Unicode
အခန်း - (၅၇) : သရဲကျောင်းတော် (၁၁)
ချွီယန်သည် သိပ်မကြာခင်က ‘ချန်ကျစ်ချူး’ကို လိုက်ပိုးနေသည့် ‘ပိုင်ရိ’၏ ကြိုးစားအားထုတ်ပုံနှင့် ပတ်သက်ပြီး ကျန်သုံးယောက်နှင့် ဆွေးနွေးဖြစ်ခဲ့၏။
‘ပိုင်ရိ’က ဆုလင်းကို လက်စားချေရန် ယခုလိုကြိုးစားနေခြင်းဟု သူတို့လေးယောက်လုံး ယုံကြည်ခဲ့သည်။ ‘ပိုင်ရိ’၏ ပင်ကိုစရိုက်သည် အေးစက်ပြီး ခံစားချက်မဲ့သော်လည်း ‘ချန်ကျစ်ချူး’ရှေ့တွင် ထိုမျက်နှာထားမျိုး လုံးဝမဖော်ပြတတ်ပေ။ ယဉ်ကျေးပြီး ကြင်နာတတ်သော၊ သနားငဲ့ညှာတတ်သော၊ အပြစ်ပြောစရာမရှိအောင် ပြီးပြည့်စုံသော စီနီယာအစ်ကိုကြီးအဖြစ် နေပြသည်။
သို့သော် ‘ချန်ကျစ်ချူး’ အနားမှာမရှိလျှင် ပုံမှန်အကျင့်စရိုက်အတိုင်း အေးတိအေးစက် ခံစားချက်မဲ့သော မျက်နှာထားမျိုး ချက်ချင်း ပြန်ပြောင်းသွားပြန်သည်။ ထိုသို့သာမဟုတ်လျှင် ချွီယန်တို့တစ်ဖွဲ့လုံး သူ၏ ပင်ကိုစရိုက်ကိုမေ့ပြီး ဂျူနီယာလေးကြောင့် လူကောင်းသူကောင်း ဖြစ်သွားပြီဟု ထင်မြင်မိလိမ့်မည်။
သို့သော် သိပ်မကြာခင်မှာပင် ချွီယန်နှင့် ကျန်လူများလည်း ‘ချန်ကျစ်ချူး’ကို စတင်သဘောကျလာသည်။ ထိုဂျူနီယာလေးက တကယ့်ကို စရိုက်ကောင်းလွန်းသည်လေ။ ရိုးသားဖြူစင်ပြီး ပွင့်လင်းသလို အလွန်နားလည်ပေးတတ်သည်။ ဆုလင်းအပေါ်ထားသည့် သူတို့၏ ရန်ငြိုးနှင့်လည်း ဘာမှမသက်ဆိုင်ပေ။ ထို့ကြောင့် ‘ပိုင်ရိ’ဆီမှာ လှည့်စားခံနေရတာကို ကြည့်ရင်း သူတို့၏စိတ်ထဲတွင် ထိုကောင်လေးအတွက် အနည်းငယ် စိတ်မကောင်းဖြစ်လာမိသည်။
သို့သော် သူတို့သည် နောက်လိုက်များသာ ဖြစ်၍ အစ်ကိုပိုင်ကို တားဆီးနိုင်စွမ်းမရှိပေ။ လိပ်ပြာမလုံသလို ခံစားနေရသော်လည်း ‘ပိုင်ရိ’ကို ဆက်လက်ကူညီရန်သာ တတ်နိုင်ခဲ့သည်။
“ဒါနဲ့ အစ်ကိုပိုင်ကြည့်ရတာ အခုတလော နည်းနည်းထူးဆန်းနေသလိုပဲနော်..?”
သူ၏ မရေမရာစကားကြောင့် ကျောက်ရှောင်ဖန် မျက်မှောင်ကြုတ်သွားသည်။ ပြီးနောက် သက်ပြင်းချကာ.. : “ငါ့အမြင်တော့ ထူးဆန်းတယ်လို့တောင် ပြောမရတော့ဘူးထင်တယ်.. တကယ်ကို ပုံမှန်မဟုတ်ဘူး..”
“မင်းတို့လည်း အဲ့လိုခံစားနေရတာလား..? ငါရောပဲ ..”
လျန်ဝမ်ပင်းက မျက်မှောင်ကြုတ်ကာ ဆက်ပြောသည်။ : “ငါသတိထားမိသလောက် အစ်ကိုပိုင်က အခုတလော ခဏခဏ ငေးငိုင်နေပြီး ဘာတွေးနေမှန်းကို မသိဘူး.. ငါမေးတော့လည်း ဘာမှပြန်မပြောဘူး.. ပြဿနာတက်နေတဲ့ပုံလည်း မဟုတ်တော့ တကယ်ကို စဉ်းစားမရတော့ဘူး..”
“မင်းပြောမှပဲ သတိထားမိတယ်.. အခုတလော ဖုန်းခဏခဏ ကြည့်နေတာနော်.. ဖုန်းကြည့်ရင်းနဲ့လည်း ပြုံးနေတတ်သေးတယ်.. အဲ့အပြုံးကြီးက နည်းနည်းလေး………..”
ကျောက်ရှောင်ဖန်က ထူးထူးဆန်းဆန်း မျက်နှာထားဖြင့်.. : “အစ်ကိုပိုင်က သိပ်မပြုံးတတ်တာ မင်းတို့လည်း သိသားနဲ့.. သူ ပြုံးတော့လေ ကျောက်ဆစ်ရုပ်ကြီး ပြုံးနေတာကို မြင်လိုက်ရသလိုပဲ.. အစ်ကိုပိုင်က ရုပ်ချောတယ်ဆိုတာ ဝန်ခံပါတယ်.. ပြုံးနေတဲ့အချိန် သူ့မျက်လုံးတွေက အရမ်းကို နူးညံ့နေတာဆိုတာ.. ဒါပေမဲ့ ငါ့မှာ ကျောမချမ်းဘဲမနေနိုင်ဘူး…..”
“ငါလည်း သတိထားမိတယ်..” ချွီယန်က ပြောလာသည်။ : “သူ့ကို ဘာလို့ပြုံးနေတာလဲလို့ မေးတော့ အစ်ကိုပိုင်က သူ မပြုံးပါဘူးတဲ့.. လက်စသတ်တော့ သူပြုံးနေတာကို သူကိုယ်တိုင်တောင် သတိမထားမိတာပဲ..”
တစ်ချိန်လုံး ဘာမှဝင်မပြောဘဲ ထိုင်နားထောင်ရင်း ခေါင်းဖြီးနေသည့် လုကျဲက ရုတ်တရက် ဝင်ပြောလာသည်။ : “ဂျူနီယာချန်နဲ့ စာပို့နေတဲ့အချိန် ဖြစ်မယ်..”
“ငါလည်း မသေချာပေမယ့်………. တကယ်စာပို့နေတာ ဖြစ်နိုင်တယ်..”
ကျောက်ရှောင်ဖန်က ခေါင်းကုတ်ကာ.. : “အောင်မြင်မှုက လက်တစ်ကမ်းအလိုမှာဆိုတော့ ချန်ကျစ်ချူးကို ရတော့မယ်ဆိုပြီး ပြုံးနေတာများလား..?”
“ကျပ်မပြည့်တဲ့ကောင်..”
လုကျဲက ဘီးကို ညင်သာစွာ အောက်ချရင်း ကျောက်ရှောင်ဖန်ကို မျက်စောင်းထိုးလိုက်သည်။ : “ဂျူနီယာချန်ရဲ့ အခုပုံစံက အစ်ကိုပိုင်ကို ကြိုက်နေတဲ့ပုံပေါ်လို့လား..?”
“ဘယ်လိုလုပ်သိမှာလဲ..? ငါမှ ရည်စားမထားဖူးတာ…” ကျောက်ရှောင်ဖန်က ပွစိပွစိပြန်ပြောသည်။
“သူက အစ်ကိုပိုင်အပေါ် အမြင်ကောင်းရှိရုံလေးပဲ.. ကြိုက်ဖို့က အဝေးကြီးလိုသေးတယ်..” ကောင်မလေးက တွေးတွေးဆဆဖြင့် ဆက်ပြောသည်။ : “ငါ့အထင်တော့ အစ်ကိုပိုင်ကသာ ဂျူနီယာချန်ကို ကြိုက်နေတာဖြစ်မယ်.. သူကိုယ်တိုင်တောင်မသိဘဲ ကြွေဆင်းသွားတာလေ..”
“ဟားဟားဟား… ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..!”
ထိုစကားကြောင့် ကောင်လေးသုံးယောက်က ရယ်သည်။ မျက်ရည်ကျလုမတတ် အော်ရယ်ကြရင်း.. : “အစ်ကိုပိုင်က ဘယ်လိုလုပ် ယောက်ျားလေးချင်းကြိုက်မှာလဲ..?!”
အစ်ကိုပိုင်၏ ပင်ကိုစရိုက်က သွေးအေးပြီး ခံစားချက်မဲ့သည်။ ယောက်ျားတစ်ယောက်ကို မဆိုထားနှင့်၊ ကမ္ဘာပေါ်မှာအလှဆုံး မိန်းကလေးဖြစ်နေလျှင်ပင် တစ်ချက်လှည့်ကြည့်မည်မဟုတ်။ တစ်သက်လုံး တစ်ယောက်တည်းနေသွားမည့် စရိုက်မျိုးပင်။ တစ်စုံတစ်ယောက်ကို ချစ်မိသွားရန်ဆိုတာ ပုံဖော်ရန်ပင် ခက်လှသည်။
“တကယ်..?”
