ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်...

By KimHsuYoon99

115K 13.9K 109

Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xig... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 24
Chapter 23
Chapter 25
Chapter 26
Chapter 27
Good news😍
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 64
Chapter 63
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108

Chapter 70

803 99 0
By KimHsuYoon99

Unicode

တိုတိုပြောရရင်၊ ပင်မမီဒီယာတော်တော်များများက ကုမျန်နဲ့ပတ်သက်တဲ့ ကောင်းသတင်းတွေကို ထုတ်ပြန်ခဲ့ပြီး အဲ့ဒီသတင်းနဲ့အတူ ကော်ဇောနီပေါ်မှာ ခန်ယန်ယန်က ကျူးလီယဲ့ကို ကျော်ဖြတ်ပြီး ရေပန်းစားစေခဲ့တဲ့ သတင်းခေါင်းစဉ်တစ်ခုလည်း ရှိတယ်။

ဒီလိုနဲ့ ခန်ယန်ယန်က သူမလိုချင်တာကို ရခဲ့တာပေါ့။

ကုမျန်ကို weiboကို အကြိမ်အနည်းငယ်လောက် လျှောက်ကြည့်လိုက်သေးတယ်။ သူမ ဖုန်းပိတ်တော့မယ့်အချိန်မှာပဲ ခန်ယန်ယန်ဆီက ဖုန်းဝင်လာခဲ့တယ်။

ကုမျန်က ခန်ယန်ယန် သူမကို သတင်းကောင်းပြောပြဖို့ ဆက်လာတာပဲလို့တွေးပြီး ဖုန်းပြန်ဖြေလိုက်တယ်။

"ဂုဏ်ယူပါတယ်"

ခန်ယန်ယန်က သိသိသာသာပြုံးနေပြီး "ကုရှောင်မျန် ၊ ပြောရရင် ဒါတွေအကုန်လုံးက နင့်ကျေးဇူးကြောင့်ပါပဲ"

ကုမျန်က ခေါင်းခါလိုက်ပြီး "မဟုတ်တာ၊ အဓိက,က နင်ကိုယ်တိုင်က ကြိုးစားလို့ပဲ"

ကော်ဇောနီပေါ်မှာ ရင်သပ်ရှုမောဖွယ်ရာ သွင်ပြင်ဖြစ်နေအောင် ခန်ယန်ယန် ဘယ်လောက်ကြိုးစားခဲ့တယ်ဆိုတာ သူမအသိဆုံးပဲလေ။

ဘယ်သူကမှ လွယ်လွယ်နဲ့ မအောင်မြင်နိုင်ဘူး။ သူများတွေရှေ့မှာ တောက်ပပြီး လှပတဲ့သွင်ပြင်ဖြစ်နေဖို့အတွက် သူတို့တွေ ချွေးဘယ်လောက်ကျအောင် ကြိုးစားခဲ့ရတယ်ဆိုတာ သူတို့ပဲသိတယ်။ ဥပမာ ခန်ယန်ယန် ။ ကော်ဇောနီပေါ်မှာ သူမရဲ့ ကြော့ရှင်းလှပတဲ့သွင်ပြင်ကို ပြသဖို့အတွက် သူမက တစ်ပတ်လုံး အစာနည်းနည်းပဲစားခဲ့ရတယ်။ လမ်းဘယ်လိုလျှောက်ရမယ်ဆိုတာကိုလည်း ပရော်ဖက်ရှင်နယ်မော်ဒယ်နည်းပြကို သင်ပေးခိုင်းတယ်။

ဒါက ကော်ဇောနီပေါ်မှာ သူမ ဘာကြောင့် ကောင်းကောင်း ဖျော်ဖြေနိုင်ခဲ့ရလဲဆိုတာပဲ။

လည်ဆွဲ၀တ်ထားရင်တောင် သူမသာအလုပ်မကြိုးစားခဲ့ရင် လက်ရှိရလဒ်ကောင်းတွေကို သူမ မြင်ရမှာမဟုတ်ဘူးလေ။

ခန်ယန်ယန်က ဖုန်းထဲကနေ နှစ်ခါ ရယ်မောလိုက်တယ်။ ဒါက ကျူးလီယဲ့ကို အချိန်အကြာကြီး နင်းခြေထားဖို့ လုံလောက်တယ်။ သူမက ရယ်မောပြီးနောက် အတင်းအဖျင်းစပြောတော့တယ်။ "ကုရှောင်မျန်၊ ငါ နင့်ကို အတင်းအဖျင်းပြောဖို့ ခေါ်လိုက်တာ"

ကုမျန်က တကယ်တော့ တခြားသူတွေရဲ့ဘဝကို သိပ်စိတ်မဝင်စားပေမယ့် ခန်ယန်ယန်က ဒီလိုပြောလာတဲ့အတွက် သူမက ရင်းရင်းနှီးနှီးမေးမြန်းလိုက်တယ်။ "ဘာအတင်းအဖျင်းလဲ?"

