အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ...

By FlowerRainButterfly

1.5M 190K 3.7K

အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။ More

အပိုင်း (၁) ချိုမြိန်သောမျှစ်လေးများ
စွမ်းရည်ပြည့်ဝသောမုဆိုးကြီးနှင့် ရစ်ငှက်လေးများ
မုဆိုးကြီးနဲ့တောဝက်ကြီးနှစ်ကောင်
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-2
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-2
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-4
မုဆိုးကြီး၏ ပြည့်တန်ဆာအိမ်အားဖောက်ထွင်းမှု
အပိုင်း (၁၁) မုဆိုးကြီး၏ စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၂) တစ်ချိန်က အမှိုက်ကောင်ကပြောင်းလဲသွားပြီတဲ့
မုဆိုးကြီးပြောတဲ့ ကျိုးရှီနဲ့စုရှီတို့အကြောင်း
မုဆိုးကြီးအိမ်ကစားသောက်ပွဲ
မုဆိုးကြီးအိမ်ကစားသောက်ပွဲ-2
ရှောင်မိန်ပါဝင်သော ဆိပ်ကမ်းမြို့ကမိသားစုခရီးစဥ်
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁) မုဆိုးကြီး၏ နေအိမ်ဖောက်ထွင်းခံရမှု
လဲ့ရှီနှင့်ရှောင်အိမ်၏အရှက်မဲ့မှု
ရုံးတော်၏စီရင်ချက်
ရုံးတော်၏စီရင်ချက် -2
ရုံးတော်၏စီရင်ချက် -3
အပိုင်း (၂၆)
အပိုင်း (၂၇)
ရှောင်ဟန်ကဆံထိုးလေးကိုဖွတ်ထားတယ်
မုဆိုးကြီး၏ငွေသုံးကြမ်းမှုပေါက်ကြားခြင်း
မုဆိုးကြီး၏နွေးထွေးသောမိသားစု
အပိုင်း (၃၁)
အပိုင်း (၃၂)
မုဆိုးကြီးအိမ်သို့ရောက်ရှိလာတဲ့ မဖိတ်ခေါ်ထားသောဧည့်သည်များ
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇) ချောင်ရန်၏အလည်ပတ်ရောက်ရှိလာမှု
အပိုင်း (၃၈) စံပါယ်ပင်လေးသုံးပင်
💖Chibi💖
မုဆိုးကြီးအိမ်သို့ အသားဝယ်ချင်သူများရောက်ရှိလာခြင်း
အပိုင်း (၄၀)
နန်ချောင်းရွာက ရွာသားတစ်ဦးသေဆုံးခြင်း
အပိုင်း (၄၃)
အပိုင်း (၄၂)
အပိုင်း (၄၄)
အပိုင်း (၄၅)
အပိုင်း (၄၆)
အပိုင်း (၄၇)
အပိုင်း (၄၈)
အပိုင်း (၄၉)
မုဆိုးကြီးက ဇနီးလေးရဲ့စကားကိုနားမထောင်ဘဲ တောင်ပေါ်ကိုတတ်သွားပြီ
❌❌
မုဆိုးကြီး၏ဝက်ဝံအမဲလိုက်ခရီးစဥ်
မုဆိုးကြီးပြန်လာပြီ
အပိုင်း (၅၃)
ဝက်ဝံကြီးများကိုရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်
ဟင်းလင်းပြင်လေလံပွဲ
အပိုင်း (၅၆)
စံပါယ်ပင်လေးက မျိုးစိတ်သစ်ပါတဲ့
မိသားစုအတွက် လက်ဆောင်တွေ ဝယ် ဝယ် ဝယ်
အပိုင်း (၅၉)
ဟွမ်ဟွာ၏ဖိတ်ခေါ်မှု
မုဆိုးကြီးနှင့် ဟွမ်ဟွာ၏ ထိပ်တိုက်တွေ့ဆုံမှု
အပိုင်း (၆၂)
အပိုင်း (၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
မုဆိုးကြီးပြန်လာပြီ
ဇနီးလေး ငွေလက်မှတ်တွေကိုမင်းသိမ်းထားလိုက်
ပိုင်မိန်ရဲ့စံပါယ်ပင်လေးမရှိတော့ဘူး
(69)
ပိုင်လီ
မုဆိုးကြီးပြောတဲ့ ကျိုးရှီရဲ့ယုတ်မာမှုအကြောင်း
အပိုင်း (၇၁)
ကျိုးရှီ၏အလိမ်ညာပြဇာတ်
ထူးခြားဆန်းပြားသောချီးကားများ
အပိုင်း (၇၃)
အပိုင်း (၇၄)
အပိုင်း (၇၅)
အပိုင်း (၇၆)
အပိုင်း (၇၇)
အပိုင်း (၇၈)
အပိုင်း (၇၉)
အပိုင်း (၈၀)
အပိုင်း (၈၁)
အပိုင်း (၈၂)
အပိုင်း (၈၃)
အပိုင်း (၈၄)
အပိုင်း (၈၅)
အပိုင်း (၈၆)
အပိုင်း (၈၇)
အပိုင်း (၈၈)
အပိုင်း (၈၉)
ဇနီးလေး... ကလေးယူချင်နေတာလား?
မြေဝယ်ယူမှု
အပိုင်း (၉၂)
အပိုင်း (၉၃)
အပိုင်း (၉၄)
အပိုင်း (၉၅)
စပျစ်သီးခူးဖို့သွားခြင်း
စပျစ်သီးလေးများ
main story complete
(98)
(99)
အပိုင်း (၁၀၀)
(101)
(102)
၁၁၃
အပိုင်း (၁၀၄)
အပိုင်း (၁၀၅)
အပိုင်း (၁၀၆)
အပိုင်း (၁၀၇)
စပျစ်သီးဝိုင်ပြုလုပ်ခြင်း
အပိုင်း (၁၀၉)
အပိုင်း (၁၁၀)
အပိုင်း (၁၁၁)
အပိုင်း (၁၁၂)
အပိုင်း (၁၁၃)
တည်သီးလေးများကိုခူးဆွတ်ခြင်း
ဇနီးလေး၏ယုံကြည်မှု
ချောင်မိသားစုသို့ အလည်တစ်ခေါက်
စပျစ်ဝိုင်လက်ဆောင်
အပိုင်း (118)
စံပါယ်ပင်လေးအကြောင်းအားနှုတ်ပိတ်ခြင်း
ဇနီးလေးစိတ်ဆိုးသွားခြင်း
paid gp
ဇနီးလေးစိတ်ဆိုးသွားခြင်း-2
ဇနီးလေးအားချော့မြူခြင်း
လူဆိုးလေးရှောင်ဝူ
ယွီလျန်ဟွားမှာငွေတချို့ဖြုန်းခြင်း
အပိုင်း (၁၂၅)
ဇနီးလေးရွေးပေးတဲ့လက်ဆောင်
အပိုင်း (၁၂၈)
အပိုင်း (၁၂၉)
လှည်းအပြည့် စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၃၁)
ကျွန်စျေးသို့အလည်တစ်ခေါက်
အပိုင်း (၁၃၃)
အစေခံများ
ဇနီးလေး ကိုယ်မင်းကို ဂရုစိုက်ပေးမယ်
အိမ်အသစ်ဆောက်လုပ်ခြင်း
အပိုင်း (၁၃၇)
ကျိုးရှီကိုနှင်ထုတ်ခြင်း
အပိုင်း (၁၃၉)
မီးပုံးပွဲတော်
အပိုင်း (၁၄၁)
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်-2
အသေးလေးတွေရဲ့ ဗိုက်လုံးလေးတွေက မတူညီဘူး
ရှောင်အိမ်ရဲ့ အကြံသစ်
ပိုင်အမေ၏ အရိပ်အမွတ်
နှစ်ကိုယ်ကြားစကားဝိုင်း
ရှောင်အိမ်၏တောင်းပန်လာမှု
အပိုင်း (၁၄၉)
အပိုင်း (၁၅၀)

