အခန်း ၉ ကောက်ကျစ်သော သူပုန်များ (အပိုင်း ၆)
"ကျွန်တော်မျိုး ဒီကို ရောက်လာပါပြီ" အသက်လေးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးက သူတို့ ရှေ့ကို ရောက်လာပြီး ကောကျင့်ယွင်၏ ဒဏ်ရာများကို စစ်ဆေးကြည့်လိုက်သည်။ ထိုနောက် သူ့၏မျက်နှာက ရုတ်တရက် မည်းမှောင်လာပြီး "တဲထဲကို မြန်မြန်သွင်းဖို့ ကူညီပေးပါ" ဟု အလောတကြီး ပြောလိုက်သည်။
ကောကျင့်ယွင်ကို တဲအတွင်းသို့ ပို့လိုက်ပြီး နောက်ဆုံးတွင် ကုယွင်က သက်သာရာရသွားသည်။ ထို့နောက် သူမ ဘယ်ဘက်လက်မှ ပူလောင်နေသော နာကျင်မှုကို ခံစားလိုက်ရပြီး သူမဘယ်ဘက်လက်မောင်းကို ညင်သာစွာ ထိကြည့်လိုက်ရာ သူမကို မျက်မှောင်ကြုတ်သွားစေခဲ့သည်။ သူမက ပွန်းပဲ့သွားမှာကို သိနေခဲ့ပေမယ့် သွေးထွက်နေမယ်လို့တော့ မမျှော်လင့်ထားပါဘူး။
စုရန်က သူမဘယ်ဘက်လက်မောင်းတွင် သွေးစွန်းနေသည်ကို သတိထားမိသွားပြီး "မရီး ဒဏ်ရာရနေတာလား"
ကုယွင်က ခပ်ဖြည်းဖြည်း ခေါင်းညိတ်ပြလိုက်ပြီး "ကျွန်မ ဒဏ်ရာက မပြင်းထန်ပါဘူး၊ ကျွန်မတို့ အထဲဝင်ပြီး စကားပြောကြရအောင်"
သူမ ပင်မတဲစခန်းထဲ ဝင်သွားချိန်တွင် ဆေးသေတ္တာကို ကိုင်ထားသော စစ်တပ်သမားတော်တစ်ယောက်က ကုယွင်ဆီကို လျှောက်လာခဲ့သည်။ ကုယွင်က သူမ၏ဘယ်လက်မောင်းကို မဆိုင်းမတွ ဆန့်တန်းလိုက်ပြီး စစ်တပ်သမားတော်က သူမ၏အင်္ကျီလက်စကို ကတ်ကြေးဖြင့် အသာအယာ ဖြတ်တောက်လိုက်သည်။ နီရဲရောင်ရမ်းနေသော ဒဏ်ရာက အရွယ်ရောက်ပြီးသော အမျိုးသားများကို မျက်မှောင်ကြုတ်သွားသော်လည်း အမျိုးသမီးတစ်ယောက်၏လက်မောင်းကို စိုက်ကြည့်ခြင်းမှာ ယုတ္တိမတန်သောကြောင့် စုရန်နှင့်လို့မူဟိုင်က လှည့်ထွက်သွားပြီး လက်ထောက်ယုက အနောက်ဘက်သို့ ကမန်းကတန်း ပြန်လှည့်လိုက်သည်။
ဒီလိုဒဏ်ရာမျိုးက မပြင်းထန်ပေမယ့် အရမ်းနာကျင်ပါတယ်။ စစ်တပ်သမားတော်ဟောင်းက ဆေးကို သူ့လက်ထဲမှာ ကိုင်ထားပြီး "သခင်မ၊ အခု ဆေးထည့်ပြီး ပတ်တီးစည်းထားဖို့ လိုတယ်၊ ခနတော့ သည်းခံပေးပါ"
ကုယွင်က ပေါ့ပေါ့ပါးပါး ပြုံးနေပြီး ခေါင်းညိတ်ပြလိုက်ကာ "အဆင်ပြေတယ်၊ ဆက်လုပ်"
သမားတော်က ဒဏ်ရာပေါ်သို့ ဆေးမှုန့်ကို ညင်သာစွာ ဖြန်းလိုက်တာကြောင့် စူးရှနာကျင်စေသော ဝေဒနာတစ်ခုက သူမလက်မောင်းကို ရောက်ရှိလာခဲ့သည်။ ကုယွင်က နာကျင်မှုကို သည်းမခံနိုင်တော့ပဲ ညည်းညူလိုက်မိသည်။
