အခန်း ၉ ကောက်ကျစ်သော သူပုန်များ (အပိုင်း ၈)
မူရိက မရေမတွက်နိုင်သော အလှတရားများကို မြင်တွေ့ခဲ့ဖူးပြီး သူမတို့က မည်မျှပင် လှပနေပါစေ သူ့၏စိတ်ဝင်စားမှုကို နှိုးဆွနိုင်မည် မဟုတ်ပေ။ သို့သော် ထိုအမျိုးသမီးက သူ့ကို စူးစမ်းချင်စိတ်ကို ဖြစ်စေခဲ့သည်။ မူရိက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ပြုံးလျက်ပြောလိုက်သည်။ "စစ်တပ်ထဲမှာ ချောမောလှပတဲ့ မိန်းခလေးတစ်ယောက်ရှိနေမယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ လုံးဝကို မထင်မှတ်ထားတဲ့အရာပဲ! စုလင်း... မင်းက တကယ်ကို ကံကောင်းတာပဲ!"
ထိုလူက အနီရောင်ဝတ်စုံကို ဝတ်ထားပြီး သူ့လက်ထဲတွင် ကျောက်စိမ်းပုလွေတစ်ချောင်းကို ကိုင်ထားကာ နတ်ဆိုးကဲ့သို့ ဆိုးဆိုးဝါးဝါး ရောင်ဝါမျိုးရှိနေသည်။ ကုယွင်က သူ ရယ်မောဟန်ဆောင်ပြီး ပြောလိုက်တဲ့ ခြောက်သွေ့သွေ့ဟာသကို သဘောမကျတာကြောင့် မတ်တပ်ထရပ်ကာ အတွင်းခန်းထဲသို့ လျှောက်သွားလိုက်ပြီး တွေ့ရာကုလားထိုင်ပေါ် ဝင်ထိုင်လိုက်သည်။ သို့သော်လည်း သူမက သတိမထားမိဘဲ စခန်း၏ပင်မထိုင်ခုံတွင် ဝင်ထိုင်မိသွားသည်။
မူရိစကားကို နားထောင်ပြီးနောက် စုလင်းက ကုယွင်က စခန်းတွင် အမှန်တကယ် ရှိနေကြောင်း သတိပြုမိသွားပြီး သူက မျက်မှောင်ကြုတ်ကာ "မင်းက ဘာလို့ ဒီကို ရောက်နေတာလဲ"
ကုယွင်က ဒီမေးခွန်းကို ဖြေဖို့ မလိုအပ်ဘူးလို့ ခံစားလိုက်ရတာကြောင့် သူမက လို့မူဟိုင်ကို လှမ်းကြည့်ကာ မေးမြန်းလိုက်သည်။ "လို့စစ်သူကြီး ကျီးပါးစပ်တောင်ကြားက ဘယ်နားမှာလဲ၊ အဲဒါက ဘယ်လိုနေရာမျိုးလဲ??"
အဲဒီလူက ကျီးပါးစပ်တောင်ကြားမှာ အလောင်း လာကောက်ဖို့ အလေးပေးပြောခဲ့တာလေ။ အဲ့တာဆိုရင် သူတို့ကို အဲဒီမှာ သွားတွေ့ဖို့ စီစဉ်ရမှာပေါ့။
လို့မူဟိုင်က သူ့အာရုံဆီသို့ ပြန်ရောက်လာပြီး သူမဆီကို လျှောက်သွားကာ "အဲ့ဒါက သစ်တောရဲ့ ညာဘက်ခြမ်းက ချောက်ကြီးတစ်ခုပါပဲ။ မိုးရာသီရောက်ရင် မိုးရေတွေစုမိပြီး ချောက်ကနေ ရေတံခွန်ဖြစ်ပြီး မြစ်ကြီးတစ်စင်းအနေနဲ့ ဆက်ဆီးသွားတယ်။ ရေနည်းတဲ့ ခြောက်သွေ့ရာသီဆိုရင်တော့ ချောက်ပုံသဏ္ဍာန် ပြန်ပေါ်လာတက်တယ်။ မြေမျက်နှာသွင်ပြင်က အရမ်းမတ်စောက်လို့ အဲ့နေရာကို ငှက်တွေပဲ ပျံသန်းနိုင်တယ်၊ ချောက်က မက်စောက်တဲ့အပြင် သစ်တောထူထပ်ပြီး မှောင်မိုက်စိုစွတ်နေတာကြောင့် အဲ့နေရာကို ကျီးပါးစပ်တောင်လို့ခေါ်တယ်"
