စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုး...

Af BlackLily_WhiteLily

60.3K 6.4K 217

"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) C... Mere

Description
Intro- 1
Intro- 2
Intro- 3
Chapter 1.1
Chapter 1.2
Chapter 1.3
Chapter 1.4
Chapter 2.1
Just Information
Chapter 2.2
Chapter 2.3
Chapter 2.4
Chapter 2.5
Chapter 3.1
Chapter 3.2
Chapter 3.3
🎆🎆🎆Happy New Year🎆🎆🎆
Chapter 3.4
Chapter 3.5
Chapter 4.1
Chapter 4.2/4.3
Chapter 4.4/4.5
Chapter 4.6
Chapter 4.7
Chapter 5.1
Chapter 5.2
Chapter 5.3
Chapter 5.4
Chapter 5.5
Chapter 6.1
Chapter 6.2
Chapter 6.3
Chapter 6.4
Chapter 6.5
Chapter 7.1
Chapter 7.2
Chapter 7.3
Chapter 7.4
Chapter 7.5
Chapter 8.1
Chapter 8.2
Chapter 8.3
Chapter 8.4
Chapter 9.1
Chapter 9.2/9.3
Chapter 9.4/9.5
Chapter 9.6/9.7
Chapter 9.8/9.9
Chapter 10.1/10.2
Chapter 10.3/10.4
Chapter 10.5/10.6
Chapter 10.7/10.8
Chapter 10.9/10.10
Chapter 10.11/10.12
Chapter 10.13/10.14
Chapter 10.15/10.16/10.17
Chapter 11(1,2)
Chapter 11 (3,4)
Chapter 11 (5,6)
Chapter 11.7, 12.1
Chapter 12 (2,3)
Chapter 12 (4,5)
Chapter 12 (6,7)
Chapter 12 (8,9)
Chapter 12 (10,11)
Chapter 12 (12,13)
Chapter 13(1,2)
Chapter 13 (3,4)
Chapter 13 (5,6)
Chapter 13 (7,8)
Chapter 13 (9,10,11)
Chapter 14.1/14.2
Chapter 14.3/14.4
Chapter 14.5/14.6
Chapter 14.7/14.8
Chapter 15.1/15.2
Chapter 15.3/15.4
Chapter 15.5/15.6
Chapter 15.7/15.8
Chapter 15.9/15.10
Chapter 15.11/15.12
Chapter 16.1/16.2
Chapter 16.3/16.4
Chapter 16.5/16.6
Chapter 16.7/16.8
Chapter 16.9/16.10
Chapter 16.11/16.12
Chapter 16.13/16.14
🔊🔊🔊 Telegram PG လေးစပါပြီ

Chapter 9.10/9.11

569 69 4
Af BlackLily_WhiteLily

အခန်း ၉ ကောက်ကျစ်သော သူပုန်များ (အပိုင်း ၁၀)

မူရိ၏သွယ်လျသော မျက်လုံးများက ကောက်ကျစ်ပြီး သစ္စာမဲ့သော မြေခွေးကဲ့သို့ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ သူ့ကို ကြည့်မိသူတိုင်း ထိတ်လန့်သွားနိုင်ပေမယ့် ကုယွင်ကတော့ တုန်လှုပ်မှုမရှိဘဲ သူ့မျက်လုံးများကို ပြန်စိုက်ကြည့်နေသည်

ဟား...ဟား.. သူက ဒေါသထွက်ချင်နေတာလား???! ဟာသပဲ! ဒီလိုမျိုး ဝတ်စားဖို့ သတ္တိရှိရင် ဝေဖန်ခံရဖို့ အသင့်ပြင်ထားလေ....

သူမက သူ့ကို မကြောက်ဘူး! ဒါပေမယ့် နည်းနည်းတော့ စိတ်ဝင်စားတယ်။ သူ့မျက်လုံးထဲက စိတ်ဝင်တစားမှုတွေ နေရာကို အေးစက်မှုတွေ အစားထိုးလိုက်တာက ကုယွင်ကို ရင်ဖိုစရာ ဖြစ်စေခဲ့တယ်။ ကုယွင်က သူ့ကို ဆက်ကြည့်ဖို့ ပျင်းလွန်းတာကြောင့် သူမ အကြည့်ကို ရုတ်လိုက်ပြီး သူမအနားမှ စုရန်ကို လှမ်းပြောလိုက်သည်။ "စုရန်၊ မနက်ဖြန် မနက် အာရုံတက်တာနဲ့ ကျီးပါးစပ်တောင်ကြားရဲ့ မြေပြင်အနေအထားကို လေ့လာဖို့ စထွက်မယ်"

ကုယွင်က မတ်တတ်ထရပ်ပြီး ထွက်ခါနီးတွင် အေးစက်စက်နှင့် ဒေါသထွက်နေသော လေသံကို ကြားလိုက်ရသည်။ "ဒီနေရာက မင်း အမိန့်ပေးရမယ့်နေရာ မဟုတ်ဘူး၊ အခု စစ်သူကြီးအိမ်တော် ပြန်သွားလိုက်တော့"

သူမက စည်းမဲ့ကမ်းမဲ့ဖြစ်နေပြီး ထိန်းချုပ်လို့ မရတော့ဘူးလား??? သူမက ပေ့ချန်အထိ စစ်တပ်နောက်ကို လိုက်လာပြီး ဘာတွေ လုပ်ချင်နေတာလဲ??

ကုယွင်၏ခြေလှမ်းများက တုံ့ဆိုင်းသွားကာ သူမမျက်နှာပေါ်တွင် အတုအယောင်ဆန်သော အပြုံးတစ်ခု ပေါ်လာပြီး ဖြည်းညှင်းစွာ ပြန်လှည့်လာကာ "စစ်သူကြီးစု၊ ရှင် မှားနေပြီ ထင်တယ်၊ ကျွန်မက ရှင့်ရဲ့စစ်တပ်ကို အမိန့်ပေးဖို့ စိတ်မ၀င်စားဘူး၊ ရှင်လည်း ကျွန်မကိစ္စတွေကို ဂရုစိုက်စရာ မလိုဘူး"

ထိုစကားကို ပြောပြီးနောက် ကုယွင်က စားပွဲပေါ်မှ ရေခဲဓားကို ကောက်ယူပြီး ထွက်ခွာသွားခဲ့သည်။

"ပင်းလျန့်?" မူရိ၏မျက်လုံးများထဲမှ အံ့သြမှုများ တစ်ဖျပ်ဖျပ် ထွက်ပေါ်လာပြီး သူက စုလင်းကို ပြန်ကြည့်လိုက်သည်။ စုလင်းက ပင်းလျန့်ကို ဒီအမျိုးသမီးဆီကို ပေးလိုက်ပြီလို့တော့ ငါ့ကို လာမပြောနဲ့နော်...

