အပိုင်း (၁၁၄) ပုံမှန်ထမင်းတစ်နပ်စားခြင်း
အဘိုးကြီးမိသားစု၏ ဖျောင်းဖျမှုအောက်တွင် ရှန်ယွဲ့သည် အမှန်ပင်မငြင်းလိုက်နိုင်တော့ပေ။ သို့နှင့် အဘိုးကြီးအိမ်သို့ ဧည့်သည်အဖြစ် လိုက်သွားရတော့သည်။
အဘိုးကြီး၏နာမည်မှာ ကျန်းဟွမ်။ မြို့တော် တက္ကသိုလ်၏ ကျောင်းအုပ်တစ်ယောက် ဖြစ်ပြီး စေတနာ့ဝန်ထမ်း ဆရာတစ်ယောက်လည်း ဖြစ်သည်။ သူသည် အသက် ၇၀ကျော်ပြီဖြစ်ပြီး သိပ္ပံသုတေသနအသင်းဝင် တစ်ယောက်ဖြစ်သည်။ သူသည် ကျောင်းသို့ ရောက်လာသည်မှာ ဆယ်စုနှစ်များစွာ ကြာပြီဖြစ်ပြီး အထက်တန်းစား လူတစ်ယောက် ဖြစ်လေသည်။ သူ့ကို ကျောင်းသား ကျောင်းသူများကို အလွန်ချစ်ခင်သဘောကျ ကြလေသည်။
ကျန်းဟွမ်၏ အရှိန်အဝါကြောင့် ကလေးများသည် အလွန်အလားအလာရှိကြပြီး နယ်ပယ်အသီးသီးတွင် ဦးဆောင်သူများ ဖြစ်လာကြသည်။ ထို့ကြောင့် ကျန်းမိသားစုသည်လည်း ဗဟိုမြို့တော်တွင် အရေးပါသည့် မိသားစုတစ်ခု ဖြစ်လာခဲ့သည်။ မိသားစုတစ်ခုလုံးသည် အင်မတန်ကောင်းမွန်သည့် မြေယာတစ်ခုရှိ ကြီးမားသည့်အိမ်ကြီးတစ်လုံးတွင် နေထိုင်ကြသည်။
ရှန်ယွဲ့ကို အရင်ဆုံး ကျေးဇူးတင်စကားလာပြောသည့် ကောင်လေးမှာ ကျန်းဟွမ်၏မြေး ကျန်းလော့ဖြစ်သည်။ သူသည် မြို့တော်တက္ကသိုလ်က ဘွဲ့ရကျောင်းသားတစ်ယောက် ဖြစ်သည်။
ရှန်ယွဲ့သည် သခင်ကြီးကျန်းနောက်က လိုက်ဝင်လာပြီးနောက်တွင် သခင်ကြီးကျန်း၏ ဒုတိယသား ကျန်းကျစ် နှင့် တတိယသားကျန်းဟွာတို့သည် ချက်ချင်းထွက်လာပြီး ရှန်ယွဲ့ကို နွေးနွေးထွေးထွေးနှုတ်ဆက်ကြလေသည်။
" မိန်းကလေးရှန်ယွဲ့ ဒီတစ်ခါတော့ မိန်းကလေးကို အရမ်းကျေးဇူးတင်ပါတယ်ဗျာ၊ မစိုးရိမ်ပါနဲ့နော်၊ ကျွန်တော်တို့ ကျန်းမိသားစုက မိန်းကလေးကို သေချာပေါက် ကျေးဇူးဆက်ပါ့မယ်" ကျန်းကျစ်က ရင်ဘတ်ကို ပုတ်ကာ ကတိပေးလေသည်။
သခင်ကြီးကျန်းက ထိုစကားကို ကြားလိုက်တော့ သူကပြုံးကာ ခေါင်းညိတ်လိုက်ပြီး
" ဟုတ်တယ်၊ ငါ့မှာ နောက်ဆုံးတော့ ငါ့ရဲ့အသက်ဟောင်းကို ပြန်ရခဲ့တာ၊ မင်းလိုချင်တာ ဘာပဲဖြစ်ဖြစ် ပြောလိုက်၊ ငါ လုပ်ပေးနိုင်တာဖြစ်နေသ၍ လုံးဝမတွေဝေဘူး"
" ကျွန်မ မတောင်းဆိုရဲပါဘူး၊ အဘိုးက အရမ်းကို အားနာတတ်လွန်းနေပါပြီ" ရှန်ယွဲ့က ပြုံးလိုက်၏။
ရှန်ယွဲ့သည် ရုပ်ဝါဒီသမားတစ်ယောက် မဟုတ်မှန်းသိလိုက်ရသဖြင့် သခင်ကြီးကျန်းသည် သည်မိန်းကလေးကို ပိုပြီး လေးစားသွားတော့သည်။ သူက မိသားစုအကြောင်း လှိုက်လှုက်လှဲလှဲ စကားဖောင်ဖွဲ့ရင်း သူမကို ဟိုအကြောင်း သည်အကြောင်း မေးလိုက်လေသည်။ သူ့သဘောထားမှာ အမှန်ပင် သိမ်မွေ့လှပေသည်။
ရှန်ယွဲ့သည် အသက် ၁၈နှစ်သာ ရှိသေးမှန်း သိလိုက်ရသောအခါ ကျန်းဟွမ်ကို အံ့ဩတကြီး ပြောလိုက်တော့သည်။
" ဟေ ဒါဆို မင်းက ငါ့ရှောင်လော့ထက် တစ်နှစ် နှစ်နှစ်လောက်ပဲ ငယ်တာပေါ့၊ ဒီလိုငယ်ငယ်လေးနဲ့ ဆေးပညာမှာ အရမ်းကို ပြောင်မြောက်တာပဲ၊ တကယ် အလားအလာရှိတဲ့သူပဲ"
ကျန်းဟွမ်သည် ရှန်ယွဲ့ကို ကြည့်လေလေ သူမကို ပိုပြီး သဘောကျလေလေ ဖြစ်နေလေသည်။ သည်အခိုက်တွင် သူသည် ရှန်ယွဲ့ကို သူ့ကျေးဇူးရှင်တစ်ယောက်လို ဆက်ဆံသည့်အပြင် သူ့မြေးမလေးအရင်းသဖွယ် ဆက်ဆံလိုက်တော့သည်။
ရှန်ယွဲ့သည် သည်အခြေအနေကို စိတ်အနှောင့်အယှက် မဖြစ်မိပေ။ ထို့အပြင် အဘိုးကြီး၏သဘောထားကလည်း သူမကို သဘောကျလေသည်။ သူတို့သည် ထူးထူးခြားခြား စကားကောင်းနေကြတော့သည်။ ကျန်းဟွမ်နှင့် ရှန်ယွဲ့တို့ ပိုပြီး ပျော်ပျော်ရွှင်ရွှင်နှင့် စကားပြောနေသည်ကို တွေ့လိုက်ရသဖြင့် ကျန်သည့် ကျန်းမသိသားစုများက နေ့လည်စာပြင်ဆင်လိုက်ကြပြီး ရှန်ယွဲ့နှင့် သခင်ကြီးကျန်းကို ဧည့်ခန်းထဲတွင် ထားခဲ့လိုက်ကြသည်။