ကုယွင်က ခဏလောက် စဉ်းစားနေပြီးမှ "သူတို့က ကျီးပါးစပ်တောင်ကြားကို ရွေးလိုက်တယ်ဆိုတော့ အကြောင်းပြချက် နှစ်ခုရှိမယ် ထင်တယ်။ တစ်ခုက သူခိုးတွေရဲ့ အသိုက်က ကျီးပါးစပ်တောင်ကြားနားမှာ ဖြစ်နိုင်တယ်၊ ဒုတိယအကြောင်းရင်းက ဖြစ်နိုင်ခြေအရှိဆုံး အကြောင်းပြချက်ပဲ၊ ကျွန်မ ထင်တာကတော့ ကျီးပါးစပ်တောင်ကြားရဲ့ ချိုင့်ဝှမ်းမြေပြင်အနေအထားက သူတို့အတွက် အရမ်း အဆင်ပြေတဲ့နေရာ ဖြစ်နေတယ်။ အဲ့တာကြောင့် သူတို့က အဲ့နေရာကို ရွေးချယ်တာ ဖြစ်နိုင်တယ်၊ သူတို့က စုလင်းကို တစ်ယောက်တည်းလာခိုင်းပြီး ချိုင့်နှစ်ဘက်စလုံးကနေ ပိတ်ဆို့မယ်လို့ ကျွန်မ ထင်တယ်"
သူမ၏သုံးသပ်ချက်ကို နားထောင်ပြီးနောက် စုရန်နှင့် လက်ထောက်ယုတို့ကလည်း သူမနားကို ရောက်လာကြသည်။ သူတို့လေးယောက်က အတူတူ ထိုင်နေကြရင်း လက်ထောက်ယုက "သခင်မ လေ့ကျင့်ပေးထားတဲ့ တပ်သားသစ်တွေက တောင်တက်စွမ်းရည် တော်တော်ကောင်းတာကို ကျွန်တော်မျိုး မှတ်မိတယ်၊ ကျွန်တော်တို့ဘက်က လက်ဦးမှုယူပြီး ချောက်ကမ်းပါးအောက်ခြေကနေ တက်သွားပြီး သူတို့ကို ဖမ်းမလား??"
ကုယွင်က ခေါင်းခါပြလိုက်ပြီး "အခုက နွေရာသီရောက်နေပြီ၊ ဒါက မိုးရေအများဆုံး စုဆောင်းပြီးတဲ့အချိန်ပဲ၊ အဲဒီလို လုပ်နိုင်ဖို့ ခက်တယ်"
လို့မူဟိုင်က "သခင်မ ပြောတာ မှန်တယ်၊ ကျီးပါးစပ်တောင်ကြားက မြစ်ရေတွေက မြန်မြန်ဆန်ဆန် ပြည့်လျှံလာတက်တယ်၊ အဲ့တာကြောင့် ချိုင့်ရဲ့အောက်ခြေကနေ ဖြတ်ကူးဖို့ မဖြစ်နိုင်ဘူး"
သူမက ဒီတောထဲကို တခါမှ မဝင်ဖူးပေမယ့် ဒီမိုးသစ်တောနဲ့ ရင်းနှီးနေတယ်။ အင်းလေ... သူမက စစ်သူကြီးစုရဲ့ဇနီးပဲ... သာမန်မိန်းခလေးတွေနဲ့ နှိုင်းယှဥ်လို့ရပါ့မလား??
အခန်း ၉ ကောက်ကျစ်သော သူပုန်များ (အပိုင်း ၉)
စုရန်က "မင်းရဲ့ထင်မြင်ချက်အတိုင်းဆိုရင် ငါတို့ အဲ့ဒါကို ဘယ်လိုဖြေရှင်းရမှာလဲ??"
ကုယွင်က ချက်ချင်းပြန်မဖြေပေမယ့် ခဏအကြာတွင် သူမက သတိကြီးကြီးနဲ့ ပြန်ပြောလာသည်။ "ကျွန်မ ထင်တာကတော့ လက်ရှိမြေပြင်အနေအထားကို အရင်လေ့လာပြီး ရန်သူကို ကိုင်တွယ်ဖို့ နည်းလမ်းတွေ ဆွေးနွေးရင်လည်း အချိန်မနှောင်းသေးဘူး ထင်တယ်၊ သုံးရက်တောင် ကျန်ပါသေးတယ်!"
