ မ်က္ခံုးတန္းတို႔ စုၾကဳတ္သြားရသည္။

"မာန္"

"အင္း"

"ဘာျဖစ္ေနတာလဲ...ဘာလို႔ ႐ုတ္တရက္ႀကီး ညစာအတူစားခ်င္ရတာလဲ"

"ငါ တစ္ေခါက္ေလာက္ မင္းကို ညစာခ်က္ေကြၽးခ်င္ခဲ့တာ..."

ျပန္ေျဖလာသံက တိုးတိုးသာသာ။ မာန္႔အသံက တိုးသဲ့ေနေသာ္လည္း ခြန္းဆက္ ပီသစြာၾကားရသည္။ ၾကားလိုက္ရေသာ စကားေၾကာင့္ ခြန္းဆက္ရင္ထဲ ေပ်ာ္ရႊင္မႈတို႔ လိႈင္းထလာေသာ္လည္း မသိစိတ္တစ္ေနရာကေန စိုးရိမ္မႈတို႔က ထြက္ျပဴလာသည္။ ဘာေၾကာင့္မွန္းမသိ ခြန္းဆက္ မာန္႔ကိုၾကည့္ရင္း တျဖည္းျဖည္းေ၀းကြာသြားေသာ ခံစားခ်က္ကိုခံစားလာရသည္။ သူ႕အားစိုက္ၾကည့္ေနေသာ မ်က္၀န္းျပာမ်ားေၾကာင့္ ခြန္းဆက္ရင္ထဲ အမ်ဴိးအမည္မသိေသာ နာက်င္မႈက ၀င္ေရာက္လာသည္။ တစ္ခုခုကို ခ်ဳပ္တည္းထားဟန္ရေသာ မာန္ပံုစံေၾကာင့္

"တစ္ခုခုေျပာစရာရိွလို႔လား"

ခြန္းဆက္ေမးေတာ့ သူ႕အားၾကည့္ေနေသာ မ်က္၀န္းျပာေလးမ်ားက အေရာင္မိႈင္းက်သြားသည္မွာ လမိုက္ညေကာင္းကင္ျပာထက္ ၾကယ္ေလးေတြကပါ ပုန္းကြယ္ေနသလိုမ်ဳိးပင္။

"ခြန္းဆက္"

မသဲမကြဲေခၚသံ တိုးသဲ့သဲ့ေလး။ မာန္႔ကိုသာ အာ႐ံုစိုက္မထားပါလွ်င္ ခြန္းဆက္ ထိုေခၚသံကို ၾကားရမည္မဟုတ္ေပ။

"ဗ်ာ"

ခြန္းဆက္ ထူးသံျပဳေတာ့ မာန္က သက္ျပင္းကို႐ိႈက္ခ်သည္။ မ်က္၀န္းျပာေဘးရိွ မ်က္သားျဖဴမ်ားက ရဲတက္လာသလို အၾကည္ေရာင္အလႊာေလးက ထိုမ်က္၀န္းအား ရစ္သိုင္းလိုက္သည္ကို ခြန္းဆက္ အတိုင္းသားျမင္လိုက္ရသည္။ ထိုသည္ကိုၾကည့္ရင္း ခြန္းဆက္ တစ္ခုခုကို ဆံုး႐ံႈးရေတာ့မည့္ ခံစားခ်က္ႀကီးက ရင္နဲ႔အမွ် ျဖစ္ေပၚလာရသည္။ မာန္၏ ဒီလိုအၾကည့္မ်ဳိးကို ခြန္းဆက္ မႀကိဳက္ေပ။ အခုလို နာက်င္ေနပံုရေသာအၾကည့္မ်ဳိးထက္ ၾကယ္ေလးေတြကိုၾကည့္ရင္း တလက္လက္ေတာက္ပေနေသာ မ်က္၀န္းျပာေလးတစ္စံုကိုသာ ပိုသေဘာက်သည္။

ႏွစ္ေယာက္သား တစ္ေယာက္ကိုတစ္ေယာက္ စကၠန္႔အေတာ္ၾကာစိုက္ၾကည့္ၿပီးေနာက္ မာန္က မ်က္ႏွာကိုတစ္ဖက္လွည့္သြားကာ

"ငါတို႔ ကြာရွင္းရေအာင္ ခြန္းဆက္! "

