အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စ...

By ChihiroLily7

105K 9.3K 82

လုပ်ကြံသူအဖွဲ့တစ်ခုရဲ့ ပျိုးထောင်ခံလာရပြီး ၁၃နှစ်တာလေ့ကျင့်လာပြီးနောက်ပိုင်း ရှန်ယွဲ့ဟာ အသက် ၁၇နှစ်အရွယ်မှာတေ... More

ဇာတ်လမ်းမိတ်ဆက်
အပိုင်း (၁) သစ္စာဖောက်
အပိုင်း (၂) ပြန်လည်မွေးဖွားခြင်း
အပိုင်း (၃) အမည်မသိပူပန်မှု
အပိုင်း (၄) ကျောင်းထွက်ပြီး အလုပ်လုပ်တဲ့
အပိုင်း ( ၅) အမဲဖျက်ခံရတော့မယ့်သိုးတစ်ကောင်
အပိုင်း (၆) မူလပိုင်ရှင်ရဲ့လျှို့ဝှက်ချက်
အပိုင်း (၇) နားလည်ရဲ့လား
အပိုင်း (၈) ကမ္ဘာ့အဆင့်ပုစ္ဆာများကို အဖြေထုတ်ခြင်း
အပိုင်း (၉) ကြီးမားတဲ့ယုံကြည်ချက်
အပိုင်း (၁၀) သူမ ရူးသွားတာလား
အပိုင်း (၁၁) ကျောင်းမှာ ပထမရခြင်း
အပိုင်း ( ၁၂) ဘတ်စ်ကားပေါ်ဖြစ်ရပ်
အပိုင်း (၁၃) လူပါးဝတဲ့ကောင်ကို သင်ခန်းစာပေးမယ်
အပိုင်း ( ၁၄) အရမ်းအကြင်နာမဲ့သွားတယ်
အပိုင်း ( ၁၅) ငါ့မကောင်းကြောင်းပြောနေကြတယ်
အပိုင်း (၁၆) ဆရာ့စည်းကမ်းကို လိုက်နာပါ
အပိုင်း (၁၇) လူမိုက်လေးတစ်သိုက်
အပိုင်း (၁၈) ချန်းမင် ဘောင်းဘီထဲသေးပေါက်ချတယ်
အပိုင်း (၁၉) သူက မင်းအမ လား
အပိုင်း (၂၀) ကျောင်းတော်ရဲ့မင်းသားလေးထပ်တောင်ပိုချောသေးတယ်
Paid Gp စပါပြီ
အပိုင်း (၂၁) ပိုက်ဆံမလောက်ခြင်း
အပိုင်း (၂၂) ပွဲကောင်းတစ်ခုကို စောင့်မျှော်ခြင်း
အပိုင်း (၂၃) နင့်ညီမလေးကို အလျှော့ပေးလိုက်တဲ့
အပိုင်း ( ၂၄) နင့်အသက်ကိုကယ်ပေးမယ်
အပိုင်း (၂၅) အရပ်ဝတ်နဲ့ရဲအတု
အပိုင်း (၂၆) သူမကိုတစ်သန်းပေးလိုက်တယ်
အပိုင်း (၂၇) သူမကိုနာမည် ပျက်စေချင်တာတဲ့
အပိုင်း (၂၈) တံတားပေါ်က ဘူးသီးခြောက်
အပိုင်း (၂၉) အရာရှိတစ်ယောက်ထပ်ဖြစ်မလာနိုင်တော့ဘူး
အပိုင်း (၃၀) ဖုန်းတစ်လုံးဝယ်ခြင်း
အပိုင်း (၃၁) ဆင်းရဲသားနှစ်ယောက်
အပိုင်း (၃၂) VVIP မန်ဘာ
အပိုင်း (၃၃) သူ့သဘောထားက ချက်ချင်းပြောင်းသွားတာနော်
အပိုင်း (၃၄) ကောင်းတဲ့ရည်ရွယ်ချက်နဲ့ မကောင်းတာလုပ်မိတယ်
အပိုင်း (၃၅) ယွမ်တစ်သန်းသုံးခြင်း
အပိုင်း (၃၆) လောင်းရဲလား
အပိုင်း (၃၇) သေမယ့်လမ်း
အပိုင်း (၃၈) သူမရဲ့သရုပ်မှန်
အပိုင်း (၃၉) သားအမိနှစ်ယောက်ကို ပညာပေးမယ်
အပိုင်း (၄၀) အကြွေးတိုင်းမှာ ကြွေးရှင်ရှိတယ်
အပိုင်း ( ၄၁) သွေးရေပန်း
အပိုင်း (၄၂) ယဲ့ရင်းကို ဆက်သွယ်ခြင်း
အပိုင်း (၄၃) ကျေးဇူးပြန်ဆပ်ခြင်း
အပိုင်း ( ၄၄) ကြယ်ငါးပွင့်ဟိုတယ်
အပိုင်း (၄၅) ငွေကို ရေလိုသုံးခြင်း
အပိုင်း (၄၆) စီးပွားရေးလုပ်ငန်း
အပိုင်း (၄၇) ချမ်းသာမှုနှင့် စိတ်ရင်း
အပိုင်း (၄၈) သူမရဲ့လျှို့ဝှက်ချက်
အပိုင်း (၄၉) ခက်ခဲတဲ့ဘဝမှာ နေချင်တယ်တဲ့
အပိုင်း (၅၀) ရဲတင်းလိုက်တာ
အပိုင်း (၅၁) သောက်ကျိုးနဲ
အပိုင်း (၅၂) အုံးနှောက်မကောင်းတော့ဘူး
Thidingyut Promotion
အပိုင်း (၅၃) အိုင်ဒေါအဟောင်း
အပိုင်း ( ၅၄) စိန်ခေါ်တဲ့မေးခွန်း
အပိုင်း (၅၅) သေချာပေါက်လုံးဝငွေမယူဘူး
အပိုင်း (၅၆) အရမ်းမျက်နှာပြောင်တယ်
အပိုင်း (၅၇) အုတ်အော်သောင်းနင်းဖြစ်သွားခြင်း
အပိုင်း (၅၈) အဖြေမှန်
အပိုင်း (၅၉) ငါလေးနဲ့ကစားကြတဲ့သက်တော်စောင့်တွေ
အပိုင်း (၆၀) အာမခံချက်ရှိတဲ့ဝင်ခွင့်အခွင့်အရေးရရှိခြင်း
အပိုင်း (၆၁) သိပ္ပံနည်းကျသုတေသနကို စိတ်မဝင်စားပါ
အပိုင်း (၆၂) အေးစက်စက် ငြင်းပယ်ခြင်း
အပိုင်း ( ၆၃) စိတ်၏လှည့်စားခံရခြင်း
Announcement
အပိုင်း (၆၄) ရယ်စရာကောင်းတဲ့ရမှတ်
အပိုင်း (၆၅) ကလိမ်ကျတဲ့ နည်းလမ်းတစ်ချို့
အပိုင်း (၆၆) မသမာမှုကြောင့် အသရေဖျက်ခြင်း
အပိုင်း (၆၇) ပရမ်းပတာဖြစ်ခြင်း
အပိုင်း (၆၈) အမှတ်ပြည့်
အပိုင်း ( ၆၉) ဆရာမကိုတောင်းပန်လိုက်
အပိုင်း (၇၀) တရားရုံးမှာတွေ့မယ်
အပိုင်း (၇၁) ရှန်ယွဲ့က ရဲခေါ်လိုက်တယ်
အပိုင်း (၇၂) အိုဗာဖြစ်လွန်းတယ်
အပိုင်း (၇၃) ကျောင်းအုပ်ကြီး၏လုပ်ဆောင်ချက်ကို စောင့်ကြည့်ခြင်း
အပိုင်း (၇၄) မင်းကို တနေရာရာမှာတွေ့ဖူးသလိုပဲ
အပိုင်း (၇၅) နောက်ကွယ်လူတစ်စု
အပိုင်း (၇၆) သူကလူပြက်တစ်ယောက်လိုပဲ
အပိုင်း (၇၇) ကျောင်းတော်ရဲ့မင်းသမီးလေးထပ်တောင်လှသေးတယ်
အပိုင်း (၇၈) ရှန်ယွဲ့မှာ ချစ်သူအသစ်ရှိတယ်တဲ့
အပိုင်း ( ၇၉) ကျိုးရွှမ်းကို နာမည်တပ်ခေါ်တယ်
အပိုင်း (၈၀) ဟန်ရဲ့ကို မျက်နှာလုပ်ခွင့်ပေးလိုက်တယ်
အပိုင်း (၈၁) ငွေတစ်ခုသာ မျက်လုံးထဲမှာမြင်တယ်
Year End Promotion and Year End Event
Year End Event Announcement
အပိုင်း (၈၂) ယွမ် ၅၀,၀၀၀ကို လက်ခံလိုက်တယ်
GP - 2 မိတ်ဆက်
အပိုင်း ( ၈၃) ကျိုးမိသားစုဆီသို့ အလည်အပတ်
အပိုင်း (၈၄) ကမ္ဘာ့နံပါတ် တစ်, ဇီးရိုး
အပိုင်း (၈၅) ရန်သူရဲ့တန်ပြန်တိုက်စစ်
အပိုင်း (၈၆) ကျွန်တော်က အဲလိုလူမျိုးမဟုတ်
အပိုင်း (၈၇) အပြစ်ပြုမိသည်ဟု ခံစားမိခြင်း
အပိုင်း (၈၈) ကင်မရာကို ဖွင့်လိုက်မယ်
အပိုင်း (၈၉)ခံစားချက်ပေါ်မူတည်ပြီး ခန့်မှန်းကြည့်ခြင်း
အပိုင်း (၉၀) စပရိုက်နည်းနည်းတိုက်လိုက်မယ်
အပိုင်း (၉၁) ဥက္ကဋ္ဌကျိုးက ဂေး တဲ့
အပိုင်း (၉၂) ၃၆မိနစ်
အပိုင်း (၉၃) စပရိုက်သေးသေးလေး
အပိုင်း (၉၄) အခုချက်ချင်းထွက်သွား
အပိုင်း (၉၅) မဟာအခွင့်အရေးတစ်ခု
အပိုင်း (၉၆) အပြင်မှာ လေပြင်းနေတယ်
အပိုင်း (၉၇) အတုအယောင်ဟု သံသယဖြစ်မိ
အပိုင်း (၉၈) သူ့ခေါင်းကို ရိုက်ခွဲလိုက်တယ်
အပိုင်း (၉၉) တကယ်စိတ်ဆိုးတယ်
အပိုင်း (၁၀၀) ယွမ် တစ်သန်းလျှော်ကြေး
အပိုင်း (၁၀၁) အပေါက်ဆိုးတဲ့မိန်းမ
အပိုင်း (၁၀၂) နင့်ကို မေ့သွားတော့မလို့
အပိုင်း (၁၀၃) ဘယ်သူက ထွက်သွားခွင့်ပေးလို့လဲ
အပိုင်း (၁၀၄) ယွမ် နှစ်သိန်း
အပိုင်း (၁၀၅) ဘယ်သူက ထွက်သွားလို့ ပြောလို့လဲ
အပိုင်း (၁၀၆) + အပိုင်း (၁၀၇)
အပိုင်း (၁၀၈)+အပိုင်း (၁၀၉)
အပိုင်း (၁၁၂) + အပိုင်း (၁၁၃)
အပိုင်း (၁၁၄) + အပိုင်း (၁၁၅)
အပိုင်း (၁၁၆) + အပိုင်း (၁၁၇)
အပိုင်း (၁၁၈) +(၁၁၉)
အပိုင်း (၁၂၀) + အပိုင်း (၁၂၁)
အပိုင်း (၁၂၂) + အပိုင်း (၁၂၃)
အပိုင်း (၁၂၄) + အပိုင်း (၁၂၅)
အပိုင်း (၁၂၆+၁၂၇)
အပိုင်း (၁၂၈ + ၁၂၉)
အပိုင်း (၁၃၀ + ၁၃၁)
အပိုင်း (၁၃၂ + ၁၃၃)
အပိုင်း (၁၃၄ + ၁၃၅)
အပိုင်း (၁၃၆ + ၁၃၇)
အပိုင်း (၁၃၈ + ၁၃၉)
အပိုင်း (၁၄၀ + ၁၄၁)
အပိုင်း (၁၄၂ + ၁၄၃)
အပိုင်း (၁၄၄ + ၁၄၅)
အပိုင်း (၁၄၆ + ၁၄၇)
အပိုင်း (၁၄၈ + ၁၄၉)
Thingyan Promotion!
GP-3 Announcement + Promotion လေးထပ်ပေးထားပါတယ်ရှင်
အပိုင်း (၁၅၀+၁၅၁)
အပိုင်း (၁၅၂+၁၅၃)
အပိုင်း (၁၅၄+၁၅၅)
အပိုင်း (၁၅၆+၁၅၇)
အပိုင်း (၁၅၈+၁၅၉)
အပိုင်း (၁၆၀+၁၆၁)
အပိုင်း (၁၆၂+၁၆၃)

