အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ...

Av FlowerRainButterfly

1.5M 191K 3.7K

အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။ Mer

အပိုင်း (၁) ချိုမြိန်သောမျှစ်လေးများ
စွမ်းရည်ပြည့်ဝသောမုဆိုးကြီးနှင့် ရစ်ငှက်လေးများ
မုဆိုးကြီးနဲ့တောဝက်ကြီးနှစ်ကောင်
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-2
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-2
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-4
မုဆိုးကြီး၏ ပြည့်တန်ဆာအိမ်အားဖောက်ထွင်းမှု
အပိုင်း (၁၁) မုဆိုးကြီး၏ စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၂) တစ်ချိန်က အမှိုက်ကောင်ကပြောင်းလဲသွားပြီတဲ့
မုဆိုးကြီးပြောတဲ့ ကျိုးရှီနဲ့စုရှီတို့အကြောင်း
မုဆိုးကြီးအိမ်ကစားသောက်ပွဲ
မုဆိုးကြီးအိမ်ကစားသောက်ပွဲ-2
ရှောင်မိန်ပါဝင်သော ဆိပ်ကမ်းမြို့ကမိသားစုခရီးစဥ်
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁) မုဆိုးကြီး၏ နေအိမ်ဖောက်ထွင်းခံရမှု
လဲ့ရှီနှင့်ရှောင်အိမ်၏အရှက်မဲ့မှု
ရုံးတော်၏စီရင်ချက်
ရုံးတော်၏စီရင်ချက် -2
ရုံးတော်၏စီရင်ချက် -3
အပိုင်း (၂၆)
အပိုင်း (၂၇)
ရှောင်ဟန်ကဆံထိုးလေးကိုဖွတ်ထားတယ်
မုဆိုးကြီး၏ငွေသုံးကြမ်းမှုပေါက်ကြားခြင်း
မုဆိုးကြီး၏နွေးထွေးသောမိသားစု
အပိုင်း (၃၁)
အပိုင်း (၃၂)
မုဆိုးကြီးအိမ်သို့ရောက်ရှိလာတဲ့ မဖိတ်ခေါ်ထားသောဧည့်သည်များ
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇) ချောင်ရန်၏အလည်ပတ်ရောက်ရှိလာမှု
အပိုင်း (၃၈) စံပါယ်ပင်လေးသုံးပင်
💖Chibi💖
မုဆိုးကြီးအိမ်သို့ အသားဝယ်ချင်သူများရောက်ရှိလာခြင်း
အပိုင်း (၄၀)
နန်ချောင်းရွာက ရွာသားတစ်ဦးသေဆုံးခြင်း
အပိုင်း (၄၃)
အပိုင်း (၄၂)
အပိုင်း (၄၄)
အပိုင်း (၄၅)
အပိုင်း (၄၆)
အပိုင်း (၄၇)
အပိုင်း (၄၈)
အပိုင်း (၄၉)
မုဆိုးကြီးက ဇနီးလေးရဲ့စကားကိုနားမထောင်ဘဲ တောင်ပေါ်ကိုတတ်သွားပြီ
❌❌
မုဆိုးကြီး၏ဝက်ဝံအမဲလိုက်ခရီးစဥ်
မုဆိုးကြီးပြန်လာပြီ
အပိုင်း (၅၃)
ဝက်ဝံကြီးများကိုရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်
ဟင်းလင်းပြင်လေလံပွဲ
အပိုင်း (၅၆)
စံပါယ်ပင်လေးက မျိုးစိတ်သစ်ပါတဲ့
မိသားစုအတွက် လက်ဆောင်တွေ ဝယ် ဝယ် ဝယ်
အပိုင်း (၅၉)
ဟွမ်ဟွာ၏ဖိတ်ခေါ်မှု
မုဆိုးကြီးနှင့် ဟွမ်ဟွာ၏ ထိပ်တိုက်တွေ့ဆုံမှု
အပိုင်း (၆၂)
အပိုင်း (၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
မုဆိုးကြီးပြန်လာပြီ
ဇနီးလေး ငွေလက်မှတ်တွေကိုမင်းသိမ်းထားလိုက်
ပိုင်မိန်ရဲ့စံပါယ်ပင်လေးမရှိတော့ဘူး
(69)
ပိုင်လီ
မုဆိုးကြီးပြောတဲ့ ကျိုးရှီရဲ့ယုတ်မာမှုအကြောင်း
အပိုင်း (၇၁)
ကျိုးရှီ၏အလိမ်ညာပြဇာတ်
ထူးခြားဆန်းပြားသောချီးကားများ
အပိုင်း (၇၃)
အပိုင်း (၇၄)
အပိုင်း (၇၅)
အပိုင်း (၇၆)
အပိုင်း (၇၇)
အပိုင်း (၇၈)
အပိုင်း (၇၉)
အပိုင်း (၈၀)
အပိုင်း (၈၁)
အပိုင်း (၈၂)
အပိုင်း (၈၃)
အပိုင်း (၈၄)
အပိုင်း (၈၅)
အပိုင်း (၈၆)
အပိုင်း (၈၇)
အပိုင်း (၈၈)
အပိုင်း (၈၉)
ဇနီးလေး... ကလေးယူချင်နေတာလား?
မြေဝယ်ယူမှု
အပိုင်း (၉၂)
အပိုင်း (၉၃)
အပိုင်း (၉၄)
အပိုင်း (၉၅)
စပျစ်သီးခူးဖို့သွားခြင်း
စပျစ်သီးလေးများ
main story complete
(98)
(99)
အပိုင်း (၁၀၀)
(101)
(102)
၁၁၃
အပိုင်း (၁၀၄)
အပိုင်း (၁၀၅)
အပိုင်း (၁၀၆)
အပိုင်း (၁၀၇)
စပျစ်သီးဝိုင်ပြုလုပ်ခြင်း
အပိုင်း (၁၀၉)
အပိုင်း (၁၁၀)
အပိုင်း (၁၁၁)
အပိုင်း (၁၁၂)
အပိုင်း (၁၁၃)
တည်သီးလေးများကိုခူးဆွတ်ခြင်း
ဇနီးလေး၏ယုံကြည်မှု
ချောင်မိသားစုသို့ အလည်တစ်ခေါက်
စပျစ်ဝိုင်လက်ဆောင်
အပိုင်း (118)
စံပါယ်ပင်လေးအကြောင်းအားနှုတ်ပိတ်ခြင်း
ဇနီးလေးစိတ်ဆိုးသွားခြင်း
paid gp
ဇနီးလေးစိတ်ဆိုးသွားခြင်း-2
ဇနီးလေးအားချော့မြူခြင်း
လူဆိုးလေးရှောင်ဝူ
ယွီလျန်ဟွားမှာငွေတချို့ဖြုန်းခြင်း
အပိုင်း (၁၂၅)
ဇနီးလေးရွေးပေးတဲ့လက်ဆောင်
အပိုင်း (၁၂၇)
အပိုင်း (၁၂၉)
လှည်းအပြည့် စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၃၁)
ကျွန်စျေးသို့အလည်တစ်ခေါက်
အပိုင်း (၁၃၃)
အစေခံများ
ဇနီးလေး ကိုယ်မင်းကို ဂရုစိုက်ပေးမယ်
အိမ်အသစ်ဆောက်လုပ်ခြင်း
အပိုင်း (၁၃၇)
ကျိုးရှီကိုနှင်ထုတ်ခြင်း
အပိုင်း (၁၃၉)
မီးပုံးပွဲတော်
အပိုင်း (၁၄၁)
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်-2
အသေးလေးတွေရဲ့ ဗိုက်လုံးလေးတွေက မတူညီဘူး
ရှောင်အိမ်ရဲ့ အကြံသစ်
ပိုင်အမေ၏ အရိပ်အမွတ်
နှစ်ကိုယ်ကြားစကားဝိုင်း
ရှောင်အိမ်၏တောင်းပန်လာမှု
အပိုင်း (၁၄၉)
အပိုင်း (၁၅၀)
မုဆိုးကြီး၏ ကတုံးလေးကိုစမ်းသပ်မှု