"ဒီဓားကို ဘယ်သူက ထိခွင့်ပေးထားတာလဲ!" စုလင်း၏နောက်ထပ်အော်ဟစ်သံက မူရိ၏ ခန့်မှန်းချက်ကို ငြင်းပယ်လိုက်သည်။ သူက သူ့လက်နှစ်ဖက်ကို သူ့ရင်ဘတ်ပေါ်မှာ လက်ပိုက်ထားရင်း စောင့်ကြည့်နေလိုက်သည်။ ယခုအချိန်တွင် မူရိက ဤအမျိုးသမီးကို တကယ်ကို စိတ်ဝင်စားနေခဲ့သည်။

တံခါးမှ ကန့်လန့်ကာစကို ကိုင်ထားပြီးနေပြီဖြစ်သော ကုယွင်က နောက်ပြန်လှည့်မကြည့်တော့ပဲ သူမလက်ထဲမှ ရေခဲဓားကို လှုပ်ခါပြလိုက်ပြီး "ဒါက ကျွန်မ အပိုင်ဖြစ်နေပြီ၊ ရှင်မှာ အစွမ်းရှိရင် ပြန်လာယူ! ကျွန်မ စောင့်နေမယ်"

သူမက ပင်းလျန့်ကို ယူဖို့ ဆုံးဖြတ်ပြီးပြီဖြစ်တာကြောင့် လွယ်လွယ်နဲ့ စွန့်ပစ်မှာ မဟုတ်ပါဘူး။

အမိုက်စား အသွင်အပြင်က တဲထဲမှ လှပစွာ ပျောက်ကွယ်သွားပြီး ပေါက်ကွဲလုနီးနီးဖြစ်နေသည့် လူအုပ်စုကို ချန်ထားရစ်ခဲ့သည်။ လို့မူဟိုင်က ပေါ့ပေါ့ပါးပါး ချောင်းဟန့်လိုက်ပြီး စိတ်မသက်မသာဖြစ်နေသော အပြုံးဖြင့် "နောက်ကျနေပြီ၊ ငါ အရင်ပြန်တော့မယ်"

ဒီလို အိမ်တွင်းရေးကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းဖို့က သူလို ဖြောင့်မှန်တဲ့ အရာရှိတစ်ယောက်အတွက် ခက်ခဲလွန်းတယ်။ ဒီရွှံ့ရေထဲကို မဆင်းတာက သူ့အတွက် ပိုကောင်းတယ်။

လို့မူဟိုင်က လွတ်မြောက်သွားတာကြောင့် စုရန်ကလည်း ခပ်မြန်မြန် နောက်ပြန်ဆုတ်ကာ "ဟုတ်တယ်၊ ဟုတ်တယ်၊ အရမ်းနောက်ကျနေပြီ၊ တာ့ကောလည်း အနားယူတော့လေ၊ ကျွန်တော် မနှောင့်ယှက်တော့ပါဘူး!"

အမလေး... မိုးနတ်မင်းကြီးရေ.... ချင်းမော့က အရမ်းသန်မာတာကို သူ သိပေမယ့် သူမရဲ့စကားတွေက လူတွေကို သေတဲ့အထိ ဒေါသထွက်စေနိုင်တာကို သူ ဘာလို့ သတိမပြုမိခဲ့တာလဲ? ဒါမှမဟုတ် သူမက တာ့ကောနဲ့ ရင်ဆိုင်ရမှ အဲ့လို ထူးထူးခြားခြား ပေါက်ကွဲတတ်တာလား??

ဒီအချိန်မှာ သူ အရင်ရှောင်နေလိုက်တာက ပိုကောင်းလိမ့်မယ်။

"ကျွန်တော်... ကျွန်တော်မျိုးကိုလည်း ပြန်ခွင့်ပြုပါ!" စုရန်က တဲထဲကနေ အမြန်ထွက်သွားတာကြောင့် လက်ထောက်ယုကလည်း ထွက်ခွာခွင့်တောင်းလိုက်သည်။

ချင်းမော့ ထွက်ခွာသွားသည့်အခိုက်အတန့်တွင် ကြီးမားသော ပင်မတဲစခန်းထဲမှ လူတိုင်းက အလျင်အမြန် ပျောက်ကွယ်သွားကြတော့သည်။ မူယိက သူ့၏ကျောက်စိမ်းပုလွေကို မြှောက်လိုက်ပြီး လက်ချောင်းထိပ်ဖြင့် ဖိကာ တီးမှုတ်လိုက်သည်။ ယခုအချိန်တွင် သူတစ်ယောက်တည်းကသာ ကျားမုတ်ဆိတ်ကို ဆွဲပြီး ကျီစားဝံ့သော တစ်ဦးတည်းသာသူ ဖြစ်သည်။ သူက သေခြင်းတရားကို မကြောက်ဘဲ "ဘာလို့ တစ်ယောက်ယောက်က မနာလို ဖြစ်နေတယ်လို့ ခံစားနေရတာလဲ??"

အတိတ်တုန်းက ဘုန်းအာနုဘော်ကြီးမားခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီးရဲ့ အာဏာနဲ့ ဂုဏ်သိက္ခာက မကျန်တော့ဘူးလေ....

"ထွက်သွား!"