အပိုင်း (၁၁၀)+အပိုင်း(၁၁၁)

472 42 0
By ChihiroLily7


အပိုင်း (၁၁၀) ကျိုးမိသားစုဆီ ရောက်လာတဲ့သတင်း

ဟန်လင်းသည် ကျိုးရွှမ်းဖုန်းကိုင်လိုက်သည်နှင့် တပြိုင်နက် အလွန်မှ စိတ်လှုပ်ရှားသွားတော့သည်။ သည်အချိန်အတောအတွင်း သူသည် ရှန်ယွဲ့၏ နောက်ခံလုပ်ပေးခဲ့သည်။ သူ့ကြိုးစားမှုတို့က အလကားမဖြစ်ခဲ့ပေ။

" မင်္ဂလာပါ ဥက္ကဋ္ဌကျိုး ၊ ပြီးခဲ့တဲ့တခေါက်က လူကြီးမင်းရဲ့လက်ထောက်ကို ညွှန်ကြားခိုင်းခဲ့တဲ့သူ ဟန်လင်း ပါခင်မျာ...."

သို့သော်ငြား သူကမိတ်ဆက်စကားကို ပြင်ဆင်ထားလိုက်ပြီး သူ့ကို နွေးနွေးထွေးထွေး နိမ့်ချကာ နှုတ်ဆက်လိုက်သည်နျင့် ကျိုးရွှမ်း၏လက်ထောက်အသံက တစ်ဖက်မှာ ထွက်လာတော့သည်။

" မြို့တော်ဝန်ဟန် ပြေစရာရှိရင် ပြောပါ"

ဟန်လင်းမှာ ကြောင်အမ်းအမ်းဖြစ်သွားတော့သည်။

" ဥက္ကဋ္ဌကျိုးကို ဖုန်းဖြေပေးဖို့ မေးလိုက်တာမဟုတ်ဘူးလား၊ ဒါက..."

လက်ထောက်က ဥက္ကဋ္ဌကျိုးဘေးတွင် ရပ်ကာ ပြန်ဖြေလိုက်၏။

" ဥက္ကဋ္ဌကျိုးက ကျွန်တော့်ဘေးမှာ နားထောင်နေပါတယ်"

" ဪ ကောင်းပါပြီ"

ဟန်လင်းသည်အနည်းငယ် စိတ်ပျက်သွားသော်လည်း ကျိုးရွှမ်းနှင့် တိုက်ရိုက်စကားပြောရန် အခြေအနေမရှိသေးသည့် သူအဆင့်အတန်းကို နားလည်လိုက်လေသည်။ ကျိုးရွှမ်းက ရှန်ယွဲ့ကြောင့်သာ ဘေးတွင် နားထောင်ပေးနိုင်ခြင်းပင်။

ထို့ကြောင့် ဟန်လင်းက သူ့ဘဝတွင် လေ့လာခဲ့သည့်အရာအားလုံးနှင့် အစွမ်းအကုန်ထုတ်သုံးကာ သည်နေ့ ရှန်ယွဲတွင် ဖြစ်ပျက်သမျှအရာကို အကောင်းဆုံးဖြစ်အောင် ကွက်ကွက်ကွင်းကွင်း ဖော်ပြလိုက်တော့သည်။

စကားပြောနေစဥ်တစ်လျှောက်လုံးတွင် ကျိုးရွှမ်း၏လက်ထောက်က ပြန်ဖြေပေးနေပြီး ဟန်လင်းက တစ်ယောက်ထဲ စကားပြောနေလေသည်။ အကြောင်းအရာ ပြီးဆုံးသွားချိန်တွင်တော့ ဖုန်းတစ်ဖက် ဘာလှုပ်ရှားမှုမှ မရှိပေ။ ဟန်လင်းမှာ စိတ်ပျက်လုနီးနီး ဖြစ်သွားတော့သည်။ ဘာဖြစ်နေတာလဲ။ ဧကန္တ ဥက္ကဋ္ဌကျိုးက သူ ဒီနေ့လုပ်ခဲ့တာကို စိတ်မကျေနပ်လို့များလား။ သူသည် စိုးရိမ်ပူပန်မိလာတော့သည်။

အားလုံး ရှုပ်ထွေးသွားပြီးဟု တွေးလိုက်ချိန်မှာပင် ကြည်လင်ပြတ်သားသည့် အမျိုးသားတစ်ယောက်အသံက ဖုန်းတစ်ဖက်က ထွက်ပေါ်လာ၏.