"အင်း--"
စစ်တပ်သမားတော်အိုကြီးက ခေတ္တရပ်ပြီး ရုတ်တရတ် မလှုပ်ရှားဝံ့တော့ပေ။ ဒီဆေးက အရမ်းထိရောက်ပေမယ့်... အရမ်းနာကျင်ရလိမ့်မယ်။
ကုယွင်က အသက်ပြင်းပြင်းရှူပြီးနောက် စစ်တပ်သမားတော်အိုကြီးကို အေးအေးဆေးဆေး ပြောလိုက်သည်။ "ကျွန်မ ရတယ်၊ အဆင်ပြေတယ်၊ ဆက်လုပ်ပါ"
သူမ၏နဖူးပေါ်မှ ချွေးအေးများ ထွက်ကျလာသော်လည်း သူမက ထပ်ပြီး မညည်းညူတော့ပေ။ စစ်တပ်သမားတော်အိုကြီးက ဒဏ်ရာကို သေချာပတ်တီးဆီးပေးပြီး "သခင်မ၊ တစ်နေ့တစ်ကြိမ် ပတ်တီးလဲပေးပြီး တစ်ဝတ်လောက်ကြာရင် ဒီဒဏ်ရာက သက်သာသွားမှာပါ။ စိတ်မပူပါနဲ့ ကျွန်တော်မျိုး အကောင်းဆုံးကြိုးစားပြီး အမာရွတ်တွေ မကျန်အောင် တားဆီးပေးပါ့မယ်"
ကုယွင်က ပြုံးလိုက်ပြီး "ကျေးဇူးပါပဲ၊ သက်သာသွားရင် အဆင်ပြေတယ်"
သူမက အမာရွတ် ရှိ မရှိကို ဂရုမစိုက်ပေမယ့် စစ်တပ်သမားတော်အိုကြီးကတော့ ဒီလိုမိန်းကလေးကောင်းတစ်ယောက်အတွက် အမာရွတ်တွေ မထားခဲ့ဖို့ အစွမ်းကုန်ကြိုးစားမယ်လို့ တိတ်တဆိတ် ဆုံးဖြတ်လိုက်သည်။
ထုံးစံအတိုင်း ကုယွင်က စစ်တပ်သမားတော်တိုကြီး ဘာတွေ တွေးနေမှန်း မသိခဲ့ပါဘူး။ သူမက သူမလက်ကို ဖြည်းညှင်းစွာ ပြန်ဆွဲလိုက်ပြီး "ဟန်ရှုကို သူခိုးတွေ ဖမ်းသွားပြီ။ သူတို့က စုလင်းကို တောထဲ လာရှာဖို့ ပြောတယ်၊ သုံးရက်အတွင်း စုလင်းမရောက်လာရင် ကျီးပါးစပ်တောင်ကြားမှာ ဟန်ရှုရဲ့အလောင်းကို သွားကောက်ရလိမ့်မယ်တဲ့"
အခန်း ၉ ကောက်ကျစ်သော သူပုန်များ (အပိုင်း ၇)
သူမစကားကို ကြားပြီးနောက် လို့မူဟိုင်က ပြန်လှည့်လာပြီး စိုးရိမ်တကြီးနဲ့ "မဖြစ်နိုင်ဘူး! စစ်သူကြီးစုလင်း မရောက်သေးတာကို မပြောနဲ့၊ သူရောက်လာရင်တောင်မှ စစ်သူကြီးကို အန္တရာယ် ဖြစ်စေလို့ မရဘူး။ အဲဒီတောအုပ်က သူတို့နေရာပဲ။ သူတို့နဲ့ အရင်းနှီးဆုံးပဲ၊ အဲဒါက သူတို့ကိုပဲ အကျိုးရှိစေလိမ့်မယ်၊ စစ်သူကြီးဝင်သွားရင် စစ်သူကြီးအတွက် ဘေးဥပဒ်ကိုဘဲ ယူဆောင်လာလိမ့်မယ်"
စုရန်က လက်သီးကို ဖြန့်လိုက် ဆုပ်လိုက်လုပ်နေပြီး သူက ဒီသူပုန်များကို လျှော့တွက်ခဲ့မိသည်ဟု တွေးနေမိသည်။ ဒီတခေါက် ပြိုင်ဘက်တွေက သေးငယ်တဲ့ သူခိုးသာသာကောင်တွေ မဟုတ်တာတော့ သေချာနေခဲ့ပြီ။