ကောင်မလေးက အသာရယ်မောရင်း ထိုသုံးယောက်ကို ဝေ့ကြည့်ကာ.. : “အဲတာဆို အစ်ကိုပိုင် ဂျူနီယာချန်ကို တကယ်ကြိုက်မကြိုက် လောင်းကြမလား..?”
“………”
အော်ရယ်နေသည့် သုံးယောက်လုံး အသံတိတ်သွားသည်။
‘ပိုင်ရိ’က ‘ချန်ကျစ်ချူး’ကို လုံးဝမကြိုက်ဟု သုံးယောက်သား ခိုင်ခိုင်မာမာ ယုံကြည်ထားသော်လည်း လုကျဲက လောင်းကြေးထပ်ရန် ပြောလာချိန်တွင် ဘာကြောင့်ရယ်မသိ မလောင်းရဲခဲ့ပေ။
“ပြောတော့ မဖြစ်နိုင်ဘူးဆို..? မလောင်းရဲတော့ဘူးလား..?”
လုကျဲက ရယ်မောကာ ဆံပင်ကို အနောက်သပ်လိုက်သည်။
“ဟုတ်ပါပြီ.. အစ်ကိုပိုင်ကို ဖုန်းဆက်ပြီး လှမ်းခေါ်ကြရအောင်.. ဆုလင်းဆီ သွားမလည်တာ ကြာပြီလားလို့..? ဒီနေ့သွားကြမလား..?”
“အာ.. ဟုတ်သားပဲ.. ဆုလင်းဆီ မသွားဖြစ်တာတောင် အတော်ကြာသွားပြီ.. အစ်ကိုပိုင်က တခြားကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာကိုး..”
ကျောက်ရှောင်ဖန်က ဖုန်းထုတ်ကာ ‘ပိုင်ရိ’ထံ ဖုန်းခေါ်လိုက်သည်။ သူ သုံးကြိမ်ခေါ်ပြီးမှ ‘ပိုင်ရိ’က ဖုန်းကိုင်လေသည်။ သို့သော် အမြဲတမ်း ထိုပုံစံအတိုင်းသာဖြစ်၍ ကျောက်ရှောင်ဖန်လည်း ကျင့်သားရနေချေပြီ။
“အစ်ကိုပိုင်.. ဒီနေ့သွား…..”
“မသွားဘူး.. အလုပ်ရှုပ်နေတယ်..” ‘ပိုင်ရိ’က ထိုသို့ပြောပြီးနောက် ဖုန်းချရန်ပြင်သည်။
“အစ်ကိုပိုင်.. အခုတလော အရမ်းအလုပ်ရှုပ်နေတာလား..? နေ့တိုင်း မအားဘူးပဲ ပြောနေလို့လေ.. ပြဿနာတစ်ခုခုရှိလို့လား..?”
“…….” တစ်ဖက်လူက စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်သွားပြီးနောက် ပြန်ဖြေသည်။ : “ကျစ်ချူးကို စာသင်ပေးနေတာ..”
“တီ.. တီ..”
“……….”
လေးယောက်လုံး အသံတိတ်သွားသည်။
တစ်ခဏကြာပြီးနောက် ကျောက်ရှောင်ဖန်က တစ်ကိုယ်တည်း ရေရွတ်နေတော့သည်။ : “ဒီဂျူနီယာချန်က ကံကောင်းလိုက်တာ.. ငါတောင် အစ်ကိုပိုင်ရဲ့ အသုံးချခံ ဖြစ်ချင်လာပြီ..”
“ဒါလည်း အစ်ကိုချန်ရဲ့ လှည့်ကွက်ပဲဖြစ်မယ်.. ကျောင်းဆင်းပြီး အတူတူစာလေ့လာတာက ခံစားချက်တိုးစေတယ်..” လျန်ဝမ်ပင်းက မျက်မှန်ပင့်ကာ ပြောသည်။
“အေး.. အဲ့လိုသာဆို ပြဿနာမရှိဘူး.. ဒါပေမဲ့ အစ်ကိုပိုင်က ငါတို့ကို ဘာလို့မပြောပြတာလဲ..? မသိရင် ဂျူနီယာချန်နဲ့ နှစ်ယောက်တည်း အတူရှိချင်နေသလိုပဲ..”
“………”
“………”
“ဖာ့ခ်.. ကျောချမ်းစရာတွေ မပြောစမ်းနဲ့..!”
***
နားနေဆောင်ထဲဝယ်..
ချွီယန်က ဆိုဖာပေါ်မှာထိုင်နေသည့် လူနှစ်ယောက်ကို လှမ်းကြည့်လိုက်၏။ ပိုင်ရိက ကောင်လေးကို ကြင်ကြင်နာနာ စိုက်ကြည့်နေပြီး သူ၏အကြည့်က အလွန်တရာ နူးညံ့နေတော့သည်။ ထိုမြင်ကွင်းကိုကြည့်ရင်း ချွီယန်လည်း စိတ်ရှုပ်ထွေးလာသည်။
မဟုတ်သေးပါဘူး.. တစ်ခုခုမူမမှန်ဘူး.. လုကျဲပြောသလို အစ်ကိုပိုင်က ဂျူနီယာချန်ကို တကယ်ကြိုက်နေတာတော့ မဟုတ်ပါဘူးနော်..?
မဖြစ်နိုင်ပါဘူး..
ဂျူနီယာချန်ကို ကြိုက်နေတာလားလို့ မနေ့က အစ်ကိုပိုင်ကို မေးကြည့်တော့ အစ်ကိုပိုင်က မကြိုက်ဘူး၊ ဆုလင်းကြိုက်တဲ့လူကို ဘယ်တော့မှ ကြိုက်မှာမဟုတ်ဘူးလို့တောင် ပြန်ဖြေခဲ့သေးတာ..!
သို့သော် သူ့ကိုယ်သူ မည်သို့အယုံသွင်းနေပါစေ၊ ကျောက်ရှောင်ဖန်ထံမှ ဖုန်းဝင်လာပြီး ဂျူနီယာချန်နှင့် ဆုလင်းတို့ ထမင်းအတူစားနေကြောင်း ပြောလိုက်သည်နှင့် ချက်ချင်းဆိုသလို မျက်နှာထားတင်းသွားသော ‘ပိုင်ရိ’၏ပုံစံကို ပြန်တွေးမိတိုင်း ချွီယန်ခမျာ ခေါင်းကျိန်းလာသလို ခံစားလိုက်ရသည်။
‘ပိုင်ရိ’သည် အေးတိအေးစက်နေပြီး နားလည်ရခက်သော်လည်း အင်မတန် ဒေါသထွက်ခဲသည်။ သူ၏ စိတ်ဝင်စားမှုနှင့် မည်သူမျှ မထိုက်တန်သလိုပင်။
ယခုလို သိသိသာသာ ဒေါသထွက်နေတာကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
‘ပိုင်ရိ’က ဖုန်းပြောပြီးနောက် လက်ဆစ်များ ဖြူဖျော့လာသည်အထိ ဖုန်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး နှုတ်ခမ်းနှစ်လွှာကို တင်းတင်းစေ့ထားသည်။ သူ၏မျက်ဝန်းများက မည်းမှောင်နေပြီး စကားတစ်ခွန်းမှမပြောပေ။
တစ်ခဏအသံတိတ်နေပြီးနောက် ရုတ်တရက် ဆယ်ကျော်သက်လေးထံ ဖုန်းခေါ်လိုက်သည်။ တစ်ဖက်လူ ဖုန်းကိုင်သည်နှင့် ‘ပိုင်ရိ’၏ တင်းမာနေသော မျက်နှာထားက အတန်ငယ် ပြေလျော့သွားပြီး အပြုံးရိပ်တစ်စွန်းတစ်စ ထင်ဟပ်လာသည်။ သူက ကောင်လေးကို ပြောခဲ့သည်။
“ဟုတ်တယ်.. အရေးကြီးလို့.. ချက်ချင်းလာမှဖြစ်မှာ..”
နားနေဆောင်ထဲ ထိုကောင်လေး အပြေးရောက်လာပြီး ‘ပိုင်ရိ’က ခေါင်းပွတ်ပေးနေမှသာ ဘေးမှာရပ်ကြည့်နေသည့် ချွီယန်လည်း သက်ပြင်းချနိုင်တော့သည်။
သို့သော် အစောပိုင်းကကိစ္စများကို ပြန်တွေးမိသည်နောက် ချွီယန်၏စိတ်ထဲ ပို၍ပင် ရှုပ်ထွေးလာသည်။ ‘ပိုင်ရိ’က အရမ်းစိတ်နှစ်ပြီး သရုပ်ဆောင်နေသဖြင့် တခြားလူအမြင်တွင် ‘ချန်ကျစ်ချူး’ကို တကယ်ကြိုက်နေသလို ဖြစ်သွားတာပါဟူ၍ ပေါ့ပေါ့ပါးပါးသာ တွေးလိုက်သည်။
“ကျေးဇူးတင်ပါတယ် စီနီယာ.. အပင်ပန်းခံပြီး ဝယ်ပေးတဲ့အတွက် တကယ်ကို ကျေးဇူးတင်ပါတယ်..”