" ဒီတော့ သူက တကယ်ပဲ တူတစ်လက်ကို ယူပြီး သူ့မောင်လေးကို စော်ကားခဲ့တဲ့လူရဲ့ လက်ချောင်းကို နေရာမှာတင် ထုချေခဲ့တယ်ပေါ့ ဟုတ်လား"

ကျိုးရွှမ်းသည် မူလက စီးကရက်တစ်လိပ်သောက်နေပြီး ဟန်လင်း၏စကားကို အလေးပေးနားထောင်မနေခဲ့ပေ။ သို့သော် ရှန်ယွဲ့လုပ်ခဲ့သည့် အရာက အလွန်မှ ထူးခြားနေသဖြင့် သူသည် မနေနိုင်ဘဲ ဆွဲဆောင်ခံလိုက်ရတော့သည်။ ထိုအကြောင်းကို ကြားလိုက်ပြီးနောက် ကျိုးရွှမ်းက စိတ်ဝင်စားသွားပြီး ဟန်လင်းကို ထိုသို့ မေးလိုက်ခြင်းပင်။

ဟန်လင်းက အလွန်မှ မှတ်မိလွယ်သည့်အသံကို ကြားလိုက်ရသောအခါ တစ်ဖက်က စကားပြောနေသူမှာ ကျိုးရွှမ်းမှန်း ချက်ချင်း မှတ်မိသွားတော့သည်။

အခွင့်အရေးကတော့ နောက်ဆုံး ရောက်လာခဲ့ပြီ။

ဟန်လင်းက သူ့လက်များကို ပွတ်လိုက်ပြီး ကျိုးရွှမ်း၏အတွေးများကို တမင်ဆွပေးလိုက်ပြီးမှ ပြန်ဖြေလိုက်လေသည်။

" ဟုတ်ပါတယ်၊ ကျွန်တော့်မျက်လုံးနဲ့ ကိုယ်တိုင်မြင်ခဲ့တာပါ၊ သူက သူ့နောက်ကလိုက်လာတဲ့ ဝတ်စုံအနက်နဲ့ သက်တော်စောင့်တွေကို ကောင်လေးကို ချုပ်ထားခိုင်းပြီး သူ့လက်မကိုတူနဲ့ ထုလိုက်တာ၊ ပထမတုန်းကတော့ တစ်ဖက်လူက ဆဲတောင်နေသေးတယ် ဒါပေမယ့် ဒုတိယတစ်ကြိမ်ကျတော့ သတိပါလစ်သွားတယ်၊ သူ့မောင်လေးသာ ဝင်မတားရင် သူ ဆက်ပြီး ထုထောင်းနေလောက်သေးတယ်"

သည်အကြောင်းအရာအားလုံးသည် ချန်းယန်က သူ့ကို အသေးစိတ်ပြောပြထားသည့်အရာများဖြစ်သော်လည်း ဟန်လင်းက သူ့မျက်စိဖြင့် ကိုယ်တိုင်မြင်ခဲ့ရသည့်နှယ် အလွန်ကွက်ကွက်ကွင်းကွင်း ဖြစ်နေအောင် ပြောလိုက်လေသည်။

အမှန်တစ်ဝက် လုပ်ကြံဖန်တီးမှုတစ်ဝက်ဖြစ်စဥ်တစ်ခု။ ဒါသည် ဟန်လင်း၏ စကားပြောဆိုသည့်ပုံစံဖြစ်သည်။

ခဏလောက် ရပ်လိုက်ပြီးနောက် ဟန်လင်းက ထက်ပြောလိုက်၏။

" သူ အဲဒီကလေးကို ရိုက်ခဲ့တာလည်း အဲဒီကလေးက သူ့မောင်ကို ခဏခဏ အနိုင်ကျင့်တတ်ပြီးတော့ သူ့မောင်ရဲ့နောက်ခြေတစ်ချောင်းကို ချိုးဖို့ နောက်လူတစ်ယောက်ကို ခေါ်လိုက်လို့ပဲ၊ ဒါကြောင့် ရှန်ယွဲ့က သူ့ကို ဒီလို လက်စားချေခဲ့တာ၊ ဒီလို ချစ်ရဲ မုန်းရဲတဲ့ မိန်းကလေးမျိုးမတွေ့ဖူးတာတောင် တော်တော်ကြာနေပါပြီ"

ကျိုးရွှမ်း၏ အနေအထားနှင့် သဘောထားကို မှန်းချက်ထုတ်လိုက်ပြီး ဟန်လင်းက တစ်ခုခုကို တမင်ပြောလိုက်ပြီး နောက်ဆုံးတွင် ကျိုးရွှမ်၏စိတ်ထဲက ရှန်ယွဲ့၏အနေအထားကို ဆန်းစစ်ကြည့်လိုက်လေသည်။

ခဏကြာပြီးနောက် ဖုန်းတစ်ဖက်က ပြတ်တောင်းတောင်း ရယ်သံတစ်ခု ထွက်လာသဖြင့် ဟန်လင်း၏မျက်လုံးများ လင်းလက်သွားတော့သည်။ သူ လောင်းကြေးထပ်လိုက်တာ မှန်သွားတာပဲ။ ကျိုးမိသားစုမှာ ရှန်ယွဲ့ရဲ့အခြေအနေက တကယ် ထူးခြားနေတာပဲ။ ကျိုးရွှမ်းရဲ့မျက်လုံးထဲမှာ သူမက အရမ်းကိုအရေးပါတဲ့သူ တစ်ယောက်တောင် ဖြစ်နေနိုင်တယ်။ သူ ရှန်ယွဲ့ကို မျက်နှာချိုးသွေးထားရမယ်။ ဟန်လင်းမှာ အပျော်လွန်သွားတော့သည်။

ကျိုးရွှမ်းသည် ဟန်လင်း၏စကားကြောင့် အမှန်ပင် သဘောကျသွားလေသည်။

သို့သော် ကျိုးရွှမ်းသည် ရှန်ယွဲ့က လူတစ်ယောက်၏လက်ချောင်းကို ထုချေခဲ့ခြင်းကြောင်း ရယ်မောလိုက်သည်တော့ မဟုတ်ပေ။ ကျိုးယန်အား လုပ်ကြံသူတစ်ယောက်၏ လက်ထဲက ကယ်တင်ပေးနိုင်သည့် တစ်စုံတစ်ယောက်က သည်လိုကိစ္စမျိုး လုပ်သည်မှာ မထူးဆန်းပေ။ ဟန်လင်းပြောလိုက်သည့် ' သက်တော်စောင့်တွေကို ထိန်းချုပ်ခိုင်းလိုက်တယ်' ဟူသည့် စကားကြောင့် ရယ်မောမိသွားခြင်းပင်။

ရှန်ယွဲ့ဘေးမှာ နေနိုင်တဲ့ အနက်ရောင်ဝတ်စုံနဲ့ သက်တော်စောင့်တွေက ကျိုးမိသားစုက ရှန်ယွဲ့ကို ကာကွယ်ပေးဖို့ လွှတ်ထားတဲ့သူဆိုတာ ရှင်းနေတာကိုး။ သူ အမှတ်မမှားရင် ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ရှန်ယွဲ့က ကျိုးမိသားစုရဲ့ငွေတွေကို သက်တော်စောင့်တွေငှားဖို့ပဲ သုံးတာလားဆိုပြီး ကျိုးမိသားစုကို သရော်ခဲ့သေးတယ်မလား။ အဲဒီတုန်းကတော့ သူမက အရမ်းကို အထင်သေးနေတဲ့ပုံနဲ့။ အခုတော့ သူမက ဘေးကသက်တော်စောင့်တွေကို အရမ်းကို အသားကျနေတဲ့ပုံနဲ့ အမိန့်တောင်ပေးလိုက်သေးတယ်။

ကျိုးရွှမ်းသည် ကလေးမလေး၏ မလှိမ့်တပတ်လုပ်သွားသည့် ပုံစံကို စိတ်ဝင်စားစရာကောင်းသည်ဟု တွေးလိုက်မိပြီး ရယ်မောလိုက်ခြင်းပင်။ ထို့နောက် သူက မေးလိုက်၏။

" ဒီတစ်ခါ သူက ခင်များကို ကျိုးမိသားစုဆီ သတင်းပို့ပေးဖို့ တောင်းဆိုခဲ့တာလား"

သူမက သက်တော်စောင့်တွေကိုတောင် အလုပ်သမားတွေလို သုံးနေပြီဆိုတော့ ပြီးခဲ့တဲ့ တစ်ခေါက်တုန်းကလိုပဲ ကျိုးမိသားစုကို တမင်သရော်နိုင်သေးတယ်မလား။ ကျိုးရွှမ်းက ထိုသို့ တွေးလိုက်လေသည်။

ကျိုးရွှမ်း၏မေးခွန်းကို ကြားလိုက်ရသဖြင့် ဟန်လင်းမှာ နှင်သွားတော့သည်။ သူသည် အကြောင်းအရာကို အသေးစိတ် ပြောပြခဲ့သော်လည်း သူသည် ထိုအကြောင်းကို ချန်းယန်ထံမှာ ကြားခဲ့ရပြီး လုပ်ကြံပြောဆိုထားသည်က ခပ်များများဖြစ်နေသည်။ အမှန်တွင် ဟန်လင်းသည် သည်တစ်ကြိမ် ရှန်ယွဲ့နှင့် ဖုန်းပြောစဥ်က စကားသုံးခွန်းသာ ပြောခဲ့ရပြီး သူမနှင့်ပင် မတွေ့လိုက်ရပေ။

သို့သော်ငြား ကျိုးရွှမ်းက ရှန်ယွဲ့နှင့် လုံးဝမတွေ့ဆုံနိုင်ပါဟု သူ အတတ်မပြောနိုင်ပေ။ မဟုတ်လျှင် သူ လိမ်ထားသည်များ ပေါ်ပေါက်သွားမည် မဟုတ်ပါလား။

...