အပိုင်း (၁၂၇)

6.2K 868 17
By FlowerRainButterfly

အပိုင်း (၁၂၇) ဇနီးလေးရွေးပေးသည့်လက်ဆောင် -2

ကုန်သည်ချင်၏ ဇနီးအနေနှင့် မည်မျှစိတ်အနှောက်ယှက် ဖြစ်နေပါစေ တစ်ဖက်ရှိလူများသည်ဘသူမအား လုံးဝဂရုမစိုက်ကျပေ။

အသေးလေးတွေက သူတို့အဖေစကားကြောင့်လက်ကောက်ကို ပေးကြည့်ခိုင်းခဲ့ကျပြီး ထိုလက်ကောက်သည် ခရမ်းရောက်ကျောက်စိမ်းနှင့်ပြုလုပ်ထား၍ မျက်နှာပြင်ပတ်လည်လုံး၌ မက်မွန်ပွင့်သဏ္ဍာန် ပန်းပွင့်လေးများကို ဖောင်းကြွပုံစံလေးဖြင့် ပုံဖော်ထားတာဖြစ်သည်။

ခြုံငုံပြောရရင် ထိုလက်ကောက်လေးက တကယ်ကိုအရမ်းလှပတာပါပဲ။ ဒါကြောင့် ပိုင်လီက အသေးလေးတွေအား မေးလိုက်တော့၏။

"သားတို့က ဒီလက်ကောက်လေးကိုကြိုက်လား လိုချင်လား "

အသေးလေးများ၏ အဖြေကလည်း မဆိုင်းမတွပါပင်။

"သား လိုချင်ပါတယ်!"

"သားရော! အဖေ သားရောလိုချင်တယ်!"

ထို့ကြောင့် ပိုင်လီကလည်း တွန့်ဆုတ်မနေဘဲ အမျိုးသမီးစန်းကို မေးလိုက်တော့၏။

"အမျိုးသမီးစန်း ဒါမျိုးက ဆင်တူရှိသေးလား"

အမျိုးသမီးစန်းသည် အလွန်ကိုပြုံးရွှင်နေပါသည်။ သူမက...

"ဘာလို့မရှိရမှာလဲ ပုံစံတူ လေးငါးကွင်းထိ ရှိပါတယ် မုဆိုးပိုင် ဘယ်လောက်လိုချင်လဲသာ ပြောလိုက်ပါ"

ဒါကိုကြားတော့ ပိုင်လီသည် လက်ကောက်အားအသေးလေးတွေထံ ပြန်ပေးလိုက်ပြီး မှာပေးလိုက်သည်။

"ကျွန်တော် နှစ်ရံ(လေးကွင်း)ယူမယ်"

ပြီးနောက် သူက ပိုင်မိန်အား လှမ်းကြည့်လိုက်၍...

"ရှောင်မိန်ရော ဒါကိုကြိုက်လား တစ်ရံလောက်ယူမလား"

ပိုင်မိန်သည် လက်ကောက်၏ ဒီဇိုင်းကို အမှန်ပင်ကြိုက်ပေသည်။ ဒါပေမယ့် သူမက အရောင်ကိုတော့ သိပ်မကြိုက်တာကြောင့် ....

"ညီမက လက်ကောက်ပုံစံလေးကိုတော့ ကြိုက်ပါတယ် ဒါပေမယ့် အရောင်က တခြားအရောင်လေးဆိုပိုလှမလားလို့လေ "

ဒါကိုကြားတော့ အမျိုးသမီးစန်းသည် အပြုံးလေးဖြင့် ဆိုင်ကကောင်မလေးတစ်ယောက်ကို ပြောလိုက်လေသည်။

"ကြားကျလား ဒီလိုအရောင်တူနဲ့ပုံစံတူ ကျောက်စိမ်းလက်ကောက်သုံးကွင်း ထပ်ယူလာပြီး ဒီလိုပုံစံတူပြီး အရောင်ကွဲတဲ့ လက်ကောက်တွေလည်း ယူလာခဲ့လိုက် မြန်မြန်လေးလုပ်ကျနော် ဧည့်သည်တွေကိုမစောင့်ရစေနဲ့"

ပြောပြီးနောက် အမျိုးသမီးစန်းသည် ရပ်နေသည့်ကောင်မလေးတစ်ယောက်၏ ဗန်းထဲမှ ခါးချိတ်အဆောင်လေးတစ်ခုကို ကောက်ယူလျက် ပိုင်မိန်အား ပြလာလေသည်။

"မိန်းမငယ်လေး ဒါလေးကို ကြိုက်မလားလို့ကြည့်ပါဦး ဒါက ဇီးပန်းပွင့်သုံးပွင့်ကို ဆင့်ထားတဲ့​ ပုံစံလေးလေ သူ့ရဲ့အရမ်းရောင်ကလည်း အနီပဲဆိုတော့ ဘယ်လောက်လှလိုက်သလဲ ဝတ်ထားရင်အရမ်းလှနေမှာ"

ထိုခါးချိတ်အဆောင်လေးသည် အနီကျောက်စိမ်းဖြင့် ဇီးပန်းပွင့်ပုံစံလေးများကို ပုံဖော်ထားပြီး သုံးပွင့်ပါရှိတာဖြစ်၏။ အလှဆင်ထားတဲ့ကြိုးကိုတော့ အဖြူကိုသုံးထားတာဖြစ်၍ တကယ်ကို လှပပေသည်။

ပိုင်မိန်က သဘောတကျဖြင့် ထိုခါးချိတ်အဆောင်လေးကို ချိတ်ကြည့်ရင်း ပိုင်လီနဲ့ရှောင်ဟန်တို့ရှေ့ တစ်ပတ်လှည့်ပြလိုက်၍...