ဆယ်ကျော်သက်လေးက ရေခဲမုန့်ကိတ်ကို မြင်သောအခါ အံ့ဩသွားပြီး ရှက်ကိုးရှက်ကန်း အမူအရာဖြင့် ပိုင်ရိကို ကျေးဇူးအထပ်ထပ်တင်နေတော့သည်။
‘ပိုင်ရိ’က အပြုံးလေးဖြင့် မပင်ပန်းကြောင်း ပြန်ပြောပြီး ချွီယန်ကို အသာငဲ့ကြည့်လိုက်သည်။ ချွီယန်လည်း ချက်ချင်း သဘောပေါက်သွားပြီး မတ်တပ်ရပ်လိုက်သည်။ ပြီးနောက် ဆင်ခြေရှာ၍ ထိုနှစ်ယောက်ကို နားနေဆောင်ထဲ ချန်ထားရစ်ကာ အမြန်ထွက်သွားတော့သည်။
ဆယ်ကျော်သက်လေးသည် ဆိုဖာပေါ်မှာထိုင်ပြီး ကိတ်မုန့်ကို ပါးစပ်အပြည့် ခပ်စားလိုက်သည်။ သူ၏ပုံစံက အတော်လေး ကျေနပ်အားရနေဟန်။ ရုပ်ချောသည့် စီနီယာအစ်ကိုကြီးက ရှေ့တည့်တည့်မှာထိုင်ပြီး သူစားနေတာကို မေးထောက်ကြည့်နေသည်။ သူ၏ နှုတ်ခမ်းထောင့်က သူကိုယ်တိုင်ပင်မသိအောင် ကော့တက်နေပြီး မျက်ဝန်းများဟာ အလွန်နူးညံ့နေတော့သည်။
သို့သော် တစ်လုပ်နှစ်လုပ်စားပြီးနောက် ဆယ်ကျော်သက်လေးက တစ်ခုခုကို သတိရသွားဟန်ဖြင့် လှုပ်ရှားမှုရပ်သွားသည်။ ပြီးနောက် ဂနာမငြိမ်ဖြစ်လာပြီး မျက်နှာပေါ်တွင် အပြုံးရိပ်မရှိတော့ပေ။ သူ့ကို တစ်ယောက်ယောက် စောင့်နေသဖြင့် အမြန်ပြန်ရတော့မလို ကိတ်မုန့်ကို အမြန်ခပ်စားတော့သည်။
ဒီကောင်လေး ဘာတွေတွေးနေတာလဲ..?
ဆုလင်းအကြောင်းလား..?
‘ပိုင်ရိ’၏ မျက်ဝန်းများ မှောင်မိုက်သွားပြီး အမှောင်ထုတချို့ ကိန်းဝပ်လာ၏။ အစောပိုင်းက ကောင်လေး ရောက်လာသဖြင့် ပြေပျောက်သွားသော ဒေါသစိတ်များသည် တဖန်ပြန်လည်နှိုးထလာကာ ယခင်ထက်ပင် ပိုမိုပြင်းထန်လာသည်။
ဘာလို့ ဆုလင်းအကြောင်း တွေးနေတာလဲ..? သူက ကောင်လေးရဲ့ မျက်စိရှေ့တင် ထိုင်နေတာတောင် ဆုလင်းကို မယှဉ်နိုင်သေးဘူးလား..?
‘ပိုင်ရိ’က စိတ်မထိန်းနိုင်တော့ဘဲ ကောင်လေး၏လက်ကို ဖိချလိုက်သည်။ ဆယ်ကျော်သက်လေးက မော့ကြည့်လာသောအခါ ဒေါသသံမပါအောင် ကြိုးစားထိန်းချုပ်ရင်း အပြုံးလေးဖြင့် ပြောသည်။ : “အမြန်မစားနဲ့လေ.. ကိတ်က အရမ်းအေးတော့ ဖြည်းဖြည်းချင်း စားသင့်တယ်.. အမြန်စားရင် ခန္ဓာကိုယ်အတွက် မကောင်းဘူး..”
“အာ.. ဆောရီး.. ကျွန်တော် သတိလက်လွတ်ဖြစ်သွားတယ်.. သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ..”
ဆယ်ကျော်သက်လေးက ‘ပိုင်ရိ’၏စကားကို နားထောင်ပြီး ဖြည်းဖြည်းချင်း စားသည်။ သို့သော် စိတ်နှင့်လူနှင့်မကပ်သလို အနည်းငယ် စိတ်ပျံ့လွင့်နေလေသည်။
“ဘာဖြစ်လို့လဲ..? ကိတ်က စားမကောင်းဘူးလား..?” ‘ပိုင်ရိ’က ဒေါသစိတ်ကို ချိုးနှိမ်ကာ အသံချိုချိုလေးဖြင့် မေးသည်။
“မဟုတ်.. မဟုတ်ပါဘူး.. ကိတ်က အရမ်းစားလို့ကောင်းတယ်.. ကျေးဇူးအများကြီးတင်ပါတယ် စီနီယာ..!”
ကောင်လေးက ခေါင်းတယမ်းယမ်း၊ လက်တယမ်းယမ်းဖြင့် ကပျာကယာ ဆက်ပြောသည်။ : “ဒီအတိုင်း ကိစ္စတစ်ခု သတိရသွားလို့ပါ.. နည်းနည်းလေး စိုးရိမ်………”
“ကျစ်ချူး..”
ပိုင်ရိက စကားဖြတ်ပြောလိုက်သည်။ သူ၏မျက်နှာက အတော်လေး မှောင်မိုက်နေချေပြီ။
ကောင်လေးကို ပထမဦးဆုံးအကြိမ် မျက်နှာထားတင်းတင်းဖြင့် စကားပြောဖူးခြင်း ဖြစ်သည်။ ဆယ်ကျော်သက်လေးလည်း ထိတ်လန့်သွားပြီး စီနီယာအစ်ကိုကြီး ဒေါသထွက်အောင် သူဘာလုပ်လိုက်မိမှန်း နားမလည်ရှာပေ။ ထို့ကြောင့် စိတ်မသက်မသာ ဖြစ်နေတော့သည်။
သူ ဘာဖြစ်နေတာလဲ..? ခုနက ဆုလင်းကို ဒေါသထွက်အောင် ရန်စမိတယ်။ အခုလည်း စီနီယာအစ်ကိုကြီး စိတ်ဆိုးအောင် လုပ်မိပြန်ပြီ။ ဒီနေ့ကျောင်းလာတုန်းက ဦးနှောက် အိမ်မှာကျန်ခဲ့တာများလား..?
ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်နေရှာသော ကောင်လေးကိုကြည့်ပြီး ‘ပိုင်ရိ’က မျက်လုံးမှိတ်ကာ စိတ်ငြိမ်အောင် လုပ်လိုက်သည်။ ပြီးမှ သက်ပြင်းချကာ..
“ဆောရီး ကျစ်ချူး.. ငါ မင်းကို စိတ်ဆိုးတာမဟုတ်ပါဘူး.. အခုတလော အဆင်မပြေတာလေးတွေရှိလို့ နည်းနည်း စိတ်ဆတ်နေတာပါ..”
“စီနီယာ.. ဘာဖြစ်လို့လဲဟင်..? ကျွန်တော် ကူညီပေးနိုင်တာရှိလား..?” ဆယ်ကျော်သက်လေးက စိုးရိမ်တကြီး မေးသည်။
“ရတယ်.. ဖြေရှင်းပြီးသွားပြီ.. နည်းနည်းလေး ပင်ပန်းနေလို့ တစ်ယောက်ယောက် အဖော်ပြုပေးရင် ကောင်းမှာပဲ..”
‘ပိုင်ရိ’က မျက်လွှာချလိုက်သည်။ သူ၏အသံက နူးညံ့နေပြီး ကောင်လေးကို တောင်းဆိုနေသယောင်..
“ကျစ်ချူး.. မင်း အလုပ်ရှုပ်နေမှန်းသိပါတယ်.. ဒါပေမဲ့ တောင်းဆိုပါတယ်.. ကိုယ်နဲ့ ခဏလောက် နေပေးလို့ရမလားဟင်..?”
“ရပါတယ်..”
တစ်ခဏတုံ့ဆိုင်းနေပြီးနောက် ဆယ်ကျော်သက်လေးက လေးဖင့်စွာ ခေါင်းညိတ်ပြသည်။
ဆုလင်းအတွက် စိုးရိမ်သော်လည်း ဤနေရာကို လာပြီးပြီဖြစ်၍ စီနိယာကို အရင်ဦးစားပေးသင့်သည်။ ပြန်ရောက်မှ ဆုလင်းကို သေသေချာချာ တောင်းပန်ရမည်။ ယခု ထွက်သွားလျှင် စီနီယာအတွက် တစ်ချိန်လုံး စိတ်ပူနေမိမှာ သေချာပေါက်ပင်။
“ဒီမှာလာထိုင်ပါလား..?” ‘ပိုင်ရိ’က သူ့ဘေးမှနေရာလွတ်ကို ပုတ်ပြပြီး ပြောသည်။
“ဟုတ်..”
ဆယ်ကျော်သက်လေးလည်း မျက်နှာချင်းဆိုင်ထိုင်နေရာမှ မတ်တပ်ရပ်ပြီး ‘ပိုင်ရိ’ဘေးတွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် ‘ပိုင်ရိ’အား အကျိုးအကြောင်းမေးမည်အပြု ရုတ်တရက် ဆွဲဖက်ခံလိုက်ရသလို ခံစားလိုက်ရ၏။ အနားကပ်လာသော အသက်ရှူငွေ့နွေးနွေးနှင့်အတူ ပခုံးက လေးလံသွားသည်။ ‘ပိုင်ရိ’က သူ့ပခုံးပေါ် နဖူးအပ်ကာ အနားယူနေလေသည်။
“… စီ.. စီနီယာ..?”