အပိုင်း (၁၁၁) နှစ်ထပ်ကွမ်းဆေးပညာ ပါရမီရှင်

ဟန်လင်းသည် သူ့အုံးနှောက်ကို အပြေးအလွှားအလုပ်ပေးလိုက်ပြီး ခဏလောက် တုံ့ဆိုင်းသွားတော့သည်။ သူသည် သူ့ကိုယ်သူ အားတင်းကာ ရှန်ယွဲ့နှင့် ကျိုးရွှမ်းတို့ကြားက ဆက်ဆံရေးကို ခန့်မှန်းထားချက်အရ အလွန်ဒွိဟဖြစ်ရာ အဖြေကိုသာ ပြန်ပြောလိုက်တော့သည်။

" အဲ ဟုတ်ကဲ့၊ သူမ မေတ္တာပို့သကြောင်း လိုက်ပါတယ်"

မေတ္တာပို့သကြောင်း ဟုတ်လား။ အဲဒီ လူထူးဆန်းကလေးမက ဘယ်လို မေတ္တာမျိုးကို ပို့သမှာတဲ့လဲ။ ကျိုးရွှမ်းသည် ထိုစကားကို ကြားလိုက်ရချိန်တွင် တစ်ခုခုမှားယွင်းနေသည်ကို ခံစားမိလိုက်လေသည်။ ရှန်ယွဲ့က သူ့ကို တကယ်နှုတ်ဆက်နေခြင်းမဟုတ်သလို ခံစားလိုက်ရတော့သည်။ သူမက ဟန်လင်းကို သတင်းပို့တဲ့သူတစ်ယောက်လို တမင်အသုံးချပြီး တစ်ခုခုကို အရိပ်အမွက်ပြောနေတာပဲ။ သူမက ကျိုးမိသားစုကို တနည်းနည်းနဲ့ မကျေမနပ် ဖြစ်နေလို့ သူတို့ကို လှောင်ပြောင်နေတာများလား။

တခြားသူသာဆိုလျှင် ကျိုးရွှမ်းသည် သူတို့ကို ဆက်ဆံရာတွင် စိတ်ရှည်နေလိမ့်မည်မဟုတ်ပေ။ သို့သော် ရှန်ယွဲ့သည် နောက်ဆုံး ကျိုးယန်၏ ကျေးဇူးရှင်ဖြစ်နေသည်။ ကျိုးရွှမ်းသည် သူမကို ပိုပြီးသည်းခံပေးနိုင်ရန်သာ ရှိတော့သည်ဟု ခံစားလိုက်ရတော့သည်။ သို့မဟုတ်လျှင် ကျိုးမိသားစုက ကျေးဇူးကြွေးပြန်ဆပ်ရန်မသိ၊ ဆက်ဆံရေးကို တန်ဖိုးထားရကောင်းမှန်း မသိသူဖြစ်သွားလျှင် မကောင်းတော့ပေ။

ကျိုးရွှမ်းသည် အချိန်အကြာကြီး စဥ်းစားခဲ့သော်လည်း သည် 'မေတ္တာပို့သပါသည်'ဟူသည့် စကားလုံး၏အဓိပ္ပါယ်ကို အဖြေရှာမရနိုင်ဖြစ်နေလေသည်။ နောက်ဆုံးတွင် သူက 'စိတ်ဝင်စားစရာပဲ'ဟုသာ ပြောနိုင်တော့သည်။

ဖုန်းချလိုက်ပြီးနောက် လက်ထောက်လေးက ကြောက်ကြောက်လန့်လန့်ဖြင့် ကျိုးရွှမ်း၏အမူအရာကို ခိုးကြည့်လိုက်ပြီး မသက်မသာခံစားလိုက်ရတော့သည်။ ကျိုးရွှမ်းရဲ့ အခြေအနေကို ကြည့်ရတာ သူ ဒီဖုန်းကို နားထောင်ပြီးတော့ အရမ်းပျော်နေတဲ့ပုံပဲ။ အော်တောင် ရယ်လိုက်သေးတယ်။ နောက်ဆုံး သူ စိတ်ကြည်သွားပြီ ထင်ပါရဲ့။

ဒါက ပထမဆုံးအကြိမ်ပဲ။

ဒါဆို ကျိုးရွှမ်း စိတ်ကြည်သွားတာ ဟန်လင်းကြောင့်လား ရှန်ယွဲ့ကြောင့်လား။ လက်ထောက်လေးသည် ရှန်ယွဲ့ကြောင့် ပိုဖြစ်နိုင်သည်ဟု ခံစားမိလေတော့သည်။

သူဌေးကြီး၏အတွေးများကို တိတ်တဆိတ် အဖြေထုတ်လိုက်ပြီးနောက် လက်ထောက်လေးက ကျိူးရွှမ်း၏စာကြည့်ခန်းက ထွက်သွားပြီးနောက် အခုချိန်ကစပြီး ဟန်လင်းက ရှန်ယွဲ့အကြောင်း သတင်းပို့လာ သမျှကို ကျိုးရွှမ်းအား ချက်ချင်းပြောပြရလိမ့်မည်ဟု ဆုံးဖြတ်လိုက်တော့သည်။ နောက်ဆုံး ဒါသည် ကျိုးရွှမ်း၏စိတ်အခြေအနေကို တိုးတက်စေနိုင်လေသည်။

ရှန်ယွဲ့မှာ ဟန်လင်း၏ပေါက်ကရစကားများကြောင့် လှပသည့်နာလည်မှုလွဲမှားခြင်းတစ်ခု ဖြစ်သွားမှန်း မသိလိုက်ပေ။

....

နေက်တစ်နေ့ မနက်တွင် ရှန်ယွဲ့သည် စောစောစီးစီး ဖယ်ဒရေးရှင်း ဗဟိုမြို့တော်သို့ သွားသည့် ကားတစ်စီးပေါ် လိုက်ပါလာခဲ့လေသည်။

မှောင်ခိုစျေးကွက်ကုန်သည် ဟွမ်ရို့ထံမှ ဆေးပင်များကို တောင်းထားခြင်းအပြင် သူမသည် သည်နေရာတွင် အရေးကြီးလုပ်စရာတစ်ခု ရှိနေသည်။ သူမသည် လွန်ခဲ့သည့်လအနည်းငယ်က ဘဏ်မီးခံသေတ္တာထဲတွင် သိမ်းထားခဲ့သည့် ငွေအပ်တစ်စုံကို ပြန်ယူခဲ့ချင်သည်။ တရုတ်ဆေးပညာ အပ်စိုက်ကုသရာတွင် လိုအပ်သည့်ပစ္စည်းတစ်ခု ဖြစ်သည်။

ဆေးပညာအရည်အချင်းမြင့်လေလေ အပ်အရည်အတွက် များများ ပိုလိုလေလေဖြစ်သည်။ သူမ ဘဏ်တွင်အပ်ထားသည့် အပ်တစ်စုံစာမှာ သူမနှင့် နှစ်ပေါင်းများစွာ အတူတူရှိခဲ့လေသည်။

မှောင်ခိုစျေးက ညပိုင်းမှ ဖွင့်မည်ကို စဥ်းစားလိုက်ပြီး ရှန်ယွဲ့သည် အလျင်မလိုချေ။ သူမသည် ဘဏ်သို့သွားက သူမ၏ပစ္စည်းများကို အရင်သွားယူရန် ဆုံးဖြတ်လိုက်တော့သည်။

သူမ၏နာမည်ကို ကိုယ်ပျောက်သမားတော်ဟု သိကြသူ ကမ္ဘာပေါ်တွင် အများအပြားရှိသော်လည်း သူမ၏ဆေးပညာအရည်အချင်းက သာလွန်အဆင့်ဖြစ်နေရသည့် အကြောင်းအရင်းကို သိသူများကို လက်ချိုးရေလို့ရလေသည်။

ရှန်ယွဲ့သည် ဆေးပညာကို လေ့လာစဥ်က အနောက်တိုင်းဆေးပညာနှင့် တရုတ်ဆေးပညာ နှစ်ခုလုံး သင်ကြားရာတွင် ပါရမီရှင်တစ်ယောက် ဖြစ်ခဲ့သည်။ ထိုပညာရပ်နှစ်ခုလုံးကို အပြည့်အဝ ပေါင်းစပ်ပြီး သူမ၏သူမတူသည့် ဆေးပညာစွမ်းရည်များကို ဖန်တီးခဲ့ခြင်းပင်။

လူနာသည် အမှန်ပင် ကုသရန်မဖြစ်နိုင်တော့ဘဲ သေစေနိုင်လောက်သည့် ဖျားနာခြင်းမျိုးမဟုတ်ခဲ့လျှင် ရှန်ယွဲ့သည် တစ်ချိန်ထဲတွင် ဆေးပညာနှစ်မျိုးကို အလွယ်တကူထုတ်မသုံးတတ်ပေ။ သို့သော် သည်တစ်ကြိမ်တွင် သူမသည် ရှန်ချန်ကို ခွဲစိတ်ပေးရန် ပြင်ဆင်နေရသည့်အတွက် ရှန်ယွဲ့သည် ခွဲစိတ်မှုတွင် ဆုံးရှုံးမှုအနည်းဆုံး ဖြစ်အောင် အကောင်းဆုံး အပြည့်အဝ ပြင်ဆင်ထားရလိမ့်မည်။

