အသက်ရှင်နိုင်ဖို့အရေး အနမ်းတွ...

By Melinoe_Megami

283K 50.9K 3.6K

I rely on kisses to clear survival games. 90 Chapters + 9 Extras This is not my own. Totally Credited to orig... More

Description
1
2
3 - Midnight Mansion (1)
4 - Midnight Mansion (2)
5 - Midnight Mansion (3)
6 - Midnight Mansion (4)
7 - Midnight Mansion (5)
8 - Midnight Mansion (6)
9 - Midnight mansion (7)
10 - Midnight Mansion (8)
11 - Midnight Mansion (9)
12 - Midnight Mansion (10)
13 - Midnight Mansion (End)
14
15
16
17 - Abandoned hospital (1)
18 - Abandoned Hospital (2)
19 - Abandoned Hospital (3)
20 - Abandoned Hospital (4)
21.1 -Abandoned Hospital (5)
21.2 - Abandoned Hospital (5)
22 - Abandoned Hospital (6)
23 - Abandoned Hospital (7)
24 - Abandoned Hospital (8)
25 - Abandoned Hospital (9)
26 - Abandoned Hospital (10)
27 - Abandoned Hodpital (11)
28 - Abandoned Hospital (12)
29 - Abandoned Hospital (13)
30 - Abandoned Hospital (14)
31.05 - Special Episode
31 - Abandoned Hospital (15)
32 - Abandoned Hospital (End)
33
34
35
36 - Horror Variety (1)
37 - Horror Variety (2)
38 - Horror Variety (3)
39 - Horror Variety (4)
40 - Horror Variety (5)
41 - Horror Variety (6)
42 - Horror Variety (7)
43 - Horror Variety (8)
44 - Horror Variety (9)
45 - Horror Variety (End)
46
47 - Ghost School (1)
48 - Ghost School (2)
49 - Ghost School (3)
50 - Ghost School (4)
51 - Ghost School (5)
52 - Ghost School (6)
53 - Ghost School (7)
54 - Ghost School (8)
55 - Ghost School (9)
57 - Ghost School (11)
58 - Ghost School (12)
59 - Ghost School (13)
60 - Ghost School (14)
61 - Ghost School (15)
62 - Ghost School (16)
63 - Ghost School (17)
64 - Ghost School (End)
65 - Ghost's Bride (1)
66 - Ghost's Bride (2)
67 - Ghost's Bride (3)
68 -Ghost's Bride (4)
69 -Ghost's Bride (5)
70 - Ghost's Bride (6)
71 - Ghost's Bride (7)
72 - Ghost's Bride (8)
73 - Ghost's Bride (9)
74 - Ghost's Bride (10)
75 - Ghost's Bride (11)
76 - Ghost's Bride (12)
77 - Ghost's Bride (End)
Arts
78
79
80
81
82 - Out of Control Photobook (1)
83 - Out of Control Photobook (2)
84 - Out of Control Photobook (3)
85 - Out of Control Photobook (4)
86 - Out of Control Photobook (5)
87 - Out of Control Photobook (6)
88 - Out of Control Photobook (End)
89 - Finale (1)
90 - Finale
91 - Extra : Bloody Fairy Tale (1)
92 - Extra : Bloody Fairy Tale (2)
93 - Extra : Bloody Fairy Tale (3)
94 - Extra : Bloody Fairy Tale (4)
95 - Extra : Bloody Fairy Tale (5)
96 - Extra : Bloody Fairy Tale (End)
97 - Extra
98 - Extra
99 - Extra End

56 - Ghost School (10)

2K 430 9
By Melinoe_Megami

Unicode

အခန်း - (၅၆) : သရဲကျောင်းတော် (၁၀)

တတိယမေးခွန်းကို ချွီယန် ပြန်ဖြေလိုက်ပြီးနောက် အတန်းထဲမှလူတိုင်း တစ်ယောက်တစ်မျိုးစီ မျက်နှာအမူအရာ ပြောင်းသွားသည်။ ပိုင်ရိ၏ နှုတ်ခမ်းထောင့်များ ကော့တက်သွားပြီး ချန်ကျစ်ချူးကို လှည့်ကြည့်လာသည်။ ချန်ကျစ်ချူးမှာ ချောင်းအသာဟန့်ရင်း အကြည့်လွှဲလိုက်သော်လည်း ကုကျန်း၏ မည်းမှောင်နေသော အကြည့်စူးစူးနှင့် ရင်ဆိုင်လိုက်ရလေသည်။ နေရခက်လာသော ထိုအခြေအနေကြောင့် သူလည်း ရှေ့တည့်တည့်မှ ဆရာမသရဲ၏ ဖြူဖတ်ဖြူရော် မျက်နှာကြီးကိုသာ ထိုင်ကြည့်နေရတော့သည်။

ဆရာမသရဲ၏ မျက်နှာက တောင့်တင်းနေပြီး မျက်လုံးအိမ်က အဖြူရောင်လွှမ်းနေသဖြင့် သူမ၏ ခံစားချက်ကို ခန့်မှန်း၍မရနိုင်ပေ။ သရဲမက ဆက်မေးသည်။

“နောက်ဆုံးမေးခွန်း..”

“မင်းလုပ်ခဲ့တာတွေအတွက် နောင်တရလား..?”

ချွီယန်၏ မျက်နှာအမူအရာက အတန်ငယ် ပြောင်းလဲသွားသည်။ အမှန်အတိုင်း ပြောသင့်မပြောသင့် တွေဝေနေဟန်ပေါ်၏။ သို့သော် အဆုံးမှာတော့ အံကြိတ်ကာ အမှန်အတိုင်းဖြေရန် ဆုံးဖြတ်လိုက်သည်။

“နောက်ဆုံးတစ်ခေါက်ကလွဲလို့ တစ်ခါမှ နောင်တမရခဲ့ဘူး..”

“အစ်ကိုပိုင်ဆီက အကျိုးအမြတ်တွေ အများကြီးရနေတော့ ကျွန်တော်လည်း ဆုလင်းကို မုန်းခဲ့တယ်..”

“ကျွန်တော့်အဖေလည်း မကောင်းတဲ့လူယုတ်မာပဲ.. ဖောက်ပြန်ပြီး အမေနဲ့ ကွာရှင်းခဲ့တယ်.. အဲတာကြောင့် မိသားစုအသိုက်အမြုံ ဖျက်ဆီးတဲ့လူတိုင်းကို ကျွန်တော် အရမ်းမုန်းတယ်.. ဟုတ်တယ် ဝန်ခံပါတယ်.. ကျွန်တော်က လူကောင်းမဟုတ်ဘူး.. ဆုလင်းကို အနိုင်ကျင့်တာကလည်း ကိုယ့်စိတ်ကိုယ် ဖြေသိမ့်ချင်လို့ပဲ.. ဘာပဲဖြစ်ဖြစ် အနိုင်ကျင့်ခဲ့တယ်ဆိုတာ ဝန်ခံပါတယ်…..”

ထိုသို့ပြောရင်း သူ၏အသံက တိုးဝင်လာသည်။ မျက်နှာပေါ်တွင် ခံစားချက်များ ရှုပ်ထွေးနေတော့သည်။ သူ့အတွက် အမှန်အတိုင်း ဝန်ခံရန် မလွယ်ကူခဲ့သော်လည်း ဆရာမသရဲက သူ့ကို အပြစ်ပေးမပေးဆိုတာ မသိသေးသဖြင့် စိတ်ထင့်နေမိသည်။ သို့နှင့် လက်သီးတင်းတင်းဆုပ်ကာ ဆရာမသရဲ၏ စကားကို စောင့်မျှော်နေခဲ့သည်။

ချန်ကျစ်ချူးက ချွီယန်ကို လှည့်ကြည့်လိုက်သည်။ သူ၏စိတ်ထဲတွင် ခံစားချက်များ ပြည့်နှက်နေသော်လည်း နှုတ်ခမ်းတင်းတင်းစေ့ကာ ဘာမှမပြောခဲ့ချေ။

သူ့အမြင်မှာတော့ ချွီယန်၏လုပ်ရပ်က အဓိပ္ပါယ်မဲ့သလို မှားယွင်းနေသည်။ ချွီယန်လည်း လုကျဲလိုပင်။ နာကျင်ခံစားခဲ့ရဖူးသည့် သူတို့၏ နာကျည်းချက်များကို တခြားအပြစ်မဲ့သူအပေါ် ပုံချခဲ့သည်။ သူတို့က သနားစရာကောင်းသလို မုန်းစရာကောင်းလှသည်။

ဒါနဲ့ ချွီယန်က ‘နောက်ဆုံးတစ်ခေါက်ကလွဲရင်..’ ဆိုပြီး ဘာလို့ပြောခဲ့တာလဲ..? ဆုလင်းကို အနိုင်ကျင့်ရင်း နောက်ဆုံးတစ်ခေါက်မှာ ဘာဖြစ်ခဲ့လို့ ချွီယန် နောင်တရနေတာလဲ..?

ဧကန္တ… ဆုလင်းရဲ့ သေဆုံးမှုက နောက်ဆုံးတစ်ခေါက်နဲ့ သက်ဆိုင်နေမလား..?

ထိုအတွေးကြောင့် အတန်းရှေ့မှာ ရပ်နေသည့် ဆရာမသရဲကို လှည့်ကြည့်လိုက်၏။ နောက်မေးခွန်းက ချွီယန်၏ ထိုစကားလုံးနှင့် သက်ဆိုင်လိမ့်မည်ဟု ထင်မြင်ခဲ့သည်။

သို့သော် ဆရာမသရဲက ဆက်မမေးတော့သဖြင့် ချန်ကျစ်ချူးမှာ အံ့အားသင့်သွားရသည်။ သရဲမက ထိုအကြောင်း ဆက်မမေးဘဲ ချွီယန်ကို ပြန်ထိုင်ခွင့်ပြုခဲ့သည်။

ချွီယန်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူ၏ထိုင်ခုံပေါ်တွင် ပြန်ထိုင်လိုက်ရင်း နဖူးပေါ်မှ ချွေးစေးများကို သုတ်လိုက်သည်။

“အမှန်အတိုင်းပြောသရွေ့ ဘာမှမဖြစ်ဘူး…….”

လျန်ဝမ်ပင်းနှင့် လုကျဲက လိမ်ညာခဲ့တာကြောင့် သေဆုံးသွားရပြီး ချွီယန်ကတော့ မေးခွန်းများကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ခဲ့သည်။ ထိုအခြင်းအရာကိုမြင်ပြီး အလှည့်မကျသေးသော ကျောက်ရှောင်ဖန်က သူ့ကိုယ်သူ သတိပေးလိုက်သည်။

“နောက်တစ်ယောက်က ကျောင်းသားကျောက်ရှောင်ဖန်.. ဆရာမရဲ့မေးခွန်းတွေကို ပြန်ဖြေပေးပါ..”

ထိုအခိုက် ဆရာမသရဲက သူ့နာမည်ခေါ်လာသဖြင့် ကျောက်ရှောင်ဖန်လည်း လေးဖင့်စွာ မတ်တပ်ရပ်ရင်း စိတ်လှုပ်ရှားလွန်း၍ တံတွေးမြိုချမိသည်။ ပြီးနောက် အတုန်တုန်အယင်ယင် ပြောသည်။ : “မေးပါ..”

“ဒီဓာတ်ပုံထဲကလူကို သိလား..?”

ဆရာမက ဓာတ်ပုံတစ်ပုံ ဖွင့်ပြလာသည်။ သာမန်ဆယ်ကျော်သက်လေးတစ်ဦး၏ ဓာတ်ပုံပင် ဖြစ်သည်။

“…. သိ.. သိပါတယ်..” ကျောက်ရှောင်ဖန်က ဓာတ်ပုံကို သေသေချာချာ ကြည့်ပြီး အတည်ပြုလိုက်သည်။

“သူနဲ့ ဘယ်လိုပတ်သက်လဲ..?”

“ဂျူနီယာလေးတစ်ယောက်ပါ.. ဂျူနီယာချန်နဲ့ တစ်ခန်းတည်းပဲ..” ကျောက်ရှောင်ဖန်က ပြန်ဖြေသည်။ “အဲတာကလွဲရင်… ဘယ်လိုပြောရမလဲ.. ကျွန်တော်တို့…. ကျွန်တော်နဲ့က အလုပ်ရှင်-အလုပ်သမား ဆက်ဆံရေးလို့ ပြောရမယ်.. ဂျူနီယာချန်ကို စောင့်ကြည့်ဖို့ သူ့ကို ပိုက်ဆံပေးထားတာပါ..”

ဘာ..?

ချန်ကျစ်ချူးမှာ အမှုမဲ့အမှတ်မဲ့ လှည့်ကြည့်လိုက်မိသည်။ ကျောက်ရှောင်ဖန်က သူ့ကို အနေရခက်စွာ ပြုံးပြလာသော်လည်း ဖြေနေတာကိုတော့ မရပ်တန့်ခဲ့ပေ။

“အစ်ကိုပိုင်ရဲ့ မူလရည်ရွယ်ချက်က ဆုလင်းကို လက်စားချေဖို့ ဂျူနီယာချန်ကို လိုက်တာလေ.. အဲတာကြောင့် ကျွန်တော်က အဲ့ကျောင်းသားကို ပိုက်ဆံပေးပြီး ဂျူနီယာချန်ရဲ့ အကြိုက်တွေကို စုံစမ်းခိုင်းတယ်.. တစ်ခါတလေ ဂျူနီယာချန်နောက် လိုက်ကြည့်ခိုင်းတယ်.. ဂျူနီယာချန်အကြောင်း သတင်းရတာနဲ့ အစ်ကိုပိုင် အသုံးချနိုင်အောင် သွားပြောပြတယ်..”

ဆရာမသရဲက ခေါင်းညိတ်ပြီး နောက်ထပ်ဓာတ်ပုံတစ်ပုံ ထပ်ပြသည်။

ထိုဓာတ်ပုံက ကျောင်းဝန်းကြီး၏ ထောင့်တစ်နေရာတွင် ဖြစ်သည်။ ပူပြင်းသည့် နွေရာသီအလယ် သစ်ပင်ကြီးတစ်ပင်အောက်တွင် ဆုလင်းနှင့် ချန်ကျစ်ချူးတို့ အတူတူထိုင်နေသည်။ ချန်ကျစ်ချူးက ဆုလင်းကို တစ်ခုခုပြောရင်း ပြုံးနေလေသည်။

“ဒီဓာတ်ပုံကို ဘယ်သူရိုက်ခဲ့တာလဲ..?”

“အဲ့ကျောင်းသား ရိုက်ခဲ့တာပါ..” ကျောက်ရှောင်ဖန်က ပြန်ဖြေသည်။ “အဲ့နေ့က ဂျူနီယာချန် ဆုလင်းဆီကို သွားနေတယ်ဆိုပြီး ဓာတ်ပုံတစ်ပုံ ပြလာလို့ ကျွန်တော်လည်း အစ်ကိုပိုင်ကို ချက်ချင်း သွားပြောပြလိုက်တယ်..”