ရုတ်တရက်ကြီး ပွတ်သီးပွတ်သပ်လုပ်လာသဖြင့် ဆယ်ကျော်သက်လေးမှာ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး ပါးနှစ်ဖက်လုံး နီရဲလာသည်။ လက်နှစ်ဖက်ကိုလည်း ဘယ်နားထားရမှန်း မသိတော့ချေ။
ကောင်လေး၏ ကိုယ်သင်းရနံ့က သူ၏နှာခေါင်းထိပ်တွင် ကလူကျီစယ်နေသဖြင့် ပိုင်ရိ၏ နှလုံးသားထဲတွင် ကြည်နူးပျော်ရွှင်နေတော့၏။ ကောင်လေးကို ပွေ့ဖက်ထားသည့်လက်က မထိန်းနိုင်အောင် ပိုမိုတင်းကျပ်လာပြီး မျက်နှာကို ကောင်လေး၏ လည်တိုင်ထဲအပ်ကာ တိုးဝှေ့လိုက်သည်။ ပြီးနောက် တည်တည်ငြိမ်ငြိမ် ပြောသည်။ : “ကျစ်ချူး.. ဖက်ထားပေး..”
“စီ.. စီ.. စီ.. စီနီယာ..?!”
အက်ရှရှလေသံကြောင့် ကောင်လေးမှာ မျက်နှာတစ်ပြင်လုံး နီရဲတွတ်နေပြီး ထိုစကားလုံးများကြောင့် ရင်ခုန်သံမြန်လာရသည်။ သိမ်မွေ့အေးဆေးသော စီနီယာအစ်ကိုကြီးကို ယခုလို ကလေးဆန်တတ်လိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။ အလိုလိုက်ခံနေရသည့် ဂျူနီယာညီလေးလိုပင် ပြုမူနေသေးသည်။
သို့သော် စီနီယာ၏ လက်ရှိပုံစံလေးက တကယ့်ကို ချစ်စရာကောင်းလွန်းနေသည်။
ကောင်လေး၏ရင်ထဲ စိတ်ပျော့ပျောင်းလာပြီး ‘ပိုင်ရိ’ကို ပြန်မဖက်ဘဲ မနေနိုင်တော့ပေ။ သတ္တိရှိရှိဖြင့် ‘ပိုင်ရိ’ သူ့ကို လုပ်ပေးနေကျအတိုင်း ‘ပိုင်ရိ’၏ခေါင်းကို ပွတ်သပ်ပေးမိသည်။
‘ပိုင်ရိ’ကလည်း ကောင်လေး ထိတွေ့လာတာကို မငြင်းဆန်ပေ။ ထိုအစား ကောင်လေးဘက်က စတင်လာသဖြင့် အလွန်ပျော်မြူးနေတော့သည်။ သို့သော် သာမန်ပွေ့ဖက်မှုလေးဖြင့် အားမရတော့။ ကောင်လေးကို ပိုမိုထိတွေ့ချင်လာသည်။
“………”
ခေါင်းမော့လိုက်ပြီး ခရင်(မ်)အနည်းငယ်ပေနေသော ကောင်လေး၏ ပန်းရောင်ဖျော့ဖျော့ နှုတ်ခမ်းသားများပေါ် အကြည့်ရောက်သွားသည်။ သူ၏အကြည့်က ရုတ်တရက် မည်းမှောင်လာပြီး လက်ချောင်းသွယ်သွယ်များဖြင့် ကောင်လေး၏ နှုတ်ခမ်းအိအိလေးကို ပွတ်ဆွဲလိုက်သည်။
!
ကောင်လေးမှာ ရှက်ရွံ့သွားပြီး ပါးနှစ်ဖက်သာမက လည်ပင်းအထိ နီရဲလာ၏။ ရှက်ကိုးရှက်ကန်းဖြင့် ‘ပိုင်ရိ’၏လက်ကို ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။ သို့သော် နောက်ဆုတ်လိုက်ရုံသာ ရှိသေးသည်၊ တစ်ဖက်လူက ခရင်(မ်)ပေနေသည့်လက်ကို ပြန်ရုတ်ပြီး ပါးစပ်ထဲထည့်လိုက်တာကို မြင်လိုက်ရလေသည်။
ဆယ်ကျော်သက်လေးမှာ ထိတ်လန့်သွားပြီး ‘ပိုင်ရိ’ကို အံ့ဩတကြီး မော့ကြည့်လိုက်မိသည်။ သို့သော် ‘ပိုင်ရိ’က မျက်ဝန်းနက်နက်များဖြင့် စိုက်ကြည့်နေပြီး လက်ကို အောက်ချကာ ခပ်သောသော ရယ်နေသည်။
“ချိုလိုက်တာ..”
ထူးထူးဆန်းဆန်း.. ဤအချိုအရသာလေးကို သူ မမုန်းပေ။
ပို၍ပင် လိုချင်လာသည်။
“ကျစ်ချူး..”
‘ပိုင်ရိ’က ကောင်လေး၏နာမည်ကို အက်ရှစွာ ခေါ်၏။ ကောင်လေး၏မျက်နှာကို ထိန်းကိုင်ရင်း သူတို့နှစ်ဦးကြားမှ အကွာအဝေးကို ဖြည်းဖြည်းချင်း လျော့ချလိုက်သည်။ သူတို့၏နှုတ်ခမ်းများက အချိန်မရွေး ထိကပ်တော့မယောင်.. နှစ်ဦးသား၏ အသက်ရှူငွေ့များ ယှက်နွယ်လာသည်။
“ဘုန်း…!”
သို့သော် ထိုအခိုက် နားနေဆောင်တံခါးက ခပ်ကြမ်းကြမ်း တွန်းဖွင့်ခံလိုက်ရသဖြင့် နံရံနှင့် ရိုက်မိသွားသည်။
‘ပိုင်ရိ’၏ လှုပ်ရှားမှုတို့ ရပ်တန့်သွားပြီး တံခါးဝကို လှမ်းကြည့်လိုက်သည်။ ထိုအခါ ဖြူဖျော့ဖျော့မျက်နှာဖြင့် သူတို့နှစ်ဦးကို စိုက်ကြည့်နေသော ဆုလင်းကို မြင်လိုက်ရလေသည်။
***
ပိုင်ရိ၏ ဒိုင်ယာရီမှတ်တမ်း (Part 57)
အခုမှသတိရတယ်။ ဒီ Instance ရဲ့ဇာတ်ကြောင်းအရ ငါနဲ့ကျစ်ချူးက ချစ်သူတွေပဲ။ နှစ်ယောက်သားက စည်းကျော်ပြီးပြီလား..?
ငါလည်း အဲ့လိုအခွင့်အရေးမျိုး ရချင်လိုက်တာ…
………………………………….
TN : Happy Birthday to me!!! 💜
………………………………….
Zawgyi
အခန္း - (၅၇) : သရဲေက်ာင္းေတာ္ (၁၁)
ခြၽီယန္သည္ သိပ္မၾကာခင္က ‘ခ်န္က်စ္ခ်ဴး’ကို လိုက္ပိုးေနသည့္ ‘ပိုင္ရိ’၏ ႀကိဳးစားအားထုတ္ပုံႏွင့္ ပတ္သက္ၿပီး က်န္သုံးေယာက္ႏွင့္ ေဆြးေႏြးျဖစ္ခဲ့၏။
‘ပိုင္ရိ’က ဆုလင္းကို လက္စားေခ်ရန္ ယခုလိုႀကိဳးစားေနျခင္းဟု သူတို႔ေလးေယာက္လုံး ယုံၾကည္ခဲ့သည္။ ‘ပိုင္ရိ’၏ ပင္ကိုစ႐ိုက္သည္ ေအးစက္ၿပီး ခံစားခ်က္မဲ့ေသာ္လည္း ‘ခ်န္က်စ္ခ်ဴး’ေရွ႕တြင္ ထိုမ်က္ႏွာထားမ်ိဳး လုံးဝမေဖာ္ျပတတ္ေပ။ ယဥ္ေက်းၿပီး ၾကင္နာတတ္ေသာ၊ သနားငဲ့ညႇာတတ္ေသာ၊ အျပစ္ေျပာစရာမရွိေအာင္ ၿပီးျပည့္စုံေသာ စီနီယာအစ္ကိုႀကီးအျဖစ္ ေနျပသည္။
သို႔ေသာ္ ‘ခ်န္က်စ္ခ်ဴး’ အနားမွာမရွိလွ်င္ ပုံမွန္အက်င့္စ႐ိုက္အတိုင္း ေအးတိေအးစက္ ခံစားခ်က္မဲ့ေသာ မ်က္ႏွာထားမ်ိဳး ခ်က္ခ်င္း ျပန္ေျပာင္းသြားျပန္သည္။ ထိုသို႔သာမဟုတ္လွ်င္ ခြၽီယန္တို႔တစ္ဖြဲ႕လုံး သူ၏ ပင္ကိုစ႐ိုက္ကိုေမ့ၿပီး ဂ်ဴနီယာေလးေၾကာင့္ လူေကာင္းသူေကာင္း ျဖစ္သြားၿပီဟု ထင္ျမင္မိလိမ့္မည္။
သို႔ေသာ္ သိပ္မၾကာခင္မွာပင္ ခြၽီယန္ႏွင့္ က်န္လူမ်ားလည္း ‘ခ်န္က်စ္ခ်ဴး’ကို စတင္သေဘာက်လာသည္။ ထိုဂ်ဴနီယာေလးက တကယ့္ကို စ႐ိုက္ေကာင္းလြန္းသည္ေလ။ ႐ိုးသားျဖဴစင္ၿပီး ပြင့္လင္းသလို အလြန္နားလည္ေပးတတ္သည္။ ဆုလင္းအေပၚထားသည့္ သူတို႔၏ ရန္ၿငိဳးႏွင့္လည္း ဘာမွမသက္ဆိုင္ေပ။ ထို႔ေၾကာင့္ ‘ပိုင္ရိ’ဆီမွာ လွည့္စားခံေနရတာကို ၾကည့္ရင္း သူတို႔၏စိတ္ထဲတြင္ ထိုေကာင္ေလးအတြက္ အနည္းငယ္ စိတ္မေကာင္းျဖစ္လာမိသည္။
သို႔ေသာ္ သူတို႔သည္ ေနာက္လိုက္မ်ားသာ ျဖစ္၍ အစ္ကိုပိုင္ကို တားဆီးႏိုင္စြမ္းမရွိေပ။ လိပ္ျပာမလုံသလို ခံစားေနရေသာ္လည္း ‘ပိုင္ရိ’ကို ဆက္လက္ကူညီရန္သာ တတ္ႏိုင္ခဲ့သည္။
“ဒါနဲ႔ အစ္ကိုပိုင္ၾကည့္ရတာ အခုတေလာ နည္းနည္းထူးဆန္းေနသလိုပဲေနာ္..?”