အခန်း ၉ ကောက်ကျစ်သော သူပုန်များ (အပိုင်း ၁၁)

ပင်မတဲစခန်းဆီမှ ခြင်္သေ့ဟိန်းသံလို အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး တဲအပြင်ဘက်ရှိ စစ်သည်များက သူတို့၏ပုခုံးများနှင့် နောက်ကျောများ ထုံကျင်သွားသလို ခံစားရသည်အထိ တုန်လှုပ်သွားကြသည်။ ကုယွင်ကတော့ ဘာမှ မကြားလိုက်ရသလို အမူအယာနဲ့ ကောကျင့်ယွင်ရှိနေသော တဲအတွင်းသို့ ဝင်သွားတော့သည်။

သူမက ကန့်လန့်ကာကို ဖွင့်ကာ လှမ်းဝင်သွားလိုက်ပြီး တဲကြီးအတွင်းတွင် စစ်သည်အယောက် (၂၀)ကျော်ရှိနေသည်ကို တွေ့လိုက်ရသည်။ အတွင်းမှ လူများကလည်း မည်သူလာသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ကြပြီး အားလုံးထရပ်ကာ စနစ်တကျတန်းစီ လိုက်ကြသည်။

"ခေါင်းဆောင်!"

နောက်ဆုံးတော့ သူတို့ သူမကို ပြန်တွေ့နိုင်ပြီ။ ရိုးရိုးသားသားပြောရရင် သူမ သူတို့ကို လေ့ကျင့်ပေးနေတဲ့ အချိန်တုန်းက သူမကို ဘယ်တော့မှ ထပ်မတွေ့ရဖို့ ဆန္ဒက သူတို့အားလုံးရဲ့ တူညီတဲ့ သဘောထားဖြစ်ခဲ့ဖူးတယ်။ ဒါပေမယ့် လေ့ကျင့်ရေးပြီးတဲ့နောက်မှာတော့ သူတို့အားလုံး သူမအကြောင်းကို တွေးမိတိုင်း သူမကို အရမ်းလွမ်းနေကြတယ်။

ကုယွင်က ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး သူတို့ကို ခေါင်းညိတ်ပြလိုက်ကာ "ရတယ်၊ အားလုံး သက်တောင့်သက်သာနေပါ"

သူမ ကုတင်နားသို့ရောက်သွားချိန်တွင် ကောကျင့်ယွင်က လမ်ရှောင်း၏အကူအညီဖြင့် ထထိုင်နိုင်ရန် ရုန်းကန်နေခဲ့သည်။

"ခေါင်းဆောင်"

ကုယွင်က မျက်မှောင်ကြုတ်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"ရတယ်၊ လှဲနေ"

လမ်ရှောင်း၏စူးရှသောမျက်လုံးများက သူမ၏ဘယ်ဘက်လက်မောင်းမှ ပတ်တီးကို သတိပြုမိသွားပြီး သူ့၏အေးစက်သောမျက်နှာက ပျက်ယွင်းသွားကာ အလောတကြီးနဲ့ "ဒဏ်ရာရခဲ့တာလား"

ကုယွင်က ဘာမှမထူးခြားသလို ခေါင်းယမ်းပြလိုက်ပြီး "ဒါက ဒဏ်ရာသေးသေးလေးပါ၊ ဘာမှ မဖြစ်ဘူး၊ စိတ်မပူနဲ့"

လမ်ရှောင်းက ဘာမှထပ်မပြောတော့ပေမယ့် သူ့ရဲ့အေးစက်တဲ့မျက်နှာက ပိုပြီးအေးစက်လာခဲ့သည်။

ကောကျင့်ယွင်၏ဒဏ်ရာများက ကုသပြီးဖြစ်နေကာ ဒဏ်ရာနေရာကို ပတ်တီးထူထူဖြင့် တင်းတင်းကြပ်ကြပ် ပတ်ထားသည်။ သူ၏မျက်နှာက အနည်းငယ်ဖြူဖျော့နေရုံမှတပါး ထူးခြားပုံမရဘဲ အဆင်ပြေနေပုံရသည်။

ကုယွင်က သူ့ခေါင်းအုံးဘေးမှာ ချထားသည့် ငွေရောင်ရာဝတ္ထုတစ်ခုကို သတိပြုမိသွားပြီး စူးစမ်းလိုက်တာကြောင့် လမ်ရှောင်းက အမြန်ကောက်ယူကာ သူမကို လှမ်းပေးလိုက်သည်။

ထိုအရာက အရှည်ငါးလက်မကျော်ရှိသော မြှားတိုလေးတစ်စင်းဖြစ်နေပြီး သာမန်မြှားတွေနဲ့ မတူတဲ့အချက်က မြှားခေါင်းအပြင် ကိုယ်ထည်ကိုလည်း သံနဲ့ပြုလုပ်ထားခြင်းဖြစ်သည်။ ကြောက်စရာအကောင်းဆုံးက မြှားတိုလေး၏ဦးခေါင်းထိပ်တွင် ချိတ်ပုံသဏ္ဍန် အသွားရှိနေခြင်းပင်။ ကောကျင့်ယွင်၏ ခန္ဓာကိုယ်ပေါ်မှ သွေးများ ရပ်တန့်ရန် အလွန်ခက်ခဲသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။ ထိုမြှားမျိုးက ဆွဲထုတ်ရန် ခက်ခဲလွန်းသည်။

ထိုကဲ့သို့ ဆိုးဝါးလွန်းသော လက်နက်ကို မြင်လိုက်ရတာကြောင့် ကုယွင်က အသံနိမ့်နိမ့်ဖြင့် မေးလိုက်သည်။

"မြှားပစ်တဲ့လူကို မင်း လိုက်ရလား"

လမ်ရှောင်းနှင့် ကောကျင့်ယွင်တို့က တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်ပြီးမှ ခေါင်းယမ်းကာ ပြန်ဖြေလာသည်။ "အဲဒီလူက ကောကျင့်ယွင်နဲ့ အရပ်တူတူလောက်ရှိပေမယ့် ကျွန်တော့်ထက် နည်းနည်း ပိုပိန်တယ်။ ဒါပေမယ့် အရမ်းမှောင်နေတာကြောင့် သူ့ရဲ့အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ဖို့ ခက်တယ်။ ပြီးတော့ သူက တကယ်ကို ပါးနပ်တယ်၊ ကျွန်တော်တို သူ့အနားကို မကပ်နိုင်ခဲ့ဘူး၊ ဒီလို မှောင်မိုက်တဲ့ ပတ်ဝန်းကျင်မှာ သူရော ကျွန်တော်တို့ရော ပြေးနေတာတောင်မှ သူက ကျွန်တော်တို့ကို မြှားနဲ့ ပစ်နိုင်တယ်၊ ပြီးတော့ မြှားပစ်ချက်တိုင်းက တိကျတယ်!"