ခန်ယန်ယန်က ဖုန်းရဲ့အခြားတစ်ဖက်က သူမရဲ့အသံကို တမင်လျှော့ချလိုက်တယ်။"တစ်ယောက်ယောက်က ဒါရိုက်တာ၀မ်နဲ့ ၁၈ဆင့်မင်းသမီးကို မြေအောက်ကားပါကင်မှာ တွေ့လိုက်ရတယ် သူက ကလေးမလေးကိုနမ်းဖို့ ကြမ်းပြင်ပေါ်တောင်ဖိထားလိုက်သေးတယ်တဲ့ ကျစ်!ကျစ်! တော်တော်အရှက်မရှိတာပဲ"

ကုမျန်အံ့သြသွားရတယ်။"ဒါရိုက်တာ၀မ်? ၀မ်ခိုင်လား?"

ခန်ယန်ယန်က အနည်းငယ် အံ့အားသင့်သွားတဲ့လေသံနဲ့ မေးလာတယ်။"ကုရှောင်မျန်၊ နင် ဒီကိစ္စကို သိထားပြီးသားလား"

ကုမျန်က နှုတ်ခမ်းဟလိုက်ရင်း "မဟုတ်ဘူး၊ ငါမသိပါဘူး"

ခန်ယန်ယန်က သက်ပြင်းချလိုက်တယ်။ "အဲ့ဒါက ဒီနယ်ပယ်ထဲက နာမည်ကြီးလူအိုကြီးရဲ့နာမည်ဆိုတော့ နင်လည်း ကြားဖူးထားလို့ ဖြစ်ရမယ်"

တကယ်တော့ ကုမျန်က ၀မ်ခိုင်ရဲ့ နာမည်ကို တခြားသူတွေဆီကနေ တခါမှမကြားခဲ့ဖူးဘူး။ "I'm So Popular" ကြောင့်သာ ၀မ်ခိုင်ကို သူမသိတာပင်။

မူလဇာတ်ကြောင်းမှာ အမျိုးသမီးဇာတ်ဆောင် ရွှယ်ကွေ့၀မ်နဲ့တွေ့ခဲ့တဲ့ တဏှာရူးဒါရိုက်တာက ၀မ်ခိုင်ဖြစ်တယ်။ သူမ သန့်စင်ခန်းသွားတော့ ၀မ်ခိုင်က ပရောပရည်လုပ်ခဲ့တယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ပေ။ သူ ဇာတ်လိုက်မင်းသမီးကို တိုက်ခိုက်ခါနီးမှာ အမျိုးသားဇာတ်ဆောင်က အချိန်မီပေါ်လာပြီး အမျိုးသမီးဇာတ်ဆောင်ကို အဝေးခေါ်ထုတ်သွားခဲ့တယ်။အမျိုးသမီး ဇာတ်ဆောင်ကို ကာကွယ်နေတဲ့ အမျိုးသားခေါင်းဆောင်ရှိတယ်ဆိုတော့ ၀မ်ခိုင်က (လွှတ်ပေးဖို့)ဆန္ဒမရှိရင်တောင် သူက အမျိုးသမီးခေါင်းဆောင်ကို လွယ်လွယ်မတိုက်ခိုက်ရဲခဲ့ဘူး။

ဒါပေမယ့် ဇာတ်ကြောင်းက ပြောင်းလဲသွားတာပဲ။

ကုမျန်က ဖြစ်ပျက်ခဲ့တာတွေကို ပြန်ပြောင်းတွေးတောကြည့်နေတယ်။

နောက်ပိုင်းမှ သန့်စင်ခန်းကိုသွားရမယ့် အမျိုးသားခေါင်းဆောင်က သူမနဲ့အတူ သန့်စင်ခန်းလိုက်လာတာကြောင့် အမျိုးသမီးခေါင်းဆောင်နဲ့ တွေ့ဆုံဖို့ လွဲချော်ခဲ့တယ်။ ညာဘက်ရှိသန့်စင်ခန်းကိုသွားရမယ့် အမျိုးသမီး ခေါင်းဆောင်က နောက်ဆုံးမှာ ဘယ်ဘက်ရှိသန့်စင်ခန်းကို ရွေးချယ်ခဲ့တယ်။