ထိုသို့ပြောလိုက်သည်နှင့် ပတ်ဝန်းကျင်မြင်ကွင်းက ရုတ်တရက် ပြောင်းလဲလာကြောင်း ချန်ကျစ်ချူး သတိထားမိလိုက်၏။ သူထိုင်နေသည့် ထိုင်ခုံက ရုတ်တရက် ပျောက်သွားပြီး မြေပြင်ပေါ်ကို ပြုတ်ကျသွားသည်။ တိုးဝင်လာသော အပူရှိန်နှင့်အတူ ဘေးပတ်ပတ်လည်မှ ပုစဉ်းရင်ကွဲအော်သံများ ကြားနေရလေသည်။ ဓာတ်ပုံထဲသို့ နောက်တစ်ကြိမ် ရောက်သွားရပြန်သည်။ ခပ်လှမ်းလှမ်းတွင် ဆုလင်းကို မြင်လိုက်ရသည်။

ဆုလင်းသည် နေ့လည်စာထမင်းဘူးကို ပေါင်ပေါ်တင်ပြီး တစ်ယောက်လည်း ထိုင်နေရှာသည်။

***

ကျောင်းစင်္ကြံလမ်းအလယ် လုကျဲ၏ရှေ့တွင် ဒူးထောက်ခဲ့ရပြီးနောက် ‘ဆုလင်းက လုကျဲကို ကြိုက်နေတာ’ ဟူသည့်သတင်းက တစ်ကျောင်းလုံးသို့ ပျံ့နှံ့သွား၏။ ဘယ်နေရာသွားသွား ကျောင်းသား/သူတစ်ဖွဲ့တွင် တစ်ယောက်တော့ သူ့ကို လက်ညှိုးညွှန်ပြီး အံ့ဩတကြီး အမူအရာဖြင့် ကြည့်နေတတ်သည်။

သူတို့၏ ကျောင်းစည်းကမ်းက သိပ်မတင်းကျပ်သလို ကျောင်းသားများကို အချစ်ရေးနှင့်ပတ်သက်၍ တင်းတင်းကျပ်ကျပ် တားမြစ်ထားခြင်းမရှိပေ။ သို့သော် အထက်တန်းကျောင်းဟူသည် စာလေ့လာရန်သာဖြစ်၍ ထိုအပြုအမူကို လက်မခံပေ။

ဤတစ်ခေါက်ဖြစ်ရပ်က အတော်လေး အုတ်အော်သောင်းနင်း ဖြစ်သွားသည်။ ကျောင်းက ဆုလင်းကို သတိပေးစားမပို့သော်လည်း ဆရာ/ဆရာမများက သူ့ကို အကြိမ်ကြိမ် ခေါ်ပြောသည်။ အပြောခံရတိုင်း ဆုလင်းက ဘာမှပြန်မပြောဘဲ ရေငုံနှုတ်ပိတ်သာနေပြီး အမှန်တရားကို မပြောပြခဲ့ချေ။

အဘယ်ကြောင့်ဆိုသော် လုကျဲကို မကြိုက်ကြောင်း သူရှင်းပြလျှင်ပင် ဆရာ/ဆရာမများက ယုံကြည်မည်မဟုတ်။ ‘ဖြူစင်ရိုးသား’ပြီး ‘အကျင့်စရိုက် ကောင်းမွန်သော’ လုကျဲလို ကျောင်းသူတစ်ဦးက ယခုလိုလုပ်လိမ့်မည်ဟု မည်သူထင်ထားမည်နည်း။ ဆရာ/ဆရာမများက သူ့ကို ယုံကြည်ပေးမည်မဟုတ်ပေ။

တကယ်တော့ အလယ်တန်းမှာကတည်းက ပိုင်ရိ၊ လုကျဲနှင့် တခြားလူများသည် သူ့ကို စတင်အနိုင်ကျင့်ခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ဆုလင်းလည်း ကျောင်းကို တိုင်ကြားခဲ့ဖူးပါသည်။ သို့သော် ဆရာ/ဆရာမများက သူ့ကို ပြစ်တင်ပြောဆိုပြီး တခြားကျောင်းသားများကို နာမည်မဖျက်ရန် ပြင်းပြင်းထန်ထန် သတိပေးခဲ့သည်။

သူဆင်းရဲမိသားစုမှ ပေါက်ဖွားလာသည့် ဆင်းရဲသားဖြစ်သောကြောင့် သူ့ကို အထင်သေးသလို ကြည့်ခဲ့သော ဆရာ/ဆရာမများ၏ အကြည့်ကို တစ်သက်မမေ့နိုင်ပေ။ ပိုင်ရိ၏အဖေက ကျောင်းရန်ပုံငွေအတွက် အများကြီးလှူဒါန်းထားသဖြင့် ထိုဆရာများက ပိုင်ရိဘက်ကိုလှည့်ပြီး ပြုံးပြုံးရွှင်ရွှင် စကားပြောလိုက်သေးသည်။

ထိုနေ့ကတည်းက ဆုလင်းသည် သူခံစားရသမျှကို ထုတ်မပြောတော့ပေ။

သူ့ကို မည်သူမျှ ကူညီပေးမည်မဟုတ်…

အံကြိတ်သည်းခံရုံမှလွဲ၍ လွတ်လမ်းမရှိခဲ့ပေ။

အဆင်ပြေပါတယ်.. သူက သန်မာတယ်.. ဒီအခြေအနေကို ကြံ့ကြံ့ခံကျော်လွှားနိုင်မှာပါ..!

ထိုစိတ်ဖြင့် အားတင်းထားသော်လည်း တစ်ခါတလေ… အလွန်ပင်ပန်းလာသည်။

သူ၏အခြေအနေက ကမ်းမမြင်လမ်းမမြင် ပင်လယ်ပြင်ကြီးထဲ မျောပါနေသူပမာ အချိန်မရွေး နစ်မြုပ်သွားနိုင်သည်။

ကမ်းပေါ်ရောက်အောင် သူ့ကိုယ်သူသာ အားကိုးရလိမ့်မည်။ သူကိုယ်တိုင် ကူးခတ်ရလိမ့်မည်။

သို့သော် ဆုလင်းက လှေတစ်စီးစီး လာကယ်ပေးရန် မျှော်လင့်မနေ။ သူလိုအပ်သည်က တစ်ခဏတာ အသက်ရှူနားခိုခွင့်ပေးမည့် ကျွန်းငယ်လေးတစ်ခုသာ။

ထိုဆန္ဒလေးတစ်ခုသာ…

သူ မှတ်မိနေပါသေးသည်။ အထက်တန်းစတက်သည့် ပထမဦးဆုံးရက်တွင် ချွီယန်က သူ့ကို ရေချိုးခန်းထဲ သော့ပိတ်သွားသဖြင့် ကျောင်းဖွင့်ပွဲအခမ်းအနားကို လွဲချော်လုနီးပါး ဖြစ်ခဲ့ရသည်။ ထိုစဉ်က ‘ချန်ကျစ်ချူး’သည် ထိုနေရာမှ ဖြတ်သွားရင်း သူ့ကို ကူညီပေးခဲ့၏။ ထိုမျှမက နွေးထွေးဖြူစင်သော အပြုံးလေးဖြင့်ပင် ရွှင်မြူးတက်ကြွစွာ မိတ်ဆက်ခဲ့သေးသည်။

“မင်းလည်း Class-7 ကပဲလား..? တိုက်ဆိုင်လိုက်တာ.. ငါရောပဲ.. နောက်ဆို ငါတို့က အတန်းဖော်တွေပဲပေါ့..”

သူက ဘာမှပြန်မပြောခဲ့ပေ။ ‘ချန်ကျစ်ချူး’နှင့် အတူတူမသွားဘဲ ဆန့်ကျင်ဘက်သို့ လှည့်ထွက်ခဲ့မိသည်။

ရုတ်တရက် နီရဲတက်လာသည့် သူ၏မျက်နှာကို ‘ချန်ကျစ်ချူး’အား မမြင်စေလို။

သူ့တစ်ဘဝတစ်လျှောက်လုံး ဤမျှ ရင်ခုန်သံမမြန်ဖူးပေ။

သို့သော် ဤတစ်ကြိမ်တော့ အကြောက်တရား၊ ဒေါသစိတ်ကြောင့် ရင်ခုန်သံမြန်ခြင်းမဟုတ်။ တစ်ခါမှမခံစားဖူးသည့် ထူးထူးဆန်းဆန်း ခံစားချက်တစ်မျိုးကို ခံစားခဲ့ရသည်။

………. သူ ရှာတွေ့ခဲ့လေပြီ။

သူ၏ ‘ကျွန်းငယ်’လေးကို ရှာတွေ့ခဲ့လေပြီ။

‘ကျွန်းငယ်’လေးက သူ့အတွက် အလင်းရောင်ဖြစ်သလို အိပ်မက်ဆိုလည်း ဟုတ်သည်။ စိတ်ကူးယဉ်အိပ်မက်များထဲမှ အကောင်းဆုံးသော ဖြစ်တည်မှုလေး ဖြစ်သလို….

မြတ်နိုးတန်ဖိုးထားရသူလည်း ဖြစ်ပေသည်။

တစ်ချိန်ချိန်မှာ ဖွင့်ပြောခွင့်ရှိပါ့မလား မသိပေမယ့်ပေါ့…

“ကလစ်..”

ဆုလင်းသည် စာသင်ဆောင်အနောက် ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး အိမ်မှသယ်လာသော နေ့လည်စာထမင်းဘူးကို ပေါင်ပေါ်တင်ပြီး ဖွင့်လိုက်သည်။

နေ့တိုင်း ကိုယ်တိုင်ချက်ပြီး ထမင်းဘူးထည့်လာသော်လည်း ဆုလင်းက ‘ချန်ကျစ်ချူး’ကို တွေ့နိုင်ရန်အတွက် ကန်တင်းတွင် သွားစားလေ့ရှိသည်။ ကံကောင်းလျှင် သူတို့နှစ်ဦး နီးနီးကပ်ကပ် ထိုင်စားရပြီး ‘ချန်ကျစ်ချူး’က သူ့ကို နှုတ်ဆက်လိမ့်မည်။

ထိုအပြုအမူလေးကပင် သူ့အတွက် တစ်နေ့တာ စိတ်ပျော်ရွှင်နိုင်ရန် လုံလောက်ပေသည်။

သို့သော် လုကျဲရှေ့တွင် ဒူးထောက်ခဲ့ရပြီးနောက် ဆုလင်းခမျာ လူအများ၏ ဝေးရာတွင် ပုန်းရှောင်နေမိ၏။ တကယ်တော့ တခြားလူ ဘယ်လိုထင်ထင် ဂရုမစိုက်သော်လည်း ‘ချန်ကျစ်ချူး’၏ အကြည့်ကိုတော့ ရင်မဆိုင်ရဲပေ။

ထို့အပြင် လုကျဲက သူ ‘ချန်ကျစ်ချူး’ကို ကြိုက်နေကြောင်း သိသွားသည်။ သူမက ပိုင်ရိကို ပြန်မပြောဘူးလို့ ကတိပေးသွားသလို ‘ချန်ကျစ်ချူး’တွင် ထွေထွေထူးထူး ဘာမှမဖြစ်သေးသော်လည်း ထိုအချိန်ကတည်းက စိတ်ထင့်နေမိသည်။ ထို့ကြောင့် ‘ချန်ကျစ်ချူး’နှင့် ခပ်ဝေးဝေးမှာ နေနိုင်ရန် ကြိုးစားခဲ့သည်။ ဓာတ်ပုံကိုလည်း ထိုကိစ္စဖြစ်ပြီးနောက်ပိုင်း ဖျက်ပစ်လိုက်သည်။

သူ့တွင် တခြားတစ်ယောက်ကို သဘောကျခွင့်မရှိခဲ့ပေ။

ထမင်းဘူးကို ကိုင်ထားသော ဆုလင်း၏ လက်ချောင်းများ တင်းကျပ်သွားသည်။ မျက်နှာချောချောလေးက ဖြူဖျော့လာပြီး နှုတ်ခမ်းပါးများ တင်းတင်းစေ့သွားသည်။

ထိုအခိုက် အနားကပ်လာသော ခြေသံတချို့ ကြားလိုက်ရ၏။ အသံလာရာသို့ မော့ကြည့်လိုက်ချိန်တွင် အံ့ဩစိတ်ကြောင့် မျက်လုံးပြူးသွားရသည်။ သူ၏ရင်ထဲ စိတ်လှုပ်ရှားနေတာကို မထိန်းချုပ်နိုင်တော့ပေ။

“မင်းက ဒီရောက်နေတာကိုး..”

ဆယ်ကျော်သက်လေးက အမောတကောဖြင့် ပင့်သက်ရှိုက်ရင်း သူ့ကို ပြုံးပြလာသည်။

ပူပြင်းလွန်းသော ရာသီဥတုကြောင့် ကောင်လေး၏ ပါးနှစ်ဖက်လုံး ရဲရဲနီနေပြီး နဖူးပေါ်တွင် ချွေးစို့နေလေသည်။ ထိုပုံစံလေးက သနားချင့်စဖွယ် ဖြစ်သော်လည်း ဆုလင်း၏ မျက်လုံးထဲမှာတော့ အလွန့်အလွန် ချစ်စရာကောင်းနေတော့သည်။

“ဘာလာလုပ်တာလဲ..?”

ပျော်ရွှင်ရမည့်အစား ဆုလင်းက မျက်နှာသေဖြင့် မေးလိုက်သည်။ သူပျော်နေတာကို မဖော်ပြရဲပေ။

“မင်းကို လာရှာတာလေ.. ဒီရက်ပိုင်း မင်းနဲ့ ကန်တင်းမှာ မတွေ့တော့ အထီးကျန်လာသလိုပဲ..”

ဆယ်ကျော်သက်လေးက ရှက်ကိုးရှက်ကန်း ပြုံးကာ လက်ထဲကိုင်ထားသည့် ပေါင်မုန့်ကို မြှောက်ပြလာသည်။ : “အရေးကြီးကိစ္စ မရှိပါဘူး.. မင်း စိတ်အနှောင့်အယှက်မဖြစ်ဘူးဆိုရင် နေ့လည်စာ အတူတူစားကြမလား..?”

“………..”

ဆုလင်းခမျာ အသက်ရှူရပ်တန့်သွားပြီး မျက်နှာအမူအရာကို မထိန်းချုပ်နိုင်တော့ပေ။ ဟိုကြည့်သည်ကြည့်ဖြင့် ဘေးပတ်ပတ်လည်တွင် ဘယ်သူမှမရှိကြောင်း သေချာအောင် စစ်ဆေးကြည့်လိုက်သည်။ ကောင်လေးနှင့် နှစ်ယောက်တည်း အတူထိုင်နိုင်မည့် အခွင့်အရေးကို မငြင်းဆန်နိုင်ခဲ့ပေ။ ညင်သာစွာ ခေါင်းညိတ်လိုက်မိသည်။

“ကောင်းလိုက်တာ..” ဆယ်ကျော်သက်လေးက သူ၏ဘေးတွင် အပြုံးလေးဖြင့် ဝင်ထိုင်သည်။ ပြီးနောက် ပေါင်မုန့်ထုပ်ကို ဖောက်လိုက်သည်။

“…. မင်း အဲတာပဲစားမလို့လား..?”

တစ်ခဏတိတ်ဆိတ်နေပြီးနောက် ဆုလင်းက မနေနိုင်တော့ဘဲ မေးသည်။

ထိုသို့သောကိစ္စလေးများကို အာရုံစိုက်နေတာ သူ့အကျင့်မဟုတ်မှန်း သူကိုယ်တိုင်လည်း သိသည်။ တခြားသူဆိုလျှင် ဂရုစိုက်နေမည်မဟုတ်သော်လည်း ချစ်ရသူကိုတော့ ကိစ္စသေးသေးလေးကအစ ဂရုစိုက်ပေးချင်မိသည်။

တကယ်တော့ ဒီကိစ္စကို မေးချင်နေတာကြာပြီ။ ကျစ်ချူးက ဘာလို့ နေ့တိုင်း ပေါင်မုန့်ပဲစားနေတာလဲ..?