တကယ်တော့ သူပြေတာတွေက အမှန်တွေပါပဲ။ ဒီလိုစွမ်းရည်မျိုးက သာမန်လူတွေ လုပ်နိုင်တဲ့အရာတော့ မဟုတ်ပါဘူး။ အမြင်အာရုံကောင်းရမယ့်အပြင် အာရုံခံစားမှုကလည်း အလွန်အရေးကြီးနေသေးသည်။ သူမကိုယ်တိုင်လည်း မျက်စိမှိတ်ပြီး သေနတ်ပစ်နိုင်ရန် လေ့ကျင့်ခဲ့ဖူးပြီး ပစ်မှတ်ကို ထိထိရောက်ရောက် ပစ်နိုင်ဖို့ သုံးနှစ်လောက် အချိန်ယူခဲ့ပြီးမှ တိကျမှုရလဒ်က ကိုးဆယ့်ရှစ်ရာခိုင်နူန်းအထိ ရောက်ရှိနိုင်ခဲ့သည်။

ကုယွင်က မြှားတိုလေးကို ကောကျင့်ယွင်ရဲ့ ခေါင်းအုံးဘေးကို ပြန်ချလိုက်ပြီး မတ်တပ်ထရပ်လိုက်တာကြောင့် စစ်သည်တွေအားလုံးကလည်း ပြန်ထရပ်လိုက်ကြသည်။ ကုယွင်က ရယ်လိုက်ပြီး "ငါတို့ အခုလေ့ကျင့်နေတာ မဟုတ်ဘူး၊ ငါက မင်းတို့ရဲ့ ခေါင်းဆောင်လည်း မဟုတ်တော့ဘူး။ အခုချိန်ကစပြီး အဲ့လိုတွေ လုပ်နေစရာ မလိုတော့ဘူး၊ အဲ့တာ‌ကြောင့် ကြောက်လန့်ပြီး သတိထားနေဖို့ မလိုဘူး။ အားလုံး စောစောအိပ်ကြတော့"

ကုယွင်က တံခါးဆီကို လျှောက်သွားနေပေမယ့် စစ်သည်တွေက သူမကို စိုက်ကြည့်ရင်း အတူတူ ရပ်နေဆဲ ဖြစ်တာကြောင့် ကုယွင်က ဇဝေဇဝါ ဖြစ်သွားပြီး "ဘာတွေ ဖြစ်နေကြတာလဲ?"

"ခေါင်းဆောင်..." လမ်ရှောင်းက သူ့ပါးစပ်ကို ဖွင့်လိုက်ပေမယ့် ချက်ချင်း ရပ်သွားပြန်သည်။

စစ်သည်အားလုံးက သူမကို စိုက်ကြည့်နေကြတာကြောင့် ကုယွင်က အနည်းငယ် သိချင်လာပြီး "မင်းပြောစရာရှိရင် ငါ့ကို ပြောတိုက်ရိုက်ပြော၊ ပြသနာက ဘာလဲ!"

လမ်ရှောင်းက အသက်ကို ခပ်ပြင်းပြင်းရှူသွင်းလိုက်ပြီး ကုယွင်ကို တည့်တည့်ကြည့်ကာ "ကျွန်တော်တို့ ခေါင်းဆောင်နဲ့အတူ တိုက်ပွဲဝင်လို့ရမလား?"

ကုယွင်က အံ့သြသင့်သွားပြီး တောင့်တမှုနှင့် မျှော်လင့်ချက်များ ပြည့်နေသော ထိုမျက်လုံးများကို ကြည့်ကာ သူမ ဝမ်းနည်းသလို ခံစားလိုက်ရသည်။ သူမက သူမ၏ စိတ်ခံစားချက်များ ပြန်လည်တည်ငြိမ်စေရန် ခေါင်းကို အနည်းငယ်ငုံ့ထားလိုက်ပြီး အချိန်အတော်ကြာပြီးမှ ကုယွင်က သူမခေါင်းကို တစ်ဖန်မော့ကာ အေးစက်သော အပြုံးဖြင့် ပြောလိုက်သည်။ "ငါနဲ့ စကားမပြောခင် အရင်ဦးဆုံး ကိုယ့်ကိုကိုယ် သန်မာအောင် အရင်လုပ်ကြဦး၊ ငါ့လက်အောက်မှာ ပျော့ညံတဲ့ ယောက်ျားတွေ မရှိဘူး!"

"ဟုတ်ကဲ့"

ကုယွင် တံခါးကနေ ထွက်လိုက်ချိန်မှာ အခန်းထဲကနေ ရွှင်မြူးနေတဲ့အော်သံတွေ ချက်ချင်းထွက်ပေါ် လာတော့သည်။

ကုယွင်က နွေးထွေးသောအပြုံးဖြင့် ထွက်ခွာသွားခဲ့ပြီး တဲ၏တစ်ဖက်ခြမ်းမှ နက်နဲသောမျက်လုံးတစ်စုံက သူမနောက်ကျောကို အေးစက်စွာ စိုက်ကြည့်နေသည်ကို သူမ သတိမထားခဲ့မိပေ။

ချင်းမော့... မင်းက ဘယ်လို ဆွဲအားမျိုးကို ပိုင်ဆိုင်ထားခဲ့တာလဲ???

သူ မရှိတဲ့ အချိန်မှာ သူမ ဘာတွေလုပ်ခဲ့တာလဲ??!

❤️❤️❤️Thank you so much for your lovely supports❤️❤️❤️


အခန္း ၉ ေကာက္က်စ္ေသာ သူပုန္မ်ား (အပိုင္း ၁၀)

မူရိ၏သြယ္လ်ေသာ မ်က္လုံးမ်ားက ေကာက္က်စ္ၿပီး သစၥာမဲ့ေသာ ေျမေခြးကဲ့သို႔ အနည္းငယ္ က်ဥ္းေျမာင္းသြားသည္။ သူ႔ကို ၾကည့္မိသူတိုင္း ထိတ္လန႔္သြားႏိုင္ေပမယ့္ ကုယြင္ကေတာ့ တုန္လႈပ္မႈမရွိဘဲ သူ႔မ်က္လုံးမ်ားကို ျပန္စိုက္ၾကည့္ေနသည္

ဟား...ဟား.. သူက ေဒါသထြက္ခ်င္ေနတာလား???! ဟာသပဲ! ဒီလိုမ်ိဳး ဝတ္စားဖို႔ သတၱိရွိရင္ ေဝဖန္ခံရဖို႔ အသင့္ျပင္ထားေလ....