ရှန်ယွဲ့က ရင်းနှီးနေကျ ဖယ်ဒရေးရှင်း ပထမဘဏ်ကို သွားလိုက်ပြီး ထိပ်တန်း VIPခန်းဆီ တန်းတန်းမတ်မတ် သွားလိုက်လေသည်။ သူမသည် ထိပ်တန်း VIPများကို လက်ခံသည့် တာဝန်ခံနှင့် တွေ့လိုက်၏။

" မင်္ဂလာပါ၊ ကျွန်မ နံပါတ် KL889က ပစ္စည်းကို ထုတ်ချင်လို့ပါ၊ လျှို့ဝှက်ကုဒ်က : အညိုရောင်စာကလေး ငါ့အိပ်ရာပေါ်မှာ နားနေတယ်"

ကံအားလျော်စွာ သည်နေရာတွင် ပစ္စည်းများကို ထုတ်ယူရန် ဘာသက်သေခံအချက်အလက်မှ မလိုအပ်ပေ။ လျှို့ဝှက်ကုဒ်တစ်ခုသာ လိုအပ်လေသည်။ အမှန်တွင် သုံးစွဲများအတွက် သည်နေရာရှိ ပစ္စည်းများ၏ လုံခြုံရေးကိုလည်း အထူးလေ့ကျင့်ထားသည့် လူတစ်ယောက်က ကိုင်တွယ်ပေးရသည်။ သုံးစွဲသူ၏ကိုယ်ပိုင်လုံခြုံရေးကို အပြည့်အဝ ကာကွယ်ပေးရန် တစ်ယောက်ချင်း လျှို့ဝှက်ဆက်သွယ်ရေးကိုလည်း ဖန်တီးပေးထားသည်။

ထို့ကြောင့် ရှန်ယွဲ့က သူမ၏ငွေအပ်ကို လာယူရဲခြင်းပင်။ သူမ ဘဏ်ထဲတွင် အပ်ထားသည့် ငွေများကိုတော့ လင်ယွဲ့အနေဖြင့် လာမယူသ၍ ထိလို့မရပေ။ သူမ အသက်ရှင်နေသေးကြောင်း ပေါ်ပေါက်သွားလိမ့်မည်။

အမှောင်ထဲတွင် ပုန်းခိုနေသော မရေမတွက်နိုင်သည့် အဆိပ်ပြင်းမြွေများ ရှိနေသည်။ ထို့ကြောင့် ရှန်ယွဲ့သည် သတိထားနေရသည်။ ငွေအတွက်တော့ သည်အခိုက်အတန့်တွင် သူမသည် အနည်းငယ်ပြတ်လပ်နေသော်လည်း သူမ ငွေရှာနိုင်သ၍ ပြဿနာကြီးတစ်ခုမဟုတ်ပေ။

သို့သော် အချိန်အကြာကြီး မတွေ့ခဲ့ရသည့် သူမ၏ ငွေအပ်များကို နောက်ဆုံးတွင် ပြန်လည်ရရှိချိန်တွင်တော့ ရှန်ယွဲ့မှာ မပွင့်တပွင့် သက်ပြင်းချလိုက်မိဆဲပင်။

" ဟင်း"

သူမသည် အဖွဲ့အစည်းအတွက် မစ်ရှင်များ ကူလုပ်ပေးခဲ့စဥ်က ဗဟိုမြို့တော်တွင် အချိန်တစ်ခုအထိ မကြာမကြာ လာနေခဲ့ဖူးသည်။ ထို့ကြောင့် သူမသည် ဗဟိုမြို့တော်နှင့် အလွန်မှ ရင်းနှီးလေသည်။ နောက်ဆုံးတစ်ခေါက် အဖွဲ့အစည်းက ဗဟိုမြို့တော် တောင်ပိုင်းရှိ ဖယ်ဒရေးရှင်းလျှို့ဝှက်အဆောက်အအုံးကို ထိုးဖောက်ဖို့ သူမကို လွှတ်ခဲ့သည်။ မညီညာသည့်လမ်းက ငွေအပ်များကို ပျက်စီးသွားစေမည်စိုးသဖြင့် သူမက အပ်များကို သည်ဘဏ်တွင် လာအပ်ထားခဲ့ခြင်းပင်။

မျှော်လင့်မထားဘဲ သူမ၏အဖိုးတန် ငွေအပ်များကို တဖန် ပြန်ရလာချိန်တွင်တော့ လင်ယွဲ့သည် သေဆုံးသွားပြီး ရှန်ယွဲ့က ရှင်သန်လာခဲ့လေသည်။

...

အပိုင္း (၁၁၀) က်ိဳးမိသားစုဆီ ေရာက္လာတဲ့သတင္း

ဟန္လင္းသည္ က်ိဳး႐ႊမ္းဖုန္းကိုင္လိုက္သည္ႏွင့္ တၿပိဳင္နက္ အလြန္မွ စိတ္လႈပ္ရွားသြားေတာ့သည္။ သည္အခ်ိန္အေတာအတြင္း သူသည္ ရွန္ယြဲ႕၏ ေနာက္ခံလုပ္ေပးခဲ့သည္။ သူ႔ႀကိဳးစားမႈတို႔က အလကားမျဖစ္ခဲ့ေပ။

" မဂၤလာပါ ဥကၠ႒က်ိဳး ၊ ၿပီးခဲ့တဲ့တေခါက္က လူႀကီးမင္းရဲ႕လက္ေထာက္ကို ၫႊန္ၾကားခိုင္းခဲ့တဲ့သူ ဟန္လင္း ပါခင္မ်ာ...."

သို႔ေသာ္ျငား သူကမိတ္ဆက္စကားကို ျပင္ဆင္ထားလိုက္ၿပီး သူ႔ကို ေႏြးေႏြးေထြးေထြး နိမ့္ခ်ကာ ႏႈတ္ဆက္လိုက္သည္န်င့္ က်ိဳး႐ႊမ္း၏လက္ေထာက္အသံက တစ္ဖက္မွာ ထြက္လာေတာ့သည္။

" ၿမိဳ႕ေတာ္ဝန္ဟန္ ေျပစရာရွိရင္ ေျပာပါ"

ဟန္လင္းမွာ ေၾကာင္အမ္းအမ္းျဖစ္သြားေတာ့သည္။

" ဥကၠ႒က်ိဳးကို ဖုန္းေျဖေပးဖို႔ ေမးလိုက္တာမဟုတ္ဘူးလား၊ ဒါက..."

လက္ေထာက္က ဥကၠ႒က်ိဳးေဘးတြင္ ရပ္ကာ ျပန္ေျဖလိုက္၏။

" ဥကၠ႒က်ိဳးက ကြၽန္ေတာ့္ေဘးမွာ နားေထာင္ေနပါတယ္"

" ဪ ေကာင္းပါၿပီ"

ဟန္လင္းသည္အနည္းငယ္ စိတ္ပ်က္သြားေသာ္လည္း က်ိဳး႐ႊမ္းႏွင့္ တိုက္႐ိုက္စကားေျပာရန္ အေျခအေနမရွိေသးသည့္ သူအဆင့္အတန္းကို နားလည္လိုက္ေလသည္။ က်ိဳး႐ႊမ္းက ရွန္ယြဲ႕ေၾကာင့္သာ ေဘးတြင္ နားေထာင္ေပးႏိုင္ျခင္းပင္။

ထို႔ေၾကာင့္ ဟန္လင္းက သူ႔ဘဝတြင္ ေလ့လာခဲ့သည့္အရာအားလုံးႏွင့္ အစြမ္းအကုန္ထုတ္သုံးကာ သည္ေန႔ ရွန္ယြဲတြင္ ျဖစ္ပ်က္သမွ်အရာကို အေကာင္းဆုံးျဖစ္ေအာင္ ကြက္ကြက္ကြင္းကြင္း ေဖာ္ျပလိုက္ေတာ့သည္။

စကားေျပာေနစဥ္တစ္ေလွ်ာက္လုံးတြင္ က်ိဳး႐ႊမ္း၏လက္ေထာက္က ျပန္ေျဖေပးေနၿပီး ဟန္လင္းက တစ္ေယာက္ထဲ စကားေျပာေနေလသည္။ အေၾကာင္းအရာ ၿပီးဆုံးသြားခ်ိန္တြင္ေတာ့ ဖုန္းတစ္ဖက္ ဘာလႈပ္ရွားမႈမွ မရွိေပ။ ဟန္လင္းမွာ စိတ္ပ်က္လုနီးနီး ျဖစ္သြားေတာ့သည္။ ဘာျဖစ္ေနတာလဲ။ ဧကႏၲ ဥကၠ႒က်ိဳးက သူ ဒီေန႔လုပ္ခဲ့တာကို စိတ္မေက်နပ္လို႔မ်ားလား။ သူသည္ စိုးရိမ္ပူပန္မိလာေတာ့သည္။

အားလုံး ရႈပ္ေထြးသြားၿပီးဟု ေတြးလိုက္ခ်ိန္မွာပင္ ၾကည္လင္ျပတ္သားသည့္ အမ်ိဳးသားတစ္ေယာက္အသံက ဖုန္းတစ္ဖက္က ထြက္ေပၚလာ၏.