လက်ထောက်ယုက အနောက်ကို ပြန်မကြည့်ဝံ့သေးပေမယ့် ကုယွင်နဲ့ စုရန်ဘက်ကို ကျောပေးထားရင်း လှမ်းပြောလိုက်သည်။ "တပ်မှူး၊ ကျွန်တော်မျိုးရဲ့ အမြင်အရ သူတို့ ဒီနေ့ တပ်မှူးကို မြှားနဲ့ပစ်ပုံအရ သူတို့က စစ်သူကြီး(စုလင်း)က ဘယ်သူဆိုတာ မသိဘူးလို့ သက်သေပြနေတယ်။ ဒီကိစ္စမှာ ကျွန်တော်မျိုးက စစ်သူကြီးရဲ့ဝတ်စုံကို ဝတ်ပြီး ထိပ်တန်း စစ်သည်ငါးထောင်နဲ့ တောထဲကို ဝင်ပါရစေ"
စုရန်က တုံ့ဆိုင်းနေသေးပေမယ့် ကုယွင်က အေးစက်စက် အသံဖြင့် အမိန့်ပေးလိုက်သည်။ "တဇွတ်ထိုး မလုပ်ဖို့ ငါ အကြံပေးတယ်။ ဒီနေ့ ဟန်ရှုနောက်ကို လိုက်သွားတုန်းက ကြာပွတ်ရှည်ကြီးကို ကျွမ်းကျင်တဲ့ လူတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ ပြီးတော့ ကောကျင့်ယွင်ရဲ့ ဒဏ်ရာကို ကြည့်ရင် မြှားတိုကို ကျွမ်းကျွမ်းကျင်ကျင် ပစ်နိုင်တဲ့ နောက်တစ်ယောက် ရှိနိုင်သေးတယ်။ ငါ့ရဲ့မှန်းဆချက်မှန်ရင် သူတို့က စစ်သူကြီးလို့ ပြောပြတဲ့ ဝူကျိနဲ့ ရန်ကော်တို့ ဖြစ်နိုင်တယ်။ သူတို့နှစ်ယောက်ရဲ့ကိုယ်ခံပညာက ပြောစရာမလိုအောင် အလွန်ကျွမ်းကျင်တယ်။ ညဘက်မှာတောင် တိုက်ပွဲအခြေအနေနဲ့ တောတွင်းမြေပြင်ကို အရမ်း ရင်းနှီးကျွမ်းကျင်နေတယ်။ ဒါတောင်မှ သူတို့က လက်ထောက်တွေပဲ ရှိသေးတယ်၊ ဒီတခေါက် ငါတို့ ပြသနာအကြီးကြီးနဲ့ ရင်ဆိုင်ရလိမ့်မယ် ထင်တယ်"
အခန်းထဲတွင် ခဏတာ တိတ်ဆိတ်ငြိမ်သက်သွားပြီး ထိုအချိန်တွင် အဖြူရောင်လက်တစ်ဖက်ဖြင့် ကန့်လန့်ကာကို ဖြည်းညှင်းစွာ ဖွင့်လိုက်ကာ ရယ်မြူးရိပ်ရှိနေသော်လည်း ရယ်နေပုံမရသော ယောက်ျားသံ တစ်သံက ခပ်တိုးတိုး ထွက်ပေါ်လာသည်။ "ဘယ်ပြသနာက ကြီးမားနေတာလဲ"
အနီရောင်ဝတ်ရုံဝတ်ထားပြီး ချောမောသော ယောကျာ်းလေးတစ်ယောက် ဝင်လာတာကြောင့်ကုယွင်က တိတ်တဆိတ် ရယ်မောလိုက်မိသည်။ ဒီည ဘာတွေဖြစ်နေသွားတာလဲ?? တောထဲက အပြာရောင်ဝတ်အမျိုးသားက ချစ်စရာကောင်းနေပြီလို့ သူမ ထင်ခဲ့ပေမယ့် ပိုချောတဲ့တစ်ယောက်က သူမရှေ့ကို ရောက်လာမယ်လို့တော့ သူမ မမျှော်လင့်ထားမိဘူး။ သူမရှေ့က အမျိုးသားက အရမ်းချောမောလွန်းပြီး တကယ်ကို စွဲမက်စရာ ကောင်းတယ်။ ကံကောင်းတာက သူက အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပေမယ့် မိန်းမမဆန်ဘူး။ အဲ့ဒိအစား ပုန်ကန်ချင်နေပြီး အရိုင်းဆန်တဲ့ အရိပ်အယောင်တွေ ရှိနေတယ်။
ဘယ်လောက်တောင် စိတ်ဝင်စားဖို့ ကောင်းတဲ့လူလဲ??