သူမက သူ႔ကို မေၾကာက္ဘူး! ဒါေပမယ့္ နည္းနည္းေတာ့ စိတ္ဝင္စားတယ္။ သူ႔မ်က္လုံးထဲက စိတ္ဝင္တစားမႈေတြ ေနရာကို ေအးစက္မႈေတြ အစားထိုးလိုက္တာက ကုယြင္ကို ရင္ဖိုစရာ ျဖစ္ေစခဲ့တယ္။ ကုယြင္က သူ႔ကို ဆက္ၾကည့္ဖို႔ ပ်င္းလြန္းတာေၾကာင့္ သူမ အၾကည့္ကို ႐ုတ္လိုက္ၿပီး သူမအနားမွ စုရန္ကို လွမ္းေျပာလိုက္သည္။ "စုရန္၊ မနက္ျဖန္ မနက္ အာ႐ုံတက္တာနဲ႔ က်ီးပါးစပ္ေတာင္ၾကားရဲ႕ ေျမျပင္အေနအထားကို ေလ့လာဖို႔ စထြက္မယ္"

ကုယြင္က မတ္တတ္ထရပ္ၿပီး ထြက္ခါနီးတြင္ ေအးစက္စက္ႏွင့္ ေဒါသထြက္ေနေသာ ေလသံကို ၾကားလိုက္ရသည္။ "ဒီေနရာက မင္း အမိန႔္ေပးရမယ့္ေနရာ မဟုတ္ဘူး၊ အခု စစ္သူႀကီးအိမ္ေတာ္ ျပန္သြားလိုက္ေတာ့"

သူမက စည္းမဲ့ကမ္းမဲ့ျဖစ္ေနၿပီး ထိန္းခ်ဳပ္လို႔ မရေတာ့ဘူးလား??? သူမက ေပ့ခ်န္အထိ စစ္တပ္ေနာက္ကို လိုက္လာၿပီး ဘာေတြ လုပ္ခ်င္ေနတာလဲ??

ကုယြင္၏ေျခလွမ္းမ်ားက တုံ႔ဆိုင္းသြားကာ သူမမ်က္ႏွာေပၚတြင္ အတုအေယာင္ဆန္ေသာ အၿပဳံးတစ္ခု ေပၚလာၿပီး ျဖည္းညႇင္းစြာ ျပန္လွည့္လာကာ "စစ္သူႀကီးစု၊ ရွင္ မွားေနၿပီ ထင္တယ္၊ ကြၽန္မက ရွင့္ရဲ႕စစ္တပ္ကို အမိန႔္ေပးဖို႔ စိတ္မ၀င္စားဘူး၊ ရွင္လည္း ကြၽန္မကိစၥေတြကို ဂ႐ုစိုက္စရာ မလိုဘူး"

ထိုစကားကို ေျပာၿပီးေနာက္ ကုယြင္က စားပြဲေပၚမွ ေရခဲဓားကို ေကာက္ယူၿပီး ထြက္ခြာသြားခဲ့သည္။

"ပင္းလ်န႔္?" မူရိ၏မ်က္လုံးမ်ားထဲမွ အံ့ၾသမႈမ်ား တစ္ဖ်ပ္ဖ်ပ္ ထြက္ေပၚလာၿပီး သူက စုလင္းကို ျပန္ၾကည့္လိုက္သည္။ စုလင္းက ပင္းလ်န႔္ကို ဒီအမ်ိဳးသမီးဆီကို ေပးလိုက္ၿပီလို႔ေတာ့ ငါ့ကို လာမေျပာနဲ႔ေနာ္...

"ဒီဓားကို ဘယ္သူက ထိခြင့္ေပးထားတာလဲ!" စုလင္း၏ေနာက္ထပ္ေအာ္ဟစ္သံက မူရိ၏ ခန႔္မွန္းခ်က္ကို ျငင္းပယ္လိုက္သည္။ သူက သူ႔လက္ႏွစ္ဖက္ကို သူ႔ရင္ဘတ္ေပၚမွာ လက္ပိုက္ထားရင္း ေစာင့္ၾကည့္ေနလိုက္သည္။ ယခုအခ်ိန္တြင္ မူရိက ဤအမ်ိဳးသမီးကို တကယ္ကို စိတ္ဝင္စားေနခဲ့သည္။

တံခါးမွ ကန႔္လန႔္ကာစကို ကိုင္ထားၿပီးေနၿပီျဖစ္ေသာ ကုယြင္က ေနာက္ျပန္လွည့္မၾကည့္ေတာ့ပဲ သူမလက္ထဲမွ ေရခဲဓားကို လႈပ္ခါျပလိုက္ၿပီး "ဒါက ကြၽန္မ အပိုင္ျဖစ္ေနၿပီ၊ ရွင္မွာ အစြမ္းရွိရင္ ျပန္လာယူ! ကြၽန္မ ေစာင့္ေနမယ္"

သူမက ပင္းလ်န႔္ကို ယူဖို႔ ဆုံးျဖတ္ၿပီးၿပီျဖစ္တာေၾကာင့္ လြယ္လြယ္နဲ႔ စြန႔္ပစ္မွာ မဟုတ္ပါဘူး။

အမိုက္စား အသြင္အျပင္က တဲထဲမွ လွပစြာ ေပ်ာက္ကြယ္သြားၿပီး ေပါက္ကြဲလုနီးနီးျဖစ္ေနသည့္ လူအုပ္စုကို ခ်န္ထားရစ္ခဲ့သည္။ လို႔မူဟိုင္က ေပါ့ေပါ့ပါးပါး ေခ်ာင္းဟန႔္လိုက္ၿပီး စိတ္မသက္မသာျဖစ္ေနေသာ အၿပဳံးျဖင့္ "ေနာက္က်ေနၿပီ၊ ငါ အရင္ျပန္ေတာ့မယ္"