" မိန်းကလေး မင်းက ဗဟိုမြို့တော်မှာ နေတာမဟုတ်ဘူးဆိုတော့ ဘယ်မှာနေတာလဲ၊ ဘယ်မှာ ကျောင်းတက်နေတာလဲ" သခင်ကြီးကျန်းက မေးလိုက်၏။
" ကျွန်မ Sမြို့မှာနေပါတယ်၊ Sမြို့ ပထမအထက်တန်းကျောင်းမှာ တတိယနှစ် စီနီယာတန်းရောက်ပါပြီ" ရှန်ယွဲ့က ပြန်ဖြေလိုက်၏။
" Sမြို့၊ ဗဟိုမြို့တော်နဲ့ မဝေးဘူးကိုး "
သခင်ကြီးကျန်းက ရေရွတ်လိုက်၏။ ထို့နောက်တွင်တော့ သူ့မျက်လုံးများ လင်းလက်သွားတော့သည်။
"ဒါဆို ဘယ်တက္ကသိုလ် သွားချင်တာလဲ၊ ဆေးပညာလေ့လာဖို့ စိတ်ဝင်စားလား"
ကျန်းဟွမ်သည် ရှန်ယွဲ့က ငယ်ငယ်လေးနှင့် လူအသက်ကို ကယ်တင်ရန် အပ်စိုက်ကုထုံးကို လေ့လာခဲ့ပြီး ဆေးပညာတွင် အင်မတန်ပါရမီ ပါသည်ဟု ခံစားမိလေသည်။ သည်လို ဆေးဘက်ဆိုင်ရာပါရမီရှင်တစ်ယောက်ကို မြို့တော်တက္ကသိုလ်က ခေါ်ယူနိုင်လျှင် အကောင်းဆုံးပင်။
ဆေးကျောင်းက ဌာနမှူးက သူ့သူငယ်ချင်းကောင်းတစ်ယောက် ဖြစ်သည်။ သူတို့နှစ်ယောက်သည် ဆက်ဆံရေးအလွန်ကောင်းကြသည်။ ရှန်ယွဲ့လို ပါရမီရှိသည့်ကျောင်းသူတစ်ယောက်ကို ရနိုင်လျှင် ထိုသူငယ်ချင်းဟောင်းကြီးက အပြုံးတစ်ခုဖြင့် အိပ်နေရာမှ ထထိုင်လာလောက်သည်။
သို့သော် ရှန်ယွဲ့က ဆေးကျောင်းသူတစ်ယောက် လုံးဝမဖြစ်ချင်မှန်းကိုတော့ သူ မသိခဲ့ချေ။ နောက်ဆုံး သူမ၏ဆေးပညာအရည်အချင်းသည် ကမ္ဘာပေါ်တွင် ထိပ်တန်းအဆင့်ရောက်ပြီးသားပင်။ ဆေးပညာသင်ကြားရန် မြို့တော်တက္ကသိုလ်သို့ သွားရောက်သည်က အကောင်ကြီးကြီးတစ်ယောက်က အခုမှတည်စ ရွာကလေးတစ်ခုသို့ ဝင်လာသည်နှင့် တူပေလိမ့်မည်။
ရှန်ယွဲ့က တွေဝေမနေဘဲ ခေါင်းခါပြလိုက်လေသည်။
" ကျွန်မ ဆေးပညာကို မသင်ပါဘူး"
" ဪ"
အဘိုးကြီးသည် သူ့သူငယ်ချင်းကောင်းအတွက် သက်ပြင်းချလိုက်ပြီးနောက် ဂရုတစိုက်မေးလိုက်လေသည်။
" မင်းရဲ့ ထူးချွန်တဲ့ ပင်ကိုစွမ်းရည်နဲ့ဆိုရင် မင်းကို မြို့တော်တက္ကသိုလ်ကို တိုက်ရိုက်ဝင်လို့ရအောင် ငါ အာမခံပေးနိုင်တယ်၊ မင်းက မင်းရဲ့မေဂျာနဲ့ ဆရာကို ရွေးလို့ရတယ်၊ မိန်းကလေး ဘယ်လိုထင်လဲ"
သခင်ကြီးကျန်းဟွမ်၏စိတ်ရင်းကို ကြားလိုက်ရသောအခါ ရှန်ယွဲ့၏နှလုံးနှုန်းမှာ မြန်ဆန်သွားတော့သည်။ သူမသည် အနည်းငယ် ကူကယ်ရာမဲ့သလို ဖြစ်သွားတော့သည်။ ဒါသည် မြို့တော်တက္ကသိုလ်က သူမကို ဒုတိယကြိမ် ကမ်းလှမ်းခဲ့ခြင်းပင်။ သို့သော် သူမက ငြင်းလိုက်ပြန်သည်။
" ကျွန်မ ကိုယ့်ဟာကို ဝင်နိုင်ပါတယ်၊ အဘိုးကို ဒုက္ခပေးဖို့ မလိုပါဘူး"
ရှန်ယွဲ့က စိတ်မဝင်စားသည်ကို မြင်လိုက်ရသဖြင် သခင်ကြီးကျန်းသည် ထိုအကြောင်းကို မြန်မြန်ကျော်လိုက်ပြီး ရှန်ယွဲ့နှင့် တခြားအကြောင်းများ ပြောလို်တော့သည်။
ရှန်ယွဲ့နှင့် ကျန်းမိသားစုတို့သည် အင်မတန်ပြီးပြည့်စုံသည့် နေ့လည်စာကို စားလိုက်ကြပြီးနောက် သခင်ကြီးကျန်းက ရှန်ယွဲ့ကို ဆွဲထားကာ စကားစမြည်ပြောကြပြန်သည်။
" မိန်းကလေး မင်းက ဆေးကျောင်းမတက်ချင်ဘူးဆိုတော့ မင်း တက်ချင်တဲ့ တခြားကျောင်းများရှိရင် ငါ့ကို ပြောပြလို့ရပါတယ်"
မိသားစု နေ့လည်စာ စားပြီးသည့်နောက်တွင် သခင်ကြီးကျန်းက ဦးစွာ စကားစ,ပြောလိုက်တော့သည်။
နှစ်ယောက်သားသည် အချိန်တော်တော်ကြာအောင် စကားပြောလိုက်ကြပြီးနောက် သခင်ကြီးကျန်းက ရှန်ယွဲ့ကို ပိုပိုသဘောကျ သွားတော့သည်။ သည်မိန်းကလေးသည် ဝပြီး ချစ်စရာကောင်းလေသည်။ သူမသည် အရည်အချင်းရှိပြီး နှစ်လိုဖွယ်ရှိကာ အဘိုးကြီးက သူမကို အထူးသဘောကျအောင် လုပ်နိုင်လေသည်။
" အခုလောလောဆယ်တော့ ကျွန်မမှာ ထူးထူးခြားခြားရွေးချင်တဲ့ ဘာသာရပ်မရှိသေးပါဘူး" ရှန်ယွဲ့က ပြုံးကာ ပြောလိုက်လေတော့သည်။
" ကျွန်မက ငယ်သေးလို့ထင်ပါတယ်၊ စိတ်ဝင်စားစရာတွေ အရမ်းများနေတယ်"
. . .