ပင်မတဲစခန်းထဲတွင် ကုယွင်က ပင်မထိုင်ခုံပေါ်တွင် ထိုင်နေပြီး ကျန်လူ ၃ ယောက်က သူမကို ဝိုင်းရံနေကာ သူမ၏အမိန့်ကို နာခံနေသကဲ့သို့ ဖြစ်နေသည်။ သို့သော် စုလင်းနှင့် မူရိတို့ကမူ လစ်လျူရှုခံထားရသည်။ မူရိက ပြုံးနေပြီး "စုလင်း၊ ငါ မင်းကို ပြောမယ်။ ဒီမှာ မင်းအတွက် ဘာမှ လုပ်စရာ မရှိဘူးလို့ ငါ ထင်တယ်၊ ငါတို့ နေရာမှားနေတာလား?? ဒါက စုမိသားစုစစ်တပ်ရဲ့စခန်းမှ ဟုတ်ရဲ့လား?? စုမိသားစုရဲ့သခင်က ဘယ်သူလဲ??"
ထိုစကားများကို နားထောင်ကြည့်လျှင် သူက စုလင်းအတွက် သူ ခံပြင်းနေပုံရပေမယ့် သူ့လေသံကို ဂရုတစိုက် နားထောင်ကြည့်ရင် စုလင်း ဒုက္ခရောက်နေတာကို ကြည်နူးနေတာ သေချာနေသည်။
ထိုအချိန်မှ စုရန်က နောက်ကို ပြန်လှည့်ကြီးလိုက်ပြီး စုလင်း၏နက်မှောင်နေသော မျက်လုံးများကို ရင်ဆိုင်လိုက်ရမှ သူ့အစ်ကိုကြီးက သူ့နောက်တွင် ရပ်နေပြီး ခပ်ထေ့ထေ့ပြုံးနေသေးသည်ကို သူ သတိပြုမိသွားခဲ့သည်။ စုရန်က လန့်သွားပြီး အမြန်ရှင်းပြလိုက်သည်။ "အိုး...တာ့ကော၊ သူပုန်တွေက ဒီည စခန်းကို ဝင်စီးဖို့ ကြိုးစားပြီး ရိက္ခာတွေနဲ့ မြက်ခြောက်တွေကို မီးရှို့ခဲ့တယ်။ ဟန်ရှုက သူခိုးတွေနောက်ကို လိုက်သွားပေမယ့် တောထဲမှာ ရန်သူရဲ့ခြုံခိုတိုက်ခိုက်မှုနဲ့ ရင်ဆိုင်ခဲ့ရတယ်။ သူ ရှုံးနိမ်သွားတာကြောင့် သူ့ကို ဖမ်းသွားပြီး တာ့ကောကို အဲဒီနေရာကို လူကိုယ်တိုင် လာခိုင်းတယ်။ သုံးရက်နေလို့မှ ကျီးပါးစပ်တောင်ကြားကို မသွားဘူးဆိုရင် ဟန်ရှုက အသတ်ခံရလိမ့်မယ်။ မရီးကလည်း အခုနပဲ တောထဲကို လိုက်ဝင်သွားပြီး သူပုန်တွေနဲ့ တိုက်ခိုက်ခဲ့တယ်။ ကျွန်တော်တို့က သူပုန်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး ဟန်ရှုကို ဘယ်လိုကယ်တင်ရမလဲဆိုတာ ဆွေးနွေးနေတာပါ"
ဟန်ရှုကို သူခိုးတွေ ဖမ်းသွားတာလား?! ထိုသတင်းကို ကြားလိုက်ချိန်တွင် စုလင်း၏မျက်လုံးများက အေးစက်သည်ထက် အေးစက်သွားခဲ့သည်။ သူတို့က သူပုန်တွေ ဖြစ်ပြီး ဘယ်လောက်တောင် မောက်မာ ရိုင်းဆိုင်းရတာလဲ?? သူ့ကို ခြိမ်းခြောက်ဖို့ သူ့လက်အောက်ငယ်သားကို ဖမ်းရဲတဲ့သတ္တိတောင် ရှိနေတယ်ပေါ့!
မူရိ ဂရုစိုက်သည့်အရာက မည်သူ အဖမ်းခံရသည် မဟုတ်ဘဲ "မရီး" ဖြစ်နေပြန်သည်။ သူ့၏ပုလွေကိုင်ထားသောလက်က အနည်းငယ် လှုပ်ရှားသွားပြီး မူရိ၏မျက်လုံးများက စူးစူးရှရှ ပြောင်လက် တောက်ပလာသည်။ သူက ပြုံးနေရင်း စုလင်းကို ကြည့်နေကာ "မင်း လက်ထပ်လိုက်ပြီလား? ငါ တကယ်ကို မသိခဲ့ဘူးပဲ... ကျွတ်.."