အပိုင်း (၁၂၈)

6.3K 906 23
Av FlowerRainButterfly

အပိုင်း (၁၂၈) ဇနီးလေးရွေးပေးသည့်လက်ဆောင်-3

"သူမ မရိုက်ရဲပါဘူး အကယ်၍ သူမရိုက်ရဲရင် သူမလက်က အကောင်းတိုင်းရှိတော့မှာမဟုတ်ဘူး"

အပြောခံရသည့် ကုန်သည်ချင်၏ဒုတိယဇနီးကတော့ မည်သို့နေမည်မသိပေမယ့် အမျိုးသမီးစန်းကတော့ ပိုင်လီ၏စကားကြောင့် နောက်ကျောပင် အေးသွားသလို ခံစားလိုက်ရပေသည်။

မင်းက ခြိမ်းခြောက်မှာဆိုရင်လည်း တည်တည်တန့်တန့်နဲ့ ခြိမ်းခြောက်လေ။ ဘာကြောင့် အရယ်တစ်ဝက်နဲ့ ပြောရတာလဲ။ လူတွေကို ကြက်သီးထအောင်လို့!

ဒါပေါ့ ပိုင်လီသည် ကြောက်ရုံသာ ခြိမ်းခြောက်နေသည် လုံးဝမဟုတ်ပေ။ ထိုအမျိုးသမီးကသာ တကယ်ပဲ သူ့ညီမလေးကို ရိုက်ရဲခဲ့မယ်ဆိုရင် သူကလည်း မလုပ်ရဲစရာ ဘာအကြောင်းမှမရှိနေချေ။

ကုန်သည်ချင်၏ဒုတိယဇနီးကတော့ ပိုင်လီရဲ့စကားကိုကြားအပြီးမှာ ပိုင်မိန့် မျက်နှာရှေ့က သူမလက်ကိုချက်ခြင်းဖယ်လိုက်မိ၏။ နောက်မှ သူမက ဒါကသပ်သပ် ခြိမ်းခြောက်နေတာဖြစ်နိုင်ပြီး သူမက ကုန်သည်ချင်ရဲ့ဒုတိယဇနီးပဲကို ပိုင်လီက တကယ်မလုပ်ရဲနိုင်ပါဘူးဟု တွေးမိကာ အနည်းငယ်အကြောက်ပြေသွားပေသည်။ ဒါပေမယ့် သူမလက်ကိုတော့ ထပ်မမြှောက်တော့ပါဘူး။

သူမက...

"ဟမ့်!... ငါက ဒုတိယဇနီးဆိုရင်ရော ဘာဖြစ်လဲ ငါက နင်တို့နင်တို့ထက် ကောင်းကောင်းနေရတယ်လေ! ငါ့ရဲ့ခင်ပွန်းက ဒီမြို့က ကုန်သည်ကြီးတစ်ယောက်ဖြစ်တဲ့ ကုန်သည်ချင်ပဲ နင်တို့ ငါ့ကိုဖိနှိပ်ရဲသေးလား!!"

ဒါကိုကြားတော့ အမျိုးသမီးစန်းက ဟွန့်ကနဲလုပ်လိုက်ပြီး ဘာမှမပြောတော့သော်လည်း ပိုင်မိန်ကမူကုန်သည်ချင်ကို သိမနေပေ။ ဒါကြောင့်ညသူမလေးက လုံးဝကို မကြောက်ပါဘူး။

"ဘာကုန်သည်ချင်လဲ! ဘာနဲ့လာခြောက်ချင်နေတာလဲ! ဒီမှာ ရှင့်ခင်ပွန်းက ကုန်သည်ကြီးတစ်ယောက်ဆိုရင် သေချာတာပေါ့ ကျွန်မရဲ့ဒုတိယအကိုဆီက ဝက်ဝံသားဝယ်ဖူးမယ်ဆိုတာ! ကျွန်မအစ်ကို ကျေးဇူးကြောင့် ရှင့်အိမ်ကလူက ဧကရာဇ်ကတောင် တန်ဖိုးထားရတဲ့ ဝက်ဝံသားကို စားဖူးသွားတာနော်! ကျွန်မအစ်ကိုကိုတောင် ကျေးဇူးတင်နေရမှာ! ဒါမှမဟုတ် ရှင့်ခင်ပွန်းက ဝက်ဝံသားမဝယ်နိုင်တဲ့အထိ မွဲတေနေတာလည်းဖြစ်နိုင်တာပဲ! အဲနှစ်ခုပဲရှိတာကို ဘာတွေလာခြောက်နေတာလဲ!! ရှင်ကသာ ဝက်ဝံကိုတောင် အမဲလိုက်နိုင်ခဲ့တဲ့ ကျွန်မအစ်ကိုကို ကြောက်ရမှာ! ရှင့်ကိုလည်း ဒီမှာ အမဲဖျက်လိုက်လို့ရတယ်! နားလည်လား!!"

ထိုစကားများ ကြားပြီနောက် ပိုင်လီသည် ထိုမိန်းမငယ်လေးက သူ့ကိုကပ်ချွဲပြီးနေတတ်သည့် သူ့ညီမငယ်လေးမှ ဟုတ်ရောဟုတ်ရဲ့လားဆိုတာကို မစဥ်းစားပဲမနေနိင်အောင် ဖြစ်သွားတော့သည်။

သူက ရှောင်ဟန်ကို ခပ်တိုးတိုးနဲ့ ပြောလိုက်ပါတယ်။

"သူမက ကိုယ်တို့မိသားစုက ရှောင်မိန်လေးတော့ ဟုတ်တယ်မလား ဘယ်တုန်းက ဒီလောက်ထိ ရန်ဖြစ်တာ တော်သွားရတာလဲ"

ရှောင်ဟန်ကတော့ ပိုင်လီလိုမျိုး စိတ်ဝင်စားနိုင်ခြင်း မရှိပေ။ ရှောင်မိန်က မိန်းမငယ်လေးပဲ ရှိပါသေးတယ်။ ရန်ဖြစ်တာက သူမလေးအတွက် မကောင်းနိုင်ပါဘူး။ ရှောင်ဟန်က ပိုင်မိန်ကို တစ်ဖက်က စကားနဲ့ပဲဖြစ်ဖြစ် လက်နဲ့ပဲဖြစ်ဖြစ် နာကျင်စေမှာကိုမလိုလားဘူး။

ဒါကြောင့် သူက.....