မနေ့ညက သန့်စင်ခန်းပြောင်းပြီးနောက်မှာ အမျိုးသမီးခေါင်းဆောင်က ကပ်ဆိုးကြီးကနေ လွတ်မြောက်သင့်တယ်လို့ ကုမျန် မူလက ထင်ခဲ့ပေမယ့်လည်း၊ မြေအောက်ကားပါကင်နေရာမှာ stalkerအိုကြီးရဲ့ နောက်တစ်ကြိမ်နှောင့်ယှက်တာကို ခံရလိမ့်မယ်လို့ သူမ မမျှော်လင့်ထားမိပေ။

"နောက်တော့ ဘာဖြစ်သွားလဲ?"

"နောက်တော့ ရုန်ယန်ပေါ်လာပြီး ၁၈ဆင့်မင်းသမီးကို ခေါ်သွားတယ်လေ"

ရုန်ယန်လား ?

အဲ့ဒါ “I’m So Popular”ထဲက အမျိုးသမီးဇာတ်ဆောင်ကို တိတ်တဆိတ်ကာကွယ်ပေးနေခဲ့တဲ့ ကြင်နာတတ်တဲ့အမျိုးသားမဟုတ်ဘူးလား။ တိတ်တဆိတ် ကာကွယ်နေခဲ့ပေမယ့် ဘာမှပြန်ပေးဖို့မတောင်းဆိုဘဲ အမျိုးသမီးဇာတ်ဆောင် ပျော်ရွှင်ဖို့ပဲ မျှော်လင့်ရုံပါဆိုတဲ့တစ်ယောက်လေ၊ ဟုတ်တယ််မလား။

ဒီတစ်ကြိမ်မှာ အမျိုးသားဇာတ်ဆောင်က သူမ(မူရင်းဇာတ်လိုက်မ)ကိုကယ်တင်ဖို့ မအောင်မြင်ခဲ့ပေမယ့် ဒုတိယမြောက် အမျိုးသားဇာတ်ဆောင်က ကယ်တင်လိုက်လိမ့်မယ်လို့ သူမ မမျှော်လင့်ထားမိခဲ့ဘူး။

ခန်ယန်ယန်က ထပ်ပြီး သက်ပြင်းချလိုက်တယ်။ "ရုန်ယန်က အခု ၁၈ဆင့်ပဲရှိသေးတာ မနေ့က သူအဲ့လိုလုပ်ခဲ့တဲ့အတွက် ငါသူ့ကို ချီးကျူးတယ် သူက ဖြောင့်မတ်တဲ့လူလို့ ငါထင်တယ်၊ ဒါပေမယ့် သူ ၀မ်ခိုင်ကို စော်ကားလိုက်ပြီ‌ဆိုတော့ နောက်ဆို ဒုက္ခရောက်လိမ့်မယ်"

နာမည်ကြီးနေပြီဖြစ်တဲ့ လော့ချယ်နဲ့မတူတာက ရုန်ယန်က အခုလောလောဆယ်မှာ အလုပ်အနည်းငယ်သာရှိတဲ့ လူသိနည်းတဲ့ကြယ်ပွင့်လေးဖြစ်ပြီး ကြည့်ရှုသူတော်တော်များများက သူဘယ်သူလဲဆိုတာတောင် မသိကြသေးဘူး။

ရုန်ယန်က နယ်ပယ်အမြင့်ပိုင်းရှိ နာမည်ကြီးဒါရိုက်တာတစ်ဦးကို ရူးရူးမိုက်မိုက်ထိပ်တိုက်တွေ့ပြီးတဲ့နောက်မှာ သူ့ရဲ့အနာဂတ်ကြယ်ပွင့်လမ်းကြောင်းက အဖုအထစ်တွေ ‌ပြည့်နှက်နေတော့မှာပဲ။