"ဒုတိယအကိုနဲ့ ဒုတိယယောင်းမ ညီမလေးနဲ့ကြည့်ကောင်းရဲ့လား"

ပိုင်လီသည် ကလေးမလေး၏ ပျော်မြူးနေသည့်စိတ်ကို ဖျက်စီးမည်မဟုတ်ပေ။ အဲဒါက တကယ်လည်း ပိုင်မိန်နဲ့လိုက်တာကြောင့် သူပြောလိုက်ပါတယ်။

"အရမ်းကိုလိုက်တယ် ငါတို့ရှောင်မိန်လေးက ကြည့်အကောင်းဆုံးပဲ"

ရှောင်ဟန်ကလည်း အပြုံးလေးဖြင့် ခေါင်းငြိမ့်ပြတာကြောင့် ပိုင်မိန်က ကျေနပ်သွားပြီး ထိုခါးချိတ်အဆောင်လေးကို သူမယူမည့်စာရင်းထဲသို့ ထည့်လိုက်လေသည်။

အဲဒီနောက်မှာ လက်ကောက်သွားယူတဲ့ ကောင်မလေးက ပြန်ရောက်လာတာကြောင့် ပိုင်လီက ခုထိ လက်ကောက်တစ်ကွင်းကို သဘောတကျကြည့်နေစဲဖြစ်တဲ့ သူ့သားလေးတွေကို တစ်ယောက်နှစ်ကွင်းစီပေးလိုက်တော့၏။ ပြီးနောက် သူကပြောလိုက်ပါတယ်။

"သားတို့က ခုတော့ဝတ်လို့မရသေးဘူး နည်းနည်းကြာမှပဲ ဝတ်လို့ရမှာ သေချာသိမ်းထားရမယ်နော်"

အသေးလေးများသည် အလွန်နာခံပေသည်။ သူတို့က အခုဝတ်လို့မရသေးတာကြောင့် ဆိုင်ကပေးတဲ့ သစ်သားသေတ္တာလေးတွေထဲမှာ လက်ကောက်လေးတွေကို ထည့်ထားလိုက်ကျပြီး သေတ္တာလေးတွေကိုတော့ သူတို့ဖေဖေဆီမှာ ခဏအပ်ထားလိုက်ကျသည်။

အဲဒီနောက် သူတို့က ထပ်သွားရွေးနေကျပြန်ပြီး သူတို့ကိုကြည့်ရတာ ဒီလိုလုပ်နေရတဲ့အပေါ် တော်တော်လေး ပျော်နေကျတဲ့ပုံလည်း ရပါတယ်။ မပျော်နိုင်တဲ့သူတို့ ဖေဖေရှောင်ဟန်ကတော့ သေတ္တာလေးနှစ်လုံးကိုငုံ့ကြည့်ပြီးသက်ပျင်းတိုးတိုးလေးခိုးချလိုက်ရဲ့။

သူ့ရဲ့ခင်ပွန်းက ဘယ်လောက်တောင် အလိုလိုက်တုန်းဆိုတာကို ကြည့်ပါဦး။ သူက လက်ကောက်တွေရဲ့ တန်ဖိုးကိုတောင် မမေးဘဲ လေးကွင်းတောင် ဝယ်ပေးလိုက်တယ်လေ။

ရှောင်ဟန်လိုတွေးနေသည့် တခြားတစ်ယောက်လည်းရှိသေးပြီး အဲတာကတော့ ကုန်သည်ချင်၏ ဒုတိယဇနီးပါပင်။ သူမက ယွီလျန်ဟွားဘက်က ပိုင်လီတို့ရွေးထားတဲ့ ပစ္စည်းတွေအတွက် ရတနာထည့်တဲ့ သေတ္တာတွေကို ထုတ်ပေးလာချိန်မှာ ထိုင်တောင်မနေနိူင်တော့ပါဘူး။ သူမက ထပြီး ချက်ခြင်းပဲ...

"အမျိုးသမီးစန်း! ရှင်ကမဟုတ်သေးပါဘူး သူတို့ကဝယ်နိုင်မဝယ်နိုင်တောင် မသေချာသေးဘဲနဲ့  ထည့်ဖို့သေတ္တာတွေပါ ထုတ်ပေးနေတယ်ပေါ့လေ ရှင်ကဘယ်သူ့ကို ဒေါသထွက်စေချင်နေတာလဲ!! သူတို့က မုဆိုးရဲ့မိသားစုလေးတစ်ခုပဲကို ခရမ်းရောင်ကျောက်စိမ်းလက်ကောက် လေးကွင်းတောင် တကယ်ပဲ ဝယ်နိုင်မယ်လို့ ရှင်ထင်နေတာလား! အိမ်မက်မက်နေတာပဲ!! ကြည့်လေ သူတို့က စျေးတောင်မမေးဘူး!! အဲတာက မယူဖို့စဥ်းစားထားတာနဲ့အတူတူပဲမဟုတ်ဘူးလား! ဟမ့်! နောက်ထပ်ပါယူပြဖို့ကြိုးစားနေကျသေးတယ်ပေါ့လေ ရယ်စရာကောင်းလိုက်တာ!"

ပိုင်လီမှာ ဒီတစ်ခါတော့ ထိုစကားများကို လှစ်လျူရှုပြီး မနေနိုင်တော့ချေ။ ထိုအမျိုးက တမင်ကို ပြဿနာရှာနေတာ မဟုတ်ဘူးလား။ သူက သူ့မိသားစုနဲ့ အေးအေးဆေးဆေး လက်ဝတ်ရတနာတချို့ကို လာဝယ်ချင်ရုံပါပဲ။ ဘာကြောင့် ဒီလိုစိတ်ထားဆိုးတဲ့ အမျိုးသမီးနဲ့မှ ထိပ်တိုက်တိုးနေရတာလဲ။

ဒီတစ်ကြိမ်တွင် ထိုအမျိုးသမီး၏ လေသံက ကျယ်လာပြီး ပိုင်လီတို့ကိုလည်း လက်ညိုးထိုးခဲ့သဖြင့် အသေးလေးတွေက လန့်သွားခဲ့ကျသည်။ သူတို့လေးတွေက စားပွဲကိုပတ်ပြီး သူတို့အကြိုက် လက်ဝတ်ရတနာလေးတွေကို လိုက်ရွေးနေတာပေမယ့် ထိုအမျိုးသမီးကြောင့် လန့်ပြီး သူတို့အဖေတွေဆီ ပြန်ပြေးလာကျပါတယ်။ ဒီအတွက် ပိုင်လီရဲ့ပြုံးနေတဲ့မျက်နှာက အနည်းငယ်ပျက်ယွင်းသွားတော့တယ်။

အမျိုးသမီးစန်းက ပါးနပ်နေပြီဖြစ်တာကြောင့် သူမက ပိုင်လီရဲ့သည်းခံနိုင်မှုက ကုန်ဆုံးနေပြီမှန်း ဘယ်မှာ မရိပ်မိဘဲနေပါ့မလဲ။ အဲတာကြောင့် သူမက ကြားထဲကနေဝင်ပါလိုက်ပြီး ကုန်သည်ချင်ရဲ့ ဒုတိယဇနီးကို ပြောလိုက်တော့တယ်။