“ရာသီဥတုက အရမ်းပူတယ်.. အဲတာကြောင့် ကန်တင်းက အစားအစာတွေ မစားချင်ဘူး.. ဆီများပြီး အရသာမရှိဘူးလေ..” ကောင်လေးက လျှာသပ်ကာ.. “ငါက အချိုစားရတာ ကြိုက်တယ်.. အခုလို ပူတဲ့နေ့ဆို ပိုတောင်စားချင်သေးတယ်..”

ဒီအကျင့်က မကောင်းဘူးနော်။ မင်းက အရပ်ပုတယ်ဆိုပြီး အမြဲတမ်း ညည်းနေပြီးတော့။ အခုလို အစားချေးများပြီး နည်းနည်းလေးပဲ စားရင် ဘယ်လိုလုပ် အရပ်ရှည်လာမှာလဲ..?

ဆုလင်းက အတော်ကြာအောင် တိတ်ဆိတ်သွား၏။ အဆုံးမှာတော့ ဘာမှပြန်မပြောဘဲ နေ့လည်စာထမင်းဘူးကိုသာ ဖွင့်လိုက်သည်။

သို့သော် သူ့ကိုယ်သူ မကယ်တင်နိုင်တော့ချေ။ ‘ဒီကောင်လေး ကလေးဆန်လိုက်တာ.. အရမ်းချစ်ဖို့ကောင်းတာပဲ..’ ဟူ၍ တွေးနေမိသည်။

“မင်းရဲ့နေ့လည်စာက အရသာရှိမယ့်ပုံပဲ..”

ဆယ်ကျော်သက်လေးက ပေါင်မုန့်ကိုက်ရင်း ဆုလင်း၏ နေ့လည်စာထမင်းဘူးထံ အကြည့်ရောက်လာသည်။ ပြီးနောက် အားကျနေဟန်ဖြင့် ဗလုံးဗထွေး ချီးမွမ်းတော့သည်။

ဆုလင်းမှာ တစ်ခဏမျှ တောင့်ခဲသွားသည်။ ကောင်လေးကို သူ့နေ့လည်စာထမင်းဘူး ပေးသင့်မပေးသင့် တွေးနေမိရင်း အလျင်စလို ဖြစ်သွားမှာကိုလည်း ကြောက်နေမိသည်။ ထိုအချိန် ကောင်လေးက ထပ်ပြောသည်။ “ငါ မင်းကို အရမ်းအားကျတာပဲ.. မင်းအမေက ဒီလို အရသာရှိတဲ့ ထမင်းဟင်းတွေ နေ့တိုင်းချက်ပေးတယ်..”

“…… ငါ့ဘာသာ ချက်လာတာ..”

“ဟမ်..? မင်းဘာသာ ချက်လာတာလား..?” ကောင်လေးက မျက်လုံးအပြူးသားဖြင့် ပြန်မေးသည်။ ပေါင်မုန့်ကိုက်ထားတာကြောင့် ပါးနှစ်ဖက်က ဖောင်းအစ်နေပြီး ဟမ်းစတားလေးလို ချစ်စရာကောင်းနေတော့သည်။ “အရမ်းတော်တာပဲ..”

ဆုလင်းက ဘာမှပြန်မဖြေချေ။ ဆယ်ကျော်သက်လေးလည်း သူ၏ အေးတိအေးစက်အမူအရာကို ကျင့်သားရနေပြီဖြစ်သည်။ ထို့ကြောင့် ပေါင်မုန့်ကို ဝါးစားရင်း တစ်ယောက်တည်း ဆက်ပြောနေသည်။

“မင်းကိုရတဲ့လူကတော့ အရမ်းကံကောင်းမှာပဲ…”

ဆုလင်း၏ရင်ထဲ ဒိန်းခနဲ ဖြစ်သွားပြီး တူကိုင်ထားသောလက်ပင် မသိမသာ တုန်ယင်သွားသည်။

“တစ်ခါမှမပြောဖူးပေမယ့် မင်းက အရမ်းသန်မာတာပဲလို့ ငါတွေးနေတာ သိလား..” ကောင်လေးက ပြုံးလိုက်ရင်း.. “ဉာဏ်ကောင်းတယ်.. ရုပ်ချောတယ်.. အရပ်ရှည်တယ်.. ဟင်းလည်း ချက်တတ်တယ်.. တကယ့်ကို ပြီးပြည့်စုံတာပဲ..”

ရုတ်တရက်ကြီး ချီးကျူးခံနေရသဖြင့် ဆုလင်းခမျာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်သွားသည်။ နှလုံးသားက ထိန်းချုပ်မရအောင် အရူးအမူး ခုန်ပေါက်နေပြီး လက်သီးဆုပ်ထားမိသည်အထိ။ လက်ဖဝါးပြင်တွင် ချွေးပြန်နေပြီး တစ်ခါမှမကြုံဖူးအောင် စိတ်လှုပ်ရှားလာသည်။

“အဲ့တော့…….”

သူပြောလိုက်တော့ ကောင်လေးက တစ်ခဏတိတ်သွားပြီးနောက် ဆက်ပြောလာ၏။ : “တခြားလူ ဘာပြောပြော ဂရုမစိုက်နဲ့လို့.. ဘယ်သူ့ကိုဖြစ်ဖြစ် ကြိုက်လို့ရတယ်.. ဘယ်အရာဖြစ်ဖြစ် ကြိုက်ခွင့်ရှိတယ်.. စီနီယာအစ်မက ငြင်းရင်တောင် မင်း….”

ဆုလင်း၏စိတ်ထဲ ပေါက်ကွဲထွက်သွားပြီး နှလုံးသားက ရေခဲကန်ထဲ ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။

ဆတ်ခနဲ မတ်တပ်ရပ်လိုက်သဖြင့် ထမင်းဘူးက ကြမ်းပြင်ပေါ် မှောက်ကျသွားပြီး ထမင်းဟင်းများ ပြန့်ကျဲကုန်တော့သည်။ သူ၏ ရင်ဘတ်က ခုန်ပေါက်နေပြီး မျက်လုံးအိမ်က နီရဲလာသည်။ သူက ကောင်လေးကို ဒေါသတကြီး စိုက်ကြည့်ကာ..

“မင်း ငါ့ကိုလာရှာတာ…. အဲ့ကိစ္စပြောမလို့လား..?”

ဆယ်ကျော်သက်လေးအတွက် ဆုလင်း ယခုလို ကြမ်းကြမ်းတမ်းတမ်း တုံ့ပြန်တာကို ပထမဦးဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။ သူ၏မျက်နှာက ဖြူဖျော့သွားပြီး တစ်ဖက်လူ ဒေါသထွက်နေမှန်း သဘောပေါက်သွားသည်။

ထိုနေ့က အဖြစ်အပျက်ကို သူကိုယ်တိုင်မြင်ခဲ့ရပြီး နောက်ပိုင်း ဆုလင်း၏ သတင်းများကို ကြားခဲ့ရသည်။ ဆုလင်းအတွက် စိတ်မကောင်းဖြစ်မိသဖြင့် ဆုလင်းဟာ လူကောင်းတစ်ယောက် ဖြစ်ကြောင်း၊ တခြားလူစကားကို စိတ်ထဲမထားသင့်ကြောင်း၊ ပိုကောင်းသည့် မိန်းကလေးတစ်ဦးနှင့် ဆုံတွေ့နိုင်ကြောင်း ပြောချင်ခဲ့သည်။

သို့သော် သူ့ကြောင့် ဆုလင်း ပိုဝမ်းနည်းသွားရလေပြီ။

သူ… ဘာလုပ်လိုက်မိပြီလဲ…

“တောင်းပန်ပါတယ်…”

ဆယ်ကျော်သက်လေးက ခေါင်းငုံ့ကာ ဆုလင်းအား တောင်းပန်လိုက်သည်။

ဆုလင်း၏ အသက်ရှူသံက အတန်ငယ် မတည်မငြိမ်ဖြစ်နေသည်။ နာကျင်ရလွန်း၍ ထုံထိုင်းနေပြီဖြစ်သည့် နှလုံးသားက ယခုတော့ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားသယောင်… သူ၏ရင်ထဲ စူးနင့်နေအောင် နာကျင်လာသည်။

မဟုတ်သေးပါဘူး… သူ ဘာလို့ ကောင်လေးကို စိတ်ဆိုးနေတာလဲ..? ကောင်လေးက သူ့အတွက် စိုးရိမ်လို့ နှစ်သိမ့်ပေးတာပဲလေ။ တကယ်ဆို ကျေးဇူးတင်ပြီး ပျော်ရွှင်နေရမှာကို…

ဒါပေမဲ့… သူ လုကျဲကို ကြိုက်နေတာလို့ ကောင်လေးထင်နေမှန်း သိလိုက်တာနဲ့ ခံစားချက်ကို ထိန်းချုပ်လို့မရတော့ဘူး…

… ငါကြိုက်တာက တခြားတစ်ယောက်လို့ မတွေးမိဘူးလား..?

… တခြားလူတွေ အထင်လွဲရင်တောင် မင်းကတော့ မရဘူးလေ။ ကျေးဇူးပြုပြီး ငါ့ကို အထင်မလွဲပါနဲ့။ ငါကြိုက်နေတဲ့လူက တခြားတစ်ယောက်လို့ တွေးကြည့်ပေးပါ…

… ဘာလို့လဲဆိုတော့ ငါချစ်ရတဲ့လူက မင်းလေ။ ငါက မင်းတစ်ယောက်တည်းကိုပဲ ချစ်မှာ…

သူ၏ခံစားချက်ကို မထိန်းချုပ်နိုင်တော့သဖြင့် ဆုလင်းလည်း ကောင်လေး၏ပခုံးကို ဆုပ်ကိုင်ကာ သူ့ကို မော့ကြည့်စေသည်။

ဆယ်ကျော်သက်လေးသည် ပခုံးမှ နာကျင်မှုတချို့ ခံစားလိုက်ရသဖြင့် မျက်ဝန်းအိမ်ထဲတွင် နားမလည်ခြင်းများ ထင်ဟပ်လာသည်။ ဆုလင်းကို တောင်းပန်လိုသော်လည်း တစ်ဖက်လူ၏ အကြည့်စူးစူးကြောင့် မူလရည်ရွယ်ချက်ကို မေ့ပြီး သူ့အား စိုက်ကြည့်နေသည့် မျက်ဝန်းတစ်စုံကို ပြန်ငေးကြည့်မိသည်။ ထိုမျက်ဝန်းများထဲတွင် သူ၏ပုံရိပ်ကို ပြန်မြင်လိုက်ရလေသည်။

“ငါ လုကျဲကို မကြိုက်ဘူး.. တခြားဘယ်သူ့ကိုမှလည်း မကြိုက်ဘူး..”

ဆုလင်းသည် တစ်ဖက်လူ၏ နှလုံးသားထဲ ထွင်းဖောက်ချင်နေသည့်အလား ဆယ်ကျော်သက်လေး၏ မျက်ဝန်းအစုံကို စိုက်ကြည့်နေခဲ့သည်။

“ငါကြိုက်တဲ့လူက……….”

“Ring… Ring…”

ရုတ်တရက် ဖုန်းတုန်ခါသံက သူပြောမည့်စကားကို ဝင်နှောင့်ယှက်သွားသည်။ တစ်ချိန်တည်းမှာပင် ခြေသံတချို့ ကြားလိုက်ရသဖြင့် ဆုလင်းမှာ မျက်နှာပျက်သွားပြီး ကောင်လေး၏ပခုံးကို ကမန်းကတန်း လွှတ်ပေးကာ သစ်ပင်တစ်ပင်နောက်တွင် ဝင်ပုန်းလိုက်၏။ သူနှင့်ကောင်လေး အတူရှိနေတာကို တခြားသူ မမြင်စေချင်ပါ။

ခြေသံက စက္ကန့်ပိုင်းအတွင်း ပြန်လည်ပျောက်ကွယ်သွားပြီး သူတို့အနားကို ဘယ်သူမှရောက်မလာပေ။ ဆယ်ကျော်သက်လေးက သစ်ပင်နောက်မှာ ပုန်းနေသည့် ဆုလင်းကို တစ်ချက်ကြည့်ပြီး တစ်ခဏတုံ့ဆိုင်းသွားသည်။ ပြီးနောက် ဖုန်းအရင်ကိုင်လိုက်လေသည်။

“ဟယ်လို..? အာ.. ဟယ်လို စီနီယာ… အရေးကြီးလို့လား..? ဟုတ်.. ဟုတ်.. ကျွန်တော် အခုလာပြီ..”

ဆယ်ကျော်သက်လေးက ဖုန်းချပြီးနောက် အနည်းငယ် စိတ်ဓာတ်ကျနေဟန်ဖြင့် တုံ့ဆိုင်းစွာ ပြောလာသည်။

“ဆောရီး ဆုလင်း.. စီနီယာတစ်ယောက် ငါ့ကို လှမ်းခေါ်နေလို့.. အခုသွားမှရမှာ.. တောင်းပန်ပါတယ်နော်.. နောက်တစ်ခေါက်မှ သေသေချာချာ ထပ်တောင်းပန်ပါ့မယ်.. မင်းကို စိတ်ဆိုးအောင်လုပ်မိတာ တကယ်တောင်းပန်ပါတယ်.. ငါ တကယ်ကို မရည်ရွယ်ပါဘူး..”

ထိုသို့ပြောပြီးနောက် ကောင်လေးက လှည့်ထွက်သွား၏။ သို့သော် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ပြန်လှည့်ကြည့်သွားသေးသည်။ သူ့အတွက် အတော်လေး စိတ်ပူနေမှန်း သိသာနေတော့သည်။

ဆုလင်းမှာ သစ်ပင်ပင်စည်ကို မှီလျက် ဖြည်းညင်းစွာ ထိုင်ချလိုက်သည်။ ကြမ်းပြင်ပေါ်တွင် ကျုံ့ကျုံ့လေး ထိုင်နေမိရင်း သူ၏မျက်နှာကို လက်မောင်းကြားထဲ ဝှက်ထားမိလေသည်။

… သူ ပြောမိတော့မလို့…

ဘယ်လိုလုပ် ပြောထွက်မှာလဲ..? ဘယ်လိုလုပ် ပြောနိုင်မှာလဲ…

မပြောနိုင်ဘူး.. ကျိန်းသေပေါက် ဖွင့်မပြောနိုင်ဘူး.. ပိုင်ရိ သိသွားလို့မဖြစ်ဘူး…

ပြီးတော့ ကောင်လေး ဘယ်လိုတုံ့ပြန်လာမလဲဆိုတာ မစဉ်းစားရဲဘူး။ ကောင်လေး မုန်းသွားရင် သူ ခံနိုင်ရည်ရှိမှာမဟုတ်ဘူး…

***

ဆယ်ကျော်သက်လေးသည် ပိုင်ရိနှင့် ချွီယန်တို့ စောင့်နေသည့် နားနေဆောင်ရှိရာသို့ အမြန်ပြေးသွားလိုက်သည်။ ထို့နောက် တံခါးကို တွန်းဖွင့်ကာ အမောတကောဖြင့် မေးသည်။ : “စီ.. စီနီယာ.. ကျွန်တော် ရောက်ပါပြီ.. ဘာဖြစ်လို့လဲဟင်..?”