"ခင်ဗျား သူမကို အမြန်ပြန်ခေါ်လိုက်ပါ သူမက မိန်းမငယ်လေးပဲရှိသေးတယ်"

ပိုင်လီကလည်း ရှောင်ဟန် ဘာကိုပြောချင်လဲဆိုတာသိသဖြင့် သူကခေါင်းငြိမ့်လိုက်လေသည်။

အဲဒီအချိန် ဟိုဘက်မှာတော့ ပိုင်မိန်ရဲ့ အမဲဖျက်လိုက်မယ် ဆိုတဲ့စကားကြောင့် ကုန်သည်ချင်ရဲ့ဇနီးက ကြောက်လန့်တကြားနဲ့ နောက်ဆုတ်လိုက်တာ ခုံပေါ်ကို ထိုင်လျက်သားပြုတ်ကျသွားခဲ့ပြီး သူမက ပိုင်မိန် အလွန်ဒေါသတကြီးနှင့်ကြည့်နေခဲ့၏။

"နင်ကများ! နင်လုပ်ရဲလို့လား!!"

ပိုင်မိန်မှာမူ တစ်ဖက်အမျိုးသမီး၏ ဖြူစုတ်နေသည့် မျက်နှာအားကြည့်ကာ အလွန်ကျေနပ်နေခဲ့လေသည်။ အဲဒီအချိန်မှာပဲ သူမက သူမအစ်ကိုရဲ့အသံကိုကြားလိုက်ရပါတယ်။

"ရှောင်မိန် ပြန်လာတော့လေ မင်း ရွေးလို့ပြီးပြီမလို့လား သူမက မင်းရဲ့လက်ဝတ်ရတနာတွေလောက် အရေးကြီးလို့လား"

ဘေးရှိ အမျိုးသမီးစန်းသည် ဒီမောင်နှမ၏ ထိုးနှက်နိုင်စွမ်းက တကယ်ကို အင်အားကြီးသည်ဟု မတွေးဘဲမနေနိုင်ပေ။ စကားလုံးတိုင်းမှာ ထိုးနှက်ချက်တွေအပြည့်ပါပဲ။

ပိုင်လီရဲ့စကားကြားမှ ပိုင်မိန်ကလည်း သူမအခုထိရွေးလို့မပြီးသေးတာ အမှတ်ရသွားပြီး ပိုင်လီတို့နားပြန်ရောက်လာတော့၏။ နောက်တော့ ယွီလျန်ဟွားရဲ့ဒုတိယထပ်မှာ ရှိတဲ့လူတိုင်းက ကုန်သည်ချင်ရဲ့ဒုတိယဇနီးကို ဂရုမစိုက်ကျတော့ပေ။

ပိုင်လီတို့မိသားစုက လက်ဝတ်ရတနာများကို ဆက်လက်ရွေးခဲ့ကျပြီး ပိုင်မိန်က အသေးလေးများနှင့် ပုံစံတူလက်ကောက်ကို အနီရောင်ကျောက်စိမ်းထဲမှ ရွေးခဲ့ကာ အနီရောင်ကျောက်စိမ်းထဲမှပင် လက်စွပ်တစ်ကွင်းကိုလည်း ထပ်ယူခဲ့သေးပေသည်။

ဒါကြောင့် သူမလေးရွေးထားတဲ့ ပစ္စည်းတွေက အနီရောင်ကျောက်စိမ်းတွေချည်း ဖြစ်သွားခဲ့ပြီး ပစ္စည်းတွေကတော့ လက်စွပ်တစ်ကွင်း၊ လက်ကောက်တစ်ရံနဲ့ ခါးချိတ်အဆောင်လေးတို့ပဲဖြစ်၏။

ထို့နောက်မှာတော့ သူမလေးက အသေးလေးတွေအတွက် ကူရွေးပေးနေခဲ့ပေမယ့်လည်း ထိုကောငယ်လေးတွေကတော့ လက်ကောက်တွေအပြင် သူတို့ကြိုက်နှစ်သက်တာကို ရှာမတွေ့ဖြစ်နေကျသည်။ သူတို့မှာက ခါးချိတ်အဆောင်လေးတွေကလည်း အများရှိနေပြီးဖြစ်လို့ သူတို့က တခြားပစ္စည်းတွေထဲကသာ လိုက်ကြည့်နေကျပြီး ပိုင်လီကလည်း သူ့ဇနီးလေးကို ထပ်ရွေးဖို့ အတင်းတိုက်တွန်းနေခဲ့၏။

ဒါကြောင့် ရှောင်ဟန်ကလည်း သူခင်ပွန်းစိတ်ကျေနပ်အောင် ပစ္စည်းတွေကိုကြည့်နေခဲ့ရပေမယ့် သိပ်တော့စိတ်မပါလှဘဲ သူအတွက်က လက်စွပ်တစ်ကွင်းနဲ့တင်လုံလောက်နေပြီလို့ ခံစားနေခဲ့ရသည်။ အဲဒီအချိန်မှာပဲ သူ့မျက်လုံးထဲကို တစ်ခုက ဝင်ရောက်လာခဲ့ပြီး သေချာကြည့်လိုက်တော့ အဲဒါက ခါးချိတ်အဆောင်တစ်ခုပဲဖြစ်ကာ ကျောက်စိမ်းသားက အပြာရောင်ဘက်သမ်း၍ ကြည်လင်တောက်ပနေခဲ့တဲ့အတွက် အရမ်းလှတယ်လို့ ပြောလို့ရသည်ပင်။

ကျောက်စိမ်းရဲ့အရောင်နဲ့ အရည်သွေးက အရမ်းကောင်းနေပြီးသားဖြစ်၍ထင် ပုံစံကိုတော့ ရိုးရိုးရှင်းရှင်းပဲပြုလုပ်ထားခဲ့ပြီး ခါးချိတ်အဆောင်တွေမှာ တွေ့ရများတဲ့ အဝိုင်းပုံစံလေးတွေပဲဖြစ်ကာ အဝိုင်းနှစ်ခုပါဝင်၍ ကြိုးကတော့ အပြာရင့်ရောင်ဖြစ်နေတဲ့အတွက် ရိုးရိုးရှင်းရှင်းနှင့် ခန့်ထည်တဲ့ခံစားချက်ကိုပေးစွမ်းနိုင်ပေသည်။

ရှောင်ဟန်က ဒါကိုမြင်မြင်ချင်းမှာပဲ အရမ်းသဘောကျသွားခဲ့ပါတယ်။ ပိုင်လီကလည်း သူ့ဇနီးလေးရဲ့သဘောကျမှုတွေကို မြင်နိုင်၍ အဲတာကိုအနီးကပ်ကြည့်လို့ရအောင် ယူပေးလိုက်ပြီး...