ကုယွင်၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ပင့်တက်သွားသော်လည်း အေးစက်ပြီး မာထန်နေသော ရောင်ဝါတစ်ခုကို မြင်လိုက်ရချိန်မှာတော့ သူမ အေးခဲသွားရုံသာမက အခန်းထဲမှ အပူချိန်တောင် ကျဆင်းသွားတယ်လို့ ခံစားလိုက်ရတယ်။
"စစ်သူကြီးစု!"
"တာ့ကော?"
နောက်က လိုက်ဝင်လာတဲ့သူက တကယ်ကြီး စုလင်းလား???
လို့မူဟိုင်က သူ့ကို နှုတ်ဆက်ဖို့ လက်ကို အလျင်အမြန် မြှောက်လိုက်ပြီး "စစ်သူကြီးစု ရောက်လာပြီ၊ ကောင်းတယ် တကယ်ကောင်းတယ်!"
စုလင်းက စစ်မြေပြင်တွင် နှစ်အတော်ကြာ နေခဲ့ပြီး သဘာဝကျစွာပင် သူ၏ဗျူဟာနှင့် ရဲစွမ်းသတ္တိက အခြားသူများထက် သာလွန်ကောင်းမွန်နေသည်။ ကြိုတင်မှန်းဆရာတွင် ကျွန်းကျွင်လွန်းသောကြောင့် သူ ရှိနေရုံနဲ့ ပုန်ကန်ချင်နေသော အရာရှိများနှင့် သစ္စာဖောက်များကို ဟန့်တားထားနိုင်ခဲ့သည်။
စုလင်းကလည်း သူ့လက်သီးကို ခပ်ဖွဖွ အုပ်ကိုင်လိုက်ပြီး ပြန်နူတ်ဆက်လိုက်သည်။ "လို့စစ်သူကြီး"
သူတို့က အချည်းနှီး နှုတ်ဆက်နေကြသော်လည်း မူရိကတော့ သူတို့ကို လုံးဝ စိတ်မဝင်စားတော့ပေ။ သူက မျက်လုံးကို အနည်းငယ် လှည့်ပတ်ကြည့်လိုက်ရာ စခန်းအတွင်းတွင် အနက်ရောင်ဝတ်စုံဝတ်ထားသော အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။ သူက သူမမျက်နှာကို မမြင်ရသေးသော်လည်း သူမက ပန်းကလေးလို ချောမောလှပပြီး ချစ်စရာကောင်းသူဖြစ်ကြောင်း သူ ပြောနိုင်နေပြီဖြစ်သည်။
❤️❤️❤️Thank you so much for your lovely supports❤️❤️❤️
အခန္း ၉ ေကာက္က်စ္ေသာ သူပုန္မ်ား (အပိုင္း ၆)
"ကြၽန္ေတာ္မ်ိဳး ဒီကို ေရာက္လာပါၿပီ" အသက္ေလးဆယ္ေက်ာ္အ႐ြယ္ အမ်ိဳးသားတစ္ဦးက သူတို႔ ေရွ႕ကို ေရာက္လာၿပီး ေကာက်င့္ယြင္၏ ဒဏ္ရာမ်ားကို စစ္ေဆးၾကည့္လိုက္သည္။ ထိုေနာက္ သူ႔၏မ်က္ႏွာက ႐ုတ္တရက္ မည္းေမွာင္လာၿပီး "တဲထဲကို ျမန္ျမန္သြင္းဖို႔ ကူညီေပးပါ" ဟု အေလာတႀကီး ေျပာလိုက္သည္။