"ဒီကဧည့်သည်ရှင့် ကျွန်မက ကုန်သည်ချင်ရဲ့မျက်နှာကြောင့် ရှင့်ကို မျက်နှာသာပေးခဲ့ပေမယ့် ရှင့်အနေနဲ့ကျွန်မတို့ရဲ့ဆိုင်ရဲ့ စီးပွားရေးကို ဝင်ပါစရာမလိုပါဘူးရှင် "

အဲဒီနောက် အမျိုးသမီးစန်းသည် အလွန်အဓိပ္ပါယ်ပြည့်ဝသောအပြုံးဖြင့် ထပ်ပြောခဲ့လေသည်။

"သြော်...ရှင်က ပြီးခဲ့တဲ့လကမှ ကုန်သ​ည်ချင်ရဲ့ ဒုတိယဇနီးအဖြစ် လက်ထပ်ပြီး ဒီမြို့ကိုရောက်လာတာဆိုတော့ မုဆိုးပိုင်ကိုမသိတာ ပုံမှန်ပါပဲရှင် ဒါပေမယ် စကားပြောရင် ဂရုစိုက်ပေးပါဦး ဒီက မုဆိုးပိုင်က ဒုတိယဇနီးတွေ တတိယဇနီးတွေ အယောက်တစ်ထောင်လောက် ယူနိုင်တဲ့ထိကို ကြွယ်ဝတယ်ရှင့်"

ပိုင်လီသည် ဒါကိုကြားကြားချင်း သီးသွားတော့သည်။ နေပါဦး အမျိုးသမီးစန်းက ဘယ်လိုကြီးပြောလိုက်တာလဲ။ ဒီမှာ သူ့ဇနီးလေးပါ ရှိနေတာကို အထင်လွဲသွားရင် ဘယ်လိုလုပ်မှာတုန်း။

ပိုင်လီသည် ဟိုအမျိုးသမီးသည် မည်သို့ဖြစ်သွားမည်ကို စိတ်မဝင်စားဘဲ ရှောင်ဟန်ကိုသာ ခပ်တိုးတိုးကပ်ပြောလိုက်ပေသည်။

"ကြည့်ရတာ ဟိုအမျိုးသမီးက တစ်ယောက်ယောက်ရဲ့ ဒုတိယဇနီးဖြစ်ပုံရတယ် အမျိုးသမီးစန်းက သူမကိုဖိနိပ်ချင်လို့ ဒုတိယဇနီးဆိုတာကို နှစ်ခါတောင်ထည့်ပြောခဲ့တာလေ အဲဒါကို ကိုယ်ကပါသွားသေးတယ် ဘယ်လောက် စိတ်တိုစရာကောင်းလိုက်လဲ ကိုယ့်ကိုများ ဇနီးတွေထပ်ယူမယ့်လူလို့ ထင်နေလားမသိပါဘူးကွာ"

ရှောင်ဟန်မှာ အစက ဘာမှမတွေးမိသေးတာကြောင့် သူ့ခင်ပွန်းပြောတာ နားထောင်အပြီးမှာ ခဏလောက်ရပ်တန့်သွားလေသည်။ အဲဒီနောက် သူ့ခင်ပွန်းက သူအထင်လွဲမှာစိုးလို့ ပြောနေမှန်း သဘောပေါက်သွားလို့ သူကမနေနိုင်ဘဲ ရယ်မောလိုက်မိတော့၏။

သူထင်မိတယ် သူ့ခင်ပွန်းက တစ်ခါတစ်ခါကျရင်နည်းနည်းချစ်စရာကောင်းတယ်လို့လေ။

ပိုင်လီမှာ ရယ်မောနေသည့် သူ့ဇနီးလေးကိုကြည့်ပြီး သူ့ဇနီးလေးက ရယ်နေရင် အရမ်းကြည့်ကောင်းတာပဲဟု တွေးနေမိလေသည်။ မျက်ဝန်းတွေထိပါ ပြုံးလေးတဲ့ပုံလေးက အရမ်းကိုချစ်စရာကောင်းတာပဲ။

ဘေးရှိ ပိုင်မိန်သည် ချစ်ကြည်နူးနေသည့် သူ့အကိုတို့စုံတွဲကိုကြည့်လျက် တစ်ဖက်က အမျိုးသမီးရဲ့ ဖြူလိုက်၊ ပြာလိုက်၊ နီလိုက်၊ စိမ်းလိုက်၊ မဲလိုက်နှင့် မျက်နှာကြီး အရောင်စုံပြောင်းနေပုံကိည ကြည့်လိုက်လေသည်။

တကယ်ဆို ဒီအချိန်မှာ သူမအစ်ကိုတို့က ဟိတ်ဟန်အပြည့်နဲ့ ထိုအမျိုးသမီးကို ထပ်ရိုက်ချနေရမှာ။ ဒါပေမယ့် ဘာဖြစ်နေလဲဆိုတာ ကြည့်ပါဦး။ သူတို့က တစ်ယောက်ကိုတစ်ယောက်ပဲ ကြည့်နေကျပြီး ကြည်နူးစရာလေထုလေးကို ဖော်ဆောင်နေတယ်လေ။

ဒါပေမယ့် ရပါတယ်။ သူမအစ်ကိုတွေက မလုပ်ချင်ရင် သူမက ပဲဒါကိုလုပ်ပေးလိုက်မယ်။

ထိုအတွေးဖြင့် ပိုင်မိန်သည် ထိုအမျိုးသမီးဘက်သို့  အေးဆေးစွာလျှောက်သွားလိုက်၍ သူမလက်ထဲက  အဖိုးထံကျောက်များဖြင့် စီခြယ်ထားသည် ဒေါင်းပုံစံဆံထိုးလေးကို ဆော့ကစားနေရင်း ပြောလိုက်လေသည်။

"အာ...လက်စသတ်တော့ တစ်ယောက်ယောက်ရဲ့ကိုယ်လုပ်တော်လေးပဲကိုး ဟင်းဟင်း ယွီလျန်ဟွားရဲ့ဒုတိယထပ်က ဂုဏ်သရေရှိတဲ့ သခင်မတွေနဲ့သခင်မလေးတွေချည်း လာတဲ့နေရာလို့ ထင်ထားခဲ့တာ ဒီလိုလူတွေလည်း လာလိမ့်မယ်လို့ မထင်ထားဘူးပဲ ဒုတိယအကို ညီမတို့နောက်ကျရင် တတိယထပ်ကိုပဲသွားကျရင်ရော ဘယ်လိုလဲ ညီမလေးအထင် ဒီနေရာက နည်းနည်းညစ်ပတ်နေတယ်"

ပိုင်လီသည် သူ့ညီမလေးရဲ့ပါးစပ်က အလွန်အဆိပ်ပျင်းလွန်းသည်ဟု ခံစားခဲ့ရလေသည်။ ဒီကောင်မလေးက ဘယ်တုန်းက ဒီလောက်ထိ ထိုးနှက်တတ်သွားတာပါလိမ့်။

သို့သော် ပိုင်လီက သူ့ညီမလေးကို မျက်နှာပျက်အောင်လုပ်မည်မဟုတ်ပေ။ သူ့မှာ ညီမလေးဆိုလို့ ဒီတစ်​ယောက်ထဲရှိတာကို။ ဒီကလေးမကို သူဘယ်လောက်တောင်မှ ချစ်လိုက်သလဲ။ ထို့ကြောင့် သူကပြောပေးလိုက်၏။

"ကောင်းပြီ ညီမလေးသဘောပဲ"

ကုန်သည်ချင်၏ ဒုတိယဇနီးသည် သူမကိုယ်သူမသွေးပင်အန်မိတော့မည်ဟု ခံစားခဲ့ရပေသည်။ သူကပိုင်မိန်အား ဒေါသတကြီး လက်ညိုးထိုးလျက်ဖြင့်...