"ဒါကိုသဘောကျတာလား အင်း..တကယ်ပဲမဆိုးဘူး"

သူ့ရဲ့ဒီဇိုင်းက ရိုးရှင်းနေပေမယ့် ကျောက်စိမ်းရဲ့ အရောင်နဲ့ အရည်သွေးကတင် သာမာန်မဟုတ်တဲ့ထင်မြင်မှုကို ပေးစွမ်းနိုင်လို့ တကယ်ကိုမဆိုးလှဘူး။

ရှောင်ဟန်က ပိုင်လီလှမ်းပေးလာတဲ့ ထိုခါးချိတ်အဆောင်လေးကို ယူလိုက်ပြီး သူကညကြည့်လေကြည့်လေ သဘောကျလေဖြစ်နေပေ၏။

ဒီအချိန်မှာ အမျိုးသမီးစန်းက သူမဝင်ပြောရမယ့်အချိန်ရောက်နေမှန်းသိ၍ သူမက....

"တကယ်ပဲ မုဆိုးပိုင်တို့က အမြင်ကောင်းတယ်လို့ပြောရင် ရှင်တို့ကကျွန်မကို ယုံမှာမဟုတ်ဘူး အပြာရောင်ကျောက်စိမ်းက အရှားပါးဆုံးပဲဆိုတာ သိထားသင့်တယ် ကျွန်မတို့က နှစ်တိုင်း ရတဲ့အပြာရောင်ကျောက်စိမ်းထည်တွေကို မြို့တော်ကိုပဲ အများဆုံးပို့လိုက်ကျတာ ဒီမှာကျန်ခဲ့တယ်ဆိုတာ တကယ်ကိုရှားတာလေ ဒီပစ္စည်းက အဲဒီရှားလှတဲ့ထဲကတစ်ခုပါပဲ ဒါကြောင့် ကျွန်မကအရည်သွေးကိုတော့ မပြောနေတော့ပါဘူးလေ"

တကယ်တော့ ဒီခါးချိတ်အဆောင်အပါဝင် သူမ ပိုင်လီတို့ကို ပြထားတဲ့ပစ္စည်းတချို့က တတိယထပ်မှာ ရှိနေတဲ့ ပစ္စည်းတွေဖြစ်ပေမယ့် သူမက ပိုင်လီတို့ ဝယ်လိုဝယ်ငြား ဒီမှာပြပေးခဲ့ပါတယ်။ အခုတော့ သူမအတွေး မှန်တယ်ဆိုတာပြနေပြီး မုဆိုးပိုင်ရဲ့ဇနီးက အပြာရောင်ကျောက်စိမ်းကို သဘောကျသွားခဲ့၏တယ်။

ပိုင်လီကတော့ ဘာနေနေဂရုမစိုက်ပါဘူး။ သူ့ဇနီးလေး သဘောကျသ၍ အဲတာက သူဝယ်ပေးနိုင်တာဖြစ်နေသ၍ သူက စျေးနှုန်းကို ကြည့်နေမည်မဟုတ်ပေ။

ဒါပေမယ့် ရှောင်ဟန်ကတော့ ဒါက အရှားပါးဆုံးကျောက်စိမ်းလို့ ကြားတဲ့အခါမှာ အနည်းငယ်တုန်လှုပ်သွားခဲ့ရ၏။

သူ့က စိတ်ထဲမှာ သူကြည့်လိုက်တဲ့ ပစ္စည်းတိုင်းက ဘာလို့များ စျေးအရမ်းကြီးတဲ့ဟာတွေချည်း ဖြစ်နေရတာပါလိမ့်ဟူ၍လည်း မေးခွန်းထုတ်နေခဲ့ပေသည်။

ဒါပေမယ့် သူက ဒီပစ္စည်းကို ကြိုက်နေတာကြောင့် ပြန်မချသေးဘဲ အမျိုးသမီးစန်းကိုသာမေးလိုက်ပါတယ်။

"ဒါဆို စျေးက ဘယ်လောက်ရှိတာများလဲ"

အမျိုးသမီးစန်းကလည်း ဒါကိုအလွန်ဖြေချင်ပါ၏။သူမက...

"ဒါက စျေးအကြီးဆုံးကျောက်စိမ်းမလို့ နည်းနည်းတော့ စျေးကြီးပါတယ် ရွေချောင်း ငါးရာ့နှစ်ဆယ် ကျသင့်ပါတယ်"

တစ်ခုထဲနဲ့ ရွှေချောင်းငါးရာ့နှစ်ဆယ်!
ဒါတောင် ပါဝင်တဲ့ကျောက်စိမ်းက သိပ်မကြီးမားလို့သာပဲ။

ပိုင်လီသည် စျေးကိုကြားပြီးသော်လည်း ဘယ်လိုမှမနေပေ။ သူက သူ့ဇနီးလေး စျေးကိုကြားပြီး လန့်သွားမှာ စိုးရိမ်တဲ့အတွက်သာ ပြောလိုက်ပါတယ်။

"မင်းကြိုက်တယ်ဆိုရင် ဘာမှမဖြစ်ပါဘူး ရွှေချောင်းတစ်ထောင်ဆိုလည်း ကိုယ်မင်းကိုဝယ်ပေးမယ် "

သူ့ဇနီးလေးက ဒါကို အရမ်းသဘောကျနေတာ သူ့တွေ့နိုင်ပြီး ထိုကောင်လေးက စျေးနှုန်းကို သူ့ဘာသာမေးဖို့တောင် အစပြုခဲ့ပါတယ်။ ပိုင်လီက သူ့မိသားစုလိုချင်သမျှကို ဝယ်ပေးချင်တယ်။ အဲဒါကြောင့်လည်း သူက ငွေတွေအများကြီးရှာထားခဲ့တာပဲလေ။

ရှောင်ဟန်မှာ ကနဦးတွင် စျေးကိုကြားပြီးနောက် လန့်သွားခဲ့သော်လည်း ပိုင်လီစကားကြားပြီး၌ သူက အနည်းငယ် ပြုံးလိုက်မိသလိုပင်။ နောက်တော့ သူက ထိုပစ္စည်းလေးကို သူ့ခင်ပွန်းထံပြလိုက်ပြီး မေးလိုက်ပါတယ်။

"ဒါဆို ဒါကို ခင်ဗျားသဘောကျလား"

ပိုင်လီကတော့ ထိုပစ္စည်းက တကယ်မဆိုးတဲ့အတွက် ခေါင်းငြိမ့်လိုက်ပြီးတော့သာ...