“ဒီလောက်မြန်မြန်ကြီး ပြေးလာစရာမလိုပါဘူးကွာ.. ရာသီဥတုက ဒီလောက်ပူတာ.. အပူမရှပ်စေနဲ့..”

ပိုင်ရိက အနားလျှောက်လာပြီး‌ ကောင်လေး၏ခေါင်းကို ပွတ်ပေးသည်။ မျက်နှာပေါ်မှ ချွေးသုတ်ရင် Wet Tissue တစ်ရွက် ထုတ်ပေးရင်း အပြုံးလေးဖြင့် ပြောသည်။ : “အရေးကြီးကိစ္စလို့ ပြောလိုက်ပေမယ့် တကယ်အရေးကြီးတာတော့ မဟုတ်ပါဘူး.. မင်းကို စပရိုက်လုပ်ပေးမလို့လေ.. ကြည့်လိုက်..”

သူက စားပွဲတစ်ခုကို လက်ညှိုးညွှန်ပြသည်။ ထိုစားပွဲပေါ်တွင် အအေးငွေ့များ လျှံကျနေသည့် စတော်ဘယ်ရီရေခဲမုန့်ကိတ်တစ်လုံး ရှိနေသည်။ ထိုပစ္စည်းလေးက ကောင်လေး၏ အကြည့်ကို ဆွဲဆောင်သွားသည်မှာ လွှတ်ခနဲ ပြန်မေးမိသည်အထိ။ : “အဲ့တာ အကန့်အသတ်နဲ့ရောင်းတဲ့ ရေခဲမုန့်ကိတ်မလား..?”

“အဲတာကြောင့် မင်းကို မြန်မြန်လာလို့ ပြောတာပေါ့.. မဟုတ်ရင် အရည်ပျော်သွားမှာလေ..”

ပိုင်ရိက ပြုံးလိုက်ရင်း ညင်သာစွာ ပြောသည်။ : “မင်းက ထမင်းဟင်းသိပ်မစားဘဲ အချိုကြိုက်တတ်မှန်း ငါသိသားပဲ.. အဲတာကြောင့် မင်းကြိုက်လောက်မယ်ဆိုပြီး ဝယ်လာပေးတာ..”

“ ဒီကိတ်က အကြာကြီးစောင့်ဝယ်ရမှာ..” ဆယ်ကျော်သက်လေးက အံ့ဩတကြီး မော့ကြည့်ကာ.. “စီနီယာ…..”

“အကြာကြီး မစောင့်လိုက်ရပါဘူး.. ငါရောက်သွားတော့ လူသိပ်မရှိဘူး..” ပိုင်ရိက အပြုံးလေးဖြင့်.. “ဒီနေ့က အလုပ်ဖွင့်ရက်မို့ ထင်တယ်..”

ဘေးမှာရပ်နေသည့် ချွီယန်က ထိုစကားကြောင့် တစ်ခုခုဝင်ပြောရန် ပြင်သည်။ သို့သော် ပိုင်ရိ၏ အကြည့်တစ်ချက်ကြောင့် ပါးစပ်ပြန်ပိတ်ထားလိုက်ရသည်။

အခုတလော အစ်ကိုပိုင်ရဲ့အတွေးကို ပိုပိုပြီး နားမလည်နိုင်တော့ဘူး..!

ချွီယန်မှာ ထိုသို့တွေးမိရင်း အူကြောင်ကြောင် ဖြစ်နေတော့သည်။

ထိုမုန့်ဆိုင်က အလွန့်အလွန် နာမည်ကြီးပြီး မုန့်ဝယ်ရန် တန်းစီနေသည့် လူတန်းက ဆိုင်အပြင်ဘက်ပင် ရောက်၏။ တစ်ချက်ကြည့်လိုက်ရုံဖြင့် အချိန်အကြာကြီး တန်းစီရမယ်ဆိုတာ မှန်းဆနိုင်သည်။ ထိုလူအုပ်ကြီးကို မြင်သောအခါ ပိုင်ရိ၏ မျက်နှာက ချက်ချင်း မည်းမှောင်သွားသည်။ သူက အစ်ကိုပိုင်အစား တန်းစီပေးချင်သော်လည်း အစ်ကိုပိုင်က သူ့ကို တွန်းထုတ်ကာ ကိုယ်တိုင်ဝင်တန်းစီနေသဖြင့် ဘေးမှသာ ရပ်ကြည့်နေခဲ့ရသည်။

အစ်ကိုပိုင်က တန်းစီနေရင်း မကြာမကြာ ညည်းညူနေသေးသည်။

ဘာလို့များ ဒီလိုဟာမျိုးအတွက် အချိန်ဖြုန်းနေမိပါလိမ့်..?

သူလည်း ဤသို့တွေးနေမိသည်။

ဘာလို့ ဒီနေရာမှာ ရပ်စောင့်နေမိပါလိမ့်..? တကူးတက အတန်းပြေးလာတာ ဒီဆိုင်ကိုလာဖို့လား..? အတန်းတက်ရမယ့်အစား ဘာလို့ ဒီနေရာမှာ လာတန်းစီနေရတာလဲ..?

ဖာ့ခ်.. သင်္ချာချိန်တော့ လွတ်ပြီ။ အစ်ကိုပိုင်က ဉာဏ်ကောင်းလို့ အတန်းပျက်လည်း ကိစ္စမရှိပေမယ့် သူကတော့ သင်္ချာဆိုရင် သင်လေချာလေပဲလို့..!

ထိုအတွေးကြောင့် ချွီယန်မှာ ကျောက်ရှောင်ဖန်ကို အသံတိတ်မဆဲရေးဘဲ မနေနိုင်တော့ပေ။ ထိုငတုံးဝတုတ်က အတန်းမစခင် အပြေးရောက်လာပြီး ဂျူနီယာချန်ဟာ ဤဆိုင်မှ အကန့်အသတ်နှင့်ရောင်းသည့် ရေခဲမုန့်ကိတ်ကို အလွန်ကြိုက်ကြောင်း၊ အပတ်တိုင်း ဝတ်စားတတ်ကြောင်း လာပြောခဲ့သဖြင့် အစ်ကိုပိုင်က နှစ်ခါမစဉ်းစားဘဲ အတန်းထဲမှ ထွက်လာခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် သူလည်း အံတင်းတင်းကြိတ်ပြီး လိုက်လာခဲ့ရသည်။ အလုပ်ချိန်ဖြစ်၍ ‘လူမများလောက်ပါဘူး၊ သင်္ချာချိန် မလွတ်လောက်ပါဘူး’ဟု ထင်ခဲ့မိသော်လည်း ဆိုင်ကိုရောက်သွားမှ ထိုဆိုင်၏ ကျော်ကြားမှုကို သူ အများကြီး လျော့တွက်လိုက်မိမှန်း သဘောပေါက်သွားသည်။ အဘယ်ကြောင့်များ ဤမျှလူများနေရသနည်း...

ထိုအခိုက် ချွီယန်၏မျက်နှာက ရှုံ့မဲ့သွားသည်။ ပိုင်ရိလည်း စိတ်အခြေအနေမကောင်းကြောင်း မြင်လိုက်ရချိန်တွင် သူ၏စိတ်ထဲ မထိန်းနိုင်အောင် ပျော်ရွှင်သွားပြီး ‘အစ်ကိုပိုင်တော့ လက်လျော့ပြီး ပြန်မှာပဲ’ ဟူ၍ တွေးလိုက်မိသည်။ သို့သော် ပိုင်ရိက အေးတိအေးစက် မျက်နှာထားဖြင့် လူတန်း၏နောက်ဆုံးတွင် သွားတန်းစီတာကို မြင်လိုက်ရလေသည်။

“ဘာလို့များ ဒီလိုဟာမျိုးအတွက် အချိန်ဖြုန်းနေမိပါလိမ့်..?”

‘ပိုင်ရိ’၏ ညည်းညူနေသံကို နောက်တစ်ကြိမ် ထပ်ကြားလိုက်ရပြန်၏။ ချွီယန်လည်း ဒူးထောက်လုမတတ် ဖြစ်သွားပြီး..

အစ်ကိုကြီးရယ်..! သည်းမခံနိုင်ရင်လည်း ဒီအတိုင်း ပြန်ကြရအောင်လေ။ တောင်းဆိုပါတယ်။ ဘာလို့များ သွားတန်းစီနေတာလဲလို့..?!

သို့သော် သင်္ချာအတန်းစတင်ချိန်တွင် ချွီယန်မှာ ထုံထိုင်းသွားပြီး စိတ်တည်ငြိမ်လာသည်။ ‘ပိုင်ရိ’၏ ရည်ရွယ်ချက်ကိုလည်း နောက်ဆုံးတော့ သဘောပေါက်သွားသည်။

ကြည့်ရတာ အစ်ကိုပိုင်က သူ ဘယ်လောက်ခက်ခက်ခဲခဲ စောင့်ဝယ်ခဲ့ရသလဲဆိုတာကို ဂျူနီယာချန် ‘မတော်တဆ’သိအောင် လုပ်ချင်လို့ဖြစ်မယ်။ ဒီလှည့်ကွက်ကိုသုံးပြီး ဂျူနီယာချန်ဆီက အမြင်ကောင်းရအောင် ကြိုးစားနေတာပဲ..!

ချွီယန်က ထိုအတွေးဖြင့် ကမန်းကတန်း ဖုန်းထုတ်ကာ လူတန်းရှည်ကြီးအလယ် ‘ပိုင်ရိ’ တန်းစီနေရပုံကို ဓာတ်ပုံရိုက်ထားလိုက်သည်။ နောက်မှ ဟိုကောင်လေးမြင်အောင် ပြရမယ်ဟူ၍ တေးထားလိုက်သည်။

သို့သော် ဆိုင်မှပြန်ထွက်လာပြီးနောက် ပိုင်ရိ၏ မျက်နှာအမူအရာက တင်းမာနေသေးသော်လည်း သူ့ကို ခပ်တိုးတိုး ပြောလာသည်။ : “ကျစ်ချူးကို မလိုအပ်တာတွေ လျှောက်မပြောနဲ့..”

“ဟမ်..? အင်း…”

 ချွီယန်က ဇဝေဇဝါဖြင့် သဘောတူလိုက်သည်။ ပိုင်ရိ၏ ရည်ရွယ်ချက်ကို သူနားလည်သွားပြီဟု ထင်ခဲ့သော်လည်း ယခုတော့ ဘာမှနားမလည်တော့ချေ။

ဂျူနီယာချန်ကို သူ ဘယ်လောက်တောင် ကြိုးစားခဲ့ရတာဆိုပြီး ပြချင်လို့မဟုတ်ဘူးလား..? ဘာလို့မပြောပြရမှာလဲ..?

ပြီးတော့ အစ်ကိုပိုင်က ဂျူနီယာချန်ကို နောက်ကွယ်မှာဆိုရင် ‘ချန်ကျစ်ချူး’လို့ ခေါ်နေကျပါ။ ဘယ်တုန်းက ‘ကျစ်ချူး’ ဖြစ်သွားတာလဲ..?

သို့သော် ထိုဖြစ်ရပ်က ယနေ့ကြုံခဲ့သည့် ကိစ္စလောက် ကြောက်စရာမကောင်းသေးပေ။ တစ်နေ့ ကျောက်ရှောင်ဖန်က ရုတ်တရက် အပြေးရောက်လာပြီး..

“အစ်ကိုပိုင်.. ဂျူနီယာချန်က ဆုလင်းဆီကိုသွားပြီး နေ့လည်စာ အတူတူစားနေတယ်..!”

“………”

‘ပိုင်ရိ’၏ မျက်နှာထားကြောင့် ချွီယန်မှာ ကြောက်လွန်း၍ ဒူးခွေကျလုမတတ် ဖြစ်သွားရသည်။

***

ပိုင်ရိ၏ ဒိုင်ယာရီမှတ်တမ်း (Part 56)

ကျစ်ချူးရဲ့အာရုံက တခြားအရာပေါ် ရောက်နေတာကို ငါမုန်းတယ်။

တခြားအရာက လူဆိုရင် ဆယ်ဆပိုမုန်းတယ်။

အဲ့လူက ငါမုန်းတဲ့လူ (ငါ့ရဲ့တခြားဝိဉာဉ်ခွဲတွေပါ ပါတယ်)ဆိုရင် သတ်ပါသတ်ပစ်ချင်လာရောပဲ..

… ကျစ်ချူးရဲ့အနမ်းနဲ့ပဲ ငါ့ရဲ့စိတ်ကို နှစ်သိမ့်ပေးနိုင်လိမ့်မယ်။

………………………………..

Zawgyi

အခန္း - (၅၆) : သရဲေက်ာင္းေတာ္ (၁၀)

တတိယေမးခြန္းကို ခြၽီယန္ ျပန္ေျဖလိုက္ၿပီးေနာက္ အတန္းထဲမွလူတိုင္း တစ္ေယာက္တစ္မ်ိဳးစီ မ်က္ႏွာအမူအရာ ေျပာင္းသြားသည္။ ပိုင္ရိ၏ ႏႈတ္ခမ္းေထာင့္မ်ား ေကာ့တက္သြားၿပီး ခ်န္က်စ္ခ်ဴးကို လွည့္ၾကည့္လာသည္။ ခ်န္က်စ္ခ်ဴးမွာ ေခ်ာင္းအသာဟန႔္ရင္း အၾကည့္လႊဲလိုက္ေသာ္လည္း ကုက်န္း၏ မည္းေမွာင္ေနေသာ အၾကည့္စူးစူးႏွင့္ ရင္ဆိုင္လိုက္ရေလသည္။ ေနရခက္လာေသာ ထိုအေျခအေနေၾကာင့္ သူလည္း ေရွ႕တည့္တည့္မွ ဆရာမသရဲ၏ ျဖဴဖတ္ျဖဴေရာ္ မ်က္ႏွာႀကီးကိုသာ ထိုင္ၾကည့္ေနရေတာ့သည္။

ဆရာမသရဲ၏ မ်က္ႏွာက ေတာင့္တင္းေနၿပီး မ်က္လုံးအိမ္က အျဖဴေရာင္လႊမ္းေနသျဖင့္ သူမ၏ ခံစားခ်က္ကို ခန႔္မွန္း၍မရႏိုင္ေပ။ သရဲမက ဆက္ေမးသည္။

“ေနာက္ဆုံးေမးခြန္း..”

“မင္းလုပ္ခဲ့တာေတြအတြက္ ေနာင္တရလား..?”

ခြၽီယန္၏ မ်က္ႏွာအမူအရာက အတန္ငယ္ ေျပာင္းလဲသြားသည္။ အမွန္အတိုင္း ေျပာသင့္မေျပာသင့္ ေတြေဝေနဟန္ေပၚ၏။ သို႔ေသာ္ အဆုံးမွာေတာ့ အံႀကိတ္ကာ အမွန္အတိုင္းေျဖရန္ ဆုံးျဖတ္လိုက္သည္။

“ေနာက္ဆုံးတစ္ေခါက္ကလြဲလို႔ တစ္ခါမွ ေနာင္တမရခဲ့ဘူး..”