သူ၏ မေရမရာစကားေၾကာင့္ ေက်ာက္ေရွာင္ဖန္ မ်က္ေမွာင္ၾကဳတ္သြားသည္။ ၿပီးေနာက္ သက္ျပင္းခ်ကာ.. : “ငါ့အျမင္ေတာ့ ထူးဆန္းတယ္လို႔ေတာင္ ေျပာမရေတာ့ဘူးထင္တယ္.. တကယ္ကို ပုံမွန္မဟုတ္ဘူး..”
“မင္းတို႔လည္း အဲ့လိုခံစားေနရတာလား..? ငါေရာပဲ ..”
လ်န္ဝမ္ပင္းက မ်က္ေမွာင္ၾကဳတ္ကာ ဆက္ေျပာသည္။ : “ငါသတိထားမိသေလာက္ အစ္ကိုပိုင္က အခုတေလာ ခဏခဏ ေငးငိုင္ေနၿပီး ဘာေတြးေနမွန္းကို မသိဘူး.. ငါေမးေတာ့လည္း ဘာမွျပန္မေျပာဘူး.. ျပႆနာတက္ေနတဲ့ပုံလည္း မဟုတ္ေတာ့ တကယ္ကို စဥ္းစားမရေတာ့ဘူး..”
“မင္းေျပာမွပဲ သတိထားမိတယ္.. အခုတေလာ ဖုန္းခဏခဏ ၾကည့္ေနတာေနာ္.. ဖုန္းၾကည့္ရင္းနဲ႔လည္း ၿပဳံးေနတတ္ေသးတယ္.. အဲ့အၿပဳံးႀကီးက နည္းနည္းေလး………..”
ေက်ာက္ေရွာင္ဖန္က ထူးထူးဆန္းဆန္း မ်က္ႏွာထားျဖင့္.. : “အစ္ကိုပိုင္က သိပ္မၿပဳံးတတ္တာ မင္းတို႔လည္း သိသားနဲ႔.. သူ ၿပဳံးေတာ့ေလ ေက်ာက္ဆစ္႐ုပ္ႀကီး ၿပဳံးေနတာကို ျမင္လိုက္ရသလိုပဲ.. အစ္ကိုပိုင္က ႐ုပ္ေခ်ာတယ္ဆိုတာ ဝန္ခံပါတယ္.. ၿပဳံးေနတဲ့အခ်ိန္ သူ႔မ်က္လုံးေတြက အရမ္းကို ႏူးညံ့ေနတာဆိုတာ.. ဒါေပမဲ့ ငါ့မွာ ေက်ာမခ်မ္းဘဲမေနႏိုင္ဘူး…..”
“ငါလည္း သတိထားမိတယ္..” ခြၽီယန္က ေျပာလာသည္။ : “သူ႔ကို ဘာလို႔ၿပဳံးေနတာလဲလို႔ ေမးေတာ့ အစ္ကိုပိုင္က သူ မၿပဳံးပါဘူးတဲ့.. လက္စသတ္ေတာ့ သူၿပဳံးေနတာကို သူကိုယ္တိုင္ေတာင္ သတိမထားမိတာပဲ..”
တစ္ခ်ိန္လုံး ဘာမွဝင္မေျပာဘဲ ထိုင္နားေထာင္ရင္း ေခါင္းၿဖီးေနသည့္ လုက်ဲက ႐ုတ္တရက္ ဝင္ေျပာလာသည္။ : “ဂ်ဴနီယာခ်န္နဲ႔ စာပို႔ေနတဲ့အခ်ိန္ ျဖစ္မယ္..”
“ငါလည္း မေသခ်ာေပမယ့္………. တကယ္စာပို႔ေနတာ ျဖစ္ႏိုင္တယ္..”
ေက်ာက္ေရွာင္ဖန္က ေခါင္းကုတ္ကာ.. : “ေအာင္ျမင္မႈက လက္တစ္ကမ္းအလိုမွာဆိုေတာ့ ခ်န္က်စ္ခ်ဴးကို ရေတာ့မယ္ဆိုၿပီး ၿပဳံးေနတာမ်ားလား..?”
“က်ပ္မျပည့္တဲ့ေကာင္..”
လုက်ဲက ဘီးကို ညင္သာစြာ ေအာက္ခ်ရင္း ေက်ာက္ေရွာင္ဖန္ကို မ်က္ေစာင္းထိုးလိုက္သည္။ : “ဂ်ဴနီယာခ်န္ရဲ႕ အခုပုံစံက အစ္ကိုပိုင္ကို ႀကိဳက္ေနတဲ့ပုံေပၚလို႔လား..?”
“ဘယ္လိုလုပ္သိမွာလဲ..? ငါမွ ရည္စားမထားဖူးတာ…” ေက်ာက္ေရွာင္ဖန္က ပြစိပြစိျပန္ေျပာသည္။
“သူက အစ္ကိုပိုင္အေပၚ အျမင္ေကာင္းရွိ႐ုံေလးပဲ.. ႀကိဳက္ဖို႔က အေဝးႀကီးလိုေသးတယ္..” ေကာင္မေလးက ေတြးေတြးဆဆျဖင့္ ဆက္ေျပာသည္။ : “ငါ့အထင္ေတာ့ အစ္ကိုပိုင္ကသာ ဂ်ဴနီယာခ်န္ကို ႀကိဳက္ေနတာျဖစ္မယ္.. သူကိုယ္တိုင္ေတာင္မသိဘဲ ေႂကြဆင္းသြားတာေလ..”
“ဟားဟားဟား… ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ..!”
ထိုစကားေၾကာင့္ ေကာင္ေလးသုံးေယာက္က ရယ္သည္။ မ်က္ရည္က်လုမတတ္ ေအာ္ရယ္ၾကရင္း.. : “အစ္ကိုပိုင္က ဘယ္လိုလုပ္ ေယာက္်ားေလးခ်င္းႀကိဳက္မွာလဲ..?!”
အစ္ကိုပိုင္၏ ပင္ကိုစ႐ိုက္က ေသြးေအးၿပီး ခံစားခ်က္မဲ့သည္။ ေယာက္်ားတစ္ေယာက္ကို မဆိုထားႏွင့္၊ ကမာၻေပၚမွာအလွဆုံး မိန္းကေလးျဖစ္ေနလွ်င္ပင္ တစ္ခ်က္လွည့္ၾကည့္မည္မဟုတ္။ တစ္သက္လုံး တစ္ေယာက္တည္းေနသြားမည့္ စ႐ိုက္မ်ိဳးပင္။ တစ္စုံတစ္ေယာက္ကို ခ်စ္မိသြားရန္ဆိုတာ ပုံေဖာ္ရန္ပင္ ခက္လွသည္။
“တကယ္..?”
ေကာင္မေလးက အသာရယ္ေမာရင္း ထိုသုံးေယာက္ကို ေဝ့ၾကည့္ကာ.. : “အဲတာဆို အစ္ကိုပိုင္ ဂ်ဴနီယာခ်န္ကို တကယ္ႀကိဳက္မႀကိဳက္ ေလာင္းၾကမလား..?”
“………”
ေအာ္ရယ္ေနသည့္ သုံးေယာက္လုံး အသံတိတ္သြားသည္။
‘ပိုင္ရိ’က ‘ခ်န္က်စ္ခ်ဴး’ကို လုံးဝမႀကိဳက္ဟု သုံးေယာက္သား ခိုင္ခိုင္မာမာ ယုံၾကည္ထားေသာ္လည္း လုက်ဲက ေလာင္းေၾကးထပ္ရန္ ေျပာလာခ်ိန္တြင္ ဘာေၾကာင့္ရယ္မသိ မေလာင္းရဲခဲ့ေပ။
“ေျပာေတာ့ မျဖစ္ႏိုင္ဘူးဆို..? မေလာင္းရဲေတာ့ဘူးလား..?”