"အင်း..ကောင်းပါတယ် "

ဒါကိုကြားတော့ ရှောင်ဟန်၏အပြုံးသည် ပိုမိုပေါ်လွင်လာသလိုပင်။ သူက ပိုင်လီထံ ထိုခါးချိတ်အဆောင်လေးကို လှမ်းပေးလိုက်ပြီး ပြောခဲ့ပါတယ်။

"ဒါဆို ခင်ဗျားယူလိုက်ရင်ရော ဘယ်လိုလဲ"

ထိုခဏ၌ ပိုင်လီသည် ခေတ္တရပ်တဲ့သွားခဲ့သယောင်ပင်။ သူက ပုံမှန်မဖြစ်စွာနဲ့ပဲ ရှောင်ဟန်က ဘာကိုပြောချင်တာလဲဆိုတာကို တန်းနားမလည်ခဲ့ဘူး။ နောက်မှ တဖြေးဖြေးသဘောပေါက်လာပြီး သူက ပြန်မေးလိုက်၏။

"မင်းပြောချင်တာ...ဒါက ကိုယ့်အတွက်လား"

ပိုင်လီမှာ ရှောင်ဟန်က ဒီပစ္စည်းကို အလွန်သဘောကျနေတာ မြင်နိုင်ခဲ့၍ ဒါက သူ့အတွက်ရွေးပေးတာဟု လုံးဝကို မထင်ထားခဲ့တာဖြစ်သည်။

ရှောင်ဟန်ကတော့ ဒီအဖြေအတွက် ခေါင်းငြိမ့်ပြခဲ့ပါတယ်။

ပိုင်လီက အစပိုင်းမှာ အံသြနေပေမယ့်လည်း နောက်တော့ သူက တဖြေးဖြေးချင်းပြုံးလာခဲ့ပြီး ထိုခါးချိတ်အဆောင်လေးကို ယူလိုက်လေသည်။

"ကောင်းပါပြီ ဒါက ကိုယ့်ဇနီးလေး ရွေးပေးတာဆိုမှတော့ ကိုယ်နဲ့လိုက်မှာ အသေချာပဲပေါ့ ကိုယ်ယူလိုက်မယ်"

တကယ်တော့ ပိုင်လီက လက်ဝတ်ရတနာတွေ ဝတ်ရတာကို သိပ်မကြိုက်ပါဘူး။ ပြီးတော့ သူက သူ့မိသားစုအတွက်သာ ဘယ်လောက်ကုန်ကုန် မနှမျောပေမယ့် ဒါက သူ့အတွက်ဆိုတော့ ရွှေချောင်းငါးရာက နည်းနည်းများတယ်လို့ ထင်မြင်ခဲ့ပေမယ့်လည်း ဒါက သူ့ဇနီးလေး ရွေးပေးတာဖြစ်နေတဲ့အတွက် သူက တန်ဖိုးထားရုံပါပဲ။ ဒီအတွက် သူအရမ်းပျော်တယ်။

.........

အပိုင္း (၁၂၈) ဇနီးေလးေ႐ြးေပးသည့္လက္ေဆာင္-3

"သူမ မရိုက္ရဲပါဘူး အကယ္၍ သူမရိုက္ရဲရင္ သူမလက္က အေကာင္းတိုင္းရွိေတာ့မွာမဟုတ္ဘူး"

အေျပာခံရသည့္ ကုန္သည္ခ်င္၏ဒုတိယဇနီးကေတာ့ မည္သို႔ေနမည္မသိေပမယ့္ အမ်ိဳးသမီးစန္းကေတာ့ ပိုင္လီ၏စကားေၾကာင့္ ေနာက္ေက်ာပင္ ေအးသြားသလို ခံစားလိုက္ရေပသည္။

မင္းက ၿခိမ္းေျခာက္မွာဆိုရင္လည္း တည္တည္တန့္တန့္နဲ႕ ၿခိမ္းေျခာက္ေလ။ ဘာေၾကာင့္ အရယ္တစ္ဝက္နဲ႕ ေျပာရတာလဲ။ လူေတြကို ၾကက္သီးထေအာင္လို႔!

ဒါေပါ့ ပိုင္လီသည္ ေၾကာက္႐ုံသာ ၿခိမ္းေျခာက္ေနသည္ လုံးဝမဟုတ္ေပ။ ထိုအမ်ိဳးသမီးကသာ တကယ္ပဲ သူ႕ညီမေလးကို ရိုက္ရဲခဲ့မယ္ဆိုရင္ သူကလည္း မလုပ္ရဲစရာ ဘာအေၾကာင္းမွမရွိေနေခ်။

ကုန္သည္ခ်င္၏ဒုတိယဇနီးကေတာ့ ပိုင္လီရဲ႕စကားကိုၾကားအၿပီးမွာ ပိုင္မိန့္ မ်က္ႏွာေရွ႕က သူမလက္ကိုခ်က္ျခင္းဖယ္လိုက္မိ၏။ ေနာက္မွ သူမက ဒါကသပ္သပ္ ၿခိမ္းေျခာက္ေနတာျဖစ္နိုင္ၿပီး သူမက ကုန္သည္ခ်င္ရဲ႕ဒုတိယဇနီးပဲကို ပိုင္လီက တကယ္မလုပ္ရဲနိုင္ပါဘူးဟု ေတြးမိကာ အနည္းငယ္အေၾကာက္ေျပသြားေပသည္။ ဒါေပမယ့္ သူမလက္ကိုေတာ့ ထပ္မျမႇောက္ေတာ့ပါဘူး။

သူမက...

"ဟမ့္!... ငါက ဒုတိယဇနီးဆိုရင္ေရာ ဘာျဖစ္လဲ ငါက နင္တို႔နင္တို႔ထက္ ေကာင္းေကာင္းေနရတယ္ေလ! ငါ့ရဲ႕ခင္ပြန္းက ဒီၿမိဳ႕က ကုန္သည္ႀကီးတစ္ေယာက္ျဖစ္တဲ့ ကုန္သည္ခ်င္ပဲ နင္တို႔ ငါ့ကိုဖိႏွိပ္ရဲေသးလား!!"

ဒါကိုၾကားေတာ့ အမ်ိဳးသမီးစန္းက ဟြန့္ကနဲလုပ္လိုက္ၿပီး ဘာမွမေျပာေတာ့ေသာ္လည္း ပိုင္မိန္ကမူကုန္သည္ခ်င္ကို သိမေနေပ။ ဒါေၾကာင့္ညသူမေလးက လုံးဝကို မေၾကာက္ပါဘူး။

"ဘာကုန္သည္ခ်င္လဲ! ဘာနဲ႕လာေျခာက္ခ်င္ေနတာလဲ! ဒီမွာ ရွင့္ခင္ပြန္းက ကုန္သည္ႀကီးတစ္ေယာက္ဆိုရင္ ေသခ်ာတာေပါ့ ကြၽန္မရဲ႕ဒုတိယအကိုဆီက ဝက္ဝံသားဝယ္ဖူးမယ္ဆိုတာ! ကြၽန္မအစ္ကို ေက်းဇူးေၾကာင့္ ရွင့္အိမ္ကလူက ဧကရာဇ္ကေတာင္ တန္ဖိုးထားရတဲ့ ဝက္ဝံသားကို စားဖူးသြားတာေနာ္! ကြၽန္မအစ္ကိုကိုေတာင္ ေက်းဇူးတင္ေနရမွာ! ဒါမွမဟုတ္ ရွင့္ခင္ပြန္းက ဝက္ဝံသားမဝယ္နိုင္တဲ့အထိ မြဲေတေနတာလည္းျဖစ္နိုင္တာပဲ! အဲႏွစ္ခုပဲရွိတာကို ဘာေတြလာေျခာက္ေနတာလဲ!! ရွင္ကသာ ဝက္ဝံကိုေတာင္ အမဲလိုက္နိုင္ခဲ့တဲ့ ကြၽန္မအစ္ကိုကို ေၾကာက္ရမွာ! ရွင့္ကိုလည္း ဒီမွာ အမဲဖ်က္လိုက္လို႔ရတယ္! နားလည္လား!!"

