စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုး...

By BlackLily_WhiteLily

60K 6.3K 216

"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) C... More

Description
Intro- 1
Intro- 2
Intro- 3
Chapter 1.1
Chapter 1.2
Chapter 1.3
Chapter 1.4
Chapter 2.1
Just Information
Chapter 2.2
Chapter 2.3
Chapter 2.4
Chapter 2.5
Chapter 3.1
Chapter 3.2
Chapter 3.3
🎆🎆🎆Happy New Year🎆🎆🎆
Chapter 3.4
Chapter 3.5
Chapter 4.1
Chapter 4.2/4.3
Chapter 4.4/4.5
Chapter 4.6
Chapter 4.7
Chapter 5.1
Chapter 5.2
Chapter 5.3
Chapter 5.4
Chapter 5.5
Chapter 6.1
Chapter 6.2
Chapter 6.3
Chapter 6.4
Chapter 6.5
Chapter 7.1
Chapter 7.2
Chapter 7.3
Chapter 7.4
Chapter 7.5
Chapter 8.1
Chapter 8.2
Chapter 8.3
Chapter 8.4
Chapter 9.1
Chapter 9.4/9.5
Chapter 9.6/9.7
Chapter 9.8/9.9
Chapter 9.10/9.11
Chapter 10.1/10.2
Chapter 10.3/10.4
Chapter 10.5/10.6
Chapter 10.7/10.8
Chapter 10.9/10.10
Chapter 10.11/10.12
Chapter 10.13/10.14
Chapter 10.15/10.16/10.17
Chapter 11(1,2)
Chapter 11 (3,4)
Chapter 11 (5,6)
Chapter 11.7, 12.1
Chapter 12 (2,3)
Chapter 12 (4,5)
Chapter 12 (6,7)
Chapter 12 (8,9)
Chapter 12 (10,11)
Chapter 12 (12,13)
Chapter 13(1,2)
Chapter 13 (3,4)
Chapter 13 (5,6)
Chapter 13 (7,8)
Chapter 13 (9,10,11)
🔊🔊🔊 Telegram PG လေးစပါပြီ
Chapter 14.1/14.2
Chapter 14.3/14.4
Chapter 14.5/14.6
Chapter 14.7/14.8
Chapter 15.1/15.2
Chapter 15.3/15.4
Chapter 15.5/15.6
Chapter 15.7/15.8
Chapter 15.9/15.10
Chapter 15.11/15.12
Chapter 16.1/16.2
Chapter 16.3/16.4
Chapter 16.5/16.6
Chapter 16.7/16.8
Chapter 16.9/16.10
Chapter 16.11/16.12
Chapter 16.13/16.14

Chapter 9.2/9.3

596 73 4
By BlackLily_WhiteLily

အခန်း ၉ ကောက်ကျစ်သော သူပုန်များ (အပိုင်း ၂)

လို့မူဟိုင်က နားမလည်နိုင်တဲ့ ပုံစံဖြင့် ကုယွင်ကို စိုက်ကြည့်နေချိန်တွင် တဲအပြင်ဘက်တွင် အလျင်အမြန် ပြေးနေသော ခြေသံများ ထွက်ပေါ်လာပြီး အော်သံများ ထွက်ပေါ်လာသည်။

စုရန်က တစ်ခုခု မှားနေပြီဟု ယောင်ဝါးဝါး ခံစားမိကာ မေးရန်ပြင်နေချိန်တွင် တဲအပြင်ဘက်မှ အလျင်အမြန် သတင်းပို့သံတစ်ခု ထွက်ပေါ်လာသည်။ "သတင်းပို့ပါတယ်၊ စစ်တပ်ထဲက ရိက္ခာနဲ့ မြက်ခြောက်တွေ ရုတ်တရက် မီးလောင်သွားပါတယ်"

မြက်ခြောက်တွေ မီးလောင်တာလား?! စစ်တပ်ရိက္ခာတွေ မီးလောင်တာလား???

ယာယီတဲအတွင်းမှ လူလေးယောက်က တညီတညွတ်တည်း မတ်တတ်ထရပ်လိုက်သည်။ တပ်နှစ်တပ် ထိပ်တိုက်တွေ့ဆုံချိန်တွင် ရိက္ခာနှင့် မြင်းများအတွက် အစာရေစာ မရှိသူက ရှေ့ဦးစွာ ရှုံးနိမ့်သွားမည်ဖြစ်သည်။

သူတို့လေးယောက် အပြင်ကို အပြေးထွက်လာကြပြီး စုရန်က စိုးရိမ်တကြီးနဲ့ "စားစရာနဲ့ ကောက်ရိုးတွေ အခြေအနေ ဘယ်လိုလဲ"

"လောလောဆယ်တော့ ထိန်းသိမ်းနိုင်ဖို့ ကြိုးစားနေပါတယ်"

ကုယွင်က မနီးမဝေးနေရာကို အားစိုက်ကြည့်လိုက်ရာ ထိုနေရာတွင် မီးသိပ်မရှိသည်ကို မြင်လိုက်ရသည်။ ရထားလုံးသုံးဆယ်ကျော်က ရိက္ခာနှင့် မြက်ခြောက်များကို တင်ဆောင်ထားကြောင်း သူမ သတိရမိသည်။ ထိုမီးငယ်က မပြင်းထန်သော်လည်း အကြောင်းပြချက်မရှိဘဲ လောင်နိုင်ပါ့မလား??! မီးလောင်မှုဆိုရင် မီးက အဲ့လောက် နည်းနည်းလေး မဖြစ်သင့်ဘူး.. တစ်စုံတစ်ယောက်ကြောင့်လား???