" ဒီေတာ့ သူက တကယ္ပဲ တူတစ္လက္ကို ယူၿပီး သူ႔ေမာင္ေလးကို ေစာ္ကားခဲ့တဲ့လူရဲ႕ လက္ေခ်ာင္းကို ေနရာမွာတင္ ထုေခ်ခဲ့တယ္ေပါ့ ဟုတ္လား"

က်ိဳး႐ႊမ္းသည္ မူလက စီးကရက္တစ္လိပ္ေသာက္ေနၿပီး ဟန္လင္း၏စကားကို အေလးေပးနားေထာင္မေနခဲ့ေပ။ သို႔ေသာ္ ရွန္ယြဲ႕လုပ္ခဲ့သည့္ အရာက အလြန္မွ ထူးျခားေနသျဖင့္ သူသည္ မေနႏိုင္ဘဲ ဆြဲေဆာင္ခံလိုက္ရေတာ့သည္။ ထိုအေၾကာင္းကို ၾကားလိုက္ၿပီးေနာက္ က်ိဳး႐ႊမ္းက စိတ္ဝင္စားသြားၿပီး ဟန္လင္းကို ထိုသို႔ ေမးလိုက္ျခင္းပင္။

ဟန္လင္းက အလြန္မွ မွတ္မိလြယ္သည့္အသံကို ၾကားလိုက္ရေသာအခါ တစ္ဖက္က စကားေျပာေနသူမွာ က်ိဳး႐ႊမ္းမွန္း ခ်က္ခ်င္း မွတ္မိသြားေတာ့သည္။

အခြင့္အေရးကေတာ့ ေနာက္ဆုံး ေရာက္လာခဲ့ၿပီ။

ဟန္လင္းက သူ႔လက္မ်ားကို ပြတ္လိုက္ၿပီး က်ိဳး႐ႊမ္း၏အေတြးမ်ားကို တမင္ဆြေပးလိုက္ၿပီးမွ ျပန္ေျဖလိုက္ေလသည္။

" ဟုတ္ပါတယ္၊ ကြၽန္ေတာ့္မ်က္လုံးနဲ႔ ကိုယ္တိုင္ျမင္ခဲ့တာပါ၊ သူက သူ႔ေနာက္ကလိုက္လာတဲ့ ဝတ္စုံအနက္နဲ႔ သက္ေတာ္ေစာင့္ေတြကို ေကာင္ေလးကို ခ်ဳပ္ထားခိုင္းၿပီး သူ႔လက္မကိုတူနဲ႔ ထုလိုက္တာ၊ ပထမတုန္းကေတာ့ တစ္ဖက္လူက ဆဲေတာင္ေနေသးတယ္ ဒါေပမယ့္ ဒုတိယတစ္ႀကိမ္က်ေတာ့ သတိပါလစ္သြားတယ္၊ သူ႔ေမာင္ေလးသာ ဝင္မတားရင္ သူ ဆက္ၿပီး ထုေထာင္းေနေလာက္ေသးတယ္"

သည္အေၾကာင္းအရာအားလုံးသည္ ခ်န္းယန္က သူ႔ကို အေသးစိတ္ေျပာျပထားသည့္အရာမ်ားျဖစ္ေသာ္လည္း ဟန္လင္းက သူ႔မ်က္စိျဖင့္ ကိုယ္တိုင္ျမင္ခဲ့ရသည့္ႏွယ္ အလြန္ကြက္ကြက္ကြင္းကြင္း ျဖစ္ေနေအာင္ ေျပာလိုက္ေလသည္။

အမွန္တစ္ဝက္ လုပ္ႀကံဖန္တီးမႈတစ္ဝက္ျဖစ္စဥ္တစ္ခု။ ဒါသည္ ဟန္လင္း၏ စကားေျပာဆိုသည့္ပုံစံျဖစ္သည္။

ခဏေလာက္ ရပ္လိုက္ၿပီးေနာက္ ဟန္လင္းက ထက္ေျပာလိုက္၏။

" သူ အဲဒီကေလးကို ႐ိုက္ခဲ့တာလည္း အဲဒီကေလးက သူ႔ေမာင္ကို ခဏခဏ အႏိုင္က်င့္တတ္ၿပီးေတာ့ သူ႔ေမာင္ရဲ႕ေနာက္ေျခတစ္ေခ်ာင္းကို ခ်ိဳးဖို႔ ေနာက္လူတစ္ေယာက္ကို ေခၚလိုက္လို႔ပဲ၊ ဒါေၾကာင့္ ရွန္ယြဲ႕က သူ႔ကို ဒီလို လက္စားေခ်ခဲ့တာ၊ ဒီလို ခ်စ္ရဲ မုန္းရဲတဲ့ မိန္းကေလးမ်ိဳးမေတြ႕ဖူးတာေတာင္ ေတာ္ေတာ္ၾကာေနပါၿပီ"

က်ိဳး႐ႊမ္း၏ အေနအထားႏွင့္ သေဘာထားကို မွန္းခ်က္ထုတ္လိုက္ၿပီး ဟန္လင္းက တစ္ခုခုကို တမင္ေျပာလိုက္ၿပီး ေနာက္ဆုံးတြင္ က်ိဳး႐ႊမ္၏စိတ္ထဲက ရွန္ယြဲ႕၏အေနအထားကို ဆန္းစစ္ၾကည့္လိုက္ေလသည္။

ခဏၾကာၿပီးေနာက္ ဖုန္းတစ္ဖက္က ျပတ္ေတာင္းေတာင္း ရယ္သံတစ္ခု ထြက္လာသျဖင့္ ဟန္လင္း၏မ်က္လုံးမ်ား လင္းလက္သြားေတာ့သည္။ သူ ေလာင္းေၾကးထပ္လိုက္တာ မွန္သြားတာပဲ။ က်ိဳးမိသားစုမွာ ရွန္ယြဲ႕ရဲ႕အေျခအေနက တကယ္ ထူးျခားေနတာပဲ။ က်ိဳး႐ႊမ္းရဲ႕မ်က္လုံးထဲမွာ သူမက အရမ္းကိုအေရးပါတဲ့သူ တစ္ေယာက္ေတာင္ ျဖစ္ေနႏိုင္တယ္။ သူ ရွန္ယြဲ႕ကို မ်က္ႏွာခ်ိဳးေသြးထားရမယ္။ ဟန္လင္းမွာ အေပ်ာ္လြန္သြားေတာ့သည္။

က်ိဳး႐ႊမ္းသည္ ဟန္လင္း၏စကားေၾကာင့္ အမွန္ပင္ သေဘာက်သြားေလသည္။

သို႔ေသာ္ က်ိဳး႐ႊမ္းသည္ ရွန္ယြဲ႕က လူတစ္ေယာက္၏လက္ေခ်ာင္းကို ထုေခ်ခဲ့ျခင္းေၾကာင္း ရယ္ေမာလိုက္သည္ေတာ့ မဟုတ္ေပ။ က်ိဳးယန္အား လုပ္ႀကံသူတစ္ေယာက္၏ လက္ထဲက ကယ္တင္ေပးႏိုင္သည့္ တစ္စုံတစ္ေယာက္က သည္လိုကိစၥမ်ိဳး လုပ္သည္မွာ မထူးဆန္းေပ။ ဟန္လင္းေျပာလိုက္သည့္ ' သက္ေတာ္ေစာင့္ေတြကို ထိန္းခ်ဳပ္ခိုင္းလိုက္တယ္' ဟူသည့္ စကားေၾကာင့္ ရယ္ေမာမိသြားျခင္းပင္။

ရွန္ယြဲ႕ေဘးမွာ ေနႏိုင္တဲ့ အနက္ေရာင္ဝတ္စုံနဲ႔ သက္ေတာ္ေစာင့္ေတြက က်ိဳးမိသားစုက ရွန္ယြဲ႕ကို ကာကြယ္ေပးဖို႔ လႊတ္ထားတဲ့သူဆိုတာ ရွင္းေနတာကိုး။ သူ အမွတ္မမွားရင္ ၿပီးခဲ့တဲ့တစ္ေခါက္တုန္းက ရွန္ယြဲ႕က က်ိဳးမိသားစုရဲ႕ေငြေတြကို သက္ေတာ္ေစာင့္ေတြငွားဖို႔ပဲ သုံးတာလားဆိုၿပီး က်ိဳးမိသားစုကို သေရာ္ခဲ့ေသးတယ္မလား။ အဲဒီတုန္းကေတာ့ သူမက အရမ္းကို အထင္ေသးေနတဲ့ပုံနဲ႔။ အခုေတာ့ သူမက ေဘးကသက္ေတာ္ေစာင့္ေတြကို အရမ္းကို အသားက်ေနတဲ့ပုံနဲ႔ အမိန္႔ေတာင္ေပးလိုက္ေသးတယ္။

က်ိဳး႐ႊမ္းသည္ ကေလးမေလး၏ မလွိမ့္တပတ္လုပ္သြားသည့္ ပုံစံကို စိတ္ဝင္စားစရာေကာင္းသည္ဟု ေတြးလိုက္မိၿပီး ရယ္ေမာလိုက္ျခင္းပင္။ ထို႔ေနာက္ သူက ေမးလိုက္၏။