ဒီလို အိမ္တြင္းေရးကိစၥေတြကို ကိုင္တြယ္ေျဖရွင္းဖို႔က သူလို ေျဖာင့္မွန္တဲ့ အရာရွိတစ္ေယာက္အတြက္ ခက္ခဲလြန္းတယ္။ ဒီ႐ႊံ႕ေရထဲကို မဆင္းတာက သူ႔အတြက္ ပိုေကာင္းတယ္။

လို႔မူဟိုင္က လြတ္ေျမာက္သြားတာေၾကာင့္ စုရန္ကလည္း ခပ္ျမန္ျမန္ ေနာက္ျပန္ဆုတ္ကာ "ဟုတ္တယ္၊ ဟုတ္တယ္၊ အရမ္းေနာက္က်ေနၿပီ၊ တာ့ေကာလည္း အနားယူေတာ့ေလ၊ ကြၽန္ေတာ္ မေႏွာင့္ယွက္ေတာ့ပါဘူး!"

အမေလး... မိုးနတ္မင္းႀကီးေရ.... ခ်င္းေမာ့က အရမ္းသန္မာတာကို သူ သိေပမယ့္ သူမရဲ႕စကားေတြက လူေတြကို ေသတဲ့အထိ ေဒါသထြက္ေစႏိုင္တာကို သူ ဘာလို႔ သတိမျပဳမိခဲ့တာလဲ? ဒါမွမဟုတ္ သူမက တာ့ေကာနဲ႔ ရင္ဆိုင္ရမွ အဲ့လို ထူးထူးျခားျခား ေပါက္ကြဲတတ္တာလား??

ဒီအခ်ိန္မွာ သူ အရင္ေရွာင္ေနလိုက္တာက ပိုေကာင္းလိမ့္မယ္။

"ကြၽန္ေတာ္... ကြၽန္ေတာ္မ်ိဳးကိုလည္း ျပန္ခြင့္ျပဳပါ!" စုရန္က တဲထဲကေန အျမန္ထြက္သြားတာေၾကာင့္ လက္ေထာက္ယုကလည္း ထြက္ခြာခြင့္ေတာင္းလိုက္သည္။

ခ်င္းေမာ့ ထြက္ခြာသြားသည့္အခိုက္အတန႔္တြင္ ႀကီးမားေသာ ပင္မတဲစခန္းထဲမွ လူတိုင္းက အလ်င္အျမန္ ေပ်ာက္ကြယ္သြားၾကေတာ့သည္။ မူယိက သူ႔၏ေက်ာက္စိမ္းပုေလြကို ေျမႇာက္လိုက္ၿပီး လက္ေခ်ာင္းထိပ္ျဖင့္ ဖိကာ တီးမႈတ္လိုက္သည္။ ယခုအခ်ိန္တြင္ သူတစ္ေယာက္တည္းကသာ က်ားမုတ္ဆိတ္ကို ဆြဲၿပီး က်ီစားဝံ့ေသာ တစ္ဦးတည္းသာသူ ျဖစ္သည္။ သူက ေသျခင္းတရားကို မေၾကာက္ဘဲ "ဘာလို႔ တစ္ေယာက္ေယာက္က မနာလို ျဖစ္ေနတယ္လို႔ ခံစားေနရတာလဲ??"

အတိတ္တုန္းက ဘုန္းအာႏုေဘာ္ႀကီးမားခဲ့တဲ့ စစ္ဗိုလ္ခ်ဳပ္ႀကီးရဲ႕ အာဏာနဲ႔ ဂုဏ္သိကၡာက မက်န္ေတာ့ဘူးေလ....

"ထြက္သြား!"

အခန္း ၉ ေကာက္က်စ္ေသာ သူပုန္မ်ား (အပိုင္း ၁၁)

ပင္မတဲစခန္းဆီမွ ျခေသၤ့ဟိန္းသံလို ေအာ္ဟစ္သံတစ္ခု ထြက္ေပၚလာၿပီး တဲအျပင္ဘက္ရွိ စစ္သည္မ်ားက သူတို႔၏ပုခုံးမ်ားႏွင့္ ေနာက္ေက်ာမ်ား ထုံက်င္သြားသလို ခံစားရသည္အထိ တုန္လႈပ္သြားၾကသည္။ ကုယြင္ကေတာ့ ဘာမွ မၾကားလိုက္ရသလို အမူအယာနဲ႔ ေကာက်င့္ယြင္ရွိေနေသာ တဲအတြင္းသို႔ ဝင္သြားေတာ့သည္။

သူမက ကန႔္လန႔္ကာကို ဖြင့္ကာ လွမ္းဝင္သြားလိုက္ၿပီး တဲႀကီးအတြင္းတြင္ စစ္သည္အေယာက္ (၂၀)ေက်ာ္ရွိေနသည္ကို ေတြ႕လိုက္ရသည္။ အတြင္းမွ လူမ်ားကလည္း မည္သူလာသည္ကို ရွင္းရွင္းလင္းလင္း ျမင္လိုက္ၾကၿပီး အားလုံးထရပ္ကာ စနစ္တက်တန္းစီ လိုက္ၾကသည္။

"ေခါင္းေဆာင္!"

ေနာက္ဆုံးေတာ့ သူတို႔ သူမကို ျပန္ေတြ႕ႏိုင္ၿပီ။ ႐ိုး႐ိုးသားသားေျပာရရင္ သူမ သူတို႔ကို ေလ့က်င့္ေပးေနတဲ့ အခ်ိန္တုန္းက သူမကို ဘယ္ေတာ့မွ ထပ္မေတြ႕ရဖို႔ ဆႏၵက သူတို႔အားလုံးရဲ႕ တူညီတဲ့ သေဘာထားျဖစ္ခဲ့ဖူးတယ္။ ဒါေပမယ့္ ေလ့က်င့္ေရးၿပီးတဲ့ေနာက္မွာေတာ့ သူတို႔အားလုံး သူမအေၾကာင္းကို ေတြးမိတိုင္း သူမကို အရမ္းလြမ္းေနၾကတယ္။