လုက်ဲက ရယ္ေမာကာ ဆံပင္ကို အေနာက္သပ္လိုက္သည္။
“ဟုတ္ပါၿပီ.. အစ္ကိုပိုင္ကို ဖုန္းဆက္ၿပီး လွမ္းေခၚၾကရေအာင္.. ဆုလင္းဆီ သြားမလည္တာ ၾကာၿပီလားလို႔..? ဒီေန႔သြားၾကမလား..?”
“အာ.. ဟုတ္သားပဲ.. ဆုလင္းဆီ မသြားျဖစ္တာေတာင္ အေတာ္ၾကာသြားၿပီ.. အစ္ကိုပိုင္က တျခားကိစၥေတြနဲ႔ အလုပ္ရႈပ္ေနတာကိုး..”
ေက်ာက္ေရွာင္ဖန္က ဖုန္းထုတ္ကာ ‘ပိုင္ရိ’ထံ ဖုန္းေခၚလိုက္သည္။ သူ သုံးႀကိမ္ေခၚၿပီးမွ ‘ပိုင္ရိ’က ဖုန္းကိုင္ေလသည္။ သို႔ေသာ္ အၿမဲတမ္း ထိုပုံစံအတိုင္းသာျဖစ္၍ ေက်ာက္ေရွာင္ဖန္လည္း က်င့္သားရေနေခ်ၿပီ။
“အစ္ကိုပိုင္.. ဒီေန႔သြား…..”
“မသြားဘူး.. အလုပ္ရႈပ္ေနတယ္..” ‘ပိုင္ရိ’က ထိုသို႔ေျပာၿပီးေနာက္ ဖုန္းခ်ရန္ျပင္သည္။
“အစ္ကိုပိုင္.. အခုတေလာ အရမ္းအလုပ္ရႈပ္ေနတာလား..? ေန႔တိုင္း မအားဘူးပဲ ေျပာေနလို႔ေလ.. ျပႆနာတစ္ခုခုရွိလို႔လား..?”
“…….” တစ္ဖက္လူက စကၠန႔္အနည္းငယ္ခန႔္ တိတ္ဆိတ္သြားၿပီးေနာက္ ျပန္ေျဖသည္။ : “က်စ္ခ်ဴးကို စာသင္ေပးေနတာ..”
“တီ.. တီ..”
“……….”
ေလးေယာက္လုံး အသံတိတ္သြားသည္။
တစ္ခဏၾကာၿပီးေနာက္ ေက်ာက္ေရွာင္ဖန္က တစ္ကိုယ္တည္း ေရ႐ြတ္ေနေတာ့သည္။ : “ဒီဂ်ဴနီယာခ်န္က ကံေကာင္းလိုက္တာ.. ငါေတာင္ အစ္ကိုပိုင္ရဲ႕ အသုံးခ်ခံ ျဖစ္ခ်င္လာၿပီ..”
“ဒါလည္း အစ္ကိုခ်န္ရဲ႕ လွည့္ကြက္ပဲျဖစ္မယ္.. ေက်ာင္းဆင္းၿပီး အတူတူစာေလ့လာတာက ခံစားခ်က္တိုးေစတယ္..” လ်န္ဝမ္ပင္းက မ်က္မွန္ပင့္ကာ ေျပာသည္။
“ေအး.. အဲ့လိုသာဆို ျပႆနာမရွိဘူး.. ဒါေပမဲ့ အစ္ကိုပိုင္က ငါတို႔ကို ဘာလို႔မေျပာျပတာလဲ..? မသိရင္ ဂ်ဴနီယာခ်န္နဲ႔ ႏွစ္ေယာက္တည္း အတူရွိခ်င္ေနသလိုပဲ..”
“………”
“………”
“ဖာ့ခ္.. ေက်ာခ်မ္းစရာေတြ မေျပာစမ္းနဲ႔..!”
***
နားေနေဆာင္ထဲဝယ္..
ခြၽီယန္က ဆိုဖာေပၚမွာထိုင္ေနသည့္ လူႏွစ္ေယာက္ကို လွမ္းၾကည့္လိုက္၏။ ပိုင္ရိက ေကာင္ေလးကို ၾကင္ၾကင္နာနာ စိုက္ၾကည့္ေနၿပီး သူ၏အၾကည့္က အလြန္တရာ ႏူးညံ့ေနေတာ့သည္။ ထိုျမင္ကြင္းကိုၾကည့္ရင္း ခြၽီယန္လည္း စိတ္ရႈပ္ေထြးလာသည္။
မဟုတ္ေသးပါဘူး.. တစ္ခုခုမူမမွန္ဘူး.. လုက်ဲေျပာသလို အစ္ကိုပိုင္က ဂ်ဴနီယာခ်န္ကို တကယ္ႀကိဳက္ေနတာေတာ့ မဟုတ္ပါဘူးေနာ္..?
မျဖစ္ႏိုင္ပါဘူး..
ဂ်ဴနီယာခ်န္ကို ႀကိဳက္ေနတာလားလို႔ မေန႔က အစ္ကိုပိုင္ကို ေမးၾကည့္ေတာ့ အစ္ကိုပိုင္က မႀကိဳက္ဘူး၊ ဆုလင္းႀကိဳက္တဲ့လူကို ဘယ္ေတာ့မွ ႀကိဳက္မွာမဟုတ္ဘူးလို႔ေတာင္ ျပန္ေျဖခဲ့ေသးတာ..!
သို႔ေသာ္ သူ႔ကိုယ္သူ မည္သို႔အယုံသြင္းေနပါေစ၊ ေက်ာက္ေရွာင္ဖန္ထံမွ ဖုန္းဝင္လာၿပီး ဂ်ဴနီယာခ်န္ႏွင့္ ဆုလင္းတို႔ ထမင္းအတူစားေနေၾကာင္း ေျပာလိုက္သည္ႏွင့္ ခ်က္ခ်င္းဆိုသလို မ်က္ႏွာထားတင္းသြားေသာ ‘ပိုင္ရိ’၏ပုံစံကို ျပန္ေတြးမိတိုင္း ခြၽီယန္ခမ်ာ ေခါင္းက်ိန္းလာသလို ခံစားလိုက္ရသည္။
‘ပိုင္ရိ’သည္ ေအးတိေအးစက္ေနၿပီး နားလည္ရခက္ေသာ္လည္း အင္မတန္ ေဒါသထြက္ခဲသည္။ သူ၏ စိတ္ဝင္စားမႈႏွင့္ မည္သူမွ် မထိုက္တန္သလိုပင္။
ယခုလို သိသိသာသာ ေဒါသထြက္ေနတာကို ပထမဦးဆုံးအႀကိမ္ ျမင္ဖူးျခင္းျဖစ္သည္။
‘ပိုင္ရိ’က ဖုန္းေျပာၿပီးေနာက္ လက္ဆစ္မ်ား ျဖဴေဖ်ာ့လာသည္အထိ ဖုန္းကို တင္းတင္းက်ပ္က်ပ္ ဆုပ္ကိုင္ထားၿပီး ႏႈတ္ခမ္းႏွစ္လႊာကို တင္းတင္းေစ့ထားသည္။ သူ၏မ်က္ဝန္းမ်ားက မည္းေမွာင္ေနၿပီး စကားတစ္ခြန္းမွမေျပာေပ။
တစ္ခဏအသံတိတ္ေနၿပီးေနာက္ ႐ုတ္တရက္ ဆယ္ေက်ာ္သက္ေလးထံ ဖုန္းေခၚလိုက္သည္။ တစ္ဖက္လူ ဖုန္းကိုင္သည္ႏွင့္ ‘ပိုင္ရိ’၏ တင္းမာေနေသာ မ်က္ႏွာထားက အတန္ငယ္ ေျပေလ်ာ့သြားၿပီး အၿပဳံးရိပ္တစ္စြန္းတစ္စ ထင္ဟပ္လာသည္။ သူက ေကာင္ေလးကို ေျပာခဲ့သည္။
“ဟုတ္တယ္.. အေရးႀကီးလို႔.. ခ်က္ခ်င္းလာမွျဖစ္မွာ..”
နားေနေဆာင္ထဲ ထိုေကာင္ေလး အေျပးေရာက္လာၿပီး ‘ပိုင္ရိ’က ေခါင္းပြတ္ေပးေနမွသာ ေဘးမွာရပ္ၾကည့္ေနသည့္ ခြၽီယန္လည္း သက္ျပင္းခ်ႏိုင္ေတာ့သည္။
သို႔ေသာ္ အေစာပိုင္းကကိစၥမ်ားကို ျပန္ေတြးမိသည္ေနာက္ ခြၽီယန္၏စိတ္ထဲ ပို၍ပင္ ရႈပ္ေထြးလာသည္။ ‘ပိုင္ရိ’က အရမ္းစိတ္ႏွစ္ၿပီး သ႐ုပ္ေဆာင္ေနသျဖင့္ တျခားလူအျမင္တြင္ ‘ခ်န္က်စ္ခ်ဴး’ကို တကယ္ႀကိဳက္ေနသလို ျဖစ္သြားတာပါဟူ၍ ေပါ့ေပါ့ပါးပါးသာ ေတြးလိုက္သည္။
“ေက်းဇူးတင္ပါတယ္ စီနီယာ.. အပင္ပန္းခံၿပီး ဝယ္ေပးတဲ့အတြက္ တကယ္ကို ေက်းဇူးတင္ပါတယ္..”