ထိုစကားေျပာဖို႔အေရး မာန္လက္သီးကို တင္းတင္းဆုပ္ထားသည္မွာ မတိုမရွည္လက္သည္းမ်ားပင္ အသားထဲစိုက္၀င္ေတာ့မလို ျဖစ္ေနခဲ့သည္။

မာန္ထံမွ ျကားလိုက္ရေသာ စကားေၾကာင့္ ခြန္းဆက္ အသိတို႔အလံုးစံုလႊတ္ထြက္သြားကာ မာန္႔ကိုသာ စိုက္ၾကည့္ေနမိသည္။ ေႏြလယ္ေခါင္ မိုးႀကိဳးပစ္ခ်လိုက္သလိုမ်ဳိး သူ႕ရင္ထဲ၀ုန္းဒိုင္းႀကဲလို႔ သြားသည္။ ဖန္ခြက္တစ္လံုးအား အျမင့္တစ္ေနရာကေန ပစ္ခ်လိုက္သလိုမ်ဳိး ရင္တစ္ခုလံုး ကြဲေၾကလို႔သြားသည္။ ဒီခံစားခ်က္က အလင္းဆည္းဆာေသဆံုးၿပီဆိုေသာ အေၾကာင္းသိရတုန္းက ခံစားရေသာ ခံစားခ်က္နဲ႔ တစ္ထပ္တည္း တူညီလို႔ေနသည္။ ခြန္းဆက္ ဘာစကားမွမေျပာပဲ မာန္႔ကိုသာ ဆိတ္ဆိတ္ၿငိမ္သက္လွ်က္ ၾကည့္ေနမိသည္။

ခြန္းဆက္ ၿငိမ္ေနေသာေၾကာင့္ မာန္က ခြန္းဆက္မ်က္၀န္းနက္မ်ားကို စိုက္ၾကည့္လာၿပီး ထိုစကားအား ထပ္ေျပာလာျပန္သည္။

"ကြာရွင္းရေအာင္"

ခြန္းဆက္နားထဲ သံရည္ပူမ်ားေလာင္းခ်လိုက္သလို အ၀င္ဆိုးလွသည္။ သူေတြးထားခဲ့သည္က ဒီလိုအေျခအေနနဲ႔ မာန္႔ဆီမွ ဒီလိုစကားေတြ ၾကားရဖို႔ မဟုတ္ခဲ့ေခ်။ မာန္နဲ႔အတူ ေအးေဆးစြာ ညစာအတူစားခ်င္ခဲ့႐ံုသာျဖစ္သည္။

ဘာမေျပာပဲ သူ႕အားစိုက္ၾကည့္ေနေသးေသာ ခြန္းဆက္ေၾကာင့္ မာန္ တစ္စထက္တစ္စ နာက်င္မႈတို႔ တိုးပြားလာသည္။ စိုက္ၾကည့္ခံရေသာ မ်က္၀န္းနက္မ်ားက မာန္၏ ဆံုးျဖတ္ခ်က္အား ေနာင္တတို႔ရေစသည့္ ခံစားခ်က္ကိုေပးစြမ္းေနသည္။

"ခြန္းဆက္"

"ဘယ္သူ႕သေဘာနဲ႔လဲ"

ပထမဆံုးထြက္လာသည့္ စကားသံ။ ေရခဲပမာ ေအးစက္ေနေသာ ေလသံႏွင့္ ခပ္ေထ့ေထ့ၾကည့္ရင္း မ်က္ခံုးတစ္ဖက္ပင့္ကာ ေမးလာေသာ ခြန္းဆက္။ မ္က္၀ႏ္းနကၼ္ားက စူးရဲျစာ မာႏ္႔အားစိုက္ၾကၫ့္လို႔ေနသၫ္။ မာႏ္ ထိုအၾကၫ့္မ္ားကို မခံႏိုင္ေတာ့သၫ္ေၾကာင့္ မ္ကႅႊာခ္ကာ ်ပႏ္ေ်ဖသၫ္။

"ငါ့ေသဘာနဲ႔ငါ"

"အဟက္!! "

ေလြာင္ရယ္သံက ေ်ခာကၠပၠပၷြင့္ နာက္င္ရိပၱိဳ႕ျစႏ္းထင္းေနသၫ္။

"မာႏ္! ေခါင္းငံု႔မထားနဲ႔...မ္ကၷြာကိုတၫ့္တၫ့္ၾကၫ့္!! "

ခပၳႏၲင္းမာျစာ ၾထက္ေပၚလာေသာ အမိႏ္႔စကားသံ။ မာႏ္ ျခႏ္းဆကၼ္ကၷြာကို ေမာ့ၾကၫ့္လာသၫ္။ ျခႏ္းဆက္ မာႏ့္မ္က္၀ႏ္းတို႔ကို တၫ့္တၫ့္စိုက္ၾကၫ့္လိုက္ၿပီး

"ၾကၽႏ္ေတာၠ ခငၺ္ားအၾတက္ သိျပႅယ္ေနသလား မာႏ္"

"....."