သူမစိတ်ထဲမှ အတွေးတစ်ခု လင်းလက်သွားချိန်တွင် သူမလက်ထဲက ပင်းလျန့်က ပြင်းထန်စွာ တုန်ခါသွားသည်။ ကုယွင်က သတိရှိကြီးစွာဖြင့် ခေါင်းကို မော့လိုက်ချိန်တွင် မှောင်မိုက်သောည၏အရိပ်အောက်တွင် စုရန်၏ ရင်ဘတ်ဆီသို့ တန်းတန်းမတ်မတ် ပစ်ခတ်လိုက်သော ငွေရောင်အလင်းတန်းတစ်ခုကို တွေ့လိုက်ရသည်။ ကုယွင်က "သတိထား!"

သူမက စီးဝင်လာအလင်းရောင်ကို ရင်ဆိုင်ရန် ပင်းလျန့်ကို အားကြိုးမာန်တက်ကိုင်ကာ ပြတ်ပြတ်သားသား ပင့်မြှောက်လိုက်သည်။ ထိတွေ့မှုကြောင့် "ဒင်"ဟူသော အသံကို ကြားလိုက်ရပြီး ကုယွင်၏ မေးရိုးများကိုပင် ထုံကျင်သွားစေခဲ့သည်။ ထိုအသံနှင့်အတူ သုံးလက်မခန့်ရှည်သော မြှားတိုတစ်ချောင်းက မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။

ရုတ်တရက်ဖြစ်ပေါ်လာသော အပြောင်းအလဲက လူပေါင်းများစွာကို ထိတ်လန့်သွားစေခဲ့သည်။ ထိုအချိန်တွင် အနက်ရောင် အရိပ်တစ်ခုက တောနက်ကြီးဆီသို့ ပြေးဝင်သွားခဲ့သည်။

"ဟိုမှာ!" ဟန်ရှုက သူ့ကို တွေ့ပြီး လှမ်းအော်လိုက်ကာ စစ်သည်တွေက သူ့နောက်ကို လိုက်သွားကြသည်။

ကုယွင်က "ဟန်ရှု၊ မလိုက်နဲ့!"

မှောင်မည်းနေသော တောအုပ်ထဲတွင် ခြုံခိုတိုက်ခိုက်မှု ရှိမရှိကို မသိနိုင်သောကြောင့် သူပုန်နောက်ကို ပြေးမလိုက်သင့်ပေ။ ကံမကောင်းစွာနဲ့ပဲ အရပ်ရှည်သောလူက တောအုပ်ထဲသို့ အမြန်ပြေးသွားခဲ့သည်။

ကုယွင်က ပင်းလျန့်ကို သူမလက်ထဲတွင် ကိုင်ထားရင်း စုရန်ကို လှမ်းပြောလိုက်သည်။ "ရှင် စစ်စခန်းကို စောင့်ကြပ်ဖို့ ဒီမှာ နေခဲ့၊ အစားအစာနဲ့ မြက်ခြောက်တွေက အရေးကြီးဆုံးပဲ!" ပြောပြီးတာနဲ့ သူမကိုယ်တိုင်လည်း တောအုပ်ထဲကို တိုးဝင်သွားခဲ့သည်။

"ချင်းမော့--"

မနီးမဝေးတွင် လမ်ရှောင်းနှင့် ကောကျင့်ယွင်တို့က မီးမှိန်မှိန်မီးရောင်ကို ကြည့်နေရင်း တဲအပြင်ဘက်တွင် ရပ်နေခဲ့သည်။ ထိုအချိန်တွင် သူတို့နားထဲသို့ ရင်းနှီးနေသော ရှင်းလင်းပြတ်သားသည့် အသံတစ်ခု ရောက်လာသည်။

"လမ်ရှောင်း၊ ကောကျင့်ယွင်၊ ငါ့နောက်လိုက်ခဲ့"

သူတို့နှစ်ယောက် နောက်ကို လှည့်ကြည့်လိုက်ရာ ကုယွင်ကို မြင်လိုက်ရသည်။

သူမ၏ အနက်ရောင်အရိပ်လေးက တောအုပ်ထဲတွင် ပျောက်ကွယ်လုမတတ်ဖြစ်နေတာကြောင့် နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ အတွေးများစွာဖြင့် သူမနောက်သို့ ချက်ချင်းလိုက်သွားကြသည်။

ကုယွင်က ရှေ့တွင် ပြေးလွှားနေပြီး လမ်ရှောင်းနှင့် ကောကျင့်ယွင်တို့က သူမ နောက်မှ လိုက်လာကြသည်။ တောနက်ထဲသို့ ပြေးဝင်လာလေလေ သူတို့ခြေထောက်အောက်ရှိ မြေပြင်က ပိုမိုပျော့ပျောင်းလာလေလေ ဖြစ်နေကာ ပတ်ဝန်းကျင်ဧရိယာက ပို၍ မည်းမှောင်လာပြီး မရေမတွက်နိုင်သော ပုံသဏ္ဌန်များကိုသာ မြင်တွေ့နေရသည်။ သူတို့သုံးယောက်က ဘယ်လမ်းကြောင်းကို ဆက်လျှောက်ရမလဲလို့ တွေးနေချိန်မှာပဲ အဝေးက လက်နက်သံတွေက သူတို့ သုံးယောက်ကို ဦးတည်တစ်ခုဆီသို့ ညွှန်ပြနေသည်။