ကုယြင္က ေပါ့ေပါ့ပါးပါး ရယ္ေမာလိုက္ၿပီး သူတို႔ကို ေခါင္းညိတ္ျပလိုက္ကာ "ရတယ္၊ အားလုံး သက္ေတာင့္သက္သာေနပါ"

သူမ ကုတင္နားသို႔ေရာက္သြားခ်ိန္တြင္ ေကာက်င့္ယြင္က လမ္ေရွာင္း၏အကူအညီျဖင့္ ထထိုင္ႏိုင္ရန္ ႐ုန္းကန္ေနခဲ့သည္။

"ေခါင္းေဆာင္"

ကုယြင္က မ်က္ေမွာင္ၾကဳတ္ၿပီး တိုးတိုးေလး ေျပာလိုက္သည္။

"ရတယ္၊ လွဲေန"

လမ္ေရွာင္း၏စူးရွေသာမ်က္လုံးမ်ားက သူမ၏ဘယ္ဘက္လက္ေမာင္းမွ ပတ္တီးကို သတိျပဳမိသြားၿပီး သူ႔၏ေအးစက္ေသာမ်က္ႏွာက ပ်က္ယြင္းသြားကာ အေလာတႀကီးနဲ႔ "ဒဏ္ရာရခဲ့တာလား"

ကုယြင္က ဘာမွမထူးျခားသလို ေခါင္းယမ္းျပလိုက္ၿပီး "ဒါက ဒဏ္ရာေသးေသးေလးပါ၊ ဘာမွ မျဖစ္ဘူး၊ စိတ္မပူနဲ႔"

လမ္ေရွာင္းက ဘာမွထပ္မေျပာေတာ့ေပမယ့္ သူ႔ရဲ႕ေအးစက္တဲ့မ်က္ႏွာက ပိုၿပီးေအးစက္လာခဲ့သည္။

ေကာက်င့္ယြင္၏ဒဏ္ရာမ်ားက ကုသၿပီးျဖစ္ေနကာ ဒဏ္ရာေနရာကို ပတ္တီးထူထူျဖင့္ တင္းတင္းၾကပ္ၾကပ္ ပတ္ထားသည္။ သူ၏မ်က္ႏွာက အနည္းငယ္ျဖဴေဖ်ာ့ေန႐ုံမွတပါး ထူးျခားပုံမရဘဲ အဆင္ေျပေနပုံရသည္။

ကုယြင္က သူ႔ေခါင္းအုံးေဘးမွာ ခ်ထားသည့္ ေငြေရာင္ရာဝတၳဳတစ္ခုကို သတိျပဳမိသြားၿပီး စူးစမ္းလိုက္တာေၾကာင့္ လမ္ေရွာင္းက အျမန္ေကာက္ယူကာ သူမကို လွမ္းေပးလိုက္သည္။

ထိုအရာက အရွည္ငါးလက္မေက်ာ္ရွိေသာ ျမႇားတိုေလးတစ္စင္းျဖစ္ေနၿပီး သာမန္ျမႇားေတြနဲ႔ မတူတဲ့အခ်က္က ျမႇားေခါင္းအျပင္ ကိုယ္ထည္ကိုလည္း သံနဲ႔ျပဳလုပ္ထားျခင္းျဖစ္သည္။ ေၾကာက္စရာအေကာင္းဆုံးက ျမႇားတိုေလး၏ဦးေခါင္းထိပ္တြင္ ခ်ိတ္ပုံသ႑န္ အသြားရွိေနျခင္းပင္။ ေကာက်င့္ယြင္၏ ခႏၶာကိုယ္ေပၚမွ ေသြးမ်ား ရပ္တန႔္ရန္ အလြန္ခက္ခဲသည္မွာ အံ့ဩစရာ မဟုတ္ေတာ့ေပ။ ထိုျမႇားမ်ိဳးက ဆြဲထုတ္ရန္ ခက္ခဲလြန္းသည္။

ထိုကဲ့သို႔ ဆိုးဝါးလြန္းေသာ လက္နက္ကို ျမင္လိုက္ရတာေၾကာင့္ ကုယြင္က အသံနိမ့္နိမ့္ျဖင့္ ေမးလိုက္သည္။

"ျမႇားပစ္တဲ့လူကို မင္း လိုက္ရလား"

လမ္ေရွာင္းႏွင့္ ေကာက်င့္ယြင္တို႔က တစ္ေယာက္ကိုတစ္ေယာက္ ျပန္ၾကည့္ၿပီးမွ ေခါင္းယမ္းကာ ျပန္ေျဖလာသည္။ "အဲဒီလူက ေကာက်င့္ယြင္နဲ႔ အရပ္တူတူေလာက္ရွိေပမယ့္ ကြၽန္ေတာ့္ထက္ နည္းနည္း ပိုပိန္တယ္။ ဒါေပမယ့္ အရမ္းေမွာင္ေနတာေၾကာင့္ သူ႔ရဲ႕အသြင္အျပင္ကို ရွင္းရွင္းလင္းလင္း ျမင္ႏိုင္ဖို႔ ခက္တယ္။ ၿပီးေတာ့ သူက တကယ္ကို ပါးနပ္တယ္၊ ကြၽန္ေတာ္တို သူ႔အနားကို မကပ္ႏိုင္ခဲ့ဘူး၊ ဒီလို ေမွာင္မိုက္တဲ့ ပတ္ဝန္းက်င္မွာ သူေရာ ကြၽန္ေတာ္တို႔ေရာ ေျပးေနတာေတာင္မွ သူက ကြၽန္ေတာ္တို႔ကို ျမႇားနဲ႔ ပစ္ႏိုင္တယ္၊ ၿပီးေတာ့ ျမႇားပစ္ခ်က္တိုင္းက တိက်တယ္!"