စုလင်း၏ မျက်နှာက နောက်ထပ် မအေးခဲနိုင်လောက်အောင် အေးခဲသွားသော်လည်း သူက မူရိ၏ ထိုလှည့်ကွက်ကို မယူတာ သိသာထင်ရှားနေသည်။ ထိုကြောင့် မူရိက နောက်ပြန်လှည့်ကာ ကုယွင်ကို ဦးညွှတ်လိုက်ပြီး နောက်ပြောင်ချင်နေသော အပြုံးဖြင့် "မရီး၊ အခုနက ရိုင်းပြမိပါတယ်!"
မူရိ၏ အတုအယောင်ဆန်ဆန် ဟန်ပန်အမူအရာများကြောင့် နှစ်ဖက်စလုံးက ဒေါသထွက်သွားပြီး တစ်ချိန်တည်း အော်ဟစ်လိုက်ကြသည်။
"ပါးစပ်ပိတ်ထား!" "ပါးစပ်ပိတ်ထား!"
မူရိက မျက်ခုံးပင့်ကာ အနည်းငယ် အံ့သြနေသော အကြည့်ဖြင့် ကြည့်နေရင်း ထပ်ပြောလိုက်ပြန်သည်။ "အိုး~ သူတို့နှစ်ယောက်က တကယ်ကို လိုက်ဖက်ညီတဲ့ စုံတွဲပဲ၊ နားလည်မှု အပြည့်အဝ ရှိကြတယ်!"
ကုယွင်၏စူးရှသောမျက်လုံးများက အေးစက်သွားကာ မူရိကို စိုက်ကြည့်နေရင်း "လူပြက်ကောင်၊ ဇာတ်ပွဲကြည့်ချင်ရင် ဘေးနားက ရပ်ကြည့်နေ၊ နင့် ပါးစပ်ကို သေချာ စောင့်ထိန်းထား၊ ငါ့ကို လာမရှုပ်နဲ့"
မူရိက သူ့မျက်လုံးများကို အနည်းငယ် မှေးကျဥ်းလိုက်ပြီး "မင်း ငါ့ကို ဘယ်လို ခေါ်လိုက်တာလဲ??"
ကုယွင်၏အေးစက်သော မျက်လုံးများက သူ့ကို ခေါင်းမှ ခြေဖျားအထိ အထက်အောက်ကြည့်လိုက်ပြီးနောက် သူမ၏မျက်လုံးများက အနည်းငယ် မှေးကျဥ်းသွားပြီး မဆိုင်းမတွ တုံံ့ပြန်လိုက်သည်။ "နင့်လို ညုတုတုလူကို လူပြတ်ကောင်လို့ မခေါ်ရင် နင့်ရဲ့အဝတ်အစားတွေအတွက် တရားမျှတမှု မရှိနိုင်တော့ဘူးလေ!"
စုလင်းမှာ ရေခဲမျက်နှာကြီး ရှိနေတုန်းဖြစ်ပေမယ့် သူ့နှုတ်ခမ်းထောင့်တွေက သံသယဖြစ်စရာကောင်းလောက်အောင် တုန်နေတယ်။ လူပြတ်ကောင်... ဒီခေါင်းစဉ်က မူရိအတွက် တကယ်ကို သင့်တော်တယ်။ ဒီမိန်းမက အသက်နဲ့သေခြင်းကို အမှန်တကယ် ဂရုမစိုက်ဖူးပဲ။ အဲ့ညုတုတုကောင် ဆိုတဲ့ အမျိုးသားက လူသတ်ပြီး မြုပ်ခဲ့တဲ့ သင်္ချိုင်းရှေ့က ပေါင်းပင်တွေက သူမအရပ်ထက်တောင် ပိုရှည်နိုင်သေးတယ်။
❤️❤️❤️Thank you so much for your lovely supports❤️❤️❤️
အခန္း ၉ ေကာက္က်စ္ေသာ သူပုန္မ်ား (အပိုင္း ၈)
မူရိက မေရမတြက္ႏိုင္ေသာ အလွတရားမ်ားကို ျမင္ေတြ႕ခဲ့ဖူးၿပီး သူမတို႔က မည္မွ်ပင္ လွပေနပါေစ သူ႔၏စိတ္ဝင္စားမႈကို ႏႈိးဆြႏိုင္မည္ မဟုတ္ေပ။ သို႔ေသာ္ ထိုအမ်ိဳးသမီးက သူ႔ကို စူးစမ္းခ်င္စိတ္ကို ျဖစ္ေစခဲ့သည္။ မူရိက ေရွ႕သို႔ ေျခတစ္လွမ္းတိုးကာ ၿပဳံးလ်က္ေျပာလိုက္သည္။ "စစ္တပ္ထဲမွာ ေခ်ာေမာလွပတဲ့ မိန္းခေလးတစ္ေယာက္ရွိေနမယ္လို႔ ငါ မေမွ်ာ္လင့္ထားခဲ့ဘူး။ လုံးဝကို မထင္မွတ္ထားတဲ့အရာပဲ! စုလင္း... မင္းက တကယ္ကို ကံေကာင္းတာပဲ!"