ထိုစကားမ်ား ၾကားၿပီေနာက္ ပိုင္လီသည္ ထိုမိန္းမငယ္ေလးက သူ႕ကိုကပ္ခြၽဲၿပီးေနတတ္သည့္ သူ႕ညီမငယ္ေလးမွ ဟုတ္ေရာဟုတ္ရဲ႕လားဆိုတာကို မစဥ္းစားပဲမေနနိင္ေအာင္ ျဖစ္သြားေတာ့သည္။

သူက ေရွာင္ဟန္ကို ခပ္တိုးတိုးနဲ႕ ေျပာလိုက္ပါတယ္။

"သူမက ကိုယ္တို႔မိသားစုက ေရွာင္မိန္ေလးေတာ့ ဟုတ္တယ္မလား ဘယ္တုန္းက ဒီေလာက္ထိ ရန္ျဖစ္တာ ေတာ္သြားရတာလဲ"

ေရွာင္ဟန္ကေတာ့ ပိုင္လီလိုမ်ိဳး စိတ္ဝင္စားနိုင္ျခင္း မရွိေပ။ ေရွာင္မိန္က မိန္းမငယ္ေလးပဲ ရွိပါေသးတယ္။ ရန္ျဖစ္တာက သူမေလးအတြက္ မေကာင္းနိုင္ပါဘူး။ ေရွာင္ဟန္က ပိုင္မိန္ကို တစ္ဖက္က စကားနဲ႕ပဲျဖစ္ျဖစ္ လက္နဲ႕ပဲျဖစ္ျဖစ္ နာက်င္ေစမွာကိုမလိုလားဘူး။

ဒါေၾကာင့္ သူက.....

"ခင္ဗ်ား သူမကို အျမန္ျပန္ေခၚလိုက္ပါ သူမက မိန္းမငယ္ေလးပဲရွိေသးတယ္"

ပိုင္လီကလည္း ေရွာင္ဟန္ ဘာကိုေျပာခ်င္လဲဆိုတာသိသျဖင့္ သူကေခါင္းၿငိမ့္လိုက္ေလသည္။

အဲဒီအခ်ိန္ ဟိုဘက္မွာေတာ့ ပိုင္မိန္ရဲ႕ အမဲဖ်က္လိုက္မယ္ ဆိုတဲ့စကားေၾကာင့္ ကုန္သည္ခ်င္ရဲ႕ဇနီးက ေၾကာက္လန့္တၾကားနဲ႕ ေနာက္ဆုတ္လိုက္တာ ခုံေပၚကို ထိုင္လ်က္သားျပဳတ္က်သြားခဲ့ၿပီး သူမက ပိုင္မိန္ အလြန္ေဒါသတႀကီးႏွင့္ၾကည့္ေနခဲ့၏။

"နင္ကမ်ား! နင္လုပ္ရဲလို႔လား!!"

ပိုင္မိန္မွာမူ တစ္ဖက္အမ်ိဳးသမီး၏ ျဖဴစုတ္ေနသည့္ မ်က္ႏွာအားၾကည့္ကာ အလြန္ေက်နပ္ေနခဲ့ေလသည္။ အဲဒီအခ်ိန္မွာပဲ သူမက သူမအစ္ကိုရဲ႕အသံကိုၾကားလိုက္ရပါတယ္။

"ေရွာင္မိန္ ျပန္လာေတာ့ေလ မင္း ေ႐ြးလို႔ၿပီးၿပီမလို႔လား သူမက မင္းရဲ႕လက္ဝတ္ရတနာေတြေလာက္ အေရးႀကီးလို႔လား"

ေဘးရွိ အမ်ိဳးသမီးစန္းသည္ ဒီေမာင္ႏွမ၏ ထိုးႏွက္နိုင္စြမ္းက တကယ္ကို အင္အားႀကီးသည္ဟု မေတြးဘဲမေနနိုင္ေပ။ စကားလုံးတိုင္းမွာ ထိုးႏွက္ခ်က္ေတြအျပည့္ပါပဲ။

ပိုင္လီရဲ႕စကားၾကားမွ ပိုင္မိန္ကလည္း သူမအခုထိေ႐ြးလို႔မၿပီးေသးတာ အမွတ္ရသြားၿပီး ပိုင္လီတို႔နားျပန္ေရာက္လာေတာ့၏။ ေနာက္ေတာ့ ယြီလ်န္ဟြားရဲ႕ဒုတိယထပ္မွာ ရွိတဲ့လူတိုင္းက ကုန္သည္ခ်င္ရဲ႕ဒုတိယဇနီးကို ဂ႐ုမစိုက္က်ေတာ့ေပ။

ပိုင္လီတို႔မိသားစုက လက္ဝတ္ရတနာမ်ားကို ဆက္လက္ေ႐ြးခဲ့က်ၿပီး ပိုင္မိန္က အေသးေလးမ်ားႏွင့္ ပုံစံတူလက္ေကာက္ကို အနီေရာင္ေက်ာက္စိမ္းထဲမွ ေ႐ြးခဲ့ကာ အနီေရာင္ေက်ာက္စိမ္းထဲမွပင္ လက္စြပ္တစ္ကြင္းကိုလည္း ထပ္ယူခဲ့ေသးေပသည္။

ဒါေၾကာင့္ သူမေလးေ႐ြးထားတဲ့ ပစၥည္းေတြက အနီေရာင္ေက်ာက္စိမ္းေတြခ်ည္း ျဖစ္သြားခဲ့ၿပီး ပစၥည္းေတြကေတာ့ လက္စြပ္တစ္ကြင္း၊ လက္ေကာက္တစ္ရံနဲ႕ ခါးခ်ိတ္အေဆာင္ေလးတို႔ပဲျဖစ္၏။

ထို႔ေနာက္မွာေတာ့ သူမေလးက အေသးေလးေတြအတြက္ ကူေ႐ြးေပးေနခဲ့ေပမယ့္လည္း ထိုေကာငယ္ေလးေတြကေတာ့ လက္ေကာက္ေတြအျပင္ သူတို႔ႀကိဳက္ႏွစ္သက္တာကို ရွာမေတြ႕ျဖစ္ေနက်သည္။ သူတို႔မွာက ခါးခ်ိတ္အေဆာင္ေလးေတြကလည္း အမ်ားရွိေနၿပီးျဖစ္လို႔ သူတို႔က တျခားပစၥည္းေတြထဲကသာ လိုက္ၾကည့္ေနက်ၿပီး ပိုင္လီကလည္း သူ႕ဇနီးေလးကို ထပ္ေ႐ြးဖို႔ အတင္းတိုက္တြန္းေနခဲ့၏။