တကယ္ေတာ့ သူေျပတာေတြက အမွန္ေတြပါပဲ။ ဒီလိုစြမ္းရည္မ်ိဳးက သာမန္လူေတြ လုပ္ႏိုင္တဲ့အရာေတာ့ မဟုတ္ပါဘူး။ အျမင္အာ႐ုံေကာင္းရမယ့္အျပင္ အာ႐ုံခံစားမႈကလည္း အလြန္အေရးႀကီးေနေသးသည္။ သူမကိုယ္တိုင္လည္း မ်က္စိမွိတ္ၿပီး ေသနတ္ပစ္ႏိုင္ရန္ ေလ့က်င့္ခဲ့ဖူးၿပီး ပစ္မွတ္ကို ထိထိေရာက္ေရာက္ ပစ္ႏိုင္ဖို႔ သုံးႏွစ္ေလာက္ အခ်ိန္ယူခဲ့ၿပီးမွ တိက်မႈရလဒ္က ကိုးဆယ့္ရွစ္ရာခိုင္ႏူန္းအထိ ေရာက္ရွိႏိုင္ခဲ့သည္။

ကုယြင္က ျမႇားတိုေလးကို ေကာက်င့္ယြင္ရဲ႕ ေခါင္းအုံးေဘးကို ျပန္ခ်လိုက္ၿပီး မတ္တပ္ထရပ္လိုက္တာေၾကာင့္ စစ္သည္ေတြအားလုံးကလည္း ျပန္ထရပ္လိုက္ၾကသည္။ ကုယြင္က ရယ္လိုက္ၿပီး "ငါတို႔ အခုေလ့က်င့္ေနတာ မဟုတ္ဘူး၊ ငါက မင္းတို႔ရဲ႕ ေခါင္းေဆာင္လည္း မဟုတ္ေတာ့ဘူး။ အခုခ်ိန္ကစၿပီး အဲ့လိုေတြ လုပ္ေနစရာ မလိုေတာ့ဘူး၊ အဲ့တာ‌ေၾကာင့္ ေၾကာက္လန႔္ၿပီး သတိထားေနဖို႔ မလိုဘူး။ အားလုံး ေစာေစာအိပ္ၾကေတာ့"

ကုယြင္က တံခါးဆီကို ေလွ်ာက္သြားေနေပမယ့္ စစ္သည္ေတြက သူမကို စိုက္ၾကည့္ရင္း အတူတူ ရပ္ေနဆဲ ျဖစ္တာေၾကာင့္ ကုယြင္က ဇေဝဇဝါ ျဖစ္သြားၿပီး "ဘာေတြ ျဖစ္ေနၾကတာလဲ?"

"ေခါင္းေဆာင္..." လမ္ေရွာင္းက သူ႔ပါးစပ္ကို ဖြင့္လိုက္ေပမယ့္ ခ်က္ခ်င္း ရပ္သြားျပန္သည္။

စစ္သည္အားလုံးက သူမကို စိုက္ၾကည့္ေနၾကတာေၾကာင့္ ကုယြင္က အနည္းငယ္ သိခ်င္လာၿပီး "မင္းေျပာစရာရွိရင္ ငါ့ကို ေျပာတိုက္႐ိုက္ေျပာ၊ ျပသနာက ဘာလဲ!"

လမ္ေရွာင္းက အသက္ကို ခပ္ျပင္းျပင္းရႉသြင္းလိုက္ၿပီး ကုယြင္ကို တည့္တည့္ၾကည့္ကာ "ကြၽန္ေတာ္တို႔ ေခါင္းေဆာင္နဲ႔အတူ တိုက္ပြဲဝင္လို႔ရမလား?"

ကုယြင္က အံ့ၾသသင့္သြားၿပီး ေတာင့္တမႈႏွင့္ ေမွ်ာ္လင့္ခ်က္မ်ား ျပည့္ေနေသာ ထိုမ်က္လုံးမ်ားကို ၾကည့္ကာ သူမ ဝမ္းနည္းသလို ခံစားလိုက္ရသည္။ သူမက သူမ၏ စိတ္ခံစားခ်က္မ်ား ျပန္လည္တည္ၿငိမ္ေစရန္ ေခါင္းကို အနည္းငယ္ငုံ႔ထားလိုက္ၿပီး အခ်ိန္အေတာ္ၾကာၿပီးမွ ကုယြင္က သူမေခါင္းကို တစ္ဖန္ေမာ့ကာ ေအးစက္ေသာ အၿပဳံးျဖင့္ ေျပာလိုက္သည္။ "ငါနဲ႔ စကားမေျပာခင္ အရင္ဦးဆုံး ကိုယ့္ကိုကိုယ္ သန္မာေအာင္ အရင္လုပ္ၾကဦး၊ ငါ့လက္ေအာက္မွာ ေပ်ာ့ညံတဲ့ ေယာက္်ားေတြ မရွိဘူး!"

"ဟုတ္ကဲ့"

ကုယြင္ တံခါးကေန ထြက္လိုက္ခ်ိန္မွာ အခန္းထဲကေန ႐ႊင္ျမဴးေနတဲ့ေအာ္သံေတြ ခ်က္ခ်င္းထြက္ေပၚ လာေတာ့သည္။

ကုယြင္က ေႏြးေထြးေသာအၿပဳံးျဖင့္ ထြက္ခြာသြားခဲ့ၿပီး တဲ၏တစ္ဖက္ျခမ္းမွ နက္နဲေသာမ်က္လုံးတစ္စုံက သူမေနာက္ေက်ာကို ေအးစက္စြာ စိုက္ၾကည့္ေနသည္ကို သူမ သတိမထားခဲ့မိေပ။

ခ်င္းေမာ့... မင္းက ဘယ္လို ဆြဲအားမ်ိဳးကို ပိုင္ဆိုင္ထားခဲ့တာလဲ???

သူ မရွိတဲ့ အခ်ိန္မွာ သူမ ဘာေတြလုပ္ခဲ့တာလဲ??!

❤️❤️❤️Thank you so much for your lovely supports❤️❤️❤️

Fortsæt med at læse

You'll Also Like

28.4K 2.8K 19
Genre-comedy,drama,josei,romance,school life,slice of life Chapters-98chapters+21extras I do not own this story.All credits go to original author.
74.9K 7.3K 32
Chapters (1-53) . . . Not My Work i am just translating for Offline purpose All credits to original author and English translator
79.9K 5.3K 52
ရှေးခေတ် မျိုးနွယ်စု ပုံစံရေးမှာပါ။ ဟိုဖက်မျိုးနွယ် ဒီဖက်မျိုးနွယ် တွေအကြောင်းပါ။စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်လို​့ တချို့ဟာတွေက လက်တွေ့နဲ့ကွဲပြားမှာပါ။.
121K 14.5K 95
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...