သူတို့သုံးယောက် အသံဆီသို့ ဦးတည်ပြီး ပြေးလွှားသွားကြပြီး ထူးဆန်းသည်မှာ တိုက်ပွဲသံက မကြာခဲ့တာကြောင့် ကုယွင်က စိတ်ရှုပ်ထွေးသွားသည်။ သူမ ယခင်က ဟန်ရှုနှင့် တိုက်ခိုက်ခဲ့ဖူးသည်။ သူ၏သိုင်းပညာက လုံးဝ အားမနည်းပေမယ့် အခု လှုပ်ရှားမှုအနည်းငယ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

သူမတို့ကို လမ်းပြနေတဲ့ အသံမရှိတော့ပေမယ့် ကံကောင်းထောက်မစွာပဲ သူမတို့က လမ်းကြောင်းမှန်ပေါ်ကို ရောက်သွားပြီး ခဏအကြာ လူသုံးလေးယောက်နဲ့တူသော အနက်ရောင် လူတစ်စုကို အကွာအဝေးမှ လှမ်းတွေ့လိုက်ရသည်။

သူတို့က တစ်ခုခုကို အထည်အိတ်ကြီးထဲသို့ ထည့်နေကြသည်။ ဟန်ရှုက အမှန်တကယ် ဖမ်းဆီးခံလိုက်ရတာကြောင့် ကုယွင်က ထိတ်လန့်သွားသည်။ ဒီလူတွေက ညစ်ပတ်တဲ့လှည့်ကွက်တွေကို သုံးခဲ့တာ မဟုတ်ဘူးဆိုရင် သူတို့ရဲ့ ကိုယ်ခံပညာစွမ်းရည်က တကယ်ကို မြင့်မားလွန်းတယ်။

အခန်း ၉ ကောက်ကျစ်သော သူပုန်များ (အပိုင်း ၃)

လူနှစ်ယောက်က အိတ်ကို ပုခုံးပေါ်တင်ပြီး ထွက်ပြေးရန် ပြင်နေသည်ကို မြင်လိုက်ရတာကြောင့် ကုယွင်က "ရပ်လိုက်!"

သူပုန်တွေက လန့်ဖျပ်သွားပြီး လှမ်းမျှော်ကြည့်လိုက်ရာ တောကြီးမျက်မည်းထဲတွင် လူသုံးယောက် အရှိန်အဟုန်ဖြင့် ပြေးလာနေသည်ကို တွေ့လိုက်ရသည်။ တစ်စုံတစ်ယောက်က သူတို့ကို လိုက်ဖမ်းနေတယ် ဆိုတာက အံ့သြစရာ မဟုတ်ပေမယ့် စုမိသားစုစစ်တပ်မှာ ဘယ်တုန်းက အမျိုးသမီးတွေ ရှိနေတာလဲ?? အခုန အသံက ထက်မြက်ပုံပေါ်နေပေမယ့် မိန်းမအသံလို့ သေချာပေါက် ပြောလို့ရတယ်။

"သူ့ကိုအရင်သယ်သွားလိုက်၊ ငါ သူတို့ကို တားထားလိုက်မယ်" အမှောင်ထဲတွင် ကုယွင်က အလွန်တိုးလျသော ယောက်ျားသံတစ်သံကို ကြားလိုက်ရတယ်။ လေယူလေသိမ်းနဲ့ အသံထွက်က ချုံယွဲ့မှ သာမာန်လူတို့၏ လေယူလေသိမ်းနှင့် မတူဘဲ အနည်းငယ် ထူးဆန်းနေသည်။ တစ်ဖက်လူ၏အသွင်အပြင်ကို မမြင်ရ‌သော်လည်း လူငယ်တစ်ယောက်ဖြစ်နိုင်သည်။

သူ့နောက်က လူသုံးယောက်က အိတ်ကို မြှောက်လိုက်ပြီး တိတ်တဆိတ် နားလည်မှုဖြင့် သူ့ကို ချန်ထားခဲ့သည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် လွတ်မြောက်သွားပါက နောက်တစ်ကြိမ် ထပ်ရှာရန် မဖြစ်နိုင်တော့ပေ။ ကုယွင်က လျှို့ဝှက်စွာ ခွဲခြမ်းစိတ်ဖြာပြီးနောက်တွင် လမ်ရှောင်းနှင့် ကောကျင့်ယွင်ကို လှမ်းပြောလိုက်သည်။ "မင်းတို့နှစ်ယောက် လိုက်သွားသင့်တယ်"

"ဟုတ်ကဲ့" လမ်ရှောင်း နှင့် ကောကျင့်ယွင်က ဘယ်ညာ လှည့်ကာ ထိုလူသုံးယောက်၏ ဘေးဘက် ဆီသို့ ရွေ့လျားသွားကြသည်။

ကျန်နေသူ၏မျက်လုံးများက အေးစက်သွားပြီး သူ့လက်ထဲတွင် ရှည်လျားသော ကြာပွတ်တစ်ချောင်း ထွက်ပေါ်လာပြီဖြစ်သည်။ ထိုမျှမည်းမှောင်နေသော တောအုပ်ထဲတွင်ပင် ရှည်လျားသောကြာပွတ်ပေါ်မှ ထူးထူးခြားခြား ရွှေရောင်အလင်းတန်းကို တွေ့နိုင်နေသည်။

သူ ဘာမှ မလုပ်နိုင်သေးခင်မှာ ကုယွင်က သူမဓားကို ဆွဲထုတ်လိုက်ပြီး တိုက်ပွဲကို ဦးဆောင်လိုက်သည်။ ကြည်လင်ညင်သာသော စူးရှသည့် ညည်းညူသံတစ်ခုနှင့်အတူ အေးစက်သောလေတစ်ချက်ဝှေ့သွားပြီး ပင်းလျန်က သူ့ရဲ့ဓားအိမ်ထဲမှ ထုတ်ပေါ်လာသည်။