ဒါပေမယ့် ဒါက ကုမျန်နဲ့ ဘာမှမဆိုင်ဘူး။ သူမက ဇာတ်ကြောင်းရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီး မလွတ်မြောက်သေးပေ။ သူမက အခြားသူရဲ့ကိစ္စကို ဘယ်လိုဂရုစိုက်နိုင်မှာလဲ။

ခန်ယန်ယန်ရဲ့ဖုန်းကို ချလိုက်တာနဲ့တစ်ပြိုင်နက် လော့ချယ်ရဲ့WeChat မက်ဆေ့ခ်ျလည်းဝင်လာတယ်။

[လော့ချယ် : မင်း ပိုကောင်းလာပြီလား]

[ကောင်းလုနီးပါးပါပဲ အအေးမိပျောက်ဆေးက အရမ်းအသုံးဝင်တယ်]

[ကောင်းပြီ၊ များများအနားယူပါ]

[Ok]

ကုမျန်က စားစရာရှာဖို့ အောက်ထပ်ကိုဆင်းကာ စားစရာရှာတွေ့ပြီးနောက် *ထမင်းပုံးဘဝကို စတင်ခဲ့တယ်။( ဘာမှမလုပ်ပဲ အစားပဲစား )

သူမက လော့ချယ်ပေးခဲ့တဲ့ လည်ဆွဲကို လုံခြုံတဲ့နေရာမှာ လုံလုံခြုံခြုံ သိမ်းထားတယ်။ လောကကြီးကို သိပ်မတွေ့ဖူးတဲ့ သာမာန်လူတစ်ယောက်အနေနဲ့ ဒါက သူမတွေးနိုင်တဲ့ အလုံခြုံဆုံးနည်းလမ်းပဲ။

အိမ်မှာအနားယူနေတဲ့ ရက်အနည်းငယ်အတွင်း ကုမျန်က အမျိုးသမီးခေါင်းဆောင် အရင်က သရုပ်ဆောင်ခဲ့ဖူးတဲ့ ဝဘ်ဒရာမာဇာတ်ကားကို တွေ့ရှိခဲ့တယ်။ သူမက မြေခွေးလေးကို ရင်ခွင်ထဲပွေ့ချီထားပြီး သက်တောင့်သက်သာရှိတဲ့ ဆိုဖာပေါ်မှီထားတယ်။

ရွှယ်ကွေ့၀မ် ပထမဆုံးပါ၀င်သရုပ်ဆောင်ထားတဲ့  ကုန်ကျစရိတ်သက်သာတဲ့ အွန်လိုင်းဒရာမာဇာတ်ကားအနေနဲ့  သူမက တွဲဖက်အမျိုးသမီးအဖြစ်သာ သရုပ်ဆောင်ခဲ့ရပေမယ့်လည်း သူမရဲ့သရုပ်ဆောင်မှုက သရုပ်ဆောင်အားလုံးထဲမှာ မျက်စိဖမ်းအစားနိုင်ဆုံးဖြစ်ပြီး မျက်နှာတောင့်တောင့်တစ်ခုတည်းပဲ ရှိနေတတ်တဲ့ အမျိုးသားဇာတ်ဆောင်နဲ့ မျက်နှာအမူအရာ တစ်ခုတည်းသာ ရှိတဲ့ အမျိုးသမီးဇာတ်ဆောင်တွေထက်တော့ ပိုကောင်းတယ်။





Zawgyi

တိုတိုေျပာရရင္၊ ပင္မမီဒီယာေတာ္ေတာ္မ်ားမ်ားက ကုမ်န္နဲ႕ပတ္သက္တဲ့ ေကာင္းသတင္းေတြကို ထုတ္ျပန္ခဲ့ၿပီး အဲ့ဒီသတင္းနဲ႕အတူ ေကာ္ေဇာနီေပၚမွာ ခန္ယန္ယန္က က်ဴးလီယဲ့ကို ေက်ာ္ျဖတ္ၿပီး ေရပန္းစားေစခဲ့တဲ့ သတင္းေခါင္းစဥ္တစ္ခုလည္း ရွိတယ္။

ဒီလိုနဲ႕ ခန္ယန္ယန္က သူမလိုခ်င္တာကို ရခဲ့တာေပါ့။

ကုမ်န္ကို weiboကို အႀကိမ္အနည္းငယ္ေလာက္ ေလွ်ာက္ၾကည့္လိုက္ေသးတယ္။ သူမ ဖုန္းပိတ္ေတာ့မယ့္အခ်ိန္မွာပဲ ခန္ယန္ယန္ဆီက ဖုန္းဝင္လာခဲ့တယ္။