ဆယ္ေက်ာ္သက္ေလးက ေရခဲမုန႔္ကိတ္ကို ျမင္ေသာအခါ အံ့ဩသြားၿပီး ရွက္ကိုးရွက္ကန္း အမူအရာျဖင့္ ပိုင္ရိကို ေက်းဇူးအထပ္ထပ္တင္ေနေတာ့သည္။
‘ပိုင္ရိ’က အၿပဳံးေလးျဖင့္ မပင္ပန္းေၾကာင္း ျပန္ေျပာၿပီး ခြၽီယန္ကို အသာငဲ့ၾကည့္လိုက္သည္။ ခြၽီယန္လည္း ခ်က္ခ်င္း သေဘာေပါက္သြားၿပီး မတ္တပ္ရပ္လိုက္သည္။ ၿပီးေနာက္ ဆင္ေျခရွာ၍ ထိုႏွစ္ေယာက္ကို နားေနေဆာင္ထဲ ခ်န္ထားရစ္ကာ အျမန္ထြက္သြားေတာ့သည္။
ဆယ္ေက်ာ္သက္ေလးသည္ ဆိုဖာေပၚမွာထိုင္ၿပီး ကိတ္မုန႔္ကို ပါးစပ္အျပည့္ ခပ္စားလိုက္သည္။ သူ၏ပုံစံက အေတာ္ေလး ေက်နပ္အားရေနဟန္။ ႐ုပ္ေခ်ာသည့္ စီနီယာအစ္ကိုႀကီးက ေရွ႕တည့္တည့္မွာထိုင္ၿပီး သူစားေနတာကို ေမးေထာက္ၾကည့္ေနသည္။ သူ၏ ႏႈတ္ခမ္းေထာင့္က သူကိုယ္တိုင္ပင္မသိေအာင္ ေကာ့တက္ေနၿပီး မ်က္ဝန္းမ်ားဟာ အလြန္ႏူးညံ့ေနေတာ့သည္။
သို႔ေသာ္ တစ္လုပ္ႏွစ္လုပ္စားၿပီးေနာက္ ဆယ္ေက်ာ္သက္ေလးက တစ္ခုခုကို သတိရသြားဟန္ျဖင့္ လႈပ္ရွားမႈရပ္သြားသည္။ ၿပီးေနာက္ ဂနာမၿငိမ္ျဖစ္လာၿပီး မ်က္ႏွာေပၚတြင္ အၿပဳံးရိပ္မရွိေတာ့ေပ။ သူ႔ကို တစ္ေယာက္ေယာက္ ေစာင့္ေနသျဖင့္ အျမန္ျပန္ရေတာ့မလို ကိတ္မုန႔္ကို အျမန္ခပ္စားေတာ့သည္။
ဒီေကာင္ေလး ဘာေတြေတြးေနတာလဲ..?
ဆုလင္းအေၾကာင္းလား..?
‘ပိုင္ရိ’၏ မ်က္ဝန္းမ်ား ေမွာင္မိုက္သြားၿပီး အေမွာင္ထုတခ်ိဳ႕ ကိန္းဝပ္လာ၏။ အေစာပိုင္းက ေကာင္ေလး ေရာက္လာသျဖင့္ ေျပေပ်ာက္သြားေသာ ေဒါသစိတ္မ်ားသည္ တဖန္ျပန္လည္ႏႈိးထလာကာ ယခင္ထက္ပင္ ပိုမိုျပင္းထန္လာသည္။
ဘာလို႔ ဆုလင္းအေၾကာင္း ေတြးေနတာလဲ..? သူက ေကာင္ေလးရဲ႕ မ်က္စိေရွ႕တင္ ထိုင္ေနတာေတာင္ ဆုလင္းကို မယွဥ္ႏိုင္ေသးဘူးလား..?
‘ပိုင္ရိ’က စိတ္မထိန္းႏိုင္ေတာ့ဘဲ ေကာင္ေလး၏လက္ကို ဖိခ်လိုက္သည္။ ဆယ္ေက်ာ္သက္ေလးက ေမာ့ၾကည့္လာေသာအခါ ေဒါသသံမပါေအာင္ ႀကိဳးစားထိန္းခ်ဳပ္ရင္း အၿပဳံးေလးျဖင့္ ေျပာသည္။ : “အျမန္မစားနဲ႔ေလ.. ကိတ္က အရမ္းေအးေတာ့ ျဖည္းျဖည္းခ်င္း စားသင့္တယ္.. အျမန္စားရင္ ခႏၶာကိုယ္အတြက္ မေကာင္းဘူး..”
“အာ.. ေဆာရီး.. ကြၽန္ေတာ္ သတိလက္လြတ္ျဖစ္သြားတယ္.. သတိေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ စီနီယာ..”
ဆယ္ေက်ာ္သက္ေလးက ‘ပိုင္ရိ’၏စကားကို နားေထာင္ၿပီး ျဖည္းျဖည္းခ်င္း စားသည္။ သို႔ေသာ္ စိတ္ႏွင့္လူႏွင့္မကပ္သလို အနည္းငယ္ စိတ္ပ်ံ႕လြင့္ေနေလသည္။
“ဘာျဖစ္လို႔လဲ..? ကိတ္က စားမေကာင္းဘူးလား..?” ‘ပိုင္ရိ’က ေဒါသစိတ္ကို ခ်ိဳးႏွိမ္ကာ အသံခ်ိဳခ်ိဳေလးျဖင့္ ေမးသည္။
“မဟုတ္.. မဟုတ္ပါဘူး.. ကိတ္က အရမ္းစားလို႔ေကာင္းတယ္.. ေက်းဇူးအမ်ားႀကီးတင္ပါတယ္ စီနီယာ..!”
ေကာင္ေလးက ေခါင္းတယမ္းယမ္း၊ လက္တယမ္းယမ္းျဖင့္ ကပ်ာကယာ ဆက္ေျပာသည္။ : “ဒီအတိုင္း ကိစၥတစ္ခု သတိရသြားလို႔ပါ.. နည္းနည္းေလး စိုးရိမ္………”
“က်စ္ခ်ဴး..”
ပိုင္ရိက စကားျဖတ္ေျပာလိုက္သည္။ သူ၏မ်က္ႏွာက အေတာ္ေလး ေမွာင္မိုက္ေနေခ်ၿပီ။
ေကာင္ေလးကို ပထမဦးဆုံးအႀကိမ္ မ်က္ႏွာထားတင္းတင္းျဖင့္ စကားေျပာဖူးျခင္း ျဖစ္သည္။ ဆယ္ေက်ာ္သက္ေလးလည္း ထိတ္လန႔္သြားၿပီး စီနီယာအစ္ကိုႀကီး ေဒါသထြက္ေအာင္ သူဘာလုပ္လိုက္မိမွန္း နားမလည္ရွာေပ။ ထို႔ေၾကာင့္ စိတ္မသက္မသာ ျဖစ္ေနေတာ့သည္။
သူ ဘာျဖစ္ေနတာလဲ..? ခုနက ဆုလင္းကို ေဒါသထြက္ေအာင္ ရန္စမိတယ္။ အခုလည္း စီနီယာအစ္ကိုႀကီး စိတ္ဆိုးေအာင္ လုပ္မိျပန္ၿပီ။ ဒီေန႔ေက်ာင္းလာတုန္းက ဦးေႏွာက္ အိမ္မွာက်န္ခဲ့တာမ်ားလား..?
ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိ ျဖစ္ေနရွာေသာ ေကာင္ေလးကိုၾကည့္ၿပီး ‘ပိုင္ရိ’က မ်က္လုံးမွိတ္ကာ စိတ္ၿငိမ္ေအာင္ လုပ္လိုက္သည္။ ၿပီးမွ သက္ျပင္းခ်ကာ..
“ေဆာရီး က်စ္ခ်ဴး.. ငါ မင္းကို စိတ္ဆိုးတာမဟုတ္ပါဘူး.. အခုတေလာ အဆင္မေျပတာေလးေတြရွိလို႔ နည္းနည္း စိတ္ဆတ္ေနတာပါ..”
“စီနီယာ.. ဘာျဖစ္လို႔လဲဟင္..? ကြၽန္ေတာ္ ကူညီေပးႏိုင္တာရွိလား..?” ဆယ္ေက်ာ္သက္ေလးက စိုးရိမ္တႀကီး ေမးသည္။
“ရတယ္.. ေျဖရွင္းၿပီးသြားၿပီ.. နည္းနည္းေလး ပင္ပန္းေနလို႔ တစ္ေယာက္ေယာက္ အေဖာ္ျပဳေပးရင္ ေကာင္းမွာပဲ..”
‘ပိုင္ရိ’က မ်က္လႊာခ်လိုက္သည္။ သူ၏အသံက ႏူးညံ့ေနၿပီး ေကာင္ေလးကို ေတာင္းဆိုေနသေယာင္..
“က်စ္ခ်ဴး.. မင္း အလုပ္ရႈပ္ေနမွန္းသိပါတယ္.. ဒါေပမဲ့ ေတာင္းဆိုပါတယ္.. ကိုယ္နဲ႔ ခဏေလာက္ ေနေပးလို႔ရမလားဟင္..?”
“ရပါတယ္..”