သူ့ရှေ့မှ လုံးဝကို ဖြူစင်နေသော ဓားရှည်ကြီးကြောင့် ထိုလူက အာရုံပြောင်းသွားသည်။ ဓားသွားကြားမှာ လျှို့ဝှက်စွာ စီးဆင်းနေတဲ့ အေးစက်စက်လေအေးက ငါးပေအကွာမှ သူ့နှလုံးသားကို တုန်လှုပ်စေခဲ့သည်။ တကယ်ကို ဓားကောင်းတစ်လက်ပါပဲ။

ထိုလူ ငေးကြောင်သွားသည့်အခိုက်တွင် လမ်ရှောင်းနှင့် ကောကျင့်ယွင်တို့က သူ့ကို ကျော်ဖြတ်ပြီး ထွက်ပြေးသွားသော လူသုံးဦးနောက်ကို လိုက်သွားခဲ့သည်။

ထိုလူက သူတို့ကို ဂရုမစိုက်နိုင်တော့ဘဲ သူ့ရှေ့မှ ဓားနှင့် ဓားကိုင်ထားသူကိုသာ ပိုပြီး စိတ်ဝင်စားပုံရသည်။

ထိုအမျိုးသမီးက သူ့ထံသို့ နီးကပ်လာလေလေ ပြင်ထန်သော အေးခဲမှုကို ခံစားရလေလေ ဖြစ်လာသည်။ ဘယ်လို မိန်းခလေးမျိုးက ဒီလို အံ့သြဖွယ်ဓားတစ်ချောင်းကို ဆွဲထုတ်နိုင်တာလဲ??

အချိန်တိုလေးအတွင်းမှာပဲ ပိန်ပိန်ပါးပါးအမျိုးသမီးငယ်တစ်ဦးက သူ့ရင်ဘတ်ရှေ့သို့ စွေ့ကနဲ ရောက်လာတာကို မြင်လိုက်ရသည်။ သူမက အနက်ရောင် ၀တ်စုံကို ဝတ်ဆင်ထားပြီး ညအမှောင်နှင့် ရောထွေးလုနီးပါး ဖြစ်နေသည်။ သူမ၏ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း သူမ၏ဓားကိုင်ထားသော ဟန်ပန်က သူမ၏ ကျွမ်းကျင်မှုကို ပြသနေသည်။

ထိုလူက ရှည်လျားသောကြာပွတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပေမယ့် ကုယွင်ကို ခုခံရန် သူ့၏အင်အားအပြည့်အဝကို မထိန်းချုပ်နိုင်တော့ပေ။ ကုယွင်၏ ခန္ဓာကိုယ်က ဘေးတိုက်သို့ လျင်မြန်စွာ ရှောင်ထွက်သွားပြီး ရှည်လျားသော ကြာပွတ်က မြေပြင်ကို ပြင်းပြင်းထန်ထန် ထိမှန်ကာ တစ်ခဏချင်းမှာပင် သုံးလက်မအနက်ရှိသော အစင်းကြောင်းကြီးတစ်ခု ထွက်ပေါ်လာသည်။

ကုယွင်က သူမလက်ကောက်ဝတ်ကို ပြောင်းပြန်လှန်လိုက်ပြီး ထိုလူကို သူမလက်ထဲမှ ပင်းလျန့်ဖြင့် လှမ်းထိုးလိုက်သည်။ အေးစက်သောအလင်းရောင်နှင့်အတူ ထိုလူက ကုယွင်၏ခေါင်းပေါ်ကို ခုန်တက်သွားသည်။ သူ့လက်ထဲမှ ကြာပွတ်ရှည်ကြီးက အသက်ဝင်နေရှင်သလိုဖြစ်နေပြီး ကုယွင်၏ လက်နက်မဲ့နေသော နောက်လက်တစ်ဖက်ကို ရစ်ပတ်လိုက်သည်။

ကုယွင် လှည့်ကြည့်လိုက်တော့ သူတို့နှစ်ယောက်က အရမ်း နီးကပ်သွားသည်ကို မြင်လိုက်ရတာကြောင့် ကုယွင်က အခွင့်အရေးကို အသုံးချကာ သူမရှေ့မှ လူကို သေချာ ကြည့်လိုက်သည်။ သူက အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့၏အနက်ရောင် ဆံပင်များကို စစ်တပ်ခေါင်းဆောင်များကဲ့သို့ ထုံးဖွဲ့မထားဘဲ ကျစ်ဆံမြီးရှည် ကျစ်ကာ သူ့နောက်ကျောတွင် တွဲလောင်းချထားသည်။ သူ့နဖူးပေါ်မှ ဆံပင်စများက သူ့မျက်လုံးများကို လုံးလုံးလျားလျား ပိတ်ဆို့ထားသောကြောင့် မျက်လုံးများကို မမြင်နိုင်သလို သူ့အတွေးများကိုလည်း မှန်းဆရန် မဖြစ်နိုင်တော့ပေ။ ဒီလို အရောင်တောက်တောက်ကို ၀တ်ထားတဲ့ အမျိုးသားကို သူမ ပထမဆုံးအကြိမ် မြင်ဖူးတာပါ။ အမှောင်ထဲမှာတောင် သူက ထူးခြားနေပုံရတယ်။

❤️❤️❤️Thank you so much for your lovely supports❤️❤️❤️

အခန္း ၉ ေကာက္က်စ္ေသာ သူပုန္မ်ား (အပိုင္း ၂)