"လူကို လကၳပၡ္ငၱဲ့အခ္ိႏ္ လကၳပ္...ၾကာ႐ြင္းခ္ငၱဲ့အခ္ိႏ္ ၾကာ႐ြင္းေရအာင္ ခငၺ္ားအၾတက္ ကစားစရာအ႐ုေပၠလးမ္ား ထင္ေနသလား"

"....."

သူ႕မ္က္၀ႏ္းမ္ားကို စိုက္ၾကၫ့္ရင္း နာက္ၫ္းျစာေ်ပာလာေသာ ျခႏ္းဆကၥကားေၾကာင့္ မာႏၷႈတၡမ္းအၾတင္းသားတို႔ကို ဖိကိုကၳားမိသၫ္။ မ္က္၀ႏ္းနကၱိဳ႕က သိသိသာသာနီရဲလာၿပီ နာက္ငၼႈတို႔က ထိုမ္က္၀ႏ္းနကၱိဳ႕ၾတင္ ေအရာငၳပ္ဟပႅာေနသၫ္။ မာႏ္ ဆကၼၾကၫ့္ႏိုင္ေတာ့။

ေတာင္းပႏၸါတယ္ ျခႏ္းဆက္ရယ္...ငါတကယၠိဳ ေတာင္းပႏၸါတယ္...ေက္းဇူး်ပဳၿပီး ငါ့ေၾကာင့္နဲ႔ မနာက္ငၸါနဲ႔လား.....

"ဒီေကာေငၠလ ခငၺ္ား ေန႔လၫၠ စာပို႔လိုကၠတၫ္းက ခငၺ္ားနဲ႔ေၾတ႕ဖို႔ ဖငၱႂၾကႂၾက ်ဖစ္ေနတဲ့ေကာင္...ခငၺ္ားနဲ႔ညစာ အတူစားရဖို႔ အ႐ူးတစ္ေယာကႅိဳ စိတႅႈပ္႐ြားေနခဲ့တဲ့ေကာင္...ဒီကို မလာခင္အထိ ခငၺ္ားကို ဘယႅိဳစရမလဲ...အဲ့ဒီႏႈတၡမ္းေၾတထက္ အၿပံဳးေၾတ်ဖစႅာေအာင္ ဘယႅိဳလုပ္ရမလဲ...အဲ့ဒီမ္က္၀ႏ္း်ပာေၾတ ေပ္ာ္႐ႊငၼႈေၾကာင့္ ေတာေကၸေနအာင္ ဘယႅိဳမ္ဳိးဖႏၲီးေပးရမလဲလို႔ ေတာက္ေလြ္ာက္ေၾတးေနခဲ့တဲ့ေကာငၠိဳ ခငၺ္ားက ၾကာ႐ြင္းေရအာငၦိဳတဲ့စကားေ်ပာဖို႔ ခ္ိႏ္းသတဲ့လား...ဟက္!!  ေစာက္ေရးကိုမပါတာ"

ျခႏ္းဆက္ စကားအဆံုး ႏႈတၡမ္းထက္ ေလြာင္ၿပံဳးၿပံဳးလိုက္ေသာႅၫ္း မ္က္၀ႏ္းနက္ေၾတေကနတစၦင့္ မ္က္ရၫၱဳ္႔ိ စီးက္လာသၫ္။ ျခႏ္းဆက္ ဘယၻကႅကၡံု်ဖင့္ ထိုမ္က္ရၫၼ္ားကို ၾကမ္းတမ္းျစာ  သုတၹယၸစႅိဳက္သၫ္။