ထိုလူက အနီေရာင္ဝတ္စုံကို ဝတ္ထားၿပီး သူ႔လက္ထဲတြင္ ေက်ာက္စိမ္းပုေလြတစ္ေခ်ာင္းကို ကိုင္ထားကာ နတ္ဆိုးကဲ့သို႔ ဆိုးဆိုးဝါးဝါး ေရာင္ဝါမ်ိဳးရွိေနသည္။ ကုယြင္က သူ ရယ္ေမာဟန္ေဆာင္ၿပီး ေျပာလိုက္တဲ့ ေျခာက္ေသြ႕ေသြ႕ဟာသကို သေဘာမက်တာေၾကာင့္ မတ္တပ္ထရပ္ကာ အတြင္းခန္းထဲသို႔ ေလွ်ာက္သြားလိုက္ၿပီး ေတြ႕ရာကုလားထိုင္ေပၚ ဝင္ထိုင္လိုက္သည္။ သို႔ေသာ္လည္း သူမက သတိမထားမိဘဲ စခန္း၏ပင္မထိုင္ခုံတြင္ ဝင္ထိုင္မိသြားသည္။
မူရိစကားကို နားေထာင္ၿပီးေနာက္ စုလင္းက ကုယြင္က စခန္းတြင္ အမွန္တကယ္ ရွိေနေၾကာင္း သတိျပဳမိသြားၿပီး သူက မ်က္ေမွာင္ၾကဳတ္ကာ "မင္းက ဘာလို႔ ဒီကို ေရာက္ေနတာလဲ"
ကုယြင္က ဒီေမးခြန္းကို ေျဖဖို႔ မလိုအပ္ဘူးလို႔ ခံစားလိုက္ရတာေၾကာင့္ သူမက လို႔မူဟိုင္ကို လွမ္းၾကည့္ကာ ေမးျမန္းလိုက္သည္။ "လို႔စစ္သူႀကီး က်ီးပါးစပ္ေတာင္ၾကားက ဘယ္နားမွာလဲ၊ အဲဒါက ဘယ္လိုေနရာမ်ိဳးလဲ??"
အဲဒီလူက က်ီးပါးစပ္ေတာင္ၾကားမွာ အေလာင္း လာေကာက္ဖို႔ အေလးေပးေျပာခဲ့တာေလ။ အဲ့တာဆိုရင္ သူတို႔ကို အဲဒီမွာ သြားေတြ႕ဖို႔ စီစဥ္ရမွာေပါ့။
လို႔မူဟိုင္က သူ႔အာ႐ုံဆီသို႔ ျပန္ေရာက္လာၿပီး သူမဆီကို ေလွ်ာက္သြားကာ "အဲ့ဒါက သစ္ေတာရဲ႕ ညာဘက္ျခမ္းက ေခ်ာက္ႀကီးတစ္ခုပါပဲ။ မိုးရာသီေရာက္ရင္ မိုးေရေတြစုမိၿပီး ေခ်ာက္ကေန ေရတံခြန္ျဖစ္ၿပီး ျမစ္ႀကီးတစ္စင္းအေနနဲ႔ ဆက္ဆီးသြားတယ္။ ေရနည္းတဲ့ ေျခာက္ေသြ႕ရာသီဆိုရင္ေတာ့ ေခ်ာက္ပုံသ႑ာန္ ျပန္ေပၚလာတက္တယ္။ ေျမမ်က္ႏွာသြင္ျပင္က အရမ္းမတ္ေစာက္လို႔ အဲ့ေနရာကို ငွက္ေတြပဲ ပ်ံသန္းႏိုင္တယ္၊ ေခ်ာက္က မက္ေစာက္တဲ့အျပင္ သစ္ေတာထူထပ္ၿပီး ေမွာင္မိုက္စိုစြတ္ေနတာေၾကာင့္ အဲ့ေနရာကို က်ီးပါးစပ္ေတာင္လို႔ေခၚတယ္"