"နင်...နင်!"

သို့သော် သူမဘာပြောရမည်နည်း။ သူမကကယ်ပဲသူများရဲ့ ဒုတိယဇနီးပဲလေ။ ဒုတိယဇနီးဆိုတာကလည်း ကိုယ်လုပ်တော်လို့တစ်မျိုးပဲမဟုတ်ဘူးလား။

ထိုအချိန်တွင် ရှောင်ဖူသည် တစ်ဖက်အမျိုးသမီး၏လက်က ပိုင်မိန်၏မျက်နှာနှင့် အလွန်နီးနေသည်ကို မြင်နေရ၍ သူလေးက ကြောက်လန့်တကြားဖြင့် ပိုင်လီကိုမေးလာလေသည်။

"အဖေ...အဖေ သူမက ဒေါ်လေးငယ်ကို ရိုက်တော့မှာလားဟင်"

ပိုင်လီကမူ လန့်နေသည့် သူ့သားလေးတွေကို ပိုတင်းအောင်ဖက်ထားပေးလိုက်ပြီး အရယ်တစ်ဝက်ဖြင့် ပြောလာလေ၏။

"သူမ မရိုက်ရဲပါဘူး အကယ်၍ သူမရိုက်ရဲရင် သူမလက်က အကောင်းတိုင်းရှိတော့မှာမဟုတ်ဘူး"

.........................................
(AN/ ပိုင်လီတို့က paid gpမှာ ဇာတ်သိမ်းသွားပါပြီ။ 💖)

###

အပိုင္း (၁၂၇) ဇနီးေလးေ႐ြးေပးသည့္လက္ေဆာင္ -2

ကုန္သည္ခ်င္၏ ဇနီးအေနႏွင့္ မည္မွ်စိတ္အႏွောက္ယွက္ ျဖစ္ေနပါေစ တစ္ဖက္ရွိလူမ်ားသည္ဘသူမအား လုံးဝဂ႐ုမစိုက္က်ေပ။

အေသးေလးေတြက သူတို႔အေဖစကားေၾကာင့္လက္ေကာက္ကို ေပးၾကည့္ခိုင္းခဲ့က်ၿပီး ထိုလက္ေကာက္သည္ ခရမ္းေရာက္ေက်ာက္စိမ္းႏွင့္ျပဳလုပ္ထား၍ မ်က္ႏွာျပင္ပတ္လည္လုံး၌ မက္မြန္ပြင့္သ႑ာန္ ပန္းပြင့္ေလးမ်ားကို ေဖာင္းႂကြပုံစံေလးျဖင့္ ပုံေဖာ္ထားတာျဖစ္သည္။

ၿခဳံငုံေျပာရရင္ ထိုလက္ေကာက္ေလးက တကယ္ကိုအရမ္းလွပတာပါပဲ။ ဒါေၾကာင့္ ပိုင္လီက အေသးေလးေတြအား ေမးလိုက္ေတာ့၏။

"သားတို႔က ဒီလက္ေကာက္ေလးကိုႀကိဳက္လား လိုခ်င္လား "

အေသးေလးမ်ား၏ အေျဖကလည္း မဆိုင္းမတြပါပင္။

"သား လိုခ်င္ပါတယ္!"

"သားေရာ! အေဖ သားေရာလိုခ်င္တယ္!"

ထို႔ေၾကာင့္ ပိုင္လီကလည္း တြန့္ဆုတ္မေနဘဲ အမ်ိဳးသမီးစန္းကို ေမးလိုက္ေတာ့၏။

"အမ်ိဳးသမီးစန္း ဒါမ်ိဳးက ဆင္တူရွိေသးလား"

အမ်ိဳးသမီးစန္းသည္ အလြန္ကိုၿပဳံး႐ႊင္ေနပါသည္။ သူမက...

"ဘာလို႔မရွိရမွာလဲ ပုံစံတူ ေလးငါးကြင္းထိ ရွိပါတယ္ မုဆိုးပိုင္ ဘယ္ေလာက္လိုခ်င္လဲသာ ေျပာလိုက္ပါ"

ဒါကိုၾကားေတာ့ ပိုင္လီသည္ လက္ေကာက္အားအေသးေလးေတြထံ ျပန္ေပးလိုက္ၿပီး မွာေပးလိုက္သည္။

"ကြၽန္ေတာ္ ႏွစ္ရံ(ေလးကြင္း)ယူမယ္"

ၿပီးေနာက္ သူက ပိုင္မိန္အား လွမ္းၾကည့္လိုက္၍...

"ေရွာင္မိန္ေရာ ဒါကိုႀကိဳက္လား တစ္ရံေလာက္ယူမလား"

ပိုင္မိန္သည္ လက္ေကာက္၏ ဒီဇိုင္းကို အမွန္ပင္ႀကိဳက္ေပသည္။ ဒါေပမယ့္ သူမက အေရာင္ကိုေတာ့ သိပ္မႀကိဳက္တာေၾကာင့္ ....

"ညီမက လက္ေကာက္ပုံစံေလးကိုေတာ့ ႀကိဳက္ပါတယ္ ဒါေပမယ့္ အေရာင္က တျခားအေရာင္ေလးဆိုပိုလွမလားလို႔ေလ "

ဒါကိုၾကားေတာ့ အမ်ိဳးသမီးစန္းသည္ အၿပဳံးေလးျဖင့္ ဆိုင္ကေကာင္မေလးတစ္ေယာက္ကို ေျပာလိုက္ေလသည္။

"ၾကားက်လား ဒီလိုအေရာင္တူနဲ႕ပုံစံတူ ေက်ာက္စိမ္းလက္ေကာက္သုံးကြင္း ထပ္ယူလာၿပီး ဒီလိုပုံစံတူၿပီး အေရာင္ကြဲတဲ့ လက္ေကာက္ေတြလည္း ယူလာခဲ့လိုက္ ျမန္ျမန္ေလးလုပ္က်ေနာ္ ဧည့္သည္ေတြကိုမေစာင့္ရေစနဲ႕"