မာႏ္ ျခႏ္းဆကၠိဳၾကၫ့္ရင္း မ္ကႅံုးတို႔စပၹ္ၪ္းဖ္ၪ္း်ဖစႅာသၫၠိဳ ခံစားမိသၫ္။ သူဒီေနရာတြင္ ၾကာၾကာေနလို႔ မျဖစ္ေတာ့ေပ။ မၾကာခင္ သူ႕မ်က္ရည္ေတြက ထိန္းမႏိုင္သိမ္းမရ က်ဆင္းလာေတာ့မည္ျဖစ္သည္။ ခြန္းဆက္ေရွ႕တြင္ သူငိုလို႔မျဖစ္ေပ။ မာန္ အံ့ကိုႀကိတ္လိုက္ၿပီး ေနာက္ဆံုးလက္က်န္ အားကိုတင္းလိုက္ကာ ခြန္းဆက္ကိုၾကည့္ရင္း ဆိုသည္။

"အဲ့တာ မင္းကိစၥေလ"

"ဒီမွာ အလကၤာမုန္းမာန္... ခင္ဗ်ားသေဘာနဲ႔ခင္ဗ်ား က်ဳပ္ဘ၀ထဲ၀င္လာခဲ့တာဆိုေပမယ့္ က်ဳပ္သေဘာမပါပဲ ခင္ဗ်ားျပန္ထြက္သြားလို႔မရဘူး"

တစ္လံုးခ်င္းစီေျပာလာသည့္စကားသံတို႔က အာဏာစက္အျပည့္။အခုခ်ိန္တြင္ ခြန္းဆက္၏ ကိုယ္၌ မာန္တစ္ခါမွ မခံစားရဖူးေသာ အရိွန္အဝါတစ္မ်ဳိးကို ခံစားရသည္။ ခါတိုင္းလိုမ်ဳိး ႏူးညံ့ညံသက္ေနသည့္ အရိွန္အဝါမဟုတ္ပဲ တင္းမာခက္ထန္ေနသည့္ အရိွန္အဝါေၾကာင့္ မာန္တစ္ကို္ယ္လံုးေအးစက္လို႔သြားသည္။ ယခုသူ႕ေရွ႕မွလူက သူေတြ႕ဖူးေနက် ခြန္းဆက္ေရာင္နီ မဟုတ္ေတာ့သလိုပင္။ တစ္ျခားတစ္ေယာက္ လူစားလဲၿပီး ခြန္းဆက္အေယာင္ေဆာင္ထားသည္ဟုပင္ ခံစားေနရသည္။

"ကြာရွင္းဖို႔ဆိုတဲ့စကား ထပ္မၾကားခ်င္ဘူး!!"

ခြန္းဆက္ဆီမွ ထပ္ထြက္လာေသာစကား။ မာန္ စိတ္ကိုဒံုးဒံုးခ်လိုက္ၿပီးေနာက္

"ဘာပဲျဖစ္ျဖစ္ ငါ မင္းနဲ႔ ကြာရွင္းမွာပဲ ခြန္းဆက္"

"က်ဳပ္သေဘာမတူဘူး!"

"မနက္ျဖန္ စာခ်ဳပ္ပို႔လိုက္မယ္"

ထိုတစ္ခြန္းသာ ေျပာၿပီး မာန္ ထိုင္ေနရာမွ ထလာခဲ့ၿပီး ကားဆီသို႔သြားရန္ ေျခလွမ္းျပင္လိုက္စဥ္ ေနာက္ပါးစီမွ ဖန္ခြက္အား႐ိုက္ခြဲလိုက္ေသာ အသံကိုၾကားလိုက္ရသည္။

'ခြမ္း! '

မာန္ အသံေၾကာင့္ လွည့္ၾကည့္လိုက္ေတာ့ ျမင္လိုက္ရေသာ ျမင္ကြင္းက ေသြးပ်က္ဖြယ္။ ဖန္ကြဲစအခြၽန္ကို လည္ပင္းမွာ ေတ့ထားေသာ ခြန္းဆက္။အသားနဲ႔ဖန္ကြဲစ ဆံုေသာေနရာက ေသြးမ်ားထြက္လာသည္။ ဖန္ကြဲစအား ဆုပ္ကိုင္ထားေသာ လက္တြင္လည္း ေသြးတို႔က တလေဟာစီးဆင္းေနသည္။ မာန္ ရင္ထဲ စိုးရိမ္မႈတို႔ ႀကီးစိုးသြားသည္။

ဖန္ခြက္ခြဲလိုက္ေသာ အသံေၾကာင့္ထင္ အန္တီမိုးႏွင့္ ကိုေအာင္တို႔ကပါ သူတို႔အနားေရာက္ရိွလာၿပီး ခြန္းဆက္၏ ပံုစံကိုျမင္ေတာ့ ဆြံ႕အသြားၾကသည္။