ကုယြင္က ခဏေလာက္ စဥ္းစားေနၿပီးမွ "သူတို႔က က်ီးပါးစပ္ေတာင္ၾကားကို ေ႐ြးလိုက္တယ္ဆိုေတာ့ အေၾကာင္းျပခ်က္ ႏွစ္ခုရွိမယ္ ထင္တယ္။ တစ္ခုက သူခိုးေတြရဲ႕ အသိုက္က က်ီးပါးစပ္ေတာင္ၾကားနားမွာ ျဖစ္ႏိုင္တယ္၊ ဒုတိယအေၾကာင္းရင္းက ျဖစ္ႏိုင္ေျခအရွိဆုံး အေၾကာင္းျပခ်က္ပဲ၊ ကြၽန္မ ထင္တာကေတာ့ က်ီးပါးစပ္ေတာင္ၾကားရဲ႕ ခ်ိဳင့္ဝွမ္းေျမျပင္အေနအထားက သူတို႔အတြက္ အရမ္း အဆင္ေျပတဲ့ေနရာ ျဖစ္ေနတယ္။ အဲ့တာေၾကာင့္ သူတို႔က အဲ့ေနရာကို ေ႐ြးခ်ယ္တာ ျဖစ္ႏိုင္တယ္၊ သူတို႔က စုလင္းကို တစ္ေယာက္တည္းလာခိုင္းၿပီး ခ်ိဳင့္ႏွစ္ဘက္စလုံးကေန ပိတ္ဆို႔မယ္လို႔ ကြၽန္မ ထင္တယ္"
သူမ၏သုံးသပ္ခ်က္ကို နားေထာင္ၿပီးေနာက္ စုရန္ႏွင့္ လက္ေထာက္ယုတို႔ကလည္း သူမနားကို ေရာက္လာၾကသည္။ သူတို႔ေလးေယာက္က အတူတူ ထိုင္ေနၾကရင္း လက္ေထာက္ယုက "သခင္မ ေလ့က်င့္ေပးထားတဲ့ တပ္သားသစ္ေတြက ေတာင္တက္စြမ္းရည္ ေတာ္ေတာ္ေကာင္းတာကို ကြၽန္ေတာ္မ်ိဳး မွတ္မိတယ္၊ ကြၽန္ေတာ္တို႔ဘက္က လက္ဦးမႈယူၿပီး ေခ်ာက္ကမ္းပါးေအာက္ေျခကေန တက္သြားၿပီး သူတို႔ကို ဖမ္းမလား??"
ကုယြင္က ေခါင္းခါျပလိုက္ၿပီး "အခုက ေႏြရာသီေရာက္ေနၿပီ၊ ဒါက မိုးေရအမ်ားဆုံး စုေဆာင္းၿပီးတဲ့အခ်ိန္ပဲ၊ အဲဒီလို လုပ္ႏိုင္ဖို႔ ခက္တယ္"
လို႔မူဟိုင္က "သခင္မ ေျပာတာ မွန္တယ္၊ က်ီးပါးစပ္ေတာင္ၾကားက ျမစ္ေရေတြက ျမန္ျမန္ဆန္ဆန္ ျပည့္လွ်ံလာတက္တယ္၊ အဲ့တာေၾကာင့္ ခ်ိဳင့္ရဲ႕ေအာက္ေျခကေန ျဖတ္ကူးဖို႔ မျဖစ္ႏိုင္ဘူး"
သူမက ဒီေတာထဲကို တခါမွ မဝင္ဖူးေပမယ့္ ဒီမိုးသစ္ေတာနဲ႔ ရင္းႏွီးေနတယ္။ အင္းေလ... သူမက စစ္သူႀကီးစုရဲ႕ဇနီးပဲ... သာမန္မိန္းခေလးေတြနဲ႔ ႏႈိင္းယွဥ္လို႔ရပါ့မလား??
အခန္း ၉ ေကာက္က်စ္ေသာ သူပုန္မ်ား (အပိုင္း ၉)
စုရန္က "မင္းရဲ႕ထင္ျမင္ခ်က္အတိုင္းဆိုရင္ ငါတို႔ အဲ့ဒါကို ဘယ္လိုေျဖရွင္းရမွာလဲ??"
ကုယြင္က ခ်က္ခ်င္းျပန္မေျဖေပမယ့္ ခဏအၾကာတြင္ သူမက သတိႀကီးႀကီးနဲ႔ ျပန္ေျပာလာသည္။ "ကြၽန္မ ထင္တာကေတာ့ လက္ရွိေျမျပင္အေနအထားကို အရင္ေလ့လာၿပီး ရန္သူကို ကိုင္တြယ္ဖို႔ နည္းလမ္းေတြ ေဆြးေႏြးရင္လည္း အခ်ိန္မေႏွာင္းေသးဘူး ထင္တယ္၊ သုံးရက္ေတာင္ က်န္ပါေသးတယ္!"