" ဒီတစ္ခါ သူက ခင္မ်ားကို က်ိဳးမိသားစုဆီ သတင္းပို႔ေပးဖို႔ ေတာင္းဆိုခဲ့တာလား"

သူမက သက္ေတာ္ေစာင့္ေတြကိုေတာင္ အလုပ္သမားေတြလို သုံးေနၿပီဆိုေတာ့ ၿပီးခဲ့တဲ့ တစ္ေခါက္တုန္းကလိုပဲ က်ိဳးမိသားစုကို တမင္သေရာ္ႏိုင္ေသးတယ္မလား။ က်ိဳး႐ႊမ္းက ထိုသို႔ ေတြးလိုက္ေလသည္။

က်ိဳး႐ႊမ္း၏ေမးခြန္းကို ၾကားလိုက္ရသျဖင့္ ဟန္လင္းမွာ ႏွင္သြားေတာ့သည္။ သူသည္ အေၾကာင္းအရာကို အေသးစိတ္ ေျပာျပခဲ့ေသာ္လည္း သူသည္ ထိုအေၾကာင္းကို ခ်န္းယန္ထံမွာ ၾကားခဲ့ရၿပီး လုပ္ႀကံေျပာဆိုထားသည္က ခပ္မ်ားမ်ားျဖစ္ေနသည္။ အမွန္တြင္ ဟန္လင္းသည္ သည္တစ္ႀကိမ္ ရွန္ယြဲ႕ႏွင့္ ဖုန္းေျပာစဥ္က စကားသုံးခြန္းသာ ေျပာခဲ့ရၿပီး သူမႏွင့္ပင္ မေတြ႕လိုက္ရေပ။

သို႔ေသာ္ျငား က်ိဳး႐ႊမ္းက ရွန္ယြဲ႕ႏွင့္ လုံးဝမေတြ႕ဆုံႏိုင္ပါဟု သူ အတတ္မေျပာႏိုင္ေပ။ မဟုတ္လွ်င္ သူ လိမ္ထားသည္မ်ား ေပၚေပါက္သြားမည္ မဟုတ္ပါလား။

...

အပိုင္း (၁၁၁) ႏွစ္ထပ္ကြမ္းေဆးပညာ ပါရမီရွင္

ဟန္လင္းသည္ သူ႔အုံးေႏွာက္ကို အေျပးအလႊားအလုပ္ေပးလိုက္ၿပီး ခဏေလာက္ တုံ႔ဆိုင္းသြားေတာ့သည္။ သူသည္ သူ႔ကိုယ္သူ အားတင္းကာ ရွန္ယြဲ႕ႏွင့္ က်ိဳး႐ႊမ္းတို႔ၾကားက ဆက္ဆံေရးကို ခန္႔မွန္းထားခ်က္အရ အလြန္ဒြိဟျဖစ္ရာ အေျဖကိုသာ ျပန္ေျပာလိုက္ေတာ့သည္။

" အဲ ဟုတ္ကဲ့၊ သူမ ေမတၱာပို႔သေၾကာင္း လိုက္ပါတယ္"

ေမတၱာပို႔သေၾကာင္း ဟုတ္လား။ အဲဒီ လူထူးဆန္းကေလးမက ဘယ္လို ေမတၱာမ်ိဳးကို ပို႔သမွာတဲ့လဲ။ က်ိဳး႐ႊမ္းသည္ ထိုစကားကို ၾကားလိုက္ရခ်ိန္တြင္ တစ္ခုခုမွားယြင္းေနသည္ကို ခံစားမိလိုက္ေလသည္။ ရွန္ယြဲ႕က သူ႔ကို တကယ္ႏႈတ္ဆက္ေနျခင္းမဟုတ္သလို ခံစားလိုက္ရေတာ့သည္။ သူမက ဟန္လင္းကို သတင္းပို႔တဲ့သူတစ္ေယာက္လို တမင္အသုံးခ်ၿပီး တစ္ခုခုကို အရိပ္အမြက္ေျပာေနတာပဲ။ သူမက က်ိဳးမိသားစုကို တနည္းနည္းနဲ႔ မေက်မနပ္ ျဖစ္ေနလို႔ သူတို႔ကို ေလွာင္ေျပာင္ေနတာမ်ားလား။

တျခားသူသာဆိုလွ်င္ က်ိဳး႐ႊမ္းသည္ သူတို႔ကို ဆက္ဆံရာတြင္ စိတ္ရွည္ေနလိမ့္မည္မဟုတ္ေပ။ သို႔ေသာ္ ရွန္ယြဲ႕သည္ ေနာက္ဆုံး က်ိဳးယန္၏ ေက်းဇူးရွင္ျဖစ္ေနသည္။ က်ိဳး႐ႊမ္းသည္ သူမကို ပိုၿပီးသည္းခံေပးႏိုင္ရန္သာ ရွိေတာ့သည္ဟု ခံစားလိုက္ရေတာ့သည္။ သို႔မဟုတ္လွ်င္ က်ိဳးမိသားစုက ေက်းဇူးေႂကြးျပန္ဆပ္ရန္မသိ၊ ဆက္ဆံေရးကို တန္ဖိုးထားရေကာင္းမွန္း မသိသူျဖစ္သြားလွ်င္ မေကာင္းေတာ့ေပ။

က်ိဳး႐ႊမ္းသည္ အခ်ိန္အၾကာႀကီး စဥ္းစားခဲ့ေသာ္လည္း သည္ 'ေမတၱာပို႔သပါသည္'ဟူသည့္ စကားလုံး၏အဓိပၸါယ္ကို အေျဖရွာမရႏိုင္ျဖစ္ေနေလသည္။ ေနာက္ဆုံးတြင္ သူက 'စိတ္ဝင္စားစရာပဲ'ဟုသာ ေျပာႏိုင္ေတာ့သည္။

ဖုန္းခ်လိုက္ၿပီးေနာက္ လက္ေထာက္ေလးက ေၾကာက္ေၾကာက္လန္႔လန္႔ျဖင့္ က်ိဳး႐ႊမ္း၏အမူအရာကို ခိုးၾကည့္လိုက္ၿပီး မသက္မသာခံစားလိုက္ရေတာ့သည္။ က်ိဳး႐ႊမ္းရဲ႕ အေျခအေနကို ၾကည့္ရတာ သူ ဒီဖုန္းကို နားေထာင္ၿပီးေတာ့ အရမ္းေပ်ာ္ေနတဲ့ပုံပဲ။ ေအာ္ေတာင္ ရယ္လိုက္ေသးတယ္။ ေနာက္ဆုံး သူ စိတ္ၾကည္သြားၿပီ ထင္ပါရဲ႕။

ဒါက ပထမဆုံးအႀကိမ္ပဲ။

ဒါဆို က်ိဳး႐ႊမ္း စိတ္ၾကည္သြားတာ ဟန္လင္းေၾကာင့္လား ရွန္ယြဲ႕ေၾကာင့္လား။ လက္ေထာက္ေလးသည္ ရွန္ယြဲ႕ေၾကာင့္ ပိုျဖစ္ႏိုင္သည္ဟု ခံစားမိေလေတာ့သည္။

သူေဌးႀကီး၏အေတြးမ်ားကို တိတ္တဆိတ္ အေျဖထုတ္လိုက္ၿပီးေနာက္ လက္ေထာက္ေလးက က်ိဴး႐ႊမ္း၏စာၾကည့္ခန္းက ထြက္သြားၿပီးေနာက္ အခုခ်ိန္ကစၿပီး ဟန္လင္းက ရွန္ယြဲ႕အေၾကာင္း သတင္းပို႔လာ သမွ်ကို က်ိဳး႐ႊမ္းအား ခ်က္ခ်င္းေျပာျပရလိမ့္မည္ဟု ဆုံးျဖတ္လိုက္ေတာ့သည္။ ေနာက္ဆုံး ဒါသည္ က်ိဳး႐ႊမ္း၏စိတ္အေျခအေနကို တိုးတက္ေစႏိုင္ေလသည္။

ရွန္ယြဲ႕မွာ ဟန္လင္း၏ေပါက္ကရစကားမ်ားေၾကာင့္ လွပသည့္နာလည္မႈလြဲမွားျခင္းတစ္ခု ျဖစ္သြားမွန္း မသိလိုက္ေပ။

....