“အစ္ကိုပိုင္ဆီက အက်ိဳးအျမတ္ေတြ အမ်ားႀကီးရေနေတာ့ ကြၽန္ေတာ္လည္း ဆုလင္းကို မုန္းခဲ့တယ္..”

“ကြၽန္ေတာ့္အေဖလည္း မေကာင္းတဲ့လူယုတ္မာပဲ.. ေဖာက္ျပန္ၿပီး အေမနဲ႔ ကြာရွင္းခဲ့တယ္.. အဲတာေၾကာင့္ မိသားစုအသိုက္အၿမဳံ ဖ်က္ဆီးတဲ့လူတိုင္းကို ကြၽန္ေတာ္ အရမ္းမုန္းတယ္.. ဟုတ္တယ္ ဝန္ခံပါတယ္.. ကြၽန္ေတာ္က လူေကာင္းမဟုတ္ဘူး.. ဆုလင္းကို အႏိုင္က်င့္တာကလည္း ကိုယ့္စိတ္ကိုယ္ ေျဖသိမ့္ခ်င္လို႔ပဲ.. ဘာပဲျဖစ္ျဖစ္ အႏိုင္က်င့္ခဲ့တယ္ဆိုတာ ဝန္ခံပါတယ္…..”

ထိုသို႔ေျပာရင္း သူ၏အသံက တိုးဝင္လာသည္။ မ်က္ႏွာေပၚတြင္ ခံစားခ်က္မ်ား ရႈပ္ေထြးေနေတာ့သည္။ သူ႔အတြက္ အမွန္အတိုင္း ဝန္ခံရန္ မလြယ္ကူခဲ့ေသာ္လည္း ဆရာမသရဲက သူ႔ကို အျပစ္ေပးမေပးဆိုတာ မသိေသးသျဖင့္ စိတ္ထင့္ေနမိသည္။ သို႔ႏွင့္ လက္သီးတင္းတင္းဆုပ္ကာ ဆရာမသရဲ၏ စကားကို ေစာင့္ေမွ်ာ္ေနခဲ့သည္။

ခ်န္က်စ္ခ်ဴးက ခြၽီယန္ကို လွည့္ၾကည့္လိုက္သည္။ သူ၏စိတ္ထဲတြင္ ခံစားခ်က္မ်ား ျပည့္ႏွက္ေနေသာ္လည္း ႏႈတ္ခမ္းတင္းတင္းေစ့ကာ ဘာမွမေျပာခဲ့ေခ်။

သူ႔အျမင္မွာေတာ့ ခြၽီယန္၏လုပ္ရပ္က အဓိပၸါယ္မဲ့သလို မွားယြင္းေနသည္။ ခြၽီယန္လည္း လုက်ဲလိုပင္။ နာက်င္ခံစားခဲ့ရဖူးသည့္ သူတို႔၏ နာက်ည္းခ်က္မ်ားကို တျခားအျပစ္မဲ့သူအေပၚ ပုံခ်ခဲ့သည္။ သူတို႔က သနားစရာေကာင္းသလို မုန္းစရာေကာင္းလွသည္။

ဒါနဲ႔ ခြၽီယန္က ‘ေနာက္ဆုံးတစ္ေခါက္ကလြဲရင္..’ ဆိုၿပီး ဘာလို႔ေျပာခဲ့တာလဲ..? ဆုလင္းကို အႏိုင္က်င့္ရင္း ေနာက္ဆုံးတစ္ေခါက္မွာ ဘာျဖစ္ခဲ့လို႔ ခြၽီယန္ ေနာင္တရေနတာလဲ..?

ဧကႏၲ… ဆုလင္းရဲ႕ ေသဆုံးမႈက ေနာက္ဆုံးတစ္ေခါက္နဲ႔ သက္ဆိုင္ေနမလား..?

ထိုအေတြးေၾကာင့္ အတန္းေရွ႕မွာ ရပ္ေနသည့္ ဆရာမသရဲကို လွည့္ၾကည့္လိုက္၏။ ေနာက္ေမးခြန္းက ခြၽီယန္၏ ထိုစကားလုံးႏွင့္ သက္ဆိုင္လိမ့္မည္ဟု ထင္ျမင္ခဲ့သည္။

သို႔ေသာ္ ဆရာမသရဲက ဆက္မေမးေတာ့သျဖင့္ ခ်န္က်စ္ခ်ဴးမွာ အံ့အားသင့္သြားရသည္။ သရဲမက ထိုအေၾကာင္း ဆက္မေမးဘဲ ခြၽီယန္ကို ျပန္ထိုင္ခြင့္ျပဳခဲ့သည္။

ခြၽီယန္က စိတ္သက္သာရာရစြာ သက္ျပင္းခ်လိုက္သည္။ သူ၏ထိုင္ခုံေပၚတြင္ ျပန္ထိုင္လိုက္ရင္း နဖူးေပၚမွ ေခြၽးေစးမ်ားကို သုတ္လိုက္သည္။

“အမွန္အတိုင္းေျပာသေ႐ြ႕ ဘာမွမျဖစ္ဘူး…….”

လ်န္ဝမ္ပင္းႏွင့္ လုက်ဲက လိမ္ညာခဲ့တာေၾကာင့္ ေသဆုံးသြားရၿပီး ခြၽီယန္ကေတာ့ ေမးခြန္းမ်ားကို ေအာင္ေအာင္ျမင္ျမင္ ေက်ာ္ျဖတ္ႏိုင္ခဲ့သည္။ ထိုအျခင္းအရာကိုျမင္ၿပီး အလွည့္မက်ေသးေသာ ေက်ာက္ေရွာင္ဖန္က သူ႔ကိုယ္သူ သတိေပးလိုက္သည္။

“ေနာက္တစ္ေယာက္က ေက်ာင္းသားေက်ာက္ေရွာင္ဖန္.. ဆရာမရဲ႕ေမးခြန္းေတြကို ျပန္ေျဖေပးပါ..”

ထိုအခိုက္ ဆရာမသရဲက သူ႔နာမည္ေခၚလာသျဖင့္ ေက်ာက္ေရွာင္ဖန္လည္း ေလးဖင့္စြာ မတ္တပ္ရပ္ရင္း စိတ္လႈပ္ရွားလြန္း၍ တံေတြးၿမိဳခ်မိသည္။ ၿပီးေနာက္ အတုန္တုန္အယင္ယင္ ေျပာသည္။ : “ေမးပါ..”

“ဒီဓာတ္ပုံထဲကလူကို သိလား..?”

ဆရာမက ဓာတ္ပုံတစ္ပုံ ဖြင့္ျပလာသည္။ သာမန္ဆယ္ေက်ာ္သက္ေလးတစ္ဦး၏ ဓာတ္ပုံပင္ ျဖစ္သည္။

“…. သိ.. သိပါတယ္..” ေက်ာက္ေရွာင္ဖန္က ဓာတ္ပုံကို ေသေသခ်ာခ်ာ ၾကည့္ၿပီး အတည္ျပဳလိုက္သည္။

“သူနဲ႔ ဘယ္လိုပတ္သက္လဲ..?”

“ဂ်ဴနီယာေလးတစ္ေယာက္ပါ.. ဂ်ဴနီယာခ်န္နဲ႔ တစ္ခန္းတည္းပဲ..” ေက်ာက္ေရွာင္ဖန္က ျပန္ေျဖသည္။ “အဲတာကလြဲရင္… ဘယ္လိုေျပာရမလဲ.. ကြၽန္ေတာ္တို႔…. ကြၽန္ေတာ္နဲ႔က အလုပ္ရွင္-အလုပ္သမား ဆက္ဆံေရးလို႔ ေျပာရမယ္.. ဂ်ဴနီယာခ်န္ကို ေစာင့္ၾကည့္ဖို႔ သူ႔ကို ပိုက္ဆံေပးထားတာပါ..”

ဘာ..?

ခ်န္က်စ္ခ်ဴးမွာ အမႈမဲ့အမွတ္မဲ့ လွည့္ၾကည့္လိုက္မိသည္။ ေက်ာက္ေရွာင္ဖန္က သူ႔ကို အေနရခက္စြာ ၿပဳံးျပလာေသာ္လည္း ေျဖေနတာကိုေတာ့ မရပ္တန႔္ခဲ့ေပ။

“အစ္ကိုပိုင္ရဲ႕ မူလရည္႐ြယ္ခ်က္က ဆုလင္းကို လက္စားေခ်ဖို႔ ဂ်ဴနီယာခ်န္ကို လိုက္တာေလ.. အဲတာေၾကာင့္ ကြၽန္ေတာ္က အဲ့ေက်ာင္းသားကို ပိုက္ဆံေပးၿပီး ဂ်ဴနီယာခ်န္ရဲ႕ အႀကိဳက္ေတြကို စုံစမ္းခိုင္းတယ္.. တစ္ခါတေလ ဂ်ဴနီယာခ်န္ေနာက္ လိုက္ၾကည့္ခိုင္းတယ္.. ဂ်ဴနီယာခ်န္အေၾကာင္း သတင္းရတာနဲ႔ အစ္ကိုပိုင္ အသုံးခ်ႏိုင္ေအာင္ သြားေျပာျပတယ္..”

ဆရာမသရဲက ေခါင္းညိတ္ၿပီး ေနာက္ထပ္ဓာတ္ပုံတစ္ပုံ ထပ္ျပသည္။

ထိုဓာတ္ပုံက ေက်ာင္းဝန္းႀကီး၏ ေထာင့္တစ္ေနရာတြင္ ျဖစ္သည္။ ပူျပင္းသည့္ ေႏြရာသီအလယ္ သစ္ပင္ႀကီးတစ္ပင္ေအာက္တြင္ ဆုလင္းႏွင့္ ခ်န္က်စ္ခ်ဴးတို႔ အတူတူထိုင္ေနသည္။ ခ်န္က်စ္ခ်ဴးက ဆုလင္းကို တစ္ခုခုေျပာရင္း ၿပဳံးေနေလသည္။

“ဒီဓာတ္ပုံကို ဘယ္သူ႐ိုက္ခဲ့တာလဲ..?”

“အဲ့ေက်ာင္းသား ႐ိုက္ခဲ့တာပါ..” ေက်ာက္ေရွာင္ဖန္က ျပန္ေျဖသည္။ “အဲ့ေန႔က ဂ်ဴနီယာခ်န္ ဆုလင္းဆီကို သြားေနတယ္ဆိုၿပီး ဓာတ္ပုံတစ္ပုံ ျပလာလို႔ ကြၽန္ေတာ္လည္း အစ္ကိုပိုင္ကို ခ်က္ခ်င္း သြားေျပာျပလိုက္တယ္..”

ထိုသို႔ေျပာလိုက္သည္ႏွင့္ ပတ္ဝန္းက်င္ျမင္ကြင္းက ႐ုတ္တရက္ ေျပာင္းလဲလာေၾကာင္း ခ်န္က်စ္ခ်ဴး သတိထားမိလိုက္၏။ သူထိုင္ေနသည့္ ထိုင္ခုံက ႐ုတ္တရက္ ေပ်ာက္သြားၿပီး ေျမျပင္ေပၚကို ျပဳတ္က်သြားသည္။ တိုးဝင္လာေသာ အပူရွိန္ႏွင့္အတူ ေဘးပတ္ပတ္လည္မွ ပုစဥ္းရင္ကြဲေအာ္သံမ်ား ၾကားေနရေလသည္။ ဓာတ္ပုံထဲသို႔ ေနာက္တစ္ႀကိမ္ ေရာက္သြားရျပန္သည္။ ခပ္လွမ္းလွမ္းတြင္ ဆုလင္းကို ျမင္လိုက္ရသည္။

ဆုလင္းသည္ ေန႔လည္စာထမင္းဘူးကို ေပါင္ေပၚတင္ၿပီး တစ္ေယာက္လည္း ထိုင္ေနရွာသည္။

***

ေက်ာင္းစႀကႍလမ္းအလယ္ လုက်ဲ၏ေရွ႕တြင္ ဒူးေထာက္ခဲ့ရၿပီးေနာက္ ‘ဆုလင္းက လုက်ဲကို ႀကိဳက္ေနတာ’ ဟူသည့္သတင္းက တစ္ေက်ာင္းလုံးသို႔ ပ်ံ႕ႏွံ႔သြား၏။ ဘယ္ေနရာသြားသြား ေက်ာင္းသား/သူတစ္ဖြဲ႕တြင္ တစ္ေယာက္ေတာ့ သူ႔ကို လက္ညႇိဳးၫႊန္ၿပီး အံ့ဩတႀကီး အမူအရာျဖင့္ ၾကည့္ေနတတ္သည္။

သူတို႔၏ ေက်ာင္းစည္းကမ္းက သိပ္မတင္းက်ပ္သလို ေက်ာင္းသားမ်ားကို အခ်စ္ေရးႏွင့္ပတ္သက္၍ တင္းတင္းက်ပ္က်ပ္ တားျမစ္ထားျခင္းမရွိေပ။ သို႔ေသာ္ အထက္တန္းေက်ာင္းဟူသည္ စာေလ့လာရန္သာျဖစ္၍ ထိုအျပဳအမူကို လက္မခံေပ။

ဤတစ္ေခါက္ျဖစ္ရပ္က အေတာ္ေလး အုတ္ေအာ္ေသာင္းနင္း ျဖစ္သြားသည္။ ေက်ာင္းက ဆုလင္းကို သတိေပးစားမပို႔ေသာ္လည္း ဆရာ/ဆရာမမ်ားက သူ႔ကို အႀကိမ္ႀကိမ္ ေခၚေျပာသည္။ အေျပာခံရတိုင္း ဆုလင္းက ဘာမွျပန္မေျပာဘဲ ေရငုံႏႈတ္ပိတ္သာေနၿပီး အမွန္တရားကို မေျပာျပခဲ့ေခ်။

အဘယ္ေၾကာင့္ဆိုေသာ္ လုက်ဲကို မႀကိဳက္ေၾကာင္း သူရွင္းျပလွ်င္ပင္ ဆရာ/ဆရာမမ်ားက ယုံၾကည္မည္မဟုတ္။ ‘ျဖဴစင္႐ိုးသား’ၿပီး ‘အက်င့္စ႐ိုက္ ေကာင္းမြန္ေသာ’ လုက်ဲလို ေက်ာင္းသူတစ္ဦးက ယခုလိုလုပ္လိမ့္မည္ဟု မည္သူထင္ထားမည္နည္း။ ဆရာ/ဆရာမမ်ားက သူ႔ကို ယုံၾကည္ေပးမည္မဟုတ္ေပ။

တကယ္ေတာ့ အလယ္တန္းမွာကတည္းက ပိုင္ရိ၊ လုက်ဲႏွင့္ တျခားလူမ်ားသည္ သူ႔ကို စတင္အႏိုင္က်င့္ခဲ့ျခင္း ျဖစ္သည္။ ထိုစဥ္က ဆုလင္းလည္း ေက်ာင္းကို တိုင္ၾကားခဲ့ဖူးပါသည္။ သို႔ေသာ္ ဆရာ/ဆရာမမ်ားက သူ႔ကို ျပစ္တင္ေျပာဆိုၿပီး တျခားေက်ာင္းသားမ်ားကို နာမည္မဖ်က္ရန္ ျပင္းျပင္းထန္ထန္ သတိေပးခဲ့သည္။

သူဆင္းရဲမိသားစုမွ ေပါက္ဖြားလာသည့္ ဆင္းရဲသားျဖစ္ေသာေၾကာင့္ သူ႔ကို အထင္ေသးသလို ၾကည့္ခဲ့ေသာ ဆရာ/ဆရာမမ်ား၏ အၾကည့္ကို တစ္သက္မေမ့ႏိုင္ေပ။ ပိုင္ရိ၏အေဖက ေက်ာင္းရန္ပုံေငြအတြက္ အမ်ားႀကီးလႉဒါန္းထားသျဖင့္ ထိုဆရာမ်ားက ပိုင္ရိဘက္ကိုလွည့္ၿပီး ၿပဳံးၿပဳံး႐ႊင္႐ႊင္ စကားေျပာလိုက္ေသးသည္။

ထိုေန႔ကတည္းက ဆုလင္းသည္ သူခံစားရသမွ်ကို ထုတ္မေျပာေတာ့ေပ။

သူ႔ကို မည္သူမွ် ကူညီေပးမည္မဟုတ္…

အံႀကိတ္သည္းခံ႐ုံမွလြဲ၍ လြတ္လမ္းမရွိခဲ့ေပ။

အဆင္ေျပပါတယ္.. သူက သန္မာတယ္.. ဒီအေျခအေနကို ႀကံ့ႀကံ့ခံေက်ာ္လႊားႏိုင္မွာပါ..!