ပင္မတဲစခန္းထဲတြင္ ကုယြင္က ပင္မထိုင္ခုံေပၚတြင္ ထိုင္ေနၿပီး က်န္လူ ၃ ေယာက္က သူမကို ဝိုင္းရံေနကာ သူမ၏အမိန႔္ကို နာခံေနသကဲ့သို႔ ျဖစ္ေနသည္။ သို႔ေသာ္ စုလင္းႏွင့္ မူရိတို႔ကမူ လစ္လ်ဴရႈခံထားရသည္။ မူရိက ၿပဳံးေနၿပီး "စုလင္း၊ ငါ မင္းကို ေျပာမယ္။ ဒီမွာ မင္းအတြက္ ဘာမွ လုပ္စရာ မရွိဘူးလို႔ ငါ ထင္တယ္၊ ငါတို႔ ေနရာမွားေနတာလား?? ဒါက စုမိသားစုစစ္တပ္ရဲ႕စခန္းမွ ဟုတ္ရဲ႕လား?? စုမိသားစုရဲ႕သခင္က ဘယ္သူလဲ??"
ထိုစကားမ်ားကို နားေထာင္ၾကည့္လွ်င္ သူက စုလင္းအတြက္ သူ ခံျပင္းေနပုံရေပမယ့္ သူ႔ေလသံကို ဂ႐ုတစိုက္ နားေထာင္ၾကည့္ရင္ စုလင္း ဒုကၡေရာက္ေနတာကို ၾကည္ႏူးေနတာ ေသခ်ာေနသည္။
ထိုအခ်ိန္မွ စုရန္က ေနာက္ကို ျပန္လွည့္ႀကီးလိုက္ၿပီး စုလင္း၏နက္ေမွာင္ေနေသာ မ်က္လုံးမ်ားကို ရင္ဆိုင္လိုက္ရမွ သူ႔အစ္ကိုႀကီးက သူ႔ေနာက္တြင္ ရပ္ေနၿပီး ခပ္ေထ့ေထ့ၿပဳံးေနေသးသည္ကို သူ သတိျပဳမိသြားခဲ့သည္။ စုရန္က လန႔္သြားၿပီး အျမန္ရွင္းျပလိုက္သည္။ "အိုး...တာ့ေကာ၊ သူပုန္ေတြက ဒီည စခန္းကို ဝင္စီးဖို႔ ႀကိဳးစားၿပီး ရိကၡာေတြနဲ႔ ျမက္ေျခာက္ေတြကို မီးရႈိ႕ခဲ့တယ္။ ဟန္ရႈက သူခိုးေတြေနာက္ကို လိုက္သြားေပမယ့္ ေတာထဲမွာ ရန္သူရဲ႕ၿခဳံခိုတိုက္ခိုက္မႈနဲ႔ ရင္ဆိုင္ခဲ့ရတယ္။ သူ ရႈံးနိမ္သြားတာေၾကာင့္ သူ႔ကို ဖမ္းသြားၿပီး တာ့ေကာကို အဲဒီေနရာကို လူကိုယ္တိုင္ လာခိုင္းတယ္။ သုံးရက္ေနလို႔မွ က်ီးပါးစပ္ေတာင္ၾကားကို မသြားဘူးဆိုရင္ ဟန္ရႈက အသတ္ခံရလိမ့္မယ္။ မရီးကလည္း အခုနပဲ ေတာထဲကို လိုက္ဝင္သြားၿပီး သူပုန္ေတြနဲ႔ တိုက္ခိုက္ခဲ့တယ္။ ကြၽန္ေတာ္တို႔က သူပုန္ေတြနဲ႔ ထိပ္တိုက္ရင္ဆိုင္ၿပီး ဟန္ရႈကို ဘယ္လိုကယ္တင္ရမလဲဆိုတာ ေဆြးေႏြးေနတာပါ"
ဟန္ရႈကို သူခိုးေတြ ဖမ္းသြားတာလား?! ထိုသတင္းကို ၾကားလိုက္ခ်ိန္တြင္ စုလင္း၏မ်က္လုံးမ်ားက ေအးစက္သည္ထက္ ေအးစက္သြားခဲ့သည္။ သူတို႔က သူပုန္ေတြ ျဖစ္ၿပီး ဘယ္ေလာက္ေတာင္ ေမာက္မာ ႐ိုင္းဆိုင္းရတာလဲ?? သူ႔ကို ၿခိမ္းေျခာက္ဖို႔ သူ႔လက္ေအာက္ငယ္သားကို ဖမ္းရဲတဲ့သတၱိေတာင္ ရွိေနတယ္ေပါ့!