ေကာက်င့္ယြင္ကို တဲအတြင္းသို႔ ပို႔လိုက္ၿပီး ေနာက္ဆုံးတြင္ ကုယြင္က သက္သာရာရသြားသည္။ ထို႔ေနာက္ သူမ ဘယ္ဘက္လက္မွ ပူေလာင္ေနေသာ နာက်င္မႈကို ခံစားလိုက္ရၿပီး သူမဘယ္ဘက္လက္ေမာင္းကို ညင္သာစြာ ထိၾကည့္လိုက္ရာ သူမကို မ်က္ေမွာင္ၾကဳတ္သြားေစခဲ့သည္။ သူမက ပြန္းပဲ့သြားမွာကို သိေနခဲ့ေပမယ့္ ေသြးထြက္ေနမယ္လို႔ေတာ့ မေမွ်ာ္လင့္ထားပါဘူး။
စုရန္က သူမဘယ္ဘက္လက္ေမာင္းတြင္ ေသြးစြန္းေနသည္ကို သတိထားမိသြားၿပီး "မရီး ဒဏ္ရာရေနတာလား"
ကုယြင္က ခပ္ျဖည္းျဖည္း ေခါင္းညိတ္ျပလိုက္ၿပီး "ကြၽန္မ ဒဏ္ရာက မျပင္းထန္ပါဘူး၊ ကြၽန္မတို႔ အထဲဝင္ၿပီး စကားေျပာၾကရေအာင္"
သူမ ပင္မတဲစခန္းထဲ ဝင္သြားခ်ိန္တြင္ ေဆးေသတၱာကို ကိုင္ထားေသာ စစ္တပ္သမားေတာ္တစ္ေယာက္က ကုယြင္ဆီကို ေလွ်ာက္လာခဲ့သည္။ ကုယြင္က သူမ၏ဘယ္လက္ေမာင္းကို မဆိုင္းမတြ ဆန႔္တန္းလိုက္ၿပီး စစ္တပ္သမားေတာ္က သူမ၏အက်ႌလက္စကို ကတ္ေၾကးျဖင့္ အသာအယာ ျဖတ္ေတာက္လိုက္သည္။ နီရဲေရာင္ရမ္းေနေသာ ဒဏ္ရာက အ႐ြယ္ေရာက္ၿပီးေသာ အမ်ိဳးသားမ်ားကို မ်က္ေမွာင္ၾကဳတ္သြားေသာ္လည္း အမ်ိဳးသမီးတစ္ေယာက္၏လက္ေမာင္းကို စိုက္ၾကည့္ျခင္းမွာ ယုတၱိမတန္ေသာေၾကာင့္ စုရန္ႏွင့္လို႔မူဟိုင္က လွည့္ထြက္သြားၿပီး လက္ေထာက္ယုက အေနာက္ဘက္သို႔ ကမန္းကတန္း ျပန္လွည့္လိုက္သည္။
ဒီလိုဒဏ္ရာမ်ိဳးက မျပင္းထန္ေပမယ့္ အရမ္းနာက်င္ပါတယ္။ စစ္တပ္သမားေတာ္ေဟာင္းက ေဆးကို သူ႔လက္ထဲမွာ ကိုင္ထားၿပီး "သခင္မ၊ အခု ေဆးထည့္ၿပီး ပတ္တီးစည္းထားဖို႔ လိုတယ္၊ ခနေတာ့ သည္းခံေပးပါ"
ကုယြင္က ေပါ့ေပါ့ပါးပါး ၿပဳံးေနၿပီး ေခါင္းညိတ္ျပလိုက္ကာ "အဆင္ေျပတယ္၊ ဆက္လုပ္"
သမားေတာ္က ဒဏ္ရာေပၚသို႔ ေဆးမႈန႔္ကို ညင္သာစြာ ျဖန္းလိုက္တာေၾကာင့္ စူးရွနာက်င္ေစေသာ ေဝဒနာတစ္ခုက သူမလက္ေမာင္းကို ေရာက္ရွိလာခဲ့သည္။ ကုယြင္က နာက်င္မႈကို သည္းမခံႏိုင္ေတာ့ပဲ ညည္းညဴလိုက္မိသည္။
"အင္း--"
စစ္တပ္သမားေတာ္အိုႀကီးက ေခတၱရပ္ၿပီး ႐ုတ္တရတ္ မလႈပ္ရွားဝံ့ေတာ့ေပ။ ဒီေဆးက အရမ္းထိေရာက္ေပမယ့္... အရမ္းနာက်င္ရလိမ့္မယ္။
ကုယြင္က အသက္ျပင္းျပင္းရႉၿပီးေနာက္ စစ္တပ္သမားေတာ္အိုႀကီးကို ေအးေအးေဆးေဆး ေျပာလိုက္သည္။ "ကြၽန္မ ရတယ္၊ အဆင္ေျပတယ္၊ ဆက္လုပ္ပါ"