အပိုင်း (၁၁၅) သင်္ချာပါရမီရှင်
ရှန်ယွဲ့သည် သူမကိုယ်သူမကို ကြိုတင်ဘောင်ခတ်ထားပြီး သူမကိုယ်တိုင်အတွက် ကန့်သတ်ချက်များ ချမထားလိုသဖြင့် အသေးစိတ်ရှင်းမပြလိုက်တော့ပေ။ သူမက အားလုံးကို စိတ်ဝင်စားနေသည်ဟုသာ ပြောလိုက်တော့သည်။
" ဟုတ်တာပေါ့၊ မင်းတို့ကလေးတွေက ဘာတွေကြိုက်တယ်ဆိုတာကို မသိသေးတဲ့ အရွယ်ပဲ ရှိသေးတာကိုး၊ ဒါဆိုမင်းက အားလုံးကို စမ်းကြည့်ချင်တာပေါ့"
သခင်ကြီးကျန်းက ခေါင်းညိတ်ကာ နားလည်ကြောင်း ပြသလိုက်လေသည်။ သူက ကြင်ကြင်နာနာဖြင့် ပြုံးနေလိုက်၏။
သခင်ကြီးကျန်း၏ ကြင်နာတတသည့်အသွင်အပြင်ကို ကြည့်ရင်း ရှန်ယွဲ့သည် ရင်းနှီးသည့်ခံစားချက် အာရုံတစ်ခုကို ရုတ်တရက် ခံစားလိုက်ရတော့သည်။ ရှန်ယွဲ့သည် ကလေးဘဝကတည်းက မိဘမဲ့တစ်ယောက် ဖြစ်ခဲ့ပြီး အဖွဲ့အစည်းတစ်ခု၏ လုပ်ကြံသူတစ်ယောက်အဖြစ် ပျိုးထောင်ခံခဲ့ရသည်။ သူမ၏အဘိုးမှာ မည်သူမှန်းပင် သူမ မသိခဲ့ပေ။ သူမသည် သာမန်မိသားစုတစ်ခုတွင် မွေးလာခဲ့လျှင် သူမ၏အဘိုးမှာ သခင်ကြီးကျန်းဟွမ်နှင့် အတူတူလောက်ပင် ဖြစ်လိမ့်မည်။
" လျှောက်မယ့် လမ်းတစ်ခုကို မရွေးခင် ငယ်တုန်း ပိုပြီး စမ်းကြည့်လို့ရတာပဲ"
သခင်ကြီးကျန်းတွင် ပါရမီရှင်များကို နှစ်သက်သည့် စိတ်သဘောထားရှိပြီး ရှန်ယွဲ့အား သူ့အတွေ့အကြုံများကို တက်ကြွစွာ ပြောပြနေလေသည်။
" ငါလည်း ငယ်ငယ်တုန်းက လျှောက်ချင်တဲ့လမ်းကိုမရွေးခင် အများကြီးစမ်းကြည့်ခဲ့ဖူးတယ်လေ"
"ဒါနဲ့ မင်းကို ဆေးပညာဘယ်သူသင်ပေးတာလဲ၊ မင်းရဲ့ဆရာက ဘယ်သူလဲ"
သခင်ကြီးကျန်း စိတ်ဝင်စားသည်မှာလည်း မဆန်းပေ။ ရှန်ယွဲ့၏ဆေးပညာအရည်အချင်းသည် သည်လိုအရွယ်ငယ်ငယ်လေးမှာပင် အလွန်ထူးချွန်နေလေသည်။ သူမနောက်တွင် သူမကို သင်ကြားပေးနေသည့် ကျွမ်းကျင်ပညာရှင်တစ်ယောက်တော့ ရှိရမည်။ ကမ္ဘာပေါ်က ပါရမီရှင်များကို သဘောကျတတ်သည့် စိတ်ထားရှိသည့် သခင်ကြီးကျန်းအနေဖြင့် သူသည် သည်လိုပါရမီရှင်မျိုးနှင့် လွဲချော်ချင်လိမ့်မည်မဟုတ်ပေ။
သည်လို ပါရမီရှင်မျိုးကို ရှာတွေ့ပြီးနောက်တွင် သူသည် ထိုသူကို မြို့တော်တက္ကသိုလ်တွင် စာသင်ကြားခွင့်ပင်ပေးလိမ့်အုံးမည်။ ထိုအချိန်တွင် ဆေးကျောင်းက ထိုအဘိုးကြီးက ဘာများ လုပ်နိုင်ပါအုံးမည်နည်း။ သခင်ကြီးကျန်းသည် အသက်အရွယ်ကြီးရင့်ပြီး မြေးတစ်ယောက်ပင် ရှိနေပြီဖြစ်သော်လည်း သူ့စိတ်ကတော့ နုပျိုနေဆဲ။ သူသည် လူလေလွင့်ကြီးတစ်ယောက်နှင့်ပင် တူနေသေးသည်။
" သူက ကျွန်မ မမျှော်လင့်ဘဲ တွေ့ခဲ့ရတဲ့ အဘိုးကြီးတစ်ယောက်ပါ၊ ကျွန်မက ဆေးပညာမှာ တော်တော်အရည်အချင်းရှိတာ တွေ့လိုက်ရလို့ ကျွန်မကို အချိန်အကြာကြီး သင်ကြားပေးခဲ့တာ"
ရှန်ယွဲ့သည် သခင်ကြီးကျန်အား သူမ၏အခြေအနေကို မပြောပြနိုင်ပေ။ သူမ၏မျက်လုံးများက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ဆင်ခြေတစ်ခုကို ချက်ချင်း စဥ်းစားလိုက်တော့သည်။
" ကံမကောင်းချင်တော့ ကျွန်မ အခြေခံလောက် သင်ကြားပြီးတဲ့အချိန်မှာပဲ သူ ထွက်သွားခဲ့တယ်၊ သူက နင်ဂိုကတည်းက တခြားလောကက ပညာရှင်တစ်ယောက်လေ၊ ဒါကြောင့် ကျွန်မ သူ့ကို ထပ်ပြီး ဆက်သွယ်လို့မရခဲ့ဘူး"
ရှန်ယွဲ့သည် နောက်ပိုင်းတွင် သည်မေးခွန်းအပေါ် အသေးစိတ် အဖြေမပေးနိုင်မည်စိုးသဖြင့် သူမက တခြားလောက ပညာရှင်တစ်ယောက်ဟုသာ သည်အတိုင်း ပြောလိုက်တော့သည်။
" ဪ သိပါပြီ"