မူရိ ဂ႐ုစိုက္သည့္အရာက မည္သူ အဖမ္းခံရသည္ မဟုတ္ဘဲ "မရီး" ျဖစ္ေနျပန္သည္။ သူ႔၏ပုေလြကိုင္ထားေသာလက္က အနည္းငယ္ လႈပ္ရွားသြားၿပီး မူရိ၏မ်က္လုံးမ်ားက စူးစူးရွရွ ေျပာင္လက္ ေတာက္ပလာသည္။ သူက ၿပဳံးေနရင္း စုလင္းကို ၾကည့္ေနကာ "မင္း လက္ထပ္လိုက္ၿပီလား? ငါ တကယ္ကို မသိခဲ့ဘူးပဲ... ကြၽတ္.."
စုလင္း၏ မ်က္ႏွာက ေနာက္ထပ္ မေအးခဲႏိုင္ေလာက္ေအာင္ ေအးခဲသြားေသာ္လည္း သူက မူရိ၏ ထိုလွည့္ကြက္ကို မယူတာ သိသာထင္ရွားေနသည္။ ထိုေၾကာင့္ မူရိက ေနာက္ျပန္လွည့္ကာ ကုယြင္ကို ဦးၫႊတ္လိုက္ၿပီး ေနာက္ေျပာင္ခ်င္ေနေသာ အၿပဳံးျဖင့္ "မရီး၊ အခုနက ႐ိုင္းျပမိပါတယ္!"
မူရိ၏ အတုအေယာင္ဆန္ဆန္ ဟန္ပန္အမူအရာမ်ားေၾကာင့္ ႏွစ္ဖက္စလုံးက ေဒါသထြက္သြားၿပီး တစ္ခ်ိန္တည္း ေအာ္ဟစ္လိုက္ၾကသည္။
"ပါးစပ္ပိတ္ထား!" "ပါးစပ္ပိတ္ထား!"
မူရိက မ်က္ခုံးပင့္ကာ အနည္းငယ္ အံ့ၾသေနေသာ အၾကည့္ျဖင့္ ၾကည့္ေနရင္း ထပ္ေျပာလိုက္ျပန္သည္။ "အိုး~ သူတို႔ႏွစ္ေယာက္က တကယ္ကို လိုက္ဖက္ညီတဲ့ စုံတြဲပဲ၊ နားလည္မႈ အျပည့္အဝ ရွိၾကတယ္!"
ကုယြင္၏စူးရွေသာမ်က္လုံးမ်ားက ေအးစက္သြားကာ မူရိကို စိုက္ၾကည့္ေနရင္း "လူျပက္ေကာင္၊ ဇာတ္ပြဲၾကည့္ခ်င္ရင္ ေဘးနားက ရပ္ၾကည့္ေန၊ နင့္ ပါးစပ္ကို ေသခ်ာ ေစာင့္ထိန္းထား၊ ငါ့ကို လာမရႈပ္နဲ႔"
မူရိက သူ႔မ်က္လုံးမ်ားကို အနည္းငယ္ ေမွးက်ဥ္းလိုက္ၿပီး "မင္း ငါ့ကို ဘယ္လို ေခၚလိုက္တာလဲ??"
ကုယြင္၏ေအးစက္ေသာ မ်က္လုံးမ်ားက သူ႔ကို ေခါင္းမွ ေျခဖ်ားအထိ အထက္ေအာက္ၾကည့္လိုက္ၿပီးေနာက္ သူမ၏မ်က္လုံးမ်ားက အနည္းငယ္ ေမွးက်ဥ္းသြားၿပီး မဆိုင္းမတြ တုံံ့ျပန္လိုက္သည္။ "နင့္လို ညဳတုတုလူကို လူျပတ္ေကာင္လို႔ မေခၚရင္ နင့္ရဲ႕အဝတ္အစားေတြအတြက္ တရားမွ်တမႈ မရွိႏိုင္ေတာ့ဘူးေလ!"
စုလင္းမွာ ေရခဲမ်က္ႏွာႀကီး ရွိေနတုန္းျဖစ္ေပမယ့္ သူ႔ႏႈတ္ခမ္းေထာင့္ေတြက သံသယျဖစ္စရာေကာင္းေလာက္ေအာင္ တုန္ေနတယ္။ လူျပတ္ေကာင္... ဒီေခါင္းစဥ္က မူရိအတြက္ တကယ္ကို သင့္ေတာ္တယ္။ ဒီမိန္းမက အသက္နဲ႔ေသျခင္းကို အမွန္တကယ္ ဂ႐ုမစိုက္ဖူးပဲ။ အဲ့ညဳတုတုေကာင္ ဆိုတဲ့ အမ်ိဳးသားက လူသတ္ၿပီး ျမဳပ္ခဲ့တဲ့ သခ်ႋဳင္းေရွ႕က ေပါင္းပင္ေတြက သူမအရပ္ထက္ေတာင္ ပိုရွည္ႏိုင္ေသးတယ္။
❤️❤️❤️Thank you so much for your lovely supports❤️❤️❤️