ဒါေၾကာင့္ ေရွာင္ဟန္ကလည္း သူခင္ပြန္းစိတ္ေက်နပ္ေအာင္ ပစၥည္းေတြကိုၾကည့္ေနခဲ့ရေပမယ့္ သိပ္ေတာ့စိတ္မပါလွဘဲ သူအတြက္က လက္စြပ္တစ္ကြင္းနဲ႕တင္လုံေလာက္ေနၿပီလို႔ ခံစားေနခဲ့ရသည္။ အဲဒီအခ်ိန္မွာပဲ သူ႕မ်က္လုံးထဲကို တစ္ခုက ဝင္ေရာက္လာခဲ့ၿပီး ေသခ်ာၾကည့္လိုက္ေတာ့ အဲဒါက ခါးခ်ိတ္အေဆာင္တစ္ခုပဲျဖစ္ကာ ေက်ာက္စိမ္းသားက အျပာေရာင္ဘက္သမ္း၍ ၾကည္လင္ေတာက္ပေနခဲ့တဲ့အတြက္ အရမ္းလွတယ္လို႔ ေျပာလို႔ရသည္ပင္။

ေက်ာက္စိမ္းရဲ႕အေရာင္နဲ႕ အရည္ေသြးက အရမ္းေကာင္းေနၿပီးသားျဖစ္၍ထင္ ပုံစံကိုေတာ့ ရိုးရိုးရွင္းရွင္းပဲျပဳလုပ္ထားခဲ့ၿပီး ခါးခ်ိတ္အေဆာင္ေတြမွာ ေတြ႕ရမ်ားတဲ့ အဝိုင္းပုံစံေလးေတြပဲျဖစ္ကာ အဝိုင္းႏွစ္ခုပါဝင္၍ ႀကိဳးကေတာ့ အျပာရင့္ေရာင္ျဖစ္ေနတဲ့အတြက္ ရိုးရိုးရွင္းရွင္းႏွင့္ ခန့္ထည္တဲ့ခံစားခ်က္ကိုေပးစြမ္းနိုင္ေပသည္။

ေရွာင္ဟန္က ဒါကိုျမင္ျမင္ခ်င္းမွာပဲ အရမ္းသေဘာက်သြားခဲ့ပါတယ္။ ပိုင္လီကလည္း သူ႕ဇနီးေလးရဲ႕သေဘာက်မႈေတြကို ျမင္နိုင္၍ အဲတာကိုအနီးကပ္ၾကည့္လို႔ရေအာင္ ယူေပးလိုက္ၿပီး...

"ဒါကိုသေဘာက်တာလား အင္း..တကယ္ပဲမဆိုးဘူး"

သူ႕ရဲ႕ဒီဇိုင္းက ရိုးရွင္းေနေပမယ့္ ေက်ာက္စိမ္းရဲ႕ အေရာင္နဲ႕ အရည္ေသြးကတင္ သာမာန္မဟုတ္တဲ့ထင္ျမင္မႈကို ေပးစြမ္းနိုင္လို႔ တကယ္ကိုမဆိုးလွဘူး။

ေရွာင္ဟန္က ပိုင္လီလွမ္းေပးလာတဲ့ ထိုခါးခ်ိတ္အေဆာင္ေလးကို ယူလိုက္ၿပီး သူကညၾကည့္ေလၾကည့္ေလ သေဘာက်ေလျဖစ္ေနေပ၏။

ဒီအခ်ိန္မွာ အမ်ိဳးသမီးစန္းက သူမဝင္ေျပာရမယ့္အခ်ိန္ေရာက္ေနမွန္းသိ၍ သူမက....

"တကယ္ပဲ မုဆိုးပိုင္တို႔က အျမင္ေကာင္းတယ္လို႔ေျပာရင္ ရွင္တို႔ကကြၽန္မကို ယုံမွာမဟုတ္ဘူး အျပာေရာင္ေက်ာက္စိမ္းက အရွားပါးဆုံးပဲဆိုတာ သိထားသင့္တယ္ ကြၽန္မတို႔က ႏွစ္တိုင္း ရတဲ့အျပာေရာင္ေက်ာက္စိမ္းထည္ေတြကို ၿမိဳ႕ေတာ္ကိုပဲ အမ်ားဆုံးပို႔လိုက္က်တာ ဒီမွာက်န္ခဲ့တယ္ဆိုတာ တကယ္ကိုရွားတာေလ ဒီပစၥည္းက အဲဒီရွားလွတဲ့ထဲကတစ္ခုပါပဲ ဒါေၾကာင့္ ကြၽန္မကအရည္ေသြးကိုေတာ့ မေျပာေနေတာ့ပါဘူးေလ"

တကယ္ေတာ့ ဒီခါးခ်ိတ္အေဆာင္အပါဝင္ သူမ ပိုင္လီတို႔ကို ျပထားတဲ့ပစၥည္းတခ်ိဳ႕က တတိယထပ္မွာ ရွိေနတဲ့ ပစၥည္းေတြျဖစ္ေပမယ့္ သူမက ပိုင္လီတို႔ ဝယ္လိုဝယ္ျငား ဒီမွာျပေပးခဲ့ပါတယ္။ အခုေတာ့ သူမအေတြး မွန္တယ္ဆိုတာျပေနၿပီး မုဆိုးပိုင္ရဲ႕ဇနီးက အျပာေရာင္ေက်ာက္စိမ္းကို သေဘာက်သြားခဲ့၏တယ္။

ပိုင္လီကေတာ့ ဘာေနေနဂ႐ုမစိုက္ပါဘူး။ သူ႕ဇနီးေလး သေဘာက်သ၍ အဲတာက သူဝယ္ေပးနိုင္တာျဖစ္ေနသ၍ သူက ေစ်းႏႈန္းကို ၾကည့္ေနမည္မဟုတ္ေပ။

ဒါေပမယ့္ ေရွာင္ဟန္ကေတာ့ ဒါက အရွားပါးဆုံးေက်ာက္စိမ္းလို႔ ၾကားတဲ့အခါမွာ အနည္းငယ္တုန္လႈပ္သြားခဲ့ရ၏။

သူ႕က စိတ္ထဲမွာ သူၾကည့္လိုက္တဲ့ ပစၥည္းတိုင္းက ဘာလို႔မ်ား ေစ်းအရမ္းႀကီးတဲ့ဟာေတြခ်ည္း ျဖစ္ေနရတာပါလိမ့္ဟူ၍လည္း ေမးခြန္းထုတ္ေနခဲ့ေပသည္။

ဒါေပမယ့္ သူက ဒီပစၥည္းကို ႀကိဳက္ေနတာေၾကာင့္ ျပန္မခ်ေသးဘဲ အမ်ိဳးသမီးစန္းကိုသာေမးလိုက္ပါတယ္။

"ဒါဆို ေစ်းက ဘယ္ေလာက္ရွိတာမ်ားလဲ"

အမ်ိဳးသမီးစန္းကလည္း ဒါကိုအလြန္ေျဖခ်င္ပါ၏။သူမက...