လို႔မူဟိုင္က နားမလည္ႏိုင္တဲ့ ပုံစံျဖင့္ ကုယြင္ကို စိုက္ၾကည့္ေနခ်ိန္တြင္ တဲအျပင္ဘက္တြင္ အလ်င္အျမန္ ေျပးေနေသာ ေျခသံမ်ား ထြက္ေပၚလာၿပီး ေအာ္သံမ်ား ထြက္ေပၚလာသည္။

စုရန္က တစ္ခုခု မွားေနၿပီဟု ေယာင္ဝါးဝါး ခံစားမိကာ ေမးရန္ျပင္ေနခ်ိန္တြင္ တဲအျပင္ဘက္မွ အလ်င္အျမန္ သတင္းပို႔သံတစ္ခု ထြက္ေပၚလာသည္။ "သတင္းပို႔ပါတယ္၊ စစ္တပ္ထဲက ရိကၡာနဲ႔ ျမက္ေျခာက္ေတြ ႐ုတ္တရက္ မီးေလာင္သြားပါတယ္"

ျမက္ေျခာက္ေတြ မီးေလာင္တာလား?! စစ္တပ္ရိကၡာေတြ မီးေလာင္တာလား???

ယာယီတဲအတြင္းမွ လူေလးေယာက္က တညီတၫြတ္တည္း မတ္တတ္ထရပ္လိုက္သည္။ တပ္ႏွစ္တပ္ ထိပ္တိုက္ေတြ႕ဆုံခ်ိန္တြင္ ရိကၡာႏွင့္ ျမင္းမ်ားအတြက္ အစာေရစာ မရွိသူက ေရွ႕ဦးစြာ ရႈံးနိမ့္သြားမည္ျဖစ္သည္။

သူတို႔ေလးေယာက္ အျပင္ကို အေျပးထြက္လာၾကၿပီး စုရန္က စိုးရိမ္တႀကီးနဲ႔ "စားစရာနဲ႔ ေကာက္႐ိုးေတြ အေျခအေန ဘယ္လိုလဲ"

"ေလာေလာဆယ္ေတာ့ ထိန္းသိမ္းႏိုင္ဖို႔ ႀကိဳးစားေနပါတယ္"

ကုယြင္က မနီးမေဝးေနရာကို အားစိုက္ၾကည့္လိုက္ရာ ထိုေနရာတြင္ မီးသိပ္မရွိသည္ကို ျမင္လိုက္ရသည္။ ရထားလုံးသုံးဆယ္ေက်ာ္က ရိကၡာႏွင့္ ျမက္ေျခာက္မ်ားကို တင္ေဆာင္ထားေၾကာင္း သူမ သတိရမိသည္။ ထိုမီးငယ္က မျပင္းထန္ေသာ္လည္း အေၾကာင္းျပခ်က္မရွိဘဲ ေလာင္ႏိုင္ပါ့မလား??! မီးေလာင္မႈဆိုရင္ မီးက အဲ့ေလာက္ နည္းနည္းေလး မျဖစ္သင့္ဘူး.. တစ္စုံတစ္ေယာက္ေၾကာင့္လား???

သူမစိတ္ထဲမွ အေတြးတစ္ခု လင္းလက္သြားခ်ိန္တြင္ သူမလက္ထဲက ပင္းလ်န္႔က ျပင္းထန္စြာ တုန္ခါသြားသည္။ ကုယြင္က သတိရွိႀကီးစြာျဖင့္ ေခါင္းကို ေမာ့လိုက္ခ်ိန္တြင္ ေမွာင္မိုက္ေသာည၏အရိပ္ေအာက္တြင္ စုရန္၏ ရင္ဘတ္ဆီသို႔ တန္းတန္းမတ္မတ္ ပစ္ခတ္လိုက္ေသာ ေငြေရာင္အလင္းတန္းတစ္ခုကို ေတြ႕လိုက္ရသည္။ ကုယြင္က "သတိထား!"

သူမက စီးဝင္လာအလင္းေရာင္ကို ရင္ဆိုင္ရန္ ပင္းလ်န္႔ကို အားႀကိဳးမာန္တက္ကိုင္ကာ ျပတ္ျပတ္သားသား ပင့္ေျမႇာက္လိုက္သည္။ ထိေတြ႕မႈေၾကာင့္ "ဒင္"ဟူေသာ အသံကို ၾကားလိုက္ရၿပီး ကုယြင္၏ ေမး႐ိုးမ်ားကိုပင္ ထုံက်င္သြားေစခဲ့သည္။ ထိုအသံႏွင့္အတူ သုံးလက္မခန႔္ရွည္ေသာ ျမႇားတိုတစ္ေခ်ာင္းက ေျမျပင္ေပၚသို႔ ျပဳတ္က်လာသည္။

႐ုတ္တရက္ျဖစ္ေပၚလာေသာ အေျပာင္းအလဲက လူေပါင္းမ်ားစြာကို ထိတ္လန႔္သြားေစခဲ့သည္။ ထိုအခ်ိန္တြင္ အနက္ေရာင္ အရိပ္တစ္ခုက ေတာနက္ႀကီးဆီသို႔ ေျပးဝင္သြားခဲ့သည္။

"ဟိုမွာ!" ဟန္ရႈက သူ႔ကို ေတြ႕ၿပီး လွမ္းေအာ္လိုက္ကာ စစ္သည္ေတြက သူ႔ေနာက္ကို လိုက္သြားၾကသည္။

ကုယြင္က "ဟန္ရႈ၊ မလိုက္နဲ႔!"