ကုမ်န္က ခန္ယန္ယန္ သူမကို သတင္းေကာင္းေျပာျပဖို႔ ဆက္လာတာပဲလို႔ေတြးၿပီး ဖုန္းျပန္ေျဖလိုက္တယ္။

"ဂုဏ္ယူပါတယ္"

ခန္ယန္ယန္က သိသိသာသာၿပဳံးေနၿပီး "ကုေရွာင္မ်န္ ၊ ေျပာရရင္ ဒါေတြအကုန္လုံးက နင့္ေက်းဇူးေၾကာင့္ပါပဲ"

ကုမ်န္က ေခါင္းခါလိုက္ၿပီး "မဟုတ္တာ၊ အဓိက,က နင္ကိုယ္တိုင္က ႀကိဳးစားလို႔ပဲ"

ေကာ္ေဇာနီေပၚမွာ ရင္သပ္ရႈေမာဖြယ္ရာ သြင္ျပင္ျဖစ္ေနေအာင္ ခန္ယန္ယန္ ဘယ္ေလာက္ႀကိဳးစားခဲ့တယ္ဆိုတာ သူမအသိဆုံးပဲေလ။

ဘယ္သူကမွ လြယ္လြယ္နဲ႕ မေအာင္ျမင္နိုင္ဘူး။ သူမ်ားေတြေရွ႕မွာ ေတာက္ပၿပီး လွပတဲ့သြင္ျပင္ျဖစ္ေနဖို႔အတြက္ သူတို႔ေတြ ေခြၽးဘယ္ေလာက္က်ေအာင္ ႀကိဳးစားခဲ့ရတယ္ဆိုတာ သူတို႔ပဲသိတယ္။ ဥပမာ ခန္ယန္ယန္ ။ ေကာ္ေဇာနီေပၚမွာ သူမရဲ႕ ေၾကာ့ရွင္းလွပတဲ့သြင္ျပင္ကို ျပသဖို႔အတြက္ သူမက တစ္ပတ္လုံး အစာနည္းနည္းပဲစားခဲ့ရတယ္။ လမ္းဘယ္လိုေလွ်ာက္ရမယ္ဆိုတာကိုလည္း ပေရာ္ဖက္ရွင္နယ္ေမာ္ဒယ္နည္းျပကို သင္ေပးခိုင္းတယ္။

ဒါက ေကာ္ေဇာနီေပၚမွာ သူမ ဘာေၾကာင့္ ေကာင္းေကာင္း ေဖ်ာ္ေျဖနိုင္ခဲ့ရလဲဆိုတာပဲ။

လည္ဆြဲ၀တ္ထားရင္ေတာင္ သူမသာအလုပ္မႀကိဳးစားခဲ့ရင္ လက္ရွိရလဒ္ေကာင္းေတြကို သူမ ျမင္ရမွာမဟုတ္ဘူးေလ။

ခန္ယန္ယန္က ဖုန္းထဲကေန ႏွစ္ခါ ရယ္ေမာလိုက္တယ္။ ဒါက က်ဴးလီယဲ့ကို အခ်ိန္အၾကာႀကီး နင္းေျခထားဖို႔ လုံေလာက္တယ္။ သူမက ရယ္ေမာၿပီးေနာက္ အတင္းအဖ်င္းစေျပာေတာ့တယ္။ "ကုေရွာင္မ်န္၊ ငါ နင့္ကို အတင္းအဖ်င္းေျပာဖို႔ ေခၚလိုက္တာ"

ကုမ်န္က တကယ္ေတာ့ တျခားသူေတြရဲ႕ဘဝကို သိပ္စိတ္မဝင္စားေပမယ့္ ခန္ယန္ယန္က ဒီလိုေျပာလာတဲ့အတြက္ သူမက ရင္းရင္းႏွီးႏွီးေမးျမန္းလိုက္တယ္။ "ဘာအတင္းအဖ်င္းလဲ?"