သူမ၏နဖူးေပၚမွ ေခြၽးေအးမ်ား ထြက္က်လာေသာ္လည္း သူမက ထပ္ၿပီး မညည္းညဴေတာ့ေပ။ စစ္တပ္သမားေတာ္အိုႀကီးက ဒဏ္ရာကို ေသခ်ာပတ္တီးဆီးေပးၿပီး "သခင္မ၊ တစ္ေန႔တစ္ႀကိမ္ ပတ္တီးလဲေပးၿပီး တစ္ဝတ္ေလာက္ၾကာရင္ ဒီဒဏ္ရာက သက္သာသြားမွာပါ။ စိတ္မပူပါနဲ႔ ကြၽန္ေတာ္မ်ိဳး အေကာင္းဆုံးႀကိဳးစားၿပီး အမာ႐ြတ္ေတြ မက်န္ေအာင္ တားဆီးေပးပါ့မယ္"
ကုယြင္က ၿပဳံးလိုက္ၿပီး "ေက်းဇူးပါပဲ၊ သက္သာသြားရင္ အဆင္ေျပတယ္"
သူမက အမာ႐ြတ္ ရွိ မရွိကို ဂ႐ုမစိုက္ေပမယ့္ စစ္တပ္သမားေတာ္အိုႀကီးကေတာ့ ဒီလိုမိန္းကေလးေကာင္းတစ္ေယာက္အတြက္ အမာ႐ြတ္ေတြ မထားခဲ့ဖို႔ အစြမ္းကုန္ႀကိဳးစားမယ္လို႔ တိတ္တဆိတ္ ဆုံးျဖတ္လိုက္သည္။
ထုံးစံအတိုင္း ကုယြင္က စစ္တပ္သမားေတာ္တိုႀကီး ဘာေတြ ေတြးေနမွန္း မသိခဲ့ပါဘူး။ သူမက သူမလက္ကို ျဖည္းညႇင္းစြာ ျပန္ဆြဲလိုက္ၿပီး "ဟန္ရႈကို သူခိုးေတြ ဖမ္းသြားၿပီ။ သူတို႔က စုလင္းကို ေတာထဲ လာရွာဖို႔ ေျပာတယ္၊ သုံးရက္အတြင္း စုလင္းမေရာက္လာရင္ က်ီးပါးစပ္ေတာင္ၾကားမွာ ဟန္ရႈရဲ႕အေလာင္းကို သြားေကာက္ရလိမ့္မယ္တဲ့"
အခန္း ၉ ေကာက္က်စ္ေသာ သူပုန္မ်ား (အပိုင္း ၇)
သူမစကားကို ၾကားၿပီးေနာက္ လို႔မူဟိုင္က ျပန္လွည့္လာၿပီး စိုးရိမ္တႀကီးနဲ႔ "မျဖစ္ႏိုင္ဘူး! စစ္သူႀကီးစုလင္း မေရာက္ေသးတာကို မေျပာနဲ႔၊ သူေရာက္လာရင္ေတာင္မွ စစ္သူႀကီးကို အႏၲရာယ္ ျဖစ္ေစလို႔ မရဘူး။ အဲဒီေတာအုပ္က သူတို႔ေနရာပဲ။ သူတို႔နဲ႔ အရင္းႏွီးဆုံးပဲ၊ အဲဒါက သူတို႔ကိုပဲ အက်ိဳးရွိေစလိမ့္မယ္၊ စစ္သူႀကီးဝင္သြားရင္ စစ္သူႀကီးအတြက္ ေဘးဥပဒ္ကိုဘဲ ယူေဆာင္လာလိမ့္မယ္"
စုရန္က လက္သီးကို ျဖန႔္လိုက္ ဆုပ္လိုက္လုပ္ေနၿပီး သူက ဒီသူပုန္မ်ားကို ေလွ်ာ့တြက္ခဲ့မိသည္ဟု ေတြးေနမိသည္။ ဒီတေခါက္ ၿပိဳင္ဘက္ေတြက ေသးငယ္တဲ့ သူခိုးသာသာေကာင္ေတြ မဟုတ္တာေတာ့ ေသခ်ာေနခဲ့ၿပီ။
လက္ေထာက္ယုက အေနာက္ကို ျပန္မၾကည့္ဝံ့ေသးေပမယ့္ ကုယြင္နဲ႔ စုရန္ဘက္ကို ေက်ာေပးထားရင္း လွမ္းေျပာလိုက္သည္။ "တပ္မႉး၊ ကြၽန္ေတာ္မ်ိဳးရဲ႕ အျမင္အရ သူတို႔ ဒီေန႔ တပ္မႉးကို ျမႇားနဲ႔ပစ္ပုံအရ သူတို႔က စစ္သူႀကီး(စုလင္း)က ဘယ္သူဆိုတာ မသိဘူးလို႔ သက္ေသျပေနတယ္။ ဒီကိစၥမွာ ကြၽန္ေတာ္မ်ိဳးက စစ္သူႀကီးရဲ႕ဝတ္စုံကို ဝတ္ၿပီး ထိပ္တန္း စစ္သည္ငါးေထာင္နဲ႔ ေတာထဲကို ဝင္ပါရေစ"