ေျပာၿပီးေနာက္ အမ်ိဳးသမီးစန္းသည္ ရပ္ေနသည့္ေကာင္မေလးတစ္ေယာက္၏ ဗန္းထဲမွ ခါးခ်ိတ္အေဆာင္ေလးတစ္ခုကို ေကာက္ယူလ်က္ ပိုင္မိန္အား ျပလာေလသည္။

"မိန္းမငယ္ေလး ဒါေလးကို ႀကိဳက္မလားလို႔ၾကည့္ပါဦး ဒါက ဇီးပန္းပြင့္သုံးပြင့္ကို ဆင့္ထားတဲ့ ပုံစံေလးေလ သူ႕ရဲ႕အရမ္းေရာင္ကလည္း အနီပဲဆိုေတာ့ ဘယ္ေလာက္လွလိုက္သလဲ ဝတ္ထားရင္အရမ္းလွေနမွာ"

ထိုခါးခ်ိတ္အေဆာင္ေလးသည္ အနီေက်ာက္စိမ္းျဖင့္ ဇီးပန္းပြင့္ပုံစံေလးမ်ားကို ပုံေဖာ္ထားၿပီး သုံးပြင့္ပါရွိတာျဖစ္၏။ အလွဆင္ထားတဲ့ႀကိဳးကိုေတာ့ အျဖဴကိုသုံးထားတာျဖစ္၍ တကယ္ကို လွပေပသည္။

ပိုင္မိန္က သေဘာတက်ျဖင့္ ထိုခါးခ်ိတ္အေဆာင္ေလးကို ခ်ိတ္ၾကည့္ရင္း ပိုင္လီနဲ႕ေရွာင္ဟန္တို႔ေရွ႕ တစ္ပတ္လွည့္ျပလိုက္၍...

"ဒုတိယအကိုနဲ႕ ဒုတိယေယာင္းမ ညီမေလးနဲ႕ၾကည့္ေကာင္းရဲ႕လား"

ပိုင္လီသည္ ကေလးမေလး၏ ေပ်ာ္ျမဴးေနသည့္စိတ္ကို ဖ်က္စီးမည္မဟုတ္ေပ။ အဲဒါက တကယ္လည္း ပိုင္မိန္နဲ႕လိုက္တာေၾကာင့္ သူေျပာလိုက္ပါတယ္။

"အရမ္းကိုလိုက္တယ္ ငါတို႔ေရွာင္မိန္ေလးက ၾကည့္အေကာင္းဆုံးပဲ"

ေရွာင္ဟန္ကလည္း အၿပဳံးေလးျဖင့္ ေခါင္းၿငိမ့္ျပတာေၾကာင့္ ပိုင္မိန္က ေက်နပ္သြားၿပီး ထိုခါးခ်ိတ္အေဆာင္ေလးကို သူမယူမည့္စာရင္းထဲသို႔ ထည့္လိုက္ေလသည္။

အဲဒီေနာက္မွာ လက္ေကာက္သြားယူတဲ့ ေကာင္မေလးက ျပန္ေရာက္လာတာေၾကာင့္ ပိုင္လီက ခုထိ လက္ေကာက္တစ္ကြင္းကို သေဘာတက်ၾကည့္ေနစဲျဖစ္တဲ့ သူ႕သားေလးေတြကို တစ္ေယာက္ႏွစ္ကြင္းစီေပးလိုက္ေတာ့၏။ ၿပီးေနာက္ သူကေျပာလိုက္ပါတယ္။

"သားတို႔က ခုေတာ့ဝတ္လို႔မရေသးဘူး နည္းနည္းၾကာမွပဲ ဝတ္လို႔ရမွာ ေသခ်ာသိမ္းထားရမယ္ေနာ္"

အေသးေလးမ်ားသည္ အလြန္နာခံေပသည္။ သူတို႔က အခုဝတ္လို႔မရေသးတာေၾကာင့္ ဆိုင္ကေပးတဲ့ သစ္သားေသတၱာေလးေတြထဲမွာ လက္ေကာက္ေလးေတြကို ထည့္ထားလိုက္က်ၿပီး ေသတၱာေလးေတြကိုေတာ့ သူတို႔ေဖေဖဆီမွာ ခဏအပ္ထားလိုက္က်သည္။

အဲဒီေနာက္ သူတို႔က ထပ္သြားေ႐ြးေနက်ျပန္ၿပီး သူတို႔ကိုၾကည့္ရတာ ဒီလိုလုပ္ေနရတဲ့အေပၚ ေတာ္ေတာ္ေလး ေပ်ာ္ေနက်တဲ့ပုံလည္း ရပါတယ္။ မေပ်ာ္နိုင္တဲ့သူတို႔ ေဖေဖေရွာင္ဟန္ကေတာ့ ေသတၱာေလးႏွစ္လုံးကိုငုံ႕ၾကည့္ၿပီးသက္ပ်င္းတိုးတိုးေလးခိုးခ်လိဳက္ရဲ႕။

သူ႕ရဲ႕ခင္ပြန္းက ဘယ္ေလာက္ေတာင္ အလိုလိုက္တုန္းဆိုတာကို ၾကည့္ပါဦး။ သူက လက္ေကာက္ေတြရဲ႕ တန္ဖိုးကိုေတာင္ မေမးဘဲ ေလးကြင္းေတာင္ ဝယ္ေပးလိုက္တယ္ေလ။

ေရွာင္ဟန္လိုေတြးေနသည့္ တျခားတစ္ေယာက္လည္းရွိေသးၿပီး အဲတာကေတာ့ ကုန္သည္ခ်င္၏ ဒုတိယဇနီးပါပင္။ သူမက ယြီလ်န္ဟြားဘက္က ပိုင္လီတို႔ေ႐ြးထားတဲ့ ပစၥည္းေတြအတြက္ ရတနာထည့္တဲ့ ေသတၱာေတြကို ထုတ္ေပးလာခ်ိန္မွာ ထိုင္ေတာင္မေနနိူင္ေတာ့ပါဘူး။ သူမက ထၿပီး ခ်က္ျခင္းပဲ...

"အမ်ိဳးသမီးစန္း! ရွင္ကမဟုတ္ေသးပါဘူး သူတို႔ကဝယ္နိုင္မဝယ္နိုင္ေတာင္ မေသခ်ာေသးဘဲနဲ႕  ထည့္ဖို႔ေသတၱာေတြပါ ထုတ္ေပးေနတယ္ေပါ့ေလ ရွင္ကဘယ္သူ႕ကို ေဒါသထြက္ေစခ်င္ေနတာလဲ!! သူတို႔က မုဆိုးရဲ႕မိသားစုေလးတစ္ခုပဲကို ခရမ္းေရာင္ေက်ာက္စိမ္းလက္ေကာက္ ေလးကြင္းေတာင္ တကယ္ပဲ ဝယ္နိုင္မယ္လို႔ ရွင္ထင္ေနတာလား! အိမ္မက္မက္ေနတာပဲ!! ၾကည့္ေလ သူတို႔က ေစ်းေတာင္မေမးဘူး!! အဲတာက မယူဖို႔စဥ္းစားထားတာနဲ႕အတူတူပဲမဟုတ္ဘူးလား! ဟမ့္! ေနာက္ထပ္ပါယူျပဖို႔ႀကိဳးစားေနက်ေသးတယ္ေပါ့ေလ ရယ္စရာေကာင္းလိုက္တာ!"