"ဒါက ေစ်းအႀကီးဆုံးေက်ာက္စိမ္းမလို႔ နည္းနည္းေတာ့ ေစ်းႀကီးပါတယ္ ေ႐ြေခ်ာင္း ငါးရာ့ႏွစ္ဆယ္ က်သင့္ပါတယ္"

တစ္ခုထဲနဲ႕ ေ႐ႊေခ်ာင္းငါးရာ့ႏွစ္ဆယ္!
ဒါေတာင္ ပါဝင္တဲ့ေက်ာက္စိမ္းက သိပ္မႀကီးမားလို႔သာပဲ။

ပိုင္လီသည္ ေစ်းကိုၾကားၿပီးေသာ္လည္း ဘယ္လိုမွမေနေပ။ သူက သူ႕ဇနီးေလး ေစ်းကိုၾကားၿပီး လန့္သြားမွာ စိုးရိမ္တဲ့အတြက္သာ ေျပာလိုက္ပါတယ္။

"မင္းႀကိဳက္တယ္ဆိုရင္ ဘာမွမျဖစ္ပါဘူး ေ႐ႊေခ်ာင္းတစ္ေထာင္ဆိုလည္း ကိုယ္မင္းကိုဝယ္ေပးမယ္ "

သူ႕ဇနီးေလးက ဒါကို အရမ္းသေဘာက်ေနတာ သူ႕ေတြ႕နိုင္ၿပီး ထိုေကာင္ေလးက ေစ်းႏႈန္းကို သူ႕ဘာသာေမးဖို႔ေတာင္ အစျပဳခဲ့ပါတယ္။ ပိုင္လီက သူ႕မိသားစုလိုခ်င္သမွ်ကို ဝယ္ေပးခ်င္တယ္။ အဲဒါေၾကာင့္လည္း သူက ေငြေတြအမ်ားႀကီးရွာထားခဲ့တာပဲေလ။

ေရွာင္ဟန္မွာ ကနဦးတြင္ ေစ်းကိုၾကားၿပီးေနာက္ လန့္သြားခဲ့ေသာ္လည္း ပိုင္လီစကားၾကားၿပီး၌ သူက အနည္းငယ္ ၿပဳံးလိုက္မိသလိုပင္။ ေနာက္ေတာ့ သူက ထိုပစၥည္းေလးကို သူ႕ခင္ပြန္းထံျပလိုက္ၿပီး ေမးလိုက္ပါတယ္။

"ဒါဆို ဒါကို ခင္ဗ်ားသေဘာက်လား"

ပိုင္လီကေတာ့ ထိုပစၥည္းက တကယ္မဆိုးတဲ့အတြက္ ေခါင္းၿငိမ့္လိုက္ၿပီးေတာ့သာ...

"အင္း..ေကာင္းပါတယ္ "

ဒါကိုၾကားေတာ့ ေရွာင္ဟန္၏အၿပဳံးသည္ ပိုမိုေပၚလြင္လာသလိုပင္။ သူက ပိုင္လီထံ ထိုခါးခ်ိတ္အေဆာင္ေလးကို လွမ္းေပးလိုက္ၿပီး ေျပာခဲ့ပါတယ္။

"ဒါဆို ခင္ဗ်ားယူလိုက္ရင္ေရာ ဘယ္လိုလဲ"

ထိုခဏ၌ ပိုင္လီသည္ ေခတၱရပ္တဲ့သြားခဲ့သေယာင္ပင္။ သူက ပုံမွန္မျဖစ္စြာနဲ႕ပဲ ေရွာင္ဟန္က ဘာကိုေျပာခ်င္တာလဲဆိုတာကို တန္းနားမလည္ခဲ့ဘူး။ ေနာက္မွ တေျဖးေျဖးသေဘာေပါက္လာၿပီး သူက ျပန္ေမးလိုက္၏။

"မင္းေျပာခ်င္တာ...ဒါက ကိုယ့္အတြက္လား"

ပိုင္လီမွာ ေရွာင္ဟန္က ဒီပစၥည္းကို အလြန္သေဘာက်ေနတာ ျမင္နိုင္ခဲ့၍ ဒါက သူ႕အတြက္ေ႐ြးေပးတာဟု လုံးဝကို မထင္ထားခဲ့တာျဖစ္သည္။

ေရွာင္ဟန္ကေတာ့ ဒီအေျဖအတြက္ ေခါင္းၿငိမ့္ျပခဲ့ပါတယ္။

ပိုင္လီက အစပိုင္းမွာ အံၾသေနေပမယ့္လည္း ေနာက္ေတာ့ သူက တေျဖးေျဖးခ်င္းၿပဳံးလာခဲ့ၿပီး ထိုခါးခ်ိတ္အေဆာင္ေလးကို ယူလိုက္ေလသည္။

"ေကာင္းပါၿပီ ဒါက ကိုယ့္ဇနီးေလး ေ႐ြးေပးတာဆိုမွေတာ့ ကိုယ္နဲ႕လိုက္မွာ အေသခ်ာပဲေပါ့ ကိုယ္ယူလိုက္မယ္"

တကယ္ေတာ့ ပိုင္လီက လက္ဝတ္ရတနာေတြ ဝတ္ရတာကို သိပ္မႀကိဳက္ပါဘူး။ ၿပီးေတာ့ သူက သူ႕မိသားစုအတြက္သာ ဘယ္ေလာက္ကုန္ကုန္ မႏွေမ်ာေပမယ့္ ဒါက သူ႕အတြက္ဆိုေတာ့ ေ႐ႊေခ်ာင္းငါးရာက နည္းနည္းမ်ားတယ္လို႔ ထင္ျမင္ခဲ့ေပမယ့္လည္း ဒါက သူ႕ဇနီးေလး ေ႐ြးေပးတာျဖစ္ေနတဲ့အတြက္ သူက တန္ဖိုးထား႐ုံပါပဲ။ ဒီအတြက္ သူအရမ္းေပ်ာ္တယ္။

.........

Fortsätt läs

Du kommer också att gilla

234K 25.8K 87
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...
6.3K 460 20
Cake နဲ့ Seeiwရဲ့ storyလေးကို ဘာသာပြန်ချင်လို့ပါ။ လိုအပ်ချက်တွေရှိရင်တော့နားလည်ပေးနော်။
41.9K 2.7K 42
လောကမှာအလိုအပ်ဆုံးက အချစ်တဲ့လား ရယ်ချင်လိုက်တာ.... အချစ်ကဘာမှလုပ်လို့မှမရတာ.... ဘာလို့လိုအပ်မှာလဲ (Zaw+Uni) ေလာကမွာအလိုအပ္ဆုံးက အခ်စ္တဲ့လား ရယ္ခ်င္လ...
279K 19.8K 27
အန်တီနဲ့သမီးဇာတ်လမ်းလေးပါရှင်။ Start Date^^ 26:2:2022 End Date^^