ထိုစိတ္ျဖင့္ အားတင္းထားေသာ္လည္း တစ္ခါတေလ… အလြန္ပင္ပန္းလာသည္။

သူ၏အေျခအေနက ကမ္းမျမင္လမ္းမျမင္ ပင္လယ္ျပင္ႀကီးထဲ ေမ်ာပါေနသူပမာ အခ်ိန္မေ႐ြး နစ္ျမဳပ္သြားႏိုင္သည္။

ကမ္းေပၚေရာက္ေအာင္ သူ႔ကိုယ္သူသာ အားကိုးရလိမ့္မည္။ သူကိုယ္တိုင္ ကူးခတ္ရလိမ့္မည္။

သို႔ေသာ္ ဆုလင္းက ေလွတစ္စီးစီး လာကယ္ေပးရန္ ေမွ်ာ္လင့္မေန။ သူလိုအပ္သည္က တစ္ခဏတာ အသက္ရႉနားခိုခြင့္ေပးမည့္ ကြၽန္းငယ္ေလးတစ္ခုသာ။

ထိုဆႏၵေလးတစ္ခုသာ…

သူ မွတ္မိေနပါေသးသည္။ အထက္တန္းစတက္သည့္ ပထမဦးဆုံးရက္တြင္ ခြၽီယန္က သူ႔ကို ေရခ်ိဳးခန္းထဲ ေသာ့ပိတ္သြားသျဖင့္ ေက်ာင္းဖြင့္ပြဲအခမ္းအနားကို လြဲေခ်ာ္လုနီးပါး ျဖစ္ခဲ့ရသည္။ ထိုစဥ္က ‘ခ်န္က်စ္ခ်ဴး’သည္ ထိုေနရာမွ ျဖတ္သြားရင္း သူ႔ကို ကူညီေပးခဲ့၏။ ထိုမွ်မက ေႏြးေထြးျဖဴစင္ေသာ အၿပဳံးေလးျဖင့္ပင္ ႐ႊင္ျမဴးတက္ႂကြစြာ မိတ္ဆက္ခဲ့ေသးသည္။

“မင္းလည္း Class-7 ကပဲလား..? တိုက္ဆိုင္လိုက္တာ.. ငါေရာပဲ.. ေနာက္ဆို ငါတို႔က အတန္းေဖာ္ေတြပဲေပါ့..”

သူက ဘာမွျပန္မေျပာခဲ့ေပ။ ‘ခ်န္က်စ္ခ်ဴး’ႏွင့္ အတူတူမသြားဘဲ ဆန႔္က်င္ဘက္သို႔ လွည့္ထြက္ခဲ့မိသည္။

႐ုတ္တရက္ နီရဲတက္လာသည့္ သူ၏မ်က္ႏွာကို ‘ခ်န္က်စ္ခ်ဴး’အား မျမင္ေစလို။

သူ႔တစ္ဘဝတစ္ေလွ်ာက္လုံး ဤမွ် ရင္ခုန္သံမျမန္ဖူးေပ။

သို႔ေသာ္ ဤတစ္ႀကိမ္ေတာ့ အေၾကာက္တရား၊ ေဒါသစိတ္ေၾကာင့္ ရင္ခုန္သံျမန္ျခင္းမဟုတ္။ တစ္ခါမွမခံစားဖူးသည့္ ထူးထူးဆန္းဆန္း ခံစားခ်က္တစ္မ်ိဳးကို ခံစားခဲ့ရသည္။

………. သူ ရွာေတြ႕ခဲ့ေလၿပီ။

သူ၏ ‘ကြၽန္းငယ္’ေလးကို ရွာေတြ႕ခဲ့ေလၿပီ။

‘ကြၽန္းငယ္’ေလးက သူ႔အတြက္ အလင္းေရာင္ျဖစ္သလို အိပ္မက္ဆိုလည္း ဟုတ္သည္။ စိတ္ကူးယဥ္အိပ္မက္မ်ားထဲမွ အေကာင္းဆုံးေသာ ျဖစ္တည္မႈေလး ျဖစ္သလို….

ျမတ္ႏိုးတန္ဖိုးထားရသူလည္း ျဖစ္ေပသည္။

တစ္ခ်ိန္ခ်ိန္မွာ ဖြင့္ေျပာခြင့္ရွိပါ့မလား မသိေပမယ့္ေပါ့…

“ကလစ္..”

ဆုလင္းသည္ စာသင္ေဆာင္အေနာက္ ၾကမ္းျပင္ေပၚတြင္ ထိုင္ခ်လိုက္ၿပီး အိမ္မွသယ္လာေသာ ေန႔လည္စာထမင္းဘူးကို ေပါင္ေပၚတင္ၿပီး ဖြင့္လိုက္သည္။

ေန႔တိုင္း ကိုယ္တိုင္ခ်က္ၿပီး ထမင္းဘူးထည့္လာေသာ္လည္း ဆုလင္းက ‘ခ်န္က်စ္ခ်ဴး’ကို ေတြ႕ႏိုင္ရန္အတြက္ ကန္တင္းတြင္ သြားစားေလ့ရွိသည္။ ကံေကာင္းလွ်င္ သူတို႔ႏွစ္ဦး နီးနီးကပ္ကပ္ ထိုင္စားရၿပီး ‘ခ်န္က်စ္ခ်ဴး’က သူ႔ကို ႏႈတ္ဆက္လိမ့္မည္။

ထိုအျပဳအမူေလးကပင္ သူ႔အတြက္ တစ္ေန႔တာ စိတ္ေပ်ာ္႐ႊင္ႏိုင္ရန္ လုံေလာက္ေပသည္။

သို႔ေသာ္ လုက်ဲေရွ႕တြင္ ဒူးေထာက္ခဲ့ရၿပီးေနာက္ ဆုလင္းခမ်ာ လူအမ်ား၏ ေဝးရာတြင္ ပုန္းေရွာင္ေနမိ၏။ တကယ္ေတာ့ တျခားလူ ဘယ္လိုထင္ထင္ ဂ႐ုမစိုက္ေသာ္လည္း ‘ခ်န္က်စ္ခ်ဴး’၏ အၾကည့္ကိုေတာ့ ရင္မဆိုင္ရဲေပ။

ထို႔အျပင္ လုက်ဲက သူ ‘ခ်န္က်စ္ခ်ဴး’ကို ႀကိဳက္ေနေၾကာင္း သိသြားသည္။ သူမက ပိုင္ရိကို ျပန္မေျပာဘူးလို႔ ကတိေပးသြားသလို ‘ခ်န္က်စ္ခ်ဴး’တြင္ ေထြေထြထူးထူး ဘာမွမျဖစ္ေသးေသာ္လည္း ထိုအခ်ိန္ကတည္းက စိတ္ထင့္ေနမိသည္။ ထို႔ေၾကာင့္ ‘ခ်န္က်စ္ခ်ဴး’ႏွင့္ ခပ္ေဝးေဝးမွာ ေနႏိုင္ရန္ ႀကိဳးစားခဲ့သည္။ ဓာတ္ပုံကိုလည္း ထိုကိစၥျဖစ္ၿပီးေနာက္ပိုင္း ဖ်က္ပစ္လိုက္သည္။

သူ႔တြင္ တျခားတစ္ေယာက္ကို သေဘာက်ခြင့္မရွိခဲ့ေပ။

ထမင္းဘူးကို ကိုင္ထားေသာ ဆုလင္း၏ လက္ေခ်ာင္းမ်ား တင္းက်ပ္သြားသည္။ မ်က္ႏွာေခ်ာေခ်ာေလးက ျဖဴေဖ်ာ့လာၿပီး ႏႈတ္ခမ္းပါးမ်ား တင္းတင္းေစ့သြားသည္။

ထိုအခိုက္ အနားကပ္လာေသာ ေျခသံတခ်ိဳ႕ ၾကားလိုက္ရ၏။ အသံလာရာသို႔ ေမာ့ၾကည့္လိုက္ခ်ိန္တြင္ အံ့ဩစိတ္ေၾကာင့္ မ်က္လုံးျပဴးသြားရသည္။ သူ၏ရင္ထဲ စိတ္လႈပ္ရွားေနတာကို မထိန္းခ်ဳပ္ႏိုင္ေတာ့ေပ။

“မင္းက ဒီေရာက္ေနတာကိုး..”

ဆယ္ေက်ာ္သက္ေလးက အေမာတေကာျဖင့္ ပင့္သက္ရႈိက္ရင္း သူ႔ကို ၿပဳံးျပလာသည္။

ပူျပင္းလြန္းေသာ ရာသီဥတုေၾကာင့္ ေကာင္ေလး၏ ပါးႏွစ္ဖက္လုံး ရဲရဲနီေနၿပီး နဖူးေပၚတြင္ ေခြၽးစို႔ေနေလသည္။ ထိုပုံစံေလးက သနားခ်င့္စဖြယ္ ျဖစ္ေသာ္လည္း ဆုလင္း၏ မ်က္လုံးထဲမွာေတာ့ အလြန႔္အလြန္ ခ်စ္စရာေကာင္းေနေတာ့သည္။

“ဘာလာလုပ္တာလဲ..?”

ေပ်ာ္႐ႊင္ရမည့္အစား ဆုလင္းက မ်က္ႏွာေသျဖင့္ ေမးလိုက္သည္။ သူေပ်ာ္ေနတာကို မေဖာ္ျပရဲေပ။

“မင္းကို လာရွာတာေလ.. ဒီရက္ပိုင္း မင္းနဲ႔ ကန္တင္းမွာ မေတြ႕ေတာ့ အထီးက်န္လာသလိုပဲ..”

ဆယ္ေက်ာ္သက္ေလးက ရွက္ကိုးရွက္ကန္း ၿပဳံးကာ လက္ထဲကိုင္ထားသည့္ ေပါင္မုန႔္ကို ေျမႇာက္ျပလာသည္။ : “အေရးႀကီးကိစၥ မရွိပါဘူး.. မင္း စိတ္အေႏွာင့္အယွက္မျဖစ္ဘူးဆိုရင္ ေန႔လည္စာ အတူတူစားၾကမလား..?”

“………..”

ဆုလင္းခမ်ာ အသက္ရႉရပ္တန႔္သြားၿပီး မ်က္ႏွာအမူအရာကို မထိန္းခ်ဳပ္ႏိုင္ေတာ့ေပ။ ဟိုၾကည့္သည္ၾကည့္ျဖင့္ ေဘးပတ္ပတ္လည္တြင္ ဘယ္သူမွမရွိေၾကာင္း ေသခ်ာေအာင္ စစ္ေဆးၾကည့္လိုက္သည္။ ေကာင္ေလးႏွင့္ ႏွစ္ေယာက္တည္း အတူထိုင္ႏိုင္မည့္ အခြင့္အေရးကို မျငင္းဆန္ႏိုင္ခဲ့ေပ။ ညင္သာစြာ ေခါင္းညိတ္လိုက္မိသည္။

“ေကာင္းလိုက္တာ..” ဆယ္ေက်ာ္သက္ေလးက သူ၏ေဘးတြင္ အၿပဳံးေလးျဖင့္ ဝင္ထိုင္သည္။ ၿပီးေနာက္ ေပါင္မုန႔္ထုပ္ကို ေဖာက္လိုက္သည္။

“…. မင္း အဲတာပဲစားမလို႔လား..?”

တစ္ခဏတိတ္ဆိတ္ေနၿပီးေနာက္ ဆုလင္းက မေနႏိုင္ေတာ့ဘဲ ေမးသည္။

ထိုသို႔ေသာကိစၥေလးမ်ားကို အာ႐ုံစိုက္ေနတာ သူ႔အက်င့္မဟုတ္မွန္း သူကိုယ္တိုင္လည္း သိသည္။ တျခားသူဆိုလွ်င္ ဂ႐ုစိုက္ေနမည္မဟုတ္ေသာ္လည္း ခ်စ္ရသူကိုေတာ့ ကိစၥေသးေသးေလးကအစ ဂ႐ုစိုက္ေပးခ်င္မိသည္။

တကယ္ေတာ့ ဒီကိစၥကို ေမးခ်င္ေနတာၾကာၿပီ။ က်စ္ခ်ဴးက ဘာလို႔ ေန႔တိုင္း ေပါင္မုန္႔ပဲစားေနတာလဲ..?

“ရာသီဥတုက အရမ္းပူတယ္.. အဲတာေၾကာင့္ ကန္တင္းက အစားအစာေတြ မစားခ်င္ဘူး.. ဆီမ်ားၿပီး အရသာမရွိဘူးေလ..” ေကာင္ေလးက လွ်ာသပ္ကာ.. “ငါက အခ်ိဳစားရတာ ႀကိဳက္တယ္.. အခုလို ပူတဲ့ေန႔ဆို ပိုေတာင္စားခ်င္ေသးတယ္..”

ဒီအက်င့္က မေကာင္းဘူးေနာ္။ မင္းက အရပ္ပုတယ္ဆိုၿပီး အၿမဲတမ္း ညည္းေနၿပီးေတာ့။ အခုလို အစားေခ်းမ်ားၿပီး နည္းနည္းေလးပဲ စားရင္ ဘယ္လိုလုပ္ အရပ္ရွည္လာမွာလဲ..?

ဆုလင္းက အေတာ္ၾကာေအာင္ တိတ္ဆိတ္သြား၏။ အဆုံးမွာေတာ့ ဘာမွျပန္မေျပာဘဲ ေန႔လည္စာထမင္းဘူးကိုသာ ဖြင့္လိုက္သည္။

သို႔ေသာ္ သူ႔ကိုယ္သူ မကယ္တင္ႏိုင္ေတာ့ေခ်။ ‘ဒီေကာင္ေလး ကေလးဆန္လိုက္တာ.. အရမ္းခ်စ္ဖို႔ေကာင္းတာပဲ..’ ဟူ၍ ေတြးေနမိသည္။

“မင္းရဲ႕ေန႔လည္စာက အရသာရွိမယ့္ပုံပဲ..”