ပိုင္လီမွာ ဒီတစ္ခါေတာ့ ထိုစကားမ်ားကို လွစ္လ်ဴရႈၿပီး မေနနိုင္ေတာ့ေခ်။ ထိုအမ်ိဳးက တမင္ကို ျပႆနာရွာေနတာ မဟုတ္ဘူးလား။ သူက သူ႕မိသားစုနဲ႕ ေအးေအးေဆးေဆး လက္ဝတ္ရတနာတခ်ိဳ႕ကို လာဝယ္ခ်င္႐ုံပါပဲ။ ဘာေၾကာင့္ ဒီလိုစိတ္ထားဆိုးတဲ့ အမ်ိဳးသမီးနဲ႕မွ ထိပ္တိုက္တိုးေနရတာလဲ။

ဒီတစ္ႀကိမ္တြင္ ထိုအမ်ိဳးသမီး၏ ေလသံက က်ယ္လာၿပီး ပိုင္လီတို႔ကိုလည္း လက္ညိုးထိုးခဲ့သျဖင့္ အေသးေလးေတြက လန့္သြားခဲ့က်သည္။ သူတို႔ေလးေတြက စားပြဲကိုပတ္ၿပီး သူတို႔အႀကိဳက္ လက္ဝတ္ရတနာေလးေတြကို လိုက္ေ႐ြးေနတာေပမယ့္ ထိုအမ်ိဳးသမီးေၾကာင့္ လန့္ၿပီး သူတို႔အေဖေတြဆီ ျပန္ေျပးလာက်ပါတယ္။ ဒီအတြက္ ပိုင္လီရဲ႕ၿပဳံးေနတဲ့မ်က္ႏွာက အနည္းငယ္ပ်က္ယြင္းသြားေတာ့တယ္။

အမ်ိဳးသမီးစန္းက ပါးနပ္ေနၿပီျဖစ္တာေၾကာင့္ သူမက ပိုင္လီရဲ႕သည္းခံနိုင္မႈက ကုန္ဆုံးေနၿပီမွန္း ဘယ္မွာ မရိပ္မိဘဲေနပါ့မလဲ။ အဲတာေၾကာင့္ သူမက ၾကားထဲကေနဝင္ပါလိုက္ၿပီး ကုန္သည္ခ်င္ရဲ႕ ဒုတိယဇနီးကို ေျပာလိုက္ေတာ့တယ္။

"ဒီကဧည့္သည္ရွင့္ ကြၽန္မက ကုန္သည္ခ်င္ရဲ႕မ်က္ႏွာေၾကာင့္ ရွင့္ကို မ်က္ႏွာသာေပးခဲ့ေပမယ့္ ရွင့္အေနနဲ႕ကြၽန္မတို႔ရဲ႕ဆိုင္ရဲ႕ စီးပြားေရးကို ဝင္ပါစရာမလိုပါဘူးရွင္ "

အဲဒီေနာက္ အမ်ိဳးသမီးစန္းသည္ အလွန်အဓိပ္ပါယ်ပြည့်ဝသောအပြုံးဖြင့် ထပ္ေျပာခဲ့ေလသည္။

"ေၾသာ္...ရွင္က ၿပီးခဲ့တဲ့လကမွ ကုန္သည္ခ်င္ရဲ႕ ဒုတိယဇနီးအျဖစ္ လက္ထပ္ၿပီး ဒီၿမိဳ႕ကိုေရာက္လာတာဆိုေတာ့ မုဆိုးပိုင္ကိုမသိတာ ပုံမွန္ပါပဲရွင္ ဒါေပမယ္ စကားေျပာရင္ ဂ႐ုစိုက္ေပးပါဦး ဒီက မုဆိုးပိုင္က ဒုတိယဇနီးေတြ တတိယဇနီးေတြ အေယာက္တစ္ေထာင္ေလာက္ ယူနိုင္တဲ့ထိကို ႂကြယ္ဝတယ္ရွင့္"

ပိုင္လီသည္ ဒါကိုၾကားၾကားခ်င္း သီးသြားေတာ့သည္။ ေနပါဦး အမ်ိဳးသမီးစန္းက ဘယ္လိုႀကီးေျပာလိုက္တာလဲ။ ဒီမွာ သူ႕ဇနီးေလးပါ ရွိေနတာကို အထင္လြဲသြားရင္ ဘယ္လိုလုပ္မွာတုန္း။

ပိုင္လီသည္ ဟိုအမ်ိဳးသမီးသည္ မည္သို႔ျဖစ္သြားမည္ကို စိတ္မဝင္စားဘဲ ေရွာင္ဟန္ကိုသာ ခပ္တိုးတိုးကပ္ေျပာလိုက္ေပသည္။

"ၾကည့္ရတာ ဟိုအမ်ိဳးသမီးက တစ္ေယာက္ေယာက္ရဲ႕ ဒုတိယဇနီးျဖစ္ပုံရတယ္ အမ်ိဳးသမီးစန္းက သူမကိုဖိနိပ္ခ်င္လို႔ ဒုတိယဇနီးဆိုတာကို ႏွစ္ခါေတာင္ထည့္ေျပာခဲ့တာေလ အဲဒါကို ကိုယ္ကပါသြားေသးတယ္ ဘယ္ေလာက္ စိတ္တိုစရာေကာင္းလိုက္လဲ ကိုယ့္ကိုမ်ား ဇနီးေတြထပ္ယူမယ့္လူလို႔ ထင္ေနလားမသိပါဘူးကြာ"

ေရွာင္ဟန္မွာ အစက ဘာမွမေတြးမိေသးတာေၾကာင့္ သူ႕ခင္ပြန္းေျပာတာ နားေထာင္အၿပီးမွာ ခဏေလာက္ရပ္တန့္သြားေလသည္။ အဲဒီေနာက္ သူ႕ခင္ပြန္းက သူအထင္လြဲမွာစိုးလို႔ ေျပာေနမွန္း သေဘာေပါက္သြားလို႔ သူကမေနနိုင္ဘဲ ရယ္ေမာလိုက္မိေတာ့၏။

သူထင္မိတယ္ သူ႕ခင္ပြန္းက တစ္ခါတစ္ခါက်ရင္နည္းနည္းခ်စ္စရာေကာင္းတယ္လို႔ေလ။

ပိုင္လီမွာ ရယ္ေမာေနသည့္ သူ႕ဇနီးေလးကိုၾကည့္ၿပီး သူ႕ဇနီးေလးက ရယ္ေနရင္ အရမ္းၾကည့္ေကာင္းတာပဲဟု ေတြးေနမိေလသည္။ မ်က္ဝန္းေတြထိပါ ၿပဳံးေလးတဲ့ပုံေလးက အရမ္းကိုခ်စ္စရာေကာင္းတာပဲ။