ခန္ယန္ယန္က ဖုန္းရဲ႕အျခားတစ္ဖက္က သူမရဲ႕အသံကို တမင္ေလွ်ာ့ခ်လိဳက္တယ္။"တစ္ေယာက္ေယာက္က ဒါရိုက္တာ၀မ္နဲ႕ ၁၈ဆင့္မင္းသမီးကို ေျမေအာက္ကားပါကင္မွာ ေတြ႕လိုက္ရတယ္ သူက ကေလးမေလးကိုနမ္းဖို႔ ၾကမ္းျပင္ေပၚေတာင္ဖိထားလိုက္ေသးတယ္တဲ့ က်စ္!က်စ္! ေတာ္ေတာ္အရွက္မရွိတာပဲ"

ကုမ်န္အံ့ၾသသြားရတယ္။"ဒါရိုက္တာ၀မ္? ၀မ္ခိုင္လား?"

ခန္ယန္ယန္က အနည္းငယ္ အံ့အားသင့္သြားတဲ့ေလသံနဲ႕ ေမးလာတယ္။"ကုေရွာင္မ်န္၊ နင္ ဒီကိစၥကို သိထားၿပီးသားလား"

ကုမ်န္က ႏႈတ္ခမ္းဟလိုက္ရင္း "မဟုတ္ဘူး၊ ငါမသိပါဘူး"

ခန္ယန္ယန္က သက္ျပင္းခ်လိဳက္တယ္။ "အဲ့ဒါက ဒီနယ္ပယ္ထဲက နာမည္ႀကီးလူအိုႀကီးရဲ႕နာမည္ဆိုေတာ့ နင္လည္း ၾကားဖူးထားလို႔ ျဖစ္ရမယ္"

တကယ္ေတာ့ ကုမ်န္က ၀မ္ခိုင္ရဲ႕ နာမည္ကို တျခားသူေတြဆီကေန တခါမွမၾကားခဲ့ဖူးဘူး။ "I'm So Popular" ေၾကာင့္သာ ၀မ္ခိုင္ကို သူမသိတာပင္။

မူလဇာတ္ေၾကာင္းမွာ အမ်ိဳးသမီးဇာတ္ေဆာင္ ႐ႊယ္ေကြ႕၀မ္နဲ႕ေတြ႕ခဲ့တဲ့ တဏွာ႐ူးဒါရိုက္တာက ၀မ္ခိုင္ျဖစ္တယ္။ သူမ သန႔္စင္ခန္းသြားေတာ့ ၀မ္ခိုင္က ပေရာပရည္လုပ္ခဲ့တယ္။ ဒါေပမယ့္ မေအာင္ျမင္ခဲ့ေပ။ သူ ဇာတ္လိုက္မင္းသမီးကို တိုက္ခိုက္ခါနီးမွာ အမ်ိဳးသားဇာတ္ေဆာင္က အခ်ိန္မီေပၚလာၿပီး အမ်ိဳးသမီးဇာတ္ေဆာင္ကို အေဝးေခၚထုတ္သြားခဲ့တယ္။အမ်ိဳးသမီး ဇာတ္ေဆာင္ကို ကာကြယ္ေနတဲ့ အမ်ိဳးသားေခါင္းေဆာင္ရွိတယ္ဆိုေတာ့ ၀မ္ခိုင္က (လႊတ္ေပးဖို႔)ဆႏၵမရွိရင္ေတာင္ သူက အမ်ိဳးသမီးေခါင္းေဆာင္ကို လြယ္လြယ္မတိုက္ခိုက္ရဲခဲ့ဘူး။

ဒါေပမယ့္ ဇာတ္ေၾကာင္းက ေျပာင္းလဲသြားတာပဲ။

ကုမ်န္က ျဖစ္ပ်က္ခဲ့တာေတြကို ျပန္ေျပာင္းေတြးေတာၾကည့္ေနတယ္။

ေနာက္ပိုင္းမွ သန႔္စင္ခန္းကိုသြားရမယ့္ အမ်ိဳးသားေခါင္းေဆာင္က သူမနဲ႕အတူ သန႔္စင္ခန္းလိုက္လာတာေၾကာင့္ အမ်ိဳးသမီးေခါင္းေဆာင္နဲ႕ ေတြ႕ဆုံဖို႔ လြဲေခ်ာ္ခဲ့တယ္။ ညာဘက္ရွိသန့္စင္ခန္းကိုသြားရမယ့္ အမ်ိဳးသမီး ေခါင္းေဆာင္က ေနာက္ဆုံးမွာ ဘယ္ဘက္ရွိသန့္စင္ခန္းကို ေ႐ြးခ်ယ္ခဲ့တယ္။