"ခြန္းဆက္ မင္းဘာလုပ္တာလဲ"

"ျမင္တဲ့အတိုင္းပဲေလ...ခင္ဗ်ား အဲ့ဒီေနရာက ေျခတစ္လွမ္းေရြ႕တာနဲ႔ ဒီဖန္ကြဲစက က်ဳပ္လည္ပင္းထဲ စိုက္၀င္သြားၿပီပဲ"

ၿခိမ္းေျခာက္လာေသာ စကားသံတို႔က စေနာက္ေနသည့္မဟုတ္ပဲ တကယ္လုပ္မည့္ အရိပ္အေယာင္တို႔က ခြန္းဆက္မ်က္ႏွာတြင္ ျပတ္သားစြာ ထင္ဟပ္ေနသည္။

"မင္း႐ူးေနလား ခြန္းဆက္!...ခ်ထားလိုက္ပါကြာ"

"ခင္ဗ်ားေတာင္ က်ဳပ္စကားနားမေထာင္တာ...က်ဳပ္က ဘာျဖစ္လို႔ နားေထာင္ရမွာလဲ"

ခြန္းဆက္စကားအဆံုး မာန္တင္းမထားႏိုင္ေတာ့သည့္ မ်က္ရည္မ်ားက သူ႕ထက္ငါအၿပိဳင္ က်ဆင္းလို႔လာသည္။ တစ္ခဏတြင္းခ်င္းပင္ မာန္႔မ်က္ႏွာတြင္ မ်က္ရည္တို႔ ရႊဲအိုင္သြားသည္။ တင္းထားရေသာ မ်က္ရည္မ်ားက အတိုးနဲ႔အရင္းေပါင္းကာ မ်က္၀န္းျပာထက္မွ စီးက်လာသည္။ မ်က္ရည္အရြဲွသားျဖင့္ မာန္ ခြန္းဆက္ကိုၾကည့္ရင္း

"မင္း ငါ့ကိုဘာျဖစ္ေစခ်င္ေနတာလဲ...ငါ႐ူးေတာ့မယ္ ငါ႐ူးေတာ့မယ္ကြ"

မာန္၏ အ႐ုပ္ႀကိဳးပ်က္သြားေသာ ပံုစံကိုျမင္လိုက္ရေသာ ခြန္းဆက္အတြက္ ရင္ထဲျမားဆယ္စင္းနဲ့ အပစ္ခံလိုက္ရသလိုပင္။ သေဘာက်ရေသာ မ်က္၀န္းျပာေလးမ်ားမွ မ်က္ရည္မ်ားက်ဆင္းေနသည္ကို ေတြ႕ရတာ ရင္ထဲနာလွသည္။

မာန္ သူ႕ရင္ဘက္ကို တစ္ဖုန္းဖုန္းထု႐ိုက္ရင္း ဆက္ေျပာလာသည္။

"ဒီေနရာက နာက်င္ေနလြန္းလို႔ ေသေလာက္တယ္...မြန္းၾကပ္လြန္းလို႔ ႐ူးေတာ့မယ္...ငါ့က်မွ ဘာလို႔ဒီလိုေတြျဖစ္ေနရတာလဲ...ငါကေရာ ေပ်ာ္ရႊင္ဖို့ မထိုက္တန္ဘူးလား...ဘာအမွားေတြလုပ္မိလို႔ ငါ့အတြက္ ေပ်ာ္ရႊင္ျခင္းေတြမရိွရတာလဲ...႐ူးေတာ့မယ္...ေသခ်င္ေလာက္ေအာင္ကို နာက်င္လြန္းလို့ ႐ူးေတာ့မယ္"

ခြန္းဆက္ မာန္႔ကိုၾကည့္ရင္း လက္ထဲက ဖန္ကြဲစ လြတ္က်သြားခဲ့သည္။ မာန္ ဘာေတြျဖစ္ေနတာလဲ။ ဘာအတြက္ေၾကာင့္ မာန္ဒီလိုမ်ဳိး ခံစားေနရတာလဲ။ သူ႕ေရွ႕မွ နာက်င္မႈနဲ႔ မ်က္ရည္က်ေနသူက ဟန္ေဆာင္ေနျခင္း မဟုတ္ေၾကာင္း ခြန္းဆက္ရင္ထဲကခံစားမိသည္။

"ဘာလို႔အၿမဲ ငါျဖစ္ခ်င္တိုင္း မျဖစ္ရတာလဲ...ဘာလို႔ မင္းတို္႔စကားကိုပဲ နားေထာင္ၿပီး ငါ့ခံစားခ်က္ေတြကို လ်စ္လ်ဴ႐ႈထားရမွာလဲ... ငါလည္း လူတစ္ေယာက္ပဲေလကြာ...ငါလည္း ေပ်ာ္ခ်င္တာေပါ့...ဒါေပမယ့္ ဘာလို႔လဲ...ဘာလို႔...."