ေဘးရွိ ပိုင္မိန္သည္ ခ်စ္ၾကည္ႏူးေနသည့္ သူ႕အကိုတို႔စုံတြဲကိုၾကည့္လ်က္ တစ္ဖက္က အမ်ိဳးသမီးရဲ႕ ျဖဴလိုက္၊ ျပာလိုက္၊ နီလိုက္၊ စိမ္းလိုက္၊ မဲလိုက္ႏွင့္ မ်က္ႏွာႀကီး အေရာင္စုံေျပာင္းေနပုံကိည ၾကည့္လိုက္ေလသည္။

တကယ္ဆို ဒီအခ်ိန္မွာ သူမအစ္ကိုတို႔က ဟိတ္ဟန္အျပည့္နဲ႕ ထိုအမ်ိဳးသမီးကို ထပ္ရိုက္ခ်ေနရမွာ။ ဒါေပမယ့္ ဘာျဖစ္ေနလဲဆိုတာ ၾကည့္ပါဦး။ သူတို႔က တစ္ေယာက္ကိုတစ္ေယာက္ပဲ ၾကည့္ေနက်ၿပီး ၾကည္ႏူးစရာေလထုေလးကို ေဖာ္ေဆာင္ေနတယ္ေလ။

ဒါေပမယ့္ ရပါတယ္။ သူမအစ္ကိုေတြက မလုပ္ခ်င္ရင္ သူမက ပဲဒါကိုလုပ္ေပးလိုက္မယ္။

ထိုအေတြးျဖင့္ ပိုင္မိန္သည္ ထိုအမ်ိဳးသမီးဘက္သို႔  ေအးေဆးစြာေလွ်ာက္သြားလိုက္၍ သူမလက္ထဲက  အဖိုးထံေက်ာက္မ်ားျဖင့္ စီျခယ္ထားသည္ ေဒါင္းပုံစံဆံထိုးေလးကို ေဆာ့ကစားေနရင္း ေျပာလိုက္ေလသည္။

"အာ...လက္စသတ္ေတာ့ တစ္ေယာက္ေယာက္ရဲ႕ကိုယ္လုပ္ေတာ္ေလးပဲကိုး ဟင္းဟင္း ယြီလ်န္ဟြားရဲ႕ဒုတိယထပ္က ဂုဏ္သေရရွိတဲ့ သခင္မေတြနဲ႕သခင္မေလးေတြခ်ည္း လာတဲ့ေနရာလို႔ ထင္ထားခဲ့တာ ဒီလိုလူေတြလည္း လာလိမ့္မယ္လို႔ မထင္ထားဘူးပဲ ဒုတိယအကို ညီမတို႔ေနာက္က်ရင္ တတိယထပ္ကိုပဲသြားက်ရင္ေရာ ဘယ္လိုလဲ ညီမေလးအထင္ ဒီေနရာက နည္းနည္းညစ္ပတ္ေနတယ္"

ပိုင္လီသည္ သူ႕ညီမေလးရဲ႕ပါးစပ္က အလြန္အဆိပ္ပ်င္းလြန္းသည္ဟု ခံစားခဲ့ရေလသည္။ ဒီေကာင္မေလးက ဘယ္တုန္းက ဒီေလာက္ထိ ထိုးႏွက္တတ္သြားတာပါလိမ့္။

သို႔ေသာ္ ပိုင္လီက သူ႕ညီမေလးကို မ်က္ႏွာပ်က္ေအာင္လုပ္မည္မဟုတ္ေပ။ သူ႕မွာ ညီမေလးဆိုလို႔ ဒီတစ္ေယာက္ထဲရွိတာကို။ ဒီကေလးမကို သူဘယ္ေလာက္ေတာင္မွ ခ်စ္လိုက္သလဲ။ ထို႔ေၾကာင့္ သူကေျပာေပးလိုက္၏။

"ေကာင္းၿပီ ညီမေလးသေဘာပဲ"

ကုန္သည္ခ်င္၏ ဒုတိယဇနီးသည္ သူမကိုယ္သူမေသြးပင္အန္မိေတာ့မည္ဟု ခံစားခဲ့ရေပသည္။ သူကပိုင္မိန္အား ေဒါသတႀကီး လက္ညိုးထိုးလ်က္ျဖင့္...

"နင္...နင္!"

သို႔ေသာ္ သူမဘာေျပာရမည္နည္း။ သူမကကယ္ပဲသူမ်ားရဲ႕ ဒုတိယဇနီးပဲေလ။ ဒုတိယဇနီးဆိုတာကလည္း ကိုယ္လုပ္ေတာ္လို႔တစ္မ်ိဳးပဲမဟုတ္ဘူးလား။

ထိုအခ်ိန္တြင္ ေရွာင္ဖူသည္ တစ္ဖက္အမ်ိဳးသမီး၏လက္က ပိုင္မိန္၏မ်က္ႏွာႏွင့္ အလြန္နီးေနသည္ကို ျမင္ေနရ၍ သူေလးက ေၾကာက္လန့္တၾကားျဖင့္ ပိုင္လီကိုေမးလာေလသည္။

"အေဖ...အေဖ သူမက ေဒၚေလးငယ္ကို ရိုက္ေတာ့မွာလားဟင္"

ပိုင္လီကမူ လန့္ေနသည့္ သူ႕သားေလးေတြကို ပိုတင္းေအာင္ဖက္ထားေပးလိုက္ၿပီး အရယ္တစ္ဝက္ျဖင့္ ေျပာလာေလ၏။

"သူမ မရိုက္ရဲပါဘူး အကယ္၍ သူမရိုက္ရဲရင္ သူမလက္က အေကာင္းတိုင္းရွိေတာ့မွာမဟုတ္ဘူး"

.........................................
(AN/ ပိုင္လီတို႔က paid gpမွာ ဇာတ္သိမ္းသြားပါၿပီ။ )

Continue Reading

You'll Also Like

41.8K 2.7K 42
လောကမှာအလိုအပ်ဆုံးက အချစ်တဲ့လား ရယ်ချင်လိုက်တာ.... အချစ်ကဘာမှလုပ်လို့မှမရတာ.... ဘာလို့လိုအပ်မှာလဲ (Zaw+Uni) ေလာကမွာအလိုအပ္ဆုံးက အခ်စ္တဲ့လား ရယ္ခ်င္လ...
232K 25.5K 87
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...
222K 1.7K 2
ကောင်းကင်ဘုံရဲ့ထိပ်သီးမဟေသီတစ်ပါးဖြစ်ဖို့ကလွယ်ကူမယ်ထင်နေသလား ? အဓိကဇာတ်ဆောင် - အဓိပတိရာဇ + ရူစန္ဒာအဏီရာ MAHARVERSE SEASON 2|| Start Date - June 26 20...
6.2K 460 20
Cake နဲ့ Seeiwရဲ့ storyလေးကို ဘာသာပြန်ချင်လို့ပါ။ လိုအပ်ချက်တွေရှိရင်တော့နားလည်ပေးနော်။