ဆယ္ေက်ာ္သက္ေလးက ေပါင္မုန႔္ကိုက္ရင္း ဆုလင္း၏ ေန႔လည္စာထမင္းဘူးထံ အၾကည့္ေရာက္လာသည္။ ၿပီးေနာက္ အားက်ေနဟန္ျဖင့္ ဗလုံးဗေထြး ခ်ီးမြမ္းေတာ့သည္။

ဆုလင္းမွာ တစ္ခဏမွ် ေတာင့္ခဲသြားသည္။ ေကာင္ေလးကို သူ႔ေန႔လည္စာထမင္းဘူး ေပးသင့္မေပးသင့္ ေတြးေနမိရင္း အလ်င္စလို ျဖစ္သြားမွာကိုလည္း ေၾကာက္ေနမိသည္။ ထိုအခ်ိန္ ေကာင္ေလးက ထပ္ေျပာသည္။ “ငါ မင္းကို အရမ္းအားက်တာပဲ.. မင္းအေမက ဒီလို အရသာရွိတဲ့ ထမင္းဟင္းေတြ ေန႔တိုင္းခ်က္ေပးတယ္..”

“…… ငါ့ဘာသာ ခ်က္လာတာ..”

“ဟမ္..? မင္းဘာသာ ခ်က္လာတာလား..?” ေကာင္ေလးက မ်က္လုံးအျပဴးသားျဖင့္ ျပန္ေမးသည္။ ေပါင္မုန႔္ကိုက္ထားတာေၾကာင့္ ပါးႏွစ္ဖက္က ေဖာင္းအစ္ေနၿပီး ဟမ္းစတားေလးလို ခ်စ္စရာေကာင္းေနေတာ့သည္။ “အရမ္းေတာ္တာပဲ..”

ဆုလင္းက ဘာမွျပန္မေျဖေခ်။ ဆယ္ေက်ာ္သက္ေလးလည္း သူ၏ ေအးတိေအးစက္အမူအရာကို က်င့္သားရေနၿပီျဖစ္သည္။ ထို႔ေၾကာင့္ ေပါင္မုန႔္ကို ဝါးစားရင္း တစ္ေယာက္တည္း ဆက္ေျပာေနသည္။

“မင္းကိုရတဲ့လူကေတာ့ အရမ္းကံေကာင္းမွာပဲ…”

ဆုလင္း၏ရင္ထဲ ဒိန္းခနဲ ျဖစ္သြားၿပီး တူကိုင္ထားေသာလက္ပင္ မသိမသာ တုန္ယင္သြားသည္။

“တစ္ခါမွမေျပာဖူးေပမယ့္ မင္းက အရမ္းသန္မာတာပဲလို႔ ငါေတြးေနတာ သိလား..” ေကာင္ေလးက ၿပဳံးလိုက္ရင္း.. “ဉာဏ္ေကာင္းတယ္.. ႐ုပ္ေခ်ာတယ္.. အရပ္ရွည္တယ္.. ဟင္းလည္း ခ်က္တတ္တယ္.. တကယ့္ကို ၿပီးျပည့္စုံတာပဲ..”

႐ုတ္တရက္ႀကီး ခ်ီးက်ဴးခံေနရသျဖင့္ ဆုလင္းခမ်ာ ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိ ျဖစ္သြားသည္။ ႏွလုံးသားက ထိန္းခ်ဳပ္မရေအာင္ အ႐ူးအမူး ခုန္ေပါက္ေနၿပီး လက္သီးဆုပ္ထားမိသည္အထိ။ လက္ဖဝါးျပင္တြင္ ေခြၽးျပန္ေနၿပီး တစ္ခါမွမႀကဳံဖူးေအာင္ စိတ္လႈပ္ရွားလာသည္။

“အဲ့ေတာ့…….”

သူေျပာလိုက္ေတာ့ ေကာင္ေလးက တစ္ခဏတိတ္သြားၿပီးေနာက္ ဆက္ေျပာလာ၏။ : “တျခားလူ ဘာေျပာေျပာ ဂ႐ုမစိုက္နဲ႔လို႔.. ဘယ္သူ႔ကိုျဖစ္ျဖစ္ ႀကိဳက္လို႔ရတယ္.. ဘယ္အရာျဖစ္ျဖစ္ ႀကိဳက္ခြင့္ရွိတယ္.. စီနီယာအစ္မက ျငင္းရင္ေတာင္ မင္း….”

ဆုလင္း၏စိတ္ထဲ ေပါက္ကြဲထြက္သြားၿပီး ႏွလုံးသားက ေရခဲကန္ထဲ ျပဳတ္က်သြားသလို ခံစားလိုက္ရသည္။

ဆတ္ခနဲ မတ္တပ္ရပ္လိုက္သျဖင့္ ထမင္းဘူးက ၾကမ္းျပင္ေပၚ ေမွာက္က်သြားၿပီး ထမင္းဟင္းမ်ား ျပန႔္က်ဲကုန္ေတာ့သည္။ သူ၏ ရင္ဘတ္က ခုန္ေပါက္ေနၿပီး မ်က္လုံးအိမ္က နီရဲလာသည္။ သူက ေကာင္ေလးကို ေဒါသတႀကီး စိုက္ၾကည့္ကာ..

“မင္း ငါ့ကိုလာရွာတာ…. အဲ့ကိစၥေျပာမလို႔လား..?”

ဆယ္ေက်ာ္သက္ေလးအတြက္ ဆုလင္း ယခုလို ၾကမ္းၾကမ္းတမ္းတမ္း တုံ႔ျပန္တာကို ပထမဦးဆုံးအႀကိမ္ ျမင္ေတြ႕ဖူးျခင္းပင္။ သူ၏မ်က္ႏွာက ျဖဴေဖ်ာ့သြားၿပီး တစ္ဖက္လူ ေဒါသထြက္ေနမွန္း သေဘာေပါက္သြားသည္။

ထိုေန႔က အျဖစ္အပ်က္ကို သူကိုယ္တိုင္ျမင္ခဲ့ရၿပီး ေနာက္ပိုင္း ဆုလင္း၏ သတင္းမ်ားကို ၾကားခဲ့ရသည္။ ဆုလင္းအတြက္ စိတ္မေကာင္းျဖစ္မိသျဖင့္ ဆုလင္းဟာ လူေကာင္းတစ္ေယာက္ ျဖစ္ေၾကာင္း၊ တျခားလူစကားကို စိတ္ထဲမထားသင့္ေၾကာင္း၊ ပိုေကာင္းသည့္ မိန္းကေလးတစ္ဦးႏွင့္ ဆုံေတြ႕ႏိုင္ေၾကာင္း ေျပာခ်င္ခဲ့သည္။

သို႔ေသာ္ သူ႔ေၾကာင့္ ဆုလင္း ပိုဝမ္းနည္းသြားရေလၿပီ။

သူ… ဘာလုပ္လိုက္မိၿပီလဲ…

“ေတာင္းပန္ပါတယ္…”

ဆယ္ေက်ာ္သက္ေလးက ေခါင္းငုံ႔ကာ ဆုလင္းအား ေတာင္းပန္လိုက္သည္။

ဆုလင္း၏ အသက္ရႉသံက အတန္ငယ္ မတည္မၿငိမ္ျဖစ္ေနသည္။ နာက်င္ရလြန္း၍ ထုံထိုင္းေနၿပီျဖစ္သည့္ ႏွလုံးသားက ယခုေတာ့ အစိတ္စိတ္အႁမႊာႁမႊာ ကြဲေၾကသြားသေယာင္… သူ၏ရင္ထဲ စူးနင့္ေနေအာင္ နာက်င္လာသည္။

မဟုတ္ေသးပါဘူး… သူ ဘာလို႔ ေကာင္ေလးကို စိတ္ဆိုးေနတာလဲ..? ေကာင္ေလးက သူ႔အတြက္ စိုးရိမ္လို႔ ႏွစ္သိမ့္ေပးတာပဲေလ။ တကယ္ဆို ေက်းဇူးတင္ၿပီး ေပ်ာ္႐ႊင္ေနရမွာကို…

ဒါေပမဲ့… သူ လုက်ဲကို ႀကိဳက္ေနတာလို႔ ေကာင္ေလးထင္ေနမွန္း သိလိုက္တာနဲ႔ ခံစားခ်က္ကို ထိန္းခ်ဳပ္လို႔မရေတာ့ဘူး…

… ငါႀကိဳက္တာက တျခားတစ္ေယာက္လို႔ မေတြးမိဘူးလား..?

… တျခားလူေတြ အထင္လြဲရင္ေတာင္ မင္းကေတာ့ မရဘူးေလ။ ေက်းဇူးျပဳၿပီး ငါ့ကို အထင္မလြဲပါနဲ႔။ ငါႀကိဳက္ေနတဲ့လူက တျခားတစ္ေယာက္လို႔ ေတြးၾကည့္ေပးပါ…

… ဘာလို႔လဲဆိုေတာ့ ငါခ်စ္ရတဲ့လူက မင္းေလ။ ငါက မင္းတစ္ေယာက္တည္းကိုပဲ ခ်စ္မွာ…

သူ၏ခံစားခ်က္ကို မထိန္းခ်ဳပ္ႏိုင္ေတာ့သျဖင့္ ဆုလင္းလည္း ေကာင္ေလး၏ပခုံးကို ဆုပ္ကိုင္ကာ သူ႔ကို ေမာ့ၾကည့္ေစသည္။

ဆယ္ေက်ာ္သက္ေလးသည္ ပခုံးမွ နာက်င္မႈတခ်ိဳ႕ ခံစားလိုက္ရသျဖင့္ မ်က္ဝန္းအိမ္ထဲတြင္ နားမလည္ျခင္းမ်ား ထင္ဟပ္လာသည္။ ဆုလင္းကို ေတာင္းပန္လိုေသာ္လည္း တစ္ဖက္လူ၏ အၾကည့္စူးစူးေၾကာင့္ မူလရည္႐ြယ္ခ်က္ကို ေမ့ၿပီး သူ႔အား စိုက္ၾကည့္ေနသည့္ မ်က္ဝန္းတစ္စုံကို ျပန္ေငးၾကည့္မိသည္။ ထိုမ်က္ဝန္းမ်ားထဲတြင္ သူ၏ပုံရိပ္ကို ျပန္ျမင္လိုက္ရေလသည္။

“ငါ လုက်ဲကို မႀကိဳက္ဘူး.. တျခားဘယ္သူ႔ကိုမွလည္း မႀကိဳက္ဘူး..”

ဆုလင္းသည္ တစ္ဖက္လူ၏ ႏွလုံးသားထဲ ထြင္းေဖာက္ခ်င္ေနသည့္အလား ဆယ္ေက်ာ္သက္ေလး၏ မ်က္ဝန္းအစုံကို စိုက္ၾကည့္ေနခဲ့သည္။

“ငါႀကိဳက္တဲ့လူက……….”

“Ring… Ring…”

႐ုတ္တရက္ ဖုန္းတုန္ခါသံက သူေျပာမည့္စကားကို ဝင္ေႏွာင့္ယွက္သြားသည္။ တစ္ခ်ိန္တည္းမွာပင္ ေျခသံတခ်ိဳ႕ ၾကားလိုက္ရသျဖင့္ ဆုလင္းမွာ မ်က္ႏွာပ်က္သြားၿပီး ေကာင္ေလး၏ပခုံးကို ကမန္းကတန္း လႊတ္ေပးကာ သစ္ပင္တစ္ပင္ေနာက္တြင္ ဝင္ပုန္းလိုက္၏။ သူႏွင့္ေကာင္ေလး အတူရွိေနတာကို တျခားသူ မျမင္ေစခ်င္ပါ။

ေျခသံက စကၠန႔္ပိုင္းအတြင္း ျပန္လည္ေပ်ာက္ကြယ္သြားၿပီး သူတို႔အနားကို ဘယ္သူမွေရာက္မလာေပ။ ဆယ္ေက်ာ္သက္ေလးက သစ္ပင္ေနာက္မွာ ပုန္းေနသည့္ ဆုလင္းကို တစ္ခ်က္ၾကည့္ၿပီး တစ္ခဏတုံ႔ဆိုင္းသြားသည္။ ၿပီးေနာက္ ဖုန္းအရင္ကိုင္လိုက္ေလသည္။

“ဟယ္လို..? အာ.. ဟယ္လို စီနီယာ… အေရးႀကီးလို႔လား..? ဟုတ္.. ဟုတ္.. ကြၽန္ေတာ္ အခုလာၿပီ..”

ဆယ္ေက်ာ္သက္ေလးက ဖုန္းခ်ၿပီးေနာက္ အနည္းငယ္ စိတ္ဓာတ္က်ေနဟန္ျဖင့္ တုံ႔ဆိုင္းစြာ ေျပာလာသည္။

“ေဆာရီး ဆုလင္း.. စီနီယာတစ္ေယာက္ ငါ့ကို လွမ္းေခၚေနလို႔.. အခုသြားမွရမွာ.. ေတာင္းပန္ပါတယ္ေနာ္.. ေနာက္တစ္ေခါက္မွ ေသေသခ်ာခ်ာ ထပ္ေတာင္းပန္ပါ့မယ္.. မင္းကို စိတ္ဆိုးေအာင္လုပ္မိတာ တကယ္ေတာင္းပန္ပါတယ္.. ငါ တကယ္ကို မရည္႐ြယ္ပါဘူး..”

ထိုသို႔ေျပာၿပီးေနာက္ ေကာင္ေလးက လွည့္ထြက္သြား၏။ သို႔ေသာ္ ေျခလွမ္းအနည္းငယ္ လွမ္းၿပီးေနာက္ ျပန္လွည့္ၾကည့္သြားေသးသည္။ သူ႔အတြက္ အေတာ္ေလး စိတ္ပူေနမွန္း သိသာေနေတာ့သည္။

ဆုလင္းမွာ သစ္ပင္ပင္စည္ကို မွီလ်က္ ျဖည္းညင္းစြာ ထိုင္ခ်လိုက္သည္။ ၾကမ္းျပင္ေပၚတြင္ က်ဳံ႕က်ဳံ႕ေလး ထိုင္ေနမိရင္း သူ၏မ်က္ႏွာကို လက္ေမာင္းၾကားထဲ ဝွက္ထားမိေလသည္။

… သူ ေျပာမိေတာ့မလို႔…

ဘယ္လိုလုပ္ ေျပာထြက္မွာလဲ..? ဘယ္လိုလုပ္ ေျပာႏိုင္မွာလဲ…

မေျပာႏိုင္ဘူး.. က်ိန္းေသေပါက္ ဖြင့္မေျပာႏိုင္ဘူး.. ပိုင္ရိ သိသြားလို႔မျဖစ္ဘူး…

ၿပီးေတာ့ ေကာင္ေလး ဘယ္လိုတုံ႔ျပန္လာမလဲဆိုတာ မစဥ္းစားရဲဘူး။ ေကာင္ေလး မုန္းသြားရင္ သူ ခံႏိုင္ရည္ရွိမွာမဟုတ္ဘူး…

***

ဆယ္ေက်ာ္သက္ေလးသည္ ပိုင္ရိႏွင့္ ခြၽီယန္တို႔ ေစာင့္ေနသည့္ နားေနေဆာင္ရွိရာသို႔ အျမန္ေျပးသြားလိုက္သည္။ ထို႔ေနာက္ တံခါးကို တြန္းဖြင့္ကာ အေမာတေကာျဖင့္ ေမးသည္။ : “စီ.. စီနီယာ.. ကြၽန္ေတာ္ ေရာက္ပါၿပီ.. ဘာျဖစ္လို႔လဲဟင္..?”