မေန႕ညက သန႔္စင္ခန္းေျပာင္းၿပီးေနာက္မွာ အမ်ိဳးသမီးေခါင္းေဆာင္က ကပ္ဆိုးႀကီးကေန လြတ္ေျမာက္သင့္တယ္လို႔ ကုမ်န္ မူလက ထင္ခဲ့ေပမယ့္လည္း၊ ေျမေအာက္ကားပါကင္ေနရာမွာ stalkerအိုႀကီးရဲ႕ ေနာက္တစ္ႀကိမ္ႏွောင့္ယွက္တာကို ခံရလိမ့္မယ္လို႔ သူမ မေမွ်ာ္လင့္ထားမိေပ။

"ေနာက္ေတာ့ ဘာျဖစ္သြားလဲ?"

"ေနာက္ေတာ့ ႐ုန္ယန္ေပၚလာၿပီး ၁၈ဆင့္မင္းသမီးကို ေခၚသြားတယ္ေလ"

႐ုန္ယန္လား ?

အဲ့ဒါ “I’m So Popular”ထဲက အမ်ိဳးသမီးဇာတ္ေဆာင္ကို တိတ္တဆိတ္ကာကြယ္ေပးေနခဲ့တဲ့ ၾကင္နာတတ္တဲ့အမ်ိဳးသားမဟုတ္ဘူးလား။ တိတ္တဆိတ္ ကာကြယ္ေနခဲ့ေပမယ့္ ဘာမွျပန္ေပးဖို႔မေတာင္းဆိုဘဲ အမ်ိဳးသမီးဇာတ္ေဆာင္ ေပ်ာ္႐ႊင္ဖို႔ပဲ ေမွ်ာ္လင့္႐ုံပါဆိုတဲ့တစ္ေယာက္ေလ၊ ဟုတ္တယ္္မလား။

ဒီတစ္ႀကိမ္မွာ အမ်ိဳးသားဇာတ္ေဆာင္က သူမ(မူရင္းဇာတ္လိုက္မ)ကိုကယ္တင္ဖို႔ မေအာင္ျမင္ခဲ့ေပမယ့္ ဒုတိယေျမာက္ အမ်ိဳးသားဇာတ္ေဆာင္က ကယ္တင္လိုက္လိမ့္မယ္လို႔ သူမ မေမွ်ာ္လင့္ထားမိခဲ့ဘူး။

ခန္ယန္ယန္က ထပ္ၿပီး သက္ျပင္းခ်လိဳက္တယ္။ "႐ုန္ယန္က အခု ၁၈ဆင့္ပဲရွိေသးတာ မေန႕က သူအဲ့လိုလုပ္ခဲ့တဲ့အတြက္ ငါသူ႕ကို ခ်ီးက်ဴးတယ္ သူက ေျဖာင့္မတ္တဲ့လူလို႔ ငါထင္တယ္၊ ဒါေပမယ့္ သူ ၀မ္ခိုင္ကို ေစာ္ကားလိုက္ၿပီ‌ဆိုေတာ့ ေနာက္ဆို ဒုကၡေရာက္လိမ့္မယ္"

နာမည္ႀကီးေနၿပီျဖစ္တဲ့ ေလာ့ခ်ယ္နဲ႕မတူတာက ႐ုန္ယန္က အခုေလာေလာဆယ္မွာ အလုပ္အနည္းငယ္သာရွိတဲ့ လူသိနည္းတဲ့ၾကယ္ပြင့္ေလးျဖစ္ၿပီး ၾကည့္ရႈသူေတာ္ေတာ္မ်ားမ်ားက သူဘယ္သူလဲဆိုတာေတာင္ မသိၾကေသးဘူး။

႐ုန္ယန္က နယ္ပယ္အျမင့္ပိုင္းရွိ နာမည္ႀကီးဒါရိုက္တာတစ္ဦးကို ႐ူး႐ူးမိုက္မိုက္ထိပ္တိုက္ေတြ႕ၿပီးတဲ့ေနာက္မွာ သူ႕ရဲ႕အနာဂတ္ၾကယ္ပြင့္လမ္းေၾကာင္းက အဖုအထစ္ေတြ ‌ျပည့္ႏွက္ေနေတာ့မွာပဲ။