ေမွာင္မည္းေနေသာ ေတာအုပ္ထဲတြင္ ၿခဳံခိုတိုက္ခိုက္မႈ ရွိမရွိကို မသိႏိုင္ေသာေၾကာင့္ သူပုန္ေနာက္ကို ေျပးမလိုက္သင့္ေပ။ ကံမေကာင္းစြာနဲ႔ပဲ အရပ္ရွည္ေသာလူက ေတာအုပ္ထဲသို႔ အျမန္ေျပးသြားခဲ့သည္။

ကုယြင္က ပင္းလ်န႔္ကို သူမလက္ထဲတြင္ ကိုင္ထားရင္း စုရန္ကို လွမ္းေျပာလိုက္သည္။ "ရွင္ စစ္စခန္းကို ေစာင့္ၾကပ္ဖို႔ ဒီမွာ ေနခဲ့၊ အစားအစာနဲ႔ ျမက္ေျခာက္ေတြက အေရးႀကီးဆုံးပဲ!" ေျပာၿပီးတာနဲ႔ သူမကိုယ္တိုင္လည္း ေတာအုပ္ထဲကို တိုးဝင္သြားခဲ့သည္။

"ခ်င္းေမာ့--"

မနီးမေဝးတြင္ လမ္ေရွာင္းႏွင့္ ေကာက်င့္ယြင္တို႔က မီးမွိန္မွိန္မီးေရာင္ကို ၾကည့္ေနရင္း တဲအျပင္ဘက္တြင္ ရပ္ေနခဲ့သည္။ ထိုအခ်ိန္တြင္ သူတို႔နားထဲသို႔ ရင္းႏွီးေနေသာ ရွင္းလင္းျပတ္သားသည့္ အသံတစ္ခု ေရာက္လာသည္။

"လမ္ေရွာင္း၊ ေကာက်င့္ယြင္၊ ငါ့ေနာက္လိုက္ခဲ့"

သူတို႔ႏွစ္ေယာက္ ေနာက္ကို လွည့္ၾကည့္လိုက္ရာ ကုယြင္ကို ျမင္လိုက္ရသည္။

သူမ၏ အနက္ေရာင္အရိပ္ေလးက ေတာအုပ္ထဲတြင္ ေပ်ာက္ကြယ္လုမတတ္ျဖစ္ေနတာေၾကာင့္ ႏွစ္ေယာက္သား တစ္ေယာက္ကို တစ္ေယာက္ၾကည့္ကာ အေတြးမ်ားစြာျဖင့္ သူမေနာက္သို႔ ခ်က္ခ်င္းလိုက္သြားၾကသည္။

ကုယြင္က ေရွ႕တြင္ ေျပးလႊားေနၿပီး လမ္ေရွာင္းႏွင့္ ေကာက်င့္ယြင္တို႔က သူမ ေနာက္မွ လိုက္လာၾကသည္။ ေတာနက္ထဲသို႔ ေျပးဝင္လာေလေလ သူတို႔ေျခေထာက္ေအာက္ရွိ ေျမျပင္က ပိုမိုေပ်ာ့ေပ်ာင္းလာေလေလ ျဖစ္ေနကာ ပတ္ဝန္းက်င္ဧရိယာက ပို၍ မည္းေမွာင္လာၿပီး မေရမတြက္ႏိုင္ေသာ ပုံသဏၭန္မ်ားကိုသာ ျမင္ေတြ႕ေနရသည္။ သူတို႔သုံးေယာက္က ဘယ္လမ္းေၾကာင္းကို ဆက္ေလွ်ာက္ရမလဲလို႔ ေတြးေနခ်ိန္မွာပဲ အေဝးက လက္နက္သံေတြက သူတို႔ သုံးေယာက္ကို ဦးတည္တစ္ခုဆီသို႔ ၫႊန္ျပေနသည္။

သူတို႔သုံးေယာက္ အသံဆီသို႔ ဦးတည္ၿပီး ေျပးလႊားသြားၾကၿပီး ထူးဆန္းသည္မွာ တိုက္ပြဲသံက မၾကာခဲ့တာေၾကာင့္ ကုယြင္က စိတ္ရႈပ္ေထြးသြားသည္။ သူမ ယခင္က ဟန္ရႈႏွင့္ တိုက္ခိုက္ခဲ့ဖူးသည္။ သူ၏သိုင္းပညာက လုံးဝ အားမနည္းေပမယ့္ အခု လႈပ္ရွားမႈအနည္းငယ္ျဖင့္ ရႈံးနိမ့္ခဲ့သည္။

သူမတို႔ကို လမ္းျပေနတဲ့ အသံမရွိေတာ့ေပမယ့္ ကံေကာင္းေထာက္မစြာပဲ သူမတို႔က လမ္းေၾကာင္းမွန္ေပၚကို ေရာက္သြားၿပီး ခဏအၾကာ လူသုံးေလးေယာက္နဲ႔တူေသာ အနက္ေရာင္ လူတစ္စုကို အကြာအေဝးမွ လွမ္းေတြ႕လိုက္ရသည္။

သူတို႔က တစ္ခုခုကို အထည္အိတ္ႀကီးထဲသို႔ ထည့္ေနၾကသည္။ ဟန္ရႈက အမွန္တကယ္ ဖမ္းဆီးခံလိုက္ရတာေၾကာင့္ ကုယြင္က ထိတ္လန႔္သြားသည္။ ဒီလူေတြက ညစ္ပတ္တဲ့လွည့္ကြက္ေတြကို သုံးခဲ့တာ မဟုတ္ဘူးဆိုရင္ သူတို႔ရဲ႕ ကိုယ္ခံပညာစြမ္းရည္က တကယ္ကို ျမင့္မားလြန္းတယ္။

အခန္း ၉ ေကာက္က်စ္ေသာ သူပုန္မ်ား (အပိုင္း ၃)

လူႏွစ္ေယာက္က အိတ္ကို ပုခုံးေပၚတင္ၿပီး ထြက္ေျပးရန္ ျပင္ေနသည္ကို ျမင္လိုက္ရတာေၾကာင့္ ကုယြင္က "ရပ္လိုက္!"