“ဒီေလာက္ျမန္ျမန္ႀကီး ေျပးလာစရာမလိုပါဘူးကြာ.. ရာသီဥတုက ဒီေလာက္ပူတာ.. အပူမရွပ္ေစနဲ႔..”

ပိုင္ရိက အနားေလွ်ာက္လာၿပီး‌ ေကာင္ေလး၏ေခါင္းကို ပြတ္ေပးသည္။ မ်က္ႏွာေပၚမွ ေခြၽးသုတ္ရင္ Wet Tissue တစ္႐ြက္ ထုတ္ေပးရင္း အၿပဳံးေလးျဖင့္ ေျပာသည္။ : “အေရးႀကီးကိစၥလို႔ ေျပာလိုက္ေပမယ့္ တကယ္အေရးႀကီးတာေတာ့ မဟုတ္ပါဘူး.. မင္းကို စပ႐ိုက္လုပ္ေပးမလို႔ေလ.. ၾကည့္လိုက္..”

သူက စားပြဲတစ္ခုကို လက္ညႇိဳးၫႊန္ျပသည္။ ထိုစားပြဲေပၚတြင္ အေအးေငြ႕မ်ား လွ်ံက်ေနသည့္ စေတာ္ဘယ္ရီေရခဲမုန႔္ကိတ္တစ္လုံး ရွိေနသည္။ ထိုပစၥည္းေလးက ေကာင္ေလး၏ အၾကည့္ကို ဆြဲေဆာင္သြားသည္မွာ လႊတ္ခနဲ ျပန္ေမးမိသည္အထိ။ : “အဲ့တာ အကန႔္အသတ္နဲ႔ေရာင္းတဲ့ ေရခဲမုန႔္ကိတ္မလား..?”

“အဲတာေၾကာင့္ မင္းကို ျမန္ျမန္လာလို႔ ေျပာတာေပါ့.. မဟုတ္ရင္ အရည္ေပ်ာ္သြားမွာေလ..”

ပိုင္ရိက ၿပဳံးလိုက္ရင္း ညင္သာစြာ ေျပာသည္။ : “မင္းက ထမင္းဟင္းသိပ္မစားဘဲ အခ်ိဳႀကိဳက္တတ္မွန္း ငါသိသားပဲ.. အဲတာေၾကာင့္ မင္းႀကိဳက္ေလာက္မယ္ဆိုၿပီး ဝယ္လာေပးတာ..”

“ ဒီကိတ္က အၾကာႀကီးေစာင့္ဝယ္ရမွာ..” ဆယ္ေက်ာ္သက္ေလးက အံ့ဩတႀကီး ေမာ့ၾကည့္ကာ.. “စီနီယာ…..”

“အၾကာႀကီး မေစာင့္လိုက္ရပါဘူး.. ငါေရာက္သြားေတာ့ လူသိပ္မရွိဘူး..” ပိုင္ရိက အၿပဳံးေလးျဖင့္.. “ဒီေန႔က အလုပ္ဖြင့္ရက္မို႔ ထင္တယ္..”

ေဘးမွာရပ္ေနသည့္ ခြၽီယန္က ထိုစကားေၾကာင့္ တစ္ခုခုဝင္ေျပာရန္ ျပင္သည္။ သို႔ေသာ္ ပိုင္ရိ၏ အၾကည့္တစ္ခ်က္ေၾကာင့္ ပါးစပ္ျပန္ပိတ္ထားလိုက္ရသည္။

အခုတေလာ အစ္ကိုပိုင္ရဲ႕အေတြးကို ပိုပိုၿပီး နားမလည္ႏိုင္ေတာ့ဘူး..!

ခြၽီယန္မွာ ထိုသို႔ေတြးမိရင္း အူေၾကာင္ေၾကာင္ ျဖစ္ေနေတာ့သည္။

ထိုမုန႔္ဆိုင္က အလြန႔္အလြန္ နာမည္ႀကီးၿပီး မုန႔္ဝယ္ရန္ တန္းစီေနသည့္ လူတန္းက ဆိုင္အျပင္ဘက္ပင္ ေရာက္၏။ တစ္ခ်က္ၾကည့္လိုက္႐ုံျဖင့္ အခ်ိန္အၾကာႀကီး တန္းစီရမယ္ဆိုတာ မွန္းဆႏိုင္သည္။ ထိုလူအုပ္ႀကီးကို ျမင္ေသာအခါ ပိုင္ရိ၏ မ်က္ႏွာက ခ်က္ခ်င္း မည္းေမွာင္သြားသည္။ သူက အစ္ကိုပိုင္အစား တန္းစီေပးခ်င္ေသာ္လည္း အစ္ကိုပိုင္က သူ႔ကို တြန္းထုတ္ကာ ကိုယ္တိုင္ဝင္တန္းစီေနသျဖင့္ ေဘးမွသာ ရပ္ၾကည့္ေနခဲ့ရသည္။

အစ္ကိုပိုင္က တန္းစီေနရင္း မၾကာမၾကာ ညည္းညဴေနေသးသည္။

ဘာလို႔မ်ား ဒီလိုဟာမ်ိဳးအတြက္ အခ်ိန္ျဖဳန္းေနမိပါလိမ့္..?

သူလည္း ဤသို႔ေတြးေနမိသည္။

ဘာလို႔ ဒီေနရာမွာ ရပ္ေစာင့္ေနမိပါလိမ့္..? တကူးတက အတန္းေျပးလာတာ ဒီဆိုင္ကိုလာဖို႔လား..? အတန္းတက္ရမယ့္အစား ဘာလို႔ ဒီေနရာမွာ လာတန္းစီေနရတာလဲ..?

ဖာ့ခ္.. သခ်ၤာခ်ိန္ေတာ့ လြတ္ၿပီ။ အစ္ကိုပိုင္က ဉာဏ္ေကာင္းလို႔ အတန္းပ်က္လည္း ကိစၥမရွိေပမယ့္ သူကေတာ့ သခ်ၤာဆိုရင္ သင္ေလခ်ာေလပဲလို႔..!

ထိုအေတြးေၾကာင့္ ခြၽီယန္မွာ ေက်ာက္ေရွာင္ဖန္ကို အသံတိတ္မဆဲေရးဘဲ မေနႏိုင္ေတာ့ေပ။ ထိုငတုံးဝတုတ္က အတန္းမစခင္ အေျပးေရာက္လာၿပီး ဂ်ဴနီယာခ်န္ဟာ ဤဆိုင္မွ အကန႔္အသတ္ႏွင့္ေရာင္းသည့္ ေရခဲမုန႔္ကိတ္ကို အလြန္ႀကိဳက္ေၾကာင္း၊ အပတ္တိုင္း ဝတ္စားတတ္ေၾကာင္း လာေျပာခဲ့သျဖင့္ အစ္ကိုပိုင္က ႏွစ္ခါမစဥ္းစားဘဲ အတန္းထဲမွ ထြက္လာခဲ့ျခင္း ျဖစ္သည္။

ထို႔ေၾကာင့္ သူလည္း အံတင္းတင္းႀကိတ္ၿပီး လိုက္လာခဲ့ရသည္။ အလုပ္ခ်ိန္ျဖစ္၍ ‘လူမမ်ားေလာက္ပါဘူး၊ သခ်ၤာခ်ိန္ မလြတ္ေလာက္ပါဘူး’ဟု ထင္ခဲ့မိေသာ္လည္း ဆိုင္ကိုေရာက္သြားမွ ထိုဆိုင္၏ ေက်ာ္ၾကားမႈကို သူ အမ်ားႀကီး ေလ်ာ့တြက္လိုက္မိမွန္း သေဘာေပါက္သြားသည္။ အဘယ္ေၾကာင့္မ်ား ဤမွ်လူမ်ားေနရသနည္း...

ထိုအခိုက္ ခြၽီယန္၏မ်က္ႏွာက ရႈံ႕မဲ့သြားသည္။ ပိုင္ရိလည္း စိတ္အေျခအေနမေကာင္းေၾကာင္း ျမင္လိုက္ရခ်ိန္တြင္ သူ၏စိတ္ထဲ မထိန္းႏိုင္ေအာင္ ေပ်ာ္႐ႊင္သြားၿပီး ‘အစ္ကိုပိုင္ေတာ့ လက္ေလ်ာ့ၿပီး ျပန္မွာပဲ’ ဟူ၍ ေတြးလိုက္မိသည္။ သို႔ေသာ္ ပိုင္ရိက ေအးတိေအးစက္ မ်က္ႏွာထားျဖင့္ လူတန္း၏ေနာက္ဆုံးတြင္ သြားတန္းစီတာကို ျမင္လိုက္ရေလသည္။

“ဘာလို႔မ်ား ဒီလိုဟာမ်ိဳးအတြက္ အခ်ိန္ျဖဳန္းေနမိပါလိမ့္..?”

‘ပိုင္ရိ’၏ ညည္းညဴေနသံကို ေနာက္တစ္ႀကိမ္ ထပ္ၾကားလိုက္ရျပန္၏။ ခြၽီယန္လည္း ဒူးေထာက္လုမတတ္ ျဖစ္သြားၿပီး..

အစ္ကိုႀကီးရယ္..! သည္းမခံႏိုင္ရင္လည္း ဒီအတိုင္း ျပန္ၾကရေအာင္ေလ။ ေတာင္းဆိုပါတယ္။ ဘာလို႔မ်ား သြားတန္းစီေနတာလဲလို႔..?!

သို႔ေသာ္ သခ်ၤာအတန္းစတင္ခ်ိန္တြင္ ခြၽီယန္မွာ ထုံထိုင္းသြားၿပီး စိတ္တည္ၿငိမ္လာသည္။ ‘ပိုင္ရိ’၏ ရည္႐ြယ္ခ်က္ကိုလည္း ေနာက္ဆုံးေတာ့ သေဘာေပါက္သြားသည္။

ၾကည့္ရတာ အစ္ကိုပိုင္က သူ ဘယ္ေလာက္ခက္ခက္ခဲခဲ ေစာင့္ဝယ္ခဲ့ရသလဲဆိုတာကို ဂ်ဴနီယာခ်န္ ‘မေတာ္တဆ’သိေအာင္ လုပ္ခ်င္လို႔ျဖစ္မယ္။ ဒီလွည့္ကြက္ကိုသုံးၿပီး ဂ်ဴနီယာခ်န္ဆီက အျမင္ေကာင္းရေအာင္ ႀကိဳးစားေနတာပဲ..!

ခြၽီယန္က ထိုအေတြးျဖင့္ ကမန္းကတန္း ဖုန္းထုတ္ကာ လူတန္းရွည္ႀကီးအလယ္ ‘ပိုင္ရိ’ တန္းစီေနရပုံကို ဓာတ္ပုံ႐ိုက္ထားလိုက္သည္။ ေနာက္မွ ဟိုေကာင္ေလးျမင္ေအာင္ ျပရမယ္ဟူ၍ ေတးထားလိုက္သည္။

သို႔ေသာ္ ဆိုင္မွျပန္ထြက္လာၿပီးေနာက္ ပိုင္ရိ၏ မ်က္ႏွာအမူအရာက တင္းမာေနေသးေသာ္လည္း သူ႔ကို ခပ္တိုးတိုး ေျပာလာသည္။ : “က်စ္ခ်ဴးကို မလိုအပ္တာေတြ ေလွ်ာက္မေျပာနဲ႔..”

“ဟမ္..? အင္း…”

 ခြၽီယန္က ဇေဝဇဝါျဖင့္ သေဘာတူလိုက္သည္။ ပိုင္ရိ၏ ရည္႐ြယ္ခ်က္ကို သူနားလည္သြားၿပီဟု ထင္ခဲ့ေသာ္လည္း ယခုေတာ့ ဘာမွနားမလည္ေတာ့ေခ်။

ဂ်ဴနီယာခ်န္ကို သူ ဘယ္ေလာက္ေတာင္ ႀကိဳးစားခဲ့ရတာဆိုၿပီး ျပခ်င္လို႔မဟုတ္ဘူးလား..? ဘာလို႔မေျပာျပရမွာလဲ..?

ၿပီးေတာ့ အစ္ကိုပိုင္က ဂ်ဴနီယာခ်န္ကို ေနာက္ကြယ္မွာဆိုရင္ ‘ခ်န္က်စ္ခ်ဴး’လို႔ ေခၚေနက်ပါ။ ဘယ္တုန္းက ‘က်စ္ခ်ဴး’ ျဖစ္သြားတာလဲ..?

သို႔ေသာ္ ထိုျဖစ္ရပ္က ယေန႔ႀကဳံခဲ့သည့္ ကိစၥေလာက္ ေၾကာက္စရာမေကာင္းေသးေပ။ တစ္ေန႔ ေက်ာက္ေရွာင္ဖန္က ႐ုတ္တရက္ အေျပးေရာက္လာၿပီး..

“အစ္ကိုပိုင္.. ဂ်ဴနီယာခ်န္က ဆုလင္းဆီကိုသြားၿပီး ေန႔လည္စာ အတူတူစားေနတယ္..!”

“………”

‘ပိုင္ရိ’၏ မ်က္ႏွာထားေၾကာင့္ ခြၽီယန္မွာ ေၾကာက္လြန္း၍ ဒူးေခြက်လုမတတ္ ျဖစ္သြားရသည္။

***

ပိုင္ရိ၏ ဒိုင္ယာရီမွတ္တမ္း (Part 56)

က်စ္ခ်ဴးရဲ႕အာ႐ုံက တျခားအရာေပၚ ေရာက္ေနတာကို ငါမုန္းတယ္။

တျခားအရာက လူဆိုရင္ ဆယ္ဆပိုမုန္းတယ္။

အဲ့လူက ငါမုန္းတဲ့လူ (ငါ့ရဲ႕တျခားဝိဉာဥ္ခြဲေတြပါ ပါတယ္)ဆိုရင္ သတ္ပါသတ္ပစ္ခ်င္လာေရာပဲ..

… က်စ္ခ်ဴးရဲ႕အနမ္းနဲ႔ပဲ ငါ့ရဲ႕စိတ္ကို ႏွစ္သိမ့္ေပးႏိုင္လိမ့္မယ္။

………………………………..

Continue Reading

You'll Also Like

55.2K 5.5K 73
လူတွေကကြောက်ဖို့ကောင်းတဲ့ပုံပြင်တွေပြောတဲ့အခါ သရဲပုံပြင်တွေကိုပြောကြတယ်။ ဒါပေမယ့်သရဲတွေပုံပြောကြတဲ့အခါမှာတော့ ပိုပြီးကြောက်စရာကောင်းတဲ့ လူသားတွေရဲ့အက...
41.6K 3.8K 25
Author : 神田洛 12 Chapters (completed) Original Publisher jjwxc English translation Novel updates Associated Names SCGL 配角生存指南 This is a fan translat...
2.3M 169K 172
PSYCHO လူသတ္သမားတစ္ေယာက္နဲ႔စာခ်ဳပ္ခ်ဳပ္မိျခင္း PSYCHO လူသတ်သမားတစ်ယောက်နဲ့စာချုပ်ချုပ်မိခြင်း Beautiful love story 🖤 #BL #Yaoi Manga translation by...
21.7K 1.6K 60
English Title: Kiss me,Liar "ငါက ယောကျာ်းတွေနဲ့မအိပ်ဘူး ဒါပေမဲ့ ယွန်ဝူးကိုတော့ ထည့်မတွက်နဲ့ Keith Knight Pittman.ငါ့ဘဝကိုအမျိုးမျိုးဖြစ်စေခဲ့တဲ့လူ ဒ...