"မာန္!!!! "

႐ုတ္တရက္လဲၿပိဳသြားေသာ မာန္႔အား ခြန္းဆက္အေျပးထိန္းလိုက္ရသည္။ ရင္ခြင္ထဲၿငိမ္သက္ေနေသာ ေကာင္ေလး၏ ပါးျပင္ကို ခြန္းဆက္ အသာပုတ္ကာ ေခၚမိသည္။

"မာန္!! "

"မာန္ သတိ္ထားအံုးေလ...မာန္! "

သို႔ေသာ္ ရင္ခြင္ထဲမွ ေကာင္ေလးကၿငိမ္သက္ေနဆဲ။ ခြန္းဆက္ရင္ထဲ ဗေလာင္ဆူလာသည္။ စိုးရိမ္စိတ္တို႔က ဦးေႏွာက္မွ ေျခဖ်ားအထိ ကူးလူးယွက္သန္းေနၾကသည္။ ခြန္းဆက္ မာန္႔အား မင္းသမီးေပြ႕သလို္ ေပြ႕ခ်ီကာ ကားဆီသို႔သယ္သြားၿပီး ေမာင္းသူေနရာတြင္၀င္ထိုင္လိုက္ၿပီး ေဆး႐ံုဆီသို႔ ေမာင္းႏွင္ေတာ့သည္။ ကားေမာင္းေနသည့္တိုင္ေအာင္ မာန္႔အား ရင္ခြင္အတြင္း ပိုက္ထားဆဲ။ ကားေမာင္းေနရင္းမွလည္း ရင္ခြင္ထဲက မာန္႔အား တစ္ခ်က္ တစ္ခ်က္ငံု႔ၾကည့္ရင္း

"မင္း ဘာမွျဖစ္လို႔မရဘူး မာန္...ေမာင္ မင္းကို ဘာမွျဖစ္ခြင့္မေပးႏိုင္ဘူး...မင္းက ေမာင့္အပိုင္ျဖစ္လို႔ ေမာင့္ခြင့္ျပဳခ်က္မရိွပဲ မင္းဘာမွျဖစ္ခြင့္မရိွဘူး"

*********************************
#4.3.2024
#🍁Moe Kyal Phyu🍁
*****
ရင္ဘက္ေတြေအာင့္လိုက္တာ ရွင္တို႔ရယ္🤧🤧🤧ေရးထားသမွ်အပိုင္းေတြထဲမွာ ဒီအပိုင္းကို အားအရဆံုးပဲ.....

ဒါနဲ႔မ်ဳိးႏိုင္က ေသာ္တာ့ကို ဘာေၾကာင့္ဆက္သြယ္လာတယ္လို႔ ထင္လဲဟင္???

ငိုၿပီးသြားၾကရင္လည္း click ဖို႔မေမ့ၾကနဲ႔ေနာ္.....

Continue Reading

You'll Also Like

22.1K 1K 24
"မောင့်ရဲ့ဆည်းလည်းလေး" လင်းရောင်
2.9K 152 5
အစ်ကို ဆိုတဲ့နာမ်စားလေးက သိပ်နွေးထွေးသလို သိပ်လည်း နာကျဉ်ဖို့ကောင်းတာ။ Short Story လေးပါ။
61.5K 3.8K 36
Uni အတိတ်ကို အတိတ်မှာပဲ ထားခဲ့လို့ရရင်တောင် စိတ်ကိုအတိတ်မှာ ထားခဲ့လို့မဖြစ်ဘူး.... ပျော်ပြီးသေသွားတဲ့ နာရေးကြော်ငြာမျိုး မောင် ဖတ်ဖူးခဲ့လား...။ ဝမ်းန...
5.2K 111 3
ခေါင်းမာလွန်းလှသူအင်ဂျင်နီယာမလေးနှင့် စီးပွားရေးလောကတွင် သူဋ္ဌေးမလေးအတွင်းရေးမှူး မမ နှင့်တွေ့သောအခါ........ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးပါ၊၊ (Mya...