စုရန္က တုံ႔ဆိုင္းေနေသးေပမယ့္ ကုယြင္က ေအးစက္စက္ အသံျဖင့္ အမိန႔္ေပးလိုက္သည္။ "တဇြတ္ထိုး မလုပ္ဖို႔ ငါ အႀကံေပးတယ္။ ဒီေန႔ ဟန္ရႈေနာက္ကို လိုက္သြားတုန္းက ၾကာပြတ္ရွည္ႀကီးကို ကြၽမ္းက်င္တဲ့ လူတစ္ေယာက္နဲ႔ ေတြ႕ခဲ့တယ္။ ၿပီးေတာ့ ေကာက်င့္ယြင္ရဲ႕ ဒဏ္ရာကို ၾကည့္ရင္ ျမႇားတိုကို ကြၽမ္းကြၽမ္းက်င္က်င္ ပစ္ႏိုင္တဲ့ ေနာက္တစ္ေယာက္ ရွိႏိုင္ေသးတယ္။ ငါ့ရဲ႕မွန္းဆခ်က္မွန္ရင္ သူတို႔က စစ္သူႀကီးလို႔ ေျပာျပတဲ့ ဝူက်ိနဲ႔ ရန္ေကာ္တို႔ ျဖစ္ႏိုင္တယ္။ သူတို႔ႏွစ္ေယာက္ရဲ႕ကိုယ္ခံပညာက ေျပာစရာမလိုေအာင္ အလြန္ကြၽမ္းက်င္တယ္။ ညဘက္မွာေတာင္ တိုက္ပြဲအေျခအေနနဲ႔ ေတာတြင္းေျမျပင္ကို အရမ္း ရင္းႏွီးကြၽမ္းက်င္ေနတယ္။ ဒါေတာင္မွ သူတို႔က လက္ေထာက္ေတြပဲ ရွိေသးတယ္၊ ဒီတေခါက္ ငါတို႔ ျပသနာအႀကီးႀကီးနဲ႔ ရင္ဆိုင္ရလိမ့္မယ္ ထင္တယ္"
အခန္းထဲတြင္ ခဏတာ တိတ္ဆိတ္ၿငိမ္သက္သြားၿပီး ထိုအခ်ိန္တြင္ အျဖဴေရာင္လက္တစ္ဖက္ျဖင့္ ကန႔္လန႔္ကာကို ျဖည္းညႇင္းစြာ ဖြင့္လိုက္ကာ ရယ္ျမဴးရိပ္ရွိေနေသာ္လည္း ရယ္ေနပုံမရေသာ ေယာက္်ားသံ တစ္သံက ခပ္တိုးတိုး ထြက္ေပၚလာသည္။ "ဘယ္ျပသနာက ႀကီးမားေနတာလဲ"
အနီေရာင္ဝတ္႐ုံဝတ္ထားၿပီး ေခ်ာေမာေသာ ေယာက်ာ္းေလးတစ္ေယာက္ ဝင္လာတာေၾကာင့္ကုယြင္က တိတ္တဆိတ္ ရယ္ေမာလိုက္မိသည္။ ဒီည ဘာေတြျဖစ္ေနသြားတာလဲ?? ေတာထဲက အျပာေရာင္ဝတ္အမ်ိဳးသားက ခ်စ္စရာေကာင္းေနၿပီလို႔ သူမ ထင္ခဲ့ေပမယ့္ ပိုေခ်ာတဲ့တစ္ေယာက္က သူမေရွ႕ကို ေရာက္လာမယ္လို႔ေတာ့ သူမ မေမွ်ာ္လင့္ထားမိဘူး။ သူမေရွ႕က အမ်ိဳးသားက အရမ္းေခ်ာေမာလြန္းၿပီး တကယ္ကို စြဲမက္စရာ ေကာင္းတယ္။ ကံေကာင္းတာက သူက အနီေရာင္ဝတ္စုံကို ဝတ္ဆင္ထားေပမယ့္ မိန္းမမဆန္ဘူး။ အဲ့ဒိအစား ပုန္ကန္ခ်င္ေနၿပီး အ႐ိုင္းဆန္တဲ့ အရိပ္အေယာင္ေတြ ရွိေနတယ္။
ဘယ္ေလာက္ေတာင္ စိတ္ဝင္စားဖို႔ ေကာင္းတဲ့လူလဲ??