သူပုန္ေတြက လန႔္ဖ်ပ္သြားၿပီး လွမ္းေမွ်ာ္ၾကည့္လိုက္ရာ ေတာႀကီးမ်က္မည္းထဲတြင္ လူသုံးေယာက္ အရွိန္အဟုန္ျဖင့္ ေျပးလာေနသည္ကို ေတြ႕လိုက္ရသည္။ တစ္စုံတစ္ေယာက္က သူတို႔ကို လိုက္ဖမ္းေနတယ္ ဆိုတာက အံ့ၾသစရာ မဟုတ္ေပမယ့္ စုမိသားစုစစ္တပ္မွာ ဘယ္တုန္းက အမ်ိဳးသမီးေတြ ရွိေနတာလဲ?? အခုန အသံက ထက္ျမက္ပုံေပၚေနေပမယ့္ မိန္းမအသံလို႔ ေသခ်ာေပါက္ ေျပာလို႔ရတယ္။

"သူ႔ကိုအရင္သယ္သြားလိုက္၊ ငါ သူတို႔ကို တားထားလိုက္မယ္" အေမွာင္ထဲတြင္ ကုယြင္က အလြန္တိုးလ်ေသာ ေယာက္်ားသံတစ္သံကို ၾကားလိုက္ရတယ္။ ေလယူေလသိမ္းနဲ႔ အသံထြက္က ခ်ဳံယြဲ႕မွ သာမာန္လူတို႔၏ ေလယူေလသိမ္းႏွင့္ မတူဘဲ အနည္းငယ္ ထူးဆန္းေနသည္။ တစ္ဖက္လူ၏အသြင္အျပင္ကို မျမင္ရ‌ေသာ္လည္း လူငယ္တစ္ေယာက္ျဖစ္ႏိုင္သည္။

သူ႔ေနာက္က လူသုံးေယာက္က အိတ္ကို ေျမႇာက္လိုက္ၿပီး တိတ္တဆိတ္ နားလည္မႈျဖင့္ သူ႔ကို ခ်န္ထားခဲ့သည္။ ထိုကဲ့သို႔ေသာ အေျခအေနမ်ိဳးတြင္ လြတ္ေျမာက္သြားပါက ေနာက္တစ္ႀကိမ္ ထပ္ရွာရန္ မျဖစ္ႏိုင္ေတာ့ေပ။ ကုယြင္က လွ်ိဳ႕ဝွက္စြာ ခြဲျခမ္းစိတ္ျဖာၿပီးေနာက္တြင္ လမ္ေရွာင္းႏွင့္ ေကာက်င့္ယြင္ကို လွမ္းေျပာလိုက္သည္။ "မင္းတို႔ႏွစ္ေယာက္ လိုက္သြားသင့္တယ္"

"ဟုတ္ကဲ့" လမ္ေရွာင္း ႏွင့္ ေကာက်င့္ယြင္က ဘယ္ညာ လွည့္ကာ ထိုလူသုံးေယာက္၏ ေဘးဘက္ ဆီသို႔ ေ႐ြ႕လ်ားသြားၾကသည္။

က်န္ေနသူ၏မ်က္လုံးမ်ားက ေအးစက္သြားၿပီး သူ႔လက္ထဲတြင္ ရွည္လ်ားေသာ ၾကာပြတ္တစ္ေခ်ာင္း ထြက္ေပၚလာၿပီျဖစ္သည္။ ထိုမွ်မည္းေမွာင္ေနေသာ ေတာအုပ္ထဲတြင္ပင္ ရွည္လ်ားေသာၾကာပြတ္ေပၚမွ ထူးထူးျခားျခား ေ႐ႊေရာင္အလင္းတန္းကို ေတြ႕ႏိုင္ေနသည္။

သူ ဘာမွ မလုပ္ႏိုင္ေသးခင္မွာ ကုယြင္က သူမဓားကို ဆြဲထုတ္လိုက္ၿပီး တိုက္ပြဲကို ဦးေဆာင္လိုက္သည္။ ၾကည္လင္ညင္သာေသာ စူးရွသည့္ ညည္းညဴသံတစ္ခုႏွင့္အတူ ေအးစက္ေသာေလတစ္ခ်က္ေဝွ႔သြားၿပီး ပင္းလ်န္က သူ႔ရဲ႕ဓားအိမ္ထဲမွ ထုတ္ေပၚလာသည္။

သူ႔ေရွ႕မွ လုံးဝကို ျဖဴစင္ေနေသာ ဓားရွည္ႀကီးေၾကာင့္ ထိုလူက အာ႐ုံေျပာင္းသြားသည္။ ဓားသြားၾကားမွာ လွ်ိဳ႕ဝွက္စြာ စီးဆင္းေနတဲ့ ေအးစက္စက္ေလေအးက ငါးေပအကြာမွ သူ႔ႏွလုံးသားကို တုန္လႈပ္ေစခဲ့သည္။ တကယ္ကို ဓားေကာင္းတစ္လက္ပါပဲ။

ထိုလူ ေငးေၾကာင္သြားသည့္အခိုက္တြင္ လမ္ေရွာင္းႏွင့္ ေကာက်င့္ယြင္တို႔က သူ႔ကို ေက်ာ္ျဖတ္ၿပီး ထြက္ေျပးသြားေသာ လူသုံးဦးေနာက္ကို လိုက္သြားခဲ့သည္။

ထိုလူက သူတို႔ကို ဂ႐ုမစိုက္ႏိုင္ေတာ့ဘဲ သူ႔ေရွ႕မွ ဓားႏွင့္ ဓားကိုင္ထားသူကိုသာ ပိုၿပီး စိတ္ဝင္စားပုံရသည္။

ထိုအမ်ိဳးသမီးက သူ႔ထံသို႔ နီးကပ္လာေလေလ ျပင္ထန္ေသာ ေအးခဲမႈကို ခံစားရေလေလ ျဖစ္လာသည္။ ဘယ္လို မိန္းခေလးမ်ိဳးက ဒီလို အံ့ၾသဖြယ္ဓားတစ္ေခ်ာင္းကို ဆြဲထုတ္ႏိုင္တာလဲ??