တစ္ခဏတုံ႔ဆိုင္းေနၿပီးေနာက္ ဆယ္ေက်ာ္သက္ေလးက ေလးဖင့္စြာ ေခါင္းညိတ္ျပသည္။
ဆုလင္းအတြက္ စိုးရိမ္ေသာ္လည္း ဤေနရာကို လာၿပီးၿပီျဖစ္၍ စီနိယာကို အရင္ဦးစားေပးသင့္သည္။ ျပန္ေရာက္မွ ဆုလင္းကို ေသေသခ်ာခ်ာ ေတာင္းပန္ရမည္။ ယခု ထြက္သြားလွ်င္ စီနီယာအတြက္ တစ္ခ်ိန္လုံး စိတ္ပူေနမိမွာ ေသခ်ာေပါက္ပင္။
“ဒီမွာလာထိုင္ပါလား..?” ‘ပိုင္ရိ’က သူ႔ေဘးမွေနရာလြတ္ကို ပုတ္ျပၿပီး ေျပာသည္။
“ဟုတ္..”
ဆယ္ေက်ာ္သက္ေလးလည္း မ်က္ႏွာခ်င္းဆိုင္ထိုင္ေနရာမွ မတ္တပ္ရပ္ၿပီး ‘ပိုင္ရိ’ေဘးတြင္ ဝင္ထိုင္လိုက္သည္။ ထို႔ေနာက္ ‘ပိုင္ရိ’အား အက်ိဳးအေၾကာင္းေမးမည္အျပဳ ႐ုတ္တရက္ ဆြဲဖက္ခံလိုက္ရသလို ခံစားလိုက္ရ၏။ အနားကပ္လာေသာ အသက္ရႉေငြ႕ေႏြးေႏြးႏွင့္အတူ ပခုံးက ေလးလံသြားသည္။ ‘ပိုင္ရိ’က သူ႔ပခုံးေပၚ နဖူးအပ္ကာ အနားယူေနေလသည္။
“… စီ.. စီနီယာ..?”
႐ုတ္တရက္ႀကီး ပြတ္သီးပြတ္သပ္လုပ္လာသျဖင့္ ဆယ္ေက်ာ္သက္ေလးမွာ တစ္ကိုယ္လုံး ေတာင့္တင္းသြားၿပီး ပါးႏွစ္ဖက္လုံး နီရဲလာသည္။ လက္ႏွစ္ဖက္ကိုလည္း ဘယ္နားထားရမွန္း မသိေတာ့ေခ်။
ေကာင္ေလး၏ ကိုယ္သင္းရနံ႔က သူ၏ႏွာေခါင္းထိပ္တြင္ ကလူက်ီစယ္ေနသျဖင့္ ပိုင္ရိ၏ ႏွလုံးသားထဲတြင္ ၾကည္ႏူးေပ်ာ္႐ႊင္ေနေတာ့၏။ ေကာင္ေလးကို ေပြ႕ဖက္ထားသည့္လက္က မထိန္းႏိုင္ေအာင္ ပိုမိုတင္းက်ပ္လာၿပီး မ်က္ႏွာကို ေကာင္ေလး၏ လည္တိုင္ထဲအပ္ကာ တိုးေဝွ႔လိုက္သည္။ ၿပီးေနာက္ တည္တည္ၿငိမ္ၿငိမ္ ေျပာသည္။ : “က်စ္ခ်ဴး.. ဖက္ထားေပး..”
“စီ.. စီ.. စီ.. စီနီယာ..?!”
အက္ရွရွေလသံေၾကာင့္ ေကာင္ေလးမွာ မ်က္ႏွာတစ္ျပင္လုံး နီရဲတြတ္ေနၿပီး ထိုစကားလုံးမ်ားေၾကာင့္ ရင္ခုန္သံျမန္လာရသည္။ သိမ္ေမြ႕ေအးေဆးေသာ စီနီယာအစ္ကိုႀကီးကို ယခုလို ကေလးဆန္တတ္လိမ့္မည္ဟု လုံးဝမထင္ထားခဲ့ေပ။ အလိုလိုက္ခံေနရသည့္ ဂ်ဴနီယာညီေလးလိုပင္ ျပဳမူေနေသးသည္။
သို႔ေသာ္ စီနီယာ၏ လက္ရွိပုံစံေလးက တကယ့္ကို ခ်စ္စရာေကာင္းလြန္းေနသည္။
ေကာင္ေလး၏ရင္ထဲ စိတ္ေပ်ာ့ေပ်ာင္းလာၿပီး ‘ပိုင္ရိ’ကို ျပန္မဖက္ဘဲ မေနႏိုင္ေတာ့ေပ။ သတၱိရွိရွိျဖင့္ ‘ပိုင္ရိ’ သူ႔ကို လုပ္ေပးေနက်အတိုင္း ‘ပိုင္ရိ’၏ေခါင္းကို ပြတ္သပ္ေပးမိသည္။
‘ပိုင္ရိ’ကလည္း ေကာင္ေလး ထိေတြ႕လာတာကို မျငင္းဆန္ေပ။ ထိုအစား ေကာင္ေလးဘက္က စတင္လာသျဖင့္ အလြန္ေပ်ာ္ျမဴးေနေတာ့သည္။ သို႔ေသာ္ သာမန္ေပြ႕ဖက္မႈေလးျဖင့္ အားမရေတာ့။ ေကာင္ေလးကို ပိုမိုထိေတြ႕ခ်င္လာသည္။
“………”
ေခါင္းေမာ့လိုက္ၿပီး ခရင္(မ္)အနည္းငယ္ေပေနေသာ ေကာင္ေလး၏ ပန္းေရာင္ေဖ်ာ့ေဖ်ာ့ ႏႈတ္ခမ္းသားမ်ားေပၚ အၾကည့္ေရာက္သြားသည္။ သူ၏အၾကည့္က ႐ုတ္တရက္ မည္းေမွာင္လာၿပီး လက္ေခ်ာင္းသြယ္သြယ္မ်ားျဖင့္ ေကာင္ေလး၏ ႏႈတ္ခမ္းအိအိေလးကို ပြတ္ဆြဲလိုက္သည္။
!
ေကာင္ေလးမွာ ရွက္႐ြံ႕သြားၿပီး ပါးႏွစ္ဖက္သာမက လည္ပင္းအထိ နီရဲလာ၏။ ရွက္ကိုးရွက္ကန္းျဖင့္ ‘ပိုင္ရိ’၏လက္ကို ေရွာင္တိမ္းရန္ ႀကိဳးစားလိုက္သည္။ သို႔ေသာ္ ေနာက္ဆုတ္လိုက္႐ုံသာ ရွိေသးသည္၊ တစ္ဖက္လူက ခရင္(မ္)ေပေနသည့္လက္ကို ျပန္႐ုတ္ၿပီး ပါးစပ္ထဲထည့္လိုက္တာကို ျမင္လိုက္ရေလသည္။
ဆယ္ေက်ာ္သက္ေလးမွာ ထိတ္လန႔္သြားၿပီး ‘ပိုင္ရိ’ကို အံ့ဩတႀကီး ေမာ့ၾကည့္လိုက္မိသည္။ သို႔ေသာ္ ‘ပိုင္ရိ’က မ်က္ဝန္းနက္နက္မ်ားျဖင့္ စိုက္ၾကည့္ေနၿပီး လက္ကို ေအာက္ခ်ကာ ခပ္ေသာေသာ ရယ္ေနသည္။
“ခ်ိဳလိုက္တာ..”
ထူးထူးဆန္းဆန္း.. ဤအခ်ိဳအရသာေလးကို သူ မမုန္းေပ။
ပို၍ပင္ လိုခ်င္လာသည္။
“က်စ္ခ်ဴး..”
‘ပိုင္ရိ’က ေကာင္ေလး၏နာမည္ကို အက္ရွစြာ ေခၚ၏။ ေကာင္ေလး၏မ်က္ႏွာကို ထိန္းကိုင္ရင္း သူတို႔ႏွစ္ဦးၾကားမွ အကြာအေဝးကို ျဖည္းျဖည္းခ်င္း ေလ်ာ့ခ်လိုက္သည္။ သူတို႔၏ႏႈတ္ခမ္းမ်ားက အခ်ိန္မေ႐ြး ထိကပ္ေတာ့မေယာင္.. ႏွစ္ဦးသား၏ အသက္ရႉေငြ႕မ်ား ယွက္ႏြယ္လာသည္။
“ဘုန္း…!”
သို႔ေသာ္ ထိုအခိုက္ နားေနေဆာင္တံခါးက ခပ္ၾကမ္းၾကမ္း တြန္းဖြင့္ခံလိုက္ရသျဖင့္ နံရံႏွင့္ ႐ိုက္မိသြားသည္။
‘ပိုင္ရိ’၏ လႈပ္ရွားမႈတို႔ ရပ္တန႔္သြားၿပီး တံခါးဝကို လွမ္းၾကည့္လိုက္သည္။ ထိုအခါ ျဖဴေဖ်ာ့ေဖ်ာ့မ်က္ႏွာျဖင့္ သူတို႔ႏွစ္ဦးကို စိုက္ၾကည့္ေနေသာ ဆုလင္းကို ျမင္လိုက္ရေလသည္။
***
ပိုင္ရိ၏ ဒိုင္ယာရီမွတ္တမ္း (Part 57)
အခုမွသတိရတယ္။ ဒီ Instance ရဲ႕ဇာတ္ေၾကာင္းအရ ငါနဲ႔က်စ္ခ်ဴးက ခ်စ္သူေတြပဲ။ ႏွစ္ေယာက္သားက စည္းေက်ာ္ၿပီးၿပီလား..?
ငါလည္း အဲ့လိုအခြင့္အေရးမ်ိဳး ရခ်င္လိုက္တာ…
………………………………….
TN : Happy Birthday to me!!! 💜
………………………………….