ကုယြင္၏ ႏႈတ္ခမ္းေထာင့္မ်ားက အနည္းငယ္ ပင့္တက္သြားေသာ္လည္း ေအးစက္ၿပီး မာထန္ေနေသာ ေရာင္ဝါတစ္ခုကို ျမင္လိုက္ရခ်ိန္မွာေတာ့ သူမ ေအးခဲသြား႐ုံသာမက အခန္းထဲမွ အပူခ်ိန္ေတာင္ က်ဆင္းသြားတယ္လို႔ ခံစားလိုက္ရတယ္။
"စစ္သူႀကီးစု!"
"တာ့ေကာ?"
ေနာက္က လိုက္ဝင္လာတဲ့သူက တကယ္ႀကီး စုလင္းလား???
လို႔မူဟိုင္က သူ႔ကို ႏႈတ္ဆက္ဖို႔ လက္ကို အလ်င္အျမန္ ေျမႇာက္လိုက္ၿပီး "စစ္သူႀကီးစု ေရာက္လာၿပီ၊ ေကာင္းတယ္ တကယ္ေကာင္းတယ္!"
စုလင္းက စစ္ေျမျပင္တြင္ ႏွစ္အေတာ္ၾကာ ေနခဲ့ၿပီး သဘာဝက်စြာပင္ သူ၏ဗ်ဴဟာႏွင့္ ရဲစြမ္းသတၱိက အျခားသူမ်ားထက္ သာလြန္ေကာင္းမြန္ေနသည္။ ႀကိဳတင္မွန္းဆရာတြင္ ကြၽန္းကြၽင္လြန္းေသာေၾကာင့္ သူ ရွိေန႐ုံနဲ႔ ပုန္ကန္ခ်င္ေနေသာ အရာရွိမ်ားႏွင့္ သစၥာေဖာက္မ်ားကို ဟန႔္တားထားႏိုင္ခဲ့သည္။
စုလင္းကလည္း သူ႔လက္သီးကို ခပ္ဖြဖြ အုပ္ကိုင္လိုက္ၿပီး ျပန္ႏူတ္ဆက္လိုက္သည္။ "လို႔စစ္သူႀကီး"
သူတို႔က အခ်ည္းႏွီး ႏႈတ္ဆက္ေနၾကေသာ္လည္း မူရိကေတာ့ သူတို႔ကို လုံးဝ စိတ္မဝင္စားေတာ့ေပ။ သူက မ်က္လုံးကို အနည္းငယ္ လွည့္ပတ္ၾကည့္လိုက္ရာ စခန္းအတြင္းတြင္ အနက္ေရာင္ဝတ္စုံဝတ္ထားေသာ အမ်ိဳးသမီးတစ္ဦးကို ေတြ႕လိုက္ရသည္။ သူက သူမမ်က္ႏွာကို မျမင္ရေသးေသာ္လည္း သူမက ပန္းကေလးလို ေခ်ာေမာလွပၿပီး ခ်စ္စရာေကာင္းသူျဖစ္ေၾကာင္း သူ ေျပာႏိုင္ေနၿပီျဖစ္သည္။
❤️❤️❤️Thank you so much for your lovely supports❤️❤️❤️