သခင်ကြီးကျန်းသည် သက်ပြင်းချလိုက်ပြီး အနည်းငယ်စိတ်ပျက်သွားတော့သည်။ သူသည် ရှန်ယွဲ့ကို ခေါ်မထားနိုင်ခဲ့သဖြင့် အနည်းငယ်စိတ်ပျက်နေနှင့်ပြီးဖြစ်လေသည်။ နောက်ဆုံးတွင် သူသည် နောက်ထက်ပညာရှင်တစ်ယောက်နှင့် လွဲချော်သွားရပြန်သည်။ သူသည် မနှေမြောဘဲ အဘယ်မှာရှိပါမည်နည်း။
" ဟုတ်ပါတယ်၊ ကျွန်မရဲ့ဆရာက တရုတ် နဲ့ အနောက်တိုင်းဆေးပညာ နှစ်မျိုးလုံးမှာ ပါရမီရှင်တစ်ယောက်ပါ၊ ဟိုတုန်းက ကျွန်မက သင်္ချာဘာသာရပ်မှာ တော်တော်လေး အရည်အချင်းရှိတာ တွေ့လိုက်ရတော့ သူက ပြောခဲ့တယ်လေ, ကျွန်မက ဒီပညာကို သေချာပေါက် အမြန်တတ်မြောက်သွားလိမ့်မယ်တဲ့၊ ဒါကြောင့်ပဲ သူက အချိန်ခဏလောက် နေပြီး ကျွန်မ သင်ပေးခဲ့တာ" ရှန်ယွဲ့သည် သခင်ကြီးကျန်းက သူမကို မယုံကြည်နေမည် စိုးသဖြင့် အမှန်အတိုင်းပြောပြလိုက်လေသည်။
" ထင်ထားတဲ့အတိုင်းပဲ၊ ဒီလို ပညာရှင်မျိုးကပဲ မင်းရဲ့ဆေးပညာအရည်အချင်း ဒီလောက်ကောင်းအောင် သင်ပေးနိုင်မှာ"
သခင်ကြီးကျန်းက ခေါင်းညိတ်ရင်း ထောက်ခံလိုက်လေသည်။ ရုတ်တရက် သူ့စိတ်ထဲတွင် တစ်ခုခုကို တွေးမိသွားသည့်နှယ် သူက ပြောလိုက်၏။
" မင်းက သင်္ချာမှာ တော်တယ်လို့ ပြောခဲ့သလား"
သင်္ချာအကြောင်း ပြောလိုက်သည်တွင် သခင်ကြီးကျန်းသည် အွန်လိုင်းပေါ်က ထိုမေးခွန်းကို ဖြေရှင်းခဲ့သည့် သင်္ချာပါရမီရှင်အကြောင်း ရုတ်တရက် တွေးမိသွားတော့သည်။
" ဟုတ်ကဲ့ ၊ မှန်ပါတယ်၊ သာမန်လောက်ပါပဲ"
ရှန်ယွဲ့သည် အများကြီးထုတ်မပြချင်ပေ။ နောက်ဆုံး သူမ၏ဆေးပညာအရည်အချင်းက သခင်ကြီးကျန်း၏ မှတ်ဉာဏ်ထဲတွင် အသစ်စက်စက်ရောက်နှင့်နေပြီး ဖြစ်လေသည်။ အလွန်အကျွံလုပ်ခြင်းက လုံလောက်အောင် မလုပ်ခဲ့ခြင်းလို ဆိုးရွားပေသည်။ သူမသည် အလွန်ကောင်းကောင်း လုပ်ဆောင်ခဲ့မိလျှင် အလွယ်တကူစွန့်စားရာ ကျတော့မည်။
" စကားမစပ် မင်းလည်း Sမြို့ကပဲနော်"
သခင်ကြီးကျန်းသည် အရင်က သင်္ချာပါရမီရှင်သည်လည်း Sမြို့က ဖြစ်ကြောင်း ရုတ်တရက် သတိရသွားပြီး သူက ဖြစ်ခဲ့သမျှအကြောင်းကို ရှန်ယွဲ့အား ချက်ချင်းပြောလိုက်တော့သည်။
" သင်္ချာပါရမီရှင်တစ်ယောက် Sမြို့ပေါ်လာခဲ့တာ မင်းသိလား"
အမှန်ပင်။ သခင်ကြီးကျန်း ပြောနေသည့်သူအကြောင်းကို ရှန်ယွဲ့ သိလေသည်။ သို့သော် သူမသည် စိတ်ဝင်စားမခံလိုပေ။ ထို့ကြောင့် မသိသလိုသာ ဟန်ဆောင်လိုက်ကာ ပြန်မေးလိုက်တော့သည်။
" ဟုတ်လား၊ ဘယ်သူများလဲ"
သည်သင်္ချာပညာရှင်အကြောင်း ပြောလိုက်ရသည်တွင် သခင်ကြီးကျန်းသည် ချက်ချင်း ခေါင်းထောင်လာပြီး သူတို့သည် သင်္ချာပါရမီရှင်ကို မည်သို့ရှာတွေ့ခဲ့ပုံနှင့် သူ့ကို ခေါ်ယူချင်ခဲ့ပုံကို ရှန်ယွဲ့အား အတိအကျ ပြောပြလိုက်တော့သည်။ နောက်ဆုံးတွင် သူတို့သည် တစ်ဖက်လူ၏ ငြင်းပယ်ခံလိုက်ရသည် ဟူ၍။
ရှန်ယွဲ့သည် သည်ကိစ္စများကို အလိုလို သိထားပြီးသားပင်။ သို့သော် သည်အခိုက်တွင် သူမသည် ထိုအကြောင်းကို ပထမဆုံးကြားလိုက်သကဲ့သို့သာ ဟန်ဆောင်နိုင်တော့သည်။ ထို့နောက်တွင်တော့ သခင်ကြီးကျန်း၏ ခံစားချက်များက လှုပ်လှုပ်ရှားရှား ဖြစ်နေတော့သည်။
" နှမြောစရာကောင်းလိုက်တာ၊ နှမြောစရာကောင်းလိုက်တာ၊ တစ်ဖက်လူကသာ မြို့တော်တက္ကသိုလ်ကို ဝင်နိုင်ခဲ့ရင် ကောင်းမှာပဲ"
သခင်ကြီးကျန်းက သက်ပြင်းချလိုက်၏။ နောက်ထပ် ပါရမီရှင်တစ်ယောက်ကို လက်လွှတ်ခဲ့ရသည့် အတွေးကြောင့် သူသည် ခေါင်းကို မြေကြီးနှင့်သာ ပြေးဆောင့်ချင်လိုက်လေတော့သည်။
...
အပိုင္း (၁၁၄) ပုံမွန္ထမင္းတစ္နပ္စားျခင္း
အဘိုးႀကီးမိသားစု၏ ေဖ်ာင္းဖ်မႈေအာက္တြင္ ရွန္ယြဲ႕သည္ အမွန္ပင္မျငင္းလိုက္ႏိုင္ေတာ့ေပ။ သို႔ႏွင့္ အဘိုးႀကီးအိမ္သို႔ ဧည့္သည္အျဖစ္ လိုက္သြားရေတာ့သည္။
အဘိုးႀကီး၏နာမည္မွာ က်န္းဟြမ္။ ၿမိဳ႕ေတာ္ တကၠသိုလ္၏ ေက်ာင္းအုပ္တစ္ေယာက္ ျဖစ္ၿပီး ေစတနာ့ဝန္ထမ္း ဆရာတစ္ေယာက္လည္း ျဖစ္သည္။ သူသည္ အသက္ ၇၀ေက်ာ္ၿပီျဖစ္ၿပီး သိပၸံသုေတသနအသင္းဝင္ တစ္ေယာက္ျဖစ္သည္။ သူသည္ ေက်ာင္းသို႔ ေရာက္လာသည္မွာ ဆယ္စုႏွစ္မ်ားစြာ ၾကာၿပီျဖစ္ၿပီး အထက္တန္းစား လူတစ္ေယာက္ ျဖစ္ေလသည္။ သူ႔ကို ေက်ာင္းသား ေက်ာင္းသူမ်ားကို အလြန္ခ်စ္ခင္သေဘာက် ၾကေလသည္။
က်န္းဟြမ္၏ အရွိန္အဝါေၾကာင့္ ကေလးမ်ားသည္ အလြန္အလားအလာရွိၾကၿပီး နယ္ပယ္အသီးသီးတြင္ ဦးေဆာင္သူမ်ား ျဖစ္လာၾကသည္။ ထို႔ေၾကာင့္ က်န္းမိသားစုသည္လည္း ဗဟိုၿမိဳ႕ေတာ္တြင္ အေရးပါသည့္ မိသားစုတစ္ခု ျဖစ္လာခဲ့သည္။ မိသားစုတစ္ခုလုံးသည္ အင္မတန္ေကာင္းမြန္သည့္ ေျမယာတစ္ခုရွိ ႀကီးမားသည့္အိမ္ႀကီးတစ္လုံးတြင္ ေနထိုင္ၾကသည္။
ရွန္ယြဲ႕ကို အရင္ဆုံး ေက်းဇူးတင္စကားလာေျပာသည့္ ေကာင္ေလးမွာ က်န္းဟြမ္၏ေျမး က်န္းေလာ့ျဖစ္သည္။ သူသည္ ၿမိဳ႕ေတာ္တကၠသိုလ္က ဘြဲ႕ရေက်ာင္းသားတစ္ေယာက္ ျဖစ္သည္။
ရွန္ယြဲ႕သည္ သခင္ႀကီးက်န္းေနာက္က လိုက္ဝင္လာၿပီးေနာက္တြင္ သခင္ႀကီးက်န္း၏ ဒုတိယသား က်န္းက်စ္ ႏွင့္ တတိယသားက်န္းဟြာတို႔သည္ ခ်က္ခ်င္းထြက္လာၿပီး ရွန္ယြဲ႕ကို ေႏြးေႏြးေထြးေထြးႏႈတ္ဆက္ၾကေလသည္။
" မိန္းကေလးရွန္ယြဲ႕ ဒီတစ္ခါေတာ့ မိန္းကေလးကို အရမ္းေက်းဇူးတင္ပါတယ္ဗ်ာ၊ မစိုးရိမ္ပါနဲ႔ေနာ္၊ ကြၽန္ေတာ္တို႔ က်န္းမိသားစုက မိန္းကေလးကို ေသခ်ာေပါက္ ေက်းဇူးဆက္ပါ့မယ္" က်န္းက်စ္က ရင္ဘတ္ကို ပုတ္ကာ ကတိေပးေလသည္။
သခင္ႀကီးက်န္းက ထိုစကားကို ၾကားလိုက္ေတာ့ သူကၿပဳံးကာ ေခါင္းညိတ္လိုက္ၿပီး
" ဟုတ္တယ္၊ ငါ့မွာ ေနာက္ဆုံးေတာ့ ငါ့ရဲ႕အသက္ေဟာင္းကို ျပန္ရခဲ့တာ၊ မင္းလိုခ်င္တာ ဘာပဲျဖစ္ျဖစ္ ေျပာလိုက္၊ ငါ လုပ္ေပးႏိုင္တာျဖစ္ေနသ၍ လုံးဝမေတြေဝဘူး"
" ကြၽန္မ မေတာင္းဆိုရဲပါဘူး၊ အဘိုးက အရမ္းကို အားနာတတ္လြန္းေနပါၿပီ" ရွန္ယြဲ႕က ၿပဳံးလိုက္၏။
ရွန္ယြဲ႕သည္ ႐ုပ္ဝါဒီသမားတစ္ေယာက္ မဟုတ္မွန္းသိလိုက္ရသျဖင့္ သခင္ႀကီးက်န္းသည္ သည္မိန္းကေလးကို ပိုၿပီး ေလးစားသြားေတာ့သည္။ သူက မိသားစုအေၾကာင္း လႈိက္လႈက္လွဲလွဲ စကားေဖာင္ဖြဲ႕ရင္း သူမကို ဟိုအေၾကာင္း သည္အေၾကာင္း ေမးလိုက္ေလသည္။ သူ႔သေဘာထားမွာ အမွန္ပင္ သိမ္ေမြ႕လွေပသည္။
ရွန္ယြဲ႕သည္ အသက္ ၁၈ႏွစ္သာ ရွိေသးမွန္း သိလိုက္ရေသာအခါ က်န္းဟြမ္ကို အံ့ဩတႀကီး ေျပာလိုက္ေတာ့သည္။
" ေဟ ဒါဆို မင္းက ငါ့ေရွာင္ေလာ့ထက္ တစ္ႏွစ္ ႏွစ္ႏွစ္ေလာက္ပဲ ငယ္တာေပါ့၊ ဒီလိုငယ္ငယ္ေလးနဲ႔ ေဆးပညာမွာ အရမ္းကို ေျပာင္ေျမာက္တာပဲ၊ တကယ္ အလားအလာရွိတဲ့သူပဲ"
က်န္းဟြမ္သည္ ရွန္ယြဲ႕ကို ၾကည့္ေလေလ သူမကို ပိုၿပီး သေဘာက်ေလေလ ျဖစ္ေနေလသည္။ သည္အခိုက္တြင္ သူသည္ ရွန္ယြဲ႕ကို သူ႔ေက်းဇူးရွင္တစ္ေယာက္လို ဆက္ဆံသည့္အျပင္ သူ႔ေျမးမေလးအရင္းသဖြယ္ ဆက္ဆံလိုက္ေတာ့သည္။
ရွန္ယြဲ႕သည္ သည္အေျခအေနကို စိတ္အေႏွာင့္အယွက္ မျဖစ္မိေပ။ ထို႔အျပင္ အဘိုးႀကီး၏သေဘာထားကလည္း သူမကို သေဘာက်ေလသည္။ သူတို႔သည္ ထူးထူးျခားျခား စကားေကာင္းေနၾကေတာ့သည္။ က်န္းဟြမ္ႏွင့္ ရွန္ယြဲ႕တို႔ ပိုၿပီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ႏွင့္ စကားေျပာေနသည္ကို ေတြ႕လိုက္ရသျဖင့္ က်န္သည့္ က်န္းမသိသားစုမ်ားက ေန႔လည္စာျပင္ဆင္လိုက္ၾကၿပီး ရွန္ယြဲ႕ႏွင့္ သခင္ႀကီးက်န္းကို ဧည့္ခန္းထဲတြင္ ထားခဲ့လိုက္ၾကသည္။
" မိန္းကေလး မင္းက ဗဟိုၿမိဳ႕ေတာ္မွာ ေနတာမဟုတ္ဘူးဆိုေတာ့ ဘယ္မွာေနတာလဲ၊ ဘယ္မွာ ေက်ာင္းတက္ေနတာလဲ" သခင္ႀကီးက်န္းက ေမးလိုက္၏။
" ကြၽန္မ Sၿမိဳ႕မွာေနပါတယ္၊ Sၿမိဳ႕ ပထမအထက္တန္းေက်ာင္းမွာ တတိယႏွစ္ စီနီယာတန္းေရာက္ပါၿပီ" ရွန္ယြဲ႕က ျပန္ေျဖလိုက္၏။
" Sၿမိဳ႕၊ ဗဟိုၿမိဳ႕ေတာ္နဲ႔ မေဝးဘူးကိုး "
သခင္ႀကီးက်န္းက ေရ႐ြတ္လိုက္၏။ ထို႔ေနာက္တြင္ေတာ့ သူ႔မ်က္လုံးမ်ား လင္းလက္သြားေတာ့သည္။
"ဒါဆို ဘယ္တကၠသိုလ္ သြားခ်င္တာလဲ၊ ေဆးပညာေလ့လာဖို႔ စိတ္ဝင္စားလား"
က်န္းဟြမ္သည္ ရွန္ယြဲ႕က ငယ္ငယ္ေလးႏွင့္ လူအသက္ကို ကယ္တင္ရန္ အပ္စိုက္ကုထုံးကို ေလ့လာခဲ့ၿပီး ေဆးပညာတြင္ အင္မတန္ပါရမီ ပါသည္ဟု ခံစားမိေလသည္။ သည္လို ေဆးဘက္ဆိုင္ရာပါရမီရွင္တစ္ေယာက္ကို ၿမိဳ႕ေတာ္တကၠသိုလ္က ေခၚယူႏိုင္လွ်င္ အေကာင္းဆုံးပင္။
ေဆးေက်ာင္းက ဌာနမႉးက သူ႔သူငယ္ခ်င္းေကာင္းတစ္ေယာက္ ျဖစ္သည္။ သူတို႔ႏွစ္ေယာက္သည္ ဆက္ဆံေရးအလြန္ေကာင္းၾကသည္။ ရွန္ယြဲ႕လို ပါရမီရွိသည့္ေက်ာင္းသူတစ္ေယာက္ကို ရႏိုင္လွ်င္ ထိုသူငယ္ခ်င္းေဟာင္းႀကီးက အၿပဳံးတစ္ခုျဖင့္ အိပ္ေနရာမွ ထထိုင္လာေလာက္သည္။
သို႔ေသာ္ ရွန္ယြဲ႕က ေဆးေက်ာင္းသူတစ္ေယာက္ လုံးဝမျဖစ္ခ်င္မွန္းကိုေတာ့ သူ မသိခဲ့ေခ်။ ေနာက္ဆုံး သူမ၏ေဆးပညာအရည္အခ်င္းသည္ ကမာၻေပၚတြင္ ထိပ္တန္းအဆင့္ေရာက္ၿပီးသားပင္။ ေဆးပညာသင္ၾကားရန္ ၿမိဳ႕ေတာ္တကၠသိုလ္သို႔ သြားေရာက္သည္က အေကာင္ႀကီးႀကီးတစ္ေယာက္က အခုမွတည္စ ႐ြာကေလးတစ္ခုသို႔ ဝင္လာသည္ႏွင့္ တူေပလိမ့္မည္။
ရွန္ယြဲ႕က ေတြေဝမေနဘဲ ေခါင္းခါျပလိုက္ေလသည္။
" ကြၽန္မ ေဆးပညာကို မသင္ပါဘူး"
" ဪ"
အဘိုးႀကီးသည္ သူ႔သူငယ္ခ်င္းေကာင္းအတြက္ သက္ျပင္းခ်လိုက္ၿပီးေနာက္ ဂ႐ုတစိုက္ေမးလိုက္ေလသည္။
" မင္းရဲ႕ ထူးခြၽန္တဲ့ ပင္ကိုစြမ္းရည္နဲ႔ဆိုရင္ မင္းကို ၿမိဳ႕ေတာ္တကၠသိုလ္ကို တိုက္႐ိုက္ဝင္လို႔ရေအာင္ ငါ အာမခံေပးႏိုင္တယ္၊ မင္းက မင္းရဲ႕ေမဂ်ာနဲ႔ ဆရာကို ေ႐ြးလို႔ရတယ္၊ မိန္းကေလး ဘယ္လိုထင္လဲ"
သခင္ႀကီးက်န္းဟြမ္၏စိတ္ရင္းကို ၾကားလိုက္ရေသာအခါ ရွန္ယြဲ႕၏ႏွလုံးႏႈန္းမွာ ျမန္ဆန္သြားေတာ့သည္။ သူမသည္ အနည္းငယ္ ကူကယ္ရာမဲ့သလို ျဖစ္သြားေတာ့သည္။ ဒါသည္ ၿမိဳ႕ေတာ္တကၠသိုလ္က သူမကို ဒုတိယႀကိမ္ ကမ္းလွမ္းခဲ့ျခင္းပင္။ သို႔ေသာ္ သူမက ျငင္းလိုက္ျပန္သည္။
" ကြၽန္မ ကိုယ့္ဟာကို ဝင္ႏိုင္ပါတယ္၊ အဘိုးကို ဒုကၡေပးဖို႔ မလိုပါဘူး"
ရွန္ယြဲ႕က စိတ္မဝင္စားသည္ကို ျမင္လိုက္ရသျဖင္ သခင္ႀကီးက်န္းသည္ ထိုအေၾကာင္းကို ျမန္ျမန္ေက်ာ္လိုက္ၿပီး ရွန္ယြဲ႕ႏွင့္ တျခားအေၾကာင္းမ်ား ေျပာလို္ေတာ့သည္။
ရွန္ယြဲ႕ႏွင့္ က်န္းမိသားစုတို႔သည္ အင္မတန္ၿပီးျပည့္စုံသည့္ ေန႔လည္စာကို စားလိုက္ၾကၿပီးေနာက္ သခင္ႀကီးက်န္းက ရွန္ယြဲ႕ကို ဆြဲထားကာ စကားစျမည္ေျပာၾကျပန္သည္။
" မိန္းကေလး မင္းက ေဆးေက်ာင္းမတက္ခ်င္ဘူးဆိုေတာ့ မင္း တက္ခ်င္တဲ့ တျခားေက်ာင္းမ်ားရွိရင္ ငါ့ကို ေျပာျပလို႔ရပါတယ္"
မိသားစု ေန႔လည္စာ စားၿပီးသည့္ေနာက္တြင္ သခင္ႀကီးက်န္းက ဦးစြာ စကားစ,ေျပာလိုက္ေတာ့သည္။
ႏွစ္ေယာက္သားသည္ အခ်ိန္ေတာ္ေတာ္ၾကာေအာင္ စကားေျပာလိုက္ၾကၿပီးေနာက္ သခင္ႀကီးက်န္းက ရွန္ယြဲ႕ကို ပိုပိုသေဘာက် သြားေတာ့သည္။ သည္မိန္းကေလးသည္ ဝၿပီး ခ်စ္စရာေကာင္းေလသည္။ သူမသည္ အရည္အခ်င္းရွိၿပီး ႏွစ္လိုဖြယ္ရွိကာ အဘိုးႀကီးက သူမကို အထူးသေဘာက်ေအာင္ လုပ္ႏိုင္ေလသည္။
" အခုေလာေလာဆယ္ေတာ့ ကြၽန္မမွာ ထူးထူးျခားျခားေ႐ြးခ်င္တဲ့ ဘာသာရပ္မရွိေသးပါဘူး" ရွန္ယြဲ႕က ၿပဳံးကာ ေျပာလိုက္ေလေတာ့သည္။
" ကြၽန္မက ငယ္ေသးလို႔ထင္ပါတယ္၊ စိတ္ဝင္စားစရာေတြ အရမ္းမ်ားေနတယ္"
. . .
အပိုင္း (၁၁၅) သခ်ၤာပါရမီရွင္
ရွန္ယြဲ႕သည္ သူမကိုယ္သူမကို ႀကိဳတင္ေဘာင္ခတ္ထားၿပီး သူမကိုယ္တိုင္အတြက္ ကန္႔သတ္ခ်က္မ်ား ခ်မထားလိုသျဖင့္ အေသးစိတ္ရွင္းမျပလိုက္ေတာ့ေပ။ သူမက အားလုံးကို စိတ္ဝင္စားေနသည္ဟုသာ ေျပာလိုက္ေတာ့သည္။
" ဟုတ္တာေပါ့၊ မင္းတို႔ကေလးေတြက ဘာေတြႀကိဳက္တယ္ဆိုတာကို မသိေသးတဲ့ အ႐ြယ္ပဲ ရွိေသးတာကိုး၊ ဒါဆိုမင္းက အားလုံးကို စမ္းၾကည့္ခ်င္တာေပါ့"
သခင္ႀကီးက်န္းက ေခါင္းညိတ္ကာ နားလည္ေၾကာင္း ျပသလိုက္ေလသည္။ သူက ၾကင္ၾကင္နာနာျဖင့္ ၿပဳံးေနလိုက္၏။
သခင္ႀကီးက်န္း၏ ၾကင္နာတတသည့္အသြင္အျပင္ကို ၾကည့္ရင္း ရွန္ယြဲ႕သည္ ရင္းႏွီးသည့္ခံစားခ်က္ အာ႐ုံတစ္ခုကို ႐ုတ္တရက္ ခံစားလိုက္ရေတာ့သည္။ ရွန္ယြဲ႕သည္ ကေလးဘဝကတည္းက မိဘမဲ့တစ္ေယာက္ ျဖစ္ခဲ့ၿပီး အဖြဲ႕အစည္းတစ္ခု၏ လုပ္ႀကံသူတစ္ေယာက္အျဖစ္ ပ်ိဳးေထာင္ခံခဲ့ရသည္။ သူမ၏အဘိုးမွာ မည္သူမွန္းပင္ သူမ မသိခဲ့ေပ။ သူမသည္ သာမန္မိသားစုတစ္ခုတြင္ ေမြးလာခဲ့လွ်င္ သူမ၏အဘိုးမွာ သခင္ႀကီးက်န္းဟြမ္ႏွင့္ အတူတူေလာက္ပင္ ျဖစ္လိမ့္မည္။
" ေလွ်ာက္မယ့္ လမ္းတစ္ခုကို မေ႐ြးခင္ ငယ္တုန္း ပိုၿပီး စမ္းၾကည့္လို႔ရတာပဲ"
သခင္ႀကီးက်န္းတြင္ ပါရမီရွင္မ်ားကို ႏွစ္သက္သည့္ စိတ္သေဘာထားရွိၿပီး ရွန္ယြဲ႕အား သူ႔အေတြ႕အႀကဳံမ်ားကို တက္ႂကြစြာ ေျပာျပေနေလသည္။
" ငါလည္း ငယ္ငယ္တုန္းက ေလွ်ာက္ခ်င္တဲ့လမ္းကိုမေ႐ြးခင္ အမ်ားႀကီးစမ္းၾကည့္ခဲ့ဖူးတယ္ေလ"
"ဒါနဲ႔ မင္းကို ေဆးပညာဘယ္သူသင္ေပးတာလဲ၊ မင္းရဲ႕ဆရာက ဘယ္သူလဲ"
သခင္ႀကီးက်န္း စိတ္ဝင္စားသည္မွာလည္း မဆန္းေပ။ ရွန္ယြဲ႕၏ေဆးပညာအရည္အခ်င္းသည္ သည္လိုအ႐ြယ္ငယ္ငယ္ေလးမွာပင္ အလြန္ထူးခြၽန္ေနေလသည္။ သူမေနာက္တြင္ သူမကို သင္ၾကားေပးေနသည့္ ကြၽမ္းက်င္ပညာရွင္တစ္ေယာက္ေတာ့ ရွိရမည္။ ကမာၻေပၚက ပါရမီရွင္မ်ားကို သေဘာက်တတ္သည့္ စိတ္ထားရွိသည့္ သခင္ႀကီးက်န္းအေနျဖင့္ သူသည္ သည္လိုပါရမီရွင္မ်ိဳးႏွင့္ လြဲေခ်ာ္ခ်င္လိမ့္မည္မဟုတ္ေပ။
သည္လို ပါရမီရွင္မ်ိဳးကို ရွာေတြ႕ၿပီးေနာက္တြင္ သူသည္ ထိုသူကို ၿမိဳ႕ေတာ္တကၠသိုလ္တြင္ စာသင္ၾကားခြင့္ပင္ေပးလိမ့္အုံးမည္။ ထိုအခ်ိန္တြင္ ေဆးေက်ာင္းက ထိုအဘိုးႀကီးက ဘာမ်ား လုပ္ႏိုင္ပါအုံးမည္နည္း။ သခင္ႀကီးက်န္းသည္ အသက္အ႐ြယ္ႀကီးရင့္ၿပီး ေျမးတစ္ေယာက္ပင္ ရွိေနၿပီျဖစ္ေသာ္လည္း သူ႔စိတ္ကေတာ့ ႏုပ်ိဳေနဆဲ။ သူသည္ လူေလလြင့္ႀကီးတစ္ေယာက္ႏွင့္ပင္ တူေနေသးသည္။
" သူက ကြၽန္မ မေမွ်ာ္လင့္ဘဲ ေတြ႕ခဲ့ရတဲ့ အဘိုးႀကီးတစ္ေယာက္ပါ၊ ကြၽန္မက ေဆးပညာမွာ ေတာ္ေတာ္အရည္အခ်င္းရွိတာ ေတြ႕လိုက္ရလို႔ ကြၽန္မကို အခ်ိန္အၾကာႀကီး သင္ၾကားေပးခဲ့တာ"
ရွန္ယြဲ႕သည္ သခင္ႀကီးက်န္အား သူမ၏အေျခအေနကို မေျပာျပႏိုင္ေပ။ သူမ၏မ်က္လုံးမ်ားက ပတ္ဝန္းက်င္ကို ေဝ့ၾကည့္လိုက္ၿပီး ဆင္ေျခတစ္ခုကို ခ်က္ခ်င္း စဥ္းစားလိုက္ေတာ့သည္။
" ကံမေကာင္းခ်င္ေတာ့ ကြၽန္မ အေျခခံေလာက္ သင္ၾကားၿပီးတဲ့အခ်ိန္မွာပဲ သူ ထြက္သြားခဲ့တယ္၊ သူက နင္ဂိုကတည္းက တျခားေလာကက ပညာရွင္တစ္ေယာက္ေလ၊ ဒါေၾကာင့္ ကြၽန္မ သူ႔ကို ထပ္ၿပီး ဆက္သြယ္လို႔မရခဲ့ဘူး"
ရွန္ယြဲ႕သည္ ေနာက္ပိုင္းတြင္ သည္ေမးခြန္းအေပၚ အေသးစိတ္ အေျဖမေပးႏိုင္မည္စိုးသျဖင့္ သူမက တျခားေလာက ပညာရွင္တစ္ေယာက္ဟုသာ သည္အတိုင္း ေျပာလိုက္ေတာ့သည္။
" ဪ သိပါၿပီ"
သခင္ႀကီးက်န္းသည္ သက္ျပင္းခ်လိုက္ၿပီး အနည္းငယ္စိတ္ပ်က္သြားေတာ့သည္။ သူသည္ ရွန္ယြဲ႕ကို ေခၚမထားႏိုင္ခဲ့သျဖင့္ အနည္းငယ္စိတ္ပ်က္ေနႏွင့္ၿပီးျဖစ္ေလသည္။ ေနာက္ဆုံးတြင္ သူသည္ ေနာက္ထက္ပညာရွင္တစ္ေယာက္ႏွင့္ လြဲေခ်ာ္သြားရျပန္သည္။ သူသည္ မေႏွေျမာဘဲ အဘယ္မွာရွိပါမည္နည္း။
" ဟုတ္ပါတယ္၊ ကြၽန္မရဲ႕ဆရာက တ႐ုတ္ နဲ႔ အေနာက္တိုင္းေဆးပညာ ႏွစ္မ်ိဳးလုံးမွာ ပါရမီရွင္တစ္ေယာက္ပါ၊ ဟိုတုန္းက ကြၽန္မက သခ်ၤာဘာသာရပ္မွာ ေတာ္ေတာ္ေလး အရည္အခ်င္းရွိတာ ေတြ႕လိုက္ရေတာ့ သူက ေျပာခဲ့တယ္ေလ, ကြၽန္မက ဒီပညာကို ေသခ်ာေပါက္ အျမန္တတ္ေျမာက္သြားလိမ့္မယ္တဲ့၊ ဒါေၾကာင့္ပဲ သူက အခ်ိန္ခဏေလာက္ ေနၿပီး ကြၽန္မ သင္ေပးခဲ့တာ" ရွန္ယြဲ႕သည္ သခင္ႀကီးက်န္းက သူမကို မယုံၾကည္ေနမည္ စိုးသျဖင့္ အမွန္အတိုင္းေျပာျပလိုက္ေလသည္။
" ထင္ထားတဲ့အတိုင္းပဲ၊ ဒီလို ပညာရွင္မ်ိဳးကပဲ မင္းရဲ႕ေဆးပညာအရည္အခ်င္း ဒီေလာက္ေကာင္းေအာင္ သင္ေပးႏိုင္မွာ"
သခင္ႀကီးက်န္းက ေခါင္းညိတ္ရင္း ေထာက္ခံလိုက္ေလသည္။ ႐ုတ္တရက္ သူ႔စိတ္ထဲတြင္ တစ္ခုခုကို ေတြးမိသြားသည့္ႏွယ္ သူက ေျပာလိုက္၏။
" မင္းက သခ်ၤာမွာ ေတာ္တယ္လို႔ ေျပာခဲ့သလား"
သခ်ၤာအေၾကာင္း ေျပာလိုက္သည္တြင္ သခင္ႀကီးက်န္းသည္ အြန္လိုင္းေပၚက ထိုေမးခြန္းကို ေျဖရွင္းခဲ့သည့္ သခ်ၤာပါရမီရွင္အေၾကာင္း ႐ုတ္တရက္ ေတြးမိသြားေတာ့သည္။
" ဟုတ္ကဲ့ ၊ မွန္ပါတယ္၊ သာမန္ေလာက္ပါပဲ"
ရွန္ယြဲ႕သည္ အမ်ားႀကီးထုတ္မျပခ်င္ေပ။ ေနာက္ဆုံး သူမ၏ေဆးပညာအရည္အခ်င္းက သခင္ႀကီးက်န္း၏ မွတ္ဉာဏ္ထဲတြင္ အသစ္စက္စက္ေရာက္ႏွင့္ေနၿပီး ျဖစ္ေလသည္။ အလြန္အကြၽံလုပ္ျခင္းက လုံေလာက္ေအာင္ မလုပ္ခဲ့ျခင္းလို ဆိုး႐ြားေပသည္။ သူမသည္ အလြန္ေကာင္းေကာင္း လုပ္ေဆာင္ခဲ့မိလွ်င္ အလြယ္တကူစြန္႔စားရာ က်ေတာ့မည္။
" စကားမစပ္ မင္းလည္း Sၿမိဳ႕ကပဲေနာ္"
သခင္ႀကီးက်န္းသည္ အရင္က သခ်ၤာပါရမီရွင္သည္လည္း Sၿမိဳ႕က ျဖစ္ေၾကာင္း ႐ုတ္တရက္ သတိရသြားၿပီး သူက ျဖစ္ခဲ့သမွ်အေၾကာင္းကို ရွန္ယြဲ႕အား ခ်က္ခ်င္းေျပာလိုက္ေတာ့သည္။
" သခ်ၤာပါရမီရွင္တစ္ေယာက္ Sၿမိဳ႕ေပၚလာခဲ့တာ မင္းသိလား"
အမွန္ပင္။ သခင္ႀကီးက်န္း ေျပာေနသည့္သူအေၾကာင္းကို ရွန္ယြဲ႕ သိေလသည္။ သို႔ေသာ္ သူမသည္ စိတ္ဝင္စားမခံလိုေပ။ ထို႔ေၾကာင့္ မသိသလိုသာ ဟန္ေဆာင္လိုက္ကာ ျပန္ေမးလိုက္ေတာ့သည္။
" ဟုတ္လား၊ ဘယ္သူမ်ားလဲ"
သည္သခ်ၤာပညာရွင္အေၾကာင္း ေျပာလိုက္ရသည္တြင္ သခင္ႀကီးက်န္းသည္ ခ်က္ခ်င္း ေခါင္းေထာင္လာၿပီး သူတို႔သည္ သခ်ၤာပါရမီရွင္ကို မည္သို႔ရွာေတြ႕ခဲ့ပုံႏွင့္ သူ႔ကို ေခၚယူခ်င္ခဲ့ပုံကို ရွန္ယြဲ႕အား အတိအက် ေျပာျပလိုက္ေတာ့သည္။ ေနာက္ဆုံးတြင္ သူတို႔သည္ တစ္ဖက္လူ၏ ျငင္းပယ္ခံလိုက္ရသည္ ဟူ၍။
ရွန္ယြဲ႕သည္ သည္ကိစၥမ်ားကို အလိုလို သိထားၿပီးသားပင္။ သို႔ေသာ္ သည္အခိုက္တြင္ သူမသည္ ထိုအေၾကာင္းကို ပထမဆုံးၾကားလိုက္သကဲ့သို႔သာ ဟန္ေဆာင္ႏိုင္ေတာ့သည္။ ထို႔ေနာက္တြင္ေတာ့ သခင္ႀကီးက်န္း၏ ခံစားခ်က္မ်ားက လႈပ္လႈပ္ရွားရွား ျဖစ္ေနေတာ့သည္။
" ႏွေျမာစရာေကာင္းလိုက္တာ၊ ႏွေျမာစရာေကာင္းလိုက္တာ၊ တစ္ဖက္လူကသာ ၿမိဳ႕ေတာ္တကၠသိုလ္ကို ဝင္ႏိုင္ခဲ့ရင္ ေကာင္းမွာပဲ"
သခင္ႀကီးက်န္းက သက္ျပင္းခ်လိုက္၏။ ေနာက္ထပ္ ပါရမီရွင္တစ္ေယာက္ကို လက္လႊတ္ခဲ့ရသည့္ အေတြးေၾကာင့္ သူသည္ ေခါင္းကို ေျမႀကီးႏွင့္သာ ေျပးေဆာင့္ခ်င္လိုက္ေလေတာ့သည္။
...