ဒါေပမယ့္ ဒါက ကုမ်န္နဲ႕ ဘာမွမဆိုင္ဘူး။ သူမက ဇာတ္ေၾကာင္းရဲ႕ ထိန္းခ်ဳပ္မႈေအာက္မွာ ရွိေနၿပီး မလြတ္ေျမာက္ေသးေပ။ သူမက အျခားသူရဲ႕ကိစၥကို ဘယ္လိုဂ႐ုစိုက္နိုင္မွာလဲ။

ခန္ယန္ယန္ရဲ႕ဖုန္းကို ခ်လိဳက္တာနဲ႕တစ္ၿပိဳင္နက္ ေလာ့ခ်ယ္ရဲ႕WeChat မက္ေဆ့ခ္်လည္းဝင္လာတယ္။

[ေလာ့ခ်ယ္ : မင္း ပိုေကာင္းလာၿပီလား]

[ေကာင္းလုနီးပါးပါပဲ အေအးမိေပ်ာက္ေဆးက အရမ္းအသုံးဝင္တယ္]

[ေကာင္းၿပီ၊ မ်ားမ်ားအနားယူပါ]

[Ok]

ကုမ်န္က စားစရာရွာဖို႔ ေအာက္ထပ္ကိုဆင္းကာ စားစရာရွာေတြ႕ၿပီးေနာက္ *ထမင္းပုံးဘဝကို စတင္ခဲ့တယ္။( ဘာမွမလုပ္ပဲ အစားပဲစား )

သူမက ေလာ့ခ်ယ္ေပးခဲ့တဲ့ လည္ဆြဲကို လုံၿခဳံတဲ့ေနရာမွာ လုံလုံၿခဳံၿခဳံ သိမ္းထားတယ္။ ေလာကႀကီးကို သိပ္မေတြ႕ဖူးတဲ့ သာမာန္လူတစ္ေယာက္အေနနဲ႕ ဒါက သူမေတြးနိုင္တဲ့ အလုံၿခဳံဆုံးနည္းလမ္းပဲ။

အိမ္မွာအနားယူေနတဲ့ ရက္အနည္းငယ္အတြင္း ကုမ်န္က အမ်ိဳးသမီးေခါင္းေဆာင္ အရင္က သ႐ုပ္ေဆာင္ခဲ့ဖူးတဲ့ ဝဘ္ဒရာမာဇာတ္ကားကို ေတြ႕ရွိခဲ့တယ္။ သူမက ေျမေခြးေလးကို ရင္ခြင္ထဲေပြ႕ခ်ီထားၿပီး သက္ေတာင့္သက္သာရွိတဲ့ ဆိုဖာေပၚမွီထားတယ္။

႐ႊယ္ေကြ႕၀မ္ ပထမဆုံးပါ၀င္သ႐ုပ္ေဆာင္ထားတဲ့  ကုန္က်စရိတ္သက္သာတဲ့ အြန္လိုင္းဒရာမာဇာတ္ကားအေနနဲ႕  သူမက တြဲဖက္အမ်ိဳးသမီးအျဖစ္သာ သ႐ုပ္ေဆာင္ခဲ့ရေပမယ့္လည္း သူမရဲ႕သ႐ုပ္ေဆာင္မႈက သ႐ုပ္ေဆာင္အားလုံးထဲမွာ မ်က္စိဖမ္းအစားနိုင္ဆုံးျဖစ္ၿပီး မ်က္ႏွာေတာင့္ေတာင့္တစ္ခုတည္းပဲ ရွိေနတတ္တဲ့ အမ်ိဳးသားဇာတ္ေဆာင္နဲ႕ မ်က္ႏွာအမူအရာ တစ္ခုတည္းသာ ရွိတဲ့ အမ်ိဳးသမီးဇာတ္ေဆာင္ေတြထက္ေတာ့ ပိုေကာင္းတယ္။

Continue Reading

You'll Also Like

16.3K 1.9K 32
Totally Credited to original author
15.4K 1K 9
အစိမ်းရောင် (.....) အောက်မှာ ကျရှုံးခြင်း Cover photo by Lwin Min Khant
320K 45.1K 84
I don't own this story. Credit to Original Author/s and English Translator/s. Title-In the Apocalpyse,Jiao Jiao Struggled Every Day [JJSED] Author...
19.7K 1K 5
Author : Celine Gu Xi Jue Short chinese story Not Mine Myanmar Translation (Zawgyi&Unicode) 5July-8July(2020)