ေနက္တစ္ေန႔ မနက္တြင္ ရွန္ယြဲ႕သည္ ေစာေစာစီးစီး ဖယ္ဒေရးရွင္း ဗဟိုၿမိဳ႕ေတာ္သို႔ သြားသည့္ ကားတစ္စီးေပၚ လိုက္ပါလာခဲ့ေလသည္။

ေမွာင္ခိုေစ်းကြက္ကုန္သည္ ဟြမ္႐ို႕ထံမွ ေဆးပင္မ်ားကို ေတာင္းထားျခင္းအျပင္ သူမသည္ သည္ေနရာတြင္ အေရးႀကီးလုပ္စရာတစ္ခု ရွိေနသည္။ သူမသည္ လြန္ခဲ့သည့္လအနည္းငယ္က ဘဏ္မီးခံေသတၱာထဲတြင္ သိမ္းထားခဲ့သည့္ ေငြအပ္တစ္စုံကို ျပန္ယူခဲ့ခ်င္သည္။ တ႐ုတ္ေဆးပညာ အပ္စိုက္ကုသရာတြင္ လိုအပ္သည့္ပစၥည္းတစ္ခု ျဖစ္သည္။

ေဆးပညာအရည္အခ်င္းျမင့္ေလေလ အပ္အရည္အတြက္ မ်ားမ်ား ပိုလိုေလေလျဖစ္သည္။ သူမ ဘဏ္တြင္အပ္ထားသည့္ အပ္တစ္စုံစာမွာ သူမႏွင့္ ႏွစ္ေပါင္းမ်ားစြာ အတူတူရွိခဲ့ေလသည္။

ေမွာင္ခိုေစ်းက ညပိုင္းမွ ဖြင့္မည္ကို စဥ္းစားလိုက္ၿပီး ရွန္ယြဲ႕သည္ အလ်င္မလိုေခ်။ သူမသည္ ဘဏ္သို႔သြားက သူမ၏ပစၥည္းမ်ားကို အရင္သြားယူရန္ ဆုံးျဖတ္လိုက္ေတာ့သည္။

သူမ၏နာမည္ကို ကိုယ္ေပ်ာက္သမားေတာ္ဟု သိၾကသူ ကမာၻေပၚတြင္ အမ်ားအျပားရွိေသာ္လည္း သူမ၏ေဆးပညာအရည္အခ်င္းက သာလြန္အဆင့္ျဖစ္ေနရသည့္ အေၾကာင္းအရင္းကို သိသူမ်ားကို လက္ခ်ိဳးေရလို႔ရေလသည္။

ရွန္ယြဲ႕သည္ ေဆးပညာကို ေလ့လာစဥ္က အေနာက္တိုင္းေဆးပညာႏွင့္ တ႐ုတ္ေဆးပညာ ႏွစ္ခုလုံး သင္ၾကားရာတြင္ ပါရမီရွင္တစ္ေယာက္ ျဖစ္ခဲ့သည္။ ထိုပညာရပ္ႏွစ္ခုလုံးကို အျပည့္အဝ ေပါင္းစပ္ၿပီး သူမ၏သူမတူသည့္ ေဆးပညာစြမ္းရည္မ်ားကို ဖန္တီးခဲ့ျခင္းပင္။

လူနာသည္ အမွန္ပင္ ကုသရန္မျဖစ္ႏိုင္ေတာ့ဘဲ ေသေစႏိုင္ေလာက္သည့္ ဖ်ားနာျခင္းမ်ိဳးမဟုတ္ခဲ့လွ်င္ ရွန္ယြဲ႕သည္ တစ္ခ်ိန္ထဲတြင္ ေဆးပညာႏွစ္မ်ိဳးကို အလြယ္တကူထုတ္မသုံးတတ္ေပ။ သို႔ေသာ္ သည္တစ္ႀကိမ္တြင္ သူမသည္ ရွန္ခ်န္ကို ခြဲစိတ္ေပးရန္ ျပင္ဆင္ေနရသည့္အတြက္ ရွန္ယြဲ႕သည္ ခြဲစိတ္မႈတြင္ ဆုံးရႈံးမႈအနည္းဆုံး ျဖစ္ေအာင္ အေကာင္းဆုံး အျပည့္အဝ ျပင္ဆင္ထားရလိမ့္မည္။

ရွန္ယြဲ႕က ရင္းႏွီးေနက် ဖယ္ဒေရးရွင္း ပထမဘဏ္ကို သြားလိုက္ၿပီး ထိပ္တန္း VIPခန္းဆီ တန္းတန္းမတ္မတ္ သြားလိုက္ေလသည္။ သူမသည္ ထိပ္တန္း VIPမ်ားကို လက္ခံသည့္ တာဝန္ခံႏွင့္ ေတြ႕လိုက္၏။

" မဂၤလာပါ၊ ကြၽန္မ နံပါတ္ KL889က ပစၥည္းကို ထုတ္ခ်င္လို႔ပါ၊ လွ်ိဳ႕ဝွက္ကုဒ္က : အညိဳေရာင္စာကေလး ငါ့အိပ္ရာေပၚမွာ နားေနတယ္"

ကံအားေလ်ာ္စြာ သည္ေနရာတြင္ ပစၥည္းမ်ားကို ထုတ္ယူရန္ ဘာသက္ေသခံအခ်က္အလက္မွ မလိုအပ္ေပ။ လွ်ိဳ႕ဝွက္ကုဒ္တစ္ခုသာ လိုအပ္ေလသည္။ အမွန္တြင္ သုံးစြဲမ်ားအတြက္ သည္ေနရာရွိ ပစၥည္းမ်ား၏ လုံၿခဳံေရးကိုလည္း အထူးေလ့က်င့္ထားသည့္ လူတစ္ေယာက္က ကိုင္တြယ္ေပးရသည္။ သုံးစြဲသူ၏ကိုယ္ပိုင္လုံၿခဳံေရးကို အျပည့္အဝ ကာကြယ္ေပးရန္ တစ္ေယာက္ခ်င္း လွ်ိဳ႕ဝွက္ဆက္သြယ္ေရးကိုလည္း ဖန္တီးေပးထားသည္။

ထို႔ေၾကာင့္ ရွန္ယြဲ႕က သူမ၏ေငြအပ္ကို လာယူရဲျခင္းပင္။ သူမ ဘဏ္ထဲတြင္ အပ္ထားသည့္ ေငြမ်ားကိုေတာ့ လင္ယြဲ႕အေနျဖင့္ လာမယူသ၍ ထိလို႔မရေပ။ သူမ အသက္ရွင္ေနေသးေၾကာင္း ေပၚေပါက္သြားလိမ့္မည္။

အေမွာင္ထဲတြင္ ပုန္းခိုေနေသာ မေရမတြက္ႏိုင္သည့္ အဆိပ္ျပင္းေႁမြမ်ား ရွိေနသည္။ ထို႔ေၾကာင့္ ရွန္ယြဲ႕သည္ သတိထားေနရသည္။ ေငြအတြက္ေတာ့ သည္အခိုက္အတန္႔တြင္ သူမသည္ အနည္းငယ္ျပတ္လပ္ေနေသာ္လည္း သူမ ေငြရွာႏိုင္သ၍ ျပႆနာႀကီးတစ္ခုမဟုတ္ေပ။

သို႔ေသာ္ အခ်ိန္အၾကာႀကီး မေတြ႕ခဲ့ရသည့္ သူမ၏ ေငြအပ္မ်ားကို ေနာက္ဆုံးတြင္ ျပန္လည္ရရွိခ်ိန္တြင္ေတာ့ ရွန္ယြဲ႕မွာ မပြင့္တပြင့္ သက္ျပင္းခ်လိုက္မိဆဲပင္။

" ဟင္း"

သူမသည္ အဖြဲ႕အစည္းအတြက္ မစ္ရွင္မ်ား ကူလုပ္ေပးခဲ့စဥ္က ဗဟိုၿမိဳ႕ေတာ္တြင္ အခ်ိန္တစ္ခုအထိ မၾကာမၾကာ လာေနခဲ့ဖူးသည္။ ထို႔ေၾကာင့္ သူမသည္ ဗဟိုၿမိဳ႕ေတာ္ႏွင့္ အလြန္မွ ရင္းႏွီးေလသည္။ ေနာက္ဆုံးတစ္ေခါက္ အဖြဲ႕အစည္းက ဗဟိုၿမိဳ႕ေတာ္ ေတာင္ပိုင္းရွိ ဖယ္ဒေရးရွင္းလွ်ိဳ႕ဝွက္အေဆာက္အအုံးကို ထိုးေဖာက္ဖို႔ သူမကို လႊတ္ခဲ့သည္။ မညီညာသည့္လမ္းက ေငြအပ္မ်ားကို ပ်က္စီးသြားေစမည္စိုးသျဖင့္ သူမက အပ္မ်ားကို သည္ဘဏ္တြင္ လာအပ္ထားခဲ့ျခင္းပင္။

ေမွ်ာ္လင့္မထားဘဲ သူမ၏အဖိုးတန္ ေငြအပ္မ်ားကို တဖန္ ျပန္ရလာခ်ိန္တြင္ေတာ့ လင္ယြဲ႕သည္ ေသဆုံးသြားၿပီး ရွန္ယြဲ႕က ရွင္သန္လာခဲ့ေလသည္။

...

Continue Reading

You'll Also Like

80.3K 10.5K 106
Translate for fun (◔‿◔) *I don't own this story. Cover photo crd to pinterest
152K 19.5K 31
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
10.5K 1.5K 21
Title ; Quick Transmigration Cannon Fodder's Record of Counterattacks 快穿之炮灰女配逆袭记 Author(s) ; 很是矫情 Hen Shi Jiao Qing English translator(s) ; Butterf...
17.7K 1.3K 23
လီစု၀မ် အပိုင်း၁၅၅ကနေအဆက်ပါနော် ရှေ့ကဟာတွေကို သာသာaccထဲ၀င်ရှာလိုက်ပါနော်❤️