အခ်ိန္တိုေလးအတြင္းမွာပဲ ပိန္ပိန္ပါးပါးအမ်ိဳးသမီးငယ္တစ္ဦးက သူ႔ရင္ဘတ္ေရွ႕သို႔ ေစြ႕ကနဲ ေရာက္လာတာကို ျမင္လိုက္ရသည္။ သူမက အနက္ေရာင္ ၀တ္စုံကို ဝတ္ဆင္ထားၿပီး ညအေမွာင္ႏွင့္ ေရာေထြးလုနီးပါး ျဖစ္ေနသည္။ သူမ၏ အသြင္အျပင္ကို ရွင္းရွင္းလင္းလင္း မျမင္ႏိုင္ေသာ္လည္း သူမ၏ဓားကိုင္ထားေသာ ဟန္ပန္က သူမ၏ ကြၽမ္းက်င္မႈကို ျပသေနသည္။

ထိုလူက ရွည္လ်ားေသာၾကာပြတ္ကို တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္ထားေပမယ့္ ကုယြင္ကို ခုခံရန္ သူ႔၏အင္အားအျပည့္အဝကို မထိန္းခ်ဳပ္ႏိုင္ေတာ့ေပ။ ကုယြင္၏ ခႏၶာကိုယ္က ေဘးတိုက္သို႔ လ်င္ျမန္စြာ ေရွာင္ထြက္သြားၿပီး ရွည္လ်ားေသာ ၾကာပြတ္က ေျမျပင္ကို ျပင္းျပင္းထန္ထန္ ထိမွန္ကာ တစ္ခဏခ်င္းမွာပင္ သုံးလက္မအနက္ရွိေသာ အစင္းေၾကာင္းႀကီးတစ္ခု ထြက္ေပၚလာသည္။

ကုယြင္က သူမလက္ေကာက္ဝတ္ကို ေျပာင္းျပန္လွန္လိုက္ၿပီး ထိုလူကို သူမလက္ထဲမွ ပင္းလ်န႔္ျဖင့္ လွမ္းထိုးလိုက္သည္။ ေအးစက္ေသာအလင္းေရာင္ႏွင့္အတူ ထိုလူက ကုယြင္၏ေခါင္းေပၚကို ခုန္တက္သြားသည္။ သူ႔လက္ထဲမွ ၾကာပြတ္ရွည္ႀကီးက အသက္ဝင္ေနရွင္သလိုျဖစ္ေနၿပီး ကုယြင္၏ လက္နက္မဲ့ေနေသာ ေနာက္လက္တစ္ဖက္ကို ရစ္ပတ္လိုက္သည္။

ကုယြင္ လွည့္ၾကည့္လိုက္ေတာ့ သူတို႔ႏွစ္ေယာက္က အရမ္း နီးကပ္သြားသည္ကို ျမင္လိုက္ရတာေၾကာင့္ ကုယြင္က အခြင့္အေရးကို အသုံးခ်ကာ သူမေရွ႕မွ လူကို ေသခ်ာ ၾကည့္လိုက္သည္။ သူက အျပာေရာင္ဝတ္စုံကို ဝတ္ဆင္ထားၿပီး သူ႔၏အနက္ေရာင္ ဆံပင္မ်ားကို စစ္တပ္ေခါင္းေဆာင္မ်ားကဲ့သို႔ ထုံးဖြဲ႕မထားဘဲ က်စ္ဆံၿမီးရွည္ က်စ္ကာ သူ႔ေနာက္ေက်ာတြင္ တြဲေလာင္းခ်ထားသည္။ သူ႔နဖူးေပၚမွ ဆံပင္စမ်ားက သူ႔မ်က္လုံးမ်ားကို လုံးလုံးလ်ားလ်ား ပိတ္ဆို႔ထားေသာေၾကာင့္ မ်က္လုံးမ်ားကို မျမင္ႏိုင္သလို သူ႔အေတြးမ်ားကိုလည္း မွန္းဆရန္ မျဖစ္ႏိုင္ေတာ့ေပ။ ဒီလို အေရာင္ေတာက္ေတာက္ကို ၀တ္ထားတဲ့ အမ်ိဳးသားကို သူမ ပထမဆုံးအႀကိမ္ ျမင္ဖူးတာပါ။ အေမွာင္ထဲမွာေတာင္ သူက ထူးျခားေနပုံရတယ္။

❤️❤️❤️Thank you so much for your lovely supports❤️❤️❤️

Continue Reading

You'll Also Like

232K 37.5K 62
I Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**
10.2K 789 11
Title - Transmigrating To Become The Boss's Little Fairy Author - 春刀寒 Status - 98 Chapters + 21 extras (Completed) This is just a translation. A...
28.4K 2.8K 19
Genre-comedy,drama,josei,romance,school life,slice of life Chapters-98chapters+21extras I do not own this story.All credits go to original author.
320K 6.5K 11
Original Author - Lan Mei Gui 懒玫瑰 Original Publisher - readnovel This story is not my own.